← Chapters

အခန်း (၁၁၆၅-၁၁၆၈)

Vol. 59 Ch. 1165-1168

အခန်း (၁၁၆၅-၁၁၆၈)

Vol. 59 Ch. 1165-1168

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၆၅ )

လှည့်ကွက်တွေ၊ ဒါတွေအားလုံးက လှည့်ကွက်တွေပဲ။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် စူချီယွမ်မှ ကြိုတင်မှာထားသည့် ဟိုတယ်သို့ရောက်ရှိလာသောအခါ သူတို့ ထိတ်လန့်သွားကြသည်။

အကြောင်းမှာ ထိုဒုဥက္ကဌဆိုသူသည် သူတို့နှစ်ယောက်အတွက် အခန်းတစ်ခန်းတည်းသာ ကြိုတင်မှာယူထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ချန်းဖေးအယ်သည် ချက်ချင်း ဧည့်ကြိုကောင်တာဆီသို့ ပြေးသွားပြီး အခြားအခန်းကို ယူလိုက်သည်။

သို့သော် ဟိုတယ်၌ရှိသည့် အခြားအခန်းများအားလုံး ဘွတ်ကင်လုပ်ပြီးသွားပြီဟု ပြောလေသည်။

လှည့်ကွက်တွေ၊ ဒါတွေအားလုံးက လှည့်ကွက်တွေပဲ။

ယဲ့ဖန်သည် မေးမြန်းရန် စူချီယွမ်ကို ချက်ချင်း ခေါ်လိုက်သည်။

သို့သော် တစ်ဖက်သား၏ အဖြေမှာ

" ဒါက ဥက္ကဌကြီးရဲ့ ရည်ရွယ်ချက်ပါ "

ထို့နောက် သူက တိုးတိတ်စွာ ဆက်ပြောလေသည်။

" ကော်ဖီစားပွဲအံဆွဲထဲမှာ မင်းအတွက် အံ့သြစရာတစ်ခု ထားခဲ့တယ် "

ယဲ့ဖန် အံဆွဲကို ဖွင့်ကြည့်လိုက်သောအခါ အထဲ၌ လိင်အသားပေး အရုပ်များနှင့် ကွန်ဒုံးတစ်ထုပ်ကို တွေ့လိုက်ရသည်။

ထိုအရာများကို နှစ်ယောက်သား မြင်လိုက်သောအခါ သူတို့၏ အမူအရာမှာ အနည်းငယ် တုန်လှုပ်သွားသည်။

ဥက္ကဌလုသည် တစ်စုံတစ်ခုအား နားလည်မှုလွဲသွားပုံရသည်။

" တခြားဟိုတယ်ကို သွားရအောင် "

ချန်းဖေးအယ်၏ လှပသော မျက်နှာလေးသည် အနည်းငယ် နီမြန်းသွားသည်။

" နည်းနည်း ပင်ပန်းနေပြီ ထားလိုက်ပါ။ လောလောဆယ်တော့ ဒီမှာ နေလိုက်မယ် "

ယဲ့ဖန်သည် ထိုစကား ပြောပြီးသောအခါ သူမကို ထားခဲ့ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။

ချန်းဖေးအယ်သည် အပ်များပေါ်တွင် ထိုင်နေရသကဲ့သို့ ဆိုဖာပေါ်တွင် သတိကြီးစွာ ထိုင်နေသည်။

သူမ ဘာလို့ ကံမကောင်းရတာလဲ။

သူမ၏ တာဝန်နှစ်ခုအတွင်း သူမသည် ဤလူနှင့်တစ်ခန်းတည်းနေရန် အမြဲဖြစ်လာသည်။

ဒီလူတွေက သူ့ကို မိန်းမတစ်ယောက်လို မဆက်ဆံကြဘူးလား။

ခဏကြာပြီးနောက် ရေချိုးခန်းထဲမှ ရေစီးသံကို ကြားလိုက်ရ၍ သူမ ပိုလို့ပင် စိတ်ဆိုးသွားမိသည်။

သူမနှင့် မီတာအနည်းငယ်အကွာတွင် အဝတ်ဗလာဖြင့် ရေချိုးနေသည့် အမျိုးသားတစ်ဦးရှိသည်ဆိုသေယ အတွေးက သူမကို ပူလောင်လာစေခဲ့သည်။

သူမသည် လေကောင်းလေသန့်ရရန် အပြင်ထွက်ဖို့ ပြင်လိုက်သည်။

ထိုအချိန် ရေချိုးခန်းမှ ယဲ့ဖန်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

" ကိုယ့်ရဲ့အိပ်ယာဝတ်လေး ကူယူပေးပါလား "

ချန်းဖေးအယ် အနည်းငယ် ရှက်သွားသည်။

" ရှင်ကိုယ်တိုင် မယူနိုင်ဘူးလား "

" ကိုယ်လုံးတီးနဲ့ အပြင်ထွက်လို့မရဘူး မဟုတ်လား။ ကိုယ့်ကို ကူညီပေးပါဦး။ အိတ်ထဲမှာ ရှိတယ် "

ချန်းဖေးအယ်သည် ထပြီး သူ၏ အိတ်ဆောင်အိတ်ကို ဖွင့်ရန်ကလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

ယဲ့ဖန်၏ အိတ်သည် ပြည့်ကြပ်နေလေသည်။

ဖွင့်ကြည့်လိုက်သည်နှင့် အတွင်းထဲမှ အရာများ ခုန်ထွက်လာပြီး သူမမျက်နှာကို ထိလုနီးပါး ဖြစ်သွားသည်။

သူမ ကောက်ကိုင်လိုက်သည်နှင့် ထိုအရာသည် အမျိုးသားဝတ် အတွင်းခံတစ်စုံဖြစ်နေကြောင်း တွေ့လိုက်ရသည်။

" အား ...... "

သူမ ရူးချင်မိသွားသည်။

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသောနေ့ ဖြစ်ခဲ့သည်။

သို့သော် နောက်ဆုံး၌ သူမသည် သူမ၏ ဒေါသကို ထိန်းကာ သူ့၏ညအိပ်ဝတ်ကို ရှာပြီး ကူညီပေးခဲ့သည်။

ထို့နောက် ရေချိုးခန်းသို့ လျှောက်သွားပြီး ပေးရန် တံခါးကို ခေါက်လိုက်သည်။

ရေချိုးခန်းတံခါးမှာ ဆွဲဖွင့်ခံလိုက်ရပြီး စိုစွတ်နေသည့် လက်တစ်ဖက်က ဆန့်ထွက်လာသည်။

ချန်းဖေးအယ်သည် သူမအကြည့်ကို အလျင်အမြန် ပြောင်းလိုက်ပြီး ညအိပ်ဝတ်ကို လွှဲပေးလိုက်သည်။

ထိုအချိန် ရေချိုးခန်းတံခါးသည် ရုတ်တရက် အဆုံးထိ ဆွဲဖွင့်ခံလိုက်ရသည်။

ယဲ့ဖန်သည် အတွင်းမှ ခုန်ထွက်လာသည်။

ချန်းဖေးအယ်သည် အလွန်ထိတ်လန့်သွားပြီး သူမ၏မျက်နှာသည် ဖျော့တော့ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားတော့သည်။

သူမသည် မျက်လုံးများကို လက်ဖြင့် အမြန် အုပ်ထားလိုက်သည်။

သို့သော် သူမ လက်ချောင်းများကို ခြားကာ ချောင်းကြည့်လိုက်သည်။

ထိုအခါ ယဲ့ဖန်သည် ခါး၌ မျက်နှာသုတ်ပုဝါ ပတ်ထားသည်ကို ချက်ချင်း သိလိုက်ရသည်။

သူမ ဘာမှ မမြင်လိုက်ရချေ။

ချန်းဖေးအယ်သည် ယဲ့ဖန်လုပ်ခဲ့သည့် အပြုအမူကြောင့် ရှက်သွားကာ ဒေါသထွက်ပြီး သူ၏ ညအိပ်ဝတ်ကို ပစ်ပေါက်လိုက်သည်။

" နင် ရူးနေလား "

ယဲ့ဖန်သည် သူမ၏ ရှက်ရွံ့သော အကြည့်ကြောင့် အူမြူးကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ကိုယ်က မင်းကို နောက်နေတာပါ။ မင်း ဘယ်လောက်တောင် ကြောက်နေလိုက်လဲ ကြည့်ပါဦး။ ဒီလောက်ထိ ဖြစ်သွားဖို့ လိုလို့လား "

ချန်းဖေးအယ်သည် ခေါင်းမာနေသေးသည်။

" ဘယ်သူက ကြောက်နေလို့လဲ။ ကျွန်မ မဟုတ်ဘူး။ ပုဝါနဲ့ ကာမထားဘဲ အဝတ်အစားတွေ ချွတ်ထားရင်တောင် ဘာမှမခံစားရဘူး "

" သေချာလား "

ယဲ့ဖန်သည် ချက်ချင်းပင် မျက်နှာသုတ်ပုဝါကို ဖယ်ရှားရန် အမူအရာပြလိုက်သည်။

" ဖယ်၊ ဖယ်ပေါ့ "

ချန်းဖေးအယ်သည် ယဲ့ဖန် ဟန်ပြလုပ်နေမှန်း သိသောကြောင့် သူမသည် သူ့ကို တမင် နှိုးဆော်နေခဲ့သည်။

