← Chapters

မျှော်လင့်ချက်ဆိုတာ ရွှေထက် ပိုတန်ဖိုးရှိတယ်

Vol. 45 Ch. 665

မျှော်လင့်ချက်ဆိုတာ ရွှေထက် ပိုတန်ဖိုးရှိတယ်

Vol. 45 Ch. 665

ကျုံးတုမြို့

ကောင်းကင်ကံကြမ္မာကုမ္ပဏီ၏ ရုံးချုပ်တွင်

ကောင်းကင်ကံကြမ္မာသည် ယခုအချိန်တွင် ယခင်ကရှိခဲ့သော အထပ်မြင့်အဆောက်အအုံမှ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။

အကြောင်းမှာ ကျုံးတုရှိ ယာယီစီမံခန့်ခွဲရေးကော်မတီ၏ စည်းမျဉ်းများကြောင့် ဖြစ်သည်။ အထပ်မြင့်အဆောက်အအုံအားလုံးသည် ပစ်မှတ်ကြီးမားသောကြောင့် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ တိုက်ခိုက်ခြင်းကို အလွယ်တကူခံရနိုင်ပြီး အန္တရာယ်ရှိသော အဆောက်အအုံများ ဖြစ်လာခဲ့သည်။

ထို့ကြောင့် ကောင်းကင်ကံကြမ္မာ၏ရုံးချုပ်သည်လည်း အထပ်နိမ့်ဘန်ဂလိုလေးသို့ ပြောင်းရွှေ့ခဲ့သည်။

…

ဤအခိုက်အတန့်တွင် အစည်းအဝေးခန်းမအတွင်း၀ယ်...

အဓိကနေရာတွင် မျက်နှာထားတင်းမာကာ ဝဖိုင့်သော ခန္ဓာကိုယ်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ထိုင်နေသည်။ ၎င်းသည် ပိတ်လုနီးပါး မျက်လုံးများဖြင့် အခန်းထဲရှိ လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး အေးစက်သော အသံဖြင့်ပြောလိုက်သည်။

"ကော်မတီက အခုပဲ အသိပေးချက်တစ်ခု ပို့လိုက်တယ်၊ နောက်လကစပြီး ကောင်းကင်ကံကြမ္မာဆေးလုံးတွေရဲ့ ရောင်းချမှုအားလုံးကို ကော်မတီက အပြည့်အဝ စီမံခန့်ခွဲတော့မယ်တဲ့"

ဤစကားများကို ကြားသောအခါ ချောင်လဲ့၊ ကျောက်ရွှယ်ဟွေ့နှင့် အခြားသူများအားလုံး မကျေနပ်သော အမူအရာများ ပြသကြပြီး ထိုအမျိုးသားနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချန်ရွှေ့ဟယ်၏ မျက်နှာသည်လည်း သိသိသာသာ မှောင်မည်းသွားသည်။

"ကျင်းကျုံး... ဒါ ကျင်းမိသားစုရဲ့ အကြံလား ဒါမှမဟုတ် ကော်မတီရဲ့အကြံလား"

ကျင်းကျုံးလည်း လှောင်ပြောင်လိုစွာ ရယ်မောလိုက်သည်။

"အဘိုကြီးချန်... ခင်ဗျ စကားမပြောခင် လက်ရှိအခြေအနေကို နားလည်ပါဦး၊ ဒီနေ့ ကျုံးတုကို ချန်မိသားစုတစ်စုတည်း အုပ်စိုးနေတာ မဟုတ်တော့ဘူးလေ၊ လူတိုင်း ကော်မတီရဲ့ အမိန့်ကို နာခံရမယ်"

"ဒါက ခင်ဗျားတို့ ကျင်းမိသားစုက နောက်ကွယ်ကနေ ကြိုးကိုင်နေတာပဲ ဖြစ်မှာ"

သူမ၏အဘိုးနောက်တွင် ရပ်နေသော ချန်ရုရှီသည် အေးစက်စွာ ပြောလိုက်သည်။

"ချန်ရှို့ဟယ်... မင်းရဲ့ လူငယ်မျိုးဆက်တွေကို ထိန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါက အရေးကြီးတဲ့ ကာလဖြစ်လို့ မဟုတ်မမှန်တာတွေ ပြောရင် စစ်ခုံရုံးကို သွားရနိုင်တယ်" ကျင်းကျုံးက မောက်မာစွာ ပြောသည်။

