ကမ္ဘာငယ်လေး၏ ရှေ့ပြေးပုံစံ၊ တာအိုကို ချေးငှားအသုံးပြုခြင်း...
Vol. 47 Ch. 705
~ဂျန်း!!
ထူးခြားဆန်းကြယ်သော ကောင်းကင်မိုးကြိုးများသည် တစ်ခုပြီးတစ်ခု ကျဆင်းလာပြီး လုရီကို လွှမ်းခြုံသွားတော့သည်။
လုရီ၏ ပုံရိပ်သည် မကြာမီမှာပင် လုံးဝ ဖုံးကွယ်သွားခဲ့၏။ ယွီချန် မြင်နိုင်သည်မှာ အင်မော်တယ်သားရဲများ၊ အင်မော်တယ်လက်နက်များနှင့် အင်မော်တယ်များ၏ ပုံရိပ်ယောင်များကို ဖွဲ့စည်းထားသော ကောင်းကင်မိုးကြိုးအမျိုးမျိုးသာ ဖြစ်သည်။
သူသည် ရွှေအင်မော်တယ်နယ်ပယ်သို့ ယခုမှ ဝင်ရောက်လာသူတစ်ဦးထက်ပင် ကျော်လွန်သော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
ဤကောင်းကင်ကပ်ဘေးသည် ယွီချန်၏ စိတ်ကူးနိုင်စွမ်းကို များစွာ ကျော်လွန်နေခဲ့သည်တကား။
ထိုအခိုက်အတန့်တွင် နေရာလပ်သည် တွန့်လိမ်သွားပြီး ပုံရိပ်များ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။
ထိုသူများမှာ ယွီမိသားစု၏ စီနီယာ အဖွဲ့ဝင်များ၊ ရွှေအင်မော်တယ်များနှင့် အင်မော်တယ်ဧကရာဇ်များပင် ဖြစ်ကြသည်။
ယွီမိသားစုသခင် ယွီရှင်း၊ သခင်မကြီးနှင့် လင်းလောင်တောင်ထိပ်သခင်မတို့ အပါအဝင် လူတိုင်း ရောက်ရှိနေကြ ပေသည်။
လုရီကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်ကပ်ဘေးကို ကြည့်ရင်း သူတို့၏ မျက်နှာများမှာလည်း အံ့ဩမှုများဖြင့် ပြည့်နှက်နေ၏။
ယွီမိသားစု အပြစ်ပေးခန်းမမှ အရေးပါသောအကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏မျိုးဆက်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ယွီထိုက်သည် မှင်တက်သွားပြီး မထိန်းနိုင်ဘဲ ရေရွတ်လိုက်သည်။ "အမလေး… ဒါက တကယ်ပဲ နက်ရှိုင်းခြင်း အင်မော်တယ် ကောင်းကင်ကပ်ဘေး ဟုတ်ရဲ့လား။"
အခြား ယွီမိသားစု တန်ခိုးရှင်များလည်း စကားစတင်ပြောဆိုလာကြသည်။
ယခင် လုရီ၏ အလည်အပတ်ခရီးစဉ်အတွင်း ကျောက်စိမ်းကြယ်တာရာဂြိုဟ်ပေါ်တွင် မရှိခဲ့သော ယွီမိသားစု တန်ခိုးရှင်တစ်ဦးက မှတ်ချက်ပြုလိုက်သည်။
"ဒါ လုရီလား။ အရင်က ဘိုးဘေးပြောတာကို ကျွန်တော် သိပ်မယုံခဲ့ဘူး၊ ဒါပေမဲ့ ဒီလို ကောင်းကင်မိုးကြိုးမျိုးကတော့… တကယ်ပဲ ချဲ့ကားလွန်းနေပြီ မဟုတ်လား။"
လုရီ၏ အရည်အချင်းများကို သိရှိပြီးဖြစ်သော ယွီမိသားစု ခေါင်းဆောင်ပိုင်းမှ အဖွဲ့ဝင်များသည် ယခုအခါ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
"နှစ်တစ်ထောင်တည်းနဲ့ အစစ်အမှန် အင်မော်တယ်ကနေ နက်ရှိုင်းခြင်း အင်မော်တယ်ကို အဆင့်ချိုးဖြတ်နိုင်ခဲ့တယ်၊ ဘိုးဘေးပြောသလိုပဲ တာအိုရဲ့ ရွေးချယ်ခံရသူတစ်ယောက် ဖြစ်ရကျိုးနပ်ပါပေတယ်။"
