အခန်း (၁၀၈၁-၁၀၈၄)
Vol. 55 Ch. 1081-1084
အပိုင်း ( ၁၀၈၁ )
ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်တွေ အကုန်လုံးက ဒီလောက်တောင် ကျော်ကြားကြတာလား
အလယ်မှ လမ်းလျှောက်လာသော သက်လတ်ပိုင်းလူသည် ဝေ့ချန်းဖန်းဖြစ်သည်။
အထွေထွေမန်နေဂျာဖြစ်သူ လုကျုချန်းဆီမှ ယဲ့ဖန်သည် သူတို့၏ ချန်းဖန်းအိမ်ခြံမြေဆီသို့ ရောက်လာသော သတင်းကို သူ ရရှိခဲ့သည်။
ထို့ကြောင့် အဝတ်အစားကို အလျင်အမြန်လဲကာ အလောတကြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဤသို့ လာသောလမ်းတွင် သူသည် အတော်လေးကိုပင် နေမထိထိုင်မသာ ဖြစ်ခဲ့ရသည်။
သူ၏ စိတ်ပျက်ဖွယ်ကောင်းသော ဝမ်းကွဲသည် ယဲ့လူကြီးမင်းကို ဆန့်ကျင်ခဲ့သည်။
ယဲ့လူကြီးမင်းက ဒီကို လက်စားချေဖို့ ရောက်လာများ ဖြစ်နိုင်မလား။
အတိအကျ ပြောရလျှင် အဆိုပါ ကိစ္စသည် မဖြစ်သင့်ပေ။
သူသည် တောင်းပန်ခဲ့ပြီး လျော်ကြေးငွေ ယွမ်သန်း၁၀၀ကိုလည်း ပေးခဲ့ပြီးပြီ ဖြစ်သည်။
ယဲ့ဖန်က ဒီလောက်တောင် ရန်လိုမနေသင့်ဘူးလေ၊ ဟုတ်တယ်မလား။
သို့သော် မည်သည့်ကိစ္စပင် ဖြစ်စေ သူသည် လူကိုယ်တိုင် လာခဲ့လိုက်သည်။
လုရှောင်လုသည်လည်း ဝေ့ချန်းဖန်းကို အံ့အားသင့်စွာ ကြည့်နေသည်။
" ဝိုး၊ အဲ့တာက ချန်းဖန်းအိမ်ခြံမြေရဲ့ သူဌေးကြီးလား။ သူက နည်းနည်း အသက်ကြီးနေပေမဲ့ အတော်လေး ချောပြီး ကြည့်ကောင်းနေသေးတာပဲ။ တကယ်လို့ အဲ့ပေါင်လုံးကို တွယ်ကပ်နိုင်မယ်ဆိုရင် ငါနေဖို့အတွက် အဆုံးမရှိတဲ့အိမ်တွေ ရှိလာလိမ့်မယ် "
လုရှောင်လု၏ မျက်လုံးများသည် အရောင်တောက်လာတော့သည်။
ဒီတောသားလူနုံ၊ ရှုတဝမ်က တော်တော်လေး ယုံကြည်လို့ မရနိုင်တာ သိသာတယ်။
သူမသည် နောက်ထပ် ငါးတစ်ကောင်ကို ဖမ်းရန် စတင်နေခဲ့ပြီ ဖြစ်သည်။
" ဒီနေ့ ဝေ့ချန်းဖန်းကို မြင်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ငါ ဘာမှမဟုတ်တာအတွက် ဒီကို လာခဲ့တာ မဟုတ်ဘူးဘဲ "
လင်းကျွင်းကျွင်းသည်လည်း အံ့ဩတုန်လှုပ်နေသည်။
သူမသည် အိမ်ခြံမြေ စီမံခန့်ခွဲမှုတွင် အလုပ်လုပ်ခဲ့ဖူးသည်။
ထို့ကြောင့် သူမသည် ယန်းချန်မြို့ရှိ အိမ်ခြံမြေလောက၏ ဤထိပ်သီးအကောင်ကြီးတစ်ယောက်ကို သဘာဝကျစွာဖြင့် စိမ်းသက်မနေပေ။
သူမသည် ဝေ့ချန်းဖန်း၏ ကိုယ်တိုင်ရေးအထုပတ္တိစာအုပ်ကို ယခင်က ဝယ်ခဲ့ဖူးပြီး သူ၏ စီးပွားရေးစတင်ခြင်း မှတ်တမ်းမှတ်ရာများကို သူမ၏ လက်ဖမိုးလိုပင် သိနေခဲ့သည်။
သူသည် သူမ၏ စံပြပုဂ္ဂိုဟ်ထဲမှ တစ်ယောက်ဟုပင် ယူဆ၍ ရနိုင်သည်။
သူမသည် ရှေးဟောင်းပစ္စည်းလောကသို့ အသက်မွေးဝမ်းကြောင်း ပြောင်းလာခဲ့သော်လည်း ဝေ့ချန်းဖန်းကို အလွန်ပင် လေးစားအားကျနေဆဲ ဖြစ်သည်။
ထို့ကြောင့် သူမသည် ပရိတ်သတ်တစ်ယောက်က စံပြပုဂ္ဂိုဟ်ကို တွေ့လိုက်ရသလိုပင် ဖြစ်နေသည်။
" သူ ငါတို့စီကို လာနေတဲ့ပုံပဲ။ ဒါက ငါ ဝေ့လူကြီးမင်းနဲ့ ရင်းနှီးနိုင်ဖို့ အခွင့်အရေး ရလာပြီလို့ ဆိုလိုနေတာ မဟုတ်ဘူးလား "
ဝေ့ချန်းဖန်းနှင့် သူ့လူတစ်စုသည် သူမတို့ဆီကို လမ်းလျှောက်လာနေသည်ကို မြင်သောအခါ လုရှောင်လုသည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ထို့နောက် ဝေ့ချန်းဖန်း၏ ခြေလှမ်းများသည် ပို၍ မြန်လာသည်ကို သူမ တွေ့လိုက်ရသည်။
အမှန်တကယ်တွင် ဝေ့ချန်းဖန်းသည် အလွန်ပင် စိုးရိမ်ပူပန်နေသောကြောင့် သူ့ခြေထောက်များကိုပင် သတိမထားမိပေ။
သူသည် ကြမ်းပြင်ပေါ်ရှိ လက်ကမ်းစာစောင်ပုံးတစ်ပုံးကို တိုက်မိပြီး လဲလုနီးပါး ဖြစ်သွားသည်။
သူ့ဘေးတွင် ရှိနေသော လက်အောက်ငယ်သား အနည်းငယ်သည် အလျင်အမြန် တုံ့ပြန်လိုက်ပြီး သူ့ကို ကူညီကာ ထူပေးလိုက်သည်။
သို့သော် ဝေ့ချန်းဖန်းသည် ထိုသည်ကို လုံးဝ ဂရုမစိုက်နိုင်ပေ။
သူသည် ယဲ့ဖန်ဆီသို့သာ အမြန်လမ်းလျှောက်သွားသည်။
" ယဲ့လူကြီးမင်း၊ ဘာလို့ ဒီမှာ ရောက်နေတာလဲ "
လင်းကျွင်းကျွင်းနှင့် လုရှောင်းလုသည် အဆိုပါ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမတို့၏ မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားကြသည်။
လင်းကျွင်းကျွင်းသည် မေပယ်စံအိမ်၏ စီမံခန့်ခွဲမှုများကိုသာ အာရုံစိုက်နေခဲ့သည်။
ထို့ကြောင့် သူမသည် ယဲ့ဖန်၏ တခြားစီးပွားရေးများအကြောင်းကို သိပ်မသိပေ။
သို့သော် ဝေ့ချန်းဖန်းကဲ့သို့ ယန်းချန်မြို့ရှိ အိမ်ခြံမြေလောက၏ အကောင်ကြီးတစ်ယောက်မှ ယဲ့ဖန်အား လူကိုယ်တိုင် လာတွေ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိကြချေ။
ထို့အပြင် ဝေ့ချန်းဖန်းသည် ယဲ့ဖန်၏ အရှေ့တွင် အနည်းငယ် မျက်နှာချိုသွေးနေသည်ဆိုတာကိုပင် လူတစ်ယောက်အနေဖြင့် မြင်နိုင်နေသည်။
ဤသည်ကား သူငယ်ချင်းများ သို့မဟုတ် စီးပွားရေးတွဲဖက်များကြားမှ တွေ့ဆုံခြင်းနှင့် မတူပေ။
သခင်နှင့် အစေခံ တွေ့ဆုံခြင်းနှင့်ပင် ပို၍ တူနေခဲ့သည်။
လုရှောင်လုနှင့် ရှုတဝမ်မှာတော့ သူတို့သည် မေးရိုးများပင် ပြုတ်ကျလုနီးပါး ဖြစ်နေသည်။
ဒီကောင်က ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ပဲ မဟုတ်ဘူးလား။
အိမ်ခြံမြေလောကက အကောင်ကြီးတစ်ယောက်က သူ့ကို ဘာလို့ အရမ်း လေးစားနေရတာလဲ။
