← Chapters

အခန်း (၁၁၀၅-၁၁၀၈)

Vol. 56 Ch. 1105-1108

အခန်း (၁၁၀၅-၁၁၀၈)

Vol. 56 Ch. 1105-1108

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၀၅ )

ဘယ်လို ဆိုးသွမ်းတဲ့ ရည်ရွယ်ချက် ရှိနိုင်မှာလဲ

ယဲ့ဖန်သည် ငေးမှိုင်နေချိန် ရုတ်တရက် သူ့မျက်နှာပေါ်မှ ယားယံမှုကို ခံစားလိုက်ရသည်။

သူ မျက်လုံးကို ဖွင့်လိုက်သည်။

လှပပြီး ပြေပြစ်သော အမျိုးသမီးတစ်ဦးသည် သူ၏ နားရွက်နားကို ကပ်လာသည်။

သူမသည် သူ၏ မျက်နှာကို ဆံပင်တွေဖြင့် ပွတ်သီးပွတ်သပ် တိုက်နေသည်။

သူသည် လက်ကိုဆွဲပြီး စောင်ထဲသို့ ဆွဲသွင်းလိုက်ကာ သူမ၏ တစ်ကိုယ်လုံးပေါ်သို့ လက်ဖြင့် ပြေးလွှားကစားလိုက်သည်။

" ခစ်ခစ်ခစ် ...... "

ထိုအမျိုးသမီးက ချက်ချင်းပင် ချိုမြိန်စွာ ရယ်မောလိုက်သည်။

ထိုအမျိုးသမီးလေးမှာ ဖုန်းကျင်းရီ ဖြစ်ပြီး မနေ့ညက သူ့ကို စာတိုပေးပို့ခဲ့လေသည်။

သူမကို ရှုမန်မှ ယန်းချန်မြို့သို့ အလုပ်ကိစ္စဖြင့် ပို့ခဲ့သည်။

ယဲ့ဖန်သည် ယန်းချန်မြို့ဆီသို့ ပြန်လာပြီဖြစ်ကြောင်း သူမ ကြားပြီးနောက် သူမဘက်မှ စတင်၍ သီးသန့်တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သည်။

မနေ့ညက သူမ ကစားခဲ့သော ထူးဆန်းသည့်လှည့်ကွက်များအကြောင်း သူ တွေးလိုက်မိသည့်အခါ ယဲ့ဖန်စိတ်တွေ မငြိမ်မသက် ဖြစ်သွားရသည်။

သူ စိတ်ထဲတွင် ကျိန်ဆဲရုံမှတပါး မတတ်နိုင်ချေ။

ဖုန်းကျင်းရီသည် သူမ၏ ခန္ဓာကိုယ်ကို လှည့်ပတ်ပွတ်သပ်နေလေသည်။

" ကျွန်မ ဝတ်ထားတာကို ရှင် မကြိုက်ဘူးလား "

ယဲ့ဖန် သူမ၏ နူးညံ့သော မေးစေ့ကို မြှောက်လိုက်သည်။

" အမှန်ပြောစမ်း၊ ဒီထူးဆန်းတဲ့ လှည့်ကွက်တွေကို ဘယ်မှာသင်လာခဲ့တာလဲ "

ဖုန်းကျင်းရီ ပါးစပ်ကို ဟဖွင့်ပြီး ယဲ့ဖန်၏ လက်ချောင်းများကို ပါးစပ်ထဲသို့ ထည့်စုပ်လိုက်သည်။

" သေချာပေါက်၊ ပညာကျွမ်းတဲ့ ဆရာတစ်ယောက်ဆီကနေ အကြံဉာဏ်တောင်းလာတာ။ ကျွန်မကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ကိုယ်တိုင် အဖြေရှာခဲ့ရသေးတယ် "

သူမ ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်လျက် ပြောလိုက်သည်။

ယဲ့ဖန်၏ မျက်လုံးထဲမှ သတ်ပစ်ရန် ရည်ရွယ်ချက်များ ထင်ရှားနေသည်။

" ကြိုးစားလေ့ကျင့်တာလား။ ကိုယ်ကလွဲရင် တခြားဘယ်သူတွေနဲ့ လေ့ကျင့်ဖူးသေးတာလဲ "

ဖုန်းကျင်းရီ ခန္ဓာကိုယ် တောင့်လာသည်။

" ကျွန်မကို အထင်လွဲနေတာပါ။ ကျွန်မက အိမ်မှာ တစ်ယောက်တည်းပဲ လေ့ကျင့်တာ။ မနေ့ညကမှ ပထမဆုံး တကယ့် တိုက်ပွဲပဲ "

" ရှင်ကလွဲရင် ကျွန်မမှာ တခြားလူမရှိပါဘူး။ ကျွန်မ လိမ်ပြောရင် အသေဆိုးနဲ့ သေရပါလိမ့်မယ် "

ယဲ့ဖန် သူမကို ညစ်ညမ်းသော မိန်းမတစ်ယောက်အဖြစ် အထင်လွဲသွားမည်ကို သူမကြောက်သည်။

ထို့ကြောင့် လျင်မြန်စွာ ကျိန်ဆိုလေ၏။

ယဲ့ဖန်သည် သူမ၏ အမူအရာကြောင့် အူရွှင်သွားသည်။

" ကိုယ်က ပေါ့ပေါ့ပါးပါး မေးတာပါ။ မင်း ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ "

ဖုန်းကျင်းရီ ချက်ချင်း စိတ်ရှုပ်သွားသည်။

" ရှင့်ကို ဘာလို့ ကြောက်နေရမှာလဲ။ ကျွန်မ ရှင့်ကို သင်ခန်းစာပေးမယ် "

သူမသည် စကားပြောနေစဉ်တွင် သူ၏ တစ်ကိုယ်လုံးကို ကုတ်ခြစ်နေသော်လည်း ဟန်ပြသာဖြစ်သည်။

သူမသည် မည်သည့်ခွန်အားကိုမျှ အသုံးမပြုခဲ့ပေ။

ထိုခွန်အားသည် ကြောင်တစ်ကောင်နှင့်ပင် မယှဉ်နိုင်ပေ။

ယဲ့ဖန် သူမကို တည့်တည့် စိုက်ကြည့်နေသည်။

" ရိုးရိုးသားသားပြော။ မင်း ဒီအတွက် မင်းရဲ့ ခွန်အားတွေ အကုန်သုံးထားတာ။ မင်းရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်က ဘာလဲ "

ဖုန်းကျင်းရီ ရပ်လိုက်ပြီး သူ့ကို တင်းမာသော အမူအရာဖြင့် ကြည့်လိုက်သည်။

" ကျွန်မက ဘယ်လိုလုပ် မကောင်းတာ ရှိရမှာလဲ။ ကျွန်မက သခင်ကြီးရဲ့ ကိန္နရီပါ။ သေချာပေါက် ရှင့်ကို ကျေနပ်စေမယ့် နည်းလမ်းကို စဉ်းစားရမှာပေါ့ "

" ကျွန်မရဲ့ ရုပ်ရည်အရ ရှုမန်နဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုတာကို ကျွန်မ ဝန်ခံပါတယ်။ ရှင့်ရဲ့ တခြားမိန်းမတွေနဲ့လည်း မနှိုင်းယှဉ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ အဲ့တာကြောင့် ရှင် နောက်ကျ ကျွန်မကို ရက်ရက်စက်စက် ပစ်သွားလို့မရအောင် ကျွန်မက တခြားနယ်ပယ်တွေမှာ ကျွမ်းကျင်မှုရှိရမယ် "

ယဲ့ဖန် သူမကို စကားမပြောနိုင်စွာ ကြည့်နေသည်။

" ဒါဆို ကိုယ် မင်းနဲ့ ဝေးဝေးနေရမယ် ထင်တယ် "

ဖုန်းကျင်းရီသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

" ဘာလို့လဲ "

ယဲ့ဖန်သည် ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

" စိတ်ဝိဉာဉ် အမွှာမွှာဖြစ်အောင် လေ့ကျင့်ထားတဲ့ မင်းလို အရည်ညှစ်ထုတ်တတ်တဲ့သူအတွက် ကိုယ်မင်းနဲ့ ဝေးဝေး မနေရင် မကြာခင်မှာ အရည်ခမ်းသွားလိမ့်မယ် "

ဖုန်းကျင်းရီ ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။

" ဒါဆို ကျွန်မ မြန်မြန်လုပ်ရမှာပဲ။ ရှင် မပင်ပန်းခင် တတ်နိုင်သမျှ အရည်ညှစ်လိုက်မယ် "

သူမ ပြောနေရင်းဖြင့် မရိုးမသားပုံစံ ဖြစ်လာပြန်သည်။

ယဲ့ဖန် သူမ၏ လက်ကောက်ကို အမြန်ဆုပ်ဖမ်းလိုက်သည်။

" အပြင်မှာ ကောင်းကင်ကတောင် လင်းထိန်နေပြီ။ ခဏလောက် နားလို့ရမလား။ အပြင်ထွက်ပြီး တစ်ခုခု အရင်စားရအောင် "

ဖုန်းကျင်းရီ သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်။

" ဘာစားမှာလဲ။ နောက်တစ်ခုခုစားပြီး ဗိုက်ဖြည့်လို့မရဘူးလား "

" ဒါပေမဲ့ "

ယဲ့ဖန် ဘာမှမပြောနိုင်ခင်မှာပင် .........

