အင်မော်တယ်ဘုရင်နှင့် တစ်လှမ်းအကွာ (၂)...
Vol. 48 Ch. 713
~“ဒါဆို ဆရာ တစ်ယောက် ဖြစ်တဲ့ ငါက
ငါ့တပည့်ရဲ့ လုံးဝ အသာစီးယူခံလိုက်ရပြီပေါ့”
လင်းလောင်တောင်ထိပ်သခင်မမှာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
“…ဘာမှမဟုတ်ပါဘူး၊ ငါ့တပည့်ဖြစ်တဲ့အတိုင်းပဲ၊ တိုးတက်မှုက မြန်လိုက်တာ။ ဟား၊ ဟားဟားဟား” လင်းလောင်တောင်ထိပ်သခင်မက ခပ်ခြောက်ခြောက် ရယ်မောလိုက်သည်။
လုရီသည် လင်းလောင်တောင်ထိပ်သခင်မ၏
မှင်တက်နေသော မျက်နှာထားကို မြင်သောအခါ အလွန်အမင်း ကျေနပ်သွား၏။
ဤမိန်းမသည် ယခင်က သူ၏ကျင့်ကြံမှုအဆင့်မြင့်မားသည်ကို အခွင့်ကောင်းယူပြီး သူ၏နဖူးကို အမြဲတောက်လေ့ရှိသည်။
ထိုအကြောင်းကို တွေးမိတိုင်း လုရီ၏လက်မှာ အနည်းငယ် ယားယံလာသည်။
သို့သော်လည်း တပည့်တစ်ယောက်အနေဖြင့် ဆရာ၏နဖူးကို အကြောင်းမရှိဘဲ တောက်ခြင်းမှာ မသင့်တော်သောကြောင့် သူက အနည်းငယ် နောင်တရစွာဖြင့် “လာပါ၊ ကျွန်တော် ဆရာမကို တာအိုအကြောင်း ရှင်းပြပေးပါ့မယ်” ဟု ဆိုလိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မက စိတ်မပါ့တပါဖြင့် ခေါင်းညိတ်လိုက်သည်။
ငါ သူ့ကို ကျော်တက်ဖို့ မျှော်လင့်ချက် ရှိပါသေးရဲ့လား။
သူမသည် အရာများစွာကို တွေးတောနေမိသည်။
လုရီသည် ပျော်ရွှင်သောစိတ်ဖြင့် လင်းလောင်တောင်ထိပ်သခင်မအား တာအိုအကြောင်းကို စတင်ရှင်းပြလေတော့သည်။
တာအိုရှင်းပြပြီး ရက်အနည်းငယ်အကြာတွင် လင်းလောင်တောင်ထိပ်သခင်မသည် သူမ၏မျက်လုံးများကို ဖွင့်လိုက်ရာ နက်နဲသောအလင်းရောင်များဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး အံ့အားသင့်သောအပြုံးတစ်ခုကို ပြသကာ “ငါ နားလည်သွားပြီ” ဟု ကြွေးကြော်လိုက်သည်။
နောက်တစ်ခဏတွင် သူမသည် လုရီ၏ကျင့်ကြံခန်းထဲတွင် တံခါးပိတ် အဆင့်ချိုးဖြတ်ကျင့်ကြံမှုကို ချက်ချင်းပင် စတင်လိုက်သည်။
နယ်ပယ်ငယ်များကြား အဆင့်ချိုးဖြတ်ခြင်းမှာ
မခက်ခဲသည့်အပြင် ကောင်းကင်ကပ်ဘေးကိုလည်း မဖြစ်ပေါ်စေပေ။
တစ်လခန့်အကြာတွင် လင်းလောင်တောင်ထိပ်သခင်မသည် သူမ၏အဆင့်ချိုးဖြတ်မှုကို ပြီးမြောက်သွားပြီး နက်ရှိုင်းခြင်းအင်မော်တယ် စတုတ္ထအလွှာသို့ ရောက်ရှိသွားလေသည်။