ဒီနေ့ခေတ် ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင် အကုန်လုံးက ဒီလောက်တောင် ကျော်ကြားကြတာလား။
ပတ်လည်တွင် ရှိနေသော လူအုပ်ကြီးပင် အဆိုပါ မြင်ကွင်းကို တအံ့တဩ ကြည့်နေကြသည်။
" ဒီလူငယ်လေးက ဘယ်သူလဲ။ ဝေ့လူကြီးမင်းတောင် သူ့ကို အရမ်းလေးစားနေတဲ့ပုံပဲ "
" ဟုတ်တယ်၊ ဝေ့လူကြီးမင်းရဲ့ အမူအရာတွေကို ကြည့်လိုက်။ သူက အဲ့လူငယ်လေးကို နည်းနည်းတောင် ကြောက်နေသလိုပဲ "
" ငါ အဲ့လူငယ်လေးကို တကယ် မသိဘူး။ သူက ယန်းချန်မြို့က မိသားစုကြီးရဲ့ သခင်ငယ်လေးများ ဖြစ်နေမလား "
" အဲ့လို မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား။ ဘယ်မိသားစုက သခင်လေးက ဝေ့လူကြီးမင်းရဲ့ လေးစားမှုနဲ့ ထိုက်တန်လို့လဲ "
" ခေါင်းဆောင်ကြီးတချို့ရဲ့ ဒုတိယမျိုးဆက်ရော ဖြစ်မလား "
" အဲ့တာက အတော်လေး ဖြစ်နိုင်ချေရှိတယ် "
ဝေ့ချန်းဖန်း၏ ရောက်ရှိလာမှုကြောင့် ယဲ့ဖန်သည်လည်း အနည်းငယ် အံ့ဩသွားသည်။
" ကျွန်တော်က ဒီမှာ မိတ်ဆွေတစ်ယောက်နဲ့ ရှိနေတာပါ။ ခင်ဗျားက ဒီလောက်ကြီးထိ လုပ်ဖို့ လိုလို့လား "
သူ့စကားကို ကြားသောအခါ ဝေ့ချန်းဖန်းသည် ချက်ချင်းပင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဒါဆို သူဒီမှာ ပြဿနာရှာနေတာ မဟုတ်ဘူးဘဲ။
အဲ့တာဆို ကောင်းတယ်။
" ဟားဟား၊ ယဲ့လူကြီးမင်းအတွက် လူကိုယ်တိုင် ဒီကို လမ်းညွှန်ပြဖို့ ရောက်နေတာပါ။ သေချာပေါက်ကို အပြေးအလွှားလာရမှာပေါ့ "
ယဲ့ဖန်သည် ပြုံးလိုက်ပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
" ဝေ့လူကြီးမင်းရဲ့ စီမံကိန်းက သိပ်အောင်မြင်နေတာပဲ။ ကျွန်တော်တောင် အားကျမိပါတယ် "
ဝေ့ချန်းဖန်းသည် ချက်ချင်းပင် နားလည်မှု လွဲသွားပြီး အထွေထွေမန်နေဂျာ လုကျုချန်းကို ခေါ်လိုက်သည်။
" အထွေထွေမန်နေဂျာလု၊ ကျုပ်တို့ အဆောက်အဦးမှာ ဘယ်တိုက်ခန်းက အကောင်းဆုံးလဲ "
လုကျုချန်းသည် အလျင်အမြန်ပင် ပုံစံတွေထဲက တစ်ခုကို ညွှန်ပြလိုက်သည်။
" အဲ့တာက ကျွန်တော်တို့ အဆောက်အဦးရဲ့ဘုရင်ပါပဲ "
ဝေ့ချန်းဖန်းသည် ထိုတိုက်ကို ကြည့်လိုက်ပြီး အကောင်းဆုံး ရှုခင်းရှိနေသော အထပ်ကို ညွှန်ပြလိုက်သည်
" ၂၉လွှာက ရောင်းပြီးသွားပြီလား "
လုကျုချန်းသည် ခေါင်းညိတ်ပြလိုက်သည်။
" အဲ့တာက ချက်ချင်းပဲ ၁၅သန်းနဲ့ ရောင်းထွက်သွားပါတယ် "
ဝေ့ချန်းဖန်းသည် ချက်ချင်းပင် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
" ၂၉လွှာက ဝယ်သူကို ချက်ချင်း ဆက်သွယ်လိုက်။ ငါတို့ အဲ့တာကို ဈေးမြင့်မြင့်နဲ့ ပြန်ဝယ်ပြီး ယဲ့လူကြီးမင်းကို ပေးဖို့ ငါတို့က ဆန္ဒရှိတယ်လို့ ပြောလိုက် "
လင်းကျွင်းကျွင်းနှင့် တခြားလူများသည် အံ့အားသင့်သွားကြသည်။
" အိုး ဘုရားရေ၊ အခန်းကို အလကားပေးတာလား။ ၁၅သန်းတန်တဲ့ အိမ်လား "
လုရှောင်လုသည် မယုံကြည်နိုင် ဖြစ်နေသည်။
ဝေ့လူကြီးမင်းဆိုသူသည် ယဲ့ဖန်မှ သရုပ်ဆောင်ရန် ငှားထားသည်ဟုပင် သံသယဝင်နေသည်။
သို့သော် ဒုတိယအတွေးအရ ဝေ့ချန်းဖန်းကဲ့သို့ အကောင်ကြီးတစ်ယောက်သည် ယဲ့ဖန်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ခေါ်ယူရန် လွယ်ကူလိမ့်မည်ဟု မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ထိုသည်က ယဲ့ဖန်မှ ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင်လေးသာ မဟုတ်ကြောင်း သက်သေပြနေသည်။
၁၅သန်းတန်သော အိမ်ကို ဝယ်နိုင်သော လူသည် သေချာပေါက် သူဌေးကြီးတစ်ယောက် ဖြစ်လောက်သည်။
အကယ်၍ သူတို့မှ ပြန်ဝယ်ချင်ပါက အနည်းဆုံး ယွမ်သန်း၂၀ ကုန်ကျခံရလိမ့်မည် ဖြစ်ပြီး ကျေးဇူးကြွေးတင်မည် ဖြစ်သည်။
ထိုအကြောင်းများကို လင်းကျွင်းကျွင်းသည် ချက်ချင်းပင် ခွဲခြမ်းစိတ်ဖြာနေသည်။
သူမသည် အသေအချာ တွေးမိသွားသောအခါ မှင်သက်သွားသည်။
" ယွမ်သန်း၂၀ကျော်တဲ့ လက်ဆောင်တစ်ခုလား။ ဒါကြီးက အရမ်းကို ရက်ရောမနေလွန်းဘူးလား "
" ဘုရားရေ၊ ကျွင်းကျွင်း။ ငါ့ကို အမှန်ပြော။ ယဲ့ဖန်က ဘာအလုပ်လုပ်တာလဲ။ သူက ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင်တစ်ယောက် ဖြစ်နေရုံလောက် ရိုးရှင်းမှာ မဟုတ်ဘူးမှာကို စိုးရိမ်ရတယ်၊ ဟုတ်တယ်မလား "
လုရှောင်လုမှ ယဲ့ဖန်ကို ကြည့်သော အကြည့်များသည် ပြောင်းလဲသွားသည်။
လင်းကျွင်းကျွင်းသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
" တကယ်က … သူ့စီးပွားရေးက ဘယ်လောက်ကြီးလဲဆိုတာ ငါလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ရှေးဟောင်းပစ္စည်းဆိုင်က နှစ်စဥ် ၁ဘီလီယံဝင်ငွေရှိတယ် "
လုရှောင်လု၏ ခြေထောက်များသည် ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။
" ဘယ် … ဘယ်လောက်လဲ။ ၁ ဘီလီယံလား "
ရှေးဟောင်းပစ္စည်းဆိုင် တစ်ဆိုင်သည် ၁သန်းမျှသာ တန်လိမ့်မည်ဟု သူမ ထင်နေခဲ့သည်။
ထိုလုပ်ငန်းသည် စီးပွားရေး အကြီးစားတစ်ခုဖြစ်ပြီး ယွမ် ၁ ဘီလီယံ ရသည်အထိ နှစ်စဥ်ဝင်ငွေ ရှိနေမည်ဟု သူမသည် ထင်မထားခဲ့ချေ။
ထိုလူသည် တကယ်ပင် အခက်များသော သစ်ပင်ကြီး ဖြစ်နေသည်ဆိုတာကို သူမသည် မထင်ထားခဲ့ချေ။
ငါတကယ်ပဲ ရှုတဝမ်လို သစ်ခေါင်းပေါက်ကို ဆက်လိုက်နေခဲ့တာလား။
