← Chapters

အခန်း (၁၁၀၉-၁၁၁၂)

Vol. 56 Ch. 1109-1112

အခန်း (၁၁၀၉-၁၁၁၂)

Vol. 56 Ch. 1109-1112

အပိုင်း ( ၁၁၀၉ )

ကိုယ့်နေရာနဲ့ ကန့်သတ်ချက်ကို သိပါတယ်။

တစ်ချိန်တည်းမှာပင် ရွှေရောင်ဆံပင်နှင့် မိန်းကလေးတစ်ယောက် ခရီးသည်ထိုင်ခုံမှ ဆင်းလာသည်။

ယဲ့ဖန်သည်လည်း ထိုကောင်မလေးကို သိတယ်။

သူ စတင်ချမ်းသာလာစဉ် ထိုမိန်းကလေးက သူ့အပေါ် တစ်ကြိမ်ထက်ပိုပြီး ချစ်ကြောင်း ဖော်ပြခဲ့သည်။

သူသာ သဘောတူပါက သူနှင့် ဟိုတယ်သို့ ချက်ချင်း သွားလို့ရကြောင်း အရိပ်အမြွက်ပြသခဲ့သည်။

သို့သော် သူသည် ထိုကဲ့သို့ လူမျိုးကို မကြိုက်၍ သူမကို အကြိမ်ကြိမ် ဆက်တိုက် ငြင်းပယ်ခဲ့သည်။

သူမသည် ထိုအခါ အခြေအနေကို ပြောင်းပြီး လင်းကျယ်နှင့် နီးစပ်ရန် လုပ်မည်ဟု သူ မမျှော်လင့်ထားချေ။

လင်းကျယ် ပေါ်လာသည်နှင့် ဖက်တီးချူး လိုက်နေသည့် မိန်းကလေးအပါအဝင် အခြားမိန်းကလေးများ၏ မျက်လုံးများသည် တောက်ပလာသည်။

ဖုန်းကျင်းရီသည်သာ ခြွင်းချက်ဖြစ်သည်။

နောက်ဆုံးတွင် သူမကသာ စစ်မှန်သော စူပါသူဌေးတစ်ဦးဖြစ်သည့် ယဲ့ဖန်နှင့် နီးစပ်သူဖြစ်သည်။

ထို့ကြောင့် သူမသည် လင်းကျယ်ကဲ့သို့ ချမ်းသာသော ဒုတိယမျိုးဆက်ကလေးမျိုးကို စိတ်ကူးမယဉ်ပေ။

" မတွေ့တာကြာပြီ "

ယဲ့ဖန်သည် သူ့အတွေးများကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း မသိဟန်ဆောင်ကာ နှုတ်ဆက်လိုက်ဆဲဖြစ်သည်။

လင်းကျယ်က ဆက်ပြောတော့မည် ဖြစ်သည်။

သို့သော် သူ့အကြည့်များက ဖုန်းကျင်းရီဆီသို့ ရောက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

" ဒါ မင်းရည်းစားလား "

ယဲ့ဖန် ပြန်ဖြေသည်ကို မစောင့်ဘဲ ဖုန်းကျင်းရီက အရင်ပြောသည်။

" ရှင်က တကယ်ကို နောက်ပြောင်တတ်တာပဲ။ ကျွန်မက ယဲ့လူကြီးမင်းရဲ့ ချစ်သူဖြစ်ချင်ပေမယ့် ကျွန်မရဲ့ ကန့်သတ်ချက်တွေကို ကျွန်မသိတယ်။ ကျွန်မနဲ့ သူ့လိုလူနဲ့ မထိုက်တန်ပါဘူး "

ထိုစကားကို သူမ ပြောပြီးချိန် လူအနည်းငယ်မှာ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားရသည်။

သူမ၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားအရ သူမကို တစ်သန်းမှာ တစ်ယောက်သာ ရှိသူအဖြစ် သတ်မှတ်နိုင်သည်။

နေရာတိုင်း၌ အလှတရားများရှိသည့် ဖျော်ဖြေရေးနယ်ပယ်မှာ နေရာရခဲ့မည်ဆိုလျှင်ပင် သူမသည် ထိပ်တန်းဖြစ်တည်မှုတစ်ခုအဖြစ် ရှိနိုင်သူဖြစ်သည်။

သူမလိုလူက သူနဲ့ ရည်းစားဖြစ်ဖို့ မထိုက်တန်ဘူးဆိုရင် ဘယ်သူက ထိုက်တန်မှာလဲ။

လင်းကျယ်၏မျက်နှာ တုန်လှုပ်သွားသည်။

သူသည် ယဲ့ဖန် ရှေ့၌ ကြွားလုံးထုတ်ပြချင်တာ ဖြစ်သည်။

ယခုမူ သူသည် အရှက်တကွဲဖြစ်ရန် တောင်းဆိုနေသည်ဟုပင် ရုတ်တရက် ခံစားလိုက်ရသည်။

ဤရှုထောင့်မှ ထိုအမျိုးသမီးကို နှိုင်းယှဉ်၍ မရနိုင်ကြောင်း သိလိုက်သည်။

ထို့ကြောင့် သူ၏ အခြားအားသာချက်ကို အမြန် ထုတ်ပြသည်။

သူသည် Ferrari Enzoကားရှေ့တွင် မှီကာ လိုဂိုကို တမင်တကာ ပြသနေခဲ့သည်။

" ယဲ့ဖန်ရ မင်း ဒီနေ့ ကားမမောင်းဘူးလား "

ဖက်တီးချူးသည် ယဲ့ဖန်ကိုယ်စား ချက်ချင်း ပြန်ဖြေသည်။

" ဖန်ဇီရဲ့ကားက ဒီကိုလာတဲ့လမ်းမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်တဲ့။ အဲ့တော့ ကားကို ပြင်ဖို့ ပို့ထားတယ် "

လင်းကျယ်က ချက်ချင်း ရယ်လိုက်သည်။

" တိုက်ဆိုင်လိုက်တာ။ မင်း ဒီကိုလာမှပဲ မတော်တဆက ဖြစ်သွားတာလား။ ပြင်ဖို့ ပို့လိုက်ရတာတဲ့လား။ ဒါမှမဟုတ် ပိုက်ဆံကုန်နေလို့ ကားကို ရောင်းလိုက်တာလား "

ယဲ့ဖန်သည် သူ့ကားကို ကြည့်လိုက်သည်။

" မင်း ဒီကားက တပတ်ရစ် မဟုတ်လား "

လင်းကျယ်၏ အမူအရာ ပြောင်းသွားသည်။

" မင်းကို ဘယ်သူပြောတာလဲ။ ဒါက ကားအသစ်ပဲ၊ ဟုတ်ပြီလား။ ငါ တခြားသူတွေသုံးထားတဲ့ ပစ္စည်းတွေကို မသုံးဘူး "

ယဲ့ဖန် မတတ်နိုင်ဘဲ ပြုံးမိသည်။

" ခရီးသည်ထိုင်ခုံအောက်မှာ စက်ရုံတံဆိပ်ပြားကို တွေ့တယ်။ စက်ရုံထုတ်ရက်က သုံးနှစ်ရှိပြီ။ ဒါဆို ဒီကားကို မင်း ဘယ်တုန်းက ဝယ်တာလဲ "

လင်းကျယ် မျက်လုံးပြူးပြီး ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

" မင်း ...... "

သူ့ကားက အမှန်တကယ် တစ်ပတ်ရစ်ကား ဖြစ်သည်။

ယဲ့ဖန်မှ Ferrari Enzoကား မောင်းနှင်သည်ကို မြင်ပြီး အလွန်မိုက်သည့်အတွက် သူ့မိသားစုကို ဝယ်ပေးရန် နှောင့်ယှက်ခဲ့သည်။

သို့သော် ကားအသစ်မှာ အလွန်ဈေးကြီး၍ မတတ်နိုင်သောကြောင့် တစ်ပတ်ရစ်ကားတစ်စီးကိုသာ ဝယ်လိုက်ရသည်။

ထိုသည်က သူ့ကို အံ့အားသင့်စေဆုံးအရာ မဟုတ်ချေ။

သူ့ကို အံ့အားသင့်စေသည်မှာ ခရီးသည်ထိုင်ခုံအောက်ရှိ တံဆိပ်ပြားမှာ အလွန်သေးငယ်ပြီး ယဲ့ဖန်က အဝေးကြီးမှာ ရှိနေကာ ကောင်းကင်မှာလည်း မှောင်နေပြီဖြစ်သည်။

