← Chapters

ရိုးရာစွမ်းရည် ၊ မထင်မှတ်ထားသောဆုလာဘ်

Vol. 7 Ch. 105

ရိုးရာစွမ်းရည် ၊ မထင်မှတ်ထားသောဆုလာဘ်

Vol. 7 Ch. 105

ကျန်းကျဲ့က ဟိုတယ် ခန်းမကြီးတွင် တစ်ပတ် ပတ်ပြီး ပြသထားသော လက်ရာများကို ကြည့်ပြီးနောက် ခြံဝင်းသို့ ထွက်ပြီး လမ်းလျှောက်လေ သည်။

သူက တိတ်ဆိတ်သော နေရာသို့ ရောက်လာပြီး စနစ် စာမျက်နှာကို တိတ်တဆိတ် ဖွင့်လိုက်သည်။

ကျပန်း တာဝန်၏ ဂုဏ်ကျက်သရေ တိုးတက်မှု မျဉ်း ပေါ်ရှိ ညွှန်တံက အမှတ် ၁၅ ကို ကျော်နေပြီး ဖြည်းဖြည်းချင်း ရွေ့နေဆဲဖြစ်သည်။

ဂုဏ်ကျက်သရေ တိုးလာသည့် နှုန်းက မနေ့ကထက် အနည်းငယ် ဆိုးရွား သည်။

ကျန်းကျဲ့ ယနေ့ သူ့လက်ရာက မနေ့ကကဲ့သို့ အာရုံစိုက်ခြင်းကို မရရှိသောကြောင့် ဖြစ်နိုင်သည်ဟု ယူဆမိသည်။

လမ်းလျှောက် ပြီးသောအခါ သူက ယနေ့ ရရှိမှုများကို စုစည်းရန် အခန်းသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ဆရာ ယင်၏ အဝေးမှ ခေါ်နေသည့် အသံကို ကြားလိုက်ရသည်။

ကျန်းကျဲ့က ဆရာ ယင်တွင် ကိစ္စတစ်ခုခု ရှိနေပုံ ရသည်ကို မြင် သောကြောင့် သူ့ဆီသို့ သွားပြီး “ဆရာ ယင်၊ဘာ ကိစ္စရှိလို့လဲ” ဟု မေးသည်။

ဆရာ ယင်က “လူတစ်ယောက်ကို သယ်ဖို့ ကူညီပေး နိုင်မလား” ဟု ပြောသည်။

ကျန်းကျဲ့က တစ်စုံတစ်ဦး အရက်မူးနေပြီဟု ထင်မှတ်ပြီး ချက်ချင်း သဘောတူလိုက်သည်။

ဆရာ ယင်က ကျန်းကျဲ့ကို စားသောက်ဆိုင်သို့ ခေါ်လာပြီး လမ်းလျှောက်ရင်း ရှင်းပြသည်။

ကိစ္စက ကျန်းကျဲ့ ခန့်မှန်းထားသည် နှင့် မတူပေ။

အသက် ငါးဆယ်ကျော် အဖိုးကြီး တစ်ဦးက ဂေါက် ရောဂါ ဖြစ်ပြီး နာကျင်သောကြောင့် လမ်းလျှောက်နိုင်ခြင်း မရှိတော့ပေ။

ကျန်းကျဲ့တို့ နှစ်ဦး စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ခေါင်းပြောင်နေသော အသက် ကြီးကြီး လူတစ်ဦးကို လူအနည်းငယ် ဝိုင်းနေသည်ကို တွေ့လိုက်ရသည်။

အဖိုးကြီးက ကုလားထိုင်ပေါ်တွင် မှီထားပြီး နာကျင်သောကြောင့် တစ်ကိုယ်လုံး ချွေးစေး များ ထွက်နေသည်။

ပတ်ဝန်းကျင်မှ လူများက ဤနေရာတွင် မနေဘဲ ဆေးရုံသို့ အမြန် ပြန်သွား ရန် အကြံပေးသည်။

ကျန်းကျဲ့က ပတ်ဝန်းကျင်မှ လူများ၏ ပြောစကားများ မှ သိလိုက်သည်။

ဤအဖိုးကြီး၏ ဂေါက် ရောဂါက ကျွမ်း နေပြီဖြစ်ပြီး အရက်သောက်ခြင်းကိုလည်း မရပ်နိုင် ပေ။ မနေ့ညနှင့် ယနေ့ နေ့လယ်တွင် ဝိုင်ဖြူကို နှစ်ကြိမ် သောက်ကာ ညနေတွင် နာကျင်သောကြောင့် လမ်းလျှောက်ရဲခြင်း မရှိတော့ပေ။

