အခန်း (၁၀၅၃-၁၀၅၆)
Vol. 53 Ch. 1053-1056
အပိုင်း ( ၁၀၅၃ )
အဲ့ပန်းချီကားကအပိုင်းအစတွေနဲ့ ဆက်ထားတယ်လို့ ဘယ်အရာက မင်းကို ထင်စေတာလဲ
ယဲ့ဖန်သည် မိုက်ခရိုစကုပ် သုံးချင်နေသည်ဆိုတာကို သိသွားသောအခါ လူတိုင်းသည် မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။
“ ဟားဟား၊ မှန်ဘီလူးနဲ့ မမြင်ရတာတွေကို မိုက်ခရိုစကုပ်နဲ့ မြင်ရမယ်လို့ သူတကယ်ကြီး ထင်နေတာလား “
“ ပန်းချီကားတစ်ချပ်ကို အကဲဖြတ်ဖို့ မိုက်ခရိုစကုပ်ကိုလိုတယ်ဆိုတာ ငါပထမဆုံးအကြိမ် ကြားလိုက်ရတာပဲ “
“ ဒါဆိုလည်း ငါမေးချင်တယ်။ တကယ်လို့ ချုပ်ရာတွေက မိုက်ခရိုစကုပ်နဲ့မှ မြင်ရတယ်ဆိုရင်၊ မင်းကဘယ်လိုမြင်နိုင်တာလဲ “
“ ဟားဟား၊ ငါရယ်ရလွန်းလို့ သေနိုင်တယ် … “
ပန်တချွမ်းသည် ပြင်းပြင်းထန်ထန် ရယ်နေသောကြောင့် အသက်ရှူကြပ်သွားသည်။
“ ဒါက ဒီလိုထူးဆန်းတဲ့တောင်းဆိုမှုတစ်ခုကို ငါပထမဆုံးအကြိမ် ကြားလိုက်ရတာပဲ။ ချန်းအဘိုးကြီး၊ ငါ့ကိုပြောပါဦး၊ ငါတို့ကို စဖို့ ဒီကောင်လေးကို မင်းခန့်ထားတာလား ဒါအရမ်းကို ရယ်စရာကောင်းလွန်းတယ် “
ချန်းချုံရှန်းသည်လည်း အရှက်ရနေသည်။
အဆိုပါ တောင်းဆိုမှုသည် အတော်ကို ထူးဆန်းလှသည်။
၎င်းသည် သူပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သော ချန်းရွှမ်သည် ရုတ်တရက်အေးစက်စွာ ပြောလိုက်သည်။
“ ဘာတွေ ဒီလောက်ရယ်စရာကောင်းနေတာလဲ ရှင်တို့က ယဲ့ဖန်ကို သက်သေပြစေချင်ရင် သူ့တောင်းဆိုမှုတိုင်းကို ဖြည့်ဆည်းပေးသင့်တယ်။ တကယ်လို့ ရှင်တို့မတတ်နိုင်ရင် ထွက်သွားကြ “
သူမ၏ခန္ဓာကိုယ်ထဲမှ ဧကရီတစ်ပါး၏ အငွေ့အသက်များသည် ပိုမိုအားကောင်းလာနေသည်ကို ပြောနိုင်သည်။
သူမပြောလိုက်ပြီးပြီးချင်းပဲ ထိုလူကြီးများသည် မှင်သက်သွားကြသည်။
သီးသန့်ခန်းသည် လုံးဝကို တိတ်ဆိတ်သွားသည်။
ချန်းချုံရှန်းသည် မြန်မြန်ပြောလိုက်သည်။
“ ဒါပေါ့၊ဒါပေါ့။ ကျွန်တော်တို့ပန်းတိုင်က ဒီပန်းချီကားက အတုလား အစစ်လားဆိုတာ အဖြေရှာဖို့လေ “
“ ယဲ့ညီလေးက ဒီလိုတောင်းဆိုမှုကို လုပ်လိုက်တာကြောင့် ကျုပ်တို့က သေချာပေါက် ဖြည့်ဆည်းပေးရမှာပေါ့။ ကျုပ်အခုပဲ မိုက်ခရိုစကုပ်ကို ယူလာဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ပါ့မယ် “
အဲ့လိုပြောပြီးသည့်နောက်တွင် သူသည် ချက်ချင်းပဲ သူ့သူငယ်ချင်းကို ဖုန်းခေါ်လိုက်သည်။
တခြားလူများသည် ဘာမျှမပြောကြပေ။
သို့သော် သူတို့၏ မျက်နှာများတွင် လှောက်ပြောင်အမူအရာများရှိနေကြသည်။
ယဲ့ဖန်သည် သူ့ကိုယ်သူ အရူးလုပ်နေသည်ဆိုတာကို မြင်တွေ့ရန် စောင့်နေကြသည်။
မိုက်ခရိုစကုပ်သည် မကြာခင်အချိန်မှာပဲ ပေးပို့လာခဲ့ပြီး မျက်မှန်ဝတ်ထားသော လူငယ်တစ်ယောက်သည်လည်း တစ်ချိန်တည်းတွင် ရောက်လာခဲ့သည်။
ချန်းချုံရှန်းသည် ချက်ချင်းပင် သူ့ကို လူတိုင်းသို့ မိတ်ဆက်ပေးလိုက်သည်။
“ ဒါက ယန်းချန်မြို့တက္ကသိုလ် ရှေးဟောင်းသုသေသနဌာနရဲ့ လူငယ်ကြယ်ပွင့် ဒေါက်တာ ရှူချင်းဖန်ပါ “
ရှူချင်းဖန်သည် သူ့လက်ကို တော်သင့်ရုံ ဝေ့ယမ်းလိုက်သည်။
“ ဘာလူငယ်ကြယ်ပွင့်လဲ ကျွန်တော်က ကျောင်းသားတစ်ယောက်ပါပဲ။ ကျွန်တော်က ပညာရှင်ဖြစ်ဖို့ အတော်လိုပါသေးတယ် “
သူ၏နှိမ့်ချတတ်သောဟန်ပန်သည် ယဲ့ဖန်၏ မောက်မာမှုနှင့် သိသိသာသာ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေသည်။
အကဲဖြတ်သူအနည်းငယ်သည် ချက်ချင်ပင် သူ့အား အထင်အမြင်ကောင်းများရှိလာကြသည်။
သူ့ကို ကြည့်ပါဦး၊ သူက အရမ်းငယ်ရွယ်ပြီး ဒေါက်တာတစ်ယောက်တောင် ဖြစ်နေပြီ။
ဒါပေမဲ့ သူက နှိမ့်ချနေတုန်းပဲ။
တခြားတစ်ဖက်တွင်၊ တချို့လူများသည် ခွန်အားမရှိကြသော်လည်း သူတို့သည် အတော်လေး စိတ်ကြီးကြသည်။
ချန်းချုံရှန်းသည် အငြင်းပွားမှုကို ရှူချင်းဖန်အား အလျင်အမြန် ရှင်းပြလိုက်သည်
“ ဒီပန်းချီကားကအတော် နည်းပညာမြင့်ပြီး မိုက်ခရိုစကုပ် လိုအပ်နိုင်တယ်လို့ လူကြီးမင်းယဲ့က ပြောပါတယ် “
ထိုစကားကိုကြားသောအခါ ရှူချင်းဖန်သည် ယဲ့ဖန်ကို အကြိမ်အနည်းငယ်လောက် ကြည့်လိုက်သည်။
သူသည် သူ့ကိုအတော် စိတ်ဝင်တစားဖြစ်နေပုံပေါ်သည်။
ချန်းချုံရှန်းက မိုက်ခရိုစကုပ်ဟု ပြောလိုက်သောအချိန်မှာပင် အကဲဖြတ်သူများသည် အထင်အမြင်သေးသော အမူအရာများ ပြလာကြသည်။
ရှေးဟောင်းသုသေသနနှင့် ရှေးဟောင်းပစ္စည်းလောကသည် အဆက်အစပ် သိပ်မရှိကြသောလည်း သူတို့၏သုသေသနများတွင် တူညီမှုများရှိကြသည်။
အချက်အလက်များအရ သိပ္ပံဆိုင်ရာ ပစ္စည်းကိရိယာများသည် အတည်ပြုထုတ်ဖော်ခြင်းတွင် အထောက်အကူပြုနေသည်။
သို့သော် အကဲဖြတ်သူအများစုသည် ထိုခေတ်သစ်ပစ္စည်းကိရိယာများကို ငြင်းဆန်နေကြစဲဖြစ်သည်။
သူတို့၏အတွေ့အကြုံနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကသာ အယုံကြည်ရဆုံးလို့ သူတို့ခံစားနေရသည်။
လူငယ်အကဲဖြတ်သူတစ်ယောက်သည် အကဲဖြတ်ခြင်းတွင် မိုက်ခရိုစကုပ်ကိုသုံး၍ အကူအညီ ယူခြင်းသည် ရှားလှသည်။
လူငယ်များသည် ပစ္စည်းအသစ်များကို ပို၍လက်ခံနေပုံရသည်။
ဤသည်ကား သူတို့၏ နားလည်မှုလွဲခြင်းပင်ဖြစ်သည်။ ယဲ့ဖန်သည် စစ်ဆေးရန် မိုက်ခရိုစကုပ်ကို မသုံးခဲ့ချေ။ သူသည် စနစ်ကို သုံးခဲ့ခြင်းဖြစ်သည်။
သူ မိုက်ခရိုစကုပ်ကို သုံးချင်နေသောအကြောင်းပြချက်သည် ခေါင်းမာသောထိုအဘိုးကြီးများ၏ မျက်နှာကို ဖြတ်ရိုက်ရန်ဖြစ်သည်။
“ ချင်းဖန် ဒီပန်းချီကားကို ကူညီအကဲဖြတ်ပေးပြီး ချုပ်ရိုးရာရှိမရှိ ရှာပေးပါဦး “
