အခန်း (၁၁၉၃-၁၁၉၆)
Vol. 60 Ch. 1193-1196
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၃ )
ဒီလိုစွမ်းအားမျိုးနဲ့ဆို ကမ္ဘာကြီးကိုတောင် ကယ်တင်ပေးနိုင်တယ်
ချန်းဖေးအယ်မှာ စိတ်အခြေအနေကောင်းနေသောကြောင့် သီချင်းပင် ညည်းနေသည်။
အစပိုင်း၌ လုံခြုံရေးများမှ အနည်းငယ် ခက်ခဲအောင် လုပ်ခဲ့သော်လည်း စီးပွားရေးကိစ္စဆွေးနွေးရာ၌ အဆင်ပြေစွာ ပြီးသွားခဲ့သည်။
သူမသည် ဤရက်များအတွင်း သတင်းလိုက်စုခဲ့ရသည်မှာ အချည်းနှီးတော့ ဖြစ်မသွားပေ။
သို့သော် ယဲ့ဖန်မှာတော့ ရုပ်တည်နေကာ ပျော်နေဟန်မပေါ်ချေ။
သူမ ယဲ့ဖန်အား တွန်းကာ မေးလိုက်သည်။
“ကျွန်မတို့ ကိစ္စကြီးတစ်ခု အောင်မြင်လာတာကို ရှင်က ဘာလို့ ပြုံးတောင် မပြုံးရတာလဲ”
“မင်း ဥက္ကဌ ခါဝါမိုတိုကို ဘယ်လိုမြင်လဲ”
ယဲ့ဖန် သူမအားကြည့်ကာ ချန်းဖေးအယ်ကို ခေါင်းရှုပ်စေမည့် မေးခွန်းမျိုး မေးလိုက်သည်။
“သိပ်မဆိုးဘူး ထင်တာပဲ။ သူ့လို အသက်အရွယ်မှာ ဒီလောက်အောင်မြင်မှုရဖို့ဆိုတာ မလွယ်ဘူး။ အဲ့တာအပြင် သူ့ရဲ့ မျှတပြီးဖြောင့်မတ်တဲ့ သဘောထားမျိုးက ဂျပန်မှာ တော်တော်ရှားတယ်”
ချန်းဖေးအယ်တစ်ယောက် သူမ၏ ခါဝါမိုတိုအပေါ်အမြင်ကို ပြောပြလိုက်သည်။
သူမသည် ချီးမွမ်းရမည်ကို တွန့်တိုမနေပေ။
သူမပြောသည်ကို ကြားပြီးနောက် ယဲ့ဖန် ချက်ချင်း ရယ်လိုက်မိသည်။
“မင်းလူတွေကို ကြည့်တဲ့အမြင်က သိပ်မကောင်းဘူးပဲ”
ချန်းဖေးအယ်မှာ ယဲ့ဖန်၏ စကားများကို မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်သွားရသည်။
“ရှင် ဘာကို ဆိုလိုချင်တာလဲ။ ကျွန်မ ပြောတာ ဘာမှားလို့လဲ။ ရှင်လည်း အစောက သူနဲ့ စကားကောင်းကောင်း ပြောနေခဲ့တာပဲမလား”
ယဲ့ဖန် ပြုံးလိုက်ကာ သူအိမ်သာသွားတုန်းက ကြားခဲ့ရသည်များကို ပြန်ပြောပြလိုက်သည်။
ထိုအကြောင်းကြားပြီးနောက် ချန်းဖေးအယ်၏ မျက်လုံးလှလှလေးများမှာ ပြူးကျယ်သွားရသည်။
“အဲ့လုံခြုံရေးတွေက ခါဝါမိုတိုဟီဒဲကိ စီစဉ်ထားတာလား။ သူကဘာလို့ အဲ့လိုလုပ်ရတာလဲ”
ယဲ့ဖန်အေးစက်စွာရယ်လိုက်သည်။
“ကိုယ့်ရဲ့တုံ့ပြန်ပုံကို ကြည့်ချင်လို့နေမှာပေါ့”
ချန်းဖေးအယ်မှာ မယုံနိုင်ဖြစ်နေဆဲဖြစ်သည်။
“ဒါပေမဲ့ ဘာလို့ ရှင့်ရဲ့ တုံ့ပြန်ပုံကို စမ်းသပ်ရမှာလဲ။ ပြီးတော့လည်း ဘာလို့ အလုပ်အတူလုပ်ဖို့ သဘောတူလိုက်တာလဲ”
ယဲ့ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။
“သူနဲ့ နျုံစစ်သွမ်းနဲ့ တစ်ခုခု ပက်သက်မှု ရှိလောက်တယ်”
ထိုအကြောင်းကြားပြီး ချန်းဖေးအယ်၏ ခေါင်းတင်းကြပ်သွားရသည်။
“ကျွန်မ ဘာလို့ ပိုပိုပြီ ရှုပ်လာရတာလဲ။ အဲ့ ခါဝါမိုတိုဟီဒဲကိက နျုံစစ်သွမ်းနဲ့ ဘယ်လိုပက်သက်မှာလဲ”
ယဲ့ဖန် သူမအား လှည့်ကြည့်လာသည်။
“သူဖုန်းပြောတာကို ကြားဖူးတဲ့ သူငယ်ချင်းတစ်ယောက် ကိုယ့်မှာရှိတယ်။ သူက ရှန်းဘုရင်ရဲ့ ရတနာမြေပုံအကြောင်းကို ပြောနေခဲ့တာ။ အဲ့လျှို့ဝှက်မြေပုံအကြောင်းကို လူနည်းစုပဲ သိတာ။ ဂျပန်တစ်ယောက်က ဘယ်လိုလုပ် အဲ့အကြောင်းကို သိနေမှာလဲ”
