← Chapters

အခန်း (၁၁၇၇-၁၁၈၀)

Vol. 59 Ch. 1177-1180

အခန်း (၁၁၇၇-၁၁၈၀)

Vol. 59 Ch. 1177-1180

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၇၇ )

စိတ်ကူးထားသည်ထက် ကျော်လွန်သောခွန်အား

လက်နက်များ ကိုင်ဆောင်ထားသော ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ကို ရှုမန်သည် အလွန်ကြောက်လန့်နေသော်လည်း ယဲ့ဖန် ရှေ့၌ သူမ ပိတ်ရပ်ထားဆဲ ဖြစ်သည်။

" ရှောင်ဖန် ပြေး ...... "

သူမ၏ လုပ်ရပ်သည် ယဲ့ဖန်အား ရယ်မောစေခဲ့သည်။

ဒီရူးနေတဲ့ကောင်မလေးကတော့ ဒီလောက် ပျော့ညံ့တဲ့ခန္ဓာကိုယ်နဲ့ သူ လွတ်မြောက်ဖို့ ဖန်တီးပေးနိုင်မယ်လို့ သူမ တကယ် ထင်နေတာလား။

သို့သော် ရှုမန်မှ သူ့အတွက် ဒီလိုလုပ်ပေးသည်ကို သူ့ရင်ထဲ အလွန်ထိမိသွားရသည်။

ရှေ့မှ ပြေးလာနေသော ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်များသည် သူတို့၏ ဓားများကို ဝှေ့ယမ်းကာ ခုတ်ထစ်နေပြီ ဖြစ်သည်။

ယဲ့ဖန် ရုတ်တရက် ရှုမန်ကို ညာလက်ဖြင့် အမြန်ဆွဲပြီး သူ့အနောက်ကို ဆွဲထုတ်လိုက်သည်။

ယဲ့ဖန်သည် ဓားကိုင်ကာ ခုတ်လိုက်သည့် ယောက်ျား၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လေသည်။

ဂျွတ်

ထိုလူ၏ လက်ကောက်ဝတ်သည် သနားစရာကောင်းသော အသံနှင့်အတူ အရိုးကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။

သူ့လက်ထဲမှ ဓားရှည်အား ယဲ့ဖန် လုယူသွားခဲ့ပြီး ဝမ်းဗိုက်ကို ကန်ထုတ်ကာ သူ့အနောက်မှ လူအုပ်ထံသို့ ပစ်လိုက်သည်။

ယဲ့ဖန်သည် သူ့လက်ထဲ၌ ဓားရှည်တစ်လက်ရှိနေပြီး သူသည် ခံ့ညားသော ရောင်ဝါရှိနေသည်။

သူသည် ရှုမန်ကို လက်တစ်ဖက်နှင့် သူ့အနောက်မှာ ဆွဲပို့ထားကာ ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်များကို နောက်လက်တစ်ဖက်မှ ဓားတစ်ချောင်းကို ကိုင်လျက် ရှေ့တက်လာသည်။

ခြေတစ်လှမ်းစီဖြင့် လူတစ်ဦးကို ရှင်းနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

သူ၏ ဓားသွားနည်းစနစ်တွင် လှပခြင်း ဘာမှမရှိသော်လည်း ခုတ်ချက်တစ်ခုစီ၏ ထောင့်တိုင်းသည် အလွန်ရှုပ်ထွေးပြီး သေစေနိုင်သည်။

ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်များအားလုံးသည် အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမားများ ဖြစ်ကြသော်လည်း ယဲ့ဖန်၏ အရှေ့တွင်မူ သူတို့အားလုံးသည် အားနည်းသူများဖြစ်ကြပြီး လုံးဝ မခုခံနိုင်ပေ။

တခဏချင်းမှာပင် အဖြုတ်ခံရသည်။

ပထမ၌ ရှုမန်သည် အလွန်ကြောက်၍ သူမမျက်နှာမှာ ဖျော့တော့နေသည်။

သို့သော် ယဲ့ဖန်၏လက်မှ နွေးထွေးမှုကို သူမ ခံစားလိုက်ရသောအခါ သူမ၏ နှလုံးသားသည် ငြိမ်သက်သွားခဲ့သည်။

သူမ၏ ဘေးထောင့်မှနေ၍ ယဲ့ဖန်၏ စိတ်ပိုင်းဖြတ်ထားသော ဘေးတိုက်မျက်နှာထားကို မြင်နေရသည်။

ဤအချိန်သည် သူသည် အမှန်တကယ်ကိုပင် ချောနေသည်ကို လက်ခံပြောရပေမည်။

ထိုအချိန်တွင် မီယာမိုတိုဆဲသည် သန့်စင်ခန်းထဲမှ ခေါင်းကို ဂရုတစိုက် ထွက်ကြည့်လိုက်သည့်အခါ ယဲ့ဖန်နှင့် ရှုမန်သည် ကော်ဖီဆိုင်ထဲတွင် မရှိတော့ကြောင်း သူသဘောပေါက်လိုက်သည်။

ထိုအခိုက်အတန့်၌ ကော်ဖီဆိုင်ထဲရှိ ဝန်ထမ်းများနှင့် ဖောက်သည်များအားလုံးသည် ပြတင်းပေါက်ကို မှီပြီး တစ်စုံတစ်ခုကို ကြည့်နေကြသည်။

သူ အသေအချာ လှမ်းကြည့်လိုက်သည့်အခါ ပြတင်းပေါက် အပြင်ဘက်မှ မြင်ကွင်းကြောင့် ချက်ချင်း တုန်လှုပ်သွားသည်။

ဓားကိုင်ဆောင်ထားသည့် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးကို လူ ၂၀ကျော်မှ ဘယ်ညာ ဝိုင်းရံထားသည်။

ထိုမြင်ကွင်းသည် ရုပ်ရှင်များထဲလို လှပနေသည်။

မိန်းကလေးအချို့သည် မက်မောမှုဖြင့် အပြင်ကို ကြည့်နေကြသည်။

" ဝိုး၊ အဲ့ဒီကောင်လေးက တကယ် ချောတာပဲ "

" ဟုတ်တယ်၊ သူက ရုပ်ချောရုံတင် မကဘူး သူက အတိုက်အခိုက်လည်းကောင်းတယ်။ အဲ့ဒီ ရာမာဂူချီ-ဂူမီဂိုဏ်းက လူတွေကတောင် သူ့ကို မတားနိုင်ဘူး "

" ဒီကောင်မလေးက အရမ်းကံကောင်းတာပဲ။ သူကိုင်ထားတဲ့လူက ငါပဲဖြစ်ချင်လိုက်တော့တယ် "

" ငါရောပဲ၊ အဲ့ဒီကောင်မလေးနေရာက ငါသာဆိုရင် ပျော်ပြီး သေတောင်သေသွားနိုင်တယ် "

" တကယ် ချောတာပဲ ..... "

ထိုမိန်းကလေးများနှင့် မတူဘဲ ကောင်လေးများသည် ယဲ့ဖန်၏ ခွန်အားအကြောင်း ဆွေးနွေးကြသည်။

" ဒီလူငယ်လေးက အရမ်းသန်မာလွန်းတယ်မဟုတ်လား။ သူ့ရှေ့မှာ အဲ့ဒီ ရာမာဂူချီ-ဂူမီဂိုဏ်းက လူတွေက အသတ်ခံရဖို့စောင့်နေတဲ့ ဝက်နဲ့ သိုးတွေလိုပဲ "

" အဲ့လို မပြောနဲ့။ ဝက်အကောင်နှစ်ဆယ်ရှိရင်တောင် လွယ်လွယ်နဲ့ သတ်ဖို့က မဖြစ်နိုင်ဘူး "

" တစ်ကိုယ်လုံးမှာ သွေးပူတွေ တဟုန်ထိုးထွက်နေသလို ခံစားရတယ်။ သူနဲ့ တကယ်တိုက်နေရသလိုပဲ "

" ငါ ဆာဆူကဲ ယူချီဟာ (Narutoကားထဲမှ ဇာတ်ကောင်)ကို မြင်နေရသလိုပဲ။ ငါ့ခန္ဓာကိုယ်ထဲက ချက်ကရာတွေပွင့်လာနေပြီး မထိန်းနိုင်တော့ဘူးလို့ ခံစားနေရတယ်။ အား ..... "

