← Chapters

အခန်း (၁၁၅၃-၁၁၅၆)

Vol. 58 Ch. 1153-1156

အခန်း (၁၁၅၃-၁၁၅၆)

Vol. 58 Ch. 1153-1156

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၅၃ )

သူ့ရဲ့ ရတနာလေးက အခု ကျွန်တော့်အပိုင် ဖြစ်နေပြီ

" ဂျပန်ကို "

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းစီမှ ဖုံးကွယ်ထားခြင်း မရှိပေ။

" ဘာလို့ ဂျပန်ကို သွားမှာလဲ "

ကျူးရှောင်ကျောင်းသည် အမှန်ကို သိချင်နေသော ကလေးတစ်ယောက်ကဲ့သို့ စပ်စုနေသည်၊

" ရှင်းစရာကိစ္စလေး ရှိတယ် "

ယဲ့ဖန် သူမကို အသေးစိတ် ရှင်းမပြပေ။

ထိုအရာများမှာ စကားလုံးအနည်းငယ်ဖြင့် ရှင်းပြရန်မှာ မလွယ်လှပေ။

" ဒါဆို .... ဒါဆို နင် ဘယ်လောက်တောင် ကြာမှာလဲ "

ကျူးရှောင်ကျောင်း အနည်းငယ် တွန့်ဆုတ်နေသည်။

" ဘယ်သူသိမှာလဲ။ တစ်ပတ် နှစ်ပတ်၊ ဒါမှမဟုတ် တစ်လ နှစ်လလောက် ဖြစ်နိုင်တာပဲ။ အခုက ပြောဖို့ခက်တယ် "

ယဲ့ဖန် အမှန်တိုင်း ပြောလိုက်သည်။

" ဒါ .... ဒါဆို နင် ထွက်သွားရင် ငါနဲ့ ဘယ်သူကမှ ကူဆော့မှာ မဟုတ်တော့ဘူး "

ကျူးရှောင်ကျောင်းသည် အမှန်ပင် စိတ်မပျော်တော့ချေ။

သူမအရှေ့ရှိ ပူပူစပ်စပ်ဖြင့် အရသာရှိလှသော ဟော့ပေါ့မှာ မွှေးရနံ့ပင် မရှိတော့ဘူးဟု ခံစားရသည်။

" မင်း ဘာလို့ အမြဲတမ်း ကစားချင်နေရတာလဲ။ စာအုပ်ဖတ်လိုက်၊ ဒရာမာလေး ကြည့်လိုက်နဲ့ အေးအေးဆေးဆေး၊ လှလှပပနေတဲ့ မိန်းကလေး ဖြစ်လာလို့ မရနိုင်ဘူးလား "

ယဲ့ဖန် သူမစကားကြောင့် စိတ်ညစ်သွားသည်။

" အဲ့တာက ဘာသဘောလဲ "

ကျူးရှောင်ကျောင်း နှုတ်ခမ်းစူလိုက်သည်။

တစ်ခဏမျှ တွေးတောပြီးနောက် သူမ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။

" ငါရော ဘာလို့ ဂျပန်ကို မလိုက်ရမှာလဲ "

ယဲ့ဖန်သည် တွန့်ဆုတ်နေပုံပေါ်သည်။

" ကိုယ့်မှာက အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးလို့။ ဂျပန်ကို မင်းက ဘာလို့သွားမှာလဲ "

ကျူးရှောင်ကျောင်း ထိတ်လန့်သွားသည်။

" ငါ .... ငါလည်း အရေးကြီးတဲ့ ကိစ္စရှိတယ်။ ငါ နင့်ကို စောင့်ကြည့်ရမှာ "

ယဲ့ဖန် စိတ်ရှုပ်သွားသည်။

" ကိုယ့်ကို စောင့်ကြည့်ရတာလား။ မင်းက ကိုယ့်ကို ဘာလို့ စောင့်ကြည့်ရတာလဲ "

ကျူးရှောင်ကျောင်းသည် အဓိပ္ပါယ်မဲ့စွာ စတင် ပြောဆိုလေတော့သည်။

" နင် … နင်က မရိုးသားတဲ့လူလေ။ နင် ဂျပန်တွေနဲ့ ပေါင်းပြီး တရုတ်ပြည်နဲ့လူမျိုးအတွက် မကောင်းတဲ့အရာတွေ လုပ်မှာကို စိုးရိမ်ရလို့ စောင့်ကြည့်နေဖို့ လိုတယ် "

ယဲ့ဖန် မျက်လုံးပြူးသွားသည်။

" ကိုယ်က တိုင်းပြည်နဲ့ပြည်သူကို တကယ်ထိခိုက်စေတဲ့ တစ်ခုခုကို လုပ်ချင်တယ်ဆိုရင် မင်းက ကိုယ့်ကို စောင့်ကြည့်နိုင်မယ်လို့ ထင်လား "

ကျူးရှောင်ကျောင်း သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

" နင် ငါ့ကို အထင်သေးနေတာလား။ ငါက အရမ်းအစွမ်းထက်တယ် ဟုတ်ပြီလား "

ယဲ့ဖန်၏ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

" မင်းနဲ့ကိုယ် နောက်နေတာ မဟုတ်ဘူး။ ယန်းချန်မြို့မှာ နေပြီး သက်သာအောင်နေ။ ကိုယ်ပြန်လာရင် မင်းကို အပြီးပျောက်အောင် ကုပေးမယ်။ အဲ့ဒီအခါမှ မင်းသွားချင်တဲ့နေရာကို သွား "

" ဒါပေမယ့် ..... "

ကျူးရှောင်ကျောင်း တစ်ခုခု ပြောလိုက်ချင်သော်လည်း ယဲ့ဖန်မှ နှောင့်ယှက်လိုက်ပြန်သည်။

" အင်း၊ မြန်မြန်စား။ စားပြီးရင် ပြန်ပို့ပေးမယ် "

သို့သော် မမလေးကျူးသည် သူမ၏ အစာစားချင်စိတ် ပျောက်ဆုံးသွားသည်မှာ သိသာလေသည်။

နှစ်လုတ်လောက်သာ စားပြီးနောက် နှစ်ယောက်သား ငွေပေးချေပြီး ထွက်သွားကြသည်။

ယဲ့ဖန်သည် သူမအား ဆေးရုံသို့ လိုက်ပို့ပေးချိန်၌ ကျူးရှောင်ကျောင်းသည် ဘာသိဘာသာဖြင့် ရုတ်တရက် ဘေးသို့ကပ်လာပြီး ပါးပြင်ကို နမ်းလိုက်သည်။

" မင်း .... "

ယဲ့ဖန်သည် သူမကို စိုက်ကြည့်လိုက်သောအခါ သူမ၏ မျက်ရည်ဝိုင်းနေသောမျက်လုံးလေးများကို မြင်လိုက်ရကာ ပြောမည့်စကားများကို မြိုချခဲ့ရသည်။

" ယဲ့ဖန်၊ နင် ဘေးကင်းကင်းနဲ့ ပြန်လာရမယ် "

ကျူးရှောင်ကျောင်းသည် သူမ၏ နှလုံးသားကို သွန်ချနေပုံရသည်။

သူမသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောသည်။

" နင်ပြန်လာရင် ငါ နင့်မိန်းမ လုပ်ပေးမယ် "

ထိုသို့ပြောပြီးနောက် သူမ၏ လှပသော မျက်နှာလေးမှာ နားရွက်ဖျားများဆီထိ ချက်ချင်း နီရဲသွားသည်။

ထို့နောက် တံခါးကိုတွန်းဖွင့်ကာ ထွက်ပြေးသွားတော့သည်။

ယဲ့ဖန်သည် သူမ၏ နောက်ကျောကို ကြောင်အစွာ ကြည့်နေသည်။

သူမက အဲ့လောက်ထိ အရမ်းဆွဲဆောင်မှု ရှိနေမှရမှာလား။

ဒါဆို သူကရော ဂျပန်ကနေ ပြန်လာတဲ့အထိ ဘာလို့ စောင့်နေရမှာလဲ။

သူ အခုတောင် လုပ်နိုင်တယ်။

ကျူးရှောင်ကျောင်းအား ပြန်ပို့ပြီးနောက် ယဲ့ဖန်သည် ချန်းရွှမ်အား ရှာရန် လင်းယွမ်အိမ်ခြံမြေသို့ သွားနေစဉ် ဖန်းကျန်းဝူစီမှ ရုတ်တရက် ဖုန်းဝင်လာပြီး ဟိုတယ်တွင် သူမကို လာတွေ့ရန် တောင်းဆိုခဲ့သည်။

ထိုအဆိပ်ပြင်းသည့် ကောင်မလေးကြောင့် ဖြစ်လာသည့် အတွေးများမှာ သူ့ဆန္ဒကို တိုးပွားစေသည်။

ယနေ့ညက နောက်ထပ် အိပ်မပျော်သည့် ညတစ်ည ဖြစ်မည်ဟု ထင်ရသည်။

ဖန်းကျန်းဝူသည် သူနှင့်တွေ့ရန် စီစဉ်ထားသည့် ဟိုတယ်အခန်းသို့ ရောက်လျှင်ရောက်ချင်းမှာပင် သူ့ကို နံရံကြားညှပ်ကာ ရုတ်တရက် ဖိထားပြီး စကားမပြောဘဲ သူ့အဝတ်အစားများကို စတင်ချွတ်ပစ်လိုက်တော့သည်။

