ညအမှောင်နတ်သူငယ်၊ အကူအညီပေးရန် ရောက်ရှိလာခြင်း
Vol. 45 Ch. 673
ဥရောပတွင်
အမှောင်ရှေးဟောင်းရဲတိုက်၌
အလင်းရောင်များ၏ မရပ်မနား တိုက်ခိုက်မှုကြောင့် အနီးအနားရှိ တောင်ကုန်းများကို ညီညာသွားအောင် ဖျက်ဆီးစေခဲ့ပြီး ၎င်းတို့အလယ်တွင် ရှေးဟောင်းရဲတိုက်ကြီးတစ်ခုတည်းသာ ထီးထီးကျန်ရစ်တော့သည်။
ရဲတိုက်ကို ဖုံးလွှမ်းထားသော အမှောင်ထု၏ ကာကွယ်မှုသည်လည်း မယုံနိုင်လောက်အောင် ပါးလွှလာသည်။
သို့သော် ပြိုကျတော့မည်ဟု ထင်ရသော်လည်း ဤကာကွယ်ရေးအင်အားသည် အလွန်အမင်း ခံနိုင်စွမ်းရှိလှပြီး အလင်းရောင်ကို ခုခံပေးကာ နတ်ဘုရားများ၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် ယခုအချိန်အထိ ဆက်လက်တည်ရှိနေခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ ဤသည်မှာ အကန့်အသတ်ရောက်နေပြီဖြစ်ကြောင်း လူအများစု သိကြသည်။
...
တိုက်ခိုက်မှုသာ ဤနှုန်းအတိုင်း ဆက်ဖြစ်နေပါက ကာကွယ်ရေးအင်အားသည် အများဆုံး တစ်ရက်အတွင်း ကျိုးပေါက်သွားလိမ့်မည်ဖြစ်သည်။
အမှောင်ကောင်စီဝင်များသည်လည်း ဤအချက်ကို သတိပြုမိကြသည်။
ထို့ကြောင့် ယခုအချိန်တွင် အားလုံးသည် ခန်းမကြီးထဲ၌ စုရုံးနေကြပြီး အနက်ရောင် နွယ်ပင်များဖြင့် အလွှာလွှာ ရစ်ပတ်ခံထားရသော ဖန်မုန့်ရွှယ်ကို ကြည့်ကာ ၎င်းတို့မျက်နှာတိုင်းတွင် ဝမ်းနည်းပူဆွေးမှုများ ထင်ဟပ်နေသည်။
"သခင်ကြီး"
အမှောင်စုန်းမ အန်နာစတေးရှားသည် ညင်သာစွာ ပြောလိုက်သည်။
မျက်လုံးအားလုံးသည် သူမထံသို့ လှည့်ကြည့်လာကြသည်။
"မုန့်ရွှယ်က ကျွန်မတို့ကို ကာကွယ်ဖို့ သူ့အသက်ကို စတေးခဲ့တယ်၊ ဒါပေမဲ့ အခုအခြေအနေအရ ဒီအမှောင်ရှေးဟောင်းရဲတိုက်က ဆက်ပြီးမခံနိုင်တော့ဘူး၊ ကျွန်မတို့ ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်ဆိုရင် မုန့်ရွှယ်က အဲ့ဒီ အလင်းရောင်နတ်ဘုရားရဲ့ လက်ထဲကို ကျရောက်သွားနိုင်ခြေများတယ်"
အန်နာစတေးရှားသည်စကားပြောလျက် ရှိနေသူအားလုံးကို ဝေ့ကြည့်လိုက်သည်။
"ဒါကြောင့် ကျွန်မ အကြံပေးချင်တယ်၊ အခုကစပြီး ကျွန်မတို့အားလုံး ရဲတိုက်ကနေ ထွက်ခွာပြီး သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အပြင်ဘက်ကို ဆွဲဆောင်ပြီး မုန်ရွှယ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးသင့်တယ်"
