အခန်း (၁၁၄၁-၁၁၄၄)
Vol. 58 Ch. 1141-1144
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၄၁ )
ကမ္ဘာမြေကြီးကတောင် သူ့အရှိန်ကို လိုက်မမီဘူး
" ငါ .... ဘုရားရေ၊ သူက ပျံနေတာလား "
တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။
သို့သော် ထိုစကားက လူတိုင်းက ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားစေသည်။
လူတိုင်း စိတ်ပျံ့နေကြချိန်တွင် ယဲ့ဖန်သည် မီတာ ၂၀ကျော် ရောက်သည်အထိ ခုန်ပြေးလိုက်ပြီဖြစ်သည်။
သူသည် အလွန်ဝေးအောင် ပြေးနေသည်နှင့်မတူပဲ အိမ်အနောက်ခြံထဲ လမ်းလျှောက်ထွက်လာသည်နှင့်တောင် တူလေသည်။
သို့သော် သူ၏ အရှိန်မှာ မြန်လွန်း၍ ပြေးနေသည်မှာ အလင်းတန်းဖြတ်သွားသကဲ့သို့ လူတိုင်းမှ ခံစားရသည်။
" သူက ဘယ်လိုလုပ်ပြီး အဲ့လောက် မြန်ရတာလဲ။ သူက မီတာ ၂၀ပြေးဖို့ကို ၁စက္ကန့်လောက်ပဲ သုံးလိုက်သလိုပဲ "
" ၁ စက္ကန့်ဆိုတာကြီးကတော့ လွန်ပါတယ်ဟ။ အလွန်ဆုံးမှ ၃ စက္ကန့် မကျော်တာပေါ့ "
" ဘုရားရေ၊ ကမ္ဘာကြီးကတောင် သူ့အရှိန်ကို လိုက်မမီဘူးလို့ ငါ ခံစားနေရတာပါလိမ့် "
" သူက ပညာရှင်ကစားသမားလား။ ဒါပေမဲ့ ဘာလို့ သူ့ရဲ့ ရှုံးဖို့ ဖြစ်နိုင်ချေတွေက အရမ်းမြင့်နေရတာလဲ "
" မေးစရာလိုသေးလို့လား။ သူက အချက်အလက်တွေကို လိမ်ထားတာ ဖြစ်ရမယ်။ သူက ကျားစားဖို့ ဝက်ဟန်ဆောင်နေတာပဲ ဖြစ်ရမယ် "
" ဘုရားရေ၊ ဒါကြီးက အရမ်းကို မကောင်းဆိုးဝါးဆန်လွန်းတယ် ........ "
စက္ကန့်အနည်းငယ်အတွင်းမှာပင် လူတိုင်းသည် ဆွေးနွေးပြောဆိုနေကြပြီး ယဲ့ဖန်မှာလည်း တစ်ဝက်နီးပါး ပြေးပြီးပြီဖြစ်သည်။
ယဲ့ဖန်သည် သူ့အရှေ့မှ ကစားသမားအနားသို့ နီးကပ်လာလေသည်။
ထိုကစားသမားလည်း အတော်လေး ပေါ့ပါးနေသော်လည်း ယဲ့ဖန်၏ ပုံမှန်မဟုတ်သော အရှိန်ကို မြင်သောအခါ ချက်ချင်း လန့်ဖြတ်ကုန်ပြီး အလျင်အမြန် အရှိန်တင်တော့သည်။
အဆုံးသတ်မျဉ်းမှာ နီးသည်ထက် ပို၍ နီးကပ်လာနေပြီဖြစ်သည်။
သုံးမီတာ
နှစ်မီတာ
တစ်မီတာ
သူသည် ပန်းဝင်မျဉ်းသို့ ခြေတစ်ဖက် လှမ်းနေပြီဖြစ်သည်။
နောက်ထပ်ခြေတစ်ဖက် လှမ်းလိုက်ပါက သူသည် အဆင့်တစ်ခုကို ချော့မွေ့စွာ ကျော်ဖြတ်နိုင်ပေတော့မည်။
သို့သော် ထိုအချိန်၌ လက်တစ်ဖက်သည် သူ့ဂုတ်အား ရုတ်တရက် ဆွဲချသည်ကို ခံစားလိုက်ရသည်။
ထိုအမျိုးသားကစားသမားသည် ယဲ့ဖန်ကို ကြောက်လန့်စွာ ကြည့်လိုက်သည်။
သူ အစောပိုင်း၌ လှည့်ကြည့်စဉ်က တစ်ဖက်လူသည် မီတာ၃၀လောက် အကွာအဝေးတွင် ရှိနေခဲ့သည်။
စက္ကန့်ပိုင်းလေးနဲ့ အဲ့တစ်ယောက်က သူ့ကို လိုက်မီသွားတာလား။
ဒါက လုံးဝကို ညစ်နေတာပဲ။
ထိုသို့ တွေးနေသည်မှာ ထိုကစားသမားတစ်ယောက်တည်း မဟုတ်ပေ။
ရှိနေသည့်လူတိုင်းသည် ယဲ့ဖန်ကို ထိတ်လန့်နေသော အမူအရာဖြင့် ကြည့်နေကြသည်။
ထုတ်ခံရသည့်သူ များသောကြောင့် သူတို့ထိုင်နေသော စက်ဝိုင်းမှာ သေးသော်လည်း အချင်းမှာ အနည်းဆုံးဖြင့် မီတာတစ်ရာလောက် ရှိနိုင်သည်။
အဲ့တာက ယဲ့ဖန်က ဘယ်လောက်လေးနဲ့ ဖမ်းမိသွားတာလဲ။
မည်သူမျှ အတိအကျ လိုက်၍ ရေတွက်ထားခြင်း မရှိသော်လည်း အလွန်ဆုံးမှ ၁၀စက္ကန့်လောက်သာ ကြာလောက်သည်။
ယောက်ျားလေး အပြေးကမ္ဘာ့စံချိန်တင်က ဘယ်လောက်လဲ။
အဲ့တာက ၉စက္ကန့်လောက်ပဲ ဟုတ်တယ်မလား။
ပြောရရင် ဒီပျော့နွဲ့တဲ့ကောင်လေးက ပညာရှင်ကစားသမားလို ပြေးခဲ့တာတဲ့လား။
" ဘုရားရေ၊ သူက တကယ်ကြီး သူ့ခွန်အားကို ဖုံးကွယ်ထားတာလား "
" ငါ သူ့ကို တိုင်မယ်။ သူက လိမ်ထားတာ။ သူက ဒီလောက်မြန်နေအောင် ပြေးနိုင်တာကို အားနည်းချင်ယောင်ဆောင်နေတယ်။ ဒါက လိမ်နေတာပဲ မဟုတ်ဘူးလား "
" အင်း ...... ဘယ်လိုပဲဖြစ်ဖြစ် ပွဲစီစဉ်သူက ပါတဲ့သူတွေကို အချက်အလက်အမှန် ပေးရမယ်လို့ အတိအကျပြောထားတာမှ မဟုတ်တာ "
" ချီး၊ ဒါက ညစ်တာပဲ "
" မတတ်နိုင်ဘူး။ စည်းမျဉ်းတွေက အဲ့လိုချထားတာပဲ။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကံမကောင်းတဲ့ ဟိုကစားသမားကို တင်ရမှာပဲ "
" ဟားဟား၊ သူက အဲ့တစ်ယောက်ကို ငနုံလေးပါဆိုပြီး ရွေးလိုက်တာ ပုန်းနေတာတကယ့်ဆရာကြီး ထွက်လာမယ် မထင်ထားလောက်ဘူး။ ဟားဟားဟား ........ "
လူတိုင်းမှ စတင်၍ ရွဲ့စောင်း ပြောဆိုကြတော့သည်။
ထိုအခါ ထိုယောက်ျားလေးကစားသမားမှာ မျက်ရည်ကျမတတ် ဖြစ်နေသည်။
သူသည် လူအုပ်ကြီးထဲမှ ယဲ့ဖန်ကဲ့သို့ လူပျော့လေးကို အသေအချာ ရွေးခဲ့သည်။
သို့သော် လက်တွေ့သည် သူ့ကို ပြင်းထန်သော ရိုက်ချက်တစ်ခု ပေးလေသည်။
ဒါက ဘယ်လိုလုပ် ကြက်ပေါက်လေး ဖြစ်ရမှာလဲ။
ဒါက တိုက်ကြက်ကြီးပဲ။
သူ မည်မျှပင် လက်မခံနိုင် ဖြစ်နေသော်လည်း ရလဒ်မှာ ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။
ဒိုင်လူကြီးမှာ အမြန်ပေးလာပြီး သူ့ကို အနီကတ်ပြလေသည်။
" ပြိုင်ပွဲဝင်နံပါတ် ၁၄၉၊ ထွက် "
ထိုအမျိုးသားကစားသမားသည် ယဲ့ဖန်ကို ခါးသီးစွာ ကြည့်ပြီး စိတ်ဓာတ်ကျစွာဖြင့် လျှောက်ထွက်သွားသည်။
ဒိုင်လူကြီးသည်လည်း ယဲ့ဖန်ကို အသေအချာ ကြည့်လိုက်သည်။
" မင်းရဲ့ နေရာကို ပြန်သွား။ ကစားပွဲ ပြန်စမယ် "
ထိုသို့ဖြင့် ထိုလူမှာ လှည့်ထွက်သွားရသည်။