သူ ဘယ်လို မြင်တာလဲ။

ကောင်းရှုဖိန်းက ချက်ချင်း သူ့ကို ကယ်တင်ရန် အစတင် ခြေလှမ်းပြင်လိုက်သည်။

" ဟားဟား၊ အဲ့တာက တစ်ပတ်ရစ်ဆိုရင်တောင် သန်းနဲ့ချီပြီး တန်သေးတယ်။ တက္ကစီစီးတာထက် အများကြီး ပိုကောင်းတယ်၊ ဟားဟားဟား ...... "

ကောင်မလေးတွေ အားလုံးကလည်း သဘောတူကြသည်။

" ဟုတ်တယ်၊ သန်းအနည်းငယ်ဆိုတာကလည်း ယန်းချန်မြို့မှာ အိမ်ကြီးတစ်လုံးဝယ်ဖို့တောင် လုံလောက်တယ်။ အဲ့တာတင် အရမ်းချမ်းသာနေပြီ "

" သန်းအနည်းငယ်တဲ့လား။ သာမာန်မိသားစုမှာ ဘယ်သူက အဲ့လောက် ပိုက်ဆံအများကြီး ချက်ချင်းထုတ်နိုင်မှာလဲ "

" လင်းကျယ်ရဲ့အဖေက ကုမ္ပဏီကြီးတစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ပဲ။ ဒီပိုက်ဆံနည်းနည်းလောက်ကို ထုတ်တယ်ဆိုတာ သူ့အတွက် ကိတ်မုန့်တစ်ခုသာသာလောက်ပဲ မဟုတ်လား "

" ဟုတ်တယ်၊ သူက တကယ် ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူပဲ။ ချမ်းသာချင်ယောင်ဆောင်တဲ့ လူတချို့နဲ့ မတူဘူး။ အဲ့လိုလူတွေက နောက်ဆုံးကျ သူတို့ရဲ့ မူလအခြေအနေအတိုင်း ပြန်အရိုက်ချခံရတာပဲ "

သူတို့အားလုံးသည် လင်းကျယ်ဘက်မှ မျက်နှာသာရရန် တိုက်ပွဲဝင်ပေးနေကြသည် ။

သူတို့သည် ယဲ့ဖန်ကို မကူညီကြပေ။

ဖက်တီးချူးသည် အနည်းငယ် စိတ်မချမ်းသာ ဖြစ်လာသည်။

ယဲ့ဖန်က မူလက စုဝေးပွဲကို မတက်ချင်ခဲ့ချေ။

ယဲ့ဖန်သည် သူ့ကြောင့်သာ လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံနေရသည်။

သူ ဘယ်လိုလုပ် ထိုင်နေပြီး ဘာမှမလုပ်ဘဲ နေရမှာလား။

" ယဲ့ဖန်က ဘာမှ မပြောတာကို ဘာလို့ သူ့ကို ပစ်မှတ်ထားနေတာလဲ "

ဖက်တီးဆီမှ ပြောဆိုခံရပြီးနောက် လူတိုင်း ပါးစပ်ပိတ်လိုက်ကြသည်။

လင်းကျယ်ကလည်း ပြုံးပြီး ယဲ့ဖန်၏ ပခုံးကို ပုတ်သည်။

" ယဲ့ဖန်၊ မင်း အခက်အခဲတစ်ခုခု ကြုံရင် ငါ့ကိုပြော။ ငါတို့အခန်းဖော်တွေပဲ။ ငါ အများကြီးမပြောရဲပေမယ့် ယွမ်ထောင်ဂဏန်းက ပြဿနာ မဟုတ်ဘူး "

ယဲ့ဖန် ရယ်မောလိုက်သည်။

" ဒါဆို ငါ မင်းကို ကြိုပြီး ကျေးဇူးတင်ရမယ် "

လင်းကျယ်သည် သူနှင့် အချိန်မဖြုန်းတော့ပေ။

သူသည် အခြားသူတွေကို ဝှေ့ယမ်းပြီး ပြောလေသည်။

" သွားရအောင်။ ဒီည ကုန်ကျစရိတ်အားလုံးကို ငါ ရှင်းမယ်။ မင်းတို့ စားချင်သလောက်စားပြီး ဆော့လို့ရတယ် "

" ဝေးဟေးဟေး "

အားလုံးမှ ချက်ချင်း ရွှင်မြူးသွားကြပြီး လင်းကျယ်နောက်မှ Holy Clan ကလပ်ထဲသို့ လိုက်သွားကြသည်။

" ဖန်ဇီ၊ တောင်းပန်ပါတယ်။ လင်းကျယ်က မင်းနဲ့ ပြန်မိတ်ဖွဲ့ချင်တယ်လို့ ပြောခဲ့တာ။ ဒါကြောင့် မင်းကို ငါဖုန်းဆက်ခဲ့ပေမဲ့ ငါ မမျှော်လင့်ထားဘူး ........ "

ဖက်တီးချူးသည် အနောက်ထဲသို့ တမင်တကာ လျှောက်လာပြီး ယဲ့ဖန်အား အသံတိုးတိုးဖြင့် တောင်းပန်သည်။

" ကောင်းပါတယ်၊ သူက သူ့စည်းစိမ်ဥစ္စာတွေကို ကြွားချင်နေမှတော့ ငါတို့လည်း သူကို အခွင့်အရေးပေးသင့်တာပေါ့ "

ယဲ့ဖန် သူ့ပုခုံးကို ပွေ့ဖက်လိုက်ပြီး သူ့နောက်ကို လိုက်သွားသည်။

ထို Holy Clan ကလပ်ကို အလယ်အလတ်တန်းစား ကလပ်အသင်းဟု သတ်မှတ်နိုင်ပြီး အတွင်းပိုင်းအလှဆင်မှုမှာ လက်ခံနိုင်ဖွယ်ဖြစ်သည်။

သို့သော် ယဲ့ဖန်အတွက်သာ သာမန်ဖြစ်နေခြင်းဖြစ်သည်။

ဤကဲ့သို့ နေရာမျိုးမှာ ထိုကျောင်းသားများအတွက်မူ အလွန်အဆင့်မြင့်လှသည်။

အထူးသဖြင့် အလွန်စိတ်လှုပ်ရှားနေသော မိန်းကလေးများက လှည့်ပတ် ကြည့်နေကြသည်။

ဝင်လာပြီးသည်နှင့် ဧည့်ကြိုတစ်ယောက်က သူတို့ဆီ ချက်ချင်း ရောက်လာသည်။

" မင်္ဂလာပါ၊ ဘယ်လိုကူညီပေးရမလဲ "

လင်းကျယ်သည် သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

" ဒီမှာ အကောင်းဆုံး သီးသန့်အခန်းက ဘာလဲ "

ထိုဧည့်ကြိုကောင်မလေးက ချက်ချင်းပင် သူ့ကို အပြုံးဖြင့် နှုတ်ဆက်သည်။

" ဒီမှာ အခမ်းနားဆုံး သီးသန့်အခန်းက Diamond Class သီးသန့်အခန်းပါ။ သီးသန့်အခန်းခက ၁၈,၈၈၈ ယွမ်ပါ။ အချိုရည်နဲ့ သစ်သီးပန်းကန်တွေကတော့ အခမဲ့ပေးမှာပါ ...... "

လင်းကျယ်က သူမကို တားပြီး ပြောသည်။

" ဒါဆို ငါတို့ကို Diamond Class သီးသန့်အခန်းပေး "

ထိုကောင်မလေးက ကြောင်အစွာ ပြုံးသည်။

" တောင်းပန်ပါတယ်၊ သခင်လေး။ ကျွန်မတို့ Diamond Class သီးသန့်အခန်းတွေ အကုန်လုံးက ပြည့်နေပါပြီ။ အခု Medium Class သီးသန့်ခန်းတွေပဲ ကျန်ပါတော့တယ် "

လင်းကျယ်သည် ယဲ့ဖန်နှင့် ကျန်သူများရှေ့၌ ပါဝါပြချင်တာဖြစ်သည်။

ထို့ကြောင့် ထိုသို့ကြားရသည့်အခါ ချက်ချင်း စိတ်မပျော်ဖြစ်သွားသည်။

" မဟုတ်ဘူး၊ ငါ Diamond သီးသန့်အခန်းပဲ လိုချင်တယ် "

" နှစ်ဆပေးမယ်။ အခန်းလွတ်သွားအောင် နည်းလမ်းရှာပြီး သူတိို့ကို ဖယ်ခိုင်းလိုက် "

ထိုဧည့်ကြိုမိန်းကလေးမှာ ခက်ခဲသည့် အနေအထား ဖြစ်နေသည်။

" ဒါပေမယ့် ...... "