ထိုစကားကို ကြားသောအခါ ဝိညာဉ်ခေါ်ဆောင်မှော်ဆရာ Karsath၊ တိုက်တန်လူဘီလူးနှင့် ညအမှောင်နတ်သူငယ်တို့အားလုံး တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။
"ငါ သဘောတူတယ်"
"ငါလည်း သဘောတူတယ်"
"နောက်ပြီး... အပြင်မှာ တိုက်ပွဲဝင်ရင်း တစ်ယောက်ပြီးတစ်ယောက် သေသွားခဲ့ရင် ဒီရဲတိုက်ကို ကာကွယ်ဖို့ နောက်ဆုံးအချိန်မှာ ကိုယ့်ကိုယ်ကိုယ် စတေးဖို့ သတိရပါ"
အန်နာစတေးရှားက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ၎င်းတို့အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အားလုံးသည် လက်လျှော့အရှုံးပေးလိုက်သည့် အပြုံးမျိုးကို ပြုံးလိုက်ကြသည်။
"နားလည်ပါပြီ"
၎င်းတို့အားလုံး အသက်ရှင်လျက် ပြန်လာနိုင်ခြေမှာ အလွန်နည်းပါးကြောင်း သိရှိကြသည်။
၎င်းတို့၏ ဒဏ်ရာများမှာ မပျောက်ကင်းသေးသည့်အပြင် ပျောက်ကင်းသွားလျှင်ပင် ဤမျှအားကောင်းသော အလင်းရောင်စွမ်းအားကို ရင်ဆိုင်ရပါက အသက်ရှင်ရန် မဖြစ်နိုင်ချေ။
သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ နောက်ဆုတ်မည့် အရိပ်အယောင်မပြပေ။
၎င်းတို့ရင်ဆိုင်နေရသည်မှာ သေခြင်းတရားမဟုတ်ဘဲ သာမညကိစ္စလေးတစ်ခုနှင့်ပင် တူနေသည်။
ဆွေးနွေးတိုင်ပင်မှု ပြီးဆုံးပြီးနောက် အားလုံးအသင့်ပြင်ဆင်ကာ ရဲတိုက်တံခါးဝသို့ ထွက်လာကြသည်။
စီးကရက်သောက်နေသောအရိုးစုသည် ထိုနေရာတွင် တာဝန်ကျနေဆဲဖြစ်သည်။
သို့သော် ယခုအခါ သူ၏ဝတ်စုံမှာလည်း စုတ်ပြတ်ညစ်ပတ်နေပြီး တစ်ခုတည်းသော မပြောင်းလဲသောအရာမှာ သူ၏လက်ထဲမှ စီးကရက်ပင်ဖြစ်သည်။
သူသည် အဖွဲ့ဝင်များ ချဉ်းကပ်လာသည်ကို မြင်သောအခါ နံရံကိုမှီလျက် မီးခိုးတိမ်တိုက်ကြားထဲတွင် ရှိနေခဲ့သော အရိုးစုသည် သူ၏လက်ထဲမှ စီးကရက်ကို ငြှိမ်းသတ်လိုက်ပြီး မတ်မတ်ရပ်လိုက်သည်။
"အရှင် ကျွန်တော်တို့ လှုပ်ရှားဖို့ ပြင်ဆင်နေကြပြီလား"
သူမေးလိုက်သည်။
ခါရာဆက်ခေါင်းညိတ်ကာ အနည်းငယ် တောင်းပန်ဟန်ဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ မင်းအတွက် အဲ့ဒီအရိုးစုတွေကို ငါပြန်မခေါ်လာနိုင်ခဲ့ဘူး"
ထိုစကားကို ကြားသောအခါ စီးကရက်သောက်နေသောအရိုးစုသည် ပါးစပ်ဟကာ ရယ်မောလိုက်သည်။
"သူတို့ကို အရှင် ပြန်ခေါ်လာလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး၊ အရှင့်ရဲ့စွမ်းရည်တွေက အရင် ဝိညာဉ်ခေါ်မှော်ဆရာနဲ့ ယှဉ်ရင် အရမ်းညံ့ဖျင်းလွန်းတယ်လေ"
