အချစ်ဒဏ်ရာ (၂)
Vol. 21 Ch. 310
စဉ်းစားပြီးနောက် သူ မထဘဲ ယန်ကျွင်းဇဲကို ခေါင်းခါပြလိုက်ပြီး “ငါ… အဲဒီအချိန်က ကျားယောင်နဲ့ စတွေ့ရုံပဲ ရှိသေးတယ်၊ ငါတို့ရဲ့ဆက်ဆံရေးက တရားဝင်မဖြစ်သေးဘူး”
"ထုံးစံအတိုင်း အရန်ထားတဲ့ကိစ္စပဲ၊ အခုတော့ အဓိကနေရာရသွားပြီဆိုတော့ အရန်ကို တွန်းထုတ်ပစ်လိုက်ပြီ" လို့ ရှန်ချွေ့ချွေ့အကြည့်က မကျေမနပ်ဖြစ်နေပြီး သူမက ကျိုးကျားကျဲကို အေးစက်စက်စိုက်ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
"ငါ အရန်ထားခဲ့တာမဟုတ်ဘူး" လို့ ကျိုးကျားကျဲက သူ့ခေါင်းကို အားကုန်ခါလိုက်ပြီး "ပေါင်ကျယ်အပေါ် ငါ့ခံစားချက်က တကယ်ပဲ အဲဒီလောက်အထိ မပြင်းထန်ခဲ့ဘူး။ အဲဒီရက်အနည်းငယ်အတွင်းမှာ သူမက ငါ့ကို အမြဲတမ်းဖိအားပေးနေပြီး ငါသည်းမခံနိုင်တော့ဘူး၊ ဒါကြောင့် ငါ သူမနဲ့တွေ့ပြီး အရာအားလုံးကို ရှင်းပြခဲ့တယ်၊ သူမ ငါ့ကို လက်လျှော့သွားအောင်လို့။
လျော်ကြေးအနေနဲ့ ငါ သူမကို ပလက်တီနမ်လက်စွပ်တစ်ကွင်းတောင် ပေးခဲ့သေးတယ်၊ ငါ့အပေါ် သူမရဲ့ သုံးနှစ်တာ အချိန်ပေးခဲ့မှုအတွက် တကယ်ကို ပြန်ဆပ်ချင်ခဲ့တယ်"
ဒီမြင်ကွင်းက တိတ်ဆိတ်သွားတယ်။
ခဏအကြာမှာ ယန်ကျွင်းဇဲက "အဲဒီနောက် ဘာဖြစ်လဲ" လို့ မေးလိုက်လေသည်။
"ငါက သူမ ငါ့ကို လက်လျှော့သွားပြီလို့ ထင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ သူမက ငါ့အကြောင်းကို ဆက်စဉ်းစားနေတုန်းပဲ" ကျိုးကျားကျဲက စားပွဲပေါ်ကို ကိုင်းညွတ်ပြီး သူ့နဖူးကို သူ့လက်တွေနဲ့ ထောက်ထားပြီး သူက ပြန်မစဉ်းစားချင်တဲ့ မှတ်ညဏ်တွေထဲမှာ နစ်မြောနေသလိုပဲ "သူမက ငါ့နောက်ကို မကြာခဏလိုက်လာတော့တယ်။ အထူးသဖြင့် ကျားယောင်နဲ့ ငါ အတူတူရှိနေတဲ့အချိန်မှာပေါ့၊ သူမက အမြဲတမ်းနီးပါး ပေါ်လာပြီး ငါတို့ကို နှောင့်ယှက်တယ်။ အဲဒီနေ့က ငါမအောင့်နိုင်တော့ဘူး။ ငါတို့ အပြင်းအထန် ရန်ဖြစ်ခဲ့ကြတယ်၊ ငါ သူမကို တကယ်ဆိုးရွားတဲ့ စကားလုံးတွေနဲ့ ပြောခဲ့တယ်… အဲဒီနောက်တော့ သူမ နောက်ထပ်မပေါ်လာတော့ဘူး"
ခဏရပ်ပြီး ကျိုးကျားကျဲက သူ့ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်နေတယ် "ဘယ်သူကမှ မထင်ခဲ့ဘူး၊ ပြီးခဲ့တဲ့ သောကြာနေ့ညက သူမ… သူမ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ ဒါက ငါ့အမှားပဲ၊ ငါ သူမကို ဆိုးရွားတဲ့စကားတွေနဲ့ မနာကျင်စေသင့်ဘူး၊ ငါ သူမကို ပိုစောစောကတည်းက ငြင်းပယ်ခဲ့သင့်တယ်…"
