← Chapters

အခန်း (၁၀၈၉-၁၀၉၂)

Vol. 55 Ch. 1089-1092

အခန်း (၁၀၈၉-၁၀၉၂)

Vol. 55 Ch. 1089-1092

အပိုင်း ( ၁၀၈၉ )

မင်းတို့နှစ်ယောက်က ငါနဲ့ လာကစားနေတာလား။

ယဲ့ဖန်သည် လူကြားထဲတွင် သူ့ကို စကားပြန်ပြောရဲလိမ့်မည်ဟု ဖန်းရှောင်ကွန်းသည် မမျှော်လင့်ထားခဲ့မိချေ။

အရှက်တရားကြောင့် ဒေါသ မထွက်သွားခင် သူသည် စက္ကန့်အနည်းငယ်လောက် မှင်သက်နေသည်။

" ကောင်စုတ်လေး၊ မင်းက အရမ်း သေချင်နေတာပဲ "

ပြောလိုက်ရင်းဖြင့် သူသည် လှုပ်ရှားရန် ပြင်လိုက်သည်။

သို့သော် ကျူးရှောင်ကျောင်းသည် ရုတ်တရက် သူတို့နှစ်ယောက်ကြားတွင် မတ်တပ်ရပ်လိုက်သည်။

" အစ်ကိုရှောင်၊ စကားနဲ့ပဲ ပြောကြရအောင်။ မတိုက်ခိုက်ပါနဲ့ "

ဖန်းရှောင်ကွန်းသည် ဒေါသတကြီး ရယ်မောလိုက်သည်။

" အခု မင်းက သူ့ကို ကာကွယ်ပေးနေတာလား "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် ခေါင်းကို ခါယမ်းလိုက်သည်။

" မဟုတ်ဘူး၊ ကျွန်မက ရှင့်ကို ကာကွယ်ပေးနေတာ။ ဘာလို့လဲဆိုတော့ ရှင် … ရှင် သူ့ကို မနိုင်နိုင်ဘူး "

အကယ်၍ သူမ ဘာမှ မပြောလိုက်ရင် ပိုကောင်းလိမ့်မည် ဖြစ်သည်။

သို့သော် သူမ၏ စကားကို ကြားသောအခါ ဖန်းရှောင်ကွန်းသည် ဒေါသထွက်လွန်းသောကြောင့် သွေးအန်လုနီးပါး ဖြစ်သွားသည်။

" ငါက သူ့ကို မနိုင်နိုင်ဘူးလား။ မင်း ငါ့ကို လာနောက်နေတာလား။ မင်းက ငါ့ခွန်အားကို မသိတဲ့ပုံဘဲ "

ကျူးရှောင်ကျောင်းသည် သူမ၏ခေါင်းလေးကို လေးလေးနက်နက် ညိတ်လိုက်သည်။

" ကျွန်မ ရှင့်ခွန်အားကို သိတာကြောင့် ရှင် သူ့ကို မနိုင်နိုင်ဘူးလို့ ပြောလိုက်တာ။ သူက တကယ်ပဲ ရှင့်ထက် သန်မာတယ် "

" ငါ … "

ဖန်းရှောင်ကွန်းသည် ဒေါသတကြီးဖြစ်နေသည်။

သို့သော် သူ့ဒေါသကို ထုတ်မလွှတ်နိုင်ပေ။

" ကျူးရှောင်ကျောင်း၊ ငါ မင်းကို ထပ်မေးမယ်၊ မင်းထွက်သွားမှာလား "

ကျူးရှောင်ကျောင်းသည် လှည့်လိုက်ပြီး ယဲ့ဖန်၏ လက်မောင်းကို ဖက်လိုက်သည်။

" တကယ်လို့ သူ မသွားဘူးဆိုရင် ကျွန်မလည်း မသွားဘူး "

ဖန်းရှောင်ကွန်းသည် လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်ကို ခြိမ်းခြောက်စွာဖြင့် စိုက်ကြည့်လိုက်သည်။

" မင်း လစ်မှာလား၊ မလစ်ဘူးလား "

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ငုံ့ကြည့်လိုက်သည်။

" တကယ်လို့ သူမ မသွားဘူးဆိုရင် ကျွန်တော်လည်း မသွားဘူး "

ဖန်ရှောင်ခွန်းသည် ဝါဂွမ်းကို ထိုးလိုက်ရသလို ခံစားလိုက်ရသည်။

ဒီနှစ်ယောက်က ဇာတ်တိုက်ထားပြီး ငါနဲ့ ကစားဖို့ ကြိုးစားနေကြတာလား။

" ကျူးရှောင်ကျောင်း၊ ငါက ဒါကို မင်းရဲ့ကောင်းကျိုးအတွက် လုပ်နေတာ။ တကယ်လို့ မင်းမှာ နောက်ထပ် နှလုံးပြဿနာတစ်ခု ဖြစ်လာမယ်ဆိုရင် မင်း သေသွားနိုင်တယ် "

သူသည် သူ့ဒေါသကို ဖိနှိပ်လိုက်ပြီး ကျူးရှောင်ကျောင်းကို ထပ်မံ၍ ကြိုးစား ဆွဲဆောင်လိုက်သည်။

ကျူးရှောင်ကျောင်းသည် မျက်လုံးများ ပင့်လိုက်ပြီး ပြောလိုက်သည်။

" တကယ်လို့ ရှင် ဖြစ်စေချင်တယ်ဆိုရင် ကျွန်မကို ပြန်လွှတ်နိုင်တယ်။ ဒါပေမဲ့ ရှင် သူနဲ့ပြိုင်ပြီး သူ့ကို အရင်အနိုင်ယူနိုင်မှ ရမယ်။ အဲ့ကျ ကျွန်မ ချက်ချင်း ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာဘူးလို့ ကတိပေးတယ် "

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်သည် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။

" ခင်ဗျားကို နိုင်တာနဲ့ သူမကို ချက်ချင်း ခေါ်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး "

ဖန်းရှောင်ကွန်းသည် ဒေါသတကြီး ရယ်မောလိုက်သည်။

" မင်းတို့နှစ်ယောက်က ငါနဲ့ ဇာတ်လမ်းရိုက်ချင်နေတာလား။ ကောင်းပြီလေ၊ ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ မင်းသာ ထိပ်ဆုံးသုံးယောက်ထဲကို ဝင်အောင်လုပ်နိုင်သရွေ့ ငါ သူမနဲ့ပတ်သက်ပြီး ထပ်ပြီး ဂရုမစိုက်တော့ဘူးဆိုတာ ကတိပေးတယ် "

ထိုသို့ ပြောပြီးသည်နှင့် သူသည် မိမိုက်နေသော အမူအရာဖြင့် ပြောသည်။

" ကားထဲကိုဝင်ကြ ပြိုင်ပွဲစပြီ "

" ဟေး၊ ပြိုင်ပွဲအချိန်ပဲ "

မြင်ကွင်းသည် ချက်ချင်းပင် ဟစ်သံများ အူသံများ ထွက်ပေါ်လာကြသည်။

လူအများစုသည် တစ်ယောက်ပြီးတစ်ယောက် သူတို့ကားဆီသို့ ပြန်သွားကြပြီး ပြိုင်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။

ယဲ့ဖန်သည် ပွဲကြည့်နေသော ပရိသတ်များကို လက်ညှိုးထိုးပြလိုက်ပြီး ကျူးရှောင်ကျောင်းကို လှည့်ပြောလိုက်သည်။

" သွား၊ သူတို့အတူ တိုက်ပွဲကို ကြည့်နေ "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

" မဟုတ်ဘူး၊ ငါနင်နဲ့အတူ ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တယ် "

ထိုစကားကို ကြားသောအခါ ယဲ့ဖန်သည် စိတ်ပူသွားသည်။

" အစ်မလေး၊ ဒါက နောက်နေတာ မဟုတ်ဘူး။ မင်းရဲ့အခြေအနေတွေက တော်တော်လေးကို တိုးတက်လာပေမဲ့လည်း အန္တရာယ် အများကြီး ရှိနေတုန်းပဲ။ မင်း … "

ကျူးရှောင်ကျောင်းသည် သူ့ကို ကြားဖြတ်ပြောလိုက်သည်။

" ငါ့အခြေအနေကို ငါနားလည်ပါတယ်။ စိတ်မပူပါနဲ့၊ ငါ အဆင်ပြေပါလိမ့်မယ် "

" ဒါပေမဲ့ … "

" ဘာဒါပေမဲ့မှ မရှိဘူး။ ငါ ပြင်ဆင်ထားပြီးသွားပြီ။ နင့်ကို သူတို့ စောင့်မနေရစေနဲ့။ မြန်မြန်လုပ်ပြီး ကားထဲဝင်ကြစို့ "

ကျူးရှောင်ကျောင်းသည် သူ့စကားကိုပင် မစောင့်တော့ဘဲ ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့သည်။

