အခန်း (၁၁၃၃-၁၁၃၆)
Vol. 57 Ch. 1133-1136
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၃၃ )
မင်းက ငါ့အစ်မကို အနိုင်ကျင့်တဲ့သူလား
ယဲ့ဖန်အကြောင်း သတင်းမကြားရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ရာ ကျုံးဟိုင်တက္ကသိုလ်ရှိလူအများစုမှာ သူဒေဝါလီခံလိုက်ရတာကြောင့် အလွန်ရှက်ပြီး ပြန်သွားတာလားဆိုပြီး မေးခွန်းထုတ်လာကြသည်။
သို့သော်ငြား ဖက်တီးချူး၏ ပိုစ့်ပေါ်ထွက်လာချိန်၌ ကျောက်တုံးတစ်တုံးကြောင့် လှိုင်းတွန့် ထောင်ချီထွက်ပေါ်လာရသလို ဖြစ်သွားလေသည်။
ထိုသံသယများဟာလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့၏။
တစ်ချိန်ထဲမှာပဲ လူအများစုဟာ ယဲ့ဖန်ဘယ်လောက် ကြောက်ဖို့ကောင်းသည်ဆိုတာကိုပါ ရှာတွေ့သွားကြသည်။
သူက သူ့သူငယ်ချင်းတွေကို ထိပ်တန်း သီးသန့်ခန်းမှာညစာကျွေးရုံတင်မကပဲ ယွမ်နှစ်သိန်းတန်ဝိုင်ကိုလည်း တိုက်ခဲ့သေးကာ သူ့ကိုအဖော်ပြုပြီး သောက်ပေးဖို့အလှလေးနှစ်ယောက်ကိုလည်း ခေါ်ထားသေးသည်။
ထိုလက္ခဏာတွေကပင် ယဲ့ဖန်သည် လဲကျမသွားသည့်အပြင် အရင်ကထက် ပိုလို့ပင် အခြေအနေကောင်းလာသည်ကို ဖော်ပြနေတာ ဖြစ်သည်။
ယဲ့ဖန်ကံဆိုးမိုးမှောင်ကျတာကို ပျော်ရွှင်နေကြသော ယောကျာ်းလေးအများစုမှာ အလွန်ထိတ်လန့်သွားကြကာ သွေးအန်လုနီးပါးဖြစ်သွားကြသည်။
မိန်းကလေးအများစုဟာတော့ ယဲ့ဖန်ကို ထပ်မံ၍စွဲလမ်းကုန်ကြပြန်သည်။
ယဲ့ဖန်နှင့်ပက်သက်သည့်ပိုစ့်အဟောင်းများ ဖိုရမ်ပေါ်ပြန်တက်လာကာ ထိုအောက်တွင်တော့ ပေါက်ကရတစ်သိန်းလောက်ရှိနေလေသည်။
ယဲ့ဖန်လည်း ခနလောက်လျှောက်ကြည့်နေပြီးနောက် ပိတ်လိုက်သည်။ သစ္စာဖောက်ခံရတာကြောင့် သူအခုထိ ဒေါသထွက်နေဆဲပင်။ ထိုပျင်းစရာကောင်းသည့်ခေါင်းစဉ်တွေကို သူအဖတ်လုပ်လိုသည့် စိတ်အခြေအနေရှိမနေပေ။
ထို့နောက် ရှန်းပိုင်ထျန်းကို ပြန်ခေါ်လိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် အကြိမ်အနည်းငယ်ခေါ်ဆိုပြီးနောက် တစ်ဖက်လူမှာ ဖုန်းချသွားတော့သည်။
ထို့ကြောင့် သူ ထပ်ခေါ်လိုက်သည်။
တစ်ဖက်လူက ထပ်ချသွားပြန်၏။
သူ ဖုန်းမကိုင်မချင်း လေးငါးခါလောက် ထပ်ခေါ်နေလိုက်သည်။
“ယဲ့ဖန်၊ ထပ်ခေါ်မနေနဲ့တော့”
ရှန်းပိုင်ထျန်း၏ စကားလုံးများမှာ အကြင်နာမဲ့လေသည်။
“ကျွန်မ ဒီညဂျပန်သွားတော့မှာ၊ တာ့တာ”
ထိုသို့ပြောကာ သူမဖုန်းချလိုက်သည်။
ယဲ့ဖန် နောက်တစ်ကြိမ်ထပ်ခေါ်တော့ တစ်ဖက်လူမှာစက်ပါပိတ်သွားလေသည်။
……………………………
ယန်းချန်မြို့လေဆိပ်။
ရှန်းပိုင်ထျန်း စောင့်ဆိုင်းခန်း၌ထိုင်နေရင်း အပြင်ကိုသာဆက်တိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် စတိုရှိဆုဇူကီ သူမနား လျှောက်လာကာ သူမအား ရေတစ်ဘူး ကမ်းပေးလာသည်။
“ကျေးဇူး”
ရှန်းပိုင်ထျန်းရေဘူးကိုယူလိုက်ကာ ဘေးသို့ရွှေ့လိုက်ပြီး သူနှင့် အကွာအဝေးတစ်ခုခြားလိုက်သည်။
ဆုဇူကီမှာ သူမ၏သေးငယ်သောပြုမူပုံလေးကိုမြင်တော့ ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။
“သူမင်းနောက်လိုက်လာမယ်ထင်လား။”
ရှန်းပိုင်ထျန်း ခေါင်းယမ်းပြလိုက်သည်။
“ကျွန်မ မသိဘူး”
စတိုရှိဆုဇူကီလည်း ရေဘူးအဖုံးဖွင့်ကာ ရေတစ်ငုံသောက်လိုက်သည်။
“မင်းတို့တရုတ်မိန်းကလေးတွေက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ မင်း သူ့ကိုကြိုက်နေတာ ဒီလောက်သိသာနေတာကို ထုတ်မပြောဘူး။ ဘာလို့ အဲ့လောက်ကွေ့ပတ်နေရတာလဲ။”
ရှန်းပိုင်ထျန်း သူ့အား လှည့်ကြည့်လိုက်သည်။
“ရှင်နားမလည်ပါဘူး။”
စတိုရှိဆုဇူကီ ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
“ကိုယ်တကယ်နားမလည်ဘူး။ ဒီအတောအတွင်း ကိုယ့်ကိုမင်းကိုကူပြီး ဟန်ဆောင်ခိုင်းတယ်၊ ကိုယ်လည်း အကောင်းဆုံးကြိုးစားပေးခဲ့တယ်။ ဒါပေမယ့် သူ မင်းနောက် လိုက်မလာရင် မင်း ဘာလုပ်မှာလဲ”
ရှန်းပိုင်ထျန်းခေါင်းငုံ့သွားကာ သူမအကြည့်များလည်း အနည်းငယ်ဝေဝါးသွားရသည်။
တစ်ခဏကြာပြီးနောက် သူမအကြည့်များ ပြန်လည်ကြည်လင်လာ၏။
“သူ မလာရင် သူ့ကိုမေ့လိုက်ပြီး ဘဝအသစ် စတော့မယ်”
စတိုရှိဆုဇူကီ ပျော်သွားရသည်။
“ဒါဆို ကိုယ့်မှာလည်းအခွင့်အရေးရှိတယ်လို့ ဆိုလိုတာလား။”
ရှန်းပိုင်ထျန်း သူ့အားကြည့်လိုက်သည်။
“ဟင့်အင်း၊ ရှင်က ကျွန်မအကြိုက်မဟုတ်ဘူး”
စတိုရှိဆုဇူကီ ခေါင်းညိတ်ပြလိုက်သည်။
“မင်းသူ့လိုပုံစံမျိုးကိုကြိုက်တယ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ်သူ့ဆီကနေ သင်ယူပြီး အလုပ်ကြိုးစားမယ်လေ။ ပြီးရင် မင်းဆီကနေ အသိအမှတ်ပြုမှုကိုရဖို့ အမြန်ဆုံးကြိုးစားမယ်”
ရှန်းပိုင်ထျန်းပြုံးရုံသာပြုံးကာ ဘာမှဆက်မပြောပေ။
