ခုနက ဘာကြီးလဲ...
Vol. 48 Ch. 717
~သူ့ဘေးမှ လင်းလောင်တောင်ထိပ်သခင်မမှာ သူမ၏ အစ်ကိုကြီး ပြောစကားကို ကြားသောအခါ သူမ၏ အမူအရာမှာ ဖော်ပြ၍
မရအောင် ထူးဆန်းသွားသည်။
၎င်းမှာ လုရီဖော်ထုတ်ထားသော နှစ်ကိုယ်တူကျင့်ကြံခြင်းသိုင်းဖြစ်ကြောင်း သူမ သဘာဝအတိုင်း သိသော်လည်း သူမ၏ အစ်ကိုနှင့် ဆွေးနွေးရန်မှာမူ အဆင်မပြေလှပေ။
သူမသည် နှုတ်ခမ်းထောင့်ကို ဆွဲတင်လိုက်ပြီး နောက်ထပ် ဘာမှမပြောတော့ဘဲ လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်ကိုသာ စောင့်ကြည့်နေလိုက်သည်။
ပြောရမည်ဆိုလျှင် ဤနှစ်ကိုယ်တူကျင့်ကြံခြင်းသိုင်းမှာ အမှန်ပင် အလွန်အားကောင်းပြီး သူမကိုပင် အလားတူ အံ့အားသင့်စေခဲ့ပါသည်။
လျိုနင်ရွှမ်းနှင့် အခြားသူများမှာ နက်ရှိုင်းခြင်းအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိရန် အတော်အတန် လိုသေးသော်လည်း ဤမျှသိသာသော တိုးတက်မှုကို ရရှိခဲ့ကြသည်။
အကယ်၍ သူမသာ ဤနှစ်ကိုယ်တူကျင့်ကြံခြင်းသိုင်းကို သင်ယူခဲ့မည်ဆိုလျှင် သူမ၏ အစွမ်းသတ္တိမှာလည်း သိသိသာသာ တိုးတက်လာဖွယ်ရှိသည်။
ထို့နောက် လင်းလောင်တောင်ထိပ်သခင်မမှာ သတိပြန်ဝင်လာခဲ့သည်။
ငါ ဘာတွေတွေးနေတာပါလိမ့်။
သူမ ခေါင်းခါလိုက်ပြီး ထပ်မံ မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်အတန့်၌ လုရီက ခပ်ရေးရေးပြုံးလိုက်ပြီး
"ဒါက ကျွန်တော်ဖော်ထုတ်ထားတဲ့ လျှို့ဝှက်သိုင်းနည်းစနစ်တစ်ခုပါ။ ယင်ယန်နိယာမအပေါ်မှာ အတော်လေးနက်ရှိုင်းတဲ့ နားလည်မှုရှိမှသာ ကျင့်ကြံလို့ရပါတယ်"
ထိုစကားကို ကြားသောအခါ ယွီဟန်ကွမ်းက
လုရီကို တုန်လှုပ်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး
"...မင်း ဒါကို ဖော်ထုတ်ခဲ့တာလား"
သိထားရမည်မှာ ကြယ်တာရာနယ်မြေတပ်မတော်၏ တပ်ဖွဲ့ခင်းသိုင်းများမှာ ယွီမျိုးနွယ်မှ မျိုးဆက်ပေါင်းများစွာသော ကျင့်ကြံသူများက သန်းနှင့် ချီသော နှစ်များကြာအောင် ပြုပြင် မွမ်းမံ မြှင့်တင်ခဲ့မှုများ၏ ရလဒ် ဖြစ်ပေသည်။
သို့ဖြစ်ပါလျက် လုရီက ကြယ်တာရာနယ်မြေတပ်မတော်၏ သိုင်းထက်ပင် ပိုမိုအားကောင်းသော လျှို့ဝှက်သိုင်းနည်းစနစ်နှင့် တပ်ဖွဲ့ခင်းသိုင်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး လုရီမှာ အသက်သုံးထောင်မျှသာ ရှိသေးသည်လေ။
ကွာခြားချက်မှာ အလွန်ကြီးမားလွန်းသဖြင့် သူ့အား အနည်းငယ် မယုံနိုင်အောင် ဖြစ်သွားစေသည်။