ယဲ့ဖန်သည် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။

သူသည် ထိုကောမလေးကို ဤနေရာ ခေါ်လာမိသည်ကို နောင်တရနေပြီ ဖြစ်သည်။

သို့သော် ယခုအခါ ၎င်းသည် အတော်နောက်ကျနေပြီ ဖြစ်သည်။

သူသည် ကားဆီသို့သာ ပြန်သွားနိုင်တော့သည်။

ဘရွမ်း ဘရွမ်း

ပြိုင်ပွဲတွင် ကားတစ်ဒါဇင်လောက် ဝင်ပြိုင်ကြသည်။

သူတို့အားလုံးသည် စမှတ်သို့ မောင်းလာကြပြီး လီဗာကို နင်းထားကြသည်။

အင်ဂျင်များသည် နားအူမတတ် ဆူညံသော ဟိန်းသံများ ထုတ်ဖော်လာကြသည်။

" ဝိုး၊ ဒီမြင်ကွင်းက အတော်ကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ဒါက တော်တော်လေးကို ပျော်စရာကောင်းတယ် "

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ကျူးရှောင်ကျောင်းသည်လည်း အဆိုပါ မြင်ကွင်းကို မြင်သောအခါ အလွန် စိတ်လှုပ်ရှားနေသည်။

" သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့။ တကယ်လို့ မင်း တစ်ခုခု ဖြစ်သွားရင် မင်းရဲ့အစ်ကိုရှောင်ခွန်းက ငါ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး "

ယဲ့ဖန်သည် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူသည် အစ်ကိုရှောင်ခွန်းဟူသော စကားလုံးကို သဝန်တိုနေသော အရိပ်အယောင်ဖြင့် တမင်သက်သက် အလေးပေး ပြောလိုက်သည်။

ကျူးရှောင်ကျောင်းသည် သူ့ကို ပြုံးကြည့်လာသည်။

" ဘာမှားလို့လဲ။ နင် သဝန်တိုနေတာလား။ ငါနဲ့ အစ်ကိုရှောင်ခွန်းကြားမှာ ဘာမှမရှိဘူး။ တကယ်ပါ "

ယဲ့ဖန်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

" ဖန်းရှောင်ကွန်းက ဘယ်သူလဲ။ မင်းတို့ ဘယ်လို တွေ့ခဲ့ကြတာလဲ "

ကျူးရှောင်ကျောင်းသည် မျက်လုံးများကို ပင့်လိုက်သည်။

" ငါနင့်ကို မပြောပြဘူး "

ယဲ့ဖန်သည် ကားအင်ဂျင်ကို ပိတ်လိုက်သည်။

" တကယ်လို့ မင်းမပြောဘူးဆိုရင် ငါ ပြိုင်ပွဲကနေ ထွက်လိုက်မယ် "

ကျူးရှောင်ကျောင်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။

" နင် ဘာလုပ်နေတာလဲ။ ပွဲက စတော့မယ်လေ။ နင် ဘာလို့ အင်ဂျင်ကို ပိတ်လိုက်တာလဲ "

ယဲ့ဖန်သည် မသိမသာ ပုခုံးကို တွန့်ပြလိုက်သည်။

" ငါ့မေးခွန်းကို အရင်ဖြေ "

ကျူးရှောင်ကျောင်းသည် သူမ ဘာမှ မပြောနိုင်ခင်မှာပင် ဝီစီသံကို ကြားလိုက်ရသည်။

ကားတစ်ဒါဇင်သည် မြှားများလို ပြေးထွက်သွားကြသည်။

" အာ၊ သူတို့ ထွက်သွားကြပြီ။ မြန်မြန်လုပ်ပြီး မောင်းလေ "

ကျူးရှောင်ကျောင်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူ့ကို တိုက်တွန်းလိုက်သည်။

ယဲ့ဖန်သည် သူမကို တိတ်တဆိတ်သာ ကြည့်လိုက်ပြီး ဘာမှမပြောပေ။

ကျူးရှောင်ကျောင်းသည် သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်သည်။

" အစ်ကိုရှောင်ခွန်းရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ သူ့ရဲ့သရုပ်မှန်ကို ငါ မထုတ်ဖော်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့မှာ အတော်လေးကို တောင့်တင်းတဲ့ နောက်ခံရှိတယ် "

" ငါ နင့်ကိုတောင်းပန်ပါတယ်။ မြန်မြန်လုပ်ပြီး မောင်းပါတော့ "

ယဲ့ဖန်သည် သူမက ပြောဖို့ငြင်းဆန်တာကို မြင်လိုက်ရသည်။

သူမက တစ်ခုခုကို ကွယ်ဝှက်ထားတာပဲ။

သူသည် သူမကို ခက်ခဲအောင် မလုပ်တော့ဘဲ ကားအင်ဂျင်ကို ထပ်မံ၍ နှိုးလိုက်သည်။

ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိ ပရိသတ်များသည် စတင်၍ ဆွေးနွေးနေကြသည်။

" Blue Charm Nightက ဘာလို့ မထွက်သေးတာလဲ။ သူတို့ ဘာကိုစောင့်နေကြတာလဲ "

" ကားက ခုနလေးတင်ကမှ ရပ်သွားတာ။ သူက အရမ်းကြောက်နေတာကြောင့် ဘယ်လို ကားမောင်းရမလဲဆိုတာကို မသိတော့ဘူးလို့တော့ ငါ့ကို မပြောနဲ့နော် "

" ဘယ်လိုကြီးလဲ။ သူက တကယ်ကြီး ကားကို သေလောက်အောင် ကြောက်နေတာလား။ သူရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက မဆိုးရွားလွန်းဘူးလား "

" ဒါပေါ့၊ သခင်လေးကွန်းနဲ့ ပြိုင်မောင်းတဲ့အခါ သူက ဘယ်လိုလုပ်ပြီး အသိစိတ်ကပ်နိုင်မှာလဲ။ သူ သေးပေါက်မချတာကတောင် တော်တော်လေးကို ကောင်းနေပြီ "

" ငါက သူ့ကို မျှော်လင့်ချက်တချို့ ထားထားပါသေးတယ်။ သူက ဒီလောက် အသုံးမကျဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။ သူက တကယ်ကို ငပေါတစ်ကောင်ပဲ "

" ဒီလောက်တောင် ကောင်းတဲ့ ကားကို ဘယ်လောက်တောင် ဖြုန်းတီးလိုက် …. "

ရှူးဝူး

သူတို့ ဆွေးနွေးနေစဥ်မှာပင် Blue Charm Nightကားသည် ခရမ်းရောင် လျှပ်စီးမိုးကြိုးတစ်ခုလို ဖြစ်သွားပြီး ရှေ့ရှိကားများနောက်သို့ လိုက်တော့သည်။

" မင်းတို့က အစမှာတည်းက အရမ်းနောက်ကျနေခဲ့ပြီးပြီ။ မင်းတို့က လိုက်မှီနိုင်သေးလို့လား "

" ငါကတော့ ဒါကို လွတ်မြောက်သွားတယ်လို့ ထင်တယ်။ ဒီည ဝင်ပြိုင်တဲ့လူတွေအကုန်လုံးက ကျွမ်းကျင်ပညာရှင်တွေချည်းပဲလေ။ တကယ်လို့ သူတို့က စက္ကန့်အနည်းငယ်လောက် နှေးနေရင်တောင်မှ သူတို့ကို လိုက်မှီဖို့ဆိုတာက လွယ်မှာမဟုတ်ဘူး "

" ဒီည ဘယ်သူနိုင်မယ်လို့ မင်းတို့ထင်လဲ "

" မေးဖို့ လိုသေးတာလား။ သခင်လေးကွန်းပဲ ဖြစ်ရမယ် "

" ငါကတော့ ယွင်တန်ချွမ်လို့ ထင်တယ်။ သူက တောင်ပိုင်းမြို့တော် ပြိုင်ကားလောကရဲ့ နတ်ဘုရားလေ။ သူက ပြိုင်ပွဲရာကျော်နေတာတောင် မရှုံးသေဘူး "

" ငါတော့ လီရုံချောင်လည်း မဆိုးဘူးလို့ထင်တယ်။ သူ့ရဲ့ Bugatiကားကို ကျွမ်းကျင်ပညာရှင်တစ်ယောက်က အဆင့်မြှင့်ပေးထားတယ်လို့ ငါကြားခဲ့ရတယ်။ အဲ့ကားရဲ့ စွမ်းဆောင်ရည်လည်း အတော်လေးကို တိုးတက်လာတယ်တဲ့ "

" လီရုံချောင်ရဲ့ အရည်အချင်းကလည်း မဆိုးပါဘူး။ သူက သခင်လေးကွန်းအတွက် အတော်သန်မာတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ "

သူတို့ဆွေးနွေးနေစဥ်မှာပင် တစ်ယောက်ယောက်က ရုတ်တရက် တအံ့တဩ ပြောလိုက်သည်ကို သူတို့ကြားလိုက်ရသည်။

" လီရုံချောင်ကို ကျော်တက်သွားပြီ "

ပြိုင်ပွဲကို ခြေရာခံလိုက်ပြီး ရိုက်နေသော ဒရုန်းများစွာရှိသည်။

ထို့ကြောင့် ပရိသတ်သည် ပြိုင်ပွဲကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ကြသည်။

ထိုအသံကို ကြားသောအခါ လူတိုင်းသည် မေးလိုက်ကြသည်။

" ကျော်တက်ခံရတယ်ဟုတ်လား။ ဘယ်သူက ကျော်တက်သွားတာလဲ "

မြင်ကွင်းတစ်ခုကို မြင်လိုက်ရသောအခါ လူတိုင်းသည် အံ့ဩမှုကြောင့် ပါးစပ်များ ပွင့်ဟသွားကြသည်။

ခရမ်း‌ရောင်အရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်လို ညဘက်ကို ဖြတ်သန်းသွားလာနေသည်။

