နတ်ဘုရားအသစ်တစ်ပါး ဖန်တီးခြင်း
Vol. 45 Ch. 663
ရွှယ်အန်းသည် ကျိုးသာ့နျိုအား ပြန်လည်အသက်သွင်းရန် အခွင့်အရေးအနည်းငယ်ရှိသည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။
အဘယ့်ကြောင့်ဆို ကျိုးသာ့နျိုသည် ၎င်း၏နတ်ဝိညာဉ်ကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ဤကမ္ဘာသို့ သက်ဆင်းလာသောနတ်ဘုရားနှင့်အတူတူ ပျက်စီးသွားခဲ့သောကြောင့် ဖြစ်သည်။ ထိုနတ်ဘုရားသည် ကြောက်ရွံ့မှုနှင့် လောများကို စားသုံးခြင်းဖြင့် စွမ်းအားရရှိသော သူဖြစ်သောကြောင့် ၎င်းမသေဆုံးမီ ကျိုးသာ့နျို၏ ဝိညာဉ်အပိုင်းအစတစ်ခုလောက်ကို စားသုံးထားနိုင်ဖွယ်ရှိသည်။
သို့သော် ၎င်းကိုရှာဖွေရန်အတွက် ထိုနတ်ဘုရား၏စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် လိုအပ်သည်။ အခြားသူများအတွက် ထိုသည်မှာ မဖြစ်နိုင်လောက်သော တာဝန်ဟုထင်ရသော်လည်း ရွှယ်အန်းအတွက်တော့ ဖြစ်နိုင်သည်။
ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် သူ၏လက်ကိုဆန့်တန်းကာ ထိုနတ်ဘုရား၏ စိတ်ဝိညာဉ်ကို ဆုပ်ကိုင်လိုက်သည်။
...
နတ်ဘုရားက တစ်စုံတစ်ခုပြောချင်နေမိသည်။ ရွှယ်အန်းသည် ထိုနတ်ဘုရားများ၏ နောက်ဆုံးစကားများကို နားထောင်ရန် စိတ်မဝင်စားသောကြောင့် ရိုးရှင်းစွာပင် တစ်ခါတည်းချေမွှပစ်လိုက်သည်။
ဘမ်း
သလင်းကျောက်တစ်တုံးကို ချေမွှလိုက်သကဲ့သို့လွယ်ကူလှသည်။ ၎င်းနတ်ဝိညာဉ်သည် အမှုန်အမွှားများအဖြစ်သို့ ကြေမွသွားသည်။ ထို့နောက် မရေမတွက်နိုင်အောင်များပြားလှသည့် အလင်းစက်လေးများ တဖျပ်ဖျပ် လင်းလက်လာကြသည်။
၎င်းတို့သည် ဤနတ်ဘုရား၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့လူများ၏ ဝိညာဉ်အပိုင်းအစများဖြစ်သည်။ ဤမျှများပြားသော အလင်းစက်များကြားထဲမှ ကျိုးသာ့နျို၏ ဝိညာဉ်ကို ရှာဖွေရန်မှာ လုံးဝမဖြစ်နိုင်ချေ။ ရွှယ်အန်းလည်း ရှာဖွေရန် စိတ်မကူးထားသောကြောင့် သူ့လက်ကိုသာ ဆန့်တန်းလိုက်သည်။
ထိုစဉ် အလင်းစက်အားလုံးသည် ရွှယ်အန်း၏ လက်ဖဝါးဆီသို့ စုစည်းလာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် အလင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
စုန်ယိ ပြောသကဲ့သို့ပင် ဤနတ်ဘုရားကို အမြစ်ပြတ်သတ်ဖြတ်ရန် အလွန်ခက်ခဲသည်။
၎င်းနတ်ဝိညာဉ် ကြေမွသွားသည့်တိုင် အနက်ရောင်ငွေမျှင်တန်းများသည် လေထုထဲတွင် ပြန်ပေါ်လာပြီး ရွှယ်အန်း၏လက်ထဲရှိ အလင်းလုံးဆီသို့ စုစည်းလာကြသည်။
"ဆရာ”
စုန်ယိလည်း အော်ခေါ်လိုက်သည်။
"သာ့နျို ကျန်တာက မင်းတာ၀န်ပဲ" ရွှယ်အန်းသည် အေးစက်စက်ဖြင့် ပြောလိုက်၏။
ရွှယ်အန်းသည် ထိုသို့ပြောကာ သူ၏လက်ထဲတွင် တောက်လောင်နေသော အဖြူရောင်မီးလျှံတစ်ခုကို ထုတ်လိုက်ပြီး အလင်းလုံးကို စတင်ကျွမ်းလောင်စေလိုက်သည်။
အနက်ရောင်အငွေ့များသည် မီးလျှံများအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ထိုအလင်းလုံးသည်လည်း အလွန်နာကျင်နေသည့်အလား ရုန်းကန်လှုပ်ရှားလာသည်။
အဆုံးတွင်...
