← Chapters

အခန်း (၁၀၈၅-၁၀၈၈)

Vol. 55 Ch. 1085-1088

အခန်း (၁၀၈၅-၁၀၈၈)

Vol. 55 Ch. 1085-1088

အပိုင်း ( ၁၀၈၅ )

တကယ်လို့ သူက တကယ် အရည်အချင်းရှိနေတယ်ဆိုရင် ငါက သူ့ကို ငါ့တပည့်ဖြစ်စေချင်တယ်

" ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်။ ငါ့နာမည်က ဖန်းရှောင်ကွန်း "

ဖန်းရှောင်ကွန်းသည် BMWပေါ်တွင် မှီနေသော ယဲ့ဖန်ကို ကိုလာတစ်ဘူး ပစ်ပေးလိုက်သည်။

" ဟယ်လို "

ယဲ့ဖန်သည် သူ့နာမည်ကို မပြောခဲ့ချေ။

သူသည် လှည့်လိုက်ပြီး ကိုလာဘူးကို လင်းကျွင်းကျွင်းကို ပေးလိုက်သည်။

လင်းကျွင်းကျွင်းသည် သူ့ကို စူးဝါးစွာ ကြည့်လိုက်ပြီး ဘူးကို မယူပေ။

သူမသည် အခုလေးတင် လမ်းတစ်လျှောက်လုံး သေလုမတတ် ကြောက်ခဲ့ရပြီး စိတ်အခြေအနေသည် ပြန်လည် မကောင်းမွန်လာသေးပေ။

ထိုအချိန်တွင် စူပါပြိုင်ကားအနည်းငယ်သည် သူတို့နောက်သို့ လိုက်လာပြီး လမ်းဘေးတွင် ချရပ်လိုက်သည်။

၇ယောက်၊ ၈ယောက်ရှိသော ယောကျာ်းနှင့်မိန်းမများသည် လမ်းလျှောက်လာကြသည်။

" မင်းတို့ကောင်တွေ ကားမောင်းတာ အရမ်းမမြန်လွန်းဘူးလား။ ငါတို့ ကိုယ့်အရိပ်ကိုတောင် မမြင်နိုင်တော့ဘူး။ နောက်ဆုံး ဘယ်သူ နိုင်သွားလဲ "

" မေးဖို့ လိုသေးလို့လား။ သခင်လေးကွန်းပဲ နိုင်ရမယ်လေ "

" အဲ့တာမှန်တယ်။ သခင်လေးကွန်းရဲ့ ကျွမ်းကျင်မှုနဲ့ဆို ရလဒ်က ဘာမှ ထိတ်လန့်နေစရာ မလိုဘူးမလား "

" သခင်လေးကွန်းက ဖော်မြူလာဝမ်း ကားပြိုင်ပွဲကိုတောင် ဝင်ခဲ့တဲ့လူကွ။ ဒီနိုင်ငံမှာ ရှိတဲ့ ဘယ်သူက သူ့ကိုအနိုင်ယူနိုင်မှာလဲ "

လူတိုင်းသည် ချက်ချင်းပင် ဖန်းရှောင်ကွန်းကို ချီးကျူး မြှောက်ပင့်နေကြသည်။

ဖန်းရှောင်ကွန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" မျက်နှာချို သွေးနေကြတာ ရပ်တော့။ အနိုင်ရတဲ့လူကို မဆုံးဖြတ်ရသေးဘူး "

လူတိုင်း၏ အမူအရာများသည် မှုန်မှိုင်းသွားရင်း ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။

" သေစမ်း၊ ဒီညီအစ်ကိုရဲ့ ကျွမ်းကျင်မှုက တကယ်ကို ကောင်းတာပဲ။ သူ တကယ်ပဲ သခင်လေးကွန်းနဲ့ ယှဥ်တိုက်နိုင်တာလား "

" ပြီးတော့ သူက BMWကို မောင်းနေတာလေ။ စိတ်ဝင်စားစရာပဲ "

" ဒါဆိုလည်း မင်းတို့တွေ ဆက်ပြီးပြိုင်ကြ။ အနိုင်ရသူကို ငါတို့ ဆုံးဖြတ်ရမယ်။ ဟုတ်တယ်မလား "

" အဲ့တာမှန်တယ်၊ အဲ့တာမှန်တယ်။ ဆက်ပြိုင်ကြ ....... "

ဖန်းရှောင်ကွန်းသည် ခေါင်းခါပြလိုက်သည်။

" ငါသူနဲ့ ပြိုင်မှာမဟုတ်ဘူး။ တကယ်လို့ သူသာ ဒီလိုကားမျိုးကို မောင်းနေရင် ငါ နိုင်ရင်တောင်မှ ငါ့အောင်မြင်မှုက အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး "

ထိုသို့ပြောပြီး သူသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ငါတို့ ဒီညပြိုင်ပွဲတစ်ခုရှိတယ်။ မင်း ဝင်ပြိုင်ရဲလား "

ယဲ့ဖန်သည် ခဏလောက် ချင့်ချိန်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

" သေချာတာပေါ့ "

စနစ်၏ ဤတစ်ကြိမ် တာဝန်သည် ဖန်းရှောင်ကွန်းပေါ်တွင် ရှိနေသင့်သည်ဟု ယဲ့ဖန် ခန့်မှန်းမိသည်။

သူသည် ကားမပြိုင်ရသည်မှာ ကြာနေပြီဖြစ်သည်။

ထို့ကြောင့် သူ သွားပြီး ကားပြိုင်ခြင်း၏ အရသာကို ခံစားမည် ဖြစ်သည်။

ယဲ့ဖန်မှ တကယ် သဘောတူလိုက်သည်ကို ကြားသောအခါ လူတိုင်းသည် ရယ်မောလိုက်ကြသည်။

" ညီအစ်ကို၊ ဘယ်လိုပြိုင်ပွဲလဲဆိုတာ မမေးဘဲ သဘောတူလိုက်တာလား။ မင်းက ယုံကြည်ချက် လွန်ကဲမနေလွန်းဘူးလား "

" ဟုတ်တယ်။ ဒီည သခင်လေးကွန်းနဲ့ ယန်းချန်မြို့ မြေအောက်လောက ကားဘုရင်တွေကြားက ပြိုင်ပွဲပဲ။ မင်းမှာ အဲ့လိုလုပ်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား "

" ဒီလို မြေအောက်ပြိုင်ပွဲမျိုးက အရမ်းအန္တရာယ်များတယ်။ တကယ်လို့ မင်းကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင် မင်းအသက်ကိုတောင် ဆုံးရှုံးနိုင်တယ်။ ငါ မင်းကို ဝင်မပါဖို့ အကြံပေးလိုက်မယ် "

" မင်း ဒီကားနဲ့ ပြိုင်ချင်နေတယ်လို့တော့ ငါတို့ကို လာမပြောနဲ့။ ဟားဟားဟား … "

လူတိုင်းသည် ယဲ့ဖန် ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည်ကို လှောင်ပြောင်နေကြသည်။

သူသည် သူ့ကိုယ်သူ အထင်ကြီးလွန်းနေသည်ဟု သူတို့ ခံစားနေရသည်။

ဖန်းရှောင်ကွန်း တစ်ယောက်သာလျှင် သူတို့ကို မတူညီစွာ ဖြတ်ခနဲကြည့်လိုက်သည်။

ထို့နောက် လူတိုင်းသည် ချက်ချင်းပင် အရယ်ရပ်သွားကြသည်။

သူတို့သည် ဖန်းရှောင်ကွန်းကို အနည်းငယ်ကြောက်နေသည်ဆိုတာ သိသာလှသည်။

" သူတို့ရဲ့ အဓိပ္ပါယ်မရှိတာတွေကို နားထောင်မနေနဲ့။ သူတို့ လျှောက်ကစားနေရုံလောက်ပဲ။ ဒါပေမဲ့ မင်း ကားအသစ်တစ်စီးတော့လိုတယ်။ တကယ်လို့ မင်းမှာ မရှိဘူးဆိုရင် ငါမင်းကို တစ်စီးငှားပေးနိုင်တယ် "

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို ကြည့်ပြီး ပြောလိုက်သည်။

" ကိုယ့်ဘာသာ ဂရုစိုက်နိုင်ပါတယ်။ ဘယ်မှာပြိုင်မှာလဲ "

ယဲ့ဖန်သည် ထိုလူတစ်စုကြောင့် ဘာမှမဖြစ်သွားပေ။

သူသည် စိတ်တည်ငြိမ်နေဆဲ ဖြစ်သည်။

ထိုသည်က ဖန်းရှောင်ကွန်းကို ပို၍ အံ့ဩသွားစေသည်။

ယဲ့ဖန်တို့ကဲ့သို့ အရွယ်များသည် သဘာဝအားဖြင့် ငယ်ရွယ်ပြီး တက်ကြွနေတတ်ကြသည်။

အကယ်၍ သူတို့၌ အရည်အချင်း အနည်းငယ်ပင် ရှိပါက သူတို့သည် ပို၍ မောက်မာနေလိမ့်မည် ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် ထိုလူများနှင့် ပတ်သက်ပြီး ဂရုမစိုက်သလိုမျိုး သူ့အသက်အရွယ်နှင့် မလိုက်ဖက်သည့် တည်ငြိမ်မှုကို ပြသနေခဲ့သည်။