လင်းကျယ်က သူမကို စိုက်ကြည့်နေသည်။

" ဘာတွေပြောနေသေးတာလဲ။ မြန်မြန်သွား "

ထိုမိန်းကလေးသည် စိတ်တင်းပြီး အပေါ်တက်သွားတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၁၀ )

ဒါကမှ တကယ့် လျှို့ဝှက်အကောင်ကြီးပဲ။

မိနစ်အနည်းငယ်ကြာပြီးနောက် ထိုဧည့်ကြို ကောင်မလေး ပြန်လာပြီး လင်းကျယ်ကို တောင်းပန်လိုက်သည်။

" လူကြီးမင်း၊ Diamondအခန်းထဲက ဧည့်သည်တွေက လူကြီးမင်းကို ကိုယ်တိုင်သွားပြီး စကားပြောချင်တယ်လို့ ပြောပါတယ် ........ "

လင်းကျယ် သူမကို စိုက်ကြည့်ပြီး ပြောသည်။

" ဒီလိုအသေးအမွှားကိစ္စလေးတွေကိုတောင် မကိုင်တွယ်နိုင်ဘူးလား။ ဒီလိုမှန်း စောစောက သိခဲ့မယ်ဆိုရင် ဒီလောက် စိတ်ညစ်စရာကောင်းတဲ့နေရာကို ငါ လာမှာ မဟုတ်ဘူး "

ထိုစကားကို ပြောပြီးနောက် သူသည် ဦးဆောင်ကာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။

တခြားသူများကလည်း လိုက်ကြသည်။

ယဲ့ဖန်နှင့် ဖက်တီးချူးတို့သည်လည်း အနောက်ဘက်မှ ဆက်၍ လျှောက်ကာလိုက်ကြသည်။

" ဖန်ဇီ၊ ရှန်းပိုင်ထျန်း ဂျပန်သွားမယ်ဆိုတာ ငါ ကြားထားတယ် "

ဖက်တီးချူးသည် ယဲ့ဖန်နှင့် စကားနေရင်း မတော်တဆ သတင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။

" မင်းကို ဘယ်သူပြောတာလဲ "

ယဲ့ဖန် အံ့သြသွားသည်။

ဖက်တီးကို အမြန်ကြည့်လိုက်သည်။

" မသိဘူးလား။ အခုက တစ်ကျောင်းလုံးသိတယ်။ သူမ ဂျပန်ကို ပညာသင်ဖို့ သွားတော့မယ်လို့ ကြားတယ်။ သူမမိသားစုကလည်း စီစဉ်ပြီးပြီ။ မကြာခင် ထွက်တော့မှာ "

ဖက်တီးချူးသည် ယဲ့ဖန်မှ ထိုကိစ္စကို မသိကြောင်း မြင်သောအခါတွင် စိတ်ဝင်စားသွားသည်။

" သူမကို နောက်မှ မေးလိုက်မယ် "

ယဲ့ဖန်၏ အမူအရာမှာ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

သူမသည် ဤကဲ့သို့ ကြီးကျယ်သော ကိစ္စကြီးအကြောင်း သူ့ကို မပြောခဲ့ချေ။

တကယ်ပဲ သူ့ကို ......... သူငယ်ချင်းလို မဆက်ဆံတာလား။

သူတို့နှစ်ဦးသား စကားစမြည် ပြောနေရင်း နောက်ကျကျန်နေခဲ့သည်။

လင်းကျယ်နှင့် ကျန်သူများက သီးသန့်ခန်းထဲသို့ ဝင်သွားကြသည်။

သူတို့နှစ်ယောက် အခန်းနားသို့ မကပ်ခင် အတွင်းထဲမှ ဒေါသတကြီးအော်သံကို ကြားလိုက်ရသည်။

" မင်းက သီးသန့်အခန်းကို ရှင်းပေးစေချင်တယ်ဆိုတိုင်း မင်းအတွက် ငါက ရှင်းပေးရမှာလား။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ "

ဒါက မကောင်းတော့ဘူး။

ယဲ့ဖန်နှင့် ဖက်တီးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သီးသန့်ခန်းတံခါးဆီသို့ အမြန်လျှောက်သွားလိုက်သည်။

ဆိုဖာပေါ်တွင် တက်တူးထိုးထားသည့် အမျိုးသားအချို့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူတို့သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် လူကောင်းများနှင့် မတူပေ။

လင်းကျယ်သည် ပါးရိုက်ခံရသလိုမျိုး သူ့မျက်နှာကို အုပ်ကာ မတ်တပ်ရပ်နေသည်။

သူသည် ထိုလူများကို စိုက်ကြည့်နေသည်။

" မင်း လူကို ဘယ်လိုလုပ် ရိုက်ရတာလဲ "

ထိုအချိန်တွင် ထိပ်ပြောင်နေသော အမျိုးသားတစ်ဦး မတ်တပ်ထရပ်လာကာ လင်းကျယ်ထံသို့ လှမ်းလာပြီး အခြားမျက်နှာတစ်ဖက်ကို ပါးရိုက်လိုက်သည်။

" မင်းကို ရိုက်တော့ မင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ "

" အား ....... "

ဖက်တီးချူးနှင့်အတူ ပါလာသော မိန်းကလေးနှင့် အခြားမိန်းကလေးများသည် အလွန်ကြောက်လန့်သွားကာ မျက်နှာများ ဖြူဖျော့လာသည်။

ယောက်ျားလေးများမှာလည်း ထိုလူများ၏ ကိုယ်ရောင်ကြောင့် ထိတ်လန့်ပြီး ကူညီဖို့ ရှေ့မတိုးရဲကြချေ။

လင်းကျယ်သည် ဖက်တီးချူးနှင့် ကျန်လူများကို ကြည့်ရင်း သူတို့ရှေ့တွင် အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရသည်။

သေမှာကြောက်နေသော်လည်း ထိုလူကို စိုက်ကြည့်နေဆဲဖြစ်သည်။

" ငါဘယ်သူလဲဆိုတာ မင်း သိလား။ မင်း ငါ့ကိုရိုက်ရင် နောင်တရလိမ့်မယ် "

ထိုလူက သူ့ခြိမ်းခြောက်စကားကို ကြားပြီး စကားမပြောဘဲ ပါးကို ထပ်ရိုက်လိုက်သည်။

" ခွေးသားလေး၊ မင်းက ငါ့ကို ဖြဲခြောက်ဖို့ ကြိုးစားနေတုန်းလား။ ပြောစမ်းပါဦး။ မင်းမှာ ဘယ်လို နောက်ခံမျိုးရှိလဲ၊ ကြည့်ရအောင်။ မင်း ဒီလောက် မာနကြီးဖို့ ဘယ်ကသတ္တိရှိလာတာလဲ "

လင်းကျယ် အံကြိတ်လိုက်သည်။

" ငါ့အဖေက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ အဝယ်ဌာနက အကြီးအကဲ လင်းကျယ်သဲ့ပဲ "

'ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ'ဟူသော စကားကို ယဲ့ဖန် ကြားသောအခါ သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

တိုက်ဆိုင်လိုက်တာ။

ထိုလူသည် ချက်ချင်းပင် ဆိုဖာပေါ်ရှိ လူအုပ်စုကို လှည့်ကြည့်လိုက်သည်။

" လင်းကျယ်သဲ့တဲ့၊ မင်းတို့ သူ့အကြောင်း ကြားဖူးလား "

ထိုလူများအားလုံးက ခေါင်းယမ်းကြသည်။

" ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီကို ငါကြားဖူးတယ်။ အဲ့တာက တော်တော်ကြီးတဲ့ ကုန်သွယ်ရေးကုမ္ပဏီပဲ။ ဒါပေမယ့် လင်းကျယ်သဲ့က ဘယ်သူလဲ "

" အဝယ်ဌာနကြီးကြပ်ရေးမှူးအဆင့်လောက်နဲ့ ဘယ်သူ့ကို လာခြောက်နေတာလဲ "

" မင်းအဖေက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ သူဌေးဖြစ်နေရင်တောင် ဘာဖြစ်လဲ။ ငါတို့က ကြောက်နေရမှာလား "

" ဘာလို့ သူ့ကို ပြောနေသေးတာလဲ။ သူ့ကို ရိုက်နှက်ပြီး ဖယ်ထုတ်လိုက်။ ငါတို့လူတွေ ပျော်နေတဲ့ စိတ်ကို မထိခိုက်စေနဲ့ "

