← Chapters

အချစ်ဒဏ်ရာ (၁)

Vol. 21 Ch. 309

အချစ်ဒဏ်ရာ (၁)

Vol. 21 Ch. 309

လိပ်စာအတိုင်း ယန်ကျွင်းဇဲ၊ ကျိုးတာ့လီနဲ့ ရှန်ချွေ့ချွေ့တို့က နည်းနည်းခေတ်နောက်ကျနေတဲ့ တိုက်ခန်းတစ်ခုထဲကို ဝင်လာကြသည်။ သူတို့က အခန်းရဲ့တံခါးကို ရှာတွေ့ပြီး အပေါ်ကို တက်တော့မယ့်အချိန်မှာ မိန်းကလေးတစ်ယောက်က အလျင်စလို လှေကားကနေ ဆင်းလာသည်။

မိန်းကလေးက အိမ်နေရင်းအင်္ကျီကို ဝတ်ထားပြီး လက်ဆွဲအိတ်ကို ပိုက်ထားသည်။ သူမက ပြင်ဆင်ခြယ်သထားတာမျိုး၊ မိတ်ကပ်လိမ်းထားတာမျိုးမရှိပေမယ့် သူမ၏သဘာဝအလှက ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။

လှေကားကို အလျင်စလိုဆင်းလာရင်း တစ်ခုခုက သူမကို လိုက်နေသလိုမျိုး သူမနောက်ကို လှမ်းကြည့်လိုက်သည်။ ပြီးတော့ ယန်ကျွင်းဇဲတို့ သုံးယောက်က အခန်းထဲကို ဝင်တော့မယ့်အချိန်မှာ သူမက သူတို့ကို မမြင်လိုက်ဘဲ ရှောင်ကွင်းပြီး အရင်ဆုံး ထွက်သွားလေသည်။

"သူမ ဘာဖြစ်နေတာလဲ" ပခုံးချင်းတိုက်မိသွားတဲ့ ရှန်ချွေ့ချွေ့က မအံ့သြဘဲမနေနိုင်တော့ပေ။

မိန်းကလေးက သူတို့ကို ဂရုမစိုက်ဘဲ တိုက်ခန်း အဓိကတံခါးဆီကို အမြန်သွား လိုက်သည်။

"သူမက အိမ်နေရင်းအင်္ကျီနဲ့ရှိသေးတာပဲ၊ တစ်ခုခု အရေးတကြီးကိစ္စရှိလို့ဖြစ်ရမယ်၊ ဘာမှမဟုတ်ပါဘူး" လို့ ကျိုးတာ့လီက သူမကို ဖေးမပေးဖို့ ရှန်ချွေ့ချွေ့ကိုင်ထားတဲ့ သူ့လက်ကို ပုတ်လိုက်ပြီး သူမပခုံးကို ညင်သာစွာ ပွတ်သပ်ရင်း တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။

သူတို့သုံးယောက်က လှေကားအတိုင်း ဒုတိယထပ်ကို တက်သွားကြပြီး တံခါးနှစ်ပေါက်ထဲက တစ်ပေါက်က ပွင့်နေသည်။

ပွင့်နေတဲ့တံခါးကို ချဉ်းကပ်သွားတဲ့အခါ အေးစိမ့်တဲ့ အငွေ့အသက်က သူတို့ဆီကို တိုက်ခတ်လာသည်။ ယန်ကျွင်းဇဲက အနည်းငယ်တုန်လှုပ်သွားပေမယ့် ကျိုးတာ့လီနဲ့ ရှန်ချွေ့ချွေ့တို့ကတော့ ဘာမှ ထူးဆန်းတာကို သတိမထားမိကြပေ။

ကျိုးတာ့လီက တံခါးကို အကျယ်ကြီးဖွင့်လိုက်ပြီး "ကျားကျဲလား" လို့ မေးလိုက်သည်။

"တာ့လီ၊ မင်းတို့ရောက်လာပြီ၊ အထဲကို မြန်မြန်ဝင်လာ" လို့ အနည်းငယ်စိတ်လှုပ်ရှားပြီး စိုးရိမ်နေတဲ့အသံတစ်သံက အခန်းထဲကနေ ထွက်လာသည်။