ဂျပန်လူမျိုးများ၏ နာရူတိုရောဂါသည် သူတို့၏ အရိုးထဲထိ နက်ရှိုင်းလေသည်။

မီယာမိုတိုဆဲသည် သူတို့လို မအော်နေသော်လည်း သူတို့နည်းပါး တုန်လှုပ်ခြောက်ခြားနေသည်။

ထိုကဲ့သို့ဖြင့် သုံးမိနစ်မပြည့်မီတွင် ယဲ့ဖန်ကို တိုက်ခိုက်နေသော ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်နှစ်ဆယ်ကျော်သည် မြေပြင်ပေါ်၌ လဲလျောင်းကာ ငိုကြွေးနေကြရသည်။

လမ်းတစ်လမ်းလုံး၌ သွေးများဖြင့် အနီရောင်လွှမ်းထားသည်။

ယဲ့ဖန်သည် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

သူသည် သူတို့ကို အမှန်တကယ် မသတ်ခဲ့ဘဲ လက်နှင့် ခြေထောက်များကိုသာ ဖြတ်ခဲ့သည်။

လမ်းတစ်လမ်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယဲ့ဖန်နှင့် ရှုမန်တို့သည် ဝမ်းနည်းပူဆွေးသော အော်ဟစ်သံများကြားတွင် ရပ်နေကြသည်။

သူတို့သည် လှပသော်လည်း သွေးစွန်းသော ဆီဆေးပန်းချီကားနှင့် တူသည်။

ယာမာမိုတို တာခဲရှိသည် သူ့လက်အောက်ငယ်သား၏ အစီရင်ခံသံကို ကြားပြီး အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားသည်။

ခါဝါဆာကီသည် ထိုသတင်းပေးသူကို အမြန်ပြန်ဆွဲမေးလိုက်သည်။

" လူ၂၀ကျော်လုံးကို သူ့ဘာသာသူ သတ်တယ်လို့ မင်း ပြောနေတာလား။ သူက လုံးဝအထိအခိုက် မရှိဘူးလား "

လက်အောက်ငယ်သားသည် အမြန် ခေါင်းညိတ်သည်။

" ကျွန်တော် အဝေးကနေ ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။ လူနှစ်ဆယ်ကျော်လုံး ဘယ်သူမှ အသက်ရှင်မကျန် ...... "

ခါဝါဆာကီသည် ယာမာမိုတို တာခဲရှိကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

" ဒုဥက္ကဌ ယာမာမိုတို၊ ဒီတစ်ယောက်ရဲ့ အင်အားက ကျွန်တော်တို့ စိတ်ကူးယဉ်ထားတာထက် အများကြီးပိုတယ် "

ယာမာမိုတို တာခဲရှိသည် သူ၏ လက်သီးများကို တင်းကြပ်စွာဆုပ်ထားသည်။

" တကယ် လူ ၂၀က သူ့ကို သတ်ဖို့ လုံလောက်မယ်လို့ ငါထင်ခဲ့တာ။ သူ့ကို ဒီလောက်ထိ ကြောက်ဖို့ကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ ငါ သတိမထားလိုက်မိဘူး "

ခါဝါဆာကီ အနည်းငယ် အားကိုးရာမဲ့ ဖြစ်သွားခဲ့သည်။

" တကယ်တော့ ကျွန်တော်တို့က သူနဲ့ အရင်စကားပြောသင့်တယ်။ အခုက ဒီလိုမျိုးဖြစ်သွားတော့ ရှင်းဖို့မလွယ်မှာကို စိုးရိမ်ရတယ် "

ယာမာမိုတို တာခဲရှိ သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

" မင်းက ငါ့ကို အပြစ်တင်နေတာလား "

ခါဝါဆာကီ ထိတ်လန့်သွားပြီး သူ့လက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။

" အဲ့လို မဟုတ်ပါဘူး။ ကျွန်တော် ပြောချင်တာက ....... "

ယာမာမိုတို တာခဲရှိ သူ့ကို ရပ်ရန် လက်ကို မြှောက်လိုက်သည်။

" မင်း ရှင်းပြနေစရာ မလိုဘူး။ ငါလုပ်တာ မမှန်ခဲ့ဘူး "

" တကယ်လို့ သူသာ ဒီလောက် အစွမ်းထက်တယ်ဆိုတာ ငါသိခဲ့ရင် ငါ ဘယ်တော့မှ ဒီလို လုပ်ရပ်မျိုး မလုပ်ဖူး။ မင်းရဲ့ ဝေဖန်မှုကို ငါ လက်ခံတယ် "

ခါဝါဆာကီသည် ဒုဥက္ကဌမှ သူ့အမှား ဝန်ခံသည်ကို တွေ့ပြီး ဘာပြန်ပြောရမည်လဲ မသိတော့ချေ။

" ဒါပေမယ့် ကိစ္စတွေက ဖြစ်လာပြီးမှတော့ နောက်ပြန်လှည့်စရာ မရှိတော့ဘူး "

" သူက ငါတို့လူတွေ အများကြီးကို ဒဏ်ရာရသွားပြီ။ ငါတို့ အခုရပ်လိုက်ရင် ငါတို့ ချက်ချင်း ဂျပန်မှာ အဟားခံကြီးဖြစ်သွားမှာကို ငါ စိုးရိမ်တယ် "

ခါဝါဆာကီသည် လက်မခံချင်သော်လည်း ယာမာမိုတို တာခဲရှိ အမှန်အတိုင်း ပြောနေမှန်း သူသိသည်။

သူတို့သည် အလွန်ဒုက္ခပေးနိုင်သော ရန်သူကို နှိုးဆော်ခဲ့မိကြောင်း သဘောပေါက်ထားပြီး ဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့သာ လုပ်နိုင်တော့သည်။

ယဲ့ဖန်သည် သူတို့ အတော်အများကို ဒဏ်ရာရစေခဲ့သည်။

ရာမာဂူချီ-ဂူမီဂိုဏ်းသည် ဤကိစ္စကို ဘာမှမလုပ်ပါက တခြားဂိုဏ်းများက သူတို့ကို လှောင်ရယ်လိမ့်မည်။

" ယာမတဌာနခွဲ ကူဒိုသိမ်းငှက်က လူတွေကို ဦးဆောင်ခွင့်ပေးလိုက်။ သူ့ကို သတ်ပစ်ရမယ် "

ယာမာမိုတို၏ အသံသည် သတ်ဖြတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နေသည်။

ခါဝါဆာကီ အံ့သြသွားသည်။

" ကျွန်တော်တို့ ယာမတဌာနခွဲကို တကယ်လွှတ်လိုက်မှာလား။ ဒီကလေးကို အရမ်း အထင်ကြီးလွန်းမနေဘူးလား "

ယာမတဌာနခွဲသည် အီဒိုမြို့ ရာမာဂူချီ-ဂူမီဂိုဏ်း၏ ထိပ်တန်းဌာန ဖြစ်သည်။

အခြားဌာနများတွင် ရဲစွမ်းသတ္တိကြီးမားမှုကို ပြသနိုင်သူများသာ ဝင်ရောက်နိုင်သည်။

ထိုဌာနမှ လူတစ်ယောက်ချင်းစီသည် လူတစ်ရာလောက်ကို တိုက်ခိုက်နိုင်သည်။

ယာမတဌာနခွဲသည် အီဒိုမြို့ ရာမာဂူချီ-ဂူမီဂိုဏ်း၏ အကြီးမြတ်ဆုံးဌာန ဖြစ်သည်ဟု ဆိုနိုင်သည်။

လူသတ်လက်နက်ကြီးတစ်ခုဖြစ်ပြီး သာမန်အငြင်းပွားမှုများတွင် အသုံးပြုရန် မလိုအပ်ချေ။

ယခုအခါ ယာမာမိုတို တာခဲရှိသည် ယာမတဌာနခွဲကို အမှန်တကယ် အသုံးပြုချင်နေသည်မှာ သူ ယဲ့ဖန်ကို မည်မျှ အထင်ကြီးသည်ကို ပြသနေသည်။

