← Chapters

ခုနက ဘာကြီးလဲ_၂...

Vol. 48 Ch. 718

ခုနက ဘာကြီးလဲ_၂...

Vol. 48 Ch. 718

~ထို့အပြင် လင်းလောင်တောင်ထိပ်သခင်မမှာ နက်ရှိုင်းခြင်းအင်မော်တယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး၊ လျိုနင်ရွှမ်းနှင့် သူမ၏ အဖော်သုံးယောက်မှာလည်း လျှို့ဝှက်သိုင်းနည်းစနစ်ကို အသုံးပြု၍ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် စွမ်းအားသို့ ရောက်ရှိနေကြရာ၊ သူမတို့သည် နက်ရှိုင်းခြင်း အင်မော်တယ် အဆင့် ကျိုယိုမိစ္ဆာအချို့ကို ရင်ဆိုင်ရန် လုံလောက်သော အင်အားရှိကြလေသည်။

လင်းလောင်တောင်ထိပ် သခင်မနှင့် လျိုနင်ရွှမ်းတို့ အဖွဲ့နှစ်ခုလုံးမှာ စမ်းသပ်မှုများ ခံယူပြီး တိုက်ပွဲကြီးများတွင် ပါဝင် ဆင်နွှဲရန် လိုအပ်သောကြောင့် သူမတို့အနေဖြင့် ဝင်ရောက်တိုက်ခိုက်ရန် အခွင့်အရေးမှာ ရှားပါးလှသည်။

...

ဘုန်း။

ယွီဟန်ကွမ်းသည် နက်ရှိုင်းခြင်း အင်မော်တယ် အထွတ်အထိပ်အဆင့် ကျိုယိုမိစ္ဆာ တစ်ကောင်ကို လက်ဝါး တစ်ချက်တည်းဖြင့် ပြာမှုန့်အဖြစ် ချေမှုန်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ

မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

"တစ်ခုခုတော့ နည်းနည်း လွဲနေသလိုပဲ။"

လင်းလောင်တောင်ထိပ် သခင်မနှင့် လျိုနင်ရွှမ်းတို့အဖွဲ့မှာလည်း သူမတို့၏ ပြိုင်ဘက်များကို သတ်ဖြတ်ပြီးခါစပင်။

သို့သော် သူမတို့မှာ ယွီဟန်ကွမ်းကဲ့သို့ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး အခြေအနေနှင့် အလှမ်းဝေးလှ၏။ လင်းလောင် တောင်ထိပ်သခင်မ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး သိသိသာသာ အားကုန်ခမ်းနေဟန်ပြနေသည်။

လျိုနင်ရွှမ်းတို့ အုပ်စုမှာမူ အသက်ကိုပင် မရှူနိုင်အောင် မောဟိုက်နေကြပြီး သူမတို့၏ ဝိညာဉ်စွမ်းအင်မှာလည်း အားနည်းနေခဲ့သည်။

သူမတို့သည် ချက်ချင်းပင် နေရာတွင် ထိုင်ချလိုက်ပြီး ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းလိုက်ကြသည်။

ထိုစဥ် လင်းလောင်တောင်ထိပ်သခင်မက ယွီဟန်ကွမ်းကို လှမ်းကြည့်လိုက်၏။

"ဘာဖြစ်လို့လဲ။ တစ်ခုခု လွဲနေလို့လား။"

ယွီဟန်ကွမ်းက ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ဆိုသည်။

"ငါတို့ အခြေစိုက် စခန်းနဲ့ တော်တော်ဝေးနေပြီဆိုတော့ ဒီနေရာမှာ ပိုအားကောင်းတဲ့ ကျိုယိုမိစ္ဆာတွေနဲ့ ပိုများများ တွေ့ရတာက ပုံမှန်ပါပဲ။

ဒါပေမယ့် ငါတို့ ကြုံတွေ့နေရတဲ့ ကျိုယိုမိစ္ဆာတွေရဲ့ အရေအတွက်နဲ့ အင်အားကတော့ အရမ်းများလွန်းနေသလိုပဲ။"

သူက ခေတ္တမျှ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"အရင်က ငါ ဒီဧရိယာမှာ လေ့ကျင့်တုန်းက ဒီလောက်များတဲ့ ကျိုယို မိစ္ဆာတွေနဲ့ တစ်ခါမှ မကြုံဖူးဘူး၊ သူတို့ ဒီလောက်လည်း မသန်မာခဲ့ပါဘူး။"

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာအရောင်မှာ အနည်းငယ် ပြောင်းလဲသွား၏။

"ဒါဆို ကျိုယိုစစ်မြေပြင်ရဲ့ ဒီဧရိယာမှာ ပြဿနာတစ်ခုခု ရှိနေတာများလား အစ်ကိုကြီး..."

