စုဆောင်းခြင်း၊အောင် လက်မှတ်၊ အထူးဆုလာဘ်
Vol. 7 Ch. 98
ကျန်းကျဲ့၏ အိမ်အနီးတွင် လူသွားလမ်းတစ်ခု ရှိသည်။
နွေရာသီ၏ ညနေခင်းတွင် လူသွားလမ်း၌ ဆူညံသော ညဈေးတစ်ခုရှိသည်။
ညဈေးတွင် လူအသွားအလာ များပြားကာ ကျန်းကျဲ့က ရှောင်ကားကို လက်ဖြင့် ကိုင်ထားပြီး စျေးထဲသို့ မဝင်ဘဲ ရှောင်နေသည်။
ကျန်းယီနှင့် ဇနီးတို့က သူ့နှင့်အတူ လမ်းလျှောက်နေကြသည်။ မမျှော်လင့်ဘဲ သူတို့ သူငယ်ချင်းနှင့် တွေ့သောအခါ ရပ်ပြီး စကားပြောနေကြသည်။
ထိုသူငယ်ချင်းက ကျန်းကျဲ့ ယခုနှစ်တွင် ကောလိပ် ဝင်စာမေးပွဲဖြေထားကြောင်း သိပြီး ထိုအကြောင်းကို စကားစပြီးနောက် ဆုံးခြင်းမရှိတော့ပေ။
ကျန်းကျဲ့က မိဘများ ခဏကြာအောင် စကားပြောဦးမည်ဟု ခန့်မှန်းမိရာ လူရှင်းသော နေရာတစ်ခုကို ရှာပြီး ထိုင်လိုက်သည်။သူ ပုံကြမ်းစာအုပ်နှင့် အညိုရောင် မီးသွေးတစ် ချောင်းကို ထုတ်ပြီး ညဈေးမှ လူအမျိုးမျိုးကို ပုံကြမ်းဆွဲလေ သည်။
သူက စိတ်ဝင်စားစရာကောင်းသော ပုံရိပ်တစ်ခုကို ဖမ်းယူမိတိုင်း သူ၏ ပုံစံ များကို မှတ်မိအောင် ကြိုးစားပြီး တစ်ချိန်တည်းတွင် လက်ထဲမှ မီးသွေးချောင်းက စက္ကူပေါ်တွင် အမြန်ဆွဲသည်။ ဆွဲ ထားသော ပုံသဏ္ဍာန်က တူခြင်း၊ အသေးစိတ်အားလုံးကို ဖော်ပြခြင်းအား အလေးအနက်ထားခြင်းမရှိဘဲ အထင်ရှားဆုံး ပုံစံ များကိုသာ ဖော်ပြရန် အာရုံစိုက်ထားသည်။
စနစ်၏ ဆုလာဘ် စွမ်းရည်ကြောင့် ကျန်းကျဲ့၏ မျဉ်းဆွဲနိုင်စွမ်းက ပို အားကောင်းလာသည်။ မျဉ်းပြတ် ဖြစ်စေ၊ မျဉ်းဆက် ဖြစ်စေ မျဉ်းများက သူ၏ အတွေးများကို မှန်ကန်စွာ ဖော်ပြနိုင်သည်။
ကျန်းကျဲ့က သူ၏ အနာဂတ် လေ့လာရေးလမ်းကြောင်း သို့မဟုတ် အနုပညာဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွက် မူလက မှုန်ဝါးသော စိတ်ကူးများသာ ရှိခဲ့သည်။
ယနေ့ ကာရာဗက်ဂျို၏ လက်ရာကို ပုံတူကူးပြီးနောက် အသိဉာဏ်အချို့ သူ ရရှိခဲ့သည်။
