← Chapters

အခန်း (၁၀၄၉-၁၀၅၂)

Vol. 53 Ch. 1049-1052

အခန်း (၁၀၄၉-၁၀၅၂)

Vol. 53 Ch. 1049-1052

အပိုင်း ( ၁၀၄၉ )

သူက မေပယ်စံအိမ်ရဲ့ ပိုင်ရှင်လို့ ပြောလိုက်တာလား

အဘိုးအိုသည် အံ့ဩမှုကြောင့် မတ်တပ်ထရပ်လိုက်သည်။

" လူငယ်လေး၊ မင်းအတည်ပြောတာလား "

ရွာသားများသာ ထိုသတင်းကို ကြားသွားပါက ထိုလူငယ်သည် သူတို့ကို ရှာရန် တစ်အိမ်တက်တစ်အိမ်ဆင်း လုပ်စရာပင် လိုမည်မဟုတ်ပေ။

သူတို့သည် ထိုလူငယ်လေးကို တွေ့ရန် တိုက်ခိုက်နေလိမ့်မည် ဖြစ်သည်။

ယွမ် ၁၀၀၀ တန်သည်ဟု ဆိုပါက ၁၀ယောက် သဘောတူပေလိမ့်မည်။

၁သိန်းဟု ဆိုပါက ..........

ဤသည်ကား မိုးပေါ်မှ မုန့်ကျလာခြင်း ဖြစ်သည်။

အဘိုးအိုသည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် မျက်ရည်များ ကျလာပြီး သူ၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်နေသည်။

အကြောင်းပြချက်တစ်ဝက်သည် ငွေရသောကြောင့်ဖြစ်ပြီး ကျန်အကြောင်းပြချက်တစ်ဝက်သည် သူက ထိုနေရာတွင် ထိုင်ကာ သေခြင်းတရားကို စောင့်နေသည့် အသုံးမကျသည့်လူ မဟုတ်ကြောင်းကို သက်သေပြရန် ဖြစ်သည်။

ယဲ့ဖန်၏ နှလုံးသားသည် ဆူပွက်နေသည်။

သူသည် သူ့နှလုံးခုန်သံကို မဖမ်းနိုင်တော့မှာကိုပင် ကြောက်နေသည်။

ပြီးနောက် သူသည် သက်ပြင်းအရှည်ကြီးချလိုက်သည်။

ဤသည်ကို တွေးမိသောအခါ ယဲ့ဖန်သည် အတွင်းရေးမှုးဟောင်းကြီးကို အသေးစိတ်ရှင်းပြချင်နေသည်။

သို့သော် ထိုအချိန်တွင် ချန်းချုံရှန်းဆီမှ ဖုန်းဝင်လာခဲ့သည်။

" ယဲ့ညီလေး၊ မင်း Yang Chengကို ပြန်ရောက်နေပြီဆို။ မင်း ဒီညအားလား။ ငါမင်းကို ထမင်းလိုက်ကျွေးမယ် "

" ဒီညလား "

ယဲ့ဖန်သည် မျှော်လင့်ချက်များ ပြည့်နေပြီး တုံ့ဆိုင်းနေသော အဘိုးအိုကို ကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ။ ဒီနေ့အလုပ်ရှုပ်နေလို့လား။ မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ "

ချန်းချုံရှန်းသည် အနည်းငယ် စိတ်ပျက်သွားပုံပေါ်သည်။

" အဲ့လိုလည်း မဟုတ်ပါဘူး။ ကျွန်တော့်ကို လိပ်စာပို့ထားလိုက် "

ယဲ့ဖန်သည် ခဏလောက် စဉ်းစားပြီး သဘောတူလိုက်သည်။

ယဲ့ဖန်သည် အားလုံးကို ပြောပြီးသွားပြီဖြစ်သောကြောင့် ကျောက်စိမ်းမီးအိမ်ရှည်ကို လေလံတင်ရန် ချန်းချုံရှန်းကို မေးချင်နေသည်။

" ကောင်းပြီ၊ နောက်မှတွေ့မယ် "

ချန်းချုံရှန်းသည် ချက်ချင်းပင် ပျော်ရွှင်စွာ ဖုန်းချလိုက်သည်။

ယဲ့ဖန်သည် ဖုန်းကို ချလိုက်ပြီး အဘိုးအိုကိုလှည့်ကြည့်လိုက်သည်။

" ဒါဆိုလည်း ကိစ္စတွေကို အဘိုးကိုလွှဲထားလိုက်မယ်။ ကျွန်တော်က လုပ်စရာလေးတွေ ရှိနေသေးလို့ အဲ့တာကြောင့် ကျွန်တော် အရင်ပြန်တော့မယ် "

အဘိုးအိုသည် သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်လိုက်သည်။

" မင်း ထပ်လာမယ်ဆိုတာ သေချာရဲ့လား။ ငါက သူတို့နဲ့ ညှိုနှိုင်းပြီးတဲ့နောက်မှ မင်းက မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ "

ယဲ့ဖန် ရယ်မောလိုက်သည်။

" စိတ်မပူပါနဲ့၊ ဝယ်တဲ့ကိစ္စတွေကို ကူညီဖို့အတွက် မနက်ဖြန်ရောက်ရင် တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်။ သူတို့နဲ့အတူ ငွေတွေလည်း ပါလာပါလိမ့်မယ် "

ထိုအခါမှသာ အဘိုးအိုသည်လည်း စိတ်သက်သာရာ ရသွားသည်။

" ကောင်းတယ်၊ ကောင်းတယ် "

ယဲ့ဖန်နှင့် ချန်းရွှမ်တို့ ကားထဲသို့ ဝင်သွားချိန်တွင် အဘိုးအဘွားလူစုသည် သူတို့နောက်မှလိုက်လာကြသည်။

ကားသည် အဝေးသို့ ရောက်သွားသည့်တိုင်အောင် သူတို့သည် ရွာဝင်ပေါက်တွင် ရပ်နေကြသေးသည်ကို သူတို့နှစ်ယောက် မြင်နိုင်သေးသည်။

" အဲ့အဘိုးအဘွားတွေက သူတို့က သေတာကို ထိုင်စောင့်နေတဲ့လူတွေ မဟုတ်ဘူးဆိုတာ သက်သေပြချင်နေကြတာ "

ချန်းရွှမ်သည် သူတို့ကို နောက်ကြည့်မှန်မှ ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

" လူတိုင်းမှာ ဒီလိုနေ့ရှိလာလိမ့်မယ်။ အဲ့တာကြောင့် ကိုယ်တို့ ကြီးရင် အလိုလိုက်နိုင်ဖို့အတွက် ကိုယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့ ခွန်အားတွေကို အခွင့်ကောင်းယူထားရမယ်။ အဲ့လိုမှ ကိုယ်တို့ အသက်ကြီးချိန်‌ကျ စွမ်းအားကင်းမဲ့နေမှာမဟုတ်ဘူး "

" အထူးသဖြင့် မင်းပဲ။ မင်းကို အကြိမ်တိုင်းပြီးနေလို့ မရဘူး။ ဒါကို ကိုယ် ကိုယ်တိုင်ဖြေရှင်းရမယ် "

ချန်းရွှမ်သည် အစတွင် သေသေချာချာ နားထောင်နေသည်။

သို့သော် ထိုစကားကို ကြားသွားသောအခါ ကြောင်သွားသည်။

သူ့စကားတွေက ဘာလို့ ပြောင်းလဲသွားတာလဲ။

" နင် … နင် အရမ်း ရမ်းကား အနိုင်ကျင့်တာပဲ။ အဲ့တာကို ဘယ်လိုတောင် ပြောနိုင်ရတာလဲ "

သူမသည် သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။

ဤသည်ကား သူတို့ ကလူကျီစယ်သည့်မြင်ကွင်းဖြစ်သည်။

ယဲ့ဖန်၏ နှလုံးသားသည် ယားယံလာသည်။

သူသည် သူမလက်လေးကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။

" အစ်မရွှမ်၊ ကြည့်လိုက်ဦး။ ဟိုမှာ တောအုပ်သေးသေးလေးရှိတယ် "

" အဲ့တော့ "

" မင်းလုပ်ချင် … "

" ငါ မလုပ်ချင်ဘူး "

" ကိုယ် ဘာပြောချင်တယ်ဆိုတာတောင် မင်းမသိဘဲနဲ့ မလုပ်ချင်ဘူးလို့ မင်းက ပြောလိုက်တယ်လား "

" ခွေးပါးစပ်က နတ်စကားမထွက်ဘူး "

" …. "

ချန်းချုံရှန်းမှ အတည်ပြုထားသော နေရာသို့ သူတို့ ရောက်သွားသောအချိန်တွင် ကောင်းကင်သည် လုံးဝကို မှောင်နေပြီဖြစ်သည်။

သို့သော် ထောင်စုနှစ်များဟု အစ်မည်ရသော စားသောက်ဆိုင်သည် မီးများ လင်းထိန်နေပြီး ဝင်ပေါက်တွင် ဇိမ်ခံကားများဖြင့် ပြည့်နေသည်။

ချန်းချုံရှန်းသည် စားသောက်ဆိုင်ဝင်ပေါက်တွင် စောင့်နေသည်။

သူ့ဘေးတွင် သိမ်မွေ့သော အမူအရာရှိသည့် သက်လတ်ပိုင်းလူတစ်ယောက်သည် မတ်တပ်ရပ်နေသည်။

ချန်းချုံရှန်းသည် ချန်းရွှမ်၏ ရွှံ့များပေရေနေသော BMWကို မြင်သောအခါ အလွန်အံ့ဩသွားသည်။