ဘယ်လောက်တောင် တုံးလိုက်လဲ။
ကြည့်နေသောလူများသည် ဝေ့ချန်းဖန်း၏ စကားများကြောင့် အလွန် တုန်လှုပ်သွားကြသည်။
" မင်းကြားလိုက်လား။ ဝေ့လူကြီးမင်းက အဲ့လူငယ်လေးကို တကယ်ပဲ ယွမ်၁၅သန်းတန်အိမ် ပေးချင်နေတာလား "
" အဲ့တာ ထိပ်ဆုံးထပ် ဇိမ်ခံအိမ်လေ။ ငါတို့တောင် အမိမဖမ်းနိုင်ဘူး။ အကောင်ကြီး တော်တော်များများကသာ ကြိုတင် အမိဖမ်းထားကြတာ "
" အဲ့လူငယ်လေးက ဘယ်သူလဲ။ ဝေ့လူကြီးမင်းက တန်ဖိုးအားလုံး ပေးဆပ်ပြီး သူ့ကို ချည်နှောင်လာအောင် လုပ်စေနိုင်တယ် "
" ငါ့ဆင်းရဲမွဲတေမှုက ငါ့စိတ်ကူးအိမ်မက်တွေကို ကန့်သတ်ထားတာပဲ "
" ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဝေ့လူကြီးမင်း။ ဒါပေမဲ့ ကျွန်နော် အဲ့အိမ်ကို မယူနိုင်ဘူး "
လုကျုချန်းသည် ဝယ်သူကို ဆက်သွယ်ရန်ပြင်လိုက်သောအခါ ယဲ့ဖန် ရုတ်တရက်စကားပြောလာသည်ကို ကြားလိုက်ရသည်။
သူသည် ရပ်တန့်သွားပြီး ဝေ့ချန်းဖန်းကို ကြည့်လိုက်သည်။
" ယဲ့လူကြီးမင်း … "
ဝေ့ချန်းဖန်းသည် သူ့ကို ထပ်၍ ဆွဲဆောင်ချင်နေသည်။
ယဲ့ဖန်သည် ချက်ချင်းပင် ကြားဖြတ် ပြောလိုက်သည်။
" ကျွန်တော်က ဘာမှမဟုတ်ဘဲနဲ့ လက်ဆောင်ကို မလိုချင်ဘူး။ တကယ်လို့ ဝေ့လူကြီးမင်းက ပေးမယ်ဆိုရင် ကျွန်တော်က ငွေပြန်ပေးရုံပဲ တတ်နိုင်တယ် "
ယဲ့ဖန် ထိုမျှလောက် စကားအများကြီး ပြောလာသောအခါ သူသည် တကယ်ပင် လက်ခံလိမ့်မည် မဟုတ်ဘူးဆိုသည်ကို ဝေ့ချန်းဖန်း သိနေသည်။
သူ အကြပ်အတည်း ဖြစ်နေစဥ်မှာပင် သူသည် လုရှောင်လုနှင့် ရှုတဝမ်ကို မြင်လိုက်သည်။
အစောပိုင်းတွင် ယဲ့ဖန်သည် သူ့မိတ်ဆွေ တစ်ယောက်နှင့်အတူ အိမ်ကြည့်ရန် လာခဲ့သည်ဟု ပြောခဲ့သည်။
သူက လက်ခံဖို့ ငြင်းလိုက်တော့ ငါ သူ့သူငယ်ချင်းကို ပေးနိုင်တယ်လေ၊ ဟုတ်တယ်မလား။
ဒါက ယဲ့လူကြီးမင်းကို သွယ်ဝိုက်ပြီး မျက်နှာသာပေးတာလို့ ယူဆလို့ရတာပဲ။
ထိုသည်ကို တွေးမိသောအခါ သူသည် ချက်ချင်းပင် ပြောလိုက်သည်။
" ခင်ဗျားတို့ နှစ်ယောက်က ယဲ့လူကြီးမင်းရဲ့မိတ်ဆွေတွေလား။ ခင်ဗျားတို့ ဘယ်တိုက်ခန်းကို ကြိုက်လဲ။ ကျုပ် ခင်ဗျားတို့ကို ၅၀% ဈေးလျှော့ ပေးနိုင်တယ် "
ရှုတဝမ်နှင့် လုရှောင်လုသည် ကြည်နူးစွာအံ့ဩသွားကြသည်။
ဒါက ၅၀% လျှော့ဈေး။
တကယ်လို့ ငါတို့ ပြန်ရောင်းလိုက်မယ်ဆိုရင်တောင်မှ သန်းအနည်းငယ် ရနိုင်တယ်။
သူတို့နှစ်ယောက် စကားပြောရန် ပြင်လိုက်ချိန်မှာပင် ယဲ့ဖန်သည် အေးစက်စွာ ပြောလိုက်သည်ကို သူတို့ ကြားလိုက်ရသည်။
" သူတို့က ကျွန်တော့် မိတ်ဆွေတွေ မဟုတ်ဘူး။ တကယ်လို့ ဝေ့လူကြီးမင်းက သူတို့ကိုပေးမယ်ဆိုရင် ခင်ဗျားရဲ့ ကြင်နာမှုကို ကျွန်တော်က အသိအမှတ်ပြုမှာ မဟုတ်ဘူး "
အပိုင်း ( ၁၀၈၂ )
အဲ့စံနှုန်းနဲ့ ကိုက်ညီလောက်တယ်၊ ဟုတ်တယ်မလား။
ထိုစကားကို ကြားသောအခါ ဝေ့ချန်းဖန်းသည် ကြောင်အစွာ ပြုံးလိုက်သည်။
" ဒါဆိုလည်း အဲ့တာကို မေ့လိုက်ပါ "
ရှုတဝမ်နှင့် လုရှောင်လုသည် ချက်ချင်းပင် စိတ်ပျက်သွားကြသည်။
သူတို့သည် သွေးအန်ချင်စိတ်ပင် ပေါက်သွားကြသည်။
သို့သော် သူတို့သည် ယဲ့ဖန်ကို အကြိမ်ပေါင်းများစွာ လှောင်ပြောင်ခဲ့ပြီး အတော်ပင် ဆန့်ကျင်ခဲ့မိကြောင်းကို သိနေသည်။
ထိုအကြောင်းပြချက်ကြောင့် သူတို့သည် ကံကြမ္မာကောင်းတစ်ခုကို ဖန်တီးနိုင်သော အခွင့်အရေးတစ်ခုအား လွဲချော်သွားကြသည်။
သူတို့နှစ်ယောက်သည် တကယ်ပင် ငိုချင်နေကြသည်။
သို့သော် မျက်ရည်များ ကျမလာကြပေ။
ဝေ့ချန်းဖန်းမှ ထပ်ပြီး စကားမပြောခင် ခဏလောက် တုံ့ဆိုင်းနေသည်။
" ဒါနဲ့ ယဲ့လူကြီးမင်း တကယ်လို့များ ဝါးကျွန်းရွာစီမံကိန်းကို ရောင်းဖို့ စီစဉ်နေတုန်းလားဆိုတာ သိချင်မိပါတယ်။ အဆင်ပြေရင် ချန်းဖန်းအိမ်ခြံမြေက အဲ့တာကို ဝယ်ဖို့ ဆန္ဒရှိပါတယ် "
ဝါးကျွန်းရွာဟူသော စကားကို ကြားသောအခါ ရှုတဝမ်သည် ချက်ချင်းပင် နားများ မြင့်တက်သွားပြီး နားထောင်နေသည်။
ယဲ့ဖန်သည် ပုခုံးကို တွန့်ပြလိုက်သည်။
" ခင်ဗျား ချန်းရွှမ်နဲ့ အဲ့ကိစ္စကို ပြောလို့ရတယ်။ ကျွန်တော်က ကုမ္ပဏီကို ဦးစီးနေတာမဟုတ်ဘူး "
ဝေ့ချန်းဖန်းသည် ချက်ချင်းပင် တောင်းတောင်းပန်ပန်ဖြင့် ပြုံးပြလိုက်သည်။
" ဒါပေမဲ့ ယဲ့လူကြီးမင်းက လင်းယွမ်အိမ်ခြံမြေရဲ့ သူဌေးကြီးမလို့ပါ။ ကျွန်တော်က ဥက္ကဌချန်းနဲ့ စကားမပြောခင် လူကြီးမင်းရဲ့ခွင့်ပြုချက်ကို လိုအပ်ပါတယ် "
ထိုစကားကို ကြားသောအခါ လုရှောင်လုသည် ထပ်မံ၍ မှင်သက်သွားသည်။
သူမသည် ရှုတဝမ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
" လင်းယွမ်အိမ်ခြံမြေက ဝါးကျွန်းရွာက အိမ်တွေကို ဝယ်သွားတာမလား "
ရှုတဝမ်၏ အမူအရာသည် မှုန်မှိုင်းနေသည်။
" ဟုတ်တယ်၊ သူ … သူက လင်းယွမ်အိမ်ခြံမြေရဲ့ သူဌေးလား "
လုရှောင်လုသည် ချက်ချင်းပင် သူ့ကို ပါးရိုက်လိုက်သည်။
" နင် လင်းယွင်အိမ်ခြံမြေရဲ့ သူဌေးကို သိတယ်လို့ မပြောခဲ့ဘူးလား။ လူလိမ် "
ရှုပ်တဝမ်၏ အလိမ်အညာသည် ပေါ်သွားပြီး သူသည် ချက်ချင်းပင် ခေါင်းကို ငုံ့ထားလိုက်သည်။
လုရှောင်လုသည် သူမကိုယ်သူမ အမြန် စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး ရုတ်တရက် ယဲ့ဖန်ဆီသို့ လမ်းလျှောက်သွားသည်။