ထိုအစား ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်သည်။
ယဲ့ဖန်၊ နင် ငါ့အနောက်ကိုလိုက်လာမှာလား။
ကျွန်မက လိုက်ရလွယ်ပါတယ်။
ရှင်သာလာခဲ့ရင် ကျွန်မရှင့်နောက်ကို တန်းလိုက်လာမှာ။
ရှင့်မှာ မိန်းကလေးဘယ်နှစ်ယောက်ရှိလဲဆိုတာကို ဂရုမစိုက်ဘူး။
ရှင့်နှလုံးသားထဲမှာ ကျွန်မအတွက် နေရာတစ်ခုရှိရင်ရပြီ။
………………………
Alfa MPV ကားလေးဟာ လမ်းမပေါ်၌ အရှိန်ပြင်းပြင်းမောင်းနှင်နေကာ မီးပွိုင့်များအားလုံးကို ဖြတ်ကျော်သွားသည်။
ယဲ့ဖန်အချိန်ကိုကြည့်လိုက်ရာ ဆယ်နာရီခွဲသာရှိသေး၍ လေယာဉ်ထွက်ရန် ဆယ့်ငါးမိနစ်လိုသေးသည်။
သူ၏ လက်ရှိအမြန်နှုန်းနှင့်သာဆို လေယာဉ်မထွက်ခင် ရောက်နိုင်ချေ အတော်မြင့်သည်။
သို့သော် ကိစ္စကောင်းများဟာ အမြဲဆိုသလို အချိန်ကြာတတ်သည်။
ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို လမ်းဆုံ၌ သူ့ရှေ့တွင်ကားနှစ်စီးပေါ်လာကာ သူ့ကားကို ပိတ်သွားတော့သည်။
ယဲ့ဖန် အမြန်ဘရိတ်အုပ်လိုက်ရသည်။
Alfa MPVမှာ အလွန်မြန်နေသောကြောင့် ချက်ချင်းပင် မျှခြေကို ဆုံးရှုံးလိုက်ရပြီး ကား၏ကိုယ်ထည်မှာ အတော်လေးယိမ်းယိုင်သွားရသည်။
ကံကောင်းစွာနှင့် သူ၏ကားမောင်းစကေးမှာ ထိပ်တန်းအဆင့်တွင်ရှိတာကြောင့် တည်ငြိမ်စွာဦးတည်ချက်ပြောင်းလိုက်ကာ ပြောင်မြောက်သောလုပ်ဆောင်ချက် အနည်းငယ်ဖြင့် နောက်ဆုံး၌ ကားကိုလုံခြုံစွာ ရပ်လိုက်နိုင်သည်။
ထိုအချိန်၌ Alfa ကားမှာ Maserati နှင့် တိုက်မိရန် လက်တစ်လုံးစာသာကွာတော့သည်။
“ မင်းရူးနေလား “
ထိုကဲ့သို့ မျက်ကန်းကောင်နှင့်ကြုံတွေ့လိုက်ရာ သူအလွန်ဒေါသထွက်သွားပြီး ချက်ချင်းဆိုသလို ခေါင်းထုတ်ကာ ဆဲတော့သည်။
ထို့နောက် Maserati ၏ကားပြတင်းပေါက် ပွင့်လာကာ ကားထဲမှ ဆံပင်အလယ်ခွဲနှင့် လူတစ်ယောက် ဦးစွာထွက်လာသည်။
ယဲ့ဖန်ထိုလူကိုမြင်တော့ ကြောင်သွားရသည်။
သူက ကျောက်ချန်း ရဲ့မောင် ကျောက်ရှောင်ထျန်းမလား။
ကျောက်ရှောင်ထျန်း၏နောက်မှ Range Rover ကားတံခါးလည်းပွင့်လာကာ ယောကျာ်းသား ငါးယောက်ခြောက်ယောက်လောက် ထပ်ထွက်လာသည်။
“ကားပေါ်ကဆင်းခဲ့”
ကျောက်ရှောင်ထျန်းAlfa ကား၏ရှေ့ဖုံးကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ဖြစ်နေသည့် မျက်နှာထားဖြင့်ပုတ်လိုက်သည်။
“ငါအခုအရေးကြီးကိစ္စရှိနေလို့ မင်းနဲ့ အဓိပ္ပာယ်မရှိတာတွေပြောဖို့ အချိန်မရှိဘူး။ ဘေးဖယ်”
ယဲ့ဖန်မှာ လေဆိပ်ကိုသွားရန် အလျင်လိုနေသည်ဖြစ်ရာ သူထိုကောင်နှင့် စကားမများချင်ပေ။
ကျောက်ရှောင်ထျန်းယဲ့ဖန်၏ကားထံလျှောက်လာကာ ကားတံခါးကိုဆွဲဖွင့်လိုက်သည်။
“ငါမင်းကိုဒီစောက်ကားထဲက ထွက်လာလို့ပြောနေတယ်လေ။ လူစကားနားမလည်ဘူးလား။”
ယဲ့ဖန်လည်းဒေါသကိုထိန်းချုပ်ကာ ကားပေါ်ကဆင်းလိုက်သည်။
“ပြော၊ ဘာကိစ္စလဲ။”
ကျောက်ရှောင်ထျန်းခေါင်းယိမ်းသွားကာ ယဲ့ဖန်အား သာမန်ကာလျှံကာကြည့်လာသည်။
“မင်းလား၊ ငါ့အစ်မကိုအနိုင်ကျင့်တာ”
ယဲ့ဖန် ချက်ချင်းလှောင်ရယ်လိုက်မိသည်။
“ငါကသူ့ကိုဘယ်လိုအနိုင်ကျင့်နေလို့လဲ”
ကျောက်ရှောင်ထျန်းAlfa ကားရှေ့ဖုံးကို ရိုက်ချလိုက်သည်။
“မင်းကမလုပ်ခဲ့ပါဘူးလို့ ပြောရဲသေးတယ်ပေါ့လေ။ ဒီကားက ငါ့အစ်မကားမလား။ ဘာလို့မင်းလက်ထဲ ရောက်နေရတာလဲ”
“သူငါ့ကိုပြန်လျော်ပေးထားတာ”
ယဲ့ဖန်အချိန်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။
“ချီးပဲ၊ မင်းကမှအဲ့ကားကိုလုလာတာ မဟုတ်ဘူးလား။ မင်းသူ့ကို ယွမ်ရှစ်သန်းတောင် ပြန်လျော်ခိုင်းထားသေးတယ်ဆို။ အဲ့ပိုက်ဆံတွေဘယ်မှာလဲ။ ငါ့ကိုပြန်ပေး”
ကျောက်ရှောင်ထျန်းယဲ့ဖန်၏နှာခေါင်းအား လက်ညှိုးထိုးရင်းပြောလိုက်သည်။
“ငါအခုမင်းနဲ့စကားပြောဖို့အချိန်မရှိသေးဘူး။ မင်းပိုက်ဆံလိုချင်ရင် မင်းအစ်မကို လူကိုယ်တိုင်ပြန်လာတောင်းခိုင်းလိုက်”
ယဲ့ဖန်သူနှင့်အဓိပ္ပာယ်မရှိတာတွေ ထပ်မပြောချင်တော့ပေ။ သူလှည့်ထွက်ကာ ကားထဲဝင်ရန်ပြင်လိုက်သည်။
ထိုသည်ကိုမြင်တော့ ကျောက်ရှောင်ထျန်းသူ့လက်မောင်းကိုလှမ်းဆွဲလိုက်သည်။
“မင်းကပိုက်ဆံပြန်မပေးပဲ သွားမလို့ကြံနေတာပဲ…”
ယဲ့ဖန် လက်ကိုလွှဲယမ်းလိုက်ရာ ကျောက်ရှောင်ထျန်းနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ ထိုအခါ သူမျက်နှာပျက်သွားကာ ချက်ချင်းဆိုသလို ရှေ့တက်လာသည်။
“ ငါမင်းကို သေအောင်ရိုတ်သတ်ပစ်မယ်”
ထို့နောက်တွင်တော့ ကျောက်ရှောင်ထျန်းနောက်ရှိ ဗလတောင့်တောင့်လူနည်းစုမှာ တစ်ခွန်းမှ မပြောပဲ ယဲ့ဖန်ထံချက်ချင်းဦးတည်လာသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၃၄ )
မင်းဘာလို့ ငါ့ကိုတွန်းအားပေးနေရတာလဲ?
