အခန်း (၁၀၆၉-၁၀၇၂)
Vol. 54 Ch. 1069-1072
အပိုင်း ( ၁၀၆၉ )
မင်းထင်တာ မှန်တယ်။ ဒါနေ့ဘက်ကြီး ဓားပြတိုက်နေတာပဲ။
ပေါင်ရွှေအန်းသည် အရူးတစ်ယောက် ဖြစ်နေလျှင်တောင်မှ တစ်ဖက်သူ၏ စကားလုံးများထဲမှ ထေ့ငေါ့မှုများကို ကြားပြီး နိုးနိုးကြားကြားဖြစ်လာကာ ပြုံးလိုက်သည်။
" သူဌေးယဲ့၊ ဟုတ်တယ်မလား။ ကျွန်တော် … ကျွန်တော်က ဥက္ကဌချန်းနဲ့ နောက်ပြောင်နေတာပါ။ တောက်ပရောင်ခြည်အိမ်ခြံမြေက ဘယ်လိုလုပ်ပြီး အဲ့လို လုပ်နိုင်မှာလဲ "
ယဲ့ဖန်သည် ပေါ့ပါးစွာသာ ပြုံးလိုက်သည်။
" ခင်ဗျားတို့က ငွေပေးတာကို မငြင်းဘူးဆိုရင်လည်း ကျသင့်ငွေကို ရှင်းလိုက်ကြတော့မလား "
ပေါင်ရွှေအန်းသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
" ဒါက … ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဘဏ္ဍာရေးဒါရိုက်တာလေးတင်ပါပဲ။ ဒီလောက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ပါဘူး။ ဥက္ကဌဝေ့ကိုယ်တိုင် အမိန့်ပေးမှ ရမှာပါ "
ယဲ့ဖန်သည် ထိုလူ၏ စားပွဲပေါ်မှ အလှဆင်ပစ္စည်းကို ကောက်ကိုင်လိုက်ပြီး ဖိချေလိုက်သည်။
အင်္ဂတေရုပ်ထုသည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။
" ဒါဆိုလည်း မင်းရဲ့ ဥက္ကဌဝေ့ကို ဒီကိုခေါ်လိုက်ပြီး မြန်မြန်လာခိုင်းလိုက်။ အဲ့လိုမှ မဟုတ်ရင် … "
ယဲ့ဖန်သည် စကားကို ဆုံးအောင် မပြောလိုက်ပေ။
သို့သော် သူ၏ ခြိမ်းခြောက်မှုမှာ သိသာလှသည်။
ပေါင်ရွှေအန်းသည် ချက်ချင်းပင် ဆတ်ခနဲတုန်သွားပြီး သူ့ကို ကြောက်ရွံ့စွာ ကြည့်နေသည်။
အဲ့အင်္ဂတေရုပ်ထုက ဘယ်လောက်တောင် မာလိုက်သလဲ။
အဲ့တာကို တစ်ဖက်ကကောင်လေးက ဒီလောက် လွယ်လွယ်နဲ့ အမှုန့်ကြိတ်လိုက်တာလား။
သူ့ခွန်အားက အရမ်းကြီးမနေလွန်းဘူးလား။
အကယ်၍ ထိုကောင်လေးသည် ရုပ်ဝတ္ထုပစ္စည်းကို မဟုတ်ဘဲ သူ့လက်မောင်းကိုသာ ဖျစ်ညှစ်လိုက်ပါက ........
ထိုသည်ကို တွေးမိလိုက်သည်နှင့် သူ့မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
" ဟုတ်ကဲ့ပါ၊ ကျွန်တော် အခုပဲ ဥက္ကဌဝေ့ကို ဖုန်းခေါ်လိုက်ပါ့မယ် "
သူသည် ဖုန်းကို အမြန်ထုတ်လိုက်ပြီး ဝေ့ကွမ်းဟွေ့၏ နံပတ်ကို နှိပ်လိုက်ကာ လေသံတိုးတိုးဖြင့် စကားလုံးအနည်းငယ် ပြောလိုက်သည်။
ယဲ့ဖန်နှင့် ချန်းရွှမ်သည် တစ်ဖက်ဖုန်းမှ လူက တစ်ခုခုကို ကျိန်ဆဲနေသည်ကို ယောင်ဝါးဝါး ကြားလိုက်ကြသည်။
သူတို့သည် အကြာကြီး မစောင့်လိုက်ရပေ။
၁၀မိနစ်ကြာပြီးသည့်နောက်တွင် ရုံးခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရသည်။
ဝေ့ကွမ်းဟွေ့သည် မှောင်မည်းနေသောအမူအရာဖြင့် လမ်းလျှောက်ဝင်လာပြီး သူသည် ဝင်လာပြီးပြီးချင်းမှာပင် ချန်းရွှမ်ကို မေးခွန်းထုတ်လိုက်သည်။
" ဥက္ကဌချန်း၊ ခင်ဗျား ဒါက ဘာကိုဆိုလိုတာလဲ "
" ခင်ဗျားက ဒီကုမ္ပဏီက လူကို ရိုက်ပြီး ကုမ္ပဏီရဲ့ဘဏ္ဍာရေးဒါရိုက်တာကို ခြိမ်းခြောက်နေပြန်ပြီ။ ဒါက မလွန်လွန်းဘူးလား "
ဝေ့ကွမ်းဟွေ့သည် အရင် စောဒတက်လိုက်သည်ကို ကြားလိုက်ရသောအခါ ချန်းရွှမ် ဒေါသတကြီး ရယ်မောလိုက်သည်။
" ဥက္ကဌဝေ့၊ နောက်ဆုံးတော့ ရှင်ပေါ်လာပြီပေါ့။ တကယ်လို့ ရှင်သာ စောစောလာမယ်ဆိုရင် ဒီလိုကိစ္စတွေ အများကြီး ဖြစ်သွားမှာမဟုတ်ဘူး "
ဝေ့ကွမ်းဟွေ့သည် သူ့ဘေးမှ ယဲ့ဖန်ကို စိုက်ကြည့်လိုက်ပြီး မပျော်မရွှင်ဖြင့် ပြောလိုက်သည်။
" ကျွန်တော်က ခင်ဗျားကို ငွေအချို့ပဲ အကြွေးတင်နေတာပါ၊ ဟုတ်တယ်မလား။ အဲ့တာကို ဒီလောက်တောင် အလောသုံးဆယ်လုပ်ဖို့ လိုလို့လား။ ကတိမတည်မှာကို ခင်ဗျားတို့က ကြောက်နေတာလား "
ချန်းရွှမ်၏ မျက်နှာသည် မည်းမှောင်သွားသည်။
" ကျွန်မတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ရှင် ငွေကို ၂၄နာရီအတွင်း လွှဲပေးရမှာပါ။ အခုက ၂၄နာရီ ကျော်ပြီးနေပြီ။ ငွေက ဘယ်မှာလဲ "
ဝေ့ကွမ်းဟွေ့သည် သူမကို ဆွံ့အစွာဖြင့် ကြည့်လိုက်သည်။
" ဥက္ကဌချန်း၊ ခင်ဗျားက အတော်ကို ထက်မြက်တယ်လို့ ထင်ခဲ့တာ။ ဒီလောက် အမြင်ကျဥ်းနေမယ်လို့တော့ မထင်ထားခဲ့မိဘူး "
" ဒါက ငွေနည်းနည်းလေးလေ။ ခင်ဗျားက ဒီလောက်ထိ ကြီးကြီးမားမား လုပ်မှ ရမှာလား "
ချန်းရွှမ်သည် လှောင်လိုက်သည်။
" ငွေနည်းနည်းလေးတဲ့လား။ အဲ့တာက ငွေနည်းနည်းလေးဆိုရင် ကျေးဇူးပြုပြီး ကျွန်မကို အခုပဲ ငွေလွှဲပေးပါ "
" အချိန်လွန်သွားတဲ့ လျော်ကြေးအတွက်ကတော့ ကျွန်မ ရှင်နဲ့ ငြင်းခုန်နေမှာ မဟုတ်တော့ဘူး "
ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် ပြောစရာစကားမဲ့သွားပြီး ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
" ဒါပေါ့၊ ခင်ဗျားတို့ကို ပေးမှာပါ "
" ဒါပေမဲ့ အခု ကျွန်တော်တို့ကုမ္ပဏီက ငွေစီးဆင်းမှု ပြဿနာအချို့ ရင်ဆိုင်နေရတယ်။ ရက်နည်းနည်းလောက် ထပ်ပေးနိုင်မလား "
ချန်းရွှမ်သည် သူ့ကို စိုက်ကြည့်လိုက်သည်။
" ရှင်က ဘယ်နှစ်ရက်လောက် ထပ်တိုးချင်နေတာလဲ "
ဝေ့ကွမ်းဟွေ့သည် သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
" အဲ့တာက ဘယ်နှစ်ရက် ဖြစ်မလဲဆိုတာတော့ အတိအကျမသိဘူး။ ၃ရက် ဒါမှမဟုတ် ၅ရက်လောက် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လဝက်လား၊ လအနည်းငယ်လားပဲ။ အဲ့တာက ကုမ္ပဏီရဲ့ အလှည့်အပြောင်းအပေါ် မူတည်တယ် "
ချန်းရွှမ် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