ယဲ့ဖန်သည် မျက်လုံးများဘကျယ်ကျယ်ဖွင့်လျက် မျက်နှာကျက်ကိုသာ စိုက်ကြည့်နေနိုင်တော့သည်။

ထားလိုက်တော့၊ ခံနိုင်ရည်မရှိမှတော့ တိတ်တိတ်လေး သည်းခံရမှာပေါ့။

နေဝင်ချိန်မှ ယဲ့ဖန်နှင့် ဖုန်းကျင်းရီတို့သည် အခန်းတွင်းမှ ထွက်လာပြီး ထမင်းစားရန် ဟိုတယ်၏ စားသောက်ဆိုင်သို့ သွားခဲ့သည်။

ဖုန်းကျင်းရီသည် ထမင်းစားချိန်တစ်လျှောက်လုံး တစ်ခုခုကို စဉ်းစားနေခဲ့သည်။

ထိုသည်ကို ယဲ့ဖန်က မြင်ပြီး မေးလေသည်။

" မင်း ဘာတွေစဉ်းစားနေတာလဲ။ ပြဿနာတစ်ခုခုကြုံလို့လား။ ကိုယ့်ကိုပြောလေ။ ကူဖြေရှင်းပေးမယ် "

ဖုန်းကျင်းရီသည် ချက်ချင်းဆိုသလိုပင် မျက်ရည်ရွဲနေသော မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်လေသည်။

" ကျွန်မ တွေးဖူးတဲ့ လှည့်ကွက်တွေ အကုန်သုံးပြီးပြီ။ ကျွန်မ စဉ်းစားနေတာ။ နောက်တစ်ခါ ဘာလုပ်ရမလဲ "

" ဖူး ...... "

ယဲ့ဖန် သူ့ပါးစပ်ထဲမှ အစားအစာများကို ထွေးထုတ်လုနီးပါးဖြစ်သွားသည်။

သူသည် သူမနဖူးကို အလျင်အမြန် တောက်လိုက်သည်။

" ဘာလို့ ဒီအကြောင်းတွေကိုပဲ ဆက်တိုက်တွေးနေတာလဲ။ တခြားကိစ္စတွေကို မစဉ်းစားနိုင်ဘူးလား "

" တစ်ခြားရှိသေးတာလား "

ဖုန်းကျင်းရီ သူမခေါင်းလေးကို စောင်းကာ စဉ်းစားရင်း မျက်လုံးများ တောက်ပလာသည်။

" ရှုမန်ကို မူးအောင်တိုက်ရင်ရော ဘယ်လိုလဲ။ ကျွန်မတို့ သုံးယောက် အတူတူဆော့လို့ရတယ်။ ရှင် ဘယ်လိုထင်လဲ "

" ဖက်ခ် "

ယဲ့ဖန် နွားတစ်ကောင်နား ဗျပ်စောင်းတီးနေသလို ခံစားလိုက်ရသည်။

သူ့ပန်းကန်လုံးထဲမှ ဟင်းရည်ကို အပြီးသတ် သောက်ပြီး ချက်ချင်း ထရပ်လိုက်သည်။

သို့သော် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

သူမ၏ အကြံအစည်သည် စိတ်မချရချေ။

သို့သော် ဒုတိယအကြိမ် တွေးမိသည့်အခါ ထိုအဖြစ်က ဆွဲဆောင်မှု ရှိလေသည်။

အထူးသဖြင့် ဘေးအိမ်မှ အစ်မတစ်ယောက်လို စိတ်ထားမျိုး ရှုမန်၏ ချောမောလှပလွန်းသည့်မျက်နှာကို တွေးမိလိုက်သောအခါ သူ့နှလုံးသားမှ ချက်ချင်း ခုန်ပေါက်လာခဲ့သည်။

ဖုန်းကျင်းရီ သူ့နောက်ကို အမြန်လိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

" သခင်၊ ကျွန်မတို့ ဘယ်သွားကြမလို့လဲ "

ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" မင်း ကိုယ့်ကို အပြင်မှာ အဲ့လိုခေါ်လို့မရဘူး။ တခြားသူတွေက ကိုယ့်ကို ကျွန်ပိုင်ရှင်လို့ ထင်သွားနိုင်တယ် "

ဖုန်းကျင်းရီ နာခံစွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ သခင် "

ယဲ့ဖန် သူမကို တကယ်ပင် ဘာမှ မလုပ်နိုင်ခဲ့ချေ။

လွှတ်ထားလိုက်ရတော့သည်။

" သွား၊ မင်း အဝတ်အစားသွားလဲထား။ ခဏနေ စုဝေးပွဲတစ်ခုကို လိုက်ခဲ့ပေး "

ဖုန်းကျင်းရီ၏ မျက်လုံးများ တောက်ပလာသည်။

" ရှင် ... ရှင် ကျွန်မကို ပါတီပွဲမှာ အဖော်ပြုပေးစေချင်လို့လား "

ယောက်ျားတစ်ယောက်မှ တရားဝင်ပွဲတစ်ခုဆီသို့ ဖိတ်ခေါ်ရန် ဆန္ဒရှိခြင်းက အသိအမှတ်ပြုလိုက်ခြင်းဟု ယူဆနိုင်သည်။

ယဲ့ဖန် မျက်လုံးပြူးသွားသည်။

" သိပ်စဉ်းစားမနေနဲ့၊ အဲ့တာက အတန်းဟောင်းကလူတွေ ပြန်ဆုံပွဲပဲ "

" မင်းရဲ့ နေရာကို သိသင့်တယ်။ ငါ့ရည်းစားလို အခြေအနေမျိုးနဲ့ ပေါ်လာမှာ မဟုတ်ဘူး ဆိုတာ မင်း နားလည်တယ်မလား "

သူ့စကားမှာ အနည်းငယ် ကြေကွဲစရာကောင်းလှသည်။

သို့သော် ဖုန်းကျင်းရီမှ ခေါင်းညိတ်လိုက်ဆဲဖြစ်သည်။

" နားလည်ပါတယ်။ ကျွန်မအခြေနေကို ကျွန်မသိပါတယ်။ စည်းမျည်းတွေကို ကျော်မလာပါဘူး "

ယဲ့ဖန် တခြားဘာမှ မပြောချေ။

အကယ်၍ သူမသည် အန္တရာယ်ကင်းသော ကိန္နရီတစ်ကောင်သာ ဖြစ်ပါက သူမလိုချင်သော စည်းစိမ်ဥစ္စာအားလုံးကို ပေးကမ်းရန် စိတ်ထဲမထားချေ။

သို့သော် သူမတွင် အခြားရည်မှန်းချက်များ ရှိနေသည်ဆိုပါက သူ စိတ်မကောင်းသော်လည်း အိပ်ရာပေါ်မှ ကျွမ်းကျင်မှုကို မျက်ကွယ်ပြုပြီး သူမ၏ အထင်မှားမှုကို အဆုံးသတ်မည် ဖြစ်သည်။

သူတို့ နှစ်ယောက်သည် ကြိုတင်ပြီး သဘောတူညီမှု ရရှိထားပြီး ဖြစ်၍ နှလုံးသား မရှိသည်ဟု သူ့ကို အပြစ်တင်လို့ မရချေ။

စာချုပ်ကို ဖောက်ဖျက်လျှင် ဖယ်ထုတ်ခံရမည်။

ဖုန်းကျင်းရီသည် ဝိုင်နီရောင် ညနေခင်း ဂါဝန်ကို ပြောင်းဝတ်ပြီး ထွက်လာသောအခါ ယဲ့ဖန်ပင် အံ့အားသင့်သွားသည်။

