← Chapters

အခန်း (၁၀၉၃-၁၀၉၆)

Vol. 55 Ch. 1093-1096

အခန်း (၁၀၉၃-၁၀၉၆)

Vol. 55 Ch. 1093-1096

အပိုင်း ( ၁၀၉၃ )

ငါ … သေသွားခဲ့ပြီးပြီလား။

" သူ့နောက်ကို မြန်မြန်လိုက် "

Blue Charm Nightကားထဲတွင် ကျူးရှောင်ကျောင်းသည် စိတ်လှုပ်ရှားမှုကြောင့် ကခုန်နေခဲ့သည်။

" မင်း ဘာလို့ ဒီလောက် တက်ကြွနေတာလဲ "

ယဲ့ဖန်သည် ကြက်ပေါင်ကို အရိုးပဲ ကျန်သည်အထိ စားခဲ့ပြီးပြီဖြစ်သည်။

သို့သော် သူသည် အရိုးကို လွှတ်မပစ်နိုင်သေးပေ။

သူ့ပါးစပ်ထဲတွင်သာ ထည့်ထားရသည်။

" အဲ့လူက အမြဲမောက်မာနေခဲ့တာ။ တကယ်လို့ သူရှုံးသွားတာကို ငါ့မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ရမယ်ဆိုရင် အဲ့တာက တော်တော်လေးကို အံ့ဩစရာကောင်းသွားလိမ့်မယ် "

ကျူးရှောင်ကျောင်းသည် သူမရှေ့မှ Ferrariကားကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးလေးများသည် တဖြတ်ဖြတ် တောက်ပနေခဲ့သည်။

" မင်းက ငါ့ကို လက်စားချေဖို့အတွက် ပစ္စည်းတစ်ခုအဖြစ် အသုံးချနေတာလား "

ယဲ့ဖန်သည် သူမကို မပျော်မရွှင်စွာဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။

" ဘာလဲ။ ဘာပဲဖြစ်ဖြစ် နင်ရဲ့ရည်ရွယ်ချက်က သူ့ကို အနိုင်ယူဖို့လေ။ အဲ့တာကြောင့် ငါ့ကိုပါ ကူပြီး လက်စားချေပေး "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် ကပ်ဖားသော အမူအရာမျိုးဖြင့် ပြောလိုက်သည်။

" ငါ့ရည်ရွယ်ချက်က သူ့ကို အနိုင်ယူဖို့လို့ ဘယ်သူက ပြောတာလဲ။ ငါ့ကိုယ်ငါက လွဲရင် ဘယ်သူကမှ ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တာမဟုတ်ဘူး "

ယဲ့ဖန်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ကျူးရှောင်ကျောင်းသည် မျက်လုံးများ ပြူးသွားသည်။

သို့သော် သူ၏ ကားမောင်းစွမ်းရည်သည် မဆိုးဘူးဆိုသည်ကို သူမ ဝန်ခံရမည်ဖြစ်သည်။

လမ်းတစ်လျှောက်လုံး ကားတစ်စီးပြီးတစ်စီးကို ဖြတ်ကျော်လာခဲ့ခြင်းကို မြင်ရခြင်းသည် အတော်လေးကို ခံစားလို့ကောင်းသည်။

" နင့်ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် မြန်မြန်လုပ်ပြီး သူ့ကိုကျော်လိုက်။ သူက ဆုံးမှတ်ကို ရောက်ခါနီးဖြစ်နေပြီ "

ယဲ့ဖန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" မင်းဖုန်းယူလာခဲ့လား "

ကျူးရှောင်ကျောင်းသည် အံ့ဩသွားသည်။

သူမသည် သူမ၏ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။

" အဲ့တာက ငါနဲ့အတူ ရှိတယ်လေ။ ဘာဖြစ်လို့လဲ "

ယဲ့ဖန်သည် သူ့ရှေ့မှ Ferrariကို ကြည့်လိုက်သည်။

" ငါ့ကို ငါးစက္ကန့်ပဲ အချိန်ပေး။ ပြီးရင် ငါသူ့ကို ကျော်တက်သွားလိမ့်မယ်။ မင်းငါ့ကို ယုံလား "

ကျူးရှောင်ကျောင်းသည် မှင်သက်သွားသည်။

" နင်ငါ့ကို လာနောက်နေတာလား။ အဲ့လူရဲ့စွမ်းရည်တွေက တော်တော်လေး ကောင်းတယ်လေ "

ယဲ့ဖန်၏ မျက်နှာတွင် မကျေမနပ်ဖြစ်သွားသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

" အချိန်စမှတ်ထားလိုက် "

ဝူး

သူ စကားပြောပြီးပြီးချင်းမှာပင် Blue Charm Nightသည် ရုတ်တရက် အရှိန်မြင့်တက်သွားသည်။

ကျူးရှောင်ကျောင်းသည် သူမ၏ နောက်ကျောမှ ပြင်းထန်သော အားတစ်ခုက တွန်းလာသည်ဟု ခံစားလိုက်ရသည်။

သို့သော် သူမသည် အချိန်ကို မှတ်နေနိုင်သေးစဲဖြစ်သည်။

တစ်စက္ကန့်

ယဲ့ဖန်၏ ကားသည် အစက Ferrariနှင့် ၁၀မီတာလောက် ကွာဝေးနေခဲ့သည်။

သို့သော် သူသည် တစ်စက္ကန့်အတွင်းတွင် လိုက်မှီသွားခဲ့သည်။

" သေစမ်း၊ အဲ့ကောင်လေးက ငါတို့နောက်ကို အရမ်း နီးနီးကပ်ကပ် လိုက်လာနေတာပဲ။ ငါတို့ သူ့ကို ခါချလို့မရဘူး "

ဆံပင်ဝါနှင့်လူသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

ဖန်းရှောင်ကွန်းသည် နောက်ကြည့်မှန်ကို ဖျက်ခနဲ ကြည့်လိုက်ပြီး မထီမဲ့မြင်စွာဖြင့် ပြုံးလိုက်သည်။

" မင်းက ငါ့ကို ကျော်တက်ချင်နေတာလား။ အိမ်မက်ဆက်မက်နေလိုက် "

ရွှီး ဝူး

Ferrari၏ ကားတာယာများသည် မြေပြင်နှင့် စူးစူးဝါးဝါး ရင်ဆိုင်မိသွားပြီး ထောင့်ပြတ်တစ်ခုကို ဝိုက်ပြီး ကွေ့ကာ ဖြတ်ကျော်လိုက်သည်။

ယဲ့ဖန်၏ ကားသည် သူ့နောက်ကို လိုက်ကွေ့လုနီးပါး ဖြစ်နေသည်။

သူသည် ကျော်တက်ရန် အခွင့်အလမ်း တစ်ခုခုကို စောင့်နေပုံရသည်။

သို့သော် ဖန်းရှောင်ကွန်းသည် သူ့ကို အခွင့်အရေးတစ်ခါမှ မပေးပေ။

သူသည် သူ၏ ဦးတည်ချက်ကို ရုတ်တရက် ပြောင်းလိုက်ပြီး ရှေ့သို့တည့်တည့် ဆက်သွားတော့သည်။

နှစ်စက္ကန့်

ရှေ့တွင် သေခြင်းအကွေ့ဟု ခေါ်သော အကွေ့ကြမ်းကြီးတစ်ခု ရှိနေသည်။

တစ်ဆက်တည်း အကွေ့သုံးခု ရှိနေခဲ့သည်။

Wပုံသဏ္ဍာန်ဖြစ်နေသည်။

ထိုအကွေ့သည် အလွန်ခက်ခဲသည်။

အရင်က ထိုနေရာတွင် ကားမတော်တမှုများစွာ ဖြစ်ခဲ့သည်။

အကယ်၍ နေ့ဘက်တွင်သာဆိုပါက ကျော်တက်ရန် အခွင့်အရေးတစ်ခု ရှိနေနိုင်သည်။

သို့သော် ယခုလို ညအမှောင်မျိုးတွင် ကျော်တက်ရန် မပြောနှင့် မြောင်းထဲသို့ မမောင်းမိပါက အတော်လေးကို ကောင်းနေပြီဖြစ်သည်။

ထိုအကွေ့ပြီးနောက် မကြာခင်တွင် သူတို့သည် ပန်းဝင်မှတ်ကို ရောက်ရှိလိမ့်မည် ဖြစ်သည်။

သိသိသာသာပင် ထိုအကွေ့သည် ဖန်းရှောင်ကွန်းအတွက် အတော်လေးကို အကျိုးရှိသည်။

အဘယ့်ကြောင့်ဆိုသော် သူသည် အဆိုပါအကွေ့ကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးပြီးပြီဖြစ်သည်။

သူသည် ထိုနေရာကို သူ့မျက်လုံးများ ပိတ်ထားလျှင်တောင်မှ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

သို့သော် ယဲ့ဖန်အတွက် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

သူသည် လမ်းအခြေအနေများကို မသိပေ။

ထို့ကြောင့် သူ၏အရှိန်ကို သေချာပေါက် ထိခိုက်စေလိမ့်မည်ဖြစ်သည်။

" ကောင်စုတ်လေး၊ မင်းမှာ အခွင့်အရေးမရှိတော့ဘူး "

ပထမအကွေ့ကို မောင်းဝင်သွားချိန်တွင် ဖန်းရှောင်ကွန်း၏ မျက်နှာတွင် စိတ်သက်သာရာရသော အပြုံးတစ်ခုရှိနေခဲ့သည်။