" တောင်းပန်ပါတယ်။ ကျွန်မတို့က ရှင်နဲ့ အဲ့လောက် အချိန်မဖြုန်းနိုင်ဘူး "
" ရှင်တို့က မပေးနိုင်တာကြောင့် ကျွန်မတို့ အရင်က ချုပ်ဆိုခဲ့တဲ့ စာချုပ်က တရားမဝင်တော့ဘူးဆိုတာ လူသိရှင်ကြား ကြေညာလိုက်မယ်။ ပြီးတော့ ရှင်က ကျွန်မတို့ကို သွယ်ဝိုက်ပြီး ဆုံးရှုံးစေခဲ့တယ်။ ကျွန်မတို့မှာ လျော်ကြေးငွေ တောင်းပိုင်ခွင့်ရှိတယ် "
သူမသည် အခိုင်အမာပြောလိုက်ပြီး ယဲ့ဖန်နှင့်အတူ ထွက်သွားရန် ပြင်လိုက်သည်။
" ရပ်လိုက်စမ်း "
ထိုအချိန်တွင် ဝေ့ကွမ်းဟွေ့သည် အေးစက်စွာ ပြောလိုက်သည်။
" ဥက္ကဌချန်း၊ ခင်ဗျား သေသေချာချာ စဥ်းစားသင့်တယ်။ တောက်ပရောင်ခြည်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ချင်နေတာ သေချာပြီလား "
ချန်းရွှမ်သည် လှည့်လာပြီး သူ့ကို ကြည့်လိုက်သည်။
" ရှင်ကသာ ငွေ မရှာနိုင်တဲ့လူလေ။ လင်းယွမ်အိမ်ခြံမြေရဲ့ ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုကို ကျွန်မက အဆုံးသတ်ရမယ်။ အဲ့တော့ ဘာမှားလဲ "
ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် အကျည်းတန်စွာဖြင့် သွားပေါ်အောင် ပြုံးလိုက်သည်။
" အဲ့တာက မင်းတို့နဲ့ မဆိုင်ဘူး။ ဒီစီမံကိန်းက ငါ့လက်ထဲမှာ ရှိပြီးသားဖြစ်တာမလို့ ပြန်ယူသွားဖို့ မစဥ်းစားနဲ့ "
ချန်းရွှမ်၏ မျက်နှာသည် မည်းမှောင်သွားသည်။
" ဘာလဲ ရှင်က ကျွန်မဆီက ဓားပြတိုက်ယူဖို့ စီစဥ်နေသေးတာလား "
ဝေ့ကွမ်းဟွေ့သည် ဖြည်းညှင်းစွာ ထရပ်ပြီး သူ့အကြည့်သည်လည်း အရင်က ပိုမိုစူးရှလာသည်။
" မင်းမှန်တယ်။ ဒါနေ့ဘက်ကြီး ဓားပြတိုက်နေတာပဲ "
ချန်းရွှမ်သည် ထိုလူ၏ ဦးနှောက်ကြောင့် မှင်သက်နေသည်။
" ဥက္ကဌဝေ့၊ ရှင်က ဥပဒေကို မသိဘူးထင်တယ် "
" စာချုပ်ပါ အချက်အလက်တွေအရ ၂၄နာရီအတွင်း ရှင်တို့က ငွေပေးချေမှု မရှိဘူးဆိုရင် အဲ့စာချုပ်က အလိုလျောက် တရားမဝင်ဖြစ်သွားပြီ။ ပြီးတော့ စီမံကိန်းက လင်းယွမ်အိမ်ခြံမြေဆီ ပြန်ရောက်လာလိမ့် … "
" ဘာကို ဥပဒေလဲ "
ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် ကြားဖြတ်ပြောလိုက်သည်။
" ယန်းချန်မြို့မှာ ဝေ့မိသားစုကသာ ဥပဒေပဲ။ ငါ့ဝမ်းကွဲ ဝေ့ချန်းဖန်းရဲ့ ခွန်အားကို ဘာလို့ အရင် မမေးကြည့်တာလဲ "
“ ခင်ဗျားရဲ့ လင်းယွင်အိမ်ခြံမြေသေးသေးလေးနဲ့ ကျုပ်ကိုရင်ဆိုင်ရဲတာလား “
ယဲ့ဖန်သည် တစ်ချိန်လုံး ဘာမှ မပြောခဲ့ပေ။
သို့သော် ထိုအချိန်တွင် သူသည် ရယ်မောပြီး မေးလိုက်သည်။
" ဝေ့ချန်းဖန်းက မင်းကို ဒီလိုလုပ်ဖို့ ညွှန်ကြားထားတာလား "
ဝေ့ကွမ်းဟွေ့သည် သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
" ဟုတ်တယ်၊ ဒါက ငါ့ဝမ်းကွဲ လိုချင်နေတာပဲ။ အဲ့တော့ အခု မင်း ကြောက်သွားပြီလား "
ယဲ့ဖန်သည် ထူးဆန်းစွာ ပြုံးလိုက်သည်။
" အဲ့တာဆို တကယ်လို့ ငါတို့က မပူးပေါင်းဘူးဆိုရင် ဘာဖြစ်လာလိမ့်မယ်ဆိုတာကို မင်းဝမ်းကွဲက မပြောလိုက်ဘူးလား "
ဝေ့ကွမ်းဟွေ့သည် သူတို့နှစ်ယောက်ကို ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။
" ငါ့ဝမ်းကွဲကပြောတယ်။ တကယ််လို့ မင်းတို့က နာခံမယ်ဆိုရင် အဲ့စီမံကိန်း ငါတို့လက်ထဲကို ရောက်လာလိမ့်မယ်။ ငါတို့ ငွေပြန်ရလာတဲ့ အချိန်ကျ ငါတို့က မင်းတို့ကို သန်း၇၀၀ ပြန်ပေးမယ် "
" ဒါပေမဲ့ တကယ်လို့ မင်းတို့က ဘာကကောင်းတယ်ဆိုတာကို မသိဘူးဆိုရင်တော့ စီမံကိန်းကို မင်းတို့ဆီကို ပြန်မပေးရုံတင်မကဘူး။ လင်းယွမ်အိမ်ခြံမြေပါ ယန်းချန်မြို့ကနေ ထွက်သွားရလိမ့်မယ်တဲ့ "
ယဲ့ဖန်၏ မျက်နှာပေါ်မှ အပြုံးသည် ပိုမိုပီပြင်လာသည်။
" ငါ ထင်တာတော့ ဒီစကားက မင်းဘာသာမင်း ပြောလိုက်တာမလား။ ဝေ့ချန်းဖန်က အဲ့လို ဘယ်တော့မှ ပြောမှာမဟုတ်ဘူး "
ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
" မင်းက ငါ့ဝမ်းကွဲကို ငါ့ထက် ပိုပြီးသိနေတာလား။ သူက အဲ့လိုမပြောလိုက်ဘူးလို့ မင်းမှာ ပြောခွင့်ရှိလို့လား "
ယဲ့ဖန်၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားသည်။
" ဘာလို့လဲဆိုတော့ တကယ်လို့ သူမှာ အူအခွေ၁၀၀လောက် ရှိနေရင်တောင်မှ သူက ငါ့ကို အဲ့လိုပုံစံမျိုးနဲ့မှ ဘယ်တော့မှ ပြောရဲမှာမဟုတ်ဘူး "
ယဲ့ဖန်သည် ပေါ့ပါးစွာသာ ပြောလိုက်သော်လည်း ခိုင်မာသော ယုံကြည်ချက်ရှိနေသည်။
ဝေ့ကွမ်းဟွေ့နှင့် ပေါင်ရွှေအန်းတို့ နှစ်ယောက်လုံးသည် မသိစိတ်က တုန်လှုပ်သွားကြသည်။
အပိုင်း ( ၁၀၇၀ )
သူ ငါ့ရှေ့မှာ ၁၀မိနစ်အတွင်း ပေါ်လာအောင်လုပ်စမ်း
ဝေ့ကွမ်းဟွေ့သည် ယဲ့ဖန်ကို မသိပေ။
သူသည် နိုင်ငံခြားမှ ပြန်ရောက်လာသည်မှာ မကြာသေးပေ။
ထို့ကြောင့် သူသည် ယန်းချန်မြို့ရှိ ဩဇာအာဏာ ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကို များများစားစား မသိပေ။
သို့သော် သူသည် သူ၏ ကိုယ်ပိုင် စွမ်းရည်များကို အတော် ယုံကြည်လေသည်။
သူသည် Arice-Grain ဆိုသည့် အဆင့်မြင့်ပညာရေး တက္ကသိုလ်မှ ဘွဲ့ရလာပြီး ဤတရုတ်နိုင်ငံမှ တောသားလူနုံများနှင့် ယှဥ်ပြိုင်ရန် သူ့အတွက် အလွန်လွယ်ကူလိမ့်မည်ဟု ခံစားခဲ့ရသည်။
ထို့ကြောင့် သူသည် တရုတ်ပြည်သို့ ပြန်ရောက်လာပြီးပြီးချင်းပင် အိမ်ခြံမြေလုပ်ငန်းကို မရပ်မနားဘဲ စတင်လုပ်ကိုင်ခဲ့သည်။
သို့သော် အရှိတရားသည် သူ့ကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည်။
တရုတ်ပြည်မှ လူနုံလူအများသည် အလွန် ဉာဏ်နီဉာဏ်နက်များကြသည်။