Blue Charm Night

လူတိုင်း စကားပြောနေစဥ်တွင် ယဲ့ဖန်သည်၏ Blue Charm Nightသည် ဘယ်သူမှ မသိမထားမိဘဲ ထိပ်ဆုံးသုံးယောက်ထဲသို့ ဝင်ရောက်သွားသည်။

" သူ ဘယ်လိုလုပ်လိုက်တာလဲ။ ဘယ်လိုတောင်လဲ "

" ဟုတ်တယ်။ သူက နောက်ဆုံးမှ စမောင်းခဲ့တာ မဟုတ်ဘူးလား။ သူက ဒီလောက်မြန်မြန်ကြီး ထိပ်ဆုံးသုံးယောက်ထဲကို ရောက်သွားတာလား "

" မြန်မြန် နောက်ပြန်ရစ်ပြီး ဘာတွေ ဖြစ်သွားလဲဆိုတာကို ကြည့်ပါဦး "

" ဟုတ်တယ်၊ ဟုတ်တယ်။ မြန်မြန်လုပ်ပြီး နောက်ပြန်ရစ်ကြ "

လူတိုင်းသည် အလျင်စတို တိုက်တွန်းလိုက်ကြသည်။

စက်ပစ္စည်းများ လည်ပတ်ရေးကို တာဝန်ယူထားသောလူသည် အစောပိုင်းက သူရိုက်ထားခဲ့သော ဗီဒီယိုကို မြန်မြန် နောက်ပြန်ရစ်ပြလိုက်သည်။

ထို့နောက် လူတိုင်းသည် မြင်ကွင်းတစ်ခုကို မြင်သွားပြီး ကြောင်တောင်တောင် ဖြစ်သွားကြသည်။

အပိုင်း ( ၁၀၉၀ )

ဒီနတ်ဘုရားက ဘယ်ကလာတာလဲ။

ကောင်းကင်သည် မှောင်နေပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိ ရှုခင်းများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

သို့သော် ယဲ့ဖန်၏ကားသည် အတော်လေးကို မျက်စိပဒေသာ ဖြစ်နေသည်။

ညအချိန်မှာပင် အတော် တောက်ပနေသည်၊

Blue Charm Nightသည် ခရမ်းရောင်နတ်သမီးတစ်ပါးလို ညအချိန်တွင် မြင့်မားသော အရှိန်ဖြင့် ဖြတ်သန်းသွားလာနေပြီး တစ်ကွေ့ပြီးတစ်ကွေ့ ကွေ့ပတ်သွားနေသည်။

၁၀မိနစ်ထက် နည်းသော အချိန်မှာပင် ပထမကားကို လိုက်မှီသွားခဲ့သည်။

ထိုကား၏ မောင်းသူသည် အတော်လေးကို ကျွမ်းကျင်ပြီး သူ့လမ်းကို ပိတ်ချင်နေသည်။

သို့သော် ယဲ့ဖန်သည် တစ်ချက် အယောင်ပြလိုက်သည်။

ပထမဦးစွာ သူသည် ကားကို ညာဘက်မှ ကျော်တက်ချင်ယောင် ဆောင်လိုက်သည်။

ထိုကားသည်လည်း ညာဘက်သို့ ကွေ့လိုက်သည်။

သို့သော် ထိုအကြိမ်တွင် ယဲ့ဖန်သည် ရုတ်တရက် အရှိန်တင်လိုက်ပြီး ဘယ်ဖက်မှ ကျော်တက်လိုက်သည်။

ထိုသို့ ပြီးနောက်တွင် အခြေအနေသည် အထိန်းအချုပ်လွတ်သွားပြီး Blue Charm Nightသည် ကားတစ်စီးပြီး တစ်စီးနောက်တွင် ချန်ထားခဲ့သည်။

လူတိုင်းသည် Blue Charm Nightမှ ညအမှောင်ထဲတွင် စီးဆင်းနေသော ရေကဲ့သို့ ဖြတ်သန်းသွားလာနေသည်ကို မြင်သောအခါ သူတို့သည် အထွတ်အထိပ်ထိ ရောက်ရှိသွားသလို ခံစားသွားကြရသည်။

" သေစမ်း၊ ဒါကြီးက အရမ်းကို အစွမ်းပြလွန်းနေတော့ ငါ့ခေါင်းတောင် ထုံကျင်နေပြီ "

" အဲ့လှုပ်ရှားမှုက ရင်သပ်ရှုမောဖွယ် မကောင်းလွန်းဘူးလား။ သူ့လှုပ်ရှားမှုကို ကြည့်နေရတာက ပျောရွှင်စရာတမျိုးပဲ "

" ဒီနတ်ဘုရားက ဘယ်က လာတာလဲ။ တစ်ယောက်ယောက်များ သူ့ကိုသိကြလား "

" ငါ သူ့ကို မသိဘူး။ ဒါက ငါ သူ့ကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ "

" တိတိကျကျပြောရရင် ကိစ္စက အဲ့လိုမဖြစ်သင့်ဘူးလေ။ သူရဲ့စွမ်းရည်တွေအရ သူက လူမသိတဲ့သူတစ်ယောက် မဖြစ်သင့်ဘူး "

" မင်းထပ် ပိုကောင်းတဲ့တစ်ယောက်ယောက် အမြဲရှိတယ်ဆိုတာပဲ ငါ ပြောနိုင်တယ်တော့တယ် "

" ဘာမှထပ်မပြောနဲ့တော့။ သူ လီရုံချောင်ကို မှီတော့မယ် "

လူတိုင်းသည် တီဗီဖန်သားပြင်ကို ကြည့်နေကြပြီး ယဲ့ဖန်၏ Blue Charm Nightမှ လီရုံချောင်၏ ကားအား လိုက်မှီသွားသည်ကို တွေ့လိုက်ကြရသည်။

လီရုံချောင်သည် ယန်းချန်မြို့ မြေအောက်ပြိုင်ကားလောက၏ ဘုရင်ဖြစ်သည်။

အသစ်မွမ်းမံထားသော အဆိုပါ Bugattiနှင့်ဆိုပါက သူ့စွမ်းအားသည် အတော်လေးကို အားကောင်းနေမည် ဖြစ်သည်။

ယဲ့ဖန်သည် သူ့ကို ကျော်တက်ရန် အကြိမ်အနည်းငယ် ကြိုးစားလိုက်သည်။

သို့သော် သူသည် တစ်ဖက်ကလူကြောင့် ရပ်သွားသည်။

" ဟားဟား၊ ငါသိနေတယ်လေ။ နတ်ဘုရားချောင်ကို ကျော်ဖို့က ဘယ်လိုလုပ်ဒီလောက် လွယ်မှာလဲ "

" အဲ့တာကမှန်တယ်။ နတ်ဘုရားချောင်ရဲ့ ကားက တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းက အရမ်းအားကောင်းတယ် "

" အဲ့ကောင်လေးရဲ့ စွမ်းရည်က တကယ်ကို မဆိုးဘူး။ ဒါပေမဲ့ သူနဲ့ နတ်ဘုရားချောင်ကြားမှာ ကွာဟွချက်က ရှိနေစဲပဲ "

" တကယ်လို့ နတ်ဘုရားချောင်ကို ကျော်တက်ချင်ရင် သူက တန်ဖိုးတစ်ခု ပေးရလိမ့်မယ် "

လူတိုင်းသည် နောက်တစ်ပွဲအတွက် ထင်ကြေးပေးနေကြသည်။

သို့သော် ရလဒ်သည် မမျှော်လင့်ထားသောအရာ ဖြစ်သွားသည်။

Bugatti နှင့် Blue Charm Nightတို့သည် ၃၅ဒီဂရီထောင့်ကို ဝင်လာချိန်မှာပင် Bugattiကားသည် အရှိန်လျှော့လိုက်ပြီး အကွေ့သို့ ဝင်ရန် ပြင်ဆင်လိုက်သည်။

သို့သော် Blue Charm Nightသည် အရှိန်မလျှော့ပေ။

ထိုအစား အရှိန်ကို ထပ၍ တင်လိုက်သည်။

" ဘုရားရေ၊ သူက အဲ့ကနေ ကျော်တက်ဖို့ကြိုးစားနေတာလား။ သူ ရူးနေတာလား "

" အဲ့တာက သေခြင်းထောင့်လေ။ တကယ်လို့ အဲ့လိုနေရာမျိုးမှာ အရှိန်တင်ရဲရင် မြန်မြန်သေဖို့ လုံလောက်နေမှာ မဟုတ်ဘူးလို့ ထင်နေတာလား "

" သူ တကယ်ကြီး ထပ်ပြီး အသက်မရှင်ချင်တော့ဘူးပဲ … "

လူတိုင်းသည် ယဲ့ဖန်၏ လုပ်ဆောင်မှုများကြောင့် တုန်လှုပ်နေကြသည်။

လီရုံချောင်သည်လည်း ပြိုင်ဘက်၏ ထူးဆန်းသော လုပ်ဆောင်မှုကြောင့် ကြောက်လန့်နေသည်။

Bugattiသည် ထပ်မံ၍ အရှိန်လျှော့လိုက်ပြီး ပြိုင်ဘက်ကားနှင့် တိုက်မိမည်ကို ရှောင်တိမ်းလိုက်သည်။