ယဲ့ဖန်နှင့် ချန်းရွှမ် ကားထဲမှ ထွက်လာသည်ကို မြင်သောအခါ သူ့မျက်လုံးများသည် ပေါက်ထွက်လုနီးပါး ဖြစ်သွားသည်။

သူတို့နှစ်ယောက်သည် ရွှံ့များပေရေနေပြီး အဝတ်အစားများ မလဲရသေးပဲ အပြေးအလွှား လာခဲ့ခြင်းဖြစ်သည်။

" မင်းတို့နှစ်ယောက် ဘယ်ကိုသွားခဲ့တာလဲ။ ဘာလို့ မင်းတို့တွေက မျောက်တွေလို ဖြစ်နေကြတာလဲ "

ချန်းချုံရှန်းသည် သူတို့နှစ်ယောက်ကို မသိသလို ကြည့်နေသည်။

" ကျွန်တော်တို့က ကျေးလက်ဒေသတစ်ခုကို သွားခဲ့တာ ပြီးတော့ အဝတ်လဲဖို့ အချိန်မရခဲ့လို့ "

ယဲ့ဖန်သည် ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။

" လူငယ်တွေက ခွန်အားတွေပြည့်နေကြတာပဲ "

ချန်းချုံရှန်းသည် ပြုံးလိုက်ပြီး သက်လတ်ပိုင်းလူကို မိတ်ဆက်ပေးလိုက်သည်။

" ဒါက ငါ့မိတ်ဆွေဟောင်း၊ ကျော်ကြားတဲ့ရှေးဟောင်းပစ္စည်း စုဆောင်းသူ ပန်တချွမ်းပဲ "

" ဒါကတော့ မင်းကို ငါပြောပြဖူးခဲ့တဲ့ မေပယ်စံအိမ်ရဲ့ပိုင်ရှင် ယဲ့ဖန်လူကြီးမင်း "

သူသည် ယဲ့ဖန်၏ အခြားသရုပ်မှန်ကို မိတ်မဆက်ပေးခဲ့ချေ။

မေပယ်စံအိမ်၏ ပိုင်ရှင်လို့သာ ပြောခဲ့သည်။

စုဆောင်းသူရပ်ဝန်းတွင် ထိုသရုပ်မှန်သည် တခြားသရုပ်မှန်များထက် ပို၍ အသုံးဝင်သည်။

သို့သော် ထိုသက်လတ်ပိုင်းလူသည် ယဲ့ဖန်ကို စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

" အဘိုးကြီးချန်း၊ မင်း သေချာရဲ့လား။ သူက မေပယ်စံအိမ်ရဲ့ ပိုင်ရှင်လို့ မင်းပြောလိုက်တာလား "

သူသည် အရင်က မေပယ်စံအိမ်အကြောင်း ကြားခဲ့ဖူးသည်။

ထိုဆိုင်သည် ကျုံးဟိုင်မြို့တွင်ရှိသော ရှေးဟောင်းပစ္စည်းဆိုင် အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

သို့သော် ထိုဆိုင်သည် မကြာသေးခင်မှ Yang Chengကို ဝင်ရောက်လာပြီး လူကြိုက်များလာခဲ့သည်။

မေပယ်စံအိမ်၏ ပိုင်ရှင်သည် အနည်းဆုံး အသက်၅၀မှ ၆၀ကြားဟု သူထင်နေခဲ့သည်။

သူသည် ဤမျှ ငယ်နေလိမ့်မည်ဟု မထင်ထားချေ။

ချန်းချုံရှန်းသည် သူ ဘာတွေးနေသည်လဲဆိုတာ သိသွားပြီး ချက်ချင်းပင် ပြုံးလိုက်သည်။

" ပန်အဘိုးကြီး၊ သူ့ကိုအထင်မသေးနဲ့။ သူက ရှေးဟောင်းပစ္စည်းတွေမှာ တော်တော် တော်တယ်။ အကဲဖြတ် တော်တော်များများကတောင် သူ့ထက် နိမ့်ကျတယ်လို့ ခံစားနေရတာ "

သူ ပြောသည်ကို ပန်တချွမ်းသည် ကြားသော်လည်း သူ့မျက်နှာပေါ်တွင် ရှိသော အထင်သေးမှုသည် လုံးဝ လျော့နည်းမသွားပေ။

သူသည် နှုတ်ခမ်းကို ခပ်ဖွဖွသပ်လိုက်သည်။

" တကယ်လား "

လေထုသည် အနည်းငယ် ကိုးရိုးကားရားနိုင်လာသည်ကို ချန်းချုံရှန်း မြင်သောအခါ သူသည် လျင်မြန်စွာ ရယ်မောလိုက်သည်။

" မြန်မြန် အထဲဝင်ကြရအောင်။ ငါ သီးသန့်အခန်း ကြိုယူထားပြီးပြီ "

ယဲ့ဖန်သည် ပန်တချွမ်းနှင့် ငြင်းခုန်မနေပေ။

သူသည် ကားထဲမှ ကျောက်စိမ်းမီးအိမ်ရှည်ထည့်ထားသော သားရေအိတ်ကို ယူကာ သူ့နောက်လိုက်ပြီး စားသောက်ဆိုင်ထဲ ဝင်သွားတော့သည်။

စားသောက်ဆိုင်သည် ရှေးခေတ်ပုံစံ အလှဆင်ထားပြီး သူတို့ လမ်းလျှောက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ဟင်းလျာများ၏ ရနံ့များသည် သူတို့နှာခေါင်းပေါက်ထဲသို့ အပြင်းအထန် တိုးဝင်လာကြသည်။

ချန်းချုံရှန်းသည် သူတို့သုံးယောက်ကို ဦးဆောင်၍ ပထမထပ်ရှိ ခန်းမကို ဖြတ်ကျော်သွားပြီး ဒုတိယထပ်သို့ တိုက်ရိုက်တက်သွားသည်။

သူ ကြိုတင်မှာယူထားသော သီးသန့်အခန်းသည် အလွန်ကြီးသည်။

ထိုနေရာသည် လူ၂၀မှ ၃၀နီးပါး ထိုင်ရန် လုံလောက်သည်ထက် ပိုသည်။

" အစ်ကိုယဲ့၊ ကျေးဇူးပြုပြီး ထိုင်ပါ "

အခန်းထဲသို့ဝင်လာချိန်တွင် ချန်းချုံရှန်းသည် ယဲ့ဖန်ကို အဓိကထိုင်ခုံဆီသို့ ခေါ်သွားကာ ထိုင်ခိုင်းလိုက်သည်။

ယဲ့ဖန်သည် မငြင်းခဲ့ချေ။

သူသည် ထိုနေရာတွင် ထိုင်လိုက်ပြီး ချန်းရွှမ်သည် သူ့ဘယ်ဖက်တွင် ထိုင်လိုက်သည်။

ထိုသည်ကို မြင်သောအခါ ပန်တချွမ်း၏ အမူအရာသည် ပို၍ နေမထိထိုင်မသာ ဖြစ်လာခဲ့သည်။

သူတို့သုံးယောက်ထဲတွင် ယဲ့ဖန်သည် အငယ်ဆုံးဖြစ်သည်။

အခြေအနေအရ ချန်းချုံရှန်းသည် Sotheby’s Yang Chengဌာနခွဲ၏ အထွေထွေမန်နေဂျာဖြစ်ပြီး သူသည်လည်း စုဆောင်းသူလောကတွင် ကျော်ကြားထင်ရှားသော စုဆောင်းသူတစ်ယောက်ဖြစ်သည်။

ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းဆိုင်လေး၏ ပိုင်ရှင်သာဖြစ်ပြီး သရုပ်မှန်သည်လည်း သူ့မိသားစု၏ ကြွယ်ဝချမ်းသာမှုဖြင့် ထိုဆိုင်ကိုဝယ်လိုက်သောကြောင့် ဖြစ်နိုင်သည်။

ဤသည်ကား ဂုဏ်သတင်းအတုဖြစ်သည်ဟု သူ တွေးထင်လေသည်။

ဘယ်လိုပင် သူကြည့်ကြည့်စေ ဤသည်မှာ သူသည် အဓိက ထိုင်ခုံတွင် ထိုင်ဖို့ အလှည့်မကျသေးပေ။

သို့သော် သူသည် တကယ်ပင် တိုက်ရိုက်ထိုင်လိုက်သည်။

သူသည် စည်းမျဥ်းစည်းကမ်းများကို လုံးဝ မသိပေ။

ထိုကိစ္စသည် သူ့စိတ်ထဲတွင် ဆိုးရွားနေပြီ ဖြစ်သော ယဲ့ဖန်၏ ပုံရိပ်ကို အောက်ခြေအထိ ထိုးကျသွားစေခဲ့သည်။

ချန်းချုံရှန်းကို မျက်နှာသာပေးရန်အတွက်သာ မဟုတ်ပါက သူသည် ထွက်သွားခဲ့ပြီ ဖြစ်သည်။

ချန်းချုံရှန်းသည် ဂရုမစိုက်ပေ။

သူသည် ယဲ့ဖန်၏ ညာဖက်တွင် ထိုင်လိုက်ပြီး စားပွဲထိုးကို ဟင်းပွဲများ လာချပေးရန်မှာနေသည်။