သူမသည် မှင်သက်လောက်အောင် လှပနေခြင်းတော့ မဟုတ်ချေ။

အမှန်တကယ်၌ မျက်နှာအသွင်အပြင်အရ သူမသည် ချန်းရွှမ်နှင့် ရှုမန်တို့၏ တစ်ဝက်ပင် မပြည့်မီချေ။

သို့သော် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဆွဲဆောင်မှု ကိုယ်ရောင်ဝါသည် အခြားအမျိုးသမီးများ မရှိသည့်အရာ ဖြစ်သည်။

အထူးသဖြင့် ဤသို့ အနီရောင်ညနေခင်းဂါဝန်မျိုးသည် သာမန်အမျိုးသမီးများ အရောင်ထွက်နိုင်သည့်အရာ မဟုတ်ပေ။

သို့သော် သူမ ဝတ်လိုက်သောအခါတွင် သူမအတွက် အံဝင်ခွင်ကျဖြစ်နေဟန်တူသည်။

အနီရောင် ဒေါက်မြင့်ဖိနပ်များနှင့်အတူ သူမသည် မခံနိုင်သော ဆွဲဆောင်မှုတစ်ခုကို ပေါ်လွင်စေသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ 'ကျားတွင်းထဲကို ပြန်ခုန်ဝင်'ချင်သွားသည်။

သို့သော် အချိန်မလောက်ဘူးဆိုသည့် အတွေးက သူ့ကို ခံနိုင်ရည်ရှိလာစေသည်။

" တကယ်တော့ မင်း ဒီလောက်ထိ တရားဝင် ၀တ်စားဖို့ မလိုပါဘူး။ ဒါက သီးသန့် တွေ့ဆုံပွဲ ပါတီလေးတစ်ခုပဲ "

ယဲ့ဖန် သူမဆီမှ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်သည်။

" ပွဲတက်ဖို့ ကူပေးရတာဆိုတော့ နေရာက ဘာပဲလုပ်လုပ် ကျွန်မ ပိုအာရုံစိုက်ရမယ်။ ရှင့်ကို အရှက်မကွဲစေချင်ဘူး "

ဖုန်းကျင်းရီသည် လမ်းလျှောက်လာပြီး သူ့လက်ကို တရင်းတနှီး ဖက်တွယ်လိုက်သည်။

ဒေါက်မြင့်ဖိနပ်ကို ၀တ်ပြီးနောက် သူမသည် ယဲ့ဖန်ထက် ဦးခေါင်းတစ်ဝက်သာ ပုတော့သည် ။

ထို့ကြောင့် သူတို့နှစ်ဦးမှာ လိုက်ဖက်သောအတွဲတစ်တွဲဟု သတ်မှတ်နိုင်သည်။

" သွားကြရအောင် "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၀၆ )

သခင်ကြီး၊ တစ်ခုခုကို ကြုံဖူးချင်လား

ထို့နောက် နှစ်ယောက်သား ဟိုတယ်မှ ထွက်လာကြသည်။

လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာ အများအပြားက သူတို့ကို ကြည့်ရန် ခေါင်းပင် လှည့်ကြည့်ကြသည်။

ခေါင်းလှည့်ကြည့်နှုန်းမှာ ၁၀၀%လို့ ပြောလို့ရနိုင်သည်။

သေချာပေါက် ထိုလူများ၏ အကြည့်တွေသည် ဖုန်းကျင်းရီကို အာရုံစိုက်နေကြခြင်း ဖြစ်သည်။

ယဲ့ဖန်ကို ကြည့်နေသူများမှာတော့ အများစုမှာ သူ့ကို ရွံရှာစွာ ကြည့်သွားကြသည်။

ယဲ့ဖန်သည် ထိုအကြည့်မျိုးကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

အရေထူနေသရွေ့ သူ့ကို ဘယ်သူမှ နှိမ့်ချရဲမှာ မဟုတ်ချေ။

Blue Charm Nightဖြင့် Holy Clan၏ ကလပ်သို့ သွားရာလမ်းတွင် ယဲ့ဖန်သည် ဖုန်းကျင်းရီကို အခါအားလျော်စွာ စိုက်ကြည့်တတ်သည်။

ဒီည သူမ၏ မိတ်ကပ်မှာ အလွန်လှလေသည်။

သူမ၏ ဆံနွယ်များကို အနောက်မှာ ချည်နှောင်ထားပြီး နားကပ်နှစ်ဖက်လည်း ချိတ်ဆွဲထားသည်။

အနည်းငယ် ကျက်သရေနှင့် ကျော့ရှင်းမှုကို ပေါင်းထည့်ထားသည်။

သူမ၏ မျက်တောင်များသည် ရှည်လျနေသည်။

မျက်တောင်ခတ်လိုက်သည့်အခါတိုင်း သူမသည် အလွန်ပရောပရည်ဆန်နေပုံရသည်။

သူမ၏ နှုတ်ခမ်းများကို အနီရောင်တောက်တောက် နှုတ်ခမ်းနီဖြင့် ခြယ်သထားပြီး ဖော်မပြနိုင်သော ဆွဲဆောင်မှုတစ်ခုကို ပေါ်လွင်စေသည်။

ယဲ့ဖန်မျက်လုံးများ ပူလောင်လာသည်။

ဖုန်းကျင်းရီ သူ့အကြည့်တွေကို သတိထားမိပြီး ချက်ချင်း သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

" ဘာလို့ ကျွန်မကို ချောင်းကြည့်နေတာလဲ "

ယဲ့ဖန် ဒေါသတကြီး ပြန်ပြောသည်။

" ချောင်းကြည့်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကိုယ့်မိန်းမကို ချောင်းကြည့်ဖို့ လိုသေးလို့လား။ ပေါ်တင်ပဲ ကြည့်တယ် ဟုတ်ပြီလား "

ဖုန်းကျင်းရီသည် သူမ၏ ဆံပင်များကို လှည့်ပတ်ကစားလိုက်သည်။

" ကြည့်ကောင်းလား "

ယဲ့ဖန် မငြင်းနိုင်ချေ။

သူ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။

" ကြည့်ကောင်းတယ် "

ဖုန်းကျင်းရီ၏ မျက်နှာသည် စနောက်သော အရိပ်အမြွက်ပြနေသည်။

" သခင်၊ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာ တစ်ခုခုကို ကြုံချင်လား "

ယဲ့ဖန် သူမကို မော့ကြည့်လိုက်သည်။

" ဘာက ပိုစိတ်လှုပ်ရှားစရာကောင်းတာလဲ "

ဖုန်းကျင်းရီ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။

" ကားသာ မောင်းနေလိုက်ပါ။ ကျန်တာ ကျွန်မကို အပ်ထားလိုက် "

ထိုစကားကို ပြောပြီးနောက် သူမ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။

ယဲ့ဖန် ချက်ချင်း စတီယာရင်ဘီးကို ကိုင်လိုက်သည်။

သူ မတတ်နိုင်ဘဲ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ဘယ်လို အဆိပ်ပြင်းတဲ့မိန်းမလဲ။

အာရုံစူးစိုက်မှု အားနည်းချိန် သူ့ရှေ့ရှိ မီးပွိုင့်မှာ နီနေပြီဖြစ်ကြောင်းကို သတိမထားမိလိုက်ပေ။

ဘရိတ်ကို အမြန် အရှိန်ပြင်းပြင်း နင်းချလိုက်သည်။

ဖုန်းကျင်းရီ၏ ဦးခေါင်းကို ကာကွယ်ရန် သူ၏ ညာလက်ကို အသုံးပြုပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ကားနောက်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

Blue Charm Nightသည် ကြီးမားသောအကွာအဝေးဆီသို့ ချက်ချင်း ရှေ့ရောက်သွားသည်။

ဖုန်းကျင်းရီသည် လှည့်မကြည့်မီ ခေါင်းကို အမြန်မြှောက်လိုက်ပြီး တစ်ရှူးအနည်းငယ်ကို ထုတ်လိုက်သည်။

" ကားတိုက်မိလို့လား "

ပါးစပ်ကို တစ်ရှူးနှင့်သုတ်ပြီး ထိတ်လန့်တကြား ပြန်ကြည့်သည်။

" ဟုတ်တယ် "

