အကြမ်းတမ်းဆုံး လက်စားချေနည်း (၂)
Vol. 21 Ch. 312
သို့သော် ထိုအချိန်တွင်မှ ယခင်က ကျိုးကျားကျဲကို စိုက်ကြည့်နေသော ပေါင်ကျယ်က သူ့အကြည့် ပြောင်းလိုက်ပြီး မျက်နှာရှေ့သို့ ရောက်လာသည့် ဖယောင်းတိုင်ကို ငုံ့ကြည့်ကာ တိတ်ဆိတ်နေသည်။
“စားလိုက်ပါ၊ စားပြီးတာနဲ့ မင်းကိုယ်မင်း အမှန်တကယ် ပြန်ရှာတွေ့လိမ့်မယ်” ဟု ယန်ကျွင်းဇဲက သူ့လက်ထဲက အဖြူရောင်ဖယောင်းတိုင်ကို မြှောက်ပြရင်း အသံတိုးတိုးဖြင့် ပြောသည်။
ဤအချိန်မှာတော့ ရှန်ချွေ့ချွေ့က ကျိုးတာလီဘေးကို ရောက်လာပြီး သူ့လက်မောင်းကို ကိုင်လိုက်သည်။
ကျိုးတာလီက တိုးတိုးလေး ပြန်မေးသည် “ကျွင်းဇဲက မင်းကို ဘာလုပ်ခိုင်းတာလဲ”
“ဘာမှ မဟုတ်ပါဘူး၊ ဖယောင်းတိုင်တွေ ဝယ်ဖို့ပဲ အောက်ဆင်းသွားတာ” ဟု ရှန်ချွေ့ချွေ့က ပြန်ဖြေလိုက်သည်။
“တခြား ဘာမှမဝယ်ဘူးလား၊ ရွှေချောင်းတွေလိုမျိုးပေါ့” ဟု ကျိုးတာလီက ထပ်မေးသည်။
“မဝယ်ပါဘူး” ဟု ရှန်ချွေ့ချွေ့က ခေါင်းခါပြသည်။
ကျိုးတာလီ ဆက်မမေးတော့ပါ။ ယန်ကျွင်းဇဲသည် “ထူးဆန်းမှုများ” ကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်ပြီး၊ သူ့အပြုအမူနဲ့ အတွေးအချို့ကို သူနားမလည်တာက ပုံမှန်ပဲဆိုတာကို သိ လေသည်။
သို့သော် ရုတ်တရက် ပေါင်ကျယ်ကို ဖယောင်းတိုင်စားဖို့ ပြောလိုက်ခြင်းက အနည်းငယ် လက်ခံရန် ခက်ခဲသော ထူးခြားတဲ့ အပြုအမူတစ်ခုလို ဖြစ်နေသည်။
ထိုစဉ်မှာပဲ ပေါင်ကျယ်က သူမရဲ့လက်ကို ဆန့်တန်းလိုက်ပြီး၊ သူမ၏သွယ်လျတဲ့ လက်ချောင်းတွေက အဖြူရောင်ဖယောင်းတိုင်ကို ဆုပ်ကိုင်လိုက် လေသည်။
ယန်ကျွင်းဇဲ လက်လွှတ်လိုက်သည်နှင့် သူမက ဖယောင်းတိုင်ကိုယူကာ သူ့ပါးစပ်ဆီ ဖြည်းဖြည်းချင်း ယူလာပြီး သူမပါးစပ်ကို ဟလိုက်ရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖွေးနေသော သွားများပေါ်လာပြီး ဖယောင်းတိုင်ကို သူမပါးစပ်ထဲ ဖြည်းဖြည်းချင်း ထည့်ကာ တစ်ပိုင်းကို ကိုက်ချလိုက်လေသည်။
ခြောက်သွေ့နေသော ဖယောင်းမှုန့်များ ကျဆင်းလာပြီး မကြာမီမှာပဲ ဖယောင်းများက သူမပါးစပ်ထဲမှ စီးကျလာသည်။
ပေါင်ကျယ်က ဖြည်းဖြည်းချင်း စားသောက်နေသော်လည်း အနည်းငယ်ကိုက်ပြီးနောက်တွင်တော့ သူမ၏ ဝါးစားမှုနှုန်းက သိသိသာသာ မြန်လာကာ ဖယောင်းတိုင်တစ်တိုင်လုံးကို အမြန်စားလိုက်သည်။
ယန်ကျွင်းဇဲက ဒုတိယမြောက် ဖယောင်းတိုင်ကို ထုတ်ပြီး ကမ်းပေးလိုက်သည်။ ပေါင်ကျယ်က အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့လှုပ်ရှားမှုတွေက ပိုမိုမြန်ဆန်လာကာ ပါးစပ်ထဲကို ထိုးထည့်လိုက်ပြီး အနည်းငယ်ကိုက်ရုံဖြင့် စားလိုက်သည်။
ထို့နောက် ယန်ကျွင်းဇဲက တတိယမြောက် ဖယောင်းတိုင်ကို ကမ်းပေးပြန်သည်။
ထို့နောက် စတုတ္ထမြောက်၊ ပဉ္စမမြောက်...