" ဒီတိုက်ပွဲက အဲ့ဒီတရုတ်ဝက်ကို သတ်ဖို့တင်မကဘဲ တခြားဂိုဏ်းတွေကိုပါ ငါတို့ရဲ့အင်အား ပြဖို့ပဲ။ ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းက အသက်ကြီးနေရင်တောင်မှ ငါက သူတို့ လိုက်နိုင်တဲ့လူ မဟုတ်ဘူးဆိုတာ သူတို့ သိပါစေ "

ယာမာမိုတို တာခဲရှိ၏ မျက်လုံးများသည် ရက်စက်မှုများ ပြည့်နှက်နေသည်။

" ဒုဥက္ကဌ ယာမာမိုတိုက ပညာရှိပါတယ် "

ခါဝါဆာကီသည် ချက်ချင်း သူ့ကို မြှောက်ပင့်လိုက်သည်။

ထိုအခါ ယာမာမိုတို တာခဲရှိသည် အပြုံးမျက်နှာ ပြန်ဖြစ်သွားခဲ့သည်။

" ကားကို အဲ့ဒီလမ်းထိ မောင်းလိုက်။ ဒီကလေး ငါ့ရှေ့မှာ သေနေတာကို ငါမြင်ချင်တယ် "

" ဟုတ်ကဲ့ပါ "

ခါဝါဆာကီသည် သဘောတူပြီးနောက် ချက်ချင်းပင် ကားကို စတင်လိုက်သည်။

ယခုအချိန် ကော်ဖီဆိုင်ထဲရှိ လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်နေကြသည်။

အခင်းဖြစ်ပွားရာ နေရာသည် သွေးထွက်သံယိုဖြစ်မည်ဟု မှန်းဆထားသော်လည်း ဤမျှ သွေးထွက်သံယိုဖြစ်မည်ဟု မမျှော်လင့်ထားပေ။

လူနှစ်ဆယ်ကျော်အား ဆန့်ကျင်တိုက်ခိုက်သူမှာ တစ်ယောက်တည်းဖြစ်နေသည်။

ဤကဲ့သို့ တိုက်ခိုက်ရေး စွမ်းအားမျိုးသည် အမှန်ပင် ထိတ်လန့်စရာကောင်းလှသည်။

လူတိုင်း ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။

" မယုံနိုင်စရာပဲ။ လူတစ်ကိုယ်တည်းက လူတွေအများကြီးကို အနိုင်ယူသွားတာတောင် တစ်စက်မှ မထိခိုက်ဘူး။ ကြောက်စရာကောင်းလွန်းတယ် "

" ငါ့မျက်စိနဲ့ ကိုယ်တိုင် မမြင်လိုက်ရရင် ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး။ ဒါက မယုံနိုင်စရာပဲ "

" ရာမာဂူချီ-ဂူမီဂိုဏ်းက တကယ် ရှုံးသွားပြီလား။ လူနှစ်ဆယ်ကျော်ကို တစ်ဦးတည်းက သတ်လိုက်တာလား။ သူတို့က ဂျပန်မှာ အပြင်းထန်ဆုံး လူ့အဖွဲ့အစည်းဖြစ်တဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းမှ ဟုတ်သေးရဲ့လား "

" ရှက်စရာကောင်းလွန်းတယ်။ ရာမာဂူချီ-ဂူမီဂိုဏ်းက အလကား နာမည်ကြီးနေတာလို့ ထင်တယ် "

" ဟားဟား၊ အလကား နာမည်ကြီးတာဆို မင်း သွားစမ်းကြည့်ပါလား။ ဒီလူငယ်လေးရဲ့ အစွမ်းက ကောင်းကင်ကိုတောင် အံတုနိုင်တဲ့အထိကြီးလို့ ဒီလိုဖြစ်တာလို့ ငါ ပြောနိုင်တယ် "

" မှန်တယ်။ ဒီလူ နှစ်ဆယ်ကျော်က မပျော့ညံ့ဘူး။ တခြားသူတွေသာဆို သူတို့က ခုတ်ထစ်ခံရတာ ကြာပြီ "

" ရာမာဂူချီ-ဂူမီဂိုဏ်းက ဘယ်လို တုံ့ပြန်မယ် ထင်လဲ။ သူတို့ ရှုံးတာကို ဝန်ခံမှာလား "

" မဟုတ်ဘူး၊ လုံးဝမ မဟုတ်ဘူး။ ရာမာဂူချီ-ဂူမီဂိုဏ်းက လက်တုံ့ပြန်မှာ။ မဟုတ်ရင် အနာဂတ်မှာ သူတို့ကို ဘယ်သူက ကြောက်တော့မှာလဲ "

" မပြီးသေးဘူးလား။ ဒါဆို ငါတော့ တကယ်စောင့်မျှော်နေပြီ ........ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၇၈ )

တကယ် နောက်ထပ် နှစ်၅၀၀ နေချင်တယ်

ရှုမန်သည် ယခုအခါ လုံးဝ ကြောက်မနေပေ။

တိုက်ပွဲကြီးတစ်ခုလုံး ပြီးဆုံးသွားမှ သူမ အသိပြန်ကပ်လာသည်။

သူမ၏ မျက်စိရှေ့မှ သွေးသံရဲမြင်ကွင်းကို ကြည့်ပြီး သူမ ဗိုက်နာလာသလိုပင် ခံစားလိုက်ရသော်လည်း ဘာမှအန်မထွက်လာပေ။

ယဲ့ဖန်သည် သူ၏ ကျောကို အသာအယာ ပုတ်ပေးလိုက်သည်။

" အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ ပထမအကြိမ်ဆို ဒီလိုပဲ။ အန်ပြီးသွားရင် နေသာသွားလိမ့်မယ် "

ရှုမန် သေချာရပ်ပြီး ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်သည်။

" ရှောင်ဖန်၊ နင် ..... ဘယ်တုန်းက ဒီလောက်တောင် အင်အားကြီးလာတာလဲ။ ဒီလို ... ဒီလို ရှေးခေတ်က စစ်ပွဲသူရဲကောင်းကြီးတွေလိုလေ "

ယဲ့ဖန်သည် ခေါင်းကို ကုတ်လိုက်ပြီး ဘေးအိမ်မှ ကောင်ငယ်လေးပုံစံအသွင် ပြန်ဖြစ်သွားသည်။

" ဟုတ်လား၊ ကျွန်တော် ဘာလို့ ဒီလောက် အားကြီးနေတာပါလိမ့် "

ရှုမန် သူ့ကို ထူးဆန်းသောအကြည့်ဖြင့် သေချာ အကဲခတ်ကြည့်လိုက်သည်။

" နင် လျှို့ဝှက်ချက်တွေ ဘယ်နှစ်ခုတောင် ထားထားတာလဲ။ ငါ နင်နဲ့ ပတ်သက်ပြီး ဘာလို့ ပိုပိုပြီး နားမလည်လာရတာလဲ "

အမှန်တကယ်တွင် သူမသည် ယဲ့ဖန်ကို 'နင်တစ္ဆေဖြစ်သွားတာလား။ လူမှဟုတ်သေးရဲ့လား'ဟုပင် မေးချင်နေသည်။

ပုံမှန်အချိန်မျိုးများတွင် ယဲ့ဖန်သည် ဘေးအိမ်မှ ရိုးသားဖြူစင်သော ကောင်ငယ်လေးနှင့် တူသော်လည်း သူ ရက်စက်လာသည့်အခါ နတ်ဆိုးအငွေ့အသက်များ ပြည့်နေသည့် မကောင်းဆိုးဝါးကြီးနှင့် တူလေသည်။

ယဲ့ဖန် ခေါင်းကို ကုတ်ကာ ပြုံးပြလိုက်သည်။

" တကယ်က ကျွန်တော့်ကို နားလည်ဖို့က အရမ်းလွယ်ပါတယ်။ သေချာကြည့်ရင် နားလည်သွားလိမ့်မယ် "

ရှုမန် သူမစိတ်ထဲမှ သိချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး သူ့လက်ကို အမြန်ကိုင်လိုက်သည်။

" ဒီကိစ္စကို လောလောဆယ် မပြောနဲ့ဦး။ အရင် ဒီကနေ မြန်မြန်ထွက်သွားရအောင်။ ဒီမှာ အန္တရာယ်များလွန်းတယ် "

