အခန်း (၁၁၆၉-၁၁၇၂)
Vol. 59 Ch. 1169-1172
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၆၉ )
ရက်စက်တဲ့ လူကြီးမင်း
ယဲ့ဖန်သည် မာ့စု ရှိုးတကို ခဏတာ စိုက်ကြည့်လိုက်သည်။
" ခင်ဗျားမှာ ဒီလိုမျိုး ပြင်းပြတဲ့ ဆန္ဒရှိနေမှတော့ ခင်ဗျားကို တခြားအခွင့်အရေး ပေးမယ် "
ရှိုးတ မာ့စုသည် ချက်ချင်းပင် ဝမ်းသာသွားသည်။
" ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း။ ကျွန်တော့်အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အသက်ကို ချမ်းသာပေးလို့ ...... ကျေးဇူးတင်ပါတယ် "
သူ သိပ်အကြာကြီး မပျော်နိုင်ခင်မှာပင် ယဲ့ဖန်က ဆက်ပြောလေသည်။
" ကိစ္စတစ်ခုလုပ်ဖို့ ခင်ဗျားရဲ့ အကူအညီလိုတယ် "
မာ့စု ရှိုးတ အမြန် ခေါင်းညိတ်လိုက်သည်။
" ကျေးဇူးပြုပြီး ပြောပါ။ လူကြီးမင်းကို ဘာပဲဖြစ်ဖြစ် ကူညီပေးပါ့မယ် "
ယဲ့ဖန်သည် သူ့လက်ကို မြှောက်ပြီး စားပွဲပေါ်ရှိ ဝိုင်ပုလင်းအနည်းငယ်ကို ညွှန်ပြပြီးနောက် ထောင့်တွင်ရှိနေသော ဖူကူယားမား ရှီဂဲရုကို ညွှန်ပြလိုက်သည်။
" သူ့ကို ဒီဝိုင်ပုလင်းတွေ သောက်ခိုင်းလိုက် "
ရှိုးတ မာ့စု အံ့အားသင့်သွားသည်။
စားပွဲပေါ်ရှိ ဝိုင်ပုလင်းများသည် အရက်ပြင်းများဖြစ်သည်။
သာမာန်လူတစ်ယောက်သည် ပုလင်းတစ်လုံးပင် ကုန်အောင် မသောက်နိုင်ချေ။
ဤပုလင်းများ အားလုံးကို သောက်ပါက ဆေးရုံပို့ရပေလိမ့်မည်။
ယဲ့ဖန်သည် သူ့ကို စိုက်ကြည့်ရင်း မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသည်။
" ဘာလို့လဲ။ ခင်ဗျားက ဒီလို အသေးအမွှားကိစ္စလေးတစ်ခုကိုတောင် ကူညီပေးဖို့ ဆန္ဒမရှိဘူးလား "
" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး .... "
မာ့စု ရှိုးတသည် ထိတ်လန့်တကြားဖြင့် သူ့လက်ကို ဝှေ့ယမ်းကာ စိတ်နှစ်ခွဖြစ်လျက် ဖူကူယားမား ရှီဂဲရုကို ပြန်လှည့်ကြည့်လိုက်သည်။
အကယ်၍ သူသည် ထိုသို့ တကယ်သာ လှုပ်ရှားခဲ့ပါက ဖူကူယားမား ရှီဂဲရုကို စော်ကားရာ ရောက်ပေလိမ့်မည်။
ယဲ့ဖန်မှ သူ့ကို လွှတ်ပေးလိုက်လျှင်ပင် ဖူကူယားမားမိသားစုသည် သူ့ကို လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
ယဲ့ဖန်သည် သူ၏ တုံ့ဆိုင်းမှုကို မြင်လိုက်ရသည်။
ထို့နောက် သူ ပြုံးလိုက်လေသည်။
" ခင်ဗျားက ရွေးချယ်ရတာ မကြိုက်ဘူးလား။ ခင်ဗျားကို အခွင့်ရေးပေးမယ်။ သူ့ကို လုပ်မှာလား။ ကျုပ်ကို ဆန့်ကျင်မှာလား "
မာ့စု ရှိုးတ တုန်လှုပ်သွားသည်။
သူသည် အခြားရွေးချယ်စရာ မရှိတော့ချေ။
အကယ်၍ သူသည် ဖူကူယားမား ရှီဂဲရုကို မဆန့်ကျင်ပါက ယဲ့လူကြီးမင်းနှင့် ကံနဂါးအဖွဲ့အစည်းကို စော်ကားရာရောက်ပေလိမ့်မည်။
သူတို့နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ကံနဂါးအဖွဲ့အစည်းမှာ ပို၍ကြောက်စရာကောင်းလေသည်။
ထိုသည်ကို တွေးမိပြီးသည်နှင့် သူ ချက်ချင်း အံကြိတ်ကာ စားပွဲပေါ်မှ ဝိုင်နှစ်ပုလင်းကို ကောက်ယူပြီး ဖူကူယားမား ရှီဂဲရုစီသို့ လျှောက်သွားသည်။
သူ လမ်းလျှောက်လာသည်ကို တွေ့လိုက်သည့်အခါ ဖူကူယားမား ရှီဂဲရု၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားတော့သည်
" ရှိုးတ မာ့စု၊ မင်း ဘာလုပ်နေတာလဲ။ ငါတို့ ဖူကူယားမားမိသားစုကို စော်ကားချင်တာ သေချာလား "
မာ့စု ရှိုးတ ဝမ်းနည်းနေသည့်မျက်နှာဖြင့် သူ့ကို ကြည့်လေသည်။
" သခင်လေး၊ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်စရာမှ မရှိဘူး "
ထိုစကားကို ပြောပြီးနောက် ပုလင်းတစ်လုံး၏ အဖုံးကို ဖွင့်လိုက်သည်။
ဖူကူယားမား ရှီဂဲရုသည် ချက်ချင်းပင် အရူးအမူး ရုန်းကန်တော့သည်။
မာ့စု ရှိုးတသည် သူ့စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်ထားလိုက်ပြီး သူ့လက်အောက်ငယ်သားနှစ်ယောက်ကို ချက်ချင်း ကြည့်လိုက်သည်။
" သူ့ကို ဖိပြီး ချုပ်ထားကြ "
လက်အောက်ငယ်သားနှစ်ယောက်သည် ချက်ချင်း ရောက်လာပြီး ဖူကူယားမား ရှီဂဲရု၏ ခြေလက်များကို ချုပ်နှောင်ထားသောကြောင့် ရုန်းကန်၍မရတော့ပေ။
" ဘာကာ၊ မာ့စု ရှိုးတ။ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ် ...... "
ဖူကူယားမား ရှီဂဲရုသည် မလွတ်မြောက်နိုင်ဘဲ ချက်ချင်း ကျိန်ဆဲလိုက်သည်။
မာ့စု ရှိုးတသည် သူနှင့် စကားပြော၍ အချိန်မဖြုန်းတော့ချေ။
ဖူကူယားမား ရှီဂဲရု၏ မေးစေ့ကို ကိုင်လိုက်ပြီး ပါးစပ်ထဲသို့ ဝိုင်များ လောင်းထည့်လိုက်တော့သည်။
" ဂလု၊ ဂွတ် .... အွတ် "
ဖူကူယားမား ရှီဂဲရု၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူ မတားနိုင်လိုက်ပေ။
ခဏကြာပြီးနောက် သူ ဝိုင်တစ်ပုလင်း သောက်လို့ပြီးသွားလေသည်။
မာ့စု ရှိုးတသည် နောက်ထပ်ပုလင်းကိုဖွင့်ကာ ဆက်လောင်းထည့်လိုက်သည်။
ဝိုင်နှစ်ပုလင်း သောက်ပြီးနောက် ဖူကူယားမား ရှီဂဲရု မူးနေပြီ ဖြစ်သည်။
ယဲ့ဖန် မတ်တပ်ထရပ်ပြီး လမ်းလျှောက်လာသည်။
ယဲ့ဖန်သည် ဖူကူယားမား ရှီဂဲရု၏ နားထင်နှင့် ပိုင်ဟွေ့အပ်စိုက်အကြောကို ငွေအပ်ဖြင့် ထိုးလိုက်သည်။
ဤနည်းဖြင့် ဖူကူယားမား ရှီဂဲရုသည် အရက်မူးခြင်း၏ အာနိသင်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး သတိလစ်သွားခြင်း မရှိနိုင်ပေ။