တခြားသူတွေ စကားမပြောခင်မှာပဲ ကျိုးကျားကျဲက ဆက်ပြောတယ် "ငါအရမ်းဝမ်းနည်းပြီး အရမ်းနောင်တရတယ်။ ပြီးတော့ သူမရဲ့ဈာပနကုန်ကျစရိတ်တွေအားလုံးကို ငါတာဝန်ယူခဲ့တယ်။ ငါ သူမမိဘတွေကို ငွေကို အမည်မဖော်ဘဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လျော်ကြေးငွေနဲ့အတူ ပေးပို့ခဲ့တယ်။
ငါတကယ်… အရမ်းနောင်တရတယ်၊ အရမ်းနောင်တရတယ်"
"ငါနားမလည်ဘူး။ မင်းက ငါတို့ကို ဒီကို လာပြီး ဒေါသထွက်နေစေဖို့ပဲ ခေါ်ခဲ့တာလား၊ မင်းက မင်းဘယ်လောက်နောင်တရတယ်ဆိုတာပဲ ဆက်ပြောနေတာလား" ယန်ကျွင်းဇဲက သူ့ရဲ့မျက်နှာထားကို တည်ငြိမ်အောင်ထားဖို့ ကြိုးစားရင်း ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။
"ဟုတ်တယ်၊ ပေါင်ကျဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့နေ့က ဘာလို့ ငါတို့ကို အကြောင်းမကြားတာလဲ" လို့ ကျိုးတာ့လီကလည်း မေးလိုက်သည်။
"ငါက အခြေအနေတွေ ငြိမ်သွားတဲ့အထိ စောင့်ချင်ခဲ့တယ်၊ ပြီးတော့ တခြားအတန်းဖော်တွေက မင်းတို့ကို အကြောင်းကြားပြီးပြီလို့ ငါထင်ခဲ့တယ်" လို့ ကျိုးကျားကျဲက ရှင်းပြလိုက်သည်။
"ငါတို့ကိုသာ အကြောင်းကြားခဲ့ရင် ငါတို့သေချာပေါက်လာခဲ့မှာ" လို့ ကျိုးတာ့လီက အေးစက်စွာ ပြောလိုက်ပြီး "ဒီလိုကိစ္စမျိုး… တကယ်ပဲ လျှို့ဝှက်ထားလို့ရသလား"
"ငါထင်တယ်၊ မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး။ မင်း ဘာလို့ ငါတို့ကို အခု ဒီကိုခေါ်လိုက်တာလဲ" လို့ ယန်ကျွင်းဇဲက ကျိုးကျားကျဲရဲ့မျက်လုံးတွေကို စူးစိုက်ကြည့်လိုက်လေသည်။
ကျိုးကျားကျဲက ကျတော့မယ့် မျက်ရည်တွေကို သုတ်ဖို့အတွက် သူ့လက်ကို မြှောက်လိုက်ပြိးအခက်အခဲအနည်းငယ်နဲ့ "ငါ ပေါင်ကျယ်ကို မင်းတို့ကူညီပေးစေချင်တယ်။
သူမ သေပြီးနောက်မှာတောင် ဒုက္ခမရောက်ရအောင်လို့၊ သူမရဲ့ဝေဒနာတွေကနေ အမြန်ဆုံး လွတ်မြောက်သွားအောင်လို့" လို့ ဖြေလိုက်လေသည်။
"ဘာ!" ယန်ကျွင်းဇဲ စိတ်လှုပ်ရှားသွားလေသည်။
"ပေါင်ကျဲ…" ကျိုးတာ့လီမျက်နှာမှာ အံ့အားသင့်မှုတွေပေါ်လာပြီးသူက ပတ်ပတ်လည်ကို ကြည့်လိုက်လေသည်။ "သူ့မဝိညာဉ်က ပေါ်လာလား"
ဒါကိုကြားတော့ ရှန်ချွေ့ချွေ့က ကြောက်စိတ်ကြောင့် ထခုန်လိုက်ပြီး ကျိုးတာ့လီလက်မောင်းကို အမြန်ဆုပ်ကိုင်လိုက်ပြီး သူ့ကို တင်းတင်းဖက်ထားလိုက်တယ်၊ သူ့မခေါင်းကလည်း ကြောက်လန့်စွာနဲ့ ပတ်ပတ်လည်ကို အလိုလိုကြည့်မိလေသည်။
ကျိုးကျားကျဲက ခေါင်းညိတ်လိုက်တယ် "သူမ ပေါ်လာခဲ့ ပြီးတော့ ငါ သူမကို မကြာခဏမြင်ရတယ်။ သူမက ငါ့ကို စိတ်မဖြတ်နိုင်သေးပုံရတယ်။ ငါသူမကို ကြောက်တာမဟုတ်ပေမယ့် သူမက ကောင်းမွန်စွာ အနားမယူနိုင်သေးတာက ငါ့နှလုံးသားကို အရမ်းဒုက္ခပေးတယ်။