ယဲ့ဖန် တကယ်ပင် ကြောက်သွားခဲ့သည်။

" ကျွန်တော် အရှုံးပေးလိုက်ပါပြီ။ နှုတ်ဆက်ပါတယ် "

ထိုသို့ ပြောပြီးသည်နှင့် ရေချိုးခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်၌ ထိတ်လန့်စရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။

ယဲ့ဖန်သည် ပုဝါကို တင်းကြပ်စွာ မချည်နှောင်ထားသည့်အပြင် သူသည် အစောပိုင်း၌ ခုန်ထွက်လာသောကြောင့် ပုဝါမှာ လျော့ရဲကျနေသည်။

သူ ရေချိုးခန်းဘက်သို့ ပြန်လှည့်လိုက်သည့်အခါ ပုဝါမှာ ချက်ချင်း ပြုတ်ကျသွားတော့သည်။

" အာ ..... "

ချန်းဖေးအယ် ထိတ်လန့်စွာ ပါးစပ်ကို ဖွင့်လိုက်သည်။

သူမ မျက်လုံးများ ပြူးကျယ်သွားရသည်။

ယဲ့ဖန်လည်း ချက်ချင်း ထိတ်လန့်သွားသည်။

ထို့ကြောင့် တုံ့ပြန်ရန် မေ့သွားလေသည်။

သူတို့သည် ခေတ္တရပ်ရန်ဆိုသည့် ခလုတ်နှစ်ခုလုံးအား တစ်ချိန်တည်းတွင် နှိပ်လိုက်သကဲ့သို့ ငြိမ်သက်သွားကြသည်။

ခဏကြာသည်အထိ အခန်းထဲ၌ အသံတစိုးတစိမျှ မကြားရပေ။

အဆင်မပြေသောလေထုသည် အခန်းထဲတွင် ပြည့်နှက်နေသည်။

ဒိုင်း

ယဲ့ဖန်သည် ပထမဆုံး တုံ့ပြန်လာသူဖြစ်သည်။

သူသည် ရေချိုးခန်းထဲသို့ ပြန်ခုန်ဝင်ပြီး တံခါးကို ပိတ်လိုက်သည်။

ချန်းဖေးအယ်၏ လှပသောမျက်နှာလေးသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သောအရှိန်အဟုန်ဖြင့် နီရဲလာပြီး သူမ၏ နှလုံးခုန်သံမှာလည်း ပြင်းထန်လာတော့သည်။

အချိန်အတော်ကြာပြီးနောက် သူမ အသိပြန်ဝင်လာသည်။

ဘယ်လောက် မှော်ဆန်လိုက်လဲ။

ယဲ့ဖန်သည် လူကို တွေ့ရန် အလွန်ရှက်နေပုံရသည်။

သူသည် ရေချိုးခန်းထဲ၌ တစ်နာရီကျော်ကြာ နေခဲ့ပြီးမှ အပြင်ထွက်လာသည်။

ချန်းဖေးအယ်သည် ဆိုဖာပေါ်၌ လဲနေပြီး ဖက်ရှင်မဂ္ဂဇင်းကို ဖတ်နေသည်။

" အဟမ်း ဗိုက်ဆာနေပြီလား "

" ဗိုက်မဆာဘူး "

" ရေဆာနေသေးလား "

" ရေမဆာပါဘူး "

" ဒါဆို အိပ်ငိုက်နေပြီလား "

" ကျွန်မ မအိပ်ချင်သေးပါဘူး "

သူတို့နှစ်ဦးသည် အဓိပ္ပါယ်မဲ့သော စကားလုံးအချို့ကို ဖလှယ်လိုက်ကြပြီးနောက် လေထုသည် အနည်းငယ် သဟဇာတဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

ထို့နောက် ယဲ့ဖန်သည် အဓိကအကြောင်းအရာသို့ ပြောလာသည်။

" အားကန်ကို ဆက်သွယ်ပြီး အခြေအနေနဲ့ တိုးတက်မှုအကြောင်း မေးလိုက် "

" ကောင်းပါပြီ "

ချန်းဖေးအယ်သည် ပျင်းစရာကောင်းသော မဂ္ဂဇင်းကို ချလိုက်ပြီး အားကန်ကို ခေါ်ရန် သူမဖုန်းကို ထုတ်လိုက်သည်။

အချိန်အတော်ကြာ စကားပြောပြီးနောက် ဖုန်းကို ပြန်ချလိုက်သည်။

" သူ ဂျပန်ကို ရောက်နေပြီလို့ အားကန်ကပြောပြီးတော့ တစ်ဖက်လူက သူ့ကို ဆက်သွယ်တာ စောင့်နေတုန်းပဲတဲ့ "

" အိုး "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ဒါဆို အကြောင်းကြားတာကို စောင့်ကြတာပေါ့။ ကိုယ် ဒီည ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ပြီး လုပ်ငန်းကိစ္စတွေ ဆွေးနွေးရမယ်။ မင်း အားဆိုရင် ဘာလို့ မလိုက်ခဲ့တာလဲ "

ချန်းဖေးအယ် ခေါင်းညိတ်လိုက်သည်။

" ရတယ် "

ထို့နောက် နှစ်ယောက်သား စကားရပ်လိုက်ကြပြီး ဖုန်းကစားနေကြသည်။

ကောင်းကင် မှောင်စပြုလာချိန်တွင် ယဲ့ဖန်သည် ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီမှ တွေ့ဆုံရန် KTV၌ ချိန်းဆိုသည့် ဖုန်းကို လက်ခံရရှိခဲ့သည်။

ယုတ္တိကျစွာ ပြောရလျှင် ၁ဘီလီယံယွမ် တန်ကြေးရှိ ပူးပေါင်းကော်ပိုရေးရှင်း စီမံကိန်းအတွက် တွေ့ဆုံခြင်းသည် သမာသမတ်ကျသည့် တွေ့ဆုံခန်းကြီးမျိုး၌ လက်မှတ်ရေးထိုးသင့်သည်။

သို့သော် တစ်ဖက်မှ သူ့ကို KTV၌သာ တွေ့ချင်သည်ဟု ဆိုသည်။

ထိုသည်က ပညာရှင်မဆန်ပေ။

သို့သော် ယဲ့ဖန်သည် ဘာမှမပြောတော့ချေ။

မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်၌ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ အမှားဖြစ်လေသည်။

ထို့ကြောင့် သူတို့၏ အနေအထားကို နှိမ်ချထားရမည်။

အချိန်နီးလာပြီဖြစ်၍ ယဲ့ဖန်တို့နှစ်ဦးသား ရေချိုးသန့်စင်ပြီးနောက် အင်္ကျီလဲလိုက်ကြသည်။

ယဲ့ဖန်သည် ပေါ့ပါးသည့်စတိုင်ဖြင့် အနောက်တိုင်းဝတ်စုံ အနက်ရောင် ဝတ်ထားသည်။

ပေါ့ပါးစွာသာ ဝတ်ဆင်ထားသော်လည်း ယဉ်ကျေးပုံပေါ်သည်။

ချန်းဖေးအယ်သည် ဝိုင်အနီရောင်ဂါဝန်ကို ဝတ်ထားသည်။

သူမ၏ ပြေပြစ်လှပသောပုံစံဖြင့် ပေါင်းစပ်လိုက်သည့်အခါ မတူညီသောဆွဲဆောင်မှုမျိုးကို ပေးစွမ်းလေသည်။

ယဲ့ဖန်မှ ပေးထားသည့် အထူးလိမ်းဆေးကြောင့် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များမှာ အစအနပင်မကျန် ပျောက်သွားတော့သည်။

အမာရွတ်များအား ဖယ်နိုင်လိုက်သည့်အပြင် ထိုလိမ်းဆေးသည် မျက်နှာအရေပြားအား နုပျိုထိန်းသိမ်းပေးသော အာနိသင်ပါ ပါဝင်သည်။

ဈေးကွက်ထဲမှ မျက်နှာအရေပြားထိန်းသိမ်းရေး ပစ္စည်းများထက် များစွာအကျိုးကျေးဇူးရှိလေသည်။

ယခုအခါ သူမ၏ အသားအရေမှာ ကလေးလေးသဖွယ်နူးညံ့နေ၍ မြင်သူတကာ ဆွဲညှစ်ချင်စရာ ဖြစ်နေသည်။

ယဲ့ဖန် ခက်ခဲစွာဖြင့် သူမစီမှ အကြည့်လွှဲလိုက်ရသည်။

သူ စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။

ချန်းဖေးအယ်သည် သူ၏ အမူအရာကို သတိထားမိသွားပြီး သူမ၏ မျက်နှာပေါ်၌ နူးညံ့သောအပြုံးနုနုလေးတစ်ချက် ဖြတ်​ပြေးသွားသည်။

" ယဲ့ဥက္ကဌ၊ သွားကြစို့ "

သူမသည် ယဲ့ဖန်၏လက်ကို တွဲလျက် ဟိုတယ်အပြင်ဘက်သို့ လျှောက်ထွက်လာသည်။

လမ်းတစ်လျှောက်တွင် သူမသည် မြင်သူတကာကို လည်ပြန်ငေးမောစေခဲ့သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် UVEဟုခေါ်သော KTVသို့ တက္ကစီငှားစီးလာကြသည်။

