ရင်းနှီးသော ရနံ့တစ်ခု...
Vol. 48 Ch. 719
~လုရီသည် ယွီဟန်ကွမ်း၏ တိုက်ပွဲတွင် ဝင်ရောက်မစွက်ဖက်ဘဲ လျိုနင်ရွှမ်းနှင့် အခြားသူများ ပြန်လည် နာလန်ထူသည်ကို စောင့်ကြပ်နေလိုက်သည်။
အမှန်စင်စစ် ယွီဟန်ကွမ်းမှာ အကူအညီတစ်စုံတစ်ရာ မလိုအပ်ခဲ့ပေ။ မကြာမီမှာပင် သူသည် ရွှေအင်မော်တယ် အဆင့်အစောပိုင်း
ကျိုယိုမိစ္ဆာကို လုံးဝသတ်ဖြတ်နိုင်ခဲ့လေသည်။
ယွီဟန်ကွမ်း မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါ သူ၏ လုရီအပေါ် အကြည့်မှာ အတော်လေး ထူးဆန်းနေ၏။
လုရီမှာ အနည်းငယ် နားမလည်နိုင်ဖြစ်ကာ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
“မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး”
ယွီဟန်ကွမ်းက သူ၏မျက်နှာထားမှာ ထုံကျင်နေလျက် ခေါင်းခါလိုက်သည်။
လုရီ၏အစွမ်းမှာ ဤမျှ ချဲ့ကားလွန်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် သူ အခုထိ
မှင်တက်နေဆဲ ဖြစ်ကြောင်း သူ ဖွင့်ဟပြောဆိုနိုင်မည်မဟုတ်ပေ။
ဒီကောင်လေးက နက်ရှိုင်းခြင်းအင်မော်တယ်နယ်ပယ်ကို မကြာသေးခင်ကမှ အဆင့်ချိုးဖြတ်ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။
ယွီမိသားစုတွင် လုရီ၏အဆင့်အတန်း မြင့်မားမှုနှင့် နောက်ဆုံး နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ်သို့ အဆင့်ချိုးဖြတ်စဉ်က ကြီးမားသော လှုပ်ခတ်မှုတို့ကြောင့် ယွီမိသားစု၏ ထိပ်တန်းအကြီးအကဲအများစုမှာ လုရီ၏အဆင့်ချိုးဖြတ်မှုမှ ဖြစ်ပေါ်လာသော တာအိုဒီရေကို အများအားဖြင့် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြရသည်။
ထိုအချိန်က ယွီဟန်ကွမ်း ထိုနေရာတွင် မရှိခဲ့လျှင်ပင် သူသည် အဖြစ်အပျက်အချို့ကို ကြားသိခဲ့ရသည်။
သို့သော် ဤမျှ အချိန်တိုအတွင်း သူ၏အဆင့်ချိုးဖြတ်မှုကို ပြုလုပ်ခဲ့သော လုရီက ယခုအခါ ဤမျှ တုန်လှုပ်ဖွယ် ကောင်းသော အစွမ်းကို ပြသလိမ့်မည်ဟု ယွီဟန်ကွမ်းမှာ မမျှော်လင့်ထားခဲ့ပေ။
သူက ခေါင်းခါလိုက်ပြီး စိတ်ဓာတ်ကျမသွားစေရန် အလွန်အကျွံ မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။
မကြာမီမှာပင် လျိုနင်ရွှမ်းနှင့် အခြားသူများသည် သူတို့၏အင်မော်တယ်စွမ်းအင်ကို အပြည့်အဝ ပြန်လည်ရရှိသွားကြသည်။ အဖွဲ့သည် ဆက်လက်၍ နက်ရှိုင်းစွာ စွန့်စားသွားကြ၏။
မူလက ယွီဟန်ကွမ်းသည် ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း လုရီ၏ကြောက်မက်ဖွယ်အစွမ်းကို မြင်သောအခါ သူ၏စိတ်ကို ပြတ်သားစွာ ပြောင်းလဲလိုက်တော့သည်။
ယွီဟန်ကွမ်းက ကြွေးကြော်လိုက်သည်။