" ဟိုင်ထန်ပင်လယ်အော်၊ ဒီည ၇နာရီ "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် အချိန်နှင့် နေရာကို သတင်းပေးလိုက်သည်။

" ဟုတ်ပြီ၊ ညမှ တွေ့တာပေါ့ "

ယဲ့ဖန်သည် လက်ဝှေ့ယမ်းပြလိုက်ပြီး လှည့်ကာ လင်းကျွင်းကျွင်းနှင့်အတူ ကားထဲသို့ ဝင်သွားသည်။

ဖန်းရှောင်ကွန်းသည် BMWကားကို ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ ဘာမှမပြောပေ။

သူ ဘာတွေးနေသည်ဆိုတာကို ဘယ်သူမှ မသိကြပေ။

" သခင်လေးကွန်း၊ ဒီကောင်လေးကို အရမ်း မျက်နှာသာ ပေးလွန်း မနေလွန်းဘူးလား။ ပြိုင်ပွဲမှာ ပါဖို့ သူ့ကို တကယ်ကြီး အရင် ဖိတ်ခေါ်လိုက်တာလား "

ဂျစ်ကန်ကန်ကြည့်နေသော လူတစ်ယောက်သည် လမ်းလျှောက်လာပြီး ရွဲ့စောင်းပြောလိုက်သည်။

" မင်း ဘာသိလို့လဲ "

ဖန်းရှောင်ကွန်းသည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

" အရင်က သခင်လေးကွန်းက ဘယ်သူ့ကိုမှ ဒီလိုမျိုး တန်ဖိုးမထားဖူးဘူးလို့ ခံစားမိလို့ပါ။ ဒါက နည်းနည်း ထူးဆန်းနေတယ်လေ "

ထိုလူသည် ချက်ချင်းပင် သူ၏ အကြည့်ကို ပြင်လိုက်ပြီး အပြုံးဖြင့် ရှင်းပြလိုက်သည်။

ဖန်းရှောင်ကွန်းသည် ယဲ့ဖန် ထွက်သွားသော လမ်းဘက်သို့ ကြည့်လိုက်သည်။

" ဒီကောင်လေးရဲ့ စွမ်းရည်က မဆိုးဘူးလို့ ငါခံစားမိရုံပဲ။ သူက ပြုစုပျိုးထောင်နိုင်လို့ ရနိုင်တဲ့ အရည်အချင်းရှိတဲ့လူပဲ "

" ဒီနေ့ ငါ သူ့ကို သေချာ မစမ်းသပ်လိုက်ရဘူး။ မနက်ဖြန် ငါ တွေ့ရလိမ့်မယ်။ တကယ်လို့ သူက အရည်အချင်းရှိတယ်ဆိုရင် ငါက သူ့ကို ငါ့တပည့်ဖြစ်စေချင်တယ် "

သူ့စကားကို ကြားသောအခါ လူတိုင်းသည် အလွန်အမင်း အံ့ဩသွားကြသည်။

" ဘုရားရေ၊ အဲ့ကောင်လေးက တကယ်ကြီး ကံကောင်းနေတာပဲ။ သူက တကယ်ပဲ သခင်လေးကွန်းရဲ့ မျက်လုံးကို ဖမ်းစားသွားနိုင်တာလား "

" ဟုတ်တယ်၊ သခင်လေးကွန်းရဲ့ တပည့်ဖြစ်လာဖို့ဆိုရင် အဲ့ကောင်လေးက သူ့ဘိုးဘေးတွေရဲ့ဂူက အခိုးအငွေ့တွေကို ရှူရှိုက်နေရမယ် "

" အရင်က ငါ သခင်လေးကွန်းကို ငါ့ဆရာအဖြစ်လိုချင်ခဲ့လို့ သူ့ကို နှစ်လကျော်ကျော် တောင်းပန်ခဲ့တာ။ ဒါပေမဲ့ သူက သဘောမတူခဲ့ဘူး "

" မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ငါ့လောက်တောင် မတော်ပါဘူးကွာ။ သခင်လေးကွန်းက မင်းကို သဘောကျမှာတဲ့လား "

" ငါ အပျော်တမ်း ချန်ပီယံဆုကို ရခဲ့ဖူးတယ်ကွ၊ အိုကေလား "

" အဲ့ကောင်စုတ်လေးက အရမ်းကံကောင်းတာပဲ … "

သူတို့သည် ယဲ့ဖန်ကို မနာလိုအားကျ ဖြစ်နေရခြင်းသည် ယဲ့ဖန်သည် ဖန်းရှောင်ကွန်းဆီမှ ကားမောင်းပညာများကို သင်နိုင်ရုံကြောင့်သာ မဟုတ်ပဲ အဓိကအားဖြင့် ထိုသခင်လေးကွန်း၏ တောင့်တင်းသော နောက်ခံကြောင့်ဖြစ်သည်။

ဤဆရာမျိုးနှင့်သာဆိုပါက သူတို့သည် သံသယမရှိစွာပင် တောင့်တင်းသော နောက်ခံ ရှိလာလိမ့်မည် ဖြစ်သည်။

ဖန်းရှောင်ကွန်းသည် ကောင်းကင်ပေါ်သို့ ‌ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

" မင်းက ငါ့ကို စိတ်မပျက်စေရဘူးလို့ ငါမျှော်လင့်ပါတယ် "

" ငါဒီအမြင့်မှာ ကြာကြာနေနိုင်တော့မှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ငါ့အတွက် ငါ့ဆန္ဒကို ဖြည့်ဆည်းပေးရမယ် "

.......................

ယဲ့ဖန်သည် အစက လင်းကျွင်းကျွင်းအား ဤည ပြိုင်ပွဲကို ခေါ်သွားရန် စီစဥ်ထားခဲ့သည်။

သို့သော် သူ၏ တောင်းဆိုမှုကို ကြားသောအခါ သူမသည် ပလုတ်တုတ်တစ်ခုလိုပင် ခေါင်းကို ခါရမ်းနေခဲ့သည်။

သူ မည်သို့ပင် ပြောပါစေ သူမသည် အညှာအတာမရှိ ငြင်းဆန်ခဲ့သည်။

ကူရာကယ်ရာမဲ့စွာဖြင့် ယဲ့ဖန်သည် တစ်ယောက်တည်းသွားရန် ပြင်ဆင်ရတော့သည်။

သူသည် ချန်းရွှမ်၏ နေထိုင်ရာဝန်းသို့ ပြန်ရောက်လာပြီးသည်နှင့် သူ၏Blue Charm Nightကားကို မောင်းထုတ်ရန် ပြင်လိုက်သည်။

ထိုအချိန် ရုပ်သွင်တစ်ခုသည် ရုတ်တရက်ပဲ သူ့နောက်မှ အလောသုံးဆယ် ထွက်လာပြီး သူ့အပေါ်ကို ခုန်အုပ်လိုက်သည်။

ယဲ့ဖန်၏ တုံ့ပြန်မှုအရှိန်သည် အလွန်ကို မြန်ဆန်လှသည်။

သူ့ရန်သူသည် အလွန်ကို လျှင်မြန်လှသော်လည်း သူသည် လျင်မြန်စွာ ပြန်လည် တိုက်ခိုက်နိုင်နေစဲ ဖြစ်သည်။

ယဲ့ဖန်သည် ခေါင်းကို မလှည့်လိုက်ဘဲ တစ်ဖက်လူ၏ လက်ကောင်ဝတ်ကို ဆွဲကိုင်လိုက်ပြီး သူ့ပုခုံးပေါ်သို့ တင်လိုက်သည်။

" အမေ့ … "

သူလေထဲသို့ပစ်တင်လိုက်သော လုပ်ကြံသူထံမှ ရုတ်တရက်ပင် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို သူ ရင်းနှီးနေခဲ့သည်။

သူသည် ချက်ချင်းပင် တစ်ဖက်လူကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

သို့သော် အားအရှိန်ကြောင့် သူသည် ဟန်ချက်ပျက်သွားပြီး တစ်ဖက်လူနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။

" အို့ … "

ထိုအမျိုးသမီးသည် သူ့ခန္ဓာကိုယ်၏ ဖိကပ်ထားခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် နာကျင်မှုကြောင့် ငိုကြွေးလာတော့သည်။

ယဲ့ဖန်သည် ငုံ့ကြည့်လိုက်ပြီး ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်သွားသည်။

" ကျူးရှောင်ကျောင်းလား "

အပိုင်း ( ၁၀၈၆ )

မင်းအဘိုးက ငါ့အဘိုး ဖြစ်လာမှာ

" နင့်ရဲ့ နံစော်နေတဲ့ လက်တွေကို ဖယ်စမ်း

ကျူးရှောင်ကျောင်း၏ မျက်နှာသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ထိုအခါမှသာ ယဲ့ဖန်သည် သတိဝင်လာခဲ့သည်။

သူ့လက်များသည် သူမ၏ ရင်ဘတ်များကို ဆွဲကိုင်ထားပုံရသည်။

" ဘာလို့ မင်းဖြစ်နေရတာလဲ။ တစ်ယောက်ယောက်က ငါ့ကို လုပ်ကြံချင်နေတာလို့ ငါ ထင်သွားတာ "

