အခြေအနေကို ပြောင်းပြန်လှန်ခြင်း
Vol. 150 Ch. 2133
ရီဖူရှင်းက ပိုင်ကျယ်၏ ကျောပေါ်တွင် ထိုင်ကာ လမ်းထဲသို့ ဝင်သွားခဲ့သည်။ ပိုင်ကျယ်နတ်ဆိုးသားရဲက ရီဖူရှင်း၏ ညွှန်ကြားချက်နောက်ကိုလိုက်ကာ နှေးကွေးသော အရှိန်နှင့် ရွေ့လျားနေခဲ့၏။
ရီဖူရှင်းသည် လဲလျောင်းသော အနေအထားနှင့် ရှိနေခဲ့ပြီး အလွန် သက်သောင့်သက်သာရှိနေပုံ ပေါ်သည်။ အချို့လူများသည် သတ္တုမျက်နှာဖုံးကို ဖြတ်ကာမြင်နိုင်ရန်အတွက် နတ်အာရုံကို အသုံးပြုရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း မျက်နှာဖုံးအောက်ရှိ ထူထဲလှသည့် မြူများက ရီဖူရှင်း၏ မျက်နှာကို ဖုံးကွယ်ထားလေရာ မည်သူကမှ ရှင်းလင်းစွာ မမြင်နိုင်ခဲ့ကြပေ။ ရီဖူရှင်းသည် သူတို့၏ နတ်အာရုံများဖြင့် သူ့မျက်နှာကို ဖော်ထုတ်ရန် ကြိုးစားသူများကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူများ၏မျက်လုံးများမှ သွေးများစတင် ယိုစီးလာပြီး နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
"ဆရာသခင် ခင်ဗျား စဥ်းစားပြီးပြီလား။" ထိုအခိုက်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထန်ချန်းနှင့် အခြားလူများက လမ်းပေါ်တွင် ပေါ်ပေါက်လာပြီး ရီဖူရှင်းအား ပြောလိုက်သည်။
"ထွက်သွားစမ်း။" ရီဖူရှင်း၏ အသံက အက်ရှလာသည်။ ထန်ချန်းက အလွန်ရှက်ရွံ့မှုကြောင့် သူ့မျက်နှာက ဖြူဖျော့သွားပေသည်။ ရီဖူရှင်းက သူ့အား လူအများရှေ့တွင် စော်ကားခဲ့ပြီး အနည်းငယ်မျှပင် လေးစားမှုမထားခဲ့ပေ။
ထန်ချန်းက ထူးချွန်သော တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူက ထျန်းယိအိမ်တော်မှ ဆရာသခင်ထျန်းပေါင်၏ တပည့်တစ်ယောက် ဖြစ်လေရာ သူ့အား မည်သူမှ ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံရခဲ့ကြပေ။ ထန်ချန်းသည် ရီဖူရှင်းအား ထျန်းယိအိမ်တော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သော်လည်း ရီဖူရှင်းက သူ့ကို ကျိန်ဆဲခဲ့သည်။
ကြည့်ရှုနေသူများသည် ရီဖူရှင်းက ထန်ချန်းအား ထွက်သွားဟု ပြောလိုက်သည်ကို တအံ့တသြ ကြည့်နေခဲ့ကြသည်။ သူတို့က တုန်လှုပ်ချောက်ချားစွာဖြင့် တီးတိုးပြောဆိုနေကြသည်။
အဖြစ်အပျက်ကို လိုက်မမီလိုက်သူများက ရီဖူရှင်း၏ သရုပ်မှန်ကို လိုက်လံမေးမြန်းနေကြသည်။ သူတို့က ချက်ချင်းပင် သူသည် ကိုးလမ်းသို့ နှစ်တစ်သောင်းဖီးနစ်ခြင်ဆီကို ရှာဖွေရန် ကိုးလမ်းသို့ လာရောက်သော အာခီမီဆရာသခင်တစ်ယောက် ဖြစ်ကြောင်း ချက်ချင်း သိရှိလာကြပေသည်။ သူက မည်မျှရဲတင်းသူဖြစ်သောကြောင့် ထန်ချန်းအား ထွက်သွားဟု ပြောရဲရသနည်း။