သူ့မဝိညာဉ်ကို လွတ်မြောက်အောင် တကယ်ကူညီချင်တယ်"
"ဘာလို့ နတ်ဆိုးနှိမ်နှင်သူ ကို မခေါ်တာလဲ" လို့ ယန်ကျွင်းဇဲက မေးလိုက်လေသည်။ "မင်းတို့မိသားစု အဆက်အသွယ်တွေနဲ့ မင်း တန်းစီစောင့်နေစရာတောင် မလိုဘူး"
ယန်ကျွင်းဇဲကလည်း ကျိုးကျားကျဲက နတ်ဆိုးနှိမ်နှင်သူ ကို မခေါ်ဖို့ မျှော်လင့်ခဲ့သည်။ဘာကြောင့်လဲဆိုတော့ နတ်ဆိုးနှိမ်နှင်သူ မျ၏နည်းလမ်းများက အမြဲတမ်း ကြမ်းတမ်းပြီး ထူးဆန်းမှုများကို ရှင်းပစ်တာမျိုးဖြစ်သည်။ ပေါင်ကျယ်၏ ထူးဆန်းမှုက နတ်ဆိုးနှိမ်နှင်သူ တစ်ယောက်ကသတ်ပစ်ခံရတာမျိုး မဖြစ်စေချင်ဘဲ သူမကျန်ရှိနေတဲ့ ဆန္ဒများကို ဖြည့်ဆည်းပေးပြီး မကြာခင်မှာ ပြန်လည်မွေးဖွားလာနိုင်ဖို့ မျှော်လင့်ခဲ့သည်။
"ငါ့မိသားစုကို စိတ်ပူစေချင်ဘူး၊ ပြီးတော့ ငါ့အဖေက အရမ်းစည်းကမ်းကြီးတယ်။ ငါ စာကောင်းကောင်းမသင်ဘဲ ချိန်းတွေ့နေရုံပဲလုပ်ပြီး ဒီလောက်ကြီးတဲ့ပြဿနာတစ်ခုကို ဖြစ်အောင်လုပ်တယ်ဆိုတာကို သူသာသိရင် ငါ့အဆုံးသတ်က ဆိုးရွားလိမ့်မယ်လို့ ငါကြောက်တယ်" လို့ ကျိုးကျားကျဲက စိတ်ဓာတ်ကျတဲ့အသွင်နဲ့ ပြောလိုက်ပြီး"ဒီအကြောင်းကို မင်းတို့ကို လိမ်ဖို့ ငါ့မှာ အကြောင်းပြချက်မရှိပါဘူး။
ဒါကြောင့်၊ ငါမင်းတို့ကို တောင်းပန်တယ်၊ အထူးသဖြင့် မင်းကို ယန်ကျွင်းဇဲ၊ ပေါင်ကျဲကို ကယ်ပါဦး"
ဒီစကားတွေနဲ့အတူ ကျိုးကျားကျဲက ထရပ်ပြီး ယန်ကျွင်းဇဲကို အလေးအနက်ခေါင်းညိတ်အရိုအသေပေး
လိုက်လေသည်။
တခြားသူတွေအတွက် ဒါက ပေါင်ကျဲအတွက် ကျိုးကျားကျဲ၏နောက်ဆုံးအပြစ်ဖြေခြင်းဖြစ်နိုင်တယ်။
ယန်ကျွင်းဇဲက ဘာမှမပြောပေ၊ သူ့ဖုန်းကို ကောက်ယူပြီး ကျန်းရှောင်မို ပုံမှန်လုပ်သလိုပဲ တိတ်တဆိတ် ပွတ်နေသည်။
ပေါင်ကျယ်က ထူးဆန်းမှုတဖြစ်နေပြီး အခုထိ နက်ရှိုင်းစွာစွဲလမ်းနေဆဲပဲဆိုတာကို သတိရတော့ ကျိုးတာ့လီက ခေါင်းခါပြီး ခဏတာ တိတ်ဆိတ်နေသည်။
သူ့ဘေးမှာ ကပ်နေတဲ့ ရှန်ချွေ့ချွေ့က ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကျိုးကျားကျဲကို "လျော်ကြေးအနေနဲ့ မင်း ပေါင်ကျယ်ကို နောက်ဆုံးမှာ ပလက်တီနမ်လက်စွပ်တစ်ကွင်းပေးခဲ့တယ်လို့ မင်းပြောခဲ့တာလား" လို့ မေးလိုက်လေသည်။
"ဟုတ်တယ်" လို့ ကျိုးကျားကျဲက နာကျင်တဲ့အမူအရာနဲ့ ပြောလိုက်ပြီး "လက်ဆောင်က ဈေးကြီးတာ မကြီးတာက အရေးမကြီးဘူး၊ အရေးအကြီးဆုံးက သူ့မစိတ်ထဲမှာ နည်းနည်းပိုကောင်းစေဖို့ပါ"
"ငါအရမ်းသိချင်တာက၊ မင်းက ဘာလို့ လမ်းခွဲလက်ဆောင်အဖြစ် လက်စွပ်တစ်ကွင်းပေးခဲ့တာလဲ?
