အခန်း (၁၁၂၅-၁၁၂၈)
Vol. 57 Ch. 1125-1128
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၂၅ )
အမှိုက်တွေ
ယဲ့ဖန်သည် လူတိုင်း၏ ဆွေးနွေးသံကို တိတ်တဆိတ် နားထောင်နေသည်။
အကျဉ်းချုပ် ပြောရလျှင် ဤလူများသည် ကုမ္ပဏီ၌ နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိကြသည်။
အလုပ်ထုတ်ခံရပါက ကုမ္ပဏီ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ပြီး ဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့ရနိုင်သည်။
ထို့အပြင် ဤလူများသည် အဆက်အသွယ်များစွာ ရှိကြသည်။
သူတို့အနေဖြင့် ထိုလူများကို စော်ကားပါက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီအနေဖြင့် အတော်ပင် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။
ပြောရလျှင် ထိုလူများကို အလုပ်ထုတ်ခြင်းက မကောင်းချေ။
ဖုန်းကျင်းရီ၊ ဖက်တီးချူးနှင့် အခြားသူများသည် ယဲ့ဖန်အတွက် ခေါင်းကိုက်သွားကြသည်။
ယဲ့ဖန်သည် ကုမ္ပဏီကို ယခုမှ လွှဲပြောင်းယူခဲ့ပြီး ခက်ခဲသော ပြဿနာနှင့် ရင်ဆိုင်တေရသည်။
အပေးအယူလုပ်ရန်မှ လွဲ၍ အခြားရွေးချယ်စရာမရှိမည်ကို သူတို့ စိုးရိမ်နေကြသည်။
နုဝမ်ချိုက်နှင့် တခြားသူများမှာ ပို၍ ရဲတင်းလာကြသည်။
ယဲ့ဖန်သည် သူတို့ကို ဘာမှ မလုပ်ရဲဘူးဟု သူတို့အနေဖြင့် ထင်ရှားစွာ ခံစားလိုက်ရသည်။
ထိုသူဌေးအသစ်သည် ပညာရှိပါက သူတို့ကို အလုပ်ထုတ်ခြင်း၏ အကျိုးဆက်ကို သိသင့်သည်။
" ယဲ့လူကြီးမင်း၊ မင်းက ငါတို့ကို အခု ထုတ်ပစ်ရဲသေးလား။ ငါတို့ကိုယ်တိုင် နုတ်ထွက်စာတွေကို အခုရေးပေးရမလား ဟားဟား ...... "
နုဝမ်ချိုက်သည် ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
တခြားသူများကလည်း ထိုလူငယ်လေးကို မျက်နှာမပေးဘဲ မောက်မာစွာ ရယ်ကြသည်။
သူက သူဌေးဖြစ်ရင်ရော ဘာလုပ်ရမှာလဲ။
စည်းစည်းလုံးလုံး ရှိနေသရွေ့ တစ်ဖက်လူက သူတို့ ဘာလုပ်လုပ် မကြောက်ဘဲ နေလို့ရတယ်။
သို့သော် သူတို့၏ မောက်မာမှုမှာ ကြာရှည်မခံဘဲ ယဲ့ဖန်မှ လှောင်ပြောင်လိုက်သည်။
" နုတ်ထွက်စာ ရေးချင်တာလား။ ခင်ဗျားမှာ အခွင့်အရေး မရှိမှာကို စိုးရိမ်ရတယ် "
" ခင်ဗျားတို့က ကုမ္ပဏီကို အကြီးအကျယ် နစ်နာစေခဲ့ပြီး ဥပဒေကို ချိုးဖောက်ခဲ့တယ်။ အဲ့တော့ ပြောစရာရှိရင် တရားသူကြီးကို သွားပြော "
ထိုစကားကို ပြောပြီးသည်နှင့် အားလုံး၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားခဲ့သည်။
ယဲ့ဖန်သည် ထိုလူများမှာ လူအများစုဖြစ်၍ မထုတ်လောက်ဘူးဟု သူတို့ထင်ခဲ့သည်။
သို့သော် ယဲ့ဖန်သည် ထိုမျှရက်စက်ပြီး ထိုလူများကို ထောင်ထဲပို့မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။
" မင်းမှာ ဘာသတ္တိရှိလို့လဲ "
နုဝမ်ချိုက်နှင့် အခြားသူများသည် ယဲ့ဖန်ကို ချက်ချင်း စိုက်ကြည့်နေကြသည်။
ယဲ့ဖန်သည် ဖုန်းကျင်းရီဘက် လှည့်ပြီး အမိန့်ပေးလိုက်သည်။
" စီးပွားရေး စုံစမ်းရေးအဖွဲ့ကို ခေါ်ပြီး လာဖမ်းဖို့ ပြောလိုက် "
ဖုန်းကျင်းရီ ချက်ချင်းပင် သူမဖုန်းကို ထုတ်လိုက်သည်။
ဘုန်း
နုဝမ်ချိုက်သည် စားပွဲကို ဆောင့်ရိုက်ချလိုက်သည်။
" ယဲ့ဆိုတဲ့ကောင် ငါတို့အားလုံးကို သတ်ဖို့ကြိုးစားနေတာလား "
" ကောင်းပြီ၊ အရမ်းကောင်းတယ်။ မင်းက နှလုံးသားမရှိမှတော့ ငါတို့ကို မတရားလုပ်တယ်လို့ အပြစ်မတင်နဲ့။ ဒီနေ့ ဘယ်သူက ပိုသန်မာတဲ့ လက်သီးတွေ ပိုင်ဆိုင်ထားလဲဆိုတာ ကြည့်ရအောင် "
ထိုစကားကိုပြောပြီးနောက် ဖုန်းကို ထုတ်ကာ နောက်ကျောပေးပြီး ဖုန်းဆက်လိုက်သည်။
အခြားအမှုဆောင်များသည်လည်း လိုက်နာဆောင်ရွက်ကြပြီး သူတို့၏ ကျောထောက်နောက်ခံပြုသူများထံ ဆက်သွယ်ကြသည်။
" အားလုံးပဲ စိတ်အေးအေးထားပါ။ တစ်ခုခုဆို ငါတို့ ကောင်းကောင်း ဆွေးနွေးလို့ ရပအတယ် "
လီယွမ်သည် ဖြန်ဖြေရန် အမြန် ထွက်လာခဲ့သည်။
သို့သော်လည်း နုဝမ်ချိုက်နှင့် အခြားသူများသည် သူ့အား မျက်နှာမပေးဘဲ နေခဲ့ကြသည်။
သူတို့သည် ယဲ့ဖန်အား သူတို့၏ အစွမ်းသတ္တိကို ပြသရန် စိတ်ပိုင်းဖြတ်ထားကြသည်။
လီယွမ် မစောင့်နိုင်တော့ချေ။
လင်းကျယ်သဲ့နှင့် သူ့ဂိုဏ်းသည် ကုမ္ပဏီ၏ အကျိုးစီးပွားကို လျှို့ဝှက်စွာ ထိခိုက်စေကြောင်း သူ သိသည်။
သူ မသိချင်ယောင်ဆောင်နေခဲ့ခြင်းသာ ဖြစ်သည်။
ထိုလူများ၌ အဆက်အသွယ် များစွာရှိကြောင်း သူ သိသည်။
အကယ်၍ သူသည် သူတို့ကို အလွန်အကျွံ စော်ကားပါက ကုမ္ပဏီအတွက် ပို၍ပင် ဆုံးရှုံးမှု ဖြစ်စေနိုင်သည်။
