ရုတ်တရက် ထိတ်လန့်သွားခြင်း (၂)
Vol. 21 Ch. 306
ကျောက်ကျိန့်၊ ဟယ်ပီရှိုနဲ့ ဟွာဟွာတို့ အားလုံး တိတ်ဆိတ်နေကြပြီး သူတို့၏ နှလုံးခုန်သံတွေကလည်း ဗုံတီးနေသလို ကျယ်လောင်နေကြသည်။
သူတို့လှေကားထစ်ပေါ်ကို တက်လိုက်ချိန်မှာ အမျိုးသမီးနဲ့ အရမ်းနီးကပ်သွားပေမယ့် သူမကို တိုက်ရိုက်မကြည့်ရဲဘဲ မျက်လုံးထောင့်ကနေ သူမ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။
ယန်ကျွင်းဇဲ တစ်ယောက်တည်းသာ သူ့အကြည့်ကို အဲဒီဘက်မှာ ဆက်ထားနေသည်။
သူတို့လေးယောက် လှေကားကို အမြန်တက်နေစဉ် ထိုင်နေတဲ့အမျိုးသမီးက သူမ၏ ကိုယ်လက်များက အရမ်းကို တောင့်တင်းနေသလိုမျိုး လည်ပင်းကို ရစ်ပတ်လိမ်ချိုးပြီး ကျွီခနဲအသံနဲ့ သူမ၏ခေါင်းကို လှေကားဘက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်လေသည်။
ယန်ကျွင်းဇဲက အရိုးများ ပွတ်တိုက်သံကို ရှင်းလင်းစွာကြားလိုက်ရပြီး သူ့ရှေ့က သုံးယောက်ကို အမြန်တွန်းပြီး အထပ်ပေါ်သို့ ရောက်အောင်တွန်းပို့ကာ ထမင်းစားဆောင်ထဲကို ဝင်ရောက်စေလိုက်သည်။
သူ့ရင်ထဲမှာ သံသယတွေ ပြည့်နေသည်၊
ဤအမျိုးသမီးက သာမန်လူတစ်ယောက်မဟုတ်ဘဲ 'ထူးဆန်းမှု' တစ်ခုခုဖြစ်နေနိုင်သည်။ ဒါပေမယ့် သူမက ဘာလို့ ထိုင်နေတာလဲ၊ ဘာလို့ သူမ၏ကျောက အပြင်ဘက်ကို လှည့်နေတာလဲ။
ဒီမြင်ကွင်းက သူ ပထမဆုံးအကြိမ် မီးပုံးကိုင်အမျိုးသမီးကို တွေ့ခဲ့ရတဲ့အဖြစ်အပျက်နဲ့ အိပ်မက်ထဲမှာ သူမ ပေါ်လာပုံနဲ့ တူနေသည်။
"ဒီလောက်တောင် တိုက်ဆိုင်တာတော့ မဖြစ်နိုင်ပါဘူး" လို့ ယန်ကျွင်းဇဲက သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိသည်။
"ဟေး၊ တိုက်ဆိုင်လိုက်တာ!" ဟယ်ပီရှိုက အဲဒီအချိန်မှာ ရုတ်တရက် အော်ပြောလိုက်ပြီး သူ့အကြည့်က ထမင်းစားဆောင်ကနေ ထွက်လာတဲ့ တစ်ယောက်ကို စိုက်ကြည့်နေသည်။
ဟွာဟွာကလည်း "ကျန်းယင်၊ မင်း ဒီလောက်နောက်ကျတဲ့အထိ စားနေတာလား" လို့ ပြောလိုက်သည်။
အဲဒီလူက တကယ်ပဲ ကျန်းယင်ဖြစ်သည်။