သူကျောင်းမှ သင်လာခဲ့သော အရာများသည် အသုံးမဝင်ရုံချေ။
ထို့အပြင် သူသည်သာ အကြိမ်ပေါင်းစွာ အလိမ်ခံခဲ့ရသည်။
နှစ်လကြာပြီးသည့်နောက် သူသည် ဘာမှ မဖြစ်မြောက်သေးဘူးဟုပင် ပြောလို့ရလေသည်။
ဝေ့ချန်းဖန်းသည် သူ့ထံတွင် ငွေပမာဏတစ်ခုသာ ရင်းနှီးမြှုပ်နှံပေးထားခြင်း ဖြစ်သည်။
ငွေပေးပြီးနောက် သူ့ကို တစ်ယောက်တည်း ရုန်းကန်ရန် ပစ်ထားခဲ့သည်။
သူ အကျပ်အတည်း ဖြစ်နေချိန်တွင် လင်းယွမ်အိမ်ခြံမြေသည် ကံကောင်းခဲ့ပြီး ဝါးကျွန်းရွာ စီမံကိန်းကို ကြိုတင်ဝယ်ယူနိုင်ခဲ့ကြောင်း သူ ရုတ်တရက် ကြားခဲ့ရသည်။
သူသည် သူ၏ လက်အောက်ငယ်သားများကို ရိုးရှင်းသော စုံစမ်းစစ်ဆေးမှုများ လုပ်ရန်ပြောလိုက်သည်။
ထိုအခါ လင်းယွမ်အိမ်ခြံမြေသည် ကျုံးဟိုင်မြို့မှ အိမ်ခြံမြေလုပ်ငန်းတစ်ခု ဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။
လင်းယွမ်ကုမ္ပဏီသည် မကြာသေးခင်ကပင် ယန်းချန်မြို့၌ ဌာနခွဲတစ်ခု တည်ထောင်ခဲ့ကြောင်း သိခဲ့ရသည်။
ဤသည်က သူ့အား ချက်ချင်းပင် တစ်ခုခုကို ရအောင်ရန် အတွေးတစ်ခု ပေါ်လာစေခဲ့သည်။
ယန်းချန်မြို့တွင် တည်ထောင်သည်မှာ မကြာသေးသော နယ်ခြားကုမ္ပဏီတစ်ခုသည် သူ့မျက်လုံးထဲတွင် ဆူဖြိုးသောအသား၏ အစိတ်အပိုင်း အကြီးကြီးတစ်ခုလို ဖြစ်သွားခဲ့သည်။
သူသည် ဝေ့ချန်းဖန်း၏ နာမည်ကို သုံးနေသရွေ့ တစ်ဖက်လူသည် အလိမ်ခံလိုက်ရသည်ဆိုကြောင်း သိလျှင်ပင် လေလည်ရဲကြလိမ့်မည် မဟုတ်ပေ။
သို့သော် ချန်းရွှမ်သည် သူ့ကုမ္ပဏီသို့ လာပြီး ရန်ပွဲတစ်ခု ဖြစ်စေမည်ဟု သူ မထင်ထားခဲ့ပေ။
ထို့အပြင် လင်းယွမ်အိမ်ခြံမြေ၏ အဓိကရှယ်ယာရှင်သည် ဝေ့ချန်းဖန်းကို ကြမ်းကြမ်းတမ်းတမ်းပင် စကားပြောဆိုရဲနေသေးသည်။
" ကောင်လေး၊ မင်း အခုလေးတင် ပြောလိုက်တာက ဘာလဲဆိုတာကို မင်းသိလား။ မင်းက ငါ့ဝမ်းကွဲကို ဘယ်လိုတောင် မလေးမစားလုပ်ရဲတာလဲ။ မင်း သေချင်နေတာပဲ ဖြစ်ရမယ် "
ဝေ့ကွမ်းဟွေ့သည် အခုလေးပင် ဒေါသထွက်ပေါက်ကွဲရန် အကြောင်းပြချက်ကို ရှာနေသည်။
သို့သော် တစ်ဖက်ကလူမှ အကြောင်းပြချက်တစ်ခု ပေးလာမည်ဟု သူ မထင်ထားခဲ့ချေ။
ယဲ့ဖန်သည် သူ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပေ။
သူသည် ချန်းရွှမ်ကို ဆိုဖာပေါ်သို့ ထိုင်ခိုင်းလိုက်သည်။
" မင်းရဲ့ဝမ်းကွဲက ဒီလိုလုပ်ဖို့ အမိန့်ပေးခဲ့တာလို့ မင်းက ပြောခဲ့မှတော့ သူကို ဒီလာခိုင်းပြီး ငါနဲ့ လူကိုယ်တိုင် စကားလာပြောခိုင်းလိုက် "
" ဟားဟား "
ဝေ့ကွမ်းဟွေ့သည် ကမ္ဘာ့အရယ်ရဆုံး ဟာသကို ကြားလိုက်ရသလို ဖြစ်သွားသည်။
" မင်းနဲ့ ငါ့ဝမ်းကွဲနဲ့ တွေ့ဖို့ ထိုက်တန်လို့လား "
" ငါ့ဝမ်းကွဲက စိတ်အခြေအနေ မကောင်းဘူး။ တကယ်လို့ သူသာ မင်းကို တွေ့မယ်ဆိုရင် မင်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး "
အမှန်တကယ် သူသည် ဝေ့ချန်းဖန်း၏ နောက်ကွယ်မှ ဤလုပ်ရပ်များကို လုပ်ခဲ့သောကြောင့် အတော်ပင် ကြောက်လန့်နေသည်။
ယဲ့ဖန်သည် လှောင်ပြောင်လိုက်သည်။
သူသည် လှည့်ကြည့်လိုက်ပြီး ချန်းရွှမ်ကို ပြောလိုက်သည်။
" ဝေ့ချန်းဖန်းကို ခေါ်လိုက်။ သူ့ကို ကိုယ့်အရှေ့ ၁၀မိနစ်အတွင်း အရောက်လာခဲ့ဖို့ ပြောလိုက်။ ကိုယ်သူ့ကို စောင့်နေမှာ မဟုတ်ဘူး "
ဝေ့ကွမ်းဟွေ့သည် အံ့ဩသွားသည်။
ဒီကောင်လေးရဲ့ လေသံကို ကြားရသလောက် သူက ငါ့ဝမ်းကွဲကို သိနေတာများ ဖြစ်နေမလား။
ချန်းရွှမ်သည် အနည်းငယါ တုံ့ဆိုင်းနေသေးသည်။
" ကျွန်မတော့ ဒီကိစ္စက ဝေ့ချန်းဖန်းနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်တယ် "
သူမသည် ယဲ့ဖန်ကို အရှုပ်အထွေး ကြီးကြီးမားမား မလုပ်စေချင်ပေ။
သို့သော် ဝေ့ကွမ်းဟွေ့၏ မျက်လုံးများထဲတွင် ဤသည်ကား သူတို့မှ လှည့်စားနေသည်ဟု သက်သေပြနေသလို ဖြစ်နေသည်။
" ဟားဟား၊ မင်းတို့နှစ်ယောက် ဆက်ပြီး သရုပ်ဆောင်နေလိုက်ဦး။ မင်းတို့က ငါ့ဝမ်းကွဲကို ခေါ်မှာတဲ့လား။ မင်းတို့က ဘယ်သူ့ကို လာခြောက်လှန့်နေတာလဲ "
" တကယ်လို့ ငါ့ဝမ်းကွဲက လာခဲ့မယ်ဆိုရင်တောင်မှ မင်းတို့ကို ကူညီမယ်လို့ ထင်နေတာလား။ တကယ်လို့ မင်းတို့မှာ သတ္တိရှိတယ်ဆိုရင် သူ့ကိုခေါ်လိုက်။ မင်းတို့မှာ သူ့ဖုန်းနံပါတ်မရှိဘူးလို့တော့ ငါ့ကို လာမပြောနဲ့။ မင်းတို့က ငါ့ကို သူ့ဖုန်းနံပါတ် ပေးစေချင်သေးလား "
ချန်းရွှမ်သည် အစတွင် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။
သို့သော် ထိုတစ်ယောက်၏ မောက်မာသောအကြည့်ကို မြင်သောအခါ သူမသည် စိတ်ပြောင်းလိုက်ပြီး ဖုန်းကို ထုတ်ကာ ဝေ့ချန်းဖန်းကို ခေါ်လိုက်သည်။
ထိုအချိန်တွင် ဝေ့ဖချန်းဖန်းသည် သူ့ခြံဝင်းထဲတွင် ပန်းပင်များကို ရေလောင်းနေသည်။
ထိုစဥ် သူ့မိန်းမဖြစ်သူ လဲ့ချူးဖေးသည် ပန်းပင်များအတွက် မြေဆီလွှာထည့်ရန် ထိုင်နေသည်။
ယဲ့ဖန်၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီးကတည်းက သူတို့သည် သိုသိပ်စွာသာ နေခဲ့သည်။
ဝေ့ချန်းဖန်းသည် အိမ်တွင်နေကာ စာအုပ်ဖတ်ပြီး ပန်းပင်များကို ပျိုးထောင်ပြီး ကုမ္ပဏီ၏ အရေးကိစ္စများကို အခြားလူများနှင့် လက်လွှဲထားလျက် အစောပိုင်း အငြိမ်းစား ယူနေခဲ့သည်။
သူသည် ကြီးမြတ်သော ရည်ရွယ်ချက်များ မရှိတော့ပေ။
သူအနေဖြင့် လုံခြုံပြီး တည်ငြိမ်စွာ နေနိုင်ရန် မျှော်လင့်တော့သည်။
ထိုအချိန်တွင် သူ့အိတ်ကပ်ထဲမှ ဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည်။
သူသည် ရေလောင်းနေခြင်းကို ရပ်လိုက်ပြီး ဖုန်းကိုထုတ်ကာ ခေါ်ဆိုသူ၏ နံပါတ်ကိုကြည့်လိုက်သည်။
