အခန်း (၁၁၂၉-၁၁၃၂)
Vol. 57 Ch. 1129-1132
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၂၉ )
ပြီးပြည့်စုံသည့် ယောက်ျား
ယဲ့ဖန်မှ ထိုခန့်အပ်မှုကို ကြေညာလိုက်သည့်အခါ အစည်းအဝေးခန်းထဲမှ လူအားလုံးသည် လီယွမ်ကို ထူးဆန်းတဲ့သည့် အကြည့်များနှင့် ကြည့်နေကြသည်။
သိသာစွာပင် ယဲ့လူကြီးမင်းသည် သူတို့ကို မယုံပေ။
ထို့ကြောင့် ကုမ္ပဏီကို စီမံခန့်ခွဲရန် ယုံကြည်ရသော လက်ထောက်တစ်ဦးကို ခေါ်ထားခဲ့သည်။
လီယွမ်သည် ယဲ့လူကြီးမင်းမှ ကုမ္ပဏီကို ဝယ်ယူပြီးနောက် ထိုကဲ့သို့သော အရှုပ်တော်ပုံကြီးကို ကြုံလိုက်ရသည်ကို လီယွမ် ရှင်းလင်းစွာ သိထားသည်။
သူ့အရည်အချင်းအား သံသယဖြစ်နေမည်မှာ သေချာလေသည်။
ထို့ကြောင့် ယခုအခါ ဥက္ကဋ္ဌရာထူးကို တိုက်ရိုက် လဲမည့်အစား အထွေထွေမန်နေဂျာစီအီးအိုကိုသာ ခန့်အပ်ခဲ့သည်။
ထိုသည်မှာ သက်ညှာပေးထားသည်ဟုပင် ယူဆနိုင်သည်။
" ကျွန်တော် ယဲ့လူကြီးမင်းရဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ထောက်ခံပါတယ်။ အထွေထွေမန်နေဂျာဖုန်းကို ကြိုဆိုလိုက်ရအောင် "
လီယွမ်သည် ချက်ချင်းပင် ချီးကျူးလိုက်သည်။
သူ လမ်းပြလိုက်သည်နှင့် အစည်းအဝေးခန်းထဲ၌ ချက်ချင်းပင် လက်ခုပ်သံများ ထွက်ပေါ်လာပြီး အသံမှာ ပိုမို ကျယ်လောင်လာသည်။
" သူဌေးဖုန်း၊ ဘာလို့ လူတိုင်းကို စကားနည်းနည်းလောက် မပြောတာလဲ "
ယဲ့ဖန်သည် ဖုန်းကျင်းရီကို ဆိုးသွမ်းသော အပြုံးဖြင့် ကြည့်လိုက်သည်။
" ကျွန်မ ...... "
ဖုန်းကျင်းရီသည် ရုတ်တရက် ဘီလီယံပေါင်းများစွာတန်သော ကုန်သွယ်ရေး ကုမ္ပဏီတစ်ခု၏ လက်ထောက်တစ်ဦးအဖြစ် ရာထူးတိုးခံခဲ့ရသည်။
သူမ မတတ်နိုင်ဘဲ တုန်လှုပ်နေသည်။
" ဘာပြောရမှန်း ကျွန်မ မသိဘူး "
ယဲ့ဖန် သူမကို အားပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
" အဆင်ပြေပါတယ်၊ ဘာမှ မဖြစ်ဘူး "
ဖုန်းကျင်းရီသည် ယခု သူမ၏ ဖြစ်တည်မျိုမှာ ယဲ့ဖန်ကို ကိုယ်စားပြုနေမှန်းလည်း သိသည်။
သူမသည် သူ့ကို အရှက်မခွဲနိုင်ပေ။
ထိုသည်ကို တွေးပြီး သူမ ချက်ချင်း ရှေ့ကို တိုးလာသည်။
" ကျွန်မ အထွေထွေမန်နေဂျာအဖြစ် ရုတ်တရက် ပေါ်လာတာကို လူတိုင်းက မယုံကြည်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ယဲ့လူကြီးမင်းရဲ့ ရွေးချယ်မှုက မှန်ကန်တယ်ဆိုတာ သက်သေပြဖို့အတွက် ကျွန်မရဲ့ ခွန်အားကို အသုံးပြုပြီး နောက်လာမယ့် တာဝန်တွေကို အရင်အစီရင်ခံပါ့မယ် "
အစပိုင်း၌ သူမ၏ အသံသည် တုန်ရီနေသော်လည်း သူမ ပြောလာရင်းဖြင့် သူမယုံကြည်မှု ပိုရှိလာလေလေ ဖြစ်သည်။
အဆုံးတွင် သူမသည် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနိုင်ခဲ့ပြီး သူမသည် အမျိုးသမီးသူရဲကောင်းတစ်ဦး၏ ကိုယ်ရောင်ဝါကို ရရှိခဲ့သည်။
အထက်အရာရှိများသည် ယဲ့ဖန်၏ စီစဉ်မှုကို အမှန်တကယ်ပင် မကျေနပ်ခဲ့ပေ။
ထိုသည်မှာ မျက်နှာသာပေးခြင်းဟု ယူဆသည်။
သို့သော် စည်းစနစ်ကျရုံသာမက မီးမောင်းထိုးပြမှုများပါ ရှိသည့် ကုမ္ပဏီ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖုန်းကျင်းရီ၏ အစီအစဉ်များကို ကြားသိရသောအခါတွင် သူတို့သည် တဖြည်းဖြည်းယုံကြည်လာကြသည်။
ကြည့်ရတာ ယဲ့လူကြီးမင်းက လှည့်စားနေတာ မဟုတ်ဘူးဘဲ။
ဒီမန်နေဂျာဖုန်းက တကယ် မရိုးရှင်းဘူးဘဲ။
အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာခြင်း မပြုမီ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
လီယွမ်ဆီ ရုတ်တရက် ဖုန်းဝင်လာသောအခါ ယဲ့ဖန်သည် ဖုန်းကျင်းရီနှင့်အတူ ထွက်ခွာတော့မည်ဖြစ်သည်။
သူ့အမူအရာ ပြောင်းသွားသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော့်မှာ သတင်းဆိုးတစ်ခု ရှိတယ် "
သူသည် ရဲရင့်သော အမူအရာဖြင့် ယဲ့ဖန်ဆီသို့ လျှောက်သွားသည်။
" ပြောပါ "
ယဲ့ဖန် ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
" လင်းကျယ်သဲ့က အိတ်ထောင်ထဲထည့်ဖို့ သူတို့ရဲ့ ဝယ်ယူရေးဌာနအကြီးအကဲနဲ့ ပူးပေါင်းခဲ့တာကို ဂျပန်မှာရှိတဲ့ ကုန်သွယ်ရေးကုမ္ပဏီက သိသွားပြီ။ အဲ့တာကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှာ နာမည်ပျက် ပြဿနာတစ်ခုရှိနေတယ်လို့ သူတို့က ထင်နေတာ။ ကျွန်တော်တို့နဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲပြီး ကျွန်တော်တို့ကုမ္ပဏီကို နောက်တစ်ကြိမ် ထပ်ပူးပေါင်းဖို့ ဘယ်တော့မှ မလုပ်တော့ဘဲ နာမည်ပျက်စာရင်းသွင်းဖို့ ပြင်ဆင်ထားပါတယ်တဲ့ "