သူက လက်တွေ့ဘဝကို ဖော်ပြခြင်းအား နှစ်သက်သည်။ အထူးသဖြင့် လက်ရှိဘဝကို ပုံဖော်ခြင်း၊ ဘဝ၏ အသေးစိတ်အချို့နှင့် လူတို့၏ ဂရုမစိုက်သော ခေတ်၏ အမှတ်အသားအချို့ကို ဖော်ပြခြင်းကို နှစ်သက်သည်။
ကျန်းကျဲ့က စျေးပေါ်ရှိ အမျိုးမျိုးသော အသက်မွေးဝမ်းကျောင်း၊ အသက်အရွယ်နှင့် အခြေအနေကွဲပြားသော လူများကို အကဲခတ်ကြည့် သည်။ စိတ်ဝင်စားစရာကောင်းသော အသေးစိတ်နှင့် ပုံစံ အချို့ကို တဖြည်းဖြည်းတွေ့ရှိလာ သည်။
အင်္ကျီမပါဘဲ ကိုယ်ပေါ်တွင် ဆီနှင့် ချွေးများဖြင့် ပြည့်နေသော သယ်ယူပို့ဆောင်ရေးလုပ်သား၊ ရွေးပြီးနောက် ပြန်ချထားသော ဝယ်ယူသူ၊ လက်ကို အပေါ်သို့ မြှောက်ပြီး ပိုကာကို အပြင်းအထန် ပစ်ချလိုက်သော အဒေါ်ကြီး၊ သကြားလုံးကို ရောင်း နေသော ရောင်းသူနှင့် သကြားလုံးကို စောင့်နေသော ကလေးများ... ၎င်းတို့အားလုံးက သူ၏ စုတ်တံ အောက်တွင် အသက်ဝင်သော ပုံရိပ်များဖြစ်လာသည်။
ကျန်းကျဲ့က ဆွဲလေလေ ပိုမို မြန်လေလေဖြစ်သည်။
ယခင်က သူ ပုံကြမ်းများ ဆွဲသောအခါ မီးသွေး ခဲတံကို အသုံးပြုခဲ့သည်။ ယနေ့ အလျင်စလိုသွားခဲ့ရသောကြောင့် အညိုရောင် မီးသွေးချောင်းအနည်းငယ်ကိုသာ ယူလာခဲ့သည်။ ပုံကြမ်းအချို့ကို မီးသွေးချောင်းဖြင့် ဆွဲပြီးနောက် ဤပစ္စည်း၏ ထူးခြားသော အချက် ကို ခံစားရသည်။
ညဈေးတွင် ပန်းချီဆွဲနေသော လူက ကျန်းကျဲ့တစ်ဦးတည်းသာရှိသည်။ လမ်းသွားလာသူများစွာက ရပ် ပြီး ကြည့်နေကြသည်။
ကျန်းကျဲ့က လုံးဝမသက်ရောက် ဘဲ အေးဆေးတည်ငြိမ်စွာ ပန်းချီဆွဲနေ သည်။
သူက အခြေအနေမျိုး စုံရှိသော ပုံရိပ်အချို့ကို မြင်သောအခါ အမြန် မှတ်ထားလိုက် သည်။
ဖုန်း ဓာတ်ပုံရိုက်ရန်၊ ကင်မရာယူလာရန် မရှိသော အခြေအနေတွင် အကောင်းဆုံးနည်းလမ်းမှာ ဘောပင်ဖြင့် မှတ် ခြင်းပင် ဖြစ်သည်။
“ကျန်းကျဲ့၊ မင်း ဘာလို့ ဒီမှာ ပုံကြမ်းဆွဲနေတာလဲ” အသံတစ်ခုက ကျန်းကျဲ့၏ အတွေးကို ဖြတ်တောက်လိုက်သည်။
ကျန်းကျဲ့က အသံကို ကြားသည်နှင့် အတန်းဖော် ကျောက်ကျစ်ဖြစ်ကြောင်း သိသည်။ ညဈေးတွင် ပန်းချီဆွဲရင်း သူနှင့် တွေ့ခြင်းက တိုက်ဆိုင်လွန်းလှသည်။
