အခန်း (၁၁၁၃-၁၁၁၆)
Vol. 56 Ch. 1113-1116
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၁၃ )
မင်းကဘာလို့ဒီရောက်နေတာလဲ။
ကောင်းရှုဖိန်းနှင့် ကျန်သူနှစ်ယောက်မှာ မကောင်းသော ရည်ရွယ်ချက်ရှိသော်လည်း လုပ်ရဲသည့် သတ္တိတော့ မရှိကြပေ။
သူတို့အားလုံးမော်ဒယ်လ်တစ်ယောက်စီ ရွေးလိုက်ကြသည်။
သို့သော် မထိရဲကြပေ။
အရင်နေရာ၌သာထိုင်ကာ လိမ်လိမ်မာမာနှင့် အရက်သောက်နေကြသည်။
ဆန့်ကျင်ဘက်အားဖြင့် မော်ဒယ်မလေးဘက်မှ သူတို့လက်မောင်းကို မှီလိုက်လျှင်ပင် သုံးယောက်သားအား စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားစေသည်။
လင်းကျယ် မှာ ထိုသုံးယောက်၏ကြောက်လန့် နေသည့်အမူအရာကိုမြင်တော့ မထိန်းနိုင်ပဲ စနောက်လိုက်သည်။
“မင်းတို့ကောင်တွေ ဘာလို့အဲ့လောက်ကြောက်နေကြတာတုန်း။ လုပ်ရမယ့်ဟာကလုပ်ရမှာပဲလေ။ သူတို့တစ်ယောက်စီတိုင်းက စင်ပေါ်မှာတစ်ခါ ထိုင်ဖို့ကို ယွမ်နှစ်ထောင်ကျော်ပေးရတယ်။ မဖြုန်းတီးကြစမ်းပါနဲ့”
ထိုအခါမှသာသုံးယောက်သား စတင်ကာတရင်းတနှီးပြုမူကြတော့သည်။
လင်းကျယ် သူ့ဘေးရှိ ယဲ့ဖန်နှင့်ဖက်တီးချူးအား ကြည့်လိုက်သည်။
“လင်းကျယ် ရဲ့ညီအစ်ကိုတွေသာလုပ်လိုက်စမ်းပါ” ဟု ထိုနှစ်ဦးအားထေ့ငေါ့၍ပြောလိုက်သည်။
“မင်းတို့အတွက်လုံလောက်တာထက်ပိုတဲ့ မိန်းကလေးတွေရှိမယ်၊ အဆုံးမရှိတဲ့ပျော်ရွှင်မှုကို မင်းတို့ခံစားနိုင်လိမ့်မယ်”
“ငါ့ညီအစ်ကိုဖြစ်မလာချင်တဲ့သူတွေကတော့ ဆောရီးပဲ၊ သူတို့ဘေးကနေပဲ ထိုင်ကြည့်နေရလိမ့်မယ်”
ဖက်တီးချူးမှာ ထိုလူသူ့ကို သိမ်ငယ်ရအောင် လုပ်နေသည်ဆိုတာကိုသိ၍ ချက်ချင်း လှောင်ရယ်လိုက်သည်။
“ဘာတွေလာကြွားနေတာတုန်း။ ဘယ်သူမှ စောက်ဂရုစိုက်မနေဘူး”
သူထိုသို့ပြောလိုက်သော်လည်း ကောင်းရှုဖိန်း နှင့် ကျန်သူများကိုတော့ မနာလိုစွာ ကြည့်လိုက်မိသေးသည်။
ထိုအချိန်တွင် အလုပ်သမားခေါင်းဆောင်ဖြစ်သူမှာ မျက်နှာပေါ်၌လက်ဝါးရာကြီးဖြင့် ပြန်ရောက်လာသည်။
ထိုလူအရိုက်ခံလာရတာဖြစ်နိုင်သည်။
“ဆရာ၊ ကျွန်တော်တကယ်တောင်းပန်ပါတယ်။ လင်းလင်း က တခြားသီးသန့်ခန်းမှာဆိုတော့ သူတို့ကသူ့ကိုမလွှတ်ပေးကြဘူး။ တခြားသူကိုပဲရွေးလိုက်ပါ”
အလုပ်သမားခေါင်းဆောင်မှာ လင်းကျယ် ရှေ့ရောက်လာကာ တစ်ခါထပ်တောင်းပန်ပြန်သည်။
ဘန်း
လင်းကျယ် ဝိုင်ခွက်ကိုခုံပေါ်သို့ဆောင့်ချလိုက်သည်။
“ချီး၊ ဒီလိုကိစ္စသေးသေးလေးကိုတောင် မကိုင်တွယ်နိုင်ဘူးလား။ မင်းဘာလုပ်နေတာလဲ”
အလုပ်သမားခေါင်းဆောင်ဖြစ်သူမှာလည်း ငိုချတော့မတတ်ပင်ဖြစ်နေသည်။
“အဲ့အခန်းက ဖောက်သည်ကဒေါသကြီးလို့ပါ။ ကျွန်တော် သူ့ကိုအကောင်းဆုံးကြိုးစာပြီး ဖြောင်းဖြပေမယ့် သူကမလွှတ်ပေးဘူးပဲ ငြင်းနေလို့ပါ။ ကျွန်တော့်ကို ရိုက်တောင် ရိုက်လိုက်သေးတယ်…”
လင်းကျယ်လည်း သူ့မျက်နှာပေါ်က လက်ဝါးရာကြီးကိုမြင်ကာ တစ်ချိန်က သီးသန့်ခန်းအတွက် သူတိုက်ခိုက်စဉ်က ရခဲ့ဖူးသောရိုက်ချက်အနည်းငယ်ကို ပြန်သတိရသွားသည်။
ထိုသည်မှာ ယခုထိ နာနေဆဲပင်ဖြစ်သည်။
ထိုအချိန်မှာပဲ ကောင်းရှုဖိန်း အမြန်ပင် သူ့လက်ကိုလှမ်းဆွဲလာသည်။
“အစ်ကို လင်းကျယ်, ထားလိုက်ပါတော့ဗျာ။ တကယ်ဆို ယန်းချန်မြို့ က ကျွန်တော်တို့ ပိုင်နက်မှမဟုတ်တာ။ ပြဿနာမရှာပါနဲ့တော့”
သူပြောတာကိုကြားတော့ လင်းကျယ် ဒေါသထွက်သွားရသည်။
“မင်းကငါ့ကိုအထင်သေးနေတာလား။ ငါ့အဖေက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ ရဲ့ အဝယ်ဌာန ခေါင်းဆောင်နော်။ ပြီးတော့ Holy Clam ကလပ်က လူတွေနဲ့လည်း ငါသိတယ်။ အဲ့တာကို မင်းကဘာတွေကြောက်နေတာတုန်း”
ထိုသို့ပြောကာ အလုပ်သမားခေါင်းဆောင်ဖြစ်သူဘက် လှည့်လိုက်သည်။
“ငါ့ကိုအဲ့ကိုခေါ်သွားပေး။ မိန်းကလေးတစ်ယောက်ကိုခေါ်ဖို့အရေး အဲ့လောက်ခက်ခဲနေမယ်ဆိုတာ ငါမယုံဘူး”
အလုပ်သမားခေါင်းဆောင်မှာလည်း ဘာမှမတတ်နိုင်ပဲ သူ့ကိုခေါ်လာခဲ့ရသည်။
“သွားစို့၊ သွားကြည့်ရအောင်”
ကောင်းရှုဖိန်း နှင့် ကျန်လူများလည်း မော်ဒယ်လေးတွေကိုတွန်းထုတ်ကာ နောက်မှလိုက်သွားကြသည်။
ဖက်တီးချူးလည်း မတ်တပ်ရပ်လိုက်သည်။
သို့သော် ယဲ့ဖန်သူ့ကိုတားလိုက်၏။
“သူမ မိန်းမသွားလုမလို့လေ။ မင်းကဘာလိုက်လုပ်မှာလဲ”
ဖက်တီးချူးကြောင်သွားသည်။
“ငါ…ငါက သူတို့ရန်ဖြစ်မှာကြောက်လို့ပါ ..”