သူတို့ဝင်လာသည်နှင့် ရန်ပွဲတစ်ခုကို မြင်လိုက်ရသည်။

လူနှစ်ယောက်သည် မိန်းကလေးတစ်ယောက်အတွက် တိုက်ခိုက်နေကြသည်။

သူတို့သည် ဓားကိုပင် သုံးနေကြသည်။

ထို့ကြောင့် လူသွားလမ်းပေါ်၌ သွေးကွက်များ ရှိနေသည်။

သို့သော် လူသွားလမ်း၌ ဝင်ထွက်သွားလာနေကြသော ဧည့်သည်များမှာ အံ့ဩသွားခြင်း မရှိပေ။

ဤသို့အဖြစ်မှာ သာမန်ကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

ချန်းဖေးအယ် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။

" ဖောက်သည်အနေနဲ့ သူတို့က ဒီလိုနေရာကို ဖိတ်တာလား "

ယဲ့ဖန်လည်း ခါးသက်စွာ ပြုံးမိသည်။

" မင်းက ကိုယ့်ကိုမေးနေတော့ ကိုယ်က ဘယ်သူ့ကို မေးရမှာလဲ "

သူတို့ ခန်းမထဲသို့ ဝင်လာသောအခါ ဧည့်ကြိုတစ်ယောက်မှ ချက်ချင်း နှုတ်ဆက်လိုက်သည်။

ယဲ့ဖန်သည် အခန်းနံပါတ်ကို ပြောလိုက်သောအခါ စားပွဲထိုးမှ အခန်းဆီသို့ လိုက်ပို့ပေးသည်။

အခန်းသည် မှိန်ပြစွာ မီးထွန်းညှိထားပြီး အလင်းရောင်များမှာ ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။

ထိုအချိန် သီးသန့်အခန်းထဲ၌ လူများစွာ ရှိနေပြီဖြစ်သည်။

သူတို့ထဲမှ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးမှာ ဂျပန်သီချင်းကို အဆုတ်ကွဲမတတ် အော်ဆိုနေကြသည်။

ယဲ့ဖန်တို့နှစ်ဦး ဝင်လာသည့်အခါ သီးသန့်အခန်းထဲရှိ မည်သူကမျှ အထူးတလည် အရေးမလုပ်ကြပေ။

သူတို့သည် ထ၍ ရပ်ကာ မကြိုဆိုသလို ထိုင်ရန်နေရာလည်း မပေးချေ။

သူတို့အား မမြင်ရသော လေကဲ့သို့ ဆက်ဆံနေကြသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၆၆ )

ပထမဆုံးအနေနဲ့ ဘယ်လိုတောင်းဆိုရလဲဆိုတာ သင်သင့်တယ်

ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် နေရာတွင်သာ မတ်တပ်ရပ်ပြီး စောင့်ဆိုင်းနေကြတော့သည်။

သီချင်းဆိုနေသည့်လူမှာ အသက်သုံးဆယ်အရွယ် ရှိလေသည်။

သူသည် ဆံပင်ကို ရွှေရောင်ဆိုးထားပြီး သားရေဂျာကင်အင်္ကျီနှင့် ဘောင်းဘီကို ၀တ်ထားသည်။

သူ၏ပုံစံမှာ ဂျပန်အာနီမဲကာတွန်းစွဲလမ်းသူနှင့် တူလေသည်။

ထိုသီချင်းဆိုနေသည့် ယောက်ျားနှင့်မိန်းမသည် သီချင်းတစ်ပုဒ် ပြီးသွားသည်အထိ မကျေနပ်နိုင်ကြသေးချေ။

သူတို့သည် နောက်ထပ် သီချင်းသုံးပုဒ်ကို ဆက်တိုက် သီဆိုခဲ့ပြီးမှ ရပ်သွားကြသည်။

ထိုလူသည် သီချင်းဆိုပြီးသည့်နောက် မိုက်ခရိုဖုန်းကို ကော်ဖီစားပွဲပေါ်သို့ ပစ်ချပြီး ဆိုဖာပေါ် ထိုင်ချလိုက်သည်။

ထို့နောက် ခြေထောက်ကို ချိတ်ထိုင်ကာ ယဲ့ဖန်တို့နှစ်ယောက်ကို ကြည့်လိုက်သည်။

" မင်းတို့က ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီက ပို့လိုက်တဲ့လူတွေလား "

သူတို့သည် ယဲ့ဖန်တို့ ဂျပန်ဘာသာစကား နားလည်သည်လားကို ဂရုမစိုက်ချေ။

ဂျပန်စကားဖြင့်သာ တန်းပြောသည်။

သူသည် သီချင်းဆိုပြီးသည်နှင့် တပြိုင်နက် စကားစပြောပြီး သူ့မျက်လုံးများမှာလည်း ချန်းဖေးအယ်ကိုသာ စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် သူ၏ခန္ဓာကိုယ်အား စနစ်က ပြုပြင်ပေးပြီးချိန်မှစ၍ သူ၏မှတ်ဉာဏ်သည် သာမန်လူများထက် များစွာသာလွန်သွားသည်။

သူသည် ဂျပန်ဘာသာစကားကို လေ့လာရန် အားလပ်ချိန်ပေးကာ ရက်အနည်းငယ်သာ ကုန်ဆုံးခဲ့သည်။

သူသည် အလွန်ကျွမ်းကျင်ခြင်းမရှိသော်လည်း နေ့စဉ်စကားစမြည်ပြောဆိုရာတွင် ပြဿနာမရှိပေ။

ချန်းဖေးအယ်မှာတော့ သူမသည် လုံခြုံရေးအဖွဲ့၏ ထိပ်တန်းတစ်ယောက်ဖြစ်လေသည်။

ထို့ကြောင့် တရုတ်ဘာသာစကားအပြင် အခြားနိုင်ငံခြားဘာသာစကား ခုနစ်မျိုးကိုလည်း ကျွမ်းကျင်တတ်မြောက်လေသည်။

" မင်္ဂလာပါ၊ ကျွန်တော်က ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ ကိုယ်စားလှယ် ယဲ့ဖန်ပါ။ ခင်ဗျားက လူကြီးမင်း ရှီဂဲရု ဖူကူယားမား ဖြစ်ရမယ် "

သူ၏လက်အောက်ခံ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ Companyမှ ပေးအပ်သော အချက်အလက်များအရ ယခုတစ်ကြိမ်တွင် သူနှင့် စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းမည့်သူမှာ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီ၏ အိမ်ရှေ့စံမင်းသားဖြစ်သည်။

သူ့နာမည်သည် ဖူကူယားမား ရှီဂဲရုဖြစ်ပြီး ထိုလူသည် သူ့ရှေ့ကလူ ဖြစ်နိုင်လေသည်။

" ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီက ပူးပေါင်းဆောင်ရွက်ဖို့ မင်းလို လူငယ်တစ်ယောက်ကို လွှတ်လိုက်တာလား။ မင်းတို့က ငါတို့ရဲ့ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီအပေါ် စိတ်သဘောထား မပြည့်ဝဘူးထင်တယ် "

ဖူကူယားမား ရှီဂဲရုသည် သူ့လက်ကို အမျိုးသမီးတစ်ဦး၏ လက်မောင်းဆီသို့ ပွတ်သတ်နေကာ ရမက်အပြည့်ဖြင့် ကြည့်နေသည်။

ချန်းဖေးအယ်သည် ချက်ချင်းပင် သူမအကြည့်ကို လွှဲလိုက်ပြီး သူမစိတ်ထဲမှကို ကျိန်ဆဲလိုက်သည်။

ယဲ့ဖန်သည် သူ၏ ရွံစရာကောင်းသော အပြုအမူကို စိတ်မ၀င်စားချေ။

သူ ပြုံးရုံသာ ပြုံးလိုက်သည်။

" ခင်ဗျားက ကျွန်တော်တို့ရဲ့ ရိုးသားမှုကို အသက်အရွယ်နဲ့ အကဲဖြတ်လိုက်တာကတော့ နည်းနည်း မသင့်တော်ဘူးလို့ ထင်ပါတယ်၊ ဟုတ်တယ်မလား "

ဖူကူယားမား ရှီဂဲရု ဟက်ခနဲ အသံပြုလိုက်သည်။

" မင်းရဲ့အသက်အရွယ်နဲ့ ငါတို့ မဆုံးဖြတ်ရရင် မင်းရဲ့ခန္ဓာကိုယ်နဲ့ ဆုံးဖြတ်သင့်တာလား "

အခန်းထဲရှိလူတိုင်းမှ ရယ်မောလိုက်ကြသည်။

သူတို့သည် လူရွှင်တော်တစ်ဦးကို ကြည့်နေသည့်အတိုင်း ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။

ယဲ့ဖန်၏အမူအရာ နက်မှောင်သွားသည်။

" လူကြီးမင်း ဖူကူယားမား၊ ကျွန်တော်တို့ရဲ့ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီက စိတ်ရင်းအပြည့်အဝနဲ့ လာတာပါ။ ဒါပေမယ့် ခင်ဗျားတို့စီကတော့ ရိုးသားမှုကို မတွေ့ရဘူး "

" ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီလိုပဲ ဆက်ဆံတာလား "

