← Chapters

ရွှယ်အန်းအား ရှင်းလင်းချက်ပေးခြင်း

Vol. 45 Ch. 671

ရွှယ်အန်းအား ရှင်းလင်းချက်ပေးခြင်း

Vol. 45 Ch. 671

ကျုံးတုမြို့

အဆင့်မြင့် သီးသန့် အစည်းအဝေးခန်းတစ်ခုအတွင်း၀ယ်

တိုက်ရိုက်ပြသနေသည့် မြင်ကွင်းထဲတွင် ရွှယ်အန်းက အဆုံးမရှိသော ပင်လယ်ရေထုကို ရေလုံးအဖြစ်သို့ ပြောင်းလဲပြီး နတ်ဘုရားတစ်ပါးကို အမှုန့်ဖြစ်သည်အထိ ထုချေလိုက်သည်။

ထိုစဉ် အစည်းအဝေးခန်းတစ်ခုလုံး သေမတက် တိတ်ဆိတ်သွားသည်။

ထို့နောက်တွင်တော့ ထိန်းမနိုင်သိမ်းမရသော အုတ်အော်သောင်းတင်း အသံများ ထွက်ပေါ်လာတော့သည်။

"တိတ်ကြစမ်း!"

အဓိကနေရာတွင် ထိုင်နေသော ဗိုလ်ချုပ်ကြီးမှာ စားပွဲကို ထုရိုက်လိုက်သည်။ သူ၏ပခုံးပေါ်မှ ကြယ်ပွင့်များမှ သူသည် နိုင်ငံတော်၏ စစ်ဦးစီးချုပ်တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။

...

အစည်းအဝေးခန်းမှာ ငြိမ်သက်သွားသည်။

ထို့နောက် စစ်ဦးစီးချုပ်သည် လေးပင်သော အသံဖြင့် ပြောလိုက်သည်။

"ခုနက ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ဘယ်လိုထင်မြင်ယူဆကြလဲ"

အစည်းအဝေးခန်းထဲမှ လူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသော်လည်း မည်သူမျှ စကား၏မပြောပေ။

စစ်ဦးစီးချုပ်က ရွှေရောင်ကိုင်း မျက်မှန် တပ်ထားသော အမျိုးသားတစ်ဦးထံသို့ အကြည့်လွှဲလိုက်ပြီး မေးလိုက်သည်။

"ခင်ဗျားက ကြီးကြပ်ရေးကော်မတီရဲ့ ကျင့်ကြံသူတွေ စွမ်းရည်ကို အဓိကထား သုတေသနလုပ်ဖို့ တာဝန်ယူထားတဲ့ ကြီးကြပ်သူတစ်ယောက်အနေနဲ့ ပြောစရာမရှိဘူးလား"

မျက်မှန်နှင့်လူသည် ထရပ်လိုက်ပြီး သူ့ နှာတံပေါ်မှ မျက်မှန်ကို ပင့်တင်လိုက်ကာ ခပ်ယဲ့ယဲ့ပြုံးလျက် ပြောလိုက်သည်။

"ဗိုလ်ချုပ်ကြီး... အစကတော့ ကျွန်တော် ဒီ ရွှယ်အန်းရဲ့ စွမ်းရည်တွေ ဘယ်လောက်တောင် အားကောင်းလဲဆိုတာကို သုံးသပ်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လက်လျှော့လိုက်ရပါတယ်"

"အိုး? ဘာဖြစ်လို့လဲ"

စစ်ဦးစီးချုပ် နားမလည်ဟန်ဖြင့် မေးလိုက်သည်။

မျက်မှန်နှင့်လူသည် သက်ပြင်းတစ်ချက်ချကာ ထရပ်လိုက်ပြီး မျက်နှာပြင်ကြီးဆီသို့ သွားကာ ဗီဒီယိုဖိုင်ကို ဧရာမရေလှိုင်းကြီး မပြိုကျမီ အချိန်သို့ နောက်ပြန်ရစ်လိုက်သည်။