သူမသည် အနည်းငယ် ပျော်ရွှင်သွား၏။ သူမသည် ယခုအခါ ထိုကောင်လေးလုရီနှင့် အဆင့်တူဖြစ်နေပြီဖြစ်ပြီး သူ့ကို ကျော်တက်ရန် အခွင့်အရေးပင် ရှိနိုင်သေးသည်။
လင်းလောင်တောင်ထိပ်သခင်မသည် တိတ်တဆိတ် မိမိကိုယ်ကို အားပေးနေမိသည်။
ထိုစဉ်မှာပင် လုရီ၏အသံ ထွက်ပေါ်လာသည်။
“ဒါနဲ့ ဆရာမ၊ ကျွန်တော် ကျောက်စိမ်းကြယ်တာရာဂြိုဟ်ကို သွားလည်ဖို့ စီစဉ်ထားတယ်။ ဆရာလည်း ပြန်ချင်လား”
မိမိကိုယ်ကို တိတ်တဆိတ် အားပေးနေသော လင်းလောင်တောင်ထိပ်သခင်မမှာ ရပ်တန့်သွားပြီး လုရီကို ကြည့်လိုက်သည်။
“မင်း ကျောက်စိမ်းကြယ်တာရာဂြိုဟ်ကို ဘာသွားလုပ်မလို့လဲ”
လုရီက ပြုံး၍ “ကျွန်တော် တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ဖို့ ရွှေအင်မော်တယ်အဆင့် လျှို့ဝှက် သိုင်းနည်းစနစ်တစ်ခုကို ကျင့်ကြံမလို့ပါ” ဟု ဖြေသည်။
လင်းလောင်တောင်ထိပ်သခင်မ: “…”
ရွှေအင်မော်တယ်အဆင့် လျှို့ဝှက်သိုင်းနည်းစနစ်…
သူမ ရုတ်တရက် စကားဆက်မပြောချင်တော့ပေ။
သူမ ကျင့်ကြံနေသော အင်မော်တယ် သိုင်းနည်းစနစ်များမှာ အကောင်းဆုံးမှ နက်ရှိုင်းခြင်းအင်မော်တယ် နယ်ပယ်သာဖြစ်ပြီး တစ်ခုမျှ ပြီးပြည့်စုံခြင်းသို့ မရောက်သေးပေ။
ဤကောင်စုတ်လေးက ရွှေအင်မော်တယ်အဆင့် လျှို့ဝှက် သိုင်းနည်းစနစ်တစ်ခုကို စတင်ကျင့်ကြံတော့မည်တဲ့လော။
သူ လူရော ဟုတ်သေးရဲ့လား။
သူမက စိတ်ပျက်လက်ပျက်ဖြင့် “ကောင်းပြီလေ၊ ငါ နင်နဲ့အတူ ပြန်လိုက်ခဲ့မယ်” ဟု ဆိုလိုက်သည်။
“ဒါဆို သဘောတူ… အိုး၊ ဆရာ၊ ကျိုယိုစစ်မြေပြင်ထဲက အမြင့်ဆုံးအဆင့် ကျိုယိုမိစ္ဆာတွေက ရွှေအင်မော်တယ်နယ်ပယ် ဟုတ်တယ်မလား”
လုရီက ကျင့်ကြံခြင်းအရင်းအမြစ်များ လိုအပ်သည်ကို သတိရသွားသောကြောင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မမှာ ရွှေအင်မော်တယ်အဆင့်ရှိ ကျိုယိုစစ်မြေပြင်အကြောင်း ပြောလာသောအခါ အံ့အားသင့်သွားပြီးနောက် ပြန်မေးလိုက်သည်။
“နင် ဘာလို့မေးတာလဲ”
သူမ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး အနည်းငယ်ထူးဆန်းစွာဖြင့်
