← Chapters

အခန်း (၁၀၆၅-၁၀၆၈)

Vol. 54 Ch. 1065-1068

အခန်း (၁၀၆၅-၁၀၆၈)

Vol. 54 Ch. 1065-1068

အပိုင်း ( ၁၀၆၅ )

ယဲ့လူကြီးမင်းကို ဒီအကြောင်း ပြောပြသင့်လား

ဝေ့ကွမ်းဟွေ့၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ လူတိုင်းသည် တိတ်ဆိတ်နေကြသည်။

သန်း၇၀၀ဟူသော ဈေးနှုန်းသည် ဤစီမံကိန်းအတွက် သူတို့၏ မျှော်လင့်ချက်များကို များစွာ ကျော်လွန်လာခဲ့သည်။

ထို့အပြင် တစ်ဖက်မှလူသည် ဝေ့ချန်းဖန်း၏ ဝမ်းကွဲ ဖြစ်နေသည်။

ထို့ကြောင့် သူတို့သည် ပို၍ သတိရှိနေကြသည်။

ဆာလောင်နေသော ကုလားအုတ်သည် မြင်းတစ်ကောင်ထက် ပိုကြီးနေသေးဆဲ ဖြစ်သည်။

ဝေ့ချန်းဖန်းသည် ယဲ့ဖန်ကို ရှုံးသွားခဲ့ပြီး အရင်ကလောက် အင်အားမရှိတော့သော်လည်း သူ၏ အခြေအနေသည် သူတို့ စော်ကားနိုင်သောအရာ မဟုတ်ချေ။

ကောခိုင်ရှန်သည်လည်း အတူတူပင်ဖြစ်သည်။

သူသည် ဆန္ဒမရှိသော်လည်း ဘာမှမပြောနိုင်ပေ။

ဝေ့ကွမ်းဟွေ့သည် ထိုရလဒ်နှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေသည်။

သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ မောက်မာလာသည်။

သူသည် ချန်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

" ဥက္ကဌချန်း၊ အခု ကျွန်တော်တို့ စာချုပ်ချုပ်လို့ရပြီ "

ပြောရင်းဖြင့် သူ၏ မျက်လုံးများသည် ချန်းရွှမ်ကို အကဲခတ်နေပြီး သူ၏ ကပျက်ကချော်နိုင်သော ရည်ရွယ်ချက်များကိုလည်း လုံးဝ မဖုံးကွယ်ထားချေ။

ချန်းရွှမ်သည် သူ၏ အကြည့်ကြောင့် စက်ဆုပ်ရွံ့ရှာနေသော်လည်း သူသည် သူမ၏ ဝယ်သူ ဖြစ်နေသေးသည်။

ထို့ကြောင့် သူမသည် သူမ၏ ဒေါသများကို ယာယီ ဖိနှိပ်ထားရုံသာ တတ်နိုင်တော့သည်။

လက်ထောက်သည် စာချုပ်ကို အမြန် မိတ္တူဆွဲလာပြီး လာပို့သည်။

ချန်းရွှမ်သည် စာချုပ်ကို ယူလိုက်ပြီး ချို့ယွင်းချက်များ မရှိကြောင်း သောချာအောင် စစ်ဆေးလိုက်သည်။

ထို့နောက် သူမသည် ဝေ့ကွမ်းဟွေ့ကို လက်လွှဲပေးလိုက်သည်။

" ဝေ့လူကြီးမင်း၊ ရှင် ထပ်ထည့်ချင်တာများ ရှိသေးလား "

ဝေ့ကွမ်းဟွေ့သည် စာချုပ်ကို ယူပြီးသည့်နောက်တွင် ကြည့်ပင်မကြည့်ပဲ သက်ပြင်း ချလိုက်သည်။

ထို့နောက် ချန်းရွှမ်ကို ပြုံးကြည့်လိုက်သည်။

" ဥက္ကဌချန်းက အရမ်းလှတာပဲ။ ခင်ဗျားက ကျွန်တော့်ကို လိမ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ် "

ချန်းရွှမ်သည် သူက ပညာရှင်မဆန်ကြောင်းကို ခံစားမိသည်။

ထို့ကြောင့် သူမသည် သူ့ကို သတ်ပေးလိုက်သည်။

" ကျွန်မက စာချုပ်အရ ဝေ့လူကြီးမင်းကို အသိပေးရပါဦးမယ်။ ရှင် သန်း၇၀၀ကို လင်းယွမ်အိမ်ခြံမြေဆီ ၂၄နာရီအတွင်း လွှဲပေးရပါမယ် "

" အကယ်၍ ရှင်သာ သတ်မှတ်ထားတဲ့ အချိန်အတွင်း မပေးဘူးဆိုရင် စာချုပ်က အလိုအလျောက် တရားမဝင် ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ ကျွန်မတို့က ရှင်တို့ကို စာချုပ်ချိုးဖောက်မှုအတွက် တရားစွဲမှာပါ "

" စိတ်မပူပါနဲ့။ ဒီညမတိုင်ခင် ခင်ဗျားတို့ဘက်ကို ငွေလွှဲပေးမယ်လို့ ကျွန်တော် ကတိပေးပါတယ် "

ဝေ့ကွမ်းဟွေ့သည် စိတ်မရှည်စွာ ကြားဖြတ်ပြောလိုက်ပြီး ပေါ့ပျက်ပျက် ပြုံးလိုက်သည်။

" ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်တဲ့အတွက် ဥက္ကဌချန်းကို ထမင်းလိုက်ကျွေးချင်ပါတယ်။ ဥက္ကဌချန်းက ကျွန်တော့်ကို ဂုဏ်ယူရအောင်လုပ်ပေးဖို့ ဆန္ဒရှိမလား "

ချန်းရွှမ်သည် သူမ၏ ဖော်ရွေယဥ်ကျေးမှုကို ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားနေသည်။

" ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ ဒီနေ့လယ်မှာ ချိန်းထားတာလေး တစ်ခုရှိနေလို့ပါ။ ဒုဥက္ကဌကို ရှင့်ကို အဖော်ပြုပေးဖို့ ကျွန်မတောင်းဆိုပေးနိုင်ပါတယ် "

ဝေ့ကွမ်းဟွေ့သည် သူမကို စိုက်ကြည့်လိုက်သည်။

" ခင်ဗျားက ချိန်းထားတာ ရှိတာလား။ အဲ့တာက ယောက်ျားလား၊ မိန်းမလား "

ချန်းရွှမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အမူအရာသည်လည်း အေးစက်သွားသည်။

" သူက ကျွန်မကောင်လေးပါ "

ဝေ့ကွမ်းဟွေ့သည် စိတ်ပျက်သွားပုံ ပေါ်သွားသည်။

" ဥက္ကဌချန်းက ရည်းစားရှိနေတာလား။ ကျွန်တောါက ရုတ်တရက် ချစ်မိသွားသလို ခံစားနေရတာကို "

သူ့စကားကို ကြားသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။

ဒီကောင် ရူးနေတာလား။

ချန်းရွှမ်က ယဲ့ဖန်ရဲ့ အမျိုးသမီးဆိုတာ သူမသိဘူးလား။

တကယ်လို့ သူ သိတယ်ဆိုရင်တောင် သူက ဒီလိုစကားတွေကို ပြောရဲသေးတာလား။

သူသေချင်နေတာလား။

ဒါမှမဟုတ် ဝေ့ချန်းဖန်းက သူ့ကို ဒီလိုလုပ်ဖို့ ညွှန်ကြားထားတာလား။

ရက်နည်းနည်းကြာကြာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေခဲ့တဲ့ ယန်းချန်မြို့က နောက်တစ်ခါထပ်ပြီး သွေးနဲ့ ရေချိုးရတော့မှာများ ဖြစ်နေမလား။

အဆုံးမရှိသော မေးခွန်းများသည် လူတိုင်း၏ စိတ်ထဲတွင် ပေါက်ထွက်လာကြသည်။

သူတို့သည် အကျိုးနှင့် အပြစ်များကို တိတ်တဆိတ် ချိန်ဆနေကြသည်။

ချန်ရွှမ်း၏ အမူအရာသည် အကျည်းတန်သွားသည်။

" ဝေ့လူကြီးမင်း၊ ရှင့်စကားလုံးတွေကို သတိထားပေးပါ "

ဝေ့ကွမ်းဟွေ့သည် ပေါ့ပျက်ပျက် ပြုံးနေဆဲ ဖြစ်သည်။

" ဥက္ကဌချန်း၊ စိတ်မဆိုးပါနဲ့။ အဲ့တာက နောက်လိုက်တာပါ "

" တကယ်လို့ ကျွန်တော့်မှာ အခွင့်အရေးရှိမယ်ဆိုရင် ဥက္ကဌချန်းလို အမျိုးသမီးနဲ့ ထိုက်တန်တဲ့ ယောကျာ်းက ဘယ်လောက်တောင်များ ထူးချွန်နေတဲ့သူလဲဆိုတာကို မြင်ပြီး သူနဲ့ တွေ့ချင်မိပါသေးတယ်။ ဟားဟား "

ပြောရင်းဖြင့် သူသည် အစည်းအဝေးခန်းထဲမှ လမ်းလျှောက်ထွက်သွားသည်။

သူ အရမ်းမောက်မာနေတာ မဟုတ်ဘူးလား။

ချန်းရွှမ်သည် သူမနှလုံးသားထဲမှ အမုန်းတရားကို ဖိနှိပ်လိုက်ပြီး အခြားသူများကို ကြည့်လိုက်သည်။

" ကျွန်မ ရှင်တို့ကို မနက်စာနဲ့ဧည့်ခံပါ့မယ်။ ကျွန်မတို့ စားပြီးမှ ထွက်သွားကြမလား "