သူ့အဖေနာမည်က အသုံးမဝင်ကြောင်း လင်းကျယ် ကြားသည့်အခါ အခြားနာမည်ကို အလျင်အမြန် ပြောလိုက်သည်။

" ဒီ Holy Clanရဲ့ မန်နေဂျာဟွမ်းရှင်းကို ခေါ်ရမလား။ သူ့ကို သွားခေါ်ပြီး စကားပြောခိုင်းစေချင်သလား "

ထိုစကားကို ကြားပြီးနောက် အားလုံးက ရယ်ကြပြန်သည်။

" ဟားဟားဟား၊ Holy Clanရဲ့မန်နေဂျာတဲ့လား။ ငါတို့ ချောင်ရှင်းဂိုဏ်းရဲ့ အရေးကိစ္စတွေမှာ သူ ဝင်ပြီးစွက်ဖက်ရဲလားဆိုတာ သူ့ကို အရင်မေးလိုက် "

" အပိုတွေ ပြောမနေနဲ့။ သူ့ကိုခေါ်ပြီး ကြည့်လိုက်ရအောင် "

" ဒီကလေးက တော်တော်ရူးတာပဲ၊ ချစ်စရာကောင်းတယ်ကွာ။ ငါတို့ကို ခြောက်ဖို့ ကလပ်ရဲ့ မန်နေဂျာကို တကယ် သုံးနေတာလား "

" သူရဲ့ လေယူလေသိမ်းကို ကြည့်ရတာ သူက တခြားမြို့ကပဲ။ ငါတို့ ချောင်ရှင်းဂိုဏ်းအကြောင်းကို သူ မကြားဖူးလောက်ဘူး ဟုတ်တယ်မလား "

လင်းကျယ်နှင့် ကျန်သူများသည် ချောင်ရှင်းဂိုဏ်းအမည်ကို အမှန်တကယ် မသိကြပေ။

ထိုလူများ မည်မျှ မာနထောင်လွှားသည်ကို မြင်သောအခါ ချက်ချင်း ထိတ်လန့်သွားကြသည်။

သူတို့ ယန်းချန်မြို့တွင် အခြားမည်သူမျှ မသိကြပေ။

သူတို့ ဘာလုပ်သင့်လဲ။

ချွေးအေးများ ထွက်နေချိန် ယဲ့ဖန် အခန်းထဲသို့ ရုတ်တရက် ဝင်လာပြီး သူက ဘာမှ မပြောချေ။

သူသည် ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

" ဆရာ ........ "

ချောင်ရှင်းဂိုဏ်းဝင်များသည် အစတွင်တော့ ရယ်မောနေကြသည်။

သို့သော် ယဲ့ဖန်ကို တွေ့ပြီး ရုတ်တရက် လည်ပင်းညှစ်ခံရသလို ဖြစ်သွားသည်။

" ယဲ့ ........ "

ခေါင်းဆောင်သည် ချက်ချင်းပင် တုန်တုန်ယင်ယင်ဖြစ်လာကာ ဆီးထွက်ကျမတတ် ဖြစ်သွားသည်။

ယဲ့ဖန်၏ နာမည်ကို ခေါ်မိခါနီး ယဲ့ဖန်မှ ခေါင်းကို အနည်းငယ်ခါယမ်းပြသည်အား တွေ့လိုက်ရသည်။

ထိုလူက ချက်ချင်း နားလည်ပြီး သူ့ကို မသိချင်ဟန်ဆောင်လိုက်သည်။

ထို့နောက် လင်းကျယ်ကို လှည့်ကြည့်လိုက်သည်။

" အဲ့တာ .... တောင်းပန်ပါတယ်။ မသိလို့ပါ ..... ငါတို့ သီးသန့်အခန်းကို ဖယ်ပေးလိုက်ပါမယ်။ တောင်းပန်ပါတယ် ...... "

ထိုစကားကို ပြောပြီးနောက် သူသည် အခြားသူများကို လက်ပြနှုတ်ဆက်လိုက်သည်။

ထိုလူတစ်စုမှာ သူတို့၏ အဝတ်အစားများနှင့် ဖိနပ်များကို ထိတ်လန့်တကြား ကောက်ကိုင်ပြီး ထွက်ပြေးသွားကြသည်။

လင်းကျယ်နှင့် အခြားလူများကို ကြောင်အပြီး ထိတ်လန့်သွားကြသည်။

" ဒါ .... ဘာတွေဖြစ်နေတာလဲ "

ဖက်တီးချူး စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။

ကောင်းရှုဖိန်းသည် ချက်ချင်း သူ့ကို မြှောက်ပင့်ပေးရန် အခွင့်အရေး ယူလိုက်သည်။

" မင်း အဲ့လိုပြောဖို့တောင် လိုသေးလို့လား။ ငါတို့ရဲ့အစ်ကိုကျယ်ကြောင့် သူတို့ ကြောက်လန့်သွားကြတာဘဲ။ အစ်ကိုကျယ်က ယန်းချန်မြို့မှာ ဒီလောက်နာမည်ကြီးလာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းရဲ့ညီလေးကို ပြုစုစောင့်ရှောက်ပါဦး "

လင်းကျယ် ဘာဖြစ်သွားမှန်း မသိသော်လည်း အခြေအနေကို အကောင်းဆုံးဖြစ်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ချက်ချင်းပင် သူတို့ကို လက်ဝှေ့ယမ်းကာ ပြောသည်။

" သူတို့က လူဆိုးအနည်းငယ်လောက်ပါပဲ။ သူတို့က ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး။ စိတ်မပူပါနဲ့၊ နောင် ယန်းချန်မြို့မှာ တစ်ခုခုလိုရင် ငါ့နာမည်ကို ပြောလိုက် "

ကောင်းရှုဖိန်းနှင့် အခြားလူများက သူ့ကို ထပ်မံချီးကျူးကြသည်။

ဖုန်းကျင်းရီကသာ ယဲ့ဖန်ကို လေးလေးနက်နက် ကြည့်နေသည်။

သူမသည် ပို၍ စေ့စပ်သေချာသူ ဖြစ်သည်။

လင်းကျယ်သည် အစောပိုင်းက နာမည်နှစ်ခုကို ဆက်တိုက်ပြောခဲ့သည်။

သို့သော် ထိုလူများက သူတို့ကို လုံးဝ အလေးအနက်မထားချေ။

သို့သော် ယဲ့ဖန် အခန်းထဲသို့ ဝင်လာချိန်၌ ထိုလူများသည် တစ္ဆေတစ်ကောင်လို မြင်ရသလို ချက်ချင်း ထွက်ပြေးသွားကြသည်။

လင်းကျယ်ကို မကြောက်သော်လည်း ယဲ့ဖန်ကို ကြောက်နေသည်မှာ ထင်ရှားလေသည်။

ဒါကမှ တကယ့် လျှို့ဝှက်အကောင်ကြီးပဲ။

သို့သော် ယဲ့ဖန်သည် ထုတ်ဖော် မပြောလိုသောကြောင့် သူမသည်လည်း သဘာဝအတိုင်း ဘာမှ မပြောရြ့ပေ။

လင်းကျယ်သည် ယဲ့ဖန်၏ ပုခုံးကို ပုတ်လိုက်သည်။

" ဒါကိုတွေ့လား "

" ခွေးက မိုင်တစ်ထောင်လမ်းလျှောက်ရင် ချီးပဲ စားရမယ်။ ဝံပုလွေကတော့ မိုင်တစ်ထောင်လမ်းလျှောက်ရင် အသားစားရလိမ့်မယ်။ ငါ ဘယ်သွားသွား မင်းထက်ငါက ပိုသန်မာလိမ့်မယ် "

ယဲ့ဖန် ရယ်မောလိုက်သည်။

" ဟုတ်တယ်၊ ဟုတ်တယ်၊ မှန်တာပေါ့ "

ယဲ့ဖန်မှ 'ရှုံးနိမ့်ကြောင်း ဝန်ခံသည်'ကို မြင်လိုက်ရပြီး လင်းကျယ်သည် အလွန်ကျေနပ်သွားသည်။

သူက ချက်ချင်းလှည့်ပြီး လူတိုင်းကို လက်ဝှေ့ယမ်းလိုက်သည်။

" မင်းတို့ ဘာလိုချင်လဲ။ မှာလိုက်ကြ၊ ငါ့အတွက် ပိုက်ဆံမပူနဲ့ "

" အစ်ကိုကျယ်က တကယ် ကြီးမြတ်တာပဲ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၁၁ )

ဘာလို့အခြေအနေကို နားမလည်ရတာလဲ။

“ချီးယားစ်”