ထိုအချိန်မှာပဲ Blue Charm Nightသည် သူ့ကို ဖြတ်ကျော်သွားပြီး ပြီးပြည့်စုံသောအကွေ့တစ်ခုကို လုပ်လိုက်ကာ Bugattiကားကို နောက်ဘက် အဝေးတစ်နေရာတွင် ချန်ထားခဲ့လိုက်သည်။

ဗီဒီယိုသည် ဆက်၍ သွားနေခဲ့သည်။

သို့သော် ပရိသတ်သည် မှင်သက်နေပြီး အချိန်အတော်ကြာသည်အထိ အသိစိတ်များ ပြန်မဝင်လာနိုင်ကြပေ။

" သေစမ်း၊ ငါ့နှလုံးက ခုန်ထွက်လာလုနီးပါးပဲ။ ငါ သေလောက်အောင် ကြောက်သွားတာ "

" ဟုတ်တယ်၊။ဒီလို ရင်ထိတ်စရာကောင်းတဲ့ပွဲမျိုး မြင်ခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုတာ ငါ မမှတ်မိတော့ဘူး။ ဒါက တော်တော် ကြောက်စရာကောင်းတာပဲ "

" ဒီနတ်ဘုရားက တော်တော်လေးကို မရဲတင်းလွန်းဘူးလား။ လူတိုင်းက ဒီလို အဆင်အခြင်မဲ့တဲ့ လုပ်ဆောင်မှုကြောင့် ကြောက်သွားကြလိမ့်မယ် "

" ငါ ထပ်ပြီး ထိန်းမထားနိုင်တော့ဘူး။ ငါသူ့ရဲ့ မိန်းကလေးပရိသတ် ဖြစ်လာတော့မယ်။ ငါက ဒီလို အရိုင်းဆန်တဲ့ ပုံစံမျိုးကို ကြိုက်တယ်။ ဟားဟား၊ စိတ်လှုပ်ရှားစရာပဲ "

" သူ့ရှေ့မှာ ဖန်းရှောင်ကွန်းနဲ့ ယွင်တန်ချွမ်ပဲ ကျန်တော့တယ်။ တကယ်လို့ ဘာမှသာ မမှားသွားဘူးဆိုရင် သူက အနည်းဆုံးတော့ ထိပ်ဆုံးသုံးယောက်ထဲကို ဝင်နိုင်တယ် "

ထိုအချိန်မှာပင် တစ်ယောက်ယောက်သည် ရုတ်တရက် မေးလိုက်သည်။

" သူက ဒီပြိုင်ပွဲကို နိုင်ဖို့ မျှော်လင့်ချက်တစ်ခုခုများ ရှိနေတယ်လို့ မင်းတို့ ထင်လား "

လူတိုင်းသည် ကျယ်ကျယ်လောင်လောင် မရယ်လိုက်ခင် ခဏလောက် မှင်သက်သွားကြသည်။

" မင်းငါ့ကို လာနောက်နေတာလား။ ချန်ပီယံဖြစ်ဖို့က အဲ့လောက်တောင် လွယ်တယ်လို့ ထင်နေတာလား "

" အဲ့တာ ဟုတ်တယ်။ သခင်လေးကွန်းကို မပြောနဲ့ဦး။ ယွင်တန်ချွမ်ကိုတောင် ကိုင်တွယ်ဖို့ လွယ်မှာမဟုတ်ဘူး "

" ယွင်တန်ချွမ်က တောင်ပိုင်းမြို့တော်ရဲ့ ပြိုင်ကားဘုရင်လေ။ သခင်လေးကွန်း ပေါ်မလာခင်ထိ သူက ယန်းချန်မြို့ မြေအောက်ပြိုင်ကားလောကရဲ့ သူဌေးပဲလေ။ သူ့ကို နိုင်ဖို့က ဘယ်လိုလုပ်ပြီး အဲ့လောက်လွယ်မှာလဲ "

" လီရုံချောင်ရဲ့ကားက ကောင်းပင်မဲ့လည်း သူနဲ့ယွင်တန်ချွမ်ကြားမှာ နည်းပညာပိုင်းဆိုင်ရာ ကွာဟမှု ရှိနေတုန်းပဲ “

" တကယ်လို့ သခင်လေးကွန်းကို နိုင်ချင်နေတယ်ဆိုရင် သူက ယွင်တန်ချွမ်ကို အရင်ကျော်ဖြတ်ပါစေဦး "

" ငါ ဒီကောင်လေးကို မြင့်မြင့်တွေးထားပေမဲ့လည်း တကယ်လို့ သူ့ရှေ့က နတ်ဘုရားနှစ်ပါးနဲ့ ယှဥ်ပြီးအနိုင်ရချင်နေရင်တော့ သူ လိမ်ကစားမှပဲ ရမယ် "

" ရှူး၊ စကားပြောနေတာ ရပ်လိုက်ကြတော့။ မြန်မြန်လုပ်ပြီး ကစားပွဲကိုကြည့်ကြ "

ထိုအချိန်မှာပင် လူတိုင်းက မြင့်မြင့် တွေးထားကြသော ယွင်တန်ချွမ်သည် သူ့McLarenကား 720Sကို ကျွမ်းကျင်စွာဖြင့် ကိုင်တွယ်နေခဲ့သည်။

သူ၏ မျက်လုံးများသည် သူ့ရှေ့ရှိ ဖန်းရှောင်ကွန်းထံတွင်သာ အသေရှိနေခဲ့သည်။

ယနေ့ပြိုင်ပွဲတွင် သူ၏ တစ်ခုတည်းသောပစ်မှတ်သည် ဖန်းရှောင်ကွန်းဖြစ်သည်။

သူသည် တခြားလူများကို သူ့မျက်လုံးထဲ မထည့်ထားပေ။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေ‌သောမိန်းကလေးသည် မြှောက်ပင့်နေသော အသံဖြင့် ပြောလိုက်သည်။

" အစ်ကိုချွမ်၊ ကျွန်မတို့ အဲ့လူတွေကို နောက်မှာ ချန်ထားခဲ့လိုက်ကြပြီ "

ယွင်တန်ချွမ်၏ နှုတ်ခမ်းများသည် ညင်သာစွာ တွန့်ကွေးသွားသည်။

" သူတို့က အမှိုက်တွေပဲ။ တကယ်လို့ ငါတို့က သူတို့ကိုနိုင်ရင် ဘယ်လိုလုပ်ပြီး အောင်မြင်မှုဆိုတဲ့ ခံစားချက်မျိုးကို ရနိုင်မှာလဲ။ တကယ်လို့ မင်းက အနိုင်ရချင်နေတယ်ဆိုရင် အသန်မာဆုံးကို အနိုင်ယူရမယ် "

ကောင်မလေးသည် သူ့ကို ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်လိုက်သည်။

" အစ်ကိုချွမ်က ကျွန်မနှလုံးသားထဲမှာ အသန်မာဆုံးပဲ "

ယွင်တန်ချွမ်သည် အကွေ့တစ်ခုကို ကျွမ်းကျင်စွာ ကွေ့လိုက်သည်။

" မင်းက အသန်မာဆုံး ဟုတ်လား၊ မဟုတ်လား ဆိုတာကို ပါးစပ်နဲ့ပဲ ပြောလို့မရဘူး။ မင်းရဲ့ခွန်အားနဲ့ သက်သေပြရမယ် "

မိန်းကလေး၏ မျက်လုံးများသည် အရောင်တလက်လက် တောက်ပသွားသည်။

" ရှင်က ရှင့်ကိုယ်ရှင် သက်သေပြပြီးသားလေ။ အခုလေးတင် လီရုံချောင်ကို နောက်ကောက်ချန်ခဲ့တာ မဟုတ်ဘူးလား။ သူက တော်တော်လေး သန်မာတယ်လို့ ကျွန်မကြားခဲ့တယ် "

ယွင်တန်ချွမ်သည် ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။

" လီရုံချောင်ရဲ့ ခွန်အားက မဆိုးပါဘူး။ အထူးသဖြင့် သူ့ရဲ့ကားပဲ။ အဲ့တာက တော်တော်လေးကို စွမ်းအားကောင်းတယ် "

" ဒီလူတွေကြားထဲမှာ ငါနဲ့ ဖန်းရှောင်ကွန်းပဲ သူ့ကို ဖိနှိပ်နိုင်တယ်။ ကျန်တဲ့လူတွေကတော့ အမှိုက်တွေချည်းပဲ "

သူ စကားပြောပြီးချိန်မှာပင် သူ့နောက်မှ ပြင်းထန်သည့် အင်ဂျင်ဟိန်းသံတစ်ခုကို ကြားလိုက်ရသည်။

" လီရုံချောင်က ဒီလောက် မြန်မြန် လိုက်မှီလာပြီလား "

ထိုမိန်းကလေးသည် နောက်ကြည့်မှန်မှတစ်ဆင့် သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ထို့နောက်တွင် သူမသည် ကြောင်တောင်တောင် ဖြစ်သွားသည်။

" အဲ့တာက … အဲ့တာက လီရုံချောင် မဟုတ်တဲ့ပုံပဲ "

အပိုင်း ( ၁၀၉၁ )

မင်းရဲ့ စွမ်းရည်တွေက မကောင်းဘူး။

ကောင်မလေး၏ စကားကို ကြားသောအခါ ယွင်တန်ချွမ်သည် ခဏလောက် မှင်သက်သွားပြီး နောက်ကြည့်မှန်ကနေ မြန်မြန်ဆန်ဆန် စစ်ဆေးကြည့်ရှုလိုက်သည်။

