ယွီမိသားစုမှ အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ဦး (၂) ...
Vol. 47 Ch. 697
~နုခ်သည် အကြီးအကဲကို လေးစားစွာ ဦးညွှတ်လိုက်ပြီး "နုခ်က အကြီးအကဲ ဆာလင်ကို တွေ့ဆုံဂါရဝပြုပါတယ်၊ အကြီးအကဲ ထာဝရငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်" ဟု ဂါရဝပြုလိုက်သည်။
အကြီးအကဲ ဆာလင်၏ အကြည့်သည် ကလေးငယ်တစ်ဦး၏ မျက်ဝန်းအလား ကြည်လင်နေ၏။ သူသည် ဘုရားကျောင်းဆောင်ထဲသို့ ဝင်ရောက်လာသော နုခ်ကို ကြည့်ရင်း ညင်သာသော အသံတစ်ခု ပေါ်ထွက်လာသည်မှာ…
"နုခ်၊ ဘာကိစ္စနဲ့ ဘုရားကျောင်းဆောင်ကို ရောက်လာတာလဲ။"
နုခ်က ပြုံးလိုက်ပြီး သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ သူ၏ နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ် ကျင့်ကြံမှုအခြေခံကို ဖုံးကွယ်ခြင်း
မရှိဘဲ ထုတ်ဖော်ပြသလိုက်လေတော့သည်။
ဆာလင်၏ မျက်နှာအမူအရာ တောင့်တင်းအံ့ဩသွားသည်ကို ကြည့်ရင်း သူက ရယ်မောကာ
"ဂျူနီယာနုခ်က နှစ်ငါးရာ အချိန်ယူပြီး နက်ရှိုင်းခြင်း အင်မော်တယ် အဟန့်အတားကို ချိုးဖြတ်နိုင်ခဲ့ကာ နက်ရှိုင်းခြင်း အင်မော်တယ် နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ" ဟု
ဆိုလိုက်သည်။
ဆာလင်သည် နုခ်ကို ကြောင်ငေးစွာ စိုက်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာမှာ မှင်တက်ကာ
မယုံနိုင်လောက်အောင် ထိတ်လန့်နေလျက်...
ရေရွတ်လိုက်သည်။
"နက်ရှိုင်းခြင်း အင်မော်တယ် ဟုတ်လား။ မင်းက နှစ်ငါးရာတည်းနဲ့ ကျ အဟန့်အတားကို ချိုးဖြတ်သွားခဲ့တယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဆာလင်သည် မယုံကြည်နိုင်ဖြစ်နေသော်လည်း သူ၏ မျက်စိရှေ့မှ အမှန်တရားက သူ့ကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မပေးခဲ့ပေ။
ရုတ်တရက် သူ၏ မျက်လုံးများ လင်းလက်သွားပြီး သူသည် ကျောက်တိုင်အထက်မှ ပျောက်ကွယ်သွားကာ နုခ်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
သူသည် နုခ်ကို အကဲခတ်လိုက်ပြီး နုခ်သည် အမှန်တကယ်ပင် နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေကြောင်း အတည်ပြုပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်မှာ…
"ဟားဟားဟား။ ငါတို့ ဘိုးဘေးတွေ ကောင်းချီးပေးတာပဲ။ ငါတို့ ဘိုလော့စ်မျိုးနွယ်က ဒီလို ထူးချွန်ပြောင်မြောက်တဲ့သူ တစ်ယောက်ကို တကယ် မွေးထုတ်ပေးနိုင်ခဲ့တယ်လား။ ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ဟားဟားဟား။"
