သတင်းများ ပျံ့နှံ့သွားပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခြင်း
Vol. 45 Ch. 664
မျက်လုံးသုံးလုံး နတ်ဆိုးဘုရင်သုတ်သင်အား ရှင်းလင်းပြီးနောက် လင်းနန်၏ အခြေအနေမှာ အနည်းငယ် တိုးတက်လာခဲ့သည်။
"အနည်းငယ်" ဆိုသည်မှာ ယခင်ကလို ပြန်ဆုတ်ခွာရသည့်အစား အရှုံးမရှိသော အခြေအနေကို ထိန်းထားနိုင်ခြင်းဖြစ်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ တဖန်ကြီးမားသော ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုပြဿနာမှာ တိုက်ပွဲ၏ အဓိကအင်အားဖြစ်သော ယွီမိသားစုတွင် လူအင်အား မလုံလောက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ယွီမင်နှင့် အခြားအဓိကတိုက်ခိုက်ရေးသမားများသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သော်လည်း ၎င်းတို့၏ ကာကွယ်မှုသာမရှိလျှင် လင်းနန်သည် ကြံ့ကြံ့ခံနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ၎င်းတို့ မည်မျှပင် ပင်ပန်းနေပါစေ ဆက်လက် တောင့်ခံနေခဲ့ကြသည်။
...
ထိုအချိန်တွင်...
ယွီမင်သည် ဓားဖြင့် နတ်ဆိုးငယ် ဒါဇင်များစွာကို သတ်ဖြတ်လိုက်သည်။ ဤတိုက်ခိုက်မှုလှိုင်း ပြီးဆုံးသွားသောအခါ နတ်ဆိုးများလည်း စတင်ဆုတ်ခွာသွားကြသည်။ ထို့နောက် ယွီမင်လည်း ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျလုမတက် ဖြစ်သွားသည်။
ကံကောင်းစွာဖြင့် သူ့ဘေးတွင် ယွမ်ယွင်ရှင်း ရှိနေပြီး သူ့ကို အမြန် ဖေးမပေးလိုက်သည်။
"ယွီမင်... နင်အဆင်ပြေရဲ့လား" ယွမ်ယွင်ရှင်းက စိုးရိမ်တကြီး မေးလိုက်သည်။
ယွီမင်၏ မျက်နှာသည် ဖြူဖျော့နေပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလျက် ပြန်ဖြေသည်။
"ဘာမှမဖြစ်ဘူး၊ ငါနည်းနည်း အားနည်းသွားလို့"
ယွမ်ယွင်ရှင်းသည် ချက်ချင်းပင် သူမ၏အိတ်ကပ်ထဲမှ ကောင်းကင်ကံကြမ္မာဆေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ယွီမင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ခဏအကြာတွင် ယွီမင်၏ အခြေအနေမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်။
"ဟူး... ငါတို့မှာ ကျံးတုက အသက်စွန့်ပြီး လေယာဉ်နဲ့ချပေးခဲ့တဲ့ ကောင်းကင်ကံကြမ္မာဆေးလုံးတွေ ရှိလို့ တော်သေးတယ်၊ မဟုတ်ရင် လင်းနန်က ပြိုလဲသွားလောက်ပြီ"