ပြောရင်းပဲ သူသည် ကျူးရှောင်ကျောင်းကို ဆွဲထူလိုက်သည်။

ကျူးရှောင်ကျောင်းသည် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါလိုက်ပြီး သူ့ကို စူးဝါးစွာ ကြည့်လိုက်သည်။

" နင် အပြစ်ရှိစိတ် ဖြစ်နေတယ်ဆိုတာ ငါ ပြောနိုင်တယ်။ နင် လူအများကြီးကို ဆန့်ကျင်ခဲ့တာပဲ။ အခု နင် ကောင်းကောင်းတောင် အိပ်မပျော်နိုင်ဘူး၊ ဟုတ်တယ်မလား "

ယဲ့ဖန်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းမညိတ်လိုက်ခင် သူမကို ခဏလောက် စိုက်ကြည့်နေခဲ့သည်။

" မင်း အတော်လေးကို ပြန်ကောင်းလာပြီပဲ။ ဒီကာလအတွင်း မင်း အတော်လေးကို နာနာခံခံ ဖြစ်တဲ့ပုံပါ။ မင်း ထွက်မပြေးတော့ဘူးပေါ့ "

ထိုသည်ကို ယဲ့ဖန် ပြောလိုက်သောအခါ ကျူးရှောင်ကျောင်းသည် ဒေါသထွက်သွားသည်။

" နင် မကောင်းတဲ့ လူဆိုးကောင်ကြီး။ နင့်ကြောင့် လောင်းကစားမြို့မှာ ပွက်လောရိုက်သွားခဲ့တယ်လို့ ငါ ကြားခဲ့ရတယ်။ အဲ့တာက တော်တော်ကို ပျော်ဖို့ကောင်းမှာပဲ။ ဒါပေမဲ့ နင်က ငါ့ကို ခေါ်မသွားခဲ့ဘူး။ ငါ နင့်ကို မုန်းတယ် "

ယဲ့ဖန်သည် အနည်းငယ် အံ့ဩသွားသည်။

" လောင်းကစားမြို့မှာ ငါ လုပ်ခဲ့တာတွေက ယန်းချန်မြို့ကို ဒီလောက်တောင် မြန်မြန် ပျံ့နှံ့လာခဲ့ပြီလား "

ကျူးရှောင်ကျောင်းသည် နှာမှုတ်လိုက်သည်။

" ယန်းချန်မြို့တင် မဟုတ်ဘူး။ မြို့တော်အထိ ပျံ့နှံ့သွားပြီ။ နင် လောင်းကစားမြို့မှာ မိသားစုတစ်ခုကို ဖျက်ဆီးခဲ့တယ်ဆိုတာ တစ်ယောက်ယောက်က အထက်ပိုင်းအရာရှိတွေကို သတင်းပို့လိုက်ပြီ။ ဒီအကျိုးသက်ရောက်မှုက တော်တော်ကို မကောင်းဘူး။ ပြီးတော့ သူတို့က နင့်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးချင်နေကြတယ် "

ယဲ့ဖန်၏အမူအရာသည် ပြောင်းလဲသွားသည်။

" အဲ့လောက် မပြင်းထန်ဘူးလေ၊ ဟုတ်တယ်မလား "

ကျူးရှောင်ကျောင်းသည် သူ့ကို စိုက်ကြည့်နေသည်။

" အဲ့လောက်မပြင်းထန်ဘူး ဟုတ်လား။ နင်က လောင်းကစားမြို့ကို ဥပဒေမရှိတဲ့ နေရာလို့ ထင်နေတာလား။ အထက်ပိုင်းအရာရှိတွေက ဒီကိစ္စကို အတော်လေး စိုးရိမ်နေကြတယ် "

ယဲ့ဖန်သည် ဆက်ပြီး တည်ငြိမ်မနေနိုင်တော့ပေ။

လောင်းကစားမြို့အပေါ်ရှိ အထက်အရာရှိများ၏ အလေးထားမှုကို သူ လျှေ့ာတွက်ခဲ့မိသည့်ပုံ ရသည်။

အကယ်၍ ဤကိစ္စအပေါ် အကောင်ကြီးတချို့မှ မကျေမနပ်ဖြစ်ပါက ကောင်းလိမ့်မည် မဟုတ်ပေ။

ကျူးရှောင်ကျောင်းသည် သူ၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို ကြည့်လိုက်ပြီး ပီတိဖြစ်နေသည်။

" ဟားဟား၊ ဆိုတော့ နင်လည်း ကြောက်ရတဲ့အချိန်တွေ ရှိသေးတာလား "

ယဲ့ဖန်သည် သူမကို တည်ကြည်စွာ ကြည့်လိုက်သည်။

" အဓိပ္ပါယ်မရှိတာ၊ ငါက သာမန်လူတစ်ယောက်ပဲလေ၊ ဟုတ်တယ်မလား။ အကောင်ကြီးတချို့ကို စော်ကားမိမှတော့ ဘယ်သူက မကြောက်ပဲနေမှာလဲ "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် တခစ်ခစ် ရယ်မောလိုက်သည်။

" စိတ်မပူပါနဲ့၊ ငါ့အဘိုးက အဲ့ကိစ္စကို နင့်အတွက် ဖြေရှင်းပေးပြီးသွားပြီ "

ယဲ့ဖန်သည် ပျော်ရွှင်ကျေနပ်သွားသည်။

" တကယ်လား "

ကျူးရှောင်ကျောင်းသည် မျက်နှာတည်ဖြစ်သွားကာ သက်ပြင်းချလိုက်သည်။

" ငါ့အဘိုးက ပြောတယ်။ ဒါက ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် ပြန်ပေးဆပ်တာလို့ သတ်မှတ်ရမယ်တဲ့။ အနာဂတ်မှာ နင် သူ့ကို ဘာအကြွေးမှ တင်နေတော့မှာ မဟုတ်ဘူး "

ယဲ့ဖန်သည် သူ့ခေါင်းကို ငုံ့လိုက်ပြီး ခဏလောက် တွေးနေခဲ့သည်။

ထို့နောက် ရုတ်တရက် သူမကို ကြည့်လိုက်သည်။

" မင်းကလွဲပြီး မင်းမိသားစုမှာ နေမကောင်းတဲ့လူ ရှိလား။ တကယ်လို့ ကုသလို့မရတာတို့၊ ရောဂါကျွမ်းနေတဲ့ ဖျားနာမှုမျိုး ဖြစ်နေတဲ့ လူဆို အကောင်းဆုံးပဲ "

ကျူးရှောင်ကျောင်းသည် သူ့ကို ဂရုတစိုက်ကြည့်လိုက်သည်။

" နင်ဘာလို့ ဒါကို မေးတာလဲ "

ယဲ့ဖန်သည် လေးလေးနက်နက် ပြောလိုက်သည်။

" မင်းအဘိုး ငါ့ကို နောက်ထပ် အကြွေးတစ်ခုထပ်ပြီး တင်သွားမယ်လေ။ ဒါဆို အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ငါ့အသက်ကို ကယ်နိုင်ပြီ "

ကျူးရှောင်ကျောင်းသည် မျက်လုံးပြူးသွားသည်။

" နင့်စကားအရဆို နင်က ဘယ်လောက်တောင် ပြဿနာတွေ ဖြစ်စေချင်နေတာလဲ "

ယဲ့ဖန်သည် ရယ်မောလိုက်သည်။

" ဘယ်သူကသိမှာလဲ။ အချိန်အများစုမှာ ငါက ပြဿနာ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ပြဿနာက ငါ့ကိုအမြဲတမ်း လာရှာနေတာလေ။ အဲ့တာက လိုရမယ်ရပါ "

" မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး။ မင်းအိမ်မှာ လူနာတွေထပ်ပြီး မရှိတော့ဘူးလား "

ကျူးရှောင်ကျောင်း၏ မျက်နှာသည် အေးစက်သွားသည်။

" မရှိဘူး "

ယဲ့ဖန်သည် သူမကို စိုက်ကြည့်လိုက်သည်။

" ဘာလို့ ငါက မင်းရဲ့ ရူးနေတဲ့ စိတ်ပိုင်းဆိုင်ရာ ဖျားနာမှုကိုလည်း မကုသ‌ပေးရမှာလဲ။ ဒီနည်းလမ်းနဲ့ဆိုရင် မင်းအဘိုးလည်း ငါ့ကို နောက်ထပ်တစ်ခါ ထပ်ပြီး အကြွေးတင်သွားလိမ့်မယ် "

ကျူးရှောင်ကျောင်းသည် သူမ၏ လက်သီးသေးသေးလေးများကို ဝေ့ယမ်းပြီး သူ့ကို ထိုးလိုက်သည်။

" နင်က ရူးနေတာပဲ "

ယဲ့ဖန်သည် သူမ၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

" တကယ်တော့ နေမကောင်းတာကို ကုပေးတာထက် ငါ့မှာ တခြားနည်းလမ်းရှိသေးတယ် "

ကျူးရှောင်ကျောင်းသည် အကြိမ်အနည်းငယ် ကြိုးစားပြီးသည့်နောက်တွင် သူမကိုယ်သူမ လွတ်အောင် မလုပ်နိုင်ပေ။

သူမသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" ဘာလဲ "

