← Chapters

စောင့်ဖမ်း ခြင်း၊ နှုတ်ဆက်ခြင်း၊ ကံကောင်းခြင်းနှင့် ကံဆိုးခြင်း

Vol. 7 Ch. 92

စောင့်ဖမ်း ခြင်း၊ နှုတ်ဆက်ခြင်း၊ ကံကောင်းခြင်းနှင့် ကံဆိုးခြင်း

Vol. 7 Ch. 92

ကျန်းကျဲ့က သူ၏ အခန်းငယ်လေးထဲမှ စားပွဲတွင် ထိုင်ကာ အလျင်အမြန်ရေးနေသည်။

စနစ်က စံစာသား ကို ပေးထားပြီးဖြစ်သည်။ သူက လက်အိတ်ဖြူများ ဝတ်ကာ ဘက်လက်ဖြင့် ကူးရေးသည်။

သူ ရေးပြီးနောက် တစ်ခါပြန်စစ်ပြီး မှန်ကန်ကြောင်းအတည်ပြုသည်။ ထို့နောက် စာကို ကျောပိုးအိတ်ထဲထည့်ကာ နေကာဦးထုပ်ကို ဆောင်းပြီး ဧည့်ခန်းသို့ ထွက်လာခဲ့သည်။

“အဖေ၊ အမေ၊ ကျွန်တော် ခဏ အပြင်သွားလိုက်ဦးမယ်”

ကျန်းယီနှင့် ဇနီးတို့က သူ ဘာလုပ်မည်ကို ခန့်မှန်းမိသည်။ သားဖြစ်သူက ဒေါသဖြင့် ပြောသည်ဟု ထင်ခဲ့သော်လည်း သူ တကယ် လုပ် သည်ကို မြင်သောအခါ အလျင်အမြန် ထကာ တားသည်။ “ထားလိုက်ပါတော့၊ ပြဿနာတစ်ခု မရှာပါနဲ့”

“ငါတို့ လျစ်လျူရှုလိုက်ရုံပဲလေ ၊ ဒီလူတွေကို ဆန့်ကျင် ပြီး မစွန့်စားစမ်း ပါနဲ့”

ကျန်းကျဲ့က စိတ်ထဲတွင် သူတို့က ကျွန်တော် တို့ကို ဒုက္ခပေးတုန်းက ငြိမ်းချမ်းရေးကို စဉ်းစားခဲ့ပုံ မရဘူးဟု တွေးလိုက်သည်။

သူက မိဘများကို နှစ်သိမ့်ပေးကာ “ကျွန်တော် ဂရုစိုက်ပါ့မယ်။ နာမည်မဖော်တဲ့ နည်းကို သုံးပြီး အခြေအနေမကောင်း ရင် သား ဘာမှမလုပ်ပါဘူး”

“သား ထပ်ပြီး စဉ်းစားကြည့်ပါဦးကွယ်”

ကျန်းကျဲ့က “စိတ်မပူပါနဲ့၊ ကျွန်တော် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့မယ်” ဟု ပြောသည်။

စနစ်က လုပ်ဆောင်မှုအဆင့်တစ်ခုလုံးကို ပေးထားပြီးဖြစ်သည်။

ယခင် အတွေ့အကြုံများကြောင့် ကျန်းကျဲ့က စနစ်သည် အခွင့်အလမ်း သို့မဟုတ် ဖြစ်နိုင်ခြေရှိသောအရာများကို တွေ့ရှိခဲ့သောကြောင့်သာ ဤသို့ စီစဉ်ပေးခြင်း ဖြစ် ကြောင်း သူ ယုံကြည်သည်။ အခွင့်အလမ်းဖြစ်သောကြောင့် အချိန်နှင့် တိကျမှုက အလွန်အရေးကြီးပြီး စနစ်၏ လိုအပ်ချက်အတိုင်း လုပ်ရမည်ပင်။