လီယွမ် ပြောလိုက်သည်နှင့် တပြိုင်နက် အထက်အရာရှိများ၏ အမူအရာများမှာ သိသာစွာ ပြောင်းလဲသွားပြီး အသံတိုးတိုးဖြင့် ဆွေးနွေးကြတော့သည်။
ယဲ့ဖန်သည် သူတို့၏ အမူအရာကိုဘမြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
" ဒီပါတနာက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီအတွက် အရမ်းအရေးကြီးလို့လား "
လီယွမ်မှ လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
" ဟုတ်ပါတယ်၊ ဒီ ဖုရှန်းကုန်သွယ်ရေးကုမ္ပဏီက လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ အကြီးဆုံးမိတ်ဖက်ပါ။ ယွမ် ၁ ဘီလီယံကျော်ရှိတဲ့ အမှာစာကြီးတစ်ခုလည်း ရှိနေပါတယ်။ ဒီဖောက်သည်ကြီးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ် "
ဖုန်းကျင်းရီမှ ကြားဖြတ်ပြောလိုက်သည်
" ညှိနှိုင်းရန် ရှိသေးလား။ သူတို့အတွက် သင့်လျော်သော လျှော့စျေးပေးနိုင်တယ် "
လီယွမ် ခေါင်းခါလိုက်သည်။
" ဖုရှန်းကုန်သွယ်ရေးက သူတို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်စိတ်ချရမှုအပေါ် အလွန်အလေးထားတာ။ ကျွန်တော်တို့ ဒီကိစ္စတွေ ဖြစ်ပြီးတော့ သူတို့က ကျွန်တော်တို့နဲ့ ဆက်ပြီး လက်တွဲလုပ်ဆောင်တော့မှာ မဟုတ်တော့ပါဘူး "
သူသည် ထိုသို့ ပြောပြီးသည်နှင့် ယဲ့ဖန်ကို ရှက်ရွံ့စွာကြည့်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ဒီအတွက် အဓိက တာဝန်က ကျွန်တော့်မှာရှိတာပါ။ ဥက္ကဌ ဆက်လုပ်ဖို့ မျက်နှာမရှိတော့ပါဘူး။ ဒီကနေ နှုတ်ထွက်လိုက်ပါ့မယ် "
ယဲ့ဖန် ချက်ချင်း ပြန်မဖြေချေ။
သူ ခဏလောက် စဉ်းစားနေသည်။
" ကျွန်တော် မကြာခင် ဂျပန်သွားရမှာ။ သူတို့နဲ့ စကားပြောလိုက်မယ် "
" ခင်ဗျားတို့... ကုမ္ပဏီကို ဆက်ပြီး တာဝန်ယူပြီး ပြုပြင်ပါ "
ထိုသို့ဖြင့် သူသည် လှည့်ပြီး ဖုန်းကျင်းရီနှင့်အတူ ထွက်သွားခဲ့သည်။
လီယွမ်သည် အလွန်ကျေးဇူးတင်မိနေသည်။
သူသည် ယဲ့ဖန်နှင့် ကျန်သူများကို ကုမ္ပဏီအပြင်သို့ လိုက်ပို့ရန် အထက်အရာရှိအုပ်စုကို အလျင်အမြန် ဦးဆောင်ခဲ့သည်။
ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီမှ ဝန်ထမ်းများသည် ယဲ့ဖန်နှင့် သူ့အဖွဲ့ကို အဝေးမှ လှမ်းကြည့်ကြသည်။
သူတို့၏ မျက်လုံးများတွင် အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။
" ဒါ ငါတို့ရဲ့ သူဌေးအသစ်လား။ သူက အရမ်းငယ်ပြီး ရုပ်ရည်လည်း ချောမောတာပဲ "
" သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံတဲ့သူ ဖြစ်နိုင်တယ် မဟုတ်လား။ ဒီလိုလူက ငါတို့ရဲ့ သူဌေးဖြစ်တာ စိတ်ချရပါ့မလား "
" ဒီသူဌေးအသစ်ကို လျှော့မတွက်နဲ့။ ဒီသူဌေးအသစ် ပေါ်လာပြီးတော့ အကြီးတန်းအမှုဆောင်တွေကို ထောင်ထဲ ပို့လိုက်တယ်လို့ ကြားတယ် "
" တကယ်လား။ ဒါက သိပ်ရက်စက်လွန်းတာပဲ မဟုတ်လား "
" နုဝမ်ချိုက်နဲ့ လင်းကျယ်သဲ့တို့က ကုမ္ပဏီဘဏ္ဍာတွေကို အလွဲသုံးစားလုပ်တယ်လို့ သံသယရှိပြီး စီးပွားရေးစုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ ဝန်ခံပြီးပြီလို့ အတွင်းရေးမှူးရှု ဆီက ကြားလိုက်တယ်။ သူတို့က အနည်းဆုံး နှစ်အနည်းငယ် ထောင်ကျလိမ့်မယ် "
" အို ဘုရားရေ။ ဒီသူဌေးအသစ်က ငယ်သေးပေမယ့် သူ့ကို ဒီလောက်မာကျောမယ်လို့ မမျှော်လင့်ထားဘူး "
" တကယ်တော့ ဒါက တော်တော်လေး ကောင်းတယ်လို့ ထင်တယ်။ အခု အကြီးတန်း အမှုဆောင်တွေ အများကြီး ထုတ်ခံလိုက်ရတော့ ရာထူးတွေ တော်တော်များများ လွတ်နေပြီ။ ကောင်းကောင်းစွမ်းဆောင်နိုင်ရင် ရာထူးတိုးဖို့ အခွင့်အလမ်းရှိတယ် "
" ဝိုး၊ သူဌေးအသစ်က အရမ်းချစ်စရာကောင်းတာပဲ။ သူက ငယ်လည်း ငယ်သေးတယ်၊ ချောတယ်၊ အရမ်းသန်မာတယ်။ သူက ယောက်ျားတွေနဲ့ ပတ်သက်တဲ့ စိတ်ကူးတွေကို ဖြည့်ဆည်းပေးတာပဲ "
" အိပ်မက်မက်နေတာကို ရပ်လိုက်။ သူက အရမ်းတော်တာလေ။ သူက နင့်လိုလူကို ကြိုက်မှာတဲ့လား "
" အဲ့တာကို စိတ်ကူးယဉ်ရုံတောင် မရဘူးလား "
ယဲ့ဖန်သည် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ ၏ ဝန်ထမ်းများအားလုံးအတွက် စကားဝိုင်းတစ်ခု ဖြစ်လာခဲ့သည်။
အာဏာရလာသည်နှင့် တပြိုင်နက် အမှုဆောင်အရာရှိ အများအပြားကို ထောင်ထဲသို့ ပို့လိုက်ခြင်းသည် လူတိုင်းအတွက် ရင်ခုန်စရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ထိုသူဌေးအသစ်၏ သံလက်သီးချက်ကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။