ယဲ့ဖန်သူ့ကိုပြန်ဆွဲကာ ခုံမှာထိုင်ခိုင်းလိုက်သည်။
“အဲ့တော့ဘာဖြစ်လဲ၊ သူတောင်မင်းကို သူ့လူအဖြစ်မသတ်မှတ်တာကို၊ မင်းကဘာလို့လိုက်နေဦးမှာလဲ။ ပွဲထိုင်ကြည့်နေရတာမကောင်းလို့လား”
ထိုသို့ပြောရင်း တွန်းထုတ်ခံလိုက်ရသည့် မော်ဒယ်မလေးအား ညွှန်ပြလိုက်သည်။
“အစောကမင်းပဲမနာလိုဖြစ်နေတာမလား။ အခုမင်းအတွက် အခွင့်ကောင်းပဲလေ”
ဖက်တီးချူးပြုံးလိုက်သည်။
“ဟုတ်သားပဲ”
ထိုသို့ပြောရင်း မော်ဒယ်မလေးများ၏ အလယ်၌ဖြေးဖြေးချင်းထိုင်ချလိုက်သည်။
ယဲ့ဖန်၏အားပေးသောအကြည့်များအောက်၌ သူဖြေးဖြေးချင်း ထိုမော်ဒယ်မလေးနှစ်ယောက်ကို ရင်ခွင်ထဲဆွဲသွင်းကာ လက်တွေကို အထက်အောက်ရွေ့လျားလိုက်သည်။
ဖက်တီးတစ်ယောက် မျက်လုံးပဲရှိပြီးနှာခေါင်းမရှိသည့်သူဌေးတစ်ယောက်လို အားရပါးရရယ်နေသည်ကိုမြင်တော့ ယဲ့ဖန်တစ်ယောက် အကျယ်ကြီးအော်ရယ်မိသွားသည်။
ဖုန်းကျင်းရီ လည်း သူ့ပွေ့ဖက်မှုထဲ ငြိမ်ခံနေလိုက်သည်။
သီးသန့်ခန်းထဲရှိလေထုမှာ တဖြေးဖြေးချင်း သဟဇာတဖြစ်လာသည်။
တစ်ချိန်ထဲမှာပဲ လင်းကျယ် နှင့်ကျန်သူများမှာ အလုပ်သမားခေါင်းဆောင်၏ဦးဆောင်မှုဖြင့် တစ်ဖက်ခန်းဆီသို့ရောက်သွားကြပြီဖြစ်သည်။
ယခင်တစ်ကြိမ်က သီးသန့်ခန်းအတွက် တိုက်ခိုက်မှုကြောင့် လင်းကျယ် ၏ မိမိကိုယ်ကို ယုံကြည်မှုမှာအလွန်မြင့်တက်နေသည်။
ယန်းချန်မြို့ ၏ပြည်တွင်းအာဏာရှင်များမှာ အနိုင်ကျင့်သူများဖြစ်ကြပြီး သန်မာသူကို ကြောက်ကြသည်ဟုပင် သူခံစားနေမိသည်။
မင်းသာသူတို့ထက်ပိုပြီးလွှမ်းမိုးနိုင်နေရင် သူတို့ဘက်ကအမြီးကုပ်သွားလိမ့်မည်။
ထို့ကြောင့် သူတို့သီးသန့်ခန်းဆီသို့ရောက်သောအခါ တံခါးကိုကန်ဖွင့်လိုက်သည်။
ယောကျာ်းနှင့်မိန်းမတစ်အုပ်မှာ အခန်းထဲ၌ပျော်ရွှင်နေကြသည်။
ရုတ်တရက်ဆိုသလို တံခါးတွန်းဖွင့်ခံလိုက်ရပြီး သူတို့လည်း ချက်ချင်းရပ်တန့်သွားကြသည်။
“မင်းကဘာကောင်တုန်း။ သေချင်နေတာလား”
သူတို့ထဲရှိဆံပင်အလယ်ခွဲနှင့်တစ်ယောက်မှာ လင်းကျယ် နှင့်ကျန်လူများအား ဒေါသတကြီးကြည့်လာသည်။
“ဘယ်သူက လင်းလင်း လဲ”
လင်းကျယ် ကတော့ ထိုလူကိုလျစ်လျူရှုကာ အခန်းထဲရှိမိန်းကလေးတွေကို ကြည့်လိုက်သည်။
တိုနံ့နံ့ဝတ်ဆင်ထားသောမိန်းကလေးတစ်ယောက် မဝံ့မရဲလက်ထောင်ပြလာ၏။
“ကျ… ကျွန်မပါ”
လင်းကျယ် သူမအား လက်ယမ်းပြကာ “ငါ့နောက်လိုက်ခဲ့” ဟုပြောလိုက်သည်။
ထိုအမျိုးသမီးမှာတုံ့ဆိုင်းနေကာ အလယ်၌ထိုင်နေသူအား လှည့်ကြည့်နေသည်။
“ငါ့ကောင်၊ မင်းဘာကိုဆိုလိုတာလဲ။ ငါ့လူကို လာလုနေတာလား”
အလယ်ခွဲနှင့်လူမှာချက်ချင်းဆိုသလို ရက်စက်သည့်အပြုံးတစ်ခုပြုံးပြလာသည်။
လင်းကျယ် လည်း စားပွဲပေါ်သို့ပိုက်ဆံအထပ်လိုက် ပစ်ချလိုက်သည်။
“ဆောရီး၊ ငါ လင်းလင်း ကိုကြိုက်လို့။ မင်းတခြားတစ်ယောက်ခေါ်လိုက်”
ထိုသို့ပြောကာ လင်းလင်း ကိုပွေ့ဖက်ရင်း ထွက်လာလိုက်သည်။
ကောင်းရှုဖိန်း နှင့်ကျန်သူများမှာ ကြက်သေသေနေမိသည်။
“အစ်ကို လင်းကျယ်က အသေမိုက်တာပဲ။ ဘာမှတောင် ကြမ်းကြမ်းတမ်းတမ်းတွေ မပြောလိုက်ရဘူး”
“ငါတို့အစ်ကို လင်းကျယ်ဆီကနေ များများသင်ယူရမယ်။ ရေလည်လန်းတယ်ဆိုတာ ဒါမျိုးကိုပြောတာကွ”
“ထောင်လွှားတယ်ဆိုတာကလည်း အရင်းအနှီးလိုတယ်ကွ။ အစ်ကိုလင်းကျယ်က တစ်ပတ်ကို ဆယ်သန်းလောက်ရှာနိုင်နေတာ ငါတို့က ဘယ်လိုလုပ် သူနဲ့ယှဉ်နိုင်မှာလဲ”
“အစ်ကို လင်းကျယ် က အရမ်းကြည့်ကောင်းတာပဲ…”
သူတို့ လင်းကျယ် ကို အဆုံးမရှိချီးမွမ်းနေကြချိန်မှာပဲ အလယ်၌ထိုင်နေသူမှာ လင်းကျယ် ၏ လမ်းအားပိတ်ရပ်လိုက်သည်။
“ကလေး၊ ငါ့အထင်မင်းအသက်ရှင်ရတာ ပင်းပန်းနေပြီထင်တယ်။ ငါဘယ်သူလဲဆိုတာရော မင်းသိရဲ့လား”
လင်းကျယ် အဖတ်မလုပ်စွာရယ်လိုက်သည်။
“မင်းဘာမင်းဘာကောင်ဖြစ်ဖြစ် စောက်ဂရုမစိုက်ဘူး။ ဘေးဖယ်”
ထိုသို့ပြောကာ လင်းလင်း အား အတင်းအကျပ် ခေါ်သွားရန်ပြင်လိုက်သည်။
သို့သော်ထိုအချိန်မှာပဲ မထင်မှတ်ထားသည့် ကိစ္စတစ်ခုဖြစ်ပျက်သွားလေသည်။
အလယ်ခွဲနှင့်လူမှာ ခုံပေါ်မှဝိုင်ပုလင်းကိုကောက်ကိုင်ကာ လင်းကျယ် ၏ခေါင်းအားရိုက်ခွဲလိုက်သည်။
ဘန်း
ဝိုင်ပုလင်းမှာချက်ချင်းကွဲထွက်သွားကာ ဖန်ကွဲစများနေရာအနှံ့သို့လွင့်စင်ကုန်သည်။
လင်းကျယ် လည်း တစ်ဖက်မှထိုသို့ တိုက်ခိုက်လာမည်ဟု မထင်ထားချေ။
သူယိုင်သွားကာ မြေပေါ်လဲကျသွားတော့သည်။
သူ့ခေါင်းမှအနီရောင်အရည်များစီးကျလာသည်။
သွေးတွေလား ဝိုင်တွေပဲလားဆိုတာကိုတော့ ဘယ်သူမှအတပ်မပြောနိုင်ပေ။
“အာ…”
ထိုနေရာရှိမိန်းကလေးအနည်းစုမှာ လွန်စွာထိတ်လန့်သွားကြတာကြောင့် အော်ဟစ်နေတော့သည်။
ကောင်းရှုဖိန်း နှင့်ကျန်သူများလည်း အမူအရာပြောင်းသွားကာ အခန်းထဲသို့ အမြန်ပြေးဝင်လာကြသည်။
သီးသန့်ခန်းထဲရှိလူများမှာသူတို့တက်လာသည်ကိုမြင်တော့ သူတို့လည်းစတင်လှုပ်ရှားရတော့မည်ဟု တွေးလိုက်သည်။
ထို့နောက်ဝိုင်ပုလင်းတွေဆွဲကာ သူတို့ထံ ချီတက်တော့သည်။
နှစ်ဖက်သားမှာချက်ချင်းပင် ရန်စဖြစ်ကြတော့သည်။
မိန်းကလေးတစ်အုပ်မှာလည်း ဆံပင်တွေဆွဲကာ တစ်ယောက်ကိုတစ်ယောက် အော်ဆဲနေကြတော့သည်။
အချိန်ခဏလောက် သီးသန့်ခန်းထဲ၌ ပွက်လောရိုက်သွားသည်။
အလုပ်သမားခေါင်းဆောင်မှာလည်း အခြေအနေသိပ်မဟန်သည်ကိုမြင်တော့ အထက်လူကြီးတွေကို အမြန်သွားတင်ပြတော့သည်။
သိပ်မကြာခင်မှာပဲ အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်စီးထားသည့်လူတစ်ယောက်ဟာ လုံခြုံရေးများကို လူနှစ်စုအား အတင်းအကျပ်လူစုခွဲခိုင်းလိုက်သည်။