ထို့နောက်တွင် Blue Charm Nightသည် သူ့နားကို မြန်မြန်ဆန်ဆန် ချဥ်းကပ်လာနေသည်ကို သူ တွေ့လိုက်ရသည်။

" သေစမ်း၊ ဘာလို့ အဲ့ကောင်လေး ဖြစ်နေရတာလဲ "

ယဲ့ဖန်၏ကားသည် အတော်ကိုပင် မျက်စိပဒေသာ ဖြစ်စေသည်။

ထို့ကြောင့် မှတ်မိရန် မခက်ခဲပေ။

သူသည် လီရုံချောင်မှ လိုက်မှီလာသည်ဟု ထင်ခဲ့သည်။

သို့သော် လူသစ်လေး ဖြစ်နေမည်ဟု မထင်ထားခဲ့မိချေ။

" ဒါဆို လီရုံချောင်က သူ ကျော်တက်လာတာကို ခံခဲ့ရတာလား "

မိန်းကလေးသည် ငေးကြည့်ပြီး မေးလိုက်သည်။

တကယ်တွင် ထိုအဖြစ်သည် အဓိပ္ပါယ်မရှိချေဟု ခံစားရသည်။

သို့သော် တစ်ချိန်တည်းတွင်ပင် သူမကို အံ့ဩသွားစေသည်။

အတိအကျ ပြောရလျှင် လီရုံချောင်၏ စွမ်းအားသည် ထိပ်ဆုံးသုံးယောက်ထဲသို့ အဆင့်ချိတ်နိုင်သည်။

ထို့ကြောင့် သူသည် ဤမျှလောက် မြန်မြန်ဖြင့် ကျော်တက်ခံလိုက်ရမည်ဟု မထင်ထားခဲ့ချေ။

ဤသည်ကား အလွန်ပင် အံ့ဩစရာကောင်းလှသည်။

" သူ အဲ့လောက် မောက်မာနေရဲနေတာ အံ့ဩစရာ မဟုတ်ဘူးဘဲ။ ဒါပေမဲ့ သူက ငါ့ကို ကျော်တက်ချင်နေတာလား။ နောက်ဘဝအထိသာ စောင့်နေလိုက် "

ယွင်တန်ချွမ်သည် လှောင်ပြောင်လိုက်ပြီး ထပ်မံ၍ အရှိန်တင်လိုက်သည်။

Blue Charm Nightကားထဲတွင် ကျူးရှောင်ကျောင်း၏ အော်သံများသည် လုံးဝကို ရပ်တန့်မသွားခဲ့ပေ။

" ယဲ့ဖန်၊ နင်က တကယ်ကို အရမ်းမိုက်တာပဲ။ ဒါက အရမ်း စိတ်လှုပ်ရှားစရာကောင်းတယ် "

ယဲ့ဖန်သည် သူ့နားများကို ကလော်လိုက်သည်။

" မမလေး၊ မင်း ရပ်ပေးနိုင်မလား။ ငါ့နားတွေက ကန်းလုနီးပါး ဖြစ်နေပြီ "

ကျူးရှောင်ကျောင်းသည် အလွန် စိတ်လှုပ်ရှားနေသောကြောင့် သူမ၏ မျက်နှာသည် နီရဲသွားသည်။

" ယဲ့ဖန်၊ နင်သိလား။ နင်ငါ့အနားမှာ မရှိတဲ့အချိန်မှာတွေဆို ငါ ရူးမတတ်ပဲ။ ဒါက ငါအပျော်ရွှင်ရဆုံး အခိုက်အတန့်ပဲ "

ယဲ့ဖန်သည် သူမကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

" မင်းပျော်ရွှင်မှုက ငါ့နာကျင်မှုပေါ်မှာ တည်ဆောက်ထားတာလေ။ အခုကစပြီး မင်းကို စကားပြောခွင့် မပြုတော့ဘူး "

ကျူးရှောင်ကျောင်းသည် သူမ၏ နှုတ်ခမ်းလေးများကို သပ်လိုက်သည်။

" ဒါဆိုလည်း မြန်မြန်လုပ်ပြီး မောင်းလေ။ နင် နောက်ကောက်ကျ ကျန်နေခဲ့တော့မယ် "

ယဲ့ဖန်သည် အထင်တသေး ပြုံးလိုက်သည်။

" တကယ်လို့ သူတို့က မီတာ၂၀၀ အရင်မောင်းနိုင်ခဲ့တော့ရော ဘာဖြစ်လဲ။ ဒီနေ့ရဲ့ချန်ပီယံက သေချာပေါက် ငါပဲ ဖြစ်လိမ့်မယ် "

ကျူးရှောင်ကျောင်းသည် မျက်လုံးများ ပြူးသွားသည်။

" နင်က ကြွားနေတာပဲ "

ယဲ့ဖန်သည် သူမကို ဘာမှထပ်မပြောပေ။

သူသည် ပတ်လမ်းတွင် လှည့်ပတ်ရှာနေသည်။

ကျူးရှောင်ကျောင်းသည် အံ့ဩသွားသည်။

" နင် ဘာတွေ လိုက်ရှာနေတာလဲ။ ငါတို့က အခုကားမောင်းနေကြတာလေ။ နင် အာရုံစိုက်ထားနိုင်မလား။ တကယ်လို့ ယာဥ်တိုက်မှုဖြစ်ရင် ဘယ်လိုလုပ်မလဲ "

ကား၏အရှိန်သည် အနည်းဆုံး မိုင်၂၀၀ရှိပြီး လမ်းသည်လည်း မှောင်မည်းနေကာ တောင်ပတ်လည်ရှိ လမ်းဖြစ်သည်။

အကယ်၍ သူတို့သာ ဂရုမစိုက်ပါက ကားသည် တိုက်မိပြီး သူတို့သည် သေသွားနိုင်သည်။

" တကယ်လို့ ငါတို့က ယာဥ်တိုက်မှုဖြစ်ရင် ပိုတောင် မကောင်းသွားဘူးလား။ ငါတို့က တစ်နေ့ထဲမှာ မမွေးနိုင်ခဲ့ပင်မဲ့ တစ်နေ့ထဲမှာပဲ တူတူသေနိုင်ပြီလေ "

ယဲ့ဖန်သည် ပစ္စည်းများကို လိုက်ရှာနေစဉ်မှာပင် သူမကို စလိုက်သည်။

" ဘယ်သူက နင်နဲ့ တစ်ရက်ထဲမှာ တူတူသေချင်နေလို့လဲ။ အိမ်မက်ဆက်မက်နေလိုက် "

ကျူးရှောင်ကျောင်းသည် ပြန်၍ ချေပလိုက်သည်။

ယဲ့ဖန်သည် ပြုံးလိုက်သည်။

သူသည် အနောက်မှ ဆီစက္ကူအိတ်ကို ယူလိုက်သည်။

ထို့နောက်တွင် သူ့လက်များကို ကားစတီယာရင်ဘီးမှ လွှတ်လိုက်ပြီး အိတ်ကို ဖွင့်ရန် ပြင်လိုက်သည်။

" သေချာမောင်းလေ။ ငါ ဒါကို နင့်အတွက် ဖွင့်ပေးမယ် "

ကျူးရှောင်ကျောင်းသည် ဆို့နင့်သွားသည်။

သူမသည် ဆီစက္ကူအိတ်ကို မြန်မြန် ဆွဲယူလိုက်ပြီး မေးနေစဥ် ဖွင့်လိုက်သည်။

" ဒါကဘာလဲ။ ဒီလောက်တောင် အရေးကြီးတာလား "

ဆီစက္ကူထုတ်ကို ဖွင့်လိုက်သောအခါ သူမသည် ကြောင်တောင်တောင် ဖြစ်သွားသည်။

" ကြက်ပေါင်လား "

ယဲ့ဖန်သည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" ငါနေ့လယ်စာ မစားထားဘူးလေ။ အခု ငါနည်းနည်း ဗိုက်ဆာနေတယ် "

ကျူးရှောင်ကျောင်းသည် သူမပါးစပ်ကို ဖွင့်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

" အစ်ကိုလေး၊ အခုက ပြိုင်ပွဲကြီးလေ။ နင် ပြိုင်ပွဲပြီးသွားမှ မစားနိုင်ဘူးလား "

ယဲ့ဖန်သည် ခေါင်းမာစွာဖြင့် ခေါင်းကိုခါလိုက်သည်။

" စားပြီးမှပဲ ငါက ပြိုင်ဖို့အတွက် ခွန်အားတွေ ရှိလာလိမ့်မယ်။ စကားပြောနေတာ ရပ်လိုက်၊ ငါ့ကိုပေး "

ကျူးရှောင်ကျောင်းသည် ကြက်ပေါင်ကို သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

" နင် နောက်ကောက်ကျ ကျန်နေခဲ့ပြီးပြီလေ။ အဲ့တာကို နင်က ကြက်ပေါင်ကို စားချင်စိတ် ရှိနေသေးတာလား "

ယဲ့ဖန်သည် သူ့ပါးစပ်ထဲမှ ကြက်ပေါင်ကို ကိုင်ထားလိုက်ပြီး မပီမသ ပြောလိုက်သည်။

" သေချာထိုင်နေ "

ကျူးရှောင်ကျောင်း မတုံ့ပြန်နိုင်ခင်မှာပဲ Blue Charm Nightသည် ရုတ်တရက် အရှိန်မြင့်တက်သွားသည်။