စီစဉ်သူ ဝန်ထမ်း တစ်ဦးက ခန်းမကြီးသို့ ပြန်လာကာ “ကျွန်တော်တို့ အဖိုး ရှဲ့ ကို ပြန်ပို့ပေးဖို့ ကားစီစဉ်ထားပြီးပါပြီ”

“ အဖိုး ရှဲ့ အိမ်ကို ဖုန်းခေါ်လိုက်လေ” ......

လူတိုင်းက တစ်ယောက်တစ်ပေါက် အကြံပေးကြသည်။

မကြာမီ ကားက ဟိုတယ် ရှေ့သို့ ရောက်ရှိလာသည်။

ကျန်းကျဲ့နှင့် ခန္ဓာကိုယ် သန်မာသော လူအချို့က အဖိုးကြီးကို သယ်ပြီး ကားပေါ်သို့ တင်ပေးသည်။

ဤအဖိုးကြီးက လူအနည်းငယ်ကို ဆက်တိုက် တောင်းပန်နေသည်။

ကား ထွက်ခွာသွားပြီး အဖြစ်အပျက် သေးသေးလေး ပြီးဆုံးသွား သည်နှင့် အသင်းဝင် အသစ်တစ်သုတ် ဟိုတယ်သို့ ရောက်ရှိလာသည်။ စားသောက်ဆိုင်က နောက်တစ်ကြိမ် အသက်ဝင် လာသည်။

ကျန်းကျဲ့က သူ့အခန်းသို့ ပြန်လာပြီး လက်ရာများကို ပြီးမြောက်စေ သည်။

ယနေ့တွင် ပုံဆွဲရန် အချိန် အများကြီးကို အသုံးပြုခဲ့သောကြောင့် ယနေ့၏ သင်ယူမှု စုဆောင်းခြင်းက နေ့စဉ် ပျမ်းမျှထက် ပိုများသည်။

သဘာဝအလှ ခြယ်ခြင်း လှုပ်ရှားမှု၏ ဒုတိယနေ့။

ဆရာ ယင်နှင့် သူ၏ လူအနည်းငယ်က တောင်တက်ခြင်းကြောင့် အရမ်း ပင်ပန်းကာ ခါး နာပြီး ခြေထောက် နာသောကြောင့် ဝေးဝေး မသွားနိုင်တော့ပေ။ ရွာ ပတ်ဝန်းကျင်တွင်သာ ပုံဆွဲရန် ဆုံးဖြတ်ကြသည်။

ကျန်းကျဲ့က လမ်းကို မသိသောကြောင့် သင့်တော်သော ပစ္စည်းကို ရှာဖွေရန် ရွာထဲသို့ သွားသည်။

နံနက်ပိုင်းတွင် ရိုးရာ အိမ် ရွာကို ဖော်ပြ သော ရေဆေးပန်းချီ သုံးချပ်ကို ဆွဲခဲ့ သည်။

နေ့လယ်ပိုင်းတွင် ရွာရှိ ကြိတ်ဆုံနှင့် သစ်ပင်ဟောင်း အချို့ကို ဖော်ပြရန် ရွေးချယ်ထားသည်။

ကျန်းကျဲ့က ဤပန်းချီကား အနည်းငယ်ကို ဆွဲသောအခါ လက်တွေ့ဆန်သော နည်းစနစ်ကို အသုံးပြုထားပြီး အလင်းနှင့် အရိပ် ပြောင်းလဲမှုကို အသားပေးထားသည်။

သူက တစ်ပုံ ဆွဲပြီးနောက် နားနေစဉ် အဝေးမှ ခြံဝင်း တံခါး ပွင့်လာပြီး အဘွားအို တစ်ဦးက ခြင်းတောင်းကို ကိုင်ကာ အပြင်ထွက်လာသည်။ ပုံကြမ်း ဆွဲနေသော ပန်းချီဆရာ အနည်းငယ်ဆီသို့ ဖြည်းဖြည်းချင်း သွားနေ သည်။