ယဲ့ဖန် သူ့လက်ကို အမြန်ဆွဲလိုက်သည်။

" အလျင်စလို လုပ်စရာ မလိုပါဘူး၊ ဟုတ်တယ်မလား။ မင်းလေထုကို အရင်နှိုးဆွချင်တာမျိုး မရှိဘူးလား "

" သခင်ကြီး၊ အချိန်မရှိဘူး။ မြန်မြန်လုပ်ရအောင် "

ဖန်းကျန်းဝူသည် စကားပြောနေရင်း သူ့အင်္ကျီများကို ချွတ်လိုက်သည်။

" ဘယ်အချိန်လဲ၊ ဘာတွေဖြစ်နေတာလဲ "

ယဲ့ဖန် စိတ်ရှုပ်သွားသည်။

ဖန်းကျန်းဝူသည် အဖြူရောင်မင်းသမီးလေးကဲ့သို့သော Iolita၀တ်စုံနှင့် ခြေအိတ်အဖြူတစ်ထည်ကို ၀တ်ဆင်ထားသည်။

သူမသည် သွေးဆောင်မှု ကိုယ်ရောင်များဖြင့် ချစ်စရာကောင်းနေပြီး သူ့ကို အလွန်ပင် သွေးဆာလောင်မှု ဖြစ်လာစေသည်။

သူမသည် အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရသော်လည်း သူ့ဘောင်းဘီကို မချွတ်နိုင်သေးပေ။

သူမ မျက်နှာလေးကို ချက်ချင်းမော့ပြီး နှုတ်ဆိတ်နေလိုက်သည်။

ယဲ့ဖန်သည် သူမ၏ အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်သည်။

သူမ၏ မျက်နှာထားလေးမှာ စကားစုတစ်ချို့ကို ဖော်ပြနေသည်။

ကျွန်မကို ... တိုက်ခိုက်ပေးပါ။

ထိုသည်ကို သည်းခံနေနိုင်ရန်မှာ မဖြစ်နိုင်ပေ။

ဒီအချိန်မှာ ဘယ်လိုလုပ် လေထုအကြောင်းတွေ ပြောနေမှာလဲ။

သူသညိ သူမကို ကောက်ပွေ့လိုက်ပြီး ရေချိုးခန်းထဲ သယ်သွားသည်။

ဖန်းကျန်းဝူသည် ယနေ့တွင် အလွန်အရူးအမူး လုပ်နေသည်။

အရင်နေ့များ၌ ရူးနေသော်လည်း ယနေ့သည် အထူးတလည် အရူးအမူးဖြစ်နေသည်။

အချိန်တစ်ခုကြာပြီးနောက် ယဲ့ဖန်သည် ခေါင်းအုံးပေါ်မှီ၍ စီးကရက်တစ်လိပ်ကို မီးညှိပြီး သူမ၏ မျက်နှာလေးကို ပွတ်သပ်လိုက်သည်။

" ဒီနေ့ ဘာဖြစ်နေတာလဲ။ တစ်ခုခုဖြစ်ခဲ့တာလား "

ဖန်းကျန်းဝူသည် သူ့ကို မော့ကြည့်လိုက်သည်။

" သခင်ကြီး၊ တစ်နေ့ ကျန်းဝူက ထားသွားခဲ့ရင် လွမ်းနေမှာလား"

ယဲ့ဖန် ရယ်လိုက်သည်။

" မင်း ဘာတွေပြောနေတာလဲ။ မင်းဆန္ဒရှိသရွေ့ ကိုယ့်အနားမှာ မင်း အမြဲရှိနေနိုင်တယ် "

ဖန်းကျန်းဝူသည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။

" သခင်ကြီး၊ ကျန်းဝူ သွားပြီ "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" မင်း ဘယ်သွားမလို့လဲ "

" ဂျပန်ကို ပြန်ရမှာ "

ဖန်းကျန်းဝူ ငိုတော့မည် ဖြစ်သည်။

" ရုတ်တရက် ဘာဖြစ်သွားတာလဲ "

ယဲ့ဖန်သည် ချက်ချင်းပင် လေးနက်လာသည်။

" ကျန်းဝူက ထားခဲ့ချင်တာ မဟုတ်ပါဘူး။ ..... ဒါပေမဲ့ အဖေက တစ်ယောက်ယောက်ကို လွှတ်ပြီး ပြန်ခေါ်ခိုင်းထားတယ်။ ကျန်းဝူက သခင်ကြီးနဲ့ မခွဲနိုင်ဘူး ငိုချင်တယ် "

ယဲ့ဖန်သည် ငိုနေသည့် ဖန်းကျန်းဝူ ကို ပွေ့ဖက်လိုက်သည်။

" ကျန်းဝူ .... "

ယဲ့ဖန် စကားပြောတော့မည် ဖြစ်သည်။

ထိုအချိန်၌ တံခါးခေါက်သံ နှစ်ခု ကြားလိုက်ရသည်။

ဖန်းကျန်းဝူသည် သူမမျက်နှာမှ မျက်ရည်များကို သုတ်လိုက်သည်။

" သခင်ကြီး၊ ကျန်းဝူ တကယ် ထွက်သွားရပါတော့မယ်။ ကျန်းဝူကို ..... သတိရနေရမယ်နော် "

ယဲ့ဖန်သည် သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။

" မင်း ထွက်မသွားချင်ရင် ဘယ်သူမှ မင်းကို အတင်းအကျပ် လာခေါ်လို့မရဘူး။ သူတို့ကို မောင်းထုတ်လိုက်မယ် ...... "

" ကျေးဇူးပြုပြီး မလုပ်ပါနဲ့ "

ဖန်းကျန်းဝူ သူ့ကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

" ကျွန်မကြောင့် သခင်ကြီးတို့ တိုက်ခိုက်နေတာ မမြင်ချင်ဘူး "

" သခင်ကြီး၊ ရှင်နဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေက ကျန်းဝူဘဝမှာ အပျော်ဆုံးအချိန်တွေပါပဲ။ နေကောင်းနေရမယ် "

ထို့နောက် သူမအဝတ်ကို ဝတ်ကာ ထွက်လာခဲ့သည်။

ယဲ့ဖန်သည် သူ့အဝတ်အစားကို ဝတ်ရန် အချိန်မရှိပေ။

ထို့ကြောင့် ပုဝါတစ်ထည်ကို သူ့ကိုယ်တွင် ပတ်ပြီး သူမနောက်ကို ပြေးလိုက်လာသည်။

တံခါးအပြင်ဘက်၌ အနက်ရောင်ဝတ်စုံဖြင့် လူအချို့ မတ်တပ်ရပ်နေကြပြီး သူတို့၏ အကြည့်များသည် ဓားသွားကဲ့သို့ ထက်မြက်သည်။

ထိုလူများအားလုံးသည် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်သည်ကို ယဲ့ဖန် ခံစားလိုက်ရသည်။

သူတို့သည် အာသာတို့ထက် အားနည်းသည် မဟုတ်ကြပေ။

သူတို့ထဲမှ ယောက်ျားတစ်ယောက်သည် ယဲ့ဖန်ကို စူးရဲစွာ စိုက်ကြည့်နေသည်။

" မင်းတို့နှစ်ယောက်အကြောင်းကို ဆရာကြီး ဖန်းက သိထားပြီးသား။ မင်းကို တစ်ခုခု ပြောခိုင်းလိုက်တယ် "

" မင်းက သူ့ရဲ့ အချစ်ဆုံးရတနာလေးကို မသင့်တော်တာတွေ ဖြစ်စေခဲ့တယ်။ သူ မင်းကို သတ်လိုက်သင့်ပေမယ့် မင်းရဲ့ကိုယ်စား မမလေးဖန်းက အသနားခံထားလို့ လောလောဆယ်တော့ မင်းရဲ့အသက်ကို သက်ညှာပေးထားတယ် .... "

" ဒါပေမယ့် မင်း မမလေးဖန်းကို ဘယ်တော့မှ ထပ်မနှောင့်ယှက်ရဘူး။ မဟုတ်ရင် မင်း အကျိုးဆက်ကို ခံရလိမ့်မယ် "

သူ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသည့်အခါ ယဲ့ဖန် ပြုံးလိုက်သည်။

" ဒါဆို ကျွန်တော့်ကိုလည်း ကူပြီး အမှာစာပို့ဖို့ ကူညီပါဦး။ ကျွန်တော် ဂျပန်ကို လာပြီး သူ့ရဲ့ရတနာကို ပြန်လာခေါ်မယ်လို့ "

" သူ့ရတနာက အခု ကျွန်တော်ပိုင်နေပြီ "

ဖန်းကျန်းဝူ၏ လှပသော မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။

အခြားမည်သူမျှ မရှိခဲ့ပါက ယဲ့ဖန်သည် ထပ်မံ၍ ဆုချီးမြှင့်ခြင်း ခံရပေမည်။

" မင်းမှာ သတ္တိရှိရင် ဂျပန်ကို လာခဲ့လိုက်။ မင်း ပြန်သွားနိုင်မှာ မဟုတ်ဘူးဆိုတာကို ငါ အာမခံတယ် "