“လင်းကျယ် လား”
ထိုလူမှာမျက်နှာ၌သွေးအပြည့်ဖြစ်နေသည့် လင်းကျယ် ကိုကြည့်ကာ ရေရွတ်လိုက်သည်။
လင်းကျယ် လည်းထိုလူကိုမြင်တော့ ချက်ချင်းပင်အော်ငိုတော့သည်။
“ဦးလေး ဟွမ်း…”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၁၄ )
သူကဘယ်လောက်တောင်အံ့ဩဖို့ကောင်းလဲဆိုတာ ပြောတောင်မပြောပြတတ်ဘူး
ထိုအသတ်လတ်ပိုင်းလူကြီးမှာ ဟွမ်းရှင်း ဟုအမည်တွင်ပြီး Holy Clam ကလပ်၏ မန်နေဂျာဖြစ်သည်။
ထိုလူမှာ လင်းကျယ်၏ဖခင်၊ လင်းကျယ်သဲ့၏ သူငယ်ချင်းလည်းဖြစ်သည်။
ထိုအချက်ကြောင့်သာ လင်းကျယ် ဤနေရာ၌ ပြဿနာရှာရဲခြင်းဖြစ်သည်။
ဤနေရာ၌သူ့ကိုကာကွယ်ပေးမည့်သူရှိနေရာ ဘယ်သူ့ကိုမှကြောက်စရာမလိုပေ။
ဟွမ်းရှင်းလည်း တစ်သျှူးအနည်းငယ်ယူကာ သူ့မျက်နှာပေါ်ရှိ သွေးများအားသုတ်ပေးလိုက်သည်။
“မင်းကဘာလို့ဒီရောက်နေတာလဲ။ သူများနဲ့ ရန်တောင်ဖြစ်လိုက်သေးတယ်”
လင်းကျယ် ထိုဆံပင်အလယ်ခွဲနှင့်လူအား ကြည့်လိုက်သည်။
“ကျွန်တော်ဒီနေ့သူငယ်ချင်းတွေကို ကစားဖို့ဒီကိုခေါ်လာပေးတာ။ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းကို အားပေးမလို့ကို ဒီကောင်ကကျွန်တော့်ကောင်မလေးကို လာလုသွားတာ…”
ထိုအသက်လတ်ပိုင်းလူကြီးမှာ ချက်ချင်းဒေါသထွက်သွားလေသည်။
“စောက်ရေးမပါတာတွေလျှောက်ပြောမနေနဲ့။ လင်းလင်း ကို ငါတို့အရင်မှာထားတာလေ။ မင်းကိုဘာကိစ္စနဲ့ပေးရမှာလဲ။ ဦးသူယူကြေးဆိုတာကို နားမလည်ဘူးလား”
လင်းကျယ် လည်း ချက်ချင်းခွန်းတုံ့ပြန်လေသည်။
“မင်းအရင်ခေါ်တာလို့ဘယ်သူပြောလဲ။ ငါကမင်းထက်ပိုပေးထားတာ။ အဲ့တော့ ငါပဲရသင့်တယ်”
အသက်လတ်ပိုင်းလူကြီးမှာ ဘာမှဝင်မပြောတာကြောင့် ထိုနှစ်ဦးမှာ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုနေတော့သည်။
ဟွမ်းရှင်း လည်း လင်းကျယ် ကသာ မှားသူဖြစ်ကြောင်းကို ချက်ချင်းနားလည်လိုက်သည်။
ထိုကလေးမှာ ပိုက်ဆံရှိတာကြောင့် တစ်ဖက်လူကိုအနိုင်ကျင့်ချင်နေခြင်းပင် ဖြစ်သည်။
သို့သော် တစ်ဖက်လူကလည်း စရိုက်ကြမ်းသည့်လူဖြစ်မည်ဟု သူမထင်ထားတာကြောင့် ရန်ဖြစ်ကြရခြင်းဖြစ်သည်။
အမှန်တွင်တော့ သူဟာ လင်းကျယ် လိုလူမျိုးကို အလွန်ရွံသည်။
သူတို့လိုလူမျိုးတွေက ပြဿနာတော့ရှာတတ်ပေမယ့် ထိုပြဿနာကိုဖြေရှင်းနိုင်စွမ်းတော့ မရှိကြပေ။ ထို့ကြောင့် သူတို့၏အရှုပ်ထုပ်တွေကိုရှင်းဖို့အတွက် တစ်စုံတစ်ယောက်ကို အမြဲလိုအပ်သည်။
သို့သော် သူ့ထံ၌ ထိုကလေး၏အဖေ လင်းကျယ်သဲ့ နှင့်စီးပွားရေးတစ်ချို့ရှိနေသည်ဖြစ်ပြီး နှစ်တိုင်း မသမာငွေအတော်များများ ရနေတာဖြစ်သည်။
ထို့ကြောင့်ဤတစ်ကြိမ်တွင် သူဘာမှမတတ်နိုင်ပဲ ထိုကလေးကို ကာကွယ်ပေးရမည်သာဖြစ်သည်။
ထိုအတွေးဖြင့် သူချက်ချင်းပင်အလယ်ခွဲနှင့်လူအား လှည့်ကြည့်လိုက်သည်။
“ဆရာ၊ ကျွန်တော်တကယ်တောင်းပန်ပါတယ်။ သူတို့ဘက်ကအရင် လင်းလင်း ကို ခေါ်ထားတာပါ”
အလယ်ခွဲနှင့်လူမှာချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားရသည်။
“မင်းငါ့ကိုလာနောက်နေတာလား။ ငါတို့နေ့လည်ကမှရောက်တာ အခုမှ နာရီနည်းနည်းပဲပျော်ရသေးတယ်။ အဲ့တာကို အခုမှလာပြီး သူကအရင်ခေါ်ထားတယ်ဆိုပြီး လာပြောနေတာလား။ မင်းကဒီကောင့်ကို လာကာကွယ်ပေးနေတာပဲ”
ဟွမ်းရှင်း ချက်ချင်းပြုံးပြလိုက်သည်။
“တကယ်တော့၊ သူကမနေ့ကတည်းက ကြိုဘိုကင်တင်ထားတာပါ။ ကျွန်တော် အစောထဲက လင်းလင်း ကို ဒီနေ့ဘယ်သူ့ဆီမှ မလွှတ်ဖို့ အလုပ်သမားခေါင်းဆောင်ကို ကြိုပြောထားပြီးသားပါ။ ကြည့်ရတာ သူတို့မေ့သွားတယ်ထင်တယ်၊ ဟုတ်လား”
ထိုသို့ပြောကာ အလုပ်သမားခေါင်းဆောင်အား လှည့်ကြည့်လိုက်သည်။
“ငါမင်းကိုဘာပြောထားလဲ။ မင်းဦးနှောက်က ဖင်မှာရောက်နေလို့လား”
အလုပ်သမားခေါင်းဆောင်မှာ အပြစ်အကုန်ခံရတော့မည်ဆိုသည်ကို သိလိုက်တာကြောင့် ခေါင်းငုံ့ကာ ဦးညွှတ်ရုံသာ တတ်နိုင်တော့သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ လင်းလင်းကို ဘယ်ဧည့်သည်ဆီမှမလွှတ်ဖို့ပြောခဲ့ပါတယ်။ ကျွန်တော်အလုပ်များပြီး မေ့သွားတာပါ”
ဟွမ်းရှင်း အလယ်ခွဲနှင့်လူအား ပြန်ကြည့်လိုက်သည်။
“ဒီလိုဆိုရင်ရော။ သူတို့ကို လင်းလင်းကို ပေးလိုက်ပါ။ ဆရာ တခြားတစ်ယောက်ကို ခေါ်လိုက်ပြီး အဲ့တစ်ယောက်စာပဲပေးလေ။ ဘယ်လိုလဲ”
ဒီလိုကိုင်တွယ်တာဟာ တကယ်ကောင်းတယ်ဟု သူခံစားမိသည်။
တစ်ဖက်ကိုလည်းအပြစ်ပြုရာမကျသလို နှစ်ဖက်စလုံးကိုမျက်နှာသာပေးလိုက်သလိုပင် ဖြစ်သည်။
တစ်ဖက်ကလည်း သဘောတူလိုက်သည်။
သို့သော် အလယ်၌ထိုင်နေသည့်သူဟာ ပြောရဆိုရခက်လိမ့်မည်ဟု မထင်ထားပေ။
“ဟားဟား၊ ခင်ဗျားကအဲ့လိုစကားနည်းနည်းလောက်ပြောပြီး ကျွန်တော့်ကိုအဝေးပို့ချင်နေတာလား။ ခင်ဗျားရဲ့ပိုက်ဆံတစ်ပဲခြောက်ပြားလောက်ကို ကျုပ်ကမက်မယ်ထင်လို့လား။ ကိစ္စကို ချောချောမွေ့မွေ့လေးပြီးသွားချင်တယ်ပေါ့၊ ဆုတောင်းလေ”
ဟွမ်းရှင်း ၏မျက်နှာမဲကျသွားရသည်။
“ကျွန်တော်စိတ်ရင်းနဲ့ပြောတာပါ။ ဒီထက်ပိုပြီး ပြဿနာမရှာတာပိုကောင်းပါမယ်။ မဟုတ်ရင်တော့ ထွက်သွားဖို့ပြောရပါလိမ့်မယ်”
“ ချီး၊ ဆိုင်ရှင်က ဖောက်သည်ကို အနိုင်ကျင့်နေတာလား”
အလယ်ခွဲနှင့်လူမှာ ချက်ချင်းပင် ဒေါသူပုန်ပြန်ထလာကာ လင်းကျယ်အား အေးစက်စွာစိုက်ကြည့်လာသည်။
“ဘယ်ကောင်က ဒီလောက်လူနည်းနည်းလေးကို မသိလို့လဲ။ မင်းတို့ခဏစောင့်”
ထိုသို့ပြောကာ အပြင်ထွက်သွားပြီး ဖုန်းခေါ်လေသည်။