အခန်းတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းက ဖယောင်းတိုင်ကို မရပ်မနားစားနေသည့် ပေါင်ကျယ်ကို ကြည့်နေကြလေသည်။
အဖြူရောင်ဖယောင်းများက သူ့မ မေးစေ့တစ်လျှောက်လုံး စီးကျနေသည်။
သို့သော် တခြားသူများအတွက်တော့ ဖယောင်းတိုင်များသည် လူ့လောက၏ အရသာအရှိဆုံး အစားအစာတစ်ခု ဖြစ်နေသကဲ့သို့ပင်။ ဆယ်တိုင်မြောက်ကို စားပြီးမှသာ ပေါင်ကျယ်၏ အရှိန်က နှေးလာခဲ့သည်။
သို့သော်လည်း သူမက မရပ်တန့်ခဲ့ပေ။
ယန်ကျွင်းဇဲက ဖယောင်းတိုင်ထုပ်ကို လွှင့်ပစ်လိုက်ပြီး ကျန်ရှိသည့် ဖယောင်းတိုင်နှစ်တိုင်ကို ပေါင်ကျယ်ကို ဆက်လက်ကမ်းပေးသည်။ သူမက ယူကာ သူမ၏ လှုပ်ရှားမှုများ နှေးကွေးသွားသော်လည်း နောက်ဆုံးဖယောင်းတိုင်နှစ်တိုင်လုံးကို တစ်စွန်းတစ်စပင် မကျန်အောင် စားပစ်လိုက် တော့သည်။
ဖယောင်းတိုင်များကို စားခါနီးအချိန်တွင် ယန်ကျွင်းဇဲက လှည့်လိုက်ပြီး ဆိုဖာထောင့်တွင် ငုတ်တုတ်ထိုင်နေသည့် ကျိုးကျားကျဲကို မျက်နှာမူလိုက်ကာ “ငါ မင်းကို တကယ်ပဲ ကူညီနေတာပါ။
ပေါင်ကျယ်က သူ့ရဲ့စွဲလမ်းမှုတွေ အပြီးသတ်တာနဲ့ မင်းကို ချက်ချင်းထားခဲ့လိမ့်မယ်၊ မင်းက ထားစေချင်ရင်တောင် ထားလို့မရတော့ဘူး။
အခုကစပြီး ငါသူမရဲ့ ထူးဆန်းတဲ့ သံလိုက်စက်ကွင်းကို တည်ငြိမ်အောင် လုပ်ပေးလိုက်ပြီ။ မင်းသာ တစ်နေ့နေ့မှာ သူ့ကို အမှန်တကယ်ကောင်းကောင်းမွန်မွန် ဆက်ဆံရင် သူမက မင်းကို ထားခဲ့မှာ သေချာတယ်” ဟု ပြောလိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒါ မမှန်ဘူး…” ကျိုးကျားကျဲက အော်ပြောလိုက်သည်။ “ဘာသံလိုက်စက်ကွင်းလဲ။ ဘာလို့ သံလိုက်စက်ကွင်းကို တည်ငြိမ်အောင် လုပ်နေတာလဲ။ သူမက ငါ့နောက်ကို လိုက်နေတာတောင် မင်းက သူ့ရဲ့သံလိုက်စက်ကွင်းကို တည်ငြိမ်အောင် လုပ်နေသေးတယ်၊ ဘာလို့လဲ”
“ဒီနည်းလမ်းနဲ့ပေါ့…” ယန်ကျွင်းဇဲက ပြုံးလိုက်သည်။ “သူမက မင်းကို အမှန်တကယ် အပြည့်အဝ ချဉ်းကပ်နိုင်လိမ့်မယ်၊ သူမရဲ့မေတ္တာကို မင်းခံစားရအောင်ပေါ့။ ဒါမှပဲ မင်း သူ့ကို တစ်ခါတစ်ရံ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးမှာ ဖြစ်နိုင်တယ်။ အင်း၊ ငါ့ရဲ့မျှော်လင့်ချက်ကို မင်းမဖြည့်ဆည်းပေးခဲ့ရင် မင်းပဲ နောင်တရလိမ့်မယ်” ဟု ပြော ယလိုက်လေသည်။