“နင်... ရွှေအင်မော်တယ်အဆင့် ကျိုယိုစစ်မြေပြင်ကို သွားဖို့ စီစဉ်နေတာတော့ မဟုတ်ဘူးမလား။ မဖြစ်ဘူး။ နင့်ရဲ့တိုက်ခိုက်ရေးစွမ်းအားက အားကောင်းပေမယ့် နောက်ဆုံး
နှစ်ခေါက် ကျန်းအန်းစစ်မြေပြင်ကို သွားတုန်းက ကျိုယိုမိစ္ဆာတွေက နင့်ကို ဝိုင်းသတ်ဖို့ လာခဲ့တယ်လို့ ငါကြားဖူးတယ် ဟုတ်တယ်မလား။ ကျန်းအန်းစစ်မြေပြင်က ကျိုယိုမိစ္ဆာတွေက
ဘာမှ မဟုတ်ပေမယ့် ရွှေအင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာအများကြီးက နင့်ကို ဝိုင်းတိုက်ရင် အရမ်း အန္တရာယ်များလွန်းတယ်။ အဲဒီလိုနေရာမျိုးကို ဘယ်လိုသွားနိုင်မှာလဲ” ဟု ဆိုသည်။
လုရီသည် သူ့ဆရာက သူ့ကို ဂရုစိုက်ကြောင်း သိသောကြောင့် သူက ပြုံး၍ ...
“စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော်က ကျွန်တော့်အစွမ်းကို စမ်းသပ်ချင်ရုံ သက်သက်ပါ၊ ကျွန်တော် ...ကျွန်တော့်ရဲ့ ခံတပ်နဲ့ သိပ်အဝေးကြီးကို မသွားပါဘူး။ အန္တရာယ်များလာရင် ချက်ချင်း ပြန်လာမှာပါ။ ပြီးတော့ ကျွန်တော် အစ်မတွေကိုလည်း ခေါ်သွားမှာပါ။ အချိန်တန်ရင် ကျွန်တော်တို့ အဲဒီလျှို့ဝှက် သိုင်းနည်းစနစ်ကို သုံးနိုင်ပါတယ်” ဟု ဆိုလိုက်သည်။
လုရီပြောသော လျှို့ဝှက်သိုင်းနည်းစနစ်ကို ကြားသောအခါ လင်းလောင်တောင်ထိပ် သခင်မ၏ မျက်နှာမှာ အနည်းငယ် ရဲသွားရ၏။
၎င်းမှာ မည်သို့သော လျှို့ဝှက် သိုင်းနည်းစနစ်ဖြစ်ကြောင်း သူမ ကောင်းစွာနားလည်ပြီး မျက်လုံးလှန်လိုက်ကာ “နင် တွက်ချက်ဖန်တီးထားတဲ့ အင်မော်တယ်ကျမ်း လျှို့ဝှက်သိုင်းနည်းစနစ်တွေက… ဘာလို့ အကုန်လုံး ဒီလောက်… ဒီလောက် သွေးရိုင်းဖြစ်နေရတာလဲ” ဟု မေးလိုက် လေသည်။
လုရီ၏ ပါးစပ်မှာ တွန့်သွားပြီး ချက်ချင်းပင် မတရားခံရသလို ခံစားလိုက်ရသည်- “ယင်နှင့်ယန် နှစ်ကိုယ်တူကျင့်စဉ်က တာအိုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ၊ ဘယ်လိုလုပ် သွေးရိုင်းဖြစ်ရမှာလဲ”
လင်းလောင်တောင်ထိပ်သခင်မမှာ ဤအကြောင်းအရာနှင့်ပတ်သက်၍ လုရီနှင့် ငြင်းခုံရန် အနည်းငယ် ရှက်နေသောကြောင့် ဘာမှထပ်မပြောတော့ဘဲ “ဒါဆိုရင် ငါလည်း ဒီခရီးကို မင်းနဲ့အတူ လိုက်ခဲ့မယ်” ဟု ဆိုလိုက်သည်။
