နင်ယင်စစ်မြေပြင်၊ ယွီဟန်ကွမ်း_၃...
Vol. 48 Ch. 716
~"အစ်ကိုကြီးလား။ ရှင်လည်း ဒီမှာရှိနေတာလား"
လင်းလောင်တောင်ထိပ်သခင်မမှာ ကြက်သေသေသွားပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်လေ၏။
ဤလူငယ်မှာ ယွီမျိုးနွယ်၏ သားဦးဖြစ်သူ၊ ယွီမျိုးနွယ်၏ မျိုးဆက်သစ်များထဲတွင် အစွမ်းအထက်ဆုံး ပါရမီရှင်ဖြစ်ပြီး ရွှေအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော ယွီဟန်ကွမ်း အမှန်ပင် ဖြစ်လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ယွီဟန်ကွမ်းသည် ကျောက်စိမ်းကြယ်တာရာပေါ်တွင် မရှိခဲ့ဘဲ၊ ဖခင်ဖြစ်သူ ယွီရှင်း ပြောစကားအရ သူသည် အပြင်သို့ လေ့ကျင့်ရန် ထွက်သွားသည်ဟု ဆို၏။
သူက ဤနေရာတွင် လာရောက်လေ့ကျင့်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ယွီဟန်ကွမ်းက အပြုံးနုနုဖြင့် ဆိုလိုက်သည်။
"မင်း လုရီနောက်လိုက်ပြီး ဒီကိုလာတယ်လို့ အဖေ့ဆီက သတင်းရထားလို့ အားလုံးကို လာတွေ့တာပါ"
ယွီဟန်ကွမ်းက လုရီဘက်သို့ လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်ဟန်များဖြင့် မေးလိုက်သည်။
"လုရီ၊ ယွမ်ဝူက မင်းနောက်လိုက်ရင်း တိုးတက်မှုကြီးကြီးမားမား ရတယ်လို့ကြားတယ်။
အဲ့ကောင်လေး တကယ်ကံကောင်းတာပဲ"
လုရီက ပြုံးလိုက်ပြီး ဖြေကြားလိုက်သည်။
"ယွမ်ဝူကိုယ်တိုင်ကလည်း သူ့ရဲ့ ကျင့်ကြံမှုအပေါ်မှာ တော်တော်လေး အာရုံစိုက်ပါတယ်"
ထိုအခါ ယွီဟန်ကွမ်းက ခေါင်းခါလိုက်ပြီး
"အဲ့ကောင်လေးရဲ့ အရည်အချင်းနဲ့ ပါရမီကို ငါနားလည်ပါတယ်။ မင်းသာမရှိရင် သူ ဒီလောက်မြန်မြန် တိုးတက်လာမှာမဟုတ်ဘူး။ အခုတော့ နင်ယင်စစ်မြေပြင်ကို လာခဲ့မိတာကိုတောင် ငါနည်းနည်း နောင်တရတယ်။ မင်း ကျောက်စိမ်းကြယ်တာရာပေါ်မှာ နယ်ပယ် ဖြတ်ကျော်တုန်းက တော်တော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ်လို့ ကြားတယ်။ အဲ့တုန်းကသာ ငါ ရှိနေခဲ့ရင် ငါတောင် ပိုပြီး တိုးတက်လာနိုင်လောက်တယ်"
လုရီက ရယ်မောလိုက်ပြီး "ဒါက လွယ်ပါတယ်၊ နင်ယင်စစ်မြေပြင်ကနေ ထွက်သွားပြီးရင် ကျွန်တော် ညီအစ်ကိုဟန်ကွမ်းကို အကြောင်းအရာတချို့ ရှင်းပြပေးပါ့မယ်" ဟု ဆိုလေသည်။
"ဟားဟားဟား၊ ညီအစ်ကိုကောင်းပဲ၊ ဒါဆိုရင်တော့ မင်းရဲ့ ထျန်းမင်ကြယ်တာရာမှာပဲ ငါ လာနေရတော့မှာပေါ့"
ယွီဟန်ကွမ်းက တဟားဟား ရယ်မောလိုက်သည်။
ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားပြီး လုရီအား မျက်စိတစ်ဖက်မှိတ်ပြကာ
"ဖြစ်နိုင်ရင် နောက်ခဏနေရင်တော့ မင်းကို ယောက်ဖလို့ စခေါ်ရတော့မယ်ထင်တယ်"
လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ယွီဟန်ကွမ်းကို စကားမပြောနိုင်တော့သလို ကြည့်လိုက်သည်။
ဒီလူကိုလည်း အမေက သတိပေးလိုက်သေးတာလား။
ယခုအခါ သူမသည် လူတိုင်းကို မြင်လျှင် သတိပေးခံထားရသူများဟု ထင်နေမိတော့သည်။
လုရီကမူ ပြုံးလိုက်ရင်း လင်းလောင်တောင်ထိပ်သခင်မကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်
"အစ်ကိုဟန်ကွမ်းကသာ ထျန်းမင်ကြယ်တာရာကို လာလည်ချင်တယ်ဆိုရင် ကျွန်တော်ကတော့ သေချာပေါက် ကြိုဆိုပါတယ်" ဟု ဆိုလိုက်သည်။
ယွီဟန်ကွမ်းက ခေါင်းညိတ်လိုက်ပြီး ထပ်ပြောသည်။
"ဟုတ်သားပဲ၊ မင်းတို့ နင်ယင်စစ်မြေပြင်ကို ပထမဆုံးအကြိမ် လာတာလား။ ငါလည်း မင်းတို့နဲ့ အတူလိုက်ခဲ့မယ်လေ။ ဒီနေရာနဲ့ ရင်းနှီးတဲ့လူတစ်ယောက် အနားမှာရှိတာ ကောင်းတာပေါ့"
ယွီဟန်ကွမ်းသည် လုရီမှာ အလွန်အားကောင်းကြောင်း ယွီရှင်းထံမှ သတင်းရရှိထားသော်လည်း ဤနေရာမှာ ကျိုယိုစစ်မြေပြင်ဖြစ်သည့်အပြင် သူကိုယ်တိုင်လည်း ဤနေရာသို့ အကြိမ်များစွာ ရောက်ဖူးရာ ပို၍ဘေးကင်းမည်မှာ သေချာသည်။
လုရီလည်း ယွီဟန်ကွမ်း၏ စေတနာကောင်းကို နားလည်သဖြင့် ခေါင်းညိတ်ကာ မငြင်းတော့ဘဲ "ဒါဆိုရင်တော့ ညီအစ်ကို ဟန်ကွမ်းကို ကျေးဇူးတင်ပါတယ်" ဟု ဆိုလိုက်၏။
"ဟားဟားဟား၊ ကောင်လေးက အားနာတတ်ရန်ကော။ ကဲ... အပြင်ထွက်ပြီး စူးစမ်းရှာဖွေရင်းနဲ့ စလိုက်ကြမလား" ယွီဟန်ကွမ်းက မေးလိုက်သည်။
လုရီက တွေဝေမနေဘဲ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
"အရင်ဆုံး အပြင်ထွက်ပြီး စူးစမ်းကြည့်ကြတာပေါ့"
"ဒါဆို သွားကြစို့။"
ထိုအဖွဲ့သည် ဦးစွာ စာရင်းသွင်းရန် သွားပြီးနောက် တပ်စခန်းမှ ထွက်ခွာခဲ့ကြသည်။
အခင်းအကျင်းများ မပိတ်ဆို့ထားသော တပ်စခန်း၏ နယ်နိမိတ်မှ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် ကျိုယိုချီများမှာ ပိုမိုသိပ်သည်းလာသည်။ အဝေးမှ တောကန္တာရပေါ်တွင်ပင် ကျိုယိုမုန်တိုင်းများ တိုက်ခတ်နေသည်ကို မြင်နေရ၏။
သိထားသင့်သည်မှာ ကျန်းအန်း စစ်မြေပြင်တွင် ကျိုယိုမုန်တိုင်းများမှာ အလွန်ရှားပါးလှသည်။
လျိုနင်ရွှမ်းနှင့် သူမ၏ အဖော်သုံးယောက်မှာ မျက်မှောင်ကြုတ်လိုက်ကြပြီး ကြီးမားသော ဖိအားဒဏ်ကို ရင်ဆိုင်နေရသည်။