ချန်းဖေးအယ် ခေါင်းကုတ်မိသွားရသည်။
“အင်း… တိုက်ဆိုင်တာများလား။ ပြီးတော့ သူတောင်ပိုင်းကွမ်တုန်းပြည်နယ်အကြောင်း တော်တော်လေး သိတယ်။ ရှန်းဘုရင်ရဲ့ လျှို့ဝှက်မြေပုံအကြောင်းလည်း သိနေနိုင်လောက်တယ်”
ယဲ့ဖန် ပြုံးလိုက်သည်။
“အဲ့တာက ပြဿနာပဲ။ သူက ဂျပန်လူမျိုးတစ်ယောက်ဆိုပေမယ့် ကွမ်တုန်းပြည်နယ်အကြောင်းကို နယ်ခံဖြစ်တဲ့ ကိုယ့်ထက်တောင် သိနေတယ်။ ကိုယ်သာ တောင်ပိုင်းကွမ်တုန်းနယ်မှာ အချိန်အတော်ကြာ နေခဲ့တာကြောင့်သာ မဟုတ်ရင် အဲ့လောက်သိမှာ မဟုတ်ဘူး”
ချန်းဖေးအယ်သည် ထိုလူကို ဗဟုသုတနှံ့စပ်ပြီး မှတ်ဉာဏ်အားကောင်းသည်ဟုသာ ထင်နေခဲ့တာဖြစ်သည်။
သို့သော် ယခု ယဲ့ဖန်ပြောလာမှ အနည်းငယ် သံသယဖြစ်လာသည်။
“ဒါပေမယ့် သူဒီနေ့ ကျွန်မတို့ကို ဘာမှခက်ခဲအောင် မလုပ်ဘူးလေ။ ယဉ်ယဉ်ကျေးကျေးတောင် ဆက်ဆံနေသေးတယ်။ သူ ဘာလိုချင်တာပါလိမ့်”
သူမ ယဲ့ဖန်အား အဖြေရှာလိုဟန်ဖြင့် ဝေခွဲမရစွာ ကြည့်လိုက်မိသည်။
“ကိုယ်က သူ့ဗိုက်ထဲက သန်ကောင်မှ မဟုတ်တာ။ ဘယ်လိုလုပ် သိမှာလဲ”
ယဲဖ့န်မှာ မထိန်းနိုင်ဘဲ မျက်လုံးလှိမ့်လိုက်မိသည်။
ချန်းဖေးအယ်မှာတော့ စိတ်ထဲမထားပေ။
“ဒါဆို ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”
“ရန်သူကို မသိစေနဲ့။ ကိုယ် လူတစ်ယောက်ရှာပြီး စုံစမ်းခိုင်းလိုက်မယ်”
ချန်းဖေးအယ် အနည်းငယ် သိချင်သွားရသည်။
“ဘယ်သူ့ကိုလဲ”
ယဲ့ဖန် သူမအား တမင်တကာ မပြောပြပေ။
“အခုကတော့ လျှို့ဝှက်ချက်”
ချန်းဖေးအယ်လည်း ယဲ့ဖန်မှ ပြောမပြချင်သည်ကို မြင်ပြီး မထိန်းနိုင်ပဲ နှုတ်ခမ်းတင်းသွားရသည်။
“ကျစ်၊ တမင်သက်သက် လျှို့ဝှက်တဲ့ပုံစံ လာလုပ်နေတယ်”
ယဲ့ဖန်ပြောသည့် အသိဆိုသူမှာ ဖန်းကျန်းဝူဖြစ်သည်။
ဖန်းကျန်းဝူသည် သူမ၏ မိသားစုအကြောင်း မပြောပြသော်လည်း သူမ မိသားစုမှာ အလွန်အင်အားကြီးမည်ဆိုသည်ကို ယဲ့ဖန် ခန့်မှန်းမိသည်။
သူမအတွက် ခါဝါမိုတိုဟီဒဲကိ၏ နောက်ခံအား စုံစမ်းရန်မှာ သိပ်မခက်လောက်ပေ။
အမှန်တကယ်တွင် မူလက ကံနဂါးအဖွဲ့အစည်းမှ လူများကို အကူအညီတောင်းချင်ခဲ့သည် ဖြစ်သော်လည်း ဤကိစ္စ၌ နျုံစစ်သွမ်းနှင့် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံအကြောင်း ပါဝင်နေသည်။
ထို့ကြောင့် စိတ်ချရစေရန် ကံနဂါးအဖွဲ့အစည်းမှ လူများကို ဝင်မပါခိုင်းသည်က ပိုကောင်းလေသည်။
သူနှင့် ကံနဂါးအဖွဲ့အစည်း၏ ဆက်ဆံရေးမှာ ယခုထိ ထိုမျှမရင်းနှီးသေးပေ။
သို့သော် ဖန်းကျန်းဝူမှာတော့ မတူပေ။
သူသည် ထိုကိစ္စကို သူမနှင့်လွှဲထားလို့ ရနိုင်သည်။
ဟိုတယ်သို့ ပြန်ရောက်သည့်အခါ ချန်းဖေးအယ်သည် အလုပ်ကိစ္စများအား အထက်လူကြီးထံ တင်ပြနေစဉ် ယဲ့ဖန်သည် ဖန်းကျန်းဝူထံ ဆက်သွယ်လိုက်သည်။
ခဏ ဖုန်းမြည်နေပြီးနောက် တစ်ဖက်မှ ကိုင်လိုက်သည်။
“ဘယ်သူလဲ”