“ချီးပဲ၊ သွားသေလိုက်”
ပထမဆုံးရှေ့တက်လာသူမှာ ယဲ့ဖန်၏ ခါးကို ကန်ကာ ယဲ့ဖန်အားကားနားထိ ကန်ထုတ်လိုက်ချင်တာဖြစ်သည်။
ယဲ့ဖန်၏ခန္ဓာကိုယ်မှာ ဘေးသို့အနည်းငယ် ရွေ့သွားကာ ထိုလူ၏ကန်ချက်အား ရှောင်လိုက်သည်။ ထို့နောက် ညာလက်ဖြင့် တစ်ဖက်လူ၏ခြေထောက်အား လှမ်းဆွဲလိုက်သည်။
“အား”
ထိုဗလတောင့်တောင့်နှင်လူမှာ ခြေထောက်မှတစ်ဆင့်အဆွဲခံလိုက်ရကာ ချက်ချင်းဆိုသလို ငိုသံပါကြီးနှင့် အော်လာလေသည်။
တစ်ချိန်ထဲမှာပဲ ကျန်လေးယောက်ထံမှ လက်သီးချက်များနှင့်ကန်ချက်များ ထွက်ပေါ်လာသည်။
ယဲ့ဖန်ကတော့ ထိုလူတွေနှင့်အငြင်းမပွားချင်တာကြောင့် ပိုင်ကျိချန်းတောင်သိုင်းကိုသုံးကာ ထိုလေးယောက်အား ပျံထွက်သွားအောင် လုပ်လိုက်သည်။
အမှန်တော့ သူအင်အားခပ်များများ မသုံးလိုက်ပေ။ ထိုလူတွေအား သူဘယ်လောက်အင်အားကြီးသည်ကိုသိပြီး နောက်ဆုတ်သွားစေရန် ရည်ရွယ်တာဖြစ်သည်။
ကျောက်ရှောင်ထျန်း မှင်သက်သွားရသည်။
ဒီလေးယောက်က ကိုယ်ခံပညာမှာ တစ်ဖက်ကမ်းခပ်ထူးချွန်နေတာမဟုတ်ပေမယ့် မြေအောက်လောကမှလူများ ဖြစ်ကြသည်။ တိုက်ခိုက်ခြင်းမှာ သူတို့အတွက် ဖြစ်နေကျအရာတစ်ခုဖြစ်သည်။
အစကတော့ ထိုငါးယောက်လောက်နှင့်ဆို ယဲ့ဖန်ကိုရင်ဆိုင်ဖို့လုံလောက်ပြီဟု ထင်ခဲ့တာဖြစ်သည်။
သို့သော် ဒီလူတွေအဲ့လောက်အားနည်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကွက်နည်းနည်းလောက် တိုက်ပြီးသည်နှင့်လွင့်ထွက်သွားသည်။ ဖြစ်ရပ်တစ်ခုလုံးမှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်လိုက်သည်။
“မင်း၊ မင်း…”
ကျောက်ရှောင်ထျန်း မှာ အလွန်ထိတ်လန့်သွားတာကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားကာ ယဲ့ဖန်အား သရဲမြင်လိုက်ရသလို ကြည့်လာသည်။
“မင်းမသေချင်သေးရင် ငါနဲ့ဝေးဝေးနေ”
ယဲ့ဖန် သူ့အားအေးစက်စွာစိုက်ကြည့်ကာ ထိုသို့ပြောပြီးလှည့်ထွက်ခဲ့လိုက်သည်။
ယဲ့ဖန်၏မထီမဲ့မြင်အကြည့်မှာ ကျောက်ရှောင်ထျန်း အား ရန်စသလိုဖြစ်သွားသည် ထင်၏။ သူတစ်ဖက်သို့လှည့်ကာ အော်တော့သည်။
“ဆက်တိုက်ကြ အဲ့ကောင်ကို မသန်စွမ်းဖြစ်သွားအောင်လုပ်လိုက်”
ထိုလူအုပ်စုလည်း လဲနေရာမှပြန်ထလာကာ သူတို့ဒဏ်ရာမရသည်ကို သတိထားမိသွားတော့ ယဲ့ဖန်က နည်းနည်းတော့သန်မာသည်ဟု တွေးလိုက်မိကြသည်။
ထို့ကြောင့် ချက်ချင်းပင် ခါးကြထဲမှ ဓါးမြှောင်ကိုထုတ်ကာ ယဲ့ဖန်ထံ တစ်ဟုန်ထိုး တက်လာပြန်သည်။
ယဲ့ဖန်၏မျက်လုံးများ၌ လူသတ်လိုစိတ်များ တစ်ချက်လက်သွားရသည်။
“မင်းက ကိုယ့်အတွက်ဘာကောင်းလဲဆိုတာကို မသိတော့လည်း နောက်မှငါ့ကိုအပြစ်မတင်နဲ့ပေါ့။”
ယဲ့ဖန်စကားမဆုံးခင်မှာပင် သူ၏ညာဘက်လက်ဟာ လျှပ်စီးကဲ့သို့ အလျင်နှင့်ဆန့်ထွက်လာပြီး ဓားဖြင့်ရှေ့တက်လာသောလူ၏ လက်ကောက်ဝတ်ကိုဖမ်းဆွဲလိုက်သည်။
ဒီတစ်ကြိမ်မှာသူအားသုံးလိုက်တာကြောင့် ထိုလူ၏လက်မှာဂျွတ်ခနဲ့မြည်ကာ ကျိုးသွားတော့သည်။
ထိုလူ့ထံမှထိတ်လန့်စရာအော်သံနက်ကြီး ထွက်ပေါ်လာလေသည်။
ယဲ့ဖန်ထိုမျှနှင့်မရပ်တန့်လိုက်ပေ။ ထိုလူ၏ လက်ကောက်ဝတ်ကိုဆွဲကာ ဘေးသို့ တွန်းလိုက်၏။ ထိုအချိန်တွင် သူ့ဘေးရှိလူသည်လည်း ရှေ့တက်လာလေသည်။
ယဲ့ဖန်အခြေအနေကိုရှင်းရှင်းလင်းလင်း မမြင်ရခင်မှာပင် ဓားမြှောင်မှာ သူ၏ ဝမ်းဗိုက်ကိုထိုးစိုက်သွားပြီးဖြစ်လေသည်။
ကိစ္စကရှုပ်ထွေးသော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ သုံးစက္ကန့်မျှသာ ကြာမြင့်လိုက်သည်။
လူငါးယောက်မှာမြေပေါ်၌လဲနေကာ အော်ဟစ်နေကြပြီး ကျန်နှစ်ယောက်ဆိုလျှင် အနီရောင်ပင်သန်းနေသည်။
ကျောက်ရှောင်ထျန်း မှာ အကြောက်လွန်ပြီး ကြက်သေသေနေလေသည်။ သူ့ဘောင်းဘီထဲမှ အဝါရောင်အရည်များ ထွက်ကျလာသည်။
ကျောက်ရှောင်ထျန်း မှာငယ်စဉ်ကတည်းက ပြဿနာအိုးလေးဖြစ်ခဲ့ရာ ရန်ဖြစ်သည်မှာ သူ့အတွက်တော့ဖြစ်နေကြဖြစ်သော်လည်း ဒီလိုရက်စက်သည့်မြင်ကွင်းမျိုးကိုတော့ မမြင်ခဲ့ဖူးချေ။
သူအသိစိတ်ပြန်မဝင်ခင်မှာပဲ လည်ပင်း တင်းကျပ်သွားသည်ကို ခံစားလိုက်မိသည်။
ဘန်း
ယဲ့ဖန် သူ့အားလည်ပင်းညှစ်ကာ Alfa MPV ပေါ်သို့ဖိချလိုက်သည်။
“မင်းဘာလို့ငါ့ကိုတွန်းအားပေးရတာလဲ”
ကျောက်ရှောင်ထျန်း ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်လာ၏။
“ကျ… ကျွန်တော်တောင်းပန်ပါတယ်… မှားသွားပါတယ်… ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ…”
ယဲ့ဖန်အချိန်ကိုကြည့်ကာ ထိုလူကို နောက်ခုံသို့ပစ်ထည့်လိုက်သည်။