ယဲ့ဖန်သည် သူ့ဘောင်းဘီကို ပြန်ဝတ်ကာ ကားထဲမှ ထွက်လာပြီး ခါးသီးစွာ ပြုံးလိုက်သည်။

Blue Charm Night၏ ကားအနောက်ဘက်ခြမ်းသည် အကြီးအကျယ် အတိုက်ခံထားရပြီး အနည်းငယ် သနားစရာပုံစံပေါ်နေသည်။

Rolls-Royce Phantom တစ်စီးသည် သူ့ကားနောက်တွင် ရပ်ထားသည်။

ထိုအချိန်တွင် Phantomတံခါးကို ရုတ်တရက် တွန်းဖွင့်ပြီး အမျိုးသမီး ယာဉ်မောင်းတစ်ယောက် ကားထဲမှ အမြန်ထွက်လာခဲ့သည်။

ထိုအမျိုးသမီးသည် အတော်လေး ကြည့်ကောင်းသည်။

ဖုန်းကျင်းရီသည် အမှတ် ကိုးဆယ် ဆိုလျှင် သူမသည် ခုနစ်ဆယ်ဝန်းကျင် ဖြစ်လေသည်။

သူမသည် လှိုင်းတွန့်ဆံပင်ပုံစံရှိပြီး တိုတို တင်းတင်းကျပ်ကျပ်ရှိသော ၀တ်စုံနှင့် အမြင့်ဆယ်စင်တီမီတာကျော်ရှိသော ဒေါက်မြင့်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။

သူမသည် Phantom၏ ပျက်စီးနေသော ကားရှေ့ကို ပထမဆုံး စစ်ဆေးပြီးနောက် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်လာသည်။

" ကားဘယ်လိုမောင်းရလဲ သိလား "

ထိုပထမအကြိမ် အပြစ်တင်သံကို ကြားသောအခါ ယဲ့ဖန် ရယ်ရမလား ငိုရမလားမသိချေ။

" အစ်မကြီး၊ ခင်ဗျားကသာ ဝင်တိုက်တဲ့သူလေ "

ထိုစကားကို ကြားသောအခါ ထိုမိန်းမသည် ပို၍ပင် ဒေါသဖြစ်လာလေသည်။

" အစ်မကြီးဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ "

ယဲ့ဖန် သူမကို ဆက်ဆံပုံ ပြောင်းရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။

" ဒါဆို မိန်းကလေးလို့ ခေါ်ရမှာလား "

ထိုအမျိုးသမီးက သူ့ကို စိုက်ကြည့်နေပြန်သည်။

" မင်းကမှ မိန်းကလေး၊ မင်း တစ်မိသားစုလုံးလည်း မိန်းကလေး "

ယဲ့ဖန် အနည်းငယ် စကားမပြောနိုင် ဖြစ်သွားရသည်။

" ကောင်းပြီ၊ ဒီက အမျိုးသမီး။ အဆင်ပြေရဲ့လား။ ခင်ဗျားကသာ ကျွန်တော့်ကားကို ဝင်တိုက်ခဲ့တဲ့သူလေ။ ခင်ဗျား တာဝန်အပြည့်ယူသင့်တယ် "

ထိုမိန်းမက တရားမှန်ကန်မှု ရှိသည့်ပုံစံဖြင့် ပြန်ပြောသည်။

" မင်းသာ ကားမရပ်ရင် ငါ မင်းကို တိုက်မိပါ့မလား "

ယဲ့ဖန်သည် နှစ်စက္ကန့်လောက် ထိတ်လန့်သွားသည်။

" ဒါပေမယ့် အခု မီးနီနေတယ်လေ။ ကားရပ်တာ မှားလို့လား "

ထိုအမျိုးသမီးက ယဲ့ဖန်နှင့် အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ပြောရန် လုံးဝ မကြိုးစားချေ။

" မီးနီတာနဲ့ ရပ်လို့ရမလား။ ငါ့ကားက ဘယ်လောက်ဈေးကြီးလဲ သိလား။ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ကားကို ယူလာတာကို နင်က ငါ့ကားကို ဒီလိုအခြေအနေဖြစ်အောင် လုပ်လိုက်တာ။ နင်ငါ့ကို ဘယ်လို လျော်ကြေးပေးသင့်တယ်ထင်လဲ "

ယဲ့ဖန် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။

" ရှင်းရှင်း ပြောရရင် ခင်ဗျားက ကျွန်တော့်ကားကို လာတိုက်တဲ့သူ မဟုတ်ဘူးလား "

" နင် ကားကို မရပ်လိုက်ရင် ငါ နင့်ကို တိုက်မိပါ့မလား "

ထိုမိန်းမက တရားကျသည့်ပုံစံဖြင့် မေးသည်။

ကောင်းပြီ၊ ကျိုးကြောင်းဆင်ခြင်တာက အလုပ်မဖြစ်ဘူးဘဲ။

ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" ယာဉ်ထိန်းနဲ့ အာမခံဝန်ထမ်းကို ခေါ်လိုက် "

ထိုအမျိုးသမီးသည် ဒေါသအလွန်ထွက်ကာ မျက်နှာပင် ဖြူဖျော့သွားခဲ့သည်။

" ကောင်းပြီ၊ သူတို့ကို လာပြီး တရားစီရင်ခွင့်ပေးလိုက်။ သူတို့က နင်ငါ့ကို ဘယ်လောက်လျော်ကြေးပေးရမယ်ဆိုတာ တွက်ချက်ပေးလိမ့်မယ် "

ထိုသို့ပြောပြီး သူမ အာမခံကုမ္ပဏီကို ခေါ်လေသည်

ထိုအချိန်မှာ လူတော်တော်များများမှာလည်း ဘေး၌ ဝိုင်းပြီး စောင့်ကြည့်နေကြသည်။

အမှန်တွင် ဤကဲ့သို့ ဇိမ်ခံကားအချင်းချင်း တိုက်မိသည့် မြင်ကွင်းသည် ချမ်းသာသည့်သူများကို မုန်းတီးသူများအတွက် တကယ်ပင် ကျေနပ်စရာဖြစ်သည်။

" ဘုရားရေ၊ Rolls-Royceပဲ။ ဒီကားက အနည်းဆုံး ၁၀သန်းလောက် တန်တယ် မဟုတ်လား။ သူမက တကယ် ချမ်းသာတဲ့ မိန်းမပဲ "

" ဒီလို Rolls-Royceကို လက်တွေ့ဘဝမှာ ပထမဆုံးမြင်ဖူးတာပဲ။ ဒါက တကယ့်သူဌေးကြီးပဲ "

" မသိနားမလည်တဲ့ တောသားတွေပဲ။ Rolls-Royceကိုပဲ မြင်ဖူးတာလား။ အရှေ့ကကားကို မမြင်ဘူးလား။ အဲ့တာကမှ တကယ့် သူဌေးကြီးပဲ "

" ကျစ်၊ ဒီကားတံဆိပ်ကို ငါမမှတ်မိဘူး ထင်နေလား။ Lamborghiniပဲ မဟုတ်လား။ အနည်းဆုံး သန်းအနည်းငယ်ပဲ ရှိလိမ့်မယ်။ ဒီ Rolls-Royceက အနည်းဆုံး ၁၀သန်းလောက် ရှိတယ်ကွ "

" မင်း ဘာမှမသိဘူးလို့ ငါ ပြောခဲ့ပေမယ့် မင်းက အခုထိ ဝန်မခံသေးဘူးဘဲ။ အဲ့ဒီကားက Lamborghini ဟုတ်တယ်။ ဒါပေမယ့် Limited Edition Blue Charm Nightကွ။ ကမ္ဘာပေါ်မှာ တစ်စီးတည်းရှိတာ။ အနည်းဆုံးတော့ သန်းရာနဲ့ ချီတန်တယ် "

" ဘယ်လောက် .... ဘယ်လောက်လို့ပြောတာ။ သန်းရာချီလား။ ဟာသလုပ်နေတာလား။ သန်းရာနဲ့ချီမှတော့ လေယာဉ်ပျံတစ်စီးတောင် ဝယ်ဖို့ လုံလောက်နေပြီ "

" ဟား၊ မယုံရင် ကိုယ်တိုင် စစ်ဆေးကြည့်လို့ရတယ် "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၀၇ )