သူက ပတ်ဝန်းကျင် လှပပြီး အလွန်တိတ်ဆိတ်သော ရပ်ကွက်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

လုံခြုံရေးဝန်ထမ်းက သူ့၏ ဝတ်စားဆင်ယင်မှုကို မြင်သောအခါ သဘောကောင်းစွာဖြင့် တိုက်ခန်းဝင်ပေါက်တွင် တန်းစီနေပါက ခဏစောင့်ပြီး အခြားလူများနှင့်အတူတူ မတက်ရန် သတိပေးသည်။

ကျန်းကျဲ့က တိတ်တိတ်လေး ရပ်ကွက်ထဲသို့ ဝင်သွားသည်။ နေရာကောင်းတစ်ခုကို ရှာပြီး ပိုက်ကွန် ကို ဖြန့်ကျက်ကာ ထိုင်စောင့်နေ သည်။

ကားတစ်စီးက ရပ်ကွက်ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာပြီး ကားဂိုဒေါင်အနီးတွင် ရပ်လိုက်သည်။ ကားမောင်းသူက ဆင်းလာပြီး ဘေး ကို ကြည့်သည်။

အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက တိတ်တိတ်လေး ပေါ်လာပြီး ကိုယ်ပိုင်ကားဂိုဒေါင်တစ်ခု၏ တံခါးကို ဖွင့်လိုက်သည်။ ကားမောင်းသူကို ကားဂိုဒေါင်အား လက်ညှိုးထိုးပြပြီး ခေါင်းပင် ပြန်မလှည့်ဘဲ ထွက်သွားသည်။

ကားမောင်းသူက အထုပ်အပိုးများကို ကားဂိုဒေါင်ထဲသို့ ထည့်ပြီး ကားဂိုဒေါင်တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ကားပေါ်သို့ တက်ကာ ထွက်သွားသည်။

မကြာမီ အမျိုးသမီးက ပြန်ပေါ်လာသည်...

ဖြစ်စဉ် တစ်ခုလုံးကို ကျန်းကျဲ့က ရိုက်ကူးလိုက်သည်။

သူက ရပ်ကွက်မှ ထွက်လာပြီး နောက်တစ်နေရာသို့ အမြန်သွားသည်။

ဗီဒီယိုသုံးခု ရိုက်ပြီးနောက် သူက သတင်းအချက်အလက်များကို USB ကဒ် ထဲသို့ ထည့်ပြီး စာအိတ်ထဲတွင် ထည့်လိုက်သည်။

ဤ ဗီဒီယိုသုံးခုက သူ၏ကိစ္စနှင့် မည်သို့ ဆက်စပ်သည်ကို သူ မသိပေ။ သက်ဆိုင်ရာဌာနများက ဘယ်မှာရှိသည်ကိုပင် သူ မသိပေ။ သို့သော်လည်း စနစ်က စီစဉ်ပေးထားသော အဆင့်များနှင့် နည်းလမ်းအတိုင်း သက်ဆိုင်ရာဌာနများကို ရှာဖွေပြီး စာကို ပေးပို့လိုက်သည်။ ထို့နောက် လူအုပ်ထဲသို့ ရောကာ ဝင်သွားသည်။

ဤစာကို အခြားသော အလားတူစာများစွာနှင့်အတူတူ သိမ်းလိုက်သည်။ ဖြသ် စဉ်အတိုင်း သက်ဆိုင်ရာဌာနသို့ ရောက်သွားပြီး ပိုများသော စာများနှင့်အတူတူ စိစစ် ရန် စောင့်ဆိုင်းနေသည်။

ကျန်းကျဲ့၏ စာက ပင်လယ်ထဲမှ သဲတစ်ပွင့်နှင့် တူသည်။ ပုံမှန် ဖြစ် စဉ်အတိုင်းဆိုလျှင် တုံ့ပြန်မှုတစ်ခုခု ရရှိရန် အချိန်အနည်းငယ် ကြာနိုင်ပေမည်။