လူတိုင်းသည် သူမက စိတ်အခြေအနေ မကောင်းဘူးဆိုတာကို သိနေကြသည်။

ဘယ်လိုလုပ် ငါတို့က မျက်ကန်းတွေလို မနက်စာစားဖို့ နေနိုင်မှာလဲ။

ထို့ကြောင့် သူတို့သည် လက်နှစ်ဖက်ကို ယှက်လျက်သာ နှုတ်ဆက်လိုက်ကြသည်။

ထိုလူများကို လိုက်ပို့ပေးပြီးသည့်နောက်တွင် ကျန်းယုံထင်းသည် ဒေါသတကြီး လမ်းလျှောက်လာသည်။

" အစ်မရွှမ်၊ အဲ့ဒီ ဝေ့ကွမ်းဟွေ့က အရမ်းမမောက်မာလွန်းဘူးလား "

" သူ့ကို ဝေ့ချန်းဖန်းက ကျောထောက်နောက်ခံပေးထားတာနဲ့ သူ့ကို ဘယ်သူကမှ မဆုံးမနိုင်ဘူးလို့ ထင်နေတာလားမသိဘူး။ ကျွန်မတို့ ဒီအကြောင်းကို ယဲ့လူကြီးမင်းကို ပြောပြသင့်လား "

" မဖြစ်ဘူး "

ချန်းရွှမ် ကြားဖြတ်ပြောလိုက်သည်။

" သူ့ကိုမပြောနဲ့။ သူ့စရိုက်နဲ့ဆိုရင် ထပ်ပြီး ထိန်းမရသိမ်းမရ ကြီးကြီးမားမားတွေ ဖြစ်သွားလိမ့်မယ် "

ကျန်းယုံထင်းသည် ဘာမှ ထပ်မပြောနိုင်တော့ပေ။

သို့သော် သူမစိတ်ထဲတွင်တော့ တွေးနေခဲ့သည်။

ဒီလောက် ဩဇာအာဏာရှိတဲ့ချစ်သူ ရှိတာတောင် သူမက ဘာလို့ ဒီလောက်တောင် သည်းခံနေရတာလဲ။

အကယ်၍ ကျန်းယုံထင်းသာဆိုပါက သူမသည် ယန်းချန်မြို့တွင် အမောက်မာဆုံးအမျိုးသမီးတစ်ယောက် ဖြစ်လာလိမ့်မည်ဖြစ်သည်။

သို့သော် ဤသည်မှာ သူမ၏ စိတ်ကူးသာ ဖြစ်လေသည်။

......................................

ညဘက် အိမ်သို့ ချန်းရွှမ် ပြန်ရောက်သောအခါ သူမသည် မနက်ကဖြစ်ခဲ့သမျှကို ယဲ့ဖန်ကို ပြောပြလိုက်သည်။

သို့သော် သူမသည် ဝေ့ကွမ်းဟွေ့မှ သူမအား မလေးမစားလုပ်သည့်နေရာကိုတော့ ထိန်ချန်ထားခဲ့သည်။

" ဟီးဟီး၊ နင် မမြင်လိုက်ရလို့။ အဲ့သူဌေးကြီးတွေ အစည်းအဝေးခန်းရဲ့ ကြမ်းပြင်ပေါ်မှာ အိပ်နေကြပုံက အရမ်းရယ်စရာကောင်းတယ် "

သူမသည် မနက်က ထိုမြင်ကွင်းအကြောင်းကို တွေးမိသောအခါ ရယ်မောမိလိုက်သည်။

ယဲ့ဖန်သည်လည်း ပြုံးလိုက်ပြီး သူမ၏ခါးလေးကို ဖက်လိုက်သည်။

" ဘယ်လိုလဲ မင်းရဲ့ကောင်လေးက အမြင်ကောင်းတယ်၊ ဟုတ်တယ်မလား "

ချန်းရွှမ်သည် သူ့ကို မော့ကြည့်လိုက်သည်။

" ဟုတ်တယ်၊ သူတို့အားလုံးက ပြောကြတယ်။ ယဲ့လူကြီးမင်းက အရမ်းအမြင်ရှိတယ်တဲ့။ သူတို့က နင့်ကို အရမ်းလေးစားနေကြတာ "

ယဲ့ဖန်သည် သူမ၏ မေးစေ့သွယ်သွယ်လေးကို မ'လိုက်သည်။

" သူတို့က လေးစားတာလား။ အစ်မကရော "

ချန်းရွှမ်သည် ကလေးတစ်ယောက်ကို ချော့မြူနေသော အသံဖြင့် ပြောလိုက်သည်။

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဒီက မိန်းကလေးက ရှင့်ကို လေးစားရုံတင်မဟုတ်ဘူး။ လေးစားမှုထဲကနေ ကိုယ့်ကိုယ်ကိုယ်တောင် ဝပ်တွားထားတာပါ "

ယဲ့ဖန်၏ နှုတ်ခမ်းသည် လှည့်စားလိုသောအပြုံးအဖြစ် တွန့်ကွေ့သွားသည်။

" ဝပ်တွားထားတာလား။ ကိုယ် အရင်က အဲ့အနေအထားကို မစမ်းခဲ့ဖူးဘူး။ မင်းရော အခု ကြိုးစားကြည့်ချင်လား "

ချန်းရွှမ်သည် အန္တရာယ်ကို ခံစားမိပြီး လှည့်ထွက်ကာ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် ယဲ့ဖန်သည် သူမကို ကြမ်းပြင်ပေါ်သို့ ဖိချလိုက်ပြီး ဝပ်တွားသော အနေအထားမျိုး လုပ်လိုက်သည်။

ဤသည်ကား အိပ်မရသော နောက်ထပ်ညတစ်ညပင် ဖြစ်လေသည်။

.......................

နောက်တစ်နေ့မနက်နိုးလာသောအခါ ချန်းရွှမ်သည် အားနည်းနေဆဲ ဖြစ်သည်။

မနေ့ညမှ ဖြစ်ပျက်ခဲ့သည်များကို တွေးမိသောအခါ သူမ ကြောက်လန့်နေဆဲ ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူမသည် ပို၍ ခွန်အားမဲ့နေသည်ဟုပင် ခံစားနေရသည်။

ထိုတစ်ယောက်တွင် အဆုံးမရှိသော ခွန်အားများ ရှိနေပုံရသည်။

မနေ့ညက သူမသည် ဤဝတ္တရားကြီးအား ကူညီဝေမျှရန် တစ်စုံတစ်ယောက်ကိုပင် ရှာတော့မည်ဟု အချိန်ခဏလောက် တွေးမိလိုက်သော အခိုက်အတန့်ပင် ရှိခဲ့သည်။

ထိုအခိုက်အတန့်ကို တွေးမိသောအခါ သူမ၏ စိတ်ထဲတွင် ကျန်းယုံထင်း၏ မျက်နှာသည် ဖျက်ခနဲ ပေါ်လာခဲ့သည်။

ထိုအတွေးသည် သူမကို ကြောက်လန့်သွားစေပြီး အလျင်အမြန်ပင် ထိုလက်တွေ့မကျသောအတွေးကို ဖယ်ရှားလိုက်သည်။

မကောင်းဆိုးဝါးဆန်သော အတွေးကြောင့် သူမကိုယ်သူမပင် အပြစ်တင်နေမိသည်။

သူမသည် ထိုတစ်ယောက်နှင့် အချိန်အတော်ကြာ ရှိနေခဲ့ပြီးဖြစ်ရာ ယဲ့ဖန်၏ ညစ်ပတ်သောအတွေးများသည် သူမကို လွှမ်းမိုးလာခဲ့သည်။

အိပ်ပျော်နေသော ယဲ့ဖန်ကို ငေးကြည့်နေရင်း သူမသည် နစ်မြောနေသည်။

ထိုအချိန် ရုတ်တရက် ဖုန်းသံ မြည်လာခဲ့သည်။

သူမသည် သူမဖုန်းကို ကိုင်လိုက်သောအခါ ကျန်းယုံထင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမ အတွေးများကို တစ်ဖက်က ကြားသွားသလိုပင် ဖြစ်နေသည်။

ထို့ကြောင့် သူမသည် အပြစ်ရှိနေသကဲ့သို့ ဖုန်းကို ကိုင်လိုက်သည်။

" ဟယ်လို ယုံထင်း၊ ဘာကိစ္စရှိလို့လဲ "

" အစ်မရွှမ်၊ တောက်ပရောင်ခြည်အိမ်ခြံမြေက ငွေမလွှဲလာသေးဘူး "

အပိုင်း ( ၁၀၆၆ )

အပြစ်ရှိစိတ် ဖြစ်နေတာလား။ သေချာပေါက် မဟုတ်ဘူး

ကျန်းယုံထင်း၏ စကားကို ကြားသောအခါ ချန်းရွှမ်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

" မနေ့က ငွေလွှဲလာလိမ့်မယ်လို့ သူ ပြောခဲ့တယ် မဟုတ်ဘူးလား။ သူတို့ကုမ္ပဏီကို မေးပြီးသွားပြီလား "

" ကျွန်မ သူတို့ကို ဖုန်းခေါ်ခဲ့ပြီးပြီ "

ကျန်းယုံထင်းသည် ချက်ချင်းပင် ပြန်ပြောလိုက်သည်။

" ဒါပေမဲ့ ကျွန်မ သူတို့ကုမ္ပဏီကို ခေါ်မရဘူးဖြစ်နေတယ် "

ချန်းရွှမ်သည် ပို၍ မျက်မှောင်ကြုတ်လိုက်သည်။

" ငါ ဆက်ကြည့်လိုက်မယ် "

ကျန်းယုံထင်း၏ ဖုန်းကို ချပြီးသွားသောအခါ သူမသည် ချက်ချင်းပင် တောင်ပရောင်ခြည်အိမ်ခြံမြေ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