ချန်ရှို့ဟယ် စကားပြောမည်အပြုတွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် တံခါးဖွင့်ဝင်လာသည်။ ထိုသူမှာ ကောင်းကင်ကံကြမ္မာရုံးချုပ်၏ အဓိကအတွင်းရေးမှူး ယွမ်မုန်ယင်းဖြစ်သည်။

"မင်း ဘာလုပ်နေတာလဲ၊ ငါတို့ အစည်းအဝေးလုပ်နေတာ မမြင်ဘူးလား၊ ထွက်သွားစမ်း" ကျင်းကျုံးက အော်ငေါက်လိုက်သည်။

သို့သော် ယွမ်မုန်ယင်းသည် ဘာမှမကြားသည့်အလား ချန်ရှို့ဟယ်ထံသို့ တန်းတန်း လျှောက်သွားကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူကိုင်ထားသော စာရွက်စာတမ်းများကို စားပွဲပေါ်တင်လိုက်သည်။

"လူကြီးမင်းချန်၊ ရှေ့တန်းကနေ နောက်ဆုံးရသတင်း ရောက်လာပါတယ်၊ ကြည့်ရှုပေးပါ"

ယွမ်မုန်ယင်း၏ အသံသည် တုန်ယင်နေသည်။

ထိုအခါ ကျင်းကျုံးလည်း ဒေါသပေါက်ကွဲသွားတော့သည်။

"ယွမ်မုန်ယင်း.. ကောင်းတယ်၊ ဒီနေ့ကစပြီး မင်းက ကောင်းကင်ကံကြမ္မာနဲ့ ဘာမှမဆိုင်တော့ဘူး၊ ထွက်သွား၊ ချက်ချင်းထွက်သွားစမ်း"

သူ ဒါရိုက်တာအဖြစ် ကောင်းကင်ကံကြမ္မာကုမ္ပဏီသို့ ရုတ်တရက် ရောက်လာခဲ့သည့် အချိန်မှစ၍ မည်သူမျှ သူ့စကားကို ဤကဲ့သို့ လျစ်လျူရှုဝံ့ခြင်း မရှိသောကြောင့် ကျင်းကျုံးသည် အလွန်ဒေါသထွက်နေခြင်း ဖြစ်သည်။ သို့သော် ယွမ်မုန်ယင်းသည် သူ့စကားကို လုံးဝမကြားသကဲ့သို့ ပြုမူပြီး ကျင်းကျုံးကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ ချန်ရှို့ဟယ်သည် စာရွက်စာတမ်းကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ခေတ်တငြိမ်သက်သွားပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဤရယ်မောသံကြောင့် ဒေါသပေါက်ကွဲသွားသည့် ကျင်းကျုံးပင် ရပ်တန့်သွားသည်။

တစ်ချိန်တည်းမှာပင် ချောင်လဲ့နှင့် အခြားသူများလည်း ထိုစာရွက်ကို တွေ့သွားကြပြီး သူတို့၏ မျက်နှာများတွင် သက်ပြင်းချလိုက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း အရိပ်အယောင်များ ပေါ်လာသည်။

ထိုအချိန်တွင် ကျင်းကျုံးလည်း အေးစက်စွာ မေးလိုက်သည်။

"မင်းတို့ ဘာတွေကြံစည်နေတာလဲ၊ ပုန်ကန်ချင်နေကြတာလား"

ပုံမှန်အားဖြင့် ထိုသို့သော စကားများကြားလျှင် လူတိုင်း ခေါင်းငုံ့ကြမည်ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုသို့မဟုတ်တော့ချေ။ ချန်ရှို့ဟယ်သည် ကျင်းကျုံးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး မထီမဲ့မြင်ပြောလိုက်သည်။

"ကျင်းကျုံး... မင်းနဲ့ မင်းရဲ့ကျင်းမိသားစု လည်ပင်းတွေ သန့်ရှင်းအောင်ဆေးကြောပြီး ကောင်းမွန်တဲ့ ခေါင်းတလားတစ်လုံး ဝယ်ထားဖို့ ငါအကြံပေးချင်တယ်၊ မဟုတ်ရင်တော့… ဟားဟား"

ထိုသို့ပြောပြီးနောက် ချန်ရှို့ဟယ်သည် လှည့်ထွက်သွားပြီး လူအုပ်သည်လည်း ကျင်းကျုံးကို လှောင်ပြောင်သရော်စွာ ရယ်မောကာ အစည်းအဝေးခန်းမထဲမှ တန်းစီထွက်ခွာသွားကြသည်။