ယဲ့ဖန်သည် မလှုပ်ပေ။

သူက ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" ကျွန်တော် ထွက်မသွားနိုင်လောက်မှာကို စိုးရိမ်ရတယ် "

ရှုမန် ချက်ချင်း ထိတ်လန့်သွားသည်။

သူ ဘာကိုဆိုလိုသည်ကို သူမ မသိချေ။

သို့သော် မကြာမီ သူမ သိလိုက်ရသည်။

သူတို့နှစ်ယောက် စကားပြောနေကြစဉ်မှာပင် နောက်ထပ်လူတစ်စု ပေါ်လာသည်။

ထိုလူများသည် အပြင်းအထန် ချီတက်လာနေကြသည်။

အရေအတွက်ကို အကြမ်းဖျင်းကြည့်လိုက်ပါက လူတစ်ရာလောက်ရှိနိုင်သည်။

အဝေးမှ တိမ်မည်းများ မြို့ပေါ်သို့ ပြိုကျလာသည့် ခံစားချက်မျိုးကို ရစေသည်။

ရှုမန်ပင်လျှင် ဤလူများ၏ အငွေ့အသက်များသည် ယခင်လူများနှင့် သိသာစွာ ကွဲပြားကြောင်း ခံစားမိနိုင်သည်။

ယခင်ကလူများသည် ရန်လိုပြီး မောက်မာကြသည်။

သူတို့ လူဆိုးဖြစ်ကြောင်း ပြသကာ အခြားသူများကို ပြဿနာရှာချင်သည်။

သို့သော် သူမအရှေ့မှ ထိုလူများမှာတော့ ပေါ့ပါးစွာ သွားလာနေပြီး သရဲတစ္ဆေများကဲ့သို့ နတ်ဆိုးအငွေ့ရှိကြသည်။

ထို့ပြင် သူတို့တစ်ဦးချင်းစီသည် အမဲလိုက်ချင်နေသည့် ကျားသစ်များကဲ့သို့ ဖြစ်နေကြသည်။

သူတို့ အလွန်နီးကပ်လာသည့်အခါ သူတို့ခန္ဓာကိုယ်မှ ထွက်လာသည့် သတ်ပစ်ချင်စိတ်ကို ခံစားနိုင်သည်။

သူမ၏ ပင်ကိုယ်အသိမှ ဤလူအုပ်စုသည် အလွန်ပင် အစွမ်းထက်သည်ဟု ပြောနေသည်။

အလွန့်အလွန်ကိုပင် အင်အားကြီိးလှသည်။

အင်အားဖြစ်စေ လူအရေအတွက်ဖြစ်စေ သူတို့သည် ခုနက လူနှစ်ဆယ်ကျော်ထက် များစွာသာလွန်သည်။

ထိုသည်ကို ယဲ့ဖန်၏ အမူအရာမှ မြင်နိုင်လေသည်

ထိုလူနှစ်ဆယ်ကို ရင်ဆိုင်ရသောအခါ သူသည် အလွန်အေးချမ်းသည်။

သို့သော် ယခုအချိန်တွင် သူ့မျက်နှာထက် အပြုံးတစ်ခုအပြင် နောက်ထပ်အလွှာတစ်ခုရှိနေသည်မှာ ထင်ရှားသည်။

" ရှောင်ဖန် ...... "

ရှုမန် သူ့အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး သူမမျက်နှာမှာလည်း စိုးရိမ်မှုအပြည့် ဖြစ်နေသည်။

" အစ်မ၊ ဒီတစ်ခါတော့ ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး။ ကော်ဖီဆိုင်ထဲကို အရင်သွားလိုက်ပါ "

ယဲ့ဖန် သူမကို လေးနက်စွာ ကြည့်လိုက်သည်။

ရှုမန်သည် သူနှင့်အတူ အမှန်တကယ် ​နေချင်ပါသော်လည်း သူမသည် ဤနေရာတွင်သာ ဆက်နေပါက ယဲ့ဖန်၏ လက်နှင့်ခြေများကိုသာ ချည်နှောင်ထားမလိုဖြစ်မည်ကို သူမ သိသည်။

သူမသည် နာခံမှုရှိစွာ ခေါင်းညိတ်ပြပြီး ကော်ဖီဆိုင်ထဲသို့ လှည့်ကြည့်လိုက်သည်။

မီယာမိုတိုဆဲမှ အမြန် လျှောက်လာသည်။

" မိန်းကလေးရှု၊ မင်းအဆင်ပြေရဲ့လား။ ကျွန်တော် မင်းကို အရမ်းစိတ်ပူနေတာ "

ရှုမန် သူ့ကို လျစ်လျူရှုလိုက်သည်။

အဲ့ဒီအစား သူမသည် မှန်ကို မှီပြီး အပြင်ဘက်မှ အခြေအနေကို ကြည့်နေသည်။

ထိုအချိန် လူတစ်ရာကျော်သည် ယဲ့ဖန်ကို ဝိုင်းထားပြီး ဖြစ်သည်။

သူတို့သည် ဓားမြှောင် မကိုင်ဘဲ ကနတ ဂျပန်ဓားရှည်များ ကိုင်ထားသည်။

ကြည့်ရသည်မှာ အေးစက်လှ၍ လူတိုင်း ပုခုံးတွန့်မိသွားသည်။

" အိုး ဘုရားရေ၊ ဒီလူတွေက ယာမတဌာနခွဲကပါလား "

" ယာမတ ဌာနခွဲဆိုတာ ဘာလဲ "

" ယာမတဌာနခွဲလို့ခေါ်တဲ့ အီဒိုမြို့ ရာမာဂူချီ-ဂူမီဂိုဏ်းမှာရှိတဲ့ အထက်တန်းအဆင့်ဌာနတစ်ခုရှိတယ်။ ဒီလူတွေကို ဂိုဏ်းရဲ့ အရဲရင့်ဆုံး အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာ။ သူတို့က တစ်ရာလောက်ရှိတယ် ..... "

" ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ အထက်တန်းအဆင့် အဖွဲ့ဝင်တွေလား။ အဲ့တာဆို သူတို့က အရမ်း အစွမ်းထက်တယ် မဟုတ်လား "

" ဟုတ်ပါတယ်။ ယာမတဌာနခွဲက ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဝှက်ဖဲပဲ။ သူတို့မျက်နှာတွေက သိပ်မပြတတ်ဘူး။ ဒီနေ့ အင်အားအပြည့်နဲ့ ထွက်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး "

" ရာမာဂူချီ-ဂူမီဂိုဏ်းက ဒီကိစ္စကို တကယ်အလေးအနက်ထားနေပုံရတယ်။ သူတို့က ရာမာဂူချီ-ဂူမီဂိုဏ်းက လူတွေအများကြီးကို လွှတ်ခဲ့တာဆိုတော့ "

" ဒီလူငယ်လေးက မလွတ်မြောက်နိုင်တော့မှာကိုတောင် ငါ စိုးရိမ်မိတယ်။ သနားစရာကောင်းလိုက်တာ "

" ရာမာဂူချီ-ဂူမီဂိုဏ်းကို စော်ကားမိတဲ့သူတိုင်း သေရလိမ့်မယ် ........ "

ရှုမန်သည် သူတို့၏ စကားပြောသံကို ကြားသောအခါ မူးလဲမတတ် ဖြစ်သွားသည်။

ယဲ့ဖန်သည် မည်မျှပင် သန်မာသည်ဖြစ်စေ သူသည် ဤမျှ အဆင့်မြင့်သော လူသတ်သမားများ၏ ဝိုင်းရံခြင်းမှ မလွတ်မြောက်နိုင်လောက်ပေ။

'ရှောင်ဖန် နင် ဘာမှမဖြစ်ရဘူး။ မဟုတ်ရင် နင်နဲ့အတူ ငါလည်း လိုက်သေရလိမ့်မယ်'

ကော်ဖီဆိုင် အပြင်ဘက်၌။

ယဲ့ဖန် သူတို့ကို လှည့်ပတ်ကြည့်လိုက်သည်။

သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် သွေးနံ့များနှင့် ပြင်းထန်နေသည်။

တစ်ချက်ကြည့်ရုံဖြင့် သူတို့အားလုံးသည် ရာနဲ့ချီသည့် တိုက်ပွဲများကြုံဖူးသော ဝါရင့်များဖြစ်ကြသည်ကို ပြောနိုင်လေသည်။