သူတို့က ထန်ချန်း မည်သို့ တုံ့ပြန်မည်ကို သိချင်နေကြသည်။
ထန်ချန်းက ချက်ချင်း တိုက်ခိုက်ရန် မစတင်ခဲ့ပေ။ ထို့အစား သူက ရှေ့သို့ ခြေလှမ်းလိုက်ကာ ပိုင်ကျယ်၏ နောက်မှ လိုက်ပါလာသည်။ ထျန်းယိအိမ်တော်မှ လာသော အခြားလူများသည်လည်း သူနှင့်အတူ လိုက်လာခဲ့သည်။
ပိုင်ကျယ်နတ်ဆိုးသားရဲက လမ်းမထက်တွင် ဆက်လက်ကာ အေးအေးလူလူ လျှောက်သွားနေခဲ့သည်။ ပို၍ များပြားသော လူများက လမ်းမထက် စုစည်းလာကြပြီး ဖြစ်လာမည့် ဇာတ်လမ်းအား စောင့်ကြည့်နေကြသည်။ ပြင်းထန်လှသော သိချင်စိတ်နှင့် သူတို့က သတ္တုမျက်နှာဖုံး ဝတ်ဆင်ထားသည့် ရီဖူရှင်းအား စိုက်ကြည့်လိုက်ကြသည်။ ဤထူးခြားဆန်းကြယ်လှသော ဆရာသခင်က မည်သူနည်း။
ရီဖူရှင်းက မျက်လုံးများကို မှိတ်လျက် ပိုင်ကျယ်အား ဦးတည်ရာမဲ့ လျှောက်သွားခွင့် ပြုထားပေသည်။ သူက မျက်လုံးများကို မှိတ်ထားသော်လည်း သူ၏ နတ်အာရုံက ကြီးမားလှသည့် နေရာတစ်ခွင် ဖြန့်ကျက်နေကာ ကိုးလမ်းမှ အခြေအနေတို့အား စူးစမ်းနေသည်။ ထန်ချန်းနှင့် အခြားလူများသည် ရီဖူရှင်းအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။ သူက သူတို့ ပထမဆုံး လှုပ်ရှားလာရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
သူက ပြဿနာကြီးကြီးမားမား မရှာလျှင် မဟာနတ်ဘုရားများမြို့၌ မည်သို့ ကျော်ကြားလာနိုင်ပါမည်နည်း။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ အာရုံကို ဆွဲဆောင်ရန် သူသည် အရင်ဆုံး ကိုးလမ်း၌ ကျော်ကြားကာ သတိပြုဖွယ် ကောင်းသူတစ်ယောက် ဖြစ်လာရန် လိုပေသည်။
ရီဖူရှင်းက လမ်း၏ ဘယ်ဘက်မှ အဆောက်အအုံတစ်ခုရှေ့တွင် ရပ်လိုက်သည်။ အဆောက်အအုံထဲ၌ တန်ခိုးရှင်များစွာ ရှိနေသော်လည်း ရီဖူရှင်းသည် သူ၏ နတ်အာရုံကို ဖြန့်ကျက်ကာ အထဲမှ အခြေအနေကို စူးစမ်းလိုက်သည်။ ရီဖူရှင်း၏ နတ်အာရုံကို ခံစားမိသည့်အခါ တန်ခိုးရှင်များထဲမှ တစ်ယောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာကူညီပေးရမလဲ ဆရာ။"
ရီဖူရှင်းက လက်ကို မြှောက်ကာ သူတို့ထံသို့ ကြွေပုလင်းတစ်ပုလင်း ပစ်ပေးလိုက်သည်။ ထိုပုလင်းမှာ စကားပြောလိုက်သူ၏ အရှေ့ စားပွဲပေါ်သို့ ပြီးပြည့်စုံစွာ ဆင်းသက်လာခဲ့သည်။ ထို့နောက် ရီဖူရှင်းက သူ့ကို ပြောလိုက်သည်။ "ငါ့ကို အဲဒီ မီးနဂါးမြက်ပေး။"