" ယဲ့လူကြီးမင်း၊ အရင်က ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်။ ကျွန်မ တကယ်ကြီး ရှင့်ကို အဲ့လိုအရာတွေ ပြောခဲ့မိပါတယ်။ ရှင် ကျွန်မကို ခွင့်လွှတ်ပေးနိုင်မလား "
ယဲ့ဖန်သည် လှည့်လာပြီး သူမကို ဖျက်ခနဲကြည့်လိုက်သည်။
" ဘာအတွက်နဲ့မှ တောင်းပန်ဖို့ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ငါ ဂရုမစိုက်ဘူး "
လုရှောင်လုသည် ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ်။ လူကြီးမင်းက ကောင်းကင်ပေါ်က သိမ်းငှက်တစ်ကောင်ပါ။ ဘာလို့ ကျွန်မလို အဖြူရောင်ဝိဉာဉ်လေးရဲ့ဆူညံမှုကို ဂရုစိုက်မှာလဲ "
ထိုသို့ ပြောပြီးသည်နှင့် သူမသည် လက်ဦးမှုယူ၍ ယဲ့ဖန်၏ လက်မောင်းကို ဖက်ကာ ပွတ်သပ်လိုက်သည်။
ယဲ့ဖန်သည် သူလက်မောင်းကို သူမ၏ ရင်ဘတ်ထဲမှ ထုတ်လိုက်သည်။
" မိန်းကလေးလု၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းပါ "
လုရှောင်လုသည် တခဏလောက် မှင်သက်သွားသည်။
ဤသည်ကား ယောကျာ်းတစ်ယောက်မှ သူမ၏ ကောင်းမွန်သော ဆန္ဒကို ပထမဦးဆုံး လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။
သို့သော် သူမသည် ချက်ချင်းပင် ပြုံးလိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။
" ယဲ့လူကြီးမင်းက တကယ်ကို ရှေးရိုးဆန်တာပဲ။ ကျွန်မတို့က မိတ်ဆွေတွေလေ။ ဘာလို့ ရှင်က ဒီလောက် တသီးတသန့် ဖြစ်နေရတာလဲ "
ယဲ့ဖန်သည် ချဉ်းကပ်ရန် မလွယ်ကူသော အမူအရာမျိုး လုပ်ထားလိုက်သည်။
" ငါက မိတ်ဆွေလုပ်ဖို့ ဘောင်တစ်ခုသတ်မှတ်ထားတယ်။ ဘယ်သူကမှ ငါ့မိတ်ဆွေအဖြစ် လွယ်လွယ်ကူကူ မဖြစ်နိုင်ဘူး "
သူ့စကားများသည် လုရှောင်လုကို အနည်းငယ် ရှက်ရွံ့သွားစေသည်။
သို့သော် သူမသည် လက်မလျှော့သေးဘဲ ဆက်ပြီး တရင်းတနှီးပုံ ရှိနေခဲ့သည်။
" ဒါဆိုလည်း သူငယ်ချင်း မဖြစ်ကြဘူးပေါ့။ တခြားတစ်ခုခုဆိုလည်း အဆင်ပြေပါတယ် "
ထိုသို့ ပြောပြီး သူမသည် ယဲ့ဖန်ကို မျက်စိမှိတ်ပြလိုက်သည်။
ထိုသည်မှာ အရိပ်အမြွက် မဟုတ်တော့ပေ။
ရှင်းလင်းစွာ အချက်ပြလိုက်ခြင်း ဖြစ်သည်။
ယဲ့ဖန် ပြုံးလိုက်သည်။
" မင်းက ဘာဖြစ်ချင်တာလဲ။ ချစ်သူတွေလား "
လုရှောင်လုသည် ချစ်စဖွယ် ပြုံးပြလိုက်သည်။
" ဒါပေါ့။ ရှင်သာ သဘောတူတာနဲ့ ကျွန်မက ဘာမှကန့်ကွက်စရာ မရှိပါဘူး "
လင်းကျွင်းကျွင်းသည် သူမ၏ အခန်းဖော်ဟောင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
လူကြားထဲမှာ သူမက ဒီလို အရှက်မဲ့တဲ့ စကားတွေကို ဘယ်လိုလုပ်ပြီး ပြောနိုင်နေတာလဲ။
လင်းကျွင်းကျွင်းသည်ပင် သူမအတွက် ရှက်ရွံ့သလို ခံစားနေရသည်။
ရှုတဝမ်သည်လည်း ဒေါသတကြီး ဖြစ်လာသည်။
လူကြားထဲတွင် မိန်းမတစ်ယောက်၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရခြင်းသည် ကြီးမားသော အရှက်ကွဲခြင်း ဖြစ်သည်။
သို့သော် ယဲ့ဖန်အား ဘာစကားတစ်ခွန်းမှ မပြောပေ။
သူသည် အသံတစ်သံပင် မထွက်ရဲပေ။
ထိုရှိုးပွဲကို ကြည့်နေသော လူများသည်လည်း သူတို့အားလုံး၏ မျက်နှာများတွင် မိစ္ဆာဆန်သော အပြုံးများ ရှိလာကြသည်။
အမှန်တကယ်တွင် လုရှောင်လုသည် အတော်လေးပင် ကြည့်ကောင်းသည်။
သူမသည် လင်းကျွင်းကျွင်း၏ အလှနှင့် မယှဉ်နိုင်သော်လည်း သူမသည် အလှလေးတစ်ယောက်ဟု ယူဆ၍ ရနိုင်သည်။
ထိုကဲ့သို့အမျိုးသမီးသည် သူမဘာသာ လက်ဦးမှု ပြုလာပြီး သူတို့လက်မောင်းထဲသို့ ပစ်သွင်းလာပါက မည်သည့်ယောကျာ်းကမှ သူမကို ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ယဲ့ဖန်၏ အမူအရာသည် ပို၍ပင် အေးစက်လာသည်။
သူသည် သူမကို မနှစ်မြို့စွာ တစ်ချက်ကြည့်လိုက်သည်။
" စိတ်မကောင်းပါဘူး။ ငါ့ချစ်သူ ဖြစ်ရမယ့် စံသတ်မှတ်ချက်က တော်တော်လေးကို မြင့်တယ်။ မင်းက အဲ့တာကို မမှီနိုင်ဘူး "
လုရှောင်လုသည် ချက်ချင်းပင် သူ့လက်မောင်းကို ဆွဲလိုက်သည်။
" တကယ်လို့ ရှင့်မှာ ဘာတောင်းဆိုချက်ပဲ ရှိရှိ ကျွန်မကို ပြောနိုင်ပါတယ်။ ကျွန်မက အဲ့တာတို့ကို ရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနိုင်တယ် "
သူမအတွက် ဤသို့ အကောင်ကြီးတစ်ယောက်ကို တွေ့ရရန်မှာ မလွယ်ပေ။
သူမသည် တကယ်ပင် သူ့ကို အလွတ်မခံနိုင်ချေ။
" အနိမ့်ဆုံးအနေနဲ့က အပျိုဖြစ်ရမယ် "
ယဲ့ဖန်သည် သရော်လိုက်သည်။
" အာ "
လုရှောင်းလုသည် မှင်သက်သွားသည်။
အခြားတောင်းဆိုမှုများသည် အလွယ်တကူ လုပ်၍ ရနိုင်သည်။
သို့သော် ထိုအရာမှာတော့ …. အခုမှ ပြန်လည်ပြင်ဆင်ရန် အတော်ပင် နောက်ကျလွန်းနေပြီ ဖြစ်သည်။
ယဲ့ဖန်သည် သရော်လိုက်ပြီးနောက် ဂရုမစိုက်တော့ချေ။
သူသည် ချက်ချင်းပင် လင်းကျွင်းကျွင်း၏ လက်ကို ကိုင်ကာ ထွက်သွားတော့သည်။
ပတ်လည်ရှိ လူတိုင်းသည် သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြပြီး သူတို့ ထွက်သွားသည်ကို ကြည့်နေကြသည်။
လုရှောင်လုသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး စတင်၍ ငိုကြွေးနေတော့သည်။
ထိုသို့ အကောင်ကြီးတစ်ယောက်ကို အလွတ်ပေးလိုက်ရပြီးနောက်တွင် သူမသည် ရွှေတောင်ကြီးတစ်ခုကို အလွတ်ပေးလိုက်ရသလို ခံစားနေရသည်။
..............................