အရင်က လူနှစ်ဆယ်ကျော်နှင့် မယှဉ်နိုင်သည်မှာ သေချာသည်။

နောက်ဆုံးတွင် ယဲ့ဖန်၏ အကြည့်သည် ခပ်ပုပုလူတစ်ယောက်စီ ရောက်သွားသည်။

သူ၏ အရပ်မှာ ၁.၆ မီတာလောက်သာ ရှိသည်။

သို့သော် သူ၏ အရပ်သည် ဂျပန်မှာပင် ပုသည်ဟု ယူဆနိုင်သည်။

သို့သော် သူ့စီမှ ခံစားရသော ဖိအားသည် အပြင်းထန်ဆုံးဖြစ်သည်။

ထိုလူကလည်း ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" မင်းက အရမ်းသန်မာတာပဲ "

ယဲ့ဖန် ပြုံးပြလိုက်ပြန်သည်။

" ခင်ဗျားလည်း အရမ်းသန်မာပါတယ် "

အဲဒီလူက သူ့ရဲ့ ကတ္တနကို သစ်တိုင်အဖြစ် သုံးတယ်။

" ငါ့နာမည်က ကူဒိုတာကာပဲ။ ငါက ယာမတဌာနခွဲက ဆရာ။ မင်းအသက်ကို သတ်ဖို့ အမိန့်ထုတ်ထားတယ်။ မင်းမှာ နောက်ဆုံးစကားရှိလား "

ယဲ့ဖန်သည် ထိုမေးခွန်းကို လေးနက်စွာ စဉ်းစားလိုက်သည်။

" နောက်ဆုံးစကားကတော့ တကယ် နောက်ထပ်နှစ်ငါးရာလောက် အသက်ရှင်ချင်တယ်။ ခင်ဗျားရော ဘယ်လိုလဲ "

ကူဒိုတာကာသည် သူ့ကို အကြာကြီး ကြောင်အစွာ စိုက်ကြည့်နေမိသွားသည်။

" ချီး၊ မင်း ငါ့ကို နောက်နေတာလား "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၇၉ )

သစ်ရွက်ကတောင် သတ်လို့ရနိုင်တယ်

" ကျွန်တော်က မိန်းကလေးတွေနဲ့ပဲ စနောက်တာ။ ယောက်ျားတွေ စိတ်မဝင်စားဘူး။ အထူးသဖြင့် ခင်ဗျားလို ရုပ်ဆိုးတဲ့သူတွေ "

ယဲ့ဖန်သည် ကူဒိုတာကာကို လှောင်ကြည့်ကြည့်လိုက်သည်။

" ဘာကာ၊ တရုတ်တွေက မောက်မာလွန်းတာပဲ "

ကူဒိုတာကာ၏ မျက်လုံးမှာ စွန်တစ်ကောင်လို စူးရဲဖျတ်လတ်နေသည်။

ယဲ့ဖန် သူ့ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။

" ကျွန်တေယ်ပြောတာ မှားလို့လား။ ခင်ဗျားက ယောက်ျားမဟုတ်လို့လား။ ဒါမှမဟုတ် ခင်ဗျားကိုယ်ခင်ဗျား ရုပ်မဆိုးဘူးထင်လို့လား။ ကိုယ့်ကိုယ်ကိုယ်တော့ သိလောက်ပါတယ်၊ ဟုတ်တယ်မလား "

ကူဒိုတာကာ မခံနိုင်တော့ချေ။

သူသည် ဆင်းရဲသားမိသားစုမှ မွေးဖွားလာခဲ့သူဖြစ်ပြီး ဆင်းရဲသားရပ်ကွက်တွင် နေထိုင်ခဲ့ရသည်။

သူသည် ရုပ်ပုပုနှင့် ရုပ်ဆိုးသောကြောင့် အနီးနားရှိ ကလေးများ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။

တစ်ခါက သူ့ဘေးအိမ်မှ ကောင်လေးတစ်ယောက်နှင့် စကားများလေရာ ထိုကောင်လေးက ခွေးဖြင့် သူ့ကို ကိုက်ခိုင်းပြီး ခွေးက သူ့ကိုယ်အောက်ပိုင်းကို ကိုက်လိုက်သည်။

ထိုနာကျင်မှုနှင့် ယောက်ျားလေးများ၏ လှောင်ပြောင်မှုကို ဘယ်တော့မှ မေ့မည်မဟုတ်ချေ။

နောက်ပိုင်းတွင် သူသည် ကျွမ်းကျင်ပညာရှင်ထံမှ ကိုယ်ခံပညာကို မတော်တဆ သင်ယူခဲ့ရသည်။

ကိုယ်ခံပညာ သင်ယူပြီးနောက် ပထမဆုံးလုပ်ခဲ့သည်မှာ သူ့အား တစ်သက်လုံး နစ်နာစေခဲ့သည့် ကောင်လေးအား သတ်ပစ်ရန် ဖြစ်သည်။

သို့သော် ထိုကောင်လေးကို ပါးပါးလှီးဖြတ်လိုက်လျှင်ပင် သူ့စိတ်ထဲမှ သိမ်ငယ်မှုကို မဖျောက်နိုင်ပေ။

သူ၏ ရုပ်ရည်သွင်ပြင်နှင့် ယောက်ျားပီသသော လက္ခဏာများသည် သူ့နှလုံးသားထဲ၌ ထာဝရကျန်ရစ်နေခဲ့သည်။

ယဲ့ဖန်သည် မရည်ရွယ်ဘဲ ထိုစကားလုံးများဖြင့် သူ့ဒဏ်ရာနှစ်ခုကို ထိမှန်သွားသည်။

သူ ဘယ်လောက်ပင် ဒေါသထွက်နေသည်လဲဆိုတာ တွေးကြည့်နိုင်သည်။

" လူမိုက်ကောင် တရုတ်၊ မင်းခေါင်းကို ဖြတ်ပြီး အိုးဖြစ်အောင် လုပ်ပစ်မယ် ဟားဟားဟား ..... "

သူ၏ အပြုံးသည် အလွန်ကောက်ကျစ်ပြီး လူအများ၏ ဆံပင်များကို အဆုံးထိ ထောင်မတ်စေနိုင်သည်။

ယဲ့ဖန်သည် သူ့ကို မထီမဲ့မြင် စိုက်ကြည့်လိုက်သည်။

" ခင်ဗျားတို့ အတူတူ တိုက်ခိုက်လို့ ရတယ်။ ကျွန်တော် နည်းနည်း အလျင်လိုနေလို့ "

ကူဒိုတာကာ ရယ်မောလိုက်သည်။

" ငါ တစ်ယောက်တည်းကတောင် မင်းကိုသတ်ဖို့ လုံလောက်တယ်။ မင်းတို့အားလုံး ပြန်နေကြ။ ငါ့အမိန့်မပါဘဲ ဘယ်သူမှ တက်ခွင့်မရှိဘူး "

သူ့လက်အောက်ငယ်သားများကို နောက်ဆုံးစကား ပြောလိုက်သည်။

လက်အောက်ငယ်သားတစ်စုသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့နှစ်ဦးအတွက် နေရာပေးရန် နောက်ပြန်ဆုတ်သွားကြသည်။

" သူ့ကို ဓားတစ်ချောင်းပေးလိုက် "

ကူဒိုတာကာသည် သူ့လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

" မလိုပါဘူး။ သစ်ရွက်တစ်ရွက်ကတောင် ခင်ဗျားကိုသတ်ဖို့ လုံလောက်တယ် "

ယဲ့ဖန်သည် မြေပြင်မှ သစ်ရွက်တစ်ရွက်ကို ကောက်ယူပြီး ရုတ်တရက် ပြောလိုက်သည်။

အရှက်ခွဲခြင်း။

ဤသည်မှာ အရှက်ကွဲစေသည့် စော်ကားမှုတစ်ခုဆိုသည်မှာ သေချာသည်။

တစ်စုံတစ်ဦးအား တိုက်ခိုက်ရန် သစ်ရွက်တစ်ရွက်ကို အသုံးပြုခြင်းသည် ပြိုင်ဘက်အတွက် အကြီးမားဆုံး စော်ကားမှုဖြစ်လေသည်။