ထိုလူက ကြွေပုလင်း၏ အဆို့ကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဖော့ဆို့အား ပြန်ထည့်လိုက်သည်။ သူက ရဲရဲနီနေသော အပင်အား ထုတ်ယူကာ ရီဖူရှင်းအား ပြောလိုက်၏။ "ကျေးဇူးပြုပြီး ယူလိုက်ပါ ဆရာ။"
သူ့အသံ ပျောက်ကွယ်မသွားခင် မီးကဲ့သို့ ရဲရဲနီနေသည့် မီးနဂါးမြက်က အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ရီဖူရှင်းထံ မျောလွင့်လာသည်။ ရီဖူရှင်းက သူ့လက်ကို လျှပ်တပြက်လှုပ်ရှားကာ ၎င်းအား သိမ်းယူလိုက်သည်။ သူတို့ နှစ်ယောက်လုံး လှုပ်ရှားမှုများက အလွန် မြန်ဆန်လှလေရာ သူတို့ ကုန်သွယ်၍ မပြီးခင် အခြားလူများက မည်သည်တို့ ဖြစ်သွားသည်အား သတိမပြုမိခဲ့ပေ။
"အရမ်းမြန်တာပဲ။"
ကြည့်ရှုနေသူများက ထိတ်လန့်အံ့အားသင့်ကာ ဆွံ့အသွားသည်။ ဆိုင်ထဲမှ လူသည် ထိုသို့သော အဖိုးတန်ပစ္စည်းအတွက် စျေးဆစ်ခြင်းပင် မပြုလုပ်ခဲ့ပေ။ အနီရောင် မီးနဂါးမြက်က အလွန် အဖိုးတန်ပေသည်။ ရီဖူရှင်းက သူ၏ ဆေးလုံးများကို ထိုအပင်နှင့် အလဲအလှယ်လုပ်ရန် အသုံးပြုခဲ့သည့်အတွက် သူက ဆေးလုံးများအပေါ် အတော်လေး ယုံကြည်ချက် ရှိပုံရလေသည်။ ဆိုင်ထဲမှ လူသည် ၎င်းက ကောင်းမွန်သော အပေးအယူမဟုတ်ပါက ဝမ်းသာအားရ လက်ခံလိမ့်မည် မဟုတ်ပေ။
ထိုသည်မှာ ရီဖူရှင်းက မည်မျှ လက်ဖွာကြောင်း ပြသနေသည်။ သူက အာခီမီဆရာသခင် ဖြစ်နေခြင်းမှာ အံ့သြစရာမရှိတော့ပေ။ ဤကဲ့သို့သော ရက်ရောမှုမျိုးမှာ ရန်ဟောင်များစွာကို အရှက်ရစေပေသည်။
မည်သို့ပင်ဖြစ်စေ သာမန် ရန်ဟောင်များက အာခီမီဆရာသခင်များကို ယှဥ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ အာခီမီဆရာသခင်တစ်ယောက်သည် တူညီသော ပါဝင်ပစ္စည်းများနှင့် ပို၍ တန်ဖိုးရှိပြီး ကောင်းမွန်သော ပစ္စည်းများကို ပြုလုပ်နိုင်ပေသည်။ သာမန်တန်ခိုးရှင်များက အကျိုးအမြတ်နှင့် ကုန်ကျစရိတ်ကို ချိန်ဆရန် လိုပေသည်။
ရီဖူရှင်းက လူအုပ်ကြီး၏ အံ့သြထိတ်လန့်မှုကို အာရုံမစိုက်ခဲ့ပေ။ သူက လမ်းမထက် ဆက်လက်သွားနေရင်း လမ်းတလျှောက်ရှိ ပို၍ တန်ဖိုးကြီးသော ဆေးဖက်ဝင်အပင်တို့အား ဝယ်ယူခဲ့သည်။ ၎င်းတို့အားလုံးက ဆေးဖော်စပ်ရန် အသုံးပြုသည့် ရှားပါးပြီး တန်ဖိုးမြင့်မားလှသော ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်ပေသည်။