ယဲ့ဖန်၏ ကားသည် အနောက်တိုင်းစားသောက်ဆိုင်တွင် ပါကင်ထိုးထားဆဲ ဖြစ်သောကြောင့် လင်းကျွင်းကျွင်းသည် ကားကိုပြန်ယူရန် တက္ကစီစီးသွားသည်။
စားသောက်ဆိုင်သို့ သွားသောလမ်းတွင် သူမသည် ရုတ်တရက် လှည့်လာပြီး သူ့ကို ကြည့်လိုက်သည်။
" ရှင် ရှောင်လုကို ဆက်ဆံလိုက်တာ မကြမ်းလွန်းဘူးလား "
" သူမက ကိုယ့်ချစ်သူ ဖြစ်လာမှာကို ကိုယ်က ငြင်းလိုက်တာကို ပြောနေတာလား "
ယဲ့ဖန်သည် သူမကို ထူးဆန်းသော အပြုံးဖြင့် ကြည့်လိုက်သည်။
" ကျွန်မက အဲ့အကြောင်းကို ပြောတာ မဟုတ်ဘူး။ တကယ်လို့ ရှင် သူမကို ငြင်းချင်တယ် ဆိုရင်တောင် အဲ့လောက်ကြီး ပြောလိုက်ဖို့ မလိုဘူးလေ၊ ဟုတ်တယ်မလား "
လင်းကျွင်းကျွင်း၏ အမူအရာသည် အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
" ဘယ်လို စကားလုံးမျိုးလဲ "
ယဲ့ဖန်သည် အဖြေကို သိနေသော်လည်း မေးလိုက်သည်။
" အဲ့တာက ဟိုလေ ..... အဲ့တာက …. အာ ရှင် သိပါတယ် "
လင်းကျွင်းကျွင်းသည် သူ့အကြည့်ကို ရှောင်ရှားလိုက်သည်။
သူမ၏ မျက်နှာလေးသည် ရှက်သွေးဖြာနေသည်။
" အာ၊ မင်းက အဲ့တာကို ဆိုလိုတာလား။ ကိုယ်က အမှန်ကို ပြောလိုက်တာလေ။ တကယ်လို့ မင်းက ကိုယ့်ရဲ့ ချစ်သူ ဖြစ်ချင်တယ်ဆိုရင် သန့်ရှင်းနေဖို့ လိုတယ် "
ယဲ့ဖန်သည် လူယုတ်မာအပြုံးမျိုး ပြုံးလိုက်ရင်း သူမကို စိုက်ကြည့်လိုက်သည်။
" ရှင် … ရှင် ဘာလို့ ကျွန်မကို လာကြည့်နေတာလဲ "
ယဲ့ဖန်၏ အကြည့်အောက်တွင် လင်းကျွင်းကျွင်းသည် ဆူးများ၊ အပ်များပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရသည်။
သူမသည် ချက်ချင်းပင် အဝေးသို့ ကြည့်လိုက်သည်။
ယဲ့ဖန်သည် သူမ အနားဖိကပ်လာခဲ့သည်။
" မင်းက အဲ့စံနှုန်းနဲ့ ကိုက်ညီလောက်တယ်၊ ဟုတ်တယ်မလား "
အပိုင်း ( ၁၀၈၃ )
ဘာလို့ နားမလည်နိုင်ရတာလဲ။
" ချစ်သူဖြစ်တာက မကိုက်ညီဘူး "
သူမသည် မျက်နှာမှ နားရွက်များထိပင် နီရဲလာသောကြောင့် ခပ်မြန်မြန်ပင် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ယဲ့ဖန်သည် အံ့ဩသွားချင်ယောင် ဟန်ဆောင်လိုက်သည်။
" အဲ့လိုဆိုတော့လည်း မင်းက ဆက်ပြီး …. "
လင်းကျွင်းကျွင်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
" ဘယ်သူပြောတာလဲ။ ကျွန်မက မဟုတ် …. "
ယခုတွင် ယဲ့ဖန်သည် ပို၍ပင် အံ့ဩသွားသည်။
" အဲ့တာဆို၊ မင်းက။ အစ်မကြီး၊ မင်း အသက်ဘယ်လောက်ရှိပြီလဲ "
လင်းကျွင်းကျွင်းသည် ချက်ချင်းပင် ရှက်ရွံ့သွားပြီး ဒေါသထွက်သွားသည်။
သူမသည် ရှေ့တွင် ရှိနေသော ယာဥ်မောင်းမှ သတိထားမိလားဟု အမြန် ကြည့်လိုက်သည်။
" ယဲ့ဖန်၊ ရှင် ကျွန်မကို ဆက်ပြီး အဓိပ္ပါယ်မရှိတာတွေ စကားကြောရှည်နေဦးမယ်ဆိုရင် ကျွန်မ......ကျွန်မ ရှင်နဲ့ တိုက်ခိုက်ရလိမ့်မယ် "
" မင်းက ကိုယ့်ကို အနိုင်ယူနိုင်လို့လား "
" ကျွန်မ ....... "
" အင်းပါ၊ စိတ်မဆိုးပါနဲ့။ တကယ်လို့ မင်း စိတ်ဆိုးပြီး ကျန်းမာရေးထိခိုက်မယ်ဆိုရင် ကောင်းမှာ မဟုတ်ဘူး "
" ဟွန့် ...... "
" မင်းက တကယ်ကြီး အသစ်ဖြစ်နေသေး … "
" သွားစမ်းပါ "
" ဟုတ်တယ်၊ ဖြစ်နိုင်တယ်။ ဒီလိိုဒေါသထွက်ပုံနဲ့ဆို ဖြစ်နိုင်ပါတယ် "
" အား၊ ငါ နင့်ကို သတ်မယ် "
" .......... "
လင်းကျွင်းကျွင်းသည် အမှန်တကယ် ဒေါသထွက်နေခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ သူမသည် ယဲ့ဖန် ဘာပြောသည်ဖြစ်စေ ခပ်တည်တည်နေကာ သူ့ကို လျစ်လျူရှုထားလိုက်သည်။
ယဲ့ဖန်သည် ကားပြန်ရပြီးနောက်တွင် သူမကို အဆင့်မြင့် စားသောက်ဆိုင်သို့ ခေါ်သွားသည်။
သူတို့နှစ်ယောက်သည် စားနေရင်းတစ်ဝက်တစ်ပျက်ဖြင့် ထူးဆန်းသော စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။
ထို့နောက် သီးသန့်ခန်းထဲတွင် ရှိနေသော လူနှစ်ယောက်ကြောင့် သူတို့၏ အစာစားချင်စိတ်များသည် ပျက်သွားရပြီး သူတို့သည် ဘာမှ ထပ်မစားနိုင်တော့ပေ။
ယခုအခါ သူတို့သည် အမှန်တကယ်ကို ဆာလောင်နေပြီ ဖြစ်သည်။
ဒေါသထွက်နေသော မည်သည့် မိန်းကလေးမဆို အရသာရှိသော အစားအစာများ၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
အရသာရှိသော အစားအစာများစွာကို မြင်လိုက်ရပြီးသည့်နောက်တွင် လင်းကျွင်းကျွင်းသည် စတင်၍ မြိန်ရေယှက်ရေ စားတော့သည်။
သူမ၏ ဖောင်းကားနေသော ပါးပြင်များကို ကြည့်ရခြင်းသည် ယဲ့ဖန်အတွက် စိတ်အစုံကို လဲကျသွားစေသည်။
အပြုံးဖြင့် မမေးလိုက်ခင် ယဲ့ဖန်သည် သူမစားလို့ ပြီးသွားသည်အထိ စောင့်နေခဲ့သည်။
" မင်း ထပ်ပြီး စိတ်မဆိုးတော့ဘူးမလား "
" ဟွန်း "
လင်းကျွင်းကျွင်းသည် နှာမှုတ်လိုက်ပြီး သူမ၏ ခေါင်းကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။
ယဲ့ဖန်သည် သူ့ခေါင်းကို ခါလိုက်ပြီး ပြုံးလိုက်သည်။
" ခုနကလေးတင်ပဲ ဟိုနှစ်ယောက်က ကိုယ်တို့ကိုရှုပ်သွားတာနဲ့ မင်း အဓိကအချက်ကို မပြောရသေးဘူး။ ကိုယ့်ကို ပြောပြဦး။ ဒီနေ့ ဘာလို့ ဒီကိုခေါ်လာတာလဲ "
လင်းကျွင်းကျွင်း၏ အမူအရာသည် အနည်းငယ် နူးညံ့သွားသည်။
သို့သော် သူမသည် သူ့ကို ကောင်းကောင်းမကြည့်သေးပေ။
" ကျွန်မ ဂျပန်ကို သွားတော့မယ် "
ယဲ့ဖန်သည် အံ့ဩသွားသည်။
" ဖြစ်နိုင်လို့လား။ ကိုယ်က မင်းကို စရုံပဲ စတာပါ။ မင်းက အိမ်ကနေ အဝေးကို ပြေးသွားဖို့ လိုလို့လား "
လင်းကျွင်းကျွင်းသည် သူ့ကို စူးဝါးစွာ ကြည့်လိုက်သည်။
