ပေါင်ကျယ် (၁)
Vol. 21 Ch. 307
“ပေါင်ကျယ်… သေပြီ?”
ယန်ကျွင်းဇဲရဲ့ခေါင်းထဲမှာ ဘုန်းခနဲ့အသံကြားလိုက်ပြီး ခဏတာ ဟာလာဟင်းလင်းဖြစ်သွားသည်။
သူက အဆောင်ဝင်ပေါက်ဝမှာ ရပ်နေပြီး သူ့ရဲ့ညာလက်ထဲမှာ ဖုန်းကိုင်ထားကာ ဘယ်လက်ထဲမှာတော့ ပလုတ်ကျင်းခွက်ကို ကိုင်ထားပြီး လုံးဝငြိမ်သက်နေသည်။
တခြားအခန်းဖော်တွေက တစ်ခုခုမှားနေပြီဆိုတာကို သတိထားမိပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့လုပ်နေတာတွေကို ရပ်ပြီး လှမ်းကြည့်နေကြသည်။
ယန်ကျွင်းဇဲ တစ်ကိုယ်လုံး ထုံကျင်နေသည်။
သူ့နှုတ်ခမ်းတွေက မလှုပ်သလိုပဲ ဒါပေမယ့် အသံတော့ ထွက်လာသည်၊ ဖုန်းရဲ့တစ်ဖက်ခြမ်းက လူကို “တစ်ခါပြန်ပြောပါဦး” လို့ ပြောလိုက်သည်။
ကျိုတာ့လီက အသံကွဲအက်သွားသလိုဖြစ်ပြီး စကားပြောဖို့ ရုန်းကန်နေရသည်၊ အချိန်အတော်ကြာပြီးမှပဲ သူက ပြန်ဖြေနိုင်ခဲ့သည် “ပေါင်ကျယ်၊ သူမသေပြီ။ သူမ အိပ်ဆေးတွေအများကြီးသောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်…”
“ဘာလို့လဲ” ယန်ကျွင်းဇဲက သူ့အသံကို မကြားရတော့ဘဲ သူ့စိတ်က ရှုပ်ထွေးသွားသည်၊ ဒါပေမယ့် သူ ဒီမေးခွန်းကို သေချာပေါက်မေးလိုက်တယ်ဆိုတာကိုတော့ သူသိပေသည်။
ဖုန်းထဲက ကျိုတာ့လီအသံက ထွက်လာသည် "သူတို့ပြောတာတော့… သူ့ကြောင့်တဲ့။ ငါလည်း ခုနကမှ သတင်းကြားရတာ၊ ညီမလေးကျယ်က သေတာသုံးရက်ရှိပြီ၊ သူ့မ အရိုးပြာတွေတောင် ရှန်ထျန်းမြို့ကို ပြန်ပို့လိုက်ပြီ၊ ဘယ်သူမှ ငါတို့ကို သတင်းမပေးဘူး၊ ဘယ်သူမှ ငါ့ကို မပြောဘူး"
ယန်ကျွင်းဇဲခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားသည်၊ ဒီသတင်းက တကယ်ကို ထိတ်လန့်စရာကောင်းပြီး သူ ဒီအချိန်အထိ လုံးဝမယုံနိုင်သေးပေ။
အနီးဆုံးမှာရှိတဲ့ ကျောက်ကျိန့်က လျှောက်လာပြီး ယန်ကျွင်းဇဲကို လဲကျသွားမှာစိုးလို့ ဖေးမပေးလိုက်သည်။
ဟွာဟွာကလည်း ယန်ကျွင်းဇဲလက်မောင်းကို လာကိုင်လိုက်သည်၊ သူတို့အားလုံး ယန်ကျွင်းဇဲ တစ်ခုခုဖြစ်နေတယ်ဆိုတာကို သိနေကြပြီ၊ ဖုန်းထဲကသတင်းက သတင်းဆိုးဖြစ်နေနိုင်သည်။