သို့သော် လျိုနင်ရွှမ်းတို့အုပ်စုနှင့် လုရီမှာမူ

ယွီဟန်ကွမ်း၏ စကားကို ကြားသောအခါ

တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ အနည်းငယ် ထူးဆန်းနေသည်။

သူတို့အားလုံး ဤအခြေအနေနှင့် အလွန်ပင် ရင်းနှီးနေကြပြီ ဖြစ်သည်။

ယခင်က သူတို့ ကျန်းအန်းစစ်မြေပြင်သို့ သွားတိုင်း ဒေသခံကျိုယိုမိစ္ဆာများ၏ နွေးထွေးစွာ ကြိုဆိုခြင်းကို ခံခဲ့ရပြီး၊ အများအပြားမှာ သူ့ထံသို့ လာရောက် 'ကစား' ရန် ဆန္ဒရှိခဲ့ကြသည်။

ယခုအခါ ကျိုယိုစစ်မြေပြင်၏ ဤအပိုင်းမှ ကျိုယိုမိစ္ဆာများမှာ သူ၏ အတွင်းမှ တာအိုစွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ အာရုံခံမိနေကြပုံရသည်။

လုရီက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ခပ်ဖွဖွရယ်မောလိုက်သည်။

"အဟဲ၊ အင်မော်တယ်ဆေးလုံးတွေ သောက်ပြီး မြန်မြန် ပြန်ကောင်းအောင်လုပ်ကြပါ။ ဒါ

ကျွန်တော့်ကြောင့် ဖြစ်နိုင်တယ်။"

ယွီဟန်ကွမ်းမှာ မှင်တက်သွားပြီး နားမလည်နိုင်သော မျက်နှာဖြင့် မေးလိုက်သည်။

"...မင်းကြောင့် ဟုတ်လား လုရီ။"

ဘာလဲ။

သူ ကျိုယိုစစ်မြေပြင်တွင် အကြိမ်များစွာ လေ့ကျင့်ခဲ့သော်လည်း၊ စစ်မြေပြင်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သော ကျင့်ကြံသူတစ်ဦးကို ကျိုယိုမိစ္ဆာများက ပစ်မှတ်ထားသည်ဟု တစ်ခါမှ မကြားဖူးခဲ့ပေ။

ထိုစဉ် လင်းလောင်တောင်ထိပ်သခင်မ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အတိုင်းအတာ တစ်ခုအထိ ခန့်မှန်းမိကာ သူမ၏ မျက်နှာမှာ ပို၍ပင် ထူးဆန်းသွားတော့သည်။

ယခင်က သူတို့ ကျန်းအန်းစစ်မြေပြင်သို့ သွားစဉ်က လျိုနင်ရွှမ်းနှင့် အခြားသူများထံမှ ဤသို့သော အကြောင်းအရာများကို အကြိမ်အနည်းငယ် ကြားခဲ့ဖူးသည်။

လုရီက ခပ်ဖွဖွရယ်မောလိုက်၏။

"ကျိုယိုမိစ္ဆာတွေက တာအိုစွမ်းအင်ကို အရမ်းအာရုံခံလွယ်တယ်။ ကျွန်တော် ဘာအရှိန်အဝါမှ မထုတ်လွှတ်ထားပေမဲ့ ဒီပတ်ဝန်းကျင်က ကျိုယိုမိစ္ဆာတွေကတော့ ကျွန်တော့်အတွင်းထဲက တာအိုစွမ်းအင်ကို အာရုံခံမိနိုင်လောက်တယ်။ ဒီအတိုင်းဆက်သွားနေရင် ကျွန်တော်တို့နောက်ကို