“ငါအချိန်မီရောက်ပါစေသာ ဆုတောင်းနေလိုက်တော့၊ မဟုတ်လို့ကတော့ မင်းဒီနေ့အသေပဲ”
ထိုသို့ပြောကာ ဂီယာကိုနင်းလျက် ထွက်ခွာလာလိုက်သည်။
သို့သော် သူနောက်ကျသွားခဲ့သည်။
ယဲ့ဖန်လေဆိပ်သို့ရောက်ချိန်၌ လေယာဉ်ပျံမှာ ကောင်းကင်ထက်သို့ နှေးကွေးစွာပျံသန်းသွားလေသည်။
တစ်ချိန်ထဲမှာပဲ ဖုန်းထဲမှတစ်ဆင့် စာတစ်စောင်ကိုလက်ခံရရှိလိုက်သည်။
[ယဲ့ဖန်၊ ကျွန်မရှင့်ကိုမုန်းတယ်]
ထိုမက်ဆေ့ခ်ျမှာ ရှန်းပိုင်ထျန်းထံမှဖြစ်သည်။
စာလုံးငါးလုံးထဲဆိုသော်လည်း အငြှိုးတရားများစွာပါဝင်နေသည်။
သူမမှာ ယဲ့ဖန်အား လေယာဉ်မထွက်ခင်အထိ စောင့်မျှော်နေခဲ့တာဖြစ်သည်။
သို့သော် ယဲ့ဖန်က သူမကိုစိတ်ပျက်စေခဲ့သည်။
ယဲ့ဖန် ထိုင်ခုံနောက်မှီကိုမှီကာ မျက်လုံးတွေကို အသာမှိတ်လိုက်သည်။
ဘေးခုံရှိ ကျောက်ရှောင်ထျန်းမှာ ကြောက်လွန်း၍ တုန်နေပြီဖြစ်သည်။
သူနှလုံးပင် လည်မျိုကို ရောက်နေလေပြီ။
ဒီကိုလာနေတဲ့လမ်းမှာ သူ့အစ်မကို ကယ်ပါဦးဆိုပြီးစာပို့ခဲ့ပေမယ့် သူမ အချိန်မီရောက်မရောက်ကိုတော့ သူမသိချေ။
ယဲ့ဖန် ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာကာ သူ့အားလှည့်ကြည့်လာသည်။
“မင်းကြောင့် ငါအရမ်းချစ်ရတဲ့မိန်းကလေးကို လက်လွှတ်လိုက်ရတယ်ဆိုတာသိလား”
ကျောက်ရှောင်ထျန်း အတင်းလုပ်ယူ၍ပြုံးလိုက်တာကြောင့် ငိုနေသည်ထက်ပင် ပိုအရုပ်ဆိုးသွားသည်။
“ငါ… ငါတောင်းပန်ပါတယ်… ငါမသိခဲ့ဘူး…”
ကျောက်ရှောင်ထျန်း မှာကြောက်လွန်းသဖြင့် ဤသို့အော်ဟစ်ချင်လာသည်။
“အဘိုးရေ၊ ကျေးဇူးပြုပြီးအသက်ချမ်းသာပေးပါ… မင်းမှာ အရေးကြီးကိစ္စရှိနေမှန်း ငါတကယ်မသိခဲ့လို့ပါ။ ငါ.. ငါ့မိသားစုက ချမ်းသာတယ်၊ ငါမင်းကိုပိုက်ဆံပေးမယ်လေ။ ငါ့ကိုခွင့်လွှတ်ပါနော်..”
ယဲ့ဖန်၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာ၏။
“မင်းကိုခွင့်လွှတ်ရမှာက ဘုရားရဲ့အလုပ်လေ။ ငါကမင်းကို ဘုရားဆီပို့ပေးဖို့ပဲတာဝန်ရှိတာ”
ထိုသို့ပြောကာ သူ့လည်မျိုကိုညှစ်လိုက်သည်။
ကျောက်ရှောင်ထျန်း ၏မျက်နှာမှာ ချက်ချင်းဆိုသလိုနီရဲလာခဲ့သည်။ သူခြေကန်လက်ကန်ဖြင့် ရုန်းကန်ပါသော်လည်း အချည်းနှီးပင်ဖြစ်၏။
တဖြည်းဖြည်းနှင့် သူ့မျက်လုံးအိမ်ပိုကြီးလာကာ သေရတော့မည်ဟု ခံစားလာရသည်။
ဘန်း၊ ဘန်း၊ ဘန်း…
ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို Alfa ကားတံခါးအား လူတစ်ယောက်ခေါက်လာ၏။
ကားအပြင်ဘက်၌ ကျောက်ချန်း၏ လှပသော မျက်နှာလေးရှိနေကာ အလွန်စိုးရိမ်နေပုံ ပေါ်လေသည်။
ကျောက်ရှောင်ထျန်း မှာ မျှော်လင့်ချက်မဲ့နေခဲ့သော်လည်း အစ်မဖြစ်သူကိုမြင်တော့ ပြန်လည် မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်။
“အစ်မ… အစ်မ… ငါ့ကိုကယ်ပါဦး”
ယဲ့ဖန် ကျောက်ချန်းကိုမြင်သလို သူမမျက်လုံးထဲရှိ အသနားခံနေသည့် အရိပ်အယောင်ကိုလည်းမြင်သည်။ ထို့ကြောင့် သူဖြည်းဖြည်းချင်း ပြေလျှော့ပေးလိုက်သည်။
အဟွတ်၊ အဟွတ်၊ အဟွတ်။
ကျောက်ရှောင်ထျန်း မှ ရေထဲမှဆွဲထုတ်ခံလိုက်ရသလို အသည်းအသန်ချောင်းဆိုးနေတော့သည်။ သူပြန်မသက်သာခင်မှာပဲ အမြန်တံခါးဖွင့်ကာ ပြေးထွက်သွားသည်။
“အစ်မ…”
ကျောက်ရှောင်ထျန်း တစ်ယောက် ပြန်လည်လွတ်မြောက်သွားကာ အစ်မဖြစ်သူထံပြေးဝင်ကာ ငိုပါတော့သည်။
အမှန်တိုင်းဆိုလျှင် သူဟာ အလိုလိုက်ခံထားရသည့်အမွေဆက်ခံသူ မျိုးဆက်လေးဖြစ်ရာ ထောင်လွှားနေပါသော်လည်း ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးချေ။
ထိုအချိန်မှာပဲ ယဲ့ဖန်ကားပေါ်မှဆင်းလာသည်။
ကျောက်ရှောင်ထျန်း မှာ သရဲမြင်လိုက်ရသလို ဖြစ်သွားကာ အစ်မဖြစ်သူနောက် ဝင်ပုန်းတော့သည်။
ကျောက်ချန်းမှာ သူမ၏အစာကိုကာကွယ်နေသည့် ကြက်မကြီးလိုပင်၊ သူမလက်မောင်းများဖြင့် မောင်ဖြစ်သူကိုပိတ်ဆို့ထားသည်။
ယဲ့ဖန်။
“ကျေးဇူးပြုပြီး၊ သူ့ကိုလွှတ်ပေးပါ”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၃၅ )
တစ်ရက်ကျရင် မင်းကိုယ့်ကိုကျေးဇူးတင်လာလိမ့်မယ်
ကျောက်ချန်း ၏အထူးပြင်ဆင်ထားသော မိတ်ကပ်နှင့်နီရဲရဲနှုတ်ခမ်းဟာ သူမကိုပိုလို့ ဆွဲဆောင်မှုရှိစေသည်။
သူမ၏ ရှည်လျားသည့် လှိုင်းတွန့်ပုံစံဆံပင်ကောက်များမှာ ညာဘက်ပုခုံးထက်၌ စုသိမ်းခံထားရတာကြောင့် ပိုပြီးရင့်ကျက်သည့်အသွင်ဖြစ်နေသည်။
ကျောက်ချန်းမှာ အနီရောင်ဂါဝန်ရှည်ဝတ်ဆင်ထားသည်ဖြစ်ရာ သူမ၏ကျက်သရေရှိသည့်ပုံရိပ်ကို ပို၍ပေါ်လွင်နေစေသည်။