အခြေအနေကိုရှင်းပြပြီးသည့်နောက်တွင် ချန်းချုံရှန်းသည် အကဲဖြတ်ခြင်းကို ရှူချင်းဖန်ဆီသို့ အပ်နှံလိုက်သည်။
“ ကောင်းပါပြီ “
ရှူချင်းဖန်သည် ပန်းချီကားကို ယူပြီး အကဲမဖြတ်ခင် ခေါင်းညိတ်လိုက်ပြီး မိုက်ခရိုစကုပ်ကို ချိန်ညှိနေသည်။
ပန်တချွမ်းနှင့် အကဲဖြတ်သူများသည် ယဲ့ဖန်ကို သရော်နေသည်။
သူတို့သည်ဘာမှ မပြောကြသော်လည်း ယဲ့ဖန်က ကိုယ့်ကိုကိုယ်အရူးလုပ်နေသည်ဆိုတာကို မြင်တွေ့ရဖို့စောင့်နေကြသည်။
ချန်းရွှမ်နဲ့ ချန်းချုံရှန်းတို့သည်လည်း ရင်ထိတ်နေကြသည်။
သူတို့သည် ယဲ့ဖန် မျက်နှာပျက်ရမှာကို စိုးရိမ်နေကြသည်။
အဆုံးတွင် သူပြောသမျှသည် ထူးဆန်းလွန်းလှသည်။
သူသည် ထိုအရာကို သေချာပင်မကြည့်ခဲ့ချေ။
သို့သော် ၎င်းသည် အပိုင်းအစများနှင့် ဆက်ထားသည်ဟုသူသည် သေချာနေခဲ့ပြီးဖြစ်သည်။
ထို့အပြင် ချုပ်ရိုးရာတွေက အလွန်ပင်သေးလွန်းသဖြင့် ၎င်းတို့ကိုမြင်နိုင်ရန် မိုက်ခရိုစကုပ်ကိုပင် လိုအပ်နေတာလား
ဘယ်လိုတောင် မယုံကြည်နိုင်စရာ ကောင်းလိုက်သလဲ
သူတို့အားလုံးထဲတွင် ယဲ့ဖန်သည် အတည်ငြိမ်ဆုံးဖြစ်သည်။
သူသည် သူ့ကိုယ်သူ ယုံနေခြင်းမဟုတ်ပေ။
စနစ်၏ နက်ရှိုင်းစကန်ဖတ်စနစ်ကို ယုံကြည်နေခြင်းဖြစ်သည်။
အနည်းဆုံးတော့ ယခုထိတိုင်အောင် သူ၏စနစ်သည် တစ်ခါမှမမှားခဲ့ဖူးချေ။
ရှူချင်းဖန်သည် မိုက်ခရိုစကုပ်ကို မခန့်မှန်းနိုင်သောအပြုံးဖြင့် မထားခဲ့ခင်အထိ ၁၀မိနစ်ကြာပြီးသည့်တိုင်အောင် အခန်းသည်တိတ်ဆိတ်နေစဲဖြစ်သည်။
“ ချင်းဖန်၊ ရလဒ်ကဘာလဲ “
ချန်းချုံရှန်းသည် သူ့လက်မောင်းကိုဆွဲလိုက်သည်။
သူသည် တည်ငြိမ်မှုပင် ပျောက်ဆုံးနေသည်။
ရှူချင်းဖန်သည် ချက်ချင်းပြန်မဖြေခဲ့ပေ။
သူသည် ယဲ့ဖန်ကို စိတ်ဝင်တစားကြည့်လိုက်သည်။
“ ဘာကြောင့် ဒီပန်းချီကားက အပိုင်းအစတွေနဲ့ ဆက်ထားတယ်လို့ မင်းပြောသလဲဆိုတာ ငါအရမ်း သိချင်နေမိတယ် “
လူတိုင်းသည် ယဲ့ဖန်ကိုကြည့်လိုက်ကာ သူပြောမလဲဆိုတာ သိချင်နေကြသည်။
“ ငါ ခန့်မှန်းလိုက်တာ “
ယဲ့ဖန်သည် မမျှော်လင့်ထားသော အဖြေတစ်ခုကိုပေးလိုက်သည်။
“ ဟီး “ ချန်းရွှမ်သည် ကျယ်ကျယ်လောင်လောင် ရယ်မိသွားသည်။
သူအရမ်းလွန်တာပဲ။
ဒီလို အချိန်မှာတောင် တကယ်ကြီး ဟာသလုပ်နိုင်တယ်။
“ ဟမ့်၊ မင်းဘယ်လိုတောင်ပြောရဲရတာလ သက်သေမရှိပဲနဲ့ တစ်စုံတစ်ယောက်ရဲ့ လက်ရေးလှနဲ့ ပန်းချီကားကို အတုလို့ မင်းကပေါခဲ့တယ်ပေါ့။ မင်းကတာဝန်မဲ့စွာ မှတ်ချက်ချလိုက်တာပဲ “
ပန်တချွမ်းသည် သူ့ကို မကျေမနပ်ဖြစ်ပြီး သရော်တော့သည်။
တခြားအကဲဖြတ်သူများလည်းသူ့ကို စတင်၍ ဝေဖန်ကြတော့သည်။
“ ရှေးဟောင်းပစ္စည်းတွေကို အကဲဖြတ်ရတာက ဘယ်လောက်တောင် လေးနက်လိုက်သလဲ မင်းက ဘယ်လိုတောင် ကလေးဆန်နေရတာလဲ ဒါကဘာလဲ “
“ နွေပိုးမွှားတွေက ရေခဲအကြောင်းမပြောဘူး။ ဒီလိုလူတစ်ယောက်ကို ကျောင်းပန်ချောက်ရဲ့ ပန်းချီကားကို အကဲဖြတ်ခိုင်းလိုက်တာ ကျောင်းပန်ချောက်ကို အကြီးမားဆုံးစော်ကားလိုက်ခြင်းပဲ “
“ ငါကြားတာတော့ သူက မေပယ်စံအိမ်ရဲ့ ပိုင်ရှင်ဆို သူ့စွမ်းရည်နဲ့သဘောထားအရ မေပယ်စံအိမ်ဆိုတာက နာမည်တစ်ခုသာသာပဲလို့ ငါတို့မြင်တယ် “
“ မသိမနားလည်ခြင်းက ကြောက်ဖို့မကောင်ဘူး။ မသိမနားလည်ပြီး မောက်မာနေတာက ကောက်ဖို့ အကောင်းဆုံးပဲ “
အခြေအနေသည် ထပ်မံ၍ အထိန်းအချုပ်ကင်းမဲ့သွားသည်။
ချန်းချုံရှန်းသည် ခေါင်းကိုခါလိုက်ပြီး ခါးသက်သက်ပြုံးလိုက်ကာ “ ချင်းဖန်၊ ငါ့ကို မရေမရာအခြေအနေမှာ ဆက်ပြီးမထားပါနဲ့တော့။ မင်းရဲ့ အကဲဖြတ်ရလဒ်ကဘာလဲ “
ရှူချင်းဖန်သည် သူ့စကားက တိုက်ပွဲတစ်ခုဖြစ်စေမယ်လို့ မမျှော်လင့်ထားပေ။ သူသည် အနည်းငယ် ကို့ရို့ကားရားဖြစ်သလို ခံစားလိုက်ရသည်။
“ အဟမ်း၊ ဒီပန်းချီကားက တကယ်ကို အပိုင်းစတွေနဲ့ ဆက်ထားတာ … “
“ … “
နေရာအနှံ့ တံတွေးများပျံများဖြင့် ယဲ့ဖန်ကို ဆူပူကြိမ်းမောင်းနေသော အကဲဖြတ်သူများသည် လည်ပင်းညှစ်ခံလိုက်ရသော ဘဲတစ်အုပ်လို လည်ပင်းများအစ်သွားကြသည်။ သူတို့၏အသံများပဲ ရုတ်တရက်ပဲ ရပ်တန့်သွားကြသည်။
အပိုင်း ( ၁၀၅၄ )
ပန်အဘိုးကြီး၊ ငါတို့ သိပ္ပံပညာကို ယုံရမယ်
သီးသန့်ခန်းထဲတွင် အပ်ကျသံကိုပင် ကြားနိုင်လောက်သည်။
၎င်းသည် လူတိုင်း၏ အပ်စိုက်မှတ်များကို ဖိထားသလိုဖြစ်နေပြီး လူတိုင်းသည် နေရာတွင်ပင် အမြစ်တွယ်နေကြသည်။
ယဲ့ဖန်တစ်ယောက်သာ သူနှင့်ဘာမှမသက်ဆိုင်သလိုပင် ဝိုင်ခွက်ကိုကိုင်၍ ဝိုင်သောက်နေသည်။
ချန်းရွှမ်၏မျက်လုံးဝိုင်းဝိုင်းလေးများသည်လည်း သူ့ကိုစိုက်ကြည့်ကာ၊ မှင်သက်နေသည်။
သူမသည် အမြဲလိုလိုပင် သူ့ကိုမျက်ကန်းတစ္ဆေယုံသော်လည်း၊ ရိုးရိုးသားသားပြောရပါက ဒီတစ်ကြိမ်တွင် သူမသည် သံသယဝင်နေသည်။
ဘယ်လို ချုပ်ရိုးပညာမျိုးက မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်ရတာလဲ
ဤသည်ကား သူမ၏နားလည်မှုများကို လုံးတပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် သူမတွင် သံသယများရှိနေခဲ့သည်။
ရှူချင်းဖန်သည် အဖြေကို ကြေညာလိုက်သောအခါ ၎င်းသည် သူထပ်၍မှန်ကန်သည်ဟု သက်သေပြနေသည်။
ဤသည်ကား သူမ၏နှလုံးသားထဲတွင် လှိုင်းထန်သွားစေသည်။
ဒီလူ သူ့ရဲ့ ကောင်ကင်မျက်လုံးကိုများ ဖွင့်ထားတာလား
လူများစွာသည် မှန်ဘီလူးများဖြင့် အချိန်အတော်ကြာ လေ့လာခဲ့သည်၊ သို့သော် ဘယ်သူမှ ချုပ်ရိုးရာများကို မတွေ့ကြပေ။
သူက မိုက်ခရိုစကုပ်နှင့် ကြည့်မှမြင်ရမဲ့ အရာတွေကို ဖျက်ခနဲတစ်ချက်ကြည့်ရုံထဲနဲ့ မြင်နိုင်နေတာလား
ဒါကြီးက တော်တော်ကို မယုံကြည်နိုင်စရာကောင်းတာပဲ!