"…သူက တာအိုရဲ့ ရွေးချယ်ခံရသူ ဟုတ်ရဲ့လား။ တာအိုရဲ့ တိုက်ရိုက်သားတော်လို့တောင် ပြောရမလိုပဲ။"
သူမ၏ လှပသော မျက်နှာသည် ထက်မြက်မှုများဖြင့် တောက်ပနေသော ယွီပင်းရွှမ်းက ပြုံးလျက် ဆိုလိုက်သည်။
"ရီအာရဲ့ အရည်အချင်းက တကယ်ပဲ အံ့မခန်းပါပဲ။ မကြာခင်မှာပဲ သူက ငါတို့ကို အမီလိုက်လာတော့မှာပဲ မဟုတ်လား။"
အချို့သော ရွှေအင်မော်တယ်အဆင့် ယွီမိသားစုဝင်များမှာ မျက်နှာများ ရှက်ရှဲရဲ ဖြစ်သွားကြ၏။
သူတို့သည်လည်း အရေးတကြီးဖြစ်ရမည့် အခြေအနေကို ခံစားလိုက်ရသည်။ ဤနှုန်းအတိုင်းသာဆိုလျှင် နှစ် တစ်ထောင် သို့မဟုတ် တစ်သောင်းအတွင်း လုရီသည် သူတို့ကို အမှန်ပင် ကျော်တက်သွားပေလိမ့်မည်။
ဂျူနီယာတစ်ဦးက ဤမျှ လျင်မြန်စွာ ကျော်တက်သွားခြင်းသည် သူတို့၏ မာနကို အတော်ပင် ထိခိုက်စေခဲ့သည်။
ထိုသို့…သူတို့ ဆွေးနွေးနေကြစဉ်မှာပင် လုရီရှိရာ ဧရိယာမှ တာအိုစွမ်းအင် လှိုင်းလုံးများ ပေါ်ထွက်လာခဲ့သည်။
တာအိုစွမ်းအင်၏ သိပ်သည်းမှုနှင့် အားကောင်းမှုသည် တဖြည်းဖြည်း ပို၍ ပို၍ အားကောင်းလာခဲ့သည်။
တာအိုအလင်းရောင်သည် ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ တာအိုအင်းကွက်များ တဖျပ်ဖျပ် တောက်ပလာပြီး ထိုနေရာရှိ လူတိုင်းကို ချက်ချင်း ထိုးထွင်းအမြင်တစ်ခု ရရှိစေသည့် နက်ရှိုင်းဆန်းကြယ်လွန်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
အင်မော်တယ် အရှင်သခင်နယ်ပယ်တွင် ရှိနေသော ယွီချန်ပင်လျှင် တဖျပ်ဖျပ် တောက်ပနေသော လျှို့ဝက်ဆန်းကြယ်သည့် တာအိုအင်းကွက်များကို မြင်သောအခါ အမျိုးမျိုးသော စိတ်ကူးစိတ်သန်းများနှင့် ဉာဏ်အလင်းများဖြင့် တုန်လှုပ်သွားမိသည်။
သူ၏ မျက်လုံးများ လင်းလက်သွားပြီး သူ၏ ပတ်ပတ်လည်မှ ယွီမိသားစု ကျင့်ကြံသူများဘက်သို့ လှည့်ကာ လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
"ဒီလောက် သိပ်သည်းတဲ့ တာအိုလှိုင်းလုံးကို လက်လွှတ်ခံလို့ မဖြစ်ဘူး၊ ကိုယ့်နေရာကိုယ်ပြန်ပြီး ကျင့်ကြံကြတော့။"
ထိုအခါ ယွီမိသားစု ကျင့်ကြံသူအားလုံးသည် ကန့်ကွက်ခြင်းမရှိဘဲ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားကြသည်။
အင်မော်တယ် အရှင်သခင်နယ်ပယ်မှ ယွီချန်သည်လည်း ခဏမျှ စဉ်းစားပြီးနောက် ဟင်းလင်းပြင် ဧရိယာတစ်ခုသို့ ရွေ့လျားကာ ပလ္လင်တစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းအပေါ်တွင် ခြေထောက်ချိတ်ထိုင်လိုက်ပြီး လုရီအတွက် အစောင့်အရှောက်ပေးရင်း တာအိုစွမ်းအင်ကို ခံစားနားလည်နေလိုက်သည်။
တဖြည်းဖြည်း ပိုမိုပြင်းထန်လာသော တာအိုအလင်းရောင်ကို ခံစားရင်း ယွီချန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။