အလင်းလုံးသည် မီးလျှံများ၏ အပူဒဏ်ကို မခံနိုင်တော့သည့်အလား ရုတ်တရက် ကြီးမားလာပြီး အသံအကျယ်ကြီးဖြင့် ပေါက်ကွဲသွားသည်။ ထို့နောက် အနက်ရောင်အငွေ့များသည် လေထုထဲတွင် ပြန်လည်စုစည်းလာပြီး ကောက်ကျစ်သောရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"ရွှယ်အန်း၊ မင်းရဲ့စွမ်းအားက ဘယ်လောက်ကြီးမားနေပါစေ ငါ့ကို မသတ်နိုင်ဘူးကွ၊ ဒီလောကမှာရှိတဲ့ သာမန်လူသားအားလုံးကို မင်းမသတ်သရွေ့ ငါကဘယ်တော့မှသေနိုင်မှာမဟုတ်ဘူး ဟားဟားဟား"
၎င်းအသံမှာ နတ်ဘုရား၏ နတ်အာရုံ ပြန်လည်စုစည်းလာသောကြောင့်ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ပေါက်ကွဲထွက်သွားသော အလင်းစက်များသည် ပိုမိုလျင်မြန်စွာ စုစည်းလာပြီး ရှည်သွယ်သော ပုံသဏ္ဍာန် စတင်ပေါ်လာသည်။ တစ်ဖက်မှ မှေးမှိန်သွားသော်လည်း တစ်ဖက်မှာ ပိုအားကောင်းလာပြ အနက်ရောင်အငွေ့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာသည်။
"ဘာဖြစ်တာလဲ၊ ဘာလို့ဒီလိုဖြစ်ရတာလဲ။ အားးး... ငါ့ပတ်ဝန်းကျင်က လောကကြီးကို ဘာလို့မခံစားနိုင်တော့တာလဲ"
နတ်ဘုရား၏ အသံသည် မယုံကြည်မှုများရောယှက်နေကာ ကြောက်လန့်တကြားဖြစ်နေသည်။
သူသည် သေခြင်းကို မကြောက်ပေ။ အဘယ့်ကြောင့်ဆို သူသေသွားလျှင်ပင် ပြန်လည်မွေးဖွားနိုင်သည်ကို သိသောကြောင့်ဖြစ်သည်။ သို့သော် ယခုမူ သူ၏အသက်စွမ်းအားမှာ လျင်မြန်စွာ စုပ်ယူခံနေရပြီး လောကကြီးနှင့် သူ၏ဆက်သွယ်မှုသည်လည်း အလွန်အားနည်းလာနေသည်။
ဤအတိုင်းဆက်သွားပါက သူသည် မကြာမီ လုံးဝပျက်စီးသွားလိမ့်မည်ဖြစ်သည်။
"ရွှယ်အန်း၊ မင်းဘာလုပ်လိုက်တာလဲ"
နတ်ဘုရားသည် တုန်လှုပ်စွာ အော်ငေါက်လိုက်သည်။
ရွှယ်အန်းက တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။
"ငါဘာလုပ်လိုက်လဲဟုတ်လား၊ အိုး... ငါ မင်းကိုပြောဖို့ မေ့နေတာပဲ၊ ဝိညာဉ်ကို သန့်စင်ခြင်းဆိုတဲ့ဟာမှာ နောက်ထပ်အခေါ်အဝေါ်တစ်ခုရှိတယ်၊ အဲ့ဒါက နတ်ဘုရားအသစ်တစ်ပါးဖန်တီးခြင်းပဲ"
"နတ်ဘုရားအသစ်တစ်ပါးဖန်တီးခြင်းဟုတ်လား"