ကျန်းကျဲ့က အဘွားအိုသည် ဆရာ အနည်းငယ်ကို ဘာ ရောင်းနေသည်ကို မြင်၏။ သူစိတ်မဝင်စား ပေ။

သူက ပြီးစီးသော လက်ရာကို ဖြုတ်ပြီး စက္ကူအသစ်ကို အစားထိုးနေစဉ် အဘွားအိုက အနားသို့ ရောက်ရှိလာကာ ပန်းချီဆရာ တစ်ဦးကို ရောင်းချနေသည်ကို ကြားလိုက်ရသည်။ “ဆရာ၊ အဖွား ယောင်္ကျား ကိုယ်တိုင် လုပ်ထားတဲ့ စုတ်တံ တွေပါ။ ကြည့်ကြည့် ပါဦး၊ ကြိုက်တာများ ပါ ရဲ့လား”

ထိုပန်းချီဆရာ၏ အသက်လည်း မငယ်တော့ပေ။ သူက အဘွားအို၏ ခြင်းတောင်းကို ကြည့်လိုက်ကာ “အစ်မကြီး၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က များသောအားဖြင့် စုတ်တံ သိပ် မသုံးဘူး။ မင်း အခြား လူတွေကို သူတို့ သုံးမလားလို့ မေးကြည့်လိုက်ပါ။”

ကျန်းကျဲ့က အဘွားအိုက စုတ်တံ ရောင်းနေသည်ကို ကြားသောအခါ ပိုပြီး အာရုံစိုက်လာသည်။

အဘွားအိုက မီးခိုးရောင် ရိုးရာ အဝတ်အစားကို ကိုယ်လုံးပြည့် ဝတ်ဆင်ထားသည်။ ဆံပင် ဖြူနေပြီး နောက်တွင် ထုံးထားသည်။

သူမက ခြင်းတောင်းကို ကိုင်ပြီး အနီးအနားရှိ ပန်းချီဆရာများကို တစ်ယောက်ပြီးတစ်ယောက် ရောင်းလေ သည်။ သို့သော် တစ်ဦးမျှ မဝယ်ကြ ပေ။ နောက်ဆုံးတွင် ကျန်းကျဲ့ဆီသို့ သွားလေ သည်။

ကျန်းကျဲ့က အဘွားအို လာသည်ကို မြင်သောအခါ အရင် ထပြီး စောင့်နေသည်။

အဘွားအိုက ကျန်းကျဲ့ အနားသို့ ကပ်လာကာ “ဆရာ၊ ဆရာ စုတ်တံ လိုသေး လား။ အဖွား ရဲ့ စုတ်တံတွေက စုတ်တံကောင်း တွေပါ”

ကျန်းကျဲ့က အဘွားအို၏ ခေါ်ဆိုမှုက ယဉ်ကျေးရုံသာ ဖြစ်သည်ကို နားလည်သည်။ သို့သော် ဆရာဟု ခေါ်ခံရသောအခါ အနည်းငယ် ရှက်မိသည်။ “အဖွား၊ ကျွန်တော်က ဆရာ မဟုတ်ပါဘူး။ ကျွန်တော်က ကျောင်းသားပါ။ အဖွား အရင် ထိုင်လိုက်ပါ။ ကျွန်တော် ကြည့်ပါရစေ”

အဘွားအိုက ပြုံးလိုက်ပြီး သူမ၏ လက်ထဲမှ ခြင်းတောင်းကို ကျန်းကျဲ့ ရှေ့တွင် ချလိုက်သည်။

ခြင်းတောင်းက အလွန် ဟောင်းနွမ်းနေပြီး အတွင်းတွင် မီးခိုးရောင် အဝတ် တစ်ခု ခင်းထားသည်။ မီးခိုးရောင် အဝတ်ပေါ်တွင် စုတ်တံ သုံးစည်း ရှိကာ တစ်စည်းတွင် စုတ်တံ ဆယ်ချောင်းကျော် ပါသည်။

ကျန်းကျဲ့က အဘွားအို၏ အဝတ်အစားမှ သူမ၏ ဘဝသည် ခက်ခဲနေသည်ဟု ခန့်မှန်းမိ၏။

သူက စုတ်တံ၏ အရည်အသွေး သိပ် မဆိုးပါက အချို့ ဝယ်ယူပြီး အဘွားအိုကို တစ်ကြိမ် ကူညီရန် ဆုံးဖြတ်ထားသည်။