ခွက်အများကြီးတိုက်လိုက်ခြင်းကြောင့် ခွက်ထဲမှဝိုင်တစ်ဝက်လောက် ဖိတ်စင်ကုန်သည်။

လင်းကျယ် ဟာအတော်လေးရက်ရောသည်။

တစ်ပုလင်းကို ယွမ် ၈၈၀၀ ကျသင့်သည့် Ace of Spades ရှန်ပိန်မျိုး ခြောက်ပုလင်းလောက်မှာပေးထားသည်။

ဖုန်းကျင်းရီမှ လွဲ၍ အခြားမိန်းကလေးများအားလုံး ထိုလူအား အရူးအမူးစွဲလမ်းနေဟန်ဖြင့် ကြည့်နေကြသည်။

ငွေကို ရေလိုဖြုန်းတဲ့ ယောကျာ်းမျိုးကို ဘယ်မိန်းကလေးက မကြိုက်ပဲနေမှာလဲ။

“ဒီနေ့ဒီကိုရောက်နေကြတဲ့လူတိုင်းက ငါ လင်းကျယ် ကို မျက်နှာသာပေးကြတာပါပဲ။ အနာဂတ်မှာ ငါ့နောက်ကသာ လိုက်နေသရွေ့ နေ့ရက်တိုင်းကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရမယ်ဆိုတာ အာမခံပါတယ်…”

လင်းကျယ်တစ်ယောက် ခွက်ကိုမြှောက်ရင်း အစ်ကိုကြီးတစ်ယောက်လို ပြုမူနေလေသည်။

အခြားသူများလည်း ချက်ချင်းပင် သူ့အား မျက်နှာချိုသွေးကြတော့သည်။

“အစ်ကို လင်းကျယ် က အရမ်းရက်ရောတာပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကိစ္စကြီးတွေပဲ လုပ်မယ့်သူဆိုတာကို တန်းသိနိုင်တယ်”

“အဲ့တာပြောနေစရာတောင်လိုသေးလို့လား။ အစ်ကို လင်းကျယ် ရဲ့မိသားစုက ဒီလောက်ချမ်းသာတာ၊ သေချာပေါက် သူ့မှာလုပ်နိုင်စွမ်းရှိတာပေါ့။ သူ့အနာဂတ်ကတော့ အကန့်အသတ်မဲ့ပဲ”

“ငါကြားတာတော့ အစ်ကို လင်းကျယ် ဒီတစ်လော ကိစ္စကြီးတစ်ခုလုပ်နိုင်သွားလို့ ပိုက်ဆံတော်တော်ရထားတယ်တဲ့။ ဘွဲ့မရသေးတာတောင် ဒီလောက်တော်နေရင် ဘွဲ့ရပြီးရင်ဘယ်လိုတောင်နေမလဲကွာ”

“အဲ့တာကြောင့် အစ်ကို လင်းကျယ် နောက်လိုက်ရမယ်လို့ပြောတာပေါ့။ အစ်ကို လင်းကျယ် အနာဂတ်မှာ ကျွန်တော် အစ်ကို့နောက်ပဲ လိုက်ပ့ါမယ်…”

လင်းကျယ် မှာ သူတို့၏မြှောက်ပင့်မှုများကြောင့် ဘဝင်ခိုက်နေသည်ဖြစ်ရာ နှုတ်ခမ်းထောင့်စွန်းများမှာ နားထိချိတ်လုမတတ်ပင် ဖြစ်နေတော့သည်။

သို့သော် ထိုအချိန်၌ ရုတ်တရက်ဆိုသလို ထောင့်နား၌ရပ်နေသည့် ယဲ့ဖန်ကို သတိပြုလိုက်မိသည်။

ထိုလူဟာတော့ သူ့ကိုမြှောက်ပင့်နေသည့် အုပ်စုထဲဝင်မပါလာပါချေ။

ထိုအခြင်းအရာကြောင့် သူမပျော်မရွှင်ဖြစ်သွားရသည်။

“ယဲ့ဖန်၊ ငါတို့တွေအဆောင်တစ်ခုထဲ အတူတူနေကြတာပဲကို၊ တစ်ခုခုတော့ပြောဦးလေ”

ကောင်းရှုဖိန်း မှာ လင်းကျယ် မပျော်မရွှင်ဖြစ်သွားသည်ကိုမြင်တော့ ယဲ့ဖန်အားတွန်းကာပြောလိုက်သည်။

“ဧည့်ဝတ်ကျေပွန်လို့ကျေးဇူးပဲ”

ယဲ့ဖန်ဟာတော့ ခွက်ကိုသာမြှောက်ပြလာသည်။

သို့သော်ငြား ထိုသည်မှာ လင်းကျယ် ကြားချင်သည့်အရာမဟုတ်ပေ။

သူအေးတိအေးစက်ဖြင့်နှာမှုတ်ကာ ဆိုဖာပေါ်၌ပြန်ထိုင်လိုက်သည်။

“ယဲ့ဖန်၊ မင်းကကံကောင်းတယ်ဆိုတာ‌ ငါလည်းသိပါတယ်။ ဒါပေမယ့် တစ်သက်လုံးအဲ့လိုအမြဲကံကောင်းနေမယ်လို့တော့ မတွေးထားနဲ့လေ။ မင်းမှာသာအစွမ်းအစမရှိရင် အနှေးနဲ့အမြန်ကျရှုံးမှာပဲ”

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

“အဓိပ္ပာယ်ရှိတယ်၊ တစ်ယောက်ကိုတစ်ယောက် အားပေးကြတာပေါ့”

လင်းကျယ် မှာ ခါးခါးသီးသီးအငြင်းပယ်ခံလိုက်ရတာကြောင့် နှာမှုတ်ကာဘာမှဆက်မပြောတော့ချေ။

အခြားသူများလည်း ယဲ့ဖန်နှင့် လင်းကျယ် ကြားကကွာဟချက်ကိုမြင်ကြတာကြောင့် ရှုပ်ထွေးမှုများကိုရှောင်ရှားရန် ယဲ့ဖန်နှင့် ဝေးဝေးသာနေတော့သည်။

ဖက်တီးချူးတစ်ယောက်သာ သိပ်များများစားစားမစိုးရိမ်နေတာပင်။

သူကတော့ယဲ့ဖန်‌ထံလျှောက်လာပြီး ပုခုံးပင်ပုတ်လိုက်သေးသည်။

“ကောင်းပြီ၊ ဖန်ဇီ လူတိုင်းကလာပြီး ဂုဏ်ပြုကြတာကို မင်းလည်းလာသောက်လေ”

ယဲ့ဖန်သူနှင့်ခွက်တိုက်လိုက်ပေမယ့် ချက်ချင်းတန်းမသောက်သေးပေ။

“သူတို့ငါ့ကိုရှောင်သွားကြတာ မင်းမမြင်ဘူးလား။ မင်း ငါ့နား အရမ်းကပ်နေရင် လင်းကျယ် အမြင်မကြည်ဖြစ်မှာ မကြောက်ဘူးလား”

ဖက်တီးချူးကတော့ လှောင်ရယ်လာသည်။

“မကြည်လည်းနေပေါ့၊ ငါလည်းသူ့ကို ဖားဖို့ စိတ်ကူးရှိမနေပါဘူး”

“သူ့ဘက်ကသာ မင်းနဲ့ဆက်ဆံရေးပြေလည်ချင်လို့လို့ ပြောလာတာကြောင့်မဟုတ်ရင် ငါဒီနေ့ လာတောင်မလာဘူး”

ယဲ့ဖန် သူ့ခွက်ထဲရှိ ဝိုင်ကို မော့သောက်လိုက်သည်။

“ညီအစ်ကိုကောင်းပဲ”

ဖက်တီးချူး ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်လာသည်။

“ဖန်ဇီ ၊ ငါ့ကိုအမှန်တိုင်းပြော။ မင်း တစ်ခုခု အခက်အခဲ ကြုံနေရတာလား”

“ငွေလိုရင်ငါ့ကိုပြောလေ။ အများကြီးတော့ မကူညီနိုင်ပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပေးမှာပါ”

ယဲ့ဖန် သူ့ပုခုံးကိုပုတ်လိုက်သည်။

“စိတ်မပူပါနဲ့၊ ငါအဆင်ပြေပါတယ်။ တကယ်လိုလာခဲ့ရင် မင်းကိုပြောပါမယ်”