ယဲ့ဖန်၏ နှုတ်ခမ်းများသည် ယုတ်မာလိုသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

" တကယ်လို့ ငါ မင်းကို လက်ထပ်လိုက်တယ်ဆိုရင် မင်းအဘိုးက ငါတို့အဘိုး ဖြစ်လာလိမ့်မယ် မဟုတ်ဘူးလား။ အကယ်၍ သူ့မြေးသမက်လေးမှာ တစ်ခုခုဖြစ်သွားရင် သူ ဘာမှမလုပ်ပဲ ထိုင်မနေနိုင်ဘူးလေ၊ ဟုတ်တယ်မလား "

ကျူးရှောင်ကျောင်း၏လှပသောမျက်နှာလေးသည် ချက်ချင်းပင် နီရဲသွားသည်။

" နင် …. ဖားပြုတ်က ငန်းသားကို စားချင်နေတာလား။ ဘယ်သူက နင့်လို လူဆိုးကောင်ကြီးကို လက်ထပ်ချင်နေလို့လဲ "

ယဲ့ဖန်သည် ရှက်ရွံ့သွားသလို မခံစားရပေ။

ထိုအစား သူသည် ဂုဏ်ယူသွားသည်။

" ငါ့ကို လက်ထပ်ချင်နေတဲ့ လူတွေအများကြီး ရှိတယ်။ မင်းကတောင် ပြန်ပြီး ဈေးညှိနေရမှာ။ မကျေမနပ်မဖြစ်ပါနဲ့ "

ကျူးရှောင်ကျောင်းသည် အလွန်ဒေါသထွက်နေသောကြောင့် ဘာမှမပြောနိုင်ပေ။

သူမ၏ရင်ဘတ်သည် ပြင်းပြင်းထန်ထန် တက်လိုက်၊ ကျလိုက်နှင့် ဖြစ်နေသည်။

သူမ ထပ်ပြီး စိတ်ဆိုးသွားမည်ကို ကြောက်သောကြောင့် ယဲ့ဖန်သည် အကြောင်းအရာကို မြန်မြန် ပြောင်းပြောလိုက်သည်။

" ငါ မင်းကိုနောက်နေတာပါ။ ပြောပါဦး၊ မင်းငါ့ကို ဘာလို့ လိုက်ရှာနေတာလဲ "

သူ့စကားကို ကြားသောအခါ ကျူးရှောင်ကျောင်းသည် ပို၍ပင် ဒေါသထွက်သွားသည်။

" နင်က မေးဖို့ ပါးစပ်ရှိနေသေးတာလား။ ယန်းချန်မြို့ကို ပြန်ရောက်တာ ဘယ်နှစ်ရက်ရှိနေပြီလဲ။ ဘာလို့ ငါ့ဆီကိုမလာတာလဲ "

ယဲ့ဖန်သည် ချောင်းဟန့်လိုက်သည်။

" ငါ ပြန်ရောက်လာတော့ ရှင်းစရာကိစ္စတွေ အများကြီး ရှိနေတယ်လေ။ ငါ့မှာ အဲ့လိုလုပ်ဖို့ အချိန်မရှိဘူး၊ ဟုတ်တယ်မလား "

ကျူးရှောင်ကျောင်းသည် နှာမှုတ်လိုက်သည်။

" နင်က မိန်းမတစ်ယောက်နဲ့ အိမ်ဝယ်ဖို့ကျ အချိန်ရှိတယ်။ ဒါပေမဲ့ ငါ့ဆီကို လာဖို့တော့ အချိန်မရှိဘူးပေါ့ "

ယဲ့ဖန်၏ အမူအရာသည် တောင့်တင်းသွားပြီး ချက်ချင်းပင် ဒေါသတကြီး ပြောလိုက်သည်။

" ကျူးရှောင်ကျောင်း၊ ငါ့ကို စောင့်ကြည့်ဖို့ မင်း လူတွေ ထပ်ပြီး လွှတ်ထားပြန်ပြီလား "

ကျူးရှောင်ကျောင်းသည် သူမ၏ စကားချော်သွားမှုကို သဘောပေါက်သွားသောကြောင့် ချက်ချင်းပင် သူမ၏ ပါးစပ်ကို ဖုံးထားလိုက်သည်။

" ငါ မဟုတ်ဘူး၊ ငါ မလုပ်ဘူး "

ယဲ့ဖန်သည် သူမကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။

" ငါမင်းကို သတိပေးလိုက်မယ်၊ ဒါက နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ တကယ်လို့ နောက်တစ်ခါ ဖြစ်လာမယ်ဆိုရင် … "

ကျူးရှောင်ကျောင်းသည် မကြောက်မရွံ့ အသက်ရှူထုတ်လိုက်သည်။

" တကယ်လို့ နောက်တစ်ကြိမ်ဆိုရင် ဘာဖြစ်လဲ "

ယဲ့ဖန်သည် အံကြိတ်လိုက်သည်။

" တကယ်လို့ နောက်တစ်ကြိမ်သာဆိုရင် ငါ မင်းရဲ့ တင်ပါးကို ရိုက်ရလိမ့်မယ် "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် ရှက်ရွံ့သွားပြီး ဒေါသထွက်သွားသည်။

" နင်လုပ်ရဲလား "

" ငါလုပ်ရဲလား၊ မရဲလား ကြည့်လိုက်ရအောင် "

ယဲ့ဖန်သည် တိုက်ခိုက်ချင်ယောင်ဆောင်လိုက်သည်။

" အား၊ အမေ့ … "

ကျူးရှောင်ကျောင်းသည် အမြန်ပင် သူမ၏ တင်ပါးကို ကာထားလိုက်ပြီး ထွက်ပြေးတော့သည်။

ယဲ့ဖန်သည် သူမ၏ ရိုးစင်းသော အသွင်အပြင်ကြောင့် သဘောကျသွားသည်။

သူမ တကယ်ကို လူရွှင်တော်ပဲ။

" တကယ်လို့ မင်းမှာ ဘာကိစ္စမှ မရှိဘူးဆိုရင် မြန်မြန်ပြန်တော့။ ငါဒီည လုပ်စရာလေးတွေ ရှိနေသေးတယ် "

ကျူးရှောင်ကျောင်းသည် အမြန် ယဲ့ဖန်နားသို့ လမ်းပြန်လျှောက်လာခဲ့သည်။

" ဘာကိစ္စလဲ "

ယဲ့ဖန်သည် သူ့နာရီကို ကြည့်လိုက်သည်။

" ငါ ဒီည တစ်ယောက်ယောက်နဲ့ ကားမောင်းပြိုင်ဖို့ ချိန်းထားတယ်။ အဲ့အချိန်ရောက်တော့မယ်။ အဲ့တာကြောင့် ငါသွားသင့်နေပြီ "

ကျူးရှောင်ကျောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။

" ကားမောင်းပြိုင်ပွဲလား။ ငါ လိုက်ချင်တယ်၊ ငါ လိုက်ချင်တယ် "

" မင်းက ဘာကို လိုက်ချင်နေတာလဲ "

" ငါနင်နဲ့ ကားမောင်းပြိုင်ချင်တယ် "

" နောက်နေတာရပ်လိုက်။ မင်းနှလုံးက အားနည်းတယ်။ ငါ့ကားထဲမှာ မသေနဲ့ "

" ဒါက နင့်ရဲ့ ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုကို စမ်းသပ်ဖို့ အချိန်ပဲ။ တကယ်လို့ ငါက နင့်ကားထဲမှာ သေသွားရင် နင်ကရမ်းကုပဲ "

" မင်း ဘာပြောပြော ကိစ္စမရှိဘူး။ ငါ မင်းကို အဲ့ဒီကို ခေါ်သွားမှာ မဟုတ်ဘူး "

" နင်က တကယ်ကြီး ငါ့ကို နင်နဲ့ အတူတူ မခေါ်သွားချင်ဘူးလား "

" မရဘူး၊ ငါသေချာပေါက်ကို မခေါ်သွားဘူး "

" ဒါဆိုလည်း နောင်တမရနဲ့ "

" ဟမ့်၊ မင်းက ငါ့ကို ဘာလုပ်နိုင်လို့လဲ "

" အာရိုး၊ ငါ့နှလုံးက မကောင်းဘူး။ ငါ သေတော့မယ်။ ငါ မရတော့ ..... "

ကျူးရှောင်ကျောင်းသည် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး သူ့ခြေထောက်များကို တင်းကြပ်စွာဖက်ထားကာ နာကျင်စွာ ငိုချလိုက်သည်။

ယဲ့ဖန်သည် ကူရာကယ်ရာမဲ့သွားသည်။

" မမလေး၊ ငါ့ကို လာလိမ်နေတာလား "

ကျူးရှောင်ကျောင်းသည် မော့ကြည့်လိုက်သည်။

" ငါက နင့်ကို ပရိယာယ်သုံးဖို့ ကြိုးစားနေရုံတင်ပါ။ ဘာမှားနေလို့လဲ။ နင် ငါ့ကို အတူတူ ခေါ်သွားမှာလား။ တကယ်လို့ နင်ငါ့ကို အတူခေါ်မသွားဘူးဆိုရင် ငါ ဒီနေရာမှာ လှဲချလိုက်ပြီး ထွက်မသွားတော့ဘူး "