ယဲ့ဖန်သည် သူ့ထိုင်ခုံဆီသို့ ပြန်သွားပြီး ကျူးရှောင်ကျောင်းကို မျက်စောင်းထိုးလိုက်သည်။
ကျူးရှောင်ကျောင်းမှာလည်း မျက်ခုံးပင့်ကာ သူ့ကို ကြည့်လိုက်လေသည်။
သူမသည် သူတို့နှစ်ဦးအတွက် အချက်အလက်များအား သတင်းပေးထည့်ခဲ့သူ ဖြစ်သည်။
သူမသည် ယဲ့ဖန်၏ ခွန်အားကို တမင်တကာ ဖုံးကွယ်ထားသူလည်း ဖြစ်သည်။
မျှော်လင့်ထားသလိုပင် ယဲ့ဖန်သည် အရေးကြီးသည့် အခိုက်အတန့်၌ မမျှော်လင့်ထားသော ရလဒ်တစ်ခုကို ကစားခဲ့သည်။
သူမသည် သူမ၏ ဉာဏ်ပြေးမှုကို အလွန်ဂုဏ်ယူနေသည်။
တစ်ချိန်တည်း၌ မဏ္ဍပ်တွင် ထိုင်နေသည့် ရှင်းကျီဖင်းသည် ရုတ်တရက် ထရပ်လိုက်သည်။
ယဲ့ဖန်၏ ဦးတည်သွားရာကို ကြည့်နေလျက် သူ မျက်မှောင်ကြုတ်သွားမိသည်။
သူ့ဘေးနားရှိ အတွင်းရေးမှူးသည် သူ့ကို တက်ဘလက်တစ်လုံး အမြန်ပေးလိုက်သည်။
" အကြီးအကဲရှင်း၊ ဒီကလေးက အချက်အလက်တွေကို လိမ်ထားတာပါ "
ရှင်းကျီဖင်းသည် ယဲ့ဖန်၏ အချက်အလက်ကို ဖွင့်ပြီး ကြည့်လိုက်သည်။
သူ့မျက်ခုံးများမှာ ပို၍ တင်းကြပ်သွားပုံရသည်။
" ဟမ်း၊ ကျားစားဖို့ ဝက်တစ်ကောင်လို ဟန်ဆောင်ချင်တာလား။ အိပ်မက်မက်နေလိုက် "
" ချက်ချင်း သွားပြီးတော့ စီစဉ်လိုက်။ ငါတို့ သူ့ကို ဖယ်ရှားဖို့ နည်းလမ်းကို စဉ်းစားကြရမယ် "
ထိုကောင်လေး၏ နိုင်ခြေ အလေးသာမှုမှာ ဆယ်ပုံတစ်ပုံ ဖြစ်ပြီး သူသည် ၁၀ သန်း လောင်းထားလေသည်။
အကယ်၍ သူသည် ချန်ပီယံဆု ရသွားခဲ့ပါလျှင် သူတို့အနေဖြင့် အနည်းဆုံး ယွမ် သန်း၁၀၀ ဆုံးရှုံးရပေလိမ့်မည်။
ချန်ပီယံနိုင်ကြေးဆုငွေ အပါအဝင် ယွမ် သန်း ၂၀၀ဖြစ်သည်။
ထို့ကြောင့် ထိုကောင်လေးအား ဖိုင်နယ်အား ဝင်ခွင့်မပြုနိုင်ချေ။
" ဟုတ်ကဲ့ပါ၊ အကြီးအကဲရှင်း "
အတွင်းရေးမှူးသည် သဘောတူပြီးနောက် ချက်ချင်းပင် စီစဉ်ရန် ဆင်းသွားသည်။
ယဲ့ဖန်သည် အစောပိုင်း၌ သူ၏ အစွမ်းအစကို ထုတ်ပြထားပြီးဖြစ်ရာ သူ့ကို မည်သူကမှ လက်ကိုင်ပုဝါကို မပစ်ရဲတော့ချေ။
ယဲ့ဖန်သည် သူ၏ လုပ်နိုင်စွမ်းကို ပြသလိုက်သောကြောင့် အခြားသူများသည် သူ့ကို ထပ်ပြီး မရွေးရဲကြတော့ချေ။
ရွေးလိုက်ပါက သေတွင်းတူးသည်နှင့် မခြားနားပေ။
ကျူးရှောင်ကျောင်း၏ သုံးပွဲနားချိန်သည် ပြည့်သွားပြီ ဖြစ်သည်။
ကွင်းထဲရှိ တစ်ဦးတည်းသော အမျိုးသမီးကစားသမားအနေဖြင့် သူမသည် 'အမဲလိုက်ခြင်း'၏ နောက်တစ်ကြိမ်ပစ်မှတ် ဖြစ်လာသည်။
ကျူးရှောင်ကျောင်းသည် သူမ၏ ကျရောက်မည်ဖြစ်သော အန္တရာယ်ကို သတိမူမိ၍ ထပ်ပြီး စိတ်လှုပ်ရှားလာသည်။
ထင်ထားသည့်အတိုင်း နောက်ထပ်အမျိုးသားကစားသမားသည် သူမအနောက်သို့ လက်ကိုင်ပဝါကို ပစ်လိုက်သောကြောင့် သူမ ပြေးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကျောက်တုံးအသေးလေးတစ်တုံးသည် ယဲ့ဖန်၏ လက်ထဲမှ ပျံထွက်လာသည်။
ဒေါက်
ထိုလူသည် ခြေလှမ်း၂လှမ်းလောက်ပင် လှမ်းရသေးသော်လည်း ရုတ်တရက် ခြေခေါက်ပြီး ရှေ့သို့ လဲကျသွားသည်။
သူ၏ အရှိန်သည် အလွန်ပြင်းသောကြောင့် လဲသည့်အခါ မြေပေါ်သို့ ကျွမ်း၃၊၄ပတ်လောက် ထိုးလှိမ့်သွားပြီးနောက်မှ ရပ်သွားသည်။
" အား ......... "
ထိုလူမှာ ချက်ချင်း နာကျင်စွာ အော်ဟစ်လေတော့သည်။
ကျူးရှောင်ကျောင်းသည် လက်ကိုင်ပဝါဖြင့် ထရပ်လိုက်ချိန်မှာပင် သူမ၏ ပြိုင်ဘက်သည် အဆုံးသတ်နေပြီ ဖြစ်သည်။
သူမ မတတ်နိုင်ဘဲ ယဲ့ဖန်ကို လှည့်ကြည့်ကာ အပြစ်တင်မိသည်။
အနည်းဆုံးတော့ မတိုက်ခိုက်ခင် အဲ့လူကို နည်းနည်း ဝေးအောင်ထိ ပြေးဖို့ စောင့်သင့်တယ် မဟုတ်ဘူးလား။
အခုကျ အဲ့တာကြီးက မသိသာလွန်းဘူးလား။
သို့သော် သူမသည်သာ အတွေးလွန်နေတာဖြစ်သည်။
ထိုပြိုင်ဘက်အား ဇာတ်လမ်းဆင်ခံရသည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ယဲ့ဖန်၏ နည်းလမ်းမှာ မယုံနိုင်စရာကောင်းလှသည်။
သူသည် ကျောက်တုံးအသေးလေးဖြင့် ရွေ့လျားနေသော ပစ်မှတ်အား တိကျစွာ မှန်အောင် ပစ်နိုင်သည်။
ထိုနည်းလမ်းမှာ သာမန်လူများ နားလည်နိုင်သည့်အတိုင်းအတာထက် ကျော်လွန်နေလေသည်။
လဲကျသွားသော ပြိုင်ပွဲဝင်သည် ဆက်တိုက် ငြင်းဆိုနေသော်လည်း ဒိုင်မှာ အညှာအတာကင်းမဲ့စွာဖြင့် သူ့ကို ထုတ်ပယ်လိုက်သည်။
လူတိုင်းသည် ကျူးရှောင်ကျောင်းကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
" ဘုရားရေ၊ ဒီမိန်းကလေးရဲ့ ကံက မကောင်းလွန်းဘူးလား။ ယောက်ျားနှစ်ယောက်က အကြောင်းအရင်းမရှိဘဲ လဲကျသွားပြီးတော့ သူမက အဲ့တာကို အခွင့်ကောင်းယူနိုင်လိုက်တယ် "
" ကြောက်စရာကောင်းတယ်လို့ ငါ ဘာလို့ ခံစားမိနေတာပါလိမ့်။ သူမက ကံဆိုးမှုတွေ သယ်လာပေးတဲ့သူလား။ သူမကို စိန်ခေါ်တဲ့သူတွေက အဆုံးသတ်ကောင်းရမှာ မဟုတ်ဘူး "
" အဲ့တာက တိုက်ဆိုင်တာဖြစ်ဖို့အတွက်က လွန်လွန်းတယ်လို့ ငါလည်းထင်တယ်။
နောက်ဆုံး ပြိုင်ပွဲဝင် အမျိုးသားက ပြေးပြီး မထင်မှတ်ဘဲ လဲကျသွားတယ်။ ဒီတစ်ခါလည်း ဒီလိုပဲ။ ဒါက ... နည်းနည်း ထူးဆန်းတယ် "
" သရဲကား ကြည့်နေသလို ခံစားရတယ် .... "
လူတိုင်းသည် မည်မျှပင် သံသယ ဖြစ်နေပါသော်လည်း ကျူးရှောင်ကျောင်းသည် တစ်ဖန် အသက်ရှင် ကျန်ရစ်ခဲ့ပြန်သည်။