"ဗိုလ်ချုပ်ကြီးတို့... ဒီဧရာမရေလှိုင်းကြီးကို သတိထားမိကြလား မသိဘူး၊ ဒီဗီဒီယိုဖိုင်ထဲက အရာဝတ္ထုတွေကို ကြည့်မယ်ဆိုရင် ဒီလှိုင်းက အနည်းဆုံး မီတာတစ်ရာလောက် မြင့်တယ်၊ ဒါက ဘာကိုဆိုလိုသလဲဆိုတာ ခင်ဗျားတို့ နားလည်ကြရဲ့လား"

မျက်မှန်နှင့်လူက ခေတ္တရပ်တန့်ပြီးနောက် ဆက်ပြောသည်။

"ဒီလိုလှိုင်းမျိုးသာ ဘယ်နေရာမှာမဆိုမှာ ပေါ်လာခဲ့ရင် ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်တဲ့ ကုန်းမြေကို ဖျက်ဆီးပစ်နိုင်တယ်၊ ကျွန်တော်ဆိုလိုတာက လုံးဝကို ပြောင်တလင်းခါသွားအောင် ဖျက်ဆီးပစ်တာကို ပြောတာ၊ တောင်တွေတောင်မှ ဒီလှိုင်းဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး"

အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်စွာဖြင့် ငြိမ်သက်လျက်နားထောင်နေကြသည်။

"ဒီလိုလှိုင်းမျိုးက ကမ္ဘာပေါ်မှာ ဖြစ်နိုင်ခြေမရှိဘူး၊ ဒါပေမဲ့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေ ဆင်းသက်လာတဲ့ အခုအချိန်မှာတော့ မထူးဆန်းတော့ပါဘူး"

မျက်မှန်နှင့်လူက ဆက်ပြောသည်။

"ဒါပေမဲ့ ဒါက ကျွန်တော်ပြောချင်တဲ့ အဓိကအချက် မဟုတ်သေးဘူး"

ထိုသို့ပြောရင်း မျက်မှန်နှင့်လူသည် ဗီဒီယိုဖိုင်ကို အနည်းငယ်ရှေ့သို့ရစ်လိုက်ပြီး ဧရာမရေလှိုင်းမှ ပြောင်းလဲသွားသော ရေလုံးကြီးကို ရွှယ်အန်းက ပင့်မထားသည့် မြင်ကွင်းမှာ ရပ်တန့်လိုက်သည်။ သူသည် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ထိတ်လန့်မှုအရိပ်အယောင်သန်းနေသော လေသံဖြင့် ပြောလိုက်သည်။

"ခုနက ကျွန်တော် အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးပြီ၊ မီတာတစ်ရာကျော်မြင့်တဲ့ ရေတံတိုင်းကြီးတစ်ခုရဲ့ အလေးချိန်က အနည်းဆုံး တန်ချိန် သိန်းပေါင်းများစွာ ရှိတယ်"

"ဒါပေမဲ့ ဒီလိုမယုံနိုင်စရာ အလေးချိန်ကို ရွှယ်အန်းက ရေလုံးတစ်ခုအဖြစ် ကျုံ့စေပြီး လက်တစ်ဖက်တည်းနဲ့ ပင့်ထားခဲ့တယ်"

"ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ခင်ဗျားတို့အားလုံး ဘယ်လိုခံစားရလဲ မသိပေမယ့် ကျွန်တော်ကတော့ ကျောထဲ စိမ့်သွားတာပဲ"

"ဘာလို့လဲဆိုတော့ ဒါက ဘာကိုပြနေလဲဆိုရင် ဘယ်လို နတ်ဘုရားစွမ်းအင်မျိုးကိုမှ မသုံးဘဲနဲ့ ရွှယ်အန်းရဲ့ ကာယခွန်အားတစ်ခုတည်းနဲ့တင် ပြိုင်ဘက်အားလုံးကို အထင်သေးလို့ရနေပြီဆိုတာပါပဲ"

ဤနေရာသို့ ရောက်သောအခါ မျက်မှန်နှင့်လူ၏ မျက်နှာပေါ်တွင် တင်းမာသော အမူအရာတစ်ခု ပေါ်လာပြီး စစ်ဦးစီးချုပ်ကို လှည့်၍ ပြောလိုက်သည်။

