← Chapters

ငါးမျှားချိတ်ကို ဟပ်မိခြင်း

Vol. 150 Ch. 2135

ငါးမျှားချိတ်ကို ဟပ်မိခြင်း

Vol. 150 Ch. 2135

ရီဖူရှင်းက ထိပ်သီးတန်ခိုးရှင်များ ထွက်သွားပြီးနောက် ခြံဝန်းထဲ၌ ဆက်လက် အနားယူနေခဲ့သည်။ ဆရာသခင်ထျန်းပေါင်က ကိုးလမ်းတွင် အကောင်းဆုံးနှင့် အကျော်ကြားဆုံး အာခီမီဆရာသခင် ဖြစ်လေသည်။ ပြောကြသည်မှာ သူက မဟာလမ်းစဥ် အဆင့်ကိုးဆေးလုံးကို ဖော်စပ်နိုင်သည်ဟု ​ဖြစ်သည်။ ရီဖူရှင်းက ထိုသို့ သေချာပေါက် လုပ်နိုင်မည် မဟုတ်ပေ။

သို့သော် ထိုသည်မှာ ပြဿနာမရှိချေ။ ရီ​ဖူရှင်းက ဆရာသခင်ထျန်းပေါင်ထက် ကျင့်ကြံဆင့်နိမ့်နေသည့်အတွက်ကြောင့် စိန်ခေါ်မှုအား အနိုင်ရရန် အကြောင်းမရှိဟု ထင်မှတ်ရပေသည်။ မည်သို့ပင်ဖြစ်စေ သူ၏ ရည်မှန်းချက်မှာ အနိုင်ရရန် မဟုတ်ပေ။ သူသည် သူ အကောင်းဆုံး လုပ်နိုင်သည့် ဆေးဝါးကို ဖော်စပ်ရန်သာ လိုပြီး ထိုဖြစ်စဥ်အတွင်း ဆရာသခင်ထျန်းပေါင်၏ ကျော်ကြားမှုအပေါ် အမြတ်ထုတ်ရန်သာ လိုအပ်ပေသည်။

အပြင်ဘက်လောကမှ အာခီမီဆရာသခင်တစ်ယောက်က ကိုးလမ်းမှ အကောင်းဆုံး အာခီမီဆရာသခင်ကို စိန်ခေါ်ခြင်းဟူသည့် သူ့လှုပ်ရှားမှုက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ရီဖူရှင်းက ယုံကြည်ချက် ရှိပေသည်။

"ဆရာသခင်။" အသံတစ်ခု ထွက်ပေါ်လာသည်။ နဝမတည်းခိုဆောင်၏ ပိုင်ရှင် လင်ရှန်းက လျှောက်လာ၏။

ရီဖူရှင်းက လင်ရှန်းကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ထိုင်ပါ။"

လင်ရှန်းက ဟန်ဆောင်ယဥ်ကျေးပြမနေတော့ဘဲ ချက်ချင်း ထိုင်ချလိုက်သည်။ သူက ရီဖူရှင်းကို ပြောလိုက်၏။ "ဆရာသခင် ဘာလို့ ဆရာသခင်ထျန်းပေါင်ကို စိန်ခေါ်လိုက်ရတာလဲ။ ထျန်းယိအိမ်တော်က သူတို့ရဲ့ ပိုင်နက်နယ်မြေတစ်ခုလေ။ ခင်ဗျား အဲဒီကို သွားတာ ကိုယ့်ဒုက္ခကိုယ် ရှာနေသလိုပဲ။ အဲဒီကနေ အထိခိုက်မရှိ ပြန်လာနိုင်မှာ သေချာရဲ့လား။"

"အဆင်ပြေသွားမှာပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ "ကျုပ် ခင်ဗျားကို ဘာပြဿနာမှ ဖြစ်စေမှာ မဟုတ်ဘူး။"