ဖူကူယားမား ရှီဂဲရု ဖြည်းညှင်းစွာ နိုးလာပြန်သည်။
သူ စကားပြောခါနီးမှာပင် ရှိုးတ မာ့စုမှ သူ့ပါးစပ်ထဲသို့ နောက်ထပ် ဝိုင်တစ်ပုလင်း လောင်းထည့်လိုက်ပြန်သည်။
" ဂလု၊ ဂလု .... "
တစ်ပုလင်းလုံးကို သောက်ပြီးနောက် ဖူကူယားမား ရှီဂဲရုသည် လုံးဝ အသိစိတ်လွတ်သွားသော်လည်း မူးမေ့သွားခြင်း မရှိပေ။
သူ့ကို ကြည့်ရသည်မှာ ရူးနေသည့်ပုံပေါ်သည်။
" ဝေါ့ ..... "
သူသည် ရုတ်တရက် မြေပြင်ပေါ် လဲကျသွားပြီး ထိုးအန်တော့သည်။
ညစ်ညမ်းသော အရာအမျိုးမျိုး မြေပြင်ပေါ်သို့ အန်ထွက်ကုန်လေသည်။
အန်ထွက်လာသော အရာများပေါ်တွင် သွေးစများ ရှိနေသဖြင့် အလွန်ကြောက်စရာကောင်းသည်။
သီးသန့်ခန်းထဲရှိလူတိုင်းသည် သည်းမခံနိုင်တော့ဘဲ နှာခေါင်းကို ဖိလိုက်ကြသည်။
သို့သော် နောက်ဖြစ်လာသော အဖြစ်အပျက်မှာ သူတို့ကို ပိုလို့ပင် ရွံစေသည်။
ဖူကူယားမား ရှီဂဲရုသည် အန်ဖတ်များပေါ် ဝပ်နေကာ အမှန်တကယ်ပင် ခွေးတစ်ကောင်လို စားသောက်နေခဲ့သည်။
" အရသာရှိတယ်၊ အတူတူစားရအောင် ... "
ချန်းဖေးအယ်သည် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သီးသန့်ခန်းထဲမှ အမြန်ထွက်လာခဲ့သည်။
ကံနဂါးအဖွဲ့အစည်းမှ ရက်စက်ကြမ်းကြုတ်သောသူများသည်ပင် ယခုအခိုက်အတန့်တွင် အော့အန်ချင်နေကြသည်။
ဤသည်မှာ တကယ်ကို ရွံစရာကောင်းလွန်းသည်။
မာ့စု ရှိုးတသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ ..... ယဲ့လူကြီးမင်း၊ ကျွန်တော် အခုသွားလို့ ရမလား "
ယဲ့ဖန်၏ မျက်နှာထက်၌ အပြုံးတစ်ခုရှိနေသည်။
" ဘာလို့ အလျင်လိုနေတာလဲ။ တရုတ်မဖြ ရှေးစကားတစ်ခုရှိတယ်။ 'ကူညီမယ်ဆို အဆုံးထိ ကူညီပါ၊ ဗုဒ္ဓကို အနောက်အရပ်သို့ ပို့ပါ'တဲ့ "
မာ့စု ရှိုးတ သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။
" လူကြီးမင်းက ...... နောက်ထပ် ဘာများလုပ်ချင်သေးလို့လဲ "
ယဲ့ဖန်သည် ဆိုဖာပေါ်မှ ခွေးလည်ပတ်ကြိုးကို ယူလိုက်သည်။
ထိုကြိုးသည် ရှီဂဲရု ဖူကူယားမားနှင့် ကျန်သူများ ကစားနေကြသည့် ပစ္စည်းတစ်ခု ဖြစ်နိုင်လေသည်။
ယဲ့ဖန်သည် ထိုကြိုးကို မာ့စု ရှိုးတရှေ့သို့ ပစ်ချလိုက်သည်။
" သူ့ကို ဒါဝတ်ပေးလိုက် "
မာ့စု ရှိုးတ သူ့ဦးရေပြားတစ်ခုလုံး ထုံသွားသလို ခံစားလိုက်ရသည်။
သူသည် ထိုကဲ့သို့ တကယ်လုပ်လိုက်ပါက ဖူကူယားမားမိသားစုသည် သူ့ကို အသက်ရှင်လျက် အရေခွံစုတ်ပစ်နိုင်သည်။
" ယဲ့လူကြီးမင်း ..... "
" ဟမ်း .... "
ယဲ့ဖန်သည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
" လုပ်မယ်၊ လုပ်ပါ့မယ် "
မာ့စု ရှိုးတသည် ယဲ့ဖန်၏ အကြည့်ကို တွေ့ပြီး သူ့နှလုံးပေါက်ထွက်မလို ချက်ချင်းခံစားလိုက်ရသည်။
သူ မဟုတ်သည့် စကားတွေ ထပ်မပြောရဲတော့ချေ။
သူသည် ခွေးကြိုးကို ကောက်ကိုင်ကာ ဖူကူယားမား ရှီဂဲရုကို ကြည့်လိုက်သည်။
" သခင်လေး၊ ဖူကူယားမား တောင်းပန်ပါတယ် "
ဖူကူယားမား ရှီဂဲရုသည် အလွန်မူးဝေနေကာ သတိမကပ်တော့ပေ။
သူသည် မြေပြင်ပေါ်သာ လဲလျောင်းနေပြီး တိရစ္ဆာန်တစ်ကောင်လို အန်ဖတ်များကိုသာ စားနေသည်။
မာ့စု ရှိုးတသည် ဖူကူယားမား ရှီဂဲရုအား လည်ပင်း၌ ကြိုးချည်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ခင်ဗျား အရင်က ခွေးကျောင်းဖူးလား "
ယဲ့ဖန်သည် သူ့ခြေထောက်ကို ချိတ်ထိုင်ပြီး ဆိုဖာပေါ် မှီကာ ပြပွဲကောင်းကို ခံစားရန် ပြင်ဆင်လိုက်သည်။
မာ့စု ရှိုးတသည် ထွက်လမ်းမရှိသောကြောင့် အခန်းထဲရှိ ဖူကူယားမား ရှီဂဲရုစီကိုသာ လျှောက်သွားခဲ့တော့သည်။
" ဝုတ်၊ ဝုတ်၊ ဝုတ် ..... "
ဖူကူယားမား ရှီဂဲရုသည် ခွေးဖြစ်ရန် အရည်အချင်းရှိပုံရသည်။
သူသည် အကျောင်းခံရသည်နှင့် အလိုလို ဟောင်တော့သည်။
ဤမြင်ကွင်းသည် ရယ်စရာနှင့် ကြောက်စရာကောင်းလှသည်။
လူတိုင်းက ရယ်ချင်ကြသော်လည်း ကျောရိုးများ စိမ့်၌ အေးစက်သွားသလို ခံစားလိုက်ရသည်။
စူချီယွမ်သည် ယဲ့ဖန်ကို မတတ်နိုင်ဘဲ တိတ်တဆိတ် အကဲခတ်ကြည့်မိတော့သည်။
ယဲ့လူကြီးမင်းက ရက်စက်လွန်းတဲ့လူပဲ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၇၀ )
လာကစားနေတာလား
" မြန်မြန်၊ မြန်မြန် "
ဖူကူယားမား ဟီရိုသည် ယာဉ်မောင်းကို အမြန်တိုက်တွန်းနေသည်။
ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးတစ်ဦးအနေဖြင့် မကြာသေးမီက ကိစ္စများစွာဖြင့် ဒုက္ခရောက်ခဲ့သည်။
ပထမဦးစွာ ကုမ္ပဏီ၏ အရင်းအနှီးကွင်းဆက်၌ ပြဿနာခုရှိခဲ့ပြီး ထိုသည်က သူ့ကို ခေါင်းကိုက်စေခဲ့သည်။
သို့သော် ထိုကိစ္စသည် တရုတ်နိုင်ငံမှ လုပ်ဖော်ကိုင်ဖက် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီနှင့် ပတ်သက်၍ ဖြစ်ခဲ့သော အကျင့်ပျက်ခြစားမှု ကြောင့်ဟု အဖြေထွက်လာသည်။
ထို့ကြောင့် ဤကိစ္စအား ကိုင်တွယ်ရ လွယ်ကူမည်ဟု သူ ထင်ခဲ့သည်။
လုပ်ငန်းပါတနာလက်တွဲဖော် အပြောင်းအလဲတစ်ခုမျှသာ ဖြစ်သည်။
ကြီးမားသည့်ကိစ္စ မဟုတ်ပါချေ။
သို့သော် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီသည် သူတို့နှင့် ပူးပေါင်းဆောင်ရွက်မှုအား ပြန်လည်ညှိနှိုင်းရန် ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်မည့်အကြောင်း ကြားသိရသောအခါတွင် ထိုကိစ္စအား သူ့အနေဖြင့် အလေးအနက်မထားဘဲ ကိုင်တွယ်ဖြေရှင်းရန် သူ့သားကိုသာ စေလွှတ်ခဲ့လိုက်သည်။