သူ၏အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။
" ဘယ်သူခေါ်တာလဲ "
သူ့ယောကျာ်း၏ ထူးဆန်းသော အပြုအမူကို တွေ့သောအခါ လဲ့ချူးဖေးသည် ချက်ချင်းပင် မေးလိုက်သည်။
" ချန်းရွှမ်လား။ သူမက ငါ့ကို ဘာလို့ ခေါ်တာလဲ "
ဝေ့ချန်းဖန်းသည် ရေရွတ်လိုက်ပြီး ဖုန်းကို ချက်ချင်း ကိုင်လိုက်သည်။
သူ၏ သဘောထားသည် ချက်ချင်းပင် တလေးတစားဖြစ်သွားပြီး အနည်းငယ်ပင် မျက်နှာချိုသွေးနေသည်။
" ဥက္ကဌချန်း၊ ခင်ဗျား ကျွန်တော့်ကို ဘာလို့ခေါ်တာပါလဲ "
လဲ့ချူးဖေးသည် သူမယောကျာ်း၏ အမူအရာကို မြင်သောအခါ အနည်းငယ် မကျေမနပ်ဖြစ်နေသည်။
သူသည် တစ်ချိန်က ယန်းချန်မြို့တွင် ဩဇာအာဏာ ကြီးမားသော လူတစ်ယောက်ဖြစ်ခဲ့ဖူးသည်။
သို့သော် ယခုတွင် သူသည် အမျိုးသမီးတစ်ယောက်ကို တကယ်ပင် နှိမ့်ချစွာ ပြောဆိုဆက်ဆံနေရသည်။
သို့ဖြစ်စေ ဝေ့ချန်းဖန်း သည် သူမကို မျက်နှာချိုသွေးနေခြင်း မဟုတ်ဘဲ သူမ၏ နောက်ကွယ်မှလူကို မျက်နှာချိုသွေးနေခြင်းဖြစ်ကြောင်း သူမလည်း သိနေခဲ့သည်။
" ဝေ့လူကြီးမင်း၊ ယဲ့ဖန်နဲ့ ကျွန်မက အခု တောက်ပရောင်ခြည်အိမ်ခြံမြေမှာပါ။ သူက ရှင့်ကို သူ့ရှေ့မှာ ၁၀မိနစ်အတွင်း ရောက်လာစေချင်နေတယ်။ သူက ရှင့်ကို စောင့်နေမှာမဟုတ်ဘူးတဲ့ "
ချန်းရွှမ်၏ အသံသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
ရွှီိး
ဝေ့ချန်းဖန်းသည် ရုတ်တရက်ပင် တုန်ရီသွားသည်။
သူသည် ရေပန်းခရားကို စောင်းလိုက်မိပြီး လဲ့ချူးဖေးကို ရေလောင်းချမိသွားသည်။
တောက်ပရောင်ခြည် အိမ်ခြံမြေလား။
အကယ်၍ ချန်းရွှမ်သည် ယခု မပြောလာဘူးဆိုပါက သူသည် ထိုအကြောင်းကို မေ့သွားလိမ့်မည် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်လတုန်းက သူ့ဝမ်းကွဲ၊ ဝေ့ကွမ်းဟွေ့သည် နိုင်ငံခြားမှ ပြန်လာခဲ့ပြီး သူ့အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် သူ့ကိုတောင်းပန်ခဲ့သည်။
သူတို့နှစ်ယောက်သည် ဝမ်းကွဲညီအစ်ကိုများ ဖြစ်ကြသော်လည်း သူတို့၏ ဘိုးဘေးများသည် ညီအစ်ကိုအရင်းများ ဖြစ်ကြသည်။
မျိုးဆက်အနည်းငယ် ခြားလာသည့်နောက်တွင် သူတို့အကြား ဆွေမျိုးသားရင်းဆက်ဆံရေးသည် အလွန်ပင် ပါးလွှာလာခဲ့ကြသည်။
သို့သော် သူသည် ထိုကောင်လေး၏ အရှက်မဲ့သော တောင်းဆိုမှုများကို မခုခံနိုင်ခဲ့ပေ။
ထိုတစ်ယောက်သည် မိသားစုတစ်ခုတည်းမှ သူ၏ဦးလေးကို သနားညှာတာရန်အတွက် ခေါ်လာခဲ့သေးသည်။
ထို့ကြောင့် အဆုံးတွင် သူသည် မျက်နှာအပျက်မခံနိုင်သောကြောင့် ယွမ်သန်း၂၀ကို မြှုပ်နှံခဲ့သည်။
ထို့နောက်တွင် သူသည် ထိုအကြောင်းအရာကို မေ့သွားခဲ့သည်။
ယခု ချန်းရွှမ်ပြောလာတော့မှ တစ်ခုခုမှားနေကြောင်း သဘောပေါက်သွားတော့သည်။
ထို့အပြင် ယဲ့ဖန်မှ သတိပေးထားသည်။
ဤသည်ကား ပြဿနာတက်သည်ဆိုတာထက်ပင် ပိုနေပြီ ဖြစ်သည်။
" ချန်း … ဥက္ကဌချန်း၊ ဘာများဖြစ်သွားလို့လဲ "
သူသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ကြိုးစားနေပြီး လေသံတိုးတိတ်စွာဖြင့် မေးလိုက်သည်။
ချန်းရွှမ်သည် သူ့ကို ကိုယ်တစ်ပိုင်းသေသွားလောက်အောင်ထိ ကြောက်လန့်သွားစေမည့် တစ်စုံတစ်ခုကို မပြောပြခင် ခဏလောက် တိတ်ဆိတ်နေခဲ့သည်။
" ရှင့်ဝမ်းကွဲက ကျွန်မတို့ရဲ့ ဝါးကျွန်းရွာ စီမံကိန်းကို ဝယ်သွားတယ်။ ဒါပေမဲ့ သူက အကြွေးတွေကို မပေးဘဲ ရှောင်ချင်နေတယ် "
ဝေ့ချန်းဖန်းသည် လေအေးများ သူ့ခြေချောင်းမှတစ်ဆင့် သူ့ခေါင်းအနောက်ထိ တိုက်ရိုက် မြင့်တက်လာသလို ခံစားလိုက်ရပြီး ထိန်းမရသိမ်းမရ တုန်ယင်သွားခဲ့သည်။
" အားလုံးပြီးပြီ။ ဒီတစ်ကြိမ် အဲ့ခွေးသူတောင်းစားကြောင့် အသတ်ခံရတော့မှာ "
ထို့နောက်တွင် သူသည် ချန်းရွှမ် အစောကပြောခဲ့သော ယဲ့ဖန်မှ သူ့ရှေ့ကို ၁၀မိနစ်အတွင်း ရောက်လာစေချင်ပြီး သူ့ကို မစောင့်ဘူးဆိုတာ တွေးမိသွားသည်။
သူသည် ခပ်မြန်မြန်ပင် ရေပန်းခရားကို လွှင့်ပစ်လိုက်ပြီး ပြေးထွက်တော့သည်။
" ဝေ့အဘိုးကြီး၊ ရှင် … "
လဲ့ချူးဖေးသည် သူမယောကျာ်း၏ စိုးရိမ်နေသော အမူအရာကို ကြည့်လိုက်ပြီး သူမ၏ ရင်ထဲတွင် တင်းကြပ်သွာယသည်။
အခုမှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရရုံပဲ ရှိသေးတာလေ။
ငါတို့က ထပ်ပြီး ကြောက်လန့်နေရဦးမှာလား။
ကောင်းကင်ဘုံ၊ အရမ်းရက်စက်လွန်းတာပဲ။
အပိုင်း ( ၁၀၇၁ )
ဘယ်သူက မင်းရဲ့ မိသားစုလဲ
ချန်းရွှမ် ဖုန်းဆက်ပြီးသွားသည်ကို မြင်သောအခါ ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် သံသယဝင်သွားသည်။
" မင်း … အခု ငါ့ဝမ်းကွဲကို ခေါ်လိုက်တာလား "
အစောက ဝေ့ချန်းဖန်းနှင့် စကားပြောနေသောအချိန်မှ ချန်းရွှမ်၏ အသံနေအသံထားသည် အတော်ကို မယဥ်မကျေးဖြစ်နေပြီး ခြိမ်းခြောက်မှု အရိပ်အမြွက်များပင် ပါနေခဲ့သေးသည်။
ဤသည်က သူ့ကို အနည်းငယ် သံသယဝင်စေသည်။
ယန်းချန်မြို့မှာ ငါ့ဝမ်းကွဲကို ဒီလိုလေသံနဲ့ ပြောရဲတဲ့လူ ရှိသေးတာလား။
ချန်းရွှမ်သည် ဖုန်းကို သူ့ဆီပြလိုက်သည်။
" ရှင့်ဘာသာ စစ်ကြည့်လိုက်။ ဒါက ရှင့်ဝမ်းကွဲရဲ့နံပါတ် မှန်ရဲ့လား "
ဝေ့ကွမ်းဟွေ့သည် နီးကပ်စွာ ကြည့်လိုက်ပြီး ချက်ချင်းပင် တုန်ရီသွားသည်။
ထိုသည်မှာ အမှန်တကယ်ပင် သူ့ဝမ်းကွဲ၏ ဖုန်းနံပါတ် ဖြစ်နေသည်။
" မင်းတို့အားလုံး … ငါ … ဟားဟား။ မိသားစုအချင်းချင်း သိကြတာပဲ "