သို့သော် အခေါက်ပေါင်းများစွာ ခေါ်ခဲ့သော်လည်း တစ်ယောက်မှ မကိုင်ကြပေ။

တစ်စုံတစ်ခု မှားနေကြောင်း သူမ ချက်ချင်းပင် သဘောပေါက်သွားသည်။

ဝေ့ကွမ်းဟွေ့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူ့အကြွေးကို ရှောင်ချင်နေတာများ ဖြစ်နေမလား။

ဒါဘယ်လိုဟာသမျိုးလဲ။

သန်းရာနဲ့ချီတန်တဲ့ စီမံကိန်ူကို သူ့ဆန္ဒတစ်ခုတည်းနဲ့ လက်လွှတ်ချင်နေတာလား။

ထိုအချိန်မှာပင် ယဲ့ဖန်၏ အိမ်ချင်မူးတူးမျက်လုံးများသည် ပွင့်လာပြီး သူမကို ကြည့်နေသည်။

" မင်း ဒီလောက် အစောကြီးကို နိုးနေတာလား။ ဘာလို့ ခဏလောက် ထပ်မအိပ်တာလဲ "

ချန်းရွှမ်သည် ဘာတွေဖြစ်နေသည် ဆိုတာကို သူ့ကို အမြန် ပြောပြလိုက်သည်။

" အဲ့ဝေ့ကွမ်းဟွေ့က မနေ့က ညကျ ငွေလွှဲမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အခုထိ မလွှဲလာသေးဘူး။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ "

ယဲ့ဖန် မထီမဲ့မြင် ပြုံးလိုက်သည်။

" တကယ်လို့ ဝေ့ချန်းဖန်းမှာ သတ္တိရှိနေမယ်ဆိုရင်တောင် သူ ငါနဲ့ လှည့်ကွက်တွေ ကစားရဲမှာ မဟုတ်ဘူး "

ယဲ့ဖန်သည် ဝေ့ချန်းဖန်းဟုသာ သုံးနှုန်းလိုက်သည်။

သူသည် ဝေ့ကွမ်းဟွေ့ကို ဂရုပင်မစိုက်ပေ။

ချန်းရွှမ်သည်လည်း ခဏလောက် စဥ်းစားလိုက်ပြီး သဘောတူလိုက်သည်။

" တစ်စုံတစ်ခုကများ သူ့ကို ကြန့်ကြာနေစေတာလား မသိဘူး။ ဘာပဲဖြစ်ဖြစ်၊ အခုက ၂၄နာရီ မပြည့်သေးဘူး။ အဲ့တော့ နည်းနည်း လောက် ထပ်စောင့်လိုက်မယ် "

ယဲ့ဖန်၏ လက်များသည် ထပ်မံ၍ လှုပ်ရှားလာပြန်သည်။

" ဒါဆိုလည်း ဒီအချိန်အတွင်းမှာ ကိုယ်တို့ ဘာလုပ်နေသင့်လဲ "

ချန်းရွှမ် တုန်လှုပ်သွားသည်။

" ကျွန်မကို သက်ညှာပေးပါဦး။ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး "

ထိုသို့ ပြောပြီးသည့်နောက်တွင် သူမသည် ရေချိုးခန်းထဲသို့ ထိတ်ထိတ်ပြာပြာ ပြေးသွားသည်။

ယဲ့ဖန်သည် ကူရာကယ်ရာမဲ့စွာဖြင့် ကုတင်ခေါင်းရင်းကို မှီလိုက်သည်။

ချန်းရွှမ်သည် အရာရာတွင် တော်လေသည်။

သို့သော် ဤကဏ္ဍတွင် သူမသည် သူနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်ခြင်းမရှိပေ။

ယဲ့ဖန်သည် ဖန်းကျန်းဝူနှင့် ဖုန်ကျင်းရီတို့ကို သတိရမိသွားသည်။

နဂါးတစ်ကောင်သည် ဇာမဏိမလေးနှစ်ကောင်နှင့် တိုက်ပွဲဝင်ခဲ့သော မြင်ကွင်းကို တွေးမိသွားသောအခါ သူသည် စိတ်လှုပ်ရှားသွားသည်။

ထိုကောင်မလေးနှစ်ယောက်ကို ထပ်ခေါ်ပြီး အတူတူ နက်ရှိုင်းသော ဖလှယ်မှုအတွေ့အကြုံများ ရရန် အခွင့်အလမ်းတစ်ခု ရှာရမည်ထင်သည်။

ထိုအတွေးနှင့်အတူ သူသည် ချန်းရွှမ်ကို မနှောင့်ယှက်တော့ပေ။

ယဲ့ဖန်သည် ထကာ၊ ‌ရေချိုးပြီး မနက်စာစားတော့သည်။

သူတို့နှစ်ယောက်သည် နောက်ကျမှ နိုးလာသောကြောင့် မနက်စာစားပြီးသည့်နောက်တွင် မနက်၁၀နာရီပင် ကျော်နေပြီ ဖြစ်သည်။

ချန်းရွှမ်သည် အချိန်ကို ကြည့်လိုက်ပြီး ကျန်းယုံထင်းကို ခေါ်လိုက်သည်။

တောက်ပရောင်ခြည်အိမ်ခြံမြေသည် အခုထိ ငွေလွှဲမလာသေးကြောင်း သူမ သိလိုက်ရသည်။

" အချိန်က ကျော်သွားပြီ။ ခုထိ ငွေမလွှဲလာသေးဘူး "

သူမသည် ယဲ့ဖန်ကို ကြည့်ပြီး ပြောလိုက်သည်။

ယဲ့ဖန်သည် အေးစက်စွာ ပြုံးလိုက်သည်။

" ကြည့်ရတာ ဝေ့ချန်းဖန်းက ထပ်ပြီး ခုန်ဝင်လာပြန်ပြီနဲ့ တူတယ်။ ကိုယ်က အရမ်း ခွင့်လွှတ်ညှာတာတတ်တယ်လို့ သူကထင်နေတာလား "

ချန်းရွှမ်သည် သူ့လက်ကို အမြန် ဆွဲလိုက်သည်။

" ဒီကိစ္စက ဝေ့ကွမ်းဟွေ့က ဝေ့ချန်းဖန်းရဲ့နာမည်ကို ယူသုံးထားတာ ဖြစ်နိုင်တယ်။ ဝေ့ချန်းဖန်းက ဘာမှမသိလောက်ဘူး "

" ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်မ တောက်ပရောင်ခြည်အိမ်ခြံမြေစီ အရင်သွားကြည့်လိုက်မယ်။ အလျင်စလို မလုပ်နဲ့ဦး "

ယဲ့ဖန်သည် ယန်းချန်မြို့သို့ ရောက်လာတည်းက သွေးလွှမ်းသော မုန်တိုင်းအနည်းငယ်ကို ဖြစ်စေခဲ့ပြီးပြီ ဖြစ်သည်။

သူမသည် ယဲ့ဖန်အား ကြီးကြီးမားမား ပြဿနာဖြစ်မည်ကို မမြင်ချင်ပေ။

" ကိုယ် မင်းနဲ့ လိုက်ခဲ့မယ် "

ယဲ့ဖန်သည် စိတ်တည်ငြိမ်သော ပုံစံပြန်ဖြစ်သွားသည်။

သူသည် မည်သည့်ဒေါသမျှ မပြတော့ပေ။

" ကောင်းပြီလေ "

ချန်းရွှမ်သည် ခေါင်းညိတ်ပြီး သဘောတူရုံသာ တတ်နိုင်တော့သည်။

.......................

တောက်ပရောင်ခြည်အိမ်ခြံမြေစီသို့ သွားသောလမ်းတွင် ယဲ့ဖန်သည် လင်းကျွင်းကျွင်းဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

" ဟယ်လို ကျွင်းကျွင်း၊ ဘာကိစ္စရှိလို့လဲ "

" ကျွန်မက ရှင့်ကို ကိစ္စမရှိဘဲ ခေါ်လို့မရဘူးလား "

လင်းကျွင်းကျွင်း၏ စကားသည် စနောက်လိုသော အရိပ်အမြွက်များ ပါနေသည်။

" အဟမ်း၊ ကိုယ် ကားမောင်းနေတယ်။ တကယ်လို့ မင်းမှာ ပြောစရာရှိတယ်ဆိုရင် ပြောသာပြောလိုက် "

ယဲ့ဖန်သည် ချန်းရွှမ်မှ သတိဝီရိယ အပြည့်ဖြစ်နေသော အမူအရာဖြင့် ခိုးနားထောင်နေသည်ဆိုတာကို သတိပြုမိလိုက်သည်။

သူသည် ရယ်ချင်နေမိသည်။

" အိုး၊ ရှင့်ဘေးမှာ တခြားမိန်းမတစ်ယောက် ရှိနေတာလား။ ကျွန်မ နားလည်ပါပြီ။ စီးပွားရေးကိစ္စပဲ ပြောကြတာပေါ့။ ကျွန်မ ရှင့်ကို ပြောပြစရာရှိတယ်။ ကျွန်မတို့ နေ့လယ်စာ အတူတူစားလို့ ရနိုင်မလား "

လင်းကျွင်းကျွင်းမှာ ဉာဏ်ပြေးလှသည်။

ထို့ကြောင့် ချက်ချင်းပင် နားလည်သွားသည်။

" ဘာကိစ္စလဲ။ ကိုယ်တို့ ဖုန်းထဲမှာပဲ ပြောလို့မရဘူးလား "

" မရဘူး။ တစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ ကျွန်မ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘူး။ ကျွန်မ ရှင်နဲ့တွေ့ရမယ် "

" ဒါဆိုလည်း ကောင်းပြီလေ။ အခုကတော့ ကိုယ် ရှင်းစရာလေးတွေ ရှိနေတယ်။ ပြီးသွားတော့မှ ကိုယ်မင်းကို လာရှာလိုက်မယ် "