သူသည် စားသောက်ဆိုင်၏ အထူးဟင်းပွဲများကို မှာခဲ့သည်။

ဟင်းလျာတိုင်းသည် လက်ရာမြောက်စွာ ဖန်တီးထားပြီး လူတိုင်း၏ အစာစားချင်စိတ်ကို မြင့်တက်စေသည်။

ယဲ့ဖန်နှင့် ချန်းရွှမ်သည် နေ့လယ်ခင်းက နှစ်လုတ်စာလောက်သာ စားထားပြီးနောက်တွင် ကျေးလက်ဒေသို့ ခရီးတိုသွားခဲ့ကြသည်။

သူတို့သည် တကယ်ပင် ဆာလောင်နေကြသည်။

နှိုင်းပြောရလျှင် ချန်းရွှမ်သည် ဗိုက်ဆာသည်ကို ချုပ်တည်းထားခဲ့သည်။

သူမသည် ဗိုက်ဆာနေသော်လည်း မစားရပေ။

ယဲ့ဖန်မှာတော့ သူမနှင့် မတူပေ။

ဟင်းပွဲများ လာချသောအခါ သူသည် ဟိတ်ကြီးဟန်ကြီးလုပ်မနေပေ။

တူကို ကောက်ကိုင်ပြီး စစားတော့သည်။

" ဟမ်၊ ဒါတွေက အရမ်းအရသာရှိတာပဲ။ ခင်ဗျားတို့က ဘာလို့ မစားကြတာလဲ "

သူ၏ပါးများသည် ဖောင်းကားနေပြီး တခြားသူများကို နှုတ်ဆက်ရန်လည်း မမေ့ချေ။

ဘန်း

ပန်တချွမ်းသည် ဆက်ပြီး သည်းမခံနိုင်တော့ချေ။

သူသည် စားပွဲခုံကို ရိုက်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

" အဘိုးကြီးချန်း၊ ငါလုပ်စရာရှိသေးတယ်။ ငါအရင်ပြန်တော့မယ် "

ထိုသို့ ပြောပြီးသည်နှင့် သူသည် ချက်ချင်းလမ်းလျှောက်ထွက်သွားတော့သည်။

အပိုင်း ( ၁၀၅၀ )

အမှန်တရားကို ကြားချင်လား၊ ဒါမှမဟုတ် အလိမ်အညာကို ကြားချင်လား

ချန်းချုံရှန်းသည် ပန်တချွမ်းကို အမြန်ပြန်ဆွဲထားလိုက်သည်။

" ပန်အဘိုးကြီး၊ မင်းဘာလုပ်တာလဲ။ ပြန်ထိုင် "

သူသည် ပြောရင်းနှင့် ယဲ့ဖန်၏ အမူအရာကို ကြည့်လိုက်သည်။

ယဲ့ဖန် ဒေါသထွက်သွားမည်ကို သူ စိုးရိမ်နေသည်။

သို့သော် ယဲ့ဖန်သည် ထိုကိစ္စကို သတိမထားမိပေ။

သူသည် အစားအသောက်တွင်သာ အာရုံစိုက်နေသည်။

မျက်တောင်ပင် မခတ်ပေ။

ထိုအခါမှသာ သူသည် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

ပန်တချွမ်းသည် သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။

သို့သော် သူ၏မျက်နှာသည် အေးစက်နေစဲဖြစ်သည်။

သူသည်စကားမပြောသလို တူကိုလည်း မထိချေ။

ချန်းချုံရှန်းသည် ကိုးရိုးကားရား ချောင်းဟန့်လိုက်ပြီး လူတိုင်း၏ ခွက်ထဲသို့ ဝိုင်ကို လောင်းထည့်ပေးလိုက်သည်။

သူသည် ပထမဦးဆုံး ခွက်ကို မြှောက်လိုက်သည်။

" ညီလေးယဲ့က ဒီနေ့ပဲ လောင်းကစားမြို့က ပြန်‌ရောက်လာခဲ့တာ။ ဒီထမင်းပွဲက မင်းကို ကြိုဆိုတာ "

ယဲ့ဖန်သည် တူကို ချလိုက်ပြီး သူ့ဝိုင်ခွက်ကို ချန်းချုံရှန်းခွက်နှင့် ထိလိုက်သည်။

ထို့နောက် သူ့ခေါင်းကို မော့ပြီး ဝိုင်ကိုသောက်လိုက်သည်။

" ခင်ဗျားရဲ့ ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးတင်ပါတယ်၊ အစ်ကိုချန်း "

ထိုသို့ ပြောပြီးသည်နှင့် သူသည် သူ့ခေါင်းကို ငုံ့ပြီး ဆက်စားတော့သည်။

ပန်တချွမ်းကို ကြည့်ပင်မကြည့်ချေ။

ပန်တချွမ်းသည် ထိုလူငယ်လေးကြောင့် ပိုပိုပြီး စိတ်အနှောင့်အယှက်ဖြစ်လာသည်။

သူသည် ထိုလူငယ်လေးတွင် ကောင်းသောအချက်များ မမြင်ရပေ။

သို့သော် ထိုလူငယ်လေးသည် သူ၏ ချို့ယွင်းချက်အများအပြားကို ထုတ်ဖော် ပြသခဲ့ပြီးဖြစ်သည်။

အရင်က ချန်းချုံရှန်းသည် သူ့ရှေ့မှ လူငယ်လေးကို ပန်းလေးတစ်ပွင့်လို တင်စားချီးကျူးခဲ့သည်။

ထိုကောင်လေးသည် ထိုကဲ့သို့ လူမျိုးဖြစ်နေမည်ဟု သူ မထင်ထားမိခဲ့ချေ။

ချန်းချုံရှန်းသည် စိတ်ထဲမထားပေ။

သူသည် ဝိုင်သောက်ပြီးနောက် သူ့ခွက်ကို ချလိုက်ပြီး ပန်တချွမ်းကို ပြောလိုက်သည်။

" ပန်အဘိုးကြီး၊ မင်းရဲ့ရတနာကို မြန်မြန်ထုတ်လိုက်လေ။ ယဲ့ညီလေးက ကူညီပါစေ "

ပန်တချွမ်းသည် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

" ငါတော့ အဲ့လိုလုပ်လို့ မလိုဘူးလို့ထင်တယ်၊ ဟုတ်တယ်မလား။ ကျွမ်းကျင်ပညာရှင်အများကြီးက အဲ့တာက ကျောင်းပန်ချောက်ရဲ့ အနုပညာလက်ရာဆိုတာ အတည်ပြုပြီးပြီလေ။ ဘယ်လိုလုပ် ပြဿနာရှိနိုင်မှာလဲ "

" ပြီးတော့ တကယ်လို့ ပြဿနာရှိနေရင်တောင်မှ တချို့လူတွေက အဲ့တာကို မြင်နိုင်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား "

သူ၏ ထေ့ငေါ့ပြောသော အသံကို ချန်းချုံရှန်း ကြားလိုက်သောအခါ သူသည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။

" ပန်အဘိုးကြီး၊ ယဲ့ညီလေးက ငါ ဖိတ်ခါ်ထားတဲ့ ဂုဏ်သရေရှိဧည့်သည်ပဲ။ တကယ်လို့ မင်းငါ့ကို မျက်နှာသာ မပေးဘူးဆိုရင်တောင် နည်းနည်းတော့ ပိုယဥ်ကျေးသင့်တယ် မဟုတ်ဘူးလား "

ပန်တချွမ်းသည် မှင်သက်သွားသည်။

သူနှင့် ချန်းချုံရှန်းတို့သည် နှစ်ပေါင်းများစွာကြာအောင် သိလာခဲ့ပြီး သူတို့နှစ်ယောက်ကြား ဆက်ဆံရေးသည် အမြဲလိုလိုပင် အတိုင်အပေါက်ညီခဲ့ကြသည်။

ဒီနေ့တွင်တော့ ချန်းချုံရှန်းသည် သွန်သင်မဆုံးမထားသော ကောင်စုတ်လေးတစ်ယောက်အတွက်နှင့် သူ့ကိုတကယ်ကြီး အေးစက်စက် စကားပြောနေသည်။

ထိုသည်က သူ၏နှလုံးသားကို ထိုးနှက်သွားသည်။

" ချန်းအဘိုးကြီး၊ ငါ … ငါအဲ့လိုဆိုလိုတာမဟုတ်ဘူး "

ချန်းချုံရှန်းသည် သူ့လက်ကိုမြှောက်ကာ ကြားဖြတ်ပြောလိုက်သည်။

" မင်းက ဒီပန်းချီကားကို ကူညီလေလံတင်ပေးဖို့ ငါတို့Sotheby’sကို အပ်နှံထားတာကြောင့် မင်း ညီလေးယဲ့ဆီက အကဲဖြတ်တာကို ရမှဖြစ်မယ် "

" သူ အကဲဖြတ်တာ မပါဘဲနဲ့။ ငါတို့က မစွန့်စားရဲဘူး "

သူ့စကားများသည် ပိုပိုပြီး ချဲ့ကားလာသည်။

သူသည် ယဲ့ဖန်၏အရေးပါမှုကို လျစ်လျူမရှုနိုင်သော အနေအထားတစ်ခုအထိ တိုက်ရိုက်မြှင့်တင်လိုက်သည်။