အနည်းဆုံးဖြင့် သူမအား အခြားသူများမှ နောက်ထပ်သုံးကြိမ် ထပ်ပြီး စိန်ခေါ်လို့ မရတော့ချေ။
ပြိုင်ဆိုင်မှုများ ဆက်လက်ဖြစ်ပွားနေပြီး သန်မာသူများသည် အားနည်းသူများကို ပစ်မှတ်ထားသည့် ပွဲအနည်းငယ် ရှိလိုက်သည်။
သုံးကျော့ကစားပြီးနောက် ကျူးရှောင်ကျောင်း၏ အာရုံကြောများ တင်းမာလာပြန်သည်။
ထိုအချိန်၌ အိမ်ရှင်၏ အသံသည် အသံချဲ့စက်မှ ထွက်ပေါ်လာပြန်သည်။
" အချိန်ကုန်ပြီ။ ပထမအကျော့ ပြီးသွားပါပြီ "
" ဝေးဟေး ...... "
လူအုပ်ကြီးသည် ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
အချင်းချင်း သိကြသည်ဖြစ်စေ၊ မသိကြသည်ဖြစ်စေ နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော ပြိုင်ပွဲဝင်များအားလုံးသည် အချင်းချင်း ပွေ့ဖက်နှုတ်ဆက်ကြသည်။
တစ်ချို့မှာ ဝမ်းသာမျက်ရည်များကျကာ ငိုကြတော့သည်။
ဒုတိယအချီသို့ တက်ရောက်နိုင်ခြင်းသည် သူတို့အတွက် ဆုကြေးငွေ သန်း၁၀၀နှင့် နီးကပ်လာပြီဟု ဆိုလိုခြင်းဖြစ်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၄၂ )
မင်းကို အခု တိုင်ကြားလိုက်မယ်။
ယဲ့ဖန်သည် ဘေးပတ်လည်ကို ကြည့်လိုက်ရာ ပထမအချီ ပြိုင်ဆိုင်မှုပြီးသည့်နောက် ပြိုင်ကွင်းထဲ၌ မိန်းကလေးပြိုင်ပွဲဝင် များစွာမကျန်တော့ကြောင်း သိလိုက်ရသည်။
ကျန်ခဲ့လျှင်ပင် ထိုမိန်းကလေးများသည် ယောက်ျားများထက် သန်မာသည့် ဒိုင်နိုဆောမများ ဖြစ်ပေလိမ့်မည်။
ထိုအချက်ကြောင့် ကျူးရှောင်ကျောင်း၏ ထူးခြားမှုမှာ ပို၍ ပေါ်လွင်လာသည်။
အခြားအုပ်စုမှ အဖွဲ့ဝင်များသည် ဤအလှလေး၌ ထူးခြားသည့်အားသာမှုများ အမှန်တကယ် ရှိနေမည်ဟု မထင်ထားကြ၍ သူတို့မှာ အလွန်ပင် ထိတ်လန့်အံ့ဩနေကြရသည်။
ကျူးရှောင်ကျောင်း၏ မှော်ဆန်သော ပြောင်မြောင်မှု နည်းလမ်းများသည် လူတိုင်းကို ပို၍ မှင်သပ်နေသည်။
ထိုအခါ လူအများမှာ သူမအနားသို့ နီးကပ်လာကြသည်။
တစ်ချိန်တည်းမှာပင် အရပ်ပုပုဖြင့် လူတစ်ယောက်သည် ရုတ်တရက် ယဲ့ဖန်ဘေးသို့ လျှောက်လာသည်။
" ညီလေး၊ ဘေးကိုသွားပြီး စကားပြောကြမလား "
ယဲ့ဖန် ထိုလူ့ကို စိုက်ကြည့်လိုက်သည်။
" ခင်ဗျားနဲ့ ဘာပြောစရာရှိလို့လဲ "
ထိုလူသည် ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် ယဲ့ဖန်ဘေးနားသို့ တိုးကပ်လာသည်။
" ငါ ခုနက သေချာမြင်လိုက်တယ်။ မင်း ကျောက်ခဲပစ်ပြီး အဲ့နှစ်ယောက်ကို လဲကျအောင် လုပ်လိုက်တာ၊ ဟုတ်တယ်မလား "
ထိုလူဘေး၌ ရှိနေသည့် ကျူးရှောင်ကျောင်းမှာလည်း ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်းပင် စိတ်ပူပန်လာသည်။
ယဲ့ဖန်၏ မျက်လုံးများမှာ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသော်ငြား လျင်မြန်စွာ ဖုံးကွယ်လိုက်နိုင်သည်။
" ဟားဟား၊ ခင်ဗျားက နောက်နေတာမလား "
" ကျွန်တော့်မှာ အဲ့လိုစွမ်းရည်မျိုး ရှိနေရင် ဘာလို့ ဒီလိုနေရာမှာ အပျော်လာပြိုင်နေတော့မှာလဲ "
ထိုလူမှ နှာမှုတ်လိုက်သည်။
" မင်း တခြားသူတွေစီကနေ ဖုံးကွယ်ထားနိုင်ပေမဲ့ ငါ့ဆီကနေတော့ မဖုံးနိုင်ဘူး။ မင်းကို အခု တိုင်လိုက်မယ်ဆို ယုံလား "
" အချိန်ကျလာရင် မင်းရော အဲ့ကောင်မလေးရော သေချာပေါက် အထုတ်ခံရမှာ "
ယဲ့ဖန် ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ထိုလူကို စိုက်ကြည့်လိုက်သည်။
" ပြော၊ ဘာလိုချင်တာလဲ "
ထိုလူက ပြုံးလိုက်သည်။
" ဘာမှ မလုပ်ချင်ပါဘူး။ မင်းတို့နဲ့အတူ ပူးပေါင်းချင်ရုံပါ "
ယဲ့ဖန်သည် သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
" ဘယ်လိုပူးပေါင်းမှာလဲ "
ထိုလူသည် ပြောမည့်စကားများ ကြိုတင်ပြင်ဆင်လာပြီး ဖြစ်သည်။
" အရမ်းရိုးရှင်းပါတယ်။ မင်းကို နောက်ဆုံးပွဲစဉ်ဝင်အောင် ကူပေးမယ်။ မင်းနိုင်ရင် ငါတို့ ဆုကြေးငွေကို ၅၀-၅၀စီ ခွဲမယ်။ ဘယ်လိုလဲ "
ယဲ့ဖန်သည် ချက်ချင်းပင် သူ့ကို ပြုံးပြလိုက်သည်။
" ခင်ဗျားက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ။ ဒုတိယပွဲကိုတောင် နိုင်ပါ့မလားဆိုတာ မသေချာပါဘူး။ နောက်ဆုံးပွဲစဉ်ဆို ပိုတောင် ဝေးပါသေးတယ် "
ထိုလူမှာ ရယ်လိုက်သည်။
" ငါ မင်းရဲ့ စွမ်းရည်တွေကို အထင်ကြီးပါတယ်။ မင်း နောက်ဆုံးပွဲစဉ်ကို သေချာပေါက် ဝင်လိမ့်မယ် "
ယဲ့ဖန်သည် ချက်ချင်း သဘောမတူသေးပေ။
" ဒါဆိုလည်း ခင်ဗျားက ဘယ်လိုကူနိုင်လို့လဲ "
ထိုလူသည် ဘေးပတ်လည်ကို လှည့်ကြည့်ပြီး အသံကို ထပ်၍ တိုးကာ ပြောသည်။
" မင်းကို မတိုင်မယ့်အပြင် တခြားပြဿနာတွေလည်း နည်းနည်းကူရှင်းပေးနိုင်တယ် "
" ဒီထဲက လူအများစုကို ပွဲစီစဉ်တွေက လွှတ်ထားတာ။ တကယ့် ကစားသမားတွေ မဟုတ်ဘူး။ သူတို့က နည်းမျိုးစုံသုံးပြီး မင်းတို့ကို အဆင့်မတက်အောင် လုပ်လိမ့်မယ်။ အဲ့လူတွေကို ကူရှင်းပေးနိုင်တယ် "
အမှန်တကယ်တွင် ထိုလူ မပြောလျှင်ပင် ကွင်းထဲ၌ ထူးဆန်းစွာ လှုပ်ရှားနေသူများရှိကြောင်း ယဲ့ဖန် သတိထားမိလေသည်။
ထိုလူများသည် ပြိုင်ပွဲဝင်နေကြခြင်းနှင့် မတူပေ။
သူတို့သည် ပြဿနာရှာရန် ရောက်နေပုံရသည်။
" ဘယ်လိုသိတာလဲ "
ယဲ့ဖန်သည် အံ့ဩချင်ယောင်ဆောင်လိုက်သည်။