သို့သော် ယဲ့ဖန်မှ သိမ်းပိုက်လိုက်သည်နှင့် ဤပျားအုံ၏ အသိုက်ကို နှိုးဆော်လိမ့်မည်ဟု လီယွမ် မထင်ထားခဲ့ပေ။
သူ အလွန်အမင်းပင် စိုးရိမ်နေခဲ့သည်။
လင်းကျယ်သဲ့မှာတော့ တိတ်တဆိတ် ဝမ်းသာသွားသည်။
ထိုကောင်လေးသည် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးဖြစ်လာပြီးနောက် သူ လုပ်ချင်တာမှန်သမျှ လုပ်နိုင်သည်ဟု တွေးနေသည်။
သို့သော် သူသည် အလွန်ငယ်သေးပြီး သိုင်းလောက၏ အတိမ်အနက်ကို မသိချေ။
ဒါကို ဘယ်လိုရှင်းမလဲ ကြည့်ရအောင်။
နုဝမ်ချိုက်နှင့် အခြားသူများ ဖုန်းခေါ်ဆိုပြီးနောက် မကြာမီတွင် ဝန်ထမ်းတစ်ဦးသည် အစည်းအဝေးခန်းထဲသို့ ပြေးဝင်လာခဲ့သည်။
" သူဌေး၊ တစ်ခုခုတော့ ဆိုးကုန်ပြီ။ အခွန်ရှောင်တယ်ဆိုပြီး ကျွန်တော်တို့ကို အစီရင်ခံတဲ့သူရှိလို့ ကုမ္ပဏီကို စုံစမ်းချင်တယ်လို့ အခွန်ဌာနက ပြောပါတယ် "
သူမ မပြီးခင်မှာပင် တခြားဝန်ထမ်းတစ်ယောက်က ဝင်ပြောသည်။
" သူဌေး၊ ကျွန်တော်တို့ ကုန်ပစ္စည်းတစ်သုတ်ကို အကောက်ခွန် ဦးစီးဌာနက သိမ်းထားပါတယ်။ တားမြစ်ထားတဲ့ ပစ္စည်းတွေ မှောင်ခိုသယ်လာတယ်လို့ တစ်ယောက်ယောက်က ကျွန်တော်တို့ကို တိုင်ထားတယ်လို့ ပြောပါတယ် "
" ဥက္ကဌ၊ ကျွန်တော်တို့ ကျုထျန်းလျှပ်စစ်နဲ့ သဘောတူညီချက်ကြီးတစ်ခု ဆွေးနွေးနေပေမယ့် တစ်ဖက်က စေ့စပ်ညှိနှိုင်းမှုကို ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ် ...... "
သတင်းဆိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အထက်အရာရှိများ၏ အပြောအဆိုများကို ပို၍ မောက်လာလာစေသည်။
နုဝမ်ချိုက်နှင့် အခြားသူများသည် ယဲ့ဖန်ကို ကျေနပ်စွာ ကြည့်နေကြသည်။
သူတို့၏ အမူအရာများက 'ခွေးသားလေး၊ မင်းက ငါတို့နဲ့ တိုက်ဖို့ အတွေ့အကြုံ ငယ်သေးလွန်းတယ်'ဟု ပြောနေပုံရသည်။
ဖုန်းကျင်းရီနှင့် ကျန်သူများသည် ယဲ့ဖန်အတွက် စိတ်ပူနေကြသည်။
ဤတစ်ခါတွင် ယဲ့ဖန် ရုန်းရခက်မည်ဟု ခံစားကြရသည်။
သူသည် ဤမျှကြီးမားသော ပျားအုံကို နှိုးဆော်ထားလေသည်။
အားလုံးသည် ယဲ့ဖန်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြသည်။
သူ ဘယ်လို တုံ့ပြန်မည်လဲဆိုတာ သူတို့ မြင်ချင်ကြသည်။
သို့သော် သူတို့အတွက် စိတ်ပျက်စရာကောင်းစွာဖြင့် ယဲ့ဖန်သည် မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိချေ။
သူသည် ဖြည်းညှင်းစွာ မပြောမီ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။
" ဒါပဲလား "
" အမ် "
တက်ရောက်သူအားလုံး အံ့အားသင့်သွားကြသည်။
သူပြောတာက ဒီသတင်းဆိုးက လုံလောက်တယ်လို့ မထင်သေးဘူးလား။
ယဲ့ဖန်သည် နုဝမ်ချိုက်နှင့် တခြားသူများကို စိုက်ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးသွားသည်။
" ခင်ဗျားတို့တွေ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်စေနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပဲလား။ အမှိုက်တွေ ဘယ်လောက်များလဲ "
သူ ဤသို့ ပြောသည့်အခိုက်တွင် အစည်းအဝေးခန်းရှိ လူတိုင်း၏ အမူအရာများသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။
" တခြားသူတွေက ဒုက္ခရောက်မှာကို ကြောက်ကြပေမယ့် ငါတို့ ယဲ့လူကြီးမင်းက ဒုက္ခကို သေးလွန်းတယ်လို့ ထင်နေတာလား "
" ဟားဟား၊ သူက အေးအေးဆေးဆေးပုံစံ ဟန်ဆောင်နေတာလို့ ငါထင်တယ်။ တကယ်တော့ သူ ရင်ထဲမှာ ထိတ်လန့်နေပြီ "
" ဟုတ်တယ်။ တစ်ချိန်တည်းမှာ ပြဿနာတွေ အများကြီး ကြုံလာရတော့ နုဝမ်ချိုက်နဲ့ တခြားသူတွေရဲ့အကူအညီမပါဘဲ ဖြေရှင်းရတာ လွယ်မှာ မဟုတ်ဘူး "
" နောက်ဆုံးတော့ သူ နုလူကြီးမင်းရယ်၊ တခြားသူတွေနဲ့ အပေးအယူလုပ်ရမယ် ထင်တယ် "
" ဒါက မျက်နှာကို ရိုက်ချလိုက်တာပဲ "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၂၆ )
ကြေငြာချက်က ပြဿနာကို ဖြေရှင်းနိုင်မှာလား။
နုဝမ်ချိုက်သည် ယဲ့ဖန်ကို အေးစက်သော အပြုံးဖြင့် ကြည့်နေသည်။
" ယဲ့လူကြီးမင်း၊ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် မလုပ်ပါနဲ့။ မင်း ခေါင်းငုံ့ပြီး မင်းအမှားကို ဝန်ခံနေသရွေ့ ဒီပြဿနာတွေကို ဖြေရှင်းပေးမယ် "
သူ့ဘေးနားမှ လူအနည်းငယ်ကလည်း ပဲ့တင်ထပ် လိုက်ပြောကြသည်။
" ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ကို ရိုးရိုးသားသား တောင်းပန်ရင် မင်း ဆံပင်တောင် မဆုံးရှုံးစေရဘူး "