………………………………………
ဟိုတယ်သို့ ပြန်လာသည့်လမ်း၌ ယဲ့ဖန်ဆီသို့ ချန်းဖေးအယ် ဆီမှ ဖုန်းဝင်လာသည်။
" ယဲ့ဖန်၊ အားကန်က သတင်းပို့လာတယ်။ ဂျပန်က သူ့အလုပ်ရှင်က သူ့ကို ဆက်သွယ်ပြီး နှစ်ရက်အတွင်း ဂျပန်ကို လာခိုင်းတယ်လို့ ပြောတယ်။ ငါတို့ နောက်ရက်အနည်းငယ်အတွင်း ထွက်သင့်တယ် "
" ဒါဆို ကိုယ်က ဘာတွေ ပြင်ဆင်ရမှာလဲ "
" လုပ်ထုံးလုပ်နည်းတွေ ပြီးသွားပြီ။ ငါတို့အတွက် လမ်းခင်းဖို့ ဂျပန်ကို အရင်သွားမယ့်လူတွေကိုလည်း စီစဉ်ပေးထားတယ်၊ အခု လုပ်နိုင်သမျှက အထက်လူကြီးတွေ အကြောင်းကြားတာကို စောင့်နေတာပဲ "
" ဟုတ်ပြီ၊ ကိုယ် သိပြီ "
ထိုစကားကို ပြောပြီးနောက် ယဲ့ဖန် ဖုန်းချသွားသည်။
ဖုန်း၏ အခြားတစ်ဖက်၌ ချန်းဖေးအယ်သည် ဒေါသတကြီး အံကြိတ်လိုက်သည်။
သူက တာဝန်လွဲလို့ တခြား ဘာမှပြောစရာ မရှိဘူးလား။
ဒေါသထွက်စရာပဲ။
သို့သော်လည်း သူမသည် လာမည့်ဂျပန်ခရီးစဉ်သို့ သူနှင့် ဘေးချင်းယှဉ် သွားရမည့် အခွင့်အရေးကို တွေးလိုက်သောအခါတွင် သူမ၏ ဒေါသသည် ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဟွန့်၊ ယဲ့ဆိုတဲ့ကောင် နင် ငါ့ဆီက ပြေးလို့မလွတ်ဘူး။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၃၀ )
မင်း ကိုယ့်အကြောင်း ပြောနေတာလား
ယဲ့ဖန်နှင့် ဖုန်းကျင်းရီတို့သည် ဟိုတယ်သို့ ပြန်လာပြီး ကားပါကင်မှ ထွက်လာသည့်အခါ ချောမောလှပသော အသွင်အပြင်ဖြင့် ဟိုတယ်အဝင်ဝတွင် ရပ်နေသည့်ပုံရိပ်ကို တွေ့လိုက်ရသည်။
ထိုကောင်မလေးသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ လှပသော မျက်နှာငယ်လေးမှာ ကလေးလေးများလို ဆူဖြိုးနေသည်။
သူမသည် သေမျိုးကမ္ဘာသို့ ကျလာသော နတ်သမီးကဲ့သို့ ထိုနေရာတွင် ရပ်နေသည်။
ဟိုတယ်အပြင်သို့ ဝင်ထွက်လာသူများသည် သူမကို ဖြတ်သွားရင်းဖြင့် အရှိန်မထိန်းနိုင်ဘဲ လှည့်ကြည့်ကာ သာယာလှပသည့် ရှုခင်းကို ခံစားချင်ကြသည်။
အဝေးကြီးတွင် ရှိနေသော်လည်း ယဲ့ဖန်သည် မျက်လုံးကောင်းသည်။
ထိုမိန်းကလေးသည် ရှန်းပိုင်ထျန်းဖြစ်ပြီး ရက်ပေါင်းများစွာ မတွေ့ရသည်မှာ ကြာပြီဖြစ်ကြောင်း သူသိသည်။
" ပိုင်ထျန်း၊ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ "
သူ ချက်ချင်း မေးလိုက်သည်။
ရှန်းပိုင်ထျန်းသည် သူ့အသံကို ကြားသောအခါ သူမ၏ မျက်နှာလေးမှာ ဝင်းတက်လာသော်လည်း ယဲ့ဖန်ဘေးမှ ဖုန်းကျင်းရီကို မြင်ပြီးနောက် သူမ၏အပြုံးမှာ အေးခဲသွားပြီး လမ်းလျှောက်လာသည်ကို ရပ်လိုက်သည်။
ဖုန်းကျင်းရီသည် ဉာဏ်ပြေးသူ ဖြစ်သည်။
သူမသည် ချက်ချင်း နားလည်လိုက်သည်။
ထို့ကြောင့် ယဲ့ဖန်ဘက်ကို လှည့်ပြီး ပြုံးပြလိုက်သည်။
" ကျွန်မအခန်းကို အရင်သွားလိုက်ဦးမယ် "
ထို့နောက် သူမသည် ရှန်းပိုင်ထျန်းကို ခေါင်းညိတ်ပြလိုက်ပြီး ဟိုတယ်ထဲသို့ ဝင်သွားသည်။
ယဲ့ဖန်သည် ရှန်းပိုင်ထျန်းဆီသို့ အမြန်လျှောက်လာသည်။
" ပိုင်ထျန်း၊ မင်း ယန်းချန်မြို့ကို မလာခင် ကိုယ့်ကို ဘာလို့ ဖုန်းမခေါ်တာလဲ။ အဲ့တာဆို ကိုယ်လာကြိုမှာပေါ့ "
ရှန်းပိုင်ထျန်း သူ့ကို စိုက်ကြည့်လိုက်သည်။
" ဟွန့်၊ ယဲ့လူကြီးမင်းနားမှာ မိန်းကလေးတွေ အများကြီး ရှိနေမှတော့ ကျွန်မဖုန်းခေါ်ရင်တောင် ကိုင်ဖို့ အချိန်ရှိပါ့မလား "
ယဲ့ဖန် ချက်ချင်း ရယ်လိုက်သည်။
" ကိုယ်တို့က သူငယ်ချင်းကောင်းတွေပါ။ ကိုယ် ဘယ်လောက်ပဲ အလုပ်များနေပါစေ မင်းကိုတော့ လျစ်လျူရှုမှာ မဟုတ်ပါဘူး "
" သူငယ်ချင်းတွေလား "
ထိုစကားကို ရှန်းပိုင်ထျန်း ကြားသည့်အခါ သူမ၏ မျက်လုံးလေးများတွင် ချက်ချင်းပင် ငွေ့ရည်ဖွဲ့လာတော့သည်။
" သူငယ်ချင်းတင်ပဲလား "
ယဲ့ဖန် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
" ပိုင်ထျန်း ....... "
သူ ဘာမှ ဆက်မပြောနိုင်ခင် ရှန်းပိုင်ထျန်းမှ ဖြတ်ပြောလိုက်သည်။
" ယဲ့ဖန်၊ ငါ နင့်ကို ကြိုက်တယ်။ ငါတို့ တွဲကြရအောင်လားဟင် "
" အာ ...... "
ယဲ့ဖန် ကြောင်အနေသည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူပြောခဲ့သည်။
" ပိုင်ထျန်း၊ ကိုယ်ထင်တာ အဲ့တာက အရမ်းကြီး ရုတ်တရက်ဆန်နေတော့ ...... "
ရှန်းပိုင်ထျန်းသည် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ရုတ်တရက် ရယ်လိုက်သည်။
" အရူး "