ယွီဟန်ကွမ်းလည်း ဤအချက်ကို သတိပြုမိပြီး
သတိပေးလိုက်၏။
"လုရီ၊ 'ညီမလေး' တို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက တော်တော်လေး နိမ့်နေသေးတယ်။ တပ်စခန်းအနီးမှာတော့ ကိစ္စ မရှိပေမယ့် အရမ်းဝေးဝေးသွားရင် သူတို့ ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး"
လုရီက လျိုနင်ရွှမ်းနှင့် သုံးယောက်မှာ ဖိအားအနည်းငယ် ခံနေရသည်ကို သတိပြုမိသဖြင့် ပြုံးကာ မေးလိုက်သည်။
"စီနီယာအစ်မတို့...အားလုံး အဆင်ပြေရဲ့လား"
ထိုအခါ လျိုနင်ရွှမ်းနှင့် သူမ၏ အဖော်များမှာ
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြကြသည်။
တဆက်တည်း၌ သူမတို့၏ နဖူးများပေါ်တွင် နက်နဲသော ယင်ယန်အင်းကွက်များ ပေါ်ထွက်လာပြီး သူမတို့၏ အရှိန်အဝါများမှာ အချင်းချင်း ချိတ်ဆက်သွားကာ အထူးအရှိန်အဝါတစ်ခုကို ဖွဲ့စည်းလိုက်၏။ သူမတို့၏ စွမ်းအားများမှာ ကြီးမားစွာ မြင့်တက်သွားပြီး နက်ရှိုင်းခြင်းအင်မော်တယ်နယ်ပယ်သို့ပင် ရောက်ရှိသွားသည်။
လုရီကို ဗဟိုပြုမထားသော်လည်း သူမတို့အသုံးပြုနေသော ယင်ယန်တာအိုတံဆိပ်မှာ
သူမတို့၏ စွမ်းဆောင်ရည်ကို ကြီးမားစွာ မြှင့်တင်ပေးနိုင်စွမ်းရှိပါ၏။
ယွီဟန်ကွမ်းနှင့် ယွီလင်းလောင် (လင်းလောင်တောင်ထိပ်သခင်မ) တို့မှာ ဤမြင်ကွင်းကြောင့် မှင်တက်သွားကြသည်။
ဒီလျှို့ဝှက်သိုင်းနည်းစနစ်က အစစ်အမှန်အင်မော်တယ်လေးယောက်ကို နက်ရှိုင်းခြင်းအင်မော်တယ်အဖြစ် တကယ်ပဲ မြှင့်တင်ပေးလိုက်တာလား။
"ဒါ ဘယ်လိုလျှို့ဝှက်သိုင်းနည်းစနစ်လဲ။ ဘာလို့ ကြယ်တာရာနယ်မြေ တပ်ဖွဲ့ခင်းသိုင်းထက် အများကြီး ပိုအားကောင်းနေရတာလဲ"
ယွီဟန်ကွမ်းက တုန်လှုပ်စွာ မေးလိုက်သည်။
သိထားသင့်သည်မှာ ကြယ်တာရာနယ်မြေတပ်မတော်၏ တပ်ဖွဲ့ခင်းသိုင်းမှာ အများဆုံး လူတစ်ဦးကိုသာ နက်ရှိုင်းခြင်းအင်မော်တယ်နယ်ပယ်သို့ မြှင့်တင်ပေးနိုင်သော်လည်း၊ ဤလေးယောက်အသုံးပြုသော လျှို့ဝှက်သိုင်းနည်းစနစ်မှာ သူတို့အားလုံးကို တစ်ပြိုင်နက်တည်း နက်ရှိုင်းခြင်းအင်မော်တယ်နယ်ပယ်သို့ မြှင့်တင်ပေးနိုင်ရာ အလွန်ပင် မဖြစ်နိုင်စရာကောင်းလှသည်။
ယွီမျိုးနွယ်၏ သားဦးဖြစ်သည့်တိုင် ယွီဟန်ကွမ်းသည် ဤမျှ ချဲ့ကားထားသော လျှို့ဝှက်သိုင်းနည်းစနစ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
*****