ထိုလူသည် တမင်တကာ လျှို့ဝှက်ဆန်းကြယ်ဟန် လုပ်လိုက်သည်။
" ဒါပေါ့၊ ငါ့မှာ သတင်းအရင်းအမြစ်တွေ အများကြီးရှိတယ်။ မင်း သဘောတူလား၊ မတူလားဆိုတာပဲပြော။ ဒါက နှစ်ဖက်လုံးအတွက် အကျိုးအမြတ်ရှိတဲ့ အခြေအနေပဲ "
ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
" ရတယ်လေ "
ထိုလူသည် ချက်ချင်းပင် သဘောတကျ ရယ်မောလိုက်သည်။
" ဒါဆိုလည်း ငါတို့ နိုင်ကြပါစေလို့ ဆုတောင်းတယ် "
ထိုသို့ဖြင့် ထိုလူမှာ လှည့်ထွက်ပြီး လျှောက်သွားသည်။
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်လက်ကို တိြ့လိုက်သည်။
" နင် တကယ်ကြီး သူ့ကို ဆုငွေတစ်ဝက် ပေးမလို့လား "
ယဲ့ဖန် သူမကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
" ကိုယ်က အဲ့လောက် သဘောကောင်းတယ်လို့ မင်းထင်လို့လား "
ကျူးရှောင်ကျောင်း အံ့ဩသွားသည်။
" နင် သူ့ကို လိမ်လိုက်တာလား။ ဒါပေမဲ့ ငါတို့က သူ့ကို ပိုက်ဆံမပေးလို့ သူက ဖော်လိုက်ရင် ဘယ်လိုလုပ်မလဲ "
ယဲ့ဖန် ထိုလူ၏ ကျောဘက်ကို ထပ်ကြည့်လိုက်သည်။
ထိုအခါ သူ၏ နှုတ်ခမ်းမှာ အေးစက်စွာ ကွေးညွတ်တက်သွားသည်။
" မပူပါနဲ့၊ သူ ပြောဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး "
" သူကလား ကိုယ့်ကို ခြိမ်းခြောက်နိုင်မှာ။ အဲ့တာက သူ့အသက်ကို လုံလုံလောက်လောက် နေပြီးပြီလို့ ဆိုလိုတာပဲ "
ထိုအချိန်တွင် ပွဲတင်ဆက်သူမှ စင်ပေါ်သို့ ထပ်တက်လာပြီး လူအုပ်ကြီးအား တစ်ကြိမ်ထပ်၍ ကြေညာပြန်သည်။
" ပထမပွဲစဉ် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးတဲ့နောက် ပြိုင်ပွဲဝင် ၄၂၅ ယောက် ထွက်သွားရပါပြီ။ အခု ၆၇၈ယောက်ပဲ ကျန်ပါတော့တယ်။ လူတိုင်း ဒုတိယပွဲစဉ်ကို တက်ရောက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် "
ကစားသမားများမှာ ချက်ချင်းပင် ကျယ်လောင်စွာ လက်ခုပ်တီး အားပေးနေကြကာ တစ်ချိန်တည်းမှာပင် ကြားလိုက်ရသည့်စကားကြောင့် အံ့ဩနေကြသည်။
ပထမပွဲစဉ်မှာပင် ပြိုင်ပွဲဝင်များထဲမှ ၃ပုံ ၁ပုံကျော် ပြုတ်သွားလိမ့်မည်ဟု မထင်ထားကြပေ။
သို့သော် ထွက်လာရသူ အများစုမှာ အမျိုးသမီးကစားသမားများ ဖြစ်ကြကာ အချို့မှာ အားနည်းသည့် အမျိုးသားများဖြစ်ကြသည်။
ကျန်ရှိသော ကစားသမားများမှာမူ အခြေခံအားဖြင့် အတော်အတန် ခွန်အားတောင့်တင်းကြသည်။
ပွဲကြေညာသူသည် လက်ခုပ်သံစဲသွားသည်ကို စောင့်ပြီးနောက် ဆက်လက်၍ ကြေညာသည်။
" နောက်တစ်ချီအတွက် ကစားပွဲမှာ ပုံဆက်နည်းကစားပွဲ ဖြစ်ပါတယ် "
လူတိုင်းမှာ တစ်ဖန်ထပ်၍ ကြောင်အပြန်ရသည်။
ပထမပွဲစဉ်မှာ အတော်ပင် ကလေးဆန်ခဲ့ပြီးဖြစ်ရာ ဒုတိယပွဲစဉ်မှာ ပို၍ပင် ကလေးဆန်နေသည်။
ကစားပွဲမှာ ပုံချပ်ဆက်ခြင်းဖြစ်သည်။
ထိုအချိန်၌ အမျိုးသမီးအချို့ စင်ပေါ်သို့ လမ်းလျှောက်လာပြီး သူတို့၏ လက်ထဲ၌ စာလိပ်များကို ကိုင်ထားသည်။
ထို့နောက် စာလိပ်များကို တစ်လိပ်ချင်းစီ ဖြန့်လိုက်လေသည်။
ထိုစာလိပ်များမှာ ရှေးဟောင်းပန်းချီကားချပ်များ ဖြစ်သည်။
ပွဲကြေညာသူသည် ဆက်၍ မိတ်ဆက်ပေးသည်။
" ဒုတိယအချီမှာ လူတိုင်းက အဖွဲ့ဖွဲ့ပြီး ပန်းချီပုံတစ်ချပ်ကို ရွေးရပါမယ်။ လမ်းလျှောက်လှည်းလုံးပန်းချီ၊ ဆံထိုးနှင့်မိန်းမလှလေးပန်းချီ၊ တံဆိပ်တုံးထုလေ့ကျင့်ရေးဆံပင်၊ မြစ်တစ်လျှောက် ချင်းမင်းပွဲတော်ပန်းချီတို့ ဖြစ်ပါတယ်။ အချိန်သတ်မှတ်ချက်မှာ မိနစ်၂၀ဖြစ်ပြီး ပြီးဆုံးအောင် မဆက်နိုင်သော အဖွဲ့မှာ အဖြုတ်ခံရမှာပါ ...... "
အမှန်တွင် ကစားသမားအများစုသည် ပြိုင်ပွဲမစမီကတည်းက အဖွဲ့များ ရှိခဲ့ကြသည်။
သို့သော် ပထမပွဲစဉ်ကစားပြီးနောက် အဖွဲ့ဝင်တစ်ချို့မှာ ထွက်သွားကြရ၍ အဖွဲ့အသစ်ဖွဲ့ရန် လိုအပ်နေသည်။
ဆယ်မိနစ်မျှ ကြာပြီးနောက် ကစားသမားများသည် အဖွဲ့များဖွဲ့ပြီးကာ ဆက်ရမည့် ပုံယူရန် စောင့်နေကြသည်။
အဆုံး၌ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် 'မြစ်တစ်လျှောက် ချင်းမင်းပွဲတော်ပန်းချီ'ကို ရွေးမိကြသည်။
ဒိုင်သူကြီးမှ ခရာမှုတ်ပြီးနောက် ဒုတိယပွဲစဉ် စတင်တော့သည်။
ပြိုင်ပွဲဝင်များမှာ အချိန်လု၍ ဆော့ကစားရမည်ဖြစ်ရာ အထုတ်ဖွင့်ခြင်း ပြန့်ကျဲနေသော ပုံအပိုင်းအစများ ထုတ်ခြင်းတို့ကို လျင်မြန်စွာ လုပ်နေကြသည်။
ထိုအခါ သူတို့အားလုံး ကြောင်အသွားရသည်။
ပုံဆက်ရမည့် ပန်းချီအစိတ်အပိုင်းများမှာ ထောင်ချီရှိနေသည်။
ထို့ကြောင့် မိနစ်၂၀အတွင်း လုပ်ရန်မှာ သေချာပေါက် ခက်ခဲပေလိမ့်မည်။
ကျူးရှောင်ကျောင်း၏ မျက်နှာ၌ စိုးရိမ်ပူပန်မှုများ ပြည့်နေတော့သည်။
သူမသည် ထိုကဲ့သို့ ရှုပ်ထွေးသောအရာများအား အကြောက်ဆုံးဖြစ်သည်။
ပုံဆက်ပဟေဠိအစား သူမအတွက် သစ်ပင်တက်ရသည်က ပိုလွယ်လေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ယဲ့ဖန်မှာတော့ ထိုပုံအစိတ်အပိုင်းများကို အလွန်စိတ်ဝင်စားနေသည်။
သူသည် ထိုအပိုင်းများကို ကောက်ကိုင်လိုက်ပြီး စတင်လေ့လာကြည့်တော့သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၄၃ )
သူ အနိုင်ကျင့်တာကို ခံချင်တာ