ထိုလူသည် ဆိုးရွားသော သတိပေးချက်ကို ချန်ထားခဲ့ကာ ဖန်းကျန်းဝူကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖန်းကျန်းဝူသည် ယဲ့ဖန်အား တုံ့ဆိုင်းစွာဖြင့် လှည့်ကြည့်လိုက်သည်။

ထိုအဖွဲ့သည် သူ့အကြည့်အောက်မှ ပျောက်ကွယ်သွားသည့်အခါမှသာ ယဲ့ဖန်သည် သူ့အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

အလွန်စိတ်ပျက်အားငယ်စွာဖြင့် ချန်းဖေးအယ်အား ဖုန်းခေါ်ပြီး ဂျပန်သို့ ဘယ်အချိန်ထွက်နိုင်မည်လဲကို မေးလိုက်သည်။

သို့သော် ဖြေကြားချက်တစ်ခုသာ ရရှိခဲ့သည်။

" အကြောင်းကြားစာကို စောင့် "

" ငါ့ဖင်ကြီးကို စောင့်ပါလား "

သူသည် ဖုန်းကို ချက်ချင်း ပစ်ပေါက်လိုက်ပြီး ဂျပန်သို့ ပြေးသွားချင်စိတ် ပေါက်သွားသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၅၄ )

ဇာတ်ရုပ်ကို ရတာနဲ့ အသေးစိတ် လေ့လာရမယ်

ယဲ့ဖန်သည် ယန်းချန်မြို့၌သာ လဝက်လောက် နေလိုက်ရပြီးနောက် ချန်းဖေးအယ်စီမှ အကြောင်းကြားစာရခဲ့သည်။

သူသည် နောက်ဆုံး၌ ထွက်ခွာနိုင်ပြီ ဖြစ်သည်။

သူ ဂျပန်သို့ သွားမည်ကို ချန်းရွှမ်သိပြီးနောက် ယဲ့ဖန် မထွက်သွားခင်အထိ သူမသည် အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။

သူမသည် သူ့ကို ညတိုင်း နှိပ်စက်လေသည်။

ကံကောင်းစွာဖြင့် သူသည် အင်အားများစွာရှိသူ ဖြစ်သည်။

အကယ်၍ အခြားသူသာဖြစ်ပါက ဂျပန်သို့ ခြောက်သွေ့နေသော အလောင်းကောင်ကြီးသာ ရောက်သွားမည် ဖြစ်သည်။

ချန်းရွှမ်အပြင် ကျောင်းဖုလင်နှင့် လော့ကျင်းယွမ်တို့ကလည်း သူ့ကို တစ်လှည့်စီ ဖိတ်ကြားကြသည်။

သူတို့သည် သောက်ပြီးကြသည့်အခါ ဖက်ပြီး ငိုပင်ငိုနေသေးသည်။

မသိပါက ယဲ့ဖန်မှာ သေတော့မည့်လူအဖြစ်နှင့် တူနေသည်။

ထိုရက်အနည်းငယ်အတွင်း ယဲ့ဖန်သည် နာကျင်ရသော်လည်း ပျော်ရွှင်ရသည်ဟု ဆိုရပေမည်။

တစ်ဖက်တွင် သူ၏ ဆွေမျိုးများ၊ မိတ်ဆွေများစီမှ သေရည်၊ အသားနှင့် လက်ဆောင်များရ၍ ဖော်ရွှေမှုကို ခံစားလိုက်ရသည်။

တစ်ဖက်တွင်တော့ သူသည် သံမဏိလူသား မဟုတ်ပေ။

အရက်ဂုဏ်နှင့် ကာမဂုဏ်တို့၏ အကျိုးဆက်များက သူ၏ စွမ်းအင်ကို အားနည်းလာစေသည်။

ထို့ကြောင့် သူသည် ချန်းဖေးအယ်အား လေဆိပ်၌ တွေ့သည့်အခါ စိတ်လှုပ်ရှားလွန်း၍ ငိုမိမတတ်ပင် ဖြစ်သွားသည်။

သူမသည် သူ့အား လောကဒဏ်အသူရာချောက်ကြီးထဲမှ ကယ်တင်ပေးမည့် ကွမ်ရင်မယ်တော်သဖွယ် ဖြစ်နေသည်။

သူမသည် သူ့အား နောက်ဆုံး၌ သေမျိုးလောကထဲမှ ကယ်တင်ကာ ဂျပန်သို့ သွားရန် ခေါ်တော့သည်။

ချန်းဖေးအယ်သည် ယနေ့တွင် ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသည်။

သူမသည် အနက်ရောင် စီးပွားရေးဝတ်စုံကို ဒူးကိုသာဖုံးသည့် စကတ်ဖြင့် ၀တ်ဆင်ထားသည်။

သူမ၏ ခြေသလုံးများသည် ဖြောင့်စင်းပြီး ကျော့ရှင်းနေသည်။

အရင်ကဆိုပါက ယဲ့ဖန်သည် ချောင်းကြည့်မိသွားနိုင်သည်။

သို့သော် သူသည် လက်ရှိ၌ မိန်းမများကို စိတ်မဝင်စားနိုင်တော့ပေ။

သူ့ရှေ့၌ သူမသည် အဝတ်ဗလာဖြစ်နေလျှင်တောင်မှ သူ တုံ့ပြန်မှု မရှိလောက်ချေ။

" ရှင် ..... အဆင်ပြေရဲ့လား "

ချန်းဖေးအယ်သည် သူ၏ စိတ်ဓာတ်ကျသော အသွင်အပြင်ကို ကြည့်ပြီး

ဂျပန်သို့ မသွားနိုင်ခင်ပင် သေသွားမှာကို စိုးရိမ်နေသည်။

ယဲ့ဖန် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။

" နေလို့ကကောင်းပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကို နည်းနည်း လုပ်အားပေးထားတော့ နောက်နှစ်ရက်လောက်နေရင် ကောင်းသွားလိမ်ြမယ် "

ချန်းဖေးအယ်သည် သူမ၏ မျက်လုံးများ၌ ထူးဆန်းသော အကြည့်တစ်ခု ရှိနေသည်။

" ဒါမျိုး မပြောသင့်ပေမယ့် အနည်းဆုံးတော့ သတိထားသင့်တယ်။ ငယ်ငယ်နဲ့ ဒီလိုဖြစ်နေရင် ရယ်စရာကောင်းတယ်။ အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲ "

ယဲ့ဖန်သည် ယခင်က လိင်ဆက်ဆံခြင်း မရှိဘူးသော ထိုအပျိုကြီးနှင့် ထိုကဲ့သို့သော နက်နဲလှသည့် အကြောင်းအရာများကို ပြောဆိုရန် ပျင်းလွန်းလှသည်။

ထို့ကြောင့် မျက်စိမှိတ်ပြီးသာ အနားယူနေသည်။

ချန်းဖေးအယ်သည် ဤပြဿနာကို မဖြေရှင်းချင်တော့ပေ။

ထိုအစား လွယ်အိတ်ထဲမှ စာရွက်စာတမ်းများကို ထုတ်ယူလိုက်သည်။

" ဒါက ကျွန်မတို့ရဲ့ အထောက်အထားအသစ်တွေပဲ။ ရှင်က ရှင့်ပုံစံအတိုင်း နေလို့ရတယ်။ ကျွန်မကတော့ ရှင့်လက်ထောက်အနေနဲ့ ရှင့်ရဲ့နေ့စဉ်ကိစ္စတွေကို ကူညီပေးမယ် ..... "

ယဲ့ဖန်သည် စာရွက်စာတမ်းများကို မကြည့်ဘဲ ဘေးသို့ ပစ်ချလိုက်သည်။

" မင်းက လက်ထောက်တစ်ယောက်ဆိုတော့ လက်ထောက်တစ်ယောက်က လုပ်သင့်တာကို လုပ်ရမယ် "

ချန်းဖေးအယ် အံ့အားသင့်သွားသည်။

" လက်ထောက်ကလား ... ဘာလုပ်ရမှာလဲ "

ယဲ့ဖန် ခေါင်းကို မော့ပြီး သူမကို စိုက်ကြည့်နေလိုက်သည်။

" ပြောရရင် ကိုယ့်ရဲ့လက်ထောက်ဆိုတာက ကိုယ့်ရဲ့ တတိယလက်လည်း ဖြစ်တယ်။ မင်းအိမ်အလုပ်လည်း လုပ်ရမယ်။ ကိုယ်ခိုင်းတာလည်း လုပ်ရမယ်။ အခု ရေငတ်နေပြီ "

ချန်းဖေးအယ် အံကြိတ်လိုက်သည်။

သူမ သူ့ကို ပါးရိုက်လိုက်ချင်သည်။

သို့သော် အဆုံး၌ သူမ ပြန်ထိန်းထားလိုက်သည်။

သူမသည် ရေဘူးတစ်ဘူးကို ဖွင့်ပြီး သူ့အား ပေးလိုက်သည်။

" ရော့၊ ရပြီ "

ယဲ့ဖန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားရသည်။

" ရပြီ၊ ရပြီက ဘာလဲ။ ကိုယ့်ကို ရေတိုက် "

ထိုစကားကို ပြောပြီးနောက် ပါးစပ်ကို ဖွင့်လိုက်သည်။

ချန်းဖေးအယ်သည် သူမ၏ ခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းနေသော မီးတောက်ကို ခံစားလိုက်ရသည်။