လက်စွပ်တွေက ကတိသစ္စာရဲ့ သင်္ကေတမဟုတ်ဘူးလား" လို့ ရှန်ချွေ့ချွေ့က ရုတ်တရက် ထိုးထွင်းဉာဏ်ရသွားတယ် "ဒါကြောင့် မင်းက လိမ်နေတယ်လို့ ငါခံစားရတယ်"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး" လို့ ကျိုးကျားကျဲက သူ့ရဲ့လက်တွေကို အလျင်အမြန်ဝှေ့ယမ်းပြီး "ငါ လုံးဝမလိမ်ဘူး၊ အဲဒီနေ့က သူမကို ပလက်တီနမ်လက်စွပ်တစ်ကွင်း တကယ်ပေးခဲ့တာ"
ကျိုးတာ့လီမျက်လုံးများ ပြူးကျယ်သွားပြီး သူ့ကို စိုက်ကြည့်နေပြီး "မင်းပေးခဲ့တာလား မပေးခဲ့တာလား"
"ငါပေးခဲ့တယ်" လို့ ကျိုးကျားကျဲက အားကုန်ခေါင်းညိတ်လိုက်ပြီး "မင်းမယုံရင် သူ့မအိမ်ကို သွားရှာကြည့်လို့ရတယ်။ လက်စွပ်က သူမရဲ့ပစ္စည်းတွေနဲ့အတူ ရှန်ထျန်းကို ပြန်ရောက်နေပြီ"
"ဟုတ်တယ်၊ မင်းပေးခဲ့တာ ဖြစ်နိုင်တယ်" လို့ ရှန်ချွေ့ချွေ့က စဉ်းစားဟန်နဲ့ ခေါင်းညိတ်တယ် "ဒါပေမယ့် မင်းက လက်စွပ်ပေးခဲ့တာဆိုတော့ ဒါက လမ်းခွဲလက်ဆောင် လုံးဝမဟုတ်ပေ၊ ဒါပေမယ့် မင်း သူမကို အခုထိ ချစ်နေသေးတယ်လို့ ပေါင်ကျယ်ကို ပြောဖို့ နည်းလမ်းတစ်ခုဖြစ်နိုင်တယ်။ အဲဒီလက်စွပ်က သူမအပေါ် မင်းရဲ့နှလုံးသားကို ကိုယ်စားပြုတယ်၊ သူမကို ဒါကအမှန်တရားဖြစ်တယ်လို့ ယုံကြည်စေပြီး မင်းကို သစ္စာရှိရှိနဲ့ သံသယမရှိဘဲ ဆက်ချစ်နေစေတယ်။ ဒါကြောင့် မင်း ကျားယောင်နဲ့ ပေါင်ကျဲတို့ရဲ့အချစ်ကို အများရှေ့ရော၊ ကိုယ်ပိုင်ဘဝမှာပါ ဆက်ပြီး ပျော်မွေ့နိုင်မှာပေါ့"
"မင်းပြောနေတာက…" ကျိုးကျားကျဲက အံ့အားသင့်သွားပြီး ငြင်းဆန်ရန်လုပ်နေတုန်း ယန်ကျွင်းဇဲက ဖြတ်ပြောလိုက်တယ်။
ယန်ကျွင်းဇဲက သူ့မိုဘိုင်းဖုန်းကို မြှောက်ပြလိုက်တယ်၊ မျက်နှာပြင်ပေါ်မှာ ရက်အနည်းငယ်က သတင်းဆောင်းပါးတစ်ခုရှိနေတယ်။ သူက ကျိုးကျားကျဲကို "ဂုဏ်ယူပါတယ်၊ မင်းအဖေ ကျိုးကူဟွာက ရှန်ထျန်းမြို့ရဲ့ ဒုတိယမြို့တော်ဝန်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်နေတာကို တွေ့ရှိရတယ်။
ဒီအချိန်အတွင်းမှာ မင်းရဲ့ကျိုးမိသားစုက မကောင်းတဲ့သတင်းတွေ ထွက်လာတာကို တကယ်မတတ်နိုင်ဘူး"