ချန်းရွှမ်၏အတွေးများသည် ချန်းချုံရှန်းနှင့် ထပ်တူကြနေသည်။
ယဲ့ဖန်က သူ့ကိုအံ့အားသင့်မှုပေါင်းများစွာ ပေးစွမ်းခဲ့သော်လည်း ၎င်းတို့သည် ဤတစ်ခါနှင့် မယှဥ်နိုင်ကြပေ။
ဒီတစ်ကြိမ်သည် အံ့အားသင့်မှုမဟုတ်တော့ပေ။ တုန်လှုပ်မှုသာ ဖြစ်သည်။
သူသည် ယဲ့ဖန်နှင့် အချိန်အတော်ကြာမသိထားဘဲ သူကသာ အသွေးအသားရှိသော လူတစ်ယောက်ဟုသာ မသိထားပါက သူသည် ဒီလူကို စက်ရုပ်ဟု သက်ာမကင်း ဖြစ်နေလိမ့်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူပြသခဲ့သောစွမ်းရည်သည် လုံးဝကို လူသားများ၏နယ်ပယ်မှ ကျော်လွန်နေပြီဖြစ်သောကြောင့်ဖြစ်သည်။
ပန်တချွမ်းနှင့် အကဲဖြတ်သူများသည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားနေရသည်။
ယဲ့ဖန်၏အကဲဖြတ်စွမ်းရည် သူတို့၏ ဆယ်စုနှစ်များစွာ အသိပညာဗဟုသုတများကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်သည်။
သူတို့ ဤပန်းချီကားအတု၏ ဖြတ်ဆက်ညှပ်သမားကြောင့် မအံ့ဩတော့ပေ။
သူတို့သည် ယဲ့ဖန်၏ ပုံမှန်မဟုတ်သော အကဲဖြတ်စွမ်းရည်ကြောင့် အံ့ဩနေကြသည်။
၎င်းသည် လုံးဝကို ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
“ မဖြစ်နိုင်ဘူး၊ ဒါက လုံးဝကို မဖြစ်နိုင်ဘူး “
ပန်တချွမ်းသည် အသိစိတ်များ ပျောက်သွားသလို အော်ဟစ်လိုက်သည်။
“ မင်းတို့ ငါ့ကို အတူတူပေါင်းပြီး လိမ်နေတာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား ချန်းချုံရှန်း၊ ဒါက မင်းငါ့ပန်းချီကားကို လိမ်ယူဖို့ ဇာတ်တိုက်ထားတာပဲ၊ ဟုတ်တယ်မလား “
၎င်းကို ချန်းချုံရှန်း ကြားသောအခါ သူသည် ဦးဆောင်၍ လက်ညှိုးထိုးလိုက်ပြီး၊ ဒေါသထွက်သွားသည်။
“ သောက်ပိုတွေ၊ မင်းကို ငါက ဘယ်လိုလိမ်ရမှာလဲ “
ပန်တချွမ်းသည် လှောင်ပြောင်လိုက်သည်။
“ မင်းကငါ့ကို သုံးနှစ်သားလို့ ထင်နေတာလား ပထမဦးဆုံး၊ မင်းက ဒီပန်းချီကား ဒီကောင်လေးဆီယူလာပြီး အကဲဖြတ်ဖို့အတွက် ငါ့ကိုတိုက်တွန်းပြီး ငါ့ပန်းချီကားကအတုလို့ သူ့ကိုပြောခိုင်းတယ်။ အကဲဖြတ်သူတစ်အုပ်ကို ငါ့ဘက်မှာနေခိုင်းပြီး ကောင်းကောင်းကစားတယ်။ နောက်ဆုံးမှာ မင်းရဲ့ သောက်ကျိုးနည်းဒေါက်တာကို ခေါ်ပြီးဒီကောင်လေးမှန်ကြောင်း သက်သေပြခိုင်းတယ်။ ဒါက သောက်ကျိုးနည်း ရုပ်မြင်သံကြားအစီအစဥ်လား “
ပိုပြောလေလေ အကျိုးအကြောင်းညီညွတ်လေလေဟု သူခံစားနေရသည်။
“ ဟားဟား၊ မေပယ်စံအိမ်ရဲ့ပိုင်ရှင်၊ သောက်ကျိုးနည်း ရှေးဟောင်းသုသေသန Ph.Dပညာရှင် နဲ့ မိုက်ခရိုစကုပ် မင်းက အရမ်းတော်တဲ့ ဒါရိုက်တာပဲ။ မင်းဒါရိုက်တာ မဖြစ်လာတာကတော့ နှမြောစရာပဲ။ တွေးကြည့်မှ ငါ၊ ပန်တချွမ်းက မင်းကို တော်တော် ယုံထားမိပုံပဲ။ ငါတကယ်ကို ကန်းနေခဲ့တာပဲ “
သူသည် ခွေးရူးတစ်ကောင်လိုပင် လူတိုင်းကို လိုက်ကိုက်နေသည်။
ချန်းချုံရှန်းသည် ဒေါသတကြီးရယ်မောလိုက်သည်။
“ မင်းမှာ ထင်ယောင်ထင်မှားဖြစ်တဲ့ ရောဂါရှိနေတာလား မင်းရဲ့ အသုံးမကျတဲ့ဒီပန်းချီကားအတွက် ငါကဒီလောက်သောက်ပြဿနာ အတက်ခံဖို့ လိုလို့လား “
အကဲဖြတ်သူများသည်လည်း ဒေါသထွက်လွန်းသောကြောင့် သွေးအန်လုနီးပါးပင်ဖြစ်နေသည်။
သူတို့သည် သူ့ဘက်တွင် အမြဲရှိနေခဲ့ကြသည်။
သို့သော် အဆုံးတွင် သူတို့လည် လူလိမ်ဟု တံဆိပ်အကပ်ခံလိုက်ရသည်။
“ ငါ့တစ်ဘဝလုံး အကဲဖြတ်သူသူလုပ်လာခဲ့ပြီး ဘယ်တုန်းကမှ ငါ့အသိစိတ်နဲ့ ပတ်သက်ပြီး ဘာမှအပြောမခံရဖူးဘူး။ ငါ့ကို ဒီလိုသွားပုတ်လေလွင့်ပြောဖို့ မင်းကို ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ “
“ ငါ နတ်ဘုရားတွေဆီ ကျိန်ဆိုရဲတယ်။ တကယ်လို့ ငါလိမ်ခဲ့တယ်ဆိုရင် ငါအပြင်ထွက်တာနဲ့ ကားတိုက်သတ်ခံရပါစေ “
“ ငါလည်း တစ်ခုမှ နားမလည်ဘူးလေ။ ဒီသောက်ကျိုးနည်း ပန်းချီကားက ဘယ်လိုတောင် အပိုင်းအစတွေနဲ့ ဆက်ထားနိုင်ရတာလဲ “
“ မင်းဒေါသထွက်တာက နားလည်ပေးလို့ရတယ်၊ ဒါပေမဲ့ မင်းက ခွေးရူးတစ်ကောင်လို လူတိုင်းကို လိုက်ကိုက်ခွင့် မရှိဘူး “
ရှူချင်းဖန်သည်လည်း ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။ ငါအမှန်ကို ပြောလိုက်တာလေ၊ ဘယ်လိုလုပ်ပြီး ငါက လူလိမ်ဖြစ်သွားရတာလဲ
ယဲ့ဖန်သည် ခြေချိတ်ထိုင်၍ ဒီပြပွဲကို ကြည့်ကာ အချိန်နှင့်အမျှ ကျယ်ကျယ်လောင်လောင် ရယ်မောနေသည်။
ချန်းချုံရှန်းသည် ပန်တချွမ်း၏ခံစားချက်ကို နားလည်နိုင်သည်။
“ ပန်အဘိုးကြီး၊ အရမ်းစိတ်လှုပ်ရှားမနေပါနဲ့။ ဒီနေ့ ငါမင်းကို စေကျေနပ်စေရမဲ့ ဖြေရှင်းချက်တစ်ခု သေချာပေါက်ပေးမယ် “
ထို့နောက် သူသည် ရှူချင်းဖန်ဘက်သို့ လှည့်သည်။
“ ချင်းဖန်၊ ငါတို့ကိုရှင်းပြပါဦး။ ဒီပန်းချီကားက အပိုင်းအစတွေနဲ့ ဆက်ထားတယ်ဆိုတာ မင်းဘယ်လိုအကြောင်းအရာကြောင့် ဆုံးဖြတ်လိုက်တာလဲ “