" မင်းတောင်းပန်တာနဲ့ ငါတို့ မင်းကို ခွင့်လွှတ်ပေးမယ်။ ငါတို့က သဘောထား အရမ်းကြီးတာ "
" လူငယ်လေး၊ မင်းက စိတ်မြန်လွန်းတယ်။ ဒီတစ်ခါတော့ မင်းအတွက် သင်ခန်းစာတစ်ခုအနေနဲ့ ထားလိုက်မယ်။ ဟားဟား ....... "
ယဲ့ဖန်သည် သူတို့၏ စွမ်းဆောင်မှုကို တိတ်တဆိတ် ကြည့်နေသည်။
သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ကျယ်လာသည်။
" အရမ်းကောင်းတယ်။ တခြားသူတွေဆီက စိန်ခေါ်မှုတွေကို လက်ခံရတာကို သဘောကျတယ်။ ဒါက စိတ်ဝင်စားဖို့ ကောင်းတယ် "
" ကျွန်တော် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ နာမည်နဲ့ ကြေငြာချက် တစ်ခုထုတ်လိုက်မယ် "
ယဲ့ဖန်က ပြောလေသည်။
လီယွမ်မှ ခေါင်းညိတ် သဘောတူလိုက်သည်။
" ဒါဆို ကြေညာချက်ကို ဘယ်လိုရေးရမလဲ "
ယဲ့ဖန်၏ အမူအရာမှာ တည်ငြိမ်သွားသည်။
" ကြေငြာချက်က 'ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီကို ယဲ့ဖန်လူကြီးမင်းမှ ရာနှုန်းပြည့် ၀ယ်ယူခဲ့ကြောင်းပဲ "
လီယွမ် နားမလည်ဖြစ်နေသည်။
" အဲ့တာပဲလား "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" အဲ့တာဆို လုံလောက်တယ် "
လီယွမ် ကြောင်အနေသည်။
ယဲ့လူကြီးမင်းက ဘာတွေ ကြံနေတာလဲ။
ကုမ္ပဏီသည် ယခုအချိန်တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။
ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မတွေးဘဲ မသက်ဆိုင်တဲ့ ကြေငြာချက်တစ်ခုကို ထုတ်ချင်နေတာလား။
ဒီလိုကြေငြာချက်က ပြဿနာကို ဖြေရှင်းပေးနိုင်ပါ့မလား။
သူသည် သံသယရှိနေသော်လည်း စီစဉ်ရန် ဆင်းသွားလေသည်။
မကြာမီတွင် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ တရားဝင်အကောင့်များအားလုံးသည် တစ်ချိန်တည်းတွင် ကြေငြာချက်တစ်ခုကို တင်ခဲ့သည်။
ကြေငြာချက်၏ အကြောင်းအရာမှာ စကားလုံး ၂၁ လုံးသာ ရှိသည်။
[ ဖုန်းရှန်းကုန်သယ်ရေးကို ယဲ့ဖန်လူကြီးမင်းမှ အပြည့်အ၀ ဝယ်ယူခဲ့ပါသည် ]
သို့သော်လည်း ထို စကားလုံး ၂၁လုံး၏ စွမ်းအားသည် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်သွားခဲ့သည်။
အကောက်ခွန်ဌာနမှ အကောင်ကြီးတစ်ယောက်သည် အရက်သောက်သည့် ပွဲတစ်ခု၌ ကျယ်လောင်စွာပြောနေချိန် မက်ဆေ့ခ်ျတစ်ခုကို ရုတ်တရက် လက်ခံရရှိလိုက်သည်။
[ ခေါင်းဆောင်၊ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ သူဌေးအသစ်က ယဲ့ဖန်တဲ့ ]
ထိုသတင်းကို မြင်သည့်အခါ သူသည် မြေပေါ်လဲလုမတတ် ဖြစ်သွားသည်။
နုဝမ်ချိုက်သည် အစောက သူ့ကို ဖုန်းဆက်ပြီး သူတို့ကုမ္ပဏီတွင် သူဌေးအသစ်တစ်ယောက် ရှိနေပြီဟု ပြောလေသည်။
ထိုသူဌေးအသစ်သည် အချိုးမပြေသောကြောင့် သင်ခန်းစာတစ်ခု သင်ပေးချင်သည်ဟု ပြောခဲ့သည်။
သူသည် နုဝမ်ချိုက်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။
ထို့ကြောင့် မတွေးဘဲ သူသည် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ ကုန်တင်သင်္ဘောကို ဖမ်းထားလိုက်သည်။
သူပြောသည့် သူဌေးအသစ်မှာ တကယ့် ဒဏ္ဍာရီလာ ယဲ့လူကြီးမင်းဟု ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။
ယဲ့လူကြီးမင်း မည်မျှထိ ကြောက်စရာကောင်းသည်လဲဆိုတာ သူ ကြားဖူးထားသည်။
ထိုလူကြီးမင်းကို စော်ကားပါက သေရန်သာ ဦးတည်နေသည်။
ထိုသည်ကိုတွေးပြီး သူ့ဖုန်းကို အမြန်ကောက်လိုက်ပြီး နုဝမ်ချိုက်ကို ဖုန်းဆက်လိုက်တယ်။
တစ်ချိန်တည်းမှာပင် ကျုထျန်းလျှပ်စစ်၏ ဥက္ကဌဖြစ်သူ ဟော်မင်းယွမ်သည်လည်း ထိုသတင်းကို လက်ခံရရှိပြီး ထိတ်လန့်သွားခဲ့သည်။
သူသည် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ တရားရေးရာဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ထုံကျန်း၏ အတန်းဖော်ဟောင်းဖြစ်သည်။
သူသည် သူဌေးအသစ်အား ကြိုတင်အသိပေးလိုကြောင်း ပြောကာ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။
သူသည် မတုံ့ဆိုင်းဘဲ သဘောတူလိုက်သည်။
စေ့စပ်ညှိနှိုင်းမှုများကို ယာယီရပ်ဆိုင်းခြင်းသည် Jutian Electricအတွက် အလွန်အကျွံဆုံးရှုံးမှုမဖြစ်ဘူးဟု သူခံစားခဲ့ရသည်။
ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးအသစ်မှာ ယဲ့ဖန်ဖြစ်သည်ကို သူ သိလိုက်သောအခါ သေလုနီးပါး ကြောက်လန့်သွားခဲ့သည်။
အမှန်တွင် ယဲ့ဖန်သည် ယန်းချန်မြို့တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သူ ဖြစ်သည်။