ထိုအချိန်၌ ယဲ့ဖန်နှင့်ဖက်တီးချူးတို့ ပန်းသီးတစ်လုံးစားရင်း သီးသန့်ခန်း အပေါက်ဝ၌ ပေါ်လာသည်။
“ယို့၊ ကြည့်ရတာ ရန်ပွဲက တော်တော်ပြင်းပုံပဲ”
ယဲ့ဖန် အခန်းထဲရှိ မြင်ကွင်းအား အလန့်တကြား ကြည့်လိုက်မိသည်။
“ကြည့်ရတာတော့ ငါတို့အလေးမသာဘူး ထင်တယ်။ အစ်ကိုလင်းကျယ် အရိုက်ခံထားရတာပဲ”
ဖက်တီးချူး ထိုသို့ရွဲ့ပြောလိုက်သည်။
ကောင်းရှုဖိန်း နှင့်ကျန်လူများမှာ ချက်ချင်း သူတို့နှစ်ဦးအားစိုက်ကြည့်လာသည်။
“အစောကရန်ဖြစ်နေတုန်းကတော့ ငကြောက်လုပ်နေပြီး အခုမှလူလုံးထွက်ပြတာလား”
“မင်းကဒီလိုစကားတောင်ထေ့ငေါ့ပြီး ပြောနိုင်သေးတယ်ပေါ့။ မင်းမှာ အသိစိတ်ရောရှိသေးလား”
“ငါတော့ အစ်ကို လင်းကျယ် အတွက် တကယ်စိတ်မကောင်းလိုက်တာ။ ဝိုင်ကောင်းကောင်းနဲ့ စားကောင်းသောက်ဖွယ်တွေ ခွေးဗိုက်ထဲ ရောက်ကုန်တာပဲ”
“မင်းမှာခွေးရှိရင်တောင် တစ်ခုခုနဲ့တွေ့ရင် အဲ့ခွေးကကူဟောင်ပေးဦးမယ်”
ဖက်တီးချူး ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ဟုတ်တယ်။ မင်းတို့ခွေးတွေက ဟောင်တာတော်တော်ကျယ်တာပဲ။ မဟုတ်ရင် ငါတို့ဘယ်လိုလုပ်ဒီကို ရောက်လာပါ့မလဲ”
သူတို့အားလုံးဆွံ့အသွားကြရသည်။
လင်းကျယ် သူတို့နှစ်ဦးအား ဒေါသတကြီး အော်လိုက်သည်။
“မင်းတို့နှစ်ကောင်၊ ထွက်သွားစမ်း။ အခုကစပြီး ငါမင်းတို့နဲ့မသိဘူး”
ယဲ့ဖန်၏မျက်နှာထက်၌ ရန်စလိုသည့် အပြုံးတစ်ပွင့်ရှိနေသည်။
“မင်းကငါတို့ကိုမသိဘူးဆိုမှတော့ ငါတို့လည်း ဒီမှာနေပြီး ပွဲကောင်းကောင်းကြည့်ရတာပေါ့။ သခင်လေးလင်းတစ်ယောက် ယန်းချန်မြို့ ကို ဘယ်လိုထိတ်လန့်စေမလဲဆိုတာ ကြည့်ရသေးတာပေါ့”
ဖက်တီးချူးလည်း ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း သခင်လေးလင်းရဲ့ ဂုဏ်ကျက်သရေရှိမှုကို ကိုယ်တိုင်ခံစားသွားရမယ်၊ ဒါမှပြန်ရောက်ရင် သခင်လေးကိုကူပြီး ကြေညာပေးနိုင်မှာ”
လင်းကျယ် ဒေါသတကြီးအံကြိတ်လိုက်သော်လည်း ယခုလောလောဆယ် ထိုနှစ်ယောက်ကို သူမဖြေရှင်းနိုင်သေးပေ။
ဒီကကိစ္စအရင်ရှင်းပြီးမှ သူတို့နှင့်ရှင်းတော့မည်။
Holy Clam ကလပ်၏ အထွေထွေမန်နေဂျာ ကျောက်ချန်း မှာ ရုံးခန်းထဲ၌ သက်ပြင်းချနေရသည်။
သူမဒီနေ့ ကလပ်ကိုသွားရာ၌ ကားတိုက်မိခဲ့သည်။
ထိုသည်ကကိစ္စမရှိချေ။
သူမအနေနှင့် နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ တိုက်မိနေကျဖြစ်၍ နေသားကျနေပြီဖြစ်သည်။
သို့သော် ဒီနေ့တိုက်ခဲ့မိသောကားမှာ အနည်းငယ်ထူးခြားသည်။
ထိုကားမှာ ဇိမ်ခံပြိုင်ကားတစ်ကားဖြစ်ပြီး ယွမ်သန်းရာချီတန်လေသည်။
ကားထိန်းသိမ်းစရိတ်ပင် ဆယ်သန်းကျော်နိုင်သည်။
သူမ ကလပ်သို့ပြန်ရောက်ရောက်ချင်း တစ်ယောက်ကိုထိုကားနောက်ခံအား စုံစမ်းခိုင်းလိုက်သည်။
တစ်ဖက်လူ၏ နောက်ခံမှာသိပ်မကြီးလျှင် သူမတစ်ယောက်ယောက်ကိုရှာပြီး ဖိနှိပ်ခိုင်းလိုက်မည်။
သူမမှာပိုက်ဆံသိပ်ရှိဘူးဆိုပေမယ့် အဆက်အသွယ်တော့များသည်။
ထိုအချိန်၌ ရုံးခန်းတံခါးမှာတွန်းဖွင့်ခံလိုက်ရကာ လက်ထောက်ဖြစ်သူ အမြန်ဝင်လာသည်။
“စုံစမ်းတာဘာတဲ့လဲ”
သူမ အမြန်ထရပ်လိုက်သည်။
“ဒါရိုက်တာကျောက်၊ တစ်ဖက်ကလူက… ကျွန်တော်တို့ အပြစ်ပြုလို့ရတဲ့သူ မဟုတ်ဘူးဗျ”
လက်ထောက်မှာတံတွေးမျိုချလိုက်ကာ သူ့ပုံစံမှာအခုထိထိတ်လန့်နေဟန်ပင်ဖြစ်သည်။
“သူ့နောက်ခံကလည်း ဘာတဲ့လဲ။ မြန်မြန်ပြောစမ်း”
ကျောက်ချန်း ခံစားချက်ကောင်းမနေပေ။
သူမ၏လက်ထောက်မှာ သူမနှင့်အချိန် အတော်ကြာအတူရှိခဲ့တာဖြစ်ပြီး ကိစ္စတော်တော်များများ ကြုံတွေ့ခဲ့ဖူးသူဖြစ်သည်။
သို့သော်ယခုအချိန်၌ သူ့အကြည့်မှာ အတော်ပင်ထိတ်လန့်နေဟန်ပင်။
ကြည့်ရသည်မှာ တစ်ဖက်လူက အတော်ပင် အင်အားကြီးဟန်ပေါ်သည်။
“အဲ့ကားပိုင်ရှင်ကယဲ့ဖန်တဲ့။ သူ့မှာ ခရီးသွားလုပ်ငန်းတွေရော၊ ဖျော်ဖြေရေးကုမ္ပဏီရော၊ အိမ်ခြံမြေလုပ်ငန်း၊ ဘဏ္ဌာရေးလုပ်ငန်း၊ အင်တာနက်နဲ့ တခြားနယ်ပယ်တွေမှာလည်း လုပ်ငန်းတွေ အများကြီးရှိသေးတယ်။ ပြီးတော့…”
“ပြီးတော့ ဘာဖြစ်လဲ…”
“အိုက်ယား၊ သူဘယ်လောက်အံ့ဩဖို့ကောင်းလဲဆိုတာ ကျွန်တော်လည်းမပြောပြတတ်တော့ဘူး။ ဒါရိုက်တာကိုယ့်ဘာသာပဲကြည့်လိုက်ပါတော့”
လက်ထောက်ဖြစ်သူမှာ တစ်ဖက်လူက ဘယ်လောက်ကြောက်ဖို့ကောင်းသည်ဆိုတာကို ပြောပြချင်သော်လည်း သူ့မှာဖော်ပြစရာ စကားလုံးရှာမရဖြစ်နေသည်။
ထို့ကြောင့် စာရွက်တစ်ထပ်သာထုတ်ပေးလိုက်သည်။
ကျောက်ချန်း ထိုစာရွက်တွေကိုယူကာ ဂရုတစိုက်ကြည့်လိုက်သည်။
သူမကြာကြာကြည့်လေလေ ပိုပြီးထိတ်လန့်လေလေပင်။
အဆုံး၌ သူမသရဲမြင်ရသလိုပင် ဖြစ်သွားလေသည်။
“တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ အသက်အငယ်ဆုံးဘီလျံနာ…”
“အရင်ကအချမ်းသာဆုံးဖြစ်ခဲ့တဲ့ နျဲ့စစ်သွမ်းနဲ့ ရန်သူတွေဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ နျဲ့စစ်သွမ်းရဲ့ကံကြမ္မာက…”
“ယန်းချန်က ရီမိသားစုနဲ့ ရန်သူတွေဖြစ်ခဲ့ပြီး ရီမိသားစု ချေမှုန်းခံလိုက်ရတယ်…”
“ချောင်ရှင်းဂိုဏ်း ရဲ့ ဘော့စ် ကောင်းကျူမင်းနဲ့ ရန်သူတွေဖြစ်ခဲ့ပြီး ကောင်းကျူမင်းတစ်ယောက် အလောင်းဖြစ်သွားရတယ်…”
ဘုတ်…
ကျောက်ချန်း တစ်ယောက် ဖတ်လို့မပြီးခင် ကြမ်းပြင်ပေါ်လဲကျသွားရသည်။
သူမဘယ်လိုမကောင်းဆိုးဝါးမျိုးကို ရန်သွားစမိတာပါလိမ့်။
ယဲ့ဖန်၏ထိတ်လန့်စရာကောင်းသည့် နောက်ခံကိုသိပြီးနောက် သူမချက်ချင်းဆိုသလို အစောကတွေးခဲ့ဖူးသည့်အတွေးများ ပပျောက်သွားတော့သည်။