အဘွားအိုက ကျန်းကျဲ့ကို မိတ်ဆက်ပေးသည်။

“စုတ်တံ သုံးမျိုး ရှိပါတယ်။ ဝံပုလွေ အမွေး စုတ်တံအသေး၊ တိမ်ဖြူ စုတ်တံအကြီး၊ သိုးမွေး စုတ်တံအကြီးတို့ပါ။ ဒီစုတ်တံတွေ အကုန်လုံးက အဖွား ယောင်္ကျား ကိုယ်တိုင် လုပ်ထားတာ။ သူက အရင်က အဖွား တို့ မြို့ စုတ်တံ စက်ရုံမှာ အလုပ်လုပ်တယ်။ နောက်ပိုင်း စုတ်တံ စက်ရုံ ပိတ်သွားတော့ သူက အလုပ် အကိုင် သေးသေးလေး လုပ်တယ်။ ခု အိမ်မှာ နားနေတယ်။ သူ အားနေ လို့ စုတ်တံ အနည်းငယ် လုပ်ထားတာ။ အကုန်လုံး သုံးလို့ရ ပါတယ်ကွယ်”

ကျန်းကျဲ့က ဝံပုလွေ အမွေး စုတ်တံ အသေး တစ်ချောင်းကို ယူလိုက်သည်။

စုတ်တံ လက်ကိုင်က အနီရောင် ဝါး လက်ကိုင်ဖြစ်ကာ စုတ်တံ ထိပ်ဖျား၏ ဗြက်က ၅ ၆ မီလီမီတာ ခန့်ဖြစ်ပြီး ထိပ်ဖျား အရှည်က ၂ စင်တီမီတာ ခန့်ဖြစ်သည်။

တိမ်ဖြူ စုတ်တံက အနည်းငယ် ပိုကြီးပြီး သိုးမွေး စုတ်တံက အကြီးဆုံးဖြစ်သည်။ ထိပ်ဖျား အရှည်က ၃ စင်တီမီတာ ခန့်ဖြစ်သည်။

စုတ်တံ သုံးမျိုးစလုံး၏ အရွယ်အစားက သေးငယ်သည်။

ကျန်းကျဲ့က ရွေးရင်း မေးသည်။ “အဖွား၊ ဒီစုတ်တံ သုံးမျိုးရဲ့ စျေးက ဘယ်လောက်လဲ”

အဘွားအိုက “ဝံပုလွေ အမွေး စုတ်တံက တစ်ချောင်းကို ၃၉ ယွမ်။ တိမ်ဖြူ စုတ်တံက တစ်ချောင်းကို ၃၅ ယွမ်။ သိုးမွေး စုတ်တံက တစ်ချောင်းကို ၂၆ ယွမ်ပါ” ဟု ပြောသည်။

ကျန်းကျဲ့၏ လက် ရပ်သွားသည်။ ဤစျေးနှုန်းက မနည်းပေ။

၂၀၀၁ ခုနှစ်တွင် ဈေးကွက်တွင် နိုင်လွန် အမွေး ရောနှောထားသော စုတ်တံများ ပေါ်လာသည်။ ဆယ်ဂဏန်း ကျော် စျေးနှုန်းရှိသော စုတ်တံ သေးသေးလေးများပင် အဆင့်မြင့် စုတ်တံများ ဖြစ်သည်။

သူက အဘွားအို၏ စုတ်တံများ ရောင်းရရန် အဘယ်ကြောင့် ခက်ခဲသည်ကို နားလည်သွားသည်။

ကျန်းကျဲ့က ခဏ တွေဝေသွားပြီး အဘွားအိုကို “အဖွား၊ ကျွန်တော် ရေသန့်နဲ့ စမ်းကြည့်လို့ ရမလား” ဟု မေးသည်။

“ရပါတယ်” အဘွားအိုက စုတ်တံ မွေး ပြန့်ကျဲနေသော ဝံပုလွေ အမွေး စုတ်တံ တစ်ချောင်းကို ထုတ်ပြီး ကျန်းကျဲ့ကို ပေးသည်။