သူ့မျက်နှာကို လူသိရှင်ကြား ပြသခဲပြီး လူမှုရေးလှုပ်ရှားမှုများ၌ မပါဝင်သောကြောင့် စီးပွားရေးလောကထဲက လူတော်တော်များများသည် သူ့အကြောင်းကို သိပ်မသိကြချေ။
သို့သော်လည်း ဟော်မင်းယွမ်သည် လွန်ခဲ့သောအချိန်က လင်းယွမ်အိမ်ခြံမြေလုပ်ငန်းနှင့် လက်တွဲခဲ့ဖူးသောကြောင့် ယဲ့လူကြီးမင်း၏ အကြောင်းကို လေးနက်စွာ နားလည်ခဲ့သည်။
မသိခဲ့သော်လည်း သိလိုက်ရပြီးသည့်နောက် အံ့သြသွားရသည်။
ထိုယဲ့လူကြီးမင်း၏ ခွန်အားသည် အတော်ကြီးလှသည်။
သူ၏ လုပ်ငန်းများမှာ နယ်ပယ်စုံဖြစ်ပြီး အဘက်ဘက်တွင် မြန်ဆန်စွာ တိုးတက်ကျယ်ပြန့်နေသည်။
ထိုသည်ကို လူတိုင်းကို အံ့ဩတုန်လှုပ်စေနိုင်သည်။
ထိုအချိန်မှစ၍ သူသည် ထိုအကောင်ကြီးကို မစော်ကားမိစေရန် ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့သည်။
သို့သော် သူသည် တစ်ဖက်လူကို မသိလိုက်ပါဘဲ ပြဿနာရှာမိမည်ဟု မထင်ထားခဲ့မိပေ။
ယဲ့ဖန်ကို စော်ကားခြင်း၏ အကျိုးဆက်ကို တွေးလိုက်ပြီး သူ အရမ်းကြောက်သွားကာ သူ့မျက်နှာမှာ ဖြူဖျော့သွားသည်။
သူ့ဖုန်းကို အမြန်ကောက်ကိုင်လိုက်ပြီး ထုံကျန်းကို ဖုန်းဆက်လိုက်သည်။
ထိုလူနှစ်ယောက်သာမက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီကို ဒုက္ခရောက်အောင် လုပ်ခဲ့သူ အားလုံးသည် ထိတ်လန့်ပြီး သူတို့ကို အပြစ်တင်ရန် ခေါ်နေကြပြီဖြစ်သည်။
နုဝမ်ချိုက်နှင့် တခြားသူများမှာတော့ သူတို့အနိုင်ပိုင်းနိုင်ပြီဟု ထင်နေကြသည်။
ယဲ့ဖန်သည် ယနေ့ ကိစ္စများကို မည်သို့ အဆုံးသတ်မည်ကို သူတို့ သိချင်နေသည်။
ထိုအချိန်တွင် သူတို့၏ လက်ကိုင်ဖုန်းများသည် တစ်လုံးပြီးတစ်လုံး မြည်လာသည်။
နုဝမ်ချိုက် စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။
စကားမပြောရခင်မှာပင် အကောက်ခွန်သူဌေးက သူ့ကို ကြိမ်းမောင်းနေသည်ကို ကြားလိုက်ရသည်။
" နုဝမ်ချိုက် မင်း သေချင်နေရင်တောင် ငါတို့ကို လိုက်ဆွဲမချနဲ့ ..... "
" ခေါင်းဆောင်ကြီး ဘာဖြစ်တာလဲ "
" ဘာလဲ။ မင်း ဥက္ကဌက ဘယ်သူလဲဆိုတာ မင်း မသိဘူးလား "
" ကျွန်တော် ... ကျွန်တော် ဘယ်သူ့ကိုမှ မစော်ကားခဲ့ဘူး။ အဲ့ကောင်လေးက နားနောက်မှာတောင် စိုနေသေးတာ မဟုတ်လား "
" မင်းကပဲ နားနောက်မှာ စိုနေတာ။ အဲ့တာ ယဲ့လူကြီးမင်းပဲ။ ယဲ့လူကြီးမင်း ဘယ်လောက် တန်ခိုးကြီးလဲ သိလား။ ယဲံလူကြီးမင်းကို စော်ကားတဲ့သူတွေ ဘာဖြစ်သွားလဲ သိလား။ မင်း ငါ့ကို သတ်ချင်တာလား "
" အဲ့တာ ချဲ့ကားလွန်း မနေဘူးလား "
" မင်းနဲ့ ငါ မိုက်မဲတဲ့ စကားတွေ မပြောချင်ဘူး။ ယဲ့လူကြီးမင်းရဲ့ ဒေါသကို ချက်ချင်း ငြိမ်းစေမယ့် နည်းလမ်းကို စဉ်းစားထား "
" သူက မင်းကို သတ်ချင်နေရင်တောင် မင်း မတွန့်ဆုတ်နဲ့ "
" ဒါကို မဖြေရှင်းနိုင်ရင် ငါ မသေခင် မင်းကို လိုက်ပို့ပေးမယ် "
ဂွက်
လိုင်းတစ်ဖက်မှ လူသည် ပြင်းထန်စွာ ကျိန်ဆဲလိုက်ပြီး ဖုန်းချလိုက်သည်။
နုဝမ်ချိုက်သည် အလွန်တုန်လှုပ်နေပြီ ဖြစ်သည်။
သူ့နောက်ကွယ်တွင် ကြီးမားသည့် နောက်ခံရှိလေသည်။
ထိုလူသည် ယန်းချန်မြို့၏ ကြီးမားသော ဂုဏ်ရှိသူဟု ဆိုနိုင်သည်။
သို့သော် ထိုလူသည် ယဲ့ဖန်ကို အလွန်ကြောက်နေသည်။
ဤသည်မှာ အရင်က တစ်ခါမှ မဖြစ်ဖူးသည့်အရာ ဖြစ်သည်။
သူ့ရဲ့ သူဌေးအသစ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလို့လဲ။
တခြားသူများ ရင်ဆိုင်နေရသည့် အခြေအနေမှာ သူနှင့် အတူတူနီးပါးဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် မည်သို့ပင် ရှိစေကာမူ ယဲ့လူကြီးမင်း၏ ဒေါသကို ပြေလျော့စေရမည်ဟု အကြိမ်ကြိမ် သတိပေးခဲ့သည်။
မဟုတ်ပါက သူတို့ ဒုက္ခရောက်ရုံသာမက မိသားစုတွေလည်း ဒုက္ခရောက်မည်ဟု ဆိုကြသည်။
ဘုန်း၊ ဘုန်း
သူတို့ထဲမှ အနည်းငယ်သည် ထိုင်ခုံပေါ်သို့ လဲကျသွားပြီး ယဲ့ဖန်ကို ငေးမှိုင်သော အမူအရာဖြင့် ကြည့်နေကြသည်။
တစ်ဖက်သူသည် ငယ်ရွယ်သည်ဟု ထင်ခဲ့ကြပြီး ကစားရန် ထွက်လာကြသော မိသားစုကြီးတစ်ခုမှ ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူ ဖြစ်သည်ဟု သူတို့ ထင်ခဲ့ကြသည်။
ထိုသို့ ဒုတိယမျိုးဆက်များသည် မိသားစုမှ အလွန်ချမ်းသာသည် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အများစုမှာ အရည်အချင်း သို့မဟုတ် သတ္တိမရှိကြချေ။
မြေခွေးဟောင်းများ စည်းလုံးညီညွတ်ပြီး ထိုကလေးကို သင်ခန်းစာတစ်ခု သင်လိုက်ပါက သူသည် ဘာမှ လုပ်ရဲမှာ မဟုတ်ချေ။