ကျိုယိုမိစ္ဆာတွေ တဖွဲဖွဲလိုက်လာကြလိမ့်မယ်။"

ထိုစကားကို ကြားသောအခါ ယွီဟန်ကွမ်း၏ အမူအရာမှာ ရုတ်တရက် ပျက်ယွငိးသွားသည်။

"ကျိုယိုမိစ္ဆာတွေက တာအိုစွမ်းအင်နောက်ကို လိုက်ပြီး မင်းကို ရှာမယ် ဟုတ်လား။ ဒါကို

သိရဲ့သားနဲ့ မင်း ဒီကို လာတုန်းပဲလား။ နင်ယင်စစ်မြေပြင်မှာ ရွှေအင်မော်တယ် အဆင့် ကျိုယိုမိစ္ဆာတွေ အတော်များများ ရှိတယ်။ သူတို့အားလုံးသာ ရောက်လာခဲ့ရင်..."

ထိုမြင်ကွင်းကို တွေးကြည့်ရုံမျှဖြင့် ယွီဟန်ကွမ်းမှာ ကျောချမ်းသွားသည်။

သူက ရွှေအင်မော်တယ် အစောပိုင်းအဆင့်တွင်သာ ရှိပါသေးသည်။

သူသည် အစောပိုင်းအဆင့် ရွှေအင်မော်တယ် ကျိုယိုမိစ္ဆာတစ်ကောင်၊ နှစ်ကောင်ကို ရင်ဆိုင်နိုင်သော်လည်း အုပ်စုလိုက်ကြီး ရောက်လာခဲ့လျှင် မည်သူက တောင့်ခံနိုင်မည်နည်း။

လုရီက ခပ်ဖွဖွရယ်မောလိုက်သည်။

"အစ်ကိုဟန်ကွမ်း၊ စိတ်မပူပါနဲ့။ ကျွန်တော် နေရာလပ်နိယာမကို ကျွမ်းကျင်ပြီးသားပါ၊ တကယ်လို့ ကျွန်တော်တို့တကယ် မနိုင်ခဲ့ရင်တောင် အားလုံးကိုခေါ်ပြီး ထွက်ပြေးလို့ရပါတယ်။"

ဤစကားကို ကြားသောအခါ ယွီဟန်ကွမ်း၏ အမူအရာမှာ အနည်းငယ် ပေါ့ပါးသွားသည်။

လုရီတွင် အလွန်အားကောင်းသော နေရာလပ်စွမ်းအား ပိုင်ဆိုင်ထားသည်ဟု သူလည်း ကြားဖူးခဲ့သည်။

သူက ခေါင်းညိတ်လိုက်ပြီး

"ဘယ်လိုပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ။ ကျိုယိုစစ်မြေပြင်က တခြားနေရာတွေနဲ့မတူဘူး၊ အရမ်းပေါ့ဆရင် ချောင်းမြောင်းထဲမှာ လှေမှောက်တတ်တယ်။"

လုရီက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ၊ကျွန်တော် သိပါတယ်။"

ထိုစဉ်မှာ လင်းလောင်တောင်ထိပ်သခင်မနှင့် လျိုနင်ရွှမ်းတို့အုပ်စုမှာ အင်မော်တယ်ဆေးလုံးများကို ထုတ်ယူပြီး သူမတို့၏ အင်မော်တယ်ဝိညာဉ်ချီကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနေကြပြီဖြစ်သည်။

မကြာမီမှာပင် ယွီဟန်ကွမ်း၏ အမူအရာ

ပျက်ယွင်းသွားပြီး သူက လားရာတစ်ခုကို လှမ်းကြည့်လိုက်သည်။

"လာပြီ၊ သူတို့ ထပ်လာပြန်ပြီ။"

သို့သော် လျင်မြန်စွာပင် သူ၏ အမူအရာမှာ

ထပ်မံ ပျက်ယွင်းသွားပြန်၏။

"မဟုတ်ဘူး၊ အဲ့ဒါ ရွှေအင်မော်တယ်တွေလား။"