သူ့တွင် စိတ်ထဲမှ ကြိုတင်သိမြင်မှုတစ်ခု ရှိနေသည်မှာ ဤတစ်ကြိမ် ဉာဏ်အလင်းပွင့်ပြီးနောက် သူသည် အင်မော်တယ်ဘုရင်တစ်ပါး၏ တံခါးခုံကို ထိတွေ့နိုင်မည့် အခွင့်အရေး ရရှိနိုင်လောက်သည်ဟု ဖြစ်သည်။
……
ကောင်းကင်မိုးကြိုးများအလယ်တွင် လုရီသည် ယခင်က ယွီမိသားစု ဘိုးဘေးမှ ဆုချခဲ့သော ဉာဏ်အလင်းပွင့်ချိန်များကို အသုံးချလိုက်ရာ သူ၏ စိတ်ထဲတွင် တာအိုတေးသံများ ပဲ့တင်ထပ်နေတော့သည်။
သူ၏ ကိုယ်တစ်ခုလုံးသည် အဆုံးမရှိသော တာအိုအင်းကွက်များဖြင့် တဖျပ်ဖျပ် တောက်ပနေပြီး သူ၏ အတွင်းမှ ဖရိုဖရဲစွမ်းအားများပင်လျှင် တဟုန်ထိုး ထွက်ပေါ်လာသည်။
လုရီ၏ အတွင်း၌ အဆင့်ချိုးဖြတ်စဉ်အတွင်း ပြောင်းလဲသွားခဲ့သော မွေးဖွားစ ပျိုးထောင်ဆဲ ကမ္ဘာငယ်လေးသည် ယခုအခါ အဆုံးမရှိသော တာအိုအင်းကွက်များနှင့် ဖရိုဖရဲချီ အစအနများကို စုပ်ယူလျက် အဆုံးမရှိသော ကမ္ဘာတစ်ခုအဖြစ်သို့ အဆက်မပြတ် ချဲ့ထွင်နေသည်။
ဤမွေးဖွားစ ပျိုးထောင်ဆဲ ကမ္ဘာငယ်လေးအတွင်း၌ တာအိုချီများ တဟုန်ထိုး စီးဆင်းနေပြီး နေရာတိုင်းတွင် တာအိုစည်းမျဉ်းများဖြင့် ပြည့်နှက်နေကာ၊ ဤစည်းမျဉ်းများအကြားတွင် ဖရိုဖရဲချီမျှင်တန်းများ စီးဆင်းနေသည်မှာ ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခြင်း၏ အစဦးတွင် ပေါ်ထွက်လာသော မူလရှေးဟောင်းအသက်ရှုသံများအလား။
ကမ္ဘာငယ်လေး၏ မွေးဖွားစပုံစံမှ ပြန်လည် တုံ့ပြန်မှုအောက်တွင် ပို၍ ပို၍ အားကောင်းသော စွမ်းအားများသည် လုရီ၏ ကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။
သူ၏ ရုပ်ခန္ဓာသည် အဆပေါင်းများစွာ တိုးတက်လာပြီး သူ၏ အင်မော်တယ် ဝိညာဉ်ချီသည်လည်း ပိုမို ကြွယ်ဝလာကာ၊ ကမ္ဘာငယ်လေး၏ မွေးဖွားစ ပုံစံများအကြားမှ တာအိုစွမ်းအားကိုပင် တိုက်ရိုက် စည်းကြပ်အသုံးပြုနိုင်စွမ်း ရှိလာသည်။
ဤအချက်သည် လုရီ၏ အင်မော်တယ်ချီကို အလွန်အမင်း အစွမ်းထက်စေပြီး—အသက်ရှုထုတ်
လိုက်သည့် လေတစ်ချက်ကပင် ဂြိုဟ်တစ်စင်းကို ဖိနှိပ်နိုင်စွမ်းရှိသည်တကား။
အလားတူပင် လုရီ၏ မူလဝိညာဉ်သည်လည်း ကမ္ဘာငယ်လေး၏ မွေးဖွားစပုံစံမှ ပြန်လည် တုံ့ပြန်မှုအောက်တွင် ပိုမို ခိုင်မာပြီး ထင်ရှားလာသည်။
သူ၏ မူလဝိညာဉ်မျိုးစေ့သည် ဤအသစ်ဖွဲ့စည်းလိုက်သော ကမ္ဘာငယ်လေး၏ မွေးဖွားစ ပုံစံထဲသို့ ပေါင်းစပ် ဝင်ရောက်သွားခဲ့ပြီး ဖြစ်သည်။ ကမ္ဘာငယ်လေး တည်ရှိနေသရွေ့ လုရီ၏ မူလဝိညာဉ်သည် ထာဝရ တည်ရှိနေမည် ဖြစ်သည်။
သူ၏ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်မိုးကြိုးသည် နုခ် အဆင့်ချိုးဖြတ်စဉ်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလှ၏။