" အဲ့တာက ရှင့်ကြောင့် မဟုတ်ပါဘူး။ အလုပ်ကြောင့်ပါ "
ထိုအခါ ယဲ့ဖန်သည် ပို၍ သိချင်သွားသည်။
" မင်းက ရှေးဟောင်းပစ္စည်းဆိုင်ကို ကြီးကြပ်နေတာလေ။ ဂျပန်ကို အလုပ်ခရီးသွားဖို့ လိုအပ်လို့လား "
အလုပ်အကြောင်းကို ပြောသောအခါ လင်းကျွင်းကျွင်းသည် ပို၍ လေးနက်လာသည်။
" ကျွန်မတို့ အခုပဲ ဂျပန်မှာ သူဌေးကြီးတစ်ယောက် ရှိတယ်ဆိုတာ သတင်းရထားတယ်။ သူ့ကုမ္ပဏီက ပိတ်ချခံလိုက်ရတော့ သူ့ပိုင်ဆိုင်မှုတွေ ရှင်းလင်းခံလိုက်ရတယ်။ သူ့မှာ လျှော့ဈေးနဲ့ ရောင်းဖို့ အသင့်ဖြစ်နေတဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေ အများကြီးရှိတယ်တဲ့။ ဟိုးတုန်းက တရုတ်ပြည်ကနေ ပျောက်ကွယ်သွားတဲ့ ရတနာတွေတောင် ရှိနေတယ် "
" ကျွန်မတို့က ဆွေးနွေးခဲ့ပြီးပြီ။ ဂျပန်ကို သွားပြီး ကျွန်မတို့ကံကို စမ်းဖို့နဲ့ ပစ္စည်းကောင်းတချို့ကို ရှာနိင်မလားဆိုတာ ကြည့်ရမယ် "
ယဲ့ဖန်သည် နားထောင်နေရင်း ခေါင်းညိတ်လိုက်သည်။
" ဒါက တကယ်ကို အလေးအနက် ထားရမယ့် ကိစ္စပဲ။ တကယ်လို့ ကိုယ်တို့ အပိုင်းအစတချို့ကို ဝယ်နိုင်မယ်ဆိုရင် ကိုယ်တို့နိုင်ငံအတွက် ကြီးကြီးမားမား အကူအညီ ဖြစ်စေလိမ့်မယ်။ ဒါဆို အဲ့တာကြောင့် မင်းက ဂျပန်စာသင်နေတာလား။ နောက်ဆုံးမိနစ်မှာမှ လုပ်နေတာ အသုံးဝင်လို့လား "
နောက်ဆုံးတွင် လင်းကျွင်းကျွင်းသည် ယဲ့ဖန် ဘာ့ကြောင့် 'ယာမဲတဲ'ကို ပြောခိုင်းရသည်လဲဆိုတာ နားလည်သွားခဲ့သည်။
သူမသည် သူ့ကို ထပ်၍ စူးဝါးစွာ ကြည့်လိုက်သည်။
" ရှင် ဂျပန်စကားကို အရင်က ကြားဖူးတယ်မလား "
ယဲ့ဖန်သည် နေရခက်စွာ ပြုံးလိုက်သည်။
" ကိုယ်လည်း မကြာခင် ဂျပန်ကို သွားရဖို့ ရှိတယ်။ တကယ်လို့ ကိုယ်တို့ အတူတူသွားနိုင်မယ်ဆိုရင် သွားချင်တယ် "
ထိုတစ်ကြိမ်တွင် လင်းကျွင်းကျွင်းသည် အံ့ဩသွားသည်။
" ရှင်လည်း ဂျပန်ကို သွားမှာလား။ ရှင်က အဲ့ဒီကို ဘာသွားလုပ်မလို့လဲ "
ယဲ့ဖန်သည် သူ့နှာခေါင်းကို ထိလိုက်သည်။
" ကိုယ်က အတော်လေးကို ထူးချွန်တဲ့သူဆိုတာ မင်း သိပါတယ်။ ကိုယ် အဲ့ကိုသွားပြီး တကယ်လို့ အမျိုးသားသရုပ်ဆောင် ဒါမှမဟုတ် တစ်ခုခု လျှောက်နိုင်မလားဆိုတာ ကြည့်ရမယ် "
ယဲ့ဖန်သည် ထပ်၍ မဟုတ်တရုတ် လုပ်တော့မည်ဆိုတာကို လင်းကျွင်းကျွင်း သိလိုက်သည်။
သူမသည် ထိုအခါ ဒေါသတကြီး မတ်တပ်ရပ်လိုက်ပြီး လမ်းလျှောက်ထွက်သွားသည်။
" ခွေးပါးစပ်က နတ်စကားမထွက်ဘူးဘဲ "
ယဲ့ဖန်သည် ချက်ချင်းပင် သံယောင်လိုက်လိုက်သည်။
" အဲ့မှာတင် ရပ်လိုက်။ မင်းရဲ့သူဌေးကို မင်းဒီလို ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ ကိုယ် မင်းကို အလုပ်ဖြုတ်လိုက်မယ်ဆိုတာ မင်း ယုံလား "
" လုပ်လေ။ ကျွန်မကလည်း ဒီလောက် စက်ဆုပ်ဖွယ်ကောင်းတဲ့ သူဌေးဆီမှာ မလုပ်ချင်ပါဘူး "
" ကိုယ်က … မင်းကို အလုပ်ဖြုတ်မယ်လို့ မပြောခဲ့ပါဘူး "
" ဒါဆို ရှင်က ဘာကို ပြောချင်တာလဲ "
" အခွံကို ဖွင့်မှာ "
" အခွံကို ဖွင့်မယ်ဆိုတာက ဘာကိုဆိုလိုတာလဲ "
" အဲ့တာက … မင်း ဒလီဗာရီ လာပို့တာ လက်ခံခဲ့ရဖူးလား "
" ဟုတ်တယ်၊ ရဖူးတယ် "
" အခွံကို ဖွင့်တယ်ဆိုတာက ပိတ်ထားတဲ့ဟာကို ဖွင့်လိုက်တာပဲ "
" ဟုတ်လား၊ ဒါဆို ရှင်က ကျွန်မကို ပစ္စည်းသစ်ပေးမယ်လို့ ဆိုလိုတာလား "
" အဟမ်း၊ တကယ်တော့ အခွံဖွင့်တာ တစ်ကြိမ်ဆို လုံလောက်ပါတယ် "
" ဘာလို့လဲ "
" ဘာလို့လဲဆိုတော့ … မင်းသိပါတယ်။ အဲ့အပိတ်ဆိုတာက ဖွင့်ပြီးရင် အသစ်လို ပြန်လည်ကောင်းမွန်နိုင်တဲ့ အရင်းအမြစ်မဟုတ်ဘူးလေ "
" ရှင် ဘာပြောနေလဲ ဆိုတာကို ကျွန်မ ဘာလို့ နားမလည်နိုင်ရတာလဲ "
" မင်း ကြီးပြင်းလာတဲ့အခါ နားလည်လာလိမ့်မယ် "
ယဲ့ဖန်သည် လင်းကျွင်းကျွင်းကို ရှေးဟောင်းပစ္စည်းဆိုင်ကို ပြန်ပို့ပေးရန် ပြင်လိုက်သည်။
သို့သော် သူ ကားမောင်းသည်ကို နှေးလိုက်ချိန်မှာပင် သူ့ဘယ်ဘက်မှ စူပါပြိုင်ကား ၄၊ ၅စီးလောက်သည် ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် ကျော်တက်သွားကြသည်။
ဝှီး
အမည်းရောင် Ferrari 812 ထဲမှ ပြတင်းပေါက်ကနေ လက်တစ်ဖက်သည် ထွက်လာခဲ့ပြီး သူ့ကို လက်ခလယ်ထောင်ပြသွားသည်။
ယဲ့ဖန်သည် ထိုကဲ့သို့လူများအား အဖက်လုပ်ရမည်ကို ပျင်းရိနေသည်။
သို့သော် ထိုအချိန်မှာပင် စနစ်သည် ရုတ်တရက် သူ့နားထဲသို့ အသိပေးချက်တစ်ခုကို ပေးပို့လာခဲ့သည်။
[ စနစ်မှ အခွင့်အလမ်း လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိမိပါသည်။ ကျေးဇူးပြု၍ ရှေ့မှ ယာဥ်တန်းနောက်သို့ လိုက်ပါ ……………. ]
ယဲ့ဖန်၏ ပါးစပ်ထောင့်များသည် ဖြည်းညှင်းစွာ တွန့်ကွေးသွားသည်။
ငါ ကားပြိုင်မောင်းရတဲ့ အတွေ့အကြုံကို မခံစားရတာ အတော်ကြာနေပြီပဲ။
ယဲ့ဖန်သည် ယနေ့တွင် ချန်းရွှမ်၏ ကားအမျိုးအစားဖြစ်ပြီး ပြိုင်ကားမဟုတ်သော BMWကားကို မောင်းနေခဲ့သော်လည်း ကားမောင်းသည်မှာ မည်သူက မောင်းနေသည်လဲဆိုသည့် အပေါ်တွင် မူတည်နေသည်။
ကားသည် မည်မျှပင် ကောင်းနေပါစေ၊ ယာဥ်မောင်းသူကောင်း မရှိပါက သတ္ထုအတိုအစများ စုထားခြင်းသာ ဖြစ်သည်။
" သွားကြစို့၊ ကိုယ် မင်းကို ကားမောင်းပြိုင်ဖို့ ခေါ်သွားပေးမယ် "
" ယဲ့ဖန်၊ ရှင်ဘာလုပ်နေတာလဲ။ အား …. "
ဝူး .............
လင်းကျွင်းကျွင်း အသံကုန်အော်လိုက်ချိန်တွင် BMWသည် ချွန်ထွက်နေသော ဓားတစ်လက်လို အရှိန်ပြင်းပြင်းဖြင့် ထွက်သွားသည်။
..........................................