ထိုသို့ဖြင့် သူမသည် လှည့်ပြီး စူပါမားကတ်တစ်ခုဆီသို့ လျှောက်သွားသည်။
ယဲ့ဖန်သည် အနောက်မှ အနီးကပ်လိုက်လာသည်။
ရှန်းပိုင်ထျန်းသည် စူပါမားကတ်တွင် စည်သွတ်ဘူးနှင့် အဆာပြေမုန့် အများအပြားကို ဝယ်ပြီးနောက် ငွေရှင်းရန် ကောင်တာသို့ လျှောက်သွားခဲ့သည်။
ငွေရှင်းကောင်တာမှ ငွေရှင်းကတ်ကို စကန်ဖတ်ပြီးနောက် ကောင်တာရှေ့ရှိ စင်ပေါ်မှ ဘူးလေးတစ်ခုကို ရုတ်တရက် ယူ၍ လွှဲပေးလိုက်သည်။
ဘူးပေါ်ရှိ အမှတ်တံဆိပ်သည် 'Durex' ဖြစ်ကြောင်း ယဲ့ဖန် သတိပြုမိသည်။
ငွေရှင်းကောင်တာမှ လူသည် ဘူးကိုယူ၍ ဆက်လက်စကန်မဖတ်မီ ရှန်းပိုင်ထျန်းနှင့် ယဲ့ဖန်တို့ကို လှမ်းကြည့်လိုက်သည်။
ရှန်းပိုင်ထျန်း၏ လှပသော မျက်နှာလေးသည် နီမြန်းသွားသည်။
ငွေပေးချေပြီးနောက် အိတ်အကြီးတစ်လုံးကို သယ်သွားကာ အမြန်ထွက်လာခဲ့သည်။
ယဲ့ဖန်၏ စိတ်သည် လွတ်နေသည်။
သူသည် ရုပ်သေးရုပ်ကဲ့သို့ ရှန်းပိုင်ထျန်းနောက်သို့သာ လိုက်နေလေသည်။
သူတို့နှစ်ယောက်သည် ဟိုတယ်ထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြသည်။
ရှန်းပိုင်ထျန်းသည် အခန်းတစ်ခန်းကို ကြိုတင်စာရင်းသွင်းရန် စားပွဲသို့သွားပြီးနောက် အခန်းကတ်ကို ကိုင်ကာ အပေါ်ထပ်သို့ တက်သွားသည်။
ယဲ့ဖန်သည် ဘာတွေဆက်ဖြစ်မည်ဆိုတာကို သဘောပေါက်လိုက်သည်။
သူသည် အတွေ့အကြုံမရှိသော လူငယ်တစ်ယောက် မဟုတ်တော့သော်လည်း သူ့နှလုံးသားသည် ပြင်းထန်စွာ ခုန်နေသေးသည်။
ရှန်းပိုင်ထျန်းအပေါ်မှာ အဲ့ဒီလို ခံစားချက်တွေ ရှိခဲ့တာလား။
သူ မဟုတ်ကြောင်း ပြောခြင်းသည် လိမ်ညာခြင်း ဖြစ်လိမ့်မည်။
သူမ၏ ရုပ်ရည်ဖြစ်စေ၊ ကိုယ်ဟန်ဖြစ်စေ ရှန်းပိုင်ထျန်းသည် ပြိုင်ဆိုင်မှုကင်းသည့် အလှလေးတစ်ယောက် ဖြစ်သည်။
သူသည် သာမန်လူတစ်ယောက် ဖြစ်နေသရွေ့ သူမအတွက် မလျော်ကန်သည့် အတွေးများ မရှိရန်မှာ မဖြစ်နိုင်ပေ။
ယခုအခါ ထိုကဲ့သို့သော မိန်းမလှလေးသည် အခန်းကိုပင် ကြိုတင်စာရင်းသွင်းပြီး ကွန်ဒုံးဝယ်နေပြီ ဖြစ်သောကြောင့် သူမသည် သူနှင့် ဖြစ်ရန် ပြင်ဆင်နေပုံရသည်။
သူ အနည်းငယ် စိတ်ပူသွားသည်။
ဒါ ... ဒါက မကောင်းဘူး မဟုတ်လား။
သူသည် သင့်တင့်လျောက်ပတ်သောလူ ဖြစ်သည်။
သူ၏ စိတ်ကူးစိတ်သန်းများ ပြင်းထန်လာသည်နှင့်အမျှ ရှန်းပိုင်ထျန်း၏ အခန်းထဲသို့ လိုက်သွားခဲ့သည်။
အခန်းက သိပ်မကြီးပေ။
အရောင်မှာ ပန်းရောင်ဖြစ်သည်။
ထိုအခန်းသည် စုံတွဲများအတွက် အဆင်ပြေစေရန်အတွက် ဒီဇိုင်းထုတ်ထားသည်မှာ ထင်ရှားလေသည်။
ဤသို့ အခန်းမျိုးမှာ ရှန်းပိုင်ထျန်း၏ ပထမဆုံးအကြိမ်ဆိုတာ သိသာလှသည်။
သူမ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမမျက်နှာသည် နားရွက်ထိပ်များအထိ နီမြန်းလာပြီး အခန်းတစ်ခုလုံး၏ အရောင်ကို ဖြည့်ပေးနေသည်။
သူမသည် တံခါးဝတွင် အဖြူရောင် ဖိနပ်ကို ချွတ်လိုက်ရာ သေးငယ်ဖြူဖွေးနေသော ခြေဖဝါးတစ်စုံကို ပေါ်လွင်လာစေသည်။
ထို့နောက် သူမသည် ကော်ဇောဖြူပေါ် တက်နင်းပြီး ဝင်သွားသည်။
ယဲ့ဖန်အတွက်မှာတော့ ထူးထူးခြားခြား အံ့သြစရာ မရှိချေ။
သို့သော် အနုပညာလက်ရာတစ်ခုကဲ့သို့ သေးငယ်ပြီး လှပသည့် ခြေတစ်စုံကို သူ မြင်လိုက်သည့်အခါ သူ့နှလုံးခုန်သံမှာ ပြင်းထန်လာပြန်သည်။
သူသည် သူမ၏ခြေတို့ကို သူ့လက်ထဲတွင် ကိုင်ထားပြီး သူတို့နှင့် ခဏတာ ကစားချင်သည်။
ရှန်းပိုင်ထျန်းသည် သူဝယ်ထားသော အချိုရည်များနှင့် အဆာပြေများကို ထုတ်ကာ ကော်ဖီစားပွဲပေါ် တင်လိုက်သည်။
ထို့နောက် ကော်ဇောပေါ်တွင် ထိုင်ကာ သူ့ကို မော့ကြည့်လိုက်သည်။
" နင် ငါနဲ့အတူ သောက်လို့ရလား "
ယဲ့ဖန်သည် ဤနေရာကို ရောက်နေပြီးဖြစ်သည်။
တခြားသူ ဘာပြောနိုင်မှာမလို့လဲ။
သူ ချက်ချင်း ထိုင်လိုက်သည်။
ရှန်းပိုင်ထျန်းသည် ဘီယာဘူးကို ဖွင့်ပြီး သူ့ဆီကို ပေးလိုက်သည်။
ထို့နောက် သူ့ဘာသာသူ ဖွင့်သည်။
" နင် ယန်းချန်မြို့မှာ ကောင်းကောင်းနေတယ်ဆိုတာ ငါ ကြားတယ်။ ဂုဏ်ယူပါတယ်၊ ယဲ့လူကြီးမင်းကြီး "
သူမသည် ယဲ့ဖန်ကို စကားပြောရန် အစပြုကာ ခေါင်းကို မော့လိုက်ပြီး နှစ်ငုံသောက်လိုက်သည်။
" အဟွတ်၊ အဟွတ် "
သူမသည် အရက်အလွန်အကျွံသောက်ခြင်းကြောင့် ပြင်းထန်စွာ ချောင်းဆိုးလာသည်။
ယဲ့ဖန် သူမနောက်ကျောကို ပုတ်ပေးလိုက်သည်။
" မသောက်ရင် မသောက်နဲ့တော့ "
ရှန်းပိုင်ထျန်း သူ့ကို တွန်းထုတ်လိုက်သည်။
" ငါ မသောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ငါ့အရက်ကို ကိုင်ထားလို့ရတယ် "