သူတို့က ယန်ကျွင်းဇဲကို သူ့ခုတင်စွန်းမှာ ထိုင်စေလိုက်ပြီး တစ်ယောက်မှ စကားမပြောကြပေ။ သူတို့အားလုံး ယန်ကျွင်းဇဲမျက်နှာမှာ စိတ်ရှုပ်ထွေးမှုနဲ့ မယုံကြည်နိုင်မှုကို မြင်နေကြသည်။ ဖုန်းက အဆက်အသွယ်မပြတ်သေးပေ။သို့ပေမယ့် ဤအချိန်မှာ ဘယ်သူမှ စကားမပြောကြပေ၊ သူတို့အားလုံး တိတ်ဆိတ်နေကြသည်။
ခဏအကြာမှာ ကျိုတာ့လီက နောက်ဆုံးတော့ ပြောလာသည် "ဟိုကောင်က ငါတို့ကို လာဖို့ပြောတယ်၊ ဒါကြောင့် မနက်ဖြန်မနက်ကျရင် ထျန်မုန့်တက္ကသိုလ်ကို သွားကြမယ်။ မင်းက မင်းဘက်ကနေလာ၊ ငါက အားကစားကျောင်းကနေ ထွက်လာမယ်။ ထျန်မုန့်တက္ကသိုလ် အဓိကဝင်ပေါက်မှာ တွေ့ကြမယ်။ တွေ့မှပဲ စကားပြောကြတာပေါ့"
ဖုန်းချလိုက်သည်။
ယန်ကျွင်းဇဲက သူ့လက်ထဲမှာ ဖုန်းကို ကိုင်ထားရင်း သူ့ခုတင်စွန်းမှာ တိတ်တဆိတ်ထိုင်နေသည်၊ ဘာစကားမှမပြောပေ။
ခဏအကြာမှာ ဟွာဟွာက သူ့လက်ထဲက ပလုတ်ကျင်းခွက်ကိုယူပြီး သူ့ရှေ့က စာရေးစားပွဲပေါ်မှာ တင်လိုက်ပြီးတော့ တုန်လှုပ်စွာနဲ့ "မင်းသိတဲ့လူ တစ်ယောက်ယောက် မတော်တဆဖြစ်သွားတာလား" လို့ မေးလိုက် လေသည်။
ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်ပြီး "အထက်တန်းကျောင်းက အတန်းဖော်တစ်ယောက်၊ သူမ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်"
"အာ" ဟွာဟွာ၊ ကျောက်ကျိန့်နဲ့ ဟယ်ပီရှိုတို့ အားလုံး အံ့အားသင့်တဲ့အသွင်နဲ့ ကြည့်နေကြသည်။
"ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့လဲ" ဟွာဟွာက သူမရဲ့လက်ညှိုးကို သိမ်မွေ့စွာဆန့်တန်းပြီး မေးလိုက်သည်။
ယန်ကျွင်းဇဲအကြည့်က ဖြည်းဖြည်းချင်း အာရုံစိုက်လာပြီး ဟွာဟွာဘက်ကို ပြောင်းသွားသည်၊ သူက "ချစ်… ကြောင့် ဖြစ်ပုံရသည်" လို့ ပြောလိုက်သည်။
ကျိုတာ့လီက "ဟိုကောင်" လို့ ပြောတာ၊ ယန်ကျွင်းဇဲက သူတို့ ဘယ်သူ့အကြောင်းပြောနေသည်ဆိုတာကို ကောင်းကောင်းသိသည်။
အထက်တန်းကျောင်းကတည်းက ပေါင်ကျယ်က သူဌေးသား ကျိုးကျားကျဲနဲ့ အမြဲတမ်းရင်းနှီးခဲ့သည်။ ပေါင်ကျယ်က ဆွဲဆောင်မှုရှိပြီး စာလည်းတော်သည်။
ကျိုးကျားကျဲကလည်း ခန့်ချောပြီး သူ့အ ဖေက ရှန်ထျန်းမြို့မှာ အရေးပါတဲ့ရာထူးကို ရယူထားတာကြောင့် သူက ထျန်မုန့်ခရိုင်မှာ အဆက်အသွယ်အများကြီးရှိသည်။