သူ့သားသည် အလွန်ယုံကြည်စိတ်ချရသူဖြစ်ပြီး တစ်ဖက်လူအတွက် အခက်အခဲဖြစ်စေမည့် နည်းလမ်းမျိုးစုံ အသုံးပြုတတ်ကြောင်း သူ သိလေသည်။
ဤသည်မှာ သူလိုချင်သည့်ကိစ္စ အတိအကျဖြစ်သည်။
သူသည် ဤနည်းလမ်းအား သုံး၍ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီမှလူများ ထပ်မနှောင့်ယှက်စေရန် လုပ်မည် ဖြစ်သည်။
သို့သော် ကိစ္စသည် သူထင်သလောက် မရိုးရှင်းခဲ့ချေ။
ပထမဦးစွာ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီမှ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံသည် သူတို့၏သူဌေးအသစ် ယဲ့ဖန်ဖြစ်သည်ဟု စာပို့ခဲ့သည်။
အစပိုင်း၌ သူသည် ထိုကိစ္စကို စိတ်ထဲမထားချေ။
သူ၏ မိတ်ဆွေများနှင့် အတူသောက်နေခဲ့သည်။
ထိုအခါ တရုတ်နိုင်ငံမှ ဖောက်သည်ကြီးအနည်းငယ်စီမှ ယဲ့ဖန်၏ နောက်ခံအကြောင်း မတော်တဆ ကြားလိုက်မိသည်။
မကြားမိပါက မသိနိုင်သော်လည်း ကြားလိုက်ရသည့်အခါ အံ့သြသွားရသည်။
ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးအသစ်သည် South Guangdongပြည်နယ်တွင် အလွန်အစွမ်းထက်ပြီး ထိပ်တန်းပုဂ္ဂိုလ်များထဲမှတစ်ဦးဖြစ်ကြောင်း သေချာပေါက် သိလာခဲ့သည်။
ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် စီးပွားရေးလုပ်လိုပါက ထိုပုဂ္ဂိုလ်ကို မစော်ကားသင့်ချေ။
မဟုတ်ပါက သူတို့အတွက် ဘာမဆို လုပ်ရခက်ပေလိမ့်မည်။
ထိုသတင်းကြားပြီးနောက် သားဖြစ်သူအား ချက်ချင်း ဖုန်းဆက်ကာ ယဲ့လူကြီးမင်းကို သတိထားရန် ပြောချင်ခဲ့သည်။
သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သားဖြစ်သူ၏ ဖုန်းကို ဆက်သွယ်၍ မရပေ။
သူသည် ဆိုးရွားသည့် ခံစားချက်တစ်ခု ရလာသောကြောင့် KTVသို့ လူကိုယ်တိုင်လိုက်လာရသည်ဖြစ်ပြီး ပြုပြင်လို့ မရသည့် အနေအထားအထိ မရောက်စေရန်သာ မျှော်လင့်နေရတော့သည်။
သူ၏ အဆက်မပြတ် တိုက်တွန်းမှုအောက်တွင် ကားသည် နောက်ဆုံး၌ ပန်းတိုင်သို့ ရောက်ရှိလာခဲ့သည်။
ကားမရပ်ခင်မှာပင် ကားတံခါးကိုဖွင့်ပြီး မျက်နှာဖြင့်လဲကျလုနီးပါး ခုန်ဆင်းသွားသည်။
" မင်္ဂလာပါ၊ သခင်ကြီး ..... "
KTVထဲသို့ လျှောက်သွားလိုက်သည်နှင့် စားပွဲထိုးတစ်ယောက်မှ ချက်ချင်း လာနှုတ်ဆက်သည်။
စားပွဲထိုးမှ စကားမပြောနိုင်ခင်မှာပင် သူ အလျင်အမြန် မေးလိုက်သည်။
" ဖူကူယားမား ရှီဂဲရုက ဘယ်အခန်းမှာလဲ "
" သခင်လေး ဖူကူယားမားက A165 သီးသန့်အခန်းမှာ ရှိပါတယ်။ လိုက်ပို့ပေးပါ့မယ် ..... "
စားပွဲထိုးမှ စေတနာဖြင့် လမ်းပြပေးရန် ပြင်လိုက်သည်။
သို့သော် ဖူကူယားမား ဟီရိုသည် သူ့ကို တွန်းဖယ်လိုက်ပြီး သီးသန့်ခန်းဆီသို့ အမြန်လျှောက်သွားခဲ့သည်။
သူသည် ဤ KTVသို့ မကြာခဏ ရောက်ဖူးသည်ဖြစ်၍ နေရာနှင့် အလွန်ရင်းနှီးလေသည်။
ခဏကြာပြီးနောက် အခန်းA165သို့ ရောက်သွားသည်။
" ဘုရားသခင်၊ ကောင်းချီးပေးပါစေ။ အချိန်မီမယ်လို့ မျှော်လင့်ပါတယ် "
တံခါးနားသို့ ရောက်လာသည့်အခါ သူသည် တဖွဖွ ရေရွတ်လိုက်ပြီး သီးသန့်အခန်းတံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။
အတွင်းရှိမြင်ကွင်းသည် သူ့ကို အံ့အားသင့်စေခဲ့သည်။
သူ့သားသည် ခွေးတစ်ကောင်လို မြေပြင်ပေါ်၌ ဝပ်တွားကာ လေးဘက်ထောက်နေသည်။
သူ့ကို ကြိုးတစ်ချောင်းဖြင့် လူတစ်ယောက်မှ ဦးဆောင်ပြီး မြေပြင်ပေါ်၌ ခွေးကျောင်းနေသည်။
သူသားသည် ရံဖန်ရံခါ ဟောင်နေသေးသည်။
သူ မူးပြီး လဲကျမတတ် ခံစားခဲ့ရသည်။
ထိုလူကိုလည်း သူသိလေသည်။
သူသည် ဤKTV၏ ပိုင်ရှင်ဖြစ်သူ မာ့စု ရှိုးတ ဖြစ်သည်။
ယခင်က သူ ဤKTVသို့ လာသည့်အခါ ထိုလူက သူ့ကို ခွေးလို အလုပ်ကျွေးပြုလေသည်။
သို့သော် ယခုအခါ သူသည် သူ့သားကို ဤသို့အရှက်ခွဲရဲနေသည်။
သူ့သားသည် အသုံးမဝင်သော်လည်း သူ၏ တစ်ဦးတည်းသောသား၊ ဖူကူယားမား ကူးသန်းရောင်းဝယ်ရေး၏ အိမ်ရှေ့စံမင်းသားဖြစ်ပြီး ဖူကူယားမားမိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလည်း ဖြစ်သည်။
အခြားသူများမှ သူ့သားအား ဤကဲ့သို့ အရှက်ခွဲရန် သူ အဘယ်ကြောင့် ခွင့်ပြုနိုင်မည်နည်း။
သို့သော် မာ့စု ရှိုးတသည် ထိုသို့ လုပ်ရံရန် သတ္တိမရှိသည်ကိုလည်း သူသိသည်။
နောက်ကွယ်၌ တစ်ယောက်ယောက် ရှိပေမည်။
သူ မော့ကြည့်လိုက်သည့်အခါ ဆိုဖာပေါ်၌ ထိုင်နေသည့် လူငယ်တစ်ဦးကို လျင်မြန်စွာ သတိထားမိလိုက်သည်။
ထိုလူငယ်သည် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးအသစ်ဖြစ်ကြောင်း သူ တန်းပြောနိုင်သည်။
ထိတ်လန့်ကာ ဒေါသထွက်လျက် ပြေးဝင်လာပြီး မာ့စု ရှိုးတ၏ လက်ထဲမှ ကြိုးကို ဆွဲယူလိုက်သည်။
မာ့စု ရှိုးတသည် သူ့ကိုမြင်ပြီး တုန်လှုပ်သွားသည်။
" ဖူကူယားမား လူကြီးမင်း၊ အာ ..... "
သူ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ဖူကူယားမား ဟီရိုသည် သားဖြစ်သူ၏ လည်ပင်းမှ ကြိုးကို ဖြုတ်ပြီး မာ့စု ရှိုးတ၏ မျက်နှာကို ပါးရိုက်ချလိုက်သည်။
ဖြောင်း
မာ့စု ရှိုးတ၏ မျက်နှာမှာ နာကျင်သွားရတော့သည်။