သူက တုန်လှုပ်စွာ ကြည့်လိုက်သည်။

"ဒီနေရာမှာ ရွှေအင်မော်တယ် နယ်ပယ်က ကျိုယိုမိစ္ဆာတွေ တကယ် ရှိနေတာလား။"

ယွီဟန်ကွမ်း၏ အမူအရာမှာ မယုံနိုင်လောက်အောင် ထူးဆန်းသွားပြီး လုရီဘက်သို့ လှည့်ကြည့်လိုက်ရာ၊ ယခုအခါတွင် လုရီ၏ စကားကို အကြွင်းမဲ့ ယုံကြည်သွားလေပြီ။

အကယ်၍ အထူးအခြေအနေများ မရှိပါက ရွှေအင်မော်တယ် နယ်ပယ်မှ ကျိုယိုမိစ္ဆာများမှာ ဤဧရိယာတွင် ပေါ်လာမည် မဟုတ်သည်မှာ သေချာသည်။

သူက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ဆိုလိုက်သည်။

"လုရီ၊ နောက်ပိုင်း အန္တရာယ် တစ်ခုခုရှိရင် ငါတို့ အရင် ဆုတ်ခွာပြီးမှ ပြန်လာကြမယ် နော်။"

လုရီက ခေါင်းညိတ်ပြီး အပြုံးနုနုဖြင့် ဆိုသည်။

"ဟုတ်ကဲ့၊အစ်ကိုဟန်ကွမ်းရဲ့ အစီအစဉ်အတိုင်း လိုက်နာမယ်လေ"

ယွီဟန်ကွမ်းက ရယ်မောလိုက်သည်။

"ဟားဟား၊ ငါ အရင်က ရွှေအင်မော်တယ် အစောပိုင်းအဆင့် ကျိုယိုမိစ္ဆာအချို့ကို သတ်ဖူးပါတယ်။"

သူတို့စကားပြောနေစဉ်မှာပင် ယွီဟန်ကွမ်း၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရွှေအင်မော်တယ် အစောပိုင်းအဆင့်ရှိ ကျိုယိုမိစ္ဆာထံသို့ တိုးဝင်သွားသည်။

သူတို့နှစ်ဦး ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြရာ၊ ပေါက်ကွဲသံများက နားထဲတွင် အဆက်မပြတ် မြည်ဟည်းနေတော့၏။ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများမှာ

လေပြင်းများအဖြစ်သို့ ပြောင်းလဲကာ မြေပြန့်ကန္တာရတွင် အက်ကြောင်းများကို အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားစေသည်။

လုရီက သူ၏ လက်ကို ဝေ့ယမ်းလိုက်ပြီး

လျိုနင်ရွှမ်းနှင့် အခြားသူများ ပြန်လည်အားဖြည့်နေသည်ကို မထိခိုက်စေရန် နောက်ဆက်တွဲ

တုန်ခါမှုအားလုံးကို အပြင်ဘက်တွင် ပိတ်ဆို့ထားမည့် အလင်း အကာအကွယ်လွှာ တစ်ခုကို ဖန်တီးပေးလိုက်၏။

ကောင်းကင်ယံမှ တိုက်ပွဲကို ကြည့်လိုက်ပြီး ယွီဟန်ကွမ်းမှာ ယွီမျိုးနွယ်၏ အားအကောင်းဆုံး လူငယ်ပါရမီရှင် အမှန်ပင်ဖြစ်ကြောင်း လုရီ သဘောပေါက်လိုက်သည်။

ယေဘုယျအားဖြင့် ကျိုယိုမိစ္ဆာများတွင် ကျိုယိုချီပါဝင်သောကြောင့် ၎င်းတို့သည် ကျင့်ကြံသူများ၏ စိတ်ဆန္ဒကို တိုက်စားကာ၊ သူတို့၏ ဝိညာဉ်များကို ထိခိုက်စေပြီး သူတို့၏ အစွမ်းအပြည့်ကို မထုတ်ဖော်နိုင်အောင် တားဆီးထားသည်။

ထို့အပြင် ကျိုယိုချီမှာ အလွန်ကြမ်းတမ်းပြီး အားကောင်းသော တိုက်စားနိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်းများကို ပိုင်ဆိုင်သည်။