အသံနဲ့အတူ ကျိုးကျားကျဲပုံရိပ်က တံခါးဆီကို ရောက်လာသည်။ သူ့မျက်နှာက အနည်းငယ်နီရဲနေပြီး သူက သူ့မျက်လုံးတွေကို ပွတ်နေပြီးတော့ သူ့ဆံပင်တွေကလည်း ဖရိုဖရဲဖြစ်နေသည်။

"ဖိနပ်မလဲနဲ့တော့၊ ဒီအတိုင်းပဲ ဝင်လာလိုက်" လို့ ကျိုးကျားကျဲက ထပ်အော်ပြောလိုက်သည်။

ဖိနပ်မလဲဘဲ ယန်ကျွင်းဇဲက အရင်ဆုံး အခန်းထဲကို လမ်းလျှောက်ဝင်လာပြီး နေရာကို လေ့လာလိုက်သည်။ အခန်း အလှဆင်ထားမှုက ကောင်းမွန်တာကို သူသတိပြုမိသည်။

ဒါက အငှားတိုက်ခန်းဖြစ်ပေမယ့် ကျိုးကျားကျဲ၏ ပုံမှန်အလေ့အကျင့်အရ သူက ပိုပြီးကောင်းတဲ့နေရာကို သေချာပေါက် ငှားလိမ့်မယ်။ အိမ်ငှားခကို ချွေတာတာမျိုးက သူစဉ်းစားတဲ့ကိစ္စ မဟုတ်ပေ။

ဒါပေမယ့် တံခါးအပြင်ဘက်မှာ ယန်ကျွင်းဇဲခံစားခဲ့ရတဲ့ အေးစက်တဲ့အအေးဓာတ်က သူအတွင်းရောက်လာတော့ ပိုပြီးသိသာလာသလိုပဲ။

သူ ဘာမှမပြောဘဲ ကျိုးကျားကျဲနောက်ကိုလိုက်ပြီး ဧည့်ခန်းက ဆိုဖာဆီကို လျှောက်သွားပြီး ဖြည်းဖြည်းချင်းထိုင်လိုက်ပြီးသူ့ရှေ့က စကျင်ကျောက်စားပွဲကို တစ်ချက်ကြည့်လိုက်သည်။

စားပွဲပေါ်မှာ ခေါက်ဆွဲနွေးတစ်ပန်းကန်ရှိပြီး အငွေ့အနည်းငယ် ထွက်နေဆဲဖြစ်သည်။

နောက်ကနေ လျှောက်လာတဲ့ ရှန်ချွေ့ချွေ့က ရုတ်တရက် ကျိုးတာ့လီ နားနားကပ်ပြီး "အိမ်နေရင်းအင်္ကျီနဲ့ ဆင်းသွားတဲ့မိန်းကလေးရဲ့ ရေမွှေးနံ့က ဒီအခန်းထဲမှာလည်း ရှိတယ်" လို့ တီးတိုးပြောလိုက်လေသည်။

ကျိုးတာ့လီက အံ့အားသင့်သွားပြီး ဘာမှမပြောပေ၊ ဒါပေမယ့် သိသိသာသာပဲ တစ်ခုခုကို စဉ်းစားမိသွားပြီး သူ့ရဲ့မျက်နှာထားက တော်တော်လေးတင်းမာသွားသည်။

"အရင်ဆုံးထိုင်ကြ၊ မင်းတို့အတွက် လက်ဖက်ရည်ဖျော်ပေးမယ်" လို့ ကျိုးကျားကျဲက ပြောပြီး လျှပ်စစ်ရေနွေးအိုးကို ဖွင့်ဖို့ ပြေးသွားပြီး ဖန်ခွက်သန့်သန့်တွေကို ထုတ်ယူပြီး လက်ဖက်ခြောက်အကောင်းစားကို ထုတ်ယူကာ ခွက်တစ်လုံးချင်းစီမှာ ထည့်ပေးလိုက်လေသည်။

သူပြန်လာတဲ့အခါ ယန်ကျွင်းဇဲက စားပွဲပေါ်က ခေါက်ဆွဲတွေကို လက်ညှိုးထိုးပြပြီး "မင်းမစားရသေးဘုးမလား? မင်းအရင်စားလိုက်၊ မဟုတ်ရင် ခေါက်ဆွဲတွေအေးကုန်လိမ့်မယ်။ ငါတို့ လက်ဖက်ရည်ကို နောက်မှဖျော်လို့ရပါတယ်" လို့ ပြောလိုက်လေသည်။