အခန်းထဲတွင် ကျင်းကျုံးတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

သူသည် ကြောင်တောင်တောင်ဖြင့် ခဏရပ်နေပြီးနောက် စားပွဲဆီသို့ အပြေးအလွှား သွားလိုက်သည်။ ထိုနေရာတွင် ချန်ရှို့ဟယ် မေ့ကျန်ခဲ့သည်လား၊ တမင်ချန်ထားခဲ့သည်လား မသိသော စာရွက်စာတမ်းတစ်ရွက် ရှိနေသည်။

ကျင်းကျုံးသည် တုန်ယင်နေသော လက်များဖြင့် ထိုစာရွက်ကို ကောက်ယူလိုက်ရာ ရိုးရှင်းသော သတင်းစကားတစ်ခုသာ ရှိနေသည်ကို တွေ့လိုက်ရသည်။

ရွှယ်အန်းပြန်လာပြီ၊ သူက ဓားတစ်ချက်တည်းနဲ့ အရှေ့တောင်ပိုင်းဒေသက နတ်ဆိုးအားလုံးကို ချေမှုန်းဖျက်ဆီးခဲ့တယ် ကျင်းကျုံးသည် ဤသတင်းစကားကို မြင်လိုက်ရသောအခါ ယခင်က မောက်မာနေခဲ့သောပုံစံသည် ရေခဲတိုက်ထဲသို့ ကျသွားသည့်ပမာ ခံစားလိုက်ရပြီး ချွေးစေးများ ထွက်လာကာ သူ၏အဝတ်အစားများပင် စိုရွှဲသွားသည်။

ရွှယ်အန်း...

ဤအမည်သည် သူအတွက် အလွန်ပင် ပြင်းထန်လွန်းသည်။

အဘယ့်ကြောင့်ဆိသော် သူ့ညီမဖြစ်သူသည် အန်းမိသားစုသို့ လက်ထပ်ဝင်ရောက်ခဲ့ပြီး မင်းသမီးချန်ချင်းဟု ခေါ်ဝေါ်ကြသည်အထိ ဂုဏ်သတင်းကြီးမားသော်လည်း ရွှယ်အန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။

တစ်ချိန်က အန်းမိသားစုတွင် အန်းယန်ကို နည်းမျိုးစုံဖြင့် ဖိနှိပ်ခဲ့သောကြောင့် အဆုံးတွင် ရွှယ်အန်း၏ သုတ်သင်ခြင်းကို ခံခဲ့ရသော ကျင်းရှို့ရုန်သည် ဤကျင်းကျုံး၏ ညီမအရင်းဖြစ်သည်။ ကျင်းရှို့ရုန် သေဆုံးပြီးနောက်တွင် ကျင်းမိသားစုသည် ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ မည်သို့မျှ တုံ့ပြန်ခဲ့ခြင်း မရှိပေ။

ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်ပြီးနောက် ကျုံးတု၏ အခြေအနေများ ကြီးမားစွာ ပြောင်းလဲသွားသည့်အချိန်မှသာ ကျင်းမိသားစုသည် ထိုပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူကာ ထကြွလာပြီးနောက် ယာယီစီမံခန့်ခွဲရေးကော်မတီသို့ ဝင်ရောက်ပြီး မြင့်မားသော အာဏာကို ရရှိခဲ့သည်။

နောက်ပိုင်းတွင် ကျင်းမိသားစုသည် သူတို့၏ ဖုံးကွယ်ထားသော အညှိုတရားများ ထုတ်ပြလာပြီး တစ်ချိန်က ရွှယ်အန်းနှင့် ပတ်သက်ခဲ့သမျှ အရာအားလုံးကို တပ်မက်လာခဲ့သည်။

ဤကောင်းကင်ကံကြမ္မာကုမ္ပဏီသည် ၎င်းတို့၏ အဓိကပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်။

ကျင်းကျုံးသည် ဤနေရာအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုတ်တရက် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ကံကြမ္မာကုမ္ပဏီသည် လူအများ တပ်မက်ကြသော ရွှေငွေထွက်သည့် သစ်ပင်တစ်ပင် ဖြစ်သည်။

သို့သော် ဤအခြေခံအချက်အားလုံးသည် ရွှယ်အန်း ပျောက်ဆုံးသွားပြီဟူသော ယူဆချက်အပေါ်တွင် အခြေပြုထားခြင်း ဖြစ်သည်။

သို့သော် ရွှယ်အန်းသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ပြန်လည်ရောက်ရှိလာမည်ဟု မည်သူမှ မျှော်လင့်ထားခြင်းမရှိချေ။

ကျင်းကျုံးသည် တန်ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးရန် အိမ်သို့ အလျင်အမြန် ပြန်နေစဉ်မှာပင် ထိုသတင်းသည် နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

