အကြမ်းတမ်းဆုံး လက်စားချေနည်း (၁)
Vol. 21 Ch. 311
ကျောင်းသားဘဝတုန်းက ပေါင်ကျယ်အပေါ်ထားတဲ့ ကျိုးတာ့လီ၏ သံယောဇဉ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်ခင်ကတည်းက ပြီးဆုံးသွားခဲ့ပါပြီ။
အခု သူခံစားနေရတဲ့ ဝမ်းနည်းကြေကွဲမှုကတော့ သူငယ်ချင်းသံယောဇဉ်ကြောင့်ပါ။ တစ်ချိန်က အရမ်းတော်ပြီး ထက်မြက်ခဲ့တဲ့ ကျောင်းနေဖက် သူငယ်ချင်းလေးတစ်ယောက်ဟာ ဒီလိုမျိုး ဆိုးရွားတဲ့ အခြေအနေကို ရောက်သွားပြီး ထူးဆန်းမှုတစ်ခု ဖြစ်လာကာ သူ့ရင်ထဲက စွဲလမ်းမှုတွေကိုလည်း စွဲမြဲစွာ ဆုပ်ကိုင်ထားသေးတာကို မြင်လိုက်ရလို့ပါ။
ပေါင်ကျယ်အတွက်တော့ သူ့မဘဝမှာ အကြီးမားဆုံးနဲ့ အသေအချာဆုံး အမှားက ကျိုးကျားကျဲနဲ့ သိကျွမ်းခဲ့မိတာ ဖြစ်နိုင်လေသည်။
ရပ်နေရင်း ရှန်ချွေ့ချွေ့က ဒီအချိန်မှာ ကျိုးတာ့လီရဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်ပါသည်။ သူမ အများကြီးမတွေးပါချေ။
သူ့မရင်ထဲမှာတော့ သူမရှေ့က ထူးဆန်းမှုအပေါ် ရှောင်လွှဲလို့မရတဲ့ ကြောက်ရွံ့မှုတွေပဲ အပြည့်ရှိနေပြီး
ကျိုးတာ့လီက ပေါင်ကျယ်နဲ့ နီးကပ်စွာ ရပ်လိုက်ပေမယ့် ပေါင်ကျယ်ကတော့ လှည့်မကြည့်ပါချေ။
သူမ၏ စွဲလမ်းမှုတွေထဲမှာ၊ သူ့မ မျက်လုံးများထဲမှာ အခုမှ သူမရှေ့မှာ တုန်ယင်နေပြီးသူ့မမျက်လုံးကိုတောင် မကြည့်ရဲတဲ့ ဤလူပဲ ရှိနေပါတော့သည်။
ကျိုးတာ့လီက သူ့လက်နဲ့ သူ့မျက်ရည်တွေကို ပွတ်သုတ်လိုက်ပြီး၊ “ဘာလို့ ဒီလိုလုပ်ရတာလဲ” လို့ အသံတိုးတိုးဖြင့် မေးလိုက်မိသည်။
ဟုတ်ပေသည်။ ဘာလို့ ဒီလိုလူမိုက်အတွက်ကို သေပြီးနောက်မှာတောင် စွဲမြဲစွာ ကာကွယ်ပေးနေပြီး၊ ဒီလိုမျိုး နာကျင်ခံစားနေရတာလဲ။
အခန်းထဲမှာရှိတဲ့ ကျိုးကျားကျဲကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ကျိုးတာ့လီ၏စကားများ အဓိပ္ပာယ်ကို နားလည်ပြီး သူတို့ရင်ထဲမှာ စို့နင့်သွားလေသည်။
ဒီအချိန်မှာတော့ တစ်ချိန်က စရိုက်ရော ပညာပါ ထူးချွန်ခဲ့တဲ့ ကျောင်းသူတစ်ယောက်ဟာ အခုလိုမျိုး မြင်ကွင်းမျိုးနဲ့ သူတို့ရှေ့မှာ ရပ်နေတာကိုမြင်တော့၊ အတိတ်က အမှတ်တရတွေဟာ ရင်ထဲကို တိုးဝင်လာပြီး ယန်ကျွင်းဇဲရဲ့ မျက်လုံးတွေကလည်း စိုစွတ်လာခဲ့တော့သည်။