" အား ............ "

ကျူးရှောင်ကျောင်းသည် သတိလက်လွတ်ဖြစ်သွားပြီး ချက်ချင်းပင် ငယ်သံပါအောင် အော်လိုက်သည်။

ကားသည် တောင်၏ ဆန့်ကျင်ဘက်လမ်းကို အရှိန်ပြင်းပြင်းဖြင့် တိုက်ဝင်သွားသည်။

သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ကားနောက်ပိုင်းသည် လှလှပပ ကွေ့သွားပြီး အကွေ့ကို ရှင်းရှင်းလင်းလင်း ဖြတ်ကျော်သွားခဲ့သည်။

အသက်ရှူချိန် အနည်းငယ်အတွင်းတွင် သူသည် ယွင်တန်ချွမ်ကို ထပ်မံ၍ လိုက်မှီသွားတော့သည်။

ယွင်တန်ချွမ်သည် ယဲ့ဖန်ကို ပထုတ်နိုင်ခဲ့သောကြောင့် ဘဝင်ခိုက်နေသေးဆဲ ဖြစ်သည်။

သို့သော် သူ ကြာကြာ မပျော်နိုင်ခင်မှာပင် တစ်ဖက်ကလူသည် သူ့ကို ထပ်မံ၍ လိုက်မှီလာခဲ့သည်။

" ဒီကောင်လေးက တကယ်ကို ခွေးအရေခွံခြုံထားတာပဲ။ ငါ သူ့ကို ခါမချနိုင်ဘူး "

ယွင်တန်ချွမ်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ကားကို အမြင့်ဆုံးအရှိန်အထိ အရှိန်တင်လိုက်ကာ တောင်ပတ်လည်ရှိ လမ်းများကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်ကျော်သွားသည်။

ကောင်းကင်သည် လုံးဝ မှောင်မည်းနေပြီဖြစ်သည်။

တောင်ပတ်လည်ရှိ လမ်းပေါ်တွင်လည်း အကွေ့အချို့ များစွာ ရှိနေသည်။

ထိုသည်က ယာဥ်မောင်းသူ၏ တုံ့ပြန်နိုင်မှုအရှိန်နှင့် ကားမောင်းစွမ်းရည်များကို စမ်းသပ်နေခဲ့သည်။

သို့သော် ယွင်တန်ချွမ်သည် တောင်ပိုင်းမြို့တော် ကားဘုရင်ဟူသော ကျော်ကြားမှုနှင့် ကိုက်ညီနေခဲ့သည်။

သူသည် McLarenကား၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနေခဲ့သည်။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသောကောင်မလေးသည် သူမ၏ ပျော်ရွှင်မှုလှိုင်းများ လှိမ့်တက်လာသလို ခံစားနေရပြီး စိတ်လှုပ်ရှားမှုကို ဖော်ပြနေခဲ့သည်။

သို့သော် နောက်ဖြစ်လာသော အရာသည် ယွင်တန်ချွမ်ကို ဆွံ့အသွားစေခဲ့သည်။

သူ၏ အရှိန်သည် အမြင့်ဆုံးအထိ တင်ထားခဲ့ပြီးပြီဖြစ်သည်။

သို့သော် သူနှင့် Blue Charm Nightကြားရှိ အကွာအဝေးသည် တိုးမလာခဲ့ပေ။

ထို့အစား ပိုပို၍ပင် နီးကပ်လာနေခဲ့သည်။

" သေစမ်း၊ ငါ့ကိုလာပြောင်နေတာလား။ အဲ့တာက ဘယ်လိုလုပ်ပြီး ဒီလောက် မြန်နေရတာလဲ "

သူသည် မှင်သက်နေသည်။

Blue Charm Night၏ အရှိန်သည် အနည်းဆုံး တစ်နာရီမိုင်၂၅၀ ရှိနေသည်။

ထိုနှုန်းဖြင့် ဤသို့ တောင်ပတ်လည်ရှိ လမ်းပေါ်မျိုးတွင် မောင်းခြင်းသည် သေခြင်းတရားကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်သည်။

သူ ဘာမှ မလုပ်နိုင်ခင်မှာပင် Blue Charm Nightသည် သူ့ကို လိုက်မှီလာခဲ့ပြီး သူ့နှင့် ဘေးချင်းကပ် ယှဥ်ပြေးနေခဲ့သည်။

သူသည် ခေါင်းကို လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်သည် လက်တစ်ဖက်ဖြင့် စတီယာရင်ကို ကိုင်ထားပြီး နောက်တစ်ဖက်ဖြင့် ကြက်ပေါင်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

သူ့ပါးစပ်သည် အစာစားထားသောကြောင့် အဆီများ ဝေ့နေခဲ့သည်။

" ခင်ဗျားရဲ့စွမ်းရည်တွေက မကောင်းဘူး။ အဲ့တာတွေကို ခင်ဗျားဆရာရဲ့ မိန်းမဆီကနေ သင်ထားခဲ့တာလား "

ယဲ့ဖန်သည် သူ့ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။

သူ့ပါးစပ်သည်လည်း အစားမပျက်ပေ။

ယွင်တန်ချွမ်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

တောင်ပိုင်းမြို့တော် ဘုရင်တစ်ယောက်အနေဖြင့် ဖန်းရှောင်ကွန်း ပေါ်မလာခင်အထိ သူသည် ယန်းချန်မြို့ မြေအောက်ပြိုင်ကားလောက၏ အကြွင်းမဲ့ဘုရင် ဖြစ်ခဲ့သည်။

အကယ်၍ သူသာ ဖန်းရှောင်ကွန်း၏ အနိုင်ယူခြင်းကို ခံလိုက်ရပါက အဆင်ပြေစေးသည်။

သို့သော် ယခုတွင် ဘယ်က ထွက်လာမှန်းမသိသော လူရိုင်းကောင်လေးတစ်ယောက်သည် ကြက်ပေါင်ကို စားနေစဥ်မှာပင် သူ့ကို လိုက်မှီလာခဲ့သည်။

ဤသည်ကား တောင်ပိုင်းမြို့တော်၏ ဘုရင်ဖြစ်သော သူ့အတွက် အကြီးမားဆုံး အရှက်ကွဲရခြင်းဖြစ်သည်။

' ခွေးသူတောင်းစား '

သူသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

သူသည် ရုတ်တရက် ရဲတင်းလာသည်။

သူသည် အရှိန်တင်လိုက်ပြီး ယဲ့ဖန်ကို ကားတစ်ဝက်လောက် ကျော်တက်ပြီးသည့်နောက်တွင် စတီယာရင်ကို ညာဘက်သို့ လှည့်လိုက်သည်။

တောင်ပတ်လည်ရှိလမ်းသည် အစတည်းက ကျဥ်းကျဥ်းလေးသာဖြစ်သည်။

ထိုသည်က ကားနှစ်စီး ဘေးချင်းယှဥ်သွားရန် အတော်ကို ခက်ခဲသည်။

ယဲ့ဖန်၏ကားသည် တောင်နံရံဘက်တွင် ရှိနေသည်။

သူသည် ရုတ်တရက်ကြီး စတီယာရင်ကို ညာဘက်သို့ လှည့်လိုက်ပြီး ယဲ့ဖန်ကို အရှိန်လျှော့ဖို့ တွန်းအားပေးလိုက်သည်။

သို့သော် ယဲ့ဖန် နောက်ထပ်လုပ်လာသောအရာသည် သူ၏ စိတ်ကူးခန့်မှန်းချက်များကို နောက်တစ်ကြိမ်ထပ်ပြီး ကျော်လွန်သွားခဲ့ပြန်သည်။

Blue Charm Nightသည် အရှိန်မလျှော့ရုံတင်မကပဲ အရှိန်ကို ထပ်တင်လာခဲ့သည်။

ညာဘက်မှကားဘီးသည် တောင်ပေါ်သို့ တိုက်ရိုက် လှိမ့်တက်နေသည်။

ထိုအတိုင်းပင် ဘယ်ဘက်ဘီးသည် လမ်းပေါ်တွင်ရှိနေပြီး ညာဘက်ဘီးသည် တောင်ပေါ်တွင် ရှိနေခဲ့သည်။

ကားသည် ၄၅ဒီဂရီလောက် စောင်းနေခဲ့သည်။

" သေစမ်း၊ ဒီလိုတောင် အဆင်ပြေနေတာလား "

McLaren ခရီးသည်ထိုင်ခုံပေါ်တွင် ထိုင်နေသော ကောင်မလေးသည်လည်း အံ့ဩမှုကြောင့် မျက်လုံးများ ပြူးကျယ်နေသည်။

ထိုနည်းပညာမျိုးကို သူမသည် အရင်က လုံးဝ မမြင်ခဲ့ဖူးပေ။

ဤသည်ကား မယုံကြည်နိုင်စရာ ကောင်းလှသည်။

အပိုင်း ( ၁၀၉၂ )

သူသာ ထိပ်ဆုံးငါးယောက်ထဲကို ဝင်နိုင်သရွေ့ ငါက သူ့ကို ငါ့တပည့်အဖြစ် လက်ခံမယ်

ဝှီး

မြေပြင်ပေါ်သို့ ပြန်မရောက်ခင် တောင်ပေါ်တွင် မီတာအနည်းငယ်လောက် လှိမ့်သွားပြီးနောက် Blue Charm Night၏ အင်ဂျင်သံသည် ဟိန်းထွက်လာခဲ့သည်။