ဖူကူယားမား ရှီဂဲရု ဟက်ခနဲ နှာမှုတ်လိုက်ပြန်သည်။

" ဟားဟားဟား၊ ရိုးသားတာတဲ့လား။ မင်းတို့ရဲ့ကုမ္ပဏီကမှ စက်ဆုပ်စရာကောင်းပြီး အရှက်မရှိတာလေ။ မင်းတို့ဘက်က ငါတို့ရဲ့ အဝယ်ဝန်ထမ်းတွေကို လာဘ်ထိုးပြီး ငါတို့ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီအတွက် ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်စေခဲ့တာကို အဲ့တာက မင်းတို့ရဲ့ ရိုးသားမှုတဲ့လား "

ယဲ့ဖန် စိတ်ရှည်စွာဖြင့် ရှင်းပြတော့သည်။

" ကျွန်တော်တို့ကုမ္ပဏီမှာ ကပ်ပါးကောင်တွေ တကယ်ရှိပေမယ့် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးထားပြီးသားပါ "

" ကျွန်တော်တို့ရဲ့ တောင်းပန်မှုကို ဖော်ပြတဲ့အနေနဲ့ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီက ခင်ဗျားတို့ကုမ္ပဏီက ဆုံးရှုံးခဲ့တာတွေအတွက် လျော်ကြေးပေးဖို့ ညှိနှိုင်းတာတွေ လုပ်ဖို့ ဆန္ဒရှိပါတယ် "

ယဲ့ဖန်သည် စကားပြောရင်းဖြင့် သူ ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်ကို အိတ်ထဲမှ ထုတ်လိုက်သည်။

ဖူကူယားမား ရှီဂဲရုသည် တစ်ချက်ကြည့်ပြီးနောက် ဘေးသို့ပစ်ချလိုက်သည်။

" ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းချင်တဲ့ ကုမ္ပဏီတွေ အများကြီးရှိပြီးတော့ သူတို့ကမ်းလှမ်းတဲ့ အခြေအနေတွေက မင်းတို့ထက် ပိုကောင်းတယ်။ မင်း ငါတို့နဲ့ ဆက်ပြီး လက်တွဲချင်တယ်ဆိုရင် ပိုပြီးတော့ ကြင်နာဖို့ လိုတယ် "

ယဲ့ဖန်သည် စိတ်ရှည်မှု မရှိတော့ဘဲ အေးစက်စွာ ကြည့်နေတော့သည်။

" ပိုပြီးတော့ ကြင်နာရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ "

ဖူကူယားမား ရှီဂဲရုသည် ယဲ့ဖန်၏ မခံမရပ်ဖြစ်သွားသော သဘောထားကို မြင်လိုက်ရပြီး ချက်ချင်းပင် နှာမှုတ်လိုက်သည်။

" ပထမဆုံးအနေနဲ့ မင်း အကူအညီတောင်းနည်းကို လေ့လာသင့်တယ် "

" အခု မင်းက ငါ့စီကနေ တောင်းဆိုနေရတော့ နှိမ့်ချရမယ်ဆိုတာ နားလည်လား "

ယဲ့ဖန် ပြုံးလိုက်သည်။

" ခင်ဗျား အထင်မှားနေပြီထင်တယ်။ ကျွန်တော်တို့က ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ ဒီကိုရောက်နေတာ။ အဲ့တော့ တန်းတူပဲမလို့ ဘယ်သူ့ကိုမှ တောင်းပန်ခယနေစရာ မလိုဘူး "

" မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး "

ဖူကူယားမား ရှီဂဲရု လက်ညှိုးကို ယမ်းလိုက်သည်။

" မင်းက အခြေအနေကို နားမလည်သေးဘူးဘဲ "

" ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီက ကုမ္ပဏီအသေးလေးတစ်ခုပဲ။ မင်းတို့မရှိရင် ငါတို့က နေနိုင်ပေမယ့် မင်းတို့က ငါတို့မရှိဘဲ နေလို့မရဘူး။ ငါတို့က ဘယ်လိုလုပ် တန်းတူဖြစ်နိုင်မှာလဲ "

ယဲ့ဖန်သည် ခံနိုင်ရည် လုံးဝ မရှိတော့ချေ။

" ကျွန်တော် ခင်ဗျားနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေမပြောချင်ဘူး။ တိုက်ရိုက်ပဲ ပြောလိုက်ပါ၊ ခင်ဗျားတို့ ဒီစာချုပ်ကို လက်မှတ်ထိုးမှာလား၊ မထိုးဘူးလား "

ဖူကူယားမား ရှီဂဲရု ရယ်လိုက်သည်။

" ငါသိသားပဲ။ လူငယ်တွေက သိပ်စိတ်မရှည်ကြဘူး။ မင်းရော စိတ်မရှည်ဘူးမလား "

" တကယ်တော့ ဒီစာချုပ်ကို လက်မှတ်ထိုးဖို့က ငါ့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ့မှာ အခြေအနေ သုံးခုရှိတယ်။ အဲ့တာတွေအားလုံးကို ကျေကျေနပ်နပ် လိုက်လျောနိုင်သရွေ့တော့ ငါ ချက်ချင်း လက်မှတ်ထိုးလိုက်မယ် "

ယဲ့ဖန်သည် သူ့နှလုံးသားထဲမှ ဒေါသများကို မြိုသိပ်လိုက်သည်။

" ဘယ်လိုအခြေအနေတွေလဲ "

ဖူကူယားမား ရှီဂဲရု သူ့လက်ချောင်းကို စာချုပ်ပေါ်ထိလိုက်သည်။

" ပထမအခြေအနေက ငါတို့ နောက်ထပ်စာချုပ်ကို လက်မှတ်ထိုးဖို့ပဲ။ မင်းတို့က ငါတို့ကို အကျိုးအမြတ်မပေးဘဲ အလုပ်လုပ်ခိုင်းလို့မရဘူး ဟုတ်တယ်မလား "

ယဲ့ဖန် သူ့ကို ထူးဆန်းသည့် အမူအရာနှင့် ကြည့်လိုက်သည်။

" ခင်ဗျားက ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီရဲ့ မင်းသားပဲလို့ ကြားထားတယ်။ ခင်ဗျားကုမ္ပဏီရဲ့ပိုက်ဆံတွေကို အလွဲသုံးစားလုပ်နေတာက ခင်ဗျားကိုယ်ပိုင်ငွေကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပဲမဟုတ်လား "

" မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး "

ဖူကူယားမား ရှီဂဲရု သူ့လက်ချောင်းကို ခါယမ်းလိုက်သည်။

" ကုမ္ပဏီက ငါ့အဖေပိုင်တာ။ ငါပိုင်တာ မဟုတ်ဘူး "

" ငါလည်း ငါ့အတွက် ပိုက်ဆံနည်းနည်း ရှာရမယ်လေ။ အပြင်ထွက်ပြီး ကစားရတာ အရမ်းဈေးကြီးတာ မင်းသိလား "

ယဲ့ဖန် ပြုံးလိုက်သည်။

သူ သဘောတူခြင်း၊ မတူခြင်း မပြောလိုက်ပေ။

" ဒုတိယအခြေအနေကရော ဘယ်လိုလဲ "

ဖူကူယားမား ရှီဂဲရုသည် ကော်ဖီစားပွဲပေါ်ရှိ ဝိုင်ပုလင်းတစ်ဒါဇင်ကျော်ကို ညွှန်ပြလိုက်သည်။

" မင်းရဲ့ သဘောထားကို ငါ တကယ်မကြိုက်ဘူး။ တောင်းပန်တဲ့အနေနဲ့ ဒီဝိုင်တွေ သောက်လိုက် "

ယဲ့ဖန် ဘာမှပြန်မပြောခင် ချန်းဖေးအယ် မတတ်နိုင်ဘဲ ဖြတ်ပြောလိုက်သည်။

" ဒါက များလွန်းတယ်။ ဝိုင်အများကြီးသောက်ရင် သေလိမ့်မယ် "

တစ်ဒါဇင်မကသော ပုလင်းများထဲတွင် ဝိုင်နီ၊ ဝိုင်ဖြူနှင့် ဝိုင်မျိုးစုံပါကာ အားလုံးသည် အရက်ပြင်းများ ဖြစ်သည်။

ဤဝိုင်များကို အများကြီးသောက်ပါပ ဆေးရုံကို ချက်ချင်း ပို့ရပေလိမ့်မည်။

ဖူကူယားမား ရှီဂဲရုသည် သူမကို ခဏ စိုက်ကြည့်ပြီး သူ့နှုတ်ခမ်းများကို သပ်လိုက်သည်။

" အလှလေးပြောတာက အဓိပ္ပာယ်ရှိတယ်။ ကောင်းပြီလေ၊ ဒါဆို ဒီအခြေအနေကို ပြောင်းပေးမယ်။ ဒီအခြေအနေက ဘယ်သူမှ မသေဘူးလို့ အာမခံတယ် "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၆၇ )

စိတ်ထဲကနေ ဆူနေလောက်တယ်လို့ ထင်တယ်

ချန်းဖေးအယ်သည် သူ့အကြည့်ကြောင့် ရွံသွားပြီး အေးစက်စွာ မေးလိုက်သည်။

" ဘယ်လိုအခြေအနေလဲ "

ဖူကူယားမား ရှီဂဲရုသည် သူမ၏ ခန္ဓာကိုယ်ကို စူးရှသော အကြည့်ဖြင့် အထက်အောက်ကြည့်လိုက်သည်။