" ဟုတ်ပြီ၊ ကျွန်မ လိပ်စာပို့ထားလိုက်မယ်။ ပြီးသွားရင် ကျွန်မကို ဆက်သွယ်လိုက် "

" ကောင်းပြီ "

" အဲ့တာ မန်နေဂျာ လင်းလား "

ယဲ့ဖန်သည် ဖုန်းချလိုက်ပြီးသည်နှင့် ချန်းရွှမ်မှ ရုတ်တရက် မေးလိုက်ခြင်းကို ကြားလိုက်ရသည်။

" ဟုတ်တယ်၊ လင်းကျွင်းကျွင်း။ သူမက အခု မေပယ်စံအိမ်ကို ကြီးကြပ်နေတာ မဟုတ်လား။ အဲ့တော့ သူမက ကိုယ့်ကို အလုပ်အကြောင်း သတင်းပို့စရာတစ်ခုခုရှိလို့ ခေါ်တာ ဖြစ်နိုင်တယ် ဟုတ်တယ်မလား "

ယဲ့ဖန်သည် လေးနက်စွာ ရှင်းပြလိုက်သည်။

" အဲ့တာက အလုပ်အကြောင်းဆိုရင် ဘာလို့ နင်က ထိတ်ထိတ်ပျာပျာ ဖြစ်နေတာလဲ။ နင့်မှာ အပြစ်ရှိစိတ် ဖြစ်နေတာလား "

ချန်းရွှမ်သည် သူမ၏ လှပသော မျက်လုံးလေးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" ဘာလဲ ဟားဟားဟား။ မင်း ကိုယ့်ကို လာနောက်နေတာလား။ ကိုယ့်မှာ အပြစ်ရှိစိတ် ဖြစ်နေတာတဲ့လား။ သေချာပေါက်ကို မဟုတ်ဘူးပေါ့။ မင်း အရမ်းတွေးနေပြီ။ တကယ်က ............ "

ယဲ့ဖန်မှာ ရှင်းပြရန် အသည်းအသန် နဖူးကို တွန့်လိုက်မိသည်။

" ကျွန်မက နောက်နေတာပါ။ ရှင်က အတည်မှတ်နေပုံပဲ။ ဒါပေါ့၊ ရှင့်ကို ၁၀၀% ယုံကြည်ပ်တယ် "

ချန်းရွှမ်သည် ချက်ချင်းပင် ချိုသာသော အပြုံးတစ်ခုကို ထုတ်ဖော်လာသည်။

" သူမနဲ့ ကိုယ်က ဖြူစင်ပါတယ်။ ဒါပေါ့၊ ကိုယ့်ကို သေချာပေါက်ယုံသင့်တယ် ".

ယဲ့ဖန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူသည် စိတ်ပြေလက်ပျောက် ဖြစ်သွားသလို ဟန်ဆောင်လိုက်ပြီး ပြုံးလိုက်သည်။

" တကယ်လို့ ရှင်က သူမနဲ့ ဖြူစင်တယ်ဆိုရင် ဘယ်သူနဲ့က မဖြူစင်တာလဲ "

ကျွီ

ကားသည် စူးစူးဝါးဝါး အသံမြည်ပြီး ရပ်သွားကာ ရှေ့တွင်ရှိနေသော ကားဖြင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် သူတို့သည် တောက်ပရောင်ခြည်အိမ်ခြံမြေသို့ ဘေးကင်းစွာဖြင့် ရောက်လာခဲ့ကြသည်။

ဤသည်ကား အခုမှ တည်ထောင်ထားသောကုမ္ပဏီအသစ်ဆိုသည်မှာ သိသာလှသည်။

သူတို့ လမ်းလျှောက် ဝင်လိုက်သည့်အခါ ပြုပြင်မွန်းမံထားသည့် ထူးဆန်းသော အနံ့တစ်ခုကို ချက်ချင်း ရလိုက်သည်။

ဧည့်ကြိုကောင်မလေးသည် ခေါင်းကို ငုံ့ထားပြီး သူမ၏ဖုန်းနှင့် ဆော့ကစားနေသည်။

သူတို့နှစ်ယောက် ဝင်လာသည်ကို မြင်သောအခါ သူမသည် မတ်တပ်ရပ်လိုက်သည်။

" ဘယ်သူ့ကို လာရှာတာပါလဲ "

ချန်းရွှမ်သည် အရင် လမ်းလျှောက်သွားလိုက်သည်။

" ကျွန်မက လင်းယွမ်အိမ်ခြံမြေက ချန်းရွှမ်ပါ။ ကျွန်မက ဥက္ကဌဝေ့နဲ့ ဆွေးနွေးစရာရှိလို့။ ကျေးဇူးပြုပြီး သူ့ကို သတင်းပို့ပေးပါ "

ဧည့်ကြိုကောင်မလေးသည် ပြုံးနေဆဲဖြစ်သည်။

သို့သော် လင်းယွမ်အိမ်ခြံမြေဟု ကြားသောအခါ သူမသည် တောင့်တင်းသွားသည်။

" ကျွန်မ တောင်းပန်ပါတယ်။ ဥက္ကဌဝေ့က ရုံးမှာ မရှိပါဘူး "

ချန်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

" သူ ဘယ်သွားတာလဲ "

ဧည့်ကြိုကောင်မလေးသည် သူမ လက်နှစ်ဖက်ကို ဘာမှမသိသလို ဖြန့်လိုက်သည်။

" သူဌေးကြီးက ဘယ်သွားတယ်ဆိုတာ ကျွန်မတို့ကို ဘယ်လိုလုပ် ပြောပြမှာလဲ "

ချန်းရွှမ် အံကြိတ်လိုက်သည်။

" ဒါဆို အခု ရှင်တို့ကုမ္ပဏီမှာ တာဝန်ခံက ဘယ်သူလဲ "

ဧည့်ကြိုကောင်မလေးသည် ခေါင်းခါလိုက်သည်။

" ကျွန်မက ဒီမှာအသစ်ပါ။ ကုမ္ပဏီရဲ့ ခေါင်းဆောင်ပိုင်းတွေကို ကျွန်မ မသိဘူး။ အခု ကုမ္ပဏီမှာ ဘယ်သူက တာဝန်ခံလဲဆိုတာလည်း မသိဘူး "

ထိုသို့ ပြောပြီးသည့်နောက်တွင် သူမသည် ထိုင်ချလိုက်ပြီး သူမ၏ဖုန်းကို ထပ်မံ၍ ဆော့ကစားနေသည်။

ထိုစကားများသည် ချန်းရွှမ်တို့ကို မောင်းထုတ်ရန် ရည်ရွယ်နေသည်ဆိုတာ သိသာလှသည်။

ချန်းရွှမ်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

" ဒါဆိုလည်း အခု အရေးတကြီး လုပ်ရမယ့်ကိစ္စ ရှိနေတယ်။ ဘယ်သူ့ကို ရှာသင့်လဲ "

ဧည့်ကြိုကောင်မလေးသည် ဖုန်းထဲမှအကြောင်းအရာကြောင့် ရယ်နေသည်။

သူမသည် တခစ်ခစ်ရယ်နေပြီး ဝတ်ကျေတမ်းကျေသာ ပြောလာသည်။

" အဲ့တာက ကျွန်မကိစ္စ မဟုတ်ဘူးလေ။ ရှင်ရှာချင်တဲ့လူကို ရှာနိုင်တယ် "

ချန်းရွှမ်သည် ဆက်ပြီး သည်းမခံနိုင်တော့ဘဲ စားပွဲခုံပေါ်သို့ ရိုက်ချလိုက်သည်။

" ဒါက ဘယ်လိုသဘောထားမျိုးလဲ "

ဖြတ်သွားသော ဝန်ထမ်းတချို့သည် အံ့ဩသွားပြီး သူတို့ကို လှည့်ကြည့်လာကြသည်။

ဧည့်ကြိုကောင်မလေးသည်လည်း ဒေါသထွက်သွားသည်။

" ဘာအတွက် စားပွဲကို ရိုက်ချတာလဲ။ဂရှင့်မှာ ယဥ်ကျေးမှု မရှိဘူးလား "

ချန်းရွှမ်သည် သူမကို စိုက်ကြည့်လိုက်သည်။

" ငါ နင့်ကို ကောင်းကောင်း ပြောနေတာလေ။ ဒါပေမဲ့ နင်ကရော ငါတို့ကို သေချာ ပြောလို့လား။ ယဥ်ကျေးမှု မရှိတာက မင်း မဟုတ်ဘူးလား "

ဧည့်ကြိုကောင်မလေးသည် မျက်လုံးကိုပင့်လိုက်သည်။

" ကျွန်မ ရှင့်ကို မယဉ်မကျေး ပြောမိလို့လား။ ဥက္ကဌဝေ့က အခုဒီမှာ မရှိဘူးဆိုတာ ပြောတယ်လေ။ ရှင်ကသာ လူစကားကို နားမလည်ဘဲ ကျွန်မကို အပြစ်လာတင်နေတာ။ ရှင့်ကိုယ်ရှင် ဘယ်သူလို့ ထင်နေတာလဲ "

ထိုသို့ ပြောပြီးသည်နှင့် သူမသည် ဖုန်းကို ဆက်သုံးနေသည်။

ဤတစ်ကြိမ်တွင် ချန်းရွှမ် စကားမပြောနိုင်ခင်မှာပဲ ယဲ့ဖန်သည် လမ်းလျှောက်လာပြီး သူမဖုန်းကို ဆွဲယူလိုက်သည်။

" ရှင်ဘာလုပ်တာလဲ ကျွန်မဖုန်းကို ပြန်ပေး "

ထိုအမျိုးသမီးသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး စားပွဲမှ ထွက်လာကာ သူမဖုန်းကို ပြန်ယူရန် ကြိုးစားလိုက်သည်။

" ဘယ်သူ့ကို လူစကားနားမလည်ဘူးလို့ မင်းပြောလိုက်တာလဲ "