" အဲ့တော့ မင်းတို့က ငါ့ဝမ်းကွဲကို သိတယ်လား။ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ငါ မင်းတို့ဆီကို စီမံကိန်းကို ပြန်ပေးမယ်။ ပြီးတော့ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မသိသလို နေကြမယ် … "
သူသည် ထိုကိစ္စ၏ လေးနက်မှုကို သဘောပေါက်လာပြီ ဖြစ်သည်။
ဒီတစ်ကြိမ် ငါသံပြားကို ကန်မိတဲ့ပုံပဲ။
သို့သော် သူသည် သူ့မာနကို မလျှော့ချနိုင်ပေ။
ထို့အပြင် သူသည် မိသားစုဟူသော စကားလုံးကို သုံးကာ သူတို့ကို အရူးလုပ်ချင်နေသည်။
ယဲ့ဖန် လှောင်ပြောင်လိုက်သည်။
" ဘယ်သူက မင်းရဲ့ မိသားစုလဲ "
" ငါ့ရဲ့ ပရောဂျက်ကို ကြိုက်သလို ယူလို့ရမယ်လို့ ထင်နေတာလား။ တကယ်လို့ အခု ခင်ဗျားက ပြန်ပေးချင်နေတယ်ဆိုရင်တောင် အဲ့တာကို မလိုချင်တော့ဘူး "
ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် သူ့ချွေးများကို သုတ်လိုက်သည်။
" သူဌေးယဲ့၊ ငါက မင်းကိုနောက်တာပါ။ ငါ မင်းကို ဆန့်ကျင်ဖို့ မရည်ရွယ်ပါဘူး။ ငါ့ဝမ်းကွဲရဲ့မျက်နှာကို ထောက်ပြီး မင်းတို့က ဒီကိစ္စကိုဆက်ပြီး မရှည်အောင် မျှော်လင့်မိတယ်။ ဟုတ်တယ်မလား "
ယဲ့ဖန်သည် ခေါင်းညိတ်လိုက်သည်။
" ငါ မင်းကို လွှတ်ပေးနိုင်တယ် … "
" မင်းက ငါတို့ကို လျော်ကြေး ယွမ်သန်း၁၀၀ ပေးတာနဲ့ ငါ မင်းကို လွှတ်ပေးမယ် "
ဝေ့ကွမ်းဟွေ့ မပျော်နိုင်ခင်မှာပင် ယဲ့ဖန်သည် ထပ်ဖြည့်၍ ပြောလိုက်သည်။
ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် မျက်နှာရှုံ့မဲ့သွားသည်။
" သူဌေးယဲ့၊ နောက်နေတာလား။ ဒီကုမ္ပဏီကတောင် ယွမ်သန်း၁၀၀ မတန်ပါဘူး။ အဲ့လောက်ငွေကို မတတ်နိုင်ဘူး "
ယဲ့ဖန်သည် ဖြည်းညှင်းစွာ ပြုံးလိုက်သည်။
" ဒါပေါ့၊ မင်းက အဲ့တာကို မတတ်နိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့ဝမ်းကွဲကတော့ တတ်နိုင်တယ် "
တစ်ဖက်မှလူသည် သူ့ကို လွယ်လွယ်နှင့် အလွတ်မပေးကြောင်း ဝေ့ကွမ်းဟွေ့ သိသွားသည်။
သူသည် အံကြိတ်လိုက်ပြီး ကော်ဖီစားပွဲပေါ်ရှိ အသီးပန်းကန်မှ အသီးလှီးဓားကို ရုတ်တရက်ဆွဲယူလိုက်သည်။
ချန်းရွှမ်သည် သတိရှိစွာဖြင့် ယဲ့ဖန်၏ ရှေ့တွင် ရပ်လိုက်သည်။
" ရှင် ဘာလုပ်တာလဲ "
ဝေ့ကွမ်းဟွေ့သည် ရွေးချယ်စရာမရှိဘဲ ကြမ်းတမ်းစွာ လုပ်ရန် တွန်းပို့ခံနေရသည်။
ယဲ့ဖန်သည် ပို၍ပင် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
" အိုး၊ ခင်ဗျားက ခြောက်လန့်ဖို့ ကြိုးစားနေတာလား "
" ဒါဆိုလည်း ခင်ဗျား ငါ့ရှေ့မှာ သေသွားတာနဲ့ ငါ ဒီကိစ္စကို ဆက်ပြီးရှည်အောင် မလုပ်တော့ဘူး "
ဝေ့ကွမ်းဟွေ့သည် တောင့်တင်းသွားသည်။
ဒီကောင်က ဆွဲဆောင်ပြီး ပြောပြော၊ ခြိမ်းခြောက်ပြီး ပြောပြော တကယ် နားထောင်ဘူးပဲ။
ဒီကောင်က အဲ့တာကို မကြောက်ဘူးလား။
" မင်း … ငါ့ကို တွန်းအားမပေးနဲ့။ ငါက စိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်နေပြီး စိတ်ရောဂါကုဆေးတွေ သောက်နေရတာ တော်တော်ကြာခဲ့ပြီ။ တကယ်လို့ မင်းငါ့ကို အရမ်းတွန်းပို့နေရင် ငါ ဘာမဆိုလုပ်မိလိမ့်မယ် "
" တကယ်လို့ ခင်ဗျား တိုက်ခိုက်ချင်နေတယ်ဆိုရင် မြန်မြန်သာလုပ်။ ခင်ဗျားကိုယ်ခင်ဗျား ထိုးလိုက်တာနဲ့ လွှတ်ပေးမယ် "
" ငါ … ငါ မင်းကို ခြောက်လန့်နေတာမဟုတ်ဘူး။ ငါ တကယ် လှုပ်ရှားရဲတယ် "
" ဒါဆိုလည်း အချိန်ဖြုန်းနေတာကို ရပ်လိုက်ပြီး မြန်မြန်သာလုပ် "
ယဲ့ဖန်သည် သူ့လှည့်ကွက်များအောက် မရောက်သွားပေ။
သူသည် ဆက်ပြီး သွေးထိုးလှုံ့ဆော်ပေးနေသည်။
ဝေ့ကွမ်းဟွေ့သည် အံကြိတ်လိုက်သည်။
" ကောင်းပြီ။ နောင်တမရနဲ့ … "
ပြောနေရင်းဖြင့် သူသည် အသီးလှီးဓားကို ဝှေ့ယမ်းလိုက်ပြီး သူ့ဗိုက်ကို ထိုးလိုက်သည်။
ဘန်း
ထိုအချိန်တွင် ရုံးခန်းတံခါးသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။
ဝေ့ချန်းဖန်းသည် အိပ်ရာဝင်ဝတ်စုံနှင့် လျင်မြန်စွာ ပြေးဝင်လာသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ကြည့်ရှုနေသော ဝန်ထမ်းများစွာ ရှိနေသည်။
ဥက္ကဌဝေ့က သူ့ကိုယ်သူ အသီးလှီးဓားနှင့် တကယ်ပင် ထိုးလိုက်သောအခါ သူတို့သည် ကြက်သေ သေသွားကြသည်။
" ဥက္ကဌက ဘာမှားနေတာလဲ။ ဘာလို့ သူ့ကိုယ်သူ ဓားနဲ့ ထိုးလိုက်တာလဲ "
" မေးနေဖို့ လိုအပ်သေးလို့လား။ သူဆန့်ကျင်ဖို့ မတတ်နိုင်တဲ့ အကောင်ကြီးတစ်ယောက်ကို ဆန့်ကျင်လိုက်တယ်ဆိုတာ သိသာတယ်။ ဝေ့လူကြီးမင်းတောင် ဒီမှာရှိနေတာကို မင်းတို့ မမြင်ကြဘူးလား "
" အဲ့တာဟုတ်တယ်။ ဝေ့လူကြီးမင်းက ယန်းချန်မြို့ အိမ်ခြံမြေလောကရဲ့ ထိပ်တန်းသူဌေးကြီးတစ်ယောက်လေ။ သူတောင် တကယ်ကြီး နိုးနိုးကြားကြား ဖြစ်နေရတာ။ တစ်ဖက်ကလူက တော်တော်လေး နောက်ခံတောင့်တဲ့ပုံပဲ "
" ပြီးတော့ မင်းသတိမထားမိဘူးလား။ ဝေ့လူကြီးမင်းပ သူ့အဝတ်အစားတွေတောင် လဲမလာဘူးလေ "
" မင်းသာ မပြောလိုက်ဘူးဆိုရင် ငါသတိထားမိမှာ မဟုတ်ဘူး။ ကြည့်ရတာ တစ်ဖက်ကလူက တော်တော် ဩဇာအာဏာရှိတဲ့ပုံပဲ။ ဝေ့လူကြီးမင်းတောင် သူ့ကိုကြောက်နေတယ် "
" ဟိုကြည့်ကောင်းတဲ့လူက ဘယ်သူလဲ။ သူက ချောရုံတင်မဟုတ်ဘူး။ ဩဇာအာဏာလည်း ရှိသေးတယ်။ တကယ်လို့ ငါ့မှာသာ ဒီလို ချစ်သူမျိုး ရှိမယ်ဆိုရင် ယန်းချန်မြို့မှာ ငါ လုပ်ချင်တာလုပ်လို့ ရနိုင်သွားပြီ မဟုတ်ဘူးလား "
" အဲ့လောက်တောင် အချစ်နွံနစ်မနေနဲ့။ သူ့ကောင်မလေးက ဘယ်လောက်တောင် လှတယ်ဆိုတာ နင်မမြင်ဘူးလား "
" ငါက စိတ်ကူးယဥ်ကြည့်ရုံပါ "
ဘန်း
ရုံးတံခါးသည် ပြန်ပိတ်သွားပြီး ထိုလူများ၏ အသံကို တားဆီးလိုက်သည်။