နတ်ဘုရား၏ အသံသည် အားနည်းလာသော်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလျက် မေးလိုက်သည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီး တဖြည်းဖြည်း ပိုမိုထင်ရှားလာသော ကျိုးသာ့နျို၏ ပုံရိပ်ကိုကြည့်ကာ ပြောလိုက်သည်။
"မင်းက လူတွေရဲ့နှလုံးသားထဲက ကြောက်ရွံ့မှုနဲ့ လောဘတွေကို စုတ်ယူပြီး ရှင်သန်တဲ့သူလေ၊ ဒါပေမဲ့ မင်းတို့လို နတ်ဆိုးတွေ နားမလည်တာက လူ့နှလုံးသားထဲမှာ အင်အားအကြီးဆုံးစွမ်းအားက မတားဆီးနိုင်တဲ့ စိတ်ပိုင်းဖြတ်မှုပဲ"
"ငါက သာ့နျိုကို အလင်းစက်အားလုံးကို စုစည်းခိုင်းပြီးတော့ သူ့စိတ်ပိုင်းဖြတ်မှုနဲ့ မင်းနေရာမှာ အစားထိုးလိုက်တာ၊ ဒါကို နတ်ဘုရားအသစ်တစ်ပါးဖန်တီးခြင်းလို့ခေါ်တယ်"
ရွှယ်အန်း၏စကားကိုကြားသောအခါ နတ်ဘုရားလည်း လုံးဝမှင်သက်သွားသည်။ သူသည် ဤတစ်ကြိမ် ရောက်လာခြင်းမှာ လက်စားချေရင်း စွမ်းအားပိုရရှိမည်ဟု ထင်မှတ်ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် သူ၏အသက်ကိုပါ ဆုံးရှုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။ သူသည် အသနားခံချင်သော်လည်း ယခုအချိန်တွင် စကားတစ်ခွန်းပင် မပြောနိုင်လောက်အောင် အားနည်းနေပြီဖြစ်သည်။
အဆုံးတွင်...
ကျိုးသာ့နျို၏ ပုံရိပ်သည် လုံးဝထင်ရှားလာပြီးနောက် ၎င်းဖြည်းညင်းစွာ မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုစဉ် တိုးညှင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးကျန်ရှိသော အမှောင်စွမ်းအင်စသည်လည်း လေထဲတွင် ပျောက်ကွယ်သွားသည်။ ရှန်းကျန်းဆိပ်ကမ်းမြို့ကို ရက်ပေါင်းများစွာ ဖုံးလွှမ်းထားခဲ့သော မှိုင်းညို့နေသည့် အငွေ့အသက်များလည်း တစ်မဟုတ်ချင်း ပျောက်ကွယ်သွားသည်။
ကျိုးသာ့နျို၏ ခန္ဓာကိုယ်သည်လည်း ယခုအခါ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေကာ သူ့ကိုမြင်မိသူတိုင်း စိတ်အတွင်းထိပင် လှုပ်ရှာလာစေနိုင်သည်။ စုန်ယိသည် ဤမြင်ကွင်းကို ကြက်သေသေကာ ကြည့်နေမိသည်။
သူဘယ်သောအခါကမျှ မတွေးခဲ့မိသည်။
သူတို့ အခက်တွေ့နေသော နတ်ဘုရားအား ဆရာသည် လျင်မြန်စွာဖျက်ဆီးလိုက်ရုံသာမက ကျိုးသာ့နျိုကိုပါ အသက်ပြန်သွင်းပြီး နတ်ဘုရားတစ်ပါးအဖြစ် ဖန်တီးပေးခဲ့သည်။
"နတ်ဘုရား... အသစ်တစ်ပါးဖန်တီးခြင်း..."