ပြတ်ပြတ်သားသားပြောရင် ကျွန်တော်တို့ မတတ်နိုင်ပါဘူး။

အခင်းဖြစ်ပွားရာနေရာ၌ ကြည့်ရှုသူ အများအပြားရှိလာခဲ့သည်။

သူတို့သည်လည်း အင်တာနက်ပေါ်သို့ တက်ကာ ရှာဖွေ ကြည့်လိုက်ကြသည်။

" လခွမ်း၊ အဲ့တာက တကယ်ကြီး သန်းရာနဲ့ချီတာဟ။ ချမ်းသာတဲ့လူတွေရဲ့ လောကကို ရိုးရိုးရှင်းရှင်း တွေးကြည့်လို့ မရဘူး "

" Rolls-Royceက ဇိမ်ဆုံးကားလို့ ငါ ထင်ခဲ့တာ။ ဒီ Blue Charm Nightရှေ့မှာတော့ အငယ်လေး ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး "

" ဒါဆို ဒီညီလေးက တကယ့် သူဌေးကြီးပေါ့။ ပြီးတော့ သူက အရမ်းငယ်ပြီး ချောတာပဲ။ သူက ပြောရရင် ယောက်ျားတွေထဲမှာ အကောင်းဆုံးပဲကွ "

" သူဟာ အရမ်းချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူ ဖြစ်ရမယ် ..... "

အထူးသဖြင့် အမျိုးသမီးအများအပြားမှာ ထိုစူပါဇိမ်ခံကားအကြောင်း ကြားပြီး အံ့အားသင့်သွားကြသည်။

သူတို့သည် ယဲ့ဖန်အား ထူးဆန်းသော မျက်လုံးစိမ်းများဖြင့် ကြည့်နေကြသည်။

တစ်ယောက်နှင့်တစ်ယောက် တိုးတိုးလေးပြောနေကြချိန်မှာပင် ယာဉ်ထိန်းရဲများ ရောက်လာသည်။

ယူနီဖောင်းဝတ်ဖြင့် ယာဉ်ထိန်းအရာရှိကို ထိုအမျိုးသမီးက မြင်ပြီး ချက်ချင်း ထပြေးပြီး ငိုယိုလေသည်။

" ဦးလေး ရဲသားကြီး၊ ကျေးဇူးပြုပြီး နားထောင်ပါဦး။ သူက ကားကို ရုတ်တရက် ရပ်လိုက်လို့ ကားကို ကျွန်မက ဝင်တိုက်မိတာပါ။ ဒါပေမဲ့ သူက ကျွန်မမှာပဲ အကုန် တာဝန်ရှိတယ်လို့ ပြောနေပါတယ် ..... "

ယာဉ်ထိန်းရဲမှ သူမ၏ တိုင်ကြားချက်ကို နားထောင်ရင်း အခင်းဖြစ်ပွားရာ နေရာအား စစ်ဆေးကာ နှစ်ဖက်လုံးမှ ကားမှတ်တမ်းကို စစ်ဆေးခဲ့သည်။

နောက်ဆုံးတွင် အပြစ်ကို ဆုံးဖြတ်ပေးခဲ့သည်။

" ဒီမတော်တဆမှုက အဓိကကတော့ ဒီအမျိုးသမီးက လုံခြုံတဲ့ အကွာအဝေးကို မထိန်းနိုင်ဘဲ အချိန်မီ မရပ်နိုင်တာကြောင့် ဖြစ်ခဲ့တာပါ။ အဲ့တာကြောင့် နောက်ဆုံးကတော့ ဒီအမျိုးသမီးမှာ အပြည့်အဝ တာဝန်ရှိပြီးတော့ ပြုပြင်စရိတ်အားလုံးကို လျော်ကြေးပေးရမယ်လို့ ဆုံးဖြတ်နိုင်တယ် "

ထိုစကားကြားသောအခါ အမျိုးသမီးသည် ထိတ်လန့်သွားသည်။

" ဦးလေး ရဲသားကြီး၊ သူက ရုတ်တရက် ဘရိတ်အုပ်လိုက်လို့ ကျွန်မက အချိန်မီ မတုံ့ပြန်နိုင်တာပါ ..... "

ယာဉ်ထိန်းအရာရှိမှ စကားမပြောနိုင် ဖြစ်ကုန်ရသည်။

" အဲ့ဒီတုန်းက မီးနီနေတာလေ။ ရပ်တာက သူ့အတွက် အမှားမဟုတ်ဘူး "

မိန်းမက မယုံနိုင်သေးချေ။

" မီးနီနေရင်တောင် ရုတ်တရက်ကြီး ရပ်သွားတာလေ။ အနည်းဆုံးတော့ သူ့ဘက်ကလည်း တာဝန် ယူသင့်တယ် မဟုတ်လား။ ကျွန်မကားက အရမ်းဈေးကြီးတယ်။ အာမခံကုမ္ပဏီက အကုန်ပြန်မပေးနိုင်ဘူး။ စရိတ်ကို နည်းနည်းတော့ ပေးရမယ် "

ယာဉ်ထိန်းအရာရှိက အလွန်ဒေါသထွက်ပြီး ရယ်လိုက်သည်။

" ဒီပြဿနာက ကားနဲ့မဆိုင်ဘူး။ ယာဉ်စည်းကမ်းအရ အရေးယူတာက သက်သက်ပဲ။ အရေးယူတာနဲ့ပတ်သက်ပြီး မေးခွန်းရှိရင် ယာဉ်ထိန်းဌာနကို တိုင်ကြားလို့ရတယ် "

ထိုအမျိုးသမီးက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့၊ ရှင် ဒီလို အာဏာအလွဲသုံးစားလုပ်တဲ့အတွက် သေချာပေါက် တိုင်ကြားမှာ "

ယာဉ်ထိန်းအရာရှိနှင့် ယဲ့ဖန်သည် တစ်ယောက်ကို တစ်ယောက်ကြည့်လျက် ခါးသီးစွာ ပြုံးပြမိကြသည်။

ဤကဲ့သို့ ယုတ္တိတန်မဲ့သည့် မိန်းမတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့မှာ ရွေးချယ်စရာ မရှိတောချေ။

ထိုအမျိုးသမီးက ယဲ့ဖန်ကို အေးစက်စွာကြည့်သည်။

" ကောင်းပြီ၊ ဒီနေ့ ကံမကောင်းဘူးဘဲမှတ်ပြီး လျော်ကြေးပေးလိုက်မယ်။ ခွေးကို အစာကျွေးသလို ထားလိုက်တာပေါ့ "

ယဲ့ဖန် စကားမပြောမီ ဖုန်းကျင်းရီမှ ဝင်ပြောလိုက်သည်။

" ရှင့်ပါးစပ်ကို ကြည့်ပြော။ ကျွန်မတို့ ကားပြင်ခဘယ်လောက်ကျမလဲသိလား။ ရှင့်ကားကို ရောင်းရင်တောင် မတတ်နိုင်ဘူး "

မိန်းမက မခိုးမခန့် ပြုံးသည်။

" ကားဈေးကွက်ကို မမြင်ဖူးဘူး ထင်နေလား။ ကျိုးပဲ့နေတဲ့ Lamborghiniပဲ မဟုတ်လား။ အနည်းဆုံး ၂ သန်း၊ ၃ သန်းလောက်ပဲ ရှိတယ်။ အိတ်ကပ်ထဲကနေ အသာလေးဆွဲထုတ်ပြီး နင်တို့လိုကားကို သုံးလေးစီး ဝယ်လိုက်လို့ရတယ် "

ယာဉ်ထိန်းရဲအရာရှိနှင့် ဖျော်ဖြေပွဲကို ကြည့်ရှုနေကြသော အနီးပတ်ဝန်းကျင်ရှိ လူများက သူမကိုကြည့်ရင်း ရယ်မောကြသည်။

၂ သန်း ၃ သန်းတဲ့လား။

အဲ့ပိုက်ဆံနဲ့ ဒီကားရဲ့ တာယာတစ်လုံးငိုတောင် မဝယ်နိုင်လောက်ဘူး။

ဖုန်းကျင်းရီ၏ မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့သွားခဲ့သည်။

" ကောင်းပြီ၊ ဒါဆို ဒီနေ့ ရှင် ကျွန်မတို့ကို ဘယ်လို လျော်ကြေးပေးမလဲ ဆိုတာ စောင့်ကြည့်မယ် "

ထိုအချိန် အာမခံကုမ္ပဏီမှ ဝန်ထမ်း အနည်းငယ် ပြေးလာသည်ကို သူမ တွေ့လိုက်ရသည်။

ထိုမိန်းမက ချက်ချင်း သူတို့ဆီ လျှောက်သွားသည်။

" ရှင်တို့ အချိန်မီရောက်လာတာပဲ။ သူ့ကားပျက်သွားတာကို ဘယ်လောက် လျော်ကြေးပေးရမှာလဲ၊ ကြည့်ပေးလိုက်။ မြန်မြန်သွားပေး။ ဒီမှာလုပ်စရာတွေ ရှိသေးတယ် "