“ဘာလဲ”
ကျိုးကျားကျဲက ကြောင်အသွားသည်။ သူခေါင်းမော့ကြည့်လိုက်ရာ မီးဖိုချောင်တံခါးဝတွင် ရပ်နေသော ပေါင်ကျယ်သည် လုံးဝပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ထိုစဉ်တွင် ရှန်ချွေ့ချွေ့က ရုတ်တရက် အော်ဟစ်ကာ ပါးစပ်ကို ပိတ်လိုက်ပြီး ကြောက်လန့်တကြားနဲ့ သူ့နောက်ဘက်ကို ကြည့်နေသည်ကို သူသတိထားမိလိုက်သည်။
သူ့ကျောဘက်တစ်လျှောက်လုံး အရိုးခိုက်စေသော အအေးဓာတ်က တွားတက်လာသည်။
ဒီအလွန်အမင်း အေးစက်တဲ့ အအေးဓာတ်က သူ့လည်ပင်းကို တက်လာပြီး သူ့ခေါင်းနောက်ဘက်ကို ရောက်လာကာ သူ့ကျောရိုးတစ်ခုလုံးကို ထုံကျင်သွားစေသည်။
ထို့နောက် သူ့အသက်ရှူသံ တိုးတိုးက ကျိုးကျားကျဲ၏နားအနီးသို့ ချဉ်းကပ်လာပြီး ဝါကျတစ်ကြောင်းကို ပြောသည်။
“ငါ… မင်းကို… ချစ်တယ်”
“အား”
ကျိုးကျားကျဲသည် အလွန်ပြင်းထန်သော အော်သံဖြင့်အော်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညှင်းများ ထသွားပြီး ဘယ်ကမှန်းမသိသော အားအင်များ ရုတ်တရက် ရောက်လာကာ ဆိုဖာပေါ်မှ ခုန်ချလိုက်ပြီး ဧည့်ခန်းအလယ်သို့ အလျင်အမြန် ပြေးသွား လိုက်သည်။
သူ့ခန္ဓာကိုယ်၊ အထူးသဖြင့် သူ့ကျောကို အလျင်အမြန် ပုတ်လိုက်သည်။ သူ့ခေါင်းကိုလည်း ဟိုဟိုဒီဒီ လှည့်ပတ်ပြီး နေရာတိုင်းကို အဆက်မပြတ် ကြည့်နေသည်။
ယန်ကျွင်းဇဲ၊ ကျိုးတာလီနှင့် ရှန်ချွေ့ချွေ့တို့သည် ဧည့်ခန်းတံခါးဆီသို့ နောက်သို့ဆုတ်သွားကြပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ကံကောင်းစွာနဲ့ပဲ ဆိုဖာပေါ်က ခုန်ချပြီးနောက် သူ့ကျောပေါ်က ချမ်းတုန်တဲ့ ခံစားမှု ပျောက်ကွယ်သွားပုံရပြီး၊ နောက်လှည့်ကြည့်လိုက်တော့ ဘာကိုမှ မမြင်ရတော့ပေ။
ကျိုးကျားကျဲက မအီမသာ ဖြစ်နေသေးသည်။ တုန်ယင်စွာနဲ့ ယန်ကျွင်းဇဲကို ကြည့်ရင်း သူ့နှုတ်ခမ်းများ လှုပ်ယိမ်းနေသော်လည်း အသံမထွက်နိုင်သေးပေ။ ခဏကြာမှသာ အသံထွက်နိုင်ခဲ့သည်။ “မလုပ်ပါနဲ့… ဒီလိုမျိုး မလုပ်ပါနဲ့…”