ယွီမင်က ခါးသီးစွာပြုံးလျက် ပြောလိုက်သည်။ ယွမ်ယွင်ရှင်းသည်လည်း ထောက်ခံလိုက်သည်။လွန်ခဲ့သောအချိန်များတွင် စစ်လေယာဉ်အချို့သည် လင်းနန်အပေါ်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ လေယာဉ်မျအကြိမ်အနည်းငယ် ပျံဝဲပြီးနောက် ကောင်းကင်ကံကြမ္မာဆေး သေတ္တာများစွာကို လေထီးဖြင့် ချပေးခဲ့သည်။
ဤအံ့ဖွယ်ဆေးသည် ဒဏ်ရာများကို ကုသနိုင်ပြီး ကျင့်ကြံသူများ၏ ခွန်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်သော အလွန် အရေးကြီးသည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။ ဤဆေးသေတ္တာများသာ မရှိခဲ့ပါက ယွီမင်လည်း ယခုအချိန်အထိ တောင့်ခံနိုင်မည် မဟုတ်ပေ။ ဝမ်းနည်းစရာမှာ ထိုလေယာဉ်များသည် နတ်ဆိုးများ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီး တစ်စီးသာ လွတ်မြောက်ခဲ့သည်။ ထိုအချိန်တွင် အခြားအရပ်မျက်နှာများကို ကာကွယ်နေသူများလည်း ပြန်လည်ဆုတ်ခွာလာကြသည်။
ရှေ့တန်းတွင်ရှိသော ယွီမင်နှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် ဖိအားနည်းပါးသော်လည်း အားလုံးမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီး အချို့မှာ ဒဏ်ရာများပင် ရရှိခဲ့ကြသည်။
"အစ်ကို... ကျွန်မ ဓား ကျိုးသွားပြန်ပြီ"
ယွီရန်သည် စိတ်ပျက်စွာဖြင့် ပြောလာသည်။ သူမသည် ယခင်ကကဲ့သို့ အလိုလိုက်ခံထားရသော သူဌေးသမီးလေး မဟုတ်တော့ဘဲ စစ်မြေပြင်တွင် နတ်ဆိုးများကို သတ်ဖြတ်နိုင်သည့် စစ်သည်တော်အမျိုးသမီးတစ်ဦး ဖြစ်နေပြီဖြစ်သည်။
"နောက်မှ အဖေ့ဆီက နောက်တစ်ချောင်း သွားတောင်းလိုက်"
ယခုအခါ ယွီမိသားစုတွင် တာဝန်ခွဲဝေမှုမှာ အလွန်ရှင်းလင်းသည်။ ယွီမင်၊ ယွီရန်နှင့် မူလတွင် ဧည့်သည်အဖြစ် ရောက်လာသော်လည်း ပိတ်မိသွားခဲ့သော ရှီရွှယ်ချင်းတို့သည် အဓိကတိုက်ခိုက်ရေးအင်အားများဖြစ်သည်။ မိသားစုခေါင်းဆောင်ဖြစ်သူ ယွီယွမ်သည်မူ နောက်ကွယ်မှ အရာအားလုံးကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဤရာထူးသည် စစ်မြေပြင်တွင် တိုက်ခိုက်ခြင်းထက်ပင် ပို၍အရေးကြီးသည်။
အဘယ်ကြောင့်ဆိုသော် ယခုအခါ ခံတပ်ထဲတွင် လင်းနန်မှ ပြည်သူသိန်းပေါင်းများစွာ ခိုလှုံနေကြပြီး ထိန်းသိမ်းရန် အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦးမရှိလျှင် အလွယ်တကူပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် စစ်မြေပြင်သည် ပြန်လည်စည်ကားလာပြန်သည်။ ယွီမိသားစုတွင် စစ်မြေပြင်ရှင်းလင်းရေးအတွက် အထူး တာဝန်ယူထားသော အဖွဲ့တစ်ဖွဲ့ရှိပြီး အကြီးအကဲများစွာမှာ သေဆုံးသွားသော နတ်ဆိုးများနှင့် နတ်ဘုရားများအကြောင်း အသေးစိတ်လေ့လာမှုများ ပြုလုပ်နေကြသည်။