ရှူချင်းဖန်သည် သူ့လက်ကိုဖြန့်လိုက်သည်။
“ ဒါကတော်တော်လေးကို ရိုးရှင်းပါတယ်။ ဒီဟာကို ဆက်ထားတဲ့လူက လုံးဝကို ဆရာတစ်ဆူပဲ။ သာမန်မျက်လုံးနဲ့ ဒီပြဿနာကို မြင်ဖို့တော်တော်ခက်တယ် ”
“ ဒါပေမဲ့ ဒီစာရွက်နှစ်မျိုးရဲ့ အမျှင်ကွက်လေးတွေက မတူညီကြဘူး။ ခင်ဗျားတို့က မိုက်ခရိုစကုပ်နဲ့ကြည့်မှ အဲ့တာကိုမြင်နိုင်မှာ “
“ လက်မှတ်နဲ့ အမှတ်အသားအတွက် အဓိကသုံးပြုထားတဲ့ ပစ္စည်းက ကောက်ရိုးနဲ့ စန္ဒကူးသစ်ခေါက်ပဲ။ ကျန်တဲ့ တခြားအစိတ်အပိုင်းတွေအားလုံးအတွက်ကတော့ နဂါးမုတ်ဆိတ်မြက်နဲ့ သစ်ပျော့သားရဲ့ အစိတ်အပိုင်းတွေ ရှိနေတယ် “
သူ၏ မိတ်ဆက်ပေးမှုကို လိုက်ရင်း ချန်းချးရွှမ်နှင့် အကဲဖြတ်သူများသည် လမ်းလျှောက်လာပြီး မိုက်ခရိုစကုပ်ကို ကြည့်လိုက်ကြသည်။
ပန်တချွမ်းသည်ပင် ရောက်လာသည်။
ရှူချင်းဖန်ပြောသလိုပင် လက်မှတ်နှင့် အမှတ်အသားတို့သည် တခြားအစိတ်အပိုင်းနှင့် မတူညီကြပေ။
အဖြေကို ရသွားပြီးသည့်နောက်တွင် လူတိုင်းသည်ဦးရေခွံများ ထုံကျင်သွားသလို ခံစားနေရသည်။
“ ဒါက တကယ်ကြီး ချုပ်ရိုးတွေနဲ့ ဆက်ထားတာပဲဟ။ ဒါကိုလုပ်တဲ့လူက တော်တော်ကိုဆရာကျတာပဲ။ ဒါက အပြစ်အနာဆာကို မရှိဘူး “
“ ငါ့တစ်ဘဝလုံး အကဲဖြတ်လာခဲ့လာပြီး ဒီဟာကြောင့် ကျဆုံးသွားတော့မလို့ “
“ အားလားလား၊ ငါတို့တကယ်ကြီး လူကြီးမင်းယဲ့ကို နားလည်မှုလွဲခဲ့ကြတာပဲ။ ဒါဆိုသူကမှန်တာပေါ့ “
“ ငါတို့ သူ့ကို တကယ်ကြီး လှောင်ပြောင်ခဲ့ပြီး ဆူပူကြိမ်းမောင်းခဲ့ကြတာပဲ။ ဒါက တကယ်ကို ရှက်ဖို့ကောင်းတယ် “
သံမဏိဖုံးအုပ်ထားသော အမှန်တရားသည် ပေါ်ထွက်လာပြီဖြစ်ပြီး လုံးဝကို မငြင်းဆန်နိုင်ပေ။
ထိုအခါမှသာ အမှန်တရားသည် လူအနည်းငယ်၏လက်ထဲတွင် ရှိကြောင်း သူတို့သဘောပေါက်သွားကြသည်။
“ လူကြီးမင်းယဲ့၊ ငါတို့က တကယ်ကို အမှိုက်တစ်အုပ်ပါပဲ။ ငါတို့ အခုလေးတင် မင်းမကောင်းကြောင်းတွေ ပြောခဲ့ကြတယ်။ ငါတို့တကယ်ကို ရှက်မိပါတယ် “
မုတ်ဆိတ်နှင့်လူသည် ယဲ့ဖန်၏ရှေ့သို့ လမ်းလျှောက်လာပြီး တောင်းတောင်းပန်ပန်ဖြင့် ဦးညွတ်လိုက်သည်။
တခြားအကဲဖြတ်သူများသည်လည်း လာတောင်းပန်ကြသည်၊ သူတို့၏သဘောထားသည် အလွန်ရိုးသားနေကြသည်။
ယဲ့ဖန်သည် အမြဲတစေ အခြားသူများကို လေးစားတတ်သူဖြစ်သည်။
ယခု ဤလူအုပ်စုသည် သူ့အပေါ်ထားရှိသော သဘောထားကို ပြောင်းလဲလာသောကြောင့်၊ သူသည် ယခင်ကကဲ့သို့ ၎င်းတို့ကို ဆန့်ကျင်ဘက်ပြုမည်မဟုတ်ပေ။ သူသည် ချက်ချင်းထရပ်ပြီး ပြောလိုက်သည် “ မခံယူဝံ့ရဲပါဘူး ”
ပန်တချွမ်းတစ်ယောက်သည်သာ သူ့မာနကို မလွှတ်ချနိုင်ဖြစ်နေပြီး ဘာလုပ်ရမှန်းမသိပဲ ရပ်နေသည်။
ချန်းချုံရှန်းသည် သူ့ဆီလာပြီး ပခုံးကို ပုတ်လိုက်ကာ “ ပန်အဘိုးကြီး၊ ငါတို့ သိပ္ပံပညာကို ယုံကြည်ရမယ် “
ပန်တချွမ်းသည် ခါးသက်သက်ပြုံးလိုက်သည်။ သူသည် ယဲ့ဖန်၏ရှေ့သို့ ရှက်ရွံ့မှုဖြင့် လမ်းလျှောက်သွားကာ “ လူကြီးမင်းယဲ့၊ ငါမင်းကို အရင်က အထင်သေးခဲ့မိပါတယ်။ ငါတောင်းပန်ပါတယ် “
သူနှင့်ရင်ဆိုင်ရသောအခါ ယဲ့ဖန်ငည် တခြားသူတွေပို မသက်ညှာပေ၊ အဘယ့်ကြောင့်ဆိုသော် ဒီလူသည် ချန်းရွှမ်ကို အရင်ကပြစ်တင်ဝေဖန်ခဲ့သည်။
“ ဟမ့်၊ မင်းငါ့ကို ဘယ်လိုတွေးတွေး ငါကဘာလုပ်ရမှာလဲ အစ်ကိုချန်းရဲ့မျက်နှာကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းကိစ္စထဲ ဝင်ရှုပ်ဖို့ စိတ်ဝင်စားမှာတောင်မဟုတ်ဘူး “
“ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျုပ်နားလည်ပါတယ်။လူကြီးမင်းယဲ့မှာက ထူးခြားတဲ့ မျက်လုံး တစ်စုံရှိတယ်လေ၊ ကျုပ် အရမ်း လေးစားအတုယူနေရတာ “
ပန်တချွမ်းသည် သူက ယဲ့ဖန်ကို တော်တော် ဆန့်ကျင်မိသွားတယ်ဆိုတာကို သိနေသည်။ သူသည် သူ၏ခွင့်လွှတ်မှုကို ရမယ်လို့ မမျှော်လင့်ထားချေ။ လှည့်ပြီး ပန်းချီကားကို ကြည့်လိုက်သောအခါ သူသည် ဒေါသထွက်သွားသည်။
သူသည် မြန်မြန်သွားပြီး ထိုအတုကိုဆွဲယူလိုက်ကာ၊ တစ်စစီဆုတ်ဖြဲလိုက်သည်။
အပိုင်း ( ၁၀၅၅ )
ငါက ထုံထိုင်းနေတာပါ၊ ငါကလုံးဝကို ထုံထိုင်းနေတာပါ
“ ပန်အဘိုးကြီး၊ အဲ့လိုဖြစ်မနေပါနဲ့ “
ဤမတော်တဆသည် သူ့ကို အတော်လေး သက်ရောက်သွားသည်ဆိုတာကို ချန်းချုံရှန်းသည် သိနေပြီး ရှေ့သို့တက်ကာ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
“ အား “
ပန်တချွမ်းသည် သူ့ဒေါသကို ဖွင့်ထုတ်လိုက်ပြီး ပေါင်၂၀၀ကျော် ကလေးတစ်ယောက်လို ချန်းချုံရှန်း၏ပခုံးပေါ်သို့ သူ့ခေါင်းကိုမှီလိုက်သည်။
“ချန်းအဘိုကြီး၊ ငါအရမ်းခံပြင်းနေတယ်။ ကျောင်းပန်ချောက်၏လက်ရာရဲ့ စစ်မှန်တဲ့ အပိုင်းအစက ဘယ်လိုလုပ်ပြီး အတုဖြစ်လာတာလဲ ….”
လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အပြုံးဖြစ်ပေါ်လာပြီး သူတို့နှစ်ယောက်ကို ဆော့ကစားလိုသော အရိပ်အယောင်များဖြင့် ကြည့်နေကြသည်။
ချန်းချုံရှန်းသည် အတော်လေးကိုရှက်နေသည်။
သို့သော်သူ၏သူငယ်ချင်းသည် ဝမ်းနည်းနေစဲဖြစ်သည်။
ထို့ကြောင့်သူသည် သနားကြင်နာမှုမရှိစွာဖြင့် တွန်းမထုတ်နိုင်ပေ။
သူသည် သူ့ပခုံးပေါ်တွင် ငိုခွင့်သာပြုထားလိုက်သည်။
စိတ်နည်းနည်း ပြန်အဆင်မပြေလာခင် ပန်တချွမ်းသည် မိနစ်အနည်းငယ်လောက် ငိုနေခဲ့သည်။
ထို့နောက် ချန်းချုံရှန်းသည် လူတိုင်းကို ပြုံးပြလိုက်သည်။
“ ကောင်းပြီ၊ ဒီနေ့ ကျုပ်တို့စုဆောင်းသူတွေအတွက် အတုအယောင်တစ်ခုကို ရှင်းထုတ်နိုင်ခဲ့ကြတယ်။ လူတိုင်း ပျော်နေသင့်တယ် “
“ ဒီနေ့ ကျုပ် အားလုံကို ပြဿနာဖြစ်စေခဲ့မိပြီ။ အားလုံးပြမစားရသေးကြဘူးမလား၊ ဟုတ်တယ်မလား ဒီညစာစားပွဲကိုဖျက်လိုက်ပြီး အသစ်လုပ်ကြတာပေါ့ “
လူတိုင်း သဘောမတူညီခင်တွင် ယဲ့ဖန်သည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
“ အစ်ကိုချန်း၊ ကျွန်တော် စားပြီးသွားပြီ။ တကယ်လို့ ဘာမှထွေထွေထူးထူးမရှိတော့ဘူးဆိုရင် ပြန်တော့မယ် “
ချန်းချုံရှန်းသည် သူ့ကိုဆက်နေပေးဖို့ တောင်းဆိုလိုက်သည်။
သို့သော် ယဲ့ဖန်သည် ရုတ်တရက်ပဲ တစ်ခုခုကိုတွေးမိသွားသည်။
“ အို့၊ ဟုတ်သားပဲ၊ ဒီနေ့ ကျွန်တော်ပစ္စည်းတစ်ခု ရခဲ့တယ်။ ကူညီလေလံတင်ပေးဖို့ အစ်ကိုချန်းကို တောင်းဆိုမလို့ ”
“ ဘာပဲဖြစ်ဖြစ်ပါ၊ ကျွန်တော် အဲ့တာကို ကိုယ့်ဘာသာအကဲဖြတ်ပြီးသွားပြီ။ တကယ်လို့ ခင်ဗျားက စိတ်ပူတယ်ဆိုရင် ခင်ဗျားရဲ့ အကဲဖြတ်သူတွေကို ထပ်ပြီး အကဲဖြတ်ခိုင်းနိုင်တယ် “
သူ၏ စကားလုံးများသည် ပုံမှန်အသံပေါက်နေသည်။
သို့သော် ချန်းချုံရှန်းနှင့် အကဲဖြတ်သူများသည် အနေရခက်သလို ခံစားနေကြရသည်။
သူတို့၏မျက်လုံးများထဲတွင် ယဲ့ဖန်၏အကဲဖြတ်စွမ်းရည်သည် အနေအထားတစ်ခုထိ ဖြစ်နေသည်။
သူက အစစ်ဖြစ်တယ်ဟု အတည်ပြုထားပြီးပြီသောကြောင့် ငါတို့က ထပ်ပြီး အတည်ပြုပေးဖို့ လိုလို့လား
သို့သော် သူတို့သည် အလွန်သိချင်နေကြသည်။
ယဲ့ဖန်၏ အမြော်အမြင်အရ သူဘယ်လိုပစ္စည်းမျိုးကို ထုတ်လာနိုင်မှာလဲ
ထိုအချိန်တွင် ယဲ့ဖန်သည် စားပွဲခုံအောက်မှ သားရေအိတ်ကို ထုတ်လိုက်သည်။
ထိုမြင်ကွင်းမြင်သောအခါ လူတိုင်းသည် ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ပန်တချွမ်း၏ ပန်ချီကားအတုသည်ပင် လက်ရာမြောက်သောသေတ္တာထဲတွင် ထည့်ထားသည်။
သို့သော် သူသည် အနက်ရောင်သားရေအိတ်ထဲတွင် ထည့်ထားသည်။
ထို့အပြင် သူသည် ထိုအိတ်ကို အခုလေးတင် သူ့ခြေထောက်ပေါ် ပစ်ချလိုက်ပြီး အနားကို ကန်ထုတ်နေသည်။
အထဲကပစ္စည်း ကျိုးပဲ့သွားမှာ သူမကြောက်ဘူးလားဟ
သို့သော် ဒုတိယတစ်ကြိမ်အတွေးကား အထဲတွင် တန်ဖိုးရှိတာ မရှိဟုတွေးထင်လိုက်ကြသည်။
မဟုတ်ရင် သူဘယ်လိုလုပ်ပြီး ဂရုမစိုက်ပဲနေမှာလဲ
ထိုအချိန်တွင် ယဲ့ဖန်သည် ကျောက်စိမ်းပစ္စည်းတစ်ခုကို ထုတ်လာပြီး စားပွဲခုံပေါ်တွင်တင်ထားလိုက်သည်။
“ ဒါကသိပ်လည်း တန်ဖိုးမကြီးပါဘူး၊ လူကြီးမင်းပန်ရဲ့ဟာလိုလည်း ကောင်းကောင်းမထုပ်ပိုးထားဘူး၊ အရှက်ရစေတဲ့အတွက် တောင်းပန်ပါတယ်ဗျာ “
ထိုကျောက်စိမ်းမီးအိမ်ရှည်ကို မြင်သောအခါ လူတိုင်း၏မျက်လုံးများသည် ပေါက်ထွက်လုနီးပါးဖြစ်သွားကြသည်။
ထိုလူများသည် ရှေးဟောင်းပစ္စည်းအကဲဖြတ်သူများ၊ စုဆောင်းသူများ ဒါမှမဟုတ် ရှေးဟောင်းသုသေသနပညာရှင်များဖြစ်ကြသည်။
ဤသည်ကား ဘာဖြစ်သည်ဆိုတာကို သူတို့ဘယ်လိုလုပ် မမှတ်မိပဲမနေနိုင်ပါ့မလဲ
“ ကျောက်စိမ်းမီးအိမ်ရှည်၊ ဒါ … ဒါ “
ချန်းချုံရှန်းသည် ထိုအရာ၏နာမည်ကို ခေါ်လိုက်ပြီး သူသည် ချက်ချင်းပင် ပင့်သက်ရှိုက်သွားသည်။
လူတိုင်းသည် သူတို့၏ခန္ဓာကိုယ်များ ထုံထိုင်းသွားသလို ခံစားနေရပြီး သူတို့သည် ထိုင်ခုံပေါ်သို့ ဘုတ်ခနဲမြည်အောင် ပြုတ်ကြသွားကြသည်။
သူတို့၏ မျက်လုံးများသည် ရှားပါးသည့် ရတနာပေါ်တွင်သာ အာရုံစိုက်နေကြသည်။
သူတို့၏ရှေ့တွင်ရှိနေသော ကျောက်စိမ်းမီးအိမ်ရှည်သည် လုံးဝကိုနိုင်ငံ့ရတနာဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်ကသာ ဒီလိုအဆင့်မျိုး ရတနာကို တွေ့ချင်ပါက ပြတိုက်အချို့သို့သာ သွားနိုင်ကြသည်။
ထို့အပြင် အချိန်အများတွင် သူတို့သည် ပုံစံတူများကိုသာ မြင်နိုင်လိမ့်မည်ဖြစ်သည်။
“ ဒါက အစစ်ကြီးလား “
ချန်းချုံရှန်းသည် မသိစိတ်အရ မေးမိသွားပြီး ချက်ချင်းပြန် ပြန်တုံ့ပြန်လိုက်သည်