ယဲ့ဖန်သည် ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပေ။

" နင်က ချမ်းသာတဲ့ မမလေးလေ။ ဘာလို့ အရှက်မရှိတဲ့ ခွေးတစ်ကောင်လို သရုပ်ဆောင်နေရတာလဲ "

ကျူးရှောင်ကျောင်းသည် နှာမှုတ်လိုက်သည်။

" ငါက အရှက်မရှိတဲ့ ခွေးတစ်ကောင်ပဲ။ တကယ်လို့ နင်ငါ့ကို အတူ ခေါ်မသွားဘူးဆိုရင် ငါနင့်ကို သေတဲ့ထိ ကိုက်မှာ၊ ဝုတ် ဝုတ် ဝုတ် "

ယဲ့ဖန်သည် သူမနှင့် ဘာလုပ်ရမလဲ ဆိုတာကို မသိတော့ပေ။

" ကောင်းပြီ၊ ငါနင့်ကို ခေါ်သွားမယ်၊ ဟုတ်ပြီလား "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် မြေပြင်ပေါ်မှ ထရပ်လိုက်ပြီး ပြုံးလိုက်သည်။

" နင်က နင့်အမှားကို သိပြီး ပြောင်းလဲနိုင်တာပဲ။ နင်က ကောင်းတဲ့ ရဲဖော်ရဲဘက်တစ်ယောက် ဖြစ်နေဆဲပဲ "

ယဲ့ဖန်သည် သူမကို လုံးဝ အရှုံးပေးလိုက်သည်။

သူ့မျက်နှာပေါ်တွင်တော့ စိတ်ပျက်သော အကြည့်တစ်ခု ရှိနေခဲ့သည်။

အပိုင်း ( ၁၀၈၇ )

စိတ္တဇဆေးရုံက လွတ်လာတာလား။

ယဲ့ဖန်သည် ကျောင်းဖုလင်ကို မေးပြီးသွားသောအခါ ဟိုင်ထန်ပင်လယ်အော်သည် ယန်းချန်မြို့တွင် ကျော်ကြားသော ကားပြိုင်သောနေရာတစ်ခု ဖြစ်ကြောင်း သိသွားသည်။

ထိုနေရာသည် ကျုံးဟိုင်မြို့ရှိ ဂဏန်းပင်လယ်အော်နှင့် ဆင်သည်။

တရားဝင်မဟုတ်သော အချက်အလက်များအရ ကားပြိုင်မောင်းခြင်းကြောင့် မတော်တဆမှုဖြစ်ပြီး သေသွားသော လူအရေအတွက်သည် အနည်းဆုံး ဂဏန်းနှစ်လုံးအထိ ရှိသည်။ (၁၀မှ၉၉ )

ထို့ကြောင့် ဟိုင်ထန်ပင်လယ်အော်၏ တခြားနာမည်သည် ဝိဉာဉ်ပင်လယ်အော်ဖြစ်သည်။

ယဲ့ဖန်သည် Blue Charm Nightကားကိုမောင်းလာပြီး ကျူးရှောင်ကျောင်းကို ဟိုင်ထန်ပင်လယ်အော်သို့ ခေါ်လာသောအခါ ထိုနေရာတွင် လူတော်တော်များများ စုမိနေပြီဖြစ်သည်။

သူတို့ထဲမှ အများစုသည် ထူးဆန်းသောအဝတ်အစားများ ဝတ်ထားကြသည်။

သူတို့၏ ဆံပင်များသည် ရောင်စုံဆေးမှုတ်ထားကြပြီး ဘီယာသောက်နေကြကာ မကောင်းဆိုးရွားဆန်သော အော်ဟစ်မှုများနှင့် အူသံ လှိုင်းလုံးများကို ထုတ်လွှတ်နေကြသည်။

ထိုသို့ တေလေဂျပိုးများစွာ စုနေသောနေရာတစ်ခုသို့ မိန်းကလေးအများစုသည် ပထမဦးဆုံး ရောက်လာသောအခါ သတိလက်လွတ် ကြောက်သွားကြမည်ဖြစ်သည်။

သို့သော် ထိုနေရာမျိုးအပေါ် ကျူးရှောင်ကျောင်းသည် ပုံမှန်မဟုတ်သော ဝါသနာမျိုး ရှိနေခဲ့သည်။

ကားမရပ်သေးခင်မှာပင် သူမသည် ကားအပြင်ကို ထွက်ရန်ပြင်နေပြီး အချိန်ကောင်းတစ်ခုကို အတူတူ ကုန်ဆုံးရန် မစောင့်နိုင်တော့ပေ။

ယဲ့ဖန်သည် သူမ၏ စိတ်အားတက်ကြွနေသော အကြည့်ကို မြင်သောအခါ ခေါင်းကိုက်သွားသည်။

ငါ အလျှော့မပေးလိုက်သင့်ဘူး။

သူမက ဘယ်လိုပြဿာနာကို ဖြစ်စေမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။

တကယ်လို့ သူမသာ တစ်ခုခုဖြစ်သွားရင် ကျူးမိသားစုက အဘိုးကြီးက ငါ့ကိုပစ်ဖို့ စနိုက်ပါသမား လွှတ်လိုက်မှာ မဟုတ်ဘူးလား။

ယဲ့ဖန်၏ကား မောင်းဝင်လာသောအခါ အော်ဟစ်ကာ အူနေကြသော ယောကျာ်းနှင့် မိန်းမများသည် သူ့ကားကို အံ့ဩစွာဖြင့် ကြည့်နေကြသည်။

" သေစမ်း၊ အဲ့တာ တကယ့် သူဌေးကြီးလား။ Blue Charm Nightနဲ့ကွ "

" ဟား၊ အရင်က အဲ့ကားကို ငါ မဂ္ဂဇင်းတွေထဲမှာပဲ မြင်ဖူးတာ။ အဲ့တာက ကမ္ဘာပေါ်မှာ တစ်စီးပဲ ရှိပြီး သန်းရာဂဏန်းနဲ့ ရောင်းထွက်သွားတယ်လို့ ပြောထားတယ်။ ဒီနေ့မှာ ငါ့ရဲ့မျက်လုံးတွေနဲ့ ကိုယ်တိုင် တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး "

" အို ဘုရားရေ၊ အဲ့ကားက ကားပြပွဲတစ်ခုမှာ လျှို့ဝှက်သူဌေးကြီးတစ်ယောက်က ဝယ်သွားတယ်လို့ ငါ ကြားခဲ့ရတယ်။ ငါက ဒီနတ်ဘုရားဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး "

" ဘယ်လောက်တောင် လှလိုက်တဲ့ ပြပွဲလဲ။ ငါ့ရဲ့ဦးခေါင်းခွံကိုတောင် ယားအောင် လုပ်နိုင်တယ်။ ငါ သူ့ကို ဒူးထောက်ပြီး ရှိခိုးနေချင်ပြီ "

" ဒါက တကယ်အကောင့်ကြီးပဲ မောင်းနိုင်မှာ။ သန်းအနည်းငယ်ပဲ တန်တဲ့ ငါတို့ကားတွေက သူတို့နဲ့ မယှဥ်နိုင်ဘူး "

" တကယ်လို့ ငါသာ ဒီကားကို မောင်းနိုင်မယ်ဆိုရင် မတော်တဆမှုဖြစ်ပြီး ကားထဲမှာ သေသွားရရင်တောင် တန်တယ် "

လမ်းပေါ်တွင် ကားပြိုင်မောင်းသူတိုင်း၏ မျက်လုံးများထဲတွင် ယဲ့ဖန်၏ ကားသည် သံသယမရှိစွာဖြင့် နတ်လက်နက်တစ်ခု ဖြစ်နေသည်။

ထို့ကြောင့် ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

လူတိုင်း၏ အကြည့်ကို မြင်သောအခါ ကျူးရှောင်ကျောင်း၏ မာနတရားသည် ပွင့်ထွက်သွားသည်။

သူမသည် ယဲ့ဖန်၏ ပုခုံးကို ပုတ်လိုက်သည်။

" မဆိုးပါဘူး၊ နင်က တကယ်ပဲ ငါ့ကို ဂုဏ်ယူရအောင် လုပ်ပေးတာပဲ "

ယဲ့ဖန်သည် မျက်လုံပြူးသွားသည်။

" မင်းကို မျက်နှာသာရအောင် လုပ်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ မင်းကသာ အဲ့မျက်နှာသာကို ကပ်ယူနေတဲ့ လူတစ်ယောက်လေ၊ အိုကေလား "

မမလေး ကျူးရှောင်ကျောင်းသည် ထိုအခိုက်အတန့်တွင် စိတ်အခြေအနေအမြင့်ဆုံး ဖြစ်နေသည်။

သူမသည် သူနှင့် ငြင်းခုန်မနေဘဲ တံခါးကို ဖွင့်ပြီး ကားပေါ်မှာ လျင်မြန်စွာ ဆင်းသွားသည်။

ယဲ့ဖန်သည် ကူရာကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ကားထဲမှ ထွက်လိုက်တော့သည်။

" သေစမ်း၊ အဲ့ကောင်မလေးက အရမ်းလှတာပဲ။ သူမက ဟိုင်ထန်ပင်လယ်အော်မှာ အလှဆုံးမိန်းကလေးဖြစ်နေမှာ ဟုတ်တယ်မလား "