ယဲ့ဖန်၏ Blue Charm nightသည်လည်း အလျှော့မပေးပေ။

ကားနှစ်စီးသည် ပထမအကွေ့သို့ ဝင်ရောက်လာသောအချိန်တွင် အတူတူ ညှပ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

သုံးစက္ကန့်

ကားသည် ပထမအကွေ့ကို ဖြတ်ကျော်လာပြီးပြီးချင်းမှာပဲ ဒုတိယအကွေ့နှင့် ရင်ဆိုင်လိုက်ရသည်။

ဖန်းရှောင်ကွန်းသည် ယန်းချန်မြို့ မြေအောက်ပြိုင်ကားလောက၏ တကယ့်ဘုရင်တစ်ပါးအဖြစ် ပီသလှသည်။

သူ၏စွမ်းရည်များသည် ပြည့်စုံမှု၏ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့သည်။

သူသည် သူ့ပြိုင်ဘက်ကို အခွင့်အရေးတစ်ခုမှ မပေးပဲ ထပ်မံ၍ ဦးဆောင်ကာ ကွေ့သွားသည်။

ယဲ့ဖန်၏ကားသည် သူ့နောက် ခြေတစ်လှမ်းနောက်ကျနေသေးစဲဖြစ်သည်။

လေးစက္ကန့်

အောင်မြင်မှု အပြုံးတစ်ခုသည် ဖန်းရှောင်ကွန်း၏ မျက်နှာပေါ်တွင် ရှိနေခဲ့သည်။

သူ့ရှေ့တွင် အကွေ့တစ်ခုသာလျှင် ကျန်ရှိနေတော့သည်။

သူသည် အောင်အောင်မြင်မြင် ကွေ့နေပါက တစ်ဖက်ကလူသည် အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။

" ကောင်လေး၊ ပြိုင်ပွဲက ပြီးပြီ "

သူသည် ယဲ့ဖန်ကို နောက်ကြည့်မှန်မှကြည့်ရင်း တီးတိုးပြောလိုက်ပြီး တတိယအကွေ့ထဲ ဝင်ဖို့ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူ့ကို အံ့အားသင့်စေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နောက်ဆုံးအကွေ့သည် Vပုံသဏ္ဍာန်ရှိပြီး လမ်းမ၏ အောက်တွင် ၁၀မီတာမြင့်သော ချောက်ကမ်းပါးတစ်ခု ရှိနေသည်။

အကယ်၍ တစ်ယောက်ယောက်ကသာ ပြုတ်ကျသွားပါက သူသည် သေဆုံးသွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဒီလိုနေရာမျိုးတွင် မောင်းရသောအခါ ကားသမားများသည် အမြဲလိုပင် အလွန်သတိထား နေရလိမ့်မည်ဖြစ်သည်။

သို့သော် ယဲ့ဖန်၏ နောက်ထပ်လှုပ်ရှားမှုသည် သူတို့၏ နားလည်မှုများကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

Blue Charm Nightသည် ရုတ်တရက်ပင် အရှိန်တင်လိုက်ပြီး ကားသည်

ကြီးမားသောအရွေ့ဂုဏ်သတ္တိပေါ်တွင် မှီခိုပြီး Vပုံသဏ္ဍာန်ဘက်ကနေ တကယ်ပင်

မြောက်တက်သွားခဲ့သည်။

" ငါ … ဘယ်လိုတောင် "

ဖန်းရှောင်ကွန်းနှင့် ဆံပင်ဝါဖြင့်လူတို့သည် တစ်လေသံတည်း အောဟစ်လိုက်သည်။

" အား "

ထိုအချိန်မှာပင် Blue Charm Nightမှ ကျူးရှောင်ကျောင်း၏ အော်သံသည် ညအမှောင်ကို ဖောက်ထွက်သွားခဲ့သည်။

ဖန်သားပြင်မှ ကြည့်နေသော ပရိသတ်များသည်လည်း နေရာတွင်ပင် ကြက်သေ သေနေကြသည်။

သူတို့၏ သွေးပိတ်ကြောများကို ဖိထားသလို ဖြစ်နေကြပြီး မလှုပ်မယှက်ရှိနေကြသည်။

လူတိုင်းသည် သူတို့၏အသက်ရှုသံများကို ထိန်းထားကာ Blue Charm Nightက မြောင်းထဲသို့ ကျသွားမှာကို ကြောက်နေကြသည်။

Blue Charm Nightသည် တကယ်ပင် လေထဲတွင် အချိန်ခဏလောက်ရှိနေခဲ့သည်။

သို့သော် လူတိုင်း၏ မျက်လုံးများထဲတွင် ထိုမြင်ကွင်းသည် အချိန်ရပ်တန့်သွားပြီး အတော်ကြာနေသည်ဟု မြင်နေကြရသည်။

ဘန်း

Blue Charm Nightသည် Vပုံသဏ္ဍာန်အကွေ့၏ အခြားတစ်ဖက်သို့ ကျရောက်သွားပြီး Ferrari ၏ရှေ့ ခန္ဓာကိုယ်တစ်ခုစာလောက်ခြားသော နေရာတွင် ရှိနေခဲ့သည်။

ငါးစက္ကန့်

ငါးစက္ကန့်အတွင်း အောင်မြင်မှု

Blue Charm Nightသည် ပန်းဝင်မှတ်သို့ ဆက်၍ ပျံသန်းသွားတော့သည်။

သို့သော် ကျူးရှောင်ကျောင်းသည် ဤတစ်ကြိမ်တွင် အောင်ပွဲမခံနိုင်ပေ။

သူမသည် အသံတစ်သံမှ မထွက်ပေ။

သူမသည် ကြောက်ရွံ့နေသော ယုန်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ရှေ့သို့သာ အကြွင်းမဲ့ငေးမောနေခဲ့သည်။

သူမတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။

ပရိသတ်အားလုံးသည်လည်း ထိုအတိုင်းပင်ဖြစ်နေကြသည်။

ဘာအောင်ပွဲခံမှု၊ ဘာအားပေးမှုမှ မရှိပေ။

လူတိုင်းသည် ဖန်သားပြင်ကိုပင် ငေးမောနေကြပြီး အသိစိတ်မဝင်နိုင် ဖြစ်နေကြသည်။

ဖန်းရှောင်ကွန်းသည်ပင် ဆွံ့အမှင်သက်နေခဲ့သည်။

" ငါ … သေသွားပြီလား "

သူသည် ယဲ့ဖန်၏ ကားနောက်မီးများကို ကြည့်နေပြီး သူ့အရှိန်သည် လျော့ကျသွားသည်။

သူ့နောက်မှ ကားများသည် တစ်စီးပြီး တစ်စီးသူ့ကို ဖြတ်ကျော်သွားကြသည်။

ထိုကားပိုင်ရှင်များသည် ယဲ့ဖန်၏ နတ်ဘုရားတစ်ပါးလားစွမ်းဆောင်မှုကို မမြင်လိုက်ရပေ။

ထို့ကြောင့် သူတို့သည် များများစားစားစိတ်မပူကြပေ။

သို့သော် သူတို့သည် ပဟေဠိဖြစ်နေကြသည်။

ဖန်းရှောင်ကွန်းက ထိပ်ဆုံးနေရာကို ထိန်းသိမ်းထားတာ မဟုတ်ဘူးလား။

သူက ဘာလို့ရုတ်တရက်ကြီး ရပ်သွားရတာလဲ။

ကားပျက်သွားတာလား။

အဲ့တာက တော်တော်လေးကို သနားစရာကောင်းလိမ့်မယ်။

ဟိုအသစ်လေးက ကြီးမားတဲ့ အကျိုးအမြတ်ကိုရပြီး ကံကောင်းမှုကြောင့် ချန်ပီယံဆုကို နိုင်သွားပြီ။

လူတိုင်း ပဟေဠိဖြစ်နေစဥ်မှာပင် ယဲ့ဖန်၏ကားသည် ပထမဦးဆုံးအနေဖြင့် ပန်းဝင်လာခဲ့သည်။

သူ့ကို ကြိုဆိုနေသောအရာသည် ချီးကျူးမှု တစ်သီတစ်တန်းကြီးပင် ဖြစ်သည်။

" ကြီးမြတ်သောနတ်ဘုရားအရှင်၊ ဒူးထောက်မှုကို ကျေးဇူးပြုပြီး လက်ခံပေးပါ "

" ဒီနေ့ပြိုင်ပွဲက အရမ်းကို စိတ်လှုပ်ရှားစရာပဲဟေ့။ ဒါက ငါ့တစ်သက်လုံး မြင်ခဲ့ဖူးသမျှထဲမှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးပွဲတစ်ခု ဖြစ်နိုင်တယ် "

" ကြီးမြတ်သောနတ်ဘုရားအရှင်၊ မေးလို့ရမလား။ ခင်ဗျားက လူသားတစ်ယောက်လား "

" ကြီးမြတ်သောနတ်ဘုရားအရှင်၊ ခင်ဗျား တပည့်လက်ခံသေးလားဗျ။ ခင်ဗျားတောင်းဆိုမှုက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ။ သဘောတူတယ် "

" ကျုပ်က ကြီးမြတ်တဲ့နတ်ဘုရားအရှင်ကို အရင်ဒူးထောက်မယ်။ မင်းတို့ကတော့ လုပ်ချင်တာသာ လုပ်ကြ "

" … "

အပိုင်း ( ၁၀၉၄ )