မိန်းကလေးများပင်လျှင် ဒဏ်ရာရစစ်သားများကို ပတ်တီးစည်းပေးရန် အလုပ်များနေကြသည်။
ဤမိန်းကလေးများ၏ ပတ်တီးစည်းပေးသည့် ကျွမ်းကျင်မှုမှာ ညံ့ဖျင်းနိုင်သော်လည်း ၎င်းတို့၏ နုပျိုလှပသော ရုပ်သွင်ကို မြင်ရခြင်းမှာ စစ်သားများ၏ စိုးရိမ်ပူပန်ကာ တင်းမာနေသော စိတ်များကို ဖြေလျှော့ပေးနိုင်သည်။
ရှီရွှယ်ချင်းသည် ဤကဲ့သို့ စနစ်တကျရှိသော မြင်ကွင်းကို အထင်တကြီး ကြည့်နေမိပြီး ယွီမိသားစုသည် လင်းနန်ကို နှစ်ပေါင်း နှစ်ရာ၊သုံးရာကြာ အဘယ်ကြောင့် ကာကွယ်နိုင်ခဲ့ပြီး ၎င်းတို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်သည်အား အဆုံးတွင် နားလည်သွားသည်။
ဤကဲ့သို့သော ထိန်းချုပ်နိုင်စွမ်းဖြင့် ၎င်းတို့သည် လင်းနန်၏ နံပါတ်တစ်မိသားစုဟူသောဘွဲ့နှင့် အမှန်ပင်ထိုက်တန်လှသည်။
သို့သော် ဤအခိုက်အတန့်တွင် အရိပ်မည်းတစ်ခုသည် အဝေးတွင် ရုတ်တရက် ပေါ်ထွက်လာပြီးနောက် မြေကြီးမှာ တုန်ခါလာခဲ့သည်။
"ရန်သူတိုက်ခိုက်ပြီ"
အဝေးရှိ ကင်းမျှော်စင်ပေါ်မှ တစ်စုံတစ်ယောက်သည် တုန်လှုပ်ကြေကွဲစွာ အော်ဟစ်ပြီး သတိပေးခရာကို မှုတ်လိုက်သည်။
စူးရှသော ခရာသံနှင့်အတူ စစ်ပွဲနှင့်မသက်ဆိုင်သူများမှာ လျင်မြန်စွာဆုတ်ခွာကြသည်။
ထိုအချိန်တွင် ယွမ်ယွင်ရှင်းသည် ယွီမင်၏ ရောင်ကိုင်းနေသော ခြေကျင်းဝတ်ကို နှိပ်နယ်ပေးနေပြီး ယွီမင်မှာ အိပ်မောကျနေပြီဖြစ်သည်။
သို့သော် သူသည် ခရာသံကို ကြားသည်နှင့် ချက်ချင်း မျက်လုံးဖွင့်လာကာ ဘေးရှိဓားကို ကောက်ကိုင်ပြီး ထရပ်လိုက်သည်။
သူသည် အဝေးရှိနတ်ဆိုးများစွာကို မြင်လိုက်ရသောအခါ သူ့မျက်နှာအမူအရာသည် ချက်ချင်းပင် အတင်းမာသွားသည်။
"ဘာဖြစ်တာလဲ၊ ဒီတစ်ခေါက်လှိုင်းက ဘာလို့ နတ်ဆိုးတွေ အများကြီး ပါလာတာလဲ"
သူ့ဘေးမှ ယွီရန်သည် ထိတ်လန့်တကြား ပြောလာသည်။
ယွီမင်၏ မျက်လုံးများ လင်းလက်သွားပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"နောက်ထပ် အင်အားကြီးတဲ့ နတ်ဆိုးဘုရင်တစ်ပါး ရောက်လာပြီ"
ဘာ
သူ့စကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိလူတိုင်း ထိတ်လန့်သွားကြသည်။
သူ၏စကားကို သက်သေပြနေသည့်ပမာ နတ်ဆိုးတပ်ကြီး၏ နောက်တွင် ကြီးမားသော လက်သုံးချောင်း နတ်ဆိုးဘုရင်တစ်ပါးလည်း ပါလာသည်။
ထိုနတ်ဆိုးဘုရင်သည် အလွန်ရှည်သောကြောင့် ဤမျှအကွာအဝေးမှပင် လူများ မော့ကြည့်ရသည်။
ထိုအခိုက်တွင် နတ်ဆိုးဘုရင်သည်လည်း လူတိုင်းကို အပေါ်မှ ငုံ့ကြည့်နေပြီး သူ၏နှုတ်ခမ်းထက်တွင် အေးစက်သော လှောင်ပြုံးတစ်ခုလည်း ဖြည်းညင်းစွာ ပေါ်လာသည်။
ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာ တန်ခိုးအာဏာသည် မည်သူ့ကိုမဆို ခုခံလိုစိတ် ပျောက်ဆုံးသွားစေရန် လုံလောက်သည်။
လူတိုင်း၏ မျက်နှာများမှာလည်း မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။ ထိုသည်မှာ ခံတပ်အတွင်းရှိ လူများအပါအဝင်ဖြစ်သည်။ သူတို့လည်း ဤ အိပ်မက်ဆိုးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့ရသောအခါ အော်ဟစ်ငိုယိုကြတော့သည်။
ထိုအခိုက်တွင် ယွီမင်သည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီးနောက် ယွီရန်အား ပြောလိုက်သည်။
"မင်းနဲ့ ရွှယ်ချင်းတို့ မရီးကိုခေါ်ပြီး ဒီကနေ အမြန်ဆုံးထွက်သွားကြတော့"
ယွီရန် အံ့သြသွားသည်။
"အစ်ကို…"
"စကားမများနဲ့၊ ငါတို့အားလုံး ဒီမှာနေရင် သေမှာပဲ၊ သွား၊ အခုသွားတော့"
ယွီမင်က အေးစက်စွာ ပြောရင်း သူ၏ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
"ဟင့်အင်း အစ်ကို၊ ကျွန်မမသွားဘူး၊ ကျွန်မ အစ်ကို့ဘေးမှာပဲ အတူတိုက်ခိုက်ချင်တယ်"
ယွီရန်၏ မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလာသည်။
"မင်းရဲ့ ဓားသိုင်းပညာနဲ့ဆို အနှောင့်အယှက်ပဲ ဖြစ်မှာ၊ ထွက်သွားလိုက်တော့"
ယွီမင်က ဒေါသတကြီး အော်ပြောလိုက်သည်။
ယွီရန်သည် ထိုသို့ အအော်ခံလိုက်ရသောကြောင့် မှင်တက်သွားသည်။
တစ်ချိန်တည်းမှာပင် ယွမ်ယွင်ရှင်းသည် တည်ငြိမ်စွာဖြင့် ယွီရန်ကို ဆွဲခေါ်လိုက်သည်။
"ကျွန်မ မသွားဘူး၊ အစ်ကို ဒီမှာနေရင် သေမှာ၊ ကျွန်မ အစ်ကို သေတာကို ငါမကြည့်ရက်ဘူး၊ ယွမ်ယွင်ရှင်း... နင်သွေးအေးလိုက်တာ၊ ငါ့အစ်ကိုက သေလမ်းလျှောက်ဖို့လုပ်နေတာတောင် နင်မတားဘူးလား"
ယွီရန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယွမ်ယွင်ရှင်းက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
"ငါ မင်းအစ်ကို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်၊ ဘာလို့လဲဆိုတော့ သူက ဓားသိုင်းပညာရှင်မို့လို့ပဲ"
ထိုစကားများမှာ ယွီရန်၏ ခွန်အားအားလုံးကို ဆုတ်ယူလိုက်သကဲ့သို့ ဖြစ်သွားသည်။
ရှီရွှယ်ချင်းသည်လည်း သက်ပြင်းချလိုက်သည်။
"ယွင်ရှင်း ပြောတာမှန်တယ်၊ မင်းအစ်ကို့မှာ ဆုတ်စရာလမ်းမရှိတော့ဘူး"
ထိုသို့ပြောပြီးနောက် သူမသည်လည်း ယွီရန်ကို နောက်သို့ ဆွဲခေါ်သွားသည်။