သူလိုလူမျိုးကသာ သူမလိုပမွှားလေးကို အပြတ်ရှင်းချင်လျှင် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလိုပင် အလွန်လွယ်ကူနေပေမည်။
ထို့ကြောင့် သူမအနေနှင့် ယခုမှစ၍ တစ်ဖက်လူကိုအလျော်ပေးရန် ပိုက်ဆံရှာရတော့မည်။
ထိုအချိန်မှာပဲ ရုတ်ခြည်းဆိုသလို သူမဖုန်းမြည်လာသည်။
ခေါ်ဆိုသူမှာ လတ်တလောတွင်မှ နိုင်ငံခြားမှ ပြန်ရောက်လာသည့် သူမ၏မောင်ဖြစ်သူကျောက်XiaoTian ဖြစ်နေသည်။
သူမ၏မောင်ဖြစ်သူအကြောင်းတွေးလိုက်ရာ ခေါင်းပြန်ကိုက်လာရသည်။
ဒီကလေးကပြန်ရောက်တာမှ ရက်နည်းနည်းပဲရှိသေးတယ်၊ ပြဿနာအလွန်ရှာတတ်ရာ သူမကိုအလွန်စိတ်ညစ်စေသည်။
ဒီတစ်ခါရောဘာပြဿနာရှာပြန်ပြီလဲမသိဘူး။
“ငါအခုမအားသေးဘူး။ နင့်ကိစ္စတွေကို ဂရုမစိုက်နိုင်သေးဘူး။ ကိုယ့်ဘာသာရှင်းလိုက်”
သူမဖုန်းကိုင်ပြီးသည်နှင့် မောင်ဖြစ်သူကို အပြစ်တင်လိုက်သည်။
“မမ၊ ကျွန်တော်အရိုက်ခံရလို့”
တစ်ဖက်မှ ယောကျာ်းလေးတစ်ယောက်၏ တစ်ရှုံ့ရှုံ့အသံထွက်ပေါ်လာလေသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၁၅ )
ငါ့စည်းမျဉ်းတွေကို ချိုးဖောက်တယ်ပေါ့၊ ဘယ်သူလာလာအလုပ်ဖြစ်မှာ မဟုတ်ဘူး
“ဒါဆို မင်းရဲစခန်းကိုခေါ်လိုက်လေ၊ ဘာကိစ္စနဲ့ ငါ့ကိုခေါ်တာလဲ “
ကျောက်ချန်း ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်သည်။
“အစ်မရဲ့ Holy Clan ကလပ်မှာ အရိုက်ခံရတာလေ။ အစ်မကိုမရှာတော့ ဘယ်သူ့ကိုသွားရှာရမှာလဲ”
ကျောက်ရှောင်ထျန်းချက်ချင်းပက်ခနဲပြန်ပြောလေသည်။
“ဘာ၊ နင်က Holy Clan ကလပ်မှာလား။ ဘာဖြစ်တာလဲ “
ကျောက်ချန်း ချက်ချင်းပင် စိတ်ပူသွားရသည်။
“ဒီလို၊ ကျွန်တော်တို့က အစကမိန်းကလေး နှစ်ယောက်ခေါ်ထားတာ…”
“ ဘာပြောတယ်၊ နင်ကမိန်းကလေးတောင် ခေါ်ရဲသေးတယ်ပေါ့လေ။ သေချင်နေပြီလား “
“ အဲ့တာကအရေးမကြီးဘူး။ အရေးကြီးတာက ဘယ်ကကောင်တွေမှန်းမသိ ရုတ်တရက်ကြီး ဝင်လာပြီး အဲ့ကောင်မလေးကိုလုရုံတင်မကပဲ ကျွန်တော့်ကိုပါရိုက်သွားတာ…”
“ နားလည်ပြီ၊ မပြောနဲ့တော့။ ငါအခုမလာနိုင်သေးဘူး။ အဲ့ကို လူလွှတ်လိုက်မယ်”
“ အစ်မကဘာလုပ်နေလို့လဲ။ အစ်မရဲ့ ကလပ်မန်နေဂျာက အဲ့ကောင်နဲ့ သိတော့ ဖုံးပေးထားချင်နေသေးတာ “
“ ဘာတုန်း၊ အဲ့လိုကိစ္စရှိနေသေးတာလား “
“ အစ်မဘယ်လိုများအထွေထွေမန်နေဂျာ ဖြစ်လာရတာလဲ။ အစ်မမောင်က ကိုယ့်ဆိုင်မှာ အရိုက်ခံနေရတာတောင် အစ်မရဲ့လက်အောက်ငယ်သားကတော့ အပြင်လူတစ်ယောက်ကို ဖုံးဖိပေးနေတယ်။ အနာဂတ်မှာ အစ်မလို အထွေထွေမန်နေဂျာကို ဘယ်သူလိုချင်တော့မှာလဲ..”
“တော်တော့၊ နင်ဘယ်အခန်းမှာလဲ။ ငါလာခဲ့မယ်”
“Diamond အခန်း ၂၀၆ မှာ…”
ကျောက်ချန်း ချက်ချင်းဖုန်းချလိုက်ကာ အခန်းပြင်ကိုထွက်သွားလိုက်သည်။
သူမသီးသန့်ခန်းထဲသို့ရောက်ချိန်၌ ရှုပ်ပွနေသည်ကိုမြင်လိုက်ရသည်။
“အစ်မ၊ နင်နောက်ဆုံးတော့ရောက်လာပြီပဲ”
ဆံပင်အလယ်ခွဲနှင့်လူမှာ သူမကိုမြင်တော့ ချက်ချင်းအပြေးလေးရှေ့တက်လာသည်။
ဟွမ်းရှင်း လည်းခေါင်းလှည့်ကာ ကြည့်လိုက်ရာ ကျောက်ချန်း ကိုမြင်တော့ သူကြောင်သွားတော့သည်။
“ကျောက်…. ဥက္ကဌ ကျောက်”
ကျောက်ချန်း ထိုလူအားတစ်ချက်ကြည့်ကာ သူမမောင်ဖြစ်သူကို ပြန်ကြည့်လိုက်သည်။
ကျောက်ရှောင်ထျန်းသည်လည်း အစောကတိုက်ပွဲမှာဒဏ်ရာရထားတာဖြစ်သည်။ သူ့မျက်နှာမှာဖူးယောင်နေကာ ခန္ဓာကိုယ်ထက်၌လည်း လက်ဝါးရာတွေနှင့် ဖြစ်နေသည်။
ကျောက်ချန်း တစ်ယောက် ချက်ချင်းဒေါသထွက်သွားရသည်။ သူမမောင်ကို သူမပဲရိုက်ရမည်၊ အခြားသူတွေရိုက်လျှင်တော့ လက်မခံနိုင်ပေ။
“မန်နေဂျာ ဟွမ်း ၊ ဘာတွေဖြစ်နေတာလဲ”
သူမ ဟွမ်းရှင်း ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။
ဟွမ်းရှင်း တစ်ယောက် ချက်ချင်းပင် တုန်ရီလာရသည်။
“ဥက္ကဌ ကျောက်… အဲ့တာကလေ… အထင်လွဲနေတာပါ…”
သူ့စကားမဆုံးခင်မှာပဲ ကျောက်ရှောင်ထျန်းမှာ ဒေါသထွက်နေပြီ ဖြစ်သည်။
“နားလည်မှုလွဲတယ်ပေါ့”
“အဲ့ကောင်က ငါ့လူတွေကိုလာလုတာ ရှင်းနေတဲ့ဟာကို မင်းကမျှမျှတတမလုပ်တဲ့အပြင် သူ့ဘက်တောင်ပါလိုက်သေးတယ်လေ။ အခုကျမှ အဲ့တာကိုငြင်းချင်နေတာလား”
ဟွမ်းရှင်း တစ်ယောက် ချက်ချင်းပင် ချွေးစေးများပြန်လာရသည်။ သူက တစ်ဖက်လူကိုအာဏာသုံးပြီးဖိနှိပ်မလို့ကို တစ်ဖက်လူက အထွေထွေမန်နေဂျာရဲ့ မောင်အရင်းခေါက်ခေါက် ဖြစ်နေလေသည်။ အလွန်ကံဆိုးလွန်းလှသည်။
ကျောက်ချန်း သူ့ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။
“ဘာတွေဖြစ်သွားတာလဲဆိုတာ ကျွန်မကို အတိအကျပြန်ပြောပြ ဒါက ကျွန်မမောင်ရဲ့ အမှားသာဆိုရင် သူ့ကိုဘက်မလိုက်ဘူး”
ဟွမ်းရှင်း ချက်ချင်းပင် တောင်းပန်ဟန် ပြုံးပြလိုက်သည်။
“မဟုတ်ပါဘူးဗျာ၊ ဒါသခင်လေးကျောက်ရဲ့ အမှားမဟုတ်ပါဘူး…အဲ့တာက… ဒီကလေးကသာ အခန်းထဲကို ရုတ်တရက်ကြီးဝင်လာပြီး သူများလူကို လာလုတာပါ။ သခင်လေးကျောက်နဲ့တောင် အငြင်းပွားခဲ့ကြပါသေးတယ်”
ထိုလူမှာအပြစ်အားလုံးကို လင်းကျယ်ထံ ပုံချရန် တုံ့ဆိုင်းမနေပေ။
လင်းကျယ်သဲ့ဆီက ကော်မရှင်ခရရန် အရေးကြီးသည်ဆိုပေမယ့်လည်း အရင်ဆုံး သူ့ရာထူးကို ကာကွယ်ရဦးမည်။
ကျောက်ချန်း ချက်ချင်း လင်းကျယ် အား ကြည့်လိုက်သည်။
“အဲ့လိုဟုတ်လား”
သူမခန္ဓာကိုယ်ထက်မှ ထက်မြက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်ဖြစ်ရာ လင်းကျယ် ပင် ထိတ်လန့်သွားရသည်။
“ကျ… ကျွန်တော့်အဖေက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ က အဝယ်ဌာန ရဲ့ ဌာနမှုး၊ လင်း ....”