"ဗိုလ်ချုပ်ကြီး ရွှယ်အန်းက ကျွန်တော်တို့ရဲ့ စွမ်းရည်တိုင်းတာရေးစနစ်ကို ကျော်လွန်သွားခဲ့ပါပြီ၊ သူ့ရဲ့ ခွန်အားတစ်ခုတည်းနဲ့ဆိုရင်တောင် သူက ဒီလောကမှာ ယှဉ်နိုင်သူမရှိတော့ဘူး၊ ဒါတောင် သူ့ရဲ့ ခန့်မှန်းရခက်တဲ့ နည်းလမ်းတွေကိုတောင် ထည့်မပြောရသေးဘူးနော်"

ဤရှင်းလင်းပြတ်သားသော သုံးသပ်ချက်ကို ကြားပြီးနောက် စစ်ဦးစီးချုပ်၏ မျက်နှာအမူအရာမှာလည်း တင်းမာသွားပြီး ခေါင်းညိတ်လိုက်သည်။

"ပြောတာကောင်းတယ်၊ ကံကောင်းတာက ဒီလူက လူသားလူမျိုးဖြစ်ပြီး သူ့ရဲ့လုပ်ရပ်တွေက ကျွန်တော်တို့ လူသားနိုင်ငံအပေါ်မှာ တော်တော်လေး ဖော်ရွေတယ်၊ ကျွန်တော်တို့ သူ့ကို မဖြစ်မနေ စည်းရုံးရမယ်၊ သူ့ကို သွားမဆွမိ‌စေနဲ့"

ထိုစကားကို ကြားသောအခါ အစည်းအဝေးခန်းထဲတွင် တီးတိုးသံများ ထွက်ပေါ်လာပြီး အစွန်းတွင် ထိုင်နေသော ဗိုလ်ချုပ် ဝမ်ထောင်မှာ ထရပ်လိုက်သည်။

"ဗိုလ်ချုပ်ပ ဒီလိုပြောလာမှတော့ ကျွန်တော့်မှာ တင်ပြစရာတစ်ခု ရှိပါတယ်"

"ပြောပါ၊ ဗိုလ်ချုပ်ဝမ်"

ဝမ်ထောင်က လေးနက်စွာ ပြောလိုက်သည်။

"ကောင်းကင်ကံကြမ္မာကုမ္ပဏီကို ရွှယ်အန်းကိုယ်တိုင် တည်ထောင်ခဲ့တာဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်"

လူအုပ်လည်း ခေါင်းညိတ်ပြကြသည်။

ထို့နောက် ဝမ်ထောင်၏ မျက်နှာပေါ်တွင် ခနဲ့တဲ့သော အမူအရာတစ်ခု ပေါ်လာသည်။

"ကောင်းကင်ကံကြမ္မာရဲ့ အရေးပါပုံကို ကျွန်တော် အကျယ်တဝင့် ပြောနေစရာမလိုတော့ပါဘူး၊ ပြောရရင် အဲ့ဒီကုမ္ပဏီသာမရှိရင် ကျွန်တော်တို့ လူသားနိုင်ငံက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို ခုချိန်ထိ ခုခံနိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ဒီအချက်ကြောင့်ပဲ ကောင်းကင်ကံကြမ္မာကို လောဘတက်တဲ့သူတွေ အများကြီးပေါ်လာစေတယ်"

ထိုအခါ စစ်ဦးစီးချုပ်သည် နှာတစ်ချက်မှုတ်လိုက်ပြီး မေးလာသည်။

"အခြေအနေက ဘယ်လိုရှိလဲ"

ဗိုလ်ချုပ်ဝမ်က ဆက်ပြောသည်။

"ဗိုလ်ချုပ်ကြီး မသိလောက်ဘူးထင်တယ်၊ အချိန်အတိုင်းအတာတစ်ခုထိ ရွှယ်အန်း ပျောက်ဆုံးနေတော့ ကောင်းကင်ကံကြမ္မာကုမ္ပဏီကို ရွှယ်အန်းရဲ့ သူငယ်ချင်းတချို့နဲ့ ချန်မိသားစုက ထိန်းချုပ်ထားခဲ့တယ်၊ ဒါပေမဲ့ ကြီးကြပ်ရေးကော်မတီ တည်ထောင်ပြီးနောက်ပိုင်းမှာ ကျင်းမိသားစုက ရုတ်တရက် တိုးတက်လာပြီး အာဏာတော်တော်များများ ရလာတော့ သူတို့ရဲ့လက်တွေကို ကောင်းကင်ကံကြမ္မာကုမ္ပဏီဆီ ဆန့်တန်းလာခဲ့ပါတယ်"