သူက လှည့်ကြည့်လိုက်ရာ ကျောက်ကျစ်သည် ကောင်မလေးတစ်ဦးကို ခေါ်လာသည်ကို တွေ့သည်။
“ဘယ်လောက် တိုက်ဆိုင်လိုက်လဲ၊ မင်းလည်း ညဈေးကို လာတာလား”
ကျောက်ကျစ်က ပုံကြမ်းစာအုပ်ကို ကြည့်ပြီး “ဟေး၊ ပန်းချီက ပိုကောင်းလာတယ်။မင်း စာမေးပွဲ ဖြေပြီးပြီတောင် ဒီလောက် ကြိုးစားနေတုန်းပဲလား”
“ငါ ဘာမှ မလုပ်စရာမရှိလို့ စုတ် ချက်နည်းနည်း ဆွဲတာပါကွာ” ကျန်းကျဲ့က စကားပြောရင်း ပုံကြမ်းကို စုတ်ချက် နှစ်ချက်ဖြည့်ဆွဲလိုက်သည်။
ကျောက်ကျစ် ခေါ်လာသော ကောင်မလေးက ဘေးနားရှိ ရေခဲမုန့်ဆိုင်ကို ကြည့်နေသည်။
ကျန်းကျဲ့က အခွင့်အရေးယူပြီး တိုးတိုးလေး “လူပြောင်းသွားတာလား” ဟု မေးသည်။
ကျောက်ကျစ်က ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် ကျန်းကျဲ့ကို လက်ပြပြီး ကောင်မလေးနှင့်အတူ ရေခဲမုန့်ဝယ်ရန် သွားလေ သည်။
ကျန်းကျဲ့က ကျောက်ကျစ်သည် အနီးအနားရှိ အင်ဂျင်နီယာကောလိပ် ကို လျှောက်ထားကြောင်း သိသည်။ အနာဂတ်တွင် တွေ့ခွင့်ရမည်မဟုတ်တော့ပေ ။
သူ မသိလိုက်ဘဲ ပုံကြမ်းဆယ်ချပ်ကျော်ကို ဆွဲပြီးပြီဖြစ်သည်။
သူက မိဘများ လာနေသည်ကို မြင်သောအခါ ပစ္စည်းများကို သိမ်းလိုက်သည်။ “အဖေ၊ အမေ၊ ဒီလောက်အကြာကြီး စကားပြောနေ တာလား”
“သူ့ရဲ့ ဆွေမျိုးတစ်ဦးကလည်း ဒီနှစ် ကောလိပ် ဝင်စာမေးပွဲဖြေထားလို့လေ”
“ဒါကြောင့်ပဲ ငါတို့ ဒီလောက်အကြာကြီးစကားပြောနေတာ”
.........
အိမ်သို့ ပြန်ရောက်သောအခါ အမေ က ကျန်းကျဲ့ကို မှာကြားသည်။ “ဒီနေ့ စောစောအိပ်၊ မနက်ဖြန် အိမ်ခြံမြေစာချုပ် ယူဖို့ သားလည်း လိုက်ခဲ့ရမှာ”
“ဟုတ်ကဲ့”
ကျန်းကျဲ့က ပြန်ဖြေပြီး အခန်းငယ်လေးသို့ ပြန်လာခဲ့သည်။ သူ့အတွက် လက်ဖက်ရည်တစ်ခွက် ဖျော်လေ သည်။ ပုံကြမ်းစာအုပ်ကို ထုတ်ပြီး ယနေ့ ရရှိမှုများကို ပြန်သုံးသပ်သည်။
သူက ကျေနပ်သော ပုံကြမ်းများကို ရွေးပြီး ဖြည့်စွက်သည်။
အိပ်ရာမဝင်မီ စနစ်ကို ပြန်ဖွင့်ပြီး စုဆောင်းမှုကို စစ်ဆေးလေ သည်။