“ အဲ၊ မဟုတ်ဘူး … ကျုပ်ဆိုလိုတာက … ဒါကဘယ်ကနေရ … မဟုတ်ဘူး … ကျုပ်ဆိုလိုတာက “
သူသည် အလွန်စိတ်လှုပ်ရှားနေသောကြေင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
သူသည် လက်ကို ဆတ့်ထုတ်လိုက်ပြီး ထိကြည့်လိုက်သည်။
သို့သော် သူသည် မထိလိုက်ခင်မှာပင် လက်ကို ပြန်ရုတ်လိုက်သည်။
အကယ်၍ သူသာ ထိလိုက်ပါက ၎င်းကိုစွန်းထင်းသွားမှာ ကြောက်နေသလိုပင် ဖြစ်နေသည်။
တခြားအကဲဖြတ်သူများသည် မျောက်များလိုပင် စိတ်လှုပ်ရှားစွာဖြင့် ခုန်ဆွခုန်ဆွ ဖြစ်နေကြသည်။
အနက်ရောင် သားရေအိတ်သည် ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချခံလိုက်သည်ကို သူတို့မြင်သောအခါ အဆင့်နိမ့်ပစ္စည်းတစ်ခုသာ ဖြစ်ရမည်ဟု ထင်နေခဲ့ကြသည်။
ဘယ်သူက ဒီလိုအဆင့်မျိုး နိုင်ငံ့ရတနာကိုတွေ့ရမည်ဟု ထင်မှတ်ထားကြမှာလဲ
ပန်တချွမ်းသည် ယဲ့ဖန်ကို တုန်လှုပ်စွာဖြင့်ကြည့်နေသည်။
ဒီလိုအဖိုးတန်ရတနာမျိုးကို သားရေအိတ်တစ်လုံးထဲ ပေါ့ပေါ့ပါးပါးထည့်ထားတာလားဟ
ငါ့ပန်းချီကားအတုကတော့ ကောင်းမွန်တဲ့ သေတ္တာထဲထည့်ထားတယ်။ ဒါတကယ်ကို ခြားနာချက်ပဲ!
ယဲ့ဖန်သည် လူတိုင်း၏ ရူးသွပ်နေသော အမူအရာများကို ကြည့်ပြီး ဆွံ့အနေသည်။
ဒါက ကျောက်စိမ်းအသုံးအဆောင်ပစ္စည်းတစ်ခုပဲလေ၊ ဟုတ်တယ်မလား ဒီလောက်ကြီး ဖြစ်နေဖို့ လိုအပ်လို့လားဟ
“ အစ်ကိုချန်း၊ ကိစ္စကို ခင်ဗျားလက်ထဲပဲ လွှဲထားလိုက်မယ်။ လေလံတင်ပြီးသွားမှ ငွေကိုကျုပ်အကောင့်ထဲ လွှဲပေးလိုက်ပါ “
သူသည် ချန်းချုံရှန်း၏ ပခုံးကိုပုတ်လိုက်ပြီး ချန်းရွှမ်နှင့်အတူ ထွက်သွားတော့သည်။
လူတိုင်းသည် ကြောင်တောင်တောင်ဖြစ်သွားကြသည်။
သူသည် ဒီလိုအဖိုးတန်ရတနာအတွက် ပြေစာ ဒါမှမဟုတ် သက်သေပြချက်တစ်ခုခုကို ပေးဖို့ ချန်းချုံရှန်းကို မတောင်းဆိုခဲ့ချေ။ တစ်ဖက်လူက အထုပ်ကို လဲလိုက်မှာ၊ ငွေပေးချေမှုကို ဖောက်ဖျက်မှာကို မကြောက်ဘူးလားဟ
အဆုံးတွင် လူတိုင်းသည် သောင်းဂဏန်း ဒါမဟုတ် သိန်းဂဏန်းလောက်နဲ့ပင် စွန့်စားရဲကြသည်၊ ဒီလို အနည်းဆုံး သန်း၁၀၀နီးပါးလောက်တန်သည့် ရတနာမျိုးဆိုလျှင် ပြောနေစရာကိုမလိုပေ။
ချန်းချုံရှန်းတစ်ယောက်သာလျှင် အကယ်၍ သူကဒီလိုလုပ်ရဲနေရင် အဲ့လိုလုပ်နိုင်ဖို့ ယုံကြည်ချက်ရှိနေသည်ဆိုတာကို အကျိုးသင့်အကြောင်းသင့် သိသည်။
ယန်းချန်မြို့က လူကြီးမင်းယဲ့ရဲ့ ပစ္စည်းကို ယူဖို့ဒီလောက်လွယ်တာလားဟ
တကယ်လို့ သူတို့ကသာ အသက်ရှင်ဖို့ ပင်ပန်းနေရင်ပေါ့။
ထို့အပြင် ၎င်းသည် ယဲ့ဖန်၏ ချန်းချုံရှန်းအပေါ် ယုံကြည်မှုကို ပြခဲ့သည်။
Sotheby’s၏ ကျောက်စိမ်းမီးအိမ်ရှည် လေလံတင်သောသတင်းကိုကြားသောအခါ ရှေးဟောင်းပစ္စည်းလောကကြီးသည် ဘယ်လောက်တောင် မုန်တိုင်းထန်သွားမည်ဆိုတာကို တစ်ယောက်ယောက်သည် တွေးကြည့်နိုင်သည်။
ဒီလိုအောင်မြင်မှုမျိုးနှင့်ဆိုပါက Sotheby’sတွင်ရှိသော သူ၏အနေအထားသည် ပို၍တည်ငြိမ်လာမည်ဖြစ်သည်။
ဤသည်ကား ရွှေပေါင်လုံးကြီးရှိခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။
“ ကြည့်ရတာ ငါဒီတစ်နပ်ကို မစားနိုင်တော့မဲ့ပုံပဲ။ အကယ်၍ ငါသာ ဒီရတနာကို လေလံအိမ်ဆီပြန်ပြီး မပို့ရင် ဒီတစ်နပ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားနိုင်မှာမဟုတ်ဘူး “
ချန်းချုံရှန်းသည် လူတိုင်းကို တောင်းပန်လိုက်ပြီး ကျောက်စိမ်းမီးအိမ်ရှည်ကို သူ့အိတ်ထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။
လူတိုင်းသည် သူတို့၏နားလည်မှုကို ဖော်ပြကြပြီး သူ့နောက်သို့လိုက်သွားကြသည်၊ ဒီပြိုင်ဘက်ကင်းရတနာကို ဆက်၍ အားပါးတရကြည့်ချင်နေကြသည်။
………………………………………………………
အပိုင်း ( ၁၀၅၆ )
အမျိုးသမီး၊ ခင်ဗျား အခုအန္တရာယ်ရှိနေပြီ
တိမ်ဆံတွေ၊ ပန်းပွင့်တွေ၊ လှုပ်ခါနေသော ရွှေခြေရာများ၊ ခေါင်ရန်းတဲက နွေဦးတစ်ညကိုနွေးထွေးစေတယ်။
နွေဦးညများသည် တိုတောင်းလှပြီး နေမင်ကြီးသည် မြင့်မားစွာ ထွက်ပေါ်လာသည်။ ထိုအချိန်မှစ၍ ဘုရင်များသည် ရုံးတော်သို့ စောစောမသွားပေ။
ကို့ရို့ကားရားညတစ်ညသည် ကုန်ဆုံးသွားသည်။
ယဲ့ဖန်နှင့် ချန်းရွှမ်သည် ဒီမနက်ခင်း အချိန်တိုကလေးတွင် တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကာ အိပ်ပျော်သွားကြသည်။
သူမသည် အရေးတကြီးဖုန်းမြည်သံကြောင့်နိုးလာသောအချိန်တွင် နေ့လည်ခင်းထိတိုင်အောင် အိပ်နေခဲ့ပြီးပြီဖြစ်သည်။
ချန်းရွှမ်၏ ဖြူသွယ်ပြီး ကျောက်စိမ်းကဲ့သို့သော လက်မောင်များသည် စောင်အောက်မှ ဆန့်ထွက်လာခဲ့သည်။ သူမသည် အိပ်ရာဘေးဘက်တွင် တင်ထားသော ဖုန်းကိုယူပြီး ကြည့်လိုက်သည်။ ၎င်းသည် ကျန်းယုံထင်းမှခေါ်နေခြင်းဖြစ်သည်။