သူသက်ပြင်းချလိုက်ပြီး စိတ်ထဲမှာရှိတဲ့ ‘စိတ်တွင်းအမြင်’ ကို အသုံးပြုကာ ပေါင်ကျယ်ရဲ့ဝိညာဉ်ပေါ်လာတဲ့အချိန်မှာ ပေါ်လာခဲ့တဲ့ တာဝန်သတိပေးချက်ကို ကြည့်လိုက်လေသည်။
[တာဝန်အမည် - အရိပ်လိုမျိုး;
တာဝန်အဆင့် - စိုးရိမ်စရာ (နိမ့်);
တာဝန် နောက်ခံအကြောင်းအရာ - အသက် ၁၆ နှစ်ကတည်းက ပေါင်ကျယ်က သူ့မအချစ်တွေအားလုံးကို သူမရှေ့က ဤလူကို ပေးခဲ့သည်။သို့ပေမယ့် သူကတော့ သူမကို အကြိမ်ကြိမ် ညှစ်ထုတ်ပြီး လှည့်စားခဲ့သည်။ ပေါင်ကျယ်က အကြိမ်တိုင်းမှာ မောပန်းနွမ်းနယ်ပြီး လက်လျှော့ချင်တဲ့အခါ ဒီလူက သူမရဲ့အချစ်အပေါ်ထားတဲ့ လှပတဲ့ အတွေးမှားတွေကို ထိန်းထားနိုင်ဖို့ ချိုမြိန်တဲ့အရသာကို ပေးခဲ့ပြီး နောက်ဆုံးမှာတော့ အရင်ကအမှားတွေကို ထပ်ပြီး မှားယွင်းစေခဲ့သည်။
နောက်ဆုံးမှာတော့ ပေါင်ကျယ်က ဒီထပ်ပိုပြီး သည်းမခံနိုင်တော့ပါချေ။ သူမကဘဝအပေါ်မှာ မျှော်လင့်ချက်တွေ မရှိတော့ပါချေ။ ဒီကောင်ကို မုန်းနေပေမယ့်လည်း ချစ်နေတာကြောင့် ဘဝကို ဆက်ပြီး မနေနိုင်တော့ဘူးလို့ ခံစားခဲ့ရသည်။
ထိုကြောင့် သူမဘဝကို အဆုံးသတ်လိုက်တာက တကယ်ကို လွတ်မြောက်မှုဖြစ်နိုင်ပေသည်။
တာဝန်ဖော်ပြချက် - သူမက ဤလူက သူမကို တကယ်ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို မြင်ချင်သည်။
တာဝန်ဆုလာဘ် - ဒိုင်မေးရှင်း စွမ်းအင်မှတ် ၁၀၀;
တာဝန်ပြစ်ဒဏ် - မသိရ;
တာဝန်အကြံပြုချက် - ၁။ မကောင်းဆိုးရွားဝိညာဉ်ကို ချုပ် နှောင်နိုင်သည်။ ၂။ ဖြစ်နိုင်တာကတော့ သူမရဲ့စွဲလမ်းမှု အများစုကို စကားပြောခြင်းဖြင့် ဖြေရှင်းနိုင်သည်။
မှတ်ချက် - တကယ်တော့ သူမက အရမ်းကို ကြင်နာတတ်ပါတယ်]
သူ့စိတ်ထဲက တာဝန်သတိပေးချက်ကို ဖတ်ပြီးနောက် ယန်ကျွင်းဇဲက ဒီတာဝန်က အရမ်းကို ရိုးရှင်းလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပေါင်ကျယ်က အသစ်ဖြစ်ပေါ်လာတဲ့ ထူးဆန်းမှုတစ်ခုဖြစ်ပြီး သူမ၏ စွမ်းအင်နယ်ပယ်ကလည်း မတည်မငြိမ်ဖြစ်နေလို့ပါပဲ။