ယန်ကျွင်းဇဲက ပုံမှန်အသံဖြင့် ပြောသည်။ “ငါ့ကို ယုံပါ။ မင်းကို မြန်မြန်ကူးပြောင်းဖို့ ငါကူညီနေတာပါ။ အော်၊ အခုကစပြီး မင်း ဒီအိမ်မှာ လေအေးပေးစက် ဖွင့်စရာ မလိုတော့ဘူး။ ညတိုင်း တစ်စုံတစ်ယောက်က မင်းကို တိတ်တိတ်ဆိတ်ဆိတ် ဖက်ထားပေးလိမ့်မယ်၊ မင်းရဲ့ အေးစက်နေတဲ့ စောင်ကို နွေးထွေးအောင် လုပ်ပေးလိမ့်မယ်၊ မင်းနားနားကို ကပ်ပြီး တိုးတိုးလေး ပြောပေးလိမ့်မယ်။ အဲဒါကို တွေးရုံနဲ့တောင်… တစ်ယောက်ယောက်ကို ကြက်သီးထစေဖို့ လုံလောက်တယ်”
ကျိုးကျားကျဲသည် ယန်ကျွင်းဇဲကို ကြောက်လန့်တကြား အမူအရာနဲ့ ကြည့်နေပြီး ဘာစကားမှ ဆက်မပြောနိုင်တော့ပေ။
ထိုစဉ်တွင် သူ့နားအနီးတွင် ယားယံသည်ဟု ခံစားရပြီး ကြောက်လန့်သွားကာ လျင်မြန်စွာ ခေါင်းလှည့်ပြီး ရိုက်လိုက်သည်။
သူ့နောက်တွင် ဘာမှမရှိ၊ သူ့ကျောတွင်လည်း ဘာမှကပ်တွယ်မနေသော်လည်း သူ့နားက ယားယံနေဆဲဖြစ်သည်။
သူ့လက်ကိုမြှောက်ပြီး ကုတ်လိုက်တော့ သူ့နားတစ်လျှောက်တွင် ဆံပင်တစ်ချောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။ ကျိုးကျားကျဲ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။
သူ့လည်ပင်းပေါ်တွင် ကြီးမားသော အလေးချိန်တစ်ခု ဖိထားသကဲ့သို့ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားသော်လည်း သူက ခေါင်းကို မော့ကာ အပေါ်ကို မော့ကြည့်လိုက်မိသည်။
သူ့အပေါ် တည့်တည့်တွင် ပေါင်ကျယ်၏ မျက်နှာကို တွေ့လိုက်ရသည်။ သူမရဲ့ မေးစေ့က အဖြူရောင်ဖယောင်းများနဲ့ အပြည့် ဖုံးလွှမ်းနေဆဲ၊ သူမ၏ ဆံပင်ရှည်များက ပြန့်ကျဲနေပြီး သူ့ခေါင်းပေါ်တွင် တင်နေကာ နားဘေးသို့ တွဲကျနေသည်။
တစိမ့်စိမ့်၊ ဖယောင်းနှစ်စက်က ကျိုးကျားကျဲ၏မျက်နှာပေါ်သို့ ကျလာသည်။
“အား”
ကျိုးကျားကျဲ၏ ပါးစပ်မှ အော်သံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် သူ့အပေါ်တွင် ဝဲပျံနေသော ပေါင်ကျယ်က သူ့ကျောပေါ်သို့ ကျရောက်လာပြီး သူ့ကို နောက်မှနေ၍ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