" သခင်ကြီး ဖူကူယားမား၊ ကျွန်တော် ရှင်းပြပါရစေ ..... "
ဖူကူယားမား ဟီရိုသည် သူ့ကို စကားပြောရန် အခွင့်မပေးဘဲ ကြိုးဖြင့် ထပ်ပြီး ရိုက်ချလိုက်သည်။
ဖြောင်း၊ ဖြောင်း၊ ဖြောင်း
အကြိမ်အနည်းငယ် ဆက်တိုက် ပါးရိုက်ပြီးနောက် မာ့စု ရှိုးတသည် နေရာအနှံ့ ယောင်ကိုင်းသွားတော့သည်။
ဖူကူယားမား ဟီရိုသည် သူ့ဒေါသ မပြေသေးသော်လည်း လှည့်ပြီး တရားခံ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" မင်း သူ့ကို ဒီလိုလုပ်ဖို့ ညွှန်ကြားခဲ့တာလား "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်။ ပြဿနာရှိလား "
ဖူကူယားမား ဟီရိုသည် သူ့သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
တစ်ဖက်လူ၏ သရုပ်မှန်ကို သူ ဂရုမစိုက်နိုင်တော့ချေ။
" ငါ့ ဖူကူယားမားမိသားစုက ဒီလောက် အရှက်တကွဲ မကြုံဖူးဘူး။ မင်းက ဘယ်လောက်တောင် သတ္တိရှိလို့လဲ "
" အရှက်ကွဲတာတဲ့လား "
ယဲ့ဖန် သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" ဒါက စော်ကားတာမလို့လား။ ခင်ဗျားတို့ရဲ့ဧည့်သည်တွေကို ဆက်ဆံပုံလို့ ထင်ခဲ့တာ "
ဖူကူယားမား ဟီရို အံ့သြသွားသည်။
" ဘာကို ဆိုလိုတာလဲ "
ယဲ့ဖန် သူ့ကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။
" ဒီနေ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း သခင်လေး ဖူကူယားမားနဲ့ စကားပြောဖို့ လာခဲ့တော့ သူက စားပွဲပေါ်က ဝိုင်တွေအကုန်လုံးကို သောက်ခိုင်းပြီး ခွေးတွေလို မြေကြီးပေါ်လှဲပြီး ဟောင်ခိုင်းသေးတယ်။ အဲ့တာက ရိုးသားမှုပြတဲ့ နည်းလမ်းတဲ့ "
" ဒါက ဂျပန်မှာ ဧည့်သည်တွေကို ဧည့်ခံတဲ့ ထူးခြားတဲ့ နည်းလမ်းလို့ ကျွန်တော် ထင်ခဲ့တာ "
ဖူကူယားမား ဟီရိုသည် သူ့သားနှင့် ပါလာသည့်လူများကို လှည့်ကြည့်လိုက်သည်။
ထိုလူအနည်းငယ်သည် ထောင့်စွန်းတွင် ပုန်းအောင်းနေကြသည်။
သူ လှမ်းကြည့်နေသည်ကို မြင်သောအခါ ယဲ့ဖန်၏ စကားများမှာ မှန်ကြောင်း အတည်ပြုပေးကာ ခေါင်းညိတ်ပြလိုက်ကြသည်။
ထိုအခါ သူ့စိတ်ထဲမှ ချက်ချင်း ရူးချင်သွားသည်။
သူ့သားသည် ဘာမှလုပ်နိုင်စွမ်းမရှိသော်လည်း ဖျက်ဆီးရေး၌ စွမ်းသည်ထက် ပိုလေသည်။
သူသည် တစ်ဖက်သားကို အရှက်ခွဲရန် ထိုနည်းလမ်းကို အမှန်တကယ် အသုံးပြုခဲ့သည်။
တစ်ဖက်လူမှ ဒေါသထွက်နေသည်မှာ အံ့သြစရာမရှိတော့ချေ။
ယဲ့ဖန် ပြုံးပြီး သူ့ကိုကြည့်လိုက်သည်။
" လူကြီးမင်း ဖူကူယားမား တရုတ်နိုင်ငံမှာ ရှေးစကားတစ်ခုရှိတယ်။ ပျူငှာမှုကို မတုန့်ပြန်ရင် အဲ့တာ ရိုင်းရာကျတယ်တဲ့ "
" သခင်လေး ဖူကူယားမားက ကျွန်တော့်ကို အတော်လေး နွေးနွေးထွေးထွေး ဆက်ဆံခဲ့တာဖြစ်လို့ ကျေးဇူးပြန်ဆပ်ရမယ် မထင်ဘူးလား "
ဖူကူယားမား ဟီရိုသည် ယဲ့ဖန်မှ သူကို ထိုးနှက်နေမှန်း သိသော်လည်း သူ့၌ ပြောစရာမရှိချေ။
ဘယ်သူက သူ့သားကို မှားခိုင်းလို့လဲ။
" ဒါက ဖူကူယားမား ရှီဂဲရုရဲ့အမှားပါ။ သူ့ကိုယ်စား ငါက တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် "
သူသည် ယဲ့ဖန်ကို ချက်ချင်း ဦးညွှတ်လိုက်သည်။
ဖူကူယားမား ရှီဂဲရုနှင့် လိုက်ပါလာသူများ အားလုံးမှာ အံ့ဩသွားကြရသည်။
ဖူကူယားမား ဟီရိုသည် သူ့သားကို အမြဲတမ်း အကာအကွယ်ပေးခဲ့သူ ဖြစ်သည်။
သူ့သားမှားနေမှန်း သူ သိလျှင်ပင် အစွမ်းကုန်ကာကွယ်ပေးမှာဖြစ်သည်။
ထိုသို့မှ မဟုတ်ပါက သူသည် သူ့သားကို ဤမျှ အတိုင်းအတာအထိ အလိုလိုက်မှာ မဟုတ်ချေ။
ဒါပေမယ့် ဒီနေ့ ဘာဖြစ်တာလဲ။
သူ့သားအစား တောင်းပန်ဖို့ သူ့ဘက်က တကယ် အစပြုခဲ့တာလား။
သူ့ရှေ့က ဒီလူငယ်က ဘယ်သူမလို့လဲ။
သို့သော် သူတို့ကို ပို၍ပင် တုန်လှုပ်သွားစေသည်မှာ ယဲ့ဖန်၏ သဘောထားပင်ဖြစ်သည်။
လူကြီးမင်း ဖူကူယားမားမှ တောင်းပန်ရန် အစပြုလျှင် တစ်ဖက်လူသည် အခြေအနေကို အခွင့်ကောင်းယူပြီး ရင်းနှီးမှုရယူကာ မျက်နှာသာတောင်းမည် ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်စီမှ ကဲ့ရဲ့စကား ကြားရမည်ဟု မမျှော်လင့်ထားကြပေ။
" ခင်ဗျားက ကျွန်တော်နဲ့ လာကစားနေတာလား။ တောင်းပန်ပါတယ် အဲ့လောက် မလွယ်ဘူး ..... "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၇၁ )
ပြဿနာမရှိဘူး၊ ကိုယ်မင်းကို ထောက်ပံ့ပေးမယ်။
ဖူကူယားမား ဟီရိုသည် ယဲ့ဖန်သည် ဤမျှလောက် လေးစားမှုမရှိမည်ဟု မမျှော်လင့်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူသည် ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးကြီးဖြစ်သည်။
အခုအခါ သူ့သည် ယဲ့ဖန်အား အစပြုကာ တောင်းပန်ခဲ့သော်လည်း ပြန်၍ပင် အပြောခံရသည်။
သူသည် မူလဒေါသထွက်ပုံဖြင့်သာဆိုပါက သူ ဒေါသတကြီးဖြင့် ထွက်သွားမှာ သေချာလေသည်။
သို့သော် တောင်ပိုင်းကွမ်တုန်းပြည်နယ်၌ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီသည် ယဲ့လူကြီးမင်း၏ ဆန္ဒအတိုင်း လုပ်ဆောင်ရမည်ကို တွေးမိသောအခါတွင် သူ့စိတ်ထဲမှ နာကြည်းမှုကို ဖိနှိပ်ထားလိုက်ပြီး ယဲ့ဖန်ကို အပြုံးဖြင့်သာ ဆက်လက် ပြောလိုက်သည်။