ထို့နောက် ယွီဟန်ကွမ်းက အနည်းငယ် နှမြောတသဖြစ်စွာဖြင့် မြည်တမ်းလိုက်လေ၏။
"အလို..ယင်ယန် နိယာမကို လိုအပ်တယ်ဆိုတော့... လိုအပ်ချက်က မြင့်လွန်းတယ်"
ယင်ယန် နိယာမ၏ နိယာမ စွမ်းအားမှာ ရှားပါးလှပြီး ဤနိယာမကို ကျွမ်းကျင်သော ကျင့်ကြံသူမှာ အလွန် နည်းပါးလှသည်။ ထို့အပြင် လူအများအပြားက ၎င်းကို ကျွမ်းကျင်ရန် လိုအပ်ရာ ပို၍ပင် ခက်ခဲစေပါသည်။
ယွီဟန်ကွမ်းကိုယ်တိုင်ပင် ယင်ယန် နိယာမကို
မကျွမ်းကျင်ပေ။
ထိုအခါ လုရီ၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားသည်။
သူသည် အဓိကအကျဆုံး အချက်ဖြစ်သော ကျင့်ကြံမှုမှာ နှစ်ကိုယ်တူကျင့်ကြံခြင်း ပါဝင်ရမည်ဖြစ်ပြီး၊ လူအများအပြား စိတ်သဘောထားတိုက်ဆိုင်မှု ရရှိကာ ယင်နှင့်ယန် လည်ပတ်မှုမှာ ဤအဆင့်သို့ ရောက်ရှိမှသာ ဖြစ်နိုင်မည်ဆိုသည်ကိုမူ ဖွင့်မပြောခဲ့ပေ။
ထို့နောက် ယွီဟန်ကွမ်း၏ မျက်လုံးများမှာ မျှော်လင့်ချက်အချို့ဖြင့် အရောင်တောက်လာပြီး လုရီကို ကြည့်ကာ ပြောလာသည်က...
"ဟုတ်သားပဲ လုရီ၊ မင်းက ဒီလိုလျှို့ဝှက်သိုင်းနည်းစနစ်မျိုးကို ဖော်ထုတ်နိုင်မှတော့ ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ တပ်ဖွဲ့ခင်းသိုင်းတွေကိုလည်း တိုးတက်အောင် လုပ်ပေးနိုင်မလား။ မင်းသာ လုပ်နိုင်ခဲ့ရင် ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ အင်အားက သေချာပေါက် အများကြီးမြင့်တက်လာမှာပဲ"
ဤစကားကို ကြားသောအခါ လုရီမှာ မှင်သက်သွားပြီးနောက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ တစ်ကိုယ်လုံး ကျင်ခနဲဖြစ်သွားသည်။
ဟုတ်သားပဲ။ သူသည် အနာဂတ်တွင် ကျိုယိုစစ်မြေပြင်မှ ကျိုးပေါက်ထွက်လာနိုင်သည့် ကျိုယိုမိစ္ဆာများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် လုံလောက်စွာ အားကောင်းသော ကျင့်ကြံသူများကို ပျိုးထောင်ပေးရန် နည်းလမ်းများကို အမြဲတစေ စဉ်းစားနေခဲ့သည်။
ဒီတော့ ဘာလို့ တပ်ဖွဲ့ခင်းသိုင်းကိုပါ မဖော်ထုတ်ရမှာလဲ။
စကြဝဠာမှာ အလွန်ကျယ်ပြန့်လှသည်။ အခြားဒေသများကို ထား၍ ကောင်းကင်
ကြယ်တာရာနယ်မြေ တစ်ခုတည်းပင်လျှင် အလင်း နှစ်တစ်သိန်း ကျယ်ဝန်းသော နယ်မြေကို လွှမ်းခြုံထားလေသည်။