ကျန်းယင်လည်း တိုက်ဆိုင်သည်လို့ ယူဆပြီး ခေါင်းညိတ်ပြသည်၊ ယန်ကျွင်းဇဲကို တစ်ချက်ကြည့်လိုက်ပြီးမှ ကျောက်ကျိန့်ဘက်ကို လှည့်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
ကျောက်ကျိန့်က ပြုံးရယ်နေပြီး စကားပြောတော့မယ့်အချိန်မှာ ရုတ်တရက် တုန်လှုပ်သွားပြီး ကျန်းယင် ပခုံးနောက်ဘက်ကို လှမ်းကြည့်လိုက်သည်။
လျောင်ကျင်းက လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ လိမ္မော်ရည်နှစ်ခွက်ကို ကိုင်ပြီး အနီးကိုရောက်လာပြီး “ကျန်းယင် ဖြည်းဖြည်းသွားပါဦး။ မင်းအတွက် လိမ္မော်ရည်တစ်ခွက် ဝယ်လာတာ။ ဘာလို့ဒီလောက်အလျင်စလိုဖြစ်နေရတာလဲ” လို့ ပြောလိုက်လေသည်။
လူတိုင်း၏အကြည့်က လျောင်ကျင်းဆီကို ရောက်သွားတော့ သူမရပ်တန့်လိုက်သည် "ဘာလဲ? ဘာလို့ အားလုံးက ငါ့ကို ကြည့်နေကြတာလဲ"
သူမစကားဆုံးတော့ ယန်ကျွင်းဇဲလည်း အဲဒီမှာရှိနေတာကို ရုတ်တရက် သတိထားမိပြီး သူမကို ကြည့်နေတဲ့ ယန်ကျွင်းဇဲ၏ မျက်လုံးထဲမှာ အံ့အားသင့်နေတဲ့အသွင်ကို တွေ့လိုက်ရသည်။
လျောင်ကျင်း ချက်ချင်းပဲ အေးဆေးမနေနိုင်တော့ပေ။ သူမ တစ်ကိုယ်လုံး တုန်ယင်လာပြီး "ယန်… ယန်ကျွင်းဇဲ၊ ဘာလို့… ဘာလို့ မင်းက… ငါ့ကို အဲဒီလိုကြည့်နေတာလဲ? ငါ့နောက်မှာ တစ်ယောက်ယောက်… ရှိနေလား? ဒါမှမဟုတ် တစ်ယောက်ယောက်က… ငါ့ပခုံးပေါ်မှာ ထိုင်နေလား? ယော… ကျာ်းလေးလား… ဒါမှမဟုတ် မိန်းကလေးလား" လို့ ထစ်အစွာ မေးလိုက်သည်။
တခြားသူတွေက သူမကို ဒီလိုကြည့်တာက အဆင်ပြေပေမယ့် ယန်ကျွင်းဇဲတော့ မဖြစ်ပေ။ ဘာကြောင့်လဲဆိုတော့ သူမ၏နှလုံးသားထဲမှာ ယန်ကျွင်းဇဲက ထူးဆန်းမှုတွေကို အထူးသတိထားမိနိုင်တဲ့စွမ်းရည်ရှိသည်ဆို
တာကို လျောင်ကျင်း ကောင်းစွာသိနေလို့ဖြစ်ပေသည်။
သူက သူမကို အဲဒီလိုကြည့်နေတယ်ဆိုရင် ဒါက ကောင်းတဲ့အရာ မဖြစ်နိုင်ပေ။
'ဆယ်တစ်ယောက်မြောက်လူ' တာဝန်ကို မကြာသေးခင်ကပဲ ကြုံတွေ့ခဲ့ရတာကြောင့် လျောင်ကျင်းစိတ်ထဲမှာ အရိပ်တွေနဲ့ ထင်နေဆဲပဲ။ ယန်ကျွင်းဇဲ သူမကို ရုတ်တရက် စိုက်ကြည့်နေတာကို မြင်တော့ သူမက အတော်လေး ကြောက်လန့်နေခဲ့သည်။