" သေစမ်း၊ မင်းက ငါ့ကို ချုံခိုတိုက်ခိုက်တာပဲ။ မင်းအဲ့လို မလုပ်နိုင်ဘူး။ မင်းက အမှိုက်တစ်စလေးပဲ "

ယဲ့ဖန်သည် ယွင်တန်ချွမ်ကို လက်ခလယ်ထောင်ပြလိုက်သည်။

ထို့နောက် သူ့ပါးစပ်ထဲတွင် ကြက်ပေါင်ကို ကိုက်ထားပြီး ထွက်သွားတော့သည်။

ယွင်တန်ချွမ်သည် စတီယာရင်ကို ဒေါသတကြီး ထုရိုက်လိုက်သည်။

သူသည် ပို၍ ဝေးသွားသော Blue Charm Night၏ နောက်မီးများကိုသာ ကြည့်နေနိုင်သည်။

သို့သော် သူဒေါသထွက်နေစဥ်တွင် တစ်ဖက်ကလူ၏ စွမ်းရည်များသည် တော်တော်လေးကို အထင်ကြီးဖို့ ကောင်းသည်ဆိုတာကို ဝန်ခံရမည်ဖြစ်သည်။

အကယ်၍ သူသာဖြစ်နေပါက သူသည် အရှိန်လျှော့လိုက်ရုံသာ တတ်နိုင်သည်။

သူသည် ယဲ့ဖန်လုပ်သွားသလို လုပ်ရဲလိမ့်မည်မဟုတ်ပေ။

" သေစမ်း၊ ဘယ်တုန်းက ယန်းချန်မြို့မှာ ဒီလိုငကြောင်တစ်ကောင် ပေါ်လာခဲ့တာလဲ "

ထိုအချိန် ဖန်သားပြင်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပရိသတ်များသည် ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီ ဖြစ်သည်။

" အိုး ဘုရားရေ။ အခုလေးတင် ငါအမြင်မှားနေတာလား။ ဒီလှုပ်ရှားမှုက မမိုက်လွန်းဘူးလား "

" အရမ်းကို ပြဇာတ်ဆန်လွန်းတယ်။ Blue Charm Night ကျော်တက်သွားတဲ့ လှုပ်ရှားမှုက အရမ်းကို ပြဇာတ်ဆန်လွန်းတယ်။ အဲ့တာက လုံးဝကို အာဃပဲ "

" ဘုရားရေ၊ ငါ အခုလေးတင် သတိမေ့သွားတော့မလိုပဲ။ အဲ့လှုပ်ရှားမှုက အရမ်းခက်ခဲတယ် မဟုတ်ဘူးလား "

" ဒီနေ့ ဒီကိုလာခဲ့ရတာက အလဟဿ မဖြစ်တော့ဘူးဘဲ။ ဒီလို ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးကို ငါတကယ်ကြီး တွေ့လိုက်ရတာလား "

" ဒီကြီးမြတ်တဲ့ နတ်ဘုရားက ယန်းချန်မြို့ မြေအောက်ပြိုင်ကားလောကမှာ သေချာပေါက် နေရာတစ်နေရာ ရလာလိမ့်မယ်ဆိုတာကို ငါ အစပ်မုန့်တစ်ထုပ်နဲ့ လောင်းရဲတယ် "

" ငါတော့ မင်းက အဓိပ္ပါယ်မရှိတာတွေ စကားကြောရှည်နေတယ်လို့ ခံစားနေရတယ် "

ယဲ့ဖန်သည် တောင်ပေါ်ကနေပြေးပြီး ယွင်တန်ချွမ်၏ကားကို ကျော်တက်သွားသော မြင်ကွင်းကြောင့် လူတိုင်းသည် အလွန်အမင်းကို အံ့ဩတုန်လှုပ်နေကြသည်။

အရိုင်းဆန်သော အမျိုးသမီး အနည်းငယ်သည် သူတို့၏ အပေါ်ဘက်အဝတ်များကို ချွတ်လိုက်ပြီး ရူးသွပ်စွာ ခုန်ပေါက်နေကြသည်။

သူတို့အတွက် လူချမ်းသာ သို့မဟုတ် လူချောတစ်ယောက်သာ ဖြစ်ပါက သူမတို့၏ မျက်လုံးများထဲတွင် တန်ဖိုးမဖြတ်နိုင် ဖြစ်နေမည်ဖြစ်သည်။

သို့သော် အကယ်၍ ပုံမှန်မဟုတ်သော ခွန်အားစွမ်းပကားကို ပြသလိုက်ပါက သူတို့ကို အမှန်တကယ် အရှုံးပေးလာအောင် လုပ်နိုင်မည် ဖြစ်သည်။

ထိုသို့ဖြင့် သူမတို့က ကိုးကွယ်လာအောင် လုပ်သည်နှင့် နီးစပ်လေသည်။

" သေစမ်း၊ ဒါကြီးက အရမ်းကို ရင်သပ်ရှုမောဖွယ်ကောင်းလွန်းတယ်။ ဒီလိုပြိုင်ပွဲမျိုးကို ကြည့်နေရတာက အချစ်အတွက် လက်ခုပ်တီးရတာထပ် ပိုပြီး အံ့ဩစရာကောင်းတယ် "

" ဒီနတ်ဘုရားက ဒုတိယအဆင့်ကို ချိတ်ပြီးနေပြီ။ သူ သခင်လေးကွန်းကို ကျော်တက်နိုင်မယ်လို့ မင်းတို့ ထင်ကြလား "

" ဒါက … သူ့အစွမ်းက တော်တော်လေးကို သန်မာပေမဲ့လည်း သူက သခင်လေးကွန်းကို အနိုင်မယူနိုင်သင့်ဘူးလေ၊ ဟုတ်တယ်မလား "

" ငါကတော့ သူ့စွမ်းအားက သခင်လေးကွန်းနဲ့ တစ်တန်းတည်းဖြစ်သင့်တယ်လို့ ထင်တယ်။ သူ ခုနက နှေးနှေးကွေးကွေး စတင်ခဲ့တာက နှမြောစရာပဲ။ အဲ့လိုမှမဟုတ်ရင် မျှော်လင့်ချက်တချို့ ရှိနေလိမ့်မယ် "

" အဲ့တာဟုတ်တယ်။ တကယ်လို့ သူသာ နည်းနည်း မြန်မြန်စခဲ့မယ်ဆိုရင် ဘယ်သူကနိုင်မယ်ဆိုတာကို ပြောဖို့ ခက်သွားလိမ့်မယ်။ အခုအတွက်ကတော့ သူက ဒုတိယနေရာပဲ တတ်နိုင်တော့မယ် "

" သခင်လေးကွန်းက ပန်းဝင်တဲ့မျဥ်းကို ရောက်ခါနီးနေပြီ။ သူ့မှာ ရွေးချယ်စရာမရှိတော့ဘူး "

" ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ။ ဒီနေ့ သူ့လှုပ်ရှားမှုတွေက ပြီးပြည့်စုံတယ်။ တကယ်လို့ သူသာ ချန်ပီယံ ဖြစ်နိုင်တယ်ဆိုရင် ဒီဟာက သေချာပေါက်ကို ဂန္တဝင်တိုက်ပွဲ ဖြစ်လာလိမ့်မယ် "

" ဒါက သူ့ရဲ့ ပထမဦးဆုံးယှဥ်ပြိုင်မှုလေ။ ပြီးတော့ သူက လီရုံချောင်နဲ့ ယွင်တန်ချွမ်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါက နတ်ဘုရားအဆင့်ဖျော်ဖြေမှုတစ်ခု ဖြစ်ခဲ့ပြီးနေပြီ "

" အဲ့တာမှန်တယ်၊ သခင်လေးကွန်းရဲ့ အနောက်မှာ အဆင့်ချိတ်နေနိုင်တာကပဲ တော်တော်လေးကို အထင်ကြီးဖို့ ကောင်းနေပြီ၊ ဟုတ်တယ်မလား "

သူတို့ ဆွေးနွေးနေစဥ်မှာပင် ဖန်းရှောင်ကွန်းသည် နောက်ဆုံးပြေးလမ်းသို့ ဝင်ရောက်နေခဲ့ပြီးဖြစ်သည်။

အံ့ဩစရာမရှိစွာပင် ဒုတိယနေရာသည် သူနှင့် တော်တော်ဝေးဝေးမှာပင် ပြတ်ကျန်နေခဲ့ပြီး ဖြစ်သည်။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ဆံပင်ဝါနှင့်လူသည် ပျင်းရိစွာ သမ်းဝေလိုက်သည်။

" ဒါက တော်တော်လေးကို ပျင်းစရာကောင်းတာပဲ။ မင်း တကယ်ကြီး ထပ်နိုင်ပြန်ပြီ "

ဖန်းရှောင်ကွန်းသည် ကူရာကယ်ရာမဲ့စွာဖြင့် သူ့နှုတ်ခမ်းများကို သပ်လိုက်သည်။

" ဒါက တကယ်ကို တော်တော်လေးပျင်းဖို့ကောင်းတယ်။ မေ့လိုက်တော့။ ဒီနေ့ပြိုင်ပွဲပြီး သွားရင် ဒီကို ထပ်မလာတော့ဘူး "

" ငတုံးငအတွေကို အနိုင်ကျင့်ရတာ ဘာအကျိုးကျေးဇူးရှိလို့လဲ "