အာမခံကုမ္ပဏီမှ လူများသည် Blue Charm Nightကို လှည့်ကြည့်လိုက်ကြသည်။

သူတို့၏ အမူအရာများ သိသာစွာ ပြောင်းလဲသွားသည်။

" အမလေး ဘုရားရေ၊ ဒါက Blue Charm Night မဟုတ်လား "

" အင်း ..... ဟုတ်တယ် ထင်တယ်။ ကမ္ဘာပေါ်မှာ တစ်စီးပဲရှိတယ်ဆိုတာလည်း ငါ ကြားဖါ်တယ်။ ဒီမှာ တွေ့ရဖို့ မမျှော်လင့်ထားဘူး "

" ဒါကို ...... ငါတို့ ဘယ်လိုလုပ် လျော်ကြေးပေးနိုင်မှာလဲ "

သူတို့ထဲမှ အနည်းစုက တစ်ယောက်နှင့် တစ်ယောက် အကျည်းတန်သော အမူအရာများဖြင့် ကြည့်နေကြသည်။

ထိုအမျိုးသမီးသည် သူတို့၏ တုံ့ဆိုင်းနေမှုကို မြင်ပြီး အနည်းငယ် စိတ်မချမ်းသာပေ။

" နင်တို့ ဘာတွေပြောနေကြတာလဲ။ မြန်မြန်လုပ်ကြ "

လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ချက်ချင်း ခြောက်သွေ့စွာ ရယ်မောလိုက်သည်။

" လီမိန်းကလေး၊ ကျွန်တော်တို့ တကယ် တောင်းပန်ပါတယ်။ ဒါ ..... ဒါက ကျွန်တော်တို့ လျော်ကြေးပေးနိုင်မယ့် အတိုင်းအတာထက် ကျော်လွန်နေပါပြီ။ ...... ရှင်းရှင်းပြောရရင် ကျွန်တော်တို့ လျော်ပေးဖို့ မတတ်နိုင်ပါဘူး "

ထိုမိန်းမသည် ထိုစကားကို ကြားသောအခါ ဒေါသတကြီးနှင့် ပြောသည်။

" နင် အဲ့တာ ဘာကိုဆိုလိုတာလဲ။ ငါ အာမခံအတွက် တစ်နှစ်ကို ယွမ်ထောင်ပေါင်းများစွာ ပေးထားရတာကို နင်တို့က မတတ်နိုင်ဘူးလို့ ပြောနေတာလား။ နင့်မှာ အသိတရားရော ရှိသေးလား "

လူလတ်ပိုင်းအရွယ် အမျိုးသားသည် Blue Charm Night၏ ပျက်စီးနေသော အနောက်ဘက်ခြမ်းသို့ လှမ်းကြည့်လိုက်သည်။

" မိန်းကလေးရဲ့ လျော်ကြေးကန့်သတ်ချက်အရ ကျွန်တော်တို့က အများဆုံး ၂ သန်းပဲ ပေးနိုင်ပါတယ် "

ထိုမိန်းမက ကျေနပ်သွားသည်။

" ကောင်းပြီလေ၊ ဒီကားအပျက်ကို အသစ်တစ်စီးဝယ်ဖို့ သူ့အတွက် ၂ သန်းက လုံလောက်တယ် "

အာမခံဝန်ထမ်းအနည်းငယ်သည် သူမကို အရူးတစ်ယောက်လို ကြည့်နေချိန်တွင် သူတို့၏ မျက်နှာများပေါ်၌ ထူးဆန်းသောအမူအရာများ ရှိနေသည်။

ထိုအမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။

" ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ။ ငါပြောတာ တစ်ခုခု မှားသွားလို့လား။ Lamborghini ပဲ မဟုတ်လား "

လူလတ်ပိုင်းအရွယ်က ချက်ချင်းပင် ကြောင်အစွာ ပြုံးလိုက်သည်။

" ဒါက သာမန် Lamborghini မဟုတ်ပါဘူး။ ဒါက Limited Editionဖြစ်တဲ့ Lamborghini Blue Charm Nightပါ။ ကမ္ဘာပေါ်မှာ တစ်စီးတည်း ရှိပြီးတော့ အနည်းဆုံး သန်း ၁၀၀တန်ပါတယ်။ ဒီကားရဲ့ ပျက်စီးမှုကို ကြည့်ရင် ပြုပြင်စရိတ်က အနည်းဆုံး ယွမ် ၁၀သန်းကျော် ရှိပါတယ် "

" အာ ...... "

ထိုအမျိုးသမီးသည် ချက်ချင်းပင် အံသြသွားသည်။

" နင် ..... ငါ့ကို နောက်နေတာလား။ ဘယ်ကားက သန်းရာချီတန်လို့လဲ။ နင် လျော်ကြေး မဆပ်ချင်ရင်တောင် လိမ်စရာမလိုဘူး မဟုတ်လား "

လူလတ်ပိုင်းအရွယ်က ချက်ချင်းပင် ခါးသီးစွာ ပြုံးလိုက်သည်။

" ကျွန်တော်တို့က ဘယ်လိုလုပ် လိမ်ရဲမှာလဲ။ ခင်ဗျား ကျွန်တော့်ကို မယုံရင် ကိုယ်တိုင်ရှာလို့ရတယ် "

ထိုအမျိုးသမီးသည် သူမ၏ဖုန်းကို အမြန်ထုတ်ကာ Blue Charm Nightအကြောင်း အချက်အလက်များကို ရှာဖွေခဲ့သည်။

စျေးနှုန်းကို သူမ မြင်သောအခါ သူမ၏ အမူအရာမှာ ပြောင်းလဲသွားသည်။

အကြိမ်ပေါင်းများစွာ ရေတွက်ပြီးနောက် စျေးနှုန်းသည် သန်း ၁၂၀ဝန်းကျင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထို့အပြင် ကမ္ဘာပေါ်တွင် ထိုသို့သော ကားတစ်စီးသာ ရှိသည်။

ပိုက်ဆံရှိလျှင်ပင် မဝယ်နိုင်ချေ။

မူးနောက်ပြီး လဲကျမတတ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

" ရှင် ...... အခု ဒီကားကို ပြင်ဖို့ ဘယ်လောက် ကုန်ကျမယ်လို့ ပြောလိုက်တာလဲ "

သူမသည် အာမခံအရာရှိကို စိုက်ကြည့်နေသည်။

လူလတ်ပိုင်းအရွယ်က ချောင်းခြောက်ဆိုးလိုက်သည်။

" ဒီကားက လက်လုပ်ပါ။ ကားအစိတ်အပိုင်းတွေကို စိတ်ကြိုက်လုပ်ထားတာမလို့ ပြုပြင်ထိန်းသိမ်းခက အရမ်းများပါတယ်။ အနည်းဆုံး ၁၀သန်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စိတ်ပူတယ်ဆိုရင် ဆုံးရှုံးမှုကို ဆုံးဖြတ်ဖို့ ကျွမ်းကျင်တဲ့ အကဲဖြတ်အေဂျင်စီကို ရှာလို့ရမယ်ထင်ပါတယ် "

ထိုမိန်းမက မခံနိုင်တော့ချေ။

မြေပြင်ပေါ်ထိုင်ကာ ငိုတော့သည်။

ဖုန်းကျင်းရီသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်ကျေနပ်သွားသည်။

ထပ်ပြီး ကြမ်းတမ်းပြပါဦးလား။ ဟက်

ယဲ့ဖန်သည် ထိုအမျိုးသမီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

" ခင်ဗျား အခုပေးချေဖို့ အစီအစဉ်ရှိလား။ ဒါမှမဟုတ် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဖြတ်ကျော်ချင်လား "

ထိုအမျိုးသမီးက မျက်ရည်များဝဲကာ မော့ကြည့်လိုက်သည်။

" ကျွန်မ .... ကျွန်မ မတတ်နိုင်ဘူး "

ယဲ့ဖန် သူမ၏ Rolls-Royceကို ညွှန်ပြသည်။

" ၁၀ သန်းပဲ ရှိတာပါ။ ဒီလိုကားမျိုးတောင် မောင်းဖို့ တတ်နိုင်မှတော့ ဘာလို့ မတတ်နိုင်တာလဲ "