ဝေ့ကွမ်းဟွေ့သည် သူ့ဝမ်းကွဲကို မြင်သောအခါ သူ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားသည်။
" အစ်ကိုဖန်း … "
ဝေ့ချန်းဖန်းသည် သူ့ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်သည်။
သူသည် ယဲ့ဖန်ဆီသို့ အမြန် လမ်းလျှောက်သွားသည်။
" ယဲ့လူကြီးမင်း၊ ခင်ဗျားကို ပြဿနာတွေတက်စေမိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ် "
သူ၏ ခန္ဓာကိုယ်ကို ကွေးညွတ်ထားပြီး သူ့အသံကလည်း အလွန်ပင် တလေးတစား ဖြစ်နေသည်။
လက်အောက်ခံဟူသော စကားလုံးမျိုးကို သူသည် အပြည့်အဝ ပြုမူပြနေသည်။
သူ့ဘေးနားတွင် ရှိနေသော ဝေ့ကွမ်းဟွေ့နှင့် ပေါင်ရွှေအန်းတို့သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြပြီ ဖြစ်သည်။
သူတို့အတွက် ဝေ့ချန်းဖန်းသည် ပုံမှန်မဟုတ်သော အကောင်ကြီးတစ်ယောက် ဖြစ်သည်။
အမြဲလိုလိုပင် သူတို့အားလုံးသည် သူ့ရှေ့ရောက်လျှင် တုန်လှုပ်ခြောက်ခြားခြင်း စိတ်အာရုံကို ခံစားခဲ့ရသည်။
ယခုအခါ ဝေ့ချန်းဖန်းသည်ပင် ထိုလူငယ်လေးကို တလေးတစား ဖြစ်နေရသည်။
ထိုကောင်လေး၏ သရုပ်မှန်သည် မည်မျှ ကြောက်ဖို့ကောင်းသည်ဆိုတာကို လူတစ်ယောက်မှ သိနိုင်သည်။
" သွားပြီ။ ငါဒီတစ်ခါ တကယ်သေပြီ … "
လင်းယွမ်အိမ်ခြံမြေသည် လွယ်ကူသောပစ်မှတ်ဖြစ်သည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော် သူတို့၏ နောက်ကွယ်တွင် ရှိနေသောလူသည် အလွန်ပင် ဩဇာအာဏာရှိနေမည်ဟု သူတို့ မထင်ထားခဲ့မိကြချေ။
ယဲ့ဖန်သည် သစ်သီးပန်းကန်ပေါ်မှ လိမ္မော်သီးတစ်လုံးကို ယူလိုက်သည်။
ဝေ့ချန်းဖန်းကို ပြန်လှည့်မကြည့်ခင် အခွံကို ခွာလိုက်ပြီးနောက်တွင် ချန်းရွှမ်ကို တစ်စိတ်ကျွေးလိုက်သည်။
ထို့နောက်တွင် နောက်တစ်စိတ်ကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
" ဒါက ဝေ့လူကြီးမင်း မဟုတ်လား။ ကျွန်တော် ခင်ဗျားကို မမြင်ရတာတောင် ကြာနေပြီ။ ခင်ဗျားက ကိုယ်အလေးချိန်တောင်တိုးလာပုံပဲ "
ထိုသည်ကို ကြားလိုက်သောအခါ ဝေ့ချန်းဖန်းသည် ချက်ချင်းပင် တုန်ယင်သွားသည်။
" ယဲ့လူကြီးမင်း၊ ခင်ဗျားရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီအတောအတွင်း အိမ်မှာပဲ အချိန်ဖြုန်းဖြစ်နေပြီး အပြင်မှာ ဘာဖြစ်ဖြစ် ဂရုမစိုက်ခဲ့ပါဘူး။ အဲ့တာကြောင့် နည်းနည်း ဝလာတာပါ "
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်များသည် ညင်သာစွာ တွန့်ကွေးသွားသည်။
" အပြင်လောကကို လျစ်လျူရှုထားတားလား။ အဲ့တာက မမှန်ဘူးလေ၊ ဟုတ်တယ်မလား။ လင်းယွမ်အိမ်ခြံမြေရဲ့ စီမံကိန်းကို လုယူဖို့ ခင်ဗျားက ညွှန်ကြားလိုက်တာလို့ ခင်ဗျားဝမ်းကွဲစီက ကြားထားတယ် "
ဝေ့ချန်းဖန်း၏ အမူအရာသည် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။
" ယဲ့လူကြီးမင်း၊ အဲ့ကောင်ရဲ့ ပေါက်ကရတွေကို နားမထောင်ပါနဲ့။ တကယ်လို့ ကျွန်တော်မှာ အူအခွေ၁၀၀ ရှိမယ်ဆိုရင်တောင်မှ ကျွန်တော်က လူကြီးမင်းရဲ့ စီမံကိန်းကို မလုယူရဲပါဘူး … "
ထို့နောက် သူသည် ချက်ချင်းပင် ဝေ့ကွမ်းဟွေ့ကို ပါးရိုက်လိုက်သည်။
" မင်းဘာသာမင်း ရှင်းရှင်းလင်းလင်း ပြောလိုက်တာ ပိုကောင်းမယ်။ ယဲ့လူကြီးမင်းရဲ့ စီမံကိန်းကို လုယူဖို့ ဘယ်သူကပြောတာလဲ "
အပိုင်း ( ၁၀၇၂ )
နောက်ကွယ်မှာ မကောင်းကြောင်းကို မပြောနဲ့
ဝေ့ကွမ်းဟွေ့သည် သူ့မျက်နှာကို ဖုံးထားလိုက်ပြီး ရှိုက်ငိုနေသည်။
" ကျွန်တော် … ကျွန်တော် ကိုယ့်ဘာသာ ဆုံးဖြတ်ချက် ချခဲ့တာပါ။ ယဲ့လူကြီးမင်းကို ဆန့်ကျင်မိမယ်လို့ မထင်ထားခဲ့မိပါဘူး … "
သူ ဘာမှ မပြောလိုက်လျှင်ပင် ပိုကောင်းလိမ့်မည်ဖြစ်သည်။
သို့သော် သူပြောလိုက်သည်နှင့် ဝေ့ချန်းဖန်းသည် ချက်ချင်းပင် ဒေါသတကြီးဖြစ်သွားသည်။
သူသည် ထိုတစ်ယောက်ကို လာပြီး ထိုးကြိတ် ကန်ကျောက်တော့သည်။
" ခွေးသူတောင်းစား၊ ငါ မင်းကြောင့် ဒုက္ခရောက်နေပြီဆိုတာကို မင်းသိလား။ ယဲ့လူကြီးမင်းရဲ့ စီးပွားရေးကို မင်းက ခိုးယူရဲသေးတာလား။ တကယ်လို့ မင်း သေချင်နေတယ် ဆိုရင်တောင် ငါ့ကိုလာပြီး ဆွဲမချနဲ့။ သေစမ်း၊ မင်းကို ငါသတ်မယ် "
သူသည် ကျိန်ဆဲနေရင်း ဝေ့ကွမ်းဟွေ့ကို ထိုးကြိတ်ကန်ကျောက်နေသည်။
သို့သော် ဝေ့ချန်းဖန်းသည် မင်းသားတစ်ပါးလိုသာ နေထိုင်ခဲ့ရသည်။
ထို့ကြောင့် သူများကို အနည်းငယ် ရိုက်ပြီးသည့်နောက်တွင် သူသည် အသက်ရှူကြပ်လာခဲ့သည်။
သူ့လက်ကို မြှောက်လိုက်ပြီး ပေါင်ရွှေအန်းကို ညွှန်ပြလိုက်သည်။
" မင်း၊ သူ့ကို အသေရိုက်။ တကယ်လို့ ငါ မရပ်ခိုင်းဘူးဆိုရင် မင်း ရပ်လို့မရဘူး "
" အာ "
ပေါင်ရွှေအန်းသည် ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်သွားသည်။
သူက ငါ့ကို ဝေ့ကွမ်းဟွေ့ကို ရိုက်စေချင်နေတာလား။
ဒါကြီးက မဟုတ်သေးဘူး။
ဖြောင်း
သူ တုံ့ဆိုင်းနေစဥ်မှာပင် ဝေ့ချန်းဖန်းသည် သူ့ကို ပါးရိုက်လိုက်သည်။
" ဘာတွေ လုပ်နေတာလဲ။ ဒီကောင်ဆီကနေ အဲ့လို အကြံဆိုးမျိုး ဘယ်လိုလုပ် ထွက်လာနိုင်မှာလဲ။ ဒါက မင်းမြှောက်ပေးလိုက်တာပဲ ဖြစ်ရမယ် "
" တကယ်လို့ မင်း မလှုပ်ရှားသေးဘူးဆိုရင် ငါ မင်းကိုလည်း ရိုက်မယ် "
ပေါင်ရွှေအန်းသည် သူ့ရိုက်ချက်ကြောင့် ကြယ်လများကို မြင်နေရသည်။
သူသည် မတုံ့ဆိုင်းရဲတော့ပဲ ဝေ့ကွမ်းဟွေ့ ရှေ့သို့ အမြန် လမ်းလျှောက်သွားတော့သည်။