တစ်ဖက်တွင် ယဲ့ဖန်၏ အတည်ပြုချက်သာ မရှိပါက သူ့ပန်းချီကား လေလံတင်ရန် ကိစ္စသည် မေ့လိုက်ရမည် ဖြစ်သည်။

ပန်တချွမ်းသည် မကျေမနပ်ဖြစ်နေသည်။

သို့သော် သူသည် တစ်စုံတစ်ယောက်ကို မျက်နှာသာပေးလိုက်သည်။

ထိုကြောင့် သူနဲ့အတူယူလာသော သစ်သားသေတ္တာတစ်လုံးကို အင်တင်တင်ဖြင့် ထုတ်လိုက်သည်။

အဆိုပါသစ်သားသေတ္တာသည် နှစ်ပေနီးပါးရှည်ပြီး နဂါးနှစ်ကောင်မှ ပုလဲတစ်လုံးကို ဆော့ကစားနေဟန် ဖောင်းကြွပုံရိပ်ဖြင့် ထွင်းထုထားသည်။

ထိုသည်က အလွန်လက်ရာမြောက်လှသည်။

" ဝိုး၊ ဒီသေတ္တာက တော်တော်လှတာပဲ "

ချန်းရွှမ်သည် ချက်ချင်းပင် ချီးကျူးလိုက်သည်။

ပန်လူကြီးမင်းသည် ယဲ့ဖန်ကို သဘောမကျကြောင်း သူမ သိနေသည်။

ထို့ကြောင့် သူမသည် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကို ပြေလည်စေချင်နေသည်။

သို့သော် ပန်တချွမ်းသည် သူမ၏ကြင်နာမှုကို အသိအမှတ်မပြုပေ။

သူသည် အေးစက်စွာ ပြန်ပြောခဲ့သည်။

" သေတ္တာကကြည့်ကောင်းတော့ ဘာအသုံးကျမှာလဲ။ တကယ်အရေးကြီးတာက အထဲကဟာပဲ "

ချန်းရွှမ်သည် ချက်ချင်းပဲ သူမပါးစပ်ကို ပိတ်လိုက်သည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်၏ အစားစားနေမှုသည် ရပ်တန့်သွားပြီး သူ့မျက်လုံးထဲတွင် အေးစက်မှုများ ဖြတ်သန်းသွားသည်။

ဘယ်သူက ငါ့နေရာမှာ ငါ့အမျိုးသမီးကို ဝေဖန်ပြစ်တင်ရဲတာလဲ။

ပန်တချွမ်း ထိုစကား ပြောလိုက်သောအခါ သူသည် ပြဿနာတက်သွားပြီ ဖြစ်ကြောင်း ချန်းချုံရှန်းသည် သိလိုက်သည်။

ထို့ကြောင့် သူသည် ယဲ့ဖန်ကို တောင်းတောင်းပန်ပန် ကြည့်လိုက်သည်။

" ပန်အဘိုးကြီးက တည့်တိုးပြောတတ်တဲ့စရိုက်ရှိတယ်။ ယဲ့ညီလေး၊ ကျေးဇူးပြုပြီး မင်းရဲ့အဆင့်ကို သူ့လောက်ထိ မနှိမ့်ချလိုက်ပါနဲ့ "

ယဲ့ဖန်သည် သူ့ကိုကြည်လိုက်ပြီး ဘာမှမပြောပေ။

သူသည် ဆက်၍သာစားလိုက်သည်။

ချန်းချုံရှန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

ကံကောင်းစွာဖြင့် ယဲ့ဖန်သည် သူ့‌ဒေါသကို ချက်ချင်းလျှော့ခဲ့သည်။

ယဲ့ညီလေး၏ အနေအထားအရ အကယ်၍ သူသာ တစ်ယောက်ယောက်ကို စိတ်တိုသွားပါက ထိုလူသည် ယန်းချန်မြို့တွင် သေချာပေါက် ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။

သူ့သရုပ်မှန်ကို ပန်တချွမ်းကို မပြောပြမိတာ ငါ့အမှားပဲ။

အဲ့လိုမဟုတ်ရ်င ပန်လူအိုကြီးလည်း သူ့ကိုယ်သူ ထိန်းထားနိုင်မှာ။

သူသည် ငရဲတံခါးပေါက်မှ ပြန်လှည့်လာနိုင်ခဲ့သည်ဆိုတာကို ပန်တချွမ်းသည် ခဏလေးနှင့် သဘောမပေါက်သေးပေ။

သူသည် သစ်သားသေတ္တာကို ဖွင့်လိုက်ပြီး စာလိပ်တစ်လိပ်ကို ဂရုတစိုက်ထုတ်လိုက်သည်။

သူ၏ သတိတကြီးဖြစ်နေသာ အသွင်အပြင်ကိုကြည့်လိုက်လျှင် သူသည် ဘုရင့်အမိန့်တော်ကို ကိုင်ဆောင်ထားရသည့် မိန်းမစိုးတစ်ယောက်နှင့် တူနေသည်။

" ယဲ့ညီလေး၊ ဒီပန်းချီကားက ပန်အဘိုးကြီးဝယ်ထားတဲ့ လွန်ခဲ့တဲ့နှစ်၅သန်းတုန်းက ကျောင်းပန်ချောက်ရဲ့ ဝါးကျောက်တုံးပန်းချီပဲ။ ဒီကာလမှာ သူကငွေကို အရေးတကြီးလိုနေတော့ ငါတို့ရဲ့ လေလံအိမ်မှာ လေလံတင်ချင်နေတာ "

ချန်းချုံရှန်းသည် ရှင်းပြပြီးသည်နှင့် သူနှင့် ပန်တချွမ်းတို့သည် ပန်းချီကားကိုဖွင့်လိုက်သည်။

သူတို့နှစ်ယောက်လုံးသည် အလွန်ပင်ဂရုစိုက်နေကြကာ ထိုအဖိုးတန်ရတနာကို အပြစ်အနာအဆာ ဖြစ်သွားစေမှာကို ကြောက်နေကြသည်။

ထိုပန်းချီကားသည် အနံ၁ပေရှိပြီး အလျားက၁မီတာရှည်သည်။

၎င်းတွင် ကျောက်တောင်များနှင့် ဝါးပင်များပါဝင်သည်။

စုတ်ချက်သည် အနည်းငယ်သာရှိသော်လည်း ၎င်းတို့သည် ရှေးကျပြီး သဘာဝဆန်နေသည်။

ပန်းချီကား၏ဘယ်ဖက် အပေါ်ပိုင်းတွင် ကဗျာတစ်ပုဒ်ရှိနေသည်။

တစ်ရာသီပြီး တစ်ရာသီ၊ အစ်ကိုင်းထောင်ပေါင်းမျာစွာ ထောင်ချီသောအရွက်များအဖြစ်စုကြလာ

ပျားနှင့် လိပ်ပြာကြောက်မိသည့်အတွက် ငါမပွင့်လာ ။

ပန်းချီကား၏နောက်တွင် ပန်းချီဆရာ၏နာမည် ပန်ချောက်‌ကျောင်းရှီ ဟုပါရှိပြီး ထိုအောက်တွင် သူ၏အမှတ်အသားပါရှိသည်။

ထို့အပြင် ပန်းချီကား၏ထောင့်တိုင်းတွင် အမှတ်အသားများစွာပါရှိသည်။

၎င်းတို့သည် စုဆောင်းသူများ၏ အမှတ်အသားများဖြစ်သည်။

ဤသည်ကား ဒီပန်းချီကား၏ ယုံကြည်စိတ်ချနိုင်စွမ်းကို သွယ်ဝိုက်၍ သက်သေပြနေသည်။

ကျောင်းရှီတစ်ဖြစ်လဲ ကဲရို့၊ လီအန်း၊ တစ်ဖြစ်လဲ ပန်ချောက်သည် ချင်မင်းဆက်တွင် ပန်းချီနှင့် လက်ရေးလှရေးခြင်းတို့တွင် ကျော်ကြားသော ပညာရှင်တစ်ယောက်ဖြစ်သည်။

မကြာသေးခင်ကနှစ်များတွင် ကျောင်းပန်ချောက်၏ လက်ရေးလှများနှင့် ပန်းချီကားများသည် စံချိန်အသစ်ကို မကြာခဏတင်နိုင်ခဲ့သည်။

အမြင့်ဆုံးဈေးသည် သန်း၄၀ကျော်ထိပင် ရောက်ရှိခဲ့သည်။

" ယဲ့ညီလေး၊ ဒီပန်းချီကားက ငါတို့လေလံအိမ်က အကဲဖြတ်အားလုံး အကဲဖြတ်ပြီးသွားပြီ။ ဒီဟာက ကျောင်းပန်ချောက်ရဲ့ လက်ရာဆိုတာ လူတိုင်းသဘောတူကြတယ်။ စဖွင့်မဲ့ဈေးက ယာယီအားဖြင့် ၁၀သန်း သတ်မှတ်ထားတယ် "

" ငါ့ကို ကူညီပြီးကြည့်ပေးလို့ရမလား။ ဒီပန်းချီကားက ဘယ်လောက် တန်ဖိုးသတ်မှတ်သင့်လဲ "