" ဒီ ..... ဒီပွဲတာဝန်က နင့်ကိုပဲ အားကိုးရတော့မယ်။ ဖိုက်တင်း ကြိုးစားထား။ ကံကောင်းပါစေ "
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ ပုခုံးကို ပုတ်ကာ သူ့ကို နှစ်သိမ့်ပေးရန် လုပ်လိုက်သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ မျက်လုံးဝေ့မိသည်။
" မင်း ခုနပွဲတုန်းကလည်း ကိုယ့်ကို မှီခိုခဲ့တာပဲ မဟုတ်ဘူးလား "
ကျူးရှောင်ကျောင်း ချက်ချင်းပင် ရှက်ရွံ့စွာ ပြုံးလိုက်သည်။
" ခွန်အားကြီးလေ တာဝန်ကြီးလေပဲ။ ငါ နောက်ပွဲကျ ကစားပါ့မယ်။ ငါ နင့်အတွက် ရေသွားဝယ်ပေးမယ်လေ "
ထိိုသို့ပြောပြီးနောက် သူမ ထွက်ပြေးသွားလေသည်။
ယဲ့ဖန် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။
သူ ဘယ်လိုအသင်းဖော်ကို ရှာမိတာပါလိမ့်။
ထားလိုက်ပါတော့။ သူမ ဝင်ကူရင်တောင် ပိုပြီးတော့ ရှုပ်ကုန်မှာ။
ကိုယ့်ဟာကိုယ်ပဲ လေ့လာတော့မယ်။
ထိုအချိန်၌ အခြားအသင်းများမှာ ဦးတည်ရာမရှိဘဲ အပိုင်းအစများကို တွေ့ကရာရှာလျက် အလုပ်ရှုပ်နေကြသည်။
ယဲ့ဖန်မှာတော့ သူတို့လောက် ပြာယာခတ်သွားခြင်း မရှိပေ။
သူသည် အပိုင်းအစ တစ်ခုစီကို ကြည့်လိုက်၊ ဘေးသို့ ဖယ်ထားလိုက်၊ နောက်တစ်ခု ယူကြည့်လိုက်ဖြင့် သေချာ မှတ်သားလေ့လာနေသည်။
ကျူးရှောင်ကျောင်းသည် အပြင်၌ ဆယ်မိနစ်လောက် အချိန်ဖြုန်းနေခဲ့ပြီးနောက်မှ ပြန်ဝင်လာသည်။
သို့သော် ပြန်လာသည့်အခါ ယဲ့ဖန်သည် တစ်ခုမှပင် မဆက်ရသေးကြောင်း သိလိုက်ရသည်။
ထိုအခါ သူမ ပြောလိုက်သည်။
" အစ်ကိုလေး၊ ကြာလှနေပြီ။ တစ်ခုလေးတောင် မဆက်ရသေးဘူးလား။ ကျန်တဲ့သူတွေက အသားကုန် လုပ်နေကြပြီကို "
ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" အဲ့တာဆိုလည်း အဲ့အဖွဲ့တွေဆီ သွားလိုက် "
ကျူးရှောင်ကျောင်း ပြောစရာ စကားမဲ့သွားရသည်။
ထို့ကြောင့် ရေနှင့် မုန့်များကို ဘေးသို့ တွန်းဖယ်လိုက်သည်။
" ထားလိုက်တော့။ ငါ့ဘာသာ လုပ်လိုက်မယ်။ ယောက်ျားတွေက ယုံကြည်လို့မရဘူး "
ယဲ့ဖန် သူမလက်ကို ဘေးသို့ တွန်းထုတ်တော့သည်။
" ဘေးကိုဖယ်နေ၊ ပြဿနာ မရှာနဲ့ "
ကျူးရှောင်ကျောင်း ဒေါသထွက်သွားသည်။
" နင် မတိုက်ခိုက်ချင်ဘူးဆိုလည်း ငါ့ကို တိုက်ခိုက်ခွင့် မပြုသင့်ဘူးလား "
ယဲ့ဖန် သူမကို စိုက်ကြည့်လိုက်သည်။
" မင်း နားမလည်ပါဘူး "
ကျူးရှောင်ကျောင်း ရုတ်ချည်း မတ်တပ်ထရပ်လိုက်သည်။
" ငါက ဘာ နားမလည်ရမှာလဲ။ အချိန်က ပြည့်တော့မှာ။ နင်က တစ်ခုလေးတောင် မဆက်ရသေးဘဲ ဘာလို့ ငါ့ကို လာဆူနေသေးတာလဲ ...... "
သူမ၏ မျက်ရည်များမှာ မုန်တိုင်းတစ်ခုလို ကျစီးလာတော့သည်။
အခြားအဖွဲ့ဝင်များမှာလည်း သူမဘက်က ပါဘေးကြကာ ယဲ့ဖန်ကို မပျော်မရွှင် ကြည့်ကြတော့သည်။
" ပြောရရင် မင်းလည်း အတူတူပါပဲ။ ဘာလို့ နတ်သမီးလေးအပေါ်ကို ကြမ်းတမ်းနေရတာလဲ "
" ဟုတ်တယ်။ သူမက တခြားသူတွေ ခေါ်တာကို ငြင်းပြီး မင်းနဲ့တောင် တစ်ဖွဲ့တည်းနေဖို့ ရွေးထားတာ။ မင်း သူမကို တန်ဖိုးမထားရင်တောင် အဲ့လောက်ကြီးထိ ပြင်းထန်စရာ မလိုပါဘူး "
" ပြိုင်ပွဲအချိန်က ပြည့်တော့မယ်။ တစ်ခုတောင် မဆက်ရသေးဘူး။ အခြားသူလည်း ပေးမလုပ်ဘူး "
" ဟားဟား၊ ယောက်ျားတွေက အကုန်အတူတူပဲ။ မင်းက အသုံးမကျတာနဲ့ အခြားသူတွေကို ဒေါသပုံချင်သေးတာလား "
ကျူးရှောင်ကျောင်းသည် အခြားသူများမှ ယဲ့ဖန်အား ပြောဆိုနေသည်ကို ကြားပြီးနောက် သူတို့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
" ကျွန်မတို့ကိစ္စက ရှင်တို့နဲ့ ဘာဆိုင်လို့လဲ။ ကိုယ့်ကိစ္စကိုယ်လုပ် "
ထိုလူများမှာ အဆူခံလိုက်ရခြင်းကြောင့် ချက်ချင်း ကြောင်အသွားသည်။
" မိန်းကလေး၊ ငါတို့က မင်းအတွက် ပြောပေးနေတာ။ ဘာလို့ လူကောင်းရဲ့ ကူပေးတဲ့လက်ကို ကိုက်ချင်နေရတာလဲ "
" ဟုတ်တယ်။ သူက မင်းကို အနိုင်ကျင့်နေတာမြင်လို့ မင်းဘက်က ရပ်တည်ပေးတာ။ ဘာလို့ ပြန်ကိုက်နေတာလဲ "
ကျူးရှောင်ရှောင်း နှာမှုတ်လိုက်သည်။
" သူ့ဆီက အနိုင်ကျင့်ခံရဖို့ ဆန္ဒရှိတယ်။ အဲ့တော့ ရှင်တို့က ဘာလုပ်ချင်လို့လဲ။ ကိုယ့်ကိစ္စ ကိုယ်ဂရုစိုက် "
ထိုသို့ ပြောပြီးနောက် သူမ ယဲ့ဖန်အရှေ့တွင်ထိုင်ကာ သူ့ကို ကပ်ချွဲနေတော့သည်။
ထိုလူများမှာ စိတ်တိုလွန်း၍ ရယ်မိလိုက်ကြသည်။
" ကျွဲပါးစောင်းတီးနေရသလိုပဲ။ ထားလိုက်တော့ "
" အတွဲတွေကြား ဝင်မပါကြရအောင် "
" ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ကိစ္စပဲ အရင်လုပ်ရအောင်။ အချိန်က ပြည့်တော့မှာ ..... "
လူတိုင်း စကားပြောနေကြစဉ် ၁၅မိနစ် ကုန်သွားသည်။
အများစုမှာ ပုံဆက်ခြင်း မပြီးခင်မှာပင် လက်လျှော့လိုက်ကြတော့သည်။
ယဲ့ဖန်သည် ပုံအစိတ်အပိုင်းများကို သေချာ လေ့လာပြီးသွားပြီးဖြစ်သည်။
ယဲ့ဖန်သည် မျက်လုံးမှိတ်ကာ ပြန်၍ မှတ်မိအောင် လုပ်လိုက်သည်။
ပုံအစိတ်အပိုင်းထောင်ချီမှာ သူ၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာပြီး တဖြည်းဖြည်းဖြင့် ပုံတစ်ခုလုံးစာ ပေါ်လာသည်။
ရုတ်တရက် သူသည် မျက်လုံးပြန်ဖွင့်လိုက်ရာ ကျူးရှောင်ကျောင်းမှာ လန့်သွားတော့သည်။