သူမသည် ယခုအခါ ပြင်းထန်သော အရေးတကြီးဖြစ်မှု ခံစားချက်ကို ခံစားနေရသည်။
ဤကောင်လေး တိုးတက်နေသည့်အရှိန်မှာ ပို၍၊ ပို၍ မြန်ဆန်လာသည်။ သူမသာ လျင်မြန်စွာတိုးတက်လိုပါက ကြိုးစားပမ်းစားကျင့်ကြံရုံသက်သက်ဖြင့် မလုံလောက်တော့ပေ။ သူမသည် ကြီးမားသော တိုက်ပွဲများမှတဆင့် သူမ၏ အလားအလာကို လှုံ့ဆော်ရပေမည်။
လုရီမှာ သဘာဝကျကျ ကန့်ကွက်စရာ မရှိဘဲ ခေါင်းညိတ်လိုက်သည်။
“ရပါတယ်”
လုရီသာ ပိုနက်ရှိုင်းစွာ စွန့်စားမည်ဆိုပါက သူ၏ဆရာကို သူနှင့်အတူ မခေါ်ဆောင်နိုင်ပေ။ အကြောင်းမှာ သူ၏ တာအိုလက်တွဲဖော်များမှာ လျှို့ဝှက် သိုင်းနည်းစနစ်ကိုအသုံးပြုပြီး သူ့အပေါ်တွင် တွယ်ကပ်နေနိုင်သောကြောင့် ဖြစ်သည်။
အန္တရာယ်ရှိလျှင်ပင် သူက သူတို့ကို ကာကွယ်ပေးနိုင်ပေလိမ့်မည်။
သို့သော် ဆရာမှာ ထိုသို့သော လျှို့ဝှက်သိုင်းနည်းစနစ်ကို မကျင့်ကြံထားပေ။ သူမကိုခေါ်သွားခြင်းသည် သိသာထင်ရှားသော အန္တရာယ်တစ်ခု ပေါ်ပေါက်လာပါက သူ သူမကို မကာကွယ်ပေးနိုင်သည်ကို ဆိုလိုသည်။
“ငါ့သိုင်းတပည့်တွေကို တစ်ယောက်ယောက် သွားအကြောင်းကြားလိုက်”
လုရီက ဂူစံအိမ်မှ ထွက်ခွာပြီး လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်ကို အကြောင်းကြားလိုက်သည်။
သူသည် ယွီယွမ်ဝူကိုလည်း သွားအကြောင်းကြားခဲ့ပါသေးသည်။ သို့သော်လည်း ယွီယွမ်ဝူက သူသည် သူ၏ ကျင့်ကြံမှု၏ အရေးကြီးသောအခိုက်အတန့် တစ်ခုသို့ ရောက်ရှိနေပြီး အချိန်အတိုင်းအတာ တစ်ခုအထိ နက်ရှိုင်းသောတံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရန် စီစဉ်ထားသောကြောင့် လုရီနှင့်အတူ မလိုက်ပါရန် ဆုံးဖြတ်ခဲ့၏။
လုရီမှာလည်း အလိုအလျောက်ပင် အတင်း
မတိုက်တွန်းတော့ဘဲ အဖွဲ့သားများသည် နေနီလှေပျံပေါ်သို့ အတူတကွ တက်ရောက်ပြီး
ထျန်းမင်မှ ထွက်ခွာခဲ့ကြသည်။
သူတို့ ထျန်းမင်မှ ပျံထွက်ပြီး ဟင်းလင်းပြင်အာကာသထဲသို့ ဝင်ရောက်သောအခါ လုရီသည် စကြဝဠာဒေသမှာ ယာဉ်ကြောများဖြင့် စည်ကားနေပြီး အမျိုးမျိုးသောပုံစံများဖြင့် ကောင်းကင်ယာဉ်ပျံသင်္ဘောများ ကြယ်တာရာတံခါးသို့ ဝင်ထွက်နေခြင်း သို့မဟုတ် အာကာသနက်ရှိုင်းရာမှ ရောက်ရှိလာခြင်းတို့ကို သတိပြုမိလိုက်သည်။