ကျန်းကျဲ့က စုတ်တံကို ရေဖြင့် နှစ် ပြီး ဘယ်ဘက် လက်ဖမိုးပေါ်တွင် ရေးရာ စုတ်တံ ထိပ်ဖျား၏ ပြောင်းလွယ်ပြင်လွယ်နိုင်သည် ကို ခံစားရ၏။

သူက လက်ရေးလှ စာလုံး အချို့ကို ရေးပြီး အံ့အားသင့်သွားကာ ဤ ဝံပုလွေ အမွေး စုတ်တံက အလွန် သုံးရလွယ် သည်ကို တွေ့လိုက်သည်။ စုတ်တံ ထိပ်ဖျားက ပြောင်းလွယ်ပြင်လွယ် ရှိသည်။ သဘာဝ ပျော့ပြောင်းမှု ရှိသည်။ မပြန့်ကျဲပေ။ ဖိခြင်း၊ မ ခြင်း၊ လှည့်ခြင်း စသော မတူညီသော လှုပ်ရှားမှုများဖြင့် အားက စုတ်တံ ထိပ်ဖျားသို့ ချောမွေ့စွာ ရောက်ရှိနိုင်သည်။

ကျန်းကျဲ့က လက်ရေးလှ စသည့် စွမ်းရည် များကို ရရှိပြီးနောက် စုတ်တံအပေါ် နားလည်မှုလည်း တိုးလာသည်။

လူများစွာက ဝံပုလွေ အမွေးကို ပြောသောအခါ ပျော့ပြောင်းသည်ဟု ထင်ကြသည်။ အမှန်မှာ ဤသည်မှာ အထင်အမြင် လွဲမှားမှု ဖြစ်ပြီး အမှန်တကယ် ဝံပုလွေ အမွေးက သိုးမွေးထက် အနည်းငယ်သာ ပိုမို ပျော့ပြောင်းသည်။

ပျော့ပြောင်းမှု အလွန် အားကောင်းသော ဝံပုလွေ အမွေးက အတွင်းတွင် နိုင်လွန် ချည်မျှင်နှင့် ရောနှောထားလေ သည်။

ကျန်းကျဲ့က “အဖွား၊ ဝံပုလွေ အမွေး စုတ်တံကို ဘယ်ပစ္စည်းနဲ့ ခိုင်အောင် လုပ်ထားတာလဲ” ဟု မေးသည်။

အဘွားအိုက “အဖွား လည်း သိပ် နားမလည်ဘူး။အဖွား ယောင်္ကျား ပြောတာတော့ အတွင်းမှာ ဂျူ့ အမျှင် ထည့်ထားတာတဲ့။

ဂျူ့ အမျှင်က ဖြီးရတာ အရမ်း ခက်ခဲတယ်။ ဂျူ့ အမျှင် ပါတဲ့ စုတ်တံက ရေစုပ်ယူမှု ကောင်းပြီး စုတ်တံ ထိပ်ဖျားက မှင်စုပ်နိူင်တယ် ။ ကောင်းကောင်း သုံးနိုင်တယ်။

အဖွား ယောင်္ကျား က စုတ်တံ လုပ်တဲ့အခါ အခြား ပစ္စည်း မသုံး ဘူး။ နောက် နှစ်မျိုးကလည်း ဂျူ့ အမျှင်နဲ့ ပဲလုပ်ထားတာ” ဟု ပြောသည်။

ကျန်းကျဲ့က ဤသို့သော အခြေအနေမျိုးကို ကြုံတွေ့ရမည်ကို စိုးရိမ်မိသည်။ စမ်းကြည့်ရန် ပေးသော စုတ်တံက ကောင်းနေသော်လည်း ပို ဝယ်သောအခါ အရည်အသွေး မတူမည်ကိုပင် ။

အဘွားအိုက ကျန်းကျဲ့၏ သံသယကို နားလည်ပုံ ရသည်။ “စိတ်မပူပါနဲ့။ အဖွား ယောင်္ကျား က စုတ်တံကို ရွေးတယ့်အခါ အရမ်းဂရုစိုက်တာ ”

ကျန်းကျဲ့က စုတ်တံ သုံးမျိုးစလုံးကို စမ်းကြည့်ပြီး ဝံပုလွေ အမွေးနှင့် တိမ်ဖြူ စုတ်တံက အကောင်းဆုံး ဖြစ်သည်ကို တွေလိုက်သည်။ သိုးမွေး စုတ်တံက သာမန်သာ ဖြစ်သည်။