သူ ဘာလုပ်ချင်နေသည်ကို ကျူးရှောင်ကျောင်း နားမလည်ပေ။
" နင် ...... "
သူမ စကားမပြောနိုင်ခင်မှာပင် ယဲ့ဖန် လျင်မြန်စွာပင် အစိတ်အပိုင်းများကို တစ်ခုကို ကောက်ယူလိုက်သည်။
ထို့နောက် ဒုတိယတစ်ခု
တတိယတစ်ခု
ယဲ့ဖန်၏ နည်းလမ်းသည် လူတိုင်းနှင့် ကွာခြားလှသည်။
အခြားသူများမှာ တွေ့ရာကောက်ယူပြီး ပုံချင်း ကိုက်ညီမှုရှိမရှိ၊ ဆက်၍ ရမရ စမ်းကြသည်။
သို့သော် ယဲ့ဖန်သည် ပြောပြနိုင်သည့် နည်းလမ်းမရှိပေ။
သူသည် အရှေ့ဆုံးတစ်ခုအားဆက်ပြီး နောက်ဆုံးတစ်ခုကို ဆက်ပြန်သည်။
ကြည့်ရသည်မှာ ဘက်ပေါင်းစုံ၌ ပြန့်ကျဲနေသည်။
တစ်ခုနှင့်တစ်ခု ကပ်နေခြင်းမရှိပေ။
ကျူးရှောင်ကျောင်းသည် ပို၍ ပို၍ ရှုပ်ထွေးလာသည်။
" အစ်ကိုလေး၊ နင် အရင်က ပုံရောဆက်ဖူးရဲ့လား။ ဘာလို့ အဲ့လိုခက်ခဲအောင် ဆော့နေတာလဲ "
ယဲ့ဖန်သည် ခေါင်းပင်မမော့ဘဲ ပြန်ဖြေသည်။
" မင်းက ဘာသိလို့လဲ "
ကျူးရှောင်ကျောင်း နှာမှုတ်ကာ ခေါင်းကိုလှည့်ပြီး ဆူပုတ်နေလိုက်သည်။
သို့သော် မတတ်နိုင်ဘဲ ခေါင်းကို ပြန်လှည့်လာပြီး သိချင်စိတ်ကြောင့် ချောင်းကြည့်လေသည်။
ဆက်ဖြစ်လာသည့် မြင်ကွင်းမှာ သူမကို လုံးဝကြောင်အသွားစေတော့သည်။
ယဲ့ဖန်သည် အစိတ်အပိုင်းများကို ဆက်နေရင်း ပုံ၏ နေရာတစ်ချို့၌ ရုပ်ပုံပေါ်လာတော့သည်။
အစပိုင်း၌ အစီအစဉ်မကျသော်လည်း ရုတ်တရက် ပြီးပြည့်စုံသည့် အစိတ်အပိုင်းမှာ ရုပ်လုံးပေါ်ကာ ကစားပွဲစတင်တော့သည်။
ကျူးရှောင်ကျောင်း ချက်ချင်းပင် သူမပါးစပ်ကို အုပ်လိုက်သည်။
ယဲ့ဖန်ကို တအံ့တဩကြည့်လျက် ကြောင်အနေသည်။
သူသည် သူမအား ယခင်က အံ့ဩစရာများစွာ ပြသခဲ့ဖူးသော်လည်း ဤတစ်ကြိမ်မှာ အမှန်ပင် ထူးခြားဆန်းကြယ်လွန်းလှသည်။
ဒါကြီးက မယုံချင်စရာ မကောင်းဘူးလား။
ဒီပုံတွေက ဘယ်နေရာက ဘာရှိတယ်ဆိုတာ သူ ဘယ်လိုလုပ်သိတာလဲ။
ဒီတစ်ယောက်ရဲ့ ခေါင်းထဲမှာ ကွန်ပျူတာ ထည့်ထားလို့လား။
မဟုတ်ရင် သာမန်လူတစ်ယောက်က ပုံအစိတ်အပိုင်းတွေရဲ့ နေရာတွေက ကြည့်ရုံနဲ့ သိနိုင်ပါ့မလား။
သူမ အလွန်ပင် အံ့အားသင့်နေစဉ်မှာပင် ပန်းချီအစိတ်အပိုင်းတစ်ခုလုံးမှာ ဆက်၍ ပြီးဆုံးသွားသည်။
ယဲ့ဖန်သည် နောက်ဆုံးတစ်စကို ဆက်လိုက်သည်နှင့် ပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။
" ဒီတစ်ကြိမ်ပြိုင်ပွဲမှာလည်း ပြီးဆုံးသွားပါပြီ။ လူတိုင်း လုပ်နေလက်စများကို ရပ်လိုက်ကြပါ။ မဟုတ်ရင် အလိုအလျောက် အထုတ်ခံရပါမယ် "
ဒိုင်လူကြီးမှ စင်ပေါ်တက်လာပြီး အော်လိုက်သည်။
" ဟူး ...... "
လူအုပ်ကြီးမှာ သက်ပြင်းချလိုက်ကြသည်။
အများစုသည် ပုံဆက်ခြင်းအား ကျရှုံးသွားမည်မှာ သိသာလေသည်။
အပိုင်းအစ ရာချီသည့် ပုံဆက်ခြင်းအား မိနစ် ၂၀အတွင်း လုပ်ရသည်မှာ အလွန်ကြီးမားသည့် ကစားပွဲဖြစ်သည်။
ဒိုင်လူကြီးများသည် ယဲ့ဖန်၏ အဖွဲ့သို့ လျှောက်လာသည့်အခါ ဆယ်စက္ကန့်မက ကြောင်အသွားကြသည်။
အမှန်တွင် သူတို့သည် ယဲ့ဖန်အား အဝေးကတည်းမှ စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။
ထိုကစားသမားကောင်လေးသည် အစကတည်းမှ တစ်ယောက်တည်း ကစားနေခဲ့ပြီး မိန်းကလေးကစားသမားမှာ ဘေးကနေသာ ရပ်ကြည့်နေခဲ့သည်။
အမှန်တွင် သူမမှာ ဘာမှပင် မလုပ်ခဲ့ချေ။
ထိုသည်ကြောင့် အားလုံးမှာ ပို၍ တုန်လှုပ်ကုန်ရသည်။
သူက ပုံဆက်တာကို အကုန် တစ်ယောက်တည်း လုပ်ခဲ့တာလား။
ဒါက နည်းနည်း မသင်္ကာစရာ မကောင်းဘူးလား။
စာစဉ်အမည် - ငါ့မှာ ရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၄၄ )
မြန်မြန် ဖျက်ဆီးလိုက်၊ ငါ ပင်ပန်းနေပြီ။
ဒုတိယပွဲစဉ်မှာ ပထမတစ်ပွဲထက်ပင် ရက်စက်လေသည်။
ဤပွဲသည် နှစ်ယောက်တစ်တွဲစီ တွဲရ၍ ဖယ်ခံရသည့်အခါ အတွဲလိုက် ဖယ်ထုတ်ခံရသည်။
မူလတွင် ဒုတိယအကျော့ပြိုင်ပွဲသို့ ဝင်ရောက်နိုင်ခဲ့သူ ခြောက်ရာကျော် ရှိခဲ့လေသည်။
သို့သော် ပြိုင်ပွဲပြီးဆုံးချိန်၌ လူနှစ်ရာကျော်သာ ကျန်တော့သည်။
ပြိုင်ပွဲဝင်များအနက် သုံးပုံနှစ်ပုံနီးပါးကို ဖယ်ရှားနိုင်ခဲ့သည်။
ထိုရှုံးသွားသည့် ကစားသမားများသည် ငိုကြွေးနေကြသော်လည်း ရလဒ်ကို မပြောင်းလဲနိုင်ကြပေ။
သူတို့အားလုံးသည် ကွင်းထဲမှ ဖယ်ထုတ်ခံခဲ့ရသည်။
ချန်ပီယံဆုရရှိရန် ရေပန်းအစားဆုံးဖြစ်သည့် ကျန်းရှောင်ယန်းနှင့် ပရော်ဖက်ရှင်နယ် ကျားထိုးကစားသမားတစ်ယောက်တို့သည် သည်းထိတ်ရင်ဖိုစရာ မရှိဘဲ အောင်မြင်စွာ နိုင်လာခဲ့ကြသည်။
" ဘုရားရေ၊ ဒီသုံးယောက်က ဘယ်လိုလုပ်ပြီး နိုင်လာပြန်တာလဲ။ အားလုံး နတ်အစားအစာတွေ စားကြလို့လား "
မဏ္ဍပ်ထဲ၌ ရှိနေသည့် ရှင်းကျီဖင်းသည် ထိုမြင်ကွင်းကို မြင်ပြီးနောက် ချက်ချင်း ဒေါသထွက်သွားသည်။
သူ့ဘေးနားရှိ အတွင်းရေးမှူးမှာ အလွန်ပင် ကြောက်သွားပြီး မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
" အကြီးအကဲရှင်း၊ ဒီလူသုံးယောက်က အရမ်းသန်မာကြပါတယ် "
" ရုပ်ပိုင်းဆိုင်ရာဂိမ်းပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာဂိမ်းပဲဖြစ်ဖြစ်၊ သူတို့က အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ပါတယ် "