" အဲ့တာက အရမ်းရိုးရှင်းပါတယ်။ မင်းအဝတ်တွေအားလုံးကို ချွတ်ပြီး မင်းလည်ပင်းမှာ ကြိုးတစ်ချောင်းကို ချည်လိုက်မယ်။ ပြီးကျ ငါက ကြိုးကိုဆွဲပြီး မင်းကို အခန်းထဲမှာ သုံးခါလောက် ခွေးကျောင်းသလို ပတ်မယ်။ အဲ့တာဆို ငါ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်မယ် "

ထိုသို့ ပြောပြီးသည်နှင့် အခန်းထဲမှ အခြားလူများ၏ အကြည့်များမှာ တောက်လောင်လာတော့သည်။

ချန်းဖေးအယ်သည် ရဲရင့်ပြီး သူရဲကောင်းဆန်သည့် ကိုယ်ရောင်ဝါရှိသည်။

ဂျပန်အမျိုးသမီးများကြား၌ မဆိုထားဘိ ဤသို့ ကိုယ်ရောင်ဝါမျိုးမှာ တရုတ်ပြည်ထဲတွင်ပင် ရှားပါးလှသည်။

သေချာလျှင် သူမသည် ကြက်များကြားမှ ကြိုးကြာငှက်တစ်ကောင် ဖြစ်သည်။

သူမ၏ ကိုယ်ရောင်ဝါသည် အမျိုးသားတစ်ဦး၏ အနိုင်ယူလိုစိတ်ကို နှိုးဆွပေစနိုင်သည်။

ချန်းဖေးအယ်သည် ထိုအရှက်မရှိသော စကားကြောင့် ဒေါသအလွန်ထွက်ကာ သူမ၏မျက်နှာသည် ဖျော့တော့ပြီး ဒေါသပေါက်ကွဲထွက်တော့မည် ဖြစ်သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ပုခုံးကို ဖိလိုက်သည်။

" စိတ်အေးအေးထားပါ "

ချန်းဖေးအယ်သည် သူမ၏ဒေါသကို ထိန်းလိုက်နိုင်သော်လည်း ယဲ့ဖန်အပေါ် သူမ အလွန်စိတ်ပျက်သွားသည်။

သူမသည် တစ်ဖက်သူ၏ အရှက်ခွဲခြင်းကို ခံနေရသော်လည်း ယဲ့ဖန်သည် တည်ငြိမ်ဆဲဖြစ်သည်။

သူ့စိတ်ထဲမှာ ငါ့ရဲ့ဂုဏ်သိက္ခာသည် သူ့လုပ်ငန်းလောက် အရေးမပါတာလား။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုချိတ်ဆွဲလျက် ဖူကူယားမား ရှီဂဲရုစီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

" ကျွန်တော် ခင်ဗျားကို အရင်မေးလို့ရမလား "

ဖူကူယားမား ရှီဂဲရု သူ့ကို မောက်မာစွာ ကြည့်လိုက်သည် ။

" ဘာလဲ "

ယဲ့ဖန်မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍တောက်ပလာသည်။

သူသည် အပြစ်ကင်းစင်သည့် ကလေးငယ်လေးတစ်ယောက်လို ဖြစ်နေသည်။

" အနီးအနားမှာ မီးသဂြိုလ်စက်ရှိလား "

ဖူကူယားမား ရှီဂဲရုသည် ယဲ့ဖန် ဘာကြောင့် ဤမေးခွန်းမေးသည်ကို မသိချေ။

သို့သော် သူသည် ရွဲ့စောင်း

လိုက်လေသည်။

" ဒါက မြို့လယ်ခေါင်။ ဘာလို့ မီးသဂြိုလ်စက် ရှိရမှာလဲ "

" ဘာလို့လဲ၊ မင်းမိသားစု သေသွားတာလား။ မင်းအတွက် ငါ ဆက်သွယ်ပေးရမလား "

ယဲ့ဖန် စားပွဲပေါ်မှ ဝိုင်နီပုလင်းကို ကောက်ယူလိုက်သည်။

" ခင်ဗျားသာ မိသားစုထဲက တစ်ယောက်ယောက်ကို ကြိုပြီး ဆက်သွယ်ထားသင့်တယ်ထင်တယ်။ သဂြိုဟ်စက် တန်းစီလို့မရမှာ စိုးရိမ်လို့ .... "

ယဲ့ဖန်သည် နောက်ဆုံးစကားကို ပြောပြီးသည်နှင့် သူ့လက်ထဲမှ ဝိုင်ပုလင်းမှာ ရုတ်တရက် လွင့်ထွက်သွားသည်။

ဒိုင်း!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝိုင်နီပုလင်း ပေါက်ကွဲသွားပြီး ဝိုင်နီနှင့်အတူ နေရာအနှံ့ ဖန်ခွက်အပိုင်းအစများ ပြန့်ကျဲသွားသည်။

သီးသန့်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အသံစနစ်မှ ဂီတသံစဉ်များသာ ထွက်လာနေသည်။

ထိုအထဲတွင် ချန်းဖေးအယ်ပင် ပါ၀င်သည်။

လူတိုင်းသည် အစောကထိ ပြုံးနေသော ယဲ့ဖန်မှ ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ဝိုင်နှင့် သွေးများသည် ဖူကူယားမား ရှီဂဲရု နဖူးပေါ်မှ စီးကျလာသည်။

" ဘာကာ (အရူးကောင်) "

ဖူကူယားမား ရှီဂဲရု၏ ချောမောသော မျက်နှာသည် ချက်ချင်းပင် တွန့်သွားသည်။

သူသည် ချက်ချင်းထရပ်ပြီး ယဲ့ဖန်စီသို့ ဦးတည်လိုက်သည်။

ယဲ့ဖန် နှာမှုတ်လိုက်သည်။

ကော်ဖီစားပွဲပေါ်မှ နောက်ထပ်ပုလင်းတစ်လုံးကို ကောက်ယူပြီး ထိုဂျပန်ကောင်၏ ခေါင်းဆီသို့ ထပ်မံရိုက်ခွဲလိုက်သည်။

ဖူကူယားမား ရှီဂဲရုသည် ပုလင်းနှစ်လုံးဖြင့် ခေါင်းကို ရိုက်ခွဲခံရပြီးနောက် ကြယ်များကိုပင် မြင်နေရပြီဖြစ်သည်။

သူသည် မူးဝေပြီး လဲကျလုနီးပါး ​ဖြစ်သွားသည်။

အခန်းထဲရှိ အခြားလူများကလည်း တုံ့ပြန်လာကြတော့သည်။

သူတို့က အော်ဟစ်ပြီး ယဲ့ဖန်စီသို့ ပြေးလာကြသည်။

ယဲ့ဖန်သည် ယောက်ျားတစ်ဦး၏ လက်သီးတစ်ချက်ကို ရှောင်လိုက်သည်။

ညာလက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး သူ့လက်ကို နောက်ကျောသို့ ဆွဲလိုက်ပြီး ကော်ဖီစားပွဲနှင့် ခေါင်းကို ဖိလိုက်သည်။

ထိုလူက မအော်နိုင်ခင်မှာပင် အခြားပုလင်းကို ကောက်ယူပြီး ထိုအမျိုးသား၏ ခေါင်းကို ရိုက်ခွဲလိုက်တော့သည်။

ဤတစ်ခါ ယဲ့ဖန် အင်အားအလွန်အကျွံသုံးလိုက်မိသောကြောင့် ထိုလူ၏ မျက်လုံးများပင် ချာချာလည်ကာ မူးလဲသွားတော့သည်။

ထိုအချိန် အမျိုးသမီးတစ်ဦးသည် ပုလင်းတစ်လုံးကို ဆွဲကာ ယဲ့ဖန်စီသို့ ပစ်ပေါက်လိုက်သည်။

ယဲ့ဖန်သည် မိန်းကလေးဖြစ်၍ ညှာတာပေးရန် စိတ်ကူးမရှိချေ။

ထို့ကြောင့် ဝိုင်ပုလင်းကို အလွယ်တကူ ဖမ်းယူလိုက်ပြီး ထိုအမျိုးသမီး၏ ခေါင်းကို ရိုက်ခွဲလိုက်သည်။

ထိုမိန်းမသည် ယောက်ျားလေးတစ်ယောက်မှ မိန်းမတစ်ယောက်အပေါ် ဤမျှလောက်ရက်စက်မည်ဟု မမျှော်လင့်ထားချေ။

မြေပြင်ပေါ်သို့ လဲကျပြီး မူးလဲမသွားခင်မှာပင် သူမ၏ မျက်နှာပေါ်၌ မယုံကြည်မှုများ ပြည့်နှက်နေသည်။

သီးသန့်ခန်းတစ်ခုလုံးသည် ချက်ချင်းပင် ရှုပ်ပွသွားသည်။

ယောက်ျားများ၊ မိန်းမများသည် သူတို့၏ဘဝအတွက် ပြေးကြရတော့သည်။

ဖူကူယားမား ရှီဂဲရုသည် ထွက်ပြေးချင်သော်လည်း ယဲ့ဖန်မှ သူ့အား ပြန်ဆွဲထားလိုက်သည်။

" ဘာလို့ပြေးနေတာလဲ။ ကျွန်တော်တို့အခြေအနေတွေ မဆွေးနွေးရသေးဘူး။ တတိယအခြေအနေက ဘာလဲ "