" ကျွန်တော် မသိတတ်လို့ ယဲ့လူကြီးမင်းကို စော်ကားမိလိုက်တာပါ။ တောင်းပန်တဲ့အနေနဲ့ ယဲ့လူကြီးမင်း ဂျပန်ယန်း ၁ ဘီလီယံ လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး စိတ်လျှော့ပေးပါ ယဲ့လူကြီးမင်း "
ထိုစကားကို ပြောပြီးသည့်အခါ လူတိုင်းမှာ တုန်လှုပ်သွားကြရသည်။
ဖူကူယားမား ဟီရိုသည် ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးဖြစ်ကာ အီဒိုမြို့တွင် အကောင်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။
ယခုအခါ သူ၏သားသည် ခွေးတစ်ကောင်ကဲ့သို့ အရှက်ခွဲခံရသည်ကို သူသည် စိတ်မဆိုးရုံတင်သာမက သူ့ဘက်မှစ၍ ယန်း ၁ ဘီလီယံ လျော်ကြေးပေးရန်ပင် ပြောလေသည်။
ဂျပန် ယန်း ၁ဘီလီယံသည် တရုတ်ယွမ် သန်း ၅၀နှင့် ညီမျှသည်။
ထို့ကြောင့် လူတိုင်း အံသြသွားကြသည်။
စူချီယွမ်သည် ချန်းဖေးအယ်ထံမှ ယဲ့ဖန်၏ ခွန်အားနှင့် နောက်ခံကို ကြားသိထားရသော်လည်း ယဲ့ဖန်သည် ဂျပန်တွင်ပင် ဤမျှရေပန်းစားမည်ဟု မမျှော်လင့်ထားပေ။
မည်သို့ပင်ဆိုစေကာမူ ကံနဂါးအဖွဲ့အစည်းသည် ဖူကူယားမား ဟီရိုထံမှ ငွေကြေးများစွာ ညစ်ယူရန် မဖြစ်နိုင်ပေ။
ထို့အပြင် ယဲ့ဖန်သည် ဖူကူယားမား ဟီရိုစီမှ အမြတ်ထုတ်ခြင်း မဟုတ်ပေ။
တစ်ဖက်မှ လိုလားစွာ လျော်ကြေးငွေ ပေးဆောင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ယဲ့လူကြီးမင်းအား လျှော့တွက်ခဲ့မိပုံရသည်။
ယဲ့ဖန်သည် ဖူကူယားမား ဟီရို၏ စိတ်ရင်းပြသမှုကို ကျေနပ်နေသည်။
သူ ခေါင်းညိတ်လိုက်သည်။
" လူကြီးမင်း ဖူကူယားမားက အရမ်းယဉ်ကျေးနေတဲ့အတွက် ငြင်းလိုက်တာက ကျွန်တော့်အတွက် မယဉ်ကျေးရာကျမယ် "
ဖူကူယားမား ဟီရိုသည် လျော်ကြေးငွေလက်ခံကြောင်း ကြားသောအခါတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။
" ယဲ့လူကြီးမင်း ကျေနပ်ရင် ရပါပြီ။ ဒါဆို ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆက်ပြောကြမလား။ ကျွန်တော်တို့ အရင်စာချုပ်အတိုင်း စာချုပ်ကို သက်တမ်းတိုးလို့ရ ..... "
ဤအကျင့်ပျက်ခြစားမှုကိစ္စ၏ အဓိကတာဝန်မှာ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီဘက်မှ ဖြစ်သည်ဟု ဖူကူယားမား ဟီရို ထင်သည်။
ထို့ကြောင့် တစ်ဖက်သူအား တောင်းဆိုချက်အများကြီး မလုပ်သည်ကပင် သူ့အတွက် အလွန်စိတ်ရင်းပြရာ ရောက်လေသည်။
တစ်ဖက်မှ ချက်ချင်း အဆင်သင့် သဘောတူပေလိမ့်မည်။
သို့သော် မထင်မှတ်ဘဲ ယဲ့ဖန်မှ ခေါင်းခါလိုက်သည်။
" တောင်းပန်ပါတယ်။ ခင်ဗျားတို့ရဲ့ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီနဲ့ စာချုပ်သက်တမ်းတိုးဖို့ မစီစဉ်ထားဘူး "
ဖူကူယားမား ဟီရို အံ့သြသွားသည်။
" လူကြီးမင်းကို တောင်းပန်ပြီး လျော်ကြေးငွေ ပေးပြီးသွားပြီကို မကျေနပ်သေးလို့လား "
ယဲ့ဖန် နှာမှုတ်လိုက်သည်။
" ခင်ဗျားရဲ့ တောင်းပန်မှုကို လက်ခံပေးခဲ့တာက ဒီကိစ္စကို ရှေ့မဆက်တော့ဘူးလို့ ဆိုလိုတာ။ အဲ့တာက အရှက်ခွဲတာကို လက်ခံပေးလိုက်တယ်လို့ပြောတာ မဟုတ်ဘူး "
" ဒီနေ့ ခင်ဗျားသားရဲ့ လုပ်ရပ်ကို မြင်ပြီးတော့ ကျွန်တော်တို့ အတူတူ အလုပ်ဆက်လုပ်လို့ မရနိုင်တော့ဘူး "
ဖူကူယားမား ဟီရို ချက်ချင်း ထိတ်လန့်သွားသည်။
ဤညှိနှိုင်းမှုသည် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီသီးသန့်သာ ဖြစ်ပါက သူ ဂရုမစိုက်ချေ။
စီးပွားရေး လက်တွဲဖော်များသည် အချိန်မရွေး ပြောင်းလဲနိုင်လေသည်။
သို့သော် ယခုအခါ ယဲ့လူကြီးမင်းသည် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးဖြစ်သဖြင့် ကိစ္စများမှာ ကွဲပြားလေသည်။
ဆက်လက်၍ ပူးပေါင်းဆောင်ရွက်နိုင်ပါက သူတို့၏ ဖူကူယားမား ကုန်သွယ်ရေးသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်၌ အတားအဆီးမရှိ သွားလာနိုင်မည်ဖြစ်ပြီး သူတို့အတွက် ဒုက္ခများစွာ သက်သာစေမည်ဖြစ်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ အဆိုပြုထားတဲ့ အခြေအနေတွေကို မကျေနပ်ရင် အဲ့တာတွေကို အသေးစိတ် ဆွေးနွေးလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီက လိုက်လျောပေးပြီး ကျေနပ်အောင် ဆွေးနွေးပေးမှာပါ "
"ကျွန်တော် စိတ်ဆုံးဖြတ်ပြီးသားပါ။ လူကြီးမင်း ဖူကူယားမား မလိုတဲ့စကားတွေ ပြောနေစရာ မလိုတော့ပါဘူး။ ခင်ဗျား ဘာပဲပြောပြော ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီကို မစဉ်းစားတော့ဘူး "
ယဲ့ဖန် ခေါင်းယမ်းလိုက်ပြန်သည်။
ဖူကူယားမား ဟီရိုသည် ယဲ့ဖန်၏ ခိုင်မာသော သဘောထားကို မြင်ပြီးနောက် ညှိနှိုင်းရန် နေရာမရှိသည်ကို သိလိုက်ရသည်။
ယခင်က ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီမှ ပူးပေါင်းဆောင်ရွက်ရန် လာတောင်းပန်သည့်အခါ သူတို့ဘက်မှ ကောင်းမွန်စွာ မတုံ့ပြန်ခဲ့ပေ။
ဤသည်ဖြစ်မည်ကို သိပါက သူ့သားအား ဒီကိစ္စကို ကိုင်တွယ်ခိုင်းမည် မဟုတ်ချေ။
ယခုအခါ သူသည် ကြီးမားသော ကြင်နာမှုကို ပြသခဲ့သော်လည်း တစ်ဖက်မှ မထီမဲ့မြင်ပြုလေသည်။
" ကျွန်တော်တို့ရဲ့ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီက လူကြီးမင်းအတွက် အမြဲဖွင့်ထားပါတယ်။ ကျွန်တော်တို့နဲ့ အချိန်မရွေး ပူးပေါင်းဆောင်ရွက်ဖို့ ယဲ့လူကြီးမင်းကို ကြိုဆိုပါတယ် "