"သူတို့က ကုမ္ပဏီထဲကို သူတို့လူတစ်ယောက်ကို အကြီးအကဲအဖြစ် တိုက်ရိုက်ခန့်အပ်ခဲ့ရုံတင်မကဘဲ ရွှယ်အန်းရဲ့ လူယုံဟောင်းတွေကို ဖယ်ထုတ်ပြီး ကောင်းကင်ကံကြမ္မာကို ကျင်းမိသားစုအပိုင် သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြတယ်"

ဝမ်ထောင်ပြောလေလေ စစ်ဦးစီးချုပ်၏ မျက်နှာမှာ ပိုတင်းမာလာလေလေ ဖြစ်သည်။

အဆုံးတွင် စစ်ဦးစီးချုပ်သည် စားပွဲကို လက်သီးဖြင့် ထုချလိုက်သည်။

"ရိုင်းစိုင်းလိုက်တာ! နိုင်ငံတော် အကျပ်အတည်းကြုံနေတဲ့အချိန်မှာ စည်းလုံးညီညွတ်အောင် မနေဘဲ အချင်းချင်း အကွက်ဆင်နေကြတယ် ဟုတ်စ"

ဤပေါက်ကွဲသံကြောင့် အခန်းထဲမှ လူအချို့မှာ မျက်နှာဖြူဖျော့သွားပြီး ခေါင်းငုံ့ထားလိုက်ကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ထောင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ဗိုလ်ချုပ်ကြီး၊ ကျွန်တော် ဒီရွှယ်အန်းနဲ့ ဆက်ဆံဖူးပါတယ်၊ သူ့ကို သွားမဆွသရွေ့ သူက ဗိုလ်ချုပ်ကြီးတို့ကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်"

"ဒါပေမဲ့ ကျင်းမိသားစုရဲ့ လုပ်ရပ်ကတော့ ရွှယ်အန်းကို တကယ် စော်ကားလိုက်တာပဲ၊ ကျွန်တော် သူတို့ကို သတိပေးဖို့ ကြိုးစားခဲ့ပေမဲ့ ကျင်းမိသားစုက ရွှယ်အန်းသေပြီမို့လို့ ခြိမ်းခြောက်မှု မဟုတ်တော့ဘူးလို့ ပြောခဲ့တယ်"

"အခု ရွှယ်အန်း ပြန်ရောက်လာတဲ့အပြင် ဘယ်သူမှ လျစ်လျူရှုလို့မရတဲ့ အင်အားကိုပါ ပိုင်ဆိုင်နေပြီ"

"နောက်ပြီး ဗိုလ်ချုပ်ကြီးတို့ မသိလောက်သေးဘူး၊ ကျင်းမိသားစုဝင်တစ်ယောက်က အန်းမိသားစုကို အချိန်တော်တော်ကြာ ထိန်းချုပ်ခဲ့ဖူးတယ်၊ သူမက ရွှယ်အန်းရဲ့ ဇနီးကို အနိုင်ကျင့်ခဲ့ဆိုပြီး နောက်တော့ ရွှယ်အန်းက သူမကို သတ်ပစ်ခဲ့တယ်"

"ဒါကြောင့် ကျင်းမိသားစုက အမြဲတမ်း လက်စားချေချင်နေခဲ့တာ၊ ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ကျွန်တော်စိုးရိမ်မိတာက..."

ဝမ်ထောင်၏စကားသံသည် တဖြည်းဖြည်း တိုးဝင်သွားသော်လည်း သူ၏ဆိုလိုရင်းကို လူတိုင်းနားလည်ကြသည်။

ဤကိစ္စကို ရွှယ်အန်းအတွက် ကျေနပ်လောက်အောင် မဖြေရှင်းပေးနိုင်ပါက ဤနတ်ဘုရားသတ်ဖြတ်သူကြီး သိသွားသည့်အခါ...