ဖူကူယားမား ရှီဂဲရု၏ မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

ဒေါသဖြင့် ထိတ်လန့်စွာ ယဲ့ဖန်ကို ကြည့်လိုက်သည်။

" မိုက်မဲတဲ့ တရုတ်ဝက်ကောင်။ မင်း ငါ့ကို ဘယ်လိုလုပ် ရိုက်ရဲတာလဲ။ မင်း ဂျပန်ကနေ အသက်ရှင်လျက် မထွက်ဘူးထင်တယ် .... "

သူ၏ခြိမ်းခြောက်မှု အပြီးမသတ်နိုင်မီမှာပင် ယဲ့ဖန်သည် ကော်ဖီစားပွဲပေါ်မှ ဝိုင်ပုလင်းကို ကောက်ယူလိုက်ပြီး ခေါင်းကို ရိုက်ခွဲလိုက်ပြန်သည်။

ဒိုင်း

ရှီဂဲရု ဖူကူယားမားသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မေ့လဲသွားတော့သည်။

ယဲ့ဖန်သည် ငွေအပ်တစ်ချောင်းကို ထုတ်ယူပြီး အကြောတစ်ခုကို ထိုးဖောက်ကာ သူ့ကို ချက်ချင်း နှိုးလိုက်သည်။

" ခင်ဗျား ကျုပ်ကို ငေါက်ချင်နေမှတော့ ကြိုက်သလောက် ဆဲလို့ရအောင် လုပ်ပေးမယ် "

ဖူကူယားမား ရှီဂဲရု အံကြိတ်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

" မအေဘေး၊ ငါမင်းကိုသတ်မယ်။ ငါ သတ်မယ် .... "

သူ စကားမဆုံးခင် နောက်ထပ် ဝိုင်တစ်ပုလင်းဖြင့် ရိုက်ခွဲခံလိုက်ရသည်။

ပုလင်းများစွာဖြင့် ရိုက်ခွဲခံရပြီးနောက် ဖူကူယားမား ရှီဂဲရု၏ ဦးခေါင်းသည် သွေးထွက်သံယိုဖြစ်နေပြီး အလွန်ကြောက်စရာကောင်းလှသည်။

" ဆက်ပြီး ဆဲလေ "

ယဲ့ဖန်သည် သူ့ကို ပြုံးစစဖြင့် ကြည့်နေသည်။

သူ၏ အပြုံးသည် တကယ်ပင် တောက်ပနေပြီး ဘေးအိမ်မှ ကောင်ငယ်လေးတစ်ယောက်လို ဖြစ်နေသည်။

သို့သော် ဖူကူယားမား ရှီဂဲရု၏ မျက်လုံးများတွင် ဤအပြုံးသည် နတ်ဆိုးထက်ပင် ပို၍ကြောက်စရာကောင်းနေသည်။

သူ့အံကြိတ်လိုက်မိသည်။

သူသည် အရှုံးကို ဝန်မခံချင်သော်လည်း ဆက်၍ ကျိန်ဆဲရန်လည်း မဝံ့ရဲတော့ချေ။

ယဲ့ဖန်သည် ထိုပုံစံကိုမြင်ပြီး နောက်ထပ်ပုလင်းကို ရိုက်ခွဲလိုက်သည်။

ဖူကူယားမား ရှီဂဲရုသည် ခေါင်းမှ နာကျင်ခြင်းကို ထပ်မံခံစားလိုက်ရပြီး သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

" ငါ အခုမင်းကို ဘာမှမပြောဘူးလေ "

ယဲ့ဖန် ခေါင်းကုတ်လိုက်သည်။

" အာ၊ ခင်ဗျား ဘာမှမပြောဘူးလား။ ဒါဆို နားကြားမှားသွားတာပေါ့ "

ဖူကူယားမား ရှီဂဲရုသည် သွေးတစ်ပွက် အန်ထွက်မတတ် ဖြစ်သွားရသည်။

ဘာကို နားကြားမှားတာလဲ။

" ခင်ဗျား စိတ်ထဲမှာတော့ ကျုပ်ကို ကျိန်ဆဲနေမယ်ထင်တယ် "

ယဲ့ဖန်သည် ကော်ဖီစားပွဲပေါ်မှ နောက်ထပ် ဝိုင်တစ်ပုလင်းကိုယူရင်း ပြောလိုက်သည်။

" မလုပ်ပါနဲ့ .... မတိုက်ခိုက်ပါနဲ့တော့။ ထပ်ပြီး မကျိန်ဆဲတော့ပါဘူး "

ဖူကူယားမား ရှီဂဲရုသည် အလွန်ထိတ်လန့်သွားပြီး လက်ကို ထပ်ခါထပ်ခါ ဝှေ့ယမ်းလိုက်သည်။

သူသည် သူ၏ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ အသနားခံတောင်းဆိုတော့သည်။

ယဲ့ဖန် ဆိုဖာပေါ်ထိုင်ပြီး သူ့ကို ပြုံးပြလိုက်သည်။

" အရင်ဆုံး တခြားသူတွေကို ဘယ်လိုတောင်းဆိုရလဲဆိုတဲ့နည်းကို သင်ယူသင့်တယ်လို့ ထင်တယ် "

" အခု ခင်ဗျားက ကျုပ်ကို တောင်းဆိုစရာရှိလို့ ကိုင်းညွတ်ဖို့ သင်ယူရမယ်၊ နားလည်လား "

ထိုစကားသည် အစောက ဖူကူယားမား ရှီဂဲရု ယဲ့ဖန်ကို ပြောခဲ့သည့်စကား ဖြစ်သည်။

ယခု ယဲ့ဖန်မှ ပြန်ပြောလိုက်သည့်အခါ အတော်ပင် မိုက်သည်။

ဖူကူယားမား ရှီဂဲရုသည် အရှက်တကွဲဖြစ်ကာ အံကြိတ်ပြီး အတင်းထလျက် ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သည်။

" ဟုတ် ... ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး လွှတ်ပေးပါ။ ချက်ချင်း စာချုပ်ချုပ်ပါ့မယ်။ ချက်ချင်း လက်မှတ်ထိုးပေးပါ့မယ် "

ယဲ့ဖန်သည် သူ့ကို စိတ်ဝင်တစား ကြည့်နေသည်။

" လိုချင်တဲ့ အခြေအနေတွေကရော ဘယ်လိုလဲ "

ဖူကူယားမား ရှီဂဲရု လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။

" အခြေအနေတွေ မရှိပါဘူး။ စီစဉ်ထားတဲ့အတိုင်းပဲ လက်မှတ်ထိုးပါ့မယ် "

ယဲ့ဖန် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

" ခင်ဗျားမှာ အာဏာပြဖို့ အရင်းအနှီးမရှိရင် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ်လုပ်ပြီး အာဏာမပြနဲ့။ အဲ့တာက ကိုယ့်ကိုယ်ကိုယ် နာကျင်စေလိမ့်မယ်။ မှတ်မိလား "

ဖူကူယားမား ရှီဂဲရု အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ ဟုတ်ကဲ့ပါ။ ဆရာကြီးရဲ့ သွန်သင်ဆုံးမလမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ် "

သူသည် ယခုအခါ နာခံမှုရှိသော ခွေးတစ်ကောင်ကဲ့သို့ ယဲ့ဖန်ကို ကြည့်နေသည်။

ထိုအချိန် လူတစ်စု သီးသန့်ခန်းထဲသို့ ပြေးဝင်လာကြသည်။

ဖူကူယားမား ရှီဂဲရုသည် ယဲ့ဖန် ရှေ့၌ ဒူးထောက်ပြီး အမြီးတွန့်နေသည်ကို တွေ့လိုက်ရသောအခါ သူတို့ အံ့ဩသွားကြသည်။

သခင်လေး ဖူကူယားမားက တကယ်ပဲ တစ်စုံတစ်ယောက်စီ ဒူးထောက်နေတာလား။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၆၈ )

ယဲ့လူကြီးမင်းက ဥက္ကဌလုရဲ့ ကျေးဇူးရှင်ပဲ

သတင်းကြားပြီးနောက် အမြန်ပြေးလာသော လူတစ်စုသည် KTVယူနီဖောင်းများ ဝတ်ထားသည်။

သူတို့သည် ဤနေရာ၏ လုံခြုံရေး အစောင့်များ ဖြစ်လောက်မည်။

ဖူကူယားမား ရှီဂဲရု ရှက်လွန်း၍ သေပင်သေချင်သွားသည်။

သူသည် ချက်ချင်းပင် သူတို့ကို အော်ပြောလိုက်သည်။

" မင်းတို့ ဘာကို စောင့်နေတာလဲ။ ငါ့အတွက် ဒီတရုတ်ဝက်ကောင်ကို မြန်မြန်သတ်လိုက်။ အဲ့တာဆို ငါ မင်းတို့ကို ကောင်းကောင်းကြီး ဆုချပေးမယ် "

ထိုအချိန် မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှ ရှေ့သို့ ထွက်လာကာ ယဲ့ဖန်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

" လူငယ်လေး၊ သခင်လေး ဖူကူယားမားကို ချက်ချင်း လွှတ်လိုက်ပါ။ ဒါမှမဟုတ်ရင် မယဉ်ကျေးတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့ "

ယဲ့ဖန်သည် ခြေတစ်လှမ်း မြှောက်ပြီး ဖူကူယားမား ရှီဂဲရုကို နင်းလိုက်သည်။

ထို့နောက် သူ့ကို ပြုံးပြလေသည်။

" ခင်ဗျားက ဘယ်သူလဲ "