သို့သော် ထိုကောင်လေးသည် ဒုတိယမျိုးဆက်မဟုတ်ကြောင်းကို သူတို့ ဘယ်သောအခါမှ အိပ်မက်မမက်ခဲ့ပေ။
ထိုအစား သူသည် မရေမတွက်နိုင်သည့် လူများအပေါ် နင်းခြေနိုင်သည့် တကယ့်အကောင်ကြီးဖြစ်နေသည်။
ငယ်ရွယ်စဉ်တွင် ထိုသို့သော အောင်မြင်မှုများ ရရှိရန် သူ၏ နည်းလမ်းများမှာ မည်မျှရက်စက်ကြမ်းကြုတ်မည်ကို မသိနိုင်ချေ။
သူတို့၏ မျက်လုံးများသည် စိတ်ပျက်လက်ပျက် အငွေ့အသက်များနှင့် ပြည့်နေခဲ့သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၂၇ )
ကိုယ်လုပ်ခဲ့တာအတွက် တန်ရာတန်ကြေး ပေးရမယ်
အစည်းအဝေးခန်းထဲရှိ အခြားအကြီးအကဲများမှ နုဝမ်ချိုက်နှင့် အခြားသူများ၏ အမူအရာများကို မြင်ပြီးနောက် ကြောင်အနေကြသည်။
နုဝမ်ချိုက်သည် ခုနကထိ မောက်မာနေတာ မဟုတ်ဘူးလား။
ယဲ့ဖန်ကိုတောင် သူတို့ မျက်လုံးထဲ မထည့်ဘူးလေ။
ဒါပေမဲ့ အခုကျ နုဝမ်ချိုက်နဲ့ တခြားသူတွေက ဘာလို့ သူတို့မိဘတွေ သေသလို ဖြစ်နေကြတာလဲ။
" ဘာတွေ ဖြစ်ကုန်ကြတာလဲ "
" ငါလည်း မသိဘူး။ နုဝမ်ချိုက်နဲ့ တခြားသူတွေက ဖုန်းပြောပြီးတာနဲ့ အကုန် အဲ့လိုတွေ ဖြစ်ကုန်တာပဲ "
" သူတို့က ဖုန်းထဲမှာ ဘာပြောကြတာလဲ။ ဘာမလို့ ဒီအတိုင်းအတာအထိ သူတို့ကို ဘယ်လိုလုပ်ဘကြောက်အောင် လုပ်နိုင်တာလဲ "
" ဒါက ထူးဆန်းလွန်းတယ်။ ငါ ဘာလို့ ပိုပိုပြီး စိတ်ရှုပ်လာရတာလဲ "
" ငါရောပဲ… "
ထိုလူများသည် စိတ်လှုပ်ရှားစွာနှင့် ဆွေးနွေးနေချိန်မှာပင် နောက်ထပ် ဝန်ထမ်းအနည်းငယ်သည် အစည်းဝေးခန်းထဲသို့ ပြေးလာကြသည်။
" ဥက္ကဌ၊ သတင်းကောင်းပါ။ အကောက်ခွန်က စစ်ဆေးရေးပြီးသွားလို့ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို လွှတ်ပေးဖို့ အတည်ပြုလိုက်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ဖြတ်သန်းခွင့် ပေးထားပြီးသားပါတဲ့ "
" ဥက္ကဌ၊ အခွန်ဌာနက တစ်ယောက်ယောက်က ကျွန်တော်တို့ကို မသမာတဲ့သူက သတင်းပို့တာပါလို့ ပြောတယ်။ ကျွန်တော်တို့ကို စုံစမ်းစရာ မလိုတော့ပါဘူးတဲ့ ...... "
" ဥက္ကဌ၊ ကျုထျန်းလျှပ်စစ်က ဖုန်းဆက်ပါတယ်။ သူတို့က နားလည်မှုလွဲတာပါလို့ ပြောကြတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်စချင်ရုံတင်မကဘဲ အော်ဒါပမာဏကိုလည်း တိုးချင်ပါတယ်တဲ့ ..... "
ခဏတာ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
လီယွမ်နှင့် အထက်အရာရှိများသည် သတင်းကောင်းကြောင့် အံ့အားသင့်သွားကြသည်။
လူတစ်စုသည် ပြဿနာရှာရန် စုဖွဲ့ခဲ့သောကြောင့် လီယွမ်တို့သည် တိမ်မည်းကြီးတစ်ခုဖြင့် ရိုက်ခတ်ခံခဲ့ရသည်။
သို့သေည် မိနစ်အနည်းငယ်သာ ကြာလိုက်ပြီး လေထုမှာ ၁၈၀ ဒီဂရီ ပြန်လှည့်သွားသည်။
ထိုမုန်တိုင်းသည် လျင်မြန်စွာ ဝင်ရောက်လာသဖြင့် လူများစွာ သတိပင်မထားမိလိုက်ပေ။
ဘာတွေဖြစ်နေတာလဲ။
သူတို့ နားမလည်နိုင်ခင်မှာပင် နုဝမ်ချိုက်သည် ရုတ်တရက် ထရပ်ပြီး ယဲ့ဖန်ဆီကို ပြေးသွားကာ ရှိုက်ကြီးတငင် ခါးသီးစွာ ငိုကြွေးလေသည်။
" လူကြီးမင်း၊ မှားသွားပါတယ်။ အလွဲသုံးစားလုပ်ထားတဲ့ ပိုက်ဆံတွေကို ဆယ်ဆပြန်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး အသက်ရှင်ခွင့်ပေးပါ ..... "
အခြားသူများလည်း လိုက်သွားကြပြီး ယဲ့ဖန်ရှေ့တွင် ဒူးထောက်လိုက်ကြသည်။
" ယဲ့လူကြီးမင်း၊ အရင်က နှိမ့်ချခဲ့တဲ့အတွက် ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ သနားပေးပါ "
" ယဲ့လူကြီးမင်း၊ နောက်ဆို လူကြီးမင်းအတွက် ဘညမဆို အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ မိုက်မဲမှုကို ခွင့်လွှတ်ပေးပါ "
" ယဲ့လူကြီးမင်း ..... "
လင်းကျယ်သဲ့သည် ပြပွဲကောင်းကောင်းကို ကြည့်ချင်သော်လည်း ထိုမြင်ကွင်းကို မြင်သောအခါ တုန်တုန်ယင်ယင်နှင့် ဒူးထောက်ရန် အလျင်အမြန် ပြေးသွားခဲ့သည်။
လီယွမ်နှင့် အခြားသူများမှာ ပို၍ပင် အံ့သြသွားကြသည်။
နုဝမ်ချိုက်နှင့် ကျန်သူများသည် ယဲ့ဖန်ကို သေသည်အထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့သည်။
ဒါဆို သူတို့က ဘာလို့ ရုတ်တရက် မတူတဲ့လူ တွေလို ဖြစ်သွားရတာလဲ။
ဒါက သိပ်ထူးဆန်းတာပဲ မဟုတ်ဘူးလား။
ပိုကြည့်လေ ပိုရှုပ်လေ ဖြစ်လာသည်။
သူတို့ ဘာဖြစ်သွားသည်ကို မသိကြပေ။
ယဲ့ဖန်သည် လုံးဝမတုံ့ပြန်ခဲ့ချေ။
ကြေညာချက်တစ်စောင်သာ ထုတ်ခဲ့သည်။
အဘယ်ကြောင့် ဤမျှ ကြီးမားသော တုံ့ပြန်မှုကို ဖြစ်စေသည်ကို သူတို့ နားမလည်ပေ။