စုန်ယိသည် တစ်ကိုယ်တည်း ရေရွတ်မိလိုက်သည်။ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် ဤလုပ်ရပ်သည် စုန်ယိ၏ အတွေးများကိုပင် ကျော်လွန်သွားပြီး ရွှယ်အန်းအပေါ် အစွန်းဆုံသော ကြည်ညိုလေးစားစိတ်များဖြင့် ပြည့်နှက်သွားသည်။
ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော အဖြူရောင်အလင်းတန်းများသည် အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာပြီး ကျိုးသာ့နျို၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စီးဝင်လာကာ သူ၏ပုံသဏ္ဌာန်ကို ပိုမိုခိုင်မာစေပြီး အဆုံးတွင် အစစ်အမှန်ကဲ့သို့ ဖြစ်လာသည်။
ထို့နောက် ကျိုးသာ့နျို၏ အကြည့်များသည် ဗလာဖြစ်နေရာမှ တဖြည်းဖြည်း အသက်ဝင်လာသည်။
အဆုံးတွင်...
သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီးနောက် သူ၏လက်များနှင့် ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။
"ငါ... ငါသေသွားပြီ မဟုတ်ဘူးလား"
ထိုသို့ပြောရင်း သူသည် ရွှယ်အန်းကိုမြင်လိုက်သောအခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားပြ ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။
"နည်းပြ"
ရွှယ်အန်းလည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ကျိုးသာ့နျိုသည် တစ်စုံတစ်ရာ ပြောင်းလဲမှုမရှိဘဲ အပြည့်အဝ ပြန်လည်ကောင်းမွန်လာမည်ဟု သူကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့ချေ။ ဤအချိန်တွင် ကျိုးသာ့နျိုသည် စုန်ယိဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဆရာစုန်၊ ကျွန်တော်သေသွားပြီ မဟုတ်ဘူးလား"
စုန်ယိသည် အလွန်အားကျသောလေသံဖြင့် ပြောလာသည်။
"ဟုတ်တယ်၊ မင်းသေသွားပြီ၊ ဒါပေမဲ့ ဆရာက သူ့ရဲ့စွမ်းအားတွေသုံးပြီး မင်းကို အသက်ပြန်သွင်းပေးခဲ့တာ"
ထိုစကားကို ကြားသောအခါ ကျိုးသာ့နျိုသည် ရွှယ်အန်းရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။
"နည်းပြ၊ သာ့နျိုက စကားပြောကောင်းတဲ့သူ မဟုတ်ပါဘူး၊ ကျွန်တော်က သေပြီးသားလူပါ ဒါပေမဲ့ နည်းပြက ကျွန်တော့်ကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်၊ နည်းပြက ကျွန်တော့်ရဲ့ မွေးမိဘတွေလိုပဲ ကျေးဇူးကြီးလှပါတယ်..."
ရွှယ်အန်းလည်း ကူကယ်ရာမဲ့မှုကြောက့် ရယ်ချင်မိသွားကာ ကျိုးသာ့နျိုကို လက်ဝှေ့ယမ်းကာ တားလိုက်သည်။
"တော်ပြီ... တော်ပြီ၊ ငါမင်းကို ကယ်တင်ခဲ့တာ မင်းရဲ့သစ္စာစောင့်သိမှုနဲ့ ရဲစွမ်းသတ္တိကြောင့်ပဲ၊ ပြီးတော့ မင်းပြန်နိုးထလာနိုင်တာကလည်း မင်းရဲ့ကံတရားပဲ"
ထိုအချိန်တွင် ကျိုးသာ့နျိုသည် သူ့ကိုယ်ထဲရှိ တိုးပွားနေသော စွမ်းအားကို ခံစားမိလိုက်ပြီး အံ့အားသင့်စွာဖြင့် ပြောလာသည်။
"နည်းပြ၊ ကျွန်တော် အရင်ကထက်တောင် ပိုပြီးအားကြီးလာသလိုပဲ"
သူ့ဘေးတွင်ရပ်နေသော စုန်ယိမှာ လေးနက်စွာဖြင့် ပြောလိုက်သည်။
"ဒါပေါ့၊ ဆရာက မင်းကို အသက်ပြန်သွင်းပေးရုံတင်မကဘူး၊ နတ်ဘုရားအသစ်တစ်ပါးအဖြစ်ပါ ပြောင်းလဲပေးခဲ့တာ"
ကျိုးသာ့နျိုသည် ရိုးသားသောအပြုံးဖြင့် ခေါင်းကိုကုတ်လိုက်သည်။
"ဒါဆို ကျွန်တော် နတ်ဘုရားဖြစ်သွားပြီပေါ့၊ ဟီးဟီး..."