သူမ၏စကပ်ခွဲကြောင်းမှတစ်ဆင့် သွယ်လျပြီးရှည်လျားသည့်ခြေတံကို မြင်နေရလေသည်။
ကျောက်ချန်း မှာအလျင်စလိုလာခဲ့ရတာကြောင့် သူမ ဒေါက်ဖိနပ်တစ်ဖက်ဒေါက်ကျိုးသွားသည့်ပုံပင် ထော့နဲ့နဲ့ဖြစ်နေလေသည်။
“ယဲ့… ယဲ့လူကြီးမင်း၊ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မမောင်လေးကို လွှတ်ပေးပါနော်…”
သူမယဲ့ဖန်အား အသနားခံနေသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
ယဲ့ဖန်၏အကြည့်များဟာတော့ အေးစက်နေ၏။
“မင်းမောင်ရဲ့ရူးကြောင်ကြောင်လုပ်ရပ်ကြောင့် ငါချစ်ရတဲ့မိန်းကလေးကို ပြန်ရအောင်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရတယ်ဆိုတာကို သိရဲ့လား”
ကျောက်ချန်း လျင်မြန်စွာခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မသိပါတယ်။ သူ့ကိုယ်စား ကျွန်မကပဲ တောင်းပန်ပါတယ်၊ ကျွန်မတကယ် တောင်းပန်ပါတယ်နော်”
ယဲ့ဖန်အေးစက်စွာရယ်လိုက်သည်။
“ဒီလိုရိုးရှင်းတဲ့တောင်းပန်မှုလောက်နဲ့လား”
ကျောက်ချန်း ယဲ့ဖန်၏ခြေရင်းနား၌ ဒူးထောက်ထိုင်ချလိုက်သည်။
“ကျွန်မအခုအကြိမ်တစ်ထောင်လောက် တောင်းပန်ရင်တောင် မလုံလောက်မှန်းသိပါတယ်။ ရှင့်ရဲ့ဒေါသကို ပြေစေမှာလည်းမဟုတ်ပါဘူး”
“သူ့အသက်ကိုချမ်းသာပေးဖို့ပဲ တောင်းပန်တာပါ။ အဲ့အတွက် ရှင်ဖြစ်ချင်တာဘာမဆိုကျွန်မလိုက်လျောပေးပါမယ်”
ယဲ့ဖန်သူမ၏သွယ်လျသောမေးကို သူ့လက်ချောင်းများဖြင့်မော့စေလိုက်သည်။
ကျောက်ချန်း ခေါင်းမော့ကာ ယဲ့ဖန်အား တောင်းပန်တိုးလျှိုးစွာကြည့်လိုက်သည်။ သူမအနည်းငယ်ပြာယာခတ်နေသည်မှာ သိသာလှသည်။
“ဘာမဆိုလား”
ယဲ့ဖန်၏မျက်လုံးများထဲ၌ မည်သည့်ခံစားချက်မှရှိမနေပေ။
“ဟုတ်ပါတယ်”
ကျောက်ချန်း ခနလောက်တုံ့ဆိုင်းနေပြီးနောက် ခိုင်မြဲစွာခေါင်းညိတ်ပြလိုက်သည်။
ယဲ့ဖန်၏နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်မြင့်တက်သွားရသည်။ ထို့နောက် ကြောက်လန့်တကြားဖြစ်နေသည့် ကျောက်ရှောင်ထျန်း အားလှည့်ကြည့်လိုက်သည်။
“မင်းကရော မင်းအစ်မကိုမကာကွယ်ချင်ဘူးလား။ မင်းရဲ့အစ်မကို မင်းဘယ်လိုကာကွယ်မလဲဆိုတာကြည့်ချင်တယ်”
ထိုသို့ပြောပြီးနောက် ကျောက်ချန်းအား ခါးမှဆွဲမကာ Alfa ကားထံဦးတည်လိုက်သည်။
“မင်း…”
ကျောက်ရှောင်ထျန်း အလွန်ပင်ထိတ်လန့်သွားကာ ချက်ချင်း ယဲ့ဖန်အား တားရန်ကြိုးစားလာသည်။
ယဲ့ဖန်ရပ်ကာ သူ့ကိုပြန်လှည့်ကြည့်လိုက်သည်။
ကျောက်ရှောင်ထျန်းမှာ အလန့်တကြား နောက်သို့ခြေနှစ်လှမ်းခန့်ဆုတ်မိသွားပြီး ဘာမှမပြောနိုင်တော့ပေ။
ယဲ့ဖန် သူ့အားအထင်သေးဟန်ပြုံးပြကာ နောက်သို့ပြန်လှည့်လျက် ကားထဲဝင်ထိုင်ကာ တံခါးပိတ်လိုက်သည်။
“သူ့ကိုလွှတ်လိုက်…”
နောက်ဆုံး၌ ကျောက်ရှောင်ထျန်း စကားအနည်းငယ်ပြောထွက်လာခဲ့သည်။ သို့သော်သူ့အသံမှာအလွန်တိုးနေရာ ရှင်းရှင်းလင်းလင်းမကြားနိုင်ပေ။
သိပ်မကြာခင်မှာ Alfa ကားဟာ လှုပ်ယမ်းလာကာ တဖြည်းဖြည်းနှင့် ပိုလို့ပင် ပြင်းပြင်းထန်ထန်လှုပ်ယမ်းလာလေသည်။
ကျောက်ရှောင်ထျန်း အထဲမှာဘာဖြစ်နေလဲဆိုတာကို သိသည်။
သူ့အနေနှင့်အစ်မဖြစ်သူကို အပြေးဝင်ကယ်ချင်ပါသော်လည်း သူခြေတစ်လှမ်းတိုးလိုက်တိုင်း ယဲ့ဖန်၏ အေးစက်သောမျက်ဝန်းတစ်စုံအား မျက်လုံးထဲ၌မြင်ယောင်မိပြီး ချက်ချင်းဆိုသလို အလန့်တကြား နောက်ပြန်ဆုတ်မိသွားရသည်။
“အား…”
ကျောက်ရှောင်ထျန်း ကိုယ့်ဦးခေါင်းကိုယ်ဖက်ကာ ငုတ်တုပ်ထိုင်ချလိုက်မိသည်။
သူငိုချင်နေပါသော်လည်း အသံတစ်သံပင် မထွက်ရဲချေ။
ယခင်က သူ့ကိုယ်သူအဟုတ်ကြီးမှတ်ကာ ဘယ်သူ့ကိုမှမျက်လုံးထဲမထည့်ခဲ့ပေ။
သို့သော် ဤအခိုက်အတန့်တွင်တော့ သူဟာ အသုံးမဝင်သည့်သူတစ်ယောက်ဆိုတာကို နားလည်သွားရသည်။
အစ်မဖြစ်သူဘယ်လိုဒုက္ခမျိုးကိုခံစားနေရလဲဆိုတာကို သူသိနေပေမယ့် သွားမကယ်ရဲချေ။
ဤရိုက်ခတ်မှုက သူ့အားယူကျုံးမရဖြစ်သွားစေသည်။
ကျောက်ရှောင်ထျန်းမှာ တစ်စက္ကန့်စီတိုင်းဟာ တစ်နှစ်လောက်ကြာနေသလိုခံစားနေရသည်။
သူတစ်ခါမှ အချိန်ကုန်တာအရမ်းနှေးသည်ဟု မခံစားခဲ့ရဖူးပေ။
ရာစုနှစ်တစ်ခုခန့်ကြာသော် ကားလှုပ်နေသည်မှာ အရှိန်လျော့လာသည်။
အချိန်အတော်ကြာပြီးနောက် ကားတံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။
ကျောက်ချန်း၏ အင်္ကျီအစိတ်အပိုင်း အတော်များများမှာ အဖြဲခံထားရကာ သူမပုံစံမှာ အလွန်ဖရိုဖရဲနိုင်နေသည်။
တစ်ချိန်ထဲမှာပဲ ထော့နဲ့နဲ့ ဖြစ်နေလေသည်။
ကျောက်ရှောင်ထျန်း သူမအား အမြန်တွဲကူလိုက်သည်။