"ကျုပ် အဲဒီလိုဆိုလိုတာ မဟုတ်ဘူး။" လင်ရှန်းက အပြုံးနှင့် ရှင်းပြလိုက်သော်လည်း သူသည် ရီဖူရှင်း၏ ယုံကြည်ချက်က မည်သည့်နေရာမှ ထွက်လာသလဲ နားမလည်နိုင်ပေ။ သူက ဆက်ပြောလိုက်သည်။ "တစ်ခုတော့ ရှိတယ်။ ခင်ဗျားက တကယ်ပဲ ထူးချွန်လှတဲ့ ဆေးဖော်စပ်ခြင်းစွမ်းရည်ကို ပြသနိုင်မယ်ဆိုရင် တစ်စုံတစ်ယောက်က ရှေ့ထွက်လာပြီး ခင်ဗျားကို အကာအကွယ်ပေးဖို့ ကမ်းလှမ်းလိမ့်မယ်။ အဲဒီလိုဆိုရင် ထျန်းယိအိမ်တော်သခင်တောင်မှ နှစ်ခါမတွေးဘဲနဲ့ ခင်ဗျားကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားရဲ့ အ​ကောင်းမြင်စိတ်ကိုလေးစားတယ်။ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။"

"ကျေးဇူးတင်ပါတယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လင်းရှန်က ပြုံးကာ ပြောလိုက်၏။ "ဆရာသခင် ဒါဆို ကျုပ် သွားလိုက်ပါဦးမယ်။"

ထို့နောက်တွင် လင်ရှန်းက ထရပ်ကာ ခြံဝန်းထဲမှ ထွက်ခွာသွားလေသည်။ သူက မနက်ဖြန် ထျန်းယိအိမ်တော်၌ ဖြစ်ပွားမည့် ကိစ္စအကြောင်း အတော်လေး စိတ်လှုပ်ရှားနေပုံရလေသည်။ ရီ​ဖူရှင်းသည် သူ့အတွက် အကဲခတ်ရန် မဖြစ်နိုင်ပုံပေါ်သည်။ သူက ဆေးဖော်စပ်မှု ပညာရပ်တွင် ဆရာသခင်ထျန်းပေါင်နှင့် အမှန်တကယ် ယှဥ်နိုင်လိမ့်မည်လား။

လင်ရှန်းက ရလဒ်ကို ခန့်မှန်းနိုင်ခြင်း မရှိသည့်အတွက် ရွေးချယ်စရာမရှိဘဲ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းရုံသာ တတ်နိုင်ပေသည်။

သူတစ်ယောက်တည်းသာ ထိုင်မရထမရ ဖြစ်နေသည်မဟုတ်ပေ။ ကိုးလမ်း အတွင်းအပြင်၌ ပျံ့နှံ့နေသည့် သတင်းများကြောင့်  လူအများအပြားသည် အသက်ပင်မရှုနိုင်ဘဲ စောင့်ဆိုင်းနေကြပေသည်။

ထျန်းယိအိမ်တော်က မည်သို့သော နေရာမျိုးဖြစ်သနည်း။ ၎င်းသည် ကိုးလမ်းမှ အကြီးဆုံးကုန်သွယ်ရေးအိမ်တော် တစ်ခုဖြစ်သည်။ ထို့အပြင် ဆရာသခင်ထျန်းပေါင်ကလည်း ကိုးလမ်းမှ အကောင်းဆုံး အာခီမီဆရာသခင် ဖြစ်လေသည်။ သူက ထျန်းယိအိမ်တော်အတွက် အကောင်းဆုံး ဆေးဝါးများကို ဖော်စပ်သန့်စင်ပေးနိုင်သည်။ ယခု လျှို့ဝှက်ဆန်းကြယ်သော အပြင်လူတစ်ယောက်ကြောင့် ဆရာသခင်ထျန်းပေါင်၏ တပည့်က သတ်ဖြတ်ခံလိုက်ရပြီး သူကလည်း စိန်ခေါ်ခံရပေသည်။ ထိုလူက မည်မျှ စိတ်ကြီးဝင်နေသောသူ ဖြစ်လိမ့်မည်နည်း။

…

နောက်တစ်နေ့တွင် ထျန်းယိအိမ်တော်သည် အလွန် အလုပ်ရှုပ်နေပြီး လူများစွာ ရောက်ရှိနေပေသည်။ ကိုးလမ်းအနီးမှ နေထိုင်သူများ စုဝေးနေရုံသာမက မဟာနတ်ဘုရားများမြို့၏ အခြားအပိုင်းများမှ တန်ခိုးရှင်များစွာလည်း ရောက်ရှိလာပေသည်။ ၎င်းတို့ထဲတွင် မြို့အတွင်းမှ အလွန် အရေးပါ ထင်ရှားပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် လူများလည်း ပါဝင်သည