ဖက်တီးချူးနှင့် တခြားသူများလည်း ကြောင်အနေကြသည်။
အစပိုင်းတွင် ယဲ့ဖန်အား တိုက်ခိုက်နေသည့် လူအများအပြားကို တွေ့လိုက်ရသောအခါ သူတို့သည် အသက်ရှူကြပ်လာပြီး ယဲ့ဖန်အတွက် စိတ်ပူစပြုလာကြသည်။
သို့သော် လေတိုက်သည့် လမ်းကြောင်းမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားသည်။
ထိုသည်က သူတို့ နားလည်နိုင်သည့်အရာ မဟုတ်ချေ။
ယဲ့ဖန်သည် ပိုလို့ပင် လျှို့ဝှက်ဆန်းကြယ်သည်ဟု သူတို့က ခံစားရသည်။
ဖုန်းကျင်းရီသည် ဤအကြောင်းများကို နားလည်သူ တစ်ဦးတည်းသာ ဖြစ်နိုင်သည်။
ယဲ့ဖန်၏ ကြေငြာချက်သည် ကြီးမားသော ဗုံးတစ်လုံးဖြစ်သည်။
လွှင့်ထုတ်လိုက်သည်နှင့် စကားလုံးပေါင်း တစ်ထောင်ထက် ပိုအင်အားကြီးသည်။
ထိုအကြောင်းကို တွေးပြီးနောက် သူမသည် ယဲ့ဖန်ကို ပို၍ပင် သဘောကျသွားသည်။
မျက်တောင်ပင် မခတ်ဘဲ ယန်းချန်မြို့တွင် မုန်တိုင်းကို နှိုးဆော်နိုင်သည့် သူမရှေ့မှသူသည် ချောမောလွန်းသည်။
ယဲ့ဖန်သည် လူအုပ်ကြားတွင် အတည်ငြိမ်ဆုံး ဖြစ်သည်။
အစမှ အဆုံးထိ တည်ငြိမ်သော အမူအရာ ရှိနေသည်။
သူသည် နုဝမ်ချိုက်နှင့် တခြားသူတွေကို ကြည့်လိုက်သည်။
" ခင်ဗျားတို့က ခုနက ကျွန်တော့်ကို တောင်းပန်စေချင်တာ မဟုတ်ဘူးလား။ ဘယ်သူ့လက်သီးက ပိုပြင်းတယ်ဆိုတာ ပြောနေတာလေ၊ မဟုတ်လို့လား။ အခု ဘာလို့ ကြောက်နေတာလဲ "
နုဝမ်ချိုက်သည် ငိုတာထက် ပိုရုပ်ဆိုးသည့် အပြုံးကို ထုတ်လိုက်သည်။
" လူကြီးမင်းရဲ့ အာဏာကို အသိအမှတ် မပြုခဲ့တာ ကျွန်တော်တို့ အပြစ်ပါ။ ကျွန်တော် လာဘ်ငွေ ယွမ် ၅သိန်း ရထားပါတယ်။ အဲ့ကနေ ဆယ်ဆ ထပ်ပေးပါ့မယ်။ အသက်ရှင်ခွင့်ပေးပါလို့ တောင်းဆိုပါတယ် "
အခြားသူများကလည်း သဘောတူပြီး ကုမ္ပဏီအတွက် ဆုံးရှုံးမှုမှ ဆယ်ဆ လျော်ကြေးပေးရန် လိုလားကြောင်း ဖော်ပြခဲ့ကြသည်။
ထိုမြင်ကွင်းကြောင့် အခြားသူအားလုံးမှာ အံ့အားသင့်သွားကြသည်။
ထိုယဲ့လူကြီးမင်းသည် ကြောက်စရာကောင်းသော နောက်ခံရှိကြောင်း နုဝမ်ချိုက်နှင့် အခြားသူများ၏ အမူအရာမှ ကြားသိရသည်။
သူတို့၏ နောက်ကွယ်က ကျောထောက်နောက်ခံတွေပင် အားကိုးလို့ မရနိုင်တော့ချေ။
ထိုသည်က သူတို့ကို ပိုလို့ပင် အံ့သြသွားစေသည်။
ဤမျှ ကြီးမားသော အကောင်ကြီးများ အားလုံးမှ စုပေါင်းကာ ရှုံးနိမ့်ကြောင်း ဝန်ခံသည်အထိ ထိုလူငယ်လေးသည် မည်သို့သောနောက်ခံရှိသနည်း။
အားလုံးသည် ယဲ့ဖန်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ယဲ့ဖန်သည် ဒူးထောက်တောင်းပန်နေသည့် နုဝမ်ချိုက်နှင့် ကျန်သူများကို ကြည့်ရင်း သူ့မျက်နှာ၌ လှောင်ပြောင်ရိပ်ပေါ်ကာ နှာမှုတ်လိုက်သည်။
" ခင်ဗျားတို့က ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကို ဆယ်ဆ လျော်ကြေးပေးဖို့ ဆန္ဒရှိလို့ ခင်ဗျားတို့ကို အခွင့်အရေး ပေးမယ်... "
နုဝမ်ချိုက်နှင့် အခြားသူများသည် ချက်ချင်း သက်ပြင်းချလိုက်သည်။
ကြည့်ရတာ ဒီယဲ့လူကြီးမင်းက သူ့ကန့်သတ်ချက်တွေကို သိပုံရတယ်။
သူက အမြင့်ကိုမြှောက်ပြီး ပြန်ချဖို့ကို သိတယ်။
မည်သို့ပင်ဖြစ်စေ သူတို့၏ အထက်တန်းအဆင့်ကြောင့် ထောင်ထဲသို့ ပို့လိုက်မည်ဆိုပါက ကုမ္ပဏီကို ထိခိုက်စေမှာ သေချာလေသည်။
ထို့ကြောင့် အားလုံး ပျော်သွားကြသည်။
သို့သော် သူတို့ မပျော်ရွှင်နိုင်ခင်မှာ ယဲ့ဖန်က ဆက်ပြောသည်။
" ကိုယ့်ကိုယ်ကိုယ် သွားဝန်ခံလိုက်ပါ။ ဒီနည်းနဲ့ဆို သက်ညှာတဲ့ အပြစ်ဒဏ်ကို ခံရနိုင်တယ် "
နုဝမ်ချိုက်နှင့် အခြားသူများ၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။
" လူကြီးမင်း အခွင့်အရေးပေးမယ်လို့ ပြောတာ မဟုတ်ဘူးလား "
ယဲ့ဖန် အေးစက်စွာ ရယ်မောလိုက်သည်။
" ဟုတ်တယ်၊ စီးပွားရေး စုံစမ်းရေးဌာနက လူတွေကို လာဖမ်းခိုင်းမယ့်အစား ခင်ဗျားတို့ကို သွားဝန်ခံဖို့ အခွင့်အရေးပေးနေတာ။ ထောင်ဒဏ် တစ်နှစ်ခွဲလောက် အနည်းဆုံး လျှော့နိုင်တယ် "
နုဝမ်ချိုက်၏ အမူအရာသည် ညိုးငယ်သွားသည်။
" လူကြီးမင်း၊ ငါတို့အားလုံးကို တကယ် သတ်နေတာလား "
ယဲ့ဖန် အေးစက်စွာ နှာမှုတ်လိုက်သည်။
" ခင်ဗျားတို့ကို အခွင့်အရေး ပေးပြီးပြီ။ ဒါပေမယ့် အဲ့တာကို ခင်ဗျားတို့က မမြတ်နိုးဘူး။ အဲ့တော့ အဲ့လို မိုက်မဲမှုအတွက် ပေးရတဲ့ တန်ရာတန်ကြေးစျေးပဲ "
နုဝမ်ချိုက်နှင့် အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