သူသည် အလဲအလှယ်ပြုလုပ်ရန် အတွက် ဆေးထောက်ပံ့မှုက မကုန်ခမ်းနိုင်အောင် ရှိနေပုံရပေသည်။ သူနှင့်အတူ ဆေးမည်မျှများများ သယ်ဆောင်လာကြောင်း မည်သူမှ မသိကြပေ။ ကြည့်ရှုနေသူများသည် သူက ကြွယ်ဝလွန်းလှသည်ဟု ဆိုလိုက်ကြသည်။ အများစုမှာ သူထံ ပစ်ဝင်ရန်ပင် ကြံစည်နေကြပေသည်။
ထိုအချိန်၌ ရန်ဟောင်များစွာတို့က ရီဖူရှင်းကို မျက်စိကျနေကြပေသည်။ သူတို့က လူအုပ်ထဲ၌ ရောနှောနေပြီး ရီဖူရှင်းနောက်မှ တစ်ချိန်လုံးလိုက်နေခဲ့သည်။ ရီဖူရှင်းသည် မရေတွက်နိုင်သော ရတနာများကို သယ်ဆောင်လာပုံပေါ်သည်။ သူတို့သည် သူ့ထံမှ အောင်မြင်စွာ လုယက်ရန် စီစဥ်နိုင်ပါက တစ်ချက်တည်းနှင့် ချမ်းသာလာမည် ဖြစ်သည်။
သူတို့သည် ဤသို့သော အာခီမီဆရာသခင်နှင့် ရင်းနှီးမှုတည်ဆောက်နိုင်ပါက ပို၍ အကျိုးအမြတ်ရနိုင်မည်ကို သိသော်လည်း သူတို့က ရီဖူရှင်းနှင့် မည်သည့်ပတ်သတ်မှုမှ မရှိလေရာ သူ့ထံမှ အကျိုးအမြတ် ရရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့က အခြားမကောင်းသော အကြံဉာဏ်များ စတင် တွေးတောလာကြပေသည်။
ထို့အပြင် သူတို့ တွေ့မြင်ရသလောက် ရီဖူရှင်းက ဤနေရာ၌ မည်သည့် ခိုကိုးရာမှ ရှိမနေသော အပြင်လူတစ်ယောက် ဖြစ်သည်။သူက ထျန်းယိအိမ်တော်ကိုလည်း ဆန့်ကျင်ခဲ့သည့်အတွက် အကောင်းဆုံး ပစ်မှတ်တစ်ခု ဖြစ်နေပေသည်။
မကြာခင်၌ သူတို့ရှေ့မှ မြင်ကွင်းထဲသို့ အဆောက်အဦးများ ရောက်ရှိလာသည်။ အပြင်ဘက်ဂိတ်တံခါး၌ 'ထျန်းယိအိမ်တော်' ဟု ရေးထွင်းထားပေသည်။
၎င်းက ကိုးလမ်း၏ အကြီးဆုံးကုန်သွယ်ရေးဂေဟာတစ်ခု ဖြစ်သည်။
ထန်ချန်းသည် ရီဖူရှင်းနောက် လိုက်လာရင်း ဤနေရာသို့ ရောက်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။ ရီဖူရှင်းက မည်သည်ကို လုပ်ချင်နေသနည်း။
ထိုအချိန်၌ ပိုင်ကျယ်နတ်ဆိုးသားရဲက ရပ်တန့်လိုက်ပြီး ကိုးလမ်း၏ အကြီးဆုံးကုန်သွယ်ရေးအိမ်တော်ကို လည်ပတ်ရန် ရည်ရွယ်ချက် မရှိသကဲ့သို့ ဖြေးညင်းစွာ နောက်သို့ ပြန်လှည့်လျှောက်သွားခဲ့သည်။
လူအများက ရီဖူရှင်းကို စိုက်ကြည့်နေစဥ် လူတစ်ယောက်က ရှေ့တက်လာခဲ့သည်။ ထိုသူက ထန်ချန်း ဖြစ်လေသည်။ သူက ရီဖူရှင်း၏ လမ်းကို တားဆီးကာ ပြောလိုက်သည်။ "စီနီယာ ခင်ဗျား ဒီနေရာကို ရောက်လာမှတော့ ဘာလို့ အထဲဝင်ပြီး အချိန်ခဏလောက် မဖြုန်းရတာလဲ။ အလျင်စလို ထွက်သွားစရာ မလိုပါဘူး။"
အခြားနေရာမှ လူများလည်း ရှေ့တက်လာကာ ထန်ချန်း၏ ဦးဆောင်မှုနောက် လိုက်ပါလာကြပေသည်။
လူအုပ်ကြီးသည် သူတို့ထဲမှ နှစ်ယောက်က ကိုးလမ်းမှ ကျော်ကြားသူများ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