သို့သော်လည်း အကြောင်းအရာများက ထူးထူးခြားခြား ဖြစ်လာသည်။ ခွဲခြားနေသော ဝန်ထမ်းက ရုတ်တရက် ယာယီစစ်ဆေးရေးအဖွဲ့ ရောက်လာမည်ဟု သတိပေးချက်ကို ရရှိသည်။ စစ်ဆေးမှုကို ကြိုဆိုရန်အတွက် ပစ္စည်းများကို ကူညီ စုစည်းပေးရန် တောင်းဆိုသည်။

စစ်ဆေးရေးအဖွဲ့က မကြာမီ ရောက်လာခဲ့သည်။ အဖွဲ့ဝင်အချို့က ပုံမှန် ဖြစ် စဉ်အတိုင်း ပစ္စည်းများကို သွားကြည့်ကြသည်။ အခြားအဖွဲ့ဝင်အချို့က ကျပန်းအလုပ်များကို ကြည့်ကြသည်။

သက်ဆိုင်ရာဌာနကလည်း ထိုအတွက် အဆင်သင့်ပြင်ထားပြီးဖြစ်သည်။

ဖြစ်စဉ်က အမှန်တကယ် အဆင်ပြေသင့်သည်။ သို့သော်လည်း မမျှော်လင့်သောအရာတစ်ခု ပေါ်လာခဲ့သည်။

စစ်ဆေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်အချို့က စာများကို စိစစ် သည့်အခန်းသို့ ရောက်လာခဲ့သည်။ ဖြစ် စဉ်ကို ကြည့်ပြီးနောက် ထွက်သွားရန် ပြင်နေစဉ် စာများ စုပုံနေသော ပုံကို မတော်တဆ ထိမိပြီး စာအချို့ ပြုတ်ကျလာသည်။

လူတိုင်းက အလျင်အမြန် ကူကောက် ကြသည်။

အဖွဲ့ခေါင်းဆောင်ကလည်း ဟနေသော စာအိတ်တစ်စောင်ကို ကူပြီး ကောက်ယူလိုက်ရာ USB နှင့် စာတို့ ပြုတ်ကျလာသည်။ သူက ပစ္စည်းများကို ပြန်ထည့်ရန် ပြင်နေစဉ် စာကြောင်းတစ်ခုကို မတော်တဆ တွေ့လိုက်ရသည်။

သူက ခဏ ရပ့်သွား ပြီး စာအိတ်ကို ပြန်ပိတ်လိုက်သည်။ စိစစ် ရန် တာဝန်ရှိသူကို “မင်းတို့ရဲ့ လုပ်ငန်းစဉ်ကို ငါ ကြည့်ချင်တယ်” ဟု ပြောသည်။

ထူးဆန်းသော အခြေအနေအချို့က အတူတကွ ပေါ်လာသည်။ ကျန်းကျဲ့၏ လုပ်ရပ်က ပုံမှန်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် အလုပ်လုပ်နေသည်။

ကျန်းကျဲ့က အိမ်ပြန်ရောက်ပြီးနောက် ဖြစ်စဉ် တစ်ခုလုံးကို ပြန် သုံးသပ်သည်။ ဘာမှ အားနည်းချက် မရှိသည်ကို တွေ့သောအခါ သူ စိတ် တည်ငြိမ်သွားသည်။

သူက ဤကိစ္စကြောင့် ဆရာမ မြောင် ကို ဖုန်းဆက်ရန် မေ့သွားသည်ကို သတိရသွား သည်။

ဆရာမ မြောင် ၏ ဖုန်း ဝင်လာ၏။

“ဆရာမ မြောင် လားဗျ”

ဖုန်းထဲမှ ဆရာမ မြောင် ၏ သူနာပြု အသံ ထွက်လာသည်။

“မစ္စတာ ကျန်း၊ ဆရာမ မြောင် က မကောင်းတော့ဘူး၊ အရေးပေါ်ကုနေတယ်၊မင်း အချိန်အားရင် ဆေးရုံကို လာခဲ့ပါ...”