နတ်ဘုရားများနှင့် နတ်ဆိုးများ ဆင်းသက်လာသည့်အချိန်မှစ၍ လူအားလုံးသည် မကောင်းသော သတင်းအမျိုးမျိုးကိုသာ တွေ့မြင်ကြားသိခဲ့ရသည်။

ယနေ့ ဤမြို့ကျဆုံးသွားပြီ၊ မနက်ဖြန် ထိုနိုင်ငံ ပျက်စီးသွားပြီဟူ၍ဖြစ်သည်။ ဤသို့သော မျှော်လင့်ချက်ကင်းမဲ့မှုဖြင့် နေ့စဉ်ရှင်သန်နေရသဖြင့် လူများစွာ ထုံကျင်နေကြပြီဖြစ်သည်။

အနာဂတ်အတွက် မျှော်လင့်ချက်ထားရှိသူ မှာ အလွန်နည်းပါးသွားသည်။

အကောင်းမြင်တတ်သူများပင်လျှင် လူသားမျိုးနွယ်သည် နောက်ဆုံးခံတပ်များကို တောင့်ခံပြီး ရှင်သန်နိုင်ရုံသာ ကြိုးပမ်းနိုင်မည်ဟု မျှော်လင့်နိုင်တော့သည်။ ဤအခြေအနေတွင် ရွှယ်အန်း ပြန်လည်ထွက်ပေါ်လာပြီး နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်ဖြတ်သည့်သတင်းသည် ကမ္ဘာတစ်ဝှမ်းသို့ ဟာရီကိန်းမုန်တိုင်းပမာ ပျံ့နှံ့သွားသည်။

မရေမတွက်နိုင်သော လူများသည် စိတ်အားထက်သန်စွာဖြင့် ဝမ်းသာကုန်ကြသည်။

မည်သို့ပင်ဆိုစေကာမူ မျှော်လင့်ချက်မဲ့သော ဤခေတ်တွင် မျှော်လင့်ချက်သည် ရွှေထက်ပင် ပို၍တန်ဖိုးရှိသည်။ ထို့အပြင် လူသားမျိုးနွယ် ရှင်သန်ရေး၏ကိစ္စတွင် ရွှယ်အန်း၏ ထွက်ပေါ်လာမှုသည် မရေမတွက်နိုင်သော လူများကို မျှော်လင့်ချက်အား တဖန်ဖြစ်လာစေသည်။

ယခင်က နတ်ဘုရား-နတ်ဆိုးတပ်များသည် ကမ္ဘာတစ်ဝှမ်းတွင် ရှုံးနိမ့်ခြင်းမရှိသလောက် သောင်းကျန်းခဲ့ကြပြီး လူသားများသည် ကြီးမားသော ပေးဆပ်မှုကိုရင်းကာ အနိုင်နိုင် ရပ်တည်ခဲ့ရသည်။

ထို့ကြောင့် လူများစွာသည် နတ်ဘုရားများနှင့် နတ်ဆိုးများသည် အနိုင်ယူ၍မရသူများဟု မသိစိတ်မှ ယုံကြည်ခဲ့ကြသည်။

ရွှယ်အန်း၏ ထွက်ပေါ်လာမှုကသာ ဤအတွေးများကို ချိုးဖျက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တစ်ချိန်က တိတ်ဆိတ်နေခဲ့သော သိုင်းလောကဖိုရမ်သည် ပြန်လည်စည်ကားလာပြန်သည်။

ရွှယ်အန်း၏ ယခင်လုပ်ဆောင်ခဲ့မှုများကိုလည်း ပြန်လည်ဖော်ထုတ်လာကြသည်။

အစပိုင်းတွင် စီနီယာ ကောင်းကင်လက်ညှိုးညွှန်သူကို ချေမှုန်းခဲ့ခြင်းမှသည် နောက်ပိုင်း သွေးမျိုးနွယ်ကို အမြစ်ပျက် ချေမှုန်းခဲ့ပြီး အလင်းရောင် သူတော်စင်နိုင်ငံအား ဖျက်ဆီးခဲ့ခြင်းအထိ ဖြစ်သည်။

ဤဖြစ်ရပ်တစ်ခုချင်းစီတိုင်းသည် ကမ္ဘာကြီးကို တုန်လှုပ်စေသော အဖြစ်အပျက်များဟု ယူဆနိုင်သည်။