" ဥက္ကဌဝေ့၊ တောင်းပန်ပါတယ်။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး "
ထို့နောက် သူသည် ဝေ့ကွမ်းဟွေ့၏ မျက်နှာကို ရိုက်ချလိုက်သည်။
သူသည် ဝပြီး ပေါင်၂၀၀ကျော် ကိုယ်အလေးချိန်ရှိသည်။
အဆိုပါလူမှ ရိုက်ချက်၏ အင်အားသည် ဝေ့ချန်းဖန်းထက် အတော်လေးပင် ပြင်းထန်ပြီး အားပါလှသည်။
ထို့ကြောင့် ဝေ့ကွမ်းဟွေ့ကို ထိသွားပြီး သူသည် နေရာတွင်ပင် နှစ်ပတ်လောက် လည်ထွက်သွားသည်။
" သေစမ်း၊ မင်းက ငါ့ကို တကယ်ကြီး ရိုက်ရဲနေတာလား "
ဝေ့ကွမ်းဟွေ့သည် ဝေ့ချန်းဖန်းကို ပြန်ပြီး မတိုက်ခိုက်ရဲပေ။
သို့သော် သူ့လက်အောက်ငယ်သားကိုတော့ သူသည် ယဥ်ကျေးနေမည် မဟုတ်ချေ။
သူသည် ချက်ချင်းပင် အလောတကြီး ထရပ်လိုက်ပြီး ပေါင်ရွှေအန်းနှင့် တိုက်ခိုက်တော့သည်။
သို့သော် ပေါင်ရွှေအန်းသည် ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိနေသည်။
သူသည် လျင်မြန်စွာဖြင့် ဝေ့ကွမ်းဟွေ့၏ ကျောကို ခွစီးလိုက်ပြီး ရှေ့နောက်နှစ်ဖက်လုံးမှ တိုက်ခိုက်လိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း
" အား … ငါ့ကိုကယ်ပါ … လူသတ်သမားကြီး … ဝမ်းကွဲ … ငါ့ကိုကယ်ပါဦး … ငါ မှားမှန်းသိပါပြီ "
ဝေ့ကွမ်းဟွေ့သည် အညိုမဲစွဲအောင် ရိုက်နှက်ခံနေပြီး သနားညှာတာပေးရန် တောင်းပန်နေရသည်။
သို့သော် ဝေ့ချန်းဖန်းသည် နားကန်းတစ်ယောက်လို လုပ်နေပြီး ထိုမြင်ကွင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
၅မိနစ် ၆မိနစ် ပြည့်သွားသောအခါ ဝေ့ကွမ်းဟွေ့၏ ပါးနှစ်ဖက်လုံးသည် ဖူးယောင်နေပြီး ဝက်ခေါင်းလိုပင် ဖြစ်နေပြီ ဖြစ်သည်။
သူသည် ပေါင်ရွှေအန်းထက်ပင် နှစ်ဆလောက် ဝပြဲနေပြီ ဖြစ်သည်။
ထို့အပြင် သူသည် ဘာအသံမှ မထွက်နိုင်တော့ဘဲ အချိန်မရွေး မေ့လဲသွားနိုင်သည့်ပုံ ပေါ်နေသည်။
" ရပ်လိုက်တော့ "
ထိုအခါမှသာ ဝေ့ချန်းဖန်း တားလိုက်သည်။
သူသည် စားပွဲခုံပေါ်မှ ရေတစ်ခွက်ကို ယူလိုက်ပြီး ထိုကောင်၏ မျက်နှာကို ပက်လိုက်သည်။
နောက်ဆုံးတွင် ဝေ့ကွမ်းဟွေ့သည် အနည်းငယ် အမူးပြေသွားပြီး သူ၏ မျက်နှာသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာသည်။
ဝေ့ချန်းဖန်းသည် သူ့ကို ဆွဲထူလိုက်သည်။
" မင်း သေချင်လား၊ အသက်ရှင်ချင်လား "
ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
" ကျွန်တော် အသက်ရှင်ချင်ပါတယ် "
ဝေ့ချန်းဖန်းသည် သူ့ကို လွှတ်လိုက်သည်။
" တကယ်လို့ မင်း အသက်ရှင်ချင်တယ်ဆိုရင် ယဲ့လူကြီးမင်းကို ဒူးထောက်ပြီး မင်းကို အသက်ရှင်ခွင့်ပေးဖို့ တောင်းပန်လိုက် "
ဝေ့ကွမ်းဟွေ့သည် သူ့ကို ဇဝေဇဝါ ကြည့်လိုက်သည်။
" ဒူးထောက်ရမှာလား "
သူသည် နားမလည်နိုင် ဖြစ်နေသေးသည်။
ငါ့ဝမ်းကွဲက ယန်းချန်မြို့မှာ အရမ်း ဩဇာအာဏာရှိတယ် မဟုတ်ဘူးလား။
သူက ဘာလို့ ဒီလူငယ်လေးကို အရမ်းကြောက်လန့်နေရတာလဲ။
အခု ငါ့ကို တကယ်ကြီး ဒူးထောက်ပြီး သူ့ကို တောင်းပန်ခိုင်းနေတာလား။
ဒါကြီးက အရမ်းအရှက်ကွဲသလို ဖြစ်မနေဘူးလား။
ဝေ့ကွမ်းဟွေ့မှ တွေဝေနေသည်ကို မြင်သောအခါ ဝေ့ချန်းဖန်းသည် သူ့ကို ပါးထပ်ရိုက်လိုက်သည်။
" အခု ယန်းချန်မြို့မှာ ယဲ့လူကြီးမင်းရဲ့ စကားတစ်ခွန်းနဲ့ ပြီးတယ်ဆိုတာကို မင်း မသိဘူးလား။ တကယ်လို့ သူသာ မင်းကို သေစေချင်တယ်ဆိုရင် မင်း မနက်ဖြန်ဆိုတာ မြင်ရတော့မှာ မဟုတ်ဘူး။ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး "
ဝေ့ကွမ်းဟွေ့သည် အလွန်ပင် တုန်ရီသွားသည်။
သူ့ထက်ပင် ငယ်ရွယ်သော ထိုကောင်လေးတွင် ဤမျှ ကြောက်ဖို့ကောင်းသော အင်အား ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ပလုတ်ဟူသော မြည်သံနှင့်အတူ သူသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် … ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ခွေးလိုအသက်ကို သက်ညှာပေးပါ "
ယဲ့ဖန်သည် ခြေချိတ်ထိုင်နေပြီး လိမ္မော်သီးစားနေသည်။
သူသည် ဘာမှ စကားမပြောပေ။
သူ စကားမပြောသောကြောင့် တခြားလူများသည်လည်း စကားမပြောရဲ ဖြစ်နေသည်။
ရုံးခန်းတစ်ခန်းလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးသည့်နောက် ယဲ့ဖန်သည် လိမ္မော်သီးကို စားပြီးသွားပြီး အခွံတွေကို ကော်ဖီစားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ထို့နောက်တွင် ဝေ့ချန်းဖန်းကို ကြည့်လိုက်သည်။
" ဝေ့လူကြီးမင်း၊ သူ့ကို ဘာလုပ်သင့်တယ်လို့ ခင်ဗျားထင်လဲ "
သူသည် ဝေ့ကွမ်းဟွေ့ကို မမေးခဲ့ပေ။
ထိုကောင်သည် သူနှင့် စကားပြောရန် အဆင့်မမှီပေ။
ဝေ့ချန်းဖန်းသည် ခက်ခဲသော အခြေအနေဖြစ်သွားသည်။
ယဲ့ဖန်မှ အဆိုပါ ခက်ခဲသော မေးခွန်းကို သူ့စီ ပစ်လွှတ်လိုက်သည်။
ဘာပြောရမလဲဆိုတာကို သူမသိပေ။
လျှော့လျှော့ပေါ့ပေါ့ လုပ်လိုက်ပါက ယဲ့ဖန်သည် ကျေနပ်လိမ့်မည် မဟုတ်ပေ။
ပြင်းပြင်းထန်ထန် လုပ်လိုက်ပါကလည်း သူ့ဝမ်းကွဲသည် အလွန် မြင်ရက်စရာမကောင်းသော အနေအထားမျိုးဖြင့် သေချာပေါက် အဆုံးသတ်ရလိမ့်မည်ဖြစ်သည်။
ထိုသို့ဖြစ်ပါက သူ့မိသားစုကို ရှင်းပြနိုင်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။
ခဏလောက် တုံ့ဆိုင်းပြီးသည့်နောက်တွင် သူ အံကြိတ်လိုက်သည်။
" အရာအားလုံးက ယဲ့လူကြီးမင်းနဲ့ ဆိုင်ပါတယ်။ ကျွန်တော့်မှာ ကန့်ကွက်စရာမရှိပါဘူး "
ယဲ့ဖန်သည် ပြုံးလိုက်ပြီး ဝေ့ကွမ်းဟွေ့ကို ကြည့်လိုက်သည်။
ဝေ့ကွမ်းဟွေ့သည် အတော် ကြောက်လန့်နေသည်။