ယနေ့ သင်ယူမှုအချိန်က စုစုပေါင်း ၇နာရီဖြစ်သော်လည်း စနစ်က တွက်ချက်ထားသော သင်ယူမှုက မနေ့က၏ နှစ်ဆကျော် ပိုများသည်။ ယနေ့ ရလဒ်က ဖန်တီးမှုတွင် အပြည့်အဝ နှစ်မြှုပ်လိုက်သောအခါ သင်ယူမှုပိုရရှိနိုင်ကြောင်း ထပ်သက်သေပြလိုက်လေ သည်။
နောက်နေ့ မနက်ပိုင်းတွင် ကျန်းကျဲ့၏ မိသားစုက အိမ်ခြံမြေရောင်းဝယ်ရေးဌာနသို့ စောစောရောက်လာပြီး နီရဲသော အိမ်ခြံမြေစာချုပ် ကို ရယူသည်။
ကျန်းယီနှင့် ဇနီးတို့က စာချုပ်ကို ကြည့်ပြီး မလွှတ်နိုင်အောင် ဖြစ်နေသည်။
ကျန်းကျဲ့က မိဘများ၏ စိတ်ကို နားလည်သည်။ မိဘများကို စိတ်အေးစေနိုင်ခြင်းက သူလည်း ပျော်ရွှင်ရသည်။
သူက ခဏစောင့်ပြီးမှ “အဖေ၊ အမေ၊ ကြည့်ချင်ရင် အိမ်ယူသွားပြီး ဖြည်းဖြည်းချင်း ကြည့်လို့ရပါတယ်” ဟု ပြောသည်။
“ဟုတ်သားပဲ အိမ်ပြန်ရောက်မှပဲ ပြောကြတာပေါ့။ ဒါလေး ရမှပဲ စိတ်အေးရတော့တယ်” ရှုလီက အိမ်ခြံမြေစာချုပ်ကို ဂရုတစိုက် ဖိုင်အိတ်ထဲထည့်ပြီး ဖိုင်အိတ်ကို အိတ်ထဲသို့ ထပ်ထည့်သည်။
ကျန်းကျဲ့က “အဖေ၊ အမေ၊ ကျွန်တော် ကားတူတူ မစီးတော့ဘူး။ ကျွန်တော် ကျောင်းကို ဘွဲ့လက်မှတ်သွားယူရအုန်းမှာ” ဟု ပြောသည်။
ကျန်းယီက “ကောင်းပြီ၊ မြန် မြန်သွား။ နေ့လယ်ပြန်လာရင် ပစ္စည်းတွေ ရွှေ့ဖို့ ကူပေးဦး” ဟု ပြောသည်။
.......
ကျန်းကျဲ့က အမှတ် ၇ အထက်တန်းကျောင်းသို့ ရောက်လာခဲ့သည်။ အတန်းပိုင်ဆရာမ၏ ရုံးခန်းကို တံခါးခေါက်ပြီး ဝင်သွားရာ ဆရာမယွီက ဖောင် ဖြည့်နေသည်ကို တွေ့လိုက်ရသည်။
စားပွဲပေါ်တွင် ဖွင့်ထားသော ဘွဲ့လက်မှတ် များ ပုံနေသည်။
ဆရာမယွီက ကျန်းကျဲ့ကို မြင်သောအခါ ဘောပင်ကို ချလိုက်ကာ “ကျန်းကျဲ့၊ မင်း အရင်ထိုင်၊ ဆရာမ မင်းအတွက် ဘွဲ့လက်မှတ် ရှာပေးမယ်”
သူမက ကျန်းကျဲ့၏ ဘွဲ့လက်မှတ်ကို ရှာပြီး ကျန်းကျဲ့ကို ပေးလိုက်ရင်း “မင်းရဲ့ အချက်အလက်တွေ မှားနေလား ကြည့်လိုက်အုန်း”
ဘွဲ့လက်မှတ်ပေါ်တွင် ကျန်းကျဲ့၏ ဓာတ်ပုံကို ကပ်ထားသည်။ ဘွဲ့ရရှိသည့်အချိန်ကို ရေးထားပြီး ကျောင်း၏ တံဆိပ်ကို ရိုက်နှိပ် ထားသည်။ “ပြဿနာမရှိပါဘူး၊ ဆရာမယွီ၊ ကျေးဇူးတင်ပါတယ်”