နတ်ဘုရား၊ ဒူးထောက်မှုကို ကျေးဇူးပြုပြီးလက်ခံပေးပါ

ယဲ့ဖန်သည် ပန်းဝင်မှတ်ကို ရောက်သောအခါ ရူးသွပ်နေသော လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

သူတို့ထဲမှ တချို့သည် သူ့ကို တကယ်ကြီး ဒူးထောက်ကာ ရှိခိုးနေကြသည်။

အဆိုပါမြင်ကွင်းသည် နောက်မှ အပြေးအလွှားရောက်လာကြသော ပြိုင်ကားမောင်းသမားများကို မှင်သက်သွားစေခဲ့သည်။

" ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ငါက နားမလည်နိုင်ရတာလဲ "

" ဟုတ်တယ်၊ သူက ပြိုင်ပွဲကို နိုင်သွားရုံလေးပဲ မဟုတ်ဘူးလား။ အဲ့လောက် ဖြစ်ဖို့ လိုလို့လား "

" ပြိုင်ပွဲက တစ်လတစ်ခါ ကျင်းပတာလေ။ သူတို့ ဒီလောက် စိတ်လှုပ်ရှားနေကြတာကို ငါအရင်က မမြင်ခဲ့ဖူးဘူး "

" တစ်ယောက်ယောက်က တကယ်ကြီး သူ့ကို ဒူးထောက်နေတာလားဟ။ မင်းတို့က အဲ့လောက်ကြီး ချဲ့ကားနေဖို့လိုလို့လား "

ကားမောင်းသမားတစ်စုသည် စိတ်လှုပ်ရှားနေသော ပရိသတ်များကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြသည်။

သို့သော် ပြိုင်ပွဲ၏ ပြန်လည်ပြသခြင်းကို ကြည့်ပြီးသွားကြသည့်နောက်တွင် သူတို့သည်လည်း ရှိခိုးဒူးထောက်နေသော လူအုပ်ထံ ချက်ချင်း ပူးပေါင်းလိုက်ကြသည်။

ယဲ့ဖန်က လီရုံချောင်၊ ယွင်တန်ချွမ်နှင့် ဖန်းရှောင်ကွန်းတို့ကို ကျော်တက်သွားသော မြင်ကွင်းများသည် အလွန်ပင် အံ့ဩတုန်လှုပ်စရာကောင်းလှသည်။

အထူးသဖြင့် နောက်ဆုံးမြင်ကွင်းသည် ပြိုင်ကားသမားဟောင်းကြီးများ၏ နှလုံးများကို ခုန်ပေါက်သွားစေခဲ့သည်။

သေမှာမကြောက်သော သတ္တိသည် ဒုတိယသာဖြစ်သည်။

အရေးကြီးဆုံးအရာသည် အလွန်မြန်နေခြင်း ဖြစ်သည်။

မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးသည့်နောက်တွင် သူသည် ချက်ချင်းပင် သူ့ဦးတည်ချက်ကို ထိန်းထားခဲ့ပြီး ဆက်၍ မောင်းသွားခဲ့သည်။

ထိုသို့ ကားအပေါ်ကို ထိန်းချုပ်နိုင်မှုမျိုးသည် အတော်လေးကို ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။

Blue Charm Night ပတ်ပတ်လည်တွင် လူများက ဒူးထောက်၊ အောင်ပွဲခံ အော်ဟစ်နေသော မြင်ကွင်းသည် အလွန်ကြီးကျယ်ခမ်းနားနေခဲ့သည်။

ကျူးရှောင်ကျောင်းသည် အသိစိတ်ပြန်ဝင်လာခဲ့သည်။

" ငါ … ငါ အသက်ရှင်နေသေးတာလား "

" မင်း ဘယ်လို ထင်လို့လဲ "

ယဲ့ဖန်သည် သူမကို ယုတ်မာချင်နေသော အပြုံးဖြင့် ကြည့်လိုက်သည်။

ကျူးရှောင်ကျောင်းသည် နောက်ဆုံးတွင် လုံးဝကို သတိပြန်ဝင်လာခဲ့ပြီး သူ့ပုခုံးကို ဒေါသတကြီး ရိုက်ထုလိုက်သည်။

" နင်ရူးနေတာလား။ အဲ့လှုပ်ရှားမှုက ဘယ်လောက်တောင် အန္တရာယ်များတယ်ဆိုတာ နင်သိလား။ တကယ်လို့ နင်ချောက်ထဲကျသွားရင် ဘယ်လိုလုပ်မလဲ။ နင်က ငါ့ကို သေလောက်အောင်ခြောက်လန့်နေတာပဲ။ ခွေးကောင် "

ယဲ့ဖန်သည် စိတ်ညှိုးငယ်နေသော အမူအရာဖြင့် ပြောလိုက်သည်။

" မင်းပဲ စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာတစ်ခုခုကို ကစားချင်နေတာ မဟုတ်ဘူးလား။ အခု ငါ့ကို ဘာလို့ လာအပြစ်တင်နေတာလဲ "

ကျူးရှောင်ကျောင်းသည် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး သူ့ကို ကြောက်စရာကောင်းစွာ စိုက်ကြည့်လိုက်သည်။

" ငါစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာတစ်ခုခုကို ကစားချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ နင့်ရဲ့အသက်ကို စွန့်စားဖို့ ငါမတောင်းဆိုခဲ့ဘူးလေ "

ယဲ့ဖန်သည် ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။

" အသက်ကိုစွန့်စားရတာထက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာ ရှိလို့လား "

ကျူးရှောင်ကျောင်းသည် မျက်ရည်ကျမိသွားသည်။

" ငါနင်နဲ့ ထပ်ပြီး မကစားတော့ဘူး။ အိမ်ပဲပြန်တော့မယ် "

ထိုသို့ ပြောပြီးသည်နှင့် သူသည် ကားတံခါးကို ဖွင့်လိုက်ပြီး စိတ်ဆိုးနေသော ကလေးတစ်ယောက်လို ကားပေါ်မှ ထွက်သွားတော့သည်။

ယဲ့ဖန်သည်လည်း ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့် ကားထဲမှ ထွက်လိုက်တော့သည်။

" ကြီးမြတ်သောနတ်ဘုရား ထွက်လာပြီဟေ့ "

" ပြိုင်ကားနတ်ဘုရား၊ ပြိုင်ကားနတ်ဘုရား "

အပြင်ဘက်ရှိ လူအုပ်ကြီးသည် သူ့ကို တင်းတင်းကြပ်ကြပ် ဝိုင်းရံလိုက်ပြီး ရူးသွပ်စွာ ချီးကျူး ဂုဏ်ပြုနေကြသည်။

သူသည် လမ်းပင် လျှောက်မရပေ။

ထိုအချိန်မှာပင် ဖန်းရှောင်ကွန်း၏ ကားသည် ဖြည်းညှင်းစွာ ပြန်လည်မောင်းဝင်လာခဲ့သည်။

အတိတ်ကသာဆိုပါက လူအုပ်ကြီးသည် သေချာပေါက်ပင် ချီးကျူးဂုဏ်ပြုကြလိမ့်မည် ဖြစ်သည်။

သို့သော် ယနေ့တွင် ယဲ့ဖန်၏ အံ့အားသင့်ဖွယ် ဖျော်ဖြေမှုကြောင့် သူပြန်လာခြင်းနှင့် ပတ်သက်၍ လူတိုင်းသည် တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေကြသည်။

တချို့သည် သူ့ကိုပင် အထင်သေးနေကြသည်။

" အရှုံးသမားတစ်ယောက်တော့ ပြန်လာပြီဟေ့ "

" ဖန်းရှောင်ကွန်းက တော်တော်လေးကိုကောင်းတယ်လို့ ငါထင်ခဲ့မိတာ။ သူဒီလောက်တောင် ဆိုးဆိုးဝါးဝါး ရှုံးသွားမယ်လို့ ငါမထင်ထားခဲ့မိဘူး "

" အရင်ကသူ့ပြိုင်ဘက်တွေက တော်တော်လေးကို အားနည်းတယ်လို့ပဲ ငါပြောနိုင်တော့တယ်။ သူက တကယ့်ကျွမ်းကျင်သူနဲ့ မတွေ့ဖူးခဲ့ဘူး "

" ငါက သူ့ရဲ့အမာခံပရိသတ်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ငါ့မှာ စံပြပုဂ္ဂိုဟ်အသစ်ရှိလာခဲ့ပြီ။ သူက အတိတ်ကအရာတစ်ခု ဖြစ်သွားခဲ့ပြီ "

" သူ့ကို ကြည့်လိုက်ပါဦး။ သူက ခွေးတစ်ကောင်လိုပဲ "

အသစ်ကိုမြင်သော လူများသည် အဟောင်းကို စွန့်ပစ်ကြသည်။

ယဲ့ဖန်သည် သူတို့၏ စံပြပုဂ္ဂိုဟ်အသစ် ဖြစ်လာသောကြောင့် သူတို့သည် ဖန်းရှောင်ကွန်းကို စတင်၍ အထင်တသေးဖြစ်လာကြသည်။

ဖန်းရှောင်ကွန်းသည် မတူညီသောအမူအရာဖြင့် လမ်းလျှောက်လာခဲ့ပြီး လူတိုင်းသည် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

" ပြိုင်ပွဲကို နိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြိုင်ပွဲရဲ့စည်းမျဥ်းတွေအရ ချန်ပီယံက ဆုကြေး‌ယွမ်၂သိန်း ရလိမ့်မယ် "