သူမ အဲဒီလောက်အထိ တုန်လှုပ်နေတာကို မြင်တော့ ယန်ကျွင်းဇဲက ဘာတုံ့ပြန်မှုမှ ထပ်မပြရဲတော့ဘဲ သူ့မျက်လုံးတွေကို ပွတ်လိုက်ပြီး ဟန်ဆောင်ကာ "ပြောသားပဲ! ငါ မင်းကို တခြားတစ်ယောက်နဲ့မှားနေတာလားလို့ ကြောက်နေတာ၊ ဒါပေမယ့် ဒါက တကယ်ပဲ လျောင်ကျင်းပဲ။ ရက်အနည်းငယ်လောက် မတွေ့ရတာ၊ ဘယ်လိုလုပ် ဒီလောက်တောင် ပိန်သွားတာလဲ? အင်း၊ ပိုပြီးလှလာတယ်" လို့ ပြောလိုက်သည်။
'ပိုပိန်သွားသည်' နဲ့ 'ပိုလှလာသည်' လို့ ပြောလိုက်တာက မိန်းကလေးတိုင်းအတွက် ပျော်စရာကောင်းတဲ့စကားလုံးတွေပါပဲ။
လျောင်ကျင်းက ခဏတာ အံ့အားသင့်သွားပြီး သူမ၏နှလုံးသားထဲက ကြောက်စိတ်က ချက်ချင်းပဲ အတန်ငယ်လျော့နည်းသွားသည်။
အခုအချိန်မှာတော့ ယန်ကျွင်းဇဲက တခြားသူတွေကို တံတောင်နဲ့ တွန်းလိုက်ပြီဖြစ်လို့ ဟယ်ပီရှိုက မြန်မြန်ဆန်ဆန်တုံ့ပြန်ပြီး "ငါလည်း ပြောနေတာ၊ မင်းတကယ် ပိုပြီးကြည့်ကောင်းလာတယ်" လို့ ဆက်ပြောလိုက်လေသည်။
"ငါ့ထက် ပိန်တဲ့အကြောင်း ပြောဖို့ ဘယ်သူမှ အရည်အချင်းမရှိဘူး၊ ကျင်းကျင်း။ သူတို့ပြောတာကို နားမထောင်နဲ့။ မနက်ဖြန် ငါ့ဆီလာခဲ့၊ ငါ့ ပိန်အောင်လုပ်ခဲ့တဲ့အကြောင်းတွေကို ပြောပြပေးမယ်" လို့ ဟွာဟွာက ထပ်ပြော လိုက်လေသည်။
ကျောက်ကျိန့်က ခေါင်းညိတ်ပြပြီး ဘာမှမပြောပေ။ အဓိကကတော့ ကျန်းယင်ရှိနေတာကြောင့် တခြားသူတွေနဲ့အတူ လျောင်ကျင်းကို မြှောက်ပင့်ပြောဆိုဖို့ အဆင်မပြေလို့ပဲ။
သို့ပေမယ့် သူ့၏အကြည့်ကလည်း အံ့အားသင့်နေတာကနေ ပြောင်းလဲသွားသည်။
"မင်းတို့အားလုံး ဘာလို့ ဒီလောက်နောက်ကျမှ စားနေကြတာလဲ" လို့ ကျန်းယင်က သိချင်စွာမေးလိုက်သည်။
"ယန်ကျွင်းဇဲ ဒီနေ့မှ ကျောင်းပြန်ရောက်တာ၊ ငါတို့ စကားနည်းနည်းပိုပြောလိုက်လို့ပါ" လို့ ကျောက်ကျိန့်က ရှင်းပြသည်။
ကျန်းယင်က ယန်ကျွင်းဇဲကို ကြည့်လိုက်ပြီး နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းညိတ်လိုက်ကြသည်။
ကျန်းယင်က "အင်း၊ မင်းတို့စားတာကို အေးအေးဆေးဆေးစားကြ၊ ငါတို့အရင်ပြန်နှင့်မယ်" လို့ ပြောလိုက်သည်။