ဒါ့အပြင် သူမက အသက်ရှင်စဉ်တုန်းကလည်း ကြင်နာတတ်သူမို့၊ ထူးဆန်းမှုဖြစ်လာပြီးနောက်မှာတောင် သူမက အဲဒီလူမိုက်ကို သူမက မုန်းတီးမှုတွေကြောင့် သတ်ပစ်ချင်တာမျိုးမဟုတ်ဘဲ ကျိုးကျားကျဲက သူမကို တကယ်ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို မြင်ချင်ရုံသက်သက်ပဲ ဖြစ်ပေသည်။
“ထူးဆန်းမှု ဖြစ်လာပြီးတော့တောင် အရမ်းကို ရိုးအနေတုန်းပဲ”
ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်သည်။ တာဝန်ကို မြင်လိုက်ကတည်းက သူ့မှာ တခြားစိတ်ကူးတွေ ရှိနေပါပြီ။ သူက ပေါင်ကျယ်၏စွဲလမ်းမှုကို ချက်ချင်းဖြည့်ဆည်းပေးဖို့ အစီအစဉ်မရှိပါချေ။
ဘာလို့လဲဆိုတော့ တာဝန်က ဒီလောက်အလွယ်လေး ပြီးသွားမယ်ဆိုရင် သူ့ဘေးက လူမိုက်အတွက် အရမ်းကို ပေါ့လျော့သွားမှာစိုးလို့ပါ။
သူတစ်လှမ်းချင်း ရှေ့တိုးလိုက်ပြီး ရှန်ချွေ့ချွေ့ ဘေးကိုရောက်သွားကာ သူမနားနားကို တီးတိုး ကပ်ပြောလိုက်သည်။
ကြောက်လန့်နေတဲ့ ရှန်ချွေ့ချွေ့က မျက်တောင်ခတ်လိုက်ပြီး ယန်ကျွင်းဇဲကို တစ်ချက်ကြည့်လိုက်သည်။
ယန်ကျွင်းဇဲက ခေါင်းညိတ်ပြလိုက်တော့ ရှန်ချွေ့ချွေ့လည်း ခေါင်းအမြန်ညိတ်ပြီး သူမဖုန်းကို ကောက်ယူကာ ဧည့်ခန်းတံခါးဆီ လျှောက်သွားပြီး ခဏအကြာမှာတော့ ထွက်သွားခဲ့လိုက်သည်
ဒီအချိန်အတွင်းမှာ ကျိုးတာ့လီက ဝမ်းနည်းပူဆွေးမှုတွေထဲမှာပဲ ရှိနေတာကြောင့် သူ့ချစ်သူ ထွက်သွားတာကို သတိမထားမိလိုက်ပါချေ။ သူက ပေါင်ကျယ်၏ ဖြူဖျော့ ဖျော့မျက်နှာကိုပဲ စိုက်ကြည့်နေပြီး သူမကို မထိရဲပါချေ။
“မင်း ဒီလိုမျိုး ကိုယ့်ကိုယ်ကို ညှဉ်းဆဲနေတာ မဟုတ်လား” လို့ ကျိုးတာ့လီက တီးတိုး ပြောလိုက်သည်။ “ဒီလိုလူအတွက်နဲ့တော့ အဲဒီလိုလုပ်တာ မတန်ပါဘူး”
ပေါင်ကျယ်က ဘာတုံ့ပြန်မှုမှမပြဘဲ၊ သူ့မအကြည့်က အေးစက်နေပြီး အခုဆိုဖာရဲ့ထောင့်မှာ ကွေးနေပြီး သူမမျက်လုံးတွေကို ထပ်မကြည့်ရဲတော့တဲ့ ကျိုးကျားကျဲကို စိုက်ကြည့်နေလေသည်။
ပြန်လှည့်ပြီးနောက် ယန်ကျွင်းဇဲက ကျိုးကျားကျဲကို ပြောလိုက်ပါတယ်။ “မင်း ငါတို့ကို ခေါ်လာတဲ့ ရည်ရွယ်ချက်က မင်းအခုကြုံနေရတဲ့ အကျပ်အတည်းကနေ ကယ်တင်ဖို့ပဲ ဖြစ်မှာပေါ့”