ဆရာမယွီက ကျန်းကျဲ့ကို ကြည့်ကာ “မင်း စာမေးပွဲဖြေတာ ကောင်းတယ်။ ပြဿနာမရှိဘူးလို့ ဆရာမ ထင်တယ်။ ဂုဏ်ယူပါတယ်။ ဆရာမ တို့အတန်းကလူတွေ ဘွဲ့လက်မှတ်ရပြီး မပြန်ကြ သေးဘူး။ ပန်းချီခန်းကို သွားကြတယ်။ မင်းလည်း သွားကြည့်လို့ရတယ်”
ကျန်းကျဲ့က ဆရာမနှင့် စကားအနည်းငယ်ပြောသည်။ စားပွဲပေါ်တွင် ဖြန့်ထားသော လေ့ကျင့်ရေးပစ္စည်းများကို မြင်သောအခါ ဆရာမတွင် အလုပ်ရှိသေးကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ နှုတ်ဆက်ပြီး ထွက်လာခဲ့လေ သည်။
ဆရာမယွီက ကျန်းကျဲ့ကို ရုံးခန်းအပြင်သို့ လိုက်ပို့ပေး ပြီး ကောလိပ် ဝင်ခွင့်စာ ရရှိသောအခါ သူမထံ ဖုန်းခေါ်ရန် အထူးမှာကြားသည်။
ကျန်းကျဲ့က ပန်းချီခန်းသို့ သွားပြီး ဆရာမများနှင့် နှုတ်ဆက်သည်။
ပန်းချီခန်းတွင် အတန်းဖော်အနည်းငယ်သာ ရှိသည်။
သူက အတန်းဖော်များထံမှ သူ၏အတန်းက အတန်းဖော်လေးဦးသည် စာမေးပွဲရလဒ်မကောင်းခဲ့သောကြောင့် နောက်တစ်နှစ်ပြန်ဖြေရန် ဆုံးဖြတ်ထားကြသည် ဟု သူကြားရသည်။ သူတို့က နောက်နှစ်တွင် အထူးအတန်းသို့ ဝင်ရောက်ပြီး နောက်တစ်နှစ်တွင် ပြန်ကြိုးစားမည်ဖြစ်သည်။
အတန်းဖော်များက ဘွဲ့လက်မှတ်ကို ကိုင်ထားပြီး ကျောင်းမှ တဖြည်းဖြည်း ထွက်သွာယကြသည်။
ကျောင်းသားက ဘွဲ့လက်မှတ်ကို ရရှိသည်နှင့် ကျောင်းနှင့် ဆက်ဆံရေး ပြတ်တောက်သွားသည်။ ထိုအချိန်မှစ၍ တစ်ဦးနှင့် တစ်ဦး လမ်းခွဲခဲ့ကြသည်။ အတန်းဖော်များကို လွမ်းဆွတ်နေသူများက နှစ်များစွာကြာပြီးနောက် ပြန်တွေ့ဆုံနိုင်သည်။သို့ပေမယ့် လူများစွာက ထိုအချိန်မှစ၍ ပြန်လည်တွေ့ဆုံခွင့်မရတော့ပေ။
ကျန်းကျဲ့က အိမ်သို့ ပြန်လာပြီး မိဘများနှင့်အတူ အိမ်အသစ်သို့ ပစ္စည်းများရွှေ့ပြောင်းသည်။ အိမ်အသစ်တွင် အကြီးအကျယ် ပြောင်းစရာများ မရှိသောကြောင့် အိမ်အသစ်ပြင်ဆင်သကဲ့သို့ အနံ့များ ပျောက်အောင် စောင့်ရန် မလိုပေ။
ကျန်းယီနှင့် ဇနီးတို့က အမြန်ပြောင်းရွှေ့ရန် ရည်ရွယ်ထားပြီး ပစ္စည်းအသေးစားများကို အိမ်အသစ်သို့ တဖြည်းဖြည်းရွှေ့ပြောင်းပြီးပြီ ဖြစ်သည်။