ထိုသို့ပြောပြီးနောက် လှည့်၍ သားဖြစ်သူ ဖူကူယားမား ရှီဂဲရုစီသို့ လျှောက်သွားသည်။
ရှီဂဲရု ဖူကူယားမားသည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး အမှိုက်ပုံးထဲ၌ အစာရှာနေသော ခွေးတစ်ကောင်ကဲ့သို့ အန်ဖတ်များကို လျှာဖြင့် လျက်နေပြန်သည်။
ဖူကူယားမား ဟီရိုသည် ဒေါသတကြီးဖြင့် ချက်ချင်း ကန်ထုတ်လိုက်သည်။
သူ၏သားဖြစ်သူသည် သူ့ကိုယ်သူ အရူးလုပ်ရုံသာမက ဖူကူယားမားမိသားစုကိုလည်း အရှက်ရစေကာ တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ သူဌေးကြီး ယဲ့ဖန်ကိုလည်း စော်ကားခဲ့သည်။
ထို့ကြောင့် သူ့သားဖြစ်စေကာမူ လည်ပင်းညှစ်သတ်ချင်လာသည်။
ဖူကူယားမား ရှီဂဲရုအား သူ့အဖေမှ ကန်ရန်ပြင်လိုက်သည်။
သို့သော် သူ့အစာကို လုယူတော့မည်ဟု ထင်သည့်အတွက် ချက်ချင်း ထပြီး ဟောင်လိုက်သဘ်။
ဖူကူယားမား ဟီရို ဒေါသထွက်လွန်း၍ သွေးအန်လုမတတ် ဖြစ်သွားသည်။
သို့သော် သူ့သားကို ဆွဲခေါ်ပြီး ထွက်သွားလေသည်။
သူသည် ထွက်မသွားခင် မာ့စု ရှိုးတကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ဖူကူယားမား ဟီရိုသည် ယဲ့ဖန်ကို ဘာမှ မလုပ်ရဲသော်လည်း သူ့သားကို အရှက်ရစေသည့် မာ့စု ရှိုးတကို ခွင့်မလွှတ်နိုင်ချေ။
မာ့စု ရှိုးတ တုန်လှုပ်သွားပြီး သူ့စိတ်ထဲ၌လည်း စိတ်ပျက်မှုများနှင့် ပြည့်နှက်နေသည်။
ဤသို့ ဖြစ်လာမည်ကို သူ သိခဲ့ပါက သေသည့်အထိ ရိုက်နှက်ခံရလျှင်ပင် ဝင်ပါလိမ့်မည် မဟုတ်ချေ။
ယအခု သူသည် သူ့ကိုယ်သူ အရူးလုပ်မိခဲ့သည်။
ဖူကူယားမား ဟီရိုသည် သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးဆိုတာ သိလိုက်ပြီး မည်သို့ ထွက်ပြေးရမည်ကို တွေးနေပြီမိသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ဟိုတယသို့ ပြန်ရောက်သောအခါ ဖူကူယားမား ဟီရိုထံမှ လျော်ကြေးငွေ ဂျပန်ယန်း ၁ ဘီလီယံကို လက်ခံရရှိခဲ့သည်။
ယဲ့ဖန်သည် ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီနှင့် နောက်တစ်ကြိမ် အလုပ်မလုပ်တော့ကြောင်း ပြောထားသော်လည်း ဒီလျော်ကြေးအတွက်ဖြင့် သူတို့ဘက်မှ ယဲ့ဖန်အား လက်စားချေရဲမည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်၌ စီးပွားရေးလုပ်ရဦးမည် ဖြစ်သည်။
ယဲ့လူကြီးမင်းနှင့် မိတ်မဖွဲ့နိုင်လျှင်ပင် သူ့ကို မစော်ကားရဲကြပေ။
မဟုတ်ပါက ယဲ့ဖန်၏ စကားတစ်ခွန်းဖြင့် ဖူကူယားမားကုန်သွယ်ရေးကုမ္ပဏီအား တောင်ပိုင်းကွမ်တုန်းပြည်နယ်မှ ဖယ်ထုတ်ခံရလိမ့်မည်။
" မင်းရဲ့ ဘဏ်အကောင့်ကိုပေး။ ဒီလျော်ကြေးကို မင်းဆီ လွှဲပေးမယ် "
ယဲ့ဖန်သည် ဆိုဖာပေါ်၌ ထိုင်နေပြီး ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်သည်။
ချန်းဖေးအယ်သည် စီးပွားရေးကိစ္စ ဆွေးနွေးရန် ယဲ့ဖန်နောက်သို့ လိုက်ခဲ့ပြီး ဖူကူယားမား ရှီဂဲရုထံမှ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့် နည်းစနစ်တကျတွေးပါက ဤလျော်ကြေးကို သူမ ပိုင်သင့်သည်။
" မလိုချင်ဘူး။ ရှင်ရဲ့ သရုပ်မှန်ကြောင့် ဖူကူယားမား ဟီရိုက ဒီပိုက်ဆံတွေကို ပေးခဲ့တာ။ ကျွန်မနဲ့ ဘာဆိုင်လို့လဲ "
ချန်းဖေးအယ်သည် ချက်ချင်းပင် ခေါင်းယမ်းပြီး ငြင်းလိုက်သည်။
" ဒါပေမယ့် ..... "
ယဲ့ဖန် ထပ်၍ပြောချင်သော်လည်း ချန်းဖေးအယ်မှ သူ့ကို ထပ်ပြီး ဖြတ်ပြောလိုက်သည်။
" ဒီငွေတွေ ကျွန်မကို ပေးလိုက်ရင် ကျွန်မ နစ်နာလိမ့်မယ် "
" ကျွန်မရဲ့ အခြေအနေအရ ရုတ်တရက် ဒီလောက်ပိုက်ဆံအများကြီး ရလာရင် အထက်အရာရှိတွေက ကျွန်မကို သေချာစုံစမ်းလိမ့်မယ် "
ယဲ့ဖန်သည် သူမ၏စကားကို ကြားပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
အမှန်ပင် လုံခြုံရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ချန်းဖေးအယ်၏ အထောက်အထားသည် အလွန်အထိအခိုက်များသည်။
အကယ်၍ ထိုငွေအမြောက်အမြားသည် သူမ၏ အကောင့်ထဲ၌ ရုတ်တရက်ပေါ်လာပါက ထိုပိုက်ဆံများသည် သူမကို ဒုက္ခဖြစ်စေနိုင်သည်။
" ကောင်းပြီ၊ ဒီပိုက်ဆံတွေကို ကိုယ်နဲ့အတူ သိမ်းထားပေးမယ်။ မင်း လိုအပ်လာတဲ့အခါ ကိုယ့်ကို အသိပေး "
သူ၏ လက်ရှိ ချမ်းသာကြွယ်ဝမှုဖြင့် ချန်းဖေးအယ်၏ ငွေကြေးအနည်းငယ်ကို အမှန်တကယ်ပင် ဂရုမစိုက်ပေ။
" ဘာလို့ ဒီလောက်တောင် ကြားရတာ အဆင်မပြေရတာလဲ။ မသိရင် ရှင့်ရဲ့ အငယ်အနှောင်းကို ထောက်ပံ့ပေးနေသလိုပဲ "
ချန်းဖေးအယ်သည် အလွန်ပင်ရှားပါး ဟာသတစ်ခုဖြင့် စနောက်ခဲ့သည်။
" ကိစ္စမရှိပါဘူး။ ကိုယ်မင်းကို ထောက်ပံ့ပေးမယ် "
ယဲ့ဖန်လည်း ပြုံးပြီး ပြန်ပြောသည်။
ချန်းဖေးအယ်၏ မျက်နှာသည် ချက်ချင်း နီရဲလာပြီး ခေါင်းကို အမြန်ငုံ့လိုက်သည်။
ဤညတွင် သူမသည် အမှန်တကယ်ပင် အထိမခံဖြစ်နေသည်။
ထိုအချိန် ဖူကူယားမား ရှီဂဲရုသည် သူမအား နှုတ်ဖြင့် စော်ကားလိုက်သောအခါ ယဲ့ဖန်သည် အကျိုးအမြတ်အတွက် သူမ၏ ဂုဏ်သိက္ခာကို လျစ်လျူရှုသည်ကို အပြစ်တင်ခဲ့မိသည်။
ယဲ့ဖန်သည် ဖူကူယားမား ရှီဂဲရုကို သင်ခန်းစာပေးပြီးမှသာ သူမသည် သူ့ကို မှားယွင်းစွပ်စွဲမိကြောင်း သိလိုက်ရသည်။
ဤအပြစ်စိတ်ကြောင့် သူမသည် ပို၍ပင် အထိမခံဖြစ်သွားသည်။