ကျိုးကျားကျဲမျက်နှာက နီရဲလာပြီး သူက အတင်းအကြပ်လက်အမူအရာတွေလုပ်ရင်း "မဟုတ်ဘူး၊ မင်းမှားနေပြီ။ ငါ့အဖေက ငါ့အပေါ် အရမ်းတင်းကျပ်တယ်၊ ငါသူ့ကို မပြောရဲဘူး။ ဒါက သူ့ရဲ့ ဒုတိယမြို့တော်ဝန်အဖြစ် ယှဉ်ပြိုင်တာနဲ့ ဘာမှမဆိုင်ဘူး"
"ငရဲကိုသွားလိုက်၊ မင်းက ငါတို့ကို လိမ်နေတာတင်မကဘဲ ပေါင်ကျယ်ကိုလည်း ဘယ်တုန်းကမှ လက်မလွှတ်ဘဲ ဆွဲထားခဲ့တာ!"
ကျိုးတာ့လီ မအောင့်နိုင်တော့ပေ။ သူက ထရပ်လိုက်ပြီး ရှေ့ကိုလှမ်းလိုက်ပြီးတော့ ပန်ကာတစ်ချပ်လောက်ကြီးတဲ့ သူ့လက်နဲ့ ကျိုးကျားကျဲကော်လံကို ဆွဲကိုင်လိုက်တယ်၊ သူ့ကို လေထဲမှာ မြှောက်လိုက်တော့ သူ့ခြေထောက်တွေက တွဲလောင်းဖြစ်နေတယ်။
ငြင်းမရပါပေ၊ သူ့ရှေ့က ဒီလူက အမျိုးသမီးတစ်ယောက်ရဲ့နှလုံးသားကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ အထူးသဖြင့် ပေါင်ကျဲလိုမျိုး နက်ရှိုင်းစွာစွဲလမ်းနေတဲ့သူတစ်ယောက်ကို
ပေါ့။
သူမက လက်လျှော့တော့မယ့်အချိန်မှာ သူက ချက်ချင်းပဲ သူမကို ချိုမြိန်တဲ့အရသာကို ပေး ပြီးတော့ သူမကို မျှော်လင့်ချက်တွေရှိနေတုန်းပဲလို့ ထင်အောင်လုပ်ပြီး သူ့ရဲ့ပျော်ရွှင်မှုအတွက် သူမကို ဆက်ပြီး ထိန်းချုပ်ထားလိမ့်မယ်။
ဒါပေမယ့် သနားစရာကောင်းတဲ့သူတွေကလည်း ရှုတ်ချခံရသင့်တယ်။ ပေါင်ကျယ့်အမှားက အရမ်းကို စွဲလမ်းနေပြီး အစွဲအလမ်းကြီးနေပြီးဤလူကို အရမ်းယုံကြည်ခဲ့ကာကိုယ့်ကိုယ်ကို ဘာအကာအကွယ်မှမရှိဘဲ ပြီးပြည့်စုံတဲ့ရလဒ်ကို အရမ်းယုံကြည်ခဲ့သည်။
ကျိုးကျားကျဲကို ဆွဲကိုင်ပြီးနောက်မှာ ကျိုးတာ့လီက ဒီကောင်ကို လက်ဝါးနဲ့ အကြိမ်အနည်းငယ်ရိုက်ပြီး အားရပါးရကန်ဖို့ လုပ်လိုက်သည်။
ရုတ်တရက် သူသတိထားမိလိုက်တာက မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ယန်ကျွင်းဇဲက သူ့ကို ကျော်ပြီး ကြည့်နေ ပြီးတော့ သူကိုင်ထားတဲ့ ကျိုးကျားကျဲကလည်း တုန်ယင်လာပြီး သူ့ရဲ့အကြည့်တွေက သူ့နောက်ဘက်ကို ပြောင်းသွားသည်။
ရှန်ချွေ့ချွေ့က လှည့်ကြည့်လိုက်ပြီး ကြောက်ရွံ့စိတ်ကြောင့် အော်ဟစ်လိုက်တယ်၊ သူမပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ကျိုးတာ့လီရဲ့ရင်ခွင်ထဲကို အတင်းဝင်သွားတသည်။