ကိုးလမ်းသည် မဟာနတ်ဘုရားများမြို့အတွင်း၌ အချက်အချာကျကာ အကြီးဆုံး ကုန်သွယ်ရေးနေရာတစ်ခုအဖြစ် လူတိုင်း အသိအမှတ်ပြုထားကြပေသည်။ ၎င်းသည် မြို့အတွင်းမှ အဆင့်အတန်းမြင့်မားသူများလည်း မကြာခဏ လာ​ရောက်လေ့ရှိသည့် နေရာလည်း ဖြစ်ပေသည်။ ပြောစရာမလိုအောင်ပင် ထိုမြင့်မြတ်သော ​မိသားစုမှ လူများသည် ဆရာသခင်ထျန်းပေါင်နှင့် အနည်းနဲ့အများ ရင်းနှီးမှု ရှိကြပေသည်။

သူတို့သည် ယနေ့တွင် ဖြစ်ပေါ်လာမည့် ပြဇာတ်အား ​စောင့်ကြည့်ချင်နေကြပေသည်။

ထျန်းယိအိမ်တော်တွင် ပုံမှန်အားဖြင့် လေလံပွဲကျင်းပရာ စင်မြင့်တစ်ခု ရှိပေသည်။ သို့သော် ယနေ့တွင် ထိုနေရာကို ရီဖူရှင်းနှင့် ဆရာသခင် ထျန်းပေါင်အတွက် ရှင်းလင်းပေးထားသည်။

စင်မြင့်အောက်ဘက်တွင် လေလံပွဲ ပါဝင်ဆင်နွှဲသည့် သူများအတွက် ထိုင်ခုံများ ရှိသည်။ ယခုတွင် ထိုထိုင်ခုံများ၌ ပြိုင်ပွဲအား စောင့်ကြည့်ရန် လာသော တန်ခိုးရှင်များနှင့် ပြည့်နေပေသည်။ အချို့လူများက လူကိုယ်တိုင် မလာရောက်သော်လည်း အချက်အလက်သေးသေးလေးမျှပင် မလွတ်သွားစေရန် ထိုနေရာတစ်ခုလုံးကို နတ်အာရုံနှင့် လွှမ်းခြုံထားခဲ့သည်။

သို့ဆိုလျှင်ပင် တန်ခိုးရှင်များစွာသည် ဤပြိုင်ပွဲအား သူတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ကြလိုပေသည်။

ထိုအခိုက်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ "အိမ်တော်သခင် အဲဒီလူ အခုလေးပဲ ထွက်လာပါပြီ။"

ထျန်းယိအိမ်တော်၏ အိမ်တော်သခင်က ချက်ချင်းပင် ခန်းမအတွင်း လျှောက်ဝင်လာကာ စင်မြင့်ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားခဲ့သည်။ သူနှင့်အတူ လူများစွာ လိုက်ပါလာပြီး သူတို့အားလုံးက ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။

"ထိုင်ကြပါ။" အိမ်တော်သခင်က အမူအရာပြရင်း လူတိုင်းကို ပြောလိုက်သည်။ သူတို့အားလုံးက မဟာနတ်ဘုရားများမြို့ရှိ မြင့်မြတ်သော မိသားစုများမှ ဖြစ်ကြပြီး သူတို့ထဲတွင် အိမ်တော်သခင်နှင့် အဆင့်တူသော လူတစ်ယောက် ပါဝင်ပေသည်။

"ဆရာသခင်ထျန်းပေါင် ဘယ်မှာလဲ။" တစ်စုံတစ်ယောက်က မေးလိုက်သည်။

"ဆရာသခင်ထျန်းပေါင်က အနားယူနေတုန်းပဲ။ သူ မကြာခင် ထွက်လာလိမ့်မယ်။" အိမ်တော်သခင်က ပြန်ဖြေလိုက်သည်။

"ကောင်းပြီ။ ဒီနေ့ လူတွေ ဒီလောက်အများကြီး လာကြတာ ကျုပ် အံ့သြမိတယ်။ ဒါ ကောင်းတယ်။ ကျုပ်တို့ ဒီ ကိုယ့်လုပ်နိုင်စွမ်း အတိုင်းအတာကိုယ် မသိတဲ့ လူပြက် ဘယ်လိုလုပ်မလဲ ကြည့်ရအောင်။ သူက ဆရာသခင် ထျန်းပေါင်ကိုတောင် စိန်ခေါ်ရဲတယ်။" အဘိုးအိုတစ်ယောက်က သရော်လိုက်သည်။