“ငါ… မင်းကို အရမ်း… ချစ်တယ်”
ယန်ကျွင်းဇဲနှင့် အခြားနှစ်ဦးတို့သည် ဧည့်ခန်းထဲမှ ထွက်လာပြီး တံခါးကို ပိတ်လိုက်သည်။
အခန်းထဲမှ နောက်ဆုံးမြင်ကွင်းကို မြင်လိုက်ရသည်မှာ ကျိုးကျားကျဲသည် ကြောက်လန့်ခြင်းကြောင့် တောက့်တင်းနေပြီး အော်ဟစ်ခြင်းပင် မပြုနိုင်တော့ဘဲ ပေါင်ကျယ်က သူ့ကို နောက်မှနေ၍ ခိုင်မြဲစွာ ဖက်ထားခြင်း ဖြစ်သည်။
အခန်းအပြင်ဘက်။
ကျိုးတာလီနှင့် ရှန်ချွေ့ချွေ့ နှစ်ဦးစလုံးသည် တပြိုင်နက်တည်းနီးပါး အသက်ရှူနေကြသည်။ ထိုကြောက်မက်ဖွယ်မြင်ကွင်းသည် သူတို့နှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်းကြောင့် မလွဲမရှောင်သာ ကြောက်ရွံ့မှုအများအပြားဖြင့် ပြည့်နှက်သွားခဲ့ရသည်။
ထိုအချိန်တွင် အခြေအနေနှင့် ပတ်သက်နေသော ကျိုးကျားကျဲသည် မည်မျှ ကြောက်လန့်နေမည်ကို လူတိုင်း တွေးကြည့်နိုင်မည် ဖြစ်သည်။
တစ်မိနစ်ခန့်အကြာတွင် နှစ်ဦးစလုံးသည် သက်ပြင်းချကာ အသက်ဝဝရှူလိုက်ကြသည်။
ရှန်ချွေ့ချွေ့က “သူ့လုပ်ရပ်အတွက် သူခံရတာပဲ” ဟု ပြောလိုက်လေသည်။
ကျိုးတာလီက ယန်ကျွင်းဇဲကို ကြည့်လိုက်သည်။ “အစကတော့ သူ့အဖေက မြို့တော်ဝန်ရုံးက အရာရှိဆိုတာ ဂရုမစိုက်ဘဲ သူ့ကို ကိုယ်တိုင်ရိုက်နှက်ဖို့ စီစဉ်ထားတာ။ ဒါပေမယ့် အခုကြည့်ရတာ မင်းရဲ့နည်းလမ်းလောက်တော့ မရက်စက်ဘူးပဲ။ မင်းလုပ်တာ မှန်တယ်။ သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို သူခံစားရမှာပေါ့”
“သွားကြရအောင်”
ယန်ကျွင်းဇဲက ခေါင်းအနည်းငယ်ညိတ်ပြီး ကျိုးတာလီနှင့် ရှန်ချွေ့ချွေ့တို့အား ရှေ့မှသွားခွင့်ပြုလိုက်သည်။ သူက သူ့ဖုန်းကိုထုတ်ပြီး ကျန်းရှောင်မို၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
“ဟယ်လို၊ ရှောင်မို”
“အင်း၊ မင်းဘာလုပ်နေတာလဲ” ကျန်းရှောင်မို၏ နှုတ်ဆက်စကားက အံ့အားသင့်စရာပင်။
ပုံမှန်အားဖြင့် သူတို့စကားပြောဆိုသည့်အခါ ကျန်းရှောင်မို့က “ဘာကိစ္စလဲ” ဟု စတင်လေ့ရှိသော်လည်း ယနေ့တွင် သူမက “မင်းဘာလုပ်နေလဲ” ဟု မေးလိုက်သည်။