“လုရီရဲ့အစွမ်းက ဒီလောက်ကြောက်မက်ဖွယ်ကောင်းပြီး ရွှေအင်မော်တယ်နယ်ပယ် ကျိုယိုမိစ္ဆာတွေကိုတောင် ဆွဲဆောင်နိုင်မှတော့ ဒီတစ်ခေါက်က အခွင့်ကောင်းပဲ။ နင်ယင်စစ်မြေပြင်ထဲက ရွှေအင်မော်တယ် ကျိုယိုမိစ္ဆာတွေကို ပိုပြီးသတ်ကြရအောင်၊ ဒီမှာရှိတဲ့ ကျင့်ကြံသူတွေအပေါ်က ဖိအားတချို့ကို လျှော့ချပေးနိုင်တယ်”
ထိုအခါ လုရီက ခပ်ပါးပါးပြုံးလိုက်သည်။
“ဒါ ကျွန်တော့်စိတ်ကူးလည်း ဟုတ်ပါတယ်”
လင်းလောင်တောင်ထိပ်သခင်မနှင့် လျိုနင်ရွှမ်းအပါအဝင် အခြားသူများမှာ ကန့်ကွက်စရာမရှိသည်မှာ ပြောစရာမလိုပေ။
သူတို့ ပထမဆုံး ရွှေအင်မော်တယ်နယ်ပယ် ကျိုယိုမိစ္ဆာနှင့် တွေ့ဆုံပြီးကတည်းက တစ်စုံတစ်ရာသော ခလုတ်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပုံရသည်။ လုရီနှင့်အဖွဲ့ နက်ရှိုင်းစွာတိုးဝင်သွားသည်နှင့်အမျှ သူတို့သည် ကျိုယိုမိစ္ဆာများနှင့် ပို၍ပို၍ တွေ့ဆုံလာရပြီး အကြိမ်တိုင်းတွင် အုပ်စုလိုက် ရောက်ရှိလာကြသည်။
အနည်းဆုံး ကျိုယိုမိစ္ဆာ ဆယ်ကောင်ခန့်မှာ မိစ္ဆာတိမ်တိုက်တစ်ခုအဖြစ်သို့ ပုံပေါ်နေကာ သူတို့ထံသို့ အုပ်စုလိုက် သည်းကြိီးမည်းကြီး ပြေးဝင်လာကြ၏။
အညံ့ဆုံးမှာ အစစ်အမှန် အင်မော်တယ် နယ်ပယ်ဖြစ်ပြီး အများအပြားမှာ နက်ရှိုင်းခြင်း
အင်မော်တယ်နှင့် ရွှေအင်မော်တယ် နယ်ပယ်များမှ ဖြစ်ကြသည်။ သူတို့သည် မီးပုံထဲသို့ တိုးဝင်သော ပိုးဖလံများကဲ့သို့ ပြေးဝင်လာကြပြီး မိမိတို့၏ အသက်ရှင် ရပ်တည်မှုကို လုံးဝဂရုမစိုက်ဘဲ လုရီနှင့် သူ၏ အဖော်များထံသို့သာ တိုးဝင်ရန် အာရုံစိုက်ထားကြသည်။
ကျိုယိုမိစ္ဆာ အရေအတွက် တိုးပွားလာသည်နှင့်အမျှ ယွီဟန်ကွမ်းအပေါ် ဖိအားမှာ ကြီးထွားလာ၏။ လင်းလောင်တောင်ထိပ်သခင်မနှင့်
လျိုနင်ရွှမ်းနှင့် သူမ၏ အဖော်များမှာမူ ပို၍ပင် ဆိုဖွယ် မရှိတော့ပေ။
လုရီသည်လည်း စတင် လှုပ်ရှားလာတော့သည်။လုရီ၏ ကျင့်ကြံမှု အဆင့်မှာ နက်ရှိုင်းခြင်း
အင်မော်တယ် နယ်ပယ် စတုတ္ထ အလွှာမျှသာ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေး အစွမ်းမှာမူ မေးခွန်းထုတ်ဖွယ် မရှိပေ။ တာအို ရတနာများနှင့် ဖရိုဖရဲ ရတနာများစွာကို စုပ်ယူခဲ့ပြီးဖြစ်သောကြောင့် သူ၏ စွမ်းအားမှာ
ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိနေလေပြီ။
ယခုအချိန်အထိ သူ ရင်ဆိုင်ခဲ့ရသော အပြင်းထန်ဆုံး ရွှေအင်မော်တယ် ကျိုယိုမိစ္ဆာမှာ ရွှေအင်မော်တယ် ဆဋ္ဌမအလွှာတွင် ရှိပြီး ရွှေအင်မော်တယ်အဆင့်နှောင်းပိုင်းနှင့် ခြေတစ်လှမ်းသာ ကွာတော့သည်။ သို့ပါသော်လည်း ၎င်းသည် လုရီ၏ ကမ္ဘာ့ဘုရင် လက်သီး တစ်ချက်တည်းဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခုခံနိုင်စွမ်းပင် မရှိသလောက် ဖြစ်ခဲ့သည်။