ထိုအမျိုးသမီး၏ မျက်လုံးများသည် နီရဲနေပြီး ငိုယိုနေသည်။

" ကျွန်မ ဒီကားကို အရစ်ကျနဲ့ ဝယ်ခဲ့တာ။ ပုံစံကို ပြဖို့ပဲ ..... "

ယဲ့ဖန် စကားကိုဖြတ်ရန် သူ့လက်ကို မြှောက်လိုက်သည်။

" ဒါက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ခင်ဗျားကို တစ်ရက်အချိန်ပေးမယ်။ လျော်ကြေးမပေးရရင် ကျွန်တော်တို့ဘက်က ဥပဒေအတိုင်းလုပ်မယ်။ စဉ်းစားပြီးတဲ့အခါ ဆက်သွယ်လိုက် "

ထိုသို့ ပြောပြီးသည်နှင့် ဆက်သွယ်ရန် အချက်အလက်များကို ချန်ထားပေးခဲ့သည်။

ထိုအချိန် Lamborghiniမှ ဝန်ထမ်းတစ်ဦး ရောက်လာသည်။

ယဲ့ဖန် သူတို့ကို ကားပေးပြီးနောက် သူ ဖုန်းကျင်းရီကို ခေါ်ပြီး တက္ကစီဖြင့် ထွက်သွားသည်။

သူတို့နှစ်ဦး အဝေးကြီးသို့ လျှောက်သွားနေပြီ ဖြစ်သည်။

သို့သော် အမျိုးသမီးသည် မြေပြင်ပေါ်၌ ထိုင်ငိုနေသည်ကို ဖုန်းကျင်းရီ မြင်နေရဆဲဖြစ်သည်။

သူမ၏ မျက်လုံးများသည် စိတ်ပျက်အားငယ်မှုနှင့် အကူအညီမဲ့မှုများဖြင့် ပြည့်နှက်နေသည်။

ဖုန်းကျင်းရီ သူမအကြည့်ကို ပြန်ရုတ်လိုက်သည်။

သူမသည် ယဲ့ဖန်၏ ပုခုံးပေါ် ဖြည်းညှင်းစွာ မှီလိုက်သည်။

" ဒါကြောင့်မလို့ ကျွန်မက ရှင့်ရဲ့ အငယ်အနှောင်းမိန်းမဖြစ်ချင်တာ "

ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။

" ကိုယ် နားမလည်ဘူး "

ဖုန်းကျင်းရီ သက်ပြင်းချလိုက်ပြီး သူမ၏ အသံသည် အနည်းငယ် အထီးကျန်ဆန်နေသည်။

" ဘာလို့လဲဆိုတော့ ကျွန်မ တစ်နေ့ကျရင် တခြားသူရဲ့ဇိမ်ခံကားကို ဝင်တိုက်မိမှာကို ကြောက်လို့ပြီး လျော်ဖို့လည်း မတတ်နိုင်လို့လေ "

သို့သော် သူမသည် ချက်ချင်းပင် ပျော်ရွှင်လာသည်။

" ဒါပေမယ့် ကံကောင်းလို့ ကျွန်မ အခု ရှင့်ဘေးမှာ ရှိနေတာ။ ဒီအတွက် စိတ်ပူစရာ မလိုတော့ဘူး "

ယဲ့ဖန် ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။

ထို့နောက် သူမ နှာခေါင်းကို တို့လိုက်သည်။

" စိတ်မပူပါနဲ့၊ မင်းကို ကိုယ့်ရဲ့ကိန္နရီအဖြစ် ထားထားမှတော့ မင်း အဲ့တာတွေကို စိတ်ပူစရာ မလိုတော့ဘူး "

ဖုန်းကျင်းရီသည် သူ့လက်နှစ်ဖက်ကို မှီကာ သူမ၏ မျက်နှာတွင်လည်း ပျော်ရွှင်မှုအပြည့်ရှိနေသည်။

ရှေ့မှ ကားသမားသည် သူတို့နှစ်ယောက်ကိုထူးဆန်းစွာ ကြည့်နေသည်။

ထိုလူနှစ်ယောက်သည် 'အငယ်အနှောင်းမိန်းမ'ဟူသော စကားကို ယုံကြည်ချက်ရှိစွာ ပြောလေသည်။

ဒါက ကမ္ဘာကြီးနဲ့ လူတွေရဲ့ စိတ်နှလုံးတွေ ကျဆင်းလာတာကို ပြနေတာပဲ။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၀၈ )

မင်း ဒေဝါလီခံသွားပြီလို့ ငါထင်တာ။

ယဲ့ဖန်နှင့် ဖုန်းကျင်းရီသည် Holy Clan ၏ ကလပ်သို့ ရောက်သောအခါ ဖက်တီးချူးနှင့် အခြားလူများ တံခါးဝတွင်စောင့်နေကြသည်ကို တွေ့လိုက်ရသည်။

ဖက်တီးချူးအပြင် အခြားအခန်းဖော် သုံးယောက်ရှိသေးသည်။

သူတို့အားလုံးတွင် အမျိုးသမီး အဖော်များ ပါကြသည်။

ထိုလူလေးယောက်ထဲ၌ ယဲ့ဖန်နှင့် ဖက်တီးချူးကသာ အကောင်းဆုံးဆက်ဆံရေး ရှိလေသည်။

ကျန်သည့် သုံးယောက်မှာ သာမန်ဆက်ဆံရေးမျှသာ ဖြစ်သည်။

သူတို့နှင့် စကားအနည်းငယ် ပြောဖြစ်သည်။

သို့သော် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသည့် ခံစားချက် သိပ်မရှိကြချေ။

သို့သော် သူတို့နှင့် ဆက်ဆံရေးမှာ လင်းကျယ်နှင့်လောက် မဆိုးချေ။

လင်းကျယ် အထဲမှာ မရှိသောကြောင့် သူ မရောက်သေးတာ ဖြစ်နိုင်သည်။

" ဖန်ဇီ "

တက္ကစီပေါ်မှ ဆင်းလာသည်ကို မြင်ပြီး ဖက်တီးချူးမှ သူ့ကို စတင်ကြိုဆိုခဲ့သည်။

" ဖက်တီး "

ယဲ့ဖန်က သူ့ကို မြင်ပီးနောက် ရှားရှားပါးပါး ပြုံးပြလိုက်သည်။

" ဖန်ဇီ၊ ဟားဟားဟား၊ ငါ့ကောင် မတွေ့တာကြာပြီ။ ငါ မင်းကို အရမ်းလွမ်းနေတာ "

ဖက်တီးချူးသည် ကြီးမားသော ခြေလှမ်းများဖြင့် ပြေးပြီး နှစ်ကြိမ် လှည့်ပတ်ကာ သူ့ကို ပွေ့ဖက်လိုက်သည်။

ယဲ့ဖန်သည် ဖက်တီး အလွန်ပျော်ရွှင်နေသည်ဟုပင် ခံစားရသည်။

ထို့ကြောင့် သူ့ကို လွှတ်ထားလိုက်သည်။

ကျန်သည့် အခန်းဖော်သုံးယောက်လည်း ရောက်လာသည်။

ဖက်တီးချူးလောက် စိတ်အားထက်သန်မှု မရှိသော်လည်း သူ့ကို နှုတ်ဆက်နေဆဲဖြစ်သည်။

" ယဲ့ဖန်၊ နင် ချမ်းသာတယ် မဟုတ်ဘူးလား။ မင်းဘာလို့ တက္ကစီစီးလာတာလဲ "

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြင့် ကောင်လေးတစ်ယောက်က တက္ကစီကို သံသယစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

ထိုကောင်လေးကို ကောင်းရှုဖိန်းဟု ခေါ်ပြီး သူသည် အိပ်ဆောင်ထဲ၌ လင်းကျယ်နှင့် အကောင်းဆုံး ဆက်ဆံရေးရှိသူ ဖြစ်သည်။

သူတို့နှစ်ယောက်လုံးသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသည့်အတွက် သူတို့၌ တူညီချက်များ ရှိကြသည်။

ယဲ့ဖန် ပြုံးရုံသာ ပြုံးပြသည်။

" ခုနက လမ်းမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လို့ ကားကို ပြင်ဖို့ ဆွဲခေါ်သွားကြတယ် "

" တကယ်လား "

ကောင်းရှုဖိန်း ချက်ချင်း မေးလိုက်သည်။

" မင်းက ဘယ်လိုထင်လို့လဲ "