မနေ့ညက ပြန်ရောက်လာပြီးချိန်တွင် သူမသည် ဝါးကျွန်းရွာ၏ကိစ္စများကို ကုမ္ပဏီကို ပြောခဲ့ပြီးပြီဖြစ်သည်။ ကျန်းယုံထင်းသည် အတွင်းရေးမှုးဟောင်းအဘိုးအိုကို ကူညီရန် တစ်ယောက်ယောက်ကို လွှတ်ပေးလိမ့်မည်ဖြစ်သည်၊ ထို့ကြောင့် သူမသည် သူမကိုယ်သူမ ရှားပါးသော အားလပ်ရက်ကိုပေးထားသည်။
အချက်အလက်အရ ပြောမည်ဆိုပါက၊ ကျန်းယုံထင်း၏ အရည်အချင်းနှင့်ဆိုလျှင် သူမသည် ထိုကိစ္စကို ကိုင်တွယ်နိုင်သင့်သည်။ သူငါ့ကို ဘာကြောင့်ဖုန်းခေါ်တာလဲ
“ ဟယ်လို၊ ယုံထင်း၊ ဘာကိစ္စရှိလို့လဲ “ သူမသည် ကုတင်ခေါင်းရင်းကိုမှီလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို စောင်နှင့်ဖုံးဖို့ ကြိုးစားနေသည်။
“ အစ်မရွှမ်၊ ငါဒီမှာ အခြေအနေတစ်ခု ကြုံနေရတယ် … “
ကျန်းယုံထင်း စကားဆုံးအောင် မပြောရသေးခင်မှာတင် တစ်ဖက်မှ ပွက်လောရိုက်နေသံတစ်သံ ထွက်ပေါ်လာသည်ကို သူမကြားလိုက်ရသည် “ ဘယ်ကောင်က ဒီအိမ်ကို နင့်ဆီ ရောင်းရဲမလဲဆိုတာ ငါကြည့်မယ်။ ငါသူ့ကို အရင်သတ်မယ် … “
ချန်းရွှမ်သည် မျက်မှောင်ကြုတ်လိုက်သည် " ယုံထင်း၊ ဘာတွေဖြစ်နေတာလဲ "
သူမသည် ယဲ့ဖန်နှင့်အတူ မနေ့က ဝါးကျွန်းရွာသို့ သွားခဲ့ပြီး အတွင်းရေးမှုးဟောင်းနှင့် ပြောခဲ့ဆိုခဲ့ပြီးပြီဖြစ်သည်။ ယုတ္တိရှိရှိ ပြောရမည်ဆိုလျှင် သူတို့သည် နောက်ဆုံးမိနစ်ကို ရောက်မှ ဆုံးဖြတ်ချက်ကို မပြောင်းလဲသင့်ချေ။
ကျန်းယုံထင်း၏ အသံသည် အနည်းငယ်စိုးရိမ်နေသည် " အစ်မရွှမ်၊ ကျွန်မတို့ရဲ့ဝယ်ယူမှုက ချောချောမွေ့မွေ့ ဖြစ်နေတာ၊ ဒါပေမဲ့ လူယုတ်မာတစ်အုပ်က ရုတ်တရက် ရောက်လာခဲ့ပြီး ကျွန်မတို့လူတွေကို ဘာစကားတစ်ခွန်းမှ မပြောပဲ ရိုက် ... မလာနဲ့၊ တကယ်လို့ ရှင်တို့ ကျွန်မကို ထိရဲ ... "
နောက်ဆုံးအကြောင်းသည် သူမပြောခဲ့သော လူယုတ်မာတစ်အုပ်ကို ညွှန်းဆိုနေတာ သိသာလှသည်။
ထို့နောက်တွင် ဖုန်းခေါ်ဆိုမှုသည် ပြတ်တောက်သွားသည်။
ချန်းရွှမ်သည် ဖုန်းမြန်မြန် ပြန်ခေါ်လိုက်သည်၊ သို့သော် မည်သူမျှ မကိုင်ကြချေ။ သူမသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး အိပ်ပျော်နေစဲဖြစ်သော ယဲ့ဖန်ကို မြန်မြန်တွန်းနှိုးလိုက်သည် " ရှေယင်ဖန်၊ မအိပ်နဲ့တော့၊ မကောင်းတာ တစ်ခုခု ဖြစ်နေပြီ "
ယဲ့ဖန်သည် သူ့ခေါင်းကိုပင် မထောင်ပေ။
သူသည် သူမ၏လည်ပင်းကို ဖက်ကာ သူမကို စောင်ထဲဆွဲသွင်းလိုက်သည်
" ဘာတွေအရေးကြီးနေတာလဲ၊ အိပ်ပြီးရင် မင်းအဆင်ပြေသွားလိမ့်မယ် "
ချန်းရွှမ်သည် သူ့လက်မှ ရုန်းကန်နေပြီး သူ့ကိုခပ်ပြင်းပြင်း တွန်းထုတ်လိုက်သည် " ဆက်ပြီး အိပ်မနေနဲ့တော့။ ဝါးကျွန်းရွာမှာ တစ်ခုခု ဖြစ်နေပြီ "
ယဲ့ဖန်သည် သူ၏အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ဖွင့်လိုက်သည် " ဘာဖြစ်တာလဲ မနေ့ထဲက အဲ့ကိစ္စကို ငါတို့ ပြောဆိုခဲ့ကြပြီးပြီ မဟုတ်ဘူးလား "
" ယုံထင်း အခုပဲဖုန်းခေါ်တယ်။ သူတို့ ရွာကအနိုင်ကျင့်တဲ့လူတစ်စုကို တွေ့ခဲ့ပြီး ငါတို့လူတွေလည်း ရိုက်နှက် ခံရတယ်တဲ့ " ချန်းရွှမ်သည် ပြောနေရင်း အက်ျီဝတ်နေသည်။
ယဲ့ဖန်သည် ဖြည်းညှင်းစွာထ ထိုင်နေပြီး သူ့ခေါင်းကို ကုတ်နေသည် " အကယ်၍ မင်းက အနိုင်ကျင့်တဲ့လူနဲ့ တွေ့ရင် ဘယ်လိုကျော်လွှားမှာလဲ မင်းက အနိုင်ကျင့်တဲ့လူကို ရိုက်နှက်နိုင်လို့လား "
ချန်းရွှမ်သည် အဝတ်အစား ဝတ်ပြီးသွားပြီး ရေချိုးခန်းထဲ ပြေးဝင်သွားသည်
" ယုံထင်းက ကြောက်တတ်တယ်။ သူတစ်ယောက်တည်း မဖြေရှင်းနိုင်မှာကို ငါကြောက်မိတယ်။ ငါချက်ချင်းပဲ မြန်မြန်သွားရမယ် "
ယဲ့ဖန်သည် သမ်းဝေလိုက်ပြီး အဝတ်အစားများ စဝတ်နေသည်
" မင်းကသူ့ကို တကယ်ဂရုစိုက်တာပဲ၊ သူ့ကိုကယ်ဖို့ မင်းအသက်ကိုတောင် စွန့်စားနေတယ်။ ဒါတကယ်ကို ရင်ထဲထိတာပဲ "
ချန်းရွှမ်သည် မြန်မြန်ရေချိုးပြီး ထွက်လာသည်
" ငါစီးပွားရေး စလုပ်တဲ့အချိန်မှာ ယုံထင်းကငါနဲ့အတူ ရှိနေပြီ။ အဲ့အချိန်တွေတုန်းက ငါတို့ တော်တော်ကို ဖြတ်သန်းလာခဲ့ရတယ် ဒါပေမဲ့ သူငါ့ကို ဘယ်တုန်းကမှ စွန့်ခွာမသွားခဲ့ဖူးဘူး "
" အနည်းဆုံးတော့ သူမက ငါဒီနေ့ ဒီနေရာမှာ ရှိနေရတဲ့အကြောင်းပြချက်တစ်ဝက်ပဲ။ ငါတို့ဆက်ဆံရေးက အထက်လူကြီးနဲ့ လက်အောက်ငယ်လိုမျိုး မဟုတ်တော့ဘူး၊ ဒါပေမဲ့ မိသားစုနဲ့ ပိုတူတယ်။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဘာမဆို မျှဝေနိုင်တယ် "
ယဲ့ဖန်သည် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး သူမ၏ သွယ်လျသော ခါးလေးကို ဖက်လိုက်ကာ " ယောကျာ်းတွေရော အပါအဝင်လား "