မိုးကြိုးတစ်ချက်ကပင် နုခ်ကို ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲပစ်နိုင်ပေသည်။ သို့သော် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများ သယ်ဆောင်ထားသည့် ဤမိုးကြိုးများသည် လုရီကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ပေ။
လုရီသည် ဤကောင်းကင်မိုးကြိုးများကို သူ၏ ကြီးမားလှသော စွမ်းအားဖြင့် သူ၏ ရုပ်ခန္ဓာထဲသို့ စုပ်ယူလိုက်ပြီး၊ ၎င်းသည် ကမ္ဘာငယ်လေး၏
မွေးဖွားစ ပုံစံထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ကမ္ဘာငယ်လေး၏ မွေးဖွားစ
ပုံစံအတွင်း၌မူလရှေးဟောင်းနေရာလပ်တစ်ခုအလား တာအိုချီနှင့် ဖရိုဖရဲချီများ တဟုန်ထိုး စီးဆင်းနေသည်။ ဝင်ရောက်လာသော မိုးကြိုးတစ်ချက်ချင်းစီနှင့်အတူ ၎င်း၏ တာအိုအင်းကွက်များနှင့် ဖရိုဖရဲအင်းကွက်များမှာ ပိုမို တောက်ပလာပြီး သူ၏ အရှိန်အဝါမှာ ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလာ
သည်။သမုဒ္ဒရာတစ်ခုအလား၊ ချောက်နက်ကြီးတစ်ခုအလားပင်။
အချိန်များ စီးဆင်းသွားသည်နှင့်အမျှ ကပ်ဘေးမှ ကောင်းကင်မိုးကြိုးအားလုံး လုရီအပေါ်သို့ ကျရောက်ပြီးသောအခါ၊ ကောင်းကင်မိုးကြိုးအသစ်များ ပေါ်ထွက်မလာတော့ဘဲ ကပ်ဘေးသည် တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
လုရီသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ အကြည့်မှာ နက်ရှိုင်းနေပြီး ဖရိုဖရဲချီမျှင်တန်းတစ်ခုသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
သူသည် လေပူတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။ ဤကပ်ဘေးဖြတ်ကျော်ခြင်းအတွင်း လုရီသည် သူ ဉာဏ်အလင်းပွင့်ခြင်းမှတစ်ဆင့် သင်ယူခဲ့သော အရာများကို စီစဉ်ခွဲခြမ်းနားလည်ရာတွင်လည်း သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။
တာအိုယင်ယန် အင်မော်တယ်ကျမ်းကို ဆက်လက်ဖော်ထုတ်ခြင်းဖြစ်စေ၊ နိယာမအမျိုးမျိုးကို နားလည်ခြင်းဖြစ်စေ၊ သို့မဟုတ် အင်မော်တယ်သိုင်းနည်းစနစ်များကို ဖော်ထုတ်နားလည်ခြင်းဖြစ်စေ၊ သူသည် အတော်ပင် တိုးတက်မှုများ ရရှိခဲ့သည်။
လုရီကို အပျော်ရွှင်ဆုံးဖြစ်စေခဲ့သည်မှာ နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ်သို့ အဆင့်ချိုးဖြတ်ပြီးနောက်…..
ကမ္ဘာငယ်လေး၏ မွေးဖွားစပုံစံကို ဖွင့်လှစ်နိုင်ခဲ့ပြီးနောက်…သူသည် တာအိုချီကို အခါအားလျော်စွာ စည်းကြပ်အသုံးပြုကာ တာအိုစွမ်းအားဖြင့် မိမိကိုယ်ကို အားဖြည့်နိုင်လာခြင်းပင် ဖြစ်သည်။
*****