သူသည် သူ၏ ကိုယ်သည်ပင် အနည်းငယ် တုန်ယင်လာသည်အထိ ရယ်မောနေခဲ့ပြီး ချောင်းပင်ဆိုးလာရာ နုခ်သည် ဆာလင် ရယ်ရင်း သေဆုံးသွားမည်ကိုပင် စိုးရိမ်သွားသည်။
"အကြီးအကဲ ဆာလင်။"
တဖြည်းဖြည်းနှင့် ဆာလင်သည် သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်သွားသည်။
သူသည် နုခ်ကို နွေးထွေးစွာ ကြည့်လိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ
"သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်၊ လူတော်လေးပဲ။ မင်းရဲ့ အရည်အချင်းက ထူးချွန်ပြောင်မြောက်လှတယ်။ နှစ်ငါးရာတည်းနဲ့ နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ်ကို အဆင့် ချိုးဖြတ်နိုင်ခဲ့တယ်ဆိုတာက ရွှေအင်မော်တယ် နယ်ပယ်ကို တက်လှမ်းဖို့က ပြဿနာ မဟုတ်တော့ဘူးလို့ ဆိုလိုတာပဲ။ ငါ့သက်တမ်းအတွင်းမှာ ရွှေအင်မော်တယ် အဆင့် ကျင့်ကြံမှုအထိ ရောက်ဖို့ ဖြစ်နိုင်သင့်တယ်၊ အင်မော်တယ် ဧကရာဇ်အဆင့်တောင် မျှော်လင့်ချက် ထားလို့ ရတဲ့ နယ်ပယ်ထဲမှာ ရှိနေပြီ။"
မျှော်လင့်ချက် အလင်းရောင် တစ်ခုသည်
ဆာလင်၏ မျက်လုံးများထဲတွင် တောက်ပနေပြီး
"မင်းသာ အင်မော်တယ်ဧကရာဇ် ဖြစ်မြောက်နိုင်ခဲ့မယ်ဆိုရင်… မင်းက ငါတို့ မျက်လုံးသုံးလုံး မျိုးနွယ်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာဖို့ လုံလောက်တာထက်တောင် ပိုနေပြီ၊ ပြီးတော့ မျက်လုံးသုံးလုံး မျိုးနွယ်တစ်ခုလုံးက မင်းကြောင့် ဂုဏ်ယူဝင့်ကြွားနိုင်လိမ့်မယ်။"
နုခ်သည် ဆာလင်က သူ့အပေါ် ဤမျှ မျှော်လင့်ချက်ကြီးကြီးထားလိမ့်မည်ဟု
မမျှော်လင့်ထားခဲ့ပေ။
သိထားရမည်မှာ ဘိုလော့စ် မျိုးနွယ်၏ အကြီးအကဲတိုင်းသည် ရွှေအင်မော်တယ် အဆင့် စွမ်းအားရှင်များ ဖြစ်ကြပြီး၊ ဆာလင်သည် အင်အားအကြီးဆုံး အကြီးအကဲ သုံးဦးထဲမှ တစ်ဦးမဟုတ်သော်လည်း၊ ဒဏ္ဍာရီအရ သူ၏ ကျင့်ကြံမှုသည်လည်း ရွှေအင်မော်တယ် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။
ထိုကဲ့သို့ အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးက သူ့အပေါ် ဤမျှ အကောင်းမြင်နေခြင်းသည် အများအားဖြင့် တည်ငြိမ်သော နုခ်ကိုပင် အနည်းငယ် ဝမ်းမြောက်ကြည်နူးစေခဲ့သည်။
ဤအရာအားလုံးကို သခင်လေးလုက ဆောင်ကြဉ်းပေးခဲ့ခြင်း ဖြစ်သည်တကား။
သူ၏ နှလုံးသားသည် လုရီအပေါ် ပို၍ပင် ကြီးမားသော ကျေးဇူးတင်စိတ်များဖြင့် ပြည့်လျှံသွားသည်။
ထို့နောက် သူ စဉ်းစားလိုက်သည်မှာ ဤနှစ်ငါးရာအတွင်း သခင်လေးလု၏ တာအို တရားတော်များကို နာကြားရုံမျှဖြင့် သူသည် အကြီးအကဲထံမှ ဤမျှ သဘောကျလေးစားမှုကို ရရှိခဲ့သည်။ အကယ်၍ သူသာ သခင်လေးလု၏ ဘေးတွင် အမြဲတမ်း လိုက်ပါခွင့်ရမည်ဆိုလျှင် မည်သည့်အမြင့်သို့ သူ ရောက်ရှိနိုင်မည်နည်း။