ယဲ့ဖန်သည် သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

အပိုင်း ( ၁၀၆၇ )

တောင်းဆိုနေလို့ ရိုက်ပေးလိုက်တာ

ယဲ့ဖန်၏ အကြည့်ကြောင့် သူမသည် ဆံပင်များပင် ထောင်သွားသလို ခံစားလိုက်ရသည်။

သို့သော် သူမအနားမှ လုပ်ဖော်ကိုင်ဘက်များစွာကို မြင်သောအခါ သူမသည် ပို၍ ရဲတင်းလာသည်။

" ကျွန်မက သူမကို လူစကားနားမလည်ဘူးလို့ ပြောလိုက်တာ ဘာမှားနေလို့လဲ။ ဥက္ကဌဝေ့က ဒီမှာ မရှိဘူးလို့ ကျွန်မ သူမကို ပြောခဲ့ပြီးပြီ။ ဒါပေမဲ့ သူမက အချိန်ဖြုန်းချင်နေတုန်းပဲ။ အဲ့အတွက် ရှင် ကျွန်မကို အပြစ်တင်လို့ရမလား။ ကျွန်မဖုန်းကို ပြန်ပေး … "

ပြောနေရင်းဖြင့် သူမသည် ရှေ့သို့ တက်လာပြီး ဆွဲယူရန် လုပ်လိုက်သည်။

ယဲ့ဖန်သည် အေးစက်စွာ ပြုံးလိုက်သည်။

သူသည် သူ့လက်ကို ရုတ်တရက် အားထည့်၍ ညှစ်လိုက်သည်။

ဂျွတ်ဟူသောအသံဖြင့် သူ့လက်ထဲမှ ဖုန်းသည် ကြေမွသွားသည်။

ပတ်ပတ်လည်လည်တွင် ရှိနေသာ လုပ်ဖော်ကိုင်ဘက်များသည် အံ့ဩလွန်းသောကြောင့် မေးရိုးများ ပြုတ်ကြလုနီးပါး ဖြစ်သွားကြသည်။

ဖုန်းသည် မာကြောသောပစ္စည်း မဟုတ်သော်လည်း လက်တစ်ဖက်တည်းဖြင့် ချေမွရန်မှာ ချဲ့ကားလွန်းလှသည်။

" အား၊ ခွေးသူတောင်းစား။ ငါ့ဖုန်းကို ဘယ်လိုလုပ်ပြီး ချိုးရဲတာလဲ။ ငါနင့်ကို ရိုက်ပစ်မယ် "

ဖုန်းကို လက်တစ်ဖက်တည်းဖြင့် ချေမွနိုင်သောလူ၏ ခွန်အားသည် ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသည်ဆိုတာကို သူမ သဘောမပေါက်သေးပေ။

သူမသည် ဒေါသကြောင့် မျက်ကန်းနေပြီဖြစ်သည်။

သူမသည် ယဲ့ဖန်၏မျက်နှာကို ကုတ်ဆွဲရန် လက်လှမ်းလိုက်သည်။

ယဲ့ဖန်သည် အမျိုးသမီးတစ်ယောက်နှင့် မတိုက်ခိုက်ချင်ပေ။

သူ့ခန္ဓာကိုယ်ကို အသာလှည့်လိုက်ကာ သူမ၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။

သို့သော် ထိုအမျိုးသမီးသည် အသိစိတ်ပျောက်နေပြီဖြစ်သည်။

ယဲ့ဖန်ကို မဆွဲမိသွားပေ။

ထို့ကြောင့် သူမသည် ရုတ်တရက် လှည့်လိုက်ပြီး ဘေးတွင်ရပ်နေသော ချန်းရွှမ်ကို ဆွဲလိုက်သည်။

ချန်းရွှမ်သည် သူမနှင့် အလွန်နီးနေပြီး လုံးဝ အကာအကွယ် မရှိပေ။

ထို့ကြောင့် ချန်းရွှမ်သည် နေရာမှာတွင်ပင် ကြက်သေ သေနေသည်။

ထိုမိန်းမ၏ လက်သည်းများသည် အလွန်ထက်လှပြီး သူမသည် လက်သည်းတို့ကို အထူးတလည် ပုံဖော်ထားခြင်းဖြစ်သည်။

သူမသည် မိစ္ဆာလက်သည်းရှည်သိုင်းကို လေကျင့်ထားသည်နှင့်ပင် တူနေသည်။

သူမ တစ်ခါလောက် ဖမ်းမိလိုက်သည်နှင့် ချန်းရွှမ်၏ မျက်နှညသည် ပုံပျက်သွားမည်ဖြစ်သည်။

ယဲ့ဖန်သည် ဒေါထ ထောင်းခနဲထွက်သွားသည်။

သူသည် တစ်ဖက်လူမှာ မိန်းမသားဖြစ်စေ၊ ဘာပဲဖြစ်စေ ဂရုမစိုက်တော့ပေ။

သူသည် ထိုမိန်းကလေးကို တိုက်ရိုက်ပင် ကန်ထည့်လိုက်သည်။

ယဲ့ဖန်သည် သူမနှင့် ဝေးနေပြီး သူမထက် တိုက်ခိုက်တာ နောက်ကျနေသော်လည်း ချန်းရွှမ်၏ မျက်နှာကို သူမ မကုတ်ဆွဲနိုင်ခင်မှာပင် ယဲ့ဖန်သည် သူမ၏ ဘယ်ဖက်တင်ပါးရိုးကို ကန်လိုက်သည်။

ဘန်း

ထိုအမျိုးသမီးသည် လေထဲသို့ ၂မီတာ ၃မီတာလောက် မြောက်တက်သွားသည်။

မြေပြင်ပေါ်သို့ ကျပြီးသည့်နောက်တွင် သူမသည် မီတာအနည်းငယ်လောက် လျှောလိမ့်သွားပြီး မရပ်တန့်ခင်အထိ စားပွဲအနည်းငယ်ကို တိုက်ချသွားသည်။

ဤသည်ကို ကြည့်ပါက ယဲ့ဖန်မှ ခွန်အား မည်မျှ သုံးလိုက်သည်ဆိုတာ လူတိုင်း သိနိုင်သည်။

သို့သော် ယဲ့ဖန်မှ သေချာပေါက် သက်ညှာထားသော အခြေအနေအောက်တွင်သာ ရှိနေသည်။

အကယ်၍ သူသာ အားအကုန် သုံးလိုက်မည်ဆိုလျှင် ထိုအမျိုးသမီး၏ ခံနိုင်ရည်အရ နေရာတွင်ပင် ပွဲချင်းပြီး သေသွားလိမ့်မည်ဖြစ်သည်။

ရှိနေသာ လူတိုင်းသည် ကြက်သေ သေသွားကြသည်။

" သေစမ်း၊ ဒါကြီးက မကြမ်းတမ်းလွန်းဘူးလား။ သူမကို အဲ့လောက် အဝေးကြီးထိ ကန်လိုက်တာလား "

" အဲ့လူက ဘာလို့ အဲ့လိုဖြစ်နေရတာလဲ။ ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို တကယ်ကြီး ရိုက်နှက် လိုက်တာလား။ ပြီးတော့ သူ့နည်းက မရက်စက်လွန်းဘူးလား "

" အမျိုးသမီးတစ်ယောက်ကို ရိုက်တဲ့တစ်စုံတစ်ယောက်က ဘယ်တော့မှ လူကောင်းမဟုတ်ဘူး "

" မင်း အဲ့လိုတော့ မပြောနိုင်ဘူးလေ၊ ဟုတ်တယ်မလား။ လီလီက ဟိုအမျိုးသမီးရဲ့မျက်နှာကို အရင် ကုတ်ဆွဲခြစ်တာလို့ ငါတော့ ထင်တယ် "

" အဲ့တော့ ဘာဖြစ်တုန်း။ အကယ်၍ သူကသာ လီလီရဲ့ဖုန်းကို မချိုးဘူးဆိုရင် သူမက ဟိုအမျိုးသမီးကို ရိုက်ပါ့မလား "

" မြန်မြန်လုပ်ပြီး လီလီ့ကို ကြည့်ကြစမ်းပါဦး။ ဒဏ်ရာရသွားပြီလား "

ထိုအမျိုးသမီး ဒဏ်ရာရမရကို အပြေးသွား၍ စစ်ဆေးနေစဉ် လူတိုင်းသည် ယဲ့ဖန်၏ ကြမ်းတမ်းသော လုပ်ဆောင်မှုကို ရှုံ့ချနေကြသည်။

ဧည့်ကြိုကောင်မလေးသည် လီလီဟု ခေါ်ပြီး လူတိုင်းကို မှုန်ကုတ်ကုတ်ဖြင့် ကြည့်နေသည်။

သူမသည် ဒဏ်ရာ ကြီးကြီးမားမား မရသွားချေ။

သူမအနေဖြင့် ပြင်းပြင်းထန်ထန် ကြောက်လန့်သွားခြင်းသာ ဖြစ်သည်။

အချိန်အတော်ကြာပြီးသည့်နောက်တွင် သူမသည် သတိပြန်ဝင်လာပြီး ချက်ချင်းပင် ငိုချလိုက်သည်။

" အား၊ ဒီမှာ လူရိုက်နေပါတယ်။ လုံခြုံရေးကို မြန်မြန်ခေါ်ကြ။ လူရိုက်နေတယ် ..... လူရိုက်နေပါတယ် "

သူမ ဘာမှပြောရန် မလိုပေ။

ထိုအချိန် တစ်စုံတစ်ယောက်သည် လုံခြုံရေးကို ခေါ်ပြီးသွားပြီဖြစ်ပြီး ယဲ့ဖန်နှင့် ချန်းရွှမ်တို့အား ထွက်ပြေးခြင်းမှ ကာကွယ်ရန် အမျိုးသမီးလုပ်ဖော်ကိုင်ဘက်တချို့သည် တံခါးကို ပိတ်ရပ်ထားကြသည်။