ဤကောင်းကင်ယာဉ်ပျံသင်္ဘောအားလုံးမှာ နောက်ဆုံးတွင် ထျန်းမင်နှင့် မနီးမဝေးရှိ သတ္တုဂြိုဟ်တစ်ခုပေါ်တွင် ဆိုက်ကပ်ကြပြီး၊ ၎င်းမှာ ဘိုလော့စ်မျိုးနွယ်က လုရီအား လက်ဆောင်ပေးခဲ့သော ကုန်သွယ်ရေးဂြိုဟ်ပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဂြိုဟ်သည် များပြားလှသော ကောင်းကင်ယာဉ်ပျံသင်္ဘောများ သွားလာနေခြင်းဖြင့် ဖွံ့ဖြိုးစည်ကားနေ၏။ များပြားလှသောကျင့်ကြံသူများ ၎င်း၏အတွင်းပိုင်းတွင် နေထိုင်ကြသည်။ လုရီ ခေတ္တမျှ အာရုံခံကြည့်လိုက်ရာ အားကောင်းသောတည်ရှိမှုများစွာကို တွေ့ရှိခဲ့ပြီး အပြင်းထန်ဆုံးမှာ ရွှေအင်မော်တယ်နယ်ပယ်သို့ပင် ရောက်ရှိနေသည်။
“အခု ဒီလောက်စည်ကားနေလိမ့်မယ်လို့ ငါ
မမျှော်လင့်ထားဘူး” လုရီက အံ့အားသင့်စွာ ဆိုလိုက်သည်။
သူ၏ဘေးမှ လျိုနင်ရွှမ်းနှင့် အခြားသူများမှာလည်း အလားတူပင် အံ့အားသင့်နေကြသည်။
လင်းလောင်တောင်ထိပ်သခင်မသည် ရင်ဘတ်တွင် လက်ပိုက်ကာ ပြတင်းပေါက်ရှေ့တွင်ရပ်ရင်း သဘောတူညီစွာ အသာအယာခေါင်းညိတ်လိုက်သည်။
“ဘိုလော့စ်မျိုးနွယ်က အလုပ်ကောင်းကောင်းလုပ်ပုံရတယ်… ဒါပေါ့၊ အဓိကအကြောင်းရင်းကတော့ နင့်ရဲ့တာအို တရားပွဲတွေက ကျင့်ကြံသူတွေကို ကြီးမားစွာ ဆွဲဆောင်နိုင်လို့ပဲ။ ဒီမှာ
ရှိတဲ့ လူအများစုက နင့်အတွက်ပဲ လာကြတာကို ငါ စိုးရိမ်တယ်”
လုရီက အသာအယာ ပြုံးလိုက်သည်။
“ကျွန်တော် တကယ်တော့ သိပ်ဂရုမစိုက်ပါဘူး။ ဒီလူတွေ ကျွန်တော့် တာအို တရားပွဲတွေကို နားထောင်နိုင်တာက ကံကြမ္မာ တစ်မျိုးပါပဲ”
လုရီအတွက်မူ သူတို့က သူ့ကို မဆန့်ကျင်သရွေ့ အခြားကျင့်ကြံသူများ သူမှတစ်ဆင့် တိုးတက်မှုရရှိခြင်းကို သူဂရုမစိုက်ပေ။
ဤကုန်သွယ်ရေးဂြိုဟ်ပေါ်တွင် အားကောင်းသောပုဂ္ဂိုလ်များ ပိုများလေ၊ လုရီ ပိုပျော်လေဖြစ်သည်။
သူသည် ထျန်းမင်ပေါ်ရှိ ကျိုယိုလမ်းကြောင်းအတွက် အမြဲစိုးရိမ်နေခဲ့၏။ ပြဿနာတစ်ခုဖြစ်ပွားခဲ့ပါက ဤအစွမ်းထက်ပုဂ္ဂိုလ်အများစုမှာ ကူညီရန် နေရစ်ခဲ့ဖွယ်ရှိသည်။ အကြောင်းမှာ ကျိုယိုမိစ္ဆာများသည် စကြဝဠာတစ်ခုလုံးအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်သောကြောင့်ပင်။