ယခုအခါ သူ့ဘဝသည် တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသည်။
ထို့ကြောင့် သူသည် စိတ်ဖိစီးနေရသည်။
ယဲ့ဖန်သည် သူ့အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်သည်။
" မေ့လိုက်တော့၊ ဝေ့လူကြီးမင်းကို မျက်နှာသာပေးလိုက်မယ်။ ဒီတစ်ခါ မင်းအသက်ကို သက်ညှာပေးလိုက်မယ် … "
ဝေ့ချန်းဖန်းသည် ချက်ချင်းပင် အပျော်လွန်သွားပြီး အမြန်ပင် ဝေ့ကွမ်းဟွေ့ကို ကန်လိုက်သည်။
" မြန်မြန်လုပ်ပြီး ယဲ့လူကြီးမင်းရဲ့ ကြီးမားတဲ့ကြင်နာမှုကို ကျေးဇူးတင်လိုက် "
နောက်ဆုံးတွင် ဝေ့ကွမ်းဟွေ့သည် တုံ့ပြန်လိုက်ပြီး အလွန်အမင်း ကျေးဇူးတင်လိုက်သည်။
" ကျွန်တော့်ရဲ့အသက်ကို သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယဲ့လူကြီးမင်း၊ အနာဂတ်မှာ ကျွန်တော် လူကြီးမင်းအတွက် နွားတစ်ကောင် ဒါမှမဟုတ် မြင်းတစ်ကောင်လို အလုပ်လုပ်ပြီး ခင်ဗျားကို ပြန်ပေးဆပ် … "
သူ့စကားမဆုံးခင်မှာပင် ယဲ့ဖန်သည် ဆက်ပြောလိုက်သည်။
" သေတာကနေ ရှောင်ရှားနိုင်တယ်။ ဒါပေမဲ့ အပြစ်ပေးမှုကနေတော့ ရှောင်လို့မရဘူး။ တကယ်လို့ ငါသာ ခင်ဗျားကို ဒီလို လွှတ်ပေးလိုက်မယ်ဆိုရင် တခြားသူတွေက ငါ့ကို ဘယ်လိုထင်နေမလဲ "
ထိုသို့ ပြောပြီးသည့်နောက် ယဲ့ဖန်သည် ရပ်တန့်လိုက်သည်။
သူသည် သေချာပေါက်ပင် ဝေ့ချန်းဖန်း၏ ဖြေရှင်းချက်ကို စောင့်နေသည်ဆိုတာ သိသာလှသည်။
ဝေ့ကွမ်းဟွေ့၏ အပြုံးသည် တောင့်တင်းသွားပြီး သူ့ဝမ်းကွဲကို ကြည့်လိုက်သည်။
ဝေ့ချန်းဖန်း၏ အမူအရာများသည် ထပ်ခါတလဲလဲ ပြောင်းလဲနေသည်။
" ဒီခွေးသူတောင်းစားက စာချုပ်ကို အရင်ချိုးဖောက်ခဲ့တာမလို့ သဘာဝကျကျ ဒီစီမံကိန်းကို လင်းယွမ်အိမ်ခြံမြေဆီ ပြန်ပေးသင့်ပါတယ် "
ယဲ့ဖန်သည် သူ့ကို အေးဆေးစွာ ကြည့်လိုက်သည်။
" အဲ့တာပဲလား "
ဝေ့ချန်းဖန်း အံကြိတ်လိုက်သည်။
" ကျွန်တော် သူ့ကိုယ်စား လင်းယွမ်အိမ်ခြံမြေကို လျော်ကြေး ယွမ်သန်း၁၀၀ပေးဖို့ ဆန္ဒရှိပါတယ် "
ဝေ့ကွမ်းဟွေ့သည် ချက်ချင်းပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
" ဝမ်းကွဲ၊ အဲ့တာက အရမ်းမများလွန်းဘူးလား။ ကျွန်တော် ..... "
သူ ပြီးအောင် မပြောရသေးခင်မှာပင် ဝေ့ချန်းဖန်းသည် သူ့ကို ပါးထက်ရိုက်လိုက်သည်။
" ပါးစပ်ပိတ်ထား။ မင်းက ဒီမှာ စကားပြောခွင့်မရှိဘူး "
ထိုသို့ ပြောပြီးသည့်နောက်တွင် သူ့ခေါင်းကို မော့လိုက်ပြီး ယဲ့ဖန်၏ အမူအရာကို ကြည့်လိုက်သည်။
ယဲ့ဖန်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လာပြီး လမ်းလျှောက်လာကာ သူ့ပုခုံးကို ပုတ်လိုက်သည်။
" ဝေ့လူကြီးမင်း၊ ခင်ဗျားက တကယ်ကိုအတွေးအခေါ် ကောင်းတာပဲ။ ဒီရလဒ်ကို အရမ်းကျေနပ်တယ် "
" ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံရေးလုပ်တာက တကယ်ကို အကျိုးသက်ရောက်မှု ရှိနေသလိုပဲ "
ဝေ့ချန်းဖန်းသည် တောင်းတောင်းပန်ပန် ပြုံးလိုက်သည်။
" ဒီခွေးသူတောင်းစားက ယဲ့လူကြီးမင်းကို ပြဿနာ တက်စေခဲ့ပါတယ်။ ဒါပေမဲ့ လူကြီးမင်းက သူ့အသက်ကို သက်ညှာပေးလိုက်တဲ့အတွက် လုံးဝကို သဘောထားကြီးမားမြင့်မြတ်တယ်လို့ ယူဆလို့ ရနေပါပြီ "
ယဲ့ဖန်သည် ပြုံးပြီး သူ့ကို ကြည့်လိုက်သည်။
" ကိစ္စက ပြီးသွားပြီဆိုတော့ အရင် ပြန်တော့မယ်။ ဝေ့လူကြီးမင်းက ခင်ဗျားဝမ်းကွဲလို ကိုယ့်စကားကို ပြန်မရုတ်သိမ်းဘူးလို့ မျှော်လင့်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် နောက်တစ်ခါ ကျွန်တော်လာရရင် ဒီလောက် စကားပြောဖို့ လွယ်တော့မှာ မဟုတ်ဘူးဆိုတာ သိတယ်မလား။ ဟားဟား "
ထိုသို့ ပြောပြီးသည်နှင့် သူသည် ချန်းရွှမ်နှင့်အတူ ရုံးခန်းထဲမှ ထွက်သွားတော့သည်။
ယဲ့ဖန်ထွက်သွားသည်နှင့် ဝေ့ချန်းဖန်းသည် မတ်တပ် မရပ်နိုင်တော့ဘဲ ဆိုဖာပေါ် လဲကျသွားသည်။
ဝေ့ကွမ်းဟွေ့သည် ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။
" အစ်ကိုဖန်၊ ကျွန်တော်တို့က သူကို တကယ်ကြီး ယွမ်သန်း၁၀၀ လျော်ရမှာလား။ အဲ့တာ မများလွန်းဘူးလား။ အဲ့ကောင်စုတ်လေး … "
သူ ပြီးအောင် မပြောနိုင်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ဝေ့ချန်းဖန်းသည် သူ့ကို အေးစက်စွာ စိုက်ကြည့်သည်။
" မှတ်ထား၊ တကယ်လို့ မင်း မသေချင်ဘူးဆိုရင် ယဲ့လူကြီးမင်းရဲ့နောက်ကွယ်မှာ သူ့မကောင်းကြောင်းကို မပြောနဲ့။ အဲ့အကြောင်းကို တွေးတောင် မတွေးမိစေနဲ့ "
ဝေ့ကွမ်းဟွေ့သည် တုန်လှုပ်သွားသည်။
သူ့ဝမ်းကွဲသည် ယဲ့ဖန်ကို စိတ်ဝိဉာဥ်ထဲကပင် နက်နက်ရှိုင်းရှိုင်း ကြောက်နေပုံရသည်။
.........................
အခြားတစ်ဖက်တွင် ချန်းရွှမ်သည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေပြီး ယဲ့ဖန်ကို သိချင်စိတ် ပြင်းပြနေသော ကလေးတစ်ယောက်လို အကဲခတ်နေသည်။
ယဲ့ဖန်သည် သူ့မျက်နှာကို ထိလိုက်ပြီး သိချင်စွာဖြင့် မေးလိုက်သည်။
" ကိုယ့်မျက်နှာပေါ်မှာ ပန်းပွင့်နေလို့လား "
" ရှင် ခုနက တကယ် အရမ်းကြည့်လို့ကောင်းနေတာ "
ချန်းရွှမ်သည် ရုတ်တရက် ပြောမိသွားသည်။
သူမသည် အမြဲလိုလိုပင် ထိန်းသိမ်းစွာ နေတတ်သူ ဖြစ်ပြီး သူ့ကို ချိုမြိန်သော စကားလုံးများ ပြောသည်မှာ ရှားလှသည်။
ယနေ့တွင် ဤမိန်းမဆိုးလေးသည် ပထမဆုံးအကြိမ် ချိုမြမြ လုပ်နေခဲ့သည်။
ယဲ့ဖန်သည် လှည့်ပြီး သူမကို ကြည့်လိုက်သည်။
သူသည် လေးနက်စွာ မေးလိုက်သည်။
" ကိုယ်က ဘယ်အချိန် ကြည့်မကောင်းလို့လဲ "