ကျိုးတာ့လီက ကျိုးကျားကျဲကို ယာယီချထားပြီး လှည့်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ၊ သူ့တစ်ကိုယ်လုံး တုန်လှုပ်မှုကြောင့် တောင့်တင်းသွားတယ်။
မီးဖိုချောင်ကနေ ဧည့်ခန်းကိုသွားတဲ့တံခါးဝမှာ ဆံပင်ဖရိုဖရဲနဲ့ မိန်းကလေးတစ်ယောက်က တိတ်တဆိတ်ရပ်နေသည်။ သူမကျောက မှောင်နေတဲ့မီးဖိုချောင်ဘက်ကို လှည့်ထားပြီး ဧည့်ခန်းဘက်ကို မျက်နှာမူထားတယ်။
သူမဆံပင်များက သူမမျက်နှာကို တစ်စိတ်တစ်ပိုင်းဖုံးအုပ်ထားပေမယ့် ပေါ်နေတဲ့ ပါးပြင်က လူသေလိုမျိုး ဖြူဖျော့နေတယ်။
"ကျယ်… ကျယ်လား?" ကျိုးတာ့လီက တုန်လှုပ်မှုခဏအကြာမှာ ထစ်အစွာမေးလိုက်မိလေသည်။
မီးဖိုချောင်တံခါးမှာ ရပ်နေတဲ့အမျိုးသမီးက ပိန်ပိန်ပါးပါးနဲ့ ပခုံးပေါ်အထိကျနေတဲ့ ဆံပင်ရှည်တွေနဲ့ ဘဲဥပုံမျက်နှာရှိပြီး—ဒါက ပေါင်ကျယ့်ဝိညာဉ်ဖြစ်ပေသည်။
ပေါင်ကျယ်အကြည့်က အသက်မဲ့ နေပေမယ့် မှိန်ဖျော့တဲ့အအေးဓာတ်ကို ထုတ်လွှတ်နေပြီးတုံ့ပြန်မှုမရှိဘဲ ကျိုးကျားကျဲ၏တုန်ယင်နေတဲ့ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်နေသည်။
ကျိုးတာ့လီက ရှန်ချွေ့ချွေ့ကို သူ့နောက်မှာ ဆွဲထားပြီး မလှုပ်ဘဲ ရပ်နေဖို့ ပြောလိုက်တ်ပြီးတော့ သူက ပေါင်ကျဲဆီကို လျှောက်သွားလိုက်သည်။
သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး ကြောက်စိတ်ကြောင့်မဟုတ်ဘဲ နာကျင်မှုကြောင့်—ဖော်ပြလို့မရနိုင်တဲ့ ဝေဒနာက သူ့လုံးသားထဲမှာ လှုပ်ရှားနေသည်။ သူ့မျက်နှာထားက လုံးဝဝမ်းနည်းမှုနဲ့ ပြည့်နေပြီး သူက ခြေလှမ်းတစ်လှမ်းချင်းစီကို ရုန်းကန်နေရပြီးရွှံ့ထဲကနေ ဆွဲထုတ်နေသလိုမျိုး ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ ပေါင်ကျဲဆီကို လျှောက်သွားနေလေသည်။
မျက်ရည်များက အကြီးအကျယ်ကျလာတော့သည်။ ကျိုးတာ့လီ မအော်ငိုခဲ့ပေမယ့် သူ့မျက်ရည်တွေက ဆည်ကျိုးသလို စီးဆင်းနေလေသည်။
သူတို့နောက်ဆုံး ဘားမှာတွေ့ဆုံခဲ့တာကို သူ အခုထိ ထင်ရှားစွာမှတ်မိနေဆဲပဲ။ ထိုခွဲခွာခြင်းက သူတို့၏နောက်ဆုံးနှုတ်ဆက်ခြင်း ဖြစ်သွားလိမ့်မယ်ဆိုတာကိုသူမသိခဲ့ပေ။