ချန်းချုံရှန်းသည် ဂရုတစိုက်မေးလိုက်သည်။

သူသည် အစစ်လား အတုလားဆိုတာ မမေးခဲ့ပေ။

သို့သော် ဘယ်လောက်တန်လဲဟု မေးခဲ့သည်။

သူသည် ဒီပန်းချီကားနှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိနေသည်မှာ သိသာလှသည်။

ယဲ့ဖန်သည် ချက်ချင်းပြန်မဖြေပေ။

သူသည် ခေါင်းကိုငုံ့ကာ ဆက်၍စားနေသည်။

ချန်းချုံရှန်းသည် အလျင်မလိုပေ။

သူသည် ထိုနေရာတွင်ရပ်ပြီး စောင့်နေသည်။

လေထဲသို့ကျောက်တုံးများ ပစ်နေသလိုဖြစ်နေသော ထိုမြင်ကွင်းကို မြင်သောအခါ ပန်တချွမ်းသည် ပို၍မကျေမနပ်ဖြစ်လာသည်။

သူသည်‌ဒေါသမထိန်းနိုင်တော့သည့်အချိန်တွင် ယဲ့ဖန်သည် ခေါင်းကိုမော့လာပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။

" အမှန်ကိုကြားချင်လား၊ အလိမ်အညာကို ကြားချင်လား "

ချန်းချုံရှန်းသည် မြန်မြန်ခေါင်းညိတ်လိုက်သည်။

" သေချာပေါက် အမှန်ကိုပဲကြားချင်တာ "

" အဲ့တာကအတုကြီး "

ထိုသို့ ပြောပြီးသည်နှင့် ယဲ့ဖန်သည် ခေါင်းကိုငုံ့ကာဆက်စားနေသည်။

သီးသန့်ခန်းတစ်ခန်းလုံးသည် လုံးဝကို တိတ်ဆိတ်ငြိမ်သက်သွားသည်။

အပိုင်း ( ၁၀၅၁ )

မင်းကိုယ်ကိုမင်း နတ်ဘုရားတစ်ပါးလို့ တကယ်ထင်နေတာလား

" ကောင်စုတ်လေး၊ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး "

ပန်တချွမ်း ရုတ်တရက် မအော်ဟစ်လိုက်ခင် သီးသန့်ခန်းသည် လုံးဝကိုတိတ်ဆိတ်နေသည်။

ကျောင်းပန်ချောက်၏ ဝါးကျောက်တုံးပန်းချီသည် သူ စုဆောင်းထားသမျှအထဲတွင် ဂုဏ်အယူရဆုံးအရာဖြစ်သည်။

အကယ်၍ သူသာ ငွေကို အရေးတကြီးလိုမနေပါက သူသည် ၎င်းကို ဘယ်တော့မှ လေလံတင်လိမ့်မည် မဟုတ်ပေ။

ယခုတွင်ယဲ့ဖန်သည် ၎င်းကိုအတုဟုပြောနေသည်။

သူဘယ်လောက်ခံပြင်းနေသည်ဆိုတာကို တွေးသိနိုင်သည်။

ချန်းချုံရှန်းသည် ယဲ့ဖန်၏အမြင်နှင့်ပတ်သက်၍ သူသည်လည်း သဘောမတူ‌ချေ။

သို့သော် ပန်တချွမ်း၏ သဘောထားကြောင့် သူသည် မကျေမနပ်ဖြစ်နေသည်။

" ပန်အဘိုးကြီး၊ ယဲ့ညီလေးက နောက်နေတာပါ။ ဘာလို့ မင်းက တုန်လှုပ်နေတာလဲ "

ပန်တချွမ်း၏ မျက်နှာသည် မခံမရပ်နိုင်ဖြစ်ခြင်းများနှင့် ပြည့်နှက်နေသည်။

" မင်းငါ့ကို လာပြောင်နေတာလား။ ဘယ်သူက ဒီလိုအရာနဲ့ ပတ်သက်ပြီး နောက်မှာမလို့လဲ "

ချန်းချုံရှန်းသည် ယဲ့ဖန်အတွက် ဆက်ပြီး ရှင်းပြချင်နေသည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်သည် ထပ်ပြောလာသည်။

" ကျွန်တော် နောက်နေတာ မဟုတ်ဘူး။ အဲ့ပန်းချီကားက အတုကြီး "

ပန်တချွမ်းသည် ချန်းချုံရှန်းကို ချက်ချင်းကြည့်လိုက်သည်။

" ချန်းအဘိုးကြီး၊ မင်းကြားတယ်နော်။ သူက အဓိပ္ပာယ်မရှိတာတွေ စကားကြောရှည်နေတုန်းပဲ "

" သူက ရှေးဟောင်းပစ္စည်းနဲ့ ပတ်သက်ပြီး အတော်လေးဗဟုသုတ ရှိတယ်လို့ မင်းပြောခဲ့တာ။ အဲ့တာကြောင့် သူ့ကို ပြဖို့ဒီပန်းချီကားကို ငါ ယူလာခဲ့တာ။ ဒါပေမဲ့ သူက အရမ်းမမောက်မာလွန်းဘူးလား "

ချန်းချုံရှန်းသည် မျက်မှောင်ကြုတ်နေသည်။

သူသည် ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ မင်းအမြင်မှားသွားတာလား "

" ဒီပန်းချီကားက ကျွမ်းကျင်ပညာရှင်တွေ အများကြီး အကဲဖြတ်ထားတာနော်။ စာရွက်ဖြစ်ဖြစ် ပန်းချီဖြစ်ဖြစ် လက်မှတ်ဖြစ်ဖြစ် ဒါမှမဟုတ် အမှတ်အသားဖြစ်ဖြစ် ပြဿနာမရှိဘူး။ ပြီးတော့ လူတိုင်းကတောင် သဘော …. "

သူပြော၍ မပြီးခင်မှာပင် ပန်တချွမ်းသည် အေးစက်နေသော အပြုံးဖြင့် ကြားဖြတ်ပြောလိုက်သည်။

" သူအမြင်မှားသွားတယ်ဆိုတာ မင်းဘာကိုဆိုလိုတာလဲ။ သူက ဒီဟာကို လုံးဝ ကြည့်တောင်မကြည့်ခဲ့ဘူး၊ ဟုတ်တယ်မလား။ သူကတစ်ချက်တည်းဖျက်ခနဲကြည့်လိုက်ပြီး အစစ်လား၊ အတုလား ပြောနိုင်တာလား။ မင်းကိုယ်မင်း နတ်ဘုရားတစ်ပါးလို့ တကယ်ကြီး ထင်နေတာလား "

အစောပိုင်းက ယဲ့ဖန်သည် အစားစားရင်းအလုပ်ရှုပ်နေခဲ့သည်။

သူသည် တကယ်ပင် တစ်ချက်တည်းသာလှမ်းကြည့်လိုက်ပြီး ၎င်းသည် အတုဟု ကောက်ချက်ချလိုက်သည်။

ဤသည်ကား တကယ်ကို ယုံကြည်နိုင်ရန်ခက်ခဲလှသည်။

" အဲ့ကျွမ်းကျင်ပညာရှင်တွေက အစစ်လို့ထင်နေရင်လည်း ဘာလို့ ကျွန်တော့်ဆီ လာခဲ့တာလဲ "

ယဲ့ဖန်သည် အစားမပြတ်ပေ။

သူသည် စိတ်မဝင်စားစွာ ပြန်ပြောလိုက်သည်။

ချန်းချုံရှန်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူသည် ယဲ့ဖန်၏ ရှေးဟောင်းပစ္စည်းများတွင် ကျွမ်းကျင်မှုများကို လုံးဝကို ယုံကြည်ချက်ရှိသည်။

သူ လေလံအိမ်သို့ လာရောက် အပ်နှံခဲ့သော ရှေးဟောင်းပစ္စည်းများသည် အကောင်းဆုံးများထဲမှ အကောင်းဆုံးများဖြစ်သည်။

သို့သော် ဒီတစ်ကြိမ်တွင် သူ့ကို တကယ်ပင် ယုံကြည်ရန် ခက်ခဲနေသည်။

ပန်တချွမ်း၏ ကိုယ်ပိုင်ပညာရှင်များဖြစ်စေ၊ သူ၏Sotheby’sမှ အကဲဖြတ်ပညာရှင်များဖြစ်စေ၊ သူတို့သည် ဤပန်းချီကားမှာ အစစ်ဖြစ်ကြောင်းသေချာလှသည်။

သေချာ ဂရုတစိုက် စစ်ဆေးပြီးနောက် ပြဿနာမရှိဘူးဟု သူခံစားနေရသည်။

ယဲ့ဖန်သည် ပေါ့‌ပေါ့ပါးပါး တစ်ချက်သာကြည့်လိုက်ပြီး အတုဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။

သူသည် ရှင်းပြချက်တစ်ခုပင် မပေးချေ။

ဤသည်ကား လူတွေကို ယုံကြည်စေဖို့ ခက်ခဲလှသည်။

ခဏလောက် စဥ်းစားချင့်ချိန်လိုက်ပြီးနောက် ယဲ့ဖန်၏ရှေ့တွင် ထိုင်လိုက်ပြီး တောင်းဆိုလိုက်သည်။

" ယဲ့ညီလေး၊ ကျေးဇူးပြုပြီး ငါ့ကို မျက်နှာသာပေးပြီး ဒီပန်းချီကားနဲ့ ပတ်သက်လို့ ဘာမှားနေတာလဲဆိုတာ ပြောပြပေးပါ "