သူမပြောရင်းနဲ့ လျောင်ကျင်၏လက်ထဲက လိမ္မော်ရည်တစ်ခွက်ကို ယူလိုက်ပြီး ကျောက်ကျိန့်ကို "ဒါက လတ်လတ်ဆတ်ဆတ် ဝယ်ထားတာ၊ ယူလိုက်" လို့ ပြောလိုက်သည်။
"မယူတော့ဘူး၊ မင်းပဲ သောက်လိုက်ပါ" လို့ ကျောက်ကျိန့်က လက်ခါပြလိုက်သည်။
ကျန်းယင်က ဘာမှထပ်မပြောဘဲ လျောင်ကျင်းနဲ့အတူ ထွက်သွားသည်။
ကျောက်ကျိန့်က အစတုန်းက သူတို့ကို လိုက်ပို့ချင်ပေမယ့် တခြားလူအများအပြားလည်း စားသောက်ပြီး ထွက်သွားကြလို့ ခုနစ်ယောက်၊ ရှစ်ယောက်လောက် အတူတူရှိနေတာကြောင့် ဘာမှစိတ်ပူစရာမလိုတော့ပေ။
ကျောက်ကျိန့်က သူတို့နောက်ကနေ လိုက်သွားပြီး ထမင်းစားဆောင် အဝင်ဝကနေ အပြင်ဘက်ကို ခဏတာချောင်းကြည့်လိုက်ပြီးမှ အမြန်ပြန်ဝင်လာသည်။
"ရှိနေသေးလား" လို့ ဟယ်ပီရှိုက မေးလိုက်သည်။
"မရှိတော့ဘူး၊ ဘာမှမတွေ့ဘူး" လို့ ကျောက်ကျိန့်က ခေါင်းခါပြလိုက်သည်။
"အပြင်မှာ ထိုင်နေတဲ့မိန်းကလေးက လျောင်ကျင်းနဲ့ အရမ်းတူတယ်။ သူမက လျောင်ကျင်းနဲ့ရုပ်ချင်းဆင်နေတာများလား" လို့ ဖက်တီးဟယ်ပီရှိုက သူ့ဘာသာပြောနေသလိုမျိုး ပြောလိုက်သည်။
"အခုနက အပြင်မှာရှိတဲ့လူက တကယ်ပဲ လျောင်ကျင်းပါ" လို့ ယန်ကျွင်းဇဲက ဆက်ပြောသည် "သတိမထားမိလိုက်ဘူးလား? အခုနက လျောင်ကျင်းက ပန်းရောင်အင်္ကျီ၊ ဂျင်းဘောင်းဘီနဲ့ အဖြူရောင်ဖိနပ်ကို ဝတ်ထားတယ်။ အပြင်ဘက်မှာ ထိုင်နေတဲ့အမျိုးသမီးနဲ့ အတိအကျတူတယ်"
"ဒါဆို ဘယ်သူက အတုလဲ" လို့ ကျောက်ကျိန့်က ကျန်းယင်အတွက် ရုတ်တရက် စိုးရိမ်ပူပန်သွားသည်။
"သိသာပါတယ်၊ အပြင်ဘက်မှာ ထိုင်နေတဲ့တစ်ယောက်က" လို့ ယန်ကျွင်းဇဲက စဉ်းစားဟန်နဲ့ ပြောလိုက်သည်။
အခုတော့ အဲဒီထိုင်နေတဲ့အမျိုးသမီးက မီးအိမ်ကိုင်အမျိုးသမီး ပုံစံကို အတုယူနေတာဖြစ်ပုံရသည်။ ဒီအကြောင်းကို ယန်ကျွင်းဇဲ တစ်ယောက်တည်းပဲ ရှင်းလင်းစွာ သိနေသည်။ ဘာလို့လဲဆိုတော့ သူက ခုနကမှ ထူးဆန်းတဲ့ အိပ်မက်ကို မြင်ခဲ့လို့ဖြစ်ပေသည်။
ပြီးတော့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့အမျိုးသမီး၏ ပေါ်လာပုံက မီးအိမ်ကိုင်အမျိုးသမီးနဲ့ ဆက်စပ်မှုရှိနေနိုင်သည်။