သူတို့ ဤတစ်ကြိမ် လွတ်မြောက်နိုင်ခဲ့လျှင်ပင် သူတို့ ဘယ်ကိုပြေးနိုင်မည်နည်း။ ထျန်းမင်ကြယ်တည်ရှိရာ ဒေသမှာ မျက်လုံးသုံးလုံး ကြယ်တာရာ နယ်မြေ ဖြစ်ရာ သူတို့သည် ဤဒေသကို လုံးဝ စွန့်ခွာရပေလိမ့်မည်။
သို့သော်လည်း အကယ်၍ တစ်စုံတစ်ဦး အမှန်တကယ် ထွက်ပြေးခဲ့ပါက သူတို့သည် အနာဂတ်တွင် ဤနေရာသို့ ပြန်လာရန် မေ့လိုက်ရုံသာ ရှိတော့မည်။
လုရီ၏အတွေးများ လွင့်မျောနေစဉ် သူသည်
နေနီလှေပျံကို ကြယ်တာရာ တံခါးမှတစ်ဆင့် ထိန်းချုပ်မောင်းနှင်သွားတော့သည်။
…
“ရီအာ၊ မင်း အခု တာအိုစွမ်းအင်ကို စုစည်းအသုံးချနိုင်နေပြီပဲ။ တာအိုအပေါ် ဒီလိုနားလည်သဘောပေါက်မှုက တကယ်ပဲ အားကျစရာကောင်းလိုက်တာ”
တောင်ကြားတစ်ခုတွင် တံခါးပိတ်ကျင့်ကြံနေခဲ့သော ယွီမိသားစုဘိုးဘေးက ဆိုသည်။
ယွီချန်နှင့် လုရီ တင်ပျဉ်ခွေထိုင်နေသော ဝါးအိမ်ရှေ့တွင် သူတို့ကြားမှ ကျောက်စားပွဲပေါ်တွင် ခွက်များက လေပေါ်တွင် ပျံဝဲနေပြီး၊ မွှေးပျံ့သောရနံ့ဖြင့် ပြည့်နှက်နေသော ဝိုင်ခွက် အပြည့်ကို လောင်းထည့်နေလေ၏။ ပတ်ဝန်းကျင်မှ ပန်းများမှာ အဆက်မပြတ် ဖူးပွင့်နေကြသည်။
လုရီ ကျောက်စိမ်းကြယ်တာရာဂြိုဟ်သို့ ပြန်ရောက်ပြီးနောက် လင်းလောင်တောင်ထိပ်သခင်မသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ မျက်နှာရောင်မှာ ပို၍ ဖြူဖျော့သွားကာ ထွက်ခွာရန် ကြိုးစားခဲ့သည်။
သို့သော် မကြာမီမှာပင် သူမကို မိခင်ဖြစ်သူ သခင်မကြီးယွီက ခေါ်ဆောင်သွားလေသည်။
လုရီသည် လင်းလောင်တောင်ထိပ်သခင်မအား ရုန်းကန်လိုသကဲ့သို့၊ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် စိတ်ပျက် အားငယ်နေသည်ကို မြင်လိုက်ရသည်။
လုရီမှာ နားမလည်နိုင် ဖြစ်ပြီး သူမ ဘာကို ဆိုလိုနေသည်ကို အတိအကျ နားမလည်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် လျိုနင်ရွှမ်းနှင့် အခြားသူများမှာမူ တည်ငြိမ်နေကြပြီး သိသာထင်ရှားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မပြကြပေ။