ပန်တချွမ်းသည် ပန်းချီကားကို လိပ်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

" ချန်းအဘိုးကြီး၊ ငါမင်းကို ဝေဖန်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ မင်းရှေးဟောင်းပစ္စည်းလောကမှာ နှစ်အများကြီး ကျင်လည်ခဲ့ပြီးပြီလေ။ မင်းက လူငယ်လေးတစ်ယောက်ကြောင့် ဘယ်လိုတောင်အရူးလုပ် ခံနိုင်ရတာလဲ "

ချန်းချုံရှန်းသည် သူ့ကိုလျစ်လျူရှုကာ ယဲ့ဖန်ကိုသာ စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် သူ၏ရိုးသားသော သဘောထားကိုမြင်နေရသည်။

သူတူကို ဖြည်းညှင်းစွာ ချလိုက်သည်။

" အစ်ကိုချန်းရဲ့ ကောင်းကျိုးအတွက် စကားနည်းနည်းပြောပေးမယ်။ နားထောင်ချင်လား နားမထောင်ချင်ဘူးလားဆိုတာတော ခင်ဗျားသဘောပဲ "

ချန်းချုံရှန်းသည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဆက်ပြောပါ "

ယဲ့ဖန်သည် ပန်းချီကားကို နောက်တစ်ခေါက် ဖြတ်ခနဲ ကြည့်လိုက်သည်။

" ဒီပန်းချီကားအတုကို လုပ်ထားတဲ့နည်းလမ်းက တကယ်ကိုကောင်းလွန်းတယ်။ သာမန်လူတွေကပြဿနာကို ရှာတွေ့ဖို့ ခက်ခဲတယ် … "

ပန်တချွမ်းသည် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

" ဒါက သာမန်လူတွေက ရှာတွေ့ဖို ခက်ခဲတယ်။ ဒါပေမဲ့ မင်းကတွေ့ခဲ့တယ်။ မင်းက သာမန်လူမဟုတ်ဘူးဆိုတာ ပြောနေသလို ဖြစ်မနေဘူးလား "

ယဲ့ဖန်သည် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်သည်။

သူသည် ဘာမှထပ်မပြောတော့ပေ။

ချန်းချုံရှန်းသည် အမြန်ဆက်ပြောလိုက်သည်။

" ဒါပေမဲ့ ကျွမ်းကျင်ပညာရှင် အများကြီးက လက်မှတ်နဲ့ အစစ်ဆိုတာကို အတည်ပြုခဲ့တယ်လေ။ အဲ့ပေါ်မှာ နာမည်ကြီးစုဆောင်းသူတွေရဲ့ အမှတ်အသားတွေလည်းရှိနေတယ်လေ။ သူတို့အားလုံးကလည်း အစစ်တွေပဲ "

ယဲ့ဖန်သည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

" အဲ့တာကြောင့် ဒီဟာက တော်တော်ကို လေးစားစရာကောင်းတယ်လို့ ပြောခဲ့တာလေ။ ဘာလို့လဲဆိုတော့ လက်မှတ်နဲ့ အမှတ်အသားကပဲ အစစ်တွေ။ ကျန်တာတွေက အတုတွေ "

ပန်တချွမ်းသည် ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်သည်။

" အဲ့တာက ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ မင်းမထင်ဘူးလား။ ဘယ်ဟာက အစစ်ဖြစ်ပြီး ဘယ်ဟာကအတုလဲ။ အစစ် မဟုတ်ရင် အတု တစ်ခုပဲဖြစ်သင့်တယ်။ ဒီဟာက ပန်းချီကားတစ်ချပ်က အစစ်ရော အတုရော ဖြစ်နေတယ်ဆိုတာ ငါပထမဦးဆုံးကြားဖူးတာပဲ "

ယဲ့ဖန်ကို ထပ်မကြည့်ခင် ချန်းချုံရှန်းသည် သူ့ကို စိုက်ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ ငါနည်းနည်း ရှုပ်ထွေးသွားပြီ။ လက်မှတ်နဲ့ အမှတ်အသားက အစစ်ဆိုတာ မင်းဘာကိုဆိုလိုတာလဲ။ ဒါပေမဲ့ ကျန်တာတွေက အတုလား "

ယဲ့ဖန်သည် သူ့နှုတ်ခမ်းကို သပ်လိုက်သည်။

" ရိုးရိုးပဲမှတ်လိုက်၊ အဲ့ပန်းချီကားက အပိုင်းအစ‌တွေကို အတူတူဆက်ထားတာ။ လက်မှတ်နဲ့ အမှတ်အသားကသာ ကျောင်းပန်ချောက်ရဲ့ဟာတွေ။ ကျန်တာတွေက အပိုင်းအစတွေကိုဆက်ထားတာ "

" အာ "

ဤသည်ကား မယုံကြည်နိုင်စရာကောင်းလှသည်ကို ချန်းချုံရှန်းသည် သိသော်လည်း သူသည် မှန်ဘီလူးအသေးလေးကို ထုတ်ကာ ပန်းချီကားကို ဂရုတစိုက်ကြည့်လိုက်သည်။

ပန်တချွမ်းသည်လည်း ဤတစ်ကြိမ်တွင် မလှောင်ပြောင်တော့ပဲ ရှေ့သို့တိုးပြီး သိချင်စိတ်ဖြင့် ကြည့်နေသည်။

သို့သော် သူတို့နှစ်ယောက်သည် အချိန်အတော်ကြာ ကြည့်နေကြပြီး ဘာမှမတွေ့သေးပေ။

မှန်ဘီလူးသေးသေလေးအောက်တွင် ဆက်ရာများကို မတွေ့ရပေ။

" ဟမ့်၊ ချန်းအဘိုးကြီး၊ ဒီကောင်လေးလျှောက်ပြောတာတွေကို မင်းကတကယ်ကြီး ယုံနေတာလား။ ငါတို့က ဘာမှမသိတဲ့အရူးတွေလို့ မင်းကတကယ်ကြီးထင်နေတာလား။ တကယ်လို့ ဒီပန်းချီကားက ဆက်ထားတာဆိုရင် ဘယ်လိုလုပ်ပြီး ဆက်ရာတွေက မရှိရတာလဲ "

ပန်တချွမ်းသည် ဘာပြဿနာမှ မမြင်ပေ။

ထို့နောက် သူသည် ယဲ့ဖန်ကို ဆက်၍လှောင်ပြောင်နေသည်။

ယဲ့ဖန်သည် စကားထပ်ပြောရမှာ ပျင်းရိနေပြီး အစားသာ ဆက်စားနေသည်။

သူသည် ပြောဖို့ လိုအပ်တာတွေကို ပြောပြီးသွားပြီဖြစ်သည်။

နားထောင်ခြင်း မထောင်ခြင်းက သူ့ကိစ္စမဟုတ်ပေ။

ချန်းချုံရှန်းသည် သူ့ကိုကြည့်နေသည်။

ခဏလောက်တွေးဆပြီးသည့်နောက်တွင် သူသည် ဖုန်းကိုချက်ချင်းထုတ်ပြီး Sotheby’sမှ အကဲဖြတ်သူများကိုဆက်သွယ်လိုက်ပြီး စားသောက်ဆိုင်ကို ချက်ချင်းလာခဲ့ဖို့ ပြောလိုက်သည်။

အကယ်၍ တစ်ယောက်ယောက်ကသာ ဤသည်ကိုပြောလာပါက သူသည် ဟာသပြောနေသည်လို့သာ ဆက်ဆံမည်ဖြစ်သည်။

သို့သော် ယဲ့ဖန်မှပြောလာသော စကားများဖြစ်သောကြောင့် သူသည် သေချာဂရုစိုက်နေသည်။

ပန်တချွမ်းသည် လုံးဝပင် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားသည်။

" ချန်းအဘိုးကြီး၊ မင်းနဲ့ငါက မိတ်ဟောင်းဆွေဟောင်းတွေဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာကြာနေပြီ။ မင်းကြောင့်သာ ဒီကောင်လေးရဲ့ အဓိပ္ပာယ်မရှိတာတွေကို ငါနားထောင်နေတာ “

“ အခု ငါ့ကို တိကျတဲ့အဖြေတစ်ခုပေး။ ဒီအော်ဒါကို မင်းယူမှားလား၊ မယူဘူးလား? တကယ်လို့ မင်းမယူဘူးဆိုရင် ငါတခြားလေလံအိမ်ကို သွားမယ် “

ချန်းချုံရှန်းသည် လျင်မြန်စွာ တောင်းတောင်းပန်ပန်ပြုံးလိုက်သည်။

“ ပန်အဘိုးကြီး၊ စိတ်ရှည်ပါ။ ငါ့လူတေါ မကြာခင်ရောက်လာတော့မှာပါ။ ငါတို့ နောက်ဆုံးတစ်ခေါက် အကဲဖြတ်ကြတာပေါ့ကွာ။ တကယ်လို့ ပြဿနာ မရှိဘူးဆိုရင် ငါမင်းအတွက် လေလံပွဲ ချက်ချင်းစီစဥ်ပေးမယ် "

ပန်တချွမ်းသည် အံကြိတ်လိုက်သည်။

" ကောင်းပြီ၊ မင်းမျက်နှာကြောင့် ငါနောက်တစ်ခေါက် ထပ်ပြီးသည်းခံလိုက်မယ် "

" ရလဒ်ကို မြင်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာက ဘယ်လိုတောင် ဖောင်းကားသွားမလဲဆိုတာ ငါမြင်ချင်နေပြီ "

အဲ့လိုပြောပြီး သူသည် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်၍စားနေသည်။

…........................................