အကယ်၍ အဲဒီလိုသာဆိုရင် ယန်ကျွင်းဇဲ၏ အိပ်မက်ထဲက မီးပုံးကိုင်အမျိုးသမီးက ရိုးရှင်းတဲ့ အိပ်မက်သက်သက်မဟုတ်တော့ပေ။ မီးအိမ်ကိုင်အမျိုးသမီးက တကယ်ပဲ ဒီလိုထူးဆန်းတဲ့နည်းလမ်းနဲ့ ရောက်လာတာ ဖြစ်နိုင်ခြေအလွန်များသည်။
ဒါပေမယ့် အခု ယန်ကျွင်းဇဲက မှန်းဆနေဆဲပဲ။ သူက မီးပုံးကိုင်အမျိုးသမီး၏ နည်းလမ်းကို မသိရသေးပေ။ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာက အချိန်အနည်းငယ်ယူရဦးမှာ ဖြစ်သည်။
အစားအသောက်မှာပြီး ထိုင်ချလိုက်တဲ့အခါ ဟယ်ပီရှိုနဲ့ ကျောက်ကျိန့်က သူတို့ ထမင်းများကို သွားယူကြသည်၊ ဟွာဟွာကတော့ ယန်ကျွင်းဇဲဘေးမှာ ထိုင်ပြီး သူ့ဘက်ကို ကိုယ်ကိုင်းကာ "ကျန်းယင်၏ လှုပ်ရှားမှုတွေက မင်းကို မြင်စေဖို့အတွက် တမင်လုပ်ခဲ့တာလို့ သတိထားမိလိုက်လား" လို့ ပြောလိုက်သည်။
ယန်ကျွင်းဇဲက အံ့အားသင့်သွားသည် "သူမက ကျောက်ကျိန့်ကို လိမ္မော်ရည်လိုလားလို့ မေးတဲ့အကြောင်းပြောနေတာလား"
"ပြီးတော့ ခုနက မင်းကိုမြင်တော့ သူမက မင်းကို အရင်နှုတ်မဆက်ဘဲ ကျောက်ကျိန့်ကို အရင်ပြုံးပြပြီးမှ မင်းဘက်ကို လှည့်လာတယ်" ဟွာဟွာက ဆန်းစစ်သည် "မိန်းကလေးတွေက မင်းကို အရင်ကလို မကြိုက်တော့ဘူးဆိုရင်တောင် မင်းက သူမကို ပယ်ချခဲ့ဖူးတာကြောင့် မင်းကိုမြင်တာနဲ့ စိတ်ထဲမှာ မအီမသာဖြစ်တာက ပုံမှန်ပါပဲ"
"ပြောရဦးမယ်" လို့ ဟွာဟွာက နည်းနည်းစိတ်လှုပ်ရှားလာသည် "ငါက (သက်တန့်ရောင် မိန်းကလေးများ ချစ်ကြည်ရေးကလပ်) ထဲကို ဝင်ဖို့အတွက် လျှောက်ထားပြီးပြီ။ ရက်အနည်းငယ်ကြာရင် မင်းအတွက် ညီအစ်မကောင်းလေးများနဲ့ မိတ်ဆက်ပေးမယ်"
"ထားလိုက်ပါတော့" လို့ ယန်ကျွင်းဇဲက လက်ကို အမြန်ဝှေ့ယမ်းပြပြီး "ငါ့ဆန္ဒက သံလိုက်စက်ကွင်းတွေနဲ့နတ်ဆိုးနှိမ်နှင်ခြင်း အကြောင်းကို သုတေသနလုပ်ဖို့ပဲ၊ တခြားဘာမှ အရေးမကြီးဘူး" လို့ ပြောလိုက် လေသည်။
ဟွာဟွာက ခေါင်းစောင်းပြီး သူ့ကို ကြည့်လိုက်သည် "မင်း လိမ်နေတာကို ငါခံစားမိနေတယ်။ မင်း သဘောကျနေတဲ့ တစ်ယောက်ယောက်ရှိနေပြီလား?
လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်း ဖုန်းတစ်လုံးကို သီးသန့်ခေါ်နေသည်၊ ဒါပေမယ့် မရသလိုပဲ၊ အရမ်းစိုးရိမ်ပူပန်နေပုံရတယ်၊ ပြီးတော့ မင်း ခွင့်ယူသွားယ်"
လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျန်းရှောင်မိုက မိုမိသားစုရွာမှာ ပိတ်မိနေတုန်း ယန်ကျွင်းဇဲက တကယ်ပဲ ဖုန်းအကြိမ်အတော်များများခေါ်ခဲ့ပြီး သူမ၏ဘေးကင်းရေးကို စိုးရိမ်ခဲ့ရသည်။
"မင်း အထူးပြုပြောင်းသင့်တယ်" လို့ ယန်ကျွင်းဇဲက ပြုံးလိုက်သည် "သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ ရုပ်အလောင်းခွဲစိတ်မှုပညာ မရှိတာ ဆိုးလိုက်တာ၊ မဟုတ်ရင် မင်းနဲ့ အရမ်းကိုလိုက်ဖက်မှာ"
"လိုက်ဖက်တာလား!" ဟွာဟွာက ခေါင်းခါသည် "ငါက လူတွေကို သေလောက်အောင် ကြောက်အောင်လုပ်တဲ့ အလုပ်မျိုးကို မလုပ်ဘူး။ ဘာပဲဖြစ်ဖြစ်၊ မင်းအပြင်မှာ သဘောကျတဲ့သူရှိနေရင် သူမနောက်ကို လိုက်သွားလိုက်။
ဒီရက်ပိုင်းတွေက ထူးဆန်းတယ်၊ ကမ္ဘာကြီးက ဘယ်နေ့မဆို အဆုံးသတ်နိုင်သည်။ တစ်ရက်တာချစ်ခြင်းက တစ်ရက်ရရှိခြင်းပဲ။
ငါတို့ 'ထာဝရ' မလိုဘူး၊ ဒါပေမယ့် အနည်းဆုံးတော့… "
သူမ စကားမဆုံးခင်မှာပဲ ဟယ်ပီရှိုနဲ့ ကျောက်ကျိန့်တို့က သူတို့၏အစားအသောက်တွေနဲ့ ပြန်လာကြသည်။ သူတို့မှာ ပူပူစပ်စပ်ခေါက်ဆွဲတစ်ပန်းကန်လည်း ပါလာပြီး ဟွာဟွာကို ပါးစပ်ပိတ်သွားအောင် လုပ်နိုင်ခဲ့သည်။
သူတို့လေးယောက် အစားအသောက်စားပြီး ကျောင်ကန်တင်းကနေ ထွက်လာပြီးနောက် လှေကားအောက်က နေရာကို အထူးသတိထားကြည့်ကြပေမယ့် ထူးဆန်းမှု ဘာမှမတွေ့ရပေ။
စိတ်မအေးနိုင်တဲ့ ကျောက်ကျိန့်က ကျောင်းပြန်အလာ လမ်းမှာပဲ ကျန်းယင်ကို ဖုန်းဆက်ပြီး လျောင်ကျင်းအကြောင်းကို မေးလိုက်သည်။
စကားအနည်းငယ်ပြောပြီးနောက်မှာ ကျောက်ကျိန့်၏မျက်နှာမှာ ထူးဆန်းတဲ့အသွင်တစ်ခု ပေါ်လာသည်။ သူ နည်းနည်းတော့ မလိုလားဟန်ရှိပေမယ့် ဖုန်းကို စပီကာဖွင့်လိုက်သည်။