" တကယ်လို့ ငါသာ ခရီးသည်ခုံမှာ ဒီလိုအနေအထားမျိုး ရှိတဲ့ ကောင်မလေးနဲ့ အတူတူထိုင်ရမယ်ဆိုရင် ငါက ကောင်းကင်ပေါ်ကိုတောင် တက်သွားနိုင်လိမ့်မယ် "

" အိမ်မက်မက်နေတာ ရပ်စမ်းပါ။ ဘာလို့ သူမောင်းနေတဲ့ကားကို မကြည့်တာလဲ။ တကယ်လို့ သူ့မှာ အရည်အချင်းတစ်ခုမှ မရှိဘူးဆိုရင် သူက အဲ့လိုကောင်မလေးမျိုးကို ဘယ်လိုလုပ် ရနိုင်မှာလဲ "

" အဲ့တာက နံစော်နေတဲ့ ငွေအနည်းငယ်ပဲ မဟုတ်ဘူးလား။ သူက အံ့ဩစရာကောင်းနေလို့လား "

ထိုစကားကို မကြားချင်သော အမျိုးသမီးများစွာ ရှိနေပြီး ချက်ချင်းပင် ကန့်ကွက်လိုက်ကြသည်။

" အဲ့မိန်းမက တော်တော်လေး လှပါတယ်။ ဒါပေမဲ့ အဲ့ယောကျာ်းကတော့ အရမ်းကို ချောတာပဲ။ နင်တို့ရဲ့ ဝက်ခေါင်းတွေကို ကြည့်စမ်း။ နင်တို့က သူနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ "

" အဲ့တာမှန်တယ်။ နင်တို့က သူနဲ့ ငွေဆိုတဲ့အကြောင်းအရာမှာလည်း မယှဥ်နိုင်ဘူး။ ပြီးတော့ နင်တို့က သူ့လောက်လည်း မချောကြဘူး။ နင်တို့က ဒီလိုစကားမျိုးကို ဘယ်လိုလုပ်ပြီး ပြောရဲနေကြတာလဲ "

" အချောလေး၊ ငါ နင်ရဲ့ ကားကို မောင်းလို့ ရနိုင်မလား။ အလဲအလှယ်အဖြစ် ငါ နင်နဲ့ တစ်ညအိပ်ပေးနိုင်တယ် "

" နင်က ငါ့ကို ကားပတ်မောင်းပေးသရွေ့ ငါနင်နဲ့ တစ်လအိပ်မယ်၊ ဟားဟား "

ကားပြိုင်မောင်းနိုင်သော အမျိုးသမီးများသည် အတော်လေးကို ပွင့်လင်းကြပြီး ယောကျာ်းများထက် ပို၍ ညစ်ညမ်းစွာ ပြောနိုင်ကြသည်ဟု ပြောရမည် ဖြစ်သည်။

ယဲ့ဖန်သည် ကားရှေ့တွင် ထိုင်နေပြီး ကျူးရှောင်ကျောင်း၏ ပုခုံးပေါ်သို့ လက်တစ်ဖက်ကို တင်ထားလိုက်သည်။

" တောင်းပန်ပါတယ်၊ ပိုင်ရှင်ရှိပြီးသားပါ။ တကယ်လို့ မင်းတို့ ငါနဲ့ အိပ်ချင်တယ်ဆိုရင် အရင် တန်းစီရလိမ့်မယ် "

ကျူးရှောင်ကျောင်းသည် သူ့ကို စူးဝါးစွာ ကြည့်လိုက်သည်။

သို့သော် သူမသည် မငြင်းပယ်ခဲ့ပေ။

ထိုတစ်ကြိမ်တွင် လမ်းသရဲ အမျိုးသမီးတစ်စုသည် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။

" အိုက်ယား၊ ငါက နင့်ကို မျက်နှာသာပေးထားတယ်လေ။ အဲ့တာကို စိတ်ရှုပ်နေတုန်းလား။ ငါနဲ့ အိပ်ချင်နေတဲ့ လူတွေအများကြီးရှိတယ်။ ငါက သူတို့ကိုတောင် အထင်မကြီးဘူး။ ဘာလို့ဒီမှာ တန်းစီရမှာလဲ "

" အချောလေး၊ ငါ လိုင်းဖြတ်လို့ ရနိုင်မလား။ နင်က အဲ့တာကို ရှေ့နောက် ရွှေ့နိုင်ပါတယ် "

" နင်တို့ ယောကျာ်းတွေက မိန်းမတွေကို လုံးဝ နားမလည်ပါဘူး။ ရုပ်ချောချောလေးကို ဘာအတွက် သုံးမှာလဲ။ အဓိကက ကာမဆက်ဆံဖို့ပဲလေ "

" ဟုတ်တယ်၊ ဒီကောင်မလေးက အိပ်ရာပေါ်ကို ဝင်နိုင်မဲ့ပုံ မပေါ်ဘူး။ သူမက ငါတို့လို ဘယ်လို ကစားရမလဲ ဆိုတာကို မသိဘူး။ ငါတို့က ဘာမဆိုလုပ်နိုင်တယ် "

" မိန်းမတွေက ရေနဲ့ လုပ်ထားတယ်ဆိုတာကို မင်းကြားဖူးလား။ ငါက အများဆုံးပဲ … "

ယဲ့ဖန်သည် အတွေ့အကြုံရှိပြီးသားလူဟု ယူဆလို့ရနိုင်သည်။

သို့သော် သူသည် ထိုအမျိုးသမီးများ၏ စနောက်ကျီစယ်ခြင်းကို မခံနိုင်တော့ပေ။

သူသည် ကျူးရှောင်ကျောင်းဘက်သို့ လှည့်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်သည်။

" ပြိုင်ကားသမားတွေဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဘယ်နေရာမဆို မြန်ဆန်တယ် "

ကျူးရှောင်ကျောင်းသည် ထိုမိန်းမတစ်စုကို စူးဝါးစွာ ကြည့်လိုက်သည်။

" နင်တို့က ကားမောင်းချင်တာလား။ ငါလိုက်ပေးရမလား "

" ပြီးတော့ ငါ့ကို ကားမမောင်းနိုင်ဘူးလို့ ဘယ်သူကပြောတာလဲ။ တကယ်လို့ ငါသာသွားလိုက်ရင် နင်တို့ အားလုံးပေါင်းလိုက်ရင်တောင် ငါ့ကို မှီမှာမဟုတ်ဘူး "

သူမ၏ တန်ပြန်တိုက်ခိုက်မှုကို ကြားသောအခါ သူတို့သည် ချက်ချင်းပင် သူမကို ဝိုင်းလိုက်ပြီး တိုက်ခိုက်ကြတော့သည်။

" ဟက်၊ နင်ပြောပုံအရ ဝန်မခံချင်တဲ့ပုံပဲ ဟုတ်တယ်မလား။ ဒါဆိုလည်း ပြီးရင် တစ်ယောက်နဲ့တစ်ယောက် ယှဥ်ကြတာပေါ့။ ဒီညလေ ဘယ်လိုလဲ "

" ဒီလူချောလေးက ငါတို့အကုန်လုံးကို မကိုင်တွယ်နိုင်မှာကို ကြောက်မိတယ်။ သူက အရမ်းပိန်နေတာ။ အဲ့တာကြောင့် အဲ့အပိုင်းမှာ သူ့ရဲ့စွမ်းရည်က မကောင်းလောက်ဘူး "

" ဒါကလည်း ကိစ္စမရှိပါဘူး။ သူ လိင်စိတ်ကြွဆေးသောက်ပြီး မနက်မိုးလင်းတဲ့ထိ တိုက်ခိုက်နိုင်သွားလိမ့်မယ် "

" မနက်ထိ တိုက်ခိုက်မှာလား။ သူက ထိန်းထားနိုင်ပါ့မလား "

" တကယ်လို့ ပန်းမွေ့ယာအောက်မှာ သေသွားမယ်ဆိုရင် အချစ်ဝိညာဥ် ဖြစ်သွားတယ်ဆိုတာ မကြားဖူးဘူးလား။ ဒီလောက်များတဲ့ ပန်းပွင့်တွေအောက်မှာ သေရတာက ပျော်ရွှင်မှုတစ်မျိုးပဲလေ "

ထိုလမ်းသရဲမိန်းမအုပ်စုသည် ပို၍ပင် တက်ကြွလာကြပြီး လူတိုင်း၏စိ တ်များကို ပွင့်ထွက်စေပြီး ရင်ခုန်သံ မြန်သွားစေသည်။

ရှိနေသော ယောကျာ်းတိုင်းသည် အားကျပြီး မနာလို ဖြစ်နေကြသည်။

ယောကျာ်းများသည် ပိုင်နက်ကို အာရုံခံစားနိုင်ကြပြီး မူလက ထိုအမျိုးသမီးများသည် သူတို့၏ ပစ်မှတ်များ ဖြစ်ကြသည်။

သို့သော် ယဲ့ဖန် ရောက်ရှိလာသော အချိန်တွင် သူသည် သူမတို့၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