လက်သီးများကို တင်းကြပ်စွာ ဆုပ်လိုက်မိသော်လည်း နောက်ဆုံး၌ လွှတ်ချလိုက်တော့သည်။

ထားလိုက်ပါ၊ ဒါတွေအားလုံးက တာဝန်အတွက်ပဲ။

သူမသည် ဒေါသထွက်နေသည်ကို ထိန်းပြီး သူ့ပါးစပ်ထဲသို့ ရေများ လောင်းထည့်ပေးလိုက်သည်။

ယဲ့ဖန် နှစ်ငုံလောက်သောက်ပြီးနောက် သူမလက်ကို တွန်းထုတ်လိုက်သည်။

" လူတွေကို ဘယ်လို အစေခံရမလဲ မသိဘူးလား။ မင်းက ကိုယ့်ကို အသေသတ်ချင်နေတာလား "

နောက်ဆုံး၌ ချန်းဖေးအယ် မခံနိုင်တော့ချေ။

သူမသည် အသံကို လျှော့ပြီး အံကြိတ်ပြောလိုက်သည် ။

" ကျွန်မက ရှင့်ရဲ့လက်ထောက်တစ်ယောက်လိုပဲ ဟန်ဆောင်နေတာ။ ရှင်က ကျွန်မကို ကျွန်တစ်ယောက်လို တကယ် ဆက်ဆံနေတာလား "

ယဲ့ဖန် သူမကို ဒေါသတကြီး ကြည့်လိုက်သည်။

" ရဲဘော် ချန်းဖေးအယ်၊ ကိုယ် မင်းကို ဝေဖန်ရလိမ့်မယ်။ မင်းကို အဖွဲ့အစည်းကပေးတဲ့ တာဝန်အပေါ် မင်းက မလိုလားပုံဘဲ။ အဖွဲ့အစည်းက မင်းကို ဒီလိုအရေးကြီးတဲ့အလုပ်တစ်ခုပေးခဲ့မှတော့ မင်း အကောင်းဆုံးလုပ်သင့်တယ်။ ဒါက ဘယ်လိုသဘောထားလဲ "

ချန်းဖေးအယ်သည် သူ၏ စွပ်စွဲချက်ကြောင့် အံ့အားသင့်သွားရသည်။

" အဖွဲ့အစည်းက ပေးတဲ့ တာဝန်တွေအပေါ် ကျွန်မက ဘယ်အချိန်က သဘောမတူတာ ရှိလို့လဲ "

" ကျွန်မ ထင်တာ ... အပြင်လူတွေနဲ့ တွေ့တဲ့အခါမှ လက်ထောက်တစ်ယောက်လို ဟန်ဆောင်နိုင်ပေမယ့် အနားမှာ ဘယ်သူမှမရှိဘူးဆိုရင် ...... "

ယဲ့ဖန် လက်မြှောက်ကာ သူမကို ပြောနေသည်ကို နှောင့်ယှက်လိုက်သည်။

" မင်းရဲ့ တွေးခေါ်ပုံက မှားနေတယ်။ ဒီပြဿနာတွေကို သာမန်အချိန်မှာ ဂရုမစိုက်ရင် အရေးကြီးတဲ့အချိန်ကျ အမှားအယွင်း ဖြစ်တတ်တယ် "

" ဒါမျိုးကို မင်း သရုပ်ဆောင်တွေစီက သင်ယူရမယ်။ မင်း ဇာတ်ရုပ်ကို ရတာနဲ့ လေ့လာဖို့ အသေးစိတ်ကနေ စရမယ် "

ချန်းဖေးအယ်သည် ငြင်းခုန်မှုများ၌ အားနည်းချက်ရှိနေသည်မှာ ထင်ရှားသည်။

သူမသည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။

ယဲ့ဖန် သူ့ခြေထောက်များကို ချိတ်ထိုင်လိုက်သည်။

" လာ၊ ကိုယ့်ပခုံးတွေကို အရင်နှိပ်ပေး။ မင်းရဲ့နည်းပညာကို ခံစားကြည့်ချင်တယ် "

ချန်းဖေးအယ် ဒေါသထွက်သွားသည်။

" လက်ထောက်က နှိပ်ပေးဖို့လည်း တာဝန်ရှိသေးတာလား "

ယဲ့ဖန် သူမကို မော့ကြည့်လိုက်သည်။

" မင်း အိမ်စာ မလုပ်ခဲ့ဘူးဆိုတာ ကိုယ် ပြောနိုင်တယ်။ အိပ်တာကလွဲလို့ တခြားအရာအားလုံးအတွက် လက်ထောက်က တာဝန်ယူရမယ် "

ချန်းဖေးအယ်သည် ချက်ချင်းပင် လျှာကို ကိုက်ကာ ထိန်းလိုက်သည်။

ဒါက လူရမ်းကားတစ်ယောက်လို ပြုမူနေတာ မဟုတ်ဘူးလား။

" မင်း မလုပ်ချင်ဘူးဆိုလည်း မေ့လိုက်တော့။ ယန်းချန်မြို့မှာ ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီး ကျန်နေသေးတယ်ဆိုတော့ အခု ဂျပန်ကို မသွားတော့ဘူး"

ယဲ့ဖန် ဟန်ဆောင်ပြီး ထရန် ပြင်လိုက်သည်။

" ကောင်းပြီ၊ နှိပ်ပေးမယ် ဟုတ်ပြီလား "

ချန်းဖေးအယ် ဒေါသထွက်လွန်း၍ အံကြိတ်ထားသော်လည်း နောက်ဆုံး၌ ယဲ့ဖန်အနောက်တွင် ရပ်လိုက်ပြီး သူ့ခေါင်းကို နှစ်ကြိမ်လောက် ထုပြီးမှ သူ့ပုခုံးကို နှိပ်ပေးလိုက်သည်။

" မင်း မနက်စာ မစားခဲ့ဘူးလား။ နည်းနည်းလောက် အားထည့်လို့ မရနိုင်ဘူးလား "

ယဲ့ဖန်သည် သူမ၏ နည်းလမ်းနှင့် ပတ်သက်၍ သူ့အမြင်ကို ပြောပြသည်။

ချန်းဖေးအယ်သည် သူမ၏ ဒေါသကို မြိုသိပ်လိုက်ပြီး ချက်ချင်းပင် အားထည့်လိုက်သည်။

" အား၊ မင်း သူဌေးကို ...... သတ်နေတာလား ..... နည်းနည်းလောက် ပိုပြီး နူးညံ့လို့ ရဘူးလား "

ယဲ့ဖန် ဆက်၍ ပြဿနာရှာလေသည်။

" ဒါဆို ရှင်က ကျွန်မကို အားသုံးစေချင်တာလား၊ မသုံးစေချင်တာလား "

ချန်းဖေးအယ်သည် ဤမျှခက်ခဲသော အလုပ်ကို မလုပ်ဖူးသဖြင့် သူမသည် အလုပ်ထွက်ချင်စိတ်ပေါ်လာခဲ့သည်။

" မင်းအရင်က ဘယ်သူ့ကိုမှ မနှိပ်ပေးခဲ့ဖူးဘူးလား "

" မနှိပ်ပေးဖူးဘူး "

" မင်းအဖေရော "

" ဟင့်အင်း "

" မင်းအဘိုးရော "

" တကယ် မလုပ်ပေးဖူးဘူး "

" ဘယ်လောက်တောင် သားသမီးဝတ္တရားမဲ့တဲ့ သမီးလဲ "

ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းလိုက်သည်။

" ဒါဆို ကိုယ့်ကို မင်းအဖေအဖြစ် စိတ်ကူးကြည့်။ ပြီးရင် မင်းအဖေကို နှိပ်နယ်ပေးရင် မင်း ဘယ်လိုခွန်အားကို သုံးမှာလဲ "

" သူ့ကို သတ်ပစ်မှာ "

ချန်းဖေးအယ်၏ အသံသည် ခိုင်မာနေသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ တုန်လှုပ်သွားသည်။

" မင်း .... မင်းအဖေကို ရန်ငြိုးရှိတာလား "

သူ ချောင်းခြောက်ဆိုးလိုက်သည်။

" ဟုတ်တယ်၊ သူက ကျွန်မအမေကို သတ်လိုက်တာ။ ကံကောင်းလို့ သူ အခု ထောင်ကျနေတယ်။ မဟုတ်ရင် ကျွန်မ သူ့ကို သတ်မိလိမ့်မယ် "

ချန်းဖေးအယ်၏ မျက်နှာသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

" မင်းလည်း ဇာတ်လမ်းရှိတဲ့လူပဲ "

ယဲ့ဖန် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

" အဲ့တော့ ရှင် အနှိပ်ခံချင်သေးလား "

" ဒါပေါ့၊ နှိပ်ပေးရမှာ။ မင်းမှာ သနားစရာကောင်းတဲ့ နောက်ခံရှိတာနဲ့ မင်းကို ကိုယ်ချင်းစာလို့ အလျော့ပေးတာမျိုး မရှိဘူး။ ဘယ်သူက ကြေကွဲစရာ နောက်ခံမရှိလို့လဲ "

" ရှင်က တကယ်ကို အကျင့်ပုတ်တဲ့လူတစ်ယောက်ပဲ "

" ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ် "

" ပြီးတော့ အရှက်လည်း မရှိဘူး "

" အရှက်မရှိတာဆိုတာ ဘာလဲ။ စားလို့ရလား "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၅၅ )

ရှေးဟောင်းမိသားစုကြီးများ

လေယာဉ်စောင့်ဆိုင်းခန်းထဲ၌ လူအရေအတွက် တဖြည်းဖြည်း တိုးလာသည်။

အနက်ရောင် နေကာမျက်မှန်တပ်ထားသည့် ယဲ့ဖန်သည် အလွန်လှပသောလက်ထောက်အလှလေး၏ ဝန်ဆောင်မှုအား ခံစားနှစ်သက်နေသည်ကို လူများက မြင်သောအခါ သူတို့အားလုံးသည် နာလိုသောအကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်ကြတော့သည်။

ချန်းဖေးအယ်၏ မှင်သက်စရာကောင်းသော အသွင်အပြင်ကြောင့် အခြားသူများမှာ သူမအား ဘိုးဘေးကဲ့သို့ နေ့တိုင်း ဆက်ဆံကြမည်ဖြစ်ပြီး လျစ်လျူရှုမည်ကို ကြောက်နေကြလောက်သည်။

သို့သော် ထိုကောင်လေးမှာတော့ တကယ်ပင် သူမကို ကျွန်အဖြစ် ခိုင်းနေတော့သည်။

ဒီလို အလှလေးကို အသုံးချနေတာလား။

ချန်းဖေးအယ်သည် တာဝန်အသေးစိတ်များအား မိတ်ဆက်နေလျက် ယဲ့ဖန်အား ဆက်၍ နှိပ်ပေးနေသည်။

သူတို့နှစ်ဦးသည် စီးပွားရေးကိစ္စဖြင့် ဂျပန်သို့ သွားကြသော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် Niu Sidunအား လျှို့ဝှက်စုံစမ်းမှာဖြစ်ပြီး ယုကျိုးအိုးကိုလည်း ပြန်လည်ရရှိရေးအတွက် နည်းလမ်းရှာရန် ကြိုးစားနေကြသည်။

လုံခြုံရေးအဖွဲ့သည် ဂျပန်၌ သူလျှိုတစ်ယောက်ရှိတယ်။

သူသည် ဂျပန်နိုင်ငံရှိ အကြီးဆုံး တရုတ်လူ့အဖွဲ့အစည်း ဖြစ်သော ကံနဂါးအဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌဖြစ်ကာ သူ၏အမည်မှာ စူချီယွမ်ဖြစ်သည်။

ဤတစ်ကြိမ်၌ သူတို့ ဂျပန်လာသည်ကို ဒုဥက္ကဌမှ လာခေါ်ပေးမည်ဖြစ်သည်။

ထိုစကားကို ယဲ့ဖန် ကြားလိုက်သောအခါ သူ အံ့သြသွားသည်။

" ဂျပန်က အုပ်စုဖွဲ့ဂိုဏ်းလှုပ်ရှားမှုတွေကို တားမြစ်တာလား "

ချန်းဖေးအယ် ပြုံးပြီး ရှင်းပြသည်။

" အပေါ်ယံအနေနဲ့တော့ တားမြစ်ထားပေမဲ့ တကယ်ကျ သီးသန့်ခွင့်ပြုထားတယ်။ အဲ့တာကို အသေးစား တရား၀င်ကိစ္စလို့တောင် သတ်မှတ်လို့ရတယ် "

ယဲ့ဖန် မတတ်နိုင်ဘဲ တောက်ခေါက်လိုက်မိသည်။

" လွတ်လပ်တဲ့နိုင်ငံကတော့ မျှော်လင့်ထားသလိုပဲ "

ချန်းဖေးအယ် သူ့ကို ဆက်ရှင်းပြသည်။

" အစောပိုင်းနှစ်တွေတုန်းက ဂျပန်မှာ ဂိုဏ်းတွေက အရမ်းများတယ်။ အချင်းချင်း ရန်ဖြစ်လိုက်၊ ပါလီမန်အမတ်တွေကို လုပ်ကြံသတ်ဖြတ်လိုက်၊ ပြည့်တန်ဆာလုပ်ငန်းတွေဖွင့်တာတို့၊ ဈေးကလူတွေကို အနိုင်ကျင့်တာတွေ၊ ဒုစရိုက်မျိုးစုံနီးပါး လုပ်ခဲ့ပေမယ့် ဒီနှစ်တွေမှာတော့ ပိုနည်းလာတယ် "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ သိုင်းလောကဆိုတာ တိုက်ခိုက်သတ်ဖြတ်တာတွေချည်းပဲ မဟုတ်ဘူး။ ဒါက မကောင်းတဲ့ လူတွေရဲ့ လမ်းစဉ်တွေ "

ချန်းဖေးအယ် ပြုံးရုံသာ ပြုံးလိုက်သည်။

" အရင်တုန်းကတော့ တရုတ်တွေက အဲဒီ့မှာ အနိုင်ကျင့်ခံခဲ့ရတယ်။ နောက်ဆုံးကျ သူတို့က ဒီကံနဂါးအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်တော့တာ။ အဲ့တာကို ဂျပန်မှာ အကြီးဆုံး တရုတ်လူ့အဖွဲ့အစည်းလို့ သတ်မှတ်နိုင်တယ် "

ယဲ့ဖန် သိချင်လာခဲ့သည်။

" ဒါဆို ဂျပန်မှာ ဒီ ကံနဂါးအဖွဲ့အစည်းရဲ့ အဆင့်က ဘယ်လောက်လဲ "

ချန်းဖေးအယ် ခဏစဉ်းစားလိုက်သည်။

" ဖြစ်နိုင်တာကတော့ .... သူတို့က ထိပ်တန်းငါးခုထဲမှာတောင် အဆင့်မမီနိုင်ဘူး "

ယဲ့ဖန် အံ့သြသွားသည်။

" မဖြစ်နိုင်တာ၊ အကြီးဆုံးတရုတ်ဂိုဏ်းက ထိပ်တန်းငါးခုထဲမှာတောင် အဆင့်မမီဘူးလား "

ချန်းဖေးအယ် ခေါင်းညိတ်လိုက်သည်။

" ဂျပန်လူမျိုးတွေက အရမ်းလူမျိုးရေး ခွဲခြားနေကြတုန်းပဲ။ ဂျပန်ပြည်တွင်းက ဂိုဏ်းတွေအားလုံးက နိုင်ငံခြားဂိုဏ်းတွေကို ဆန့်ကျင်နေကြတယ် "

" အဲ့တာကြောင့် ဂျပန်မှာ နိုင်ငံခြားဂိုဏ်းတွေ ရှင်သန်ဖို့က အရမ်းခက်ခဲတယ်။ ကံနဂါးအဖွဲ့အစည်းတောင် သူတို့ကိုယ်သူတို့ မနည်း ထိန်းသိမ်းနေရတာ "

ယဲ့ဖန်သည် အခုအခါ ပိုလို့ပင် သိချင်လာမိသည်။

" ဂျပန်မှာ တခြား အင်အားကြီးဂိုဏ်းတွေ ရှိသေးလား "

ချန်းဖေးအယ်သည် ထိုဂိုဏ်းများကို မိသားစုမျိုးနွယ်စဉ်ဆက်များ မိတ်ဆက်ပေးသလို ရှင်းပြသည်။

" အကြီးဆုံးဂိုဏ်းသုံးဂိုဏ်းက ရာမာဂူချီ-ဂူမီဂိုဏ်း၊ အီနာဂါဝါ ခါအီဂိုဏ်းနဲ့ စူမီရိုးရှိကိုင်ဂိုဏ်းတို့ပဲ။ ဒီဂိုဏ်းသုံးဂိုဏ်းက ထူထောင်ထားတာ အချိန်အတော်ကြာပြီ။ အငယ်ဆုံးဂိုဏ်းဖြစ်တဲ့ Sumiyoshi Society ကတောင် ရာစုနှစ်တစ်ဝက်လောက်ရှိပြီ။ အတိုင်းအတာနဲ့ ခွန်အားက ဘာပဲဖြစ်ဖြစ် တခြားဂိုဏ်းတွေနဲ့ ယှဉ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး ...... "

သူမ မိတ်ဆက်ပေးပြီးနောက် ယဲ့ဖန်သည် ဂျပန်ရှိ အင်အားစုကြီးများအကြောင်း သေချာ နားလည်လာခဲ့သည်။

ထိုဂိုဏ်းများအပြင် ဂျပန်နိုင်ငံ၌ ရှေးကျသော မိသားစုများစွာ ရှိခဲ့သည်။

ဤမိသားစုများသည် ရာမာဂူချီ-ဂူမီဂိုဏ်းကဲ့သို့ ရာထူးကြီးသူများ မဟုတ်သည့်အပြင် အဖွဲ့ဝင်များစွာလည်း မရှိသော်လည်း သူတို့၏ အင်အားကို လျှော့တွက်၍ မရပေ။

တစ်ခါက ဂျပန်နိုင်ငံရှိ အလွန်အားကောင်းသည့် ဂိုဏ်းတစ်ခုမှ သူဌေးတစ်ဦးသည် စားသောက်ဆိုင်တစ်ခု၌ မိန်းကလေးတစ်ဦးနှင့် ပရောပလုပ်ခဲ့သည်။