တစ်ဖက်မှ ဖန်းကျန်းဝူ၏အသံ ထွက်ပေါ်လာပါသော်လည်း သူမအသံ၌ ပင်ပန်းနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
ထိုသည်က ယဲ့ဖန်၏ နှလုံးသားကို နာကျင်သွားစေသည်။
“ကျန်းဝူ ကိုယ်ပါ”
“သ..သခင်ကြီးလား”
ဖန်းကျန်းဝူမှာ မယုံနိုင်ဖြစ်နေရသည်။
သူမသည် ယဲ့ဖန်ထံမှ ဖုန်းလက်ခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
“ကျန်းဝူ ကိုယ်ဂျပန်ကို ရောက်နေတာ။ မင်းနဲ့တွေ့ချင်လို့ မင်းအချိန်ရလား”
ယဲ့ဖန်လည်း နှလုံးသားမှာ ခုန်ပေါက်နေပါသော်လည်း တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။
“ဂျပန်ကို ရောက်နေတာလား။ ကောင်းပြီ၊ ကောင်းပြီ၊ ကျန်းဝူက သခင်ကြီးကို အချိန်တိုင်းစက္ကန့်တိုင်း တွေ့ချင်နေတာပါ။ အခုတွေ့ကြမလား”
ဖန်းကျန်းဝူမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသံများပင် တုန်နေသည်။
“ကောင်းပြီ၊ ကိုယ့်ကိုလိပ်စာပို့လိုက်။ ကိုယ်လာခဲ့မယ်”
ထို့နောက် ယဲ့ဖန် ဖုန်းချလိုက်သည်။
ဖန်းကျန်းဝူဘက်မှ လိပ်စာတစ်ခု ပြန်ပို့လာသည်။
ယဲ့ဖန် ထိုလိပ်စာကို စစ်ကြည့်လိုက်သည့်အခါ ဟိုတယ်နှင့် သိပ်မဝေးသည်ကို တွေ့လိုက်ရသည်။
နာရီဝက်သာ မောင်းရန်လိုသည်။
သို့သော် သူ ချက်ချင်းမသွားပေ။
ထိုအစား စနစ်မှ ပေးအပ်သည့် အညွှန်းအတိုင်း ရုပ်ဖျက်ဆေး ဖော်စပ်လိုက်သည်။
ဖန်းကျန်းဝူ၏ အဖေမှ သူတို့ကို ထပ်မတွေ့ရန် မှာထားသည်။
သူသည် ထိုသတိပေးချက်ကို ဂရုမစိုက်သော်လည်း သူမ ပြဿနာတက်မည်ကို စိုးရိမ်သောကြောင့် ရုပ်ဖျက်သည့်စွမ်းရည်အား စမ်းသပ်ရင်း ရုပ်ဖျက်သွားလိုက်သည်က ပိုကောင်းပေမည်။
ဆယ်မိနစ်ကြာပြီးနောက် ရုပ်ဖျက်ရန်အတွက် လိုအပ်သည့်လိမ်းဆေးမှာ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ပန်းကန်လုံးထဲရှိ ကော်နှင့်တူသည့် လိမ်းဆေးကို ကြည့်ရင်း ယဲ့ဖန် သံသယဝင်နေမိသည်။
ဒီလိမ်းဆေးက စနစ် ပြောသလို သက်ရောက်မှုရှိပါ့မလား။
သူ မယုံသော်လည်း မျက်နှာပေါ်သို့ လိမ်းလိုက်သည်။
အစတွင်တော့ ကပ်စေးစေးနှင့် နေရထိုင်ရ မသက်သာသော်လည်း တဖြည်းဖြည်းနှင့် အသားတစ်လွှာတည်း ဖြစ်လာသလိုပင် အရေပြားနှင့် တစ်ထပ်တည်း ဖြစ်သွားသည်။
ယဲ့ဖန် အံ့ဩနေမှုကို ထိန်းချုပ်လိုက်ကာ မျက်နှာကို လိုသလို ပုံသွင်းလိုက်သည်။
သိပ်မကြာခင်မှာပင် မရင်းနှီးသည့် မျက်နှာတစ်ခု မှန်ထဲ၌ ပေါ်လာသည်။
ယဲ့ဖန်မှန်ရှေ့၌ မျက်နှာအမူအရာအနည်းငယ် လုပ်လိုက်ပြီးနောက် ထိုလိမ်းဆေးသည် သူ၏ အရေပြားကဲ့သို့ တူညီသည့် သက်ရောက်မှုမျိုး လုပ်ဆောင်နိုင်သည်ကို တွေ့လိုက်ရသည်။
သိမ်မွေ့သည့် အမူအရာများစွာကိုပင် မည်သို့သော တောင့်တင်းမှုမှ မရှိဘဲ လုပ်နိုင်လေသည်။
ဒါက အတော်လေး အံ့ဩဖို့ကောင်းတာပဲ။
ဒီစွမ်းရည်နဲ့ဆို နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို မစဉ်းစားဘဲတောင် မကောင်းတာတွေ လုပ်ပစ်လို့ရတယ်။