လူလတ်ပိုင်းအရွယ်၏ မျက်လုံးအိမ်များသည် ယဲ့ဖန်၏လုပ်ရပ်ကို မြင်သောအခါ ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။

" ငါက ဒီ KTVရဲ့ ဒုဥက္ကဌ ရှိုးတ မာ့စုပဲ "

ယဲ့ဖန်သည် ဝိုင်တစ်ခွက်ငှဲ့ပြီး တစ်ငုံသောက်လိုက်သည်။

" ဒါဆို ခင်ဗျားကို ဒုက္ခမရောက်အောင် သူများကိစ္စဝင်မရှုပ်ဖို့ အကြံပေးတယ် "

ရှိုးတ မာ့စုသည် ယဲ့ဖန်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုခဲ့သည်။

" ငါ့နေရာကိုလာပြီး ဘယ်လိုတောင် မောက်မာရဲတာလဲ။ မင်းလို တရုတ်ကများ မာနကြီးရဲသေးတာလား "

" မင်းမှာ ဘာလှည့်ကွက်တွေရှိလဲ။ ငါ့ကို ပြလိုက်စမ်းပါ "

တရုတ်လူမျိုးတစ်ဦးအနေဖြင့် ယဲ့ဖန်သည် ဂျပန်နိုင်ငံတွင် ခိုင်မာသောနောက်ခံရှိမည် မဟုတ်သည်မှာ သိသာလေသည်။

သို့သော် ဖူကူယားမား ရှီဂဲရုမှာတော့ မတူချေ။

သူသည် ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီ၏ အိမ်ရှေ့မင်းသား ဖြစ်သည်။

ယနေ့တွင် ထိုတစ်ဖက်သားကို ကယ်တင်လိုက်ပါက သူအတွက် အကျိုးအမြတ်ကျန်မည်မှာ သေချာလေသည်။

ဤပြဿနာ ကောင်းကျိုးဆိုးကျိုးများကို သေချာစွာ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

ထို့နောက် သူ ပြောသည်ကို ယဲ့ဖန် ကြားသည့်အခါ ချန်းဖေးအယ်ဘက်သို့ ချက်ချင်းလှည့်ပြီး ပြောလိုက်သည်။

" ကံနဂါးအဖွဲ့အစည်းရဲ့ ဥက္ကဌလုကိုဖုန်းဆက်လိုက်။ ကိုယ့်ကို တိုက်ခိုက်ခံရနေကြောင်း သူ့ကိုပြောပြလိုက် "

ချန်းဖေးအယ် ချက်ချင်းပင် သူမဖုန်းကို ထုတ်လိုက်ပြီး ဖုန်းဆက်လိုက်သည်။

မာ့စု ရှိုးတသည် ထိုစကားကို ကြားသောအခါ သူ၏အမူအရာမှာ ပြောင်းသွားတော့သည်။

အကယ်၍ တစ်ဖက်လူငယ်သည် ကံနဂါးအဖွဲ့အစည်း၏ ဥက္ကဌကို အမှန်တကယ် သိနေပါက အခြေအနေများမှာ မတူညီနိုင်တော့ချေ။

သူ၏ KTVလေးပင် မဆိုထားဘိ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီပင်လျှင် ကံနဂါးအဖွဲ့အစည်းရှေ့၌ အရှုံးပေးရလိမ့်မည်။

သူသည် တုံ့ဆိုင်းနေချိန်မှာပင် ယဲ့ဖန်၏ နင်းခြေခြင်းကို ခံနေရသော ဖူကူယားမား ရှီဂဲရုမှ အော်ပြောလိုက်သည်။

" ဒီကလေးက လျှာရိုးမရှိ လျှောက်ပြောနေတာ။ သူ ဒီနေ့ပဲ ဂျပန်ကို ရောက်နေတာ။ ကံနဂါးအဖွဲ့အစည်းရဲ့ ဥက္ကဌကို သူက ဘယ်လိုလုပ်သိနိုင်မှာလဲ။ သူက မင်းကို ကြောက်အောင် ခြောက်နေတာပဲ "

မာ့စု ရှိုးတသည် ပြန်လည်ငြိမ်သက်သွားပြီး ယဲ့ဖန်ကို လှောင်ပြောင်လိုက်သည်။

" ခွေးသားလေး၊ မင်းကများ ငါ့ကို ခြောက်ရဲတဲ့ သတ္တိရှိတာလား "

" ကံနဂါးအဖွဲ့အစည်း ဥက္ကဌကို သိတော့ရော ဘာဖြစ်လဲ။ အဲ့တာဆိုရင်ရော ဘာလုပ်ရမှာလဲ။ ဒီနေ့ မင်းတို့စီက ဝူခုန်း ရောက်လာရင်တောင် ငါ့နယ်မြေမှာ ပြဿနာရှာရင် သူက မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး "

ထိုစကားကို ပြောပြီးနောက် ချက်ချင်းလက်ကို ဝှေ့ယမ်းလိုက်သည်။

" တိုက်ကြ "

သူ့နောက်မှ လုံခြုံရေးအစောင့်များက လှုပ်ရှားရန် ပြင်လိုက်သည်။

ယဲ့ဖန်သည် မြေပြင်မှ ဖန်စတိုတစ်ခုကို ကောက်ကိုင်လိုက်ပြီး ဖူကူယားမား ရှီဂဲရု၏ လည်ပင်းရှိ သွေးလွှတ်ကြောကို ဖိလိုက်သည်။

" ဘယ်သူက ရှေ့ကို နောက်တစ်လှမ်းတက်ရဲမလဲဆိုတာ ကြည့်ရအောင် "

လူတိုင်းသည် သွားနေရာ လမ်းကြောင်းတွင် ချက်ချင်း ရပ်သွားကြသည်။

မာ့စု ရှိုးတ က သူ့ကို စိုက်ကြည့်နေလိုက်သည်။

" မင်းတို့ တရုတ်တွေက ရွံစရာကောင်းလွန်းတယ်။ မင်းက ဓားစာခံ ဖမ်းတဲ့နည်းကိုတောင် သုံးတယ်လား "

ယဲ့ဖန်သည် သူ့နောက်မှ တစ်ခါဒါဇင်မကသော လက်အောက်ငယ်သားများကို ညွှန်ပြလိုက်သည်။

" ကျုပ်ကို ရွံစရာကောင်းတယ်လို့ ခင်ဗျားပါးစပ်က ပြောရဲသေးတာလား။ ခင်ဗျားတို့ကရော အုပ်စုဖွဲ့ပြီး ကျုပ်ကို သတ်ချင်တာကရော ကိုယ့်ကိုယ်ကိုယ် ရွံစရာကောင်းတယ်လို့ မခေါ်ကြဘူးလား "

မာ့စု ရှိုးတ၏ ဩဇာရှိသောပုံစံသည် ရုတ်တရက် အေးခဲသွားသော်လည်း သူသည် ချက်ချင်း သူ့ကိုယ်သူ ကျောမတ်လိုက်သည်။

" ငါတို့က လူကို ကယ်ချင်ရုံပဲ။ ငါတို့ မင်းကို ဘာမှ မလုပ်ချင်ဘူး။ မင်း သခင်လေး ဖူကူယားမားကို လွှတ်ပေးတာနဲ့ ငါတို့ မင်းကို လွှတ်ပေးမယ် "

ချန်းဖေးအယ်သည် ယဲ့ဖန်ကို အမြန်သတိပေးလိုက်သည်။

" သူ့ရဲ့ အလိမ်အညာတွေကို မယုံနဲ့ "

သို့သော် ယဲ့ဖန်မှ ဂရုမစိုက်ချေ။

သူသည် မာ့စု ရှိုးတကို စိုက်ကြည့်လိုက်သည်။

" ခင်ဗျားပြောတာကို စကားတည်မှာလား "

ရှိုးတ မာ့စု ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ ငါတို့ဂျပန်တွေက အယုံအကြည်ရဆုံးပဲ။ ငါပြောတာကို အာမခံတယ် "

ယဲ့ဖန် ပြုံးလိုက်သည်။

" ကောင်းပြီ၊ ခင်ဗျားကို ယုံတယ် "

ထိုသို့ပြောပြီးနောက် ဖူကူယားမား ရှီဂဲရု၏ ခန္ဓာကိုယ်ပေါ်မှ သူ၏ခြေထောက်ကို ဖယ်ရှားလိုက်သည်။

ရှိုးတ မာ့စုသည် ချက်ချင်း ပြေးလာပြီး ဖူကူယားမား ရှီဂဲရု၏ ခန္ဓာကိုယ်ကို အဝေးသို့ ဆွဲထုတ်ပြီး သူ့လက်အောက်ငယ်သားများ၏ စောင့်ရှောက်မှုတွင် ထားခဲ့သည်။

သူသည် ယဲ့ဖန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်၌ ရက်စက်သည့် အပြုံးတစ်ခု ရှိနေတယ်။

" အခု မင်းမှာ ဓားစာခံ မရှိတော့ ငါတို့ကို ခြိမ်းခြောက်ဖို့ မင်း ဘာသုံးနိုင်လဲဆိုတာ ကြည့်ရအောင် "

ယဲ့ဖန် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

" သူ့ကို လွှတ်ပေးတာနဲ့ ထွက်သွားခွင့်ပေးမယ်လို့ မပြောခဲ့ဘူးလား "