ယဲ့ဖန်က သူ့ကို ပြုံးလျက် ကြည့်သည်။

ကောင်းရှုဖိန်းသည် ချက်ချင်းပင် ကြောင်အစွာ ပြုံးလိုက်သည်။

" မင်း ဒေဝါလီခံသွားရပြီ ထင်လို့၊ ဟားဟားဟား .... "

သူစကားပြောနေစဉ် သူ့ဘေးမှ အမျိုးသမီးအဖော်ကို ပွေ့ဖက်လိုက်သည်။

ယဲ့ဖန်သည် ထိုမိန်းကလေးအပေါ် စွဲလန်းမှုအချို့ ရှိခဲ့ဖူးသည်။

သူမအား ကျောင်း၌ နာမည်ကြီးသူအဖြစ် သတ်မှတ်ထားသည်။

သူမသည် ပါတီပွဲများနှင့် ပြိုင်ပွဲများကို ကျင်းပလေ့ရှိသည်။

" ဘာလို့ မင်းက မိန်းကလေးအဖော်ကို မခေါ်လာတာလဲ။ အင်းပေါ့၊ မင်း တကယ် ဆင်းရဲသွားတယ်ဆိုရင် မင်းနဲ့ တက္ကစီစီးဖို့ ဘယ်မိန်းကလေးက ဆန္ဒရှိမှာလဲ "

ကောင်းရှုဖိန်းက ဂုဏ်မောက်စွာ ပြုံးလိုက်သည်။

ထိုအချိန်တွင် တက္ကစီခ ပေးပြီး၍ ဖုန်းကျင်းရီသည် တံခါးကို တွန်းဖွင့်ပြီး ကားထဲမှ ဆင်းလာခဲ့သည်။

ထိုစကားကို ကြားပြီး သူမက ချက်ချင်းပြန်ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ။ ကျွန်မက မိန်းကလေးမဟုတ်လို့လား "

အားလုံး ချက်ချင်း လှည့်ကြည့်လိုက်ကြကာ မျက်လုံးများ ကျွတ်လုနီးပါး ဖြစ်နေကြသည်။

ဖုန်းကျင်းရီ၏ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ဆွဲဆောင်မှုမှာ ယဲ့ဖန်ကဲ့သို့လူပင်လျှင် မခံမရပ်နိုင်ဖြစ်စေသောကြောင့် ကမ္ဘာလောကကြီးကို မမြင်ဖူးသော ထိုကျောင်းသားများအတွက် ပို၍ပင် ပြင်းထန်လေသည်။

သူမ၏ ဝိုင်နီရောင် ညနေခင်းဂါဝန်မှာ သူမ၏ ဆွဲဆောင်မှုကို ပို၍ လှသွေးကြွယ်စေသည်။

ကိုယ့်ကိုယ်ကိုယ် ငေးမကြည့်မိရန်မှာ ခက်ခဲလှသည်။

ကောင်းရှုဖိန်းနှင့် အခြားအမျိုးသမီးအပေါင်းအဖော်များသည် အလွန်ကြည့်ကောင်းကြသည်။

သို့သော် သူတို့သည် ယခင်က ကျောင်းအပြင်လောကကို မကြုံဖူးကြပေ။

ထို့ကြောင့် သူတို့၏ ဝတ်စားဆင်ယင်မှုဖြစ်စေ၊ သူတို့၏ အသွင်အပြင်ဖြစ်စေ သူတို့သည် ဖုန်းကျင်းရီနှင့် မိုင်ပေါင်းများစွာ ကွာဟလှသည်။

ဖုန်းကျင်းရီသည် ယဲ့ဖန်၏ လက်ကို တရင်းတနှီး ဆုပ်ကိုင်ထားသည်။

" ဟယ်လို၊ ကျွန်မက ယဲ့ဖန်ရဲ့ သူငယ်ချင်းပါ။ ရှင်တို့ကို တွေ့ရတာ ဝမ်းသာပါတယ် "

ကောင်းရှုဖိန်း၊ ဖက်တီးချူးနှင့် အခြားလူများသည် ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြား ကြည့်နေကြသည်။

" ဖန်ဇီ၊ ဒါက မင်းရဲ့ ရည်းစားအသစ်လား "

ဖက်တီးချူး၏ မျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

" မဟုတ်ဘူး၊ ငါတို့က သူငယ်ချင်းတွေပဲ "

ယဲ့ဖန်က သူ့ကို 'မင်းသိပါတယ်'ဟူသော အကြည့်ဖြင့် ပြောလိုက်သည်။

ဖက်တီးချူးသည် ဤတစ်ကြိမ်တွင် ပို၍ပင် အံ့သြသွားသည်။

မတတ်နိုင်ဘဲ လက်မထောင်မိသည်။

" တကယ့်ကောင်ပဲ "

သူတို့ကတော့ ဒီလိုမိန်းမမျိုးကို တီဗီမှာပဲ မြင်ဖူးပေမဲ့ ယဲ့ဖန်ကတော့ သူတို့တွေကို ငြီးငွေ့နေလောက်ပြီ မဟုတ်လား။

ဒါက ခြားနားချက်ပဲ။

ယဲ့ဖန် သူတို့ကို အလွန်အကျွံ ထိုးနှက်ချက် မပြချင်ပေ။

ဖက်တီး၏ လည်ပင်းကို ချက်ချင်း ဆွဲဖက်လိုက်ပြီး သူ့ဘေးနားရှိ ကောင်မလေးကို ကြည့်လိုက်သည်။

" ဒါ မင်းရည်းစားလား "

ထိုကောင်မလေးက အတော်လေး ကြည့်ကောင်းသည်။

သို့သော် သူမ၏မျက်လုံးများသည် အခါအားလျော်စွာ မထီမဲ့မြင်ပြုမှုများက လူများကို စိတ်မသက်မသာ ဖြစ်စေသည်။

ဖက်တီးချူး၏ ဆူဖြိုးသော မျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။

" ဒီအတိုင်း ..... အဲ့တာက ... ငါ ..... "

ယဲ့ဖန် သိသွားသည်။

" အိုး ..... မင်းက သူ့ကို လိုက်နေတုန်းလား။ အဲ့တာဆို သတ္တိရှိရမယ်။ ဒီအစ်ကိုကြီးက မင်းကို ကူညီပေးရမလား "

ဖက်တီးချူးက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" မလိုပါဘူး၊ မလိုပါဘူး၊ ငါက ..... သူမနဲ့ မထိုက်တန်ဘူး "

ယဲ့ဖန် ချက်ချင်း ရယ်မောလိုက်သည်။

" မင်းမှာ မျက်လုံးနှစ်လုံးရှိတယ်၊ သူ့မှာလည်း မျက်လုံးနှစ်လုံးရှိတယ်။ မင်းက ဘာလို့ သူမကို မထိုက်တန်ရတာလဲ "

ကောင်မလေးသည် ထိုစကားကို ကြားသောအခါ ပါးစပ်ထောင့်မှ မထီမဲ့မြင်ပြုသော အပြုံးတစ်ခုအဖြစ် ကွေးကောက်တက်သွားသည်။

သူမသည် သူတို့နှစ်ယောက်အား အထင်ကြီးလွန်းနေသည်ဟု ခံစားနေရသည်မှာ ရှင်းလင်းလေသည်။

ထိုအချိန်တွင် ကောင်းရှုဖိန်းသည် သူ့ဖုန်းကိုထုတ်ပြီး မက်ဆေ့ချ်ပို့သည်ကို ယဲ့ဖန် သတိပြုမိသည်။

ခဏအကြာတွင် အင်ဂျင်ဟောက်သံကို ကြားလိုက်ရသည်။

Ferrari Enzoသည် အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့သည်။

ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေသူမှာ လင်းကျယ် ဖြစ်သည်။

ထိုအဖြစ်များကို ယဲ့ဖန်မြင်ကာ စိတ်ထဲမှ ရယ်မိသည်။

လင်းကျယ်သည် သူ့ရှေ့တွင် တမင်တကာ ထုတ်ဖော်ပြသနေပုံရသည်။

" ဟေး၊ ဒါ ငါတို့ရဲ့ ယဲ့သခင်လေး မဟုတ်ဘူးလား။ မတွေ့တာကြာပြီ "

လင်းကျယ်သည် ကားထဲမှ ဆင်းကာ ပီကေဝါးလျက် ယဲ့ဖန်ကို စနောက်လိုက်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

All Chapters