သာမန် အခြေအနေများအောက်တွင် တူညီသောနယ်ပယ်မှ ကျိုယိုမိစ္ဆာများမှာ ကျင့်ကြံသူများထက် များစွာပို၍ အားကောင်းလေ့ရှိ၏။

သို့သော် ယွီဟန်ကွမ်း၏ အစွမ်းသတ္တိမှာ တူညီသော ရွှေအင်မော်တယ် အစောပိုင်း အဆင့်ရှိ ကျိုယိုမိစ္ဆာထက် များစွာ သာလွန်နေပြီး တိုက်ပွဲအစကတည်းကပင် အသာစီးရနေခဲ့သည်။

ကျိုယိုမိစ္ဆာမှာ အကြိမ်ကြိမ် ဟိန်းဟောက်နေသော်လည်း အားမတန်ဘဲ၊ သူ၏ ကျိုယိုချီများမှာ ယွီဟန်ကွမ်းထံမှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအင်ကြောင့် ကြေမွပျက်စီးသွားသည်။

လုရီက ပြုံးကာ ခေါင်းညိတ်လိုက်၏။

ယွီမျိုးနွယ်၏ ထိပ်တန်းပါရမီရှင်တစ်ဦးအတွက် အံ့ဩစရာတော့ မဟုတ်ပေ။ ယွီဟန်ကွမ်းအနေဖြင့် ထိုကျိုယိုမိစ္ဆာကို အလွယ်တကူ ရှင်းလင်းပစ်ရန် အချိန်ကြာမြင့်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်၌ လုရီ၏ အမူအရာပြောင်းလဲသွားပြီး သူက စစ်မြေပြင်၏ နောက်ဘက်ဧရိယာသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ထင်ဟပ်လာသည်။

နောက်တစ်ကောင် မမျှော်လင့်ဘဲ ရောက်လာတာလား။

ကောင်းရော... ။

နတ်ဆိုး၊ တစ္ဆေအမျိုးမျိုးက သူ့ကို ကြံစည်နေသည့် ပူပူနွေးနွေး ပစ်မှတ်တစ်ခု ဖြစ်လာသကဲ့သို့ လုရီ ခံစားလိုက်ရသည်။

ယွီဟန်ကွမ်း၏ အဆိုအရ ဤနေရာတွင် ရွှေအင်မော်တယ်နယ်ပယ်မှ ကျိုယိုမိစ္ဆာများ ရှိမနေသင့်ပေ။

သို့သော် ယခုအခါ သူတို့ထံတွင် နှစ်ကောင်ရှိနေပြီ ဖြစ်သည်။

တိုက်ပွဲအပြင်းအထန်ဖြစ်နေသော ယွီဟန်ကွမ်းမှာလည်း ရွှေအင်မော်တယ်နယ်ပယ်မှ နောက်ထပ်ကျိုယိုမိစ္ဆာတစ်ကောင်၏ အရှိန်အဝါကို အာရုံခံမိပြီး သူ၏ အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။

ဘယ်လို သောက်ကျိုးနည်းတွေလဲ။

ဒီလို သေတောင် မသေချင်တဲ့ နေရာမျိုးမှာ တူညီတဲ့နယ်ပယ်က ကျိုယိုမိစ္ဆာတွေ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာနေတာလား။

နောက်ပိုင်းမှာ ဒီထက်ပိုပြီး ရောက်လာဦးမှာလား။

သူက အခြား ကျိုယိုမိစ္ဆာရှိရာ လားရာဘက်သို့ လှမ်းကြည့်လိုက်ရာ အနက်ရောင်မြူတိမ်တိုက်တစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်ကိုသာ မြင်လိုက်ရသည်။

ဦးဆောင်လာသော ရွှေအင်မော်တယ်အဆင့်

ကျိုယိုမိစ္ဆာအပြင် နက်ရှိုင်းခြင်းအင်မော်တယ်နယ်ပယ်မှ ငါးကောင်၊ ခြောက်ကောင်လည်း ပါဝင်သေးသည်။

ခေါင်းဆောင်မှာလည်း ရွှေအင်မော်တယ် အစောပိုင်းအဆင့်ပင် ဖြစ်သည်။

ဤသည်မှာ မမျှော်လင့်ထားသော ကံကောင်းမှုတစ်ခု ဖြစ်လာခဲ့သည်။

သူ၏ အမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားပြီး သူ၏ အရှေ့မှ ကျိုယိုမိစ္ဆာကို ပုတ်ထုတ်လိုက်ကာ လုရီဘက်သို့ လှည့်လိုက်သည်။

"လုရီ။ ငါတို့ ပြင်ဆင်ထား..."