သူတို့နှစ်ယောက်က အတော်လေးလိုက်ဖက်နေပုံရသည်။
ဒါပေမယ့် ပြဿနာက ကျိုးကျားကျဲမှာရှိသည်။ ဒီကောင်က ပေါင်ကျယ်နဲ့ သူ့ဆက်ဆံရေးကို စိတ်ရင်းနဲ့ရင်းနှီးမြှုပ်နှံထားတာမဟုတ်ဘူးဆိုတာကို သူတို့အားလုံး မြင်နိုင်သည်။ သူက အခုတော့ အပျော်တွဲနေရုံပဲ၊ နောက်ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိဘူးဆိုတဲ့ ခံစားချက်ကို ပေးသည်။
ဒါပေမယ့် ပေါင်ကျယ်က အချစ်ကြောင့် မျက်စိကန်းနေသည်၊ တခြားလူတိုင်းအတွက် ရှင်းလင်းနေတဲ့အရာကို သူမသတိမထားမိပေ။
ကျိုတာ့လီက တစ်ချိန်က သူမကို စွဲလန်းခဲ့သည်။ ပေါင်ကျယ်ကို တတ်နိုင်သမျှ ဂရုစိုက်ပေးခဲ့သည်၊ နေ့စဉ်စာသင်ကြားမှုနဲ့ ဘဝမှာဖြစ်စေ၊ ဒါမှမဟုတ် ယန်ကျွင်းဇဲ ပထမဆုံးအကြိမ် 'ဝိညာဉ်ရှာဖွေရေး' အဖွဲ့ကိုဖွဲ့တုန်းကဖြစ်စေ။
ပေါင်ကျယ်က ကျိုတာ့လီကို ပြင်းထန်စွာ ငြင်းပယ်ခဲ့တောင်မှ တခြားသူတွေ ခါးထက် သူ့လက်မောင်းက ပိုကြီးတဲ့ ဒီကောင်က ဘာမှမဖြစ်ခဲ့သလိုပဲ၊ ပျော်ရွှင်စွာ ပြုံးနေဆဲ။
နောက်ပိုင်းမှာမှပဲ ကျိုးတာ့လီ နိးထခဲ့သည်၊ နောက်ဆုံးတော့ ကျောင်းခေါင်မိုးပေါ်မှာ ယန်ကျွင်းဇဲကို ဖက်ပြီး ငိုခဲ့ပြီး ပေါင်ကျယ်အပေါ် သူ့ရဲ့စိတ်ကူးတွေကို စွန့်လွှတ်ခဲ့သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်မှာ ကျိုးကျားကျဲရဲ့မိဘတွေက ထျန်မုန့်တက္ကသိုလ်မှာ သူ့အတွက် နေရာတစ်ခုကို သူတို့ရဲ့အဆက်အသွယ်တွေနဲ့ လုံခြုံအောင်လုပ်ထားခဲ့သည်။ ပေါင်ကျယ်ကတော့ အားကောင်းတဲ့ ကျောထောက်နောက်ခံမရှိတာကြောင့် ကြိုးစားမှုသက်သက်နဲ့ ဝင်ခွင့်ရအောင်လုပ်ပြီး ကျိုးကျားကျဲနဲ့အတူ အဲဒီမှာတက်ရောက်ဖို့ ကြိုးစားခဲ့ရသည်။
သီအိုရီအရ စုံတွဲတစ်တွဲက တူညီတဲ့တက္ကသိုလ်မှာ ရှိနေတာက ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ဖြစ်စေသင့်သည်။
ဒါပေမယ့် အခုတော့ စာသင်နှစ်တစ်နှစ် မကုန်သေးခင်မှာပဲ ပေါင်ကျယ်က ဒီလိုဝမ်းနည်းစရာ ကံကြမ္မာနဲ့ ကြုံတွေ့ခဲ့ရသည်။
အရာအားလုံးက မရှင်းလင်းသေးတာကြောင့် ယန်ကျွင်းဇဲက အလျင်စလို ဆုံးဖြတ်ချက်တွေ မချပေ၊ဒါပေမယ့် ပေါင်ကျယ်က အိပ်ဆေးတွေနဲ့ သူ့မအသက်ကို အဆုံးသတ်သွားတာက အကြောင်းပြချက်မရှိဘဲ ဖြစ်သွားတာ မဟုတ်ပေ။