ထိုမိန်းကလေးသည် ရှေးဟောင်းမိသားစုကြီးတစ်ခု၏ သမီးဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ပထမ၌ ထိုဂိုဏ်း၏ သူဌေးသည် မထီမဲ့မြင်ပြုနေခဲ့သည်။

သူသည် အလွန်သန်မာသူများထဲမှ တစ်ဦးဖြစ်၍ ထိုကဲ့သို့မိသားစုများကို ဘာကြောင့် ကြောက်ရမည်လဲဟု တွေးလိုက်မိသည် ။

သို့သော် ထိုညတွင် ထိုဂိုဏ်း၏ သူဌေးသည် အိပ်ရာပေါ်၌ပင် သေသွားခဲ့သည်။

သူ့ခန္ဓာကိုယ်သည် နဂိုအတိုင်း ရှိနေသော်လည်း သူ၏ ဦးခေါင်းမှာတော့ ပျောက်နေခဲ့သည်။

ထိုအခါ လူတိုင်းသည် ရှေးဟောင်းမိသားစုများ၏ ကြောက်မက်ဖွယ်စွမ်းအားကို နောက်ဆုံး၌ တွေ့ကြုံခံစားခဲ့ရသည်။

ယဲ့ဖန်သည် ထိုရှေးဟောင်းမိသားစုများ၏ အခြေအနေကို အတိအကျမသိသော်လည်း ဖန်းကျန်းဝူ၏ မိသားစုသည် ထိုရှေးဟောင်းမိသားစုကြီစများထဲမှ တစ်ခုဖြစ်နိုင်သည်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

ချန်းဖေးအယ်သည် ထိုမိသားစုများထက် ထိုဂိုဏ်းကြီးများကိုသာ နှောင့်ယှက်သင့်ကြောင်း သူ့အား သတိပေးခဲ့သည်။

ထိုသို့ မဟုတ်ပါက အကျိုးဆက်များမှာ အလွန်ပြင်းထန်ပေလိမ့်မည်။

ယဲ့ဖန်သည် နှုတ်ဖြင့်သာ သဘောတူသော်လည်း သူ့စိတ်ထဲတွင်တော့ တေးမှတ်ထားသည်။

လူများသည် လျှို့ဝှက်ဆန်းကြယ်သည့် အရာများကြောင့် ထိတ်လန့်လွယ်ကြသည်။

အမှန်၌ နဖူးတွေ့ဒူးတွေ့ ကြုံပြီးနောက်မှသာ သာမန်မှန်း သိလာကြသည်။

သူတို့နှစ်ယောက် စကားစမြည် ပြောနေကြစဉ်မှာပင် နောက်ဆုံး၌ စောင့်ဆိုင်းခန်းထဲတွင် လေယာဉ်ထွက်ခွာရန် အကြောင်းကြားချက် ထွက်ပေါ်လာသည်။

ချန်းဖေးအယ်သည်လည်း သူမ၏ လက်ထောက်အတွင်းရေးမှူးအခန်းကဏ္ဍ၌ ပါဝင်ပြီး ခရီးဆောင်အိတ်များဖြင့် တက်ရန် စတင် ကူညီပေးခဲ့သည်။

ယဲ့ဖန်သည်လည်း သူမလုပ်ချင်သည်ကို လုပ်နေသည်အား မြင်ရ၍ ဝမ်းသာနေသည်။

ယဲ့ဖန်၏ မူလရည်ရွယ်ချက်အရ သူသည် ပထမတန်းအဆင့် ထိုင်ခုံနှစ်ခုကို ကြိုတင်စာရင်းသွင်းထားချင်သည်။

သို့သော် ဤအထောက်အကူ မဖြစ်လှသည့် လက်ထောက် ချန်းဖေးအယ်သည် ရိုးရိုးတန်းထိုင်ခုံ နှစ်ခုကိုသာ ကြိုတင်မှာယူခဲ့သည်။

တိုင်းပြည်အတွက် ငွေစုသည်ဟုလည်း ဆိုသေးသည်။

သူဌေးနှင့် လက်ထောက်ကြားမှ ဆက်ဆံရေးသည် အမှန်တကယ်ဆိုပါက သူသည် သူမထံမှ ဘောနပ်စ်ငွေအချို့အား နုတ်ယူမည်မှာ သေချာလေသည်။

သူတို့နှစ်ယောက်သည် လေယာဉ်ခန်းထဲသို့ ဝင်လိုက်ပြီးနောက် ထိုင်ခုံကို ရှာနေကြသည်။

ယဲ့ဖန်သည် ရင်းနှီးသော မျက်နှာကို ရုတ်တရက် မြင်လိုက်ရသည်။

ရှုမန်လား။

သူ အမြင်မှားသည်ဟု ထင်ပြီး ရှုမန်ဖြစ်ကြောင်း အတည်ပြုရန် အနီးကပ်ကြည့်လိုက်သည်။

သူမသည် ပြတင်းပေါက်ဘေးတွင် ထိုင်နေကည ပြတင်းပေါက်ဘက်ကို လှမ်းကြည့်နေသည်။

သူမသည် မျက်မှန်ကို ၀တ်ဆင်ထားသောကြောင့် ဂရုတစိုက်မကြည့်ပါက သူမကို အမှန်တကယ်ပင် မှတ်မိနိုင်မည် မဟုတ်ပေ။

" အစ်မမန် "

သူသည် ချက်ချင်း လှမ်းအော်လိုက်သည်။

ရှုမန် လှည့်ကြည့်လိုက်ပြီးနောက် ခဏတာ အံ့အားသင့်သွားကာ သူမ တအံ့တသြဖြင့် ထရပ်လိုက်သည်။

" ရှောင်ဖန်လား။ နင် .... နင် ဘာလို့ ဒီကိုရောက်နေတာလဲ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၅၆ )

ဒီမိန်းမကတော့ တကယ် ရူးနေပုံပဲ

ယဲ့ဖန်သည် ချက်ချင်း ပြန်မဖြေချေ။

ထို့နောက် ရှုမန်အနားတွင် ထိုင်နေသည့်လူကိုကြည့်လိုက်သည်။

" လူကြီးမင်း၊ ထိုင်ခုံပြောင်းပေးလို့ ရမလား "

ထိုလူသည် မလိုလားသည်မှာ ထင်ရှားသည်။

ဤသို့ အလှလေးနှင့် ထိုင်ခွင့်ရသည်မှာ တစ်သက်မှာ တစ်ခါသာ ဖြစ်နိုင်သည်၊

သူ့ထိုင်ခုံကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ပြောင်းပေးရမှာလဲ၊

သူပြောစရာပင် မလိုလိုက်ချေ။

ယဲ့ဖန်သည် သူပြောချင်သည်ကို သိလိုက်သည်။

ထို့ကြောင့် အဓိပ္ပါယ်မရှိသည်များအား မပြောတော့ဘဲ သူ့အိတ်ကပ်ထဲမှ ပိုက်ဆံတစ်အုပ်ကို ထုတ်ပြီး ထိုလူ့ဆီ ပေးလိုက်သည်။

ပိုက်ဆံအုပ်သည် အနည်းဆုံး ယွမ် ၄ထောင်မှ ၅ထောင် ရှိသည်။

ထိုလူသည် သူ၏ ငြင်းဆိုချက်ကို ချက်ချင်း မြိုချလိုက်ပြီး ယဲ့ဖန် စကားပြန်ပြောင်းမည်ကို စိုးရိမ်လာသည်။

ထို့ကြောင့် သူသည် ငွေစက္ကူများကို အလျင်အမြန် ဆွဲယူလိုက်ပြီး သူ့ပစ္စည်းများကို ထုပ်ပိုးကာ အနောက်ဘက်သို့ ပြေးသွားတော့သည်။

ရှုမန်သည် သူ့လုပ်ရပ်ကို မြင်သောအခါ ချက်ချင်း ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

ယဲ့ဖန်သည် ရှုမန်ဘေး၌ မထိုင်ခင် ချန်းဖေးအယ်အတွက်လည်း နေရာချပေးရန်အတွက် အခြားထိုင်ခုံရှိ လူကိုလည်း ရှင်းထုတ်ရန် ထိုနည်းကိုသာ အသုံးပြုခဲ့သည်။

" ကျွန်တော်က ကိစ္စတစ်ခု ဖြေရှင်းစရာရှိလို့ ဂျပန်ကို သွားတာ။ အစ်မက ဘာလို့ ဂျပန်ကို သွားတာလဲ "

ရှုမန်သည် သူမ၏ ဟိတ်ဟန်အပြည့် မျက်နှာထားကို ဖယ်လိုက်သည့်အခါ လေယာဉ်ခန်းတွင်းရှိ အမျိုးသားများစွာ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်သော ချစ်စရာကောင်းသည့် မျက်နှာထားလေးကို ပေါ်လာသည်။