သူမသည် သူ့ကို ဒေါသတကြီး တွန်းထုတ်လိုက်ကာ " အခု ငါနင်နဲ့ စနောက်ချင်နေတဲ့ စိတ်အခြေအနေ မဟုတ်ဘူး။ ငါမြန်မြန်သွားရမယ် "
ယဲ့ဖန်သည် သူမလက်ကို ဆွဲလိုက်ကာ " ငါမင်းနဲ့ အတူလိုက်ခဲ့မယ်။ ဘာအန္တရာယ်ပဲဖြစ်လာဖြစ်လာ ငါက မင်းရဲ့အလုံခြုံဆုံး အထောက်အပံ့ဖြစ်လာလိမ့်မယ်ဆိုတာ မင်းမှတ်ထားရမယ် "
ချန်းရွှမ်သည် ပြုံးပြီး ခေါင်းငြိမ့်လိုက်သည် " ဒါပေ့ါ၊ ငါအန္တရာယ်နဲ့ကြုံနေချိန် နင်က ငါမှီခိုရမဲ့ ဘေးအကင်းဆုံးလူပဲ။ ငါအန္တရာယ်ကင်းသွားချိန်မှာ နင်က အန္တရာယ်အရှိဆုံး မကောင်းတဲ့လူကြီးပဲ "
ယဲ့ဖန်သည် လူယုတ်မာဆန်ဆန် ပြုံးလိုက်ကာ " အမျိုးသမီး၊ မင်းအခု အန္တရာယ်ရှိနေပြီ "
ပြောနေရင်းပဲ သူသည် ထပ်မံ၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ချန်းရွှမ်သည် သူ့လက်များကို မြန်မြန်တွန်းထုတ်လိုက်ကာ " အခုက ရှုပ်ရမဲ့အချိန်မဟုတ်ဘူး။ ငါတို့ မြန်မြန်သွားရမယ် "
ယဲ့ဖန်သည်လည်း အခြေအနေသည် အရမ်းလေးနက်နေသည်ဆိုတာကို သိသည်။ သူသည် လျင်မြန်စွာ အဝတ်လဲလိုက်ပြီး ချန်းရွှမ်နှင့်အတူ ထွက်သွားသည်။
………………………………..
ဝါးကျွန်းရွာတွင်
ကျန်းယုံထင်းနှင့် လင်းယွမ်အိမ်ခြံမြေမှ အလုပ်သမားများသည် ပေါက်ပြားနှင့် ပေါက်တူးတစ်စု၏ လိုက်ခြင်းကိုခံနေရသည်။
သူတို့ထဲမှနှစ်ယောက်သည် ဆိုးရွားစွာရိုက်နှက်ခံရပြီးပြီဖြစ်သည်။
" နင်တို့က အရမ်း ရိုင်းစိုင်းတယ်။ တကယ်လို့ နင်တို့ငါ့ကို ထပ်ပြီးရိုက်ရဲမယ်ဆိုရင် ငါတို့ ရဲခေါ်ရလိမ့်မယ် "
ကျန်းယုံထင်းသည် ဆံပင်များနည်းနည်း ရှုပ်ပွနေပြီး သူမသည် ဒေါက်မြင့်ဖိနပ်စီးထားသည်။
သူမသည် မတော်တဆ ခြေဆစ်လွဲသွားပြီး ယခုတွင်ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။
" ရဲခေါ်မှာလား အမှိုက်တွေကို အပြစ်မတင်နဲ့ဆိုတာက ဘာကိုဆိုလိုတာလဲဆိုတာ မင်းသိလား " ရှေ့တွင် ထင်းခုတ်ဓားကိုင်ထားသောယောကျာ်းသည် သရော်လိုက်သည်။
သူသည် သန်းဘိုဝမ်လို့ခေါ်သော ဝါးကျွန်းရွာ၏ အာဏာရှင်တစ်ယောက်ဖြစ်ပြီး သူသည် အမြဲလိုလိုပင် မြို့ထဲတွင်အလုပ်လုပ်သည်။
မနေ့က လူချမ်းသာတစ်ယောက်သည် ရွာသို့လာပြီး သူတို့၏အိမ်များကို ပမာဏများများပေးကာဝယ်မည်ဆိုတာကို သူ့မိသားစုထံမှ ကြားလိုက်ရသည်၊ ထို့ကြောင့် သူသည် ရွာသို့ မြန်မြန်ညတွင်းချင်းပင် ပြန်လာခဲ့သည်။
သူတို့သည် ယခုလေးတွင်ပင် အိမ်များကို စနစ်တကျ ဝယ်ယူနေကြပြီး ရွာသူရွာသား အများအပြားသည်လည်း အလွန်စိတ်အားထက်သန်နေကြသည်။
သို့သော် သန်းဘိုဝမ်သည် နယ်ခံလူရမ်းကားတစ်စုကို ရုတ်တရက်ခေါ်လာပြီး သူတို့ပေးသောစျေးသည် အလွန်နည်းနေသည်ဟု အခိုင်အမာပြောနေခဲ့သည်။ အိမ်တစ်အိမ်ချင်းစီတိုင်းသည် အနည်းဆုံး ယွမ်၃သိန်း ကုန်ကျလိမ့်မည်ဟု ဆိုနေခဲ့သည်။
သန်းဘိုဝမ်က သူတို့အလုပ်သမားနှစ်ယောက်ကို ရုတ်တရက်တိုက်ခိုက်ပြီး ဒဏ်ရာမရစေခင်အထိ နှစ်ဖက်လုံးသည် အချိန်အတော်ကြာ ငြင်းခုန်နေခဲ့ကြသည်။
ကျန်းယုံထင်းသည် ဝယ်ယူမှုက ချောချောမွေ့မွေ့ ပြီးသွားလိမ့်မည်ဟု ထင်နေခဲ့သည်၊ ထို့ကြောင့် သူမသည် သူမနှင့်အတူတူ လူများများ မခေါ်လာခဲ့ပေ။ သူမသည် အငိုက်မိသွားခဲ့သည်။
“ ဥပဒေမဲ့လူတစ်စု! ရှင်တို့က အကျိုးအကြောင်း မညီညွတ်ဘူး “ ကျန်းယုံထင်းသည် အေးစက်စွာပြောလိုက်သည်။ သူမသည် ဖုန်းကို ချက်ချင်း ထုတ်လိုက်ပြီး ရဲကိုခေါ်ရန် ပြင်လိုက်သည်။
၎င်းကို မြင်သောအခါ သန်းဘိုဝမ်သည် လွှားခနဲ ကျော်လာပြီး ဖုန်းကိုလုယူလိုက်သည် “ သောက်အပျက်မ၊ နင်ကတကယ်ကြီး ရဲကိုခေါ်ရဲတယ်ပေါ့ “
ကျန်းယုံထင်းသည် သူ့ကို အေးစက်စွာ ကြည့်လိုက်ကာ “ ငါ့ဖုန်းကိုပြန်ပေး၊ ဒါက လုယက်မှုလို့ ယူဆလို့ရတယ် “
“ ဟားဟား၊ လုယက်မှုလား နင် ခြောက်ဖို့ ကြိုးစားနေတာ ဘယ်သူလဲဆိုတာကိုရောသိလား ပြောနေရင်းပဲ သန်းဘိုဝမ်သည် ဖုန်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ့လက်ထဲမှ ထင်းခုတ်ဓားကို အောက်သို့ လွှဲရမ်းလိုက်သည်။
“ အား “ ကျန်းယုံထင်းသည် ကြောက်ရွံ့မှုကြောင့် ငယ်သံပါအောင် အော်လိုက်သည်။
တခြားအလုပ်သမားများသည်လည်း ဒီလိုအခြေအနေကို အရင်က မကြုံဖူးခဲ့ကြပေ၊ သူတို့သည်လည်း ကြောက်ရွံ့မှုကြောင့် ဖြုဖျော့နေသည်။
သန်းဘိုဝမ်သည် သူမကို စူးရှစွာ စိုက်ကြည့်လိုက်သည် “ ငါ့ကို အမှန်တရားကိုပြောစမ်း။ မင်းမှာ အတွင်းသတင်းပေး တစ်ယောက်ယောက်ရှိနေတာလား ငါတို့အိမ်တွေရဲ့ ဈေးနှုန်းက တက်လာတော့မှာလား “
ကျန်းယုံထင်းသည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည် “ အထူးပြောစရာမရှိ! “