အနာဂတ်ကောင်းရှိတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီဆက်ဆံရေးကပဲ သူမကို အစွန်းရောက်သွားအောင် လုပ်ခဲ့တာဆိုရင် ဒါက တကယ်ကို အလဟဿပဲ။
ယန်ကျွင်းဇဲက တစ်ညလုံး မျက်လုံးမပိတ်ဘဲ သူ့ရဲ့ခုတင်ပေါ်မှာ ထိုင်နေပြီး မိုးလင်းဖို့ကို စောင့်နေရသည်။
ပုံမှန်ဆိုရင်တော့ နောက်နေ့မှာ သူစာသင်ဖို့အတန်းတွေရှိသည်။ ဒါပေမယ့် အခုတော့ သူနောက်တစ်ကြိမ် ခွင့်တောင်းရတော့မယ်။
ကံကောင်းတာက စာသင်ဝိုင်းက ဆရာဖြစ်စေ၊ စည်းကမ်းထိန်းသိမ်းရေးမှူးဖြစ်စေ၊ သူတို့က သူ့ကို ထိန်းချုပ်နိုင်စွမ်းမရှိသလောက်ပါပဲ။ ယန်ကျွင်းဇဲက ဟွာဟွာကို အကြောင်းကြားပြီး သူ့ကိုယ်စား ခွင့်တောင်းပေးဖို့ ပြောလိုက်သည်၊ ပြီးတော့ အစောထွက်လာခဲ့သည်။
ထျန်မုန့်သိပ္ပံတက္ကသိုလ်ကနေ ထွက်လာပြီး ဘတ်စ်ကားဂိတ်မှာ ရပ်နေတဲ့အချိန်က မနက် ၇ နာရီ ၃၀ မိနစ်တိတိဖြစ်ပေသည်။
ယန်ကျွင်းဇဲက ဘတ်စ်ကားတစ်စီးကို အမြန်စီးပြီး ဗဟိုထျန်မုန့်ခရိုင်ကိုသွားသည်။
ထျန်မုန့်တက္ကသိုလ်က ထျန်မုန့်နယ်မြေတစ်ခုလုံးမှာ အကောင်းဆုံးတက္ကသိုလ်ဖြစ်တာကြောင့် ထျန်မုန့်သိပ္ပံတက္ကသိုလ်နဲ့ မြို့၏ဆန့်ကျင်ဘက်အဆုံးမှာ တည်ရှိသည်။
မြို့ထဲကို ရောက်ပြီးနောက် ယန်ကျွင်းဇဲက ဘတ်စ်ကားပြောင်းစီးပြီးနောက်ထပ် နာရီဝက်လောက် အချိန်ယူပြီး ထျန်မုန့်တက္ကသိုလ်ကိုသွားတဲ့ ဘတ်စ်ကားမှတ်တိုင်ကို ရောက်သည်။ ပြီးတော့ အဲဒီဘတ်စ်ကားကို မိနစ်ငါးဆယ်လောက် ထပ်စီးပြီးမှ နောက်ဆုံးမှာ တက္ကသိုလ်အဓိကဝင်ပေါက်မှာ ဆင်းလိုက်သည်။
သူ ရောက်တဲ့အချိန်မှာ မနက် ၁၀ နာရီနီးပါး ရှိနေပြီ။
ထျန်မုန့်တက္ကသိုလ်က ထျန်မုန့်၏ ထိပ်တန်းပညာရေးအဖွဲ့အစည်းဖြစ်တာ
ကြောင့် သူ့အဓိကဝင်ပေါက်က အလွန်ကြီးကျယ်ခမ်းနားပြီး ခန့်ညားထည်ဝါနေသည်။ ဝင်ပေါက်ဝကနေ အတွင်းကို ကြည့်လိုက်ရင် သစ်ပင်တွေက အရိပ်ပေးနေတာကို မြင်ရသည်၊ ငှက်တွေက ပန်းတွေကြားမှာ သီချင်းဆိုနေကြသည်၊ စကျင်ကျောက်ရေပန်းတွေ၊ ကျောက်စိမ်းရုပ်တုတွေနဲ့ ပိုပြီးအတွင်းဘက်မှာတော့ သန့်စင်ဖြူစင်ပြီး လှပခန့်ညားတဲ့ အဆောက်အအုံတွေရဲ့ အတန်းလိုက်ကို တစ်ချက်တစ်ချက် မြင်တွေ့ရ လေသည်။