ယဲ့ဖန်သည်သာ ထင်းနေခဲ့သည်။

ယောကျာ်းတိုင်းသည် သူတို့၏ သွားများကို မုန်းတီးမှုများဖြင့် ကြိတ်နေကြသည်။

ပြိုင်ပွဲပြီးသွားသည့်နောက်တွင် ထိုကောင်လေးကို သူဖော်ခဲ့သော ဆေး၏ အရသာကို သေချာပေါက် ပြန်ခံစားခိုင်းမည်ဟု တိတ်တဆိတ် ဆုံးဖြတ်ထားလိုက်ကြသည်။

ယဲ့ဖန်သည် သူတို့နှင့် ဆက်ပြိုင်မနေတော့ပေ။

သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

" ဖန်းရှောင်ကွန်း ရောက်မလာသေးဘူးလား။ "

သူ့မေးခွန်းကို ကြားသောအခါ ဆံပင်ဝါနှင့်လူသည် ချက်ချင်းပင် ပဟေဠိဖြစ်သွားသည်။

" မင်းက ဘာလို့ သခင်လေးကွန်းအကြောင်းကို မေးတာလဲ "

ယဲ့ဖန်သည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" ဒီနေ့လည်တုန်းက သူနဲ့ငါ ကားပြိုင်မောင်းခဲ့ပြီး သရေကျခဲ့တယ်။ သူက နည်းနည်း မကျေမနပ်ဖြစ်နေပြီး ဒီည လာပြီး ပြိုင်ပွဲကို ဆက်လုပ်ဖို့ ငါ့ကိုတောင်းဆိုခဲ့တာ "

" သူက ဘယ်မှာလဲ။ ကြောက်နေတာလား "

ဝူး

မူလက ရုတ်ရုတ်သဲသဲ ဖြစ်နေသော မြင်ကွင်းသည် ချက်ချင်းပင် ငြိမ်ကျသွားပြီး လူတိုင်းသည် သူ့ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသည်။

" ဒီကောင်လေး အခုလေးတင် ဘာပြောလိုက်တာလဲ။ သူက သခင်လေးကွန်းနဲ့ သရေကျခဲ့တယ်လို့ ပြောလိုက်တာလား။ မင်း ကြွားလုံးထုတ်နေတာလား "

" သခင်လေးကွန်းရဲ့ စွမ်းရည်အရ သူက ဒီနိုင်ငံက ထိပ်သီးတွေကြားထဲမှာတောင် အဆင့်ဝင်တယ်၊ ဟုတ်တယ်မလား။ သူက သခင်လေးကွန်းနဲ့ သရေကျတဲ့အထိ တိုက်နိုင်တာလား "

" ဒီကောင်လေးက စိတ်ကျန်းမာရေးဆေးရုံက ထွက်ပြေးလာတာလား။ အခု သူ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလား "

" ဒီလိုငချွတ်လေးအတွက် သခင်လေးကွန်းလိုလူက ထွက်လာဖို့ လိုလို့လား။ ငါက မင်းနဲ့ အကြိမ်ရေနည်းနည်းလောက် ပြိုင်ပေးရမလား "

" သူက ဒီမှာ နှိပ်စက်ခံရဖို့ ရှိနေတာလို့ ငါထင်တယ် "

ယဲ့ဖန်၏ စကားများသည် ယမ်းမှုန့်ကို မီးရှို့လိုက်သလိုပင် ဖြစ်နေခဲ့သည်။

ယဲ့ဖန်သည် ဤလူစုက ဖန်းရှောင်ကွန်းကို အတော် လေးစားနေကြသည်ဆိုတာကို မြင်နိုင်သည်။

ချက်ချင်းပင် လူများစွာသည် သူတို့၏ ပါးစပ်များကို ဖွင့်ပြီး ပြန်လည် တိုက်စစ်ဆင်ခဲ့ကြသည်။

အစောက သူ့ကို ကျီစယ်ခဲ့သော မိန်းမများသည်ပင် သူ့ကို စတင်၍ လှောင်ပြောင်နေကြတော့သည်။

အပိုင်း ( ၁၀၈၈ )

ငါ့ကို အဲ့ဒီလို ယောကျာ်းမျိုး တစ်ဒါဇင်လောက်ပေးပါ။ ကျေးဇူးတင်ပါတယ်။

ယဲ့ဖန်သည် သူတို့၏ လှောင်ပြောင်မှုများကို ရင်ဆိုင်လိုက်ပြီး အပြုံးကို ထိန်းသိမ်းထားသည်။

" သူ့မှာ ပုရိသတ် တော်တော်များများ ရှိနေတဲ့ပုံပဲ။ တကယ်လို့ သူ့ကို အနိုင်ယူလိုက်မှ မင်းတို့ မငိုကြနဲ့၊ ဟုတ်ပြီလား "

သူ့စကားကို လူတိုင်းကြားပြီး သူ၏ မောက်မာမှုကို ဒေါသထွက်လာသည်။

လူတိုင်းသည် ပို၍ စိတ်တိုလာကြသည်။

မကောင်းသော စိတ်ထားရှိသော လူအနည်းငယ်သည် တက်လာပြီး သူ့ကို ဟန့်တားရန် အားသုံးချင်နေကြသည်။

ထိုအချိန်မှာပင် ကားအနည်းငယ်၏ အင်ဂျင်အော်မြည်သံများကို သူတို့ ကြားလိုက်ရသည်။

စူပါကားအနည်းငယ်သည် မျဥ်းဖြောင့်တစ်ခုတည်းအတိုင်း အရှိန်ပြင်းပြင်းဖြင့်ရောက်လာကြသည်။

" သခင်လေးကွန်းက ရောက်လာပြီ "

ဝူး ဝှီး

အရှေ့ဆုံးမှ Ferrari 812သည် လှလှပပ drift ဆွဲလိုက်ပြီး လူတိုင်း၏ ရှေ့တွင် ရပ်လိုက်သည်။

သူ့နောက်ရှိ ကားများသည်လည်း အနေအထား တူညီစွာဖြင့် ရပ်လိုက်ကြပြီး သပ်သပ်ရပ်ရပ် တန်းစီထားကြသည်။

ကားတံခါးများသည် ပွင့်လာကြပြီး ဖန်းရှောင်ကွန်းနှင့် တခြားသူများသည် ကြည့်ကောင်းစွာဖြင့် ထွက်လာကြသည်။

" အာ၊ သခင်လေးကွန်းက အရမ်းချောတာပဲ။ ဟုတ်တယ်ဟုတ်။ ဒါက ကမ္ဘာပေါ်က အပြောင်မြောက်ဆုံး အနုပညာလက်ရာတစ်ခုပဲ "

" သခင်လေးကွန်းက ငါ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မင်းသားလေးလေ။ သူက ငါ့ရဲ့ စိုစွတ်တဲ့ အိမ်မက်တွေထဲမှာတောင် အိမ်မက်မက်နိုင်တဲ့ လူမျိုးပဲ "

" ဒါကမှ တကယ့် လူချောအစစ်တစ်ယောက်ရဲ့ ပုံစံပဲ။ သူနဲ့ ယှဉ်ရင် ခုနက မောက်မာနေတဲ့လူက ဘာမှမဟုတ်ဘူး "

" မင်းက အဲ့ဒီ အယုံအကြည် လွန်ကဲနေတဲ့ကောင်နဲ့ သခင်လေးကွန်းကို နှိုင်းယှဥ်နေတာလား။ မင်းက သခင်လေးကွန်းကို စော်ကားနေတာလား "

" သူက Blue Charm Nightကားကို မောင်းနိုင်တာနဲ့ သူကိုယ်ကိုသူ တော်တော်ကို ဟုတ်လှပြီ ထင်နေတာ။ ကားကောင်းတစ်စီး ဖြစ်ဖို့ဆိုတာက ဘယ်သူက မောင်းနေလဲ ဆိုတဲ့ အပေါ် မူတည်တယ်။ တကယ်လို့ သခင်လေးကွန်းက Wulingကားကို မောင်းရင်တောင်မှ သူ့ကို အနိုင်ယူနေနိုင်တုန်းပဲ "

" သူက သခင်လေးကွန်းရဲ့ ဖိနပ်ကိုတောင်သယ်ဖို့ မတန်ပါဘူး "

လူတိုင်းသည် ဖန်းရှောင်ကွန်းနှင့် တခြားလူများကို ဝန်းရံလိုက်ကြပြီး မြင်ကွင်းသည် အထိန်းအချုပ် ကင်းမဲ့လုနီးပါး ဖြစ်နေသည်။

အဆိုပါ မြင်ကွင်းကို ယဲ့ဖန် မြင်သောအခါ သူ့ခေါင်းကို ခါလိုက်ပြီး ခါးသက်သက် ပြုံးလိုက်သည်။

ကြည့်ရတာ နေရာတိုင်းမှာ ဦးနှောက်မရှိတဲ့ ပရိသတ်တွေ ရှိနေတဲ့ပုံပဲ။

သို့သော် ဖန်းရှောင်ကွန်းကို မြင်လိုက်ရသောအခါ ကျူးရှောင်ကျောင်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။

" သေစမ်း၊ ဘာလို့ သူဖြစ်နေရတာလဲ "

ယဲ့ဖန်သည် သူမကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။

" မင်းက သူ့ကို သိတာလား "

ကျူးရှောင်ကျောင်း၏ အမူအရာသည် နည်းနည်း ထူးဆန်းနေသည်။

" ငါ … ငါသူ့ကို မသိဘူး။ ငါ ကားဆီ အရင်ပြန်နေတော့မယ် "