“အ..အစ်မ နင်အဆင်ပြေရဲ့လား”
ကျောက်ရှောင်ထျန်း အသုံးမဝင်သည့်မေးခွန်းကို မေးလိုက်မိသည်ဟု ခံစားမိသော်လည်း သူ့အနေနှင့် အခြားမေးစရာဘာမှ စဉ်းစားမရချေ။
ကျောက်ချန်း၏ လှပသောမျက်နှာလေးမှာ အနည်းငယ်ဖျော့တော့နေကာ ခေါင်းယမ်းပြလာသည်။
“အခုအဆင်ပြေသွားပါပြီ”
ထိုအချိန်မှာပဲ ယဲ့ဖန်အပြင်သို့ထွက်လာကာ ကျောက်ရှောင်ထျန်းအား ငုံ့ကြည့်လျက် မေးလာသည်။
“မင်းဒေါသထွက်နေလား”
ကျောက်ရှောင်ထျန်း ယဲ့ဖန်အားကြည့်ကာ လက်သီးတင်းတင်းဆုပ်လိုက်သည်။
“ငါ… အနှေးနဲ့အမြန် မင်းကို… မင်းကို သတ်ပြမယ်”
ထိုစကားပြောထွက်ဖို့ သူ့ကိုယ်သူ အတော်အားယူလိုက်ရသည်။
ယဲ့ဖန်လှောင်ရယ်လိုက်သည်။
“ဒီဒေါသကိုမှတ်ထား၊ အဲ့တာက မင်းကို ပြောင်းလဲစေလိမ့်မယ်။ တစ်နေ့ကျရင် မင်းငါ့ကို ကျေးဇူးတင်လာလိမ့်မယ်”
ကျောက်ရှောင်ထျန်း အံတင်းတင်းကြိတ်ကာ သူ့နှလုံးသားထဲ၌ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ယဲ့ဖန်ဟာတော့ သူ့အကြောင်း ခေါင်းထဲထည့်မနေတော့ပေ။ သူ ကျောက်ချန်း အားလှည့်ကြည့်လိုက်သည်။
“ဒါမင်းရဲ့ပထမဆုံးအကြိမ်ဖြစ်မယ်လို့ မထင်ထားဘူး။ မဟုတ်ရင် မင်းဒီထက်ပိုပြီး ညင်သာခံရမှာပါ”
ကျောက်ချန်း အစောက သူမခံစားခဲ့ရသည့် ခံစားချက်ကိုပြန်အမှတ်ရသွားကာ သူမနှလုံးသားထဲ၌ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ယဲ့ဖန်အား မကြည့်ရဲ့တော့ပေ။
“ပြန်တော့၊ အနာဂတ်မှာ Holy Clan Clubhouse ကို ပြဿနာလာရှာရဲတဲ့သူရှိရင် ငါ့နာမည်ကိုထုတ်သုံးလို့ရတယ်”
ယဲ့ဖန်ထိုသို့ပြောကာပြုံးလိုက်သည်။
ဒါကို သူမအတွက်လျော်ကြေးအနေနှင့် သတ်မှတ်နိုင်သည်။
ကျောက်ချန်း ၏ဖျော့တော့တော့မျက်နှာထက်၌ ပျော်ရွှင်မှုအရိပ်အယောင်လေး သန်းလာသည်။
ယခုဆိုလျှင် သူမနောက်၌ သူမကိုကာကွယ်ပေးမည့် ယဲ့လူကြီးမင်း ရှိသွားပြီဖြစ်ရာ သူမ၏ပူပန်မှုများကို လျှော့ချလို့ရနိုင်ပြီဖြစ်သည်။
ဒီအတွက်လည်း သူမခန္ဓာကိုယ်နှင့် လဲလှယ်ခဲ့ရသည်။
ဖြစ်စဉ်ဟာအနည်းငယ်ကြည်နူးစရာ မကောင်းပါသော်လည်း ရလဒ်နှင့်ပက်သက်၍ သူမကျေနပ်မိသည်။
“နှုတ်ဆက်ပါတယ်၊ ယဲ့လူကြီးမင်း”
သူမမောင်အကူအညီဖြင့် လှည့်မထွက်လာခင် ယဲ့ဖန်အားနှုတ်ဆက်လိုက်သည်။
ယဲ့ဖန်လည်းအကြည့်တွေကိုရုတ်သိမ်းကာ ကားထဲသို့ပြန်ဝင်ခဲ့လိုက်သည်။
ရှန်းပိုင်ထျန်းနှင့်လွဲချော်သွားမှုကြောင့်ဖြစ်သည့် ဒေါသများမှာ ပေါက်ထွက်လုနီးပါးဖြစ်နေသည်။
သူကိုယ်တိုင်လည်းမကြာခင် ဂျပန်ကိုသွားမှာဆိုတော့ သူမကိုချော့ရန် သိပ်မနောက်ကျဘူး ထင်ရသည်။
နောက်တစ်နေ့မနက်၌ ဖုန်းသံကြောင့်နိုးသွားကာ ကြောင်ငေးနေမိသည်။
ထို့နောက်ဖုန်းကိုယူကာကြည့်လိုက်တော့ ခေါ်ဆိုသူမှာ ကျူးရှောင်ကျောင်းဖြစ်နေသည်။
ထို့ကြောင့်ဖုန်းချလိုက်သည်။
မနေ့ညက ဟိုတယ်သို့ပြန်ရောက်ပြီးနောက် ဖုန်းကျင်းရီ မှာ သူ့အား ညသန်းခေါင်အထိ ပလာစတာလိုလိုက်ကပ်နေခဲ့သည်။
ယဲ့ဖန်မှာ ယခုထိနာကျင်နေဆဲဖြစ်ရာ ထိုကောင်မလေးနှင့် ပျော်ပါးချင်စိတ်ရှိမနေပေ။
သို့သော် ကျူးရှောင်ကျောင်းမှာ အတော်လေးဇွဲကောင်းပေသည်။
သူဖုန်းချလိုက်သည်နှင့် တန်းပြန်ခေါ်လာသည်။
သူဆက်တိုက်ဖုန်းချပါသော်လည်း တစ်ဖက်သူဟာ ဆက်တိုက်ခေါ်နေသည်။
အဆုံး၌ ယဲ့ဖန်လည်းရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရတော့သည်။
“အစ်မကြီးရေ ဘာဖြစ်ပြန်ပြီလဲ”
“ယဲ့ဖန် အမြန်ထတော့၊ ငါပျော်စရာတစ်ခု ထပ်တွေ့ထားတယ်”
ကျူးရှောင်ကျောင်း၏လေသံမှာ အားအင်အပြည့်ဖြင့်တက်ကြွနေ၏။
“အစ်မကြီး၊ ကစားချင်ရင်တခြားသူခေါ်ကစားလိုက်။ ကျွန်တော်ဒီနေ့ စိတ်အခြေအနေမကောင်းဘူး”
ယဲ့ဖန် ဝတ်ကျေတန်းကျေပြန်ဖြေလိုက်သည်။
“မခေါ်ချင်ပါဘူး၊ တခြားသူတွေက နင့်လိုပျော်ဖို့မကောင်းဘူး”
ကျူးရှောင်ကျောင်းချက်ချင်း ငြင်းဆန်လိုက်သည်။
“ဒါပေမယ့် ကျွန်တော်တကယ်နေလို့ ကောင်းမနေတာ။ နောက်တစ်ခါမှပေါ့ဗျာ”
ယဲ့ဖန်ထိုသို့ပြောကာ ဖုန်းချရန်ပြင်လိုက်သည်။
“နင်မလာရင် ငါ… ငါလင်းယွမ်အိမ်ခြံမြေကို သွားပြီး နင်နဲ့ရတဲ့ကလေးရှိနေတာကို နင်ကငါ့ကို စွန့်ပစ်သွားပါတယ်ဆိုပြီး သွားပြောလိုက်မှာနော်”
ကျူးရှောင်ကျောင်းထိုသို့ခြိမ်းခြောက်လာ၏။
ယဲ့ဖန်ချက်ချင်းအသိဝင်လာရသည်။
ဤအမျိုးသမီး၏ရူးသွပ်မှုနှင့်ဆို ထိုသို့သောကိစ္စမျိုးကို တကယ်လုပ်နိုင်ချေရှိသည်။
“မင်းဘယ်မှာလဲ။ ငါလာခဲ့မယ်..”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၃၆ )
ကင်းမွန်ဂိမ်းလား?