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်ပြီးပြောလိုက်သည်။

ယဲ့ဖန်သည် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှမပြောပေ။

ကားဘုရင်အသစ်က ကားဘုရင်ဟောင်းကို အစားထိုးလာသော မြင်ကွင်းကို လူအုပ်ကြီးသည် ကြည့်ရှုနေကြပြီး သူတို့၏ စိတ်ခံစားချက်များသည်လည်း ရှုပ်ထွေးနေကြသည်။

" မင်းငါနဲ့ ထပ်ပြီး ပြိုင်ရဲလား "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် စိန်ခေါ်လိုက်သည်။

" ဝိုး …. "

လူအုပ်ကြီးသည် ချက်ချင်းပင် သူတို့၏ အံ့ဩမှုများကို ထုတ်ဖော်ပြသလိုက်ကြသည်။

သူတို့က ပြိုင်ပွဲကို ဆက်လုပ်ချင်နေသေးတာများ ဖြစ်နိုင်လား။

ဒါက အရမ်းစိတ်ကျေနပ်ဖို့ မကောင်းလွန်းဘူးလား။

သို့သော် ယဲ့ဖန်သည် ပုခုံးတွန့်ပြလိုက်သည်။

" ထပ်ပြီးမကစားတော့ဘူး။ နည်းနည်းဗိုက်ဆာနေပြီ။ တစ်ခုခုကို ရှာစားဖို့လိုနေပြီ "

ပြောနေရင်းပဲ သူသည် ကားတံခါးကို ဖွင့်ရန်ပြင်လိုက်သည်။

" တကယ်လို့ ငါက မင်းကို ကစားဖို့ တွန်းအားပေးတယ်ဆိုရင်ရော "

ထိုအချိန်တွင် ဖန်းရှောင်ကွန်းသည် ရုတ်တရက်ပဲ သူ့ကားတံခါးကို ဖိချလိုက်သည်။

သူ့မျက်လုံးများသည် ခြိမ်းခြောက်မှုအပြည့်ဖြင့် ပြည့်နှက်နေခဲ့သည်။

ယဲ့ဖန်သည် သူ့ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် လှောင်ပြောင်နေသော အပြုံးတစ်ခုပေါ်လာခဲ့သည်။

" ဘာလဲ။ ရှုံးဖို့ မတတ်နိုင်လို့လား "

ထိုမြင်ကွင်းကို မြင်သောပတ်ဝန်းကျင်ရှိ လူတိုင်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။

ကားဘုရင်အသစ်နှင့် အဟောင်းရှိ တင်းမာမှုသည် အတော်လေးကို အားကောင်းနေသည်။

ထိုသည်ကို မြင်ရခြင်းသည် သူတို့အတွက် လုံးဝကိုပင် စိတ်ဝင်တစားဖြစ်စေသည်။

ထိုအချိန်တွင် ကျူးရှောင်ကျောင်းသည် ပြေးလာပြီး ယဲ့ဖန်၏ လမ်းကို ပိတ်လိုက်သည်။

" အစ်ကိုရှောင်၊ ကျွန်မတို့က ပျော်ဖို့ ထွက်လာခဲ့တာလေ။ ရှင်ဘာလုပ်နေတာလဲ "

ဖန်းရှောင်ကွန်းသည် သူမကို ခဏလောက်ငေးကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

" ဟုတ်တယ်လေ၊ ငါက ပျော်ဖို့ ထွက်လာခဲ့တာ "

" ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ငါက မင်းကို ပွဲခ ယွမ်၁သန်းပေးမယ်။ ငါနဲ့ နောက်တစ်ပွဲလောက် အဖော်ပြုလိုက်။ ဘယ်လိုလဲ "

လူတိုင်းသည် မှင်သက်သွားကြသည်။

"သေစမ်း၊ ပွဲခက ၁သန်းလား။ သခင်လေးကွန်းက အရမ်းရက်ရောမနေလွန်းဘူးလား "

" ဒီကြီးမြတ်တဲ့ နတ်ဘုရားအရှင်ရဲ့ စွမ်းရည်နဲ့ဆိုရင် သူက အဲ့တန်ဖိုးနဲ့ ထိုက်တန်တယ်လို့တော့ ငါထင်တယ် "

" တကယ်လို့ ငါသာဆိုရင် သေချာပေါက်ကို သဘောတူလိုက်မှာ "

" မင်းရဲ့စွမ်းရည်နဲ့ဆိုရင် ယွမ်၁သန်းကို ထားလိုက်ဦး။ ယွမ်၁၀၀တောင် တန်မှာမဟုတ်ဘူး "

ဖန်းရှောင်ကွန်း၏ ရက်ရောမှုကို လူတိုင်းက ဆွေးနွေးနေချိန်တွင် ယဲ့ဖန်သည် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။

" ၁သန်းကို ဂရုစိုက်နေမယ်လို့ ခင်ဗျားက ထင်နေတာလား "

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်၏ အဖိုးမဖြတ်နိုင်သော Blue Charm Nightကို ကြည့်လိုက်သည်။

" မင်းမှာ ဒီ၁သန်း ချို့တဲ့မနေဘူးဆိုတာ ငါသိတယ်။ အလောင်းအစားကို ပြောင်းလိုက်ကြရအောင်။ သူမအပေါ်မှာ လောင်းလိုက်ကြစို့ "

ပြောနေရင်းဖြင့် သူ့ခေါင်းကို မော့လိုက်ပြီး ကျူးရှောင်ကျောင်းကို လက်ညှိုးထိုးပြလိုက်သည်။

ကျူးရှောင်ကျောင်းသည် မှင်သက်သွားသည်။

" ကျွန်မလား။ အစ်ကိုရှောင်ကွန်း ရှင် ကျွန်မကို လာနောက်နေတာလား "

ဖန်းရှောင်ကွန်းသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး ယဲ့ဖန်ကို ဆက်၍ စိုက်ကြည့်နေသည်။

" တကယ်လို့ မင်းက ငါနဲ့ မပြိုင်ဘူးဆိုရင် သူတို့အိမ်ကို သွားပြီ လက်ထပ်ခွင့်တောင်းဖို့ ငါ့မိသားစုဆီကို တောင်းဆိုလိုက်မယ် "

" ငါတို့မိသားစုတွေကြား ဆက်ဆံရေးအရဆိုရင် အဘိုးကျူးက သေချာပေါက်ကို ငြင်းလိမ့်မှာမဟုတ်ဘူးဆိုတာကို ငါယုံတယ် "

ကျူးရှောင်ကျောင်းသည် ကျယ်ကျယ်လောင်လောင် အော်ဆဲချင်နေသည်။

သို့သော် သူမ၏ နှလုံးသားသည် မော်တော်ဘုတ်တစ်ခုလို တလှပ်လှပ်ဖြစ်နေပြီး သူမ၏ ပါးစပ်ကို ပိတ်နေရသည်။

သူမသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်ပြီး သူ ဘာပြောမည်လဲဆိုတာကို စောင့်ကြည့်နေလိုက်သည်။

ဖန်းရှောင်ကွန်းက ထိုစကားကို ပြောသောအခါ ယဲ့ဖန်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သို့သော် သူသည် ထိုသည်ကို လျင်မြန်စွာ ဖုံးကွယ်ထားလိုက်သည်။

" ဟားဟား၊ တကယ်လို့ ခင်ဗျားက လက်ထပ်ခွင့်တောင်းချင်နေတယ်ဆိုရင်လည်း ဆက်လုပ်လိုက်လေ။ အဲ့တာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ရှောင်ကျောင်းနဲ့ ကျွန်တော်က သူငယ်ချင်းတွေ။ ခင်ဗျားက တစ်ခုခုကို နားလည်မှု လွဲနေတာလား "

သူ့စကားများကို ကြားလိုက်ရသောအခါ ကျူးရှောင်ကျောင်းသည် အနည်းငယ် စိတ်ပျက်သွားသည်။

သူငယ်ချင်းတွေပဲလား။

အပိုင်း ( ၁၀၉၅ )

မီးတွေကို မဖွင့်ပဲ မျက်ကန်းတစ္ဆေပြေးရဲလား။

" သူငယ်ချင်းတွေပဲလား။ ကိစ္စကအဲ့လိုဆိုတော့လည်း ငါက ငြင်းလိုက်ရင် မယဉ်မကျေးဖြစ်သွားမှာပေါ့ "

ဖန်းရှောင်ကွန်း၏ မျက်နှာပေါ်တွင် ရက်စက်လိုသောအပြုံးတစ်ခုရှိနေပြီး သူ့လက်ကို ကျူးရှောင်ကျောင်း၏ ပုခုံးများပေါ်သို့ တင်လိုက်ရန် ဆန့်ထုတ်လိုက်သည်။

ယဲ့ဖန်သည် ရုတ်တရက်ပင် ကျူးရှောင်ကျောင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ဖန်းရှောင်ကွန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

" ခင်ဗျားက သေချင်နေတာပဲ "

ဖန်းရှောင်ကွန်းမျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုပီပြင်လာခဲ့သည်။

" မင်းနဲ့ သူက သာမန်သူငယ်ချင်းတွေပဲလို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား။ မင်းတို့က သူငယ်ချင်းတွေဖြစ်တာကြောင့် ဘာလို့ မင်းက အရမ်း စိတ်လှုပ်ရှားနေရတာလဲ "

ယဲ့ဖန်သည် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်သည်။

" ခင်ဗျားကို ထပ်ပြီး နှိပ်စက်တာကို လိုချင်နေတာမလား။ ကောင်းပြီ၊ သဘောတူတယ် "