" မိုက်မဲတဲ့ တရုတ်၊ မင်းရဲ့မိုက်မဲမှုနဲ့ မောက်မာမှုကြောင့်ပဲ မင်းသေလိမ့်မယ် "

ကူဒိုတာကာသည် စကားများမနေတော့ဘဲ ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

ယာမာမိုတို တာခဲရှိသည် လမ်းပေါ်တွင် Toyota Wilferကားကို ရပ်ထားပြီး အခြေအနေကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

" ကူဒိုတာကာ၊ ဒီလူမိုက်။ သူဘာလုပ်နေတာလဲ "

ခါဝါဆာကီလည်း စိတ်ရှုပ်သွားသည်။

" သူက ဒီကလေးနဲ့ သီးသန့် ရန်တွေ့ချင်ပုံရတယ် "

ယာမာမိုတိုသည် သူ့ထိုင်ခုံကို ပြင်းထန်စွာ ဆောင့်ရိုက်လိုက်သည်။

" ဒီကောင်က အမိန့်ကို မနာခံတာလား။ ဒီကလေးကို သတ်မယ့်အစား သူ့က ယှဉ်ကစားဖို့ အချိန်ရှိနေလို့လား "

ခါဝါဆာကီ မတတ်နိုင်ဘဲ ရယ်မိသည်။

" ကူဒိုက ဒီကလေးကို တစ်ယောက်တည်း သတ်နိုင်မယ်ထင်လို့ ဖြစ်မယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းက လူအများကြီးနဲ့ အနိုင်ကျင့်နေတယ်လို့ မထင်မိအောင်လုပ်တာလည်း ကောင်းပါတယ် "

ယာမာမိုတိုသည် သူ့စိတ်ထဲမှ ဒေါသကို မြိုသိပ်ထားလိုက်သည်။

" ဒီကောင် ဒီကလေးကို တစ်ယောက်တည်းသတ်နိုင်မယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် သူ့ကို လွှတ်ထားမှာ မဟုတ်ဘူး "

ခါဝါဆာကီကတော့ ထိုသည်ကို အလွန်ယုံလေသည်။

" ကူဒိုတာကာက ကျွန်တော်တို့ အီဒိုမြို့ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ အသန်မာဆုံး ဆရာဖြစ်ပြီးတော့ သူက အမြဲတမ်း ထက်မြက်ပါတယ်။ သူတစ်ယောက်တည်း စိန်ခေါ်ရဲတဲ့သူဆိုတော့ သူ့မှာ အကြွင်းမဲ့ ယုံကြည်ချက်ရှိလောက်မယ် မဟုတ်လား "

ယာမာမိုတို တာခဲရှိ အေးစက်စွာ နှာမှုတ်လိုက်သည်။

" ငါလည်း အဲ့လိုမျှော်လင့်ပါတယ် "

ရွှီ

ကူဒိုတာကာသည် အရပ်ပုသည်က အလှအပဆိုင်ရာ ချို့ယွင်းချက်တစ်ခု ဖြစ်သော်လည်း တိုက်ပွဲခုတွင် အားသာချက်တစ်ခု ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်ပြီး သူ၏ အရှိန်သည်လည်း အလွန်လျင်မြန်သည်။

သူမလှုပ်လျှင်တော့ ဘာမှမဖြစ်ချေ။

သူ လှုပ်ရှားလိုက်သည်နှင့် ယုန်တစ်ကောင်လို ပြေးနိုင်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ကနတဓားသည် တဖျတ်ဖျတ်ခတ်နေပြီ ဖြစ်သည်။

ဓားရောက်မလာခင်မှာ အေးစက်သည့် လူသတ်ရောင်ဝါတစ်ခု သူ့မျက်နှာပေါ်၌ ရိုက်ခတ်နေသည်။

ယဲ့ဖန်၏ ခြေရာများသည်လည်း တစ္ဆေတစ်ကောင်လိုပင် မြန်ဆန်သည်။

သူသည် ကူဒိုဘက်ကို လှည့်လိုက်သည်။

ကနတဓားသည် ယဲ့ဖန်မျက်နှာပေါ်သို့ ဆင်းလာသည်။

ကူဒိုတာကာသည် တိုက်ပွဲတွင် အလွန်အတွေ့အကြုံရှိပြီး သူ၏ဓားကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ကာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသူဖြစ်သည်။

သူသည် ဓားကို မျဉ်းတစောင်းပုံစံ ဖြတ်ပြီး တစ်ဝက်လောက်မှ ဓားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်ကာ ယဲ့ဖန်၏ ခါးဆီကို ဦးတည်ဖြတ်သွားသည်။

ထိသွားပါက ယဲ့ဖန် တစ်ဝက်ဖြတ်ခံရမည်ဖြစ်သည်။

ထိုထက်ပိုဆိုးသည်မှာ ယဲ့ဖန်သည် ကနတနှင့် အလွန်နီးကပ်နေခြင်း ဖြစ်သည်။

သူသည် နောက်ဆုတ်ရန် သို့မဟုတ် ရှောင်တိမ်းရန် အချိန်နှောင်းသွားခဲ့လေသည်။

ကနတဓားသည် သူ့ကို ထိခါနီးလာသည် .....

သို့သော်လည်း ယဲ့ဖန်သည် ပြုံးပြီး ညာလက်ကို ကူဒိုတာကာ၏ ခေါင်းပေါ်ကို ဖိကာ ခုန်လိုက်သည်။

ထိုအခါ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်း

မြောက်တက်သွားသည်။

ထို့ကြောင့် ဓားသည် သူ့ခြေဖဝါးအောက်ကိုသာ ထိရှပ်သွားသည်။

" အမလေး၊ နီးနီးလေး၊ နီးနီးလေး။ သေတော့မလို့ နီးနီးလေးပဲ လိုတော့တာ။ သေမှာ ကြောက်သွားတာပဲ "

ယဲ့ဖန်သည် တုန်လှုပ်သွားသလိုမျိုး သူ့ရင်ဘတ်ကို ပွတ်သပ်ကာ မြေကြီးပေါ်သို့ ဆင်းလာပြန်သည်။

" ဘာကာ "

အဓိကအားဖြင့် ယဲ့ဖန်၏ လှုပ်ရှားမှုသည် အရှက်ရလွန်းသောကြောင့် ကူဒိုသည် ယခု ပို၍ပင် ဒေါသထွက်နေခဲ့သည်။

ခေါင်းကို အမှီပြုရင်း ခုန်လိုက်သည်မှာ သူ့ကို ကစားနေသလို ဖြစ်လေသည်။

ထိုသည်က သူ့ကို စိတ်ပျက်စေသည်။

ထို့ကြောင့် သူသည် အရူးတစ်ယောက်လို ဓားနှင့် လိုက်ခုတ်တော့သည်။

ရွှမ်း၊ ရွှမ်း၊ ရွှမ်း

သူ၏ ဓားစွမ်းရည်သည် အလွန်ထက်မြက်သည်ဟု ဆိုရမည်ဖြစ်ပြီး သူသည် ယဲ့ဖန်အား အနီးကပ်မှ ဓားကို အသုံးပြု တိုက်ခိုက်နေသည်။

ယုတ္တိမရှိသော တိုက်ပွဲပုံစံကို ရင်ဆိုင်နေရ၍ ယဲ့ဖန်သည် နောက်ဆုတ်နေရသည်။

ထိပ်တိုက် ရင်ဆိုင်ရန် မဖြစ်သေးချေ၊

အချိန်အတွင်းမှာပင် သူသည် ခုနစ်လှမ်း၊ ရှစ်လှမ်း ဆုတ်နေရကာ အလွန်သနားစရာကောင်းသည့်ပုံ ပေါ်နေသည်။

ကော်ဖီဆိုင်အတွင်း၌ ရှုမန်၏ နှလုံးသားသည် သူမ၏လည်ချောင်းထဲတွင် ရှိနေပြီဖြစ်ပြီး သူမ၏လက်များသည်လည်း ချွေးများဖြင့် ဖုံးလွှမ်းနေသည်။

ယဲ့ဖန်တို့ တိုက်ခိုက်နေသည်မှာ မြန်ဆန်လွန်းလှ၍ ကော်ဖီဆိုင်ထဲမှ တိုးဝှေ့ကြည့်သူများမှာ အသေးစိတ်ကို သေချာမမြင်နိုင်ချေ။