အဘွားအိုက တိမ်ဖြူ စုတ်တံက သိုးမွေး အမွေး စုတ်တံကို အတွင်း ခံထားပြီး အပြင်ဘက် အလွှာကလည်း သိုးမွေး အမွေး ဖြစ်သည်ဟု ကျန်းကျဲ့ကို ပြောပြသည်။

“အဖွား ယောင်္ကျား ပြောတာတော့ ဒီစုတ်တံကို မူလက တိမ်ဖြူလို့ပဲ ခေါ်တာ။ အရင်က ရိုးရာ တိမ်ဖြူ စုတ်တံ လုပ်ပုံ လုပ်နည်းပဲ။ စုတ်တံ စက်ရုံ အချို့က အတွင်းခံမှာ ခရမ်းရောင် အမွေး ထည့်ကြတယ်။ ဒီမှာ ခရမ်းရောင် အမွေး ကောင်းကောင်း မဝယ်နိုင်ဘူး။ ဒါကြောင့် ဂျူ့ အမျှင်ကို ထည့်ပြီး ခိုင်အောင် လုပ်တာ”

ကျန်းကျဲ့က ဝံပုလွေ အမွေး စုတ်တံ ငါးချောင်းနှင့် တိမ်ဖြူ စုတ်တံ ငါးချောင်းကို ရွေးလိုက်သည်။

အဘွားအိုက အလွန် ပျော်ရွှင်စွာ ပြုံးပြီး ကျန်းကျဲ့ကို “စုတ်တံတွေက နာမည် ထွင်းထားတာ မရှိဘူး။ နာမည် ထွင်းချင်ရင် အဖွား ယောင်္ကျားက အခမဲ့ ထွင်းပေးနိုင်တယ်” ဟု ပြောသည်။

“ဪ၊ တကယ်လား” ကျန်းကျဲ့က စိတ်ဝင်စားလာသည်။

အဘွားအိုက သူမ၏ အိမ်ကို လက်ညှိုးထိုးပြကာ “အဖွား ယောင်္ကျားက လမ်းလျှောက်ရတာ အဆင်မပြေဘူး။ အိမ်မှာပဲ စုတ်တံ လုပ်တာ။ မင်း အဖွား တို့ အိမ်ကို လိုက်လာလို့ရတယ်။ အဖွား ယောင်္ကျားက စုတ်တံမှာ နာမည် ထွင်းပေးလိမ့်မယ်”

“ကောင်းပါပြီ၊ကျွန်တော် လိုက်ခဲ့ပါ့မယ်”

.......

ကျန်းကျဲ့က အဘွားအိုနှင့်အတူ ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

ခြံဝင်းက မကြီးပေ။ အိပ်ခန်း နှစ်ခန်းနှင့် ဘေးခန်း တစ်ခန်းသာ ရှိသည်။

အဖိုးကြီး တစ်ဦးက ဟောင်းနွမ်းသော သစ်သား စားပွဲ ရှေ့တွင် ထိုင်နေပြီး စုတ်တံ ထိပ်ဖျားကို ဓားဖြင့် ညှိနေသည်။

အဖိုးကြီးက အသံကို ကြားသောအခါ ခေါင်းကို မော့လိုက်ပြီး ကျန်းကျဲ့ကို မြင်လိုက် သည်။

အဘွားအိုက ကျန်းကျဲ့ကို မိတ်ဆက်ပေးသည်။

အဖိုးကြီးက ကျန်းကျဲ့ ရွေးထားသော စုတ်တံများကို ယူပြီး “ဘာစာလုံး ထွင်းချင်လဲ” ဟု မေးသည်။

ကျန်းကျဲ့က ထွင်းမည့် စာသား ကို စဉ်းစားပြီးသား ဖြစ်သည်။

“ဝံပုလွေ အမွေး စုတ်တံမှာတော့ 'အိပ်မက် စုတ်တံ ပန်းပွင့်' လို့ ထွင်းပေးပြီး အောက်မှာ ကျွန်တော့် နာမည် ကျန်းကျဲ့ ထွင်းပေးပါ။ 'ကျန်းကျဲ့ မှာယူသည်' လို့ ထွင်းပေးပါ။