ရှင်းနေသည်မှာ သူတို့သည် ကံကောင်းရန် မျှော်လင့်ဆဲဖြစ်ပြီး တန်ပြန်အရေးယူမှုတစ်ခုကို ရှာဖွေချင်နေသေးသည်မှာ ရှင်းနေသည်။
ယဲ့ဖန်သည် သူတို့၏ အတွေးများကို မြင်နေရသည်။
သူ လှောင်လိုက်ပြန်သည်။
" ဒါပေါ့၊ ခင်ဗျားတို့ရဲ့ ကျောထောက်နောက်ခံတွေကို ထုတ်နိုင်တယ်။ သူတို့ရဲ့ လက်သီးက ကျုပ်ရဲ့ လက်သီးတွေထက် ပိုအားကောင်းလား ကြည့်ရအောင် "
နုဝမ်ချိုက်နှင့် အခြားသူများသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် တုန်လှုပ်သွားကြသည်။
သူတို့၏ ကျောထောက်နောက်ခံများသည် ယဲ့ဖန်၏ အင်အားကြောင့် ကြောက်လန့်နေကြပြီး ဖြစ်သည်။
ဒီလို အသေးအဖွဲကိစ္စတွေကို သူတို့က ဘယ်လိုလုပ် ဂရုစိုက်ကြတော့မှာလဲ။
" ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ အခုပဲ သွားဝန်ခံပါ့မယ် "
နုဝမ်ချိုက်နှင့် အခြားသူများသည် ဤမျှ ကြီးမားသော အကောင်ကြီး၏ရှေ့တွင် ရုန်းကန်မှုတိုင်းသည် အချည်းအနှီးဖြစ်သည်ကို သိရှိကြသည်။
သူတို့၏ မိသားစုဝင်တွေကိုပင် ထိခိုက်နိုင်သည်။
အဆုံးမှာတွင် သူတို့သည် သူတို့ကိုယ်တိုင် နှုတ်ထွက်ပြီး စိတ်ပျက်လက်ပျက်နှင့် ထွက်သွားကြတော့သည်။
သူတို့ကို စောင့်ကြိုနေသည့်အရာမှာ ဥပဒေ၏ ပြစ်ဒဏ်သာ ဖြစ်တော့သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၂၈ )
သူက အရေးပေးခံရမယ့်သူ မဟုတ်ဘူး
အစည်းအဝေးခန်းထဲမှ အခြားအကြီးအကဲများသည် နုဝမ်ချိုက်တို့တစ်စု ထွက်သွားသည်ကို ကြည့်နေကြသည်။
ထို့နောက် ယဲ့ဖန်ကို ပြန်ကြည့်ကြသောအခါ သူတို့၏ မျက်နှာတွင် စိုးရိမ်ကြောက်ရွံ့မှုများသာ ပြည့်နှက်နေသည်။
သူတို့၏ သူဌေးအသစ်မှ သုံးသွားသော နည်းလမ်းနှင့် ရဲတင်းပုံမှာ အမှန်တကယ် ဆန်းကြယ်အားကျဖွယ်ကောင်းလှသည်။
သူသည် အကြီးအကဲ ၅ယောက်၊ ၇ယောက်ကို တစ်ပြိုင်နက်တည်း ထောင်ထဲသွင်းနိုင်လေသည်။
အနာဂတ်တွင် သူတို့သည် ဂုဏ်ပုဒ်ကိုသုံးပြီး ကိုယ်ပိုင်အကျိုးအတွက် သုံးကာ ကိုယ့်အိတ်ကပ်ထဲကို ထည့်ချင်ပါက ၂ခါ စဉ်းစားရတော့မည် ဖြစ်သည်။
လင်းကျယ်သဲ့သည် သူတို့နှင့်အတူ ချက်ချင်း လိုက်မသွားပေ။
သူသည် ကံကောင်းဦးမည်ဟု တွေးနေခဲ့သည်။
ယဲ့ဖန်ကို သူသည် သုန်မှုန်အားငယ်သော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
" ယဲ့လူကြီးမင်း၊ လူကြီးမင်းနဲ့ ရှောင်ကျယ်က တစ်ဆောင်ထဲမှာနေတဲ့ ရင်းနှီးတဲ့သူငယ်ချင်းကောင်းတွေပါ။ သူ့ကို ထောက်ထားပြီး လွှတ်ပေးနိုင်မလား "
ယဲ့ဖန်သည် သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
" စိတ်မကောင်းပါဘူး။ သူ့ကို မျက်နှာသာပေးလောက်အောင်ထိ မရင်းနှီးဘူး "
လင်းကျယ်သဲ့သည် ဆက်ပြောချင်သည်။
ယဲ့ဖန်သည် စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။
" ကိုယ်တိုင် ဝန်မခံရင် စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာနကို ခေါ်လိုက်ရုံဘဲ။ အဲ့ကျ သူတို့က လာဖမ်းလိမ့်မယ် "
" ဝန်ခံလိုက်တာနဲ့ အဖမ်းခံလိုက်ရတာက မတူတဲ့ကိစ္စဆိုတာ သိတယ်မလား "
လင်းကျယ်သဲ့သည် ယဲ့ဖန်မှ သူ့အား လုံးဝ မျက်နှာသာ မပေးသည်ကို မြင်သောကြောင့် စိတ်ပျက်အားငယ်စွာ ထွက်သွားတော့သည်။
လင်းကျယ်သည် အပြင်ဘက်တွင် သတင်းကောင်းစောင့်နေသည်။
သူ့အဖေထွက်လာသည်ကို မြင်သောအခါ ချက်ချင်း ပြေးလာသည်။
" အဖေ၊ အစည်းအဝေး ပြီးပြီမလား။ မိန်းကလေးတွေ သွားရှာကြစို့ "
လင်းကျယ်သဲ့သည် ခေါင်းမော့ပြီး သူ့သားကို ကြည့်လိုက်သည်။
ရုတ်တရက် သူသည် သူ့သားကို ပါးရိုက်လိုက်သည်။
ဖြောင်း
လင်းကျယ်သည် ရိုက်ချက်ကြောင့် ကြောင်အသွားသည်။
သူသည် ပူလောင်သွားသော ပါးတစ်ဖက်ကို အုပ်ကိုင်ပြီး မေးလိုက်သည်။
" အဖေ၊ ဘာလို့ ရိုက်တာလဲ "
" ရိုက်တာ ဟုတ်လား။ ငါ မင်းကို သတ်ပါ သတ်ချင်နေတာ "
လင်းကျယ်သဲ့သည် ရုတ်တရက် အရှိန်ဖြင့် ပြေးတက်လာပြီး သူ့သားကို လက်သီးနှင့် ထိုးကာ ကန်လိုက်သည်။
သူသည် လုပ်နေစဉ် ဆက်တိုက် ကြိမ်းမောင်းဆဲဆိုနေသည်။
" မင်းသာ လျှို့ဝှက်ချက်ကို မပေါက်ကြားလိုက်ရင် ငါ ထောင်ထဲ ရောက်ပါ့မလား "
" မင်းသာ ယဲ့ဖန်နဲ့ ဆက်ဆံရေးကောင်းရင် သူက မင်းကို မျက်နှာသာပေးမှာ မဟုတ်ဘူးလား။ မင်းကြောင့် မဟုတ်ရင် ..... "
လင်းကျယ်သည် သူ့ခေါင်းကို ကိုင်ထားပြီး သူ့အဖေ၏ ထိုးချက်များနှင့် ကန်ချက်များကို တိတ်တဆိတ် သည်းခံနေသည်။
ထိုစကားကို ကြားပြီးနောက် သူ အံ့ဩသွားသည်။
" အဖေ၊ ဘာပြောလိုက်တာလဲ။ ဘာလို့ ထောင်ကျရမှာလဲ။ အဲ့တာက ယဲ့ဖန်နဲ့ ဘာဆိုင်လို့လဲ "