ဖန်းရှောင်ကွန်းသည် သူ့နှာခေါင်းကို ထိလိုက်သည်။

" မင်းက သူမနဲ့ပတ်သက်ပြီး တကယ်ဂရုစိုက်တဲ့ပုံပဲ "

ကျူးရှောင်ကျောင်းသည်လည်း ယဲ့ဖန်၏မျက်နှာကို ဖျက်ခနဲကြည့်လိုက်သည်။

သူမ၏ မျက်နှာလေးသည် တောက်ပနေခဲ့သည်။

သူက တကယ်ပဲ ပါးစပ်ကပြောတာနဲ့ စိတ်ထဲမှာရှိနေတာက မတူတဲ့လူပဲ။

ယဲ့ဖန်သည် ဖန်းရှောင်ကွန်းကို မပျော်ရွှင်စွာဖြင့် ကြည့်လိုက်သည်။

" ဘာလို့ ခင်ဗျားက အဓိပ္ပါယ်မရှိတာတွေ စကားကြောရှည်နေတာလဲ။ ပြော၊ ခင်ဗျား ဘယ်လို ပြိုင်ချင်နေတာလဲ "

ဖန်းရှောင်ကွန်းသည် ခဏလောက် တွေးတော ချင့်ချိန်လိုက်ပြီးသည့်နောက်တွင် ချက်ချင်းပင် စည်းမျဥ်းတစ်ခုကို အဆိုပြုလိုက်သည်။

" ဒီတစ်ကြိမ်က ငါတို့နှစ်ယောက်ပဲ။ မင်း မီးတွေကိုပိတ်ထားပြီး မျက်ကန်းတစ္ဆေ ပြေးရဲလား "

" ဟာ ..... "

သူပြောပြီးလိုက်သည်နှင့် လူတိုင်းသည် ကြက်သေ သေသွားကြသည်။

ယခုတွင် ကောင်းကင်သည် လုံးဝကို မှောင်မည်းနေပြီဖြစ်ပြီး တောင်ပတ်လည်ရှိလမ်းများတွင်လည်း လမ်းမီးတိုင်များ မရှိကြပေ။

ဒီလို အခြေအနေတွေအောက်မှာ သူတို့က မီးပိတ်ထားပြီး ပြိုင်ချင်နေကြတာလား။

ဒါက အသက်တွေကို စွန့်စားနေတာ မဟုတ်ဘူးလား။

ယဲ့ဖန်သည် ချက်ချင်းပင် ရယ်မောလိုက်သည်။

" ခင်ဗျားက နည်းနည်း လွန်လွန်ကဲကဲ ကစားနေတာပဲ။ ခင်ဗျားက ဒီလမ်းတွေနဲ့ တော်တော်ရင်းနှီးနေပြီးသားလေ။ ပြီးတော့ ဒါက ကျွန်တော့်ရဲ့ပထမဦးဆုံး အကြိမ်လေ။ ဒီနည်းစနစ်က မျှတမယ်လို့ ထင်နေတာလား "

ဖန်းရှောင်ကွန်းသည် ခေါင်းညိတ်လိုက်သည်။

" ပထမဆုံးအကြိမ်ဆိုရင် မျှတမယ်လို့ ငါ မထင်ဘူး။ ဒါပေမဲ့ မင်းက ပထမဆုံးအကြိမ်မှာတင် ချန်ပီယံဆုကို နိုင်ခဲ့တယ်လေ။ မင်းရဲ့စွမ်းရည်နဲ့ဆိုရင် လမ်းကြောင်းအသစ်က ပြဿနာမဖြစ်သင့်ဘူး၊ ဟုတ်တယ်မလား "

ယဲ့ဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ချက်ချင်းပြန် မဖြေခဲ့ပေ။

ကျူးရှောင်ကျောင်းသည် သူ့အကျ်ီလက်များကို ဆွဲကိုင်လိုက်သည်။

" သူနဲ့ သဘောမတူနဲ့။ အဲ့တာက အရမ်း အန္တရာယ်များတယ် "

ယဲ့ဖန်သည် သူမကို တစ်ချက်ကြည့်လိုက်သည်။

သို့သော် သူသည် ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ၊ သဘောတူတယ် "

ဟမ်

ဘာ

သူ့စကားများသည် လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

" သေစမ်း၊ သူက တကယ်ကြီး သဘောတူရဲတာလား။ ဒီလိုစည်းမျဥ်းနဲ့က တကယ်လို့ တစ်ခုခုသာ မှားသွားမယ်ဆိုရင် ကားက လုံးဝကို ဖျက်ဆီးခံလိုက်ရပြီး လူတွေက သေသွားလိမ့်မယ် "

" အဲ့တာ ဟုတ်တယ်။ ဟိုင်ထန်ပင်လယ်အော်ပြိုင်ပွဲလမ်းကြောင်းက ကားမောင်းဖို့ အရမ်းကို ခက်ခဲလွန်းတယ်။ နေ့အချိန်မှာတောင်မှ ဝါရင့်ကားမောင်းသမားတွေက သေချာဂရုတစိုက်မောင်းရတယ်။ ညအချိန်ဆို ပြောမနေနဲ့တော့။ ဘာလို့ သူတို့က ရှေ့မီးကို မဖွင့်ကြတာလဲ "

" ဖန်းရှောင်ကွန်းက ထပ်ပြီး ကစားဖို့ မတတ်နိုင်တော့တဲ့ပုံပဲ။ သူက တကယ်ပဲ ဒီလို ဖောက်လွဲတဲ့ စည်းမျဥ်းကိုအဆိုပြုရတာ "

" ဒီစည်းမျဥ်းက ဖန်းရှောင်ကွန်းအတွက် ပိုပြီး အကျိုးရှိနေတယ်ဆိုတာ သိသာတယ်။ သူက ဒီလမ်းကြောင်းနဲ့ ရင်းနှီးပြီးသားလေ။ တကယ်လို့ မီးတွေမဖွင့်ရင်တောင်မှ သူက ဦးတည်ချက်ကို အကြမ်းဖျင်း ခွဲခြားသတ်မှတ်နိုင်တယ်။ ပြီးတော့ ဒီနတ်ဘုရားအရှင်က လမ်းကြောင်းကို မရင်းနှီးဘူး။ အဲ့တာကြောင့် သူ့အတွက် ကားမတော်တဆမှု ဖြစ်ဖို့ဆိုတာ တော်တော်ကြီးကို လွယ်ကူတယ် "

" အောက်မှာ ၁၀မီတာနက်တဲ့ ချောက်ကမ်းပါးရှိနေတယ်။ တကယ်လို့ သူသာ အမှားတစ်ခုခု လုပ်မိမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက မခန့်မှန်းနိုင်လောက်အောင် ဖြစ်လာလိမ့်မယ်။ ဘာလို့ သူ သဘောတူလိုက်တယ်ဆိုတာ ငါတကယ်ကို မသိဘူး "

" သူက အယုံအကြည်လွန်ကဲနေတာများ ဖြစ်နိုင်မလား။ ရေနစ်သွားတဲ့လူတွေက ရေကူးတတ်တဲ့ လူတွေချည်းပဲလေ "

လူတိုင်းသည် စတင်ပြီး ဆွေးနွေးနေကြသည်။

တချို့သည် အရှုံးကို လက်မခံနိုင်တဲ့ လူတစ်ယောက်ဖြစ်ခြင်းအတွက် ဖန်းရှောင်ကွန်းကို လှောင်ပြောင်နေကြပြီး စိန်ခေါ်မှုကို ယဲ့ဖန်သဘောတူလိုက်ခြင်းနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးနေကြသည်။

ကျူးရှောင်ကျောင်းသည်လည်း အလွန် စိတ်ပူသွားသည်။

" ယဲ့ဖန်၊ နင်ရူးနေတာလား "

ယဲ့ဖန်သည် သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

" စိတ်မပူပါနဲ့၊ သူငါ့ကို မနိုင်နိုင်ဘူး "

သူက စိတ်ဆုံးဖြတ် ပြီးပြီဆိုသည်ကို မြင်သောကြောင့် ကျူးရှောင်ကျောင်းသည် အံကြိတ်လိုက်သည်။

" ဒါဆိုလည်း ငါနင်နဲ့ လိုက်မယ် "

ဒီတစ်ကြိမ်တွင်တော့ ယဲ့ဖန်သည် ခေါင်းခါလိုက်သည်။

" မရဘူး၊ ဒီတစ်ခါ မင်းဒီမှာ နေခဲ့ရမယ်။ ငါ့စကားကို နားထောင် "

ကျူးရှောင်ကျောင်း ထပ်ပြီး စကားပြောမည်ကို မစောင့်တော့ဘဲ သူသည် ထရပ်လိုက်ပြီး ကားဆီသို့ ပြန်သွားတော့သည်။

သူသည် ကားမီးများကို ပိတ်လိုက်ပြီး ကားတစ်စီးလုံးကို အမှောင်ထဲတွင် ဖုံးကွယ်ထားလိုက်သည်။

ဖန်းရှောင်ကွန်းသည် ပြုံးလိုက်ပြီး သူ့Ferrariဆီသို့ ပြန်သွားကာ မီးများကို ပိတ်လိုက်သည်။