သူခဏရပ်လိုက်ပြီး၊ အေးစက်စက် ပြုံး ပြလိုက်သည်။ “ကိစ္စမရှိပါဘူး၊ ငါ မင်းကို ပေါင်ကျယ်ဆီကနေ ကူညီပြီး ဖယ်ရှားပေးနိုင်ပါတယ်” တကယ်တော့ သူမ၏ဆန္ဒက အရမ်းရိုးရှင်းပါတယ်။ မင်း သူမကို တကယ်ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို တစ်ခါလောက်ပဲ မြင်ချင်တာပါ။ ဒါပေမယ့် တစ်ခုသတိထားပါ။ သူမရဲ့စွဲလမ်းမှုက အရမ်းနက်ရှိုင်းနေတာမို့ မင်း ဟန်ဆောင်လို့မရပါဘူး။ ရင်ထဲကနေ တကယ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရပါမယ်။
ဒီလိုအခြေအနေမျိုးမှာတော့ သူမဆန္ဒ ပြည့်သွားတာနဲ့ သူမက မင်းဆီကနေ သူ့အလိုလို ထွက်သွားပါလိမ့်မယ်”
ထောင့်မှာရှိတဲ့ ကျိုးကျားကျဲက မျက်တောင်ခတ်လိုက်ပြီး စဉ်းစားနေပုံရသည်။
ကျိုးတာ့လီက နောက်လှည့်ပြီး စိုက်ကြည့်ကာ “ကူညီပေးမယ် ဟုတ်လား! ငါအခုပဲ သူ့ကို သတ်ပစ်တော့မယ်” လို့ အော်လိုက်လေသည်။
စကား မဆုံးသေးခင်မှာပဲ အမြဲတမ်းပွင့်နေတဲ့ ဧည့်ခန်းတံခါးမှာ အခုလေးတင် အပြင်ထွက်သွားတဲ့ ရှန်ချွေ့ချွေ့က ဖယောင်းတိုင်တစ်ထုပ်ကို ကိုင်ပြီး ရုတ်တရက် ပြန်ရောက်လာသည်။
“ ချွေ့ချွေ့ဘယ်သွားတာလဲ” လို့ ကျိုးတာ့လီက အံ့သြပြီး စိုးရိမ်တကြီးမေးလိုက်မိသည်။
“ဈေးဝယ်တာ” လို့ ရှန်ချွေ့ချွေ့က ဖြေလိုက်ပြီး ပေါင်ကျယ်ကို ကြောက်ရွံ့စွာ ကြည့်ကာ ယန်ကျွင်းဇဲဆီ လျှောက်လာပြီး “အောက်ထပ်က ဆိုင်မှာ ဖယောင်းတိုင်တွေ ရောင်းနေတာ တွေ့လို့၊ ဒါလုံလောက်ပြီလား”
ယန်ကျွင်းဇဲက ဖယောင်းတိုင်တွေကို ယူပြီး စစ်ဆေးကြည့်လိုက်ပါတယ်။ ဒါတွေက အိမ်မှာ အရေးပေါ်သုံးတဲ့ ဖယောင်းတိုင်အမျိုးအစားဖြစ်ပြီး အဖြူရောင်တွေချည်းပါပဲ။ တစ်ထုပ်မှာ ဖယောင်းတိုင် ၁၂ တိုင် ပါပြီး လက်နှစ်ချောင်းလောက် ထူသည်။
“ဒါဆို ရပြီ”
ဒါကိုပြောပြီးနောက် သူ ပေါင်ကျယ်ဆီ လျှောက်သွားကာ ပလတ်စတစ်အိတ်ကို ဆွဲဖြဲပြီး ဖယောင်းတိုင်တစ်တိုင်ကို ထုတ်ယူကာ ပေးလိုက်သည်။
“မင်းရဲ့စွဲလမ်းမှုကို ပိုမြန်မြန် ပြည့်စေချင်တယ်ဆိုရင် ဒါကို အရင်စားလိုက်ပါ”
အခန်းထဲမှာရှိတဲ့ တခြားသူများ၏မျက်နှာများက အံ့သြတုန်လှုပ်သွားပြီး ယန်ကျွင်းဇဲရဲ့လုပ်ရပ်တွေကို ကြည့်နေကြကာ သူ ဘာစိတ်ကူးထားလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေကြပါတော့သည်။