မာ့စု ရှိုးတ ချက်ချင်း ခေါင်းမော့ပြီး ရယ်လိုက်သည်။

" တရုတ်တွေက ရွံဖို့ကောင်းတဲ့အပြင် တုံးပါတုံးသေးတာလား။ ငါပြောသမျှကို ယုံတာလား "

" ငါက မင်းအဖေအရင်းလို့ ပြောရင် မင်းက ယုံမှာလား "

သူ့နောက်မှ လက်အောက်ငယ်သားများကလည်း ကျယ်လောင်စွာ ရယ်မောကြကာ သူတို့၏ မျက်လုံးများသည် လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေသည်။

ယဲ့ဖန် လှောင်ပြောင်သော အပြုံးကို ထုတ်ပြလိုက်သည်။

" မျှော်လင့်ထားသလိုပဲ ဂျပန်တွေ အားလုံးက အရှက်မရှိကြဘူး "

" အစတုန်းကတော့ နည်းနည်းလေး သဘောကောင်းပြီး ခင်ဗျားတို့ကို အရမ်းဒုက္ခမပေးဘူးလို့ တွေးထားတာ။ ဒါပေမဲ့ တိရိစ္ဆာန်တွေအပေါ် သည်းခံနိုင်တာက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာပဲ အဖတ်တင်တယ် "

မာ့စု ရှိုးတ၏ မျက်နှာသည် ယုတ်မာသော အပြုံးပေါ်လာသည်။

" မင်း ဒါကို နောက်ကျမှ သင်ယူမိသွားတာ သနားစရာပဲ။ မင်းကို အရင်လိုက်ပို့ပေးမယ် "

ထိုစကားကို ပြောပြီးနောက် ချက်ချင်းပင် သူ့နောက်မှ လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြလိုက်သည်။

" သူ့ကို သတ်ကြ "

သူ၏ လက်အောက်ငယ်သားများသည် အမိန့်ကို လက်ခံရရှိသည်နှင့် ချက်ချင်းပင် ရှေ့သို့ ပြေးတက်သွားကြသည်။

ထိုအချိန်မှာပင် သီးသန့်အခန်းတံခါးသည် ရုတ်တရက် ပွင့်သွားတော့သည်။

တံခါးဝ၌ ရပ်နေသည့် လုံခြုံရေး အစောင့်တစ်ယောက်သည် တံခါးနှင့်စောင့်မိပြီး နံရံဆီသို့ ချက်ချင်း လွင့်မှန်သွားသည်။

ချက်ချင်းပင် လူတစ်စုသည် သီးသန့်ခန်းထဲသို့ ပြေးဝင်လာကာ မာ့စု ရှိုးတနှင့် အခြားလူများကို ဝိုင်းထားလိုက်ကြသည်။

ထိုလူများအားလုံးသည် အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေသော ဓားရှည်များကို ကိုင်ဆောင်ကာ လူတိုင်းကို တုန်လှုပ်ချောက်ချားစေသည်။

" မင်းတို့ .... မင်းတို့အားလုံးက ဘယ်သူလဲ "

ရှိုးတ မာ့စု၏ မျက်နှာသည် ဖျော့တော့သွားသည်။

ဘယ်သူမှ မဖြေချေ။

အနက်ရောင် ၀တ်ထားသော ထိုယောက်ျားများသည် ခံစားချက်မရှိသော စက်ရုပ်များကဲ့သို့ ရပ်နေကြသည်။

ထိုအချိန်တွင် ပုခုံးထိရှည်သောဆံပင်နှင့် စူချီယွမ် ဝင်လာသည်။

သူသည် မာ့စု ရှိုးတကို လျစ်လျူရှုပြီး ယဲ့ဖန်စီသို့ တန်းမတ်စွာ လျှောက်သွားသည်။

" ယဲ့လူကြီးမင်း၊ ဥက္ကဌလုက လူကြီးမင်းကိုကယ်တင်ဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ "

ယဲ့ဖန်သည် ကံနဂါးအဖွဲ့အစည်း၏ အရှိန်ကို ကျေနပ်နေသည်။

" ကျေးဇူးတင်ပါတယ် "

စူချီယွမ် ချက်ချင်းလှည့်ပြီး မာ့စု ရှိုးတ ရှေ့သို့ လျှောက်သွားကာ သူ့ဆံပင်ကို ဆွဲမော့လိုက်သည်။

" မင်း ငါ့ကို သိလား "

မာ့စု ရှိုးတသည် သူ့ကိုမြင်ပြီးနောက် ကြောက်ရွံ့တုန်လှုပ်နေလေသည်။

" ဟုတ် .... သိ .... သိပါတယ် "

စူချီယွမ်သည် သူ့ကို စူးရဲစွာ ကြည့်လိုက်သည်။

" ဒါဆို ငါက ဘယ်သူလဲ "

မာ့စု ရှိုးတ ထစ်အစွာ ပြောလိုက်သည်။

" စူ .... ကံနဂါးအဖွဲ့အစည်းရဲ့ ဒု .... ဒုဥက္ကဌ .... ဒုဥက္ကဌစူချီယွမ်ပါ "

စူချီယွမ် ကျေနပ်စွာ ပြုံးလိုက်သည်။

" ဒါဆို ငါ့သူဌေးက ဘယ်သူလဲ မင်းသိလား "

ရှိုးတ မာ့စု ခက်ခဲစွာဖြင့် တံတွေးကို မြိုချလိုက်သည်။

" သိ ... သိပါတယ်။ ဥက္ကဌလုသောင်းချွမ်ပါ "

စူချီယွမ်သည် ယဲ့ဖန်ကို ညွှန်ပြလိုက်သည်။

" ဒါဆို မင်းကို ထပ်ပြီး မိတ်ဆက်ပေးပါရစေ။ ဒီယဲ့လူကြီးမင်းက ဥက္ကဌလုရဲ့ ကျေးဇူးရှင်ပဲ နားလည်လား"

မာ့စု ရှိုးတ တုန်လှုပ်သွားသည်။

ထိုကောင်လေးသည် သူ့ကို ခြောက်လှန့်ရုံတင် မဟုတ်ချေ။

ကံနဂါးအဖွဲ့အစည်း၏ဥက္ကဌကို သူတကယ်သိလေသည်။

" သိပါပြီ ...... "

သူ့အသံမှာ ပြင်းထန်စွာ တုန်လှုပ်နေသည်။

" မင်းသိတာ ကောင်းတယ်။ ဒါဆို ငါတို့ ဥက္ကဌရဲ့ ကျေးဇူးရှင်ကို စော်ကားတဲ့အတွက် ဘယ်လိုပြစ်ဒဏ်တွေ ခံသင့်လဲဆိုတာ သိသင့်တယ် မဟုတ်လား "

စူချီယွမ် ပြုံးလိုက်သည်။

မာ့စု ရှိုးတ၏ ခြေထောက်များသည် အကြောက်လွန်၍ ပျော့သွားကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ ..... "

စူချီယွမ်သည် မာ့စု ရှိုးတကို လေးနက်စွာ စိုက်ကြည့်နေသည်။

" မင်း ငါ့ကို တောင်းပန်တာ အသုံးမဝင်ဘူး။ မင်းက ယဲ့လူကြီးမင်းကို စော်ကားလိုက်တာ။ လူကြီးမင်းက မင်းကို သေစေချင်ရင် ငါလည်းမင်းကို မကယ်နိုင်ဘူး "

ထိုမှသာ မာ့စု ရှိုးတ တုံ့ပြန်နိုင်ခဲ့သည်။

သူသည် ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်တော့သည်။

" ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ယဲ့လူကြီးမင်း .... "

ယဲ့ဖန်သည် ဝိုင်နီကို မြည်းစမ်းပြီး သူ့တောင်းဆိုမှုကို သဘောတကျ ကြည့်နေသည်။

" ခင်ဗျားကို တခြားသူတွေရဲ့ကိစ္စမှာ ဝင်မစွက်ဖက်ဖို့ သတိပေးပါသေးတယ်။ ခင်ဗျားကိုက ပတ်သက်ချင်နေတာ။ ဒါပေမဲ့ ကြောက်နေလည်း အသိနောက်ကျသွားပြီ "

ရှိုးတ မာ့စုသည် တဆတ်ဆတ် တုန်ရီနေကာ ကျယ်လောင်သော ပေါက်ကွဲသံများ နှင့်အတူ ခေါင်းကို မြေကြီးပေါ်သို့ အမြန်ဦးညွတ်လိုက်သည်။

" ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ လူကြီးမင်း။ လွှတ်ပေးရင် လူကြီးမင်း လုပ်စေချင်တာမှန်သမျှ လုပ်ပေးပါ့မယ်။ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ ..... "

မြေပြင်ပေါ်၌ ဖန်ခွက်စများ အများအပြား ရှိနေသည်။

သူသည် အကြိမ်အနည်းငယ် ဦးတိုက်ပြီးနောက် သူ့နဖူး၌ မှန်ကွဲချပ်ပေါင်းများစွာ ကပ်ကာ သွေးများ ချက်ချင်း မရပ်မနား စီးကျလာတော့သည်။

သို့သော် သူသည် လုံးဝ ခံစားမှုမရှိသကဲ့သို့ ဆက်တိုက်ဦးတိုက်အရိုအသေပေးနေသည်က လူတိုင်းကို ထိတ်လန့်သွားစေသည်။

All Chapters