ပရိသတ်များ၏ နှလုံးသားများသည် တင်းကြပ်နေကြသည်။

ဒီပွဲက အတော်လေးကို စိတ်လှုပ်ရှားစရာကောင်းတာပဲ။

သူတို့ဘဝတွင် ဤသို့ အသက်အန္တရာယ်ရှိသော ကစားပုံမျိုးကို မမြင်ခဲ့ဖူးကြချေ။

ဘရွမ်း၊ ဘရွမ်း

ကားနှစ်စီးသည် စမှတ်တွင် ဘေးချင်းယှဥ်ပြီး လီဗာများကို နင်းနေကြသည်။

ထိုနားအူစေသော အင်ဂျင်ဟိန်းသံများသည် လူတိုင်း၏ စိတ်လှုပ်ရှားမှု အမှတ်များကို ထိုးတက်သွားစေခဲ့သည်။

ဖန်းရှောင်ကွန်းနှင့် ယဲ့ဖန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့နှစ်ယောက်သည် အမှောင်ထဲတွင် ပျောက်ကွယ်နေခဲ့သော်လည်း သူတို့သည် တစ်ယောက်နှင့် တစ်ယောက်ဆီမှ ရန်လိုစိတ်များကို ခံစားနေနိုင်ကြသည်။

မိတ်ကပ်ထူထူလိမ်းထားသော ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်သည် ကားနှစ်စီး၏ အလယ်ကို လမ်းလျှောက်လာကာ သူမ၏ ဘော်လီကို ချွတ်လိုက်ပြီး လေထဲတွင် ဝှေ့ယမ်းလိုက်သည်။

" စတော့ "

ဝူး ဝူး ဝူး

ကားနှစ်စီးလုံးသည် အရှိန်ကုန်တင်ကာ ဖြစ်နိုင်သမျှ မြန်မြန် ထွက်ကြတော့သည်။

ညသည် အလွန်နက်နေပြီ ဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် ချက်ချင်းပင် အမှောင်ထဲတွင် ပျောက်ကွယ်သွားကြသည်။

ကျူးရှောင်ကျောင်းနှင့် ပရိသတ်များသည် ဖန်သားပြင်ပေါ်မှ ကြည့်ရှုနေကြပြီး ဒရုန်းဗီဒီယိုကို ကြည့်ရှုနေကြသည်။

ဒရုန်းတွင် အပူလှိုင်းအာရုံခံ ညမြင်ကွင်း ပါရှိသော်လည်း ကားနှစ်စီး၏ အကြမ်းဖျင်း ခပ်ဝါးဝါးပုံသဏ္ဍာန်ကိုသာ ဖမ်းယူနိုင်သည်။

အသေးစိတ်ကို မမြင်ရပေ။

ကားနှစ်စီးသည် တစ်စီးနှင့် တစ်စီး လမ်းကြောင်းမပေးပဲ အစကနေ အဆုံးထိ ဘေးချင်းယှဥ်ပြီး ဆက်၍ ရွေ့လျားနေခဲ့သည်။

ကျူးရှောင်ကျောင်း၏ လက်သီးလေးများသည် ချွေးများဖြင့် စိုရွှဲနေပြီး သူမ၏ လှပသော မျက်လုံးလေးများသည်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့သည်။

ယဲ့ဖန်သည် ဤပြိုင်ပွဲကို သူမကြောင့် သဘောတူလိုက်သည်ဆိုတာကို သူမ သိနေခဲ့သည်။

သူသည် ဝန်မခံချင်ခဲ့သော်လည်း သူမကို အလွန်ဂရုစိုက်နေသေးဆဲ ဖြစ်သည်။

ထိုပြိုင်ပွဲ၏ အန္တရာယ်ကို သူသည် သတိပြုမိသည့်ပုံပေါ်နေသည်။

ထို့ကြောင့် သူသည် ဘာပဲဖြစ်ဖြစ် သူမကို ကားထဲဝင်ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ထို့အစား သူသည် တစ်ယောက်တည်းသာ အန္တရာယ်အကုန်လုံးကို ရင်ဆိုင်နေခဲ့သည်။

" ယဲ့ဖန်၊ နင် ဘေးကင်းကင်းနဲ့ ပြန်လာရမယ် "

ကျူးရှောင်ကျောင်းသည် သူမကိုယ်သူမ တီးတိုးပြောဆိုနေခဲ့သည်။

ပတ်ဝန်းကျင်ရှိ ပရိသတ်များသည် အလွန်အမင်းကို စိတ်လှုပ်ရှားနေကြသည်။

" သေစမ်း၊ ဒီပြိုင်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ငါ့နှလုံးသားက ခုန်ထွက်လုနီးပါးပဲ "

" အဲ့နတ်ဘုရားနှစ်ပါးရဲ့ စွမ်းရည်တွေက အတော်လေးကို သန်မာတာပဲ။ တကယ်လို့ ငါသာဆိုရင် ပထမအကွေ့ကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး "

" ဟုတ်တယ်။ ဒီလို ညအမှောင်မျိုးမှာ တကယ်လို့ ငါတို့က လမ်းလျှောက်မယ်ဆိုရင်တောင် သေသေချာချာကို ဂရုစိုက်ရမှာ။ အဲ့နှစ်ယောက် ဒီလောက်မြန်မြန်ကြီး မောင်းရဲနေတာလား။ အရမ်းကို ကြောက်ဖို့ကောင်းတာပဲ "

" ဖန်းရှောင်ကွန်းရဲ့ စွမ်းရည်က သန်မာလွန်းတယ်။ သူက ကားမီးမဖွင့်ပဲ တကယ်ကြီး မောင်းနေနိုင်တာလား။ အနည်းဆုံး တစ်နာရီကို မိုင်၂၀၀နှုန်းလေ၊ ဟုတ်တယ်မလား "

" ကြီးမြတ်တဲ့ နတ်ဘုရားကသာ သန်မာတဲ့လူလို့ ငါထင်တယ်။ ဒီနေ့က ဟိုင်ထန်ပင်လယ်အော်မှာ သူ ပထမဦးဆုံး ပြေးလွှားခြင်းလေ။ သူက ဒီလို အဆင့်အထိတောင် ပြေးနေနိုင်သေးတယ် "

" ငါတော့ သခင်လေးကွန်းက ပိုသန်မာတယ်လို့ ထင်တယ် …. "

" ဒီနတ်ဘုရားက လုံးဝကို ပိုသန်မာတယ် … "

" ရန်ဖြစ်နေတာရပ်လိုက်ကြ။ အဲ့နှစ်ယောက်ရဲ့ စွမ်းရည်တွေက ငါတို့မော့ကြည့်ရုံပဲ တတ်နိုင်တဲ့ တည်ရှိမှုတွေ "

" အဲ့တာမှန်တယ်။ ငါတို့ အမှိုက်တွေကတော့ ဝမ်းလျားမှောက်ပြီး ရှိခိုးဝတ်ပြုရုံပဲ တတ်နိုင်ကြတယ် "

လူတိုင်းသည် ဘယ်သူက ပိုသန်မာသည်ဆိုတာကို ငြင်းခုန်နေကြရင်း အကြောင်းအရာသည် ရုတ်တရက်ပဲ ပြောင်းလဲသွားကြသည်။

ကားနှစ်စီးလုံးသည် တစ်ချိန်တည်းလိုလိုပင် အကွေ့သို့ ဝင်လာခဲ့ကြသည်။

အကွေ့သည် ထောင့်တစ်နေရာတွင် ဖြစ်သောကြောင့် အထဲတွင် လုံးဝကို ပိတ်သည်းပြီး မည်းမှောင်နေသည်။

ဒရုန်းသည် ဘာဖြစ်နေသည်ဆိုတာကို မဖမ်းယူနိုင်ပေ။

သို့သော် ထို့နောက်တွင် ဖယ်ရာရီကားသည် ဦးဆောင်လာပြီး အကွေ့ထဲမှ ထွက်ပေါ်လာခဲ့သည်။

Blue Charm Nightသည် နောက်တွင် ကျန်နေခဲ့ပြီဖြစ်သည်။

" သခင်လေးကွန်းက ဦးဆောင်နေတာလား "

လူတိုင်းသည် ချက်ချင်းပင် အာမေဋိတ်သံများ ထုတ်ဖော်လာကြသည်။

အပိုင်း ( ၁၀၉၆ )

စိတ်မကောင်းဘူး၊ ထပ်ပြီး ရှုံးပြန်ပြီ

ဖန်းရှောင်ကွန်း၏ ဖယ်ရာရီသည် လက်ဦးမှုယူပြီး ထွက်လာသည်ကို မြင်လိုက်ရသောအခါ မြင်ကွင်းတစ်ခုလုံးသည် ထိန်းမရသိမ်းမရ ဖြစ်လာကြသည်။

သူတို့နှစ်ယောက်သည် ခုနကလေးတင် လက်ရေညီနေကြကာ လုံးဝဥဿုံ တိုက်ခိုက်နေကြသည်။

ယခုတွင်တော့ တစ်ယောက်ယောက်သည် ရှေ့မတိုးနောက်မဆုတ် အဖြစ်ကနေ တိုးထွက်လာခဲ့ပြီ ဖြစ်သည်။

" ပြီးသွားပြီ။ သည်းထိတ်ရင်ဖို မဖြစ်သင့်တော့ဘူး "

" အဲ့တာဟုတ်တယ်။ ဒီပြိုင်ပွဲစနစ်အောက်မှာ တစ်ယောက်ယောက်ကသာ ဦးဆောင်သွားမယ်ဆိုရင် နောက်မှာရှိနေတဲ့လူက ပြန်လာနိုင်ဖို့ ခက်ခဲသွားလိမ့်မယ် "