ထိုအတွေးဝင်လာသည်နှင့် နုခ်၏ စိတ်ခံစားချက်များ လှိုင်းထသွားပြီး သူသည် လုရီ၏ ဘေးတွင် အမြဲတမ်း ရှိနေနိုင်ရန် ဆန္ဒပြင်းပြသွားတော့သည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ ဆာလင်၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။"
"ဟုတ်ပြီကွ"
ဆာလင်က ခေါင်းညိတ်လိုက်ပြီးနောက် "မင်း နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ်ကို အဆင့်ချိုးဖြတ်သွားတာက သာမန်ကိစ္စမဟုတ်ဘူး။ ငါ တခြားမျိုးနွယ် အကြီးအကဲတွေကို အကြောင်းကြားလိုက်မယ်။ မင်း ဒီမှာစောင့်နေ" ဟု ထပ်လောင်းပြောလိုက်သည်။
နုခ်သည် ခဏမျှ မှင်တက်သွားပြီးနောက် သူ၏ မျက်နှာသည် အပြုံးများဖြင့် လင်းလက်သွားကာ
"ဟုတ်ကဲ့။"
အမွေဆက်ခံသူတစ်ဦးကို အတည်ပြုခြင်းသည် အကြီးအကဲတစ်ဦးတည်းက ဆုံးဖြတ်နိုင်သော ဆုံးဖြတ်ချက်မဟုတ်ပေ။ ၎င်းအတွက် အနည်းဆုံး မျိုးနွယ်အကြီးအကဲ သုံးဦးက အတူတကွ ဆုံးဖြတ်ရန် လိုအပ်သည်။
ယခု ဆာလင်က အခြားမျိုးနွယ်အကြီးအကဲများကို အကြောင်းကြားရန် သွားနေသည်မှာ သူသည် အမွေဆက်ခံသူအစဉ်လိုက်ကို ပြောင်းလဲရန် စီစဉ်နေသည်မှာ ထင်ရှားလှသည်။ မလွဲမသွေပင် ဤအချက်သည် နုခ်ကို စိတ်လှုပ်ရှားစေခဲ့ပါသည်။
ဆာလင်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး
မကြာမီမှာပင် ခန်းမဆောင်ကြီးထဲ၌ အသက်ရှုသံများစွာ လျင်မြန်စွာ ပေါ်ထွက်လာပြီးနောက် အကြီးအကဲများ တစ်ဦးပြီးတစ်ဦး ကျောက်တိုင်များအထက်တွင် ပေါ်ထွက်လာကြသည်။
ဤအကြီးအကဲအားလုံးသည် ခန်းမဆောင်အတွင်းမှ နုခ်ကို လုံးဝ အံ့အားသင့်စွာ ကြည့်နေကြပြီး၊ နုခ်က နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ်သို့ ဤမျှ လျင်မြန်စွာ ဖောက်ထွက်သွားခဲ့ပုံကို အံ့ဩနေကြသည်မှာ ထင်ရှားလှသည်။
နုခ်သည် အလွန်နှိမ့်ချစွာ ပြုမူပြီး အကြီးအကဲတစ်ဦးချင်းစီကို လေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။
ဤအကြီးအကဲအားလုံးသည် ဘိုလော့စ်
မျိုးနွယ်၏ မျိုးနွယ် အကြီးအကဲများ ဖြစ်ကြပြီး၊ တစ်ဦးချင်းစီမှာ ရွှေအင်မော်တယ် အဆင့် တန်ခိုးရှင်ကြီးများ ဖြစ်ကာ ဘိုလော့စ်
မျိုးနွယ်၏ တိုင်ပင်ကြီးများ ဖြစ်ကြသည်တကား။
မကြာမီပင် ကျောက်တိုင်အားလုံးနီးပါးသည် အကြီးအကဲများဖြင့် ပြည့်သွားတော့သည်။
ထိုအခိုက်အတန့်၌ပင် ခန်းမဆောင်၏ နက်ရှိုင်းသော အစွန်ဆုံးတွင် အကြီးအကဲသုံးဦးသည် ကျောက်တိုင်သုံးလုံးအထက်၌ ပေါ်ထွက်လာကြသည်။