ချန်းချုံရှန်း၏လူများသည် လျင်မြန်စွာ ရောက်ရှိလာကြသည်။

စုစုပေါင်း၅ယောက်ဖြစ်ပြီး၊ အားလုံးသည် အသက်၅၀ကနေ၆၀ကြားဖြစ်သည်။

“ ညကြီးအချိန်မတော် လူတိုင်းကို လာခိုင်းလိုက်ရတာ ကျုပ်တကယ်တောင်းပန်ပါတယ်။ ကိစ္စပြီးသွားရင် ကျုပ်ခင်ဗျားတို့ကို ထမင်းကျွေးပါ့မယ် “

ချန်းချုံရှန်းသည် ရှက်ရွံ့စွာပြောလိုက်သည်။

သူတို့ထဲမှ အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်သည် ပဟေဠိဖြင့် ကြည့်လိုက်သည်။

" ချန်းလူကြီးမင်း၊ ပန်လူကြီးမင်းရဲ့ ပန်းချီကားကို အကဲဖြတ်ပြီးသွားပြီ မဟုတ်ဘူးလား "

“ လူတိုင်းက အဲ့တာက အစစ်ဖြစ်တယ်ဆိုတာ သဘောတူကြတယ်လေ။ ကျုပ်တို့က ဘယ်လိုအတည်ပြုရမှာလဲ “

ချန်းချုံရှန်း ပြန်မဖြေခင်မှာပင် ပန်တချွမ်းသည် ထူးဆန်းသော အသံနေအသံထားဖြင့် ကြားဖြတ်ပြောလိုက်သည်။

“ ဒီသူဌေးယဲ့က အဲ့တာကို အတုလို့ပြောနေတယ်။ သူက အဲ့တာကို ပြန်အကဲဖြတ်စေချင်နေတာ “

အဘိုးကြီးသည် ဘေးတွင် စားနေသော ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

သူသည် မျက်မှောင်ကြုတ်သွားသည်။

" အတုလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲ့တာက ကျောင်းပန်ချောက်ရဲ့ လက်ရာဆိုတာ ငါတို့အားလုံး သဘောတူထားကြတယ်လေ။ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ "

အပိုင်း ( ၁၀၅၂ )

မိုက်ခရိုစကုပ်တစ်ခုလိုတယ်

တခြားအကဲဖြတ်သူများသည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

“ ဟုတ်တယ်။ ငါတို့ အဲ့တာကို ထပ်ခါတလဲလဲ အကဲဖြတ်ခဲ့ကြတာ။ အဆုံးမှာ အစစ်ဖြစ်တယ်ဆိုတာ ငါတို့အားလုံး သဘောတူကြခဲ့တာ။ အတုဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး “

“ အကယ်၍ လူတစ်ယောက်ထဲကသာဆို ငါတို့ အမြင်မှားတာဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ငါတို့အားလုံးတော့ အမြင်မမှားနိုင်ဘူးလေ၊ ဟုတ်တယ်မလား “

“ ငါတို့ထဲက အနည်းငယ်က တစ်သက်လုံး ပန်းချီကားတွေကို အကဲဖြတ်လာခဲ့ကြတာ။ ငါတို့က လူငယ်လေးတစ်ယောက်ရဲ့ အမြင်အာရုံနဲ့ မယှဥ်နိုင်တာ ဖြစ်နိုင်ပါ့မလား “

“ ငါတို့ဘဝတစ်ဝက်လုံး အလုပ်လုပ်လာခဲ့ပြီးပြီ။ တကယ်လို့ ဒီလူငယ်လေးရဲ့သာ အမြင်နဲ့သာ မယှဥ်နိုင်ရင် ငါတို့တကယ်ပဲ နှစ်ပေါင်းများစွာကို အချိန်ဖြုန်းလာခဲ့ကြတာပဲ “

သူတို့သည် သူတို့၏စကားလုံးများကို အလွန်ပင် ချုပ်တည်းထားကြခြင်းဖြစ်သည်။

ယဲ့ဖန်ကို စော်ကားရန် လူနုံတစ်ယောက်ဟု သုံးမည့်အစား လူငယ်လေးဟုသာ သုံးနှုန်းခဲ့ကြသည်။

သူတို့သည် ချန်းချုံရှန်းကို အတော်ပင် မျက်နှာသာ ပေးထားပြီးကြပြီးဖြစ်သည်။

ချန်းချုံရှန်းသည် ကို့ရို့ကားရား ချောင်းဟန့်လိုက်သည်။

" ခင်ဗျားတို့ရဲ့ စွမ်းရည်တွေကို မယုံတာမဟုတ်ပါဘူး။ ဒါပေမဲ့ လူကြီးမင်းယဲ့ရဲ့ အကဲဖြတ်သူစွမ်းရည်ကလည်း တော်တော်ကိုကောင်းတယ်။ အငြင်းပွားမှုက ရှိလာတာကြောင့် ငါတို့ထပ်ပြီးဆွေးနွေးသင့်တယ်လေ၊ ငါပြောတာ ဟုတ်တယ်မလား "

မုတ်ဆိတ်နဲ့အဘိုးကြီးသည် သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။

" ဒါဆိုလည်း ငါသိချင်မိတယ်၊ အကယ်၍ ဒါက ... လူကြီးမင်းယဲ့က ဘာအကြောင်းပြချက် ပေးမှာလဲ "

ချန်းချုံရှန်းသည် အမြန်ရှင်းပြလိုက်သည်။

" ဒီပန်းချီကားက အပိုင်းအစတွေ အတူတူဆက်ထားတာလို့ လူကြီးမင်းယဲ့က ပြောခဲ့တယ်။ လက်မှတ်နဲ့ အမှတ်အသားကပဲ ကျောင်းပန်ချောက်ရဲ့ အနုပညာလက်ရာတဲ့။ ကျန်တာတွေက အကုန်အတုလုပ်ထားတာတဲ့ "

ထိုစကားကို ကြားသောအခါ အကဲဖြတ်သူများသည် ထပ်မံ၍ ရယ်မောလိုက်ကြသည်။

" အပိုင်းအစတွေဆက်ထားတာ ဒါက ဘယ်လိုဟာသမျိုးလဲ ငါတို့က ကန်းမနေပါဘူး။ အကယ်၍ အဲ့တာက အပိုင်းအစတွေနဲ့ ဆက်ထားလား၊ မဆက်ထားဘူးလား ငါတို့က မပြောနိုင်ကြဘူးလား "

" တကယ်လို့ အဲ့တာကသာ ဆက်ထားတာဆိုရင် ငါတို့က ချုပ်ရိုးရာတွေကို သေချာပေါက် မြင်နိုင်မှာပေါ့။ ဒါပေမဲ့ ငါတို့ထဲက အနည်းငယ်က အဲ့တာကို အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးသွားပြီ။ အဲ့တာက လုံးဝ ပြဿနာမရှိဘူး "

" အဲ့တာမှန်တယ်။ ချုပ်ထားတဲ့နည်းလမ်းက ဘယ်က်လောပဲကောင်းနေပါစေ ချုပ်ရိုးရာမရှိဘူးဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး။ အဲ့တာကြီးက တော်တော်လေးကို အဓိပ္ပါယ်မဲ့လွန်တယ် "

" ဒီလိုစကားမျိုးကို ပြောတဲ့လူကတော့ လူပြိန်းတစ်ယောက်ပဲဖြစ်ရမယ် ... "

ယဲ့ဖန်၏ အကြောင်းပြချက်ကို ကြားသောအခါ လူတိုင်းသည် ပို၍ပင် သရော်နေကြပြီး ဘာသနားညှာတာမှုမှ မပြကြပေ။

ပန်တချွမ်းသည် ယဲ့ဖန်ကို လူတိုင်း၏ ဝေဖန်မှုကို ကြားသောအခါ ပိုပိုပြီးကျေနပ်နေသည်။

ဘာက ကောင်းတယ်ဆိုတာကို သိတဲ့လူတွေရှိနေသေးတာပဲ။

ချန်းချုံရှန်းသည် ယဲ့ဖန်၏ အမူအရာကို လျင်မြန်စွာကြည့်လိုက်သည်။

သူအေးအေးဆေးဆေး ဖြစ်နေသည်ကို မြင်မှသာ သူသည်စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်လိုက်သည််။

" ဘာပဲဖြစ်ဖြစ်ပါလေ၊ ဒီကိစ္စမှာက အငြင်းပွားမှုရှိနေတာကြောင့်၊ ဘာမှမမှားတာ သေချာအောင် ကျေးဇူးပြုပြီး ထပ်ပြီး ဂရုတစိုက် စစ်ဆေးအကဲဖြတ်ပေးကြပါဦး "

သူတို့သည် စိတ်မပါကြသော်လည်း၊ ချန်းချုံရှန်းသည် ယန်းချန်မြို့ရှိ Sotheby`sကို ကြီးကြပ်နေသောလူဖြစ်သည်။