“မင်းအဖေဘယ်သူလဲဆိုတာ ငါစိတ်မဝင်စားဘူး။ ဒီကိုရောက်နေမှတော့ ဒီနေရာကစည်းကမ်းကိုလိုက်နာရမှာပဲ။ ငါ့စည်းမျဉ်းကိုချိုးဖောက်ရဲရင် ဘယ်သူလာလာ အလုပ်ဖြစ်မှာမဟုတ်ဘူး”
ကျောက်ချန်း၏ အရှိန်အဝါမှာ ပိုလို့ပင်ထိတ်လန့်ဖွယ်ကောင်းလာသည်။
သူမနောက်ရှိလုံခြုံရေးဝန်ထမ်းတစ်အုပ်မှာ ရန်မူစွာရှေ့သို့တစ်လှမ်းတက်လာသေးသည်။
လင်းကျယ်၏ အမူအရာမှာလည်း လုံးဝပြောင်းလဲသွားတော့သည်။
သူ့ရဲ့အကြီးမားဆုံးအားထားရာမှာ ဟွမ်းရှင်း ဖြစ်ရာ ထိုလူကတော့ သူမရှေ့မှာ သူ့ကို ကာကွယ်မပေးတော့ပေ။
သူအခုဘယ်လိုလုပ်ရပါ့။
ကျောက်ချန်းမှာ ထိုကောင်လေးအားဆွဲထုတ်သွားရန် လုံခြုံရေးတွေကိုပြောမလို့ပြင်နေစဉ်မှာပင် ထောင့်နား၌ ရပ်ကာ ပန်းသီးစားနေသည့် ယဲ့ဖန်ကိုမြင်သွားလေတော့သည်။ သူမအလွန်ထိတ်လန့်သွားရ၏။
ယဲ့ဖန်နှင့် ဖက်တီးချူးတို့မှာ ထောင့်၌ ထိုင်နေကြသည်ဖြစ်ရာ လင်းကျယ် နှင့် အခြားသူများထံမှပိတ်ဆို့ခံထားရသည်ဖြစ်၏။
ထို့ကြောင့် သူမအနေနှင့် ယဲ့ဖန်ကို သတိမထားမိခဲ့ခြင်းဖြစ်သည်။
သူမမှာ ပေါက်ကရတွေမြင်နေသည်ဟု ထင်ကာ မျက်လုံးကိုပင် ပွတ်လိုက်မိသည်။
သူမ၏ အမူအရာမှာပိုလို့ပင်ထိတ်လန့်သွားဟန်ပင် ဖြစ်သည်။
“ယဲ့လူကြီးမင်းလား”
သူမ၏ အံ့ဩတကြီးရေရွတ်သံကို ကြားပြီး လင်းကျယ် နှင့်ကျန်လူများမှာ ခဏတာကြောင်သွားကြသည်။ ထို့နောက် သူတို့အားလုံး သူမအကြည့်နောက်လိုက်ကာ ပြန်လှည့်ကြည့်လိုက်ချိန်၌ အကုန် ကြက်သေသေသွားကြတော့သည်။
ယဲ့ဖန်
သူက ဒီဘော့စ်အမျိုးသမီးနဲ့ သိနေတာလား။
“ယဲ့လူကြီးမင်း၊ တကယ်ပဲရှင်လား”
ကျောက်ချန်းမှာ ယဲ့ဖန်ဖြစ်ကြောင်းအတည်ပြုပြီးသည်နှင့် အမြန်အနားရောက်သွားလေသည်။
သူမအလွန်မြန်မြန်လျှောက်လိုက်တာကြောင့် ခြေထောက်ပင်အဆစ်လွဲသွားသည်။
ထိုသည်ကလူတိုင်းကိုပိုလို့ပင်အံ့အားသင့်သွားစေသည်။
ယဲ့ဖန်ဘာလုပ်လိုက်တာလဲ။
Holy Clan ကလပ်ရဲ့အထွေအထွေမန်နေဂျာက ဘာလို့သူ့ကို အရမ်းကြောက်နေရတာလဲ။
ယဲ့ဖန်ဟာတော့ဖြင့် ကျောက်ချန်း ဝင်လာကတည်းက သူမကိုသတိပြုမိထားပြီး ဖြစ်သည်။
သူမက ယဲ့ဖန်၏ Blue Charm Night ကားနှင့်တိုက်မိခဲ့သော အမျိုးသမီးယာဉ်မောင်းဖြစ်သည်။
ယဲ့ဖန်သည်လည်း ကမ္ဘာကြီးကအလွန်ကျဉ်းသည်ဟုရေရွတ်ကာ စိတ်ထဲမှသက်ပြင်းချနေမိသည်။
သူမနှင့်ဒီလိုနေရာမျိုးမှာလာတွေ့ရတယ်တဲ့လား။
သူမကိုသူ၏မျိုးရိုးနာမည်မပြောပြခဲ့ပေမယ့် တစ်ဖက်ကအကျယ်ကြီးအော်လိုက်သည်ဆိုတော့ ကြည့်ရတာ သူ့နောက်ခံကို စုံစမ်းကြည့်ပြီးသည့်ပုံဖြစ်သည်။
ထို့ကြောင့် အလွန်ပျာယာခတ်နေတာဖြစ်ရမည်။
“ဟယ်လို”
ယဲ့ဖန်မှာဆိုဖာပေါ်၌ထိုင်နေဆဲဖြစ်ကာ လှုပ်ပင်မလှုပ်ပေ။
သူမကိုခေါင်းသာညိတ်ပြလိုက်သည်။
“ယဲ့လူကြီးမင်း၊ ကျွန်မ…ရှင် Holy Clan ကလပ်ကိုရောက်နေတယ်ဆိုတာကို ကျွန်မ မသိလိုက်ဘူး… တကယ်အရမ်း ရိုင်းပျသလိုဖြစ်သွားရတယ်။ ကျွန်မ တောင်းပန်ပါတယ်…”
ကျောက်ချန်း သူမလက်ကို တင်းတင်းဆုပ်ကာ ဗလုံးဗထွေးပြောလိုက်သည်။
“အရမ်းစိတ်လှုပ်ရှားမနေပါနဲ့။ ကျွန်တော်က ဒီကိုသူငယ်ချင်းတွေနဲ့အပျော်လာတာ”
ယဲ့ဖန် လက်ပြန်ရုတ်လိုက်ကာ သူမအား ပြုံးပြလိုက်သည်။
“သူတို့တွေက ရှင့်သူငယ်ချင်းတွေလား”
ကျောက်ချန်း အမြန်ပင်မတ်တပ်ရပ်ကာ လင်းကျယ် နှင့်အခြားလူများကို ဦးညွတ်၍တောင်းပန်လိုက်သည်။
“ကျွန်မအနူးအညွတ်တောင်းပန်ပါတယ်။ ရှင်တို့က ယဲ့လူကြီးမင်းရဲ့သူငယ်ချင်းတွေမှန်း မသိလိုက်လို့ပါ။ ကျွန်မတကယ်ကန်းတာပဲ…”
လင်းကျယ် မှာ သူတို့အားတောင်းပန်နေသည့် ထောင်လွှားသော ဥက္ကဌကျောက် ဆိုသူကို ကြည့်ရင်း ပိုလို့ပင်ကြက်သေသေသွားတော့သည်။
သူ့စည်းကမ်းကိုချိုးဖောက်တဲ့ဘယ်သူမဆို ဘာလုပ်လုပ်မရဘူးလို့ အစောကပဲပြောခဲ့တာမဟုတ်ဘူးလား။
ယဲ့ဖန်က အဲ့လောက်တောင်ကြောက်ဖို့ကောင်းတာလား။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၁၆ )
ငါပြောတာ ဘာမှားနေလို့လဲ
လက်ရှိမြင်ကွင်းမှာ ကောင်းရှုဖိန်း နှင့် ကျန်သူများအားမှင်သက်သွားစေသည်။
လင်းကျယ်၏ ကျောထောက်နောက်ခံ ဟွမ်းရှင်း ပင်လျှင် ဥက္ကဌကျောက်ကို ထပ်ခါထပ်ခါ ဦးညွှတ်နေခဲ့တာဖြစ်သည်။
ဒါကို ဒီဥက္ကဌကျောက် ဆိုသူမှာ ယဲ့ဖန်ကို မြင်ပြီး ပိုလို့ပင် ထိတ်လန့်နေဟန်ဖြစ်သည်။
ဆိုလိုတာက လင်းကျယ်နှင့် ယဲ့ဖန်ကြားမှ ကွာခြားချက်သည် ဟွမ်းရှင်းနှင့် ဥက္ကဌကျောက် လောက်ကွာခြားသည်ဟု ဆိုလိုသည်မလား။
လင်းကျယ်၏ အမူအရာမှာ ပိုလို့ပင် အရုပ်ဆိုးလာရသည်။
သူဒီနေ့ ယဲ့ဖန်အတွက် ဒီ ‘ထောင်ချောက်’ ကို ဆင်ခဲ့တာဖြစ်သည်။
သူ၏အပြုအမူများမှာ ကျားတစ်ကောင်ကဲ့သို့ ကြမ်းတမ်းကာ တစ်ဖက်သူ၏အခန်းထဲသို့ဝင်ပြီး မိန်းကလေးကိုပါလုခဲ့ပေမယ့် အဆုံး၌ ယဲ့ဖန် ကြွားလုံးထုတ်ဖို့လမ်းဖောက်ပေးသလို ဖြစ်သွားခဲ့ရသည်။
ကျောက်ချန်း က ယဲ့ဖန်ကိုပိုတန်ဖိုးထားလေလေ သူက ဘယ်လောက်တောင်မထင်ရှားသလဲဆိုတာ ဖော်ပြနေလေလေဖြစ်နေသည်။ ထိုအခြင်းအရာမှာသူ့အား မုန်းတီးမှုကြောင့် အံကြိတ်နေရစေသည်။