ကျန်းကျဲ့၏ အပြုံးက အေးခဲ သွားသည်။ “ကျွန်တော် သိပါပြီ။ ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်”

သူက ဆေးရုံသို့ တက္ကစီစီးနေစဉ် အစ်မလျောင်က ဖုန်းဆက်လာသည်။ သူတို့လည်း သတင်းရပြီး ဆေးရုံသို့ သွားရန် ပြင်နေသည်။

ကျန်းကျဲ့က ဆေးရုံသို့ အလျင်အမြန် ရောက်ရှိလာသည်။

သူ တက္ကစီပေါ် မှ ဆင်းပြီး ဆေးရုံအဆောက်အအုံထဲသို့ ဝင်လာသည်။

ဆေးရုံရှိ ဓာတ်လှေကားများက အမြဲတမ်း လူပြည့်နေသည်။ သူက ဓာတ်လှေကားကို မစောင့်ဘဲ လှေကားမှ ပြေးတက်လာခဲ့သည်။

သူ ခြေလှမ်းအနည်းငယ် ပြေးတက်ပြီးနောက် ချွေးများထွက်လာသည်။

လွန်ခဲ့သော နှစ်ရက်က အလွန်ပူကြောင်းကို သူ စဉ်းစားမိသည်။ ဤ ရာသီဥတုမျိုးက သက်ကြီးရွယ်အိုများအတွက် အလွန် ဆိုးရွားသည်။

သူ အရေးပေါ်ခွဲစိတ်ခန်းအပြင်ဘက်သို့ ရောက်လာသောအခါ ငိုယိုသံများ ကြားနေရပြီဖြစ်သည်။

ကျန်းကျဲ့က သူနာပြု နှင့် မျက်ရည်များ သုတ်နေသော လူအချို့ကို တွေ့ရသောအခါ သူ၏ နှလုံးသားက နစ်မြုပ် သွားသည်။

သူက အနားသို့ ကပ်သွားပြီး သူနာပြု ကို “အစ်မ၊ ဘယ်လိုလဲ” ဟု မေးသည်။

သူနာပြု ၏ မျက်လုံးများ နီရဲနေသည်။ “မစ္စတာ ကျန်း၊ ဆရာမ မြောင် ဆုံးသွားပြီ...”

ကျန်းကျဲ့ တိတ်ဆိတ်သွားသည်။

မကြာသေးမီကမှ ဆရာမ မြောင် ကို တွေ့ခဲ့ရပြီး ယခုအခါ...

သူ၏စိတ်ထဲတွင် ဝမ်းနည်းနေသည်။ ဘာလုပ်ရမှန်း သူ မသိပေ။ခဏအကြာတွင် သူက ဤအချိန်တွင် ဆွေမျိုးများကို နှစ်သိမ့်ပေးသင့်သည်ဟု သတိရသွားသည်။ သို့သော်လည်း ဘေး ကို ကြည့်လိုက်သောအခါ ဆရာမ မြောင် ၏ ဆွေမျိုးများကို မတွေ့ရပေ။

သူနာပြု က ဆရာမ မြောင် တွင် စီစဉ်ထားမှု များ ရှိကြောင်းနှင့် တစ်ယောက်ယောက်က နောက်ဆုံးဈာပနကို စီစဉ်ပေးနေကြောင်း ကျန်းကျဲ့ကို ပြောပြသည်။

ကျန်းကျဲ့က လူအုပ်အပြင်ဘက်သို့ သွားကာ အခြားသူများနှင့်အတူတကွ စောင့်ဆိုင်းနေ သည်။

မကြာမီ နင်အန်းချီနှင့် အစ်မလျောင်တို့ ရောက်လာသည်။ သတင်းကို ကြားပြီးနောက် ကျန်းကျဲနှင့်အတူတကွ စောင့်ဆိုင်းနေကြ သည်။