" အစ်ကိုကွန်း၊ ခုနက BMWထဲမှာ အတော်လေးကို လှပတဲ့ မိန်းမကောင်းလေး ရှိနေတဲ့ပုံပဲ "
Ferrari 812၏ ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ယောကျာ်းတစ်ယောက်သည် သူ့ခေါင်းကို လှည့်လာပြီး ကားမောင်းနေသော ကတုံးဆံပင်ပေါက်ကေနှင့် လူကို ပြောလိုက်သည်။
" အရင်က မင်းမိန်းမတွေကို မမြင်ဖူးဘူးလား "
ကတုံးဆံပင်ပေါက်နှင့် လူသည် ကားကို ရေထဲရောက်နေသော ငါးတစ်ကောင်လို ကျွမ်းကျင်စွာ မောင်းနေသည်။
ဘာမှားယွင်းချွတ်ချော်မှုမှ မရှိပေ။
" အစ်ကိုကွန်းရဲ့ ကျွမ်းကျင်မှုတွေက ပိုပိုပြီး ကောင်းလာနေတာပဲ။ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲကို ဝင်နိုင်တဲ့လူက တကယ်ကို မျှော်လင့်ထားသလိုပဲ။ တကယ်လို့ အစ်ကို့အဘိုးကြီးရဲ့ ကန့်ကွက်မှုသာ မရှိရင် အစ်ကိုက ဖော်မြူလာဝမ်းကို နိုင်မယ့်ပထမဦးဆုံး တရုတ်တစ်ယောက်ပဲ "
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော လူသည် နောင်တရနေသော အကြည့်ဖြင့် ပြောလိုက်သည်။
" ငါ့အရည်အချင်းကို ငါသိနေသရွေ့ အဆင်ပြေပါတယ်။ ငါ့ကိုယ်ငါ သက်သေပြဖို့အတွက် ပြိုင်ပွဲတစ်ခုကို ဘာလို့ ဝင်ပြိုင်ဖို့ လိုအပ်မှာလဲ "
ကတုံးဆံပင်ပေါက်နှင့် လူသည် မောက်မာစွာ ပြောလိုက်သည်။
" အဲ့တာဟုတ်တယ်၊ အဲ့တာဟုတ်တယ်။ အစ်ကိုကွန်းရဲ့ ကားမောင်းစွမ်းရည်နဲ့ဆိုရင် ဒီနိုင်ငံမှာ အစ်ကို့ကို ကျော်ဖြတ်နိုင်မဲ့လူ များများစားစား မရှိမှာကိုတောင် စိုးရိမ်မိတယ် "
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသောလူသည် ရိုးရိုးသားသား မြှောက်ပင့်ပြောလိုက်သည်။
" များများစားစား မရှိဘူးဆိုတာက မင်း ဘာကိုဆိုလိုတာလဲ။ တစ်ယောက်မှကို မရှိတာ။ တကယ်လို့ သူသာ လူမဟုတ်ဘူးဆိုရင်ပေါ့ "
ကတုံးဆံပင်ပေါက်နှင့်လူသည် တည်ငြိမ်နေသော အသံဖြင့် အမောက်မာဆုံး စကားများကို ပြောလိုက်သည်။
သို့သော် သူပြောလို့ ပြီးလျှင်ပြီးချင်းမှာပင် အနီရောင်အရိပ်တစ်ခုသည် သူ့ဘယ်ဘက်မှ အရှိန်ပြင်းပြင်းဖြင့် ဖြတ်ကျော်သွားသည်။
ဖန်းရှောင်ကွန်းသည် ထိုကားမှာ သူတို့ဖြတ်ကျော်လာခဲ့သော BMWဟု ရှင်းရှင်းလင်းလင်း မမြင်ခင်အထိ ခဏလောက် မှင်သက်နေသည်။
" သေစမ်း၊ အဲ့တာက ခုနက BMWမလား။ ကားတစ်စီးက အဲ့လောက်တောင် မြန်မြန်မောင်းနိုင်တာလား "
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသောလူသည် ချက်ချင်းပင် မှတ်မိသွားသည်။
ငါ လက်ခလယ်ထောင်ပြခဲ့တာကို ဒေါသထွက်သွားပြီး နောက်ကလိုက်လာတာ ထင်တယ်။
ထိုအချိန်မှာပင် ကားအတန်း၏ ဝေါ်ကီတော်ကီမှတစ်ဆင့် ထွက်ပေါ်လာကြသည်။
" ဘယ်လိုတောင်လဲ။ အဲ့BMWက အရမ်းမောက်မာလွန်းတယ်၊ ဟုတ်တယ်မလား။ ဘယ်လိုတောင် ငါတို့ရဲ့ကားတွေကို ကျော်တက်ရဲတာလဲ။ အဲ့ကောင်ကို သတ်စမ်း "
" ဒါဆိုလည်း ငါတို့ သူ့ကိုသတ်ရမယ်။ ဘယ်သူက ငါတို့ရှေ့မှာ မောက်မာနိုင်မှာလဲ "
" သခင်လေးကွန်း၊ အမိန့်သာပေးလိုက်ပါ။ အတူတူသွားပြီး အဲ့ကောင်ကို သတ်ကြရအောင် "
" ဟားဟား၊ ဒါကို ဒီည ကစားပွဲအတွက် သွေးပူလေ့ကျင့်ခန်းလို့ သဘောထားလိုက်ကြမယ် "
ဖန်းရှောင်ကွန်းသည် သူ့ရှေ့ရှိ BMWကို စိုက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
" ငါက လူတွေရဲ့ ကားနောက်မီးကို မြင်ရတာ အမုန်းဆုံးပဲ။ ဒါဆိုလည်း သူ့ကို သတ်ကြ "
သူ ပြောလိုက်ပြီးပြီးချင်းမှာပင် Ferrari 812သည် အရှိန်မြှင့်လိုက်ပြီး သူ့နောက်သို့ အမည်းရောင်လျှပ်စီးတစ်ခုလို လိုက်တော့သည်။
သူ့နောက်ရှိ စူပါကားများသည်လည်း ဆူညံကျယ်လောင်သော အသံများကို ထုတ်ဖော်လာပြီး သူ့နောက်သို့ လိုက်လာကြသည်။
အပိုင်း ( ၁၀၈၄ )
မောက်မာတာက အရင်းအနှီးရှိဖို့ လိုအပ်တယ်။ မင်းမှာ အဲ့တာ ရှိလို့လား။
ဝူး၊ ဝူး၊ ဝူး ........
စူပါကားများသည် ယာဥ်ထူထပ်သော လမ်းကြောမှ တစ်စီးပြီးတစ်စီး ဖြတ်ကျော်သွားနေပုံမှာ အခြားကားသမားများကို ကြောက်ရွံ့သွားစေသည်။
" သေစမ်း၊ မင်းတို့က လမ်းမပေါ်မှာ ကားမောင်းပြိုင်ရဲနေတာလား။ မင်းတို့က တစ်ယောက်ယောက်ကို သတ်မိသွားမှာ မကြောက်ကြဘူးလား "
" အဲ့ဒီဒုတိယမျိုးဆက် အမွေခံတွေက တော်တော် မောက်မာတာပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှမလုပ်နိုင်ကြတော့ဘူးလား "
" အဲ့လို ကားမျိုးတွေက လမ်းမပေါ်မှာ မရှိသင့်ဘူး။ တကယ်လို့ အဲ့တာတွေသာ ပျက်စီးသွားမယ်ဆိုရင် တကယ်လို့ ငါဒေဝါလီခံသွားရရင်တောင် အဲ့တာကို ပြင်ဖို့ တတ်နိုင်မှာမဟုတ်ဘူး "
" အဲ့လူတွေက အတော်လေးကို ကျွမ်းကျင်ကြတဲ့ပုံပဲ။ သူတို့က ပညာရှင် ကားမောင်းသမားတွေလား "
ထိုလူများ၏ ကားမောင်းစွမ်းရည်သည် အမှန်တကယ် ကောင်းသည်ဆိုတာကို သူတို့ ပြောနိုင်ကြသည်။
သူတို့သည် အတော်လေးပင် မြန်ဆန်စွာ မောင်းသွားကြသည်။
သို့သော် သူတို့သည် ဘယ်အရာကိုမှ မတိုက်မိသွားကြချေ။
ခြစ်ရာလေးပင် မထင်သွားကြပေ။
ဖန်းရှောင်ကွန်းသည် Ferrari 812ကို မောင်းနေပြီး ရှေ့ဆုံးမှ လျင်မြန်စွာ လိုက်နေသည်။
သူသည် အရှေ့မှ BMWအနီရောင်နားကို ပိုပို၍ နီးကပ်လာနေသည်။
သူတို့ကြားတွင် ၁၀မီတာလောက်သာ ကွာတော့သည်။
BMWသည် ရုတ်တရက် အရှိန်မြင့်လိုက်ပြီး ကားနှစ်စီးကြားရှိ နေရာလွတ်ကို ဖြတ်ကျော်သွားသည်။
ထိုကားနှစ်စီးကြားရှိ အကွာအဝေးသည် အလွန်ပင် နီးနေသည်။
BMWသည် ထိုကားနှစ်စီးနှင့် ထိမိလုနီးပါးဖြစ်နေခဲ့သည်။
အကယ်၍ အနည်းငယ်သာ တိမ်းစောင်းသွားပါက ထိုကားနှစ်စီးနှင့် တိုက်မိသွားလိမ့်မည်ဖြစ်သည်။
" သေစမ်း၊ အဲ့နည်းပညာက အတော် ကြမ်းတာပဲ "
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသောလူသည် ချက်ချင်းပင် အံ့ဩသွားသည်။
ဖန်းရှောင်ကွန်း၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
" စိတ်ဝင်စားဖို့ကောင်းတယ် "
ထို့နောက်တွင် သူသည်လည်း အဆိုပါ ကားနှစ်စီးကြား နေရာလွတ်ကို ဘာပွတ်တိုက်မှုမှ မရှိပဲ ဖြတ်ကျော်လိုက်သည်။
သို့သော် လူတိုင်းတွင် ထိုစွမ်းရည် မရှိကြပေ။
သူ ဖြတ်ပြီးသည့်နောက်တွင် နောက်ထပ်ကားသုံးစီးသည်လည်း အဆိုပါနေရာလွတ်ကို ဖြတ်ကျော်လာခဲ့ကြသည်။
သို့သော် လေးစီးမြောက်ကားသည် ညာဘက်မှကားနှင့် တိုက်မိသွားသည်။
ကားမောင်းသမားသည် ကျိန်ဆဲလိုက်ရင်း ကားကို ဖြည်းညှင်းစွာ ပြန်လှည့်လိုက်သည်။