ထိုအတွေးမှာတော့ သေချာပေါက် အတွေးသက်သက်သာ ဖြစ်သည်။
သူသည် ကောင်းမွန်သည့် လူငယ်လေးတစ်ယောက် ဖြစ်ပြီး အကောင်းမြင်စိတ် အပြည့်ရှိသည့်သူဖြစ်ရာ ထိုသို့သော မကောင်းမှုမျိုးကို လုပ်လိမ့်မည် မဟုတ်ပေ။
ဒီစွမ်းအားနဲ့ဆို သူကမ္ဘာကြီးကိုတောင် ကယ်တင်လို့ရနေပြီ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၄ )
ဂျပန်မှာ နှာဘူးတွေ အဲ့လောက်တောင်များတာလား။
ရုပ်ပြောင်းပြီးနောက် ယဲ့ဖန် အနောက်တိုင်းဝတ်စုံတစ်စုံ လဲကာ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။
ကံနဂါးအဖွဲ့အစည်းမှ ယဲ့ဖန်အတွက် Toyata Highlander ကားတစ်စီးနှင့် ယာဉ်မောင်းလိုင်စင် စီစဉ်ပေးထားသည်။
အခြားသူများအတွက် ရရန် ခက်ခဲနိုင်ပါသော်လည်း ကံနဂါးအဖွဲ့အစည်းအတွက် ပြောပလောက်စရာ မဟုတ်ချေ။
ယဲ့ဖန် Toyata Highlanderကားကို မောင်းကာ ချိန်းဆိုထားသည့်နေရာသို့ ထွက်ခဲ့လိုက်သည်။
ထိုမိန်းကလေး အိပ်ရာပေါ်၌ မည်မျှရူးသွပ်စရာကောင်းသည်ကို တွေးမိသွားရာ ယဲ့ဖန်၏နှလုံးသားထဲ၌ အပူလှိုင်းတစ်ခု ဖြတ်သွားသည်။
ဤတွေ့ဆုံမှုပြီးပါလျှင် အခွင့်အရေးရှိပါက သူ့အိပ်မက်ဟောင်းများကို ပြန်လည်ခံစားနိုင်လောက်သည်။
ထိုအတွေးဝင်လာသည်နှင့် ယဲ့ဖန်ပိုလို့ပင် စိတ်မရှည်ဖြစ်လာရသည်။
ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန်မောင်းကာ အခြားကားများကို ကျော်တက်လိုက်သည်။
ယဲ့ဖန် လမ်းဆုံ၌ မီးပွိုင့်စောင့်နေစဉ်မှာပင် ရုတ်တရက် မျက်လုံးထောင့်မှ ရင်းနှီးနေသော ပုံရိပ်လေးကို ဖမ်းမိလိုက်သည်။
ရှချူးလား။
သူ မှားမြင်နေခြင်း ဖြစ်မည် စိုးသောကြောင့် အနီးကပ်ကြည့်လိုက်ရာ အမှန်ပင် ရှချူးဖြစ်နေသည်။
သူမက ဘာလို့ ဂျပန်ကို ရောက်နေတာပါလိမ့်။
သူမဘေး၌ မန်နေဂျာဖြစ်သူ အစ်မဟုန်ရှိနေသည်။
သူတို့နှစ်ဦးမှာ ပြဿနာကြုံနေဟန် ပေါ်သည်။
ယောကျာ်းတစ်ယောက်ထံမှ ပိတ်ဆို့ခံထားရပြီး အငြင်းပွားနေကြသည်။
ထိုအချိန်မှာပင် မီးစိမ်းသွားသောကြောင့် အနောက်ကကားများမှာ ထွက်ခွာရန် ဟွန်းတီးလာကြသည်။
ယဲ့ဖန်မှာတော့ ယာဉ်စည်းကမ်းတွေကို ဂရုစိုက်မနေပေ။
သူသည် လမ်းဘေး၌ ကားကို ထိုးရပ်လိုက်ကာ သူမတို့ကို ကြိုဆိုရန် ထွက်လိုက်သည်။
ရှချူး၏ အငြင်းပွားမှုမှာ လူအတော်အများကို ဆွဲဆောင်လိုက်နိုင်သည်။
ယဲ့ဖန် ကူညီရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ ရုပ်ပြောင်းထားသည်ကို သတိရသွားသည်။
ထို့ကြောင့် အနား၌ရပ်ကာ အငြင်းပွားနေသည်အား နားထောင်ရုံသာ တတ်နိုင်တော့သည်။
ရှချူးသည် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး နေကာဦးထုပ် ဆောင်းထားကာ မျက်မှန်လည်းတပ်ထားလေသည်။
လက်ရှိ၌ သူမသည် သူမတို့ကို ပိတ်ဆို့ထားသောလူအား ဒေါသတကြီးဖြင့် ကြည့်နေသည်။
ထိုအချိန်တွင် အစ်မဟုန်သည် ထိုလူအား ဂျပန်စကား မပီမသဖြင့် အငြင်းပွားနေလေသည်။