သူမ၏ ပင်ကိုယ်စရိုက်သည် အေးစက်ပြီး ခပ်ခွာခွာနေတတ်သည့်စတိုင် ဖြစ်သည်။

ယဲ့ဖန်နှင့် အတူရှိနေစဉ်မှာပင် သူတို့ကြား၌ အကွာအဝေးတစ်ခု ရှိနေမြဲဖြစ်သည်။

သို့သော် သူမ၏ ရုပ်ရည်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။

သူမသည် အလွန်ချစ်စရာကောင်းသည့် မျက်နှာထားဖြစ်သည်။

သူမ မျက်မှောင်ကြုတ်ပြီး ပြုံးနေသည်ကပင် လူတိုင်းကို ဆွဲဆောင်နိုင်သည်။

သူမ၏ အသွင်အပြင်နှင့် ပင်ကိုယ်စရိုက် ခြားနားမှုသည် လူအများကို စိတ်ရှုပ်ထွေးစေတတ်သည်။

" ငါက ဖောက်သည်အကြီးစားတစ်ယောက်နဲ့ တွေ့ဖို့ ဂျပန်ကို သွားမှာ "

ရှုမန်မှ ပေါ့ပါးစွာ ရှင်းပြလာသည်။

ယခုအခါ သူမသည် ဒုန်းအန်းငွေကြေးလုံခြုံရေးကုမ္ပဏီ၏ CEOရာထူးကို လွှဲပြောင်းယူလိုက်ပြီးသည့်နောက် သူမသည် သဘာဝကျစွာဖြင့် မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိလှသည့် ကိုယ်ရောင်ရှိလာသည်။

" ဖောက်သည်ကြီးလား၊ အဲ့တာ ယောက်ျားလား မိန်းမလား "

ယဲ့ဖန်သည် သူမကို မေးခွန်းထုတ်သည့် အမူအရာနှင့် ကြည့်လိုက်သည်။

ရှုမန် သူ့ကို စိုက်ကြည့်နေသည်။

" ယောက်ျားလား၊ မိန်းမလားဆိုတာက အရေးကြီးလား "

ယဲ့ဖန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" အဲ့တာက အရေးကြီးတယ်။ အစ်မက အရမ်းလှတယ်လေ။ အဲ့တာက ယောကျာ်းလေးဖောက်သည်ဆိုရင် ကျွန်တော် အရမ်းစိုးရိမ်နေရလိမ့်မယ် "

ရှုမန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

" နင်က ငါ့ကို တကယ် စိတ်ပူနေတာလား "

ယဲ့ဖန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ အစ်မ ယောက်ျားလေး ဖောက်သည်နဲ့ တွေ့ဖို့ တစ်ယောက်တည်း သွားရရင် ကျွန်တော် စိတ်သက်သာမှာ မဟုတ်ဘူး။ အစ်မ ကာကွယ်ပေးမယ် "

ရှုမန်၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း သူမ၏စိတ်ထဲတွင် အလွန်ပျော်နေသည်။

သို့သော် သူမ ခါးသီးစွာ ညည်းညူလိုက်သည်၊

" နင်က ပြောရဲသေးတဲ့ လျှာရှိသေးတာလား။ နင် ငါ့လက်ထောက်ကို လုသွားတာလေ။ အဲ့တော့ အခု ငါတစ်ယောက်တည်းပဲ သွားရတော့တယ် "

ဖုန်းကျင်းရီသည် ရာထူးမှနုတ်ထွက်ရန် လွန်ခဲ့သည့် ရက်အနည်းငယ်က သူမထံ ရုတ်တရက် ရောက်လာပြီး ပြောခဲ့သည်။

သူမ၏ ထပ်ခါတလဲလဲ မေးခွန်းထုတ်မှုအောက်တွင် Feng Jingyiသည် နောက်ဆုံး၌ ဝန်ခံလာခဲ့သည်။

ယဲ့ဖန်သည် သူမအား Fengsheng Trading၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခိုင်းကြောင်း ပြောလာခဲ့သည်။

ရှုမန်သည် ထိုသတင်းကို ကြားသောအခါ သူမသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူမနှင့် အနီးဆုံးလူနှစ်ယောက်စီမှ သစ္စာဖောက်ခံရသလို ခံစားလိုက်ရသည်။

ယဲ့ဖန်အတွက် သူမ၏ ခံစားချက်များသည် အလွန်ရှုပ်ထွေးလေသည်။

တစ်ဖက်၌ သူတို့နှစ်ယောက်ကြားမှ အသက်ကွာခြားချက်သည် ကြီးလွန်းသည်ဟု ခံစားရသည်။

သူမသည် သူ့ထက် ခုနစ်နှစ် ပိုကြီးသောကြောင့် သူတို့သည် မောင်နှမအဖြစ်သာ ဆက်ဆံနိုင်ကြသည်။

သို့သော် တစ်ဖက်တွင်မူ သူမသည် သူ့အပေါ် ကောင်းသော သဘောထားရှိကြောင်းကို သူမငြင်းနိုင်ပေ။

တခါတရံ၌ ယဲ့ဖန်သည် သူမ၏ စိတ်ကူးစိတ်သန်းများကိုပင် ရိုင်းစိုင်းစေတတ်သည်။

ယခုအခါ ယဲ့ဖန်သည် သူမ၏ လက်ထောက်အား ဒုဥက္ကဌဖြစ်စေရန် လုပ်ပေးလိုက်သည်။

သူတို့နှစ်ဦးကြား၌ ပြောမပြနိုင်သော သဘောတူညီချက်အချို့ ရှိပေမည်။

ထိုအတွေးက သူမကို ရက်အနည်းငယ်ဆက်တိုက် စိတ်ကောက်စေခဲ့သည်။

ကုမ္ပဏီရှိ လူများသည် သူမကို တွေ့သောအခါ ရှောင်သွားကြပြီး သူမ မတော်တဆ ဒေါသထွက်မည်ကိုပင် စိုးရိမ်နေကြရသည်။

ဤတစ်ခေါက် ဂျပန်သို့ သွားခြင်းသည် သူမ ဖောက်သည်နှင့် တွေ့ဆုံရန်ဖြစ်ပြီး အပန်းဖြေရန်လည်း ဖြစ်သည်။

သို့သော် သူမသည် လေယာဉ်ပေါ်၌ ယဲ့ဖန်နှင့် တွေ့မည်ဟု မမျှော်လင့်ထားပေ။

ကောင်းကင်က စီစဉ်ထားပြီးသား ဖြစ်နေမလား။

ယဲ့ဖန်သည် သူမ ပြောသည်ကို ကြားလိုက်ပြီးနောက် ချက်ချင်းပင် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" ကျွန်တော်ထင်တာ .... မိန်းကလေးဖုန်းက အတော်လေး သန်မာတယ်။ ပြီးတော့ အဲ့ကုမ္ပဏီအတွက် ကျွန်တော့်မှာ သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်မှ မရှိတာနဲ့ သူ့ကို ကုန်သွယ်ရေးကုမ္ပဏီမှာ တာဝန်ခံအဖြစ် ထားလိုက်တာပါ "

ရှုမန်၏ ပါးစပ်ထောင့်များသည် အနည်းငယ် ကွေးတက်သွားသည် ။

" နင် ငါ့ကို ရှင်းပြနေစရာ မလိုပါဘူး။ နင်လည်း သန်မာတဲ့ စစ်သူကြီးတစ်ယောက် ရသွားတဲ့အပြင် သူမကလည်း ကျေနပ်လောက်တဲ့ အနေအထားကို ရသွားတာဆိုတော့ ဒါက နှစ်ဖက်လုံးက အနိုင်ရတဲ့ အခြေအနေပါပဲ "

သူမ၏ အပြုံးသည် အလွန်ဆွဲဆောင်မှု ရှိသည်။

သို့သော် သူမ၏ စကားများမှာ တစ်စုံတစ်ခုအား ဖုံးကွယ်ထားပုံရသည်။

ယဲ့ဖန်သည် သူမ ပျော်နေလား၊ ဒေါသထွက်နေသည်လား မပြောတတ်တော့ချေ။

သူ မှန်းဆနေချိန်မှာပင် ချန်းဖေးအယ်မှ ရုတ်တရက် လမ်းလျှောက်လာသည်၊

" ကျွန်မ ရှင့်ကို အနောက်မှာ စောင့်နေတာ။ ရှင်က ဘာလို့ ဒီနေရာကို ရုတ်တရက် ပြောင်းသွားတာလဲ "

ရှုမန်သည် သူမကို မြင်သောအခါ ချက်ချင်းပင် ရန်လိုလာသည်။

" ရှောင်ဖန်၊ ဒါက ..... "

ချန်းဖေးအယ်သည် ဉာဏ်ကောင်းသူဖြစ်သည်။

ထို့ကြောင့်သူမသည် ရှုမန်၏ ရန်လိုမှုကို သဘာဝကျစွာ ခံစားမိနိုင်သည်။

ယဲ့ဖန်သည် သူမတို့ကို မိတ်မဆက်ပေးခင်မှာပင် ချန်းဖေးအယ်မှ သူမလက်ကို ဆန့်ထုတ်လိုက်သည်။

" မင်္ဂလာပါ၊ ကျွန်မက ယဲ့လူကြီးမင်းရဲ့ လက်ထောက်ပါ။ နာမည်က ချန်းဖေးအယ်ပါ "

ရှုမန်သည် ယဲ့ဖန်ကို ထူးဆန်းစွာ ကြည့်နေသည်။

" နင်ရဲ့လက်ထောက်က အရမ်းလှတာပဲ "