ရှင်းကျီဖင်းသည် ဒေါသတကြီးဖြင့် ခွက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
" ဒီလို အရေးမပါတဲ့စကားတွေကို ငါ နားမထောင်ချင်ဘူး။ သူတို့ ရှုံးသွားတဲ့ ရလဒ်ကိုပဲ လိုချင်တယ်။ နားလည်လား "
ရှင်းကျီဖင်း လုပ်လိုက်သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ အလွန်သိသာသောကြောင့် အတော်အများက ခေါင်းလှည့်ကြည့်ကြသည်။
ရှင်းကျီဖင်းသည် သူ့အသံကို အမြန်တိုးချလိုက်သည်။
" မင်း ဘယ်လိုနည်းလမ်းတွေ သုံးမလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ တိုတိုပြောရရင်၊ နောက်တစ်ကြိမ် သူတို့ အောင်မြင်တာကို ငါ မမြင်ချင်ဘူး နားလည်လား "
အတွင်းရေးမှူးသည် ခဏတာ စဉ်းစားလိုက်လေသည်။
" ဒီသုံးယောက်က အရမ်းသန်မာပေမယ့် သူတို့ရဲ့ အသင်းဖော်တွေက တော်တော်လေး အားနည်းကြပါတယ်။ ဒီလိုအခြေအနေမျိုး ရှိတာကြောင့် နောက်တစ်ဆင့်အတွက် ကစားပွဲကို ကစားသမားအချင်းချင်း ညှိနှိုင်းလုပ်ဆောင်ရတဲ့ကစားပွဲအဖြစ် ပြောင်းလဲသွားလိုက်ပါ့မယ် "
" အသင်းဖော်တွေက သူတို့ကို အောက်ဆွဲချလိုက်နိုင်တဲ့အတွက် သူတို့ရဲ့ ခွန်အားကို ပြသဖို့ ခက်ခဲပါလိမ့်မယ် "
ရှင်းကျီဖင်းသည် သူ့လက်ကို မြှောက်ကာ ညွှန်ပြလိုက်သည်။
" ဒါဆို မင်း ဘာလို့ မစီစဉ်သေးတာလဲ "
အတွင်းရေးမှူးသည် အမြန်အဆန် လှည့်ပြီး ထွက်သွားလေသည်။
ရှင်းကျီဖင်းသည် သူ့အကြည့်ကို ကွင်းဆီသို့ ပြန်ပို့လိုက်သည်။
သူသည် လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားလျက် လက်ဆစ်ကျိုးသံများပင် ကြားရနိုင်သည်။
နှစ်ပွဲကြာ ဆော့ကစားပြီးနောက် မူလပါဝင်သူ ၁၀၀၀ကျော်မှ စုစုပေါင်း ၂၀၀ကျော်သာ ကျန်ခဲ့တော့သည်။
ခန်းမသည် ချက်ချင်းပင် ကျယ်လာသည်။
ကြေညာသူသည် စင်မြင့်ပေါ်သို့ နောက်တစ်ကြိမ် တက်လာပြီး လူတိုင်းအား အပြုံးဖြင့် လက်ခုပ်သံပေးသည်။
" တတိယပွဲစဉ်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တဲ့အတွက် အားလုံးကို ဂုဏ်ယူပါတယ်။ ဒီအဆင့်ကို တက်လှမ်းနိုင်တဲ့ ပြိုင်ပွဲဝင်တွေ အားလုံးက အထက်တန်းတွေရဲ့ အထက်မှာရှိသူတွေပါ "
လူတိုင်းသည် သူ၏ ချော့မော့မြှောက်ပင့်မှုကြောင့် မူးဝေသွားကြကာ ထိုသာမန်အသွင်ရှိသော စီစဉ်သူအပေါ် သူတို့၏ အကောင်းမြင်မှုသည် နှစ်ဆတိုးလာတော့သည်။
ကြေညာသူသည် ချက်ချင်းပင် လေးနက်လာသည်။
" တတိယအချီမှာတော့ ဂျင်ပေါက်တာကို ယှဉ်ပြိုင်သွားမှာပါ။ ဒီပွဲမှာ အသင်းဖော် အချင်းချင်းကြား လိမ္မာပါးနပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကတော့ ............. "
အားလုံးသည် စည်းကမ်းများကို ဂရုတစိုက် နားထောင်ကြသည်။
စည်းမျဉ်းမှာ အုပ်စုတစ်ခုစီမှ ပြိုင်ပွဲဝင်လူနှစ်ဦးသည် ဂျင်ကို အလှည့်ကျ ပေါက်ရန် ဖြစ်သည်။
ထိုဂျင်သည် တစ်ခုနှင့်တစ်ခု ထပ်ကာ ထိပ်မှ ပြုတ်မကျရန်နှင့် အကန့်အသတ်ဘောင်မှ မထွက်ကြောင်း သေချာစေရန် ဖြစ်သည်။
ပြိုင်ပွဲအတွက် အချိန်ကန့်သတ်ချက် မရှိချေ။
ဤပြိုင်ပွဲမှ လူတစ်ဝက်ကျော်အား ဖယ်ရှားမည်ဟု ဆိုထားသော်လည်း ရှုံးပါက ထွက်ရပေမည်။
ထို့ကြောင့် စည်းမျဥ်းများအား ကြားပြီးနောက် ကွင်းထဲမှ ကစားသမားများမှာ ထပ်၍ မကျေမနပ် ဖြစ်ကြတော့သည်။
အထူးသဖြင့် ကလေးဘဝမရှိခဲ့သော ကျူးရှောင်ကျောင်းကဲ့သို့သောလူများ ဖြစ်သည်။
သူမသည် ယခင်က ဂျင်ပေါက်၍ ကစားခြင်းမျိုး တစ်ခါမှ မကစားဖူးပေ။
" ယဲ့ဖန်၊ ဒီတစ်ခါ ငါနင့်ကို သေချာပေါက် ဆွဲချမိမှာပဲ "
ကျူးရှောင်ကျောင်းသည် အကူအညီတောင်းရန် ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
" မင်းက ဘယ်တုန်းက ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ဖူးလို့လဲ "
ယဲ့ဖန်သည် မယဉ်မကျေးစွာပင် မေးလိုက်သည်။
" နင် ........ "
ကျူးရှောင်ကျောင်းသည် သူ့ကို ငြင်းဆိုချင်သော်လည်း ပြောစရာစကား ရှာမရပေ။
သူ ပြောသည်မှာ အဓိပ္ပါယ်ရှိပုံရသည်။
ယဲ့ဖန် သူမခေါင်းလေးကို ပွတ်သပ်လိုက်သည်။
" စိတ်မပူပါနဲ့၊ ကိုယ်နဲ့အတူ ကိုယ်က အရှုံးပေးမှာ မဟုတ်ဘူး "
သို့သော် သူပြောသည်မှာ စောလွန်းသွားပုံပေါ်ကြောင်း မကြာမီ၌ သူ သဘောပေါက်လိုက်သည်။
ပွဲစီစဉ်သူများသည် ဂျင်ကို ပေးလာသောအခါ ကျူးရှောင်ကျောင်းသည် တိုင်းပြည်ကြီး အသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်ပုံစံ ဖြစ်နေသည်။
သူမသည် ဂျင်ကို ကိုင်ကာ ကြိမ်ဖန်များစွာ ကြည့်နေသည်။
" ဒါဆို ဒါက ပေါက်တဲ့ ဂျင်လား။ သိပ်မှော်ဆန်တာပဲ "
ယဲ့ဖန်sမျက်နှာသည် အတော်ပင် တွန့်သွားသည်။
" မင်း ..... မင်း အရင်က ဂျင်ကို တစ်ခါမှ မမြင်ဖူးတာတော့ မဟုတ်ဘူးမလား "
ကျူးရှောင်ကျောင်း သူမခေါင်းကို ခါလိုက်သည်။
" မမြင်ဖူးဘူး။ နင်သိပါတယ်၊ ငါက ငယ်ငယ်လေးကတည်းက အားနည်းတော့ အဘိုးနဲ့ တခြားသူတွေက ငါ့ကို ဒီလိုဟာတွေနဲ့ မကစားခိုင်းဘူး "
ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
" ကိုယ် အစောက ပြောခဲ့တဲ့စကားတွေကို ပြန်သိမ်းတယ်။ ဒီပြိုင်ပွဲအတွက် ကိုယ်တကယ်ကို ယုံကြည်ချက် မရှိဘူး "
ကျူးရှောင်ကျောင်းသည် သူ့လက်ကို အမြန်ဆွဲကာ လှုပ်လိုက်သည်။