တိမ်ဖြူ စုတ်တံမှာတော့ 'စိမ်းလန်းသော တောင်တန်းနှင့် တိမ်ဖြူ' လို့ ထွင်းပေးပြီး အောက်မှာ 'ကျန်းကျဲ့ မှာယူသည်' လို့ ထွင်းပေးပါ”

အဖိုးကြီးက စာသား ကို နားလည်သောအခါ အဘွားအိုကို အထူးဓား ယူလာခိုင်းပြီး နာမည် စ ထွင်းသည်။

သူက ပုံကြမ်း မရေးပေ။ လက်တစ်ဖက်ဖြင့် စုတ်တံ လက်ကိုင်ကို ကိုင်ပြီး စုတ်တံ၏ တစ်ဖက်ကို စားပွဲပေါ်တွင် ထောက်ထားသည်။ အခြား လက်ဖြင့် ဓားကို ကိုင်ပြီး စုတ်တံ လက်ကိုင်ပေါ်တွင် ပွတ်ဆွဲနေ သည်။

တစ်ကြိမ် သွားပြီး တစ်ကြိမ် ပြန်လာကာ အလျားလိုက် မျဉ်း လေး ထွင်းသည်။ ထို့နောက် ဒုတိယ မျဉ်းကို ထွင်းသည်။

အဖိုးကြီး၏ ထွင်းသည့် နည်းလမ်းက စာရေးခြင်းနှင့် ဆင်တူသည်။ သို့သော် တစ်ခါတစ်ရံ ပြုပြင်မှုများ ရှိသည်။ အချို့ စာလုံးများကို လုံးဝ ထွင်းပြီးမှသာ မျဉ်း အချို့၏ ရည်ရွယ်ချက်ကို နားလည်နိုင်သည်။

ကျန်းကျဲ့က စိတ်ဝင်စားစရာ ကောင်းသည်ကို မြင်သောအခါ ပိုပြီး အလေးအနက်ထားကာ လေ့လာသည်။

အဖိုးကြီး၏ စွမ်းရည် က အလွန် ကောင်းမွန်ပြီး မကြာမီ စုတ်တံ တစ်ချောင်း ပြီးသွားသည်။ ထွင်းထားသော စာလုံးများတွင် အရောင် ထည့်ရန် လိုအပ်လားဟု ကျန်းကျဲ့ကို မေးသည်။

ကျန်းကျဲ့က မလိုအပ်ကြောင်း ပြောသည်။

သူက ထွင်းပြီးသော စုတ်တံကို ယူပြီး အသေးစိတ်ကို စစ်ဆေးသည်။

အဖိုးကြီး၏ ထွင်းတာက အလွန် လှပပြီး အစိတ်အပိုင်း အချို့နှင့် စာလုံး တစ်ဝက်တွင် လက်ရေးလှ အငွေ့အသက် ပါနေ သည်။

ကျန်းကျဲ့က ပို ကြည့်လေလေ ဤစုတ်တံက ထူးခြားသော အလှတရား ရှိသည်ဟု ခံစားရလေလေ ဖြစ်သည်။ ရိုးရာ ထွင်းမှုက ရိုးရှင်းသော စုတ်တံ လက်ကိုင်နှင့် လိုက်ဖက်လှသည်။

ထိုအချိန်တွင် စနစ်မှ သတိပေးချက် ပေါ်လာကာ ပိုင်ရှင်သည် ရိုးရာ စုတ်တံ ပြုလုပ်ခြင်း စွမ်းရည် နှင့် ထိတွေ့ခဲ့သည်။ အဖိုးကြီး ပန်းပုဆရာ၏ ထွင်းထုခြင်းကို ကြည့်ပြီး ရိုးရာ လက်မှုပညာကို တန်ဖိုးထားခြင်း အတွေ့အကြုံကို စတင်လိုက်ပြီဖြစ်သည်။

စနစ်က ပိုင်ရှင်၏ အတွေ့အကြုံ အရ ဆုများကို ချီးမြှင့်မည်ဖြစ်သည်။

ကျန်းကျဲ့က သတိပေးချက်ကို ဖတ်ပြီး အဖိုးကြီးက မကြာမီ ပြီးတော့မည်ကို တွေ့လိုက်သည်။

အတွေ့အကြုံက ပြီးတော့မှာလား။ မဖြစ်ဘူး။

သူက ချက်ချင်း စဉ်းစားကာ “ပန်းပုဆရာ ကြီး။ ဒီမှာ အခြားစုတ်တံများ ရှိသေးလား” ဟု မေးသည်။