သို့သော် ဤအရာအားလုံးကို ရွှယ်အန်း တစ်ယောက်တည်းကသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤအချက်သည် ရွှယ်အန်း၏ ဂုဏ်သတင်းကို မမြင်နိုင်လောက်အောင် တောက်ပမှုများ ပိုမိုထည့်သွင်းပေးသလိုဖြစ်သွားသည်။ သိုင်းပညာရှင်များသည် အမြဲတမ်း မောက်မာတက်သော်လည်း ရွှယ်အန်း၏ ရှေ့မှောက်တွင်မူ သူတို့အားလုံး ခေါင်းငုံ့ကာ စိတ်ရင်းမှန်ဖြင့် အသိအမှတ်ပြုကြသည်။

သူသည် ဤခေတ်၏ အရှင်သခင်ဟူပင်ပြောလို့ရသည်။

မကြာမီပင် ဤသတင်းသည် သိုင်းလောကမှအစ လူ့အဖွဲ့အစည်း၏ နေရာအားလုံးသို့ ပျံ့နှံ့သွားသည်။ ယခင်က ရွှယ်အန်းသည် မည်သူဖြစ်သည်ကို မသိခဲ့ကြသော လူများစွာမှာ ယခု ဤလူထုထင်မြင်ချက်လှိုင်းလုံးကြီးပြီးနောက် လူတိုင်းနီးပါးသည် ရွှယ်အန်းဟူသော အမည်ကို မှတ်မိသွားကြသည့်အပြင် ဤခေတ်၏ အရှင်သခင်ဟူသော ဘွဲ့အမည်ကိုပါ မှတ်မိသွားကြသည်။

ကမ္ဘာရှိနိုင်ငံများသည် ဤအတွက်ကြောင့် တုန်လှုပ်သွားသည်။

မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းသည် ဟွာနိုင်ငံ၏ အစစ်အမှန် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ယခု သူသည် မယှဉ်နိုင်သော အင်အားဖြင့် ပြန်လည်ရောက်ရှိလာသောအခါ မည်သို့သော အကျိုးသက်ရောက်မှုများ ဖြစ်လာမည်ကို မည်သူမျှ မပြောရဲကြပေ။

အမေရိကနိုင်ငံတွင် သမ္မတသည် မြေအောက်ခန်းတစ်ခုတွင် ပုန်းအောင်းလျက် သူ၏လက်ထဲမှ စာရွက်စာတမ်းများကို ကြောင်ငေးကြည့်နေပြီးနောက် ခါးသီးစွာ မေးလိုက်သည်။

"လူကြီးမင်းတို့... ရွှယ်အန်း ပြန်လာပြီး ဟွာရှားမှာလည်း မရပ်တန့်နိုင်တဲ့ ပြောင်းလဲမှုတွေဖြစ်လာပြီ၊ ခင်ဗျားတို့မှာ တွေးထားတဲ့ ဖြေရှင်းနည်းတွေ ရှိလား"

မိမိကိုယ်ကို ရွေးချယ်ခံများဟု ကြွေးကြော်ခဲ့သူအားလုံးသည် ဤအခိုက်တွင် ၎င်းတို့၏ တစ်ချိန်က မောက်မာခဲ့သော ခေါင်းများကို ငုံ့ထားကြသည်။ ခဏအကြာတွင် အစွန်း၌ထိုင်နေသော ထောက်လှမ်းရေးအေဂျင်စီ၏ အကြီးအကဲအက်ဒ်ဝက်သည် တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။

"သမ္မတကြီး... ကျွန်တော်ထင်တာကတော့ ဘယ်လိုဖြေရှင်းနည်းတွေပဲဖြစ်ဖြစ် အဲ့ရွှယ်အန်းကို လုံး၀ဆန့်ကျင်လို့ မဖြစ်ဘူး၊ မဟုတ်ရင် သူက ကျွန်တော်တို့ကို ဘုရားသခင်နဲ့တွေ့ဖို့ တကယ်ပို့လိုက်နိုင်တယ်"

အကယ်၍ အက်ဒ်ဝက်သာ ဤစကားကို ယခင်က ပြောခဲ့ပါက လူများစွာ လှောင်ပြောင်ကြမည်ဖြစ်သော်လည်း ယခုအခါတွင်မူ သူတို့သည် ကူကယ်ရာမဲ့စွာ တိတ်ဆိတ်နေပြီး ခေါင်းငုံ့နေရုံမှတစ်ပါး အခြားမတက်နိုင်တော့ပေ။ သမ္မတလည်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခါးသီးစွာ ပြုံးကာ ပြောလိုက်သည်။

"လောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့၊ တခြားနိုင်ငံတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ကြမယ်"

All Chapters