ယန်ကျွင်းဇဲက ခဏတာ ရပ်တန့်သွားပြီး “ဒီမှာ အခြေအနေတစ်ခုရှိလို့ မင်းအကူအညီ လိုအပ်တယ်” ဟု ပြန်ဖြေလိုက်သည်။
ကျန်းရှောင်မိုက သူ့စကားသံသည် ပုံမှန်စကားပြောဆိုနေကျပုံစံ မဟုတ်ကြောင်း သိလိုက်ရသဖြင့် “ကောင်းပြီ၊ ပြောပါ” ဟု ပြန်ပြောသည်။
“ကျိုးကဟွာ၊ ရှန်ထျန်းမြို့ရဲ့ မကြာခင် ဒုတိယမြို့တော်ဝန်ဖြစ်လာမယ့်သူရဲ့ နတ်ဆိုးနှိမ်နှင်ပေးဖို့ တောင်းဆိုမှုတွေကို တျန်မုန့်က နတ်ဆိုးနှိမ်နှင်သူတွေအားလုံး လက်မခံဖို့ မင်းရဲ့အာဏာကို အသုံးပြုစေချင်တယ်” ဟု ယန်ကျွင်းဇဲက ပြော လိုက်သည်။
ကျန်းရှောင်မိုသည် အံ့အားသင့်သွားပြီး ခေါင်းခါပြလိုက်သည်။ “အဲဒါကိုတော့ ငါမလုပ်ပေးနိုင်ဘူးထင်တယ်။ အဲဒါက ခေါင်းဆောင်ဟော်ကျစ်စန်း ကိုင်တွယ်ရမယ့်ကိစ္စမျိုးပါ။ ပြီးတော့ မင်းလောက်လည်း ငါ့မှာ သြဇာမရှိပါဘူး။ ဒီလိုလုပ်ပေးမယ်။ မိုမိသားစုရွာက အလုပ်ပြီးဆုံးပြီး ဦးလေးကော်ကို ကိုယ်ခန္ဓာအသစ်နဲ့ ပြန်လာအောင် ကူညီပေးပြီးနောက် မင်းရဲ့ ပထမဆုံး တောင်းဆိုချက်ပဲလို့ သူ့ကို ငါပြောပြမယ်။
ခါင်းဆောင်က ငြင်းပယ်ဖို့ အကြောင်းပြချက်မရှိဘူးလို့ ငါယုံကြည်တယ်။ ဒုတိယမြို့တော်ဝန်ဖြစ်ဖြစ်၊ တျန်မုန့်ရဲ့ ဒုတိယဒါရိုက်တာဖြစ်ဖြစ်၊ ငါတို့က မရဘူးလို့ ပြောရင် မရဘူးပဲ”
ယန်ကျွင်းဇဲက အဆင်မပြေစွာ ပြုံးလိုက်ပြီး “ကောင်းပြီ၊ မင်းကို အားကိုးတယ်” ဟု ပြောလိုက်သည်။
သူဖုန်းချပြီး အိမ်ရာ အဆောက်အအုံထဲကနေ ထွက်လာတော့ ကျိုးတာလီနှင့် ရှန်ချွေ့ချွေ့တို့က သူ့ကို နောက်လှည့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယန်ကျွင်းဇဲက ပြုံးပြလိုက်သည်။
ကျိုးတာလီက “ကျွင်းဇဲ၊ မင်းက ငါ့ရဲ့ မျှော်လင့်ချက်တွေကို တစ်ခါပြန်ပြီး လုံးဝပြောင်းပြန်လှန်ပစ်လိုက်ပြန်ပြီ” ဟု ပြောသည်။
“မင်းမှာ မျှော်လင့်ချက်တွေ ရှိလို့လား” ဟု ယန်ကျွင်းဇဲက ပြန်ပြောလိုက်သည်။
ရှန်ချွေ့ချွေ့က ကျိုးတာလီ၏ လက်ဖဝါးကို ဆိတ်လိုက်ပြီး သူ့ကို ထိန်းထားလိုက်သည်။ “မင်းသူငယ်ချင်းက ရက်စက်တယ်၊ ဒါပေမယ့် အရမ်းကို ကျေနပ်စရာကောင်းတယ်” ဟု တိုးတိုးလေး ပြောလိုက်လေသည်။