ထိုကြောင့် သူတို့သည် သူပြောသလိုသာ လုပ်နိုင်ကြသည်။

သူတို့သည် ဓာတ်မီးနှင့် မှန်ဘီလူးသေးသေးလေးများကို ထုတ်လိုက်ကြပြီး ပန်းချီကားကို လေ့လာကြတော့သည်။

လေ့လာနေရင်း သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြသည်။

" ဒါနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ ဘာလို့ငါက မပြောနိုင်ရတာလဲ "

" အေး၊ ဒီပန်းချီကားမှာ သုံးထားတဲ့စာရွက်က လုံးဝကို ချင်မင်းဆက်ကဟာပဲ "

" ချုပ်ရိုးရာတစ်ခုခု မကျန်ပဲနဲ့ ဆက်ထားနိုင်မယ်လို့ ငါတော့ လုံးဝမယုံဘူး "

" ဒါက စာရွက်အပြည့်အစုံ တစ်ခုလုံးပဲ။ ဘယ်လိုလုပ် ဆက်ထားတာ ဖြစ်နိုင်မှာလဲ ... "

စစ်ဆေးအကဲဖတ်ခြင်းသည် ၁၀မိနစ်ကျော်ကျော်ကြာပြီး အကဲဖြတ်သူများ သူတို့၏ အမြင်မများကို တစ်ယောက်နဲ့ တစ်ယောက်ဖလှယ်နေကြသည်။

မုတ်ဆိတ်နှင့်အဘိုးအိုသည် ယဲ့ဖန်ကို ထပ်၍ ကြည့်လိုက်သည်။

" လူကြီးမင်းချန်း၊ ခင်ဗျားရဲ့ညွှန်ကြားချက်အရ ကျုပ်တို့ ဒီပန်းချီကားကို စစ်ဆေးအကဲဖြတ်တာ သေချာလုပ်ခဲ့ပြီး ဒါက ပြည့်စုံတဲ့အပိုင်းတစ်ခုတည်းဆိုတာ အတည်ပြုလိုက်ကြပြီ။ အဲ့တာမှာ ဘာချုပ်ရိုးရာမှ မရှိဘူး "

" တကယ်လို့ ခင်ဗျားယုံကြည်မှာက တစ်စုံတစ်ယောက်ရဲ့ လျှောက်ပြောတာကိုလား ဒါမှမဟုတ် ကျုပ်တို့ရဲ့အဖြေကိုလားဆိုတာ ကျုပ်တော့မသိတော့ဘူး "

သူ၏စကားများသည် မကြေမချမ်းမှုများနှင့် ပြည့်နေပြီး တစ်စုံတစ်ယောက်၏ စကားကြောင့် သူတို့၏ စစ်ဆေးမှုရလဒ်ကို မျက်နှာလွဲခဲပစ် လုပ်သော ချန်းချုံရှန်းကို အတော် စိတ်မကျေမနပ်ဖြစ်နေသည်။

ပန်တချွမ်းသည် ချက်ချင်းပင် လက်ခုပ်တီးလိုက်ပြီး ရယ်မောလိုက်သည်။

" တချို့လူတွေက အခု ဘယ်လိုတောင် ကတ်သီးကတ်ဖဲ့ ပြောမလဲဆိုတာကြည့်ကြရအောင်။ သူကသာ တည်တည်ငြိမ်ငြိမ် ဖြစ်နေတဲ့ တစ်ဦးတည်းသောလူလေလ၊ ဟုတ်တယ်မလား "

ချန်းချုံရှန်း၏ မျက်နှာသည် အရှက်ရမှုများနှင့်ပြည့်နှက်နေပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ အဲ့တာကိုကြည့်ပါဦး ... "

ယဲ့ဖန်သည် တူကိုချလိုက်ပြီး သူ့ဗိုက်ကို ပွတ်လိုက်သည်။

" ဒီနေရာက အစားအသောက်တွေက တကယ်ကောင်းတာပဲ၊ အရသာရှိတယ် "

ပန်တချွမ်းသည် သူ့ကို စိုက်ကြည့်သည်။

" တချို့လူတွေက တကယ်ကို နှလုံးသားကြီးတာပဲ။ သူတို့မျက်နှာတွေက ဖူးယောင်နေတာတောင် အစားစားနိုင်နေသေးတယ် “

ယဲ့ဖန်၏အကြည့်သည် အကဲဖြတ်သူအနည်းငယ်ဆီသို့ လွှဲပြောင်းသွားသည်။

“ ကျွန်တော် အရင်ထဲက ပြောခဲ့ပြီးပြီ၊ ဒီပန်းချီကားရဲ့ အတုလုပ်နည်းက တော်တော်လေးကို တော်တယ်လို့။ တကယ်လို့ မင်းတို့ရဲ့ သာမန်မျက်လုံးတွေနဲ့ဆို သေချာပေါက်ကို မမြင်နိုင်ဘူး “

အကဲဖြတ်သူများသည် ဒေါသတကြီးရယ်မောလိုက်ကြသည်။

“ ဟားဟား၊ သာမန်မျက်လုံးဟုတ်လား၊ ဒါဆိုမင်းမှာက စူးရှတဲ့ မျက်လုံးတစ်စုံရှိနေတာပေါ့ “

“ သူ့ကိုသူ မဟာပညာရှိနေမင်းကြီးလို့ ထင်နေတာလားဟ ဒါဆိုလည်း ငါတို့ကန်းသွားကြပြီကွာ။ ငါတို့တကယ် မမြင်ရတော့ဘူးဟေး၊ ဟားဟား … “

“ လူငယ်လေး၊ မင်းတစ်ခုခုမှားပြောမိတာဖြစ်ဖြစ်၊ မှားလုပ်မိတာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ အရေးကြီးဆုံးက မင်းအမှားတွေကို ဝန်ခံရဲရတယ်။ အဆုံးမှာ မင်းအဲ့လောက် ခေါင်းမာနေလို့မရဘူး … “

“ ငါတို့ရဲ့ အကဲဖြတ်ရလဒ် အများကြီးက မင်းရဲ့ အဓိပ္ပာယ်မရှိတာတွေနဲ့ မယှဥ်နိုင်ဘူးလား မင်းက အဲ့လောက်တောင် အခြေကြီးအနေကြီးနေတာလား “

သူတို့သည် ယဲ့ဖန်၏မောက်မာသော သဘောထားကြောင့် ဒေါသထွက်နေကြပြီး စတင်၍ တုံ့ပြန်နေကြသည်။

ယဲ့န်သည် သူတို့ကို ပြုံး၍ကြည့်လိုက်သည်။

“ တကယ်လို့ ကျုပ်က အဲ့ပန်းချီကားက အပိုင်းအစတွေနဲ့ဆက်ထားတယ်ဆိုတာ သက်သေပြနိုင်ရင်၊ ဒါက ဒီမှာရှိတဲ့လူတွေက အမှိုက်လို့ သက်သေပြလိုက်သလို မဖြစ်သွားဘူးလား ဒါကြီးက အရမ်းမရက်စက်လွန်းဘူးလား “

သူ တစ်ခါလောက်ပြောလိုက်တာနဲ့ အကဲဖြတ်သူအားလုံး၏ တိုက်ခိုက်မှုများကို ဆွဲဆောင်သွားသည်။

“ ငါ မင်းကိုတောင်းဆိုပါတယ်၊ မြန်မြန်‌လေး သက်သေပြပေးပါ။ တကယ်လို့ အဲ့တာက အပိုင်းအစတွေနဲ့ ဆက်ထားတယ်ဆိုတာ သက်သေပြနိုင်သရွေ့ ငါကအမှိုက်ဆိုတာကို ဝန်ခံပါ့မယ် “

“ ဒီကောင်လေးက တော်တော် မောက်မာတာပဲ။ ငါ့တစ်ဘဝလုံး အကဲဖြတ်သူလုပ်လာတာကွ။ ငါက ဘယ်လိုလုပ်မှားနိုင်မှာလဲ “

“ တကယ်လို့ မင်းသာ သက်သေမပြနိုင်ရင် မင်းက အမှိုက်ပဲ။ မင်းမှာ ဘာအားသာချက်မှ မရှိဘူး … “

“ မြန်မြန်လုပ်ပြီး ငါတို့ကို သက်သေပြတော့ “

ချန်းချုံရှန်းသည် ရင်ကြားစေ့ပေးသူ ဖြစ်ချင်နေသည်။

သို့သော် အခြေအနေများသည် သူထိန်းချုပ်နိုင်သော အတိုင်းအတာထပ် ကျော်လွန်သွားခဲ့ပြီး ဖြစ်သည်။

ဤသည်ကား ပညာရပ်ပိုင်းရာအငြင်းပွားမှု မဟုတ်တော့ပဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားမှုဖြစ်လာတော့သည်။

လူတိုင်းသည် ဒီအတွက်တိုက်ခိုက်ချင်နေကြသည်။

ထို့ကြောင့် ချောချောမွေ့မွေ့ ပြီးဆုံးသွားနိုင်မဲ့လမ်း မရှိတော့ချေ။

ထိုအချိန်မှာပင် ယဲ့ဖန်သည် သူ့ကို ကြည့်လိုက်သည်။

“ ကျွန်တော် မိုက်ခရိုစကုပ် တစ်ခုလိုတယ်(အဏုကြည့်မှန်) “

All Chapters