နေ့လယ် ၂နာရီအထိ အလုပ်များပြီးနောက် ကျန်းယီနှင့် ဇနီးတို့က ပင်ပန်းသလို ခံစားရသောကြောင့် ရပ်ပြီး အနားယူကြသည်။
ကျန်းကျဲ့ ပစ္စည်းများ၏ တစ်စိတ်တစ်ပိုင်းကို အိမ်အသစ်သို့ ရွှေ့ပြောင်းပြီးဖြစ်သောကြောင့် ယနေ့ ပန်းချီခန်းတွင် အိပ်ရတော့ မည်။
သူက ရှောင်ကားကို ပန်းချီခန်းသို့ ခေါ် လာပြီး ဆီဆေးစက္ကူအချို့က ခြောက်သွေ့နေပြီဖြစ်သည်ကို တွေ့လိုက်သည်။
ကျန်းကျဲ့က စက္ကူ ပေါ်တွင် ပုံကြမ်းများ စဆွဲလေ သည်။
ဆီဆေးပတ္တူက သေးငယ်သော်လည်း လူပုံနှင့် သက်မဲ့အရာပန်းချီများကို ဆွဲရန် လုံလောက်သည်။
ပုံကြမ်းဆွဲပြီးသောအခါ ကြည်လင်သော ဗန်ဒိုက်အညိုရောင် သို့မဟုတ် ကြည်လင်သော မြေနီရောင်ကို စက္ကူပေါ်တွင် တင်ထားသည်။ ဤအရောင်အလွှာ ခြောက်သွေ့သွားသောအခါ နောက်တစ်ဆင့်ကို စ ရမည်။
ဂန္ထဝင်ဆီဆေးပညာ၏ ကြည်လင်သော အလွှာနည်းစနစ် တွင် အရောင်တစ်လွှာ ဆွဲတိုင်း အရောင်ခြောက်ရန် စောင့်ရကာ အလွန် ရှုပ်ထွေးလှသည်။
ညစာစားပြီးနောက် သူက ကွန်ပျူတာဖြင့် အီဗယ်၏ သင်ကြားရေးဗီဒီယိုကို ဖွင့်လိုက်သည်။ စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည်။
သူက ဗီဒီယိုကို ရပ်ပြီး စနစ်ကို ဖွင့်လိုက်ရာ သတိပေးချက်အသစ်တစ်ခုကို တွေ့လိုက်ရသည်။ ကျပန်းတာဝန် ပြီးမြောက်သွားပါပြီ ။
ကျန်းကျဲ့က စိတ်ဝင်စားလာပြီး ကျပန်းတာဝန်၏ ရှင်းလင်းချက်ကို ချက်ချင်းကြည့်လေ သည်။
တာဝန်၏ တရားခံနှစ်ဦးကို ဥပဒေဖြင့် အပြစ်ပေးပြီးဖြစ်သောကြောင့် ဤတာဝန်က ပြီးမြောက်သွားခဲ့ သည်။ ပိုင်ရှင်က တာဝန်တွင် လမ်းညွှန်ပေးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ဆုလာဘ်ကို ရရှိသည်။
ကျန်းကျဲ့က ပြီးမြောက်သည်ကို နှိပ်လိုက်သည်။
စနစ်က တွက်ချက်ပြီးနောက် ဆုလာဘ်ကို ပေးလေ သည်။
ဆုလာဘ် ၁ - စွမ်းရည် အဆင့်မြှင့်တင်ခြင်း၊ သင်ယူမှုစုဆောင်းခြင်း အခမဲ့ရွေးချယ်မှုကို ထပ်ထည့်ပေးသည်။
ဆုလာဘ် ၂ - ဂုဏ်ထူးဆောင်ဘွဲ့ကို ထပ်ထည့်ပေးသည်။