ရုတ်ရုတ်သဲသဲဖြစ်နေစဥ်မှာပင် အဖြူရောင်ရုံးဝတ်စုံကို ဝတ်ထားသော အမျိုးသမီးတစ်ယောက်သည် အပြေးအလွှား ရောက်လာသည်။

" ဘာဖြစ်တာလဲ "

သူမကို မြင်သောအခါ လူတိုင်းသည် သူမကို ဝိုင်းလိုက်ပြီး ဘာဖြစ်ခဲ့သည်ဆိုတာကို ပြောပြလိုက်ကြသည်။

အဆုံးတွင် သူတို့အားလုံးသည် ကုမ္ပဏီတစ်ခုတည်းမှဖြစ်သည်။

ထို့ကြောင့် သူတို့၏ စကားများသည် လီလီ့ဘက်ကိုသာ အသားပေးထားကြသည်။

သူတို့သည် သူမက ချန်းရွှမ်အား တိုက်ခိုက်သည်ဆိုတာကို သာမန်ကာလျှံကာသာ ပြောကြသည်။

သို့သော် ယဲ့ဖန်မှ လီလီ့အား တိုက်ခိုက်သည်ဆိုတာကိုသာ ထပ်တလဲလဲ စောင်းပြောနေကြသည်။

ထိုစကားတို့ကို ကြားပြီးသည့်နောက် ထိုအမျိုးသမီးသည် ယဲ့ဖန်နှင့် ချန်းရွှမ်ကို ချက်ချင်းကြည့်လိုက်သည်။

" မင်္ဂလာပါ၊ ကျွန်မက အထွေထွေမန်နေဂျာရဲ့ အတွင်းရေးမှူး လီဝမ်ပါ။ ရှင်တို့က ဘာဖြစ်လို့ ကျွန်မတို့ လူတွေကို ရိုက်နှက်ရတာလဲ "

ယဲ့ဖန်သည် အေးစက်စွာ ရယ်မောလိုက်သည်။

" သူမက တောင်းဆိုနေလို့ ငါက ရိုက်လိုက်တာလေ၊ ဘာဖြစ်လို့လဲ "

ချန်းရွှမ်သည် ယဲ့ဖန်၏ လုပ်ရပ်များကို အလွန်အားပေးသော်လည်း သူမသည် အမြန် လမ်းလျှောက်လာပြီး ပြောလိုက်သည်။

" မင်္ဂလာပါ၊ အတွင်းရေးမှူးလီ။ ကျွန်မက ချန်းရွှမ်းပါ။ လင်းယွမ်အိမ်ခြံမြေက အထွေထွေမန်နေဂျာပါ။ ဒီအမျိုးသမီးက ကျွန်မတို့ကို အရင်စော်ကားခဲ့ပေမဲ့ ကျွန်မတို့ကလည်း တကယ်ကို အရင် မလှုပ်ရှားခဲ့သင့်ပါဘူး။ ကျွန်မကောင်လေးကိုယ်စား ကျွန်မကပဲ တောင်းပန်ပါတယ်။ တကယ်လို့ သူမ ဒဏ်ရာရသွားတယ်ဆိုရင် ကျွန်မတို့က ဆေးဖိုးဝါးခကို ကျခံပါ့မယ် "

ထိုသို့ ပြောပြီးသည့်နောက်တွင် ချန်းရွှမါသည် ထပ်ဖြည့်ပြောလိုက်သည်။

" ကျွန်မ ရှင်တို့ရဲ့ ဥက္ကဌဝေ့နဲ့ တွေ့ချင်ပါတယ် "

သူမ၏ စိတ်ပိုင်းဖြတ်ထားသော စကားလုံးများနှင့် အပြုအမူများကို လီဝမ်သည် မြင်လိုက်ရသည်။

သူမက ပေါ့ပေါ့သေးသေးမဟုတ်ဘူးဘဲ။

ထို့ကြောင့် လီဝမခသည် ပို၍ လေးနက်လာသည်။

" တောင်းပန်ပါတယ်၊ ကျွန်မတို့ ဥက္ကဌဝေ့က အခု ကုမ္ပဏီမှာ မရှိပါဘူး "

ထိုစကားကို ကြားသောအခါ ချန်းရွှမ်သည် ထပ်၍ မျက်မှောင်ကြုတ်လိုက်သည်။

" ဒါဆို အခု ရှင်တို့ ကုမ္ပဏီရဲ့တာဝန်ခံက ဘယ်သူလဲ "

လီဝမ်သည် ခဏ တွေးတောနေပြီး ပြောလိုက်သည်။

" ရှင်တို့ ဘဏ္ဍာရေးဌာနက ဒါရိုက်တာပေါင်ကို ရှာလို့ရပါတယ် "

သူမသည် သူတို့ကို ထပ်မံ၍ ဆင်ခြေပေးနေမည်ဟု ချန်းရွှမ် ထင်နေခဲ့သည်။

သို့သော် သူမသည် သူတို့ကို နေရာမှန်သို့ လမ်းညွှန်လိုက်သည်။

" ကျွန်မတို့ ဘဏ္ဍာရေးဌာနကို ဘယ်လိုသွားရမလဲ "

" ကျွန်မ ရှင်တို့ကို လိုက်ပို့ပေးပါ့မယ် "

ထိုသို့ ပြောပြီးသည့်နောက်တွင် သူမသည် ဧည့်ကြိုကောင်မလေးကို ကြည့်ပင် မကြည့်တော့ပဲ တည့်တည့်သာ လမ်းလျှောက်သွားတော့သည်။

ယဲ့ဖန်နှင့် ချန်းရွှမ်သည် ချက်ချင်းပင် လိုက်သွားကြသည်။

တောက်ပရောင်ခြည်အိမ်ခြံမြေ၏ ဝန်ထမ်းများသည် အတွင်းရေးမှူးလီ၏ မတူညီသော သဘောထားကြောင့် မကျေမနပ် ဖြစ်နေကြသည်။

အနည်းဆုံးတော့ သူမက ထိုလူတွေကို လီလီ့အတွက် တောင်းပန်ခိုင်းပြီး ဆေးကုသစားရိတ်ကို လျော်ကြေးပေးခိုင်းသင့်တယ်၊ ဟုတ်တယ်မလား။

သူတို့က ဘာမှမဟုတ်တာအတွက် တိုက်ခိုက်ခဲ့ကြတာလား။

ထိုတစ်ကြိမ်တွင် ယဲ့ဖန်သည် ရုတ်တရက်လှည့်ပြီး လမ်းပြန်လျှောက်လာသည်။

လီလီသည် ကြောက်ရွံ့သွားကြောင့် နောက်ကို နှစ်လှမ်းဆုတ်သွားသည်။

" ရှင် … ရှင် ဘာလုပ်တာလဲ။ ရှင် ကျွန်မကို ရိုက်ချင်နေသေးတာလား။ ကျွန်မ ရှင့်ကို သတိပေးလိုက် … "

သူမစကား မဆုံးခင်မှာပင် ယဲ့ဖန်သည် သူ့အိတ်ထဲမှ ပိုက်ဆံတစ်အုပ်ကို ထုတ်လိုက်ပြီး ပစ်ပေးလိုက်သည်။

" ဒါ မင်းရဲ့ဖုန်းနဲ့ ဆေးကုသစားရိတ်အတွက် လျော်ကြေးပဲ။ နောက်တစ်ခါဆို ဒီလောက် မမိုက်ရိုင်းနဲ့ "

ထိုသို့ပြောပြီး သူသည် လှည့်ကာ ချန်းရွှမ်နောက် လိုက်သွားသည်။

လီလီသည် ပိုက်ဆံတစ်အုပ်ကို ကြည့်နေသည်။

ပိုက်ဆံသည် အနည်းဆုံး ယွမ်၁သောင်း ရှိမည်ဖြစ်သည်။

သူမ၏ မျက်လုံးများသည် တောက်ပသွားသည်။

ဈေးပေါတဲ့ ပါးစပ်ရှိတာက တကယ် အကျိုးကျေးဇူးရှိတဲ့ပုံပဲ။

တခြားသူများသည် အားကျနေကြပြီး အစောက အရိုက်ံခံရသောလူသည် သူတို့ဖြစ်လိုက်မိရန် ဆုတောင်းနေကြသည်။

ကန်ချက်တစ်ချက်ကြောင့်နဲ့ ယွမ်၁သောင်း ပေးနိုင်ဖို့ဆိုတာ အဲ့လူက မချမ်းသာလွန်းဘူးလား။

အပိုင်း ( ၁၀၆၈ )

ဒီညီလေးက တကယ် ရဲတင်းတာပဲ

လီဝမ်သည် ယဲ့ဖန်နှင့် ချန်းရွှမ်တို့ကို ဘဏ္ဍာရေးဒါရိုက်တာ ရုံးခန်းဆီသို့ ခေါ်သွားပြီး တံခါးကို ခေါက်လိုက်သည်။

" ဒါရိုက်တာပေါင်၊ လင်းယွမ်အိမ်ခြံမြေရဲ့ ဥက္ကဌ ရောက်နေပါတယ် "

အထဲတွင် တိတ်ဆိတ်နေပြီး တုံ့ပြန်မှု မရှိပေ၊၊

လီဝမ်သည် ရွေးချယ်စရာမရှိဘဲ တံခါးကို နှစ်ကြိမ် ထပ်ခေါက်လိုက်သည်။

" ဒါရိုက်တာပေါင် … "

" ငါကြားတယ်။ မင်း ငါ့ကို ဘာလို့ အရေးတကြီး လာလုပ်နေတာလဲ။ မင်းငါ့ကို သေစေချင်နေတာလား "