ဖန်းရှောင်ကွန်းသည် ခေါင်းခါလိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်သည်။

" လီရုံချောင်နဲ့ ယွင်တန်ချွမ်က ရှားပါးတဲ့ပြိုင်ဘက်တွေ ဖြစ်နေမယ်လို့ ငါ ထင်ခဲ့တာ။ ကြည့်ရတာ သူတို့ကလည်း အသုံးမကျဘူးဘဲ "

ဆံဝါလူသည် ရုတ်တရက်ပဲ တစ်ယောက်ယောက်ကို တွေးမိသွားသည်။

" မင်းဖိတ်ခေါ်ထားတဲ့ ကောင်လေးကရော ဘယ်လိုရလဒ်ဖြစ်နေမလဲဆိုတာ ငါသိချင်မိတယ် "

ယဲ့ဖန်ကို တွေးမိသောအခါ ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် ရယ်မောလိုက်သည်။

" သူ့စွမ်းရည်တွေက မဆိုးပါဘူး။ ဒါက သူ့အတွက် ပထမဦးဆုံး ပြိုင်ပွဲလမ်းကြောင်းလေ။ သူ ထိပ်ဆုံးငါးယောက်ထဲကို ဝင်နိုင်တယ်ဆိုတာကတောင် တော်တော်လေးကို ကောင်းနေပြီ "

" သူသာ ထိပ်ဆုံးငါးယောက်ကို ဝင်နေသရွေ့ ငါသူ့ကို ငါ့တပည့်အဖြစ် လက်ခံမယ် "

ဆံပင်ဝါနှင့်လူသည် ချက်ချင်းပင် တက်တက်ကြွကြွ ဖြစ်သွားသည်။

" မင်းတကယ်ပဲ သူ့ကို မင်းတပည့်အဖြစ်ယူဖို့ စီစဥ်နေတာလား "

ဖန်းရှောင်ကွန်းသည် ခါးခါးသီးသီး ပြုံးလိုက်သည်။

" ငါ့အဖေက ငါပြိုင်ကားမောင်းတာကို အမြဲဆန့်ကျင်နေခဲ့တာ။ အဲ့တာကြောင့် ဒီဘဝမှာ ငါက ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားတစ်ယောက် မဖြစ်နိုင်တော့ဘူး "

" အဲ့ကောင်လေးက အတော်လေးကို အရည်အချင်းရှိတယ်။ တကယ်လို့ ငါတို့သာ သူတို့ ကောင်းကောင်း ပြုစုပျိုးထောင်ပေးမယ်ဆိုရင် သူက ငါ့ဆန္ဒကို ဖြည့်ဆည်းပေးလာနိုင်တယ် "

ဆံပင်ဝါနှင့်လူသည် အားကျသွားသည်။

" အဲ့ကောင်လေးက တကယ်ကို ကံကောင်းတာပဲ။ သူ့ကံက မင်းကို သူ့ဆရာဖြစ်လာအောင် လုပ်နိုင်နေတယ် "

ဖန်းရှောင်ကွန်းသည် ခေါင်းခါလိုက်ပြီး ပြုံးလိုက်သည်။

" ဒါပေမဲ့ အဲ့ကောင်လေးက နည်းနည်တော့ ပြဿနာရှာတတ်တယ်။ ငါတို့က သူ့ကို သင်ခန်းစာတစ်ခု သင်ပေးဖို့ ကျန်နေသေးတယ် "

သူတို့နှစ်ယောက် စကားပြောနေစဥ်မှာပင် အတော်ဝေးသောနေရာမှ အင်ဂျင်ဟိန်းသံတစ်ခု ချည်းကပ်လာနေသည်ကို သူတို့ရုတ်တရက် ကြားလိုက်ကြရသည်။

" အိုး၊ တစ်ယောက်ယောက်က တကယ်ကြီး လိုက်မှီလာတာလား။ ယွင်တန်ချွမ် ဒါမှမဟုတ် လီရုံချောင်၊ ဘယ်သူလို့ မင်းထင်လဲ "

ဆံပင်ဝါနှင့်လူသည် ပြုံး၍ မေးလိုက်သည်။

" ယွင်တန်ချွမ်လို့ ငါထင်တယ်။ လီရုံချောင်က သူ့ကြိုးစားအားထုတ်မှုအကုန်လုံးကို ကားတွေ အဆင်မြှင့်မွမ်းမံတာမှာပဲ ထားထားတာ။ သူက လမ်းကြောင်းလွဲနေခဲ့ပြီးပြီ။ သူက ယွင်တန်ချွမ်နဲ့ မယှဥ်နိုင်ဘူး "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် ဝေဖန်ပိုင်းခြားမှုတစ်ခု ပြုလုပ်လိုက်သည်။

" ဟမ်။ အဲ့အသံနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေသလိုပဲ။ ယွင်တန်ချွမ်ရဲ့ McLarenက အဲ့လိုအသံမဟုတ်ဘူးလေ "

သူ့နောက်မှ အင်ဂျင်ဟိန်းသံကို ကြားလိုက်ရပြီး ဆံပင်ဝါနှင့်လူသည် ပဟေဠိဖြစ်သွားသည်။

ဖန်းရှောင်ကွန်းသည်လည်း မှင်သက်နေသည်။

" အဲ့တာက လီရုံချောင်ရဲ့ကားလည်း ဟုတ်ပုံမရဘူး။ ဘယ်သူများ ဖြစ်နိုင်မလဲ "

သူတို့နှစ်ယောက် အံ့ဩနေစဥ်မှာပဲ ခရမ်းရောင်ကားတစ်စီးသည် နောက်ကြည့်မှန်တွင် ရုတ်တရက်ပေါ်လာသည်ကို သူတို့ မြင်လိုက်ကြရသည်။

" အဲ့ကောင်လေးလား "

သူတို့နှစ်ယောက်သည် တစ်ချိန်တည်းနီးပါးပင် အာမေဋိတ်သံပြုလိုက်ကြသည်။

သူတို့နှစ်ယောက်သည် ဖြစ်နိုင်ချေများစွာကို တွေးခဲ့ကြသည်။

သို့သော် သူတို့နောက်ကို လိုက်နေသောလူသည် ယဲ့ဖန် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

ယနေ့တွင် ပါဝင်ယှဥ်ပြိုင်ဖို့ လာခဲ့သောလူတိုင်းသည် ယန်းချန်မြို့ မြေအောက်ပြိုင်ကားလောက၏ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။

မည်သူကမျှ အားမနည်းကြပေ။

ထို့အပြင် ဤသည်ကား ယဲ့ဖန်၏ ပထမဦးဆုံးအကြိမ် ဖြစ်လောက်သည်။

ပြေးလမ်းနှင့် ရင်းနှီးကျွမ်းဝင်ရန် အချိန်တိုလေးအတွင်း လုပ်နိုင်မည်မဟုတ်ပေ။

အကယ်၍ သူသည် ဆိုးဆိုးဝါးဝါး မရှုံးသွားလျှင်ပင် အတော်လေးကို လုံလုံလောက်လောက် ကောင်းနေပြီဖြစ်သည်။

တစ်ဖက်က လူသည် ယွင်တန်ချွမ်နှင့် လီရုံချောင်တို့ကို ချန်ထားနိုင်ခဲ့ပြီး ဒုတိယနေရာသို့ အပြေးအလွှား ရောက်ရှိလာနိုင်လိမ့်မည်ဟု သူတို့သည် မထင်ထားခဲ့ကြချေ။

" သေစမ်း၊ အဲ့ကလေးက ပျံသန်းလာတာလား "

ဆံပင်ဝါနှင့်လူသည် သူ့ဘာသာသူ တီးတိုးပြောဆိုလိုက်သည်။

ကံကောင်းစွာဖြင့် ဖန်းရှောင်ကွန်း၏ စိတ်ပိုင်းဆိုင်ရာခွန်အားသည် အတော်သန်မာနေသည်။

သူသည် အစတွင် နည်းနည်း အံ့ဩသွားရုံသာ ဖြစ်သည်။

သို့သော် သူသည် သူ၏ တည်ငြိမ်မှုကို မြန်မြန် ပြန်လည်ရရှိခဲ့သည်။

" အဲ့အမှိုက်နှစ်ကောင်ကို ကျော်ဖြတ်နိုင်တာက ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ငါ့ကို ကျော်ဖြတ်ချင်နေတာလား။ ဒါဆိုလည်း သူ့မှာ စွမ်းရည်တွေ ရှိလားဆိုတာ ငါတို့ ကြည့်လိုက်ရအောင် "

သူသည် ဆုံးမှတ်ကို ရောက်ရှိတော့မည် ဖြစ်သောကြောင့် ပေါ့ဆပျင်းရိနေခဲ့သည်။

သို့သော် ယခုတွင် သူသည် လန်းဆန်းလာပြီး Ferrari၏ အရှိန်ကို ထပ်မံ၍ တင်လိုက်သည်။

ဝူး

အနက်ရောင်ကားသည် ညအချိန်တွင် ပုံးကွယ်နေခဲ့ပြီး ရှေ့မီးများကသာ ကား၏ တည်နေရာကို သက်သေပြနိုင်သည်။

ထိုပုံစံသည် တစ္ဆေတစ်ကောင်က ညဘက်တွင် လွင့်မြောနေသလိုပင် ဖြစ်နေသည်။

All Chapters