ထိုစကားကြောင့် ခါရာဆက်အနည်းငယ် မျက်နှာပူသွားသည်။
ထိုအချိန်တွင် အန်နာစတေးရှားလည်း ကြားဝင်ပြောလိုက်သည်။
"ဒီမှာနေပြီး ရဲတိုက်ကို စောင့်ရှောက်ပါ၊ ငါတို့ မကြာခင် ပြန်လာခဲ့မယ်"
သူမသည် အခြားသူများကို ခေါ်ဆောင်သွားသည်နှင့် စီးကရက်သောက်နေသောအရိုးစုလည်း ခပ်ဟဟရယ်မောကာ အနောက်မှလိုက်လာသည်။
ညအမှောင်နတ်သူကယ်က မျက်မှောင် အနည်းငယ်ကြုတ်ကာ သူ့ကိုလှည့်ကြည့်လိုက်ပြီးပြောလိုက်သည်။
"စုန်းမကြီးက မင်းကို ဒီမှာနေပြီး စောင့်ခိုင်းခဲ့တယ် မဟုတ်လား"
စီးကရက်အရိုးစုလည်း ခေါင်းခါပြသည်။
"အရှင်တို့ ဘာလုပ်ဖို့ ထွက်လာကြလဲဆိုတာ ကျွန်တော်သိပါတယ်"
"မုန့်ရွှယ်က ရဲတိုက်အတွက် အိပ်စက်ခြင်းထဲ ရောက်သွားတယ်၊ ပြီးတော့ အဲ့ဒီ အလင်းကောင်ကလည်း မညှာမတာ ဖိအားပေးနေတယ်၊ ခင်ဗျားတို့အားလုံးက သူ့ရဲ့တိုက်ခိုက်မှုတွေကို ဆွဲဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးချင်နေကြတယ်လေ၊ ကျွန်တော်ထင်တာ မှန်တယ်မလား"
အန်နာစတေးရှားသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။
"မှန်တယ်"
"ဒီလိုဆိုရင်တော့ ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့မယ်"
စီးကရက်အရိုးစုသည် စကားပြောလျက် လက်ဝှေ့ယမ်းကာ အန်နာစတေးရှားနှင့် အခြားသူများ စကားပြောလာမည်ကို တားဆီးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ကျွန်တော့်ညီအစ်ကိုတွေအားလုံး သေကုန်ပြီ၊ ဒီလိုရဲတိုက်ကြီးကို တစ်ယောက်တည်း စောင့်ရှောက်ရတာ အဓိပ္ပာယ်မရှိဘူး၊ ကျွန်တော် တစ်ပွဲလောက် ကောင်းကောင်း တိုက်ခိုက်လိုက်ရတာက ပိုကောင်းတယ်၊ အဲ့ဒီ '
အလင်းကောင်ကို သင်ခန်းစာတစ်ခုလောက် ပေးနိုင်ခဲ့ရင်တောင် ကျွန်တော် သေပျော်ပါပြီ"
အန်နာစတေးရှားသည် သူ့ကို ဆက်လက်တားမြစ်ချင်ပုံပေါ်သည်။
ခါရာဆက်သည် သူမကို တားလိုက်ပြီး ညင်သာစွာ ခေါင်းခါပြကာ ဆက်မပြောရန် အချက်ပြလိုက်သည်။
အဘယ်ကြောင့်ဆို သူသည် ဤမစ္စတာအရိုးစုများ၏ စိတ်နေစိတ်ထားကို ကောင်းစွာသိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤတို့တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်သည်နှင့် ထိုအရာကို အောင်မြင်အောင် ကြိုးစားအားထုတ်ကြလိမ့်မည်။ ၎င်းတို့သည် သူတစ်ပါး တိုက်တွန်းမှုကြောင့် မည်သည့်အခါမျှ ယိမ်းယိုင်သွားမည်မဟုတ်ပေ။