ထိုအခါမှသာ ဖက်တီးချူးတစ်ယောက် သက်ပြင်းချကာ ခပ်ကြောင်ကြောင် ပြုံးပြလာသည်။

ယဲ့ဖန် လင်းကျယ် အားကြည့်ရင်း မေးလာသည်။

“ဒီ လင်းကျယ် က ကြွစောင်းစောင်းနိုင်တယ်ဆိုပေမယ့် တစ်ခါမှဒီလောက်ကြီး မထောင်လွှားဖူးပါဘူး။ သူဒီနေ့ဘာဖြစ်နေတာလဲ”

ဖက်တီးချူး လင်းကျယ်အား အားကျစွာကြည့်လိုက်သည်။

“သူ့အဖေက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ အဝယ်ဌာနမှာ ခေါင်းဆောင်မလား။ သူက သူ့အဖေရဲ့ အဆက်အသွယ်တွေကိုမှီခိုပြီးတော့ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ လက်အောက်က စိုက်ပျိုးရေးထုတ်ကုန်တစ်ခုကို အထောက်အပံ့ရလိုက်တယ်လေ။ သူတို့ တစ်ပတ်လောက်နဲ့ဒီလောက်အများကြီးရသွားတာကလည်း ပျံကျဈေးသည်တွေဆီကနေ ဈေးပေါပေါနဲ့ဝယ်ပြီး ကုန်သွယ်ရေးကုမ္ပဏီတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းလိုက်တာတဲ့”

ထိုသို့ပြောရင်း သူလက်တစ်ချောင်း မြှောက်ပြလာသည်။

ယဲ့ဖန်မျက်လုံးတွေ ကျဉ်းမြောင်းသွားရသည်။

“တစ်သန်းလား”

ဖက်တီးချူး မထီမဲ့မြင့်ဟန်ဖြင့်ပြုံးလိုက်သည်။

“ဆယ်သန်းကွ”

ယဲ့ဖန်လည်း အနည်းငယ်အံ့ဩသွားရသည်။

“အသီးအရွက်ဝယ်တာက ဒီလောက်တောင် အမြတ်ရတယ်လား”

ဖက်တီးချူးက တစ်ခစ်ခစ် ရယ်မောလာ၏။

“သူ့အဖေက ကုန်သွယ်ရေးကုမ္ပဏီ ရဲ့ အကြီးပိုင်းဌာနမှူးလေ။ ကုမ္ပဏီကနေ ဘယ်လိုအထောက်အပံ့တွေရအောင် လုပ်လိုက်လဲတော့ မသိဘူး။ တစ်လှည်းကို ယွမ်ငါးဆယ်ကျော်ရတယ်”

ယဲ့ဖန်၏မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“အဲ့တာ လာဘ်စားတာပဲ မဟုတ်ဘူးလား”

ဖက်တီးချူးလည်း ကူကယ်ရာမဲ့စွာ လက်ဖြန့်ပြလာသည်။

“သူ့အဖေကအစောကထဲက အထက်ရောအောက်ရော ဖိထားပြီးသား။ သူတို့ကုမ္ပဏီက အကြီးပိုင်း တော်တော်များများက သူ့အဖေဘက်ကချည်းပဲ။ အဲ့တော့ သူတို့ကိစ္စမှာဝင်ရှုပ်မယ့်သူမရှိဘူးဖြစ်နေတာ”

ယဲ့ဖန်လှောင်ရယ်လိုက်သည်။

“မင်းကို လင်းကျယ် ပြောပြတာလား”

ဖက်တီးချူး ခေါင်းညိတ်ပြလိုက်သည်။

“အစကတော့ သူဘာမှမပြောပြဘူး။ မူးသွားမှတိတ်တိတ်လေးလာပြောပြတာ”

“အပြင်မှာလျှောက်မပြောနဲ့နော်။ မဟုတ်ရင် သူငါ့ကိုအသေသတ်လိမ့်မယ်”

ယဲ့ဖန်ခေါင်းညိတ်ပြကာ ဝိုင်ခွက်ကိုနှုတ်ခမ်းနားတေ့လျက် လင်းကျယ် အား တစ်ချက်ဝေ့ကြည့်လိုက်သည်။

ဖက်တီးချူးက သူ့ကိုဘာမှထပ်မပြောလာတော့ပေ။

ထိုအစားသူ၏မိန်းကလေးအဖော်အား မျက်နှာလိုမျက်နှာရလုပ်နေတော့သည်။

ထိုမိန်းကလေးမှာ ဝမ်းယွီထုန်း ဖြစ်မည်။

ဖက်တီးချူးလာနေသည်ကိုမြင်တော့ ရွံရှာဟန်ဖြင့်ဘေးဖယ်သွားလေသည်။

ဖက်တီးချူးနှုတ်ခမ်းသပ်ရင်းပြုံးလိုက်သည်။

“ယွီထုန်း သီချင်းဆိုချင်လား။ ကိုယ်တစ်ပုဒ်ရွေးလိုက်မယ်လေ၊ တူတူဆိုလို့ရတာပေါ့”

ဝမ်းယွီထုန်း လှောင်ရယ်လိုက်သည်။

“နင်သီချင်းဆိုတာဒီလောက်ဆိုးတာကို၊ ငါအရင်ကမကြားဖူးတာကျနေရော”

ဖက်တီးချူးလည်း ရှက်ရှက်နှင့်ခေါင်းကုတ်လိုက်သည်။

“ဒါဆိုလည်း ဂိမ်းဆော့ရအောင်လေ။ Korean Tiger Chicken ဘယ်လိုဆော့ရလဲသိလား”

ဝမ်းယွီထုန်း သူ့အားစိတ်မရှည်စွာ ကြည့်လိုက်သည်။

“နင်ငါနဲ့ဝေးဝေးနေစမ်းပါ။ ငါနင်နဲ့မပက်သက်ချင်ဘူး”

ဖက်တီးချူးတစ်ယောက် ကြောင်သွားတော့သည်။

“နင်ဘာပြောတာလဲ။ ပက်သက်တယ်ဆိုတာ ဘာသဘောလဲ”

ဝမ်းယွီထုန်း ယဲ့ဖန်အား အေးစက်စက် ကြည့်လိုက်သည်။

“လင်းကျယ် သူ့ကိုမုန်းတယ်ဆိုတာ နင်မမြင်ဘူးလား။ အဲ့တာကိုတောင် သူ့နားသွားကပ်နေသေးတယ်။ တကယ်ပဲတုံးတာလား၊ တုံးချင်ယောင်ဆောင်နေတာလား”

ဖက်တီးချူးအနည်းငယ်မျက်မှောင်ကြုတ်သွားရသည်။

“ယဲ့ဖန်က ငါ့ညီအစ်ကိုလေ၊ လင်းကျယ် သူ့ကို ကြည့်မရတာနဲ့ပဲ ငါကသူ့နားမကပ်ရတော့ဘူးလား”

ဝမ်းယွီထုန်း မှာ ဒေါသထွက်ရလွန်းသဖြင့် သွေးအန်လုနီးပါးဖြစ်သွားရသည်။

“နင်ဘာလို့အခြေအနေကိုနားမလည်ရတာလဲ။ အဲ့ယဲ့မျိုးရိုးက အခုဘာပိုက်ဆံမှမရှိတော့ဘူး၊ ငမွဲဖြစ်သွားပြီဟဲ့”

“ပြီးတော့ လင်းကျယ် က တစ်ပတ်ကို ဆယ်သန်းလောက်ရှာနိုင်တယ်။ နင်ကအဲ့လို ပေါင်လုံးကြီးကိုလက်လွှတ်ပြီး သူ့လို လှေကျိုးပေါ်မှာပဲတွယ်ကပ်နေဦးမလို့လား။ နင်ရူးနေတာလား”

ဖက်တီးချူး ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။

“ယဲ့ဖန်က ငါ့ညီအစ်ကိုပဲ၊ သူ့မှာပိုက်ဆံရှိရှိ၊ မရှိရှိ သူကငါ့ညီအစ်ကိုပဲကွ”

“စောက်ရူးမ၊ နင်ကငါ့ညီအစ်ကိုကို မကြိုက်မှတော့ ငါလည်းနင့်ကိုမကြိုက်ဘူး”

သူအလွန်စိတ်လှုပ်ရှားသွားတာကြောင့် အသံမှာလည်း နည်းနည်းကျယ်သွားသည်။

တစ်ခန်းလုံးချက်ချင်း တိတ်ဆိတ်သွားတော့သည်။

လင်းကျယ် မှာ ဖက်တီးချူးကြောင့် အစထဲက မပျော်မရွှင်ဖြစ်နေတာဖြစ်သည်။

လူတိုင်း သူယဲ့ဖန်ကိုကြည့်မရတာကြောင့် ရှောင်ကြသော်လည်း ထိုလူကတော့ ယဲ့ဖန်နှင့် ဟီးဟီးဟားဟားလုပ်နေသေးသည်။