အကျိုးဆက်များကို စဉ်းစားလို့ပင် မရနိုင်ပေ။

စစ်ဦးစီးချုပ်သည် ချက်ချင်းပင် တုံ့ဆိုင်းမနေဘဲ ကြေညာလိုက်သည်။

"ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ လျစ်လျူရှုထားလို့ မရဘူး"

ထို့နောက် သူလည ထရပ်လိုက်ကာ တင်းမာစွာ ပြောလိုက်သည်။

"ချက်ချင် အမိန့်ထုတ်ချေ၊ ကျင်းမိသားစုကို ကောင်းကင်ကံကြမ္မာကုမ္ပဏီကနေ ဖယ်ရှားလိုက်၊ ပြီးတော့ ကြီးကြပ်ရေးကော်မတီထဲမှာ သူတို့ရထားတဲ့ အထူးအခွင့်အရေးအားလုံးကို ရုပ်သိမ်းလိုက်ပါ"

ထို့နောက် သူသည် စားပွဲကို အားပြုကိုင်ကာ ထရပ်လိုက်ပြီး အခန်းထဲရှိ လူအားလုံးကို ဝေ့ကြည့်ကာ ရေပြင်ကဲ့သို့ ငြိမ်သက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒီနေ့ကစပြီး ရွှယ်အန်းနဲ့ သူ့ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်အောင်လုပ်တဲ့သူရှိတယ်လို့ ငါ မကြားချင်တော့ဘူး၊ မဟုတ်ရင် ငါကို မညှာမတာလုပ်တယ်လို့ အပြစ်မတင်နဲ့"

"နားလည်ပါပြီ"

"ပြီးတော့ ဒီနေ့ကစပြီး ရွှယ်အန်းနဲ့ ဆက်သွယ်ညှိနှိုင်းဖို့ သီးသန့်တာဝန်ယူမယ့် အေဂျင်စီတစ်ခု ဖွဲ့စည်းမယ်၊ အဲ့တာကို ငါ ကိုယ်တိုင် ဦးဆောင်ပြီး ဗိုလ်ချုပ်ဝမ်က သက်ဆိုင်ရာကိစ္စအားလုံးကို တာဝန်ယူရမယ်"

"နားလည်ပါပြီ"

"လူကြီးမင်းတို့၊ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေ ယူဆောင်လာတဲ့ ဒီပရမ်းပတာကာလက ဘေးအန္တရာယ်ကြတစ်ခု ဖြစ်သင့်ပေမဲ့ ရွှယ်အန်းရဲ့ ပေါ်ထွက်လာမှုက ကျွန်တော်တို့ လူသားနိုင်ငံအတွက် တောက်ပလာဖို့ ရှားပါးတဲ့အခွင့်အရေးတစ်ခုပဲ၊ ဒါကြောင့် ဘယ်သူ့ကိုမှ သူ့ကို နှောင့်ယှက်ခွင့် ပေးမှာမဟုတ်ဘူး၊ လုပ်တဲ့သူရှိရင်တော့ သူတို့ကို ညှာတာမှုမရှိဘဲ ကွပ်မျက်ပစ်မယ်"

စစ်ဦးစီးချုပ်သည် သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် ပြောလိုက်သည်။

ရောက်ရှိနေသူအားလုံး ကျောထဲထိစိမ့်တက်သွားပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

၎င်းတို့သည် ကြီးကြပ်ရေးကော်မတီ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်သည့် အဖွဲ့အစည်းဖြစ်သည့်အလျောက် ကိစ္စများကို ဆွေးနွေးပြီးသည်နှင့် အမိန့်ကို အောက်ခြေပိုင်းဆီသို့ ပေးပို့လိုက်သည်။

ကျင်းမိသားစုတွင်

တစ်ချိန်က စည်ကားပြီး ထင်ပေါ်ကျော်ကြားခဲ့သော အိမ်တော်ကြီးမှာ ယခုအခါ ချောက်ချားဖွယ်ရာ တိတ်ဆိတ်နေခဲ့သည်။

ဝမ်းနည်းပူဆွေးမှုနှင့် မျှော်လင့်ချက်မဲ့ခြင်းများသည် ကျင်းမိသားစုဝင်အားလုံး၏ ခေါင်းပေါ်တွင် ရစ်ဝဲနေကြသည်။

All Chapters