ထိုလက်သီးချက်ကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော ယွီဟန်ကွမ်းမှာ သူ၏မျက်လုံးများပင် ပြုတ်ထွက်လုမတတ် ဖြစ်သွားသည်။
အဲဒါ ရွှေအင်မော်တယ် ဆဋ္ဌမအလွှာ ကျိုယိုမိစ္ဆာတစ်ကောင်လေ။
သူသာ တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုပါက ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနိုင်၏။
ယွီဟန်ကွမ်းသည် ထူးကဲစွာ ပါရမီထက်မြက်ပြီး အစွမ်းထက်သော်လည်း ရွှေအင်မော်တယ် ဆဋ္ဌမအလွှာ ကျိုယိုမိစ္ဆာတစ်ကောင်နှင့် သူ ယှဉ်နိုင်ဦးမည်မဟုတ်ပေ။ အသေးစားနယ်ပယ်သုံးခုကို ကျော်ဖြတ်ပြီး ထိပ်တွင် အတားအဆီး တစ်ခုပါရှိနေခြင်းမှာ ကြီးမားသော ကွာဟချက်တစ်ခုကို ဖြစ်ပေါ်စေပြီးဖြစ်သည်။
သို့ပါလျက် လုရီက သူ၏ နက်ရှိုင်းခြင်း
အင်မော်တယ် စတုတ္ထအလွှာ အစွမ်းဖြင့် ရွှေအင်မော်တယ် ဆဋ္ဌမအလွှာရှိ ကျိုယိုမိစ္ဆာ တစ်ကောင်ကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့ပြီး နယ်ပယ်ကြီးတစ်ခုထက်မကသော ကွာဟချက်ကို ပေါင်းကူးပေးနိုင်ခဲ့သည်။
ဤအဖြစ်က ယွီဟန်ကွမ်းအား သူ၏ဘဝကို မေးခွန်းထုတ်စေတော့သည်။
“…ငါတို့ဘိုးဘေးတွေ မင်းအပေါ်မှာ ဒီလောက်မျှော်လင့်ချက်ကြီးကြီးထားတာ အံ့ဩစရာမရှိတော့ပါဘူး၊ ငါ လက်ခံလိုက်ပါပြီ”
တိုက်ပွဲတစ်ခု ပြီးဆုံးပြီးနောက် ယွီဟန်ကွမ်းက ဆိုလိုက်ရာ သူ၏လုရီအပေါ် အကြည့်မှာ အတော်လေး ထူးဆန်းနေသည်။
လုရီက ခပ်အေးအေး ရယ်မောလိုက်သည်။
“ဟဲဟဲ၊ ကျွန်တော့်ပါရမီက သိပ်မဆိုးလို့နဲ့ တာအိုအပေါ် ကျွန်တော့်ရဲ့ အာရုံခံနိုင်စွမ်းက တော်တော်လေး အားကောင်းလို့ ဖြစ်မှာပါ”
အမှန်စင်စစ် လုရီသည် တာအိုစွမ်းအားကိုပင် အသုံးမပြုရသေးဘဲ၊ ဤစွမ်းဆောင်မှုကို သူ၏ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့်သာ ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။
သူသာ တာအိုစွမ်းအားကို ကောင်းကင်နှလုံးသားသိုင်းနည်းစနစ်နှင့် ယင်ယန်တာအိုတံဆိပ်တို့နှင့်အတူ ထုတ်ဖော်မည်ဆိုပါက ရွှေအင်မော်တယ်အဆင့်အောက်တွင် သူ ရှုံးနိမ့်စရာမရှိဟု ယုံကြည်မိသည်။
အင်မော်တယ် ဧကရာဇ် တစ်ပါး မည်မျှအားကောင်းသည်ကို မသိသော်လည်း သူသာ ယှဉ်နိုင်မည် မဟုတ်လျှင်ပင် သူလွတ်မြောက်နိုင်ပြီး အင်မော်တယ်ဧကရာဇ်အဆင့် အစောပိုင်းတစ်ဦးက သူ့ကို မတားဆီးနိုင်ဟု လုရီ ခံစားမိသည်။
သို့သော်လည်း လုရီသည် ယခုအချိန်တွင်
အင်မော်တယ် ဧကရာဇ် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်ရန် မမိုက်မဲလှပေ။
အားနည်းသူတွေကို တိုက်ခိုက်ရတာက ပိုအဆငမပြေပေဘူးလား။
သူတို့ နက်ရှိုင်းစွာ စွန့်စားသွားသည်နှင့်အမျှ