"ဆရာသခင်ထျန်းပေါင် အဲဒီလူပြက်ကို ဖြေရှင်းပြီးရင် ကျုပ်တို့ သွားသောက်ကြတာပေါ့။ ကျုပ်အတွက် ဆေးလုံး ဖော်စပ်ပေးနိုင်မလားလို့ သူ့ကို မေးချင်တယ်။" နောက်တစ်ယောက်က ပြောသည်။ သူက ဤနေရာသို့ ဆရာသခင်ထျန်းပေါင်၏ မျက်နှာသာပေးမှုကို ရရှိရန် လာရောက်ခြင်း ဖြစ်ပေသည်။ ဤနေရာသို့ လာရောက်ကြသော လူအများစုသည် ပြိုင်ပွဲအား သိလိုသောကြောင့်သာ မဟုတ်ဘဲ ဆရာသခင်ထျန်းပေါင်နှင့် ဆက်ဆံရေး တည်ဆောက်ကာ သူတို့မိသားစုမှ လူငယ်​လေးများအတွက် အရေးပါသော ဆေးလုံးဖော်စပ်ပေးရန် တောင်းဆိုလိုသောကြောင့် ဖြစ်ပေသည်။

"ကောင်းပါပြီ။" ထျန်းယိအိမ်တော်၏ အိမ်တော်သခင်က ပြောလိုက်သည်။ "လင်ရှန်းကသာ သူ့ကို ကယ်ဖို့ ခုခံပြောဆိုမနေခဲ့ရင် ဆရာသခင်က ဒီလူရဲ့ စိန်ခေါ်မှုကို လက်ခံမှာ မဟုတ်ဘူး။ သူက ကိုယ့်စွမ်းရည်ကိုယ် အထင်ကြီးနေတဲ့ အရူးတစ်ယောက်သာသာပဲ။"

သူတို့သည် နဝမတည်းခိုဆောင်အတွင်း၌ ရီဖူရှင်းအား သတ်ဖြတ်ခြင်းမပြုနိုင်ခဲ့ပေ။ သိသာစွာပင် သူတို့က လင်ရှန်းနှင့် ပဋိပက္ခမဖြစ်လိုကြချေ။ မဟုတ်လျှင် ဆရာသခင်ထျန်းပေါင်ကဲ့သို့ ဂုဏ်သရေရှိလူတစ်ယောက်က ရီဖူရှင်းနှင့် အဓိပ္ပါယ်မရှိ ယှဥ်ပြိုင်ပြီး အချိန်ဖြုန်းလိမ့်မည် မဟုတ်ပေ။ သို့သော် ဆရာသခင်ထျန်းပေါင်က စိန်ခေါ်မှုအား လက်ခံလိုက်လျှင် ရီဖူရှင်းက ထျန်းယိအိမ်တော်သို့ မိမိဘာသာ လာရောက်ရလိမ့်မည် ဖြစ်ပြီး အသက်ရှင်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။

သူတို့က ရောက်တတ်ရာရာ ပြောနေစဥ် ဂုဏ်သရေရှိပုံစံမျိုးနှင့် လူအုပ်ထဲ ရောနှောနေသော လူများကို သတိပြုမိလိုက်ကြသည်။ အကြီးအကဲတစ်ယောက်က ထိုလူစုအား ကြည့်လိုက်ပြီး မျက်လုံးများအား ကျဥ်း​မြောင်းလိုက်၏။

"သူတို့က..." အဘိုးအိုက ရေရွတ်လိုက်သည်။ ချက်ချင်းပင် ထျန်းယိအိမ်တော်သခင်နှင့် သူ့လူများက ထိုနေရာသို့ ကြည့်လိုက်သည်။ အမျိုးသမီးငယ်နှင့် လူငယ်လေးများ ပါဝင်သော လူတစ်စုက ထိုနေရာ၌ ရပ်နေခဲ့ကြသည်။ သူတို့သည် ခပ်လျှိုလျှို ရှိနေကြပြီး တွေးဆမရအောင် နက်နဲသည့် အရှိန်အဝါကို ခံစားမိစေသည်။

ထျန်းယိအိမ်တော်သခင်သည် ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်လိုက်ပြီး သူတို့ထံ လျှောက်သွားရန် ပြင်လိုက်သည်။ တိုက်ဆိုင်စွာဖြင့် တစ်ချိန်တည်းမှာပင် လူငယ်လေးများထဲမှ တစ်ယောက်က အိမ်တော်သခင်အား ကြည့်လိုက်သည်။ သူက အိမ်တော်သခင်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ အသံပို့လွှတ်လိုက်သည်။ "ခင်ဗျား လုပ်စရာရှိတာသာ လုပ်ပါ။ ကျုပ်တို့ကို အာရုံမစိုက်နဲ့။"