အဖိုးကြီးက “ရှိပါတယ်။ ငါ အခြား အရွယ်အစားတွေလည်း လုပ်ဖူးတယ်” ဟု ပြောသည်။

အဘွားအိုက သစ်သား သေတ္တာကြီး နှစ်လုံးကို ထုတ်လာသည်။

သစ်သား သေတ္တာ အတွင်းတွင် စုတ်တံ ဆယ်ချောင်းကျော်ကို အမျိုးအစား အလိုက် ထားရှိသည်။

ကျန်းကျဲ့က ဂျူ့ အမျှင် ထည့်ထားသော သိုးမွေး စုတ်တံ ငါးချောင်း၊ ထိပ်ဖျား အရှည် ၃ စင်တီမီတာ ရှိသော ဝံပုလွေ အမွေး စုတ်တံ ငါးချောင်း၊ ဝံပုလွေ အမွေး စုတ်တံအသေး ငါးချောင်းကို ရွေးပြီး အဖိုးကြီးကို နာမည် ထွင်းရန် တောင်းဆိုသည်။

အဖိုးကြီးက အလွန် ပျော်ရွှင်ပြီး သူ ရွေးချယ်ခဲ့သော ထိပ်ဖျား အရှည် ၃ စင်တီမီတာ ရှိသော ဝံပုလွေ အမွေး စုတ်တံက အရင်က လန်ကျူး (သစ်ခွဝါး) စုတ်တံ ဖြစ်သည်ဟု ပြောပြရာ အဆင့်မြင့် စုတ်တံ တစ်မျိုး ဖြစ်သည်။

စုတ်တံ အတွင်းခံကို ဝံပုလွေ အမြီး အမွေးနှင့် မြွေပွေး အမွေးတို့ကို ပေါင်းစပ်ပြီး ဂျူ့ အမျှင် ထည့်ကာ ပြုလုပ်ထားကာ အပြင်ဘက်တွင် ဝံပုလွေ အမွေး တစ်လွှာ ဖုံးအုပ်ထားသည်။

ကျန်းကျဲ့က အဖိုးကြီး၏ ထွင်းထုမှုများကို တန်ဖိုးထားရင်း အဖိုးကြီး၏ စုတ်တံအကြောင်း ပြောပြသည်ကို နားထောင်နေ သည်။

အဖိုးကြီးက သူ အကျွမ်းကျင်ဆုံးမှာ ရောနှောထားသော အမွေး စုတ်တံနှင့် ဝံပုလွေ အမွေး စုတ်တံ ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောပြီး သူ စုတ်တံ စက်ရုံတွင် လုပ်ကိုင်ခဲ့သော နေ့ရက်များအကြောင်းလည်း ပြောပြသည်။

အဖိုးကြီးက ကျန်းကျဲ့ ဝယ်ယူသော စုတ်တံများအားလုံးကို ထွင်းထုပြီးသောအခါ ကျန်းကျဲ့သည် စနစ် သတိပေးချက်ကို နောက်တစ်ကြိမ် ကြားလိုက်ရ၏။

ပိုင်ရှင်သည် အလွန် ကောင်းမွန်သော ရိုးရာ အတတ်ပညာကို တန်ဖိုးထားပြီး ထိတွေ့ခဲ့သည်။ ခံစားမှု အရည်အချင်း ကို ဖွင့်လှစ်လိုက်ပါပြီ။ ကံစမ်းမဲ တစ်ကြိမ် ရရှိသည်။

ကျန်းကျဲ့က ငွေရှင်းပြီး အဖိုးအို အဘွားအို နှစ်ဦးနှင့် နှုတ်ဆက်သည်။ ခြံဝင်းငယ်လေးမှ ထွက်လာပြီးနောက် သူ့မျက်နှာပေါ်တွင် အပြုံး ပေါ်လာသည်။

ဤစုတ်တံများ၏ စျေးနှုန်းက မနည်းပေ။ သို့သော် ကံစမ်းမဲ တစ်ကြိမ် ရရှိခြင်းက ပိုမို ရှားပါးသော အရာ ဖြစ်လေ သည်။

All Chapters