" နောက်ဆုံးမှာ အမြင်အာရုံက တော်တော်လေးကို အကျိုးသက်ရောက်မှု ရှိနေတယ်။ ဘယ်လှုပ်ရှားမှုမျိုးကိုမဆို အကျိုးသက်ရောက်နေမှာ။ ကားမောင်းတဲ့သူက ကျောက်တက်ဖို့လှုပ်ရှားမှုကို လုပ်ရဲမှာမဟုတ်ဘူး "

" သခင်လေးကွန်းက ဒီလမ်းကြောင်းနဲ့ ပိုပြီးတရင်းတနှီးရှိနေတယ်လေ။ သူရှေ့မှာဦးဆောင်နေတာက အကျိုးသင့်အကြောင်းသင့်တယ် "

" အဲ့နတ်ဘုရားလည်း မဆိုးပါဘူး။ သူက သခင်လေးကွန်းနဲ့ အချိန်တော်တော်ကြာ ယှဥ်တိုက်နိုင်ခဲ့တယ်။ သူက အတော်လေးကို သန်မာနေခဲ့ပြီးပြီ "

" တကယ်လို့ သူကသာ လမ်းအခြေအနေတွေနဲ့ ရင်းနှီးနေမယ်ဆိုရင် ဒီနေ့ရလဒ်က မခန့်မှန်းနိုင်မှာကို ငါကြောက်မိတယ် … "

လူတိုင်းသည် ဝမ်းနည်းနေသော အမူအရာများဖြင့် ဆွေးနွေးနေကြသည်။

သူတို့၏အမြင်များတွင် ထိုပြိုင်ပွဲတွင် စိတ်လှုပ်ရှားစရာ ထပ်ပြီး မရှိတော့ပေ။

ရှေ့မီးများသာ မဖွင့်ထားပါက ကားမောင်းသူ၏ အမြင်ကို အတော်လေး သက်ရောက်နေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ကျော်တက်ရန် အလွန်ခက်ခဲနေလိမ့်မည်ဖြစ်သည်။

ပွဲသည်လည်း သူတို့၏ ခန်းမှန်းချက်များအတိုင်း တကယ်ပင် ဖြစ်လာနေခဲ့သည်။

ကုန်ဆုံးခဲ့သော အချိန်များတွင် ယဲ့ဖန်သည် ကျော်တက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။

သူသည် မအောင်မြင်ခဲ့ပေ။

သို့သော် အရာအားလုံးသည် သူတို့၏ ခန့်မှန်းချက်များအတွင်းတွင် ရှိနေခဲ့သော်လည်း သူတို့သည် အံ့ဩစရာ နည်းနည်း ပျောက်ရှနေသည်ဟု ခံစားနေရသည်။

သို့သော် အဆုံးတွင် ဤသည်ကား မျက်ကန်းပြေးပွဲဖြစ်သည်။

ထို့ကြောင့် သူတို့သည် အလွန်တောင်းမဆိုနိုင်ကြပေ။

ဤသို့ ပြိုင်နေနိုင်ခြင်းကပင် အတော်လေးကို ကောင်းနေပြီဖြစ်သည်။

ယခုတွင် ကျူးရှောင်ကျောင်း၏ တစ်ခုတည်းသော မျှော်လင့်ချက်သည် ယဲ့ဖန်ဘေးကင်းနေရန်သာ ဖြစ်သည်။

ပြိုင်ပွဲ၏ ရလဒ်ကို သူမသည် လုံးဝဂရုမစိုက်ပေ။

ပြိုင်ပွဲမှာ အဆုံးသတ်သွားပြီဟု လူတိုင်းက တွေးနေသည့်အချိန်မှာပင် မြေပြင်ပေါ်မှ အခြေအနေသည် ရုတ်တရက်ပဲ ထပ်မံ၍ ပြောင်းလဲသွားသည်။

Ferrariနှင့် Blue Charm Nightသည် နောက်ဆုံး Wပုံသဏ္ဍာန်ကွေ့သို့ ရောက်လာကြပြီဖြစ်သည်။

နောက်ဆုံးအကြိမ်တုန်းက ယဲ့ဖန်သည် ထိုအကွေ့တွင် အရာအားလုံးကို ပြောင်းပြန်လှန်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒီတစ်ကြိမ်တွင် သူသည် ထပ်မံပြီး မှော်ဆန်မှုတစ်ခုကို လုပ်နိုင်မယ်ဟု ဘယ်သူမှ မထင်ထားကြပေ။

အဆုံးတွင် မီးမဖွင့်ထားပဲ အကွေ့ကို ခုန်ကျော်ခြင်းသည် အလွန်ပင် များလှသည်။

အမှားသေးသေးလေးတစ်ခုကပင် ကားကို ချောက်ထဲကျသွားစေနိုင်ပြီး ကြေမွသွားစေနိုင်သည်။

ပြိုင်ပွဲတစ်ခုအတွက် ထိုလိုမျိုး စွန့်စားစရာ မလိုပေ။

သို့သော် ယဲ့ဖန် နောက်ထပ်လုပ်လိုက်သော အရာသည် လူတိုင်းကို မှင်သက်သွားစေသည်။

ကားနှစ်စီးသည် နောက်ဆုံးVပုံသဏ္ဍာန်အကွေ့သို့ ရောက်လာသောအချိန်တွင် Blue Charm Nightသည် ထပ်မံ၍ အရှိန်တင်လိုက်ပြီး တစ်ဖက်ကနေ ခုန်တက်လာခဲ့သည်။

" ထပ်လုပ်မှာလားဟ "

ပရိသတ်သည် ချက်ချင်းပင် အုံးအုံးကြွတ်ကြွတ် ဖြစ်လာကြသည်။

မှော်ဆန်သော မြင်ကွင်းသည် ထပ်မံ၍ ဖြစ်လာခဲ့သည်။

သို့သော် ဤတစ်ကြိမ်ခက်ခဲမှုအဆင့်သည် အရင်တစ်ကြိမ်ကထပ် ပို၍ မြင့်မားလှသည်။

သူတို့၏ အမြင်အာရုံများသည် လုံးဝနီးပါးကို ပိတ်ပင်ခံထားရသည်။

သူတို့သည် ကားကို ထိန်းချုပ်ရန် သူတို့၏ စိတ်အာရုံပေါ်ကိုသာ မှီခိုနေရသည်။

အကယ်၍ အရှိန်၊ ထောင့်နှင့် အချိန်တို့သာ နည်းနည်း သွေဖယ်မှုဖြစ်သွားပါက အကျိုးဆက်သည် မမျှော်လင့်နိုင်လောက်အောင် ဖြစ်သွားလိမ့်မည်ဖြစ်သည်။

Ferrariထဲတွင်ရှိနေသော ဖန်းရှောင်ကွန်းသည်ပင် သူတို့နှင့် အတူတူပင် တွေးမိနေခဲ့သည်။

သူသည် ယဲ့ဖန်မှ ထိုအရာမျိုး လုပ်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော်တစ်ဖက်ကလူသည် စည်းမျဥ်းနှင့် မကစားပေ။

Blue Charm Nightသည် ရေထဲမှခုန်ထွက်လာသော ဝေလငါး ဒါမှမဟုတ် အသိုက်မှ ပျံထွက်လာသော လင်းယုန်ငှက်မျိုး ခုန်ထွက်လာခဲ့သည်။

ဘန်း

Blue Charm Nightသည် Vပုံသဏ္ဍာန်အကွေ့၏ တခြားတစ်ဖက်သို့ ဆင်းသက်သွားတော့သည်။

သို့သော် ဒီတစ်ကြိမ်လှုပ်ရှားမှုတွင် အမှားသေးသေးလေးတစ်ခု ဖြစ်သွားခဲ့သည်။

ကား၏ ရှေ့ဘက်ခြမ်းသည် တခြားတစ်ဖက်ရှိတောင်နှင့် နည်းနည်း ပွတ်ဆွဲမိသွားပြီး မီးပွားအနည်းငယ်ကို ဖြစ်စေခဲ့သည်။

သို့သော် ယဲ့ဖန်သည် မြန်မြန်ပင် သူ့ဦးတည်ချက်ကို ထိန်းလိုက်သည်။

သူသည် Ferrariကို နောက်တွင်ချန်ထားခဲ့လိုက်ပြီး ပန်းဝင်မှတ်သို့ အရှိန်တင်သွားတော့သည်။

ဖန်းရှောင်ကွန်းသည် ရပ်လိုက်ပြီး Blue Charm Night ထွက်သွားသော ဦးတည်ချက်သို့ ရှုံးနိမ့်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားနေရပြီး ငေးမောကြည့်နေခဲ့သည်။

သူသည် အနည်းဆုံး တရုတ်ပြည်တွင် သူ့ထပ်သန်မာသောလူသည် ၄ယောက် ၅ယောက်ထက် မပိုဘူးဟု ယုံကြည်နေခဲ့သည်။

သူသည် အမြဲလိုလိုပင် သူ၏ ကားမောင်းစွမ်းရည်ကို အလွန်ယုံကြည်သည်။

သို့မဟုတ် အလွန်ဂုဏ်ယူနေခဲ့သည်။

အရင်က သူသည် ယဲ့ဖန်ကို သူ့တပည့်ဖြစ်စေချင်ခဲ့ပြီး သူ၏စွမ်းရည်များကို သင်ပေးဖို့ စီစဥ်ထားခဲ့သည်။

သို့သော် အရှိတရားသည် သူ့ကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည်။