ထျန်းယိအိမ်တော်၏ အိမ်တော်သခင်က ခေတ္တမျှ ရပ်သွားပြီး ပြန်ထိုင်ချလိုက်သည်။ သူက ပြန်ပြီး လူငယ်​လေးထံ အသံပို့လွှတ်လိုက်၏။ "ဟုတ်ကဲ့ အရှင်မင်းသား။ တစ်ခုခု လိုတာရှိရင် ကျုပ်ကို အသိပေးပါ။"

"ကောင်းပြီ။" လူငယ်လေးက ပြန်ဖြေလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ အိမ်တော်သခင်ဘေးမှ လူများစွာသည်လည်း လူငယ်လေးကို စိတ်ထဲမှ အသံဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။ သူတို့အားလုံးက ဤနေရာရှိ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ လူများ ရောက်နေသည်ကို အံ့အားသင့်နေကြသည်။ ကြည့်ရသည်မှာ သတင်းများက အဝေးထိတိုင် ရောက်ရှိသွားပုံရလေသည်။

သူတို့က ဤနေရာသို့ သိချင်စိတ်ဖြင့် ​ရောက်လာခြင်း ဖြစ်နိုင်ပေသည်။

စိတ်လှုပ်ရှားနေသော လူအုပ်ကြီးက ထျန်းယိအိမ်တော်အတွင်း ဆူဆူညံညံအသံများ ဖြစ်ပေါ်နေစေသည်။ အဝေးမှ တန်ခိုးရှင်များစွာက လမ်းရှင်းပေးလိုက်ကြသည်။ ပိုင်ကျယ်နတ်ဆိုးသားရဲက သတ္တုမျက်နှာဖုံး ဝတ်ဆင်ထားသော လူတစ်ယောက်ကို သယ်ဆောင်ကာ လမ်းမထက် ဖြေးလေးစွာ ​လျှောက်လာနေသည်။ ထိုလူကို ကြည့်ရသည်မှာ အလွန် စိတ်လက်ပေါ့ပါးနေပုံရပြီး မျက်နှာဖုံးအောက်မှ မျက်လုံးများကိုပင် ပိတ်ထားပေသည်။ လူတိုင်းသည် ထိုအာခီမီဆရာသခင်က အလွန် မောက်မာလှသည်ကို ခံစားမိနိုင်သည်။ သူသည် ဆရာသခင်ထျန်းပေါင် အပါအဝင် လူတိုင်းနှင့် အရာအားလုံးက သူ၏ ဂရုထားမှုနှင့် မထိုက်တန်သကဲ့သို့ သတ်မှတ်ထားပုံရလေသည်။.

"ဒီလိုသဘောထားမျိုး။" လူအများက စကားလုံးများ ပျောက်ဆုံးသွားပေသည်။ ထိုလူက ဆရာသခင်ထျန်းပေါင်အား လုံးဝ အလေးအနက်မထားပုံ ရလေသည်။

ရှေးဟောင်းတော်ဝင် မိသားစုမှ လူငယ်လေးများက ရီဖူရှင်းအား စိတ်ဝင်စားသွားကြသည်။ သူတို့သည် ကိုးလမ်းတွင် နေနေသော အများနှင့်မတူ တမူထူးခြားသည့် အာခီမီဆရာသခင်အကြောင်း ကြားသိခဲ့ပြီး အပျော်သဘောနှင့် စောင့်ကြည့်ရန် ထွက်လာကြခြင်း ဖြစ်သည်။ သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်နှင့် ပတ်သတ်၍ ရှင်းလင်းစွာ မသိရသေးသော်လည်း သူက အတော်လေး စိတ်ဝင်စားစရာကောင်းသည့်သူ ဖြစ်ပုံရပေသည်။

ရီဖူရှင်းနှင့် ပိုင်ကျယ်က အလျင်လိုခြင်း မရှိဘဲ လမ်းတလျှောက် အေးဆေးစွာ လာနေကြပေသည်။ လူအုပ်ကြီးက သူတို့အတွက် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။ လူအများသည် ရီဖူရှင်းက မည်သို့မှမဖြစ်သလို ဟန်ဆောင်နေသလားဟု သိချင်နေပေသည်။