ယခုတစ်ကြိမ်ဆုလာဘ်တွင် သာမန်စွမ်းရည် သို့မဟုတ် ငွေကြေးမပါဝင်ပေ။
ကျန်းကျဲ့က ဆုလာဘ်ရှင်းလင်းချက်ကို နှိပ်ပြီး ကြည့်သည်။
စွမ်းရည်ကဏ္ဍတွင် စွမ်းရည်တစ်ခုစီ၏ နောက်တွင် စွမ်းရည် နေရာလွတ်တစ်ခု ထပ်ထည့်ထားသည်။ သင်ယူမှုစုဆောင်းခြင်း ဖြင့် စွမ်းရည် ကို တိုးမြှင့်ပြီး အဆင့်ကို မြှင့်တင်နိုင်သည်။ ဤရွေးချယ်မှုရှိသောကြောင့် စွမ်းရည်ဆုလာဘ်များကို လွန်ကဲစွာ မှီခိုရန် မလိုတော့ပေ။ သီအိုရီအရ သင်ယူခြင်းဖြင့် စွမ်းရည် ကို တိုးမြှင့်နိုင်ပြီး စွမ်းရည်အဆင့်ကို မြှင့်တင်နိုင်သည်။
သူက စွမ်းရည်ကဏ္ဍကို ဖွင့်လိုက်ရာ စွမ်းရည်အားလုံး၏ နောက်တွင် စွမ်းရည် နေရာလွတ်တစ်ခု ထပ်ထည့်ထားသည်ကို တွေ့ရသည်။
ကျန်းကျဲ့က ဒုတိယဆုလာဘ် - ဂုဏ်ထူးဆောင်ဘွဲ့ကို ဆက်ကြည့်သည်။
စနစ်၏ ဇာတ်ကောင် စာမျက်နှာတွင် ကျန်းကျဲ့ နာမည်၏ နောက်တွင် ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ထပ်ထည့်ထားသည်။ ယခု သူ၏ ဂုဏ်ထူးဆောင်ဘွဲ့မှာ - အစပြုသူ ဖြစ်သည်။
အစပြုသူဟူသော စာလုံးလေးလုံးကို နှိပ်လိုက်သောအခါ ရှင်းလင်းချက်စာမျက်နှာ ပေါ်လာသည်။
အစပြုသူက ပိုင်ရှင် ၏ အသက်မွေးဝမ်းကျောင်းက စတင်နေပြီဖြစ်ကြောင်းကို ဆိုလိုပြီး နာမည်အချို့ ရရှိနေပြီဖြစ်သည်။ ဂုဏ်ထူးဆောင်ဘွဲ့က ပိုင်ရှင် အတွက် အလားအလာကောင်းသော အကျိုးသက်ရောက်မှုရှိသည်။
သို့သော်လည်း ကျန်းကျဲ့က အကျိုးသက်ရောက်မှုကို ယာယီမခံစားရသေးပေ။
သူက စွမ်းရည် ကို စုဆောင်းခြင်း၏ အကျိုးသက်ရောက်မှုကို စမ်းကြည့်ချင်သည်။
စက္ကူနှင့် ဘောပင်ကို ယူပြီး နာရီဝက်အချိန်ယူကာ အသီးခြင်းတောင်း၏ ပုံကြမ်းကို ဖြည့်စွက်သည်။
စွမ်းရည်ကဏ္ဍကို ပြန်ဖွင့်လိုက်ရာ ပုံကြမ်းဆွဲခြင်းစွမ်းရည်၏ နောက်တွင် စွမ်းရည်က ၀.၁သာ တိုးလာသည်ကို တွေ့ရသည်။ ၁၀၀မှတ် စုဆောင်းမှသာ စွမ်းရည်ကို အဆင့်မြှင့်တင်နိုင်သည်။
သို့သော်လည်း ကျန်းကျဲ့က အားမလျှော့ပေ။ စွမ်းရည် ကို စုဆောင်းသည့် နှုန်းက နှေးသော်လည်း ဆက်လုပ်ပါက ရရှိနိုင်သည်ကို သူသိသည်။ ၎င်းက နေ့စဉ် မမြင်ရသော စုဆောင်းမှုကို ပိုမိုမြင်သာစေသည်။