ယွီမင်သည် သူ၏ညီမနှင့် ချစ်ရသူတို့ ထွက်ခွာသွားသည်ကို မြင်ပြီးနောက် တဟုန်ထိုးဝင်လာသော နတ်ဆိုးများကို တစ်ယောက်တည်း ရင်ဆိုင်ရန် သူ၏ဓားကို မျက်ခုံးနှင့်တစ်တန်းတည်းဖြစ်အောင် ဖြည်းညင်းစွာ မြှောက်လိုက်သည်။
"ငါ့ဆရာ တစ်ခါက ပြောဖူးတယ်၊ ငါက ဓားတာအိုကို မှားယွင်းစွာ လေ့ကျင့်ခဲ့တာတဲ့၊ ဓားတာအိုဆိုတာ အားလုံးထဲမှာ ရိုးရှင်းဆုံးပဲ၊ ဓားတာအိုအတွက် ကြောက်ရွံ့မှုကင်းမဲ့ဖို့ပဲ လိုတယ်ဆိုတာကို ငါ နောက်မှ နားလည်ခဲ့တယ်၊ ဒီနေ့ မော်တယ် ဓားတာအိုပညာရှင်တစ်ယောက်ဆိုတာ ဘာလဲသိအောင် ငါပြမယ်"
ထိုသို့ပြောလျက် ယွီမင်သည် ရုတ်တရက် မော့ကြည့်လာရာ ထက်ရှသော ဓားရောင်ခြည်များလည်း ပေါက်ကွဲထွက်လာပြီး သူ့ရှေ့ရှိ နတ်ဆိုးများဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။
ဓားရောင်ခြည်အောက်တွင် အရာအားလုံးသည် အမှုန့်အဖြစ် ကြေမွသွားသည်။
သို့သော် ၎င်းတို့၏အရေအတွက်မှာ အလွန်များပြားလှသဖြင့် ယွီမင်သည် အမြောက်အများကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ၎င်းတို့၏ ဝန်းရံခြင်းကို လျင်မြန်စွာ ခံလိုက်ရသည်။
အဝေးမှကြည့်လျှင် အနက်ရောင်ဒီရေလှိုင်းကြီးအတွင်း ဓားချီများ မရပ်မနား လင်းလက်နေသည်ကိုသာ မြင်နိုင်တော့သည်။
ယွီရန်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။
နောက်ဆုံးတွင်..
ယွီမင်သည် နောက်ထပ် ဓားတစ်ချက်ကို အားကုန်ထုတ်သုံးပြီးနောက် ရက်ပေါင်းများစွာ ခံစားခဲ့ရသော ဒဏ်ရာဒဏ်ချက်များအားလုံးလည်း ပြန်ပွင့်ထွက်လာသည်။
ထို့နောက် သူသည် မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်လျက်သား ကျသွားသည်။
သို့သော် သူ၏ နောက်ဆုံး ဓားချီသည် အလွန်အားကောင်းခဲ့သောကြောင့် ပတ်ဝန်းကျင်မှ နတ်ဆိုးများသည် သူ့ကို ကြောက်ရွံ့နေဆဲဖြစ်ပြီး မည်သူမျှ အနားကပ်မလာရဲကြသေးပေ။
သို့သော် လက်သုံးချောင်း နတ်ဆိုးဘုရင်သည် သူ့ထံသို့ ရောက်လာပြီး ကောက်ကျစ်သော အပြုံးဖြင့် ယွီမင်ကို ရိုက်နှက်ရန် လက်လှမ်းလိုက်သည်။
ယွီမင်သည် ထရန်ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ်တွင် ခွန်အား လုံးဝမရှိတော့သဖြင့် မိမိကိုယ်ကို လှောင်ပြုံးပြုံးလိုက်ရုံမှတစ်ပါး အခြားဘာမှမတက်နိုင်တော့ပေ။
"ဒါ ငါ့ရဲ့ အဆုံးသတ်တဲ့လား၊ ဒါပေမဲ့ ငါ သိပ်မကျေနပ်သေးဘူးလေ"
ထိုစဉ်မှာပင် ယွီမင်သည် သူ၏ ဓားနှလုံးသားမှာ ကြည်ညိုလေးစားလိုသော ခံစားချက်နှင့်အတူ ပြင်းထန်စွာ တုန်ခါလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