ဆရာမ မြောင်က သူ၏ ဈာပနအတွက် ရှေ့နေတစ်ဦးနှင့် သူငယ်ချင်းတစ်ဦးကို တာဝန်ပေးခဲ့သည်။

ရှေ့နေ၏ နာမည်မှာ ကျန်းဖြစ်ပြီး ဆရာမော်၏ သူငယ်ချင်း၏ နာမည်မှာ လု ဖြစ်ပြီး အသက်မနည်းတော့ပေ။ လူများက သူ့ကို အဖိုးလု ဟု ခေါ်ကြသည်။

သူတို့နှစ်ဦးက မနက်ဖြန် နှုတ်ဆက်ပွဲအခမ်းအနားကို စီစဉ်ပြီးနောက် ဆရာမ မြောင် ၏ အိမ်တွင် နှုတ်ဆက်ခြင်း အတွက် နေရာတစ်ခု ပြင်ထားကြသည်။

ကျန်းကျဲ့က နင်အန်းချီနှင့် အစ်မလျောင်တို့နောက်သို့ လိုက်ပြီး ဆရာမ မြောင် ၏ အိမ်သို့ ရောက်လာကာ အမွှေးတိုင်တစ်တိုင် ထွန်းညှိခဲ့ သည်။

နောက်တစ်နေ့ နှုတ်ဆက် ခြင်း အခမ်းအနားက အလွန်ရိုးရှင်းသည်။ ကျန်းကျဲ့က ပန်းစည်းတစ်စည်း ထား ပြီး လူများနှင့်အတူ ဆရာမ မြောင် ကို နှုတ်ဆက်သည်။

အခမ်းအနားပြီးဆုံးသောအခါ ကျန်းကျဲ့က ဘယ်လိုလုပ်ရမလဲ မသိဘဲ အဘိုးကြီးတစ်ဦးက နှုတ်ဆက်ခြင်းကြောင့် စိတ်ရှုပ်ထွေးနေသည်။

ရှေ့နေနှင့် အခမ်းအနားကို ဦးဆောင်သူ အဖိုးလု တို့က လူအချို့ကို အချို့ကိစ္စများကို ကူညီရန် ဆရာမ မြောင် ၏ အိမ်သို့ ထပ်မံ ဖိတ်ကြားသည်။ ဖိတ်ကြားခံရသူများတွင် ကျန်းကျဲ့လည်း ပါသည်။

“ဘဝက မတည်မြဲဘူး၊ အများကြီး မတွေး နဲ့” နင်အန်းချီသက ကျန်းကျဲ့ထံသို့ လာပြီး ပြောသည်။

“အစ်မနင်၊ ကျွန်တော် ဘာမှ မဖြစ်ပါဘူး” ကျန်းကျဲ့ ပြန်ဖြေသည်။

နင်အန်းချီ ကားစီစဉ်ရန် သွားသောအခါ အစ်မလျောင်က ကျန်းကျဲ့၏ လက်မောင်းကို ပုတ်သည်။ “နင့်ဆီက သတင်းကောင်းရလို့ ဂုဏ်ပြုပေးချင်ခဲ့တာ။ မမျှော်လင့်ဘဲ ဒီကိစ္စဖြစ်သွား တယ်။ အခွင့်အရေးရရင် ငါ ပြန်လုပ်ပေးပါ့မယ်”

နင်အန်းချီ၊ အစ်မလျောင်၊ ကျန်းကျဲ့တို့က ကားဖြင့် ဆရာမ မြောင် ၏ အိမ်သို့ အတူတူ သွားကြသည်။