လုရီသည် အခြေအနေကို မေးမြန်းရန် စီစဉ်ခဲ့သော်လည်း ထို့နောက်တွင် ယွီမိသားစုဘိုးဘေးက သူ ကျောက်စိမ်းကြယ်တာရာဂြိုဟ်သို့ ရောက်ရှိလာသည်ကို ကြားသိပြီး သူ့ကို ခေါ်တော်မူသည်ဟု သတင်း ရရှိခဲ့သည်။
ထို့ကြောင့် လုရီမှာ ယွီမိသားစုဘိုးဘေး တံခါးပိတ်ကျင့်ကြံနေသော နေရာသို့ သွားရောက်လည်ပတ်ရန်မှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
လုရီက နှိမ့်ချစွာ ပြုံးလိုက်သည်။
“ကျွန်တော်က မွေးရာပါ တာအိုအပေါ်မှာ အာရုံခံစားမှု အားကောင်းလို့ ဖြစ်မှာပါ၊ ဘိုးဘေးရဲ့ မကြာသေးခင်က ဉာဏ်အလင်းတွေကရော ဘယ်လိုရှိပါသလဲ”
လုရီသည် ယွီချန်အား အင်မော်တယ်ဘုရင်နယ်ပယ်သို့ အမြန်ဆုံး အဆင့် ချိုးဖြတ်စေရန် မျှော်လင့်နေသည်။
ယွီချန်၏ နှုတ်ခမ်းများမှာ အပေါ်သို့ ကွေးတက်သွားပြီး သူ၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ပွင့်
ရှိကာ သူ၏စိတ်အခြေအနေမှာ အတော်လေးကောင်းမွန်နေပေသည်။
“တိုးတက်မှုက လက်ခံနိုင်လောက်ပါတယ်။
ငါ တာအိုအပေါ်မှာ တိကျတဲ့ နားလည်မှု တစ်ခု ရရှိခဲ့ပြီး မူလဇာစ်မြစ်ကို ဆုပ်ကိုင်ဖို့ ခြေ
တစ်လှမ်းပဲ လိုတော့တယ်”
ဤစကားကိုကြားသောအခါ လုရီ၏မျက်လုံးများမှာ တောက်ပလာပြီး သူက စိတ်ရင်းမှန်ဖြင့် “ဘိုးဘေးကို ဂုဏ်ယူပါတယ်။ ဒီလိုဆိုရင် ဘိုးဘေး အင်မော်တယ်ဘုရင်နယ်ပယ်ကို အဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးရဖို့ သိပ်မကြာတော့လောက်ပါဘူး” ဟု ဆိုလိုက်သည်။
“ဟားဟားဟား၊ ငါသာ အင်မော်တယ်ဘုရင်နယ်ပယ်ကို အဆင့်ချိုးဖြတ်နိုင်ခဲ့ရင် အဲဒါ မင်းရဲ့ကံကောင်းမှုကြောင့်ပဲ ရီအာ”
ယွီချန်က သူ၏ ဝိုင်ခွက်အား သောက်ရင်း ရယ်မောကာ တုံ့ပြန်သည်။
“ငါသာ အင်မော်တယ်ဘုရင်နယ်ပယ်ကို ရောက်သွားရင်တော့ စကြဝဠာထဲမှာ ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်ရဲတော့ဘူး”
ဤစကားကို ကြားသောအခါ
လုရီ၏ စိတ်အခြေအနေမှာ ပို၍ တက်ကြွလာ၏။
ယွီမိသားစုဘိုးဘေးသာ အမှန်တကယ်
အင်မော်တယ်ဘုရင် နယ်ပယ်သို့ အဆင့်ချိုးဖြတ်ခဲ့ပါက လုရီသည် ခိုင်မာသော အထောက်အပံ့တိုင်တစ်ခုကို ရရှိပေလိမ့်မည်။
*****