အနက်ရောင်ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးကို ခူးမုဟု ခေါ်သည်။ ငယ်ရွယ်သော ရန်ဟောင်လေးက ကိုးလမ်းမှ ကျော်ကြားသော မိသားစုတစ်ခု၏ မျိုးဆက်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက နာမည်ကျော်ကြားပေသည်။ ဤတစ်ကြိမ်၌ သူတို့က ရှေ့တက်လာပြီး ထန်ချန်း၏ ဘေးတွင် ရပ်လိုက်သည်။ သူတို့သည် ယခင်ကတည်းက အချင်းချင်း စိတ်ချင်းဆက်သွယ်ကာ တိုင်ပင်ထားပုံရသည်။
"ကျုပ် ကြားတာတော့ ဆရာသခင်က ဆေးဖော်စပ်ခြင်းပညာမှာ ထူးချွန်တဲ့ စွမ်းရည်ရှိတယ်တဲ့။ ဒါကြောင့် ကျုပ်က ကိုယ်တိုင် မြင်တွေ့ချင်တယ်။ ဆရာသခင်က ကျုပ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား သိချင်ပါတယ်။" လူငယ်လေးက ပြောလိုက်သည်။ သူက အလယ်အလတ် အထွတ်အထိပ် ရန်ဟောင်အဆင့်မှ ဖြစ်ကာ လွှမ်းမိုးလာနိုင်သည်။ ခူးမုက အဆင့်ခုနစ် အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်ကာ ပို၍ပင် အစွမ်းထက်ပေသည်။
ရီဖူရှင်းက လမ်းမထက် စိမ်ပြေနပြေ လျှောက်နေသော ပိုင်ကျယ်နတ်ဆိုးသားရဲထက် စီးနင်းနေဆဲဖြစ်သည်။ ပိုင်ကျယ်နတ်ဆိုးသားရဲသည် အရှေ့ရှိ လူများမှ ထုတ်လွှတ်နေသော စွမ်းအားများကို ခံစားမိသောအခါ တွန့်ဆုတ်သွားသည်။ ရီဖူရှင်းက သူ့အား ညင်သာစွာ ပုတ်ကာ ပြောလိုက်သည်။ "ဆက်သွား။"
ပိုင်ကျယ်နတ်ဆိုးသားရဲက သူ့ ညွှန်ကြားချက်အား လိုက်နာကာ ရှေ့သို့ ဆက်လျှောက်လာသည်။ ထန်ချန်းက ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "စီနီယာ ခင်ဗျားက တံခါးဝတောင် ရောက်နေပြီ။ ကျုပ်တို့ကို မျက်နှာသာပေးတဲ့အနေနဲ့ ဝင်လည်လိုက်တာ ပိုကောင်းလိမ့်မယ်။"
သူက ပြောနေစဥ် မမြင်နိုင်သော မဟာလမ်းစဥ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ ရီဖူရှင်း၏ လမ်းကို ပိတ်ဆို့လိုက်သည်။
ရီဖူရှင်းက သူ့ကို အရေးမစိုက်ဘဲ ရှိနေဆဲ ဖြစ်သည်။ မမြင်နိုင်သော စွမ်းအားက ပိုင်ကျယ်၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။ သူက ထန်ချန်း၏ ဖိအားကို မခံရဘဲ ရှေ့ဆက်နေခဲ့သည်။
"ဘယ်လောက်ဟန်များလိုက်တဲ့ လူမိုက်လဲ။ ခင်ဗျားရဲ့ မျက်နှာဖုံးအောက်က မျက်နှာကို ကျုပ် မြင်ချင်တယ်။" ရန်ဟောင်ငယ်လေးက ရှေ့သို့ ခြေလှမ်းကာ လက်ကို မြှောက်ကာ ရီဖူရှင်း၏ မျက်နှာဖုံးကို ဆွဲလိုက်သည်။ ကြီးမားသော လက်ကြီးတစ်ဖက်အသွင် အရိပ်က ရီဖူရှင်းခေါင်းပေါ်သို့ ကျဆင်းလာ၏။
ဘုန်း...