သူက စနစ်ကို ပိတ်လိုက်ပြီး တာဝန်ပြီးမြောက် သွားသောကြောင့် ဝေ့နှင့် တုနှစ်ဦးက အဆုံးသတ်သွားပြီဖြစ်ကြောင်း တွေးလိုက်မိသည်။ နင်အန်းချီနှင့် အစ်မလျောင်တို့က ဘယ်လိုလဲ။ ယနေ့ထိ သူတို့၏ သတင်းကို မကြားရသေး ပေ။
နောက်နေ့တွင် ကျန်းကျဲ့က မိဘများနှင့်အတူ ပစ္စည်းများ ဆက်ရွှေ့သည်။
အိမ်အသစ်တွင် ပစ္စည်းများ နေရာ ချပြီးနောက် ချန်းယန်၏ ဖုန်းဝင်လာသည်။
“ကျန်းကျဲ့၊ ဒီနေ့ အချိန်အားလား။ အပြင်သွားကြမယ်”
“ကောင်းပြီ၊ ခဏစောင့်” ကျန်းကျဲ့က ဖုန်းကို ပိတ်ပြီး အမေ့ ကို မေးသည်။ “အတန်းဖော်ဖုန်းဆက်တာ၊ အပြင်သွားဖို့ ချိန်းထားတယ်။ ကျွန်တော် သွားလို့ရမလား”
“သွား၊ သွား” ရှုလီက သဘောတူသည်။
“ငါတို့ ဘယ်မှာတွေ့ကြမလဲ” ကျန်းကျဲ့က ချန်းယန်ကို မေးသည်။
“ဗဟိုလမ်းကို သွားကြမယ်၊ ရှောင်ကားကို ခေါ်လာဖို့ မမေ့နဲ့”
ကျန်းကျဲ့က ရှောင်ကားကို ကြိုးဖြင့် ဗဟိုလမ်းသို့ ခေါ်လာခဲ့ပြီး ချန်းယန်က သစ်ပင်အရိပ်အောက်တွင် အနားယူနေသည်ကို တွေ့လိုက်ရသည်။
ရှောင်ကားက အဝေးမှ ချန်းယန်ကို မြင်ရာ ကျန်းကျဲ့ကို အားကုန်ဆွဲပြီး ချန်းယန်ဆီသို့ ပြေးသွားလေ သည်။
ချန်းယန်က ကျန်းကျဲ့ကို လက်ပြပြီး ပြေးလာသည်။ အရင်ဆုံး ရှောင်ကားကို ပွေ့ချီ ပြီး ချစ်စဖွယ် ပွတ်သပ်သည်။ “ငါ့ကို လွမ်းနေတာလား”
ရှောင်ကားက သူမ၏ လုပ်သမျှ ကို ပုံစံတူ အောင် လိုက်လုပ်ပြ သည်။
ယနေ့ ချန်းယန်က နေကာဦးထုပ်ကို ဆောင်းထားကာ ကာတွန်းပုံပါသော အဖြူရောင် အင်္ကျီနှင့် နို့နှစ်ရောင် ကမ်းခြေဘောင်းဘီနှင့် ဖိနပ်တို့ကို တွဲဝတ်ထားပြီး အလွန် အသက်ဝင်လှသည်။
“ကျွန်မ ကားလ်ကို ကိုင် ထားမယ်” ချန်းယန်က ကျန်းကျဲ့၏ လက်မှ ကြိုးကို ယူလိုက်သည်။
“ကျန်းကျဲ့၊ ကျွန်မ အရင် နွေရာသီဖိနပ်ဝယ်ချင်တယ်”
“ကောင်းပြီ၊ ဆိုင်ကို သွားကြည့်ကြမယ်”
နှစ်ဦးသား ပုခုံးချင်းယှဉ်ပြီး လူသွားလမ်းပေါ်တွင် လမ်းလျှောက်ကြလေ သည်။