ဤမျှ ကျယ်ပြန့်သော နယ်မြေနှင့်အတူ လုရီသည် နေရာလပ် နိယာမကို ကျွမ်းကျင်ပြီး ရွှေအင်မော်တယ်သိုင်း၏ အထွတ်အထိပ်အဆင့် နေရာလပ် သိုင်းကို ကျင့်ကြံထားသော်လည်း ကြယ်တာရာ ကောင်းကင် တစ်ခုလုံးကို အချိန်တိုအတွင်း ဖြတ်သန်း သွားလာနိုင်မည် မဟုတ်ပေ။
ထိပ်တန်းစွမ်းအားရှင်များမှာ အမှန်ပင် လိုအပ်သော်လည်း၊ ကြယ်တာရာမြစ်ကို ဖိနှိပ်နိုင်သော ကြယ်တာရာနယ်မြေတပ်မတော်မှာလည်း
မရှိမဖြစ် လိုအပ်ပေသည်။
အကယ်၍ သူသာ ကြယ်တာရာနယ်မြေတပ်မတော်၏ တပ်ဖွဲ့ခင်းသိုင်းကို ပြန်လည်သန့်စင်နိုင်ခဲ့လျှင် တပ်မတော်၏ အင်အား သိသိသာသာ မြင့်တက်လာခြင်းမှာ ကျိုယိုမိစ္ဆာများကို ရှင်းလင်းရာ၌ အလွန်ကြီးမားသော အားသာချက် ဖြစ်ပေလိမ့်မည်။
အတွေးနှင့်အတူ လုရီက ခပ်ဖွဖွရယ်မောလိုက်ပြီး ပြောလိုက်၏။
"အစ်ကို ဟန်ကွမ်းက ကျွန်တော့်ကို တကယ်ကောင်းတဲ့ အကြံဉာဏ် တစ်ခု ပေးတာပဲ။ အချိန်ကျရင် ကျွန်တော် ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ တပ်ဖွဲ့ခင်းသိုင်းတွေကို အရင်လေ့လာပြီး တိုးတက်အောင် လုပ်ဖို့ နည်းလမ်းရှိမရှိ ကြည့်ပေးပါ့မယ်"
"ဟားဟားဟား။ သိပ်ကောင်းတာပေါ့။ ဒါသာ တကယ်ဖြစ်နိုင်ခဲ့ရင် ငါတို့ရဲ့ ဖိအားတွေ အများကြီးလျော့ကျသွားမှာပဲ။ လုရီ၊ မင်းက ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခုလုံးရဲ့ ကျေးဇူးရှင် ဖြစ်လာမှာပဲ"
ယွီဟန်ကွမ်းက အားရပါးရ ရယ်မောလိုက်သည်။
ယွီမျိုးနွယ်၏ ရွှေအင်မော်တယ် တစ်ပါးနှင့် အနာဂတ် ယွီမျိုးနွယ်၏ အကြီးအကဲ ဖြစ်သည့်အလျောက် သူသည် ယွီမျိုးနွယ် တစ်ခုလုံးနှင့် ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခုလုံး ခံစားနေရသော ကြီးမားသည့် ဖိအားကို
ကောင်းစွာ သိရှိသည်။
ကျိုယို စစ်မြေပြင် ခုနစ်ခုမှာ ယွီမျိုးနွယ်၏ အားအကောင်းဆုံး ကျင့်ကြံသူများ အားလုံးနီးပါးကို တင်းကျပ်စွာ ချုပ်နှောင်ထားလေသည်။
ကျိုယို စစ်မြေပြင်များထဲမှ တစ်ခုခုသာ ပြင်းထန်သော ပြောင်းလဲမှု တစ်ခု ဖြစ်ပွားခဲ့လျှင် ကြယ်တာရာ နယ်မြေ တစ်ခုလုံး ပြိုလဲသွားနိုင်ပေ၏။
"ပြန်ရောက်ရင် ငါ မင်းဆီကို တပ်ဖွဲ့ခင်းသိုင်းကို ပေးအပ်လိုက်မယ်။"
ကြယ်တာရာ နယ်မြေ တပ်မတော်၏ တပ်ဖွဲ့ခင်းသိုင်းမှာ ယွီမျိုးနွယ်၏ အဓိက လျှို့ဝှက်ချက်
ဖြစ်ပြီး ကြယ်တာရာ နယ်မြေ တပ်မတော်မှာ ကောင်းကင် ကြယ်တာရာ နယ်မြေအပေါ် ထိန်းချုပ်မှုကို ထိန်းသိမ်းထားရန် အရေးအကြီးဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