ကျိုယိုမိစ္ဆာ အလုံးအရင်းများမှာ ပို၍ပို၍ ကြီးမားလာသည်။
ကျိုယိုမိစ္ဆာ အကောင်နှစ်ဆယ်မှ သုံးဆယ်အထိပါသော အုပ်စုများမှာ သာမန်နီးပါး ဖြစ်လာသည်။
လင်းလောင်တောင်ထိပ်သခင်မမှာ ဤသို့သောဖိအားအောက်တွင် သူမ၏အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။ တိုက်ပွဲကြီး ပြီးနောက် သူမ၏ အသက်ရှုသံမှာ အားနည်းနေပြီး သူမ၏ အင်မော်တယ်စွမ်းအင်မှာ များစွာကုန်ဆုံးသွားသည်။
ဤသည်ကို မြင်သောအခါ လုရီသည်
လင်းလောင်တောင်ထိပ် သခင်မ၏ ရှေ့သို့
ရွေ့သွားပြီး ပြုံး၍ “ဆရာ၊ ကျွန်တော့်နောက်မှာ ရပ်နေပါ” ဟု ဆိုလိုက်သည်။
လင်းလောင်တောင်ထိပ် သခင်မမှာ မှင်တက်သွားပြီး လုရီ၏ ကျယ်ပြန့်သော ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်လုံးများမှာ လင်းလက်သွားပြီး ခဏတာမျှ ငေးမောသွားသည်။
ထိုအခါမှ လင်းလောင်တောင်ထိပ် သခင်မသည် သူမတစ်ချိန်က ကလေးငယ်လေး တစ်ဦးအဖြစ်သာ ထင်မှတ်ခဲ့သော ကောင်လေးမှာ ယခုအခါ သူမကိုပင် ဒြပ်စင်များရန်မှ ကာကွယ်ပေးနိုင်လောက်အောင် အားကောင်းလာပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မ၏ လှပသောမျက်လုံးများထဲတွင် အလင်းရောင်များ ကခုန်နေပြီး သူမ၏အကြည့်များမှာ မသိစိတ်ဖြင့် နူးညံ့သွားသည်။
“ဘုန်းး”
သူမ၏ဘေးမှ ယွီဟန်ကွမ်းမှာ ရွှေအင်မော်တယ် ပဉ္စမအလွှာ ကျိုယိုမိစ္ဆာတစ်ကောင်နှင့် တိုက်မိပြီး ခြေလှမ်းများစွာ နောက်သို့ဆုတ်သွားသည်။ သူ့ကို ဝန်းရံထားသော ရွှေအင်မော်တယ်အဆင့်အစောပိုင်း ကျိုယိုမိစ္ဆာသုံးကောင်လည်း ရှိနေသေး၏။
ရွှေအင်မော်တယ် ကျိုယိုမိစ္ဆာလေးကောင်၏ ဝန်းရံခြင်းကိုခံရသောအခါ
ယွီဟန်ကွမ်း၏ မျက်နှာမှာ စိမ်းဖန့်သွားသည်။
လုရီက သူ့ကို မကူညီခြင်းမဟုတ်ဘဲ၊
ယွီဟန်ကွမ်းက လုရီ လက်သီးတစ်ချက်တည်းဖြင့် ရွှေအင်မော်တယ် နယ်ပယ်မှ ကျိုယိုမိစ္ဆာများအပါအဝင် မိစ္ဆာအုပ်စုများကို လွင့်စဉ်သွားအောင် လုပ်နေသည်ကို ကြည့်ရင်း သူလည်းလုပ်နိုင်သည်ဟု ယွီဟန်ကွမ်းက ထင်မှတ်ခဲ့ခြင်းသာ။
သူက စိတ်အားထက်သန်စွာဖြင့် ကျိုယို မိစ္ဆာ လေးကောင်ကို သူတစ်ယောက်တည်း ကိုင်တွယ်ရန် တာဝန်ယူခဲ့သော်လည်း အဆုံးတွင် အသည်းအသန်နောက်ဆုတ်ရလိမ့်မည်ဟု
မမျှော်လင့်ထားခဲ့ပေ။
“လုရီ၊ ကူပါဦး၊ ကူပါဦး”
သူ၏စကားသံ ထွက်ပေါ်လာသည်နှင့် နေရာလပ်ကို ဆုတ်ဖြဲနေသကဲ့သို့သော ဖျော့တော့သော ဓားစိတ်ဆန္ဒအချို့ လေထဲတွင် ဖြတ်သန်းသွားပြီး
ယွီဟန်ကွမ်း၏ရှေ့တွင် မျဉ်းကွေးအချို့ကို ထွင်းထုသွားသည်။
သူ့ကို လိုက်လံနေသော ရွှေအင်မော်တယ် ကျိုယိုမိစ္ဆာ လေးကောင်မှာ ချက်ချင်းပင် နေရာတွင် တောင့်ခဲသွားတော့သည်။
*****