“ကျွန်မပြောပြီးပြီလေ၊ ကျွန်မတို့ ရှင်နဲ့ စာချုပ်မချုပ်ချင်ဘူး။ ကျွန်မတို့ကို ဆက်မနှောင့်ယှက်ပါနဲ့တော့။ မဟုတ်ရင် ရဲခေါ်ရလိမ့်မယ်”
ထိုလူမှာ အသက်လေးဆယ်အရွယ်လောက် ရှိပြီး ၁.၆မီတာခန့် ရှည်သည်။
သူသည် အရှက်မရှိစွာ ပြန်ပြောလာသည်။
“ကျေးဇူးပြုပြီး စဉ်းစားကြည့်ပါဦး။ ဒီမိန်းကလေးက အတော်လှတယ်။ သူသာ ကျွန်တော်တို့နဲ့ စာချုပ်ချုပ်လိုက်မယ်ဆိုရင် နာမည်ကြီးလာမှာ အသေအချာပဲ”
အစ်မဟုန်မှာတော့ လှောင်ရယ်လိုက်သည်။
“မလိုပါဘူး၊ ရှင် တခြားသူပဲ သွားရှာလိုက်ပါ”
ထိုသို့ပြောပြီးနောက် သူမ ရှချူးကို ဆွဲခေါ်လိုက်သည်။
သို့သော် ထိုလူက သူမတို့အား လက်ဆန့်ကာ တားလာပြန်သည်။
“ထပ်စဉ်းစားကြည့်ပါဦး၊ ဒီအခွင့်အရေးက အရမ်းရှားတာ”
အစ်မဟုန်မှာ အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။
“ရှင် လူစကား နားမလည်ဘူးလား။ ကျွန်မတို့ ရှင့်ကို အကြိမ်ပေါင်းများစွာ ငြင်းပြီးနေပြီ။ ဘာလို့ ဆက်နှောင့်ယှက်နေရသေးတာလဲ”
ထိုလူမှာ ပြုံးနေလျက်ရှိသည်။
“ဒါကို ဘယ်လိုလုပ် နှောင့်ယှက်တာလို့ ပြောလို့ရမှာလဲ။ ငါက မင်းတို့ကို အခွင့်အရေးပေးနေတာ။ အနာဂတ်ကျရင် ငါ့ကိုတောင် ပြန်ကျေးဇူးတင်ရဦးမယ်”
ရှချူးမှာတော့ ဆက်သည်းမခံနိုင်တော့ပေ။
သူမသည် ချက်ချင်းပင် အစ်မဟုန်အား ပြောလိုက်သည်။
“အစ်မဟုန်၊ သူနဲ့ ဆက်ပြောမနေနဲ့တော့။ ရဲသာခေါ်လိုက်”
အစ်မဟုန်လည်း ချက်ချင်း ဖုန်းထုတ်ကာ ရဲခေါ်ရန် ပြင်လိုက်သည်။
ထိုသည်ကို မြင်သည့်အခါ ထိုလူသည် ဖုန်းကို ဆွဲလုလာသည်။
“ဘာလို့ ရဲခေါ်မှာလဲ။ ငါ မင်းတို့ကို ဘာမှမလုပ်ဘူးလေ”
ထိုလူ သူမထံမှ ဖုန်းလုသည်ကို မြင်ပြီး အစ်မဟုန်မှာ ပိုလို့ပင်ဒေါသထွက်လာသည်။
“ရှင်ဘာလုပ်တာလဲ။ ကျွန်မဖုန်းပြန်ပေး”
ထိုလူမှာ လည်း စိတ်မရှည်တော့ဟန်ပင် ဖြစ်သည်။
သူ့မျက်နှာ၌ တဖြည်းဖြည်းဖြင့် အန္တရာယ်ပြုမည့်ဟန် ပေါ်လာသည်။
“မင်းတို့ကိုပြောရတာ လေတော်တော် ကုန်နေပြီ။ ငါလည်း အကောင်းဆုံးကြိုးစားပြီးပြီ။ အဲ့လောက် အရှက်မမဲ့စမ်းပါနဲ့။ ဘာကပိုကောင်းတယ် ဆိုတာကို သိတယ်ဆိုရင် လိမ်လိမ်မာမာနဲ့ စာချုပ်မှာ လက်မှတ်ထိုးလိုက်။ မဟုတ်လို့ကတော့ မင်းတို့တစ်ယောက်မှ အိမ်ပြန်ရမယ်မထင်နဲ့”
ရှချူးနှင့် အစ်မဟုန်တို့မှာ ထိုလူ့ထံမှ ခြောက်လှန့်ခံလိုက်ရသောကြောင့် နောက်သို့ပင် ခြေတစ်လှမ်းဆုတ်မိသွားသည်။
“ရှင် ဘာလုပ်တာလဲ။ လူကြားထဲမှာတောင် လုရဲသေးတယ်လား”
အစ်မဟုန် ထိုလူအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ဟားဟား၊ မင်းတို့က ငါကမ်းလှမ်းတာကို ငြင်းနေမှတော့ ခက်ခဲအောင် လုပ်ပေးရမှာပေါ့”
ထိုလူ လှောင်ရယ်လိုက်သည်။
သူ ပြော၍ ပြီးပြီးချင်းမှာပင် လမ်းဘေး၌ ရပ်ထားသည့် ဗန်ကားတံခါးမှာ ရုတ်တရက် ဆွဲဖွင့်ခံလိုက်ရပြီး ကားထဲမှ လူလေးငါးယောက်လောက် ထွက်လာသည်။
ရှချူးနှင့် အစ်မဟုန်တို့မှာ တစ်ခါမှ ဤအဖြစ်အပျက်မျိုး မကြုံဖူးသောကြောင့် ရုတ်ချည်း ကြောင်သွားကြသည်။