ဤအချိန်တွင် တိုက်တန်လူဘီလူးသည် ပိတ်ထားသော ရှေးဟောင်းရဲတိုက်၏ တံခါးများကို ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်သည်။
"သေချာစဉ်းစား၊ ဒီတံခါးကနေ ခြေတစ်လှမ်းအပြင်ထွက်လိုက်တာနဲ့ နောက်ကြိမ် ပြန်လှည့်ခွင့်မရှိတော့ဘူး"
မုန့်ရွှယ်သည် မနေနိုင်စွာ သတိပေးလိုက်သည်။
အရိုးစုက ထူးဆန်းစွာ ရယ်မောလိုက်သည်။
"ငါအသက်ထောင်ပေါင်းများစွာ နေခဲ့ပြီးပြီ၊ အရာအားလုံးကို မြင်ဖူးတယ်၊ အရာအားလုံးကို စမ်းသပ်ဖူးတယ်၊ ဒါပေမဲ့ သေခြင်းတရားကို တစ်ခါမှ မမြည်းစမ်းကြည့်ဖူးဘူး၊ ငါ့ညီအစ်ကိုတွေကတော့ မြည်းစမ်းပြီးသွားပြီ၊ ဒါကြောင့် ငါလည်း နောက်ကျကျန်ခဲ့လို့မဖြစ်ဘူး"
သူ၏စကားကို ကြားသောအခါ လူတိုင်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် အန်နာစတေးရှားသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"သွားကြစို့၊ အချိန်မရှိတော့ဘူး၊ ငါတို့မှာ သတ်ရမယ့်သူတွေရှိတယ်၊ သွားရမယ့်လမ်းလည်း ရှိသေးတယ်"
အပြင်ဘက်ရှိ အလင်းရောင်အ အစွန်းရောက် ယုံကြည်သူများသည် တင်းကျပ်စွာ ပိတ်ထားသော အမှောင်ရှေးဟောင်းရဲတိုက်မှ လူများထွက်လာသည်ကို မြင်သောအခါ ၎င်းတို့သည် အစတွင် ကြောင်အသွားပြီးနောက် ရူးသွပ်စွာ ရှေ့သို့ တိုးဝင်လာကြသည်။
ဤမျှများပြားသော အလင်းရောင်အယး အစွန်းရောက် ယုံကြည်သူများနှင့် ရင်ဆိုင်ရသော်လည်း အမှောင်ကောင်စီဝင်များမှာ ကြောက်ရွံ့ခြင်း အစိုးအစဉ်းမျှ မပြပေ။ ၎င်းတို့သည် အားမာန်ဖြင့် ဟစ်အော်ကာ ရှေ့သို့ ပြေးဝင်တိုက်ခိုက်ကြသည်။
၎င်းတို့သွားလေရာရာသည် အလင်းပင်လယ်ကို ထိုးဖောက်သွားသည့် အနက်ရောင်လှံတံတစ်ချောင်းပမာထင်ရသည်။
သို့သော် ဤအလင်းရောင်ကို အစွန်းရောက် ယုံကြည်သူများ၏ အရေအတွက်မှာ အလွန်များပြားလှသည်။
တစ်ယောက်ကို သတ်လိုက်လျှင် ချက်ချင်းပင် နောက်ထပ်ဆယ်ယောက်သည် သူ့နေရာကို အစားထိုးဝင်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ကောင်စီဝင်များသည် အလယ်တွင် ပိတ်မိသွားကြသည်။
၎င်းတို့သည် စက်ဝိုင်းပုံစံဖွဲ့ကာ အလင်းရောင် အစွန်းရောက် ယုံကြည်သူများကို ရင်ဆိုင်ရင်း မောဟိုက်စွာ အသက်ရှူနေကြသည်။
"သောက်ကျိုးနည်း၊ ဒီအရူးတွေက ကြောက်စိတ်ဆိုတာ မရှိကြဘူးလား"