ယဲ့ဖန်သည် သူမ ခေါင်းမာနေသည်ကို မြင်လိုက်ရပြီး ဘာမှထပ်မပြောတော့ချေ။
သူမနှင့်သာ လိုက်လျောရတော့သည်။
သူတို့နှစ်ယောက် စကားအကြာကြီး ပြောနေကြပြီး အဓိကအားဖြင့် ယဲ့ဖန် ဘက်မှ နားထောင်ကာ စကားပြောနေသူသည် ရှန်းပိုင်ထျန်း ဖြစ်သည်။
ခေါင်းစဉ်များမှာ သူမ ငယ်ငယ်က ဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများ ဖြစ်သည်။
ရှင်းလင်းသော အကြောင်းအရာ မရှိချေ။
ယဲ့ဖန်သည် သူမမှ အကြောင်းပြပြီး ပြောစရာ တစ်ခုခုရှာရန် ကြိုးစားကာ သူမနှလုံးသားထဲမှ ကြောက်ရွံ့မှုများကို ဖြေလျှော့နေသည်ကို မြင်နိုင်သည်။
သူမသည် ဘီယာငါးဗူးသောက်ပြီး သူမ၏ မျက်နှာလှလှလေးမှာ နီရဲနေပြီ ဖြစ်သည်။
သူမမျက်လုံးများမှာလည်း ရီဝေနေသည်။
" ယဲ့ဖန် နင်သိလား "
" အရင်တုန်းက ယောက်ျားလေးတွေ တော်တော်များများက ငါ့ကို လိုက်ကြပေမယ့် ကလေးဆန်လွန်းတာကြောင့် သူတို့ကို မကြိုက်ဘူး "
" သူတို့က ကောင်းတဲ့မိသားစုမှာ မွေးဖွားလာရင်ကျ မကောင်းကြဘူး ....... "
" နောက်ပိုင်းကျ အရမ်းထူးခြားတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့မိသားစုက မချမ်းသာဘူး၊ မကြာခဏ လှောင်ပြောင်ခံရတယ် "
" ဒါပေမယ့် သူ့ကိုယ်သူ အပြစ်မတင်ဘူး။ အဲ့ဒီအစား သူ့ရဲ့ အစွမ်းသတ္တိနဲ့ တန်ဖိုးကို သူ့ကိုယ်ပိုင် ကြိုးစားမှုတွေနဲ့ ဆက်ပြီး သက်သေပြခဲ့တယ် "
" အစကတော့ သူ့ကို ကြိုက်မှန်း မသိလိုက်ဘူး။ တစ်နေ့ကျ သူက တခြားမြို့ကို သွားတော့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ ကြာပြီ။ သူက ဖြည်းဖြည်းချင်း မေ့သွားလိမ့်မယ် ထင်တယ် "
" ဒါပေမယ့် ငါမှားတယ်။ အရမ်းမှားတယ်။ ငါ့နှလုံးသားထဲမှာ သူ့ရဲ့ အရေးပါမှုက အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်မသွားဘူး။ အဲ့ဒီအစား ပိုလေးပြီး ပိုလေးလာခဲ့တာ။ အဲ့တာက ငါ့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ငါ သဘောပေါက်လာခဲ့တယ်..."
သူမ စကားစမြည်ပြောရင်းဖြင့် ရုတ်တရက် ရီဝေနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
" ငါပြောနေတာ ဘယ်သူလဲ သိလား "
ယဲ့ဖန်သည် ခြောက်ကပ်စွာ ချောင်းဆိုးလေသည်။
" မင်း ကိုယ့်အကြောင်း ပြောနေတာလား "
ရှန်းပိုင်ထျန်းသည် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် နမ်းလိုက်သည်။
" အွတ် ...... "
ယဲ့ဖန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူ့ကို လက်ဦးမှု အယူခံလိုက်ရတာလား။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၃၁ )
ငါ ဒီ ဒီဇိုင်းနဲ့ ရင်းနှီးနေတယ်။
ရှန်းပိုင်ထျန်း၏ လှုပ်ရှားမှုများမှာ အလွန်ပြင်းထန်ကာ ကြမ်းတမ်းသည်။
သူမ ရှက်နေသည်မှာ သိသာပါသော်လည်း သူမ၏လုပ်ဆောင်ချက်များမှာ အလွန်ရဲတင်းနေသည်။
ယဲ့ဖန် သူမကို တွန်းထုတ်လိုက်ချင်သော်လည်း သူ၏ ခွန်အားများမှာ စုပ်ယူခံလိုက်ရသလိုပင် လက်ကို မ’မနိုင်တော့ချေ။
ရှန်းပိုင်ထျန်း ခေါင်းထောင်လိုက်ရာ သူမ၏ မျက်နှာလေးမှာ အနည်းငယ်နီမြန်းနေသည်။
ယဲ့ဖန်လည်း ပြီးသွားပြီဟု ထင်ကာ စကားပြောရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် သူမသည် ယဲ့ဖန်ကိုတွန်းလှဲလိုက်ကာ ကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်တော့သည်။
သို့သော် သူမခါးပတ်ကို ဖြုတ်ရာ၌ အနည်းငယ်အခက်တွေ့နေလေသည်။
အချိန်အတော်ကြာ ဟိုစမ်းသည်စမ်း လုပ်နေသည်တောင်မှ သူမ မဖြုတ်နိုင်သေးပေ။
ယဲ့ဖန်မှာ မတတ်သာဘဲ သူမခါးပတ်အား ကူဖြုတ်ပေးရတော့သည်။
ရှန်းပိုင်ထျန်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို နီမြန်းသွားရ၏။
သူမသည် ယဲ့ဖန်၏ဘောင်းဘီကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားသော်လည်း ဘာတစ်ခုမှ ဆက်မလုပ်ရဲ ဖြစ်နေသည်။
ကြည့်ရသည်မှာ စုပ်လဲစူးစားလဲရူး ဖြစ်နေပုံရသည်။
ယဲ့ဖန် ခေါင်းနောက်လက်ထည့်ကာမှီလိုက်ပြီး သူမကိုကြည့်ကာ ပြုံးလိုက်သည်။
“ဘာလို့လဲ။ ဆက်လုပ်လေ”
ရှန်းပိုင်ထျန်း၏ နူးညံ့သောခန္ဓာကိုယ်လေးမှာ အနည်းငယ်တုန်ယင်လာသည်။
“နင် … နင်ဘာလို့မခုခံတာလဲ”
ယဲ့ဖန် နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။
“ဒီလိုအလှလေးက ကိုယ့်ဆီ ရောက်လာတာကို ဘာလို့ ခုခံနေရမှာလဲ”
ရှန်းပိုင်ထျန်း အနည်းငယ် ဒေါသထွက်သွားရသည်။