ခဏအကြာတွင် အထဲမှ မပျော်ရွှင်သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရုံးခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး အမျိုးသမီးဝန်ထမ်းတစ်ဦးသည် သူမ၏ခေါင်းကို ငုံ့ကာ ထွက်လာသည်။

" အတွင်းရေးမှူးလီ "

ထိုသို့ ပြောပြီးသည်နှင့် သူမသည် လျင်မြန်စွာ ထွက်သွားသည်။

ထို့နောက် ဗိုက်ရွှဲရွှဲနှင့် လူလတ်ပိုင်းတစ်ဦး ထွက်လာသည်။

သူ့ဘောင်းဘီမှာတော့ ဇစ်ပွင့်နေသည်။

အစောပိုင်းတွင် အထဲ၌ သူတို့နှစ်ယောက် ဘာလုပ်နေခဲ့သည်ဆိုတာ သိသာလှသည်။

လီဝမ်သည် မျက်မှောင်ကြုတ်လိုက်သည်။

ဒါရိုက်တာပေါင်၏ အပြုအမူနှင့် ပတ်သက်ပြီး သူမသည် စက်ဆုပ်ရွံရှာနေသည်မှာ သိသာလှသည်။

" ကျွန်မ သူတို့ကို ဒီကို ခေါ်လာခဲ့ပါပြီ။ ရှင် သူတို့နဲ့ စကားပြောလိုက်ပါ "

စကားပြောပြီးသည်နှင့် သူမသည် ထွက်သွားရန် ပြင်လိုက်သည်။

" ဟေး၊ အတွင်းရေးမှူးလီ။ မင်း ဒီညအားလား။ ငါ ဒီအနီးအနားက စားသောက်ဆိုင်အသစ်ကို သိထားတယ်။ အစားအစာက တော်တော်လေးကို ကောင်းတာ။ ငါ မင်းကို လိုက်ကျွေးလို့ ရမလား "

ဒါရိုက်တာပေါင်၏ မျက်နှာတွင် မသတီစရာကောင်းသော အပြုံးတစ်ခု ရှိနေသည်။

" တောင်းပန်ပါတယ်၊ ဒီည ကျွန်မ လုပ်စရာလေးတွေ ရှိပါသေးတယ် "

လီဝမ်သည် ထိုသို့ပြောပြီး လှည့်ထွက်သွားသည်။

" ကောင်မ၊ အထွေထွေမန်နေဂျာရဲ့ အတွင်းရေးမှူး ဖြစ်တာနဲ့ မင်းကိုယ်မင်း ဇာမဏီတစ်ကောင် ဖြစ်လာပြီလို့ ထင်နေတာလား။ အနှေးနဲ့ အမြန်ပဲ မင်းက ငါ့ရဲ့ ကစားစရာ ဖြစ်လာလိမ့်မယ် "

သူတို့နှစ်ယောက်ရှေ့မှာပင် ဒါရိုက်တာပေါင်သည် မည်သို့သော ကိုယ်ကျင့်သိက္ခာမှ မစောင့်ထိန်းပေ။

ယဲ့ဖန်နှင့် ချန်းရွှမ်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။

ဧည့်ကြိုကောင်မလေးနှင့် ဘဏ္ဍာရေးဌာန၏ ဒါရိုက်တာတို့ကို ကြည့်ခြင်းဖြင့် တောက်ပရောင်ခြည်အိမ်ခြံမြေသည် မည်မျှပင် အုတ်ခြေမခိုင် ဖြစ်နေလဲဆိုသည်ကို သူတို့ ပြောနိုင်ကြသည်။

ဤသို့ ကုမ္ပဏီမျိုးသည် ကောင်းမွန်စွာ လည်ပတ်နေနိုင်ပါက ထူးဆန်းလိမ့်မည်ဖြစ်သည်။

ထိုအချိန်မှာပင် ပေါင်ရွှေအန်းသည် သူ့ခေါင်းကိုလှည့်ပြီး သူတို့နှစ်ယောက်ကို ကြည့်လာသည်။

အထူးသဖြင့် ချန်းရွှမ်ကိုပင် ဖြစ်သည်။

" ဝင်လာခဲ့ပါ "

အဲ့လိုပြောပြီးသည့်နောက်တွင် သူကအရင် လမ်းလျှောက်ဝင်သွားသည်။

ယဲ့ဖန်နှင့် ချန်းရွှမ်သည် ထိုလူကို အထင်သေးနေသော်လည်း သူကသာလျှင်သည် လက်ရှိ ဤကုမ္ပဏီတွင် ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။

သူတို့သည် နှာခေါင်းရှုံ့ပြီး ဝင်သွားကြသည်။

" ဘယ်သူက မင်းကို ဝင်ခိုင်းလို့လဲ "

ယဲ့ဖန်သည် သူ့အနောက် လိုက်လာသည်ကို မြင်သောအခါ ပေါင်ရွှေအန်းသည် မပျော်မရွှင် ဖြစ်သွားသည်။

" ဘာလို့ သူက ဝင်လာလို့ မရတာလဲ "

ချန်းရွှမ်သည် ချက်ချင်း ခွန်းတုံ့ပြန်လိုက်သည်။

" ဥက္ကဌချန်း၊ ခင်ဗျားက စည်းမျဥ်းတွေကို မသိဘူးလား။ ငါတို့နှစ်ယောက်က သေချာပေါက် နည်းနည်း ဟိုလိုဒီလို ဖြစ်လာလိမ့် … အပြင်လူတွေကို မသိစေချင်ဘူး မဟုတ်လား။ အကယ်၍ မင်းရဲ့လက်အောက်ငယ်သားကို အထဲဝင်ခိုင်းလိုက်ရင် ငါတို့က ဘယ်လိုလုပ် စကားပြောကြမှာလဲ "

သူသည် ယဲ့ဖန်ကို သူမ၏ လက်အောက်ငယ်သားတစ်ယောက်လို ဆက်ဆံနေသည်မှာ ထင်ရှားလှသည်။

မည်သို့ပင်ဖြစ်စေ ယဲ့ဖန်သည် အလွန်ငယ်ရွယ်ပြီး ခေါင်းဆောင်တစ်ဦးပုံ မပေါက်ပေ။

ချန်းရွှမ်သည် ချက်ချင်းပင် သရော်လိုက်သည်။

" ကျွန်မက ရှင်နဲ့ ဆွေးနွေးဖို့ ဒီမှာ ရှိနေတာလေ။ ဘာတွေ ဖုံးကွယ်ထားဖို့ လိုနေမှာလဲ "

ပေါင်ရွှေအန်းသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

" ကောင်းပြီလေ၊ မင်းက သူ့ကို နားထောင်စေချင်တဲ့ ဆန္ဒရှိနေမှတော့ သူနားထောင်ပါစေပေါ့ "

ထိုသို့ ပြောပြီးသည်နှင့် သူသည် အလုပ်အမှုဆောင်ထိုင်ခုံတွင် ထိုင်လိုက်ပြီး သူ့ခြေထောက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။

ယဲ့ဖန်နှင့် ချန်းရွှမ်တို့သည် မထိုင်ကြပေ။

ထိုနေရာ၌ ဖြစ်ခဲ့သည်များကို တွေးမိပြီး သူတို့သည် အနည်းငယ် ရွံရှာနေကြသည်။

" ဒါရိုက်တာပေါင်၊ ရှင်တို့ဥက္ကဌဝေ့က ဒီမှာ မရှိတာကြောင့် ကျွန်မ ရှင့်ကိုပဲ မေးတော့မယ်။ ရှင်တို့ ဥက္ကဌက မနေ့က ကျွန်မတို့နဲ့ စာချုပ်တစ်ခုချုပ်ခဲ့ပြီးတော့ ည မကျော်ခင်မှာပဲ သန်း၇၀၀ လွှဲပေးဖို့ သဘောတူညီခဲ့တယ်။ ဘာလို့ အဲ့ငွေတွေက မရောက်လာသေးတာလဲ "

ချန်းရွှမ်သည် ကွေ့ဝိုက် မနေဘဲ တည့်တိုးသာ မေးလိုက်သည်။

ပေါင်ရွှေအန်းသည် အေးဆေးစွာပင် ဆေးလိပ်တစ်လိပ်ကို သောက်နေပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။

" ဥက္ကဌချန်း၊ မင်း ငါတို့ကို နားလည်ပေးသင့်တယ်။ သန်း၇၀၀ဆိုတာက နည်းတဲ့ပမာဏ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အခုမှ စတင်ခါစ ကုမ္ပဏီအသစ်တစ်ခုပဲ။ ဘယ်လိုလုပ် အဲ့လောက်ပမာဏကို တစ်ခါတည်း ထုတ်ပေးနိုင်မှာလဲ "

ချန်းရွှမ်၏ မျက်နှာသည် မည်းမှောင်သွားသည်။

" စာချုပ်အရ ရှင်တို့က ၂၄နာရီအတွင်း သန်း၇၀၀ ပေးကိုပေးရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် စာချုပ်က တရားမဝင်တော့ဘူး။ ပြီးတော့ ရှင်တို့က စာချုပ်ကို ဖောက်ဖျက်တဲ့အတွက် ဒဏ်ကြေးပေးရလိမ့် … "

သူမ စကားကို ပြီးအောင် မပြောရသေးခင်မှာပင် ပေါင်ရွှေအန်းသည် သူ့လက်ကို ရုတ်တရက် မြှောက်လာပြီး သူမကို ကြားဖြတ်ပြောလိုက်သည်။

" ဥက္ကဌချန်း၊ စာချုပ်တွေက အသေ ဒါပေမဲ့ လူတွေကတော့ အရှင်လေ "

" တကယ်လို့ ငါထင်တာ မမှားဘူးဆိုရင် မင်းက ကုမ္ပဏီရဲ့ သူဌေးကြီး မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား "

ချန်းရွှမ်သည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

" ဘာလို့ ရှင်က အဲ့တာကို မေးတာလဲ "