“ဘာစောင့်နေတာလဲ။ ဒီလေးစားစရာကောင်းတဲ့ ဧည့်သည်တွေကို ပြန်မတောင်းပန်သေးဘူးလား”
ကျောက်ချန်း မောင်ဖြစ်သူကို အမြန်ကြည့်ကာပြောလိုက်သည်။ ဒီကလေးကတော့ ယဲ့လူကြီးမင်းရဲ့သူငယ်ချင်းကိုမှ သွားရိုက်ရတယ်လို့၊ သေချင်နေပြီထင်တယ်။
ကျောက်ရှောင်ထျန်းမှာ အနည်းငယ်မကျေမနပ် ဖြစ်သွားကာ ပြန်ပြောလာသည်။
“ကျွန်တော်ကဘာလို့တောင်းပန်ရမှာလဲ။ ကျွန်တော်မှမမှားတာ”
ကျောက်ချန်း မှာအလွန်ပူပန်နေရတာပင် ဖြစ်သည်။ ပထမဆုံး၊ သူမယဲ့ဖန်၏ကားကို ဝင်တိုက်မိသည်။ အခုတော့ သူမမောင်က ယဲ့ဖန်၏သူငယ်ချင်းတွေကို ရိုက်လိုက်သည်။ သူကယဲ့ဖန်ကိုတောင် စိတ်အနှောင့်အယှက် ပေးမိလုနီးနီးဖြစ်သွားသေးသည်။
ယဲ့ဖန်နှင့်အခြားသူများ ဒေါသပြေစေဖို့ သူမကိုယ်တိုင်ပဲ မောင်ဖြစ်သူကိုရိုက်လိုက်ရမလားဟု တွေးနေမိသည်။
ထိုအချိန်မှာယဲ့ဖန် စကားစလာ၏။
“ဥက္ကဌကျောက်၊ခင်ဗျား အထင်လွဲနေပြီ။ ကျွန်တော်နဲ့သူတို့က မရင်းနှီးပါဘူး။ သူတို့ကို ခင်ဗျားကြိုက်သလိုလုပ်လို့ရတယ်။ သူတို့နဲ့ ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး”
ကျောက်ချန်းမှာ ကြောင်သွားရသည်။
“သူတို့ကရှင့်သူငယ်ချင်းတွေ မဟုတ်ဘူးလား”
လင်းကျယ်မှာ အလွန်ဒေါသထွက်သွားရသည်။
“ယဲ့ဖန်၊ မင်းဘာကိုဆိုလိုတာလဲ”
ယဲ့ဖန် ပုခုံးတွန့်ပြလိုက်သည်။
“အခုကစပြီး ငါကမင်းသူငယ်ချင်း မဟုတ်တော့ဘူးလို့ အစောက ဘယ်သူပြောခဲ့တာလဲ။ ငါပြောတာ ဘာမှားနေလို့လဲ”
လင်းကျယ်လည်း ချက်ချင်း ကြက်သေသေသွားရသည်။
အစောက ထိုစကားများကို သူဒေါသထွက်ထွက်နှင့် ပြောခဲ့တာ ဖြစ်သည်။
ယခုမှအဲ့စကားကြောင့် ဒုက္ခရောက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူချက်ချင်းပင် ဆွံ့အသွားရသည်။
ကျောက်ချန်း မှာ အလွန်ထက်မြက်သူဖြစ်ရာ ယဲ့ဖန်နှင့် လင်းကျယ် ကြား၌ အငြင်းပွားမှုတစ်စုံတစ်ရာရှိမည်ကို ခန့်မှန်းလိုက်မိသည်။ ထို့ကြောင့် သူမချက်ချင်းယုံကြည်ချက်ရှိလာကာ သူမနောက်မှလုံခြုံရေးတွေကို လက်ယမ်းပြလိုက်သည်။
“ဒီလူကိုကလပ်ကနေဆွဲထုတ်ပြီး စည်းကမ်းဖောက်ဖျက်မှုနဲ့ အမည်ပျက်စာရင်းသွင်းလိုက်။ နောက်တစ်ကြိမ်ငါတို့ကလပ်ကို ခြေမချစေနဲ့”
လင်းကျယ် မှာ အလွန်စိုးရိမ်သွားရသည်။
“မင်းကများ…”
သူဘာမှမပြောနိုင်ခင်မှာတင် လုံခြုံရေးဝန်ထမ်းများဟာ ဝံပုလွေအုပ်ကြီးကဲ့သို့ချီတက်လာကာ သူ့ကိုဆွဲထုတ်သွားတော့သည်။
“ငါကဒီနေရာမှာဧည့်သည်နော်။ မင်းတို့ငါ့ကို ဒီလိုဆက်ဆံလို့မရဘူး…”
လင်းကျယ် မှာရုန်းကန်နေကာ သူ့ဖိနပ်များဟာလည်း အဝေးသို့ကန်ထုတ်ခံလိုက်ရသော်လည်း ခွေးသေတစ်ကောင်လိုဆွဲထုတ်ခံလိုက်ရသည်။
ထိုသည်ကိုမြင်တော့ ကောင်းရှုဖိန်း နှင့် ကျန်လူများမှာ ကြောက်လန့်ကာတုန်ယင်သွားကြသည်။
သူတို့အစောက လင်းကျယ် ကို ချီးကျူးနေခဲ့ကြပေမယ့် ယခုတော့ ထိုလူဟာ ခွေးတစ်ကောင်လိုဆွဲထုတ်ခံလိုက်ရသည်။ ထိုသည်က သူတို့ကိုလွန်စွာအရှက်ရစေကာ သူတို့မထွက်သွားရဲသလို ဆက်လဲမနေရဲကြတော့ပေ။
ကျောက်ချန်း ၊ လင်းကျယ် အားဖြေရှင်းပြီးသည်နှင့် ယဲ့ဖန်ထံ ပြန်လျှောက်လာသည်။
“ယဲ့လူကြီးမင်းရဲ့အနေအထားနဲ့ ဘယ်လိုလုပ်ဒီနေရာမှာနေခိုင်းရမှာလဲ။ အမြန်လေးကျွန်မတို့ကလပ်ရဲ့ ထိပ်တန်း ကောင်းကင်အဆင့်သီးသန့်ခန်းကိုကြွပါရှင်”
ယဲ့ဖန်အသာလက်ယမ်းပြလိုက်သည်။
“မလိုပါဘူး၊ ကျွန်တော်တို့ပြန်တော့မှာ”
ကျောက်ချန်း ၊ ဟွမ်းရှင်း ၏လက်ကိုကိုင်ကာ အမိန့်ပေးလိုက်သည်။
“ဘာစောင့်နေတာလဲ။ ကောင်းကင်အဆင့် သီးသန့်ခန်းကို သွားရှင်းထားလေ”
“ဒါပေမယ့် အဲ့အခန်းထဲမှာလူရှိနေတယ်လေ။ ချန်းကျန်း အိမ်ခြံမြေရဲ့ဥက္ကဌ…”
ဟွမ်းရှင်း ကသိကအောက်နိုင်စွာ ပြောလိုက်သည်။
“ဘယ်သူနေနေ ချက်ချင်းထွက်သွားခိုင်းလိုက်။ အကျိုးဆက်အကုန်ငါတာဝန်ယူတယ်”
ကျောက်ချန်း စိတ်မရှည်စွာ ကြားဖြတ်ပြောလိုက်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ဟွမ်းရှင်း လည်း အမြန်သွားစီစဉ်ပေးရလေသည်။
ဖက်တီးချူး၊ ကောင်းရှုဖိန်း နှင့်ကျန်သူများမှာ ဘေး၌ရပ်ကာကြောင်နေတော့သည်။
Holy Clan ကလပ်ရဲ့အထွေထွေမန်နေဂျာက ယဲ့ဖန်ကို တော်တော်တန်ဖိုးထားတာပဲ၊ မယုံနိုင်စရာပါလား။
အဲ့အခန်းက ဒီကလပ်ရဲ့ထိပ်တန်းအခန်းဆိုတော့ အဲ့အခန်းကိုဘိုကင်တင်ထားတဲ့သူကလည်း သေချာပေါက်ထိပ်တန်းသူဌေးကြီးပဲ ဖြစ်ရမည်။
ကျောက်ချန်း က ယဲ့ဖန်ကိုစိတ်ကျေနပ်စေဖို့အတွက် ထိုလူကိုတောင်ထွက်သွားခိုင်းတယ်တဲ့လား။ ဒါကြီးကအရမ်းချဲ့ကားလွန်းမနေဘူးလား။
သူတို့မှာ အနှီအထွေထွေမန်နေဂျာဆိုသူက ယဲ့ဖန်ကိုမသိတာပဲလား၊ ဒါမှမဟုတ် ယဲ့ဖန်ငှါးထားတဲ့သရုပ်ဆောင်ပဲလား ဆိုပြီးတော့တောင် သံသယဝင်လာရသည်။
သို့သော်မကြာခင်မှာပဲ ထိုအတွေးက ယုတ္တိမရှိကြောင်းသိလိုက်ရတော့သည်။