ဤသုံးဦး၏ ပေါ်ထွက်လာမှုကြောင့် အခြားအကြီးအကဲများပင်လျှင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
နုခ်သည် စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
ဤအကြီးအကဲသုံးဦးသည် ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲသုံးဦးပါ အုပ်စုထဲမှ အကြီးမားဆုံးသော အခွင့်အာဏာကို ကိုင်စွဲထားသူများ ဖြစ်ကြသည်တကား။
ဤသုံးဦးပင်လျှင် ရောက်လာလိမ့်မည်ဟု သူ
မမျှော်လင့်ထားခဲ့ပေ။
နုခ်က လေးစားစွာ အလျင်အမြန် ဆိုလိုက်သည်။
"အကြီးအကဲသုံးဦးကို တွေ့ဆုံဂါရဝပြုပါတယ်"
အကြီးအကဲသုံးဦးစလုံးမှာ ဆံပင်ဖြူများဖြင့် ဖြစ်ပြီး၊ သူတို့ထဲမှ နှစ်ဦးမှာ အမျိုးသားများဖြစ်ကာ တစ်ဦးမှာ အဘွားအိုတစ်ဦး ဖြစ်သည်။
သူတို့၏ မျက်နှာပေါ်မှ အရေးအကြောင်းများသည် တစ်ခုပေါ်တစ်ခု ထပ်နေလုနီးပါးပင်။
ထိုအကြီးအကဲသုံးဦးသည် သူတို့၏ ရီဝေနေသော မျက်လုံးများဖြင့် နုခ်ကို ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်ကြသည်။
ဆာလင်သည်လည်း သူ၏ ကျောက်တိုင်သို့ ပြန်လည်ရောက်ရှိလာသည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲသုံးဦးထဲမှ ညင်သာသော အသံတစ်ခု ပေါ်ထွက်လာသည်မှာ "နုခ်၊ ကောင်းကောင်းလုပ်ခဲ့တယ်။ ဒီအချိန်ကစပြီး မင်းက ငါတို့ ဘိုလော့စ်မျိုးနွယ်ရဲ့ ပထမဦးစားပေး ဆက်ခံသူပဲ။ တစ်စုံတစ်ယောက် ကန့်ကွက်စရာ ရှိသလား။"
"ကန့်ကွက်စရာ မရှိပါဘူး။"
"နှစ်ငါးရာတည်းနဲ့ နက်ရှိုင်းခြင်း အင်မော်တယ် ကျ အဟန့်အတားကို ချိုးဖြတ်နိုင်ခဲ့တယ်၊ ဒီလို အရည်အချင်းမျိုးက ပထမဦးစားပေး ဆက်ခံသူ ဖြစ်ထိုက်ပါတယ်။"
"..."
မျိုးနွယ်အကြီးအကဲများထဲမှ
တစ်ဦးတစ်ယောက်မျှ ဆန့်ကျင်ကန့်ကွက်ခြင်း
မရှိခဲ့ပေ။
နုခ်သည် ချက်ချင်းပင် အလွန်အမင်း ဝမ်းမြောက်နေသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီး
"အကြီးအကဲသုံးဦးကို ကျေးဇူးတင်ပါတယ်၊ မျိုးနွယ်အကြီးအကဲအားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ဆိုလိုက်သည်။
အကြီးအကဲသုံးဦးက အနည်းငယ် ခေါင်းညိတ်ပြလိုက်ကြသည်။
ထို့နောက် အကြီးအကဲက ဆက်လက်၍ မေးမြန်းသည်မှာ
"နုခ်၊ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် နက်ရှိုင်းခြင်း အင်မော်တယ် နယ်ပယ်ကို ဒီလောက်မြန်မြန် အဆင့်ချိုးဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူး။ မင်း ဘယ်လို အခွင့်အရေးမျိုးနဲ့ ကြုံတွေ့ခဲ့တာလဲ။"
နုခ်သည် အကြီးအကဲသုံးဦး၏ မေးခွန်းအတွက် အံ့ဩမနေခဲ့ပေ။