ရီဖူရှင်းသည် ပိုင်ကျယ်နတ်ဆိုးသားရဲက ရပ်တန့်လိုက်သည့်တိုင် သူ့မျက်လုံးများကို ဖွင့်လာခြင်း မရှိသေးပေ။ သူက ရှေ့မှ လူများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထျန်းယိအိမ်တော်သခင်နှင့် အခြားလူများက သူ့ကို အေးစက်ကာ ခက်ထန်သော မျက်နှာထားဖြင့် ကြည့်နေကြသည်။ သူတို့သည် ယခင်နေ့က သူ့စိန်ခေါ်မှုကို လက်ခံလိုက်သည့်အတွက်ကြောင့်သာ သူ့ကို မတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူတို့က ကိုးလမ်းတွင် ဂုဏ်သတင်းကြီးမားကာ အမြင့်တွင် ရပ်တည်နေသူများ ဖြစ်ကြပြီး သူတို့ ပြောသည့် စကားများကို ပြန်မရုတ်သိမ်းတတ်ပေ။

"သူ ဘယ်မှာလဲ။" ရီဖူရှင်းက သာမန်အတိုင်း မေးလိုက်သည်။ သူက စင်မြင့်ထက်ကို ကြည့်လိုက်ပြီး ဆရာသခင်ထျန်းပေါင်အား မမြင်ရပေ။

သူ့အသံ ပျောက်ကွယ်မသွားခင် ပုံရိပ်တစ်ခုက ခန်းမသို့ ပျံသန်းလာကာ ထူးခြားလှသော ကျက်သရေနှင့် စင်မြင့်ထက် ဆင်းသက်လာခဲ့သည်။ ထိုသူမှာ ဆရာသခင် ထျန်းပေါင် ဖြစ်လေသည်။

ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းအား တစ်ချက်ကြည့်လိုက်သည်။ သူသည် ထိုလူငယ်က ထိုမျှထိ မောက်မာကာ မထီလေးစားနိုင်လိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားခဲ့ပေ။ မည်သည့် စကားဦးမှသန်းမနေဘဲ သူက ပြောလိုက်၏။ "မင်းက တကယ် လာရဲတာပဲ။ ဆေးဖော်စပ်ပြီးတဲ့နောက် ကျုပ် မင်းအသက်ကို ကျိန်းသေ ယူမှာ။"

"အပြောကြီးတဲ့ အဘိုးကြီးပဲ။" ရီဖူရှင်းက သရော်လိုက်သည်။ ပိုင်ကျယ်က သူ့အား စင်မြင့်ရှေ့သို့ သယ်ဆောင်သွား၏။ သူက ခုန်ချလိုက်ပြီး ဆရာသခင်ထျန်းပေါင်ရှေ့ လျှောက်သွားခဲ့သည်။

"ခင်ဗျားက ဘယ်လို ဆေးမျိုး ဖော်စပ်နိုင်စွမ်းရှိမလဲ မြင်ချင်မိသား။ ကျုပ်ကို ဆင့်ခေါ်နိုင်မယ်လို့ ဘယ်အရာကများ ခင်ဗျားကို ထင်မိစေတာလဲ။" ရီဖူရှင်းက အထင်အမြင်သေးစွာ ပြောလိုက်သည်။ ဆရာသခင်ထျန်းပေါင်၏ မျက်လုံးများတွင် အန္တရာယ်ရှိသော ခြိမ်းခြောက်မှုများနှင့် ပြည့်နေခဲ့ပြီး သူ၏ မုတ်ဆိတ်ရှည်ကြီးက လေထဲတွင် လွင့်နေခဲ့သည်။ သို့သော် သူက အိမ်တော်သခင်၏ စိတ်ချင်းဆက်သွယ်ကာ ပြောသည့် အသံကို ကြားလိုက်ရသည်။ "ဆရာသခင် ရှေးဟောင်းတော်ဝင် မိသားစုက ဒီကို လူလွှတ်လိုက်တယ်။ ခင်ဗျား သူ့ကို သတ်ချင်ရင်တောင် ပြိုင်ပွဲကို လေးလေးနက်နက် ပြိုင်ဖို့တော့ လိုတယ်။"

"ကောင်းပြီ။" ဆရာသခင်ထျန်းပေါင်က ပြန်ဖြေလိုက်သည်။ သူက ရီဖူရှင်းအား အထင်အမြင်သေးစွာ ကြည့်၍ ပြောလိုက်သည်။ "စကြရအောင်။"

***

All Chapters