" အဲ့လို မပြောပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်လေ "
ယဲ့ဖန် အေးစက်စွာ ရယ်မောလိုက်သည်။
" ကိုယ့်ကိုယ်ကိုယ်က အရမ်းယုံကြည်တယ်။ တစ်ချိန်တည်းမှာပဲ မင်းကိုတော့ အရမ်းကြောက်ရတယ် "
ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် ဝမ်းနည်းလာသည်။
" ဒီပွဲစီစဉ်သူက အရမ်းလွန်လွန်းတယ်။ အဖွဲ့ဝင်နှစ်ယောက်လုံးကို ဘာလို့ တွဲလုပ်ခိုင်းတာလဲ။ နင်တစ်ယောက်တည်း ကစားရင် ငါက ဘာမှမလုပ်ဘဲ ဆက်ပြီး အနိုင်ရမှာ မဟုတ်ဘူးလား "
ယဲ့ဖန်သည် လုံးဝ စကားမပြောနိုင် ဖြစ်နေရသည်။
စိတ်ပျက်လက်ပျက်ဖြင့်သာ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
" မြန်မြန် ပေါက်လိုက်ပါတော့။ ပင်ပန်းနေပြီ "
ကစားသမားများ ညည်းတွားနေချိန်မှာပင် ပွဲမှာ တရားဝင် စတင်တော့သည်။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ဂျင်ကိုင်ကာ ပွဲစီစဉ်သူများ သတ်မှတ်ထားသော ဧရိယာတွင် ရပ်နေခဲ့ကြသည်။
ထိုအကွာအဝေးသည် သိပ်မကြီးမားချေ။
၅ မီတာပတ်လည် ရှိသည်။
အကယ်၍ ဂျင် မပြုတ်ကျခဲ့လျှင်ပင် ထိုအကွာအဝေးမှ ထွက်သွားပါက အရှုံးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
" အဆင်သင့်ဖြစ်ပြီလား "
ယဲ့ဖန်သည် လက်တစ်ဖက်တွင် ဂျင်ပေါက်ရန် ကြိုးကိုင်ထားပြီး နောက်တစ်ဖက်တွင် ဂျင်ကို ကိုင်ထားသည်။
သူသည် ကျူးရှောင်ကျောင်းကို မော့ကြည့်လိုက်သည်။
" အင်း၊ အဆင်သင့်ဖြစ်ပြီ "
ကျူးရှောင်ကျောင်းသည် အဆင်သင့်ဖြစ်နေပြီဟုသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ဖန် တခြားဘာမှ မပြောတော့ချေ။
သူသည် ဂျင်အရစ်ကိုပတ်ကာ ကြိုးကို အသုံးပြုလျက် မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆွဲထုတ်လိုက်ရာ ဂျင်သည် အရှိန်ပြင်းပြင်းဖြင့် ရစ်ပတ်နေတော့သည်။
ဝှီး
လှည့်ပတ်နေသော ဂျင်သည် နှေးကွေးသွားသောအခါ ယဲ့ဖန်သည် ချက်ချင်းပင် ကြိုးဖြင့် ရစ်ပေါက်လိုက်ပြန်သည်။
လည်ပတ်နေသော ဂျင်သည် ပိုမြန်သွားသည်။
" ဝါး၊ အရမ်းမှော်ဆန်တာပဲ "
ကျူးရှောင်ကျောင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ သူမသည် စပ်စုနေသော ကလေးလေးကဲ့သို့ လက်ခုပ်တီးလိုက်သည်။
ယဲ့ဖန်သည် သူမကို အမြန်သတိပေးလိုက်သည်။
" မလုပ်နဲ့တော့၊ အခု မင်းရဲ့အလှည့်ပဲ။ ခွန်အားနဲ့ ထောင့်ကို ထိန်းချုပ်ဖို့ အာရုံစိုက်။ အားကို အရမ်းမသုံးနဲ့ ........ "
ကျူးရှောင်ကျောင်း စိတ်မရှည်စွာ ခေါင်းညိတ်လိုက်သည်။
" ရပြီ၊ ခက်မယ်ထင်တာ။ ရိုးရိုးရှင်းရှင်းလေးပဲ "
ထိုစကားကို ပြောပြီးနောက် သူမသည် သေးငယ်သော ဂျင်ကို ဝှေ့ယမ်းပြီး အပေါ်မှ ကြာပွတ်ကို ပတ်ကာပစ်လိုက်သည်။
ဝှီး
ယဲ့ဖန်သည် သူမ၏ ပစ်ရာလမ်းကြောင်းကို မြင်ပြီး ပြီးဆုံးသွားသည်ကို သိလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း သူမ၏ ဂျင်သည် အောက်ခြေသို့ ထိသွားပြီး လေထဲသို့ ပျံတက်ကာ အဝေးသို့ ပျံတက်သွားတော့သည်။
" အား ......... "
ကျူးရှောင်ကျောင်း အော်ဟစ်လိုက်ပြီး နေရာတွင် အေးခဲသွားသည်။
ထိုသည်က သူမ မျှော်လင့်ထားသောအရာနှင့် မတူချေ။
ဒိုင်လူကြီးတစ်ဦးသည် သူတို့နှစ်ဦး၏ဘေးတွင် ရပ်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ယဲ့ဖန်နှစ်ယောက်အား ပြိုင်ပွဲမှ ဖယ်ရှားရန် သူ့အိတ်ကပ်ထဲမှ အနီကတ်ကို ထုတ်တော့မည် ဖြစ်သည်။
သို့သော် ဂျင်သည် ကန့်သတ်ထားသော အကွာအဝေးထဲမှ ပျံသန်းထွက်သွားခါနီးတွင် ကြာပွတ်ကြိုးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ဝှီး၊ ဝှီး၊ ဝှီး
ကြာပွတ်သည် ဂျင်ကို ပတ်ပြီး ပြန်ဆွဲသွင်းလိုက်သည်။
တိုက်ခိုက်ခဲ့သူမှာ ယဲ့ဖန် ဖြစ်သည်။
သူသည် ဂျင်ထိပ်ကို မူလအနေအထားနေရာသို့ ပြန်ဆွဲကာ ကြာပွတ်ကို ဆွဲလိုက်သည်။
ရွှီး
ဂျင်သည် အရှိန်ပြင်းပြင်းနှင့် လှည့်နေပြန်တော့သည်။
ကျူးရှောင်ကျောင်းနှင့် ဒိုင်လူကြီးများ အံ့အားသင့်သွားကြသည်။
ဂျင်ကို ဒီလိုကစားလို့ ရတာလား။
ယဲ့ဖန် ပြသလိုက်သော ကျွမ်းကျင်မှုသည် ကျူးရှောင်ကျောင်းနှင့် ဒိုင်လူကြီးကို ထိတ်လန့်စေသည်။
ထို့အပြင် ခန်းမအတွင်းမှ မှန်ပြောင်းဖြင့် ပြိုင်ပွဲကို ကြည့်ရှုနေသော ရှင်းကျီဖင်းကိုပင် ထိတ်လန့်စွာ မတ်တပ်ထရပ်မိစေသည်။
" ဘုရားရေ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
သူသည် မယုံကြည်နိုင်စွာ အော်ဟစ် ပြောဆိုလိုက်တော့သည်။
ဂျင်သည် အကန့်အသတ်ဘောင်ထဲမှ ပျံထွက်တော့မည်မှာ ထင်ရှားနေခဲ့သည်။
သာမာန်အခြေအနေအရ၊ ထိုသည်မှာ မျှော်လင့်ချက် ကင်းမဲ့နေလေသည်။
ယဲ့ဖန်ပြတဲ့ အရည်အချင်းတွေက ဒီလောက် အံ့သြဖို့ကောင်းမယ်လို့ ဘယ်သူက ထင်မှာလဲ။
အမှန်တကယ် ဩချစရာကောင်းလှသည်။
သို့သော်လည်း သူ၏ တုန်လှုပ်ချောက်ချားစရာကောင်းသည့် စွမ်းရည်များသည် မှင်သက်စရာကောင်းလှသည်။
နောက်အကြိမ်အချို့လည်း အလားတူ ဖြစ်သည်။
ကျူးရှောင်ကျောင်းသည် ဂျင်ကို လွှတ်လိုက်သည့်အချိန်တိုင်း သူမကို ယဲ့ဖန်မှ ကယ်တင်လိမ့်မည် ဖြစ်သည်။