ထို့နောက် ရုတ်တရက် ကျိုးသာ့နျို၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး ရွှယ်အန်းကို ခပ်တိုးတိုးမေးလိုက်သည်။
"နည်းပြ၊ အခုကျွန်တော် နတ်ဘုရားဖြစ်သွားပြီဆိုတော့ အိမ်ထောင်ပြုပြီးရင် ကလေးယူလို့ ရသေးလားဟင်"
ရွှယ်အန်းလည်း ရယ်ရမလို ငိုရမလိုဖြစ်သွားကာ ခေါင်းခါလိုက်သည်။
"အဲတာတော့ ငါလည်း တကယ်မသိဘူး၊ ဒါပေမဲ့ မင်းရနိုင်မယ်လို့တော့ ထင်တယ်"
"ဒါဆို တော်သေးတာပေါ့၊ ကျွန်တော့်မိဘတွေက စောစောဆုံးသွားတော့ သူတို့ရဲ့နောက်ဆုံးဆန္ဒက ကျိုးမျိုးရိုးကို ဆက်ထိန်းစေချင်တာပဲ၊ ဟီး"
ရွှယ်အန်းလည်း သူ့စကားကိုနားထောင်ကာ ခေါင်းခါလိုက်ပြီး ခပ်ဖွဖွရယ်မောလျက် ကောင်းကင်ထက်ရှိ လမင်းကို မော့ကြည့်လိုက်သည်။
"တကယ့်ကို အရှုပ်တွေပဲ၊ ယန်အာ... ကိုယ့်ကို ခဏလေးစောင့်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်သို့ ပျံတက်သွားပြီး တည်ငြိမ်စွာရပ်လိုက်သည်။ ရွှယ်အန်းသည် ဟွာရှားနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသကို အပေါ်စီးမှ ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်၊
"မင်းတို့ကို တစ်ကောင်ချင်းစီ ရှင်းထုတ်ဖို့ ငါစိတ်မရှည်ဘူး၊ နတ်ဆိုးရှာဖွေရေးဓား... ထွက်လာစမ်း"
ထိုစဥ် အဆုံးမဲ့သော ဓားအရှိန်အ၀ါများသည် ရွှယ်အန်းကို ဗဟိုပြုကာ ပတ်ပတ်လည်တွင် ပေါ်ထွက်လာပြီး အဝေးသို့တိုင် ပြန့်နှံ့သွားသည်။ ခဏလေးအတွင်းမှာပင် ၎င်းသည် ကီလိုမီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ကို ဖုံးလွှမ်းသွားပြီဖြစ်သည်။ ထိုအောက်တွင်ရှိသော လူအားလုံးသည် တစ်ပြိုင်နက်တည်း မော့ကြည့်လာကာ ဤမြင်ကွင်းကြောင့် မှင်တက်သွားသည်။
"သွားကြ... နတ်ဘုရားနဲ့ နတ်ဆိုးတွေအားလုံးကို သုတ်သင်ရှင်းလင်းကြ"
ရွှယ်အန်းလည်း အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူ၏အမိန့်နောက်တွင် ဓားများသည် မိုးများကဲ့သို့ ရွာကျလာပြီး အရာအားလုံးကို သတ်ဖြတ်ချေမှုန်းတော့သည်။