ပေါင်ရွှေအန်း၏ မျက်နှာတွင် သနားစရာကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။

" မင်းလည်း ဟိုမှာ ဒီမှာနဲ့ အလုပ်များနေမှာပဲ။ ဒါပေမဲ့ မင်းက တခြားသူတွေအတွက် အလုပ်လုပ်ပေးနေရတုန်းလား။ မင်းကတော့ အခက်အခဲတွေ အားလုံးကို ခံစားရပြီး တခြားသူတွေက ငွေရနေတယ်။ အဲ့တာက တန်ရဲ့လား "

ချန်းရွှမ်သည် အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

" ရှင် ဘာကို ပြောဖို့ ကြိုးစားနေတာလဲ။ အဲ့တာကို ဒီတိုင်းပဲ ပြောလိုက်လို့ မရဘူးလား "

ပေါင်ရွှေအန်းသည် သူ့ဆေးလိပ်ကို ထုတ်ကာ ဖြည်းဖြည်းချင်း မှီချလိုက်သည်။

" ဒါဆိုလည်း ငါ မင်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်။ ငါတို့ ဒီငွေတွေကို ဘယ်လိုနည်းနဲ့မှ ပေးဖို့ ရည်ရွယ်ချက်မရှိဘူး "

" မင်းသာ ပူးပေါင်းလိုက်တာနဲ့ ငါတို့ သန်း၇၀၀ကို လိမ်လိုက်မယ်။ ပြီးတော့ တစ်ဝက်စီခွဲကြမယ်။ အဲ့တာက မကောင်းဘူးလား "

ချန်းရွှမ်နှင့် ယဲ့ဖန်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့၏ မျက်နှာတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေကြသည်။

" ရှင်က ကျွန်မနဲ့ပေါင်းပြီး စာရင်း အတုလုပ်ချင်နေတာလား "

ချန်းရွှမ်သည် သူမက နားလည်မှုလွဲနေသည်ဟု ထင်ပြီး ထပ်၍ မေးလိုက်သည်။

" ဒါပေါ့၊ သေချာပေါက်ပဲ "

ပေါင်ရွှေအန်းသည် ပေါ်ထင်စွာပင် ခေါင်းညိတ်လိုက်သည်။

" မင်းသာ ပူးပေါင်းဖို့ ဆန္ဒရှိနေတာနဲ့ ကိစ္စတွေပြီးသွားရင် ငါ မင်းကို သန်း၃၀၀ပေးမယ်။ တကယ်လို့ မင်းက မကျေနပ်ဘူးဆိုရင် ငါတို့ ထပ်ပြီး ဆွေးနွေးလို့ရတယ် "

သူ၏ ထူးဆန်းသော အကြံကြောင့် ချန်းရွှမ်သည် မှင်သက်သွားရသည်။

" အဲ့တာကို လုပ်တဲ့အတွက် ကျွန်မ ထောင်ကျသွားနိုင်တာကိုရော ရှင်သိလား "

ပေါင်ရွှေအန်းသည် သူ့လက်ကို ဝေ့ယမ်းပြလိုက်သည်။

" တောက်ပရောင်ခြည်အိမ်ခြံမြေရဲ့ နောက်ကွယ်က အဓိကရှယ်ယာရှင်က ဝေ့ချန်းဖန်းလူကြီးမင်းဆိုတာကို မင်း မသိလောက်ဘူးထင်တယ် "

" ဝေ့လူကြီးမင်းရဲ့ အကာအကွယ်နဲ့သာဆို တကယ်လို့ မင်းရဲ့သူဌေး သိသွားရင်တောင်မှ သူက တိတ်ဆိတ်နေရုံပဲ တတ်နိုင်မှာ "

ချန်းရွှမ်သည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်ပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။

" ကျွန်မတို့သူဌေးကလည်း အတော်လေးကို ဩဇာအာဏာရှိတယ်။ တကယ်လို့ ဒီအကြောင်းကို သူသာ သိသွားမယ်ဆိုရင် ကျွန်မကို အလွတ်ပေးမှာ မဟုတ်ဘူး "

ပေါင်ရွှေအန်းသည် လှောင်ပြောင်လိုက်သည်။

" အချိန်‌ရောက်လာရင် မင်း ငါတို့ ကုမ္ပဏီကို လာခဲ့လို့ မရဘူးလား။ မင်းသူဌေးက ဘယ်လောက်ပဲ ဩဇာအာဏာရှိရှိ ဝေ့လူကြီးမင်းထက် ပိုကောင်းနိုင်လို့လား။ သူက ဝေ့လူကြီးမင်းရဲ့ ရန်သူ ဖြစ်ရဲမှာလား။ သူက သေမှာ မကြောက်ဘူးလား "

ချန်းရွှမ် ပြန်မပြောနိုင်ခင်မှာပင် ယဲ့ဖန်သည် ကြားဖြတ်ပြောလိုက်သည်။

" ဥက္ကဌချန်း၊ ဒါရိုက်တာပေါင်ရဲ့ အဆိုပြုချက်က အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ အဲ့တာကို သေချာစဥ်းစားသင့်တယ် "

ပေါင်ရွှေအန်းသည် ချက်ချင်းပင် သူ့ကို လက်မထောင်ပြလိုက်သည်။

" ဒီညီငယ်လေးက တကယ် ရဲတင်းတာပဲ။ ငါ သဘောကျတယ် "

" အချိန်ရောက်လာရင် ငါ မင်းကိုလည်း ရှယ်ယာတစ်ခုခု ပေးမယ်။ တကယ်လို့ မင်းက ဥက္ကဌချန်းနဲ့အတူ သင်္ဘောပြောင်းပြီး ငါတို့ ကုမ္ပဏီကို လာရင်လည်း ငါမင်းကို ရာထူးကောင်းကောင်းပေးမယ် "

ယဲ့ဖန် ချက်ချင်းပင် ကျေနပ်သွားသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

" ဒါဆိုလည်း ဒါရိုက်တာပေါင်ရဲ့ ကူညီမှုအတွက် ကျွန်တော်က ကျေးဇူးတင်ပါတယ် "

ပေါင်ရွှေအန်းသည် ချန်းရွှမ်ကို ပြုံး၍ ကြည့်လိုက်သည်။

" ဥက္ကဌချန်း၊ ဒီလူငယ်လေးကို ကြည့်ပါဦး။ သူက အရမ်းသတ္တိရှိတယ်။ မင်းကရော ဘာလို့ တုံ့ဆိုင်းနေတာလဲ "

ချန်းရွှမ်သည် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

" ဒါပေါ့၊ သူက ကျွန်မထက် ပိုသတ္တိရှိတယ်။ အဲ့လိုမှမဟုတ်ရင် သူက ဘယ်လိုလုပ် လင်းယွမ်အိမ်ခြံမြေရဲ့ သူဌေးကြီး ဖြစ်နေမှာလဲ။ ရှင်ရော အဲ့လို မထင်ဘူးလား "

ပေါင်ရွှေအန်း၏ အပြုံးသည် တောင့်တင်းသွားသည်။

" သူဌေးကြီးလား ..... ဘယ်သူဌေးကြီးလဲ "

ချန်းရွှမ်၏ မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားသည်။

" ရှင့်ကို မိတ်ဆက်ပေးပါရစေ။ ဒါက လင်းယွမ်အိမ်ခြံမြေရဲ့ အကြီးဆုံးရှယ်ယာရှင်၊ သူဌေးယဲ့ပါ "

အခန်းသည် လုံးဝကို တိတ်ဆိတ်သွားသည်။

ပေါင်ရွှေအန်း၏ အမူအရာသည် နိုးနိုးကြားကြား ဖြစ်လာသည်။

သူသည် ချန်းရွှမ်နှင့်အတူ ငွေများကို မည်သို့ လိမ်လည်ရမည်လဲဆိုတာ ဆွေးနွေးနေခဲ့သည်။

သို့သော် သူမဘေးတွင် ရပ်နေသောလူက လင်းယွမ်အိမ်ခြံမြေ၏ သူဌေးကြီး ဖြစ်နေမည်ဟု သူ မထင်ထားခဲ့ချေ။

ဒါက ဘုန်းကြီးကို ခေါင်းခေါက်လိုက်တာနဲ့ မတူဘူးလား။

" ဥက္ကဌချန်း၊ မင်း ငါ့ကို လာနောက်နေတာလား "

သူသည် အရှက်ရမှုကြောင့် ဒေါသထွက်သွားပြီး တာဝန်အားလုံးကို ချန်းရွှမ်ဆီ တွန်းချလိုက်သည်။

ချန်းရွှမ်သည် ပုခုံးကို တွန့်လိုက်သည်။

" ရှင် ဘာပြောချင်တာလဲဆိုတာ ကျွန်မ မသိဘူး။ တကယ်လို့ ကျွန်မ သိမယ်ဆိုရင် သူ့ကို ဒီကို ခေါ်လာမှာ မဟုတ်ဘူး "

ပြောနေရင်းဖြင့် သူမသည် နောင်တရနေသော အမူအရာကို ထုတ်ဖော်လိုက်သည်

ထိုပုံစံလေးသည် ယွမ်သန်းရာဂဏန်းအနည်းငယ်ကို အလွဲသုံးစား မလုပ်နိုင်ခဲ့သည့်အတွက် နောင်တရနေပုံ ပေါက်နေသည်။

ယဲ့ဖန်သည်လည်း စနောက်လိုသော အပြုံးဖြစ်နေသည်။

" ဒါရိုက်တာပေါင်၊ ဆက်ပြောပါဦး။ ခင်ဗျားမှာ ငွေရဖို့ ဘာနည်းလမ်းတွေ ရှိသေးလဲ "

" တကယ်လို့ အခွင့်အရေး ရှိမယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ကို ကူညီနိုင်ပါတယ် "

All Chapters