“နင်တို့ယောကျာ်းတွေက အမြဲ ဒီလို လေးလေးနက်နက် မရှိကြတာလား။ ကိုယ်သဘောမကျတဲ့လူနဲ့တောင် အတူတူအိပ်နိုင်တယ်ပေါ့”
ယဲ့ဖန် ပြုံးလိုက်သည်။
“ကိုယ်မင်းကို သဘောမကျဘူးလို့ ဘယ်သူပြောလဲ။ မင်းလို အလှလေးကို ဘယ်လိုယောကျာ်းမျိုးက သဘောမကျပဲ နေနိုင်မှာလဲ”
ရှန်းပိုင်ထျန်း ကြောင်သွားရသည်။
“ဒါဆို ရှင်ကျွန်မကို ကြိုက်တယ်ပေါ့”
ယဲ့ဖန် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့၊ ကိုယ်က သာမန်ယောကျာ်းတစ်ယောက်ပဲလေ။ ဘယ်လိုလုပ် အဲ့လိုအရာကနေ လွတ်ကင်းနိုင်မှာလဲ”
ရှန်းပိုင်ထျန်း အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။
“ဒါပေမယ့် ရှင့်မှာတခြားမိန်းကလေး ရှိနေပြီးသားလေ။ ဘာလို့ ကျွန်မကို သဘောကျနေရသေးတာလဲ”
ယဲ့ဖန် ယုံကြည်ချက်ရှိစွာပင် ပြန်ပြောလိုက်သည်။
“ကိုယ်မင်းကို ကြိုက်တာနဲ့ တခြားမိန်းကလေးကို ကြိုက်တာနဲ့ကြားမှာ ဘာမှကွဲပြားနေတာမှ မရှိတာ”
ရှန်းပိုင်ထျန်းသည် သူ့လို ငပွေလို လုံးဝလက်ခံနိုင်ပုံ မရချေ။
“နင် … နင်ဘာလို့ဒီလောက်တောင် အရှက်မဲ့ရတာလဲ။ တစ်ချိန်ထဲမှာ မိန်းကလေးတွေအများကြီးကို ကြိုက်နိုင်တယ်ပေါ့လေ”
ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်ပြလိုက်သည်။
“အဲ့တာက မမှန်ဘူးဆိုတာကိုသိပေမယ့် ကိုယ်မှ မတတ်နိုင်တာ။”
ရှန်းပိုင်ထျန်း ယဲ့ဖန်ကိုစိုက်ကြည့်ရင်း သူမ၏ မျက်လုံးလှလှလေးများ၌ ငွေ့ရည်ဖွဲ့သွားရသည်။
“ငရှုပ်ကောင်”
ထိုသို့ ယဲ့ဖန်အားဆူပူပြီးနောက် လှည့်ထွက်လာခဲ့ပြီး ဘေး၌ ထိုင်ကာ ပြန်သောက်နေတော့သည်။
သူမကိုယ်သူမ မူးအောင်ကြံပြီး ယဲ့ဖန်အား ချိတ်ထားရန် ကြိုးစားချင်ခဲ့တာဖြစ်သည်။
သို့သော် အဆုံး၌ သူမတွန့်ဆုတ်နေဆဲ ဖြစ်သည်။
ယဲ့ဖန်လည်း ထထိုင်ကာ သူမအား ပြုံးပြလိုက်သည်။
“မင်း တကယ် ဆက်မလုပ်တော့ဘူးလား။”
“ထွက်သွားစမ်း”
ရှန်းပိုင်ထျန်း ယဲ့ဖန်အားတစ်ချက် စူးစိုက်ကြည့်ကာ သနားစရားကောင်းစွာဖြင့် အရက်ဆက်သောက်နေတော့သည်။
ယဲ့ဖန်လည်း ဘီယာတစ်ဘူးဖောက်ကာ တစ်ငုံသောက်လိုက်သည်။
“မင်းဂျပန်မှာ ကျောင်းသွားတက်တော့မယ်ဆို”
ရှန်းပိုင်ထျန်း၏ မျက်နှာမှာ အေးစက်နေသည်။
“ရှင့်အပူမပါဘူး”
ယဲ့ဖန်ကတော့ စိတ်ထဲမထားပေ။
သူမဘေး၌ ထိုင်ချလိုက်သည်။
“မင်း ဒီဇိုင်းကုမ္ပဏီမှာ အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ရုတ်တရက်ကြီး ဘာလို့ဂျပန်သွားမှာလဲ။”
“ဘာလို့ဆိုတော့ … ”
ရှန်းပိုင်ထျန်း၏ မျက်လုံးများမှာ လှစ်ခနဲ ပြေးသွား၏။
“သူငယ်ချင်းတစ်ယောက်က ဂျပန်မှာရှိတဲ့ ဒီဇိုင်းကျောင်းကောင်းကောင်းတစ်ခု အကြံပေးလာလို့။ ကျွန်မလည်း သိပ်မဆိုးဘူးထင်တာနဲ့ သဘောတူလိုက်တာ”
ယဲ့ဖန်၏အမူအရာမှာအေးခဲသွား၏။
“သူငယ်ချင်းလား”
ရှန်းပိုင်ထျန်း နှာမှုတ်လိုက်သည်။
“ဟုတ်တယ်၊ ယောကျာ်းလေးသူငယ်ချင်း”
ယဲ့ဖန် သူမအားအချိန်ခနလောက် စိုက်ကြည့်နေကာ ချက်ချင်း ပြုံးသွားသည်။
“အော်၊ ကိုယ်သိပြီ။ မင်းရှာထားတဲ့ ရည်းစားအတုပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား။ အဲ့တာကြီးကို ကိုယ်တောင် ရင်းနှီးနေပြီ။”
ရှန်းပိုင်ထျန်း၏ မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာသည်။
သူမ ဖုန်းကိုကောက်ကိုင်ကာ နံပါတ်တစ်ခုဆီ ခေါ်ဆိုလိုက်သည်။
“ရှင် အခုတက်လာလို့ ရပြီ”
တစ်ခဏကြာပြီးနောက် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
ယဲ့ဖန်၏ ရှုပ်ထွေးနေသောအကြည့်အောက်၌ ရှန်းပိုင်ထျန်း မတ်တပ်ထရပ်ကာ တံခါးဖွင့်ပေးလိုက်သည်။
ထို့နောက် တံခါးရှေ့၌ ယောကျာ်းတစ်ယောက်ပေါ်လာသည်။
ထိုသူမှာ အရပ် ၆ပေကျော်ခန့်ရှည်ကာ အလွန်ကြည့်ကောင်းပေသည်။
အထူးသဖြင့် ထိုလူ့ထံမှထွက်ပေါ်နေသည့် အနုပညာဆန်သောအငွေ့အသက်မှာ ယဲ့ဖန်လို ယောကျာ်းတစ်ယောက်ကိုပင်လျှင် အချိန်ခနလောက် ငေးငိုင်သွားစေသည်။
မိန်းကလေးများထက်ပင် ဆွဲဆောင်မှုရှိနေလေသည်။
ရှန်းပိုင်ထျန်း ယဲ့ဖန်အား ကြည့်လိုက်သည်။
“ငါ နင့်ကိုမိတ်ဆက်ပေးမယ်။ သူက ငါ့သူငယ်ချင်း စတိုရှိဆုဇူကီတဲ့။ Capital city Art Academyက အသက်အငယ်ဆုံးပါမောက္ခ။”
“မင်္ဂလာပါ”
စတိုရှိ ယဲ့ဖန်အား ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
သူ၏ တရုတ်လေသံမှာ အလွန်ကျွမ်းကျင်သည်။
အသေအချာ ဂရုစိုက်နားမထောင်လျှင် နိုင်ငံခြားသားမှန်း ဘယ်သူမှသတိထားမိမှာ မဟုတ်ချေ။