ထိုအခိုက်မှာပင် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသော တိုင်လုံးတစ်ခုအလား ကြက်သွေးရောင် လက်သီးအလင်းတန်းတစ်ခုက ယွီဟန်ကွမ်းဘေးမှ လျှပ်တစ်ပြက် ဖြတ်ကျော်သွားပြီး အနက်ရောင်မြူတိမ်တိုက်ကို ချက်ချင်း ဝါးမြိုသွားသည်။

ကြက်သွေးရောင် လက်သီးအလင်းတန်း ပျောက်ကွယ်သွားသည်နှင့် အနက်ရောင်မြူတိမ်တိုက်နှင့် ရွှေအင်မော်တယ် အစောပိုင်းအဆင့်နှင့် နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် အများအပြားပါဝင်သော ကျိုယိုမိစ္ဆာများမှာ အမှုန်မကျန် ပျောက်ကွယ်သွားကြ၏။

၎င်းတို့မှာ မည်သည့်အခါကမှ မတည်ရှိခဲ့သကဲ့သို့ပင်။

ယွီဟန်ကွမ်း: "???"

သူသည် ကျိုယိုမိစ္ဆာများ ပျောက်ကွယ်သွားသည့်နေရာကို ကြောင်တောင်တောင်ဖြင့် ငေးစိုက်ကြည့်ရင်း နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ ရပ်တန့်နေမိသည်။

ထိုအခိုက်..လုရီ၏ အသံ ထွက်ပေါ်လာသည်။

"အစ်ကိုဟန်ကွမ်း၊ ခင်ဗျား ခုနက ဘာပြောမလို့လဲ။"

ယွီဟန်ကွမ်းမှာ တိတ်ဆိတ်သွားသည်။

သူ ဆုတ်ခွာရန် အကြံပြုမလို့ဟု ပြောဖို့ကတော့

မဖြစ်နိုင်ပေ၊။

ဟုတ်သည်မလား။

ခုနက တကယ်ပဲ ဘာကြီးလဲ။

ရွှေအင်မော်တယ် အစောပိုင်းအဆင့် ကျိုယိုမိစ္ဆာတစ်ကောင် ဒီအတိုင်းကြီး ပျောက်သွားတာလား။

ဘာတန်ပြန်တိုက်ခိုက်မှုမှမရှိဘဲ၊ ဘာဆိုဘာမှမရှိဘဲနဲ့လား။

ဒါ လုရီရဲ့ တိုက်ခိုက်မှုလား။

ဒါနည်းနည်းတော့ လွန်မနေဘူးလား။

ယွီဟန်ကွမ်းမှာ လုံးဝ မှင်တက်မိနေသည်။

သူ အနည်းငယ် ကြောင်တောင်တောင်ဖြင့် ရပ်နေစဉ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ချဉ်းကပ်လာသဖြင့် သူ အလျင်အမြန် နောက်သို့ ဆုတ်လိုက်ရ၏။

သူ ခုနက ပုတ်ထုတ်လိုက်သော ရွှေအင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာက ပြန်လည်တိုးဝင်လာခြင်း ဖြစ်သည်။

သူက ထိုကျိုယိုမိစ္ဆာကို နောက်တစ်ကြိမ် ထပ်မံရိုက်ပုတ်ပြီး ထပ်မံ လွင့်စဉ်သွားစေကာ တောက်ပသော အပြုံးဖြင့် နောက်ပြန်လှည့်လိုက်သည်။

"ကိစ္စမရှိပါဘူး။ ငါဆိုလိုတာက တိုက်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်ကြဖို့ ပြောမလို့ပါ။"

လုရီက ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ရယ်မောလိုက်သည်။

"ဟားဟားဟား၊ ကောင်းပါပြီဗျ"

*****

All Chapters