ယဲ့ဖန်မှာ အားနည်းချက်ရှိနေချိန် ကူဒိုတာကာမှ အရူးအမူး တိုက်ခိုက်နေသည်ကိုသာ တွေ့လိုက်ရသည်။

ယဲ့ဖန်သည် အန္တရာယ်ရှိသည်။

" ပြီးပြီ၊ ပြီးသွားပြီ။ ဒီတရုတ်ကောင်လေး သေသွားမှာကိုတောင် စိုးရိမ်ရတယ်။ အခုတ်ခံရရင် မသေရင်တောင် ဒဏ်ရာရလိမ့်မယ် "

" သူက ဘယ်သူက မာနကြီးခိုင်းလို့လဲ။ သူ့ကို ဓားပေးပေမဲ့ သူက သစ်ရွက်တစ်ရွက်ပဲ လိုချင်တာလေ "

" မာနထောင်လွှားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ။ ရန်သူကို လျှော့တွက်တာကြောင့် လူတွေ မနည်းဘူး သေရတာ "

" တန်တောင် တန်သေးတယ်။ ဒီတရုတ်ကောင်က ငါတို့ ဂျပန်တွေကို နှိမ့်ချတော့ ငါတို့ သူ့ကို သင်ခန်းစာပေးရမယ် "

" ဟားဟားဟား၊ ငါတို့ ဂျပန်တွေက ပိုကောင်းတယ်။ ဒီတရုတ်ကောင်လေးက ကြာကြာ မထိန်းနိုင်တော့ဘူး "

" သူ့ကို ခုတ်သတ်၊ ခုတ်သတ်ပစ်။ အသက်ရှုဖို့တောင် အခွင့်အရေး မပေးနဲ့ "

မီယာမိုတိုဆဲပင်လျှင် ထိုအတွေးမျိုး ရှိခဲ့သည်။

ထိုကလေးအား ကူဒိုတာကာမှ သတ်လိုက်ပါက မိန်းကလေးရှုအတွက် ဘယ်သူကမှ သူနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

သူ့နှလုံးသားထဲ၌ ဆက်တိုက် အော်နေခဲ့သည်။

'သတ်၊ သတ်...'

သူ့မျက်လုံးများမှာလည်း စူးရှသော အကြည့်များ ထွက်ပေါ်လာသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၈၀ )

လူတစ်ရာသတ်နိုင်တဲ့ တရုတ်ပြည်က သူရဲကောင်း

ယဲ့ဖန် အသတ်ခံရမည်ဟု လူတိုင်း ခံစားရသည်။

အချိန်တစ်ခုသာ ကြာမည်ဖြစ်သည်။

ကူဒိုတာကာပင် ထိုသို့တွေးသည်။

သူ၏ ဓားသွားအောက်၌ ယဲ့ဖန်သည် ခုခံရန် အင်အားမရှိသည့်အပြင် ယဲ့ဖန်သည် အခြေအနေဆိုးနေသည်။

ထိုအချိန် ယဲ့ဖန်သည် သေစေနိုင်လောက်သည့် အမှားတစ်ခု လုပ်ခဲ့သည်။

သူ၏ ညာခြေထောက်သည် မြေပြင်ပေါ်သို့ ကျနေသည့် ဓားတစ်ချောင်းကို လှမ်းနင်းမိသွားသည်။

ယဲ့ဖန် တုန်လှုပ်သွားပြီး လဲကျတော့မည် ဖြစ်သည်။

ကူဒိုတာကာသည် ဤအခွင့်အရေးကို လက်လွှတ်မခံသည်မှာ သဘာဝကျလေသည်။

သူသည် သူ၏ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ယဲ့ဖန် ရင်ဘတ်ဆီသို့ ဓားဖြင့်ပြေးထိုးလိုက်သည်။

" ငရဲသွားလိုက်တော့ "

သူ့အား အကြိမ်ပေါင်းများစွာ အရှက်ရစေခဲ့သည့် ထိုတရုတ်ကောင်ကို မုန်းတီး၍ သူ့မျက်နှာပေါ်၌ ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

သို့သော် ထိုအချိန် မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်သွားသည်။

ဓားကို နင်းလိုက်မိသော ယဲ့ဖန်၏ ခြေထောက်သည် သူ့ခြေထောက်အောက်၌ သံလိုက်တစ်ခု ရှိနေသကဲ့သို့ ဓားမှာ အနည်းငယ် တုန်ခါသွားသည်။

ဓားသည် ပန်ကာကဲ့သို့ လှည့်ပတ်ကာ ကူဒိုတာကာစီသို့ ဦးတည်သွားသည်။

ကူဒိုတာကာ အံ့သြသွားရသည်။

သူသည် တိုက်ခိုက်မှုကို အရှိန်အဟုန်ဖြင့် ရပ်လိုက်ပြီး နောက်ပြန်ဆုတ်သွားရသည်။

ဓားသည် လျင်မြန်စွာ လှည့်ပတ်ပြီး သူ့နားမှ ဖြတ်ပျံသွားသည်။

သူ သက်ပြင်းတစ်ချက်ချကာ ပြန်လည်ပြီး တိုက်ခိုက်တော့မည့်အချိန်တွင် ယဲ့ဖန်သည် တစ္ဆေတစ်ကောင်လို သူ့အရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

ကူဒိုတာကာသည် ထပ်ပြီး တုန်လှုပ်သွားကာ နောက်ပြန်ဆုတ်ချင်လာသည်။

သို့သော် ယဲ့ဖန်သည် သူ့ကို နောက်ထပ်အခွင့်အရေးမပေးချေ။

ယဲ့ဖန်သည် သစ်ရွက်ကို ညာလက်ဖြင့် ကိုင်ကာ လွှင့်ပစ်လိုက်သည်။

ကူဒိုတာကာသည် တုံ့ပြန်ရန် အချိန်မရှိပေ။

သစ်ရွက်သည် လေထဲတွင် လှပသော လမ်းကြောင်းတစ်ခု ဆွဲယူကာ ကူဒို့လည်ချောင်းဆီသို့ ခုတ်လှဲလိုက်သည်ကိုပင် သူ စောင့်ကြည့်နေခဲ့သည်။

ထိုအရွက်ပါးပါးလေး အတွင်း၌ ယဲ့ဖန်၏ အတွင်းအား ထိုးသွင်းထားသည်။

ထိုအခါ သစ်ရွက်သည် ဓားသွားကဲ့သို့ ထက်မြက်လာသည်။

ထိုကဲ့သို့ပင် ကူဒိုတာကာ၏ လည်ချောင်းကို အလွယ်တကူ ဖြတ်နိုင်ခဲ့သည်။

ကူဒိုတာကာသည် သူ့လည်ချောင်းကို ဖြတ်ခံလိုက်သလို ခံစားလိုက်ရသည်။

အလွန်ချောမွေ့ပြီး နှေးကွေးခြင်းလည်း မရှိချေ။

သူတို့နှစ်ယောက်သည် ကိုယ့်ဘာသာ ရပ်နေကြသည်။

ခဏအကြာတွင် ကူဒိုတာကာ၏ လည်ချောင်းမှ သွေးများစီးကျလာပြီး သူ့ခန္ဓာကိုယ်မှာ လဲကျသွားတော့သည်။

ယာမတဌာနခွဲ ရာမာဂူချီ-ဂူမီဂိုဏ်း ၏ အဆင့်မြင့်အဖွဲ့ဝင်သည် သစ်ရွက်တစ်ရွက်ကြောင့် သေဆုံးသွားခဲ့သည်။

အနည်းငယ် မယုံနိုင်စရာဟု ထင်ရသော်လည်း ထိုသည်မှာ အမှန်တရားဖြစ်သည်။

ထို့နောက် လမ်းတစ်ခုလုံး ရုတ်တရက် ကြောက်မက်ဖွယ် တိတ်ဆိတ်သွားသည်။

ထိုမြင်ကွင်းကို မြင်သူတိုင်း မယုံချင်ကြချေ။

သူတို့၏ ပညာဖလှယ်နှုန်းသည် အလွန်မြန်ဆန်လှ၍ လူအတော်အများ အသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာ မမြင်ခဲ့ကြချေ။