မမြင်နိုင်သော မဟာလမ်းစဥ် စွမ်းအင်လှိုင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်အနီး စီးဆင်းနေကာ ထိုနေရာကို ချိပ်ပိတ်ထားပြီး လက်ကြီးကို တားဆီးလိုက်သည်။
ထိုအခိုက်အတန့်တွင် ထန်ချန်းနှင့် ခူးမုသည်လည်း လှုပ်ရှားမှု ပြုကာ ရီဖူရှင်းထံ ရွေ့လျားလာသည်။
ခူးမုက လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့အင်္ကျီလက်က တဖျပ်ဖျပ် လွင့်နေခဲ့သည်။ ချက်ချင်းပင် မရေတွက်နိုင်သော ပင်စည်နွယ်များက မဟာလမ်းစဥ်လေဟာနယ်အား ရစ်ပတ်ကာ ရီဖူရှင်းကို အထဲ၌ ပိတ်ထားလိုက်သည်။ ထန်ချန်းက ရှေ့သို့ တက်လာကာ ရီဖူရှင်းထံ မီးလျှံလမ်းစဥ်ဖြင့် တိုက်ခိုက်လိုက်သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတို့ ထုတ်လွှတ်လိုက်သည်။ ၎င်းသည် ကျရောက်လာသော တိုက်ခိုက်များမှ သူ့ကို ကာကွယ်ပေးထားသည့် အလင်းလွှာအဖြစ် ပြောင်းလဲသွားပေသည်။
ထိုတန်ခိုးရှင်သုံးယောက်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြပြီး ရီဖူရှင်းအား စိုက်ကြည့်နေကြသည်။ သူတို့သည် ရီဖူရှင်းက ထိုမျှ ခံနိုင်ရည်ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ဘုန်း...
ရွှေရောင်အလင်းလွှာက အနီရောင်သမ်းကာ တောက်လောင်နေပြီး ကြောက်မက်ဖွယ် မီးလျှံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"စီနီယာ ကျုပ်တို့က ခင်ဗျားကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ဖိတ်ခေါ်တာပါ။ ဘာကြောင့် ဒီလို တိုက်ခိုက်ဖို့ ဖြစ်လာရတာလဲ။" ထန်ချန်းက မီးလျှံလှိုင်း၏ စွမ်းအားကို ခံစားမိပြီး ယာယီစစ်ပြေငြိမ်းရန် အလျင်အမြန် လုပ်ဆောင်လိုက်သည်။
ကြောက်မက်ဖွယ် လမ်းစဥ်မီးလျှံများက ထိုနေရာတစ်ခုလုံးကို ဝါးမြိုကာ တန်ခိုးရှင်သုံးယောက်ထံ တိုးဝင်သွားခဲ့သည်။ သူတို့က ကြောက်လန့်တကြားနှင့် အလျင်စလို ပြန်လည်ဆုတ်ခွာလိုက်ကြသည်။ သို့သော် ရီဖူရှင်းက သူ့လက်ကို မြှောက်ကာ သူတို့ရှိနေသည့် နေရာအား လေဟာနယ်မဟာလမ်းစဥ်နှင့် ချိပ်ပိတ်လိုက်သည်။ သူတို့က ကြွက်သားတစ်မျှင်ပင် မလှုပ်ရှားနိုင်တော့ပေ။
"ဆရာသခင် ကျေးဇူးပြုပြီး သက်ညှာပေးပါ။" ထန်ချန်း၏ သေမလို ဖြူဖျော့နေခဲ့သည်။
မမြင်ရသော လက်တစ်ဖက်က သူတို့အား လှုပ်မရအောင် ချုပ်ထားခဲ့ပြီး လမ်းစဥ်မီးလျှံများက သူတို့ထံ တိုးဝင်သွားသည်။
"ရပ်စမ်း။"
တင်းမာသော အသံတစ်ခုက ထျန်းယိအိမ်တော်အတွင်းမှ ထွက်ပေါ်လာသော်လည်း ရီဖူရှင်းက အပြည့်အဝ လျစ်လျူရှုလိုက်သည်။ တောက်ပသော နတ်အလင်းတို့က ထိုနေရာကို လွှမ်းခြုံထားပြီး လမ်းစဥ်မီးလျှံက တန်ခိုးရှင်သုံးယောက်အား ဝါးမြိုသွားသည်။ နားစည်အား ထိုးဖောက်လောက်အောင် စူးရှသည့် အသံထွက်ပေါ်လာပြီး လူတိုင်း၏ အကြည့်များအောက်မှာပင် သူတို့က သုတ်သင်ခံလိုက်ရပေသည်။
ဘန်း... ဘန်း... ဘန်း....