အမှန်စင်စစ်၊ စကြဝဠာသည် တိုင်းတာမရအောင် ကျယ်ပြန့်လှပြီး၊ မည်သည့်ကျင့်ကြံသူမဆို အခွင့်အရေးတစ်ခုနှင့် မမျှော်လင့်ဘဲ ကြုံတွေ့နိုင်သည်။ သို့သော် စကြဝဠာတွင် ကောင်းကင်မိစ္ဆာများနှင့် ကျိုယိုချီကဲ့သို့သော သတ္တဝါများလည်း ရှိနေသောကြောင့် အချို့သော အခွင့်အရေးများသည် နက်ရှိုင်းသော မကောင်းမှုများကို ဖုံးကွယ်ထားနိုင်ပေသည်။
အကယ်၍ မူလဇာစ်မြစ်ကို မသိရှိပါက ၎င်းသည် နယ်မြေအတွက် ဘေးအန္တရာယ်ကို ဆောင်ကြဉ်းလာနိုင်ပေသည်။
ဟုတ်ပါသည်၊ အခွင့်အရေးကို နားလည်ပြီးသည့်တိုင် ဘိုလော့စ်မျိုးနွယ်၏ အကြီးအကဲများသည် အခြားမျိုးနွယ်ဝင်များ ရှာဖွေတွေ့ရှိခဲ့သော အခွင့်အလမ်းများကို အတင်းအဓမ္မ သိမ်းယူခြင်းမျိုး ဘယ်သောအခါမျှ မပြုလုပ်ခဲ့ပေ။
အမှန်တကယ်တွင် စကြဝဠာ၌ ထိုသို့ပြုလုပ်ခဲ့သော မျိုးနွယ်စုများနှင့် မိသားစုများသည် အချိန်၏မြစ်ရေထဲတွင် ပျက်စီးသေဆုံးသွားခဲ့ကြသည်သာ များသည်။
စဉ်းစားကြည့်ပါ၊ အကယ်၍ မျိုးဆက်ဟောင်း ကျင့်ကြံသူများက မျိုးဆက်သစ်များ တွေ့ရှိခဲ့သော အခွင့်အရေးအားလုံးကို သိမ်းယူသွားပါက၊ အချိန်ကြာလာသည်နှင့်အမျှ မည်သည့်မျိုးဆက်သစ်က သူတို့၏ အခွင့်အရေးများကို ထုတ်ဖော်ပြောကြားလိုတော့မည်နည်း။ မိသားစုတစ်ခုလုံးသည်လည်း စည်းလုံးညီညွတ်မှု ပြိုကွဲသွားပြီး နောက်ဆုံးတွင် ပြိုကွဲသွားပေလိမ့်မည်။
နှစ်သုံးသိန်းကျော်မျှသာ နေထိုင်ခဲ့ဖူးသော နုခ်ကဲ့သို့သော သူအတွက်မူ ဤအဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ခဲ့ဖူးပေ။
သို့သော် အကြီးအကဲများသည် နှစ်သန်းပေါင်းများစွာ နေထိုင်ခဲ့ကြသည်။ အကြီးအကဲသုံးဦးတစ်ဦးချင်းစီကပင် ဘီလီယံပေါင်းများစွာသော နှစ်များ ကြာကြာနေထိုင်ခဲ့ကြပြီး၊ သူတို့သည် သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းများသဖွယ်ဖြစ်ကာ ထိုကဲ့သို့သော အဖြစ်အပျက်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ဖူးကြသည်။
ထိုကဲ့သို့သော လုပ်ရပ်များသည် မိသားစုတစ်ခုလုံးအတွင်း၌ ရှောင်ကြဉ်ရမည့်အရာ ဖြစ်ကြောင်း သူတို့ အကောင်းဆုံး နားလည်ထားကြသည်။
နုခ်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခါးသီးသော အပြုံးဖြင့်
"အကြီးအကဲသုံးဦးခင်ဗျာ၊ နုခ်က မပြောချင်လို့ မဟုတ်ပါဘူး… ဒါပေမဲ့ ဒီအခွင့်အရေးက အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးအချို့နဲ့ ပတ်သက်နေလို့ သူတို့ရဲ့ သဘောထားကို ကျွန်တော် မေးမြန်းဖို့ လိုအပ်ပါတယ်" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ မျိုးနွယ်အကြီးအကဲများသည် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။