“ဆုဇူကီက ကျုံးဟိုင်တက္ကသိုလ်ကို အလဲအလှယ်အနေနဲ့ရောက်လာတာလေ။”
ထိုသို့ပြောပြီးနောက် သူမ ဆုဇူကီကို ခေါင်းညိတ်ပြလိုက်ကာ ထိုသူ့ထံမှ အကြည့်လွှဲလိုက်သည်။
ထို့နောက် ယဲ့ဖန်အား ရှုပ်ထွေးသောအကြည့်တစ်ချက်ပေးပြီးနောက် စတိုရှိဆုဇူကီနှင့်အတူ လှည့်ထွက်သွားတော့သည်။
ယဲ့ဖန်လည်း သူတို့နှစ်ယောက်ထွက်သွားသည်ကို ကြည့်ရင်း တစ်ခုခု မှားနေပြီဟု ခံစားလိုက်မိသည်။
ထိုအတွေးနှင့်အတူ သူ့အခန်းဆီသို့ ပြန်လှည့်လာကာ ဖက်တီးချူးကို ခေါ်လိုက်သည်။
“ဖန်ကျီ ဘာ… ဘာဖြစ်လို့လဲ။”
ဖက်တီးချူးတစ်ယောက် ဘာအလုပ်များနေလဲတော့ မသိပေ။
အသံက ဟောဟဲလိုက်နေသည်။
“မင်းဘာလုပ်နေတာလဲ”
ယဲ့ဖန်သိလိုစိတ်ကြောင့် မေးလိုက်သည်။
“ဘာ… ဘာမှမလုပ်ပါဘူး။”
ဖက်တီးချူး ချက်ချင်းပြန်ငြင်းလာ၏။
သို့သော် ချက်ချင်းဆိုသလို မိန်းကလေးတစ်ဦး၏ သာယာသောအသံ ထွက်ပေါ်လာသည်။
ထိုအသံမှာ ဝမ်ယွီထုန်၏ အသံ ဖြစ်မည်။
ယဲ့ဖန် ခြောက်ကပ်စွာ ချောင်းဟန့် လိုက်မိသည်။
“ဒါက… မင်းကိစ္စကို အရင်ပြီးအောင် လုပ်လိုက်ပါ။ ပြီးမှပြောတာပေါ့။”
ထိုသို့ပြောကာ သူဖုန်းချလိုက်သည်။
ငါးမိနစ်ကြာပြီးနောက် ဖက်တီးချူး ဖုန်းပြန်ခေါ်လာ၏။
“အဲ့လောက်တောင် မြန်တယ်လား။ မင်း သေချာရော အာဟာရဖြည့်လိုက်ရဲ့လား။”
ယဲ့ဖန် ဖုန်းကိုင်လိုက်ပြီးပြီးချင်း စနောက်လိုက်မိသည်။
“ဟီးဟီးဟီး ပထမဆုံးမလို့ပါကွာ၊ ပုံမှန်ပါပဲ”
ဖက်တီးချူး ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“အာ၊ ဟုတ်သား၊ ငါမင်းကိုမေးစရာရှိတယ်”
ယဲ့ဖန် သူ့ရယ်သံကို ထိန်းချုပ်ကာ အတည်ပေါက်မေးလိုက်သည်။
“မင်း စတိုရှိ ဆုဇူကီ လို့ခေါ်တဲ့လူကို သိလား။”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၃၂ )
ရေတွင်းထဲကဖားဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာ နောက်ဆုံးတော့သိပြီ
“ဟိုဂျပန်ကောင်ကိုပြောတာလား။ ဒါဆို မင်းလည်း သိနေတာလား”
ဖက်တီးချူး၏ အသံမှာ အနည်းငယ် ထူးဆန်းနေသည်။
“ငါသိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ မင်း တိတိကျကျ ပြောစမ်းပါ”
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
ဖက်တီးချူးလည်း သူ့အသံထဲက ထူးဆန်းနေမှုကိုသတိပြုလိုက်မိသည်။
“အဲ့ဂျပန်ကောင်က ကြည့်ရတာ ကျောင်းကို အလဲအလှယ်အနေနဲ့ ရောက်လာတဲ့ပုံပဲ။ ရှန်းပိုင်ထျန်းက သူတို့ကို ကြိုဆိုပေးရတာလေ။ အဲ့နောက်ပိုင်းတော့ ငါလည်းသေချာမသိဘူး…”
“ဒါပေမယ့်အမှန်တိုင်းပြောရရင် ငါတော့ နည်းနည်းထူးဆန်းနေတယ်လို့ထင်တယ်”
“ငါတို့အားလုံးလည်း ကျောင်းပန်းလေးရှန်းရဲ့ အကျင့်စရိုက်ကိုသိကြတာပဲလေ။”
ယဲ့ဖန် ခေါင်းညိတ်လိုက်မိသည်။
သူသည်လည်း ရှန်းပိုင်ထျန်း၏အကျင့်စရိုက်ကို သတိပြုမိသည်။
သူမ၏ ရုတ်တရက်ဆန်သော ဂျပန်ခရီးနှင့် စတိုရှိ၏ သူငယ်ချင်းဆက်ဆံရေးမှာ တကယ်ကို ထူးဆန်းနေသည်။
ဖုန်းချပြီးနောက် ယဲ့ဖန် ကျောင်းဖိုရမ်ထဲ ဝင်ကြည့်လိုက်သည်။
သို့သော် ဖိုရမ်ထဲ၌ မည်သည့်အသုံးဝင်သည့်အချက်အလက်ကိုမှ ရှာလို့မတွေ့ချေ။
ပေါက်ကရတင်ထားသည့် ခွေးတစ်အုပ်သာရှိသည်။
သူတို့သည် ရှန်းပိုင်ထျန်းနှင့် စတိုရှိဆုဇူကီတို့အား ထေ့ငေါ့ထားကြတော့သည်။
[ ရှန်းပိုင်ထျန်းက ယဲ့ဖန်ရဲ့ကောင်မလေး မဟုတ်ဘူးလား။ ဘာလို့ ဒီတစ်လော အဲ့ဂျပန်ကောင်နဲ့ အဲ့လောက် ကပ်နေရတာလဲ ]
[ ယဲ့ဖန်ရဲ့သတင်း မကြားတာတောင်ကြာပြီ။ အဲ့ကလေး အခုထဲက ပိုက်ဆံတွေကုန်သွားပြီလား ]
[ ဟူး၊ သူတို့လိုသူဌေးပေါက်စလေးတွေက အချိန်အကြာကြီးမမောက်မာနိုင်ပါဘူးကွာ။ ငါတော့ အဲ့တစ်ယောက် ကျောင်းပြန်လာစရာ မျက်နှာမရှိတော့ဘူးလို့ ထင်တယ် ]
[ သူ ကြာကြာမထောင်လွှားနိုင်ပါဘူးလို့ ငါပြောသားပဲ… ဟားဟား ]
ပိုစ့်အတော်များများမှာ ယဲ့ဖန်ကို စောင်းပြောထားကြတာ ဖြစ်သည်။
သူ မပေါ်လာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သောကြောင့် မွဲသွားပြီး ဘယ်သူ့ကိုမှ မျက်နှာမပြရဲတော့ဘူးဟု ထင်နေကြသည်။
ထိုအပြင် ထိုအမြင်ကိုဆုပ်ကိုင်ထားသူမှာ တစ်ယောက်နှစ်ယောက်မကပေ။
အတော်များများပင်ဖြစ်သည်။
ထိုအချိန်မှာပဲ ဖိုရမ်ပေါ်၌ ရုတ်တရက်ဆိုသလို ပိုစ့်အသစ်တစ်ခု ထွက်ပေါ်လာသည်။
ခေါင်းစဉ်မှာတော့ ‘ဒီညကတော့ ဖန်ကောရဲ့ အကျွေးအမွေးလေးပေါ့၊ တကယ်အံ့ဩစရာပဲ’
ယဲ့ဖန် ထိုပိုစ့်ကိုနှိပ်လိုက်ရာ ပိုစ့်တင်သည့်အကောင့်မှာ ‘Western Chu Overload’ ဆိုသည့်အကောင့်ဖြစ်သည်။