ကျိုးကျားကျဲက ခေါင်းညိတ်လိုက်ပြီး ထိုင်လိုက်ပေမယ့် ခေါက်ဆွဲကို မစားပေ။ အဲဒီအစား မတော်တဆနဲ့ ပန်းကန်ကို မတိုက်မိအောင် ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်ကို နောက်ထပ်တွန်းလိုက်သည်။

"ခုနက အောက်ဆင်းသွားတဲ့ မိန်းကလေး ဘယ်သူလဲ" လို့ ကျိုးတာ့လီက မအောင့်နိုင်တော့ပေ၊ ရှန်ချွေ့ချွေ့က သူ့အင်္ကျီလက်ကို တိတ်တဆိတ်ဆွဲနေပေမယ့် သူက မေးမြန်းလိုက်သည်။

ယန်ကျွင်းဇဲက အသေးစိတ် သတိမထားမိခဲ့ဘဲ အံ့အားသင့်သွားပြီး ကျိုးကျားကျဲဘက်ကို ကြည့်လိုက်မိသည်။

ကျိုးကျားကျဲက သက်ပြင်းချလိုက်ပြီး သူ့မျက်ခုံးမွှေးများက တင်းတင်းကြုတ်ထားပြီး သူ့အကြည့်က ပွင့်နေဆဲဖြစ်တဲ့ ဧည့်ခန်းတံခါးဆီကို ပြောင်းသွားပြီး ခါးသီးတဲ့အသံနဲ့ "ဒါက ငါ့ လက်ရှိရည်းစား ကျားယောင်ပဲ" လို့ ပြောလိုက် လေသည်။

"မင်း…" ကျိုးတာ့လီက ဒေါသထွက်သွားပြီး သူ့ညာလက်က တုန်ယင်သွားပေမယ့် သူ့ဘေးက ရှန်ချွေ့ချွေ့က သူ့ကို ဖိထားပြီး သူ့ကို ခေါင်းခါပြလိုက်သည်။

"ဒါက ဘာကိုဆိုလိုတာလဲ" လို့ ယန်ကျွင်းဇဲက ကျိုးကျားကျဲကို မေးလိုက်သည်။

ကျိုးကျားကျဲရဲ့မျက်နှာမှာ ပိုပြီးတော့ ခါးသီးမှုတွေရှိနေသည်၊ သူက သက်ပြင်းတောင် မချနိုင်တော့သလိုပဲ "မင်းတို့ ငါ့ကို အပြစ်တင်လိမ့်မယ်ဆိုတာ ငါသိတယ်၊ ဒါက ငါ့အမှားပဲ။ ဒါပေမယ့် ပေါင်ကျယ်နဲ့က ငါက သူမကို ငါ့ရည်းစားပါလို့ ဘယ်တုန်းကမှ ကတိမပေးခဲ့ဘူး၊ သူမက အမြဲတမ်း ငါ့ကို ကပ်နေတာ"

"အဓိပ္ပာယ်မရှိတာ!" လို့ ကျိုးတာ့လီက ပေါက်ကွဲထွက်လာသည် "ပေါင်ကျယ်က အထက်တန်းကျောင်းတစ်လျှောက်လုံး မင်းကို ကြိုက်ခဲ့တာ၊ ငါတို့အတန်းထဲမှာ ဘယ်သူမသိတာရှိလို့လဲ? သူမက အမြဲတမ်း မင်းနဲ့ရင်းနှီးခဲ့တာ၊ ပြီးတော့ မင်းကလည်း သူမကို ဘယ်တုန်းကမှ ငြင်းပယ်ခဲ့တာမဟုတ်ဘူး။အခုကျ မင်းက သူမကို မင်းရဲ့ရည်းစားအဖြစ် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ ပြောတယ်၊ မင်း တကယ်ကို လိမ်နေတာ!!!"