အကြီးအကဲသုံးဦးလည်း တိတ်ဆိတ်သွားကြပြီးနောက် ဗဟိုမှ အကြီးအကဲက မေးမြန်းလိုက်သည်။
"ငါတို့ ဘိုလော့စ်မျိုးနွယ်ကလည်း မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေမှာ အရေးပါတဲ့ အင်အားစုတစ်ခုလို့ သတ်မှတ်နိုင်တယ်။
ဘိုလော့စ်မျိုးနွယ်ရဲ့ ပထမဦးစားပေး အမွေဆက်ခံသူအနေနဲ့ မင်းက ငါတို့ကို ကိုယ်စားပြုတယ်။ ဒါကို မင်းနားလည်ရဲ့လား"
နုခ်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး ခေါင်းညိတ်ကာ "နုခ် နားလည်ပါတယ်" ဟု တုံ့ပြန်လိုက်သည်။
နုခ်က အခြေအနေကို နားလည်ကြောင်း မြင်သောအခါ အကြီးအကဲသုံးဦး၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာပြီး ထက်မြက်မှုများဖြင့် တောက်ပလာကာ "ဒီလိုဆိုရင် မင်းပြောတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေက ဘယ်သူတွေလဲ" ဟု မေးမြန်းလိုက်သည်။
နုခ် ဆိုလိုသည်မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘိုလော့စ်မျိုးနွယ် တစ်ခုလုံးအတွက် အရေးပါသည်ဟု ဖြစ်သည်။
အကြီးအကဲသုံးဦးနှင့် အခြားမျိုးနွယ်အကြီးအကဲများအားလုံးသည် ထိုပုဂ္ဂိုလ်များမှာ မည်သူမည်ဝါဖြစ်သည်ကို သိချင်နေကြသည်။
မျိုးနွယ်အကြီးအကဲများက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ နုခ်သည် သူ၏ နှလုံးသားထဲတွင် ယခု ထုတ်မပြောပါက နောက်ပိုင်းတွင် ရှင်းပြရန် ခက်ခဲလိမ့်မည်ဟု သိလိုက်သည်။
သူရရှိခဲ့သော အခွင့်အရေးသည် ကျိုယိုချီမှ လာခဲ့ပါက ၎င်းသည် ဘိုလော့စ်မျိုးနွယ်တစ်ခုလုံးအတွက် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးသဖွယ် ဖြစ်ပေလိမ့်မည်။ ဘိုလော့စ်မျိုးနွယ်၏ မျိုးနွယ်အကြီးအကဲများသည် အခြေအနေကို သေချာပေါက် သိရှိရန် လိုအပ်ပေလိမ့်မည်။
နုခ်သည် နောက်တစ်ကြိမ် အသက်ကို ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး တည်ငြိမ်စွာဖြင့် "အဲဒီ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးအချို့က ယွီမိသားစုကပါ" ဟု ဆိုလိုက်သည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမဆောင်တစ်ခုလုံးသည် အသံတိတ်ခလုတ် နှိပ်လိုက်သကဲ့သို့ လုံးဝ တိတ်ဆိတ်သွားတော့သည်။
ထို့နောက် အကြီးအကဲသုံးဦး၏ မျက်လုံးများ လင်းလက်သွားပြီး သူတို့၏ အကြည့်များသည် မယုံနိုင်လောက်အောင် ထက်မြက်လာကာ နုခ်အပေါ်တွင် စူးစိုက်ကျရောက်လာပြီး "ယွီမိသားစု ဟုတ်လား။ မင်းဆိုလိုတာက အလွန်မြင့်မြတ်တဲ့ ယွီမိသားစုကိုလား" ဟု မေးမြန်းလိုက်သည်။