ကြယ်တာရာ နယ်မြေ တပ်မတော်မှ ကျင့်ကြံသူများ၏ အထင်ကြီးဖွယ်ကောင်းသော စွမ်းအားမှာ တပ်ဖွဲ့ခင်းသိုင်းကို များစွာအကြွေးတင်ပေသည်။
သို့သော် လုရီမှာ ယွီမျိုးနွယ်အတွက် အလွန်အရေးကြီးပြီး သူစိမ်း မဟုတ်သောကြောင့် ယွီဟန်ကွမ်းက သဘာဝအတိုင်း တွန့်တိုနေမည်မဟုတ်ပေ။
"ကိစ္စမရှိပါဘူး" လုရီက ခေါင်းညိတ်လိုက်သည်။
-------
ထို့နောက် အဖွဲ့သည် ကျိုယိုစစ်မြေပြင်အတွင်းသို့ ဆက်လက်၍ နက်ရှိုင်းစွာ စွန့်စားသွားကြသည်။
သူတို့ အခြေစိုက်စခန်းနှင့် ပိုမိုဝေးကွာလာသည်နှင့်အမျှ ကျိုယိုချီ၏ သိပ်သည်းမှုမှာ တိုး၍သာ ကြွယ်ဝလာသည်။ မျက်စိတစ်ဆုံး ကျယ်ပြန့်သော မြေပြန့်လွင်ပြင်များမှာ မီးခိုးရောင်-အနက်ရောင် ကျောက်တုံးများဖြင့် ဖုံးလွှမ်းနေပြီး အဝေးတွင် ကျိုယိုမုန်တိုင်းများ တိုက်ခတ်နေ၏။
လမ်းတစ်လျှောက်တွင် လုရီ၏ အဖွဲ့သည် ကျင့်ကြံသူအချို့နှင့် ကြုံတွေ့ခဲ့ပြီး အများစုမှာ တာဝန်အရ ကျိုယိုမိစ္ဆာများကို ရှင်းလင်းရန် နင်ယင်စစ်မြေပြင်သို့ ရောက်ရှိလာကြသူများ ဖြစ်ကြသည်။
လုရီ၏ အဖွဲ့သည် ကျိုယိုမိစ္ဆာအချို့နှင့်လည်း ကြုံတွေ့ခဲ့ရလေသည်။
သူတို့ အခြေစိုက်စခန်းနှင့် သိပ်မဝေးသေးသော်လည်း သူတို့ ကြုံတွေ့ခဲ့ရသော ကျိုယိုမိစ္ဆာများမှာ နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ်တွင် ရှိနေကြပြီ ဖြစ်သည်။
နင်ယင် စစ်မြေပြင်မှာ ကျန်းအန်း စစ်မြေပြင်နှင့် နှိုင်းယှဉ်လျှင် များစွာ ပိုမိုအန္တရာယ်များကြောင်း တွေးကြည့်နိုင်ပေသည်။
သူတို့ ဆက်လက်၍ နက်ရှိုင်းစွာ စွန့်စားသွားကြသည်နှင့်အမျှ သူတို့ကြုံတွေ့ရသော ကျိုယိုမိစ္ဆာများ၏ အရေအတွက်မှာ တိုး၍သာ များပြားလာပြီး တစ်ကြိမ်လျှင် တစ်ကောင်တည်းသာ မဟုတ်တော့ပေ။
အများအားဖြင့် သူတို့သည် သုံးကောင်မှ ငါးကောင်အထိ အုပ်စုဖွဲ့၍ လှုပ်ရှားကြသည်။
ဤအချိန်တွင် ကောင်းကင်ဘုံ
အင်မော်တယ်နယ်ပယ်မှ ကျိုယိုမိစ္ဆာများကို မမြင်တွေ့ရတော့ဘဲ၊ အစစ်အမှန်အင်မော်တယ်နယ်ပယ်မှ မိစ္ဆာများမှာမူ ရှားပါးလှသည်။
အများစုမှာ နက်ရှိုင်းခြင်း
အင်မော်တယ် နယ်ပယ်တွင် ရှိနေ
ကြပေသည်။
သို့သော် ရွှေအင်မော်တယ်နယ်ပယ်မှ ကျင့်ကြံသူတစ်ဦးအနေဖြင့် ယွီဟန်ကွမ်းမှာ ထူးကဲစွာအားကောင်းပြီး နက်ရှိုင်းခြင်းအင်မော်တယ်နယ်ပယ်မှ ကျိုယိုမိစ္ဆာအချို့ကို ရင်ဆိုင်နိုင်စွမ်းရှိပေသည်။
*****