ထိုသည်မှာ ဖက်တီးချူး၏အကောင့် ဖြစ်သည်။
ပိုစ့်၏ အစ၌ Holy Clan Clubhouse၏ ကောင်းကင်အဆင့် VIP ခန်း၏ပုံ ဖြစ်ပြီး ထိုပုံအောက်တွင်တော့ ဤသို့ခေါင်းစဉ် တပ်ထားသည်။
[ ယန်းချန်မြို့က Holy Clan Clubhouse ရဲ့ ကောင်းကင်အဆင့် VIP ခန်း။ အခန်းခတွေက ယွမ်ငါးသောင်းကစတယ် ပြောတယ်။ တန်းစီနေတဲ့လူတန်းကြီးတောင် ရှိသေးတယ် ]
ထိုပုံ၏အောက်တွင်တော့ ဝိုင်နီတစ်ပုလင်း၏ ပုံဖြစ်သည်။
[ ယွမ်နှစ်သိန်းတန် Romanee-conti ]
ထိုအောက်တွင် ဖုန်းကျင်းရီ၊ ကျောက်ချန်းနှင့်အတူ ယဲ့ဖန်သောက်နေသည့်ပုံများ ဖြစ်သည်။
ထိုဓာတ်ပုံတွင်တော့ ယဲ့ဖန်မှလွဲ၍ အခြားမိန်းကလေးနှစ်ဦး၏ မျက်နှာကို ဝါးထားလေသည်။
သို့သော် သူတို့၏ အဝတ်အစားများနှင့်ပုံပန်းသွင်ပြင်ကို ကြည့်လျှင် ထိပ်တန်းအလှလေးများဖြစ်သည်ကို သိနိုင်သည်။
ထိုအောက်တွင်တော့ စကားလုံးအနည်းငယ် ရေးသားထားသည်။
[ ဖန်ကောရဲ့ ဘယ်ဘက်မှာထိုင်နေတာက သူ့ရဲ့ကောင်မလေးအသစ်လေ။ ညာဘက်က တစ်ယောက်ကတော့ Holy Clan Clubhouseရဲ့ သူဌေး။ အပေါ်ပုံထဲကဝိုင်ပုလင်းကလည်း သူ ယဲ့ဖန်ကို ပေးထားတာ ]
အဆုံးတွင် အကျဉ်းချုံးရေးထားသည့် စာတစ်ပိုဒ်ပင် ပါသေးသည်။
[ ဘာမှတော့ထပ်မတင်တော့ပါဘူး။ တစ်ချို့တွေမျက်စိကန်းနေကြမှာစိုးလို့။ ဖန်ကောရဲ့ လက်ရှိဂုဏ်ရည်က ဦးနှောက်မပါတဲ့ကောင်တွေ နားလည်နိုင်တဲ့ အရာမဟုတ်ဘူး။ ရေတွင်းအောက်ထဲက ဖားတွေလိုပေါ့ကွာ]
ထိုပထမပိုစ့်၏ အောက်၌ ဝမ်ယွီထုန် ၏ ပြန်စာတစ်ခုရှိနေသည်။
[ ဒီလိုတွေ့ဆုံမှုမျိုးမှာ ပါခွင့်ရတာ ငါတော့ အရမ်းဝမ်းသာတယ်။ ဖက်တီးရဲ့ စာရေးတဲ့စကေးက တော်တော်ဆိုးတာပဲ။ ဒီနေ့ညရဲ့ သိန်းချီတဲ့ အံ့ဩစရာတွေကိုတောင် ထည့်မပြောထားဘူး ]
ဒုတိယစာမှာတော့ ကောင်းရှုဖေး၏ ပြန်စာပင်ဖြစ်သည်။
[ ငါလည်းပဲ ဒီည ညစာအတွက် တကယ်ကို ကံကောင်းတယ်လို့ ခံစားရတယ်။ အစကတော့ ငါ့ကိုယ်ငါ တော်တော်လေး အသိဉာဏ်ကြွယ်နေပြီထင်တာ။ ဒါပေမယ့် ဒီည ဖန်ကောနဲ့တွေ့မှ တကယ်ချမ်းသာတဲ့လူတွေရဲ့ဘဝက ဘယ်လိုမျိုးလဲဆိုတာကို သိတော့တယ် ]
[ ဖန်ကောရဲ့အောင်မြင်မှုတွေက တော်ရုံလူ စိတ်ကူးရဲမှာတောင်မဟုတ်ဘူး။ ငါလည်း ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာကြောင့်သာ မဟုတ်ရင် ယုံမှာမဟုတ်ဘူး ]
[ ဖန်ကောကို ရန်စရဲတဲ့သူရှိတယ်လား။ နောက်ဆုံးတော့ ရေတွင်းအောက်ကဖားဆိုတာ ဘယ်လိုလူကို ဆိုလိုတာလဲဆိုတာကို နားလည်သွားပြီ ဟားဟား… ]
ထိုလူနည်းစုမှာ ယနေ့ည ယဲ့ဖန်နှင့်အတူ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီကို လိုက်ခဲ့ကြသူများ ဖြစ်သည်။
သူတို့အားလုံး ယဲ့ဖန်မှ လူတိုင်းကို မည်သို့ အနိုင်ပိုင်းခဲ့သည်ကိုမြင်ပြီး ယဲ့ဖန်၏ ပရိသတ်တွေ ဖြစ်ကုန်ကြတာပင် ဖြစ်သည်။
သို့သော် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၌ ကုန်သွယ်ရေးလျှို့ဝှက်ချက်များ ပါသည်ဖြစ်ရာ ပေါက်ကြားသွားလို့မဖြစ်ပေ။
ထိုသို့ဆိုသော်လည်း သူတို့အနေနှင့် မျက်နှာလို မျက်နှာရလည်းလုပ်ချင်သေးသည်။
ပိုစ့်မှာတင်လိုက်သည်နှင့် ဖိုရမ်ထဲ၌ ပွက်လောရိုက်သွားတော့သည်။
နာမည်ကြီးမှုမှာ ထိပ်ဆုံးသို့ရောက်ရှိသွားပြီး ရှန်းပိုင်ထျန်း၏ အတင်းအဖျင်းပိုစ့်ကို ရိုက်ချလိုက်တော့သည်။
[ လခွမ်း၊ ယဲ့ဖန်ကအခုအဲ့လောက်တောင် အံ့ဩဖို့ကောင်းနေပြီလား။ တစ်ပုလင်းကို ယွမ်နှစ်သိန်းတန်တဲ့ဝိုင်တောင် သောက်နိုင်နေပြီပေါ့ ]
[ သေချာကြည့်၊ အဲ့ဝိုင်နီက ဟိုသူဌေးမ လက်ဆောင်ပေးထားတာကွ ]
[ ဘုရားရေ၊ ဘယ်လိုဝိုင်နီမလို့ ယွမ်နှစ်သိန်းတောင်တန်ရတာလဲ။ ဒါကြီးက နည်းနည်းချဲ့ကားလွန်းရာကျမနေဘူးလား။ ငါဘာလို့မယုံချင်ရတာပါလိမ့် ]
[ အပေါ်ထပ်က ငနုံရေ၊ ဒီ Romanee-conti တစ်ပုလင်းကို အနည်းဆုံးယွမ်နှစ်သိန်း လောက်ရှိတယ်ဆိုတာ သေချာပါတယ်။ မင်းရဲ့ဆင်းရဲမှုကသာ မင်းကိုကန့်သတ်ထားတာပါ ]
[ အဲ့သူဌေးမက သူ့ကိုဘာလို့ ယွမ်နှစ်သိန်းတန်ဝိုင်ကြီး ပေးရတာလဲ။ ယဲ့ဖန်က ဘယ်လောက်တောင် အံ့ဩဖို့ကောင်းနေလို့လဲ ]
[ ဒီသူဌေးမက တော်တော်လေးတော့ တင့်တယ်တယ်ကွ။ ပြီးတော့ ခန္ဓာကိုယ်ကလည်း ယဲ့ဖန်နဲ့ထိနေသေးတယ်။ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိလိမ့်မယ်ဆိုတာ သေချာတယ် ]
[ သူဌေးမဘေးကအလှလေးကလည်း တော်တော်လေးကြည့်ကောင်းတယ်နော်။ သူလည်း တကယ့်အလှလေးပဲ ဖြစ်ရမယ်။ သူတို့သုံးယောက်သား တစ်ခုခု… မင်းတို့သိပါတယ်၊ ဟီးဟီး]