ခရီးသည်ထိုင်ခုံမှ လူသည် ပြတင်းပေါက်ကနေ လက်တစ်ဆုပ်စာငွေနှစ်ထုပ်ကို ပစ်ပေးလိုက်သည်။
" ညီအစ်ကို၊ ဆောရီးပဲ "
အဲ့လိုပြောပြီးတာနဲ့ ကားသည် အရှိန်ကုန်တင်သွားတော့သည်။
ကားမောင်းသမားသည် အလွန်ပျော်ရွှင်နေသောကြောင့် သူ့ပါးစပ်မှ အပြုံးသည် နားရွက်များထိပင် တက်ချိတ်တော့မလို ဖြစ်နေသည်။
ကားသည် ဆေးအနည်းငယ်သာ ပွန်းသွားခြင်းဖြစ်သည်။
သို့သော် ထိုကားမောင်းသမားများသည် သူ့ကို လျော်ကြေးယွမ်၂သောင်း ပေးသွားသည်။
သူသည် ပွပေါက်တိုးသွားခဲ့သည်။
ထိုအချိန်မှာပင် ဖန်းရှောင်ကွန်းသည် သူ့ရှေ့မှ BMWကို ထပ်မံ၍ လိုက်မှီလာပြီး အရှိန်ကို ဆက်မြှင့်လိုက်သည်။
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသောလူသည် ပြတင်းပေါက်မှန်ကို ချလိုက်သည်။
" ညီအစ်ကို၊ မင်းရဲ့ ကျွမ်းကျင်မှုကလည်း မဆိုးဘူး။ မင်းက ပညာရှင်တစ်ယောက်လား "
ယဲ့ဖန်သည် လှည့်လာပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။
" ပညာရှင်ကစားသမားတွေကတောင် ဒီလို ကျွမ်းကျင်မှုမျိုး ရှိလို့လား "
ထိုလူသည် ချက်ချင်းပင် အားပါးတရ ရယ်မောလိုက်သည်။
" ဟ၊ ဘယ်လောက်တောင် မောက်မာတဲ့ကောင်လဲ "
ထို့နောက်တွင် သူသည် လှည့်လာပြီး ဖန်းရှောင်ကွန်းကို ကြည့်လိုက်သည်။
" ဒါက အစ်ကို့ထက် မောက်မာတဲ့လူကို ပထမဦးဆုံးမြင်ဖူးတာပဲ "
ဖန်းရှောင်ခွန်းသည် ယဲ့ဖန်ကို စူးဝါးစွာ ကြည့်လိုက်သည်။
" မောက်မာနိုင်ဖို့က အရင်းအနှီးလိုအပ်တယ်။ မင်းမှာ အဲ့တာရှိလို့လား "
ထိုသို့ ပြောပြီးသည်နှင့် သူသည် အရှိန်ကို ထပ်မြှင့်လိုက်သည်။
ယဲ့ဖန်သည်လည်း BMWကို အရှိန်မြှင့်လိုက်သည်။
အလျင်သည် ဖန်းရှောင်ကွန်းကားထက် သိပ်မနှေးပေ။
ကားနှစ်စီးသည် ဘေးချင်းကပ် အရှိန်ကုန်တင်နေပြီး လမ်းမပေါ်ရှိ ကားမောင်းသမားများကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
ထိုအချိန်မှာပင် လမ်းမရှေ့တွင် အရေးပေါ်အခြေအနေတစ်ခု ရှိလာခဲ့သည်။
ယဲ့ဖန်၏ ကားလမ်းကြောရှေ့တွင် ဘာဖြစ်နေသည်လဲဆိုတာ ဘယ်သူမှ မသိကြချေ။
သို့သော် ကားများစွာသည် လမ်းပိတ်ထားကြသည်။
" ဟားဟား၊ အခု မင်းကို ဘယ်လိုကျော်မလဲဆိုတာ ကြည့်လိုက်ရအောင် "
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို ဒေါသဆွနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော် နောက်ဖြစ်လာသောအရာသည် လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
ယဲ့ဖန်၏ ကားသည် သူ့ရှေ့မှ ကားဖြင့် ၁၀မီတာသာ ဝေးတော့သည်။
သူ့ကား၏လက်ရှိ အမြန်နှုန်းဖြင့်ဆိုပါက မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ရောက်သွားလိမ့်မည် ဖြစ်သည်။
ထိုသို့ အခြေအနေမျိုးအောက်တွင် ပြင်းထန်သောအကွေ့တစ်ခုသည် အလွန် အန္တရာယ်ရှိသည်။
အကောင်းဆုံးရွေးချယ်မှုသည် အရှိန်လျှော့ပြီး ရပ်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ယဲ့ဖန်သည် ဆန့်ကျင်ဘက်အရာကိုသာ လုပ်ခဲ့သည်။
သူသည် ရုတ်တရက်ပင် စတီယာရင်ဘီးကို ဘယ်ဖက်သို့ လှည့်လိုက်သည်။
BMW၏ ညာဘက်တွင်ရှိသော ဘီးနှစ်လုံးသည် လေပေါက်သို့ လုံးဝကို မြောက်တက်လာခဲ့သည်။
ကားသည် မှောက်တော့မလိုပင်ဖြစ်သွားသည်။
" အား "
ခရီးသည်ထိုင်ခုံတွင်ထိုင်နေသော လင်းကျွင်းကျွင်းသည် အသံကုန်အော်ဟစ်လိုက်သည်။
သူမသည် လက်ကိုင်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ဆွဲထားလိုက်ပြီး ဘာကိုမှ ဆက်ပြီး မကြည့်ရဲတော့ပေ။
ထိုအချိန်တွင် ယဲ့ဖန်သည် စတီယာရင်ကို ညင်သာစွာ ချိန်ညှိလိုက်သည်။
ကားသည် တကယ်ပင် ဟန်ချက်ကို ထိန်းထားနိုင်ပြီး မျှခြေဖြစ်သွားခဲ့သည်။
ကားသည် မမှောက်သွားပေ။
သို့သော် ညာဘက်ကိုလည်း မကွေ့သွားပေ။
ဘီးနှစ်ဘီးဖြင့်သာ ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
BMW၏ ကားဘောင်များသည် သူ့ရှေ့မှ ကား၏ နောက်ပိုင်းဖြင့် ပွတ်ဆွဲလုနီးပါး ဖြစ်သွားပြီး ဖန်ရှောင်ကွန်း၏ ကားလမ်းကြောထဲသို့ မောင်းဝင်သွားသည်။
ထို့အပြင် အရှိန်ကို လုံးဝမလျှော့ထားပေ။
" ငါ … ငါ အခုလေးတင် သိပ္ပံဇာတ်လမ်းတစ်ခုကို ကြည့်လိုက်ရတာလား၊ ဟုတ်လား "
ခရီးသည်ခုံပေါ်တွင် ထိုင်နေသောလူသည် မှင်သက်သွားသည်။
သူသည် BMW၏ နောက်မီးများကို မယုံကြည့်နိုင်စွာဖြင့် ကြည့်နေသည်။
ဖန်းရှောင်ကွန်းသည်လည်း လုံးဝကို မှင်သက်နေသည်။
အမှန်တကယ်တွင် သူ့အတွက်လည်း ယဲ့ဖန်လုပ်လိုက်သလိုမျိုးလုပ်ရန် မခက်ခဲပေ။
မည်သည့် ပရော်ဖက်ရှင်နယ် ကားမောင်းသမားမဆို လုပ်နိုင်မည်ဟု သူ ယုံကြည်နေသည်။
သို့သော် ထိုသည်မှာ လေ့ကျင့်ရေးကွင်းတွင်သာ ဖြစ်သည်။
အကယ်၍ ယခုလို အရေးတကြီး အခြေအနေတွင်ဆိုပါက သူသည် လုပ်နိုင်မည်မဟုတ်ပေ။
အဆိုပါ မြင်ကွင်း၏ အကျိုးသက်ရောက်မှုသည် ပြင်းထန်လှသည်။
" ဒါက … မျက်ကန်းနေတဲ့ကြောင်က ကြွက်သေတစ်ကောင်စီ ပြေးဝင်သွားတင်မလား၊ ဟုတ်တယ်မလား "
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော လူသည် ခပ်မြန်မြန်ပင် စိတ်သက်သာရာရမည့် အကြောင်းပြချက်တစ်ခုကို ရှာလိုက်သည်။
အကယ်၍ ဤသည်ကသာ သာမန်စစ်ဆင်ရေးတစ်ခု ဆိုပါက ထိုလူ၏ စွမ်းရည်သည် အတော်ပင် ပုံမှန်မဟုတ်ပေ။
" သူက မျက်ကန်းကြောင်လား၊ ဘာလားဆိုတာ ငါ ဂရုမစိုက်ဘူး။ လုပ်စရာရှိတာသာလုပ် "
ဖန်းရှောင်ကွန်းသည် သူ၏ တည်ငြိမ်မှုကို တစ်ဖန်ပြန်၍ ရရှိလာခဲ့သည်။
Ferrariကားသည် ထပ်မံ၍ အရှိန်တင်လိုက်ပြီး တစ်ဖက်ကလူနှင့် ဆက်ပြီး တိုက်ခိုက်ချင်နေသည်။
သို့သော် ထိုအချိန်တွင် အနီရောင်BMWသည် ရုတ်တရက် ရပ်တန့်သွားသည်။
ထိုသည်က ဖန်းရှောင်ကွန်းကို အံ့ဩသွားစေသည်။
အကယ်၍ သူသည် အားကုန်သုံး၍ ထိုးလိုက်သည်။
သို့သော် အဆုံးတွင် သူသည် ဝါဂွမ်းကို ထိုးလိုက်သလိုပင် အဆုံးသတ်သွားသည်။
သူသည် ဘရိတ်ကို အလျင်အမြန် နင်းလိုက်ပြီး ယဲ့ဖန်ကို ဒေါသတကြီး ကြည့်လိုက်သည်။
" မင်း ဘာလို့ ရပ်လိုက်တာလဲ။ ဆက်ပြိုင်မယ် "
ယဲ့ဖန်သည် သူ့ရှေ့တွင် ရှိနေသော မီးပွိုင့်ကို ညွှန်ပြလိုက်သည်။
" အခု မီးနီနေတယ်လေ "
ထို့နောက် သူသည် တောက်ပသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
သူ့သွားသည် နေရောင်၏ အောက်တွင် တလက်လက် တောက်ပနေသလို ဖြူဖွေးနေသည်။