ဒီစကားကို ပြောပြီးနောက်မှာ ကျိုးတာ့လီက ထရပ်တော့မလိုဖြစ်သွားပေမယ့် ရှန်ချွေ့ချွေ့က သူ့ကို ဆိုဖာပေါ်မှာ ဖိထားရင်း ဆက်ပြီး ဆွဲချနေသည်။

"ဟုတ်တယ်၊ သူမက ငါ့ကို ကြိုက်ခဲ့တာ၊ ငါသိတယ်" လို့ ကျိုးကျားကျဲက ခုခံပြောဆိုသည် "ပြီးတော့ ငါက သူမကို မကြိုက်ခဲ့ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။

ငါက သူမအပေါ် ခံစားချက်အချို့တော့ ရှိခဲ့တယ်၊ ဒါပေမယ့်… သူမကို ရည်းစားအဖြစ် သတ်မှတ်ဖို့လောက်တော့ မလုံလောက်ဘူး"

"ဒါဆို မင်းက သူမကို တိုက်ရိုက်ငြင်းပယ်သင့်တယ်!" လို့ ယန်ကျွင်းဇဲလည်း ဒေါသထွက်လာလေသည်။ "သုံးနှစ်ကျော်ကြာအောင် မင်းက သူမကို ဒီလိုပဲ ဆွဲထားခဲ့တယ်၊ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ? အရန်သိမ်းထားတာလား၊ ဒါမှမဟုတ် အိပ်ဖော်ထားတာလား"

"လောကမှာ အဲဒီလောက်နိမ့်ကျတဲ့ကောင်ရှိတယ်!" လို့ ရှန်ချွေ့ချွေ့လည်း မဆဲဘဲမနေနိုင်တော့ပေ။

"ငါတို့ကို ပြောပြ၊ ပေါင်ကျယ် ဘယ်လိုသေတာလဲ? မင်းကြောင့်လား" လို့ ဒေါသထွက်နေတဲ့ ကျိုးတာ့လီက သူ့ရဲ့လက်ဖဝါးနဲ့ စကျင်ကျောက်စားပွဲကို ရိုက်ချလိုက်တော့ မြေကြီးက တုန်ခါသွားသလို ခံစားရသည်။

ကံကောင်းတာက စကျင်ကျောက်စားပွဲဖြစ်နေလို့၊ မဟုတ်ရင်တော့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်ပေသည်။

ကျိုးကျားကျဲက ကြောက်စိတ်ကြောင့် တုန်ယင်သွားပြီး အမြန်ပဲ "မင်းတို့ ဘာတွေပြောနေတာလဲ" လို့ ပြောလိုက်သည်။

သူ့အကြည့်က ယန်ကျွင်းဇဲဆီကို ပြောင်းသွားပြီး သူက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည် "ဟုတ်တာ်၊ ငါအရင်က မှားခဲ့တယ်ဆိုတာ ငါသိတယ်။ ငါတကယ်ပဲ သူမကို အမှန်တရား မဖော်ပြနိုင်ခဲ့ဘူး။

ဒါပေမယ့် တက္ကသိုလ်ဝင်ပြီးနောက်မှာ ငါ သူမကို ပြတ်ပြတ်သာသား ပြောပြခဲတယ်၊ ငါက သူမကို မချစ်ဘူးလို့ ပြောခဲ့သတယ်၊ ငါတို့နှစ်ယောက်ကြားမှာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့သည်၊ ဒါပေမယ့် သူမက ငါ့ကို လက်မလျှော့ဘူး၊ သူမက ငါ့ကို ဆက်ကပ်နေတယ်"

"အဲဒီအချိန်တုန်းက အောက်ထပ်မှာရှိတဲ့ အိမ်နေရင်းအင်္ကျီနဲ့ မိန်းကလေးကို မင်းသိနှင့်ပြီလား" လို့ ယန်ကျွင်းဇဲက မေးလိုက်လေသည်။

ကျိုးကျားကျဲက ချက်ချင်းပြန်မဖြေပေ။ သူက ခုနကမှ ဆူပွက်နေတဲ့ ရေနွေးကို လက်ဖက်ရည်ဖျော်ဖို့အတွက် သွားငှဲ့ပေးချင်ပေမယ့် သူစဉ်းစားလိုက်တော့ လူတိုင်းက စိတ်တိုနေကြပြီး သူတို့ ကိုယ့်ကိုယ်ကို စိတ်မထိန်းနိုင်ဘဲ သူ့အပေါ် ရေနွေးပူများ လောင်းချလိုက်ရင် ဘယ်လိုလုပ်မလဲ။

All Chapters