အဲဒီနောက် ကျန်းယင်၏အသံက အိပ်ရာပေါ်မှာ လဲလျောင်းပြီး အိပ်တော့မယ့်ပုံစံနဲ့ ပျင်းရိစွာ ထွက်လာသည် "မင်းလည်း ပြန်ပြီးနားသင့်ပြီ။ မင်း တစ်နေ့လုံး စာသင်ရတယ်၊ နေ့လယ်ကလည်း ဘတ်စကတ်ဘော ကစားထားသေးတယ်၊ ကိုယ့်ကိုယ်ကို ပင်ပန်းအောင် မလုပ်နဲ့။ မနက်ဖြန် မနက်စာ အတူတူစားကြမယ်"
"ဟုတ်ပြီ၊ မနက်ကျ နိုးတာနဲ့ မင်းကို ဖုန်းဆက်လိုက်မယ်" လို့ ကျောက်ကျိန့်က ပြန်ဖြေလိုက်သည်။
လူတိုင်း၏ရှေ့မှာ သူ့၏တုံ့ပြန်မှုက နည်းနည်းတော့ ကို့ရို့ကားရား ဖြစ်နေသည်။
ဟွာဟွာက ယန်ကျွင်းဇဲကို တံတောင်နဲ့ ထိုးပြီး တီးတိုးပြောသည် "သူမက ကျောက်ကျိန့်ကို ဖုန်းကို စပီကာဖွင့်ခိုင်းတာ ဘာလို့လဲဆိုတာ သတိထားမိလား? အခု ခံစားမိပြီလား"
"မိန်းမတစ်ယောက်၏ နှလုံးသားက ပင်လယ်ထဲက အပ်တစ်စင်းလိုပဲ" လို့ ယန်ကျွင်းဇဲက သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိသည်။
ဒါကိုပြောပြီးနောက်မှာ ယန်ကျွင်းဇဲ၏စိတ်ထဲမှာ ကျန်းရှောင်မိုက သူ့ကို ချိုမြိန်စွာပြုံးပြပြီး စိုက်ကြည့်နေတဲ့ ပုံရိပ်ပေါ်လာသည်။
သူ့ရင်ထဲမှာ မရှင်းပြတတ်တဲ့ နွေးထွေးမှုတစ်ခုကို ခံစားရသည်၊ ဒါက တကယ်ပဲ နှစ်သိမ့်မှုပေးသလိုပဲ။ ယန်ကျွင်းဇဲက ခေါင်းခါလိုက်ပြီး တခြားသူတွေနဲ့အတူ အဆောင်ကို ပြန်လာခဲ့သည်။
ကာတွန်းစာအုပ်ဖတ်နေတဲ့သူတွေက ဆက်ဖတ်နေကြသည်၊
ပါဆယ်ယူနေတဲ့သူတွေက ယူနေကြသည်၊အလေးမနေတဲ့သူတွေက ဆက်မနေကြပြီး ယန်ကျွင်းဇဲကတော့ အရင်ဆုံး ရေချိုးဖို့ ပြင်ဆင်နေသည်။ အဲဒီအချိန်မှာပဲ သူ့၏ဖုန်းက ရုတ်တရက် မြည်လာသည်။
သူဖုန်းခေါ်သူကို ကြည့်လိုက်တော့ ကျိုတာ့လီဖြစ်နေသည်။ သူဖုန်းဖြေပြီး ဖုန်းကို နားနားကပ်ဖို့ အချိန်မရသေးခင်မှာပဲ ကျိုတာ့လီ၏ အသံက နိမ့်ကျပြီး မယုံကြည်နိုင်တဲ့၊ ဖော်ပြမရနိုင်တဲ့ ကြောက်စိတ်အရိပ်အဟောင်နှင့် ထွက်ပေါ်လာ လေသည်။
"ပေါင်ကျယ်… သူမသေသွားပြီ”