နောက်ဆုံး၌ အစ်မဟုန်မှ အရင်တုံ့ပြန်လာသည်။
သူမသည် အမြန်လူအုပ်ကြီးအား အကူအညီတောင်းလာသည်။
“ကျွန်မကို ရဲခေါ်ပေးကြပါ”
သို့သော် လူအုပ်မှာ ထိုလူများသည် ရန်သွားစလို့ ရသည့်ပုံမပေါ်မှန်း တွေ့လိုက်ရကာ တစ်ယောက်ပြီးတစ်ယောက် ရှောင်သွားကြသည်။
ဘယ်သူက အလကားနေရင်း ပြဿနာတက်ချင်မှာလဲ။
ရှချူးနှင့် အစ်မဟုန်မှာ ထိတ်လန့်သွားရသည်။
သူတို့ မရင်းနှီးသည့် ဂျပန်ကဲ့သို့ နေရာမျိုးမှာ ဖြစ်သောကြောင့် အမှန်ပင် ကူကယ်ရာမဲ့နေသည်။
“ရှချူး ပြေးတော့၊ အစ်မ သူတို့ကို ထိန်းထားလိုက်မယ်”
အစ်မဟုန် ထိုသို့အော်ကာ ထိုလူများထံ ပြေးသွားလိုက်သည်။
သို့သော် သန်မာလှသည့် ယောကျာ်းများအား သူမကဲ့သို့ ဖျော့တော့သည့် မိန်းကလေးတစ်ယောက်မှာ မတားနိုင်ပေ။
သူမ အရှေ့ရှိ လူတစ်ယောက်ထံမှ တွန်းထုတ်ခံလိုက်ရကာ လဲကျလုနီးပါး ဖြစ်သွားရသည်။
ထိုအချိန်၌ သန်မာသော လက်တစ်စုံပေါ်လာကာ သူမကို ဖမ်းဆွဲလိုက်ပြီး မထိခိုက်အောင် ကာကွယ်ပေးလာသည်။
အစ်မဟုန် မော့ကြည့်လိုက်ရာ အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူမှာ သိပ်ကြည့်မကောင်းသော်လည်း သက်တောင့်သက်သာဖြစ်ဟန်ပေါ်သည်။
“အဆင်ပြေရဲ့လား”
ယဲ့ဖန်မေးလိုက်သည်။
“အာ…အဆင်ပြေပါတယ်၊ ကျေးဇူးပါ”
အစ်မဟုန် သူ့ကို ကျေးဇူးတင်လိုက်သော်လည်း ချက်ချင်းပင် တစ်ဖက်လူမှ တရုတ်လို ပြောလာသည်ကို သတိထားမိသွားသည်။
ထိုသည်မှာ ရေနစ်နေသည့် လူတစ်ယောက် ရုတ်တရက် အသက်ကယ်ကြိုးအား ရှာတွေ့လိုက်သလိုပင် ဖြစ်သည်။
သူမသည် ယဲ့ဖန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
“ရှင်က တရုတ်လူမျိုးလား။ တစ်နိုင်ငံတည်းသားအချင်းချင်း ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ၊ တောင်းဆိုပါတယ်”
ယဲ့ဖန် ဘာမှ ပြန်မပြောနိုင်ခင်မှာပင်…
သူတို့အား လိုက်နှောင့်ယှက်နေသည့်လူမှ ထပ်မံအော်လာသည်။
“ကောင်လေး၊ ဒါ မင်းကိစ္စ မဟုတ်ဘူး။ ဝင်မရှုပ်နဲ့”
ယဲ့ဖန်မှာတော့ ထိုလူများကို ကြည့်ပင်မကြည့်ပေ။
သူသည် ရှချူးအား ပြန်လှည့်ကြည့်လိုက်သည်။
“ဘာဖြစ်ကြတာလဲ”
ရှချူးမှာ ထိတ်လန့်နေသေးဟန်ပင် ဖြစ်ရာ သူမ မျက်နှာမှာ ဖြူဖျော့နေလေသည်။
“ကျွန်မ…ကျွန်မတို့…”
အစ်မဟုန်လည်း သူမ မရှင်းပြနိုင်သည်ကို မြင်၍ ကူညီပေးလာသည်။
“ကျွန်မတို့ ဂျပန်ကို အလည်ခရီးထွက်လာတာ။ ဒါပေမယ့် ရုတ်တရက်ကြီး ဒီလူ့ဆီက အတားခံလိုက်ရပြီး သူက ကျွန်မညီမကို အပြာကားရိုက်ဖို့ လာပြောတာပါ။ ကျွန်မတို့ လုံးဝ သဘောမတူခဲ့ပေမယ့် သူက လွှတ်မပေးပဲ လိုက်နှောင့်ယှက်နေတာ…”
သူမ ရှင်းပြသည်ကို နားထောင်ပြီးနောက် ယဲ့ဖန် ဆဲချင်မိသွားရသည်။
တရုတ်ပြည်ရဲ့ နတ်သမီးလေးကို အပြာကား လာရိုက်ခိုင်းတာလား။
ဒီကောင်ကတော့ သေချင်နေတာပဲ။
သူ ရှချူးအား ပြန်လှည့်ကြည့်ရင်း ထိုမသင့်လျော်သည့်မြင်ကွင်းများကို တွေးမိသွားကာ နှလုံးခုန်နှုန်းမြန်သွားရသည်။