ယဲ့ဖန်သည် ယခုတစ်ကြိမ် ဂျပန်နိုင်ငံသို့လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စာချုပ်သက်တမ်းတိုးခြင်း ဆွေးနွေးရန်ဖြစ်သော်လည်း သူမကြောင့် သူ့ကုမ္ပဏီ၏ လုပ်ငန်းပါတနာနှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။
ထိုသို့ကြည့်ပါက ယဲ့ဖန်သည် သူမ၏ ခံစားချက်အတွက်ပင် ဂရုစိုက်သည်ဟု ထင်ရသည်။
သူမသည် အများအားဖြင့် သူရဲကောင်းဆန်သော အရိပ်အယောင်ရှိပြီး ယခုအခါ သူမသည် အလွန်ရှက်ရွံ့နေသည့်ပုံစံ ဖြစ်နေသောကြောင့် ယဲ့ဖန်၏ နှလုံးသားသည် ပြင်းပြစွာ ပူလောင်လာတော့သည်။
သူ အနည်းငယ် ငုံ့ကြည့်လိုက်သည့်အခါ ရှည်လျားပြီး ဖြောင့်စင်းသော ခြေထောက်တစ်စုံသည် သူမ၏ ဂါဝန်အောက်မှ ပေါ်လွင်နေသဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ရန် ပို၍ပင် ခက်ခဲလာသည်။
ထို့ကြောင့် ရုတ်တရက် သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။
ချန်းဖေးအယ်သည် တစ်နှစ်ပတ်လုံး လက်တည့်စမ်းလေ့ကျင့်မှုများနှင့် တိုက်ပွဲများ လေ့ကျင့်ရသောကြောင့် သူမ၏ လက်တွင် အသားမာအချို့ရှိသည်။
သို့သော် ယဲ့ဖန်မှ သူမအတွက် အထူးပြုတလည် လုပ်ပေးထားသည့် လိမ်းဆေးကို လိမ်းပြီးကတည်းက သူမလက်ပေါ်ရှိ အသားမာများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ယခုချိန်၌ သူမ၏ လက်သည် ကလေးလေးသဖွယ် ချောမွေ့နေခဲ့သည်။
ယဲ့ဖန် သူမလက်ကို ဆုပ်ကိုင်လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်သွားကာ သူမ၏ နှလုံးသားထဲမှ ဖုံးကွယ်ထားသော ဆန္ဒတစ်ခု ထွက်ပေါ်လာတော့သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၇၂ )
ဆက်လုပ်ချင်သေးလား။
မိန်းကလေးတစ်ဦးမှ အထိမခံဖြစ်နေဆုံးအချိန်သည် အခွင့်အရေးယူရန် အကောင်းဆုံးဖြစ်သည်။
ယဲ့ဖန် ဘယ်လိုသိသည်လဲ မေးရန်မလိုချေ။
ချန်းဖေးအယ်သည် တိတ်ဆိတ်စွာ သဘောတူညီနေသည့်အလား အလွန်အကျွံ မကန့်ကွက်သည်ကို ယဲ့ဖန် သတိပြုမိသည်။
ထို့ကြောင့် သူ ရုတ်တရက် ရဲတင်းလာပြီး အခြားလက်တစ်ဖက်ကို သူမ၏ပေါင်ပေါ်သို့ တင်လိုက်သည်။
" မလုပ်နဲ့ ..... "
ချန်းဖေးအယ်သည် နောက်ဆုံးတွင် စတင်၍ ခုခံတော့သည်။
သို့သော် သူမ၏ အသံသည် တုံ့ဆိုင်းနေသည့် အရိပ်အမြွက်ကို ဖော်ပြနေသည်။
ယဲ့ဖန်သည် ထိုသည်ကို မည်သို့ သည်းခံနိုင်မည်နည်း။
ထို့ကြောင့် သူ ချက်ချင်းပင် ရှေ့သို့ တိုးသွားတော့သည်။
ချန်းဖေးအယ်သည် မကြုံဖူးသည့် ထုံကျင်မှုတစ်ခု သူမတစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ချန်းဖေးအယ်သည် မသိစိတ်မှ တွန်းလှန်ချင်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူမ၏ခန္ဓာကိုယ်သည် ရုတ်တရက် ခွန်အားမရှိတော့ပေ။
သို့မဟုတ် သူမကိုယ်တိုင်မှ မခုခံချင်တာ ဖြစ်လေသည်။
ယဲ့ဖန်သည် အတွေ့အကြုံရင့်သူတစ်ဦး ဖြစ်သည်။
သူသည် လက်ဖြင့် တစ်ဖက်သူက ချွဲနွဲ့လာအောင် လုပ်နိုင်သည်။
မီးသည် အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေပြီး ထမင်းချက်ရန်သာ ကျန်တော့သည်။
ထိုအချိန် နားထဲသို့ စူးရှစေသည့် ဖုန်းမြည်သံ ရုတ်တရက် ထွက်ပေါ်လာပြီး မှိန်းမောနေသည့် သူတို့နှစ်ယောက်ကို နိုးကြားလာစေသည်။
ချန်းဖေးအယ်သည် ရုတ်တရက် ခွန်အားများ ပြန်လည်ရရှိပြီး သူ့ကို တွန်းထုတ်လိုက်သည်။
သူမ ခါးထိ တက်နေသည့် ဂါဝန်ကို ပြန်ဆွဲချလိုက်ပြီး ဖုန်းကို အမြန်ကောက်ယူကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။
ယဲ့ဖန် လက်သီးများကို ဆုပ်လိုက်ပြီး လေထဲ၌ ဝှေ့ယမ်းလိုက်သည်။
ဘယ်ခွေးသူတောင်းစား ခေါ်တာလဲ။
အချိန်မှန်ကို ဘယ်လိုရွေးရမလဲဆိုတာ တကယ် သိတာပဲ။
မင်း ဘယ်သူလဲဆိုတာ ငါ့ကို မသိစေနဲ့။ ဒါမှမဟုတ်ရင် မင်းကို အရင်သတ်မယ်။
ပြီးရင် မသေအောင် ကယ်ပေးမယ်။
ပြီးရင် ထပ်သတ်မယ်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ချန်းဖေးအယ် ထွက်လာသည်။
သူမ၏ ခန္ဓာကိုယ်၌ တင်းကြပ်စွာ ဖုံးအုပ်ထားသော ညဝတ်အင်္ကျီလဲသွားသည်။
" အားကန်ခေါ်တာ "
သူမသည် သူမ၏ ပုံမှန်သူရဲကောင်းဆန်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
သို့သော် သူမစိတ်ထဲ၌ ဘာတွေ တွေးနေသည်ကို မသိနိုင်ပေ။
" သူ ဘာပြောလဲ "
ယဲ့ဖန်၏ အသံသည် သတ်ချင်နေသော အငွေ့အသက်များဖြင့် ပြည့်နေသည်။
အားကန်ယူလာပေးသည့် အချက်အလက်သည် တန်ဖိုးမရှိပါက သူ လွယ်လွယ်ဖြင့် အလွှတ်ပေးမည် မဟုတ်ပေ။
ချန်းဖေးအယ်၏ မျက်နှာပေါ်၌ ဖျော့တော့သော အပြုံးတစ်ခု တောက်ပသွားကာ သူမ ချက်ချင်း အလေးအနက် ပြောလိုက်သည်။
" ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက သူ့ကိုခေါ်ပြီး ယုကျိုးအိုးရဲ့ တည်နေရာကို ပေးထားတယ်။ တစ်ပတ်အတွင်းမှာ ခိုးယူခိုင်းထားတာ "
ယဲ့ဖန် မတတ်နိုင်ဘဲ ပြုံးလိုက်သည်။
" ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက တော်တော်လေး စိတ်မရှည်ဖြစ်နေပုံရတယ် "
ချန်းဖေးအယ်သည် ရုတ်တရက် သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
" ယုကျိုးအိုးက ဘယ်မှာလဲဆိုတာ သိလား "
ယဲ့ဖန် အံ့သြသွားသည်။
" အဲ့တာက ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ လက်ထဲမှာ ရှိတယ်လို့ မင်း ပြောခဲ့တာပဲ မဟုတ်ဘူးလား "