ယဲ့ဖန်သည် ရှုမန် နားလည်မှုလွဲနေမှန်း သိလိုက်သည်။

ထို့ကြောင့် နှစ်ကြိမ် ချောင်းဆိုးလိုက်မိသည်။

" အဟမ်း၊ ကျွန်တော်က သူမကို ငှားလိုက်တာ မကြာသေးဘူး။ ဒီနေ့က သူမရဲ့ ပထမဆုံး အလုပ်ဆင်းတဲ့နေ့ပဲ "

ရှုမန်သည် ချန်းဖေးအယ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ၊ ကျွန်မက ... ရှောင်ဖန်နဲ့ အတူတူ ကြီးပြင်းလာတာပါ။ နာမည်က ရှုမန်ပါ "

ရှုမန်သည် သူမ၏ အနေအထားကို ချန်းဖေးအယ်အား ရှင်းလင်းစွာ ကြေငြာခဲ့သည်။

သူမ၏ ရန်လိုမှုကို ရင်ဆိုင်ရင်းဖြင့် ချန်းဖေးအယ်မှလည်း ချက်ချင်း လက်တုံ့ပြန်လာသည်။

" အတူတူကြီးလာတာလား။ ဒါဆို ရှင်က သူ့ထက် အသက်အများကြီး ကြီးပုံရတယ် .... အာ၊ တောင်းပန်ပါတယ်။ ကျွန်မ စကားတစ်ခုခု မှားသွားသေးလား "

သူမ၏ မျက်နှာမှာ အပြစ်ကင်းစင်သည့် အပြုံးတစ်ခု ရှိနေပြီး သူမ တကယ်ပင် မှားပြောမိသည့်ပုံ ရနေသည်။

ယဲ့ဖန်သည် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဒီမိန်းကလေး ရူးနေတာလား။

သူမ ဘာလို့ ဝင်ရှုပ်နေတာလဲ။

ချန်းဖေးအယ်သည် လက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်နှင့် ရှုမန်၏ လှပသောမျက်နှာသည် နှင်းခဲအလွှာတစ်ခု ပေါ်လာသလို အေးစက်သွားသည်။

" မင်းပြောတာ မှန်ပါတယ်။ တို့က သူ့ထက်အသက်အများကြီး ကြီးတယ် "

" ဒါပေမယ့် ရှောင်ဖန်က သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတွေကို ကြိုက်တယ်လို့ ပြောဖူးတယ်။ ဟုတ်တယ်မလား၊ ရှောင်ဖန် "

ရှုမန်သည် 'အမျိုးသမီး'ဟူသော စကားလုံးကို တမင်တကာ အလေးပေးခဲ့ပြီး ပြောလိုက်သည်။

ချန်းဖေးအယ်အား ရင့်ကျက်သော အမျိုးသမီး မဟုတ်သေးသည့်အတွက် ထင်ရှားစွာ လှောင်ပြောင်ခဲ့သည်။

ချန်းဖေးအယ်သည် ဆံပင်တိုဖြင့် လှပသော မိန်းကလေးထက် ချောမောသော ယောက်ျားတစ်ယောက်နှင့် ပိုတူလေသည်။

" ရှင် ..... "

ချန်းဖေးအယ်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

အကယ်၍ သူတို့သာ ရန်ဖြစ်ပါက ရှုမန် အယောက်တစ်ရာ ရှိလျှင်ပင် သူမကို ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော် အချေအတင် စကားပြိုင်ကြမည်ဆိုလျှင် ရှုမန်သည် စီးပွားရေးလောကမှလူတစ်ယောက် ဖြစ်သည်။

ချန်းဖေးအယ်သည် ရှုမန်အား စကားအရာ မယှဉ်နိုင်သည်မှာ ထင်ရှားလေသည်။

" ဟွန်း "

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မကြိုက်ကြသော်လည်း ထိုင်နေလိုက်သည်။

" ရှောင်ဖန်၊ ဂျပန်မှာ အရသာရှိတာတွေ အများကြီးရှိတယ်လို့ ငါ ကြားထားတယ်။ လေယာဉ်ပေါ်က ဆင်းရင် သွားစားမလား "

ရှုမန်သည် ယဲ့ဖန်၏ လက်တစ်ဖက်ကို ပွေ့ဖက်လျက် ပြုံးကာ မေးလိုက်သည်။

ယဲ့ဖန် ပြန်မဖြေခင်မှာပင် ချန်းဖေးအယ်သည် သူ၏ နောက်လက်တစ်ဖက်ကို ပွေ့ဖက်လိုက်ပြန်သည်။

" စစ်မှန်တဲ့ အရသာနဲ့ အစားအစာတွေက တရုတ်ပြည်မှာ ရှိတယ်။ ဂျပန်မှာ ဘယ်လိုလုပ် အစားအသောက်ကောင်းတွေ ရနိုင်မှာလဲ။ လေယာဉ်ပေါ်က ဆင်းပြီးရင် ပထမဆုံး တောင်ကို တက်ကြမလား "

ရှုမန်က ပြန်ပြောလိုက်သည်။

" တောင်တက်ရတာက ငြီးငွေ့စရာကောင်းတယ်။ ငါတို့ သွားစားသင့်တယ်လို့ ငါထင်တယ်။ အစ်မသူငယ်ချင်းက အရသာရှိတဲ့ ဆူရှီဆိုင်တစ်ခုကို အကြံပြုလိုက်တယ်။ သွားစားကြည့်ကြမလား "

ချန်းဖေးအယ်သည် ရှုမန်၏ ဆန္ဒကို တမင်တကာ လိုက်၍ ဆန့်ကျင်နေခဲ့သည်။

" ဆူရှီက ဘာကောင်းလို့လဲ။ ပင်လယ်ရေမှော်အလိပ်တွေနဲ့ ထမင်းပဲ မဟုတ်လား။ အရမ်းကိုလှပြီး မြင့်တဲ့တောင်တက်ရအောင်။ ဟိုမှာ ရှုခင်းက အရမ်းလှတယ်လို့ ကြားထားတယ် "

" ငါတို့ တစ်ခုခုသွားစားရမယ် ..... "

" ကျွန်မတို့ တောင်တက်မယ် ..... "

သူတို့နှစ်ဦးသည် ယဲ့ဖန်၏လက်တစ်ဖက်ကို တစ်ဖက်စီကို ဆွဲကိုင်ထားကြသည်။

ယဲ့ဖန် မခံနိုင်တော့ချေ။

သူတို့လက်ကို ခါလိုက်သည်။

" တော်လောက်ပြီ၊ နှစ်ယောက်သား ပြီးပြီလား။ အသက်ဘယ်လောက်တောင် ရှိနေပြီလဲ။ ဒီလိုကြီးက ကလေးမဆန်ဘူးလား။ ကိုယ့်ကို စိတ်ဆိုးစေချင်တာလား "

အမျိုးသမီးနှစ်ဦးသည် ချက်ချင်း ထိတ်လန့်သွားပြီး အမြန်တောင်းပန်လာခဲ့သည်။

" ရှောင်ဖန်၊ တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့။ ငါ .... နင့်ကို နောက်နေတာပါ "

" ဟုတ် .... ဟုတ်ပါတယ်၊ ဥက္ကဌယဲ့။ ကျွန်မနဲ့ မိန်းကလေးရှုက နောက်ပြောင်နေတာပါ။ တကယ်တော့ သူမက ချစ်စရာကောင်းပြီး လိုက်လျောညီထွေဖြစ်တယ်လို့ ကျွန်မ ထင်တယ် "

" မိန်းကလေးချန်းကလည်း အရမ်းချစ်စရာကောင်းပြီး သဘောကောင်းတယ်လို့ အစ်မလည်း ထင်တယ် "

" စိတ်ဆိုးအောင် မလုပ်ဘူးလို့ ကတိပေးပါတယ် ...... "

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းရင်းဖြင့် ယဲ့ဖန်အပေါ် တွယ်ကပ်နေကြသည်။

သူတို့ကို ကြည့်ရသည်မှာ ရင်းနှီးသော သူငယ်ချင်းနှစ်ယောက်လို ဖြစ်နေသည်၊

ယဲ့ဖန် ခေါင်းကိုက်နေပြီ ဖြစ်သည်။

မိန်းမတွေ များလွန်းရင် ဒုက္ခရောက်တာပဲ။

သို့သော် ပတ်ဝန်းကျင်ရှိ ခရီးသည်များမှာတော့ သူ့ကို မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။

ချောမောလှပသော အမျိုးသမီးလေး နှစ်ယောက်သည် သူ့ကို ဝိုင်း၍ စိတ်ကျေနပ်စေရန် ကြိုးစားနေကြသည်။

ဤသည်မှာ ယောက်ျားတိုင်း မက်မောရသည့် ကြီးကျယ်ခမ်းနားသော အရာတစ်ခု ဖြစ်သည်၊

အခြားသူများမှာ ထိုအတွက် အိပ်မက်သာမက်နိုင်သည်။

သို့သော် ယဲ့ဖန်မှာတော့ စိတ်ညစ်နေသည်။

သူ ဘာတွေနေသည်ကို သူတို့သိပါက ထလာပြီး ရိုက်နှက်မည်မှာ သေချာလေသည်။

သူ ဘယ်လောက် ကံကောင်းနေသည်ကို ယဲ့ဖန်ကတော့ တကယ်ပင် မသိခဲ့ချေ။

All Chapters