အစွမ်းထက် စွမ်းအင်လှိုင်းများစွာက ထျန်းယိအိမ်တော်မှ ထိုးထွက်လာခဲ့သည်။
"ဘယ်လောက်ရဲတင်းလိုက်သလဲ။" ကောင်းကင်အာဏာစက်အား သယ်ဆောင်ထားသည့် အသံတစ်ခုက ပေါက်ကွဲထွက်လာပေသည်။ ကြောက်မက်ဖွယ် မျက်နှာတစ်ခုက လေဟာနယ်ထဲ၌ ပေါ်ပေါက်လာသည်။
ရီဖူရှင်းက ခေါင်းကိုမော့ကာ ကြည့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က လေဟာနယ်ကို ဖြတ်သန်းကာ အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ် မျက်နှာကြီးက ဒေါသတကြီး ဖြစ်နေခဲ့ပြီး ကိုးလမ်းတစ်ခွင်လုံးကို တုန်ခါနေစေခဲ့သည်။ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာကာ ရီဖူရှင်းနောက်သို့ လိုက်လာခဲ့၏။
သို့သော်လည်း အလင်းတန်းအဖြစ် ပြောင်းလဲသွားသော ရီဖူရှင်းက ချက်ချင်းပင် နဝမတည်းခိုဆောင်သို့ ပြန်ရောက်ရှိလာသည်။ ရီဖူရှင်းက ခြံဝန်းထဲသို့ ဆင်းသက်လိုက်ပြီး အထက်မှ ကျဆင်းလာသည့် ကြောက်မက်ဖွယ် စွမ်းအားများကို တန်ပြန်တိုက်ခိုက်လိုက်သည်။
ဘန်း...
စွမ်းအင်နှစ်မျိုးက လေထဲ၌ တွေ့ဆုံသွားခဲ့သည်။ တည်းခိုဆောင်ထဲမှ တစ်စုံတစ်ယောက်က ကြေညာလိုက်၏။ "စည်းမျဥ်းကို မချိုးဖောက်နဲ့။"
နဝမတည်းခိုဆောင်သို့ ဝင်ရောက်လာသူမှန်သမျှကို တည်းခိုဆောင်က ကာကွယ်ပေးထားသည်။ ဧည့်သည်များအား တိုက်ခိုက်ရန် မည်သူ့ကိုမှ ခွင့်မပြုထားပေ။
ကောင်းကင်ထက်၌ အေးစက်သော မျက်နှာတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။
ရီဖူရှင်းသည် တည်ငြိမ်ကာ အမူအရာမဲ့နေဆဲပင် ဖြစ်သည်။ သူက ကောင်းကင်ကို ဂရုမစိုက်သောအကြည့်နှင့် ကြည့်လိုက်သည်။
"မင်းက နေ့ခင်းကြောင်တောင်မှာတောင် ထျန်းယိအိမ်တော်ရဲ့ တပည့်တွေကို သတ်ဖြတ်ရဲတယ်။ အရမ်း စည်းကျော်သွားခဲ့ပြီ။" ထိုမျက်နှာက ပြောလိုက်သည်။ သူသည် ထျန်းယိအိမ်တော်မှ အကြီးအကဲချုပ်ဖြစ်ပြီး အစွမ်းထက်သော အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်သည်။
"မင်း ကန်းနေလား။" ရီဖူရှင်းက ထိုမျက်နှာအား စက်ဆုပ်စွာဖြင့် ကြည့်လိုက်သည်။ ထိုတန်ခိုးရှင်သုံးယောက်က သူ့အားသတ်ဖြတ်ရန် ကြိုးစားခြင်း ဖြစ်သည်။ သူက ပြန်တိုက်ရန် မကြိုးစားလျှင် ပြန်ပြင်ရန် မည်သည့်မျှော်လင့်ချက်မှ မရှိတော့ဘဲ ထျန်းယိအိမ်တော်၌ တစ်သက်လုံး ပိတ်မိနေလိမ့်မည်။ ရီဖူရှင်းသည် သူ့အပေါ် မကောင်းသော ရည်ရွယ်ချက် ရှိသူများကို မည်သည့်အခါမှ သက်ညှာလိမ့်မည် မဟုတ်ပေ။
***