ယနေ့၌ ကျူးရှောင်ကျောင်းဟာ ပန်းရောင်ကိုယ်ကျပ်အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ကျက်သရေရှိသည့် ပုံရိပ်ကိုခပ်ရေးရေးဖော်ပြနေသည်။
ထို့အပြင် သူမဒီနေ့ဘာမိတ်ကပ်မှ လိမ်းမထားတာတောင် ကြည့်ရမဆိုးသည့်အပြင် သဘာဝအတိုင်းလေးလှနေလေသည်။
ထိုအချိန်၌ သူမဟာ Porsche Taycan ကားအားမှီထားသည်ဖြစ်ရာ လူတိုင်း သူမကို လည်ပြန်ငေးကြည့်နေကြသည်။
သူမရှေ့မှ လူအတော်များများ ဖြတ်လျှောက်သွားကြရာ လူတိုင်းဟာ သူမ၏အလှထံမှဆွဲငင်ခံရကာ နောက်ပြန်လှည့်ကြည့်မိကုန်ကြသည်။
ယဲ့ဖန် သန်းဝေလျက် လျှောက်လာလိုက်သည်။
“ဘာကိစ္စလဲ”
ယဲ့ဖန်ပင်ပန်းနေသည်ကိုမြင်တော့ ကျူးရှောင်ကျောင်းမထိန်းနိုင်ပဲစလိုက်မိသည်။
“နင်မနေ့ညကဘာတွေလုပ်နေလို့လဲ။ ဘာလို့ ယန်စွမ်းအင်တွေ အားနည်းနေတဲ့ပုံ ပေါက်နေရတာလဲ”
ယဲ့ဖန်လည်း ချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။
“ မင်းကတော်တော်သိပါလား။ ယန်စွမ်းအင်ကိုဘယ်လိုစုပ်ယူရမလဲဆိုတာကိုတောင်သိတယ်ပေါ့။ ဒါဆိုမင်းလည်း အရင်ကလုပ်ဖူးတယ်ထင်တယ်”
ကျူးရှောင်ကျောင်းယဲ့ဖန်အား စိုက်ကြည့်လိုက်သည်။
“ဟုတ်တယ်၊ ငါနင့်ဆီက စုပ်လိုက်တာလေ၊ ရပြီလား”
ယဲ့ဖန် သူ့လက်မောင်းအား သူမနှာခေါင်းနား၌ ထားလိုက်သည်။
“ရတာပေါ့၊ ထပ်ရှူဦးလေ။ ကိုယ် အပြစ်မယူပါဘူး”
ကျူးရှောင်ကျောင်းသူ့လက်မောင်းကို ချက်ချင်းတွန်းထုတ်လိုက်သည်။
“နံစော်နေတာပဲ။ နင်ရေမချိုးလာဘူးလား”
ယဲ့ဖန် ဗိုက်ကို ပွတ်လိုက်သည်။
“မင်းက လောနေတာကို၊ မနက်စာတောင် မစားရသေးဘူး၊ ရေချိုးဖို့ဆို ပိုဆိုး”
“အရင်စာရင်းသွားသွင်းရအောင်၊ ပြီးမှ နင့်ကိုမနက်စာစားဖို့ လိုက်ပို့မယ်”
ကျူးရှောင်ကျောင်းကားတံခါးဖွင့်ရင်း ပြောလိုက်သည်။
ယဲ့ဖန်လည်း ရှေ့ခုံ၌ဝင်ထိုင်လိုက်ရသည်။
“ဘယ်သွားကြမှာလဲ”
ကားမောင်းထွက်လာချိန်၌ ယဲ့ဖန် သိချင်လာတာကြောင့်မေးလိုက်သည်။
“နင့်ကိုဂိမ်းကစားဖို့ခေါ်သွားပေးမယ်။ အဲ့ဂိမ်းကအတော်လေးပျော်ဖို့ကောင်းတယ်လို့ကြားတယ်”
ကျူးရှောင်ကျောင်းမှာ ဂိမ်းအကြောင်းပြောသည်နှင့် တက်ကြွလာလေသည်။
“ဘာဂိမ်းမလို့ ဒီလောက်အဝေးကြီးထိ သွားရတာလဲ”
ယဲ့ဖန် ကားထဲမှ အဆာပြေမုန့်တစ်ထုပ်ကို ဆွဲထုတ်လိုက်ကာ ဗိုက်ဖြည့်လိုက်သည်။
“နင် ကင်းမွန်ဂိမ်းဆိုတာကို ကြားဖူးလား”
ယဲ့ဖန် သူမ၏ အဆာပြေမုန့်ထုပ်တွေကို ခိုးယူနေသည်ကိုမြင်တော့ ကျူးရှောင်ကျောင်းလက်သီးတင်းတင်းဆုပ်လိုက်မိသည်။
“ကင်းမွန်ဂိမ်း။ စားတဲ့ဟာလား”
ယဲ့ဖန် ထိုဂိမ်းကိုမကြားဖူးသည်မှာ အလွန်သိသာလှသည်။
“နင်ဘယ်တောကတက်လာတာလဲ။ ကင်းမွန်ဂိမ်းကိုတောင် မကြားဖူးဘူးလား”
ကျူးရှောင်ကျောင်းသူ့ကို စိတ်ပျက်လက်ပျက်နှင့်ကြည့်လိုက်မိသည်။
“အဲ့တာဒီတိုင်းဂိမ်းလေးပဲမဟုတ်ဘူးလား။ မင်းကရောအရင်ကကြားဖူးလို့လား”
ယဲ့ဖန်ကတော့ သူမပြောသည်ကို သဘောမတူချင်ပေ။
“ကင်းမွန်ဂိမ်းဆိုတာ TV စီးရီးတစ်ခုလေ။ လူတစ်အုပ်ကို နေရာတစ်ခုထဲမှာပိတ်ထားပြီး ဂိမ်းတွေဆော့ခိုင်းတာ။ ဂိမ်းကိုနိုင်တဲ့သူက ဆုချီးမြှင့်ခံရပြီး ရှုံးတဲ့သူတွေကတော့ သေရတယ်…”
ကျူးရှောင်ကျောင်းအကျဉ်းချုပ်ရှင်းပြလိုက်သည်။
“အဲ့တာနဲ့ငါတို့ကစားမယ့်ဂိမ်းနဲ့ဘာဆိုင်လို့လဲ”
ယဲ့ဖန်မှာပိုလို့ပင်ရှုပ်ထွေးလာရသည်။
“အခု ငါတို့နိုင်ငံမှာလည်း ကင်းမွန်ဂိမ်းကို မိတ်ဆက်ပြီး တကယ့်ဂိမ်းအဖြစ် ဖန်တီးထားတယ်”
ကျူးရှောင်ကျောင်းမှာဂိမ်းအကြောင်းပြောသည်နှင့် ထပ်မံ၍ စိတ်လှုပ်ရှားလာပြန်သည်။
“ဒါက…ဒါဆို မင်းလည်းရှုံးရင် သေရမှာလား”
ယဲ့ဖန်ကြောင်သွားကာ မုန့်စားရန်ပင် မေ့သွားသည်။
“ဖွဖွ”
ယဲ့ဖန်ပြောလိုက်သည့်စကားကြောင့် ကျူးရှောင်ကျောင်းမှာ သဘောကျသွားရသည်။
“အဲ့လောက်တော့ ကြောက်ဖို့မကောင်းပါဘူး။ နင်က အဲ့လောက်ကြီးပြင်းထန်မယ်လို့ ထင်နေတာလား။ အဲ့ဂိမ်းမှာပါချင်တဲ့သူတွေက စာရင်းသွင်းကြေးအရင်ပေးရတယ်။ ရှုံးသွားရင် ဂိမ်းကထွက်ရရုံပါပဲ။ စာရင်းသွင်းကြေးကတော့ ပြန်မရဘူး။ နိုင်ရင်တော့ ဆုကြေးငွေအနေနဲ့ ငွေပမာဏအများကြီးရမှာ…”
သူမပြောသည်ကိုနားထောင်ရင်းနှင့် ယဲ့ဖန် စိတ်ဝင်စားမှုများကျဆင်းသွားရသည်။
“စိတ်လှုပ်ရှားဖို့လည်းမကောင်းပါဘူး”
“ပထမဆုက ယွမ်သန်းတစ်ရာ”
ကျူးရှောင်ကျောင်းထပ်ပေါင်းပြောလိုက်သည်။
“တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ”
ယဲ့ဖန်လည်းတက်ကြွသွားရသည်။
ကျူးရှောင်ကျောင်းမထိန်းနိုင်ပဲ မျက်လုံးလှိမ့်လိုက်မိသည်။
“နင်ကအခုဘီလျံနာဖြစ်နေပြီနော်။ ပိုက်ဆံအပေါ်စိတ်ဝင်စားတာရပ်လိုက်သင့်ပြီ မထင်ဘူးလား။ ပိုက်ဆံအကြောင်းကြားတာနဲ့ ဘာလို့အဲ့လောက်စိတ်လှုပ်ရှားသွားရတာလဲ”
ယဲ့ဖန်နှုတ်ခမ်းတွေ တင်းသွားသည်။
“ပိုက်ဆံကိုစိတ်မဝင်စားဘူးလို့ ပြောနေကြတဲ့သူတွေက ဟန်ဆောင်နေကြရုံပဲ။ ပိုက်ဆံတွေ အများကြီးရှိနေလို့ဆိုပြီး ညည်းနေတာမြင်ဖူးလို့လား”