" မဟုတ်ဘူး၊ အဲ့တာက ရာမာဂူချီ-ဂူမီဂိုဏ်း ဌာနချုပ်မှာ "
ချန်းဖေးအယ်သည် မထင်မှတ်ထားသော အဖြေတစ်ခုကို ပေးခဲ့သည်။
" ဘာလို့ ရာမာဂူချီ-ဂူမီဂိုဏ်းဆီကို ရောက်သွားတာလဲ "
ယဲ့ဖန် အနည်းငယ် အံ့အားသင့်သွားသည်။
" ချမ်းသာတဲ့ စီးပွားရေးသမားက ဒီသတင်းကို ထုတ်ဖော်ပြီး သိပ်မကြာခင်မှာပဲ ရာမာဂူချီ-ဂူမီဂိုဏ်းက အဲ့လူရဲ့ တံခါးပေါက်ထိကို လာပြီး စျေးအရမ်းကြီးပေးပြီး ဝယ်သွားတယ်တဲ့ "
ချန်းဖေးအယ်၏ အမူအရာမှာ အနည်းငယ်ထူးဆန်းနေသည်။
" ဈေးအရမ်းကြီး ပေးပြီး ဝယ်ထားတာလား။ ဈေးက ဘယ်လောက်မြင့်လဲ "
ယဲ့ဖန် သိချင်နေမိသည်။
" ခန့်မှန်းကြည့် "
ချန်းဖေးအယ် သူ့ကို တမင်တကာ ဆိုင်းငံ့ထားလိုက်သည်။
" ရာမာဂူချီ-ဂူမီဂိုဏ်းလို အဖွဲ့အစည်းတစ်ခုက ခြိမ်းခြောက်တာတွေ ကတိတွေပေးပြီး လုပ်နိုင်တော့ အများဆုံးမှ ဂျပန်ယန်း သန်း၅၀၀ထက် မပိုလောက်ဘူးလို့ ကိုယ်ထင်တယ် ဟုတ်တယ်မလား "
ယဲ့ဖန်သည် နံပါတ်တစ်ခုကို ခန့်မှန်းခဲ့သည်။
သို့သော် ချန်းဖေးအယ်သည် သူမခေါင်းကို ခါယမ်းလိုက်သည်။
" မဟုတ်ဘူး၊ ထပ်ပြီး မှန်းဦး "
ယဲ့ဖန်သည် သူမ၏ အမူအရာကို မြင်ပြီး အံ့ဩသွားသည်။
" အဲ့တာက ၁ ဘီလီယံလောက်တော့ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား။ ရာမာဂူချီ-ဂူမီဂိုဏ်းက ဒီလောက်တောင် ရက်ရောတယ်လား "
ချန်းဖေးအယ်သည် သူနှင့်အတူ ခန့်မှန်းကစားနည်းကို ဆက်မကစားတော့ဘဲ တန်းဖြေလိုက်တော့သည်။
" ဂျပန်ယန်း ၃၅ ဘီလီယံဆိုတော့ တရုတ်ယွမ်ငွေ ၂ ဘီလီယံနီးပါးရှိတယ်။ ပြီးတော့ အဲ့တာတောင် တစ်ခွန်းဈေးပဲ လုံးဝ ဈေးကို လျှော့အတင်း လုပ်မသွားဘူး "
ယဲ့ဖန် အံ့သြသွားသည်။
" ဘယ်လောက်လဲ၊ တရုတ်ယွမ်ငွေ ၂ ဘီလီယံလား။ ပြီးတော့ သူတို့က ဈေးမဆစ်ကြဘူးတဲ့လား "
ယဲ့ဖန် အံ့အားသင့်နေသည်ကို အပြစ်မတင်နိုင်ချေ။
ယုကျိုးအိုးသည် ရှေးခေတ်တရုတ်နိုင်ငံတော်၏ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သော်လည်း အိုးသည် အရာဝတ္ထုတစ်ခုသာ ဖြစ်သည်။
၁ ဘီလီယံသည် သူတို့ဂိုဏ်း လုပ်နိုင်မည့် အများဆုံးဖြစ်မည်ဟု ယဲ့ဖန် ထင်ခဲ့သည်။
သို့သော် ရာမာဂူချီ-ဂူမီဂိုဏ်းသည် အလွန်မြင့်သည့် ၂ဘီလီယံဆိုသည့် ပမာဏအား ပေးဝယ်ရန် ဆန္ဒရှိလိမ့်မည်ဟု ယဲ့ဖန် မျှော်လင့်မထားပေ။
ထို့အပြင် ရာမာဂူချီ-ဂူမီဂိုဏ်းကဲ့သို့သော လူ့အဖွဲ့အစည်းကြီးသည် စျေးနှုန်းလျှော့ချရန် ခြိမ်းခြောက်မှုများကို အသုံးပြုနိုင်လေသည်။
သို့သော် ချန်းဖေးအယ်မှ သူတို့သည် ဤတစ်ကြိမ်၌ စျေးဆစ်ခြင်းပင် မရှိဘဲ သတ်မှတ်ထားသောစျေးနှုန်းဖြင့်သာ ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။
" ရာမာဂူချီ-ဂူမီဂိုဏ်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ "
ယဲ့ဖန် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။
ဤပုံမှန်မဟုတ်သော အခြေအနေသည် တစ်ခုခု မှားယွင်းနေသည်ကို ပြသနေသည်။
ယုကျိုးအိုးအား ဤမျှ အလောတကြီး လိုချင်နေသည့်အကြောင်းအရင်း ရာမာဂူချီ-ဂူမီဂိုဏ်း၌ ရှိရပေမည်။
ချန်းဖေးအယ် ခေါင်းခါလိုက်သည်။
" မသိဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့လူက သူတို့ မတွေ့ခင် တစ်ပတ်အတွင်း ယုကျိုးအိုးကို ခိုးထားဖို့ အားကန်ကို ပြောထားတယ် "
ယဲ့ဖန် မတတ်နိုင်ဘဲ မဲ့ရွဲ့လိုက်သည်။
" ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက အားကန်ကို အရမ်းအထင်ကြီးနေတာပဲ။ ခိုးဖို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို သွားရမှာ။ သူ အသက်ရှင်ဖို့ကို ငြီးငွေ့နေပြီလား "
ချန်းဖေးအယ် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
" အားကန်လည်း ဒုက္ခရောက်နေပြီ။ ဒါပေမယ့် အဲ့ဒီလူနဲ့ တွေ့ချင်ရင် ယုကျိုးအိုးကို အရင်ယူရမယ်။ မဟုတ်ရင် တွေ့ဖို့ မလိုဘူးလို့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့သူက ပြောလိုက်တယ်တဲ့ "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ကိုယ့်ရဲ့လျှို့ဝှက်ဘဏ္ဍာမြေပုံကို ခိုးပြီး ယုကျိုးအိုးကိုလည်း လိုချင်နေတာ။ သူ ဘာတွေ ကြံစည်နေတာလဲ "
ချန်းဖေးအယ် ပုခုံးတွန့်ပြသည်။
" ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကို မတွေ့ရင် ကျွန်မတို့အဖြေကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး "
ယဲ့ဖန် ဖြည်းဖြည်းချင်း တည့်မတ်စွာ ထိုင်လိုက်သည်။
" ဂျပန်မှာ အချိန်ကြာကြာ နေဖို့ လိုမယ်ထင်တယ်။ ဒီလူကို မတွေ့ရင် တရုတ်ပြည်ကို ပြန်မှာမဟုတ်ဘူးလို့ ကျိန်တယ် "
" သူ ဘယ်လို အစီအစဉ်မျိုး ရှိလဲဆိုတာ ကြည့်ချင်ပါသေးတယ် "
ချန်းဖေးအယ်လည်း ခေါင်းညိတ်ပြသည်။
" ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့မယ်။ နောက်ကွယ်က ချုပ်ကိုင်သူကို ကျွန်မတို့ သေချာပေါက် တွေ့ရမယ် "
ယဲ့ဖန် သူ့ခေါင်းကိုမော့ပြီး သူမကို ကြည့်နေသည်။
ထို့နောက် သူ နတ်ဆိုးဆန်စွာ ပြုံးလိုက်ပြန်သည်။
" ခုနကကိစ္စ မပြီးသေးဘူးထင်တယ်။ မင်း ဆက်လုပ်ချင်သေးလား "
" သေလိုက်ပါလား "
ချန်းဖေးအယ် ရှက်ပြီး ပြေးသွားတော့သည်။