ပုံမှန်ဆိုသလျှင် နူးညံ့သိမ်မွေ့စွာနေတက်သော မုန်ရွှယ်ပင် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"ဒီလူတွေရဲ့ မျက်လုံးထဲက အကြည့်ကို မင်းတို့မတွေ့မိဘူးလား၊ တွင်းနက်ကြီးလိုမျိုး ကြောင်တောင်တောင်ဖြစ်နေတာလေ၊ သူတို့ကအလင်းရောင်နတ်ဘုရားရဲ့ ဦးနှောက်ဆေးကြောတာကို ခံထားရတာ ထင်ရှားတယ်၊ ရှင်းရှင်းပြောရရင်၊ ဒါက တိုက်ခိုက်မှုကို ဆွဲဆောင်ဖို့အတွက် အမြောက်စာအုပ်စုတွေပဲ"
တိုက်တန်လူဘီလူးမှ ပြောလိုက်သည်။
"ကြည့်ရတာ ဒီနေ့ ငါတို့ထဲက ဘယ်သူမှ လွတ်နိုင်မှာ မဟုတ်တော့ဘူးနဲ့တူတယ်"
ခါရာဆက်သည် နောင်တရသော အပြုံးဖြင့် ပြောကာ စီးကရက်အရိုးစုကို လှမ်းပြောလိုက်သည်။
"စီးကရက်ကျန်သေးလား၊ တစ်လိပ်လောက် ပစ်ပေးစမ်းပါဦး"
စီးကရက်အရိုးစုက မလိုမကျစွာဖြင့် တစ်လိပ်ထုတ်ကာ ပစ်ပေးလိုက်သည်။
"ဒါ နောက်ဆုံးတစ်လိပ်ပဲ ဟုတ်ပြီလား၊ ငါသေခါနီးအချိန်အတွက် သိမ်းထားချင်တာကို"
ခါရာဆက်သည် ပြုံးဖြီးဖြီးလုပ်ကာ စီးကရက်ကို မီးညှိလိုက်ပြီး အရသာခံကာ တစ်ဖွာဖွာပြီးခါစတွင်...
၎င်းတို့၏ တစ်ဖက်ခြမ်းရှိ အလင်းရောင်ကို အစွန်းရောက် ယုံကြည်သူများသည် တိုက်ခိုက်ရန် အမိန့်ရထားသကဲ့သို့ ပြေးဝင်လာကြသည်။
ခါရာဆက်လည်း အားမလိုအားမရဖြင့် ဆဲဆိုလိုက်သည်။
"မင်းဘိုအေကိုမှ, ငါ့ကို နောက်ထပ်နှစ်ဖွာလောက် အရသာခံခွင့်မပေးနိုင်ဘူးလား"
သူစကားဆုံးသည်နှင့် တစ်ပြိုင်နက် အလုံးအရင်းဖြင့် တိုက်ခိုက်မှုလည စတင်တော့သည်။
ဤအလင်းရောင်ကို အစွန်းရောက် ယုံကြည်သူများ၏ စွမ်းရည်မှာ မမြင့်မားသော်လည်း ကြောက်စရာကောင်းသည်မှာ ၎င်းတို့၏ အရေအတွက်အပြင် သေခြင်းကို မကြောက်ရွံ့ခြင်းပင်ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် ဒဏ်ရာရပြီးသား ကောင်စီဝင်များမှာ ဒဏ်ရာအသစ်များ ဆက်တိုက်ရရှိလာသည်။
"လူကြီးမင်းတို့၊ ငါ အရင်သွားနှင့်ပြီ!"
တိုက်တန်လူဘီလူး ပြောပြီးနောက် ဒေါသတကြီး ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်သွားသည်။
မုန့်ရွှယ်လည်း ထိတ်လန့်တကြား အော်လိုက်သည်။
"တိုက်တန်"
တိုက်တန်သည် အလင်းရောင်ထဲသို့ ပြေးဝင်တော့မည့် အချိန်တွင်...
ဧရာမ နွယ်ပင်ကြီးများသည် မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ယုံကြည်သူများအားလုံးကို ချက်ချင်း လေထဲသို့ မြှောက်တင်လိုက်သည်။
ထို့နောက် အသံတစ်ခု ထွက်ပေါ်လာသည်။
"လူကြီးမင်းတို့၊ ညအမှောင်နတ်သူငယ်တွေက အကူအညီပေးဖို့ ရောက်လာပါပြီ”