ရှချူးလည်း ယဲ့ဖန်၏ အနည်းငယ် အမြင်ပြန့်ကျဲနေသည့် အကြည့်ကို မြင်ပြီး သူမ၏ ဖြူလျော်နေသည့် မျက်နှာမှာ ပိုလို့ပင် ဖြူဖျော့သွားရသည်။
ဂျပန်မှာ နှာဘူးတွေ ဒီလောက်တောင်များတာလား။
ဒါကရော နောက်ထပ်နှာဘူးတစ်ယောက်လား။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၅ )
ဘာလို့ ဖိအားပေးနေတာလဲ
ယဲ့ဖန် ရှချူး၏ မျက်နှာထားကို မြင်ပြီး သူမ တစ်ခုခုကို အထင်လွဲသွားပြီမှန်း နားလည်လိုက်ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်တော်နဲ့လွှဲထားလိုက်”
ရှချူး ယဲ့ဖန်အား ဗလာကျင်းစွာ စိုက်ကြည့်လိုက်သည်။
သူ့လေသံနှင့် မျက်နှာထားကိုကြည့်ရင်း သူမ တစ်စုံတစ်ယောက်ကို သတိရသွားသည်။
သို့သော် ထိုလူမှာ ယခုအချိန်တွင် ကွမ်တုန်း၌ ရှိနေလောက်ကာ သူမတို့ အဆက်အသွယ်မရှိသည်မှာလည်း ကြာပြီဖြစ်သည်။
သူမမှာတော့ အကြိမ်များစွာ ခေါ်ဆိုခဲ့သော်လည်း သူနှင့် အဆက်အသွယ်မရှိတော့ပေ။
သူသည် သူမ ဒုက္ခရောက်နေသည်ကို သိလျှင် စိုးရိမ်နေလောက်မည်လား သူမ သိချင်မိသည်။
ယဲ့ဖန်ဘေးရှိ အစ်မဟုန်မှာ ချက်ချင်းဝမ်းသာသွားရသည်။
သူမသည် ယဲ့ဖန်၏ လက်အားဆွဲကာ ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။ ရှင်သာ ဒီကိစ္စကို ဖြေရှင်းပေးနိုင်ရင် ကျွန်မတို့ ရှင့်ကို သေချာပေါက် ကျေးဇူးပြန်ဆပ်မှာပါ”
သူမနှင့် ရှချူးတို့မှာ ဂျပန်၌ အားကိုးစရာလူ မရှိပေ။
ယခု သူမတို့၏ မျှော်လင့်ချက်အားလုံးသည် အရှေ့၌ ရပ်နေသည့် သူစိမ်းပေါ်၌သာ ကျရောက်သွားသည်။
ယဲ့ဖန် သူမအား ယုံကြည်ချက်ရှိစွာ ပြုံးပြလိုက်ပြီး ထိုလူ့ဘက်ကို လှည့်လိုက်သည်။
မျက်နှာထက်၌လည်း အပြုံးတစ်ခုတပ်ဆင်လိုက်သည်။
“သူတို့နှစ်ယောက်က ကျွန်တော့်သူငယ်ချင်းတွေပါ။ ကျွန်တော့်ကို နည်းနည်းလောက် မျက်နှာသာပေးဖို့ တောင်းဆိုပါရစေ။ ကျွန်တော် ဒကာခံတဲ့အနေနဲ့ ဒီပိုက်ဆံကိုယူလိုက်ပါ”
ထိုသို့ပြောကာ အိတ်ကပ်ထဲမှ ငွေစက္ကူတစ်ထပ်ကို ထုပ်လိုက်သည်။
ထိုသည်မှာ ယန်းတစ်သိန်းရှိပြီး တရုတ်ငွေနှင့်ဆိုပါက ယွမ်ငါးထောင်လောက် ရှိသည်။
ရှချူးနှင့် အစ်မဟုန်တို့မှာ ထိုသည်ကို မြင်ပြီးနောက် စိတ်ပျက်သွားရသည်။
အစောပိုင်း၌ ထိုတစ်ယောက်သည် သူမတို့ကို အာမခံချက်ပေးနေသောကြောင့် ထိုလူမှာ ဂျပန်မှနာမည်ကြီးသူဟု သူမတို့ ထင်လိုက်တာ ဖြစ်သည်။
သို့သော် သူသည် ဘေးဒုက္ခကို ကျော်လွှားရန် ပိုက်ဆံကို အသုံးပြုလိမ့်မည်ဟုတော့ မထင်ထားပေ။
ထိုလူမှာ ယဲ့ဖန်လက်ထဲရှိ ပိုက်ဆံကိုကြည့်ကာ လှောင်ရယ်လိုက်သည်။
“သူတို့က မင်းသူငယ်ချင်းတွေတဲ့လား။ ငါ့ကို အရူးလုပ်လို့ရမယ် ထင်နေတာလား။ အစောက မင်းကို သူတို့ သိတောင်မသိတဲ့ဟာကို။ မသေချင်သေးရင် အခုချက်ချင်း ဘေးဖယ်လိုက်”
ယဲ့ဖန်၏ မျက်နှာထက်ရှိ အပြုံးမှာ ပျောက်ကွယ်သွားတော့သည်။