အကယ်၍ သူသည် ပထမဦးဆုံးတစ်ကြိမ်တွင် တစ်ဖက်ကလူကို ရှုံးသွားပါက ဂရုစိုက်နေမည်ဟု မဟုတ်ပေ။

သူသည် တစ်ဖက်ကလူက ဒီလိုအံ့အားသင့်ဖွယ် လှုပ်ရှားမှုမျိုးကို လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုတွင် သူသည် တူညီသောလမ်းကြောင်း၊ တူညီသောနေရာတစ်ခုတည်းတွင် လူတစ်ယောက်တည်းကိုပဲ ထပ်မံ၍ ရှုံးနိမ့်သွားခဲ့သည်။

ဤသည်ကား သူ့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။

သူသည် ထိုကောင်လေးကို သူ့တပည့်ဖြစ်စေချင်ခဲ့သည်။

သို့သော် အဆုံးတွင် သူသည် မြေပြင်ပေါ်သို့ ဖိချခံလိုက်ရပြီး နှစ်ကြိမ်ပင် ဖိနှိပ်ခံခဲ့ရသည်။

ယခုတွင်တော့ အရင်က သူ၏ ကြွားဝါမှုများသည် ဟာသကြီးဖြစ်နေပုံပင်။

မကြုံဖူးသည့် ကြီမားသောအရှက်တရားသည် သူ့နှလုံးသားထဲတွင် မြင့်တက်လာနေခဲ့သည်။

သူသည် လီဗာကို နင်းလိုက်ပြီး ယဲ့ဖန်နောက်သို့ လိုက်သွားလိုက်သည်။

ယဲ့ဖန်သည် ပန်းဝင်မှတ်သို့ ရောက်သောအခါ ကျူးရှောင်ကျောင်းက ငိုနေရင်း သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။

ပရိသတ်များသည် နောက်တစ်ကြိမ်ထပ်ပြီး သူ့ကို ဒူးထောက်ကြတော့သည်။

" ကြီးမြတ်သောနတ်ဘုရားအရှင်၊ ဘယ်လိုလုပ်ခဲ့တာလဲ။ ဒီလို အခြေအနေတွေ အောက်မှာ အရင်တစ်ကြိမ်လို မှော်ဆန်တဲ့လှုပ်ရှားမှုကို ထပ်ပြီး လုပ်နိုင်ခဲ့တာလား "

" အဲ့လိုမှမဟုတ်ရင် သူက နတ်ဘုရားတစ်ပါးပဲ။ နတ်ဘုရားတစ်ပါးရဲ့ စွမ်းရည်က မင်းတို့ငါတို့ စိတ်မကူးနိုင်တဲ့ဟာကို လုပ်နိုင်တာ "

" ဒီကြီးမြတ်တဲ့ နတ်ဘုရားက လူသားတစ်ယောက်လားဆိုတာကို ငါသိချင်မိတယ်။ ဒီလိုစွမ်းရည်မျိုးက လုံးဝကို လူသားတွေရဲ့နားလည်မှုထက်ကို ကျော်လွန်နေပြီ "

" ဖန်းရှောင်ကွန်းရဲ့ စွမ်းရည်က မဆိုးပါဘူး။ ဒါပေမဲ့ ဘယ်သူက သူ့ကို ဒီကြီးမြတ်တဲ့ နတ်ဘုရားနဲ့တွေ့ဖို့ ပြောခဲ့လို့လဲ။ သူက အနိုင်ယူခံလိုက်ရရုံပဲ တတ်နိုင်တယ် "

' ကြီးမြတ်သောနတ်ဘုရား၊ ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ ဒူးထောက်မှုကို ထပ်ပြီး လက်ခံပေးပါ "

ချီးကျူးဂုဏ်ပြုနေသံများသည် ဖန်းရှောင်ကွန်း၏ မျက်နှာကို ဖြတ်ရိုက်နေသလိုပင် ဖြစ်နေသည်။

ထိုချီးကျူးဂုဏ်ပြုသံများသည် သူနှင့်သာ သက်ဆိုင်နေသင့်သည်။

သို့သော် ထိုလူသည် နှစ်ကြိမ်သာ ပြိုင်ခဲ့ပြီး သူ့ဆီကနေ လုယူသွားခဲ့သည်။

ငါ၊ ဖန်းရှောင်ကွန်းကို ဒီပြိုင်ကားဘုရင်အသစ်ရဲ့ ခြေနင်းခုံဖြစ်လာဖို့ သတ်မှတ်ထားတာား။

အနာဂတ်တွင် လူများသည် ဤပြိုင်ကားဘုရင်အသစ်အကြောင်း ပြောဆိုကြသောအခါတွင် သူ့အကြောင်းများကို ဟာသလုပ်နေကြလိမ့်မည် ဖြစ်သည်။

သူသည် ထိုခံစားချက်မျိုးကို လက်သင့်မခံနိုင်ပေ။

သူသည် ယဲ့ဖန်ဆီသို့ မှောင်မည်းနေသောအမူအရာဖြင့် လမ်းလျှောက်သွားလိုက်သည်။

ယဲ့ဖန်ကို ချီးကျူးနေသော လူများသည် ချက်ချင်းပင် လူစုခွဲသွားကြသည်။

ယဲ့ဖန်သည် သူ့ရင်ခွင်ထဲမှ ကျူးရှောင်ကျောင်းကို နှစ်သိမ့်နေခဲ့သည်။

ဖန်ရှောင်ခွန်းသည် သူ့ဆီကို မှောင်မည်းနေသော အမူအရာဖြင့် လာနေသည်ကို မြင်လိုက်သောအခါ သူသည်ပြုံးလိုက်သည်။

" စိတ်မကောင်းပါဘူး။ ခင်ဗျား ထပ်ပြီး ရှုံးပြန်ပြီ "

ဖန်းရှောင်ကွန်းသည် သူ့ကို စိုက်ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့၊ ငါ မင်းကို ယွမ်၁သန်း ပေးမှာပါ "

ယဲ့ဖန်သည် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။

" မလိုပါဘူး "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် နှာမှုတ်လိုက်သည်။

" ငါက အမြဲလိုလို အရှုံးကို လက်ခံဖို့ ဆန္ဒရှိနေခဲ့တဲ့ လူတစ်ယောက်ပဲ။ ငါက ယွမ်၁သန်းပေးမယ်လို့ ပြောခဲ့တာကြောင့် သေချာပေါက်ကို ငါ့စကားကို ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး "

ထို့နောက် သူသည် ခဏလောက် ရပ်ထားလိုက်ပြီး ပြောလိုက်သည်။

" မင်းငါနဲ့ နောက်တစ်ကျော့ ထပ်ပြိုင်ရဲလား။ "

ဖန်းရှောင်ကွန်း၏ စိတ်ခေါ်မှုကို ကြားသောအခါ လူတိုင်းသည် အံ့ဩသွားကြသည်။

ထပ်ပြီးတော့လား။

ဒီတစ်ကြိမ်တွင် ယဲ့ဖန် ဘာမှမပြောနိုင်ခင်မှာပင် ကျူးရှောင်ကျောင်းသည် ကြားဖြတ်ပြောလိုက်သည်။

" အစ်ကိုရှောင်ကွန်း၊ ရှင်က မပြီးတော့ဘူးလား "

အရင်က ပြိုင်ပွဲမှာပင် သူမသည် ယဲ့ဖန်ကို အလွန် စိတ်ပူနေခဲ့ရပြီးပြီ ဖြစ်သည်။

သူမသည် သူ့ကို‌ နောက်တစ်ကြိမ် ထပ်ပြီး စွန့်စားခွင့်ပေးမည် မဟုတ်ပေ။

ဖန်းရှောင်ကွန်းသည် သူမကို လျစ်လျူရှုထားပြီး ယဲ့ဖန်ကိုသာ စိုက်ကြည့်နေသည်။

" ငါက တစ်စုံတစ်ယောက်ကို နှစ်ကြိမ်တိုင်တိုင် မရှုံးခဲ့ဖူးဘူး။ မင်းက ပထမဦးဆုံးပဲ “

" မင်းက ငါ့ရဲ့နတ်ဆိုး ဖြစ်လာခဲ့ပြီ။ တကယ်လို့ ငါသာ မင်းကို အနိုင်မယူနိုင်ဘူးဆိုရင် ငါ့ရဲ့ပြိုင်ကားမောင်းသမားဘဝက ပျက်စီးသွားလိမ့်မယ် "

ယဲ့ဖန်သည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။

" နောက်တစ်ကျော့ ထပ်ပြိုင်လိုက်ရင် ခင်ဗျားက လူတစ်ယောက်တည်းကို သုံးကြိမ်ရှုံးသွားလိမ့်မယ်။ ခင်ဗျားက ကျွန်တော်နဲ့ တန်းမညီဘူး။ ပြဿနာထပ်မရှာနဲ့တော့ "

သူ့စကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အပြုံးများ ဖြစ်ပေါ်လာကြသည်။

သူသည် ဖန်းရှောင်ကွန်းကို ခင်ဗျားက တန်းမညီဘူးဟု ပြောရဲသော ပထမဦးဆုံးလူ ဖြစ်ပုံရသည်။

သို့သော် တစ်ဖက်လူ၏ မယုံကြည်နိုင်ဖွယ် ကားမောင်းစွမ်းရည်ကို တွေးမိသွားသောအခါ သူသည် မောက်မာနိုင်ရန် အရည်အချင်းရှိနေခဲ့သည်။

All Chapters