နုခ်က အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး "ဟုတ်ပါတယ်၊ ကျွန်တော်တို့ ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ အုပ်စိုးသူတွေဖြစ်တဲ့ ယွီမိသားစုပါပဲ" ဟု ဆိုလိုက်သည်။
ထိုအခိုက်အတန့်မှာတော့ မျိုးနွယ်အကြီးအကဲအားလုံးသည် ရုတ်တရက် အုတ်အော်သောင်းတင်း ဖြစ်သွားကြပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးပြောဆိုကြတော့သည်။
"တိတ်ကြ။"
အကြီးအကဲသုံးဦးထဲမှ တစ်ဦး၏ အသံထွက်ပေါ်လာရာ အခြားမျိုးနွယ်အကြီးအကဲများ ချက်ချင်း တိတ်ဆိတ်သွားကြသည်။
အကြီးအကဲသုံးဦးသည် နုခ်ထံသို့ ချဉ်းကပ်လာပြီး၊ ဇရာရနေသော မျက်နှာသည် ယခုအခါ
နုခ်၏ ရှေ့မှောက်တွင် ရောက်ရှိနေရာ နုခ်သည် အနည်းငယ် မျက်နှာပူသွားသည်။
အကြီးအကဲသုံးဦး၏ နောက်ကျိနေသော မျက်လုံးများသည် ထက်မြက်စွာ လင်းလက်နေသည်။
"နုခ်၊ မင်း ယွီမိသားစုက လူတွေနဲ့ အဆက်အသွယ်ရှိတယ် ဟုတ်လား။"
သူတို့၏ အသက်ရှုသံများသည် အနည်းငယ် မြန်ဆန်လာသည်။
သိထားရမည်မှာ ယွီမိသားစုသည် အလွန်မြင့်မြတ်သော မျိုးနွယ်စုတစ်စု ဖြစ်လေသည်။
ဘိုလော့စ်မျိုးနွယ်သည် မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေတွင် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သော်လည်း ၎င်း၏ အင်အား
အကြီးဆုံး အဖွဲ့ဝင်မှာ ရွှေအင်မော်တယ် အဆင့်တွင်သာ ရှိပါသည်။
ယွီမိသားစုတွင်မူ ရွှေအင်မော်တယ် တစ်ဦးသည် အတော်အသင့် ကောင်းမွန်သည်ဟုသာ သတ်မှတ်နိုင်ပေသည်။ ရွှေအင်မော်တယ်များအထက်တွင် အင်မော်တယ် ဧကရာဇ် အဆင့် ပုဂ္ဂိုလ်များ ရှိနေပြီး၊ ထို့ထက် ပိုမြင့်သော
အင်မော်တယ် အရှင်သခင်အဆင့် ဘိုးဘေးအိုကြီးများပင် ရှိနေသေးသည်။
ယွီမိသားစုတွင် အင်မော်တယ် အရှင်သခင်
ဘိုးဘေး တစ်ဦးထက်မက ရှိသည်တကား။
သူတို့ကြားမှ ကွာဟချက်သည် အလွန်ပင် ကြီးမားလှသည်။ အင်မော်တယ် ဧကရာဇ်
တစ်ဦးကို စေလွှတ်လိုက်ရုံဖြင့် ယွီမိသားစုသည် မျက်လုံးသုံးလုံး ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို မည်သည့် ခုခံမှုမျှ မရှိဘဲ ဖျက်ဆီးပစ်နိုင်ပေသည်။
အတိတ်ကာလတွင် ဘိုလော့စ် မျိုးနွယ်က
ယွီမိသားစုနှင့် အဆက်အသွယ် တစ်ခု ထူထောင်လိုသည့်တိုင် ထိုသို့ ပြုလုပ်ရန် အခွင့်အလမ်း မရှိခဲ့ပေ။ သို့သော် ယခုမူ သူတို့၏ မျိုးဆက်သစ်က ယွီမိသားစုနှင့် အဆက်အသွယ် တစ်ခု ပြုလုပ်နိုင်ခဲ့သည်တဲ့လား။
ဤအချက်သည် ဘီလီယံပေါင်းများစွာသော နှစ်များ နေထိုင်ခဲ့ကြသော ဤရှေးဟောင်းဘိုးဘေးသုံးဦးကို နက်ရှိုင်းစွာ စိတ်လှုပ်ရှားစေပြီး သူတို့၏ အတွေးများကို လှိုင်းထန်စေခဲ့လေတော့သည်။