လင်းကျယ်သဲ့သည် သူ့ကို အကြိမ်ပေါင်းများစွာ ရိုက်ပြီးနောက် မောနေပြီ ဖြစ်သည်။
သူသည် ရပ်လိုက်ပြီး အစည်းအဝေးခန်းထဲမှ အကြောင်းများအား သူ့သားကို ပြောပြသည်။
လင်းကျယ်သည် ထိုစကားကို ကြားပြီးနောက် ထိတ်လန့်သွားသည်။
ယဲ့ဖန်က ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ သူဌေးအသစ်လား။
သူကလတကယ်ပဲ အကြီးအကဲ ငါးယောက် ခြောက်ယောက်လုံးကို ထောင်ထဲ ထည့်လိုက်တာလား။
သူ့အဖေရဲ့ ကိစ္စက တကယ် အဖော်ခံရပြီး ထောင်ထဲ ရောက်သွားမှာလား။
ထိုအချက်အလက် အပိုင်းအစများသည် ပြင်းထန်သော ဗုံးများကဲ့သို့ဖြစ်ပြီး အပြင်ဘက်တွင် မီးလောင်ကျွမ်းကာ အတွင်းပိုင်းတွင် တစ်စစီဖြစ်သည်အထိ ပေါက်ကွဲသွားခဲ့သည်။
" အဖေ၊ စိတ်မပူပါနဲ့။ ကျွန်တော် အခု သွားတောင်းပန်လိုက်မယ်။ သူ ကျွန်တော့်ကို မျက်နှာသာပေးမယ်လို့ ကျွန်တော် ယုံကြည်တယ် "
သူ့အဖေကို အမြန် နှစ်သိမ့်ပြီး အစည်းအဝေးခန်းဆီသို့ ပြေးသွားသည်။
သူ အခန်းထဲသို့ ဝင်လာသည့်အခါ ကုမ္ပဏီအမှုဆောင်အဖွဲ့တစ်ဖွဲ့ကို အမိန့်ပေးညွှန်ကြားနေသည့် သူဌေးထိုင်ခုံပေါ်၌ ထိုင်နေသော ယဲ့ဖန်ကို တွေ့လိုက်ရသည်။
သူသည် ယဲ့ဖန် ရှေ့၌ ဒူးထောက်ပြီး ခဏတာ ကြောင်အနေသည်။
" ယဲ့ဖန်၊ ငါ တောင်းပန်ပါတယ်။ အဖေ့ကို လွှတ်ပေးလိုက်ပါ။ မင်းအတွက် တစ်သက်လုံး ကျေးဇူးဆပ်ပါ့မယ် "
သူသည် စကားပြောနေစဉ် ဒူးထောက် အရိုအသေပေးလေသည်။
အတန်ကြာအောင် နဖူးဖြင့် မြေကြီးကို ရိုက်ပြီးနောက် သူ့နဖူး၌ သွေးထွက်သံယို ဖြစ်သွားတော့သည်။
ဖက်တီးချူး၊ ကောင်းရှုဖေးနှင့် အခြားသူများသည် ဘေးတွင်ရပ်ကာ ထိုထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို စိုက်ကြည့်နေကြသည်။
သူတို့၏ မျက်လုံးများတွင် လင်းကျယ်သည် အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။
ယခုမူ သူသည် ယဲ့ဖန်ရှေ့၌ ဒူးထောက်ပြီး တောင်းပန်ရုံမှတစ်ပါး သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။
ထိုကြီးမားသော ခြားနားချက်သည် အမှန်တကယ်ပင် လူအများ သက်ပြင်းချသည်အထိ ဖြစ်စေခဲ့သည်။
ယဲ့ဖန် သူ့မျက်လုံးထောင့်မှ သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
" မင်း ငါ့ကို တောင်းပန်ရင်တောင် အသုံးမဝင်ဘူး။ စီးပွားရေး စုံစမ်းစစ်ဆေးရေးရုံးက လူတွေကို သွားတောင်းပန်သင့်တယ် "
လင်းကျယ်သည် ဝမ်းနည်းနေသောမျက်နှာနှင့် သူ့ကို ကြည့်လိုက်သည်။
" ယဲ့ဖန်၊ ငါ မင်းကို အတိတ်မှာ စော်ကားခဲ့မိတာ ငါသိပါတယ်။ ငါက လူ မဟုတ်ပါဘူး ငါက တိရစ္ဆာန်ပဲ "
" ဒါပေမယ့် ငါတို့ အရင်က အတူတူ အဆောင်မှာ နေခဲ့ကြတာပဲ။ ကျေးဇူးပြုပြီး အသက်ရှင်ခွင့်ပေးပါ တောင်းပန်ပါတယ်..."
ယဲ့ဖန် က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
ထိုအခါ လင်းကျယ်သည် ချက်ချင်းပင် ပါးစပ်ကိုပိတ်ကာ တခြားဘာမှ မပြောရဲတော့ပေ။
" ဘယ်သူဖြစ်ပါစေ ငါက လူတိုင်းကို တန်းတူရည်တူ ဆက်ဆံတယ်။ လင်းကျယ်သဲ့က ကုမ္ပဏီကနေ ငွေအမြောက်အမြား အလွဲသုံးစားလုပ်ခဲ့တာ။ သူ့ရဲ့ အပြစ်က ခွင့်မလွှတ်နိုင်ဘူး "
လင်းကျယ်၏ နှလုံးသည် ချက်ချင်းပင် နစ်မြုပ်သွားသည်။
ထိုကိစ္စကို ကိုင်တွယ်ပြီးနောက် ယဲ့ဖန်သည် အစည်းအဝေးခန်းထဲမှ တခြားသူများကို ကြည့်လိုက်သည်။
" ဒါကို မှတ်ထားကြ။ ခင်ဗျားတို့ အလုပ်ကောင်းကောင်း လုပ်ရင် ခင်ဗျားတို့ကို ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်နှာခေါင်းအောက်မှာ လှည့်စားချင်သေးတယ်ဆိုရင် ကျုပ် ရက်စက်တဲ့သူလို့ အပြစ်မတင်နဲ့ "
အစည်းအဝေးခန်းမှ လက်ခုပ်သြဘာပေးသံများ ချက်ချင်း ထွက်ပေါ်လာသည်။
ဤအဖြစ်အပျက်ပြီးနောက် ယဲ့ဖန်သည် သူတို့၏ နှလုံးသားထဲတွင် ဂုဏ်သိက္ခာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
" နောက်ထပ်အမိန့်ပေးမယ်။ မိန်းကလေး ဖုန်းကျင်းရီက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဖြစ်လာလိမ့်မယ်။ အားလုံးပဲ ကြိုဆိုပေးကြပါ "
ထို့နောက် ယဲ့ဖန်သည် နောက်ထပ်ဗုံးတစ်လုံးကို လွှင့်ပစ်လိုက်သည်။
အစည်းအဝေးခန်းထဲမှ အကြီးအကဲတွေပင် မဟုတ်ချေ။
ဖုန်းကျင်းရီ ကိုယ်တိုင်ပင် အံ့သြသွားခဲ့သည်။
သူမသည် ယနေ့ည အတန်းပြန်တွေ့ဆုံပွဲကို တက်ရောက်ရန် ယဲ့ဖန်နှင့် လိုက်ခဲ့သည်။
သူမက ရုတ်တရက် အထွေထွေမန်နေဂျာ ဘယ်လိုလုပ် ဖြစ်လာတာလဲ။
ဒါက အိပ်မက်ဆန်လွန်းတယ် မဟုတ်လား။