“အစ်ကိုကြီး၊ လူတိုင်းအတွက် အသက်ရှင်ရတယ်ဆိုတာ မလွယ်ကူပါဘူး။ ခင်ဗျား ကျွန်တော့်ကို မျက်နှာသာပေးပြီး ပိုက်ဆံယူပြီး ထွက်သွားလိုက်ပါ။ အဲ့တာဆို အဆင်ပြေနေပြီပဲ”
ထိုလူနှင့် သူ့နောက်လိုက်များမှာ ယဲ့ဖန်၏ စကားကိုကြားတော့ အော်ရယ်လာကြသည်။
“ဒါဆို မင်းကို မျက်နှာသာမပေးရင် ဘာဖြစ်မှာလဲ”
ထိုလူ၏ မျက်နှာထက်၌ အန္တရာယ်ပြုမည့် အပြုံးတစ်ပွင့်ရှိနေကာ ယဲ့ဖန်အား ရန်လိုစွာ ကြည့်လာသည်။
“နောက်ဆက်တွဲက အရမ်းပြင်းထန်လိမ့်မယ်”
ယဲ့ဖန် ထိုလူအား ခပ်တည်တည် စိုက်ကြည့်လိုက်သည်။
“ဟားဟားဟား၊ တရုတ်လေးကများ ငါကို လာခြိမ်းခြောက်နေတယ်။ မင်းကိုယ်မင်း ဂျပန်မှာဆိုတာကို မေ့နေတာလား။ ငါမင်းကို သတ်လိုက်နိုင်တယ် ဆိုတာကိုရော သိရဲ့လား။”
ထိုလူက ယဲ့ဖန်အား ကြမ်းတမ်းစွာ ပြောလာသည်။
သူ့နောက်ရှိ လူများ၌လည်း အကြောက်အလန့်ကင်းသည့်ဟန် ရှိနေသည်။
အသိအသာပင် သူတို့၏ အမြင်၌ တစ်ဖက်လူမှာ တရုတ်တစ်ယောက်သာဖြစ်ပြီး ဂျပန်တွင် မည်သည့်အာဏာမှ မရှိဟု ထင်နေကြတာ ဖြစ်သည်။
ယဲ့ဖန်ပြောသည်မှာ သူတို့အတွက် ဟာသနှင့် တူသည်။
ယဲ့ဖန် ပိုက်ဆံတစ်ထပ်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ကာ ဘာမှဆက်မပြောတော့ပေ။
သူသည် တစ်ဖက်လှည့်ကာ ရှချူးနှင့် အစ်မဟုန်တို့အား လက်ယမ်းပြလိုက်သည်။
“မင်းတို့ နှစ်ယောက် အရင်ပြန်နှင့်ကြ။ ဘယ်သူ မင်းတို့ကိုတားနိုင်မလဲ ကြည့်ရသေးတာပေါ့”
ရှချူးနှင့် အစ်မဟုန်တို့မှာ ယဲ့ဖန်အား စိတ်ရှုပ်ထွေးစွာကြည့်ရင်း ဖြည်းဖြည်းချင်း လျှောက်သွားကြသည်။
“မင်းက သေချင်နေတာပဲ”
ထိုလူ၏ မျက်လုံး၌ အလင်းတစ်ချက် လက်သွားကာ ယဲ့ဖန်အား လက်သီးဖြင့် ရွယ်လာသည်။
“အား၊ ဂရုစိုက်”
ရှချူး အော်လိုက်မိသည်။
ယဲ့ဖန်ကတော့ ခပ်ဖွဖွသာ ပြုံးလိုက်သည်။
ထို့နောက် သူ၏ ညာလက်သည်ပိုက်ကွန်ကြီး တစ်ခုကဲ့သို့ ထိုလူ၏မျက်နှာအား အုပ်လိုက်သည်။
ထိုလူ၏ လက်သီးချက်မှာလည်း ပိုက်ကွန်ထဲသို့ ကျရောက်သွားသည်။
ထို့နောက် ယဲ့ဖန် သူ၏လက်ချောင်းများကို စေ့လိုက်ပြီး ထိုဂျပန်ကောင်၏ လက်သီးဆုပ်အား ဆုပ်ကိုင်လိုက်သည်။
ခါးခါး..
ယဲ့ဖန် အားအနည်းငယ်သာ သုံးလိုက်သော်လည်း သွားကျိန်းလောက်စရာအသံ ထွက်ပေါ်လာသည်။
“အား၊ နာတယ်။ လွှတ်စမ်း”
ထိုလူ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့တွနေကာ စတင် အော်ဟစ်လာတော့သည်။
“မင်းလူတွေခေါ်ပြီး ချက်ချင်း ထွက်သွားတော့”
ယဲ့ဖန် ဖန်းကျန်းဝူနှင့် တွေ့ရဦးမည်ဖြစ်၍ ထိုသို့လူမျိုးနှ င့်ပြဿနာမတက်ချင်ပေ။
ဤကိစ္စကို အမြန်ဖြေရှင်းလိုက်ချင်သည်။
ယဲ့ဖန်ထံမှ သူ့လက်ကိုပြန်မရုတ်နိုင်၍ ထိုလူသည် အခြားလက်တစ်ဖက်အား လက်သီးဆုပ်ကာ လွှဲယမ်းလာလေသည်။
ယဲ့ဖန် အေးစက်စက် သရော်လိုက်သည်။
ထိုလက်ကိုလည်း သူအလွယ်ပင်ဖမ်းဆုပ်လိုက်ကာ အားထုတ်သုံးလိုက်သည်။
ဂျွတ်
ဤတစ်ကြိမ်တွင်တော့ အသံကပိုပြတ်သား၏။
“အား…”
ထိုဂျပန်ကောင်လည်း အော်ဟစ်ကာ ခြေထောက်တွေပျော့ခွေသွားပြီး မြေပေါ