အဝေးတစ်နေရာရှိ ကောင်းကင်ယံတွင် ဧရာမ အဖြူရောင်လှိုင်းလုံးကြီးတစ်ခုလာနေသည်ကို သူမြင်လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤအဖြူရောင်လှိုင်းလုံးကြီးသည် သူတို့ ရှေ့သို့ တိုးဝင်လာခဲ့သည်။
"ဒါ ဓားချီတွေပဲ"
ယွီမင်သည် ထိတ်လန့်တကြား ပြောလိုက်မိသည်။
သူ တစ်ယောက်တည်းသာမက လင်းနန်ရှိ လူသိန်းပေါင်းများစွာသည်လည်း ဤမြင်ကွင်းကို ကြောင်ငေးကြည့်နေကြသည်။
အဆုံးအစမရှိသော ဓားချီများ ရောက်ရှိလာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားကာ နေကိုပင် ကွယ်သွားစေသည်။
နတ်ဆိုးအားလုံး ကြောက်ရွံ့သော အမူအရာများ ပြလာကြပြီး အထူးသဖြင့် လက်သုံးချောင်း နတ်ဆိုးဘုရင်သည် လှည့်၍ ထွက်ပြေးတော့သည်။
သို့သော် သူတို့သည် ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်သည့်အချိန် ပင်လယ်ကဲ့သို့သော ကြွယ်၀သည့် ဓားချီများသည် သူတို့အပေါ်သို့ ခုန်အုပ်လိုက်ပြီး နတ်ဆိုးအားလုံးကို ဝါးမျိုသွားသည်။
ရှည်လျားကြီးမားလှသော လက်သုံးချောင်း နတ်ဆိုးဘုရင်သည် ခဏတာ ရုန်းကန်အော်ဟစ်ပြီးနောက် အဆုံးမရှိသော ဓားစွမ်းအင်များ၏ အပိုင်းပိုင်းဖြတ်တောက်ခြင်းကိုခံရပြီး လေထဲတွင်ပဲ အစအနာမရှိပျောက်ကွယ်သွားသည်။
ကျန်နတ်ဆိုးများဆိုပါက ပြောပလောက်စရာပင် မရှိတော့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းနန်ကို ရက်ပေါင်းများစွာ ဝန်းရံထားခဲ့သော နတ်ဆိုးအားလုံးသည် သုတ်သင်ရှင်းလင်းခံလိုက်ရပြီး ဗလာကျင်းကာ သန့်ရှင်းစင်ကြယ်နေသော ကမ္ဘာကြီးသာ ကျန်ခဲ့သည်။
ယွီမင်သည် ဤမြင်ကွင်းကို ကြောင်ငေးကြည့်နေမိပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
အစတွင် သာမန်ရယ်သံလေးဖြစ်သော်လည်း စတင်ကာ တဖြည်းဖြည်း ကျယ်လောင်ပြီး အချုပ်အနှောင်မဲ့သော ရယ်မောသံဖြစ်လာသည်။
ယွီမင်သည် ရယ်ရင်းနှင့်ပင် ငိုကြွေးမိအ့န်သည်။ အဘယ့်ကြောင့်ဆို သူ မည်သူပြန်လာသည်ကို သိသောကြောင့် ဖြစ်သည်။
ထိုနေ့တွင်...
အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ရွှယ်အန်းသည် ရုတ်တရက်ပေါ်လာပြီး တစ်နေ့တည်းမှာပင် ပေကျင်းနှင့် စီရင်စုမြို့များရှိ ကောင်းကင်နဂါးတပ်ဖွဲ့များကို ချေမှုန်းဖျက်ဆီးခဲ့ပြီး ရှန်းကျန်းမှ နတ်ဆိုးဘုရင်ကို အမြစ်ပြတ်ချေမှုန်းခဲ့ပြန်ကာ အံ့မခန်း ကျင့်ကြံမှုအဆင့်ဖြင့် အရှေ့တောင်ပိုင်းဒေသတစ်ခွင်လုံးရှိ နတ်ဆိုးအားလုံးကို ဓားတစ်ချက်တည်းဖြင့် ခုတ်ဖြတ်ရှင်းလင်းခဲ့သည်။
ထိုသတင်း ပျံ့နှံ့သွားသောအခါ တစ်ကမ္ဘာလုံး တုန်လှုပ်သွားကြသည်။