“အစ်မ နင်၊ ဘယ်လို ကိစ္စတွေ ဖြေရှင်းရမယ်ဆိုတာ အစ်မသိလား” ကျန်းကျဲ့က မေးသည်။

နင်အန်းချီက “ဆရာမ မြောင်က က ပစ္စည်းအချို့ လှူဒါန်းဖို့ စီစဉ်ထားတယ်။ အိမ်ကိုလည်း နိုင်ငံကို ပြန်ပေးရမှာ။ လူတိုင်းကို သက်သေအဖြစ် ခေါ်ထားတာ” ဟု ပြောသည်။

သူတို့က ဆရာမ မြောင် ၏ အိမ်သို့ ရောက်လာသောအခါ လူများစွာ စုရုံးနေသည်ကို တွေ့လိုက်ရသည်။

ရှေ့နေနှင့် အဖိုးလုတို့က ဖိတ်ကြားထားသောလူများ ရောက်ရှိသည်နှင့် လှူဒါန်းပွဲအခမ်းအနားကို စတင်ကြောင်း ကြေညာသည်။

ကျန်းကျဲ့က သူဌေးဝေ့က ခြံဝင်းထဲသို့ ဘယ်အချိန်က ရောက်လာသည်ကို သိလိုက်သည်။ နှုတ်ဆက်ပွဲအခမ်းအနားသို့ မတက်ရောက်ခဲ့သော လူအချို့လည်း ရောက်ရှိနေသည်။

အခမ်းအနားကို ဦးဆောင်သူ အဖိုးလုက လူတိုင်းကို ဆရာမ မြောင် ၏ နောက်ဆုံးဆန္ဒကို ကြေညာသည်။ ထို့နောက် လှူဒါန်းမှုကို လက်ခံမည့် ပြတိုက်နှင့် အသိသက်သေများကို မိတ်ဆက်ပေးသည်။

နှစ်ဖက်စလုံးက လှူဒါန်းထားသောပစ္စည်းများကို တစ်ခုချင်းစီ လွှဲပြောင်းပေးကြသည်။ လုပ်ငန်းစဉ်က အလွန်အဆင်ပြေသည်။

လှူဒါန်းထားသော ပစ္စည်းများတွင် စာနှင့် အချက်အလက်များ၊ စာအုပ်များနှင့် အနုပညာလက်ရာများ ပါဝင်သည်။

ကျန်းကျဲ့က ဆရာမ မြောင် အတွက် ဖန်တီးထားသော ပန်းချီကားတစ်ချပ်သည်လည်း လှူဒါန်းထားသောပစ္စည်းများတွင် ပါဝင်ပြီး ပြတိုက်၏ စုဆောင်းမှုတစ်ခု ဖြစ်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။

နင်အန်းချီနှင့် အစ်မလျောင်တို့က ထို ပန်းချီကားကို လှူဒါန်းထားသည်ကို မြင်သောအခါ ကျန်းကျဲ့ကို ကြည့်လိုက်ကြသည်။

ကျန်းကျဲ့က ဆရာမ မြောင် သည် နောက်ဆုံးစီစဉ်မှုများတွင် သူ့ကို တစ်ခါ ထပ်မံ ကူညီပေးခဲ့သည်အား ခံစားလိုက်ရသည်။

လှူဒါန်းမှုလုပ်ငန်းစဉ်ပြီးဆုံးသောအခါ အဖိုးလုက အခမ်းအနားကို ပြီးဆုံးကြောင်း ကြေညာရန် ပြင်နေသည်။

သူဌေးဝေ့က လူအုပ်ထဲမှ ထွက်လာပြီး အခမ်းအနားကို ဦးဆောင်သူများကို “ရှေ့နေကျန်း၊ ပြတိုက်မှူးရှင်း၊ အဖိုးလု၊ ရှင်းရှင်းလင်းလင်းပြောပြဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုရှိပါတယ်” ဟု ပြောသည်။

ကျန်းကျဲ့နှင့် အစ်မလျောင်တို့က အချင်းချင်း ကြည့်လိုက်ကြသည်။

All Chapters