ကျူးရှောင်ကျောင်းဆက်ပြောလာသည်။
“နင့်ကိုယ်နင်အရမ်းယုံကြည်ချက်ရှိနေရင် ရှင့်ကိုယ်ရှင်အနိုင်ဘက်က ပြန်လောင်းလိုက်လေ။ဒါဆို ကြေးက ပိုတောင်များသွားပြီ”
ယဲ့ဖန်၏မျက်လုံးများ တစ်ဖန်တောက်ပသွားသည်။
“လောင်းလို့ရတယ်လား”
“ရတာပေါ့၊ မဟုတ်ရင် စီစဉ်သူတွေ ဘယ်လို ပိုက်ဆံရှာမလဲ”
ကျူးရှောင်ကျောင်းခေါင်းညိတ်ပြလိုက်သည်။
သူမပြောသည်ကိုကြားပြီးနောက် ယဲ့ဖန် ထိုဂိမ်းအားပိုလို့ပင် စိတ်ဝင်စားလာရသည်။
သူတို့နှစ်ဦး ကျင်းပရာနေရာသို့ရောက်တော့ လူအုပ်များဖြင့်ပြည့်နေပြီဖြစ်သည်။
ဤနေရာဟာ ယခင်က ကျက်စားမြေဖြစ်ခဲ့ဖူးသည်ကို ယဲ့ဖန်မှတ်မိသည်။ ယခုတော့ ရိုးရှင်းသည့် အားကစားရုံတစ်ခုအဖြစ်ပြောင်းလဲလိုက်သည်။
ရုံအပြင်ဘက်၌ မနက်စာနှင့်သောက်စရာများ ရောင်းချနေသည့် ပျံကျဈေးသည်များ ရှိနေသည်။
ယဲ့ဖန်မှာအလွန်ဆာလောင်နေပြီဖြစ်တာကြောင့် သန့်မသန့်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
သူပန်ကိတ်နှင့်ခေါက်ဆွဲအေးတစ်ပန်းကန် ဝယ်ကာ ဘာမှဂရုစိုက်မနေတော့ပဲ ထိုင်စားတော့သည်။
ယဲ့ဖန်တစ်ယောက် ပျော်ရွှင်စွာစားသောက်နေသည်ကိုမြင်ပြီး ကျူးရှောင်ကျောင်းတံတွေးမျိုချလိုက်မိသည်။ သို့သော် သူမက ဣန္ဒြေထိန်းသောလူဖြစ်တာကြောင့် ယဲ့ဖန်လိုမဟုတ်ပေ… ဟုတ်တယ်၊ လက်တွေ့ကျတယ်။
ရုံဝင်ပေါက်၌ ဧည့်ကြိုကောင်တာနှစ်ခုရှိသည်။
တစ်ခုက ဂိမ်းအတွက် စာရင်းသွင်းရန်ဖြစ်ပြီး တစ်ခုကတော့ လောင်းရန်အတွက်ဖြစ်သည်။
နှစ်ဖက်စလုံး၏ရှေ့၌ လူတန်းအရှည်ကြီး ရှိနေသည်။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ တာဝန်ခွဲဝေလိုက်ကာ နောက်လူက စာရင်းသွင်းတဲ့နေရာမှာ တန်းသွားစီပြီး ပထမလူကတော့ လောင်းသည့်နေရာ၌ တန်းသွားစီရန်ဖြစ်သည်။
ကျူးရှောင်ကျောင်းဘက်ကအရင် စာရင်းသွင်းလို့ပြီးသွားပြီး နံပါတ်ပြားများနှင့်အတူပြန်ရောက်လာသည်။
“ကျွန်မက 520 ရှင်က 521”
ထိုသို့ပြောရင်း တစ်ခုခုတွေးမိသွားပုံပင် မျက်နှာလေးနီရဲလာ၏။
ယဲ့ဖန် သူမအား ဆွံ့အသွားစေမည့်မေးခွန်းမျိုး မေးလိုက်သည်။
“ဂိမ်းမှာပါချင်တဲ့သူအဲ့လောက်တောင် များတာလား”
ကျူးရှောင်ကျောင်းသူ့ကို စိုက်ကြည့်လိုက်သည်။
“ဘယ်လိုတောင် တုံးလိုက်တဲ့ကောင်ပါလိမ့်”
ထိုအချိန်တွင် ယဲ့ဖန်လောင်းရမည့်အလှည့် ရောက်လာသည်။
လောင်းရမည့်နေရာ၌ Touch Screen တစ်ခုရှိလေ၏။
ထို Screen ပေါ်၌ ပြိုင်ပွဲဝင်၏နံပါတ်၊ ဓာတ်ပုံ၊ အရပ်အမြင့်၊ အလေးချိန်၊ IQ နှင့် အခြားအချက်အလက်များကိုဖော်ပြထားသည်။
ထိုကစားသမားများ၏စွမ်းဆောင်ရည်ပေါ် မူတည်ပြီး စီစဉ်သူများဟာ မတူညီသည့် အလားအလာများကို ဖော်ပြပေးထားသည်။
ဖြစ်နိုင်ချေမြင့်လေ အလားအလာနိမ့်လေပင် ဖြစ်သည်။
ယဲ့ဖန် အလားအလာနိမ့်သည့် ကစားသမားတွေကို ဦးတည်ကာ ကြည့်လိုက်သည်။
သူတို့အားလုံးဟာ အလွန်သန်မာကြ၏။
ဥပမာအားဖြင့် အထူးတပ်ဖွဲ့မှအနားယူထားသည့် ကစားသမားတစ်ဦးပါလေသည်။
သူ၏ တုံ့ပြန်ပုံ၊ ခံနိုင်ရည်၊ သက်လုံ၊ အမြန်နှုန်းနှင့် အခြားအချက်များအားလုံး၌ သူက အခြားကစားသမားများထက် အများကြီး ပိုသာလေသည်။
ထို့ကြောင့် အလားအလာမှာ 1 မှ 1.1 ထိ ရှိလေသည်။
နားလည်လွယ်အောင် ပြောရလျှင် လောင်းကြေးမှာ အများဆုံးမှ 1.1 ယွမ်သာဖြစ်သည်။
ထိုကစားသမားအပြင် အခြား ပရော်ဖက်ရှင်နယ် GO Player တစ်ယောက်လည်းရှိသေးသည်။
သူ၏ IQ မှာ 150 ရှိပြီး IQ အရယှဉ်လျှင် အခြားသူများကို အနိုင်ပိုင်းနိုင်တာကြောင့် သူ၏ အလားအလာမှာလည်း အလွန်နိမ့်လေသည်။
ထိုကစားသမားနှစ်ယောက်အပြင် အပြေးမြန်တာ၊ ခွန်အားကြီးတာကဲ့သို့သော စွမ်းရည်များရှိသည့် နာမည်ကြီးကစားသမားများလည်းရှိလေသည်။
အချက်အလက်များကိုလိမ်ညာထားသည့် ကစားသမားများလည်းရှိလေသည်။ သူတို့ သန်မာကြသည်မှာမှန်သော်လည်း ယဲ့ဖန်ကဲ့သို့ ခွန်အားကိုဖုံးကွယ်ထားကြတာပင် ဖြစ်သည်။
“ဟေး၊ မြန်မြန်လုပ်လေ။ နောက်မှာ လူတွေအများကြီးကျန်သေးတယ်”
ယဲ့ဖန် အချိန်အများကြီးယူလိုက်တာကြောင့် လူအတော်များများ မကျေမနပ်ဖြစ်နေကြသည်။
ယဲ့ဖန်လည်း အမြန် ကျူးရှောင်ကျောင်း၏ နံပါတ်ကိုရှာလိုက်သည်။
သူမနံပါတ်ကိုတွေ့တော့ သူဆဲမိလုနီးပါး ဖြစ်သွားရသည်။
ယဲ့ဖန်၏ပြိုင်ပွဲဝင်နံပါတ်မှာ 521 ဖြစ်သည်။
[အရပ် : 184 cm]
[ ကိုယ်အလေးချိန် : 72 kg]
[ အသက် : 21 နှစ်]
[အလုပ်အကိုင်: တက္ကသိုလ်ကျောင်းသား]
[ ကျွမ်းကျင်မှု : မရှိ]
[ဝါသနာ : မရှိ]
[ဆေးမှတ်တမ်း : မရှိ]
[တွက်ချက်မှု : ခန္ဓာကိုယ်ပိန်ပါး၊ အတွေ့အကြုံနည်း၊ စွမ်းဆောင်ရည် မသိရ… 1 အချိုး 10]
ယောကျာ်းလေးကစားသမားများထဲ၌ အလားအလာက အတော်ပင်မြင့်သော်လည်း မသန်စွမ်းကစားသမားများထက်တော့ သာသေးသည်။
နောက်တစ်နည်းပြောရလျှင် သူက တကယ်ကိုအထင်သေးစရာပင်…