အဲ့လိုပြောပြီးသည့်နောက်တွင် သူမသည် ထိတ်ထိတ်ပျာပျာဖြင့် ကားဆီ ပြန်ဖို့ပြင်လိုက်သည်။

ဖန်းရှောင်ကွန်းသည် အသံကြောင့် ခေါင်းမော့ကာ ကျူးရှောင်ကျောင်းကို ကြည့်လိုက်သည်။

" ကျူးရှောင်ကျောင်းလား။ နင်က ဘာလို့ ဒီမှာရှိနေရတာလဲ "

သူသည် လူတိုင်းကို တွန်းထုတ်လိုက်ပြီး မြန်မြန် လမ်းလျှောက်လာခဲ့သည်။

ပုန်းဖို့နေရာ မရှိကြောင်း သိသွားသောအခါ ကျူးရှောင်ကျောင်းသည် စိတ်တည်ငြိမ်ချင်ယောင် ဟန်ဆောင်လိုက်သည်။

" ဟားဟား၊ အစ်ကိုရှောင်ကွန်း။ ရှင့်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး။ တိုက်ဆိုင်လိုက်တာ "

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူမကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။

" မင်းက သူနဲ့ အတူလာတာလား "

ကျူးရှောင်ကျောင်းသည် ကို့ရို့ကားရား ပြုံးလိုက်သည်။

" ဟားဟား၊ ဟုတ်တယ်။ သူက ကျွန်မ သူငယ်ချင်းလေ "

ဖန်းရှောင်ကွန်းသည် သူမကို ဆွဲလိုက်ပြီး ယဲ့ဖန်ဆီသို့ ဒေါသတကြီး လမ်းလျှောက်လာခဲ့သည်။

" သူမ နေမကောင်းဘူးဆိုတာကို မင်း မသိဘူးလား။ ဒီလိုနေရာမျိုးကို သူမကို ဘယ်လိုတောင် ခေါ်လာရဲတာလဲ။ မင်း သေချင်နေတာလား "

ကျူးရှောင်ကျောင်းသည် မြန်မြန် ရှင်းပြလိုက်သည်။

" အစ်ကို ရှောင်ကွန်း၊ သူ့ကို အပြစ်မတင်ပါနဲ့။ ကျွန်မက သူ့ကို လာဖို့ ဆွဲဆောင်ခဲ့တာ "

ဖန်းရှောင်ကွန်းသည် သူမကို စူးဝါးစွာ ကြည့်လိုက်သည်။

" မင်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိရဲ့လား။ မင်း သေချင်နေတာလား "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် ခုန်ပြီး တစ်နေရာသို့ ဆင်းလိုက်သည်။

" ကျွန်မ ရှင့်ကို မပြောပြရသေးဘူး။ ကျွန်မနေပြန်ကောင်းလာနေပြီ။ သူက ကျွန်မကို ကုပေးခဲ့တာ "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

" မင်းရဲ့ အခြေအနေကို ငါ မသိဘူးလို့များ မင်းက ထင်နေတာလား။ မင်းရဲ့ ဖျားနာမှုက ဘယ်လိုလုပ် ကုသနိုင်မှာလဲ။ ငါ့ကို အရူးတစ်ယောက်လို့ မင်းက တကယ်ကြီး ထင်နေတာလား "

ပြောရင်းဖြင့် သူသည် ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။

" သူမကို မင်းဒီကို ခေါ်လာတဲ့ လမ်းအတိုင်း ပြန်ခေါ်သွားလိုက်။ တကယ်လို့ သူမသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် မင်း မွေးဖွားလာရတဲ့အတွက် နောင်တရသွားလိမ့်မယ်ဆိုတာ ငါ အာမခံနိုင်တယ် "

အမျိုးသမီးများစွာသည် ဖန်းရှောင်ကွန်းကို စွဲလမ်းစွာဖြင့် ကြည့်နေကြသည်။

" ဝိုး၊ သခင်လေးကွန်းက အရမ်းချောတာပဲ။ သူ ဒေါသထွက်နေတဲ့ အချိန်မှာတောင်မှ သူက အရမ်းကြည့်ကောင်းနေတယ် "

" သခင်လေးကွန်းက အရမ်းဒေါသထွက်နေတာပဲ။ အကျိုးဆက်တွေက အတော်လေး ပြင်းထန်မှာပဲ "

" အဲ့ကောင်လေးက ခုနကလေးတင် တော်တော်ကို မောက်မာနေတာ။ ဒါပေမဲ့ အခု သခင်လေးကွန်းက ဆူပူလိုက်ပြီးတဲ့နောက် သူက လေတောင် မလည်ရဲတော့ဘူး "

" တကယ်လို့ သူ့မှာအူ၂ခွေ ရှိနေတယ်ဆိုရင်တောင်မှ သူလုပ်ရဲမှာ မဟုတ်ဘူး။ သခင်လေးကွန်းရဲ့ အခြေအနေကို သူ ဘာလို့ မကြည့်တာလဲ "

" ဒါဆို အဲ့မိန်းကလေးက သခင်လေးကွန်းရဲ့ အမျိုးသမီးလား။ ဒီနေ့ ပြိုင်မှာ မဟုတ်ဘူးလား။ ဒါက သုံးပွင့်ဆိုင်အချစ်ကို စတင်နေကြတာလား "

" အဲ့တာက ကားမောင်းပြိုင်တာထက် ပိုကောင်းတယ်မလား။ အချစ်ပြိုင်ဘက်တွေ တွေ့တဲ့အခါ သူတို့ရဲ့ မျက်လုံးတွေက နီရဲသွားကြတယ် "

" သူက သခင်လေးကွန်းရဲ့ အမျိုးသမီးကိုတောင် ဖြတ်လုရဲတာပဲ။ ဒီကောင်က ဝက်ဝံ ဒါမှမဟုတ် ကျားသစ်အသည်း စားထားတာပဲ ဖြစ်ရမယ် "

" ရှူး၊ ဘာမှမပြောနဲ့။ အဲ့ကောင်လေး ဘယ်လို တုံ့ပြန်မလဲဆိုတာ ကြည့်လိုက်ကြရအောင် "

" သူက ဘယ်လိုလုပ်ပြီး တုံ့ပြန်နိုင်မှာလဲ။ တကယ်လို့ သူ့မှာ အူ၂ခွေရှိတယ်ဆိုရင်တောင်မှ သူက သခင်လေးကွန်းကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး "

လူတိုင်း၏ အကြည့်များအောက်တွင် ယဲ့ဖန်သည် သူ့အပြုံးကို ထိန်းသိမ်းထားဆဲဖြစ်သည်။

" အနာဂတ်မှာ ကျွန်တော်က သူမကို တာဝန်ယူမယ်။ ကျွန်တော်သာ အသက်ရှင်နေသရွေ့ သူမက သေမှာမဟုတ်ဘူး။ တကယ်လို့ ငရဲမင်း လာခဲ့ရင်တောင်မှ အဲ့တာက အသုံးဝင်မှာ မဟုတ်ဘူး "

" သေစမ်း၊ အဲ့ချိုသာတဲ့ စကားလုံးတွေက အရမ်းနူးညံ့မနေလွန်းဘူးလား။ သူက ငရဲမင်းလာခဲ့ရင်တောင် အသုံးမဝင်ဘူးလို့ တကယ်ကြီး ပြောခဲ့တာ။ သူက အရမ်း ကြီးစိုး လွှမ်းမိုးတာပဲ "

" သူချစ်တဲ့ မိန်းမအတွက်ကြောင့် သခင်လေးကွန်းကို တကယ်ကြီး ဆန့်ကျင်ရဲတာလား။ ဒီလူက အရမ်း မရဲရင့်လွန်းဘူးလား။ "

" ဘာလို့ငါက ဒီလိုယောကျာ်းမျိုးနဲ့ မတွေ့နိုင်ရတာလဲ။ ငါ အရင်က တွေ့ခဲ့တဲ့ လူတွေအကုန်လုံးက ငကြောက်တွေချည်းပဲ။ သူတို့က တစ်ခုခုကို ရင်ဆိုင်ရတဲ့အခါ အမြဲငါ့ဖင်နောက်မှာပဲ ပုန်းနေကြတယ် "

" ငါ့ကို ဒီလို ယောကျာ်းမျိုးတစ်ဒါဇင်လောက်ပေးကြပါ။ ကျေးဇူးတင်ပါတယ် "

အမျိုးသမီးတစ်စုသည် ယဲ့ဖန်၏ ကြီးစိုးသောအငွေ့အသက်များကြောင့် ချက်ချင်းပင် အထင်ကြီးသွားကြသည်။

သူတို့သည် ကျူးရှောင်ကျောင်းကို အားကျစွာဖြင့် ကြည့်လိုက်ကြသည်။

ကျူးရှောင်ကျောင်းသည်လည်း သူမ၏ ကြီးမား ဝိုင်းစက်သော မျက်လုံးလေးများဖြင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။

သူမ၏နှလုံးသားသည် ရင်ခုန်သံ မြန်ဆန်လာခဲ့သည်။

အခု ဒီကောင် အရမ်းကို ကြည့်ကောင်းနေတာပဲ။

All Chapters