အခုတော့ သူကတကယ်ကြီး ယဲ့ဖန်ဘက်မှာပဲ ရပ်တည်လိုက်လေပြီ။

ထိုအရာကသူ့ကိုအလွန်ဒေါသထွက်စေသည်။

“ဖက်တီးချူး၊ မင်းစောက်ရမ်းမူးနေတာလား။ ဘာတွေလာပြောနေတာလဲ”

သူဖက်တီးချူးကို မကျေမနပ်ကြည့်လိုက်သည်။

“လင်းကျယ်”

ဖက်တီးချူးလည်း ဒေါသထွက်သွားရသည်။

သူဘာကိုမှဂရုမစိုက်နေတော့ဘဲ လင်းကျယ် အား လက်ညှိုးထိုးကာဆူတော့သည်။

“လင်းကျယ် ဝံပုလွေယောင်ဆောင်မနေနဲ့”

“ပိုက်ဆံလေးနည်းနည်းရှာနိုင်တာကို၊ ဘာတွေအဲ့လောက်ကြွားနေတာလဲ”

ထိုသို့လက်ညှိုးထိုးကာအဆူခံလိုက်ရခြင်းကြောင့် လင်းကျယ် ၏မျက်နှာမှာ အလွန်ကြည့်ရဆိုးသွားတော့သည်။

“မင်းကိုယ်မင်းဘာစောက်စကားပြောနေတယ်ဆိုတာရောသိရဲ့လား”

ဖက်တီးချူးလည်း ချက်ချင်းလှောင်ရယ်လိုက်၏။

“ဘာလဲ။ ငါပြောတာမှားနေလို့လား။ မင်းပဲ ယဲ့ဖန်နဲ့အဆင်ပြေချင်တယ်ဆိုလို့သာ ငါသူ့ကိုခေါ်လာပေးတာလေ”

“အခုကျတော့ မင်းကသူ့ကိုခက်ခဲအောင် လုပ်နေပြီး ငါ့ကိုလူမပီသအောင် လာလုပ်နေတာလေ။ ဟန်ဆောင်နေတာ ရပ်လိုက်စမ်းပါ”

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၁၂ )

မနာလိုဖြစ်ခြင်း

ကောင်းရှုဖိန်း အမြန်ရှေ့တက်လာကာ သူ့ကိုဆွဲလာသည်။

“ဖက်တီး၊ မင်းဘာတွေလျှောက်ပြောနေတာတုန်း။ အမြန် အစ်ကို လင်းကျယ် ကို တောင်းပန်လိုက်…”

သို့သော် ဖက်တီးချူးဟာတော့ ရူးသွပ်သွားပြီဖြစ်ရာ သူ့လက်ကိုတွန်းထုတ်လိုက်သည်။

“ကောင်းရှုဖိန်း မင်းလည်းလာပြီး ကောင်းချင်ယောင်ဆောင်မနေနဲ့”

“လင်းကျယ် က အဲ့အပုပ်နံ့ထွက်နေတဲ့ပိုက်ဆံ နည်းနည်းပါးပါးရတာကိုမြင်ပြီး မင်းက သူ့ခွေးလုပ်ဖို့ကြံနေတာမလား။ ငါကမင်းလောက်တော့ ဈေးမပေါဘူးကွ”

ထိုသို့ပြောကာ နေရာရှိလူတိုင်းထံအကြည့်တွေ ဖြန့်ကျက်လိုက်သည်။

“ငါဒီနေ့မင်းတို့ကိုပြောလိုက်မယ်၊ ယဲ့ဖန်က ငါ့ညီအစ်ကိုပဲ သူကအမြဲတမ်း ငါ့ညီအစ်ကိုဖြစ်နေမှာ”

“မင်းတို့သူ့အပေါ်အထင်သေးရင် ငါ့ကို အထင်သေးလိုက်တာနဲ့တူတူပဲ။ မင်းတို့တွေထဲက တစ်ယောက်ပဲဖြစ်ဖြစ် သူ့ကိုအေးတိအေးစက်စကားပြောရဲရင် မင်းတို့ကောင်တွေ ငါ့ပါးစပ်နဲ့ကောင်းကောင်း တွေ့သွားစေရမယ်”

သူ့စကားများမှာအလွန်ပြင်းထန်ကာ သူ၏ခပ်ကြီးကြီးခန္ဓာကိုယ်နှင့် ပေါင်းလိုက်တော့ အရှိန်အဝါတစ်ချို့ ရှိနေသယောင်ပင်ဖြစ်သွားစေသည်။

ချက်ချင်းဆိုသလို ထိုနေရာရှိလူတိုင်း ထိတ်လန့်သွားကာ အသံမထွက်ရဲတော့ပေ။

သီးသန့်ခန်းမှာ အချိန်ခဏလောက် တိတ်ဆိတ်သွားတော့သည်။

အချိန်အတော်ကြာပြီးနောက် ရုတ်တရက် ယဲ့ဖန်ထရပ်လာကာ ဖက်တီးချူးကို ဆွဲလိုက်သည်။

ထို့နောက်အားလုံးကိုပြုံးပြလိုက်၏။

“ဖက်တီးက အစောကအများကြီး သောက်လိုက်မတာကြောင့် ပေါက်ကရတွေ လျှောက်ပြောနေတာပါ”

“အားလုံးလည်း သူဘယ်လိုလူဆိုတာ သိတာပဲမလား။ အဲ့တော့စိတ်ထဲမထားကြပါနဲ့”

ထိုသို့ပြောကာဖက်တီးချူး၏ဇက်ပိုးအား တစ်ချက်ရိုက်လိုက်သည်။

“အမြန်အကုန်လုံးကို ပြန်တောင်းပန်လိုက် ကြောင်သေးနည်းနည်းသောက်လိုက်တာနဲ့ မင်းက ကိုယ့်မျိုးရိုးနာမည်တောင် ကိုယ်မမှတ်မိချင်တော့ဘူး”

ဖက်တီးချူးမှာ ထိုသို့မလုပ်ချင်ပါသော်လည်း အားလုံးကို ပြန်တောင်းပန်လိုက်ရသည်။

“တောင်းပန်ပါတယ်၊ ငါအစောက အရမ်းစိတ်လှုပ်ရှားသွားလို့။ မင်းတို့ ဆက်ပျော်လို့ရပါတယ်”

ထိုသို့ပြောပြီးနောက် ဆိုဖာပေါ်ပြန်ထိုင်ကာ ဆက်သောက်နေတော့သည်။

ယဲ့ဖန်လည်း သူ့ဘေး၌ဖြေးဖြေးချင်း ထိုင်ချကာ သူ့အားတိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

“တော်လိုက်တာ သားကြီးရာ”

ဖက်တီးချူးလည်း ခေါင်းမော့လာကာ ဂုဏ်ယူနေသည့်ရုပ်ဖြစ်သွားသည်။ သူ့ရဲ့ဒီဖက်တီးညီအစ်ကိုက အလွန်သစ္စာရှိသည့်ဟန်ပင်ဖြစ်သည်။

လင်းကျယ် ဖက်တီးချူးအား အေးစက်စက်စိုက်ကြည့်လိုက်သည်။

'မင်းကအဲ့ကောင်ဘက်မှာနေဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ငါ့အဆိုးမဆိုနဲ့ပေါ့’

ထိုသို့တွေးကာ သူချက်ချင်းစားပွဲထိုးတစ်ယောက်ကို အထဲဝင်လာခိုင်းလိုက်သည်။

“မင်းတို့ဆီမှာ အသစ်လေးတွေရောက်တယ်ကြားတယ်။ အထဲကိုနည်းနည်းလောက်ခေါ်လိုက်”

စားပွဲထိုးလေးဟာလည်း ချက်ချင်းပင် သွားစီစဉ်ပေးလေသည်။

ကောင်းရှုဖိန်း နှင့် ကျန်လူနှစ်ယောက်မှာ စိတ်လှုပ်ရှားနေဟန်ရသော်လည်း မိန်းကလေးတွေကတော့ မကျေမနပ်ဖြစ်နေကြသည်။

လင်းကျယ် သရော်ဟန်ရယ်လိုက်ကာ သူ့လက်တွေကိုဖြန့်ပြလိုက်သည်။

“ငါ့ကိုအပြစ်တင်မနေနဲ့၊ မင်းတို့ဘာသာ လက်မလွှတ်နိုင်တာ။ ငါကဒီနေ့ ငါ့ညီအစ်ကိုတွေကိုကစားဖို့ခေါ်တာလေ။ အဲ့တော့သေချာပေါက် သူတို့ကို ပျော်ခွင့်ပေးရမှာပေါ့”