ပထမဆုံးအနေနဲ့ ဒီနေ့သူတို့လူစုမည့်နေရာကို လင်းကျယ် ရွေးထားတာဖြစ်သည်။ ယဲ့ဖန်အနေနဲ့ ကျောက်ချန်း ကို ဒီလောက်တိုက်ဆိုင်စွာ သိနေဖို့ဆိုသည်မှာမဖြစ်နိုင်ပေ။
ဒုတိယအနေနဲ့ ကျောက်ချန်း မှာ ဤကလပ်၏ အထွေထွေမန်နေဂျာဖြစ်ရာ ယဲ့ဖန်က ဘယ်ပိုက်ဆံနဲ့သူမကိုငှါးရမ်းမည်နည်း။
ယဲ့ဖန်သာ အဲ့လောက်ပိုက်ဆံတတ်နိုင်တယ်ဆိုရင် ဘာလို့သူက လင်းကျယ် ထက် ပိုသန်မာကြောင်း သက်သေမပြရတာလဲ။
မည်သို့ပင်ဖြစ်စေ ယဲ့ဖန်၏ခွန်အားမှာ လင်းကျယ် ထက်များစွာသာလွန်ကြောင်း သက်သေပြလိုက်ပြီပင်ဖြစ်သည်။ ယှဉ်နေစရာကိုမလိုပေ။
“ငါတို့လည်းသူ့နောက်လိုက်သွားကြမလား”
ကျန်သူများမှာ ကောင်းရှုဖိန်း အားကြည့်ကာ သူ့အမြင်ကိုမေးလာကြသည်။
သူတို့အားလုံးမှာ အစောက လင်းကျယ် ဘက်မှာ ရှိနေခဲ့ကြတာဖြစ်ပြီး ယဲ့ဖန်ကို တမင်သက်သက်ဖယ်ကျဉ်ခဲ့ကြတာဖြစ်သည်။ ယခု သူက VIP ခန်းကိုဖိတ်ကြားခံရတော့ သူတို့သာသူ့နောက်လိုက်သွားမယ်ဆိုရင် အလွန်အရေထူရာကျပေလိမ့်မည်။
သို့သော် ဒီတိုင်းထွက်သွားရမည်ကိုလည်း ဆန္ဒမရှိဖြစ်နေကြသည်။ အထူးခန်းက ဘယ်လိုမျိုးလဲဆိုတာကို သူတို့လည်း သိချင်သည်။
ကောင်းရှုဖိန်း မှာ အနည်းငယ်စိတ်ရှုပ်သွားရသည်။
သို့သော်ဖက်တီးချူးကတော့ ထိုသို့စိုးရိမ်မနေပေ။ ယဲ့ဖန်နောက်သို့ လိုက်သွားတော့သည်။
ဝမ်းယွီထုန်း ဟာတော့ ဖက်တီးအား လက်ဆွဲကာ ဖားလိုက်သည်။
“ဖက်တီး၊ နင်ငါ့ကိုအဲ့အခန်းခေါ်သွားပေးလို့ရလား၊ ငါကြည့်ချင်လို့”
ဖက်တီးချူး သူမအားအထင်သေးစွာ ကြည့်လိုက်သည်။
“နင်ကငါ့ကိုစဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့လူလို့ ထင်နေတာလား။ နင့်အစ်ကို လင်းကျယ် ကို သွားရှာလေ။ ဘာလို့ငါ့နောက်လိုက်လာတာလဲ”
ဝမ်းယွီထုန်း ချက်ချင်း တောင်းပန်ဟန် ပြုံးပြလာသည်။
“ငါသူ့ကိုလျှော့တွက်မိသွားလို့ပါ။ ယဲ့ဖန် အဲ့လောက်နာမည်ကြီးမယ်လို့ မထင်ထားဘူးလေ။ Holy Clan ကလပ်က အထွေထွေမန်နေဂျာတောင် သူ့ကို ခယနေရတယ်။ နင်သာသူ့နောက်လိုက်ရင် နင့်အနာဂတ်ကတော့ လုံးဝတောက်ပနေမှာပဲ”
ဖက်တီးချူးလည်း ချက်ချင်းဂုဏ်ဆာသွားလေသည်။
“ဒါပေါ့၊ ငါ့အစ်ကိုကြီးက ဘယ်လိုလုပ်ဆိုးရမှာလဲ။ ငါ့အစ်ကိုကြီး အကြောင်းနောက်တစ်ခါ မကောင်းမပြောနဲ့၊ ကြားလား”
ဝမ်းယွီထုန်း အမြန်ခေါင်းညိတ်ပြလိုက်သည်။
“အင်းပါ၊ အင်းပါ။ ငါနောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး.”
ထိုအခါမှသာ ဖက်တီးချူး သူမကိုပွေ့ဖက်ကာ ယဲ့ဖန်နောက် လိုက်သွားတော့သည်။
ကောင်းရှုဖိန်း မတ်တပ်ထရပ်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။
“ထားလိုက်တော့၊ မျက်နှာကဘယ်လောက် တန်နေလို့လဲ။ ငါတို့သာသူ့နောက်လိုက်သွားရင် ယဲ့ဖန်ငါတို့ကို မောင်းတော့မထုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား”
“ဟုတ်တယ်၊ ဟုတ်တယ်။ သူ့နောက်လိုက်သွားပြီး အမြင်ကျယ်အောင် လုပ်ရအောင်”
“အများဆုံးမှ ကိစ္စအကုန်လုံးကို လင်းကျယ် ပေါ်ပဲ ပုံချလိုက်ကြတာပေါ့။ သူအတင်းဖိအားပေးလို့လုပ်ရတာပါလို့ ပြောလိုက်ကြမယ်”
“လင်းကျယ် လည်း ဘာမှကောင်းတာမရှိပါဘူး။ သူယန်းချန်မှာတော့ ကောင်းကောင်းလုပ်နိုင်မယ်ထင်လိုက်တာ။ ဒါပေမဲ့အဆုံးကျတော့ ခွေးသေတစ်ကောင်လို ဆွဲထုတ်ခံလိုက်ရပြီး ငါတို့ကိုမျက်နှာပျက်စေတာပဲရှိတယ်”
“အဲ့အမှိုက်ကိုတော့ပြောမနေပါနဲ့တော့။ သူ့မှာပိုက်ဆံရှိရင်တောင် အမှိုက်က အမှိုက်ပါပဲ။ ယဲ့ဖန်ထက်တော့ ဘယ်ကောင်းမှာလဲ”
“စကားမများနဲ့တော့၊ အမြန်လိုက်သွားရအောင်…”
ထိုလူတစ်စုမှာထိုသို့ပြောရင်း ယဲ့ဖန်နောက် အမြန်လိုက်သွားတော့သည်။
ကောင်းကင်အဆင့်သီးသန့်ခန်းမှာ Holy Clan ကလပ်၏ ထိပ်တန်းသီးသန့်ခန်းဖြစ်သည်။ အခန်းအကျယ်ရော အလှဆင်ထားမှုရောက ထိပ်တန်းပင်ဖြစ်ကာ အခြားသီးသန့်ခန်းများနှင့် လုံးဝမတူချေ။
ကောင်းရှုဖိန်း ၏မိသားစုမှာ ကော်ဇောလုပ်ငန်းလုပ်သည်ဖြစ်ရာ ထိုအခန်းထဲရှိကော်ဇောများကို တစ်ချက်ကြည့်ရုံဖြင့် အသိအမှတ်ပြုလိုက်မိသည်။ ၎င်းမှာ တစ်စတုရန်းမီတာလျှင် ယွမ်တစ်သောင်းကျော်ကျသင့်သည့် ပါရှန်းကော်ဇောဖြစ်သည်။
ဤသီးသန့်ခန်းမှာ အနည်းဆုံးနှစ်ဆယ်မီတာ ရှိသည်ဖြစ်ရာ ကော်ဇောတစ်ခုတည်းနှင့်ပင် ယွမ်နှစ်သိန်းမှ သုံးသိန်းထိတန်သည်။ ဤအခန်း၏အထက်တန်းဆန်မှုမှာ လွန်စွာထင်ရှားလေသည်။
ယဲ့ဖန်မှာ အဓိကထိုင်ခုံမှာထိုင်နေကာ သူ၏ဘယ်ဘက်ဘေး၌ ဖုန်းကျင်းရီ ထိုင်နေ၏။
ကျောက်ချန်း ကတော့ ညာဘက်တွင် ထိုင်နေ၏။
“ယဲ့လူကြီးမင်း၊ ဘာသောက်မလဲ”
ယဲ့ဖန်ဟာတော့ ထိုအရာကိုဂရုစိုက်မနေပေ။
“ဘာဖြစ်ဖြစ်ရတယ်”
ကျောက်ချန်း ဘေး၌ရပ်နေသည့် ဟွမ်းရှင်း ကိုလှည့်ကြည့်လိုက်သည်။
“Romanee-Conti တစ်ပုလင်းသွားယူလာခဲ့လိုက်”
ဟွမ်းရှင်း ကြောင်ကြည့်နေမိသည်။
“ဥက္ကဌ ကျောက်…”
ကျောက်ချန်း ထိုလူအားမပျော်မရွှင်ကြည့်လိုက်မိသည်။
“ဘာလို့မသွားသေးတာလဲ”