ယဲ့ဖန် ရှောင်တိမ်းနေချိန်နှင့် ကူဒိုတာကာ၏ ရူးသွပ်သော တိုက်ခိုက်မှုများကိုသာ သူတို့ မြင်လိုက်ရသည်။

သို့သော် တခဏအတွင်းမှာပင် အခြေအနေမှာ သိသာသွာ ပြောင်းလဲသွားခဲ့သည်။

ယဲ့ဖန်သည် ထိခိုက်မှုမရှိဘဲ မတ်တပ်ရပ်နေသော်လည်း ကူဒိုတာကာသည် အလောင်းအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

" ယဲ့ဖန်က အရမ်းမိုက်တာပဲ "

ကော်ဖီဆိုင်အတွင်း ရှုမန်တစ်ယောက်သာ ယဲ့ဖန်ကို အားပေးနေသည်။

အခြားသူများသည် သူမကို လူသတ်ချင်စိတ်နှင့် ကြည့်နေကြသည်။

ထိုတိုက်ပွဲသည် ယဲ့ဖန်နှင့် ကူဒိုတာကာ ကြားမှ တိုက်ပွဲတင် မဟုတ်ခဲ့ချေ။

တရုတ်သိုင်းပညာရှင်နှင့် ဂျပန်သိုင်းပညာရှင်တို့ကြားမှ တိုက်ပွဲတစ်ခုနှင့် ပိုတူသည်။

ကော်ဖီဆိုင်ထဲရှိ လူအားလုံးနီးပါးသည် ဂျပန်လူမျိုးများ ဖြစ်သောကြောင့် သူတို့လူမျိုးသိုင်းပညာရှင်ကိုသာ နှစ်သက်ကြသည်။

ယခုမူ ဂျပန်ဘက်မှ ကိုယ်ခံပညာရှင်သည် သစ်ရွက်အောက်တွင် အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုသည်က သူတို့အားလုံးကို အရှက်ကွဲစေသည်။

ထိုအခိုက်အတန့်တွင် ရှုမန်၏ အားပေးမှုများသည် အထူးတလည် နားဝင်ဆိုးနေခဲ့သည်။

သို့သော် ရှုမန်မှာတော့ သိပ်ဂရုမစိုက်ချေ။

ရှောင်ဖန် ဘေးကင်းကြောင်းသာ သူမ သိသည်။

သူသည် ခေတ္တမျှသာ ဘေးကင်းပြီး ပြင်းထန်သော ရန်သူများ ဆက်၍ ဝန်းရံထားသော်လည်း ဤသည်မှာပင် ဂုဏ်ပြုထိုက်သေးသည်။

မီယာမိုတိုဆဲသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေသည်။

သူ၏ နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားမှုမှာ ဖော်ပြ၍ပင် မရနိုင်ပေ။

သူ၏ 'အချစ်ပြိုင်ဘက်'သည် ဤမျှအားကောင်းမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လူတစ်ယောက်အား သတ်ရသည်မှာ အိတ်ကပ်ထဲမှ တစ်ခုခုကို နှိုက်ယူရသည်ထက်ပင် ပိုလွယ်ကူနေသည်။

မသိစိတ်ကြောင့် သူ့လည်ပင်းကို ထိလိုက်မိသည်။

သူ့အားသတ်ရသည်မှာ ကူဒိုတာကာအား သတ်ရသည်လောက် မခက်လောက်ပေ။

" ဘာကာ "

ယာမာမိုတို တာခဲရှိသည် လမ်းပေါ်တွင် ရပ်ထားသော Toyota Wilferကို လှုပ်ခါသွားစေသည်အထိ ရိုက်လိုက်သည်။

ပို၍ တုန်လှုပ်စရာကောင်းသည်မှာ ယဲ့ဖန်သည် အီဒိုမြို့ ရာမာဂူချီ-ဂူမီဂိုဏ်း၏ ထိပ်တန်းဆရာကြီးအား အလွယ်တကူ သတ်ပစ်နိုင်ခဲ့ပြီး ထိုသို့အစွမ်းမျိုးမှာ တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်။

ကူဒိုတာကာသည် ယဲ့ဖန်အား တစ်ယောက်တည်းကို စိန်ခေါ်ခဲ့သည်သော်လည်း သစ်ရွက်တစ်ရွက်ကြောင့် သေဆုံးသွားခဲ့သည်။

ခါဝါဆာကီသည်လည်း ယဲ့ဖန် ရူးသွပ်စရာသော စွမ်းအားကြောင့် ထိတ်လန့်သွားသည်။

" ဒုဥက္ကဌ ယာမာမိုတို၊ ဒီတစ်ခေါက် ကျွန်တော်တို့ အကြီးကြီး အမှားလုပ်မိပုံရတယ်။ ဒီလူက အရမ်းကြောက်စရာကောင်းတယ် "

ယာမာမိုတို တာခဲရှိသည် သူ၏ လက်သီးများကို ပြင်းထန်စွာ ဆွဲညှစ်လိုက်သဖြင့် ကွဲအက်သံများ ထွက်ပေါ်လာသည်။

" ဘာတွေပြောနေစရာ လိုသေးလို့လဲ။ ဒီကိုရောက်နေပြီဆိုမှတော့ မှားရင်တောင်မှ အဆုံးထိမှားရမယ် "

ခါဝါဆာကီ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" ဒါဆိုရင် ယာမတဌာနခွဲက သူ့ကို အစွမ်းကုန် သတ်နိုင်မှရမယ်။ ကျွန်တော်တို့က သူ့ကို ထွက်သွားခွင့် မပေးသင့်ဘူး။ မဟုတ်ရင် အနာဂတ်မှာ အဆုံးမရှိတဲ့ ဒုက္ခတွေ ရှိလာလိမ့်မယ် "

ယာမာမိုတို တာခဲရှိသည်လည်း ထိုသည်ကို သဘာဝကျစွာ သိလေသည်။

သူသည် ချက်ချင်းပင် ပြတင်းပေါက်မှ ခေါင်းထွက်ပြီး ယာမတဌာနခွဲ အဖွဲ့ဝင်များကို လှမ်းအော်လိုက်သည်။

" မင်းတို့ ဘာကိုစောင့်နေတာလဲ။ အတူတူတိုက်ကြ။ ဒီကလေးကို ငါတို့အသက်ရှင်လျက် မထားသင့်ဘူး "

ယာမတ တပ်ခွဲမှ လူများသည် သူတို့၏ ခေါင်းဆောင် အသတ်ခံရပြီး ဘာလုပ်ရမှန်းမသိသောကြောင့် ထိတ်လန့်နေကြဆဲဖြစ်သည်။

ထိုအချိန်တွင် ယာမာမိုတို တာခဲရှိ၏ အမိန့်ကို ကြားလိုက်သဖြင့် သူတို့သည် သူတို့၏ ဓားကို ကိုင်ဆောင်ကာ ယဲ့ဖန်စီ ချီတက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လူတစ်ရာကျော် ပြေးလာသည်။

ဖိအားမှာ အလွန်ကြောက်စရာကောင်းလှသည်။

သို့သော် ယဲ့ဖန်သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ငါ ယဲ့ဖန်က တရုတ်ပြည်က သိုင်းသမားလေးတစ်ယောက်ပါ။ ဒီနေ့ ဂျပန်တွေအားလုံးက သတ်ရမှာဆိုတော့ ငါတို့ တရုတ်သိုင်းသမားတွေရဲ့ ကျက်သရေရှိတဲ့ သိုင်းကွက်တွေကို မင်းတို့ ဂျပန်တွေစီ မြင်ခွင့်ပေးလိုက်မယ် "

သူ စကားပြောပြီးသည်နှင့် သူ့ခြေထောက်ကို ကန်ပြီးပင့်တင်လိုက်ရာ ကူဒိုတာကာ၏ ဓားသည် သူ့လက်ထဲသို့ ရောက်လာသည်။

" လူတစ်ရာကို တစ်ယောက်တည်းတောင် တိုက်ရမှာကို မကြောက်တဲ့ သူရဲကောင်းတွေ တရုတ်ပြည်မှာ အများကြီးရှိတယ်။

ငါတို့ တရုတ်အမျိုးသားတွေရဲ့ သွေးကို မြည်းကြည့်လိုက်စမ်း "

All Chapters