သူတမင်တကာပင် ‘ညီအစ်ကို’ ဆိုသည့် နေရာကို ခပ်ကျယ်ကျယ်ဖိပြောလိုက်တာပင်။ ဒီအပြုအစုတွေကို သူ့ ‘ညီအစ်ကို’ ဖြစ်သူတွေသာ ခံစားနိုင်မည်ဆိုသည်ကို ဖက်တီးချူးအားသိစေလို၍ပင်ဖြစ်သည်။

ဖက်တီးချူးကတော့ အေးစက်စက်ရယ်ကာ သူ့ကိုအဖတ်မလုပ်ပေ။

တစ်အောင့်ကြာသော် ကိုယ်ကျပ်ဝတ်စုံဝတ်ထားသည့် မိန်းကလေးများအခန်းထဲဝင်လာကာ အားလုံးကိုနှုတ်ဆက်လိုက်သည်။

“ဟယ်လို၊ ဘော့စ်”

ကောင်းရှုဖိန်း နှင့် ကျန်နှစ်ယောက်မှာ စိတ်လှုပ်ရှားလွန်း၍ မျက်လုံးများပင် တောက်ပနေသည်။

ဖက်တီးချူးပင် မထိန်းနိုင်ပဲ တံတွေးမျိုချမိသွားသည်။

ထိုကဲ့သို့သောမော်ဒယ်လ်ငယ်လေးတွေမှာ အိက်မက်သာမက်နိုင်ပြီး မထိတွေ့နိုင်သော အရာဖြစ်သည်။

ယခုတွင်တော့ ထိုသူတို့ဟာတန်းစီနေပြီး သူတို့အားရွေးချယ်ခိုင်းနေသည်။

ဤသည်မှာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းသည်။

ကြီးကြပ်သူ‌တစ်ယောက်ဝင်လာကာ လင်းကျယ် အား ကြည့်လာသည်။

“ဆရာ၊ ဆရာ့အတွက် မော်ဒယ်လ်လေးတွေ ခေါ်လာပါတယ်။ သူတို့အကုန်လုံးက ရှာမှရှားလေးတွေပါဆိုတာ ကျွန်တော် အာမခံပါတယ်။ ဆရာစိတ်ကျေနပ်ရဲ့လားဗျ”

လင်းကျယ် ထိုမိန်းကလေးတွေထံအကြည့် ဖြန့်ကျက်လိုက်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားရသည်။

“လင်းလင်း ကဘယ်တစ်ယောက်လဲ”

စားပွဲထိုးခေါင်းဆောင်မှာ ခဏလောက် ကြောင်သွားပြီးနောက်မှ လက်မထောင်ပြလာသည်။

“ဆရာက ပုံမှန်ဖောက်သည်လားဗျ။ လင်းလင်းကို သိနေတာလား”

လင်းကျယ် သူ့ကိုစိုက်ကြည့်လိုက်သည်။

“ငါမင်းကို လင်းလင်း ဘယ်မှာလဲလို့မေးနေတာ”

မန်နေဂျာဖြစ်သူမှာ ချက်ချင်း ကသိကအောက်ပြုံးပြလာသည်။

“လင်းလင်း က ဒီမှာနာမည်အကြီးဆုံးဆိုတော့ သူ့ကိုမေးကြတဲ့သူတွေများတယ်ဗျ။ သူက အခုတခြားအခန်းမှာရောက်နေပါတယ်”

လင်းကျယ် ဆိုဖာပေါ်ကို ခပ်ဖြေးဖြေးမှီလိုက်ကာ ခြေထောက်ချင်းချိတ်လိုက်သည်။

“လင်းလင်း ကိုသွားခေါ်လာခဲ့၊ ငါသူ့ကိုပဲ လိုချင်တယ်”

မန်နေဂျာလည်း အမြန်ပင် အားနာဟန်ပြုံးပြလာသည်။

“ဆရာ၊ သူတို့တွေကလည်း တကယ်တော့ အရမ်းလှကြပါတယ်။ လင်းလင်း ထက်တော့ မနိမ့်ကြပါဘူး…”

လင်းကျယ် သူ့အားချက်ချင်းစိုက်ကြည့်လာသည်။

“လူစကားနားမလည်ဘူးလား။ ငါ လင်းလင်း ကိုပဲလိုချင်တယ်လို့ ပြောနေတယ်လေ”

မန်နေဂျာမှာ ထိုနေရာ၌သာရပ်နေဆဲပင်ဖြစ်သည်။

သူကသိကအောက်ဖြစ်လာရသည်။

“တောင်းပန်ပါတယ်။ လင်းလင်း က အခု အလုပ်များနေလို့ပါ”

သူပြောလို့မပြီးခင်မှာပင် လင်းကျယ် အိတ်ထဲမှ ပိုက်ဆံတစ်ထပ်ဆွဲထုတ်ကာ စားပွဲပေါ်ပစ်တင်ပေးလိုက်သည်။

“အခုရော”

မန်နေဂျာထိုပိုက်ဆံတွေကိုကြည့်လိုက်သည်။

၎င်းတို့မှာအနည်းဆုံးယွမ်တစ်သောင်းတော့ ရှိမည်။

သူတံတွေးမျိုချကာ ခေါင်းယမ်းပြလိုက်သည်။

“ဆရာ၊ ကျွန်တော်တကယ်တောင်းပန်…”

ဖတ်

လင်းကျယ် နောက်တစ်ထပ်ထုတ်ပေးလိုက်သည်။

“အခုရော”

“ဆရာ…”

ဖတ်

“ပထမဆုံး…”

ဖတ်

လင်းကျယ် ပိုက်ဆံအထပ်လိုက်ဆက်ဆွဲထုတ်ပေးနေသည်မှာ တစ်ခဏအတွင်း ယွမ်ငါးသောင်း ကျော်သွားလေသည်။

မန်နေဂျာဖြစ်သူမှာလည်း ထပ်မတောင့်ခံနိုင်တော့သည်ဖြစ်ရာ အမြန်ပင် အားနာဟန် ပြုံးပြလာသည်။

“ဒါဆို ကျွန်တော်မေးကြည့်ပေးပါမယ်ဗျ…”

ထိုသို့ပြောကာ အမြန်ထွက်သွားသည်။

ကောင်းရှုဖိန်းနှင့် ကျန်နှစ်ယောက်မှာ အမြန်ပင် ထိုအခွင့်အရေးကိုဆုပ်ကိုင်၍ လင်းကျယ်အား ထပ်မံမျက်နှာလိုမျက်နှာရလုပ်လေသည်။

“အစ်ကို လင်းကျယ်၊ အစောက အစ်ကိုလုပ်သွားတာ အရမ်းမိုက်တာပဲ”

“ကျွန်တော့်အိပ်မက်က တစ်နေ့ကျရင် အစ်ကို လင်းကျယ် လိုဖြစ်လာဖို့ပဲ။ သဘောမတူရင် ပိုက်ဆံနဲ့ပစ်ပေါက်မယ်၊ ဟားဟား”

“မင်းအစ်ကို လင်းကျယ် နောက်ကိုလိုက်နေသရွေ့ အနှေးနဲ့အမြန် ထောင်လွှားလာနိုင်မှာပဲ…”

“အစ်ကို လင်းကျယ် က အခုကစပြီးကျွန်တော့် အိုင်ဒေါလ်ပဲ…”

လင်းကျယ် မှာ သူတို့၏မြှောက်ပင့်မှုများကြောင့် ပိုလို့ပင်ဘဝင်လေဟပ်လာကာ ချက်ချင်း လက်ယမ်းပြလာသည်။

“အဲ့နားမှာရပ်‌မနေနဲ့၊ တစ်ယောက်စီ ရွေးလိုက်လေ… မဟုတ်ဘူး နှစ်ယောက်စီ ရွေးလိုက်ကြ”

ကောင်းရှုဖိန်း နှင့်ကျန်သူများမှာ ချက်ချင်းရှေ့တက်ကာ မော်ဒယ်လ်နှစ်ယောက်စီရွေးလိုက်ကြသည်။

ဖက်တီးချူးလည်း သူတို့အား မနာလိုစွာကြည့်လိုက်သော်လည်း နောက်ဆုံး၌မလှုပ်လိုက်ပေ။

ယောကျာ်းဆိုတာ ကိုယ့်အားကိုယ်ကိုးရတယ်

သို့သော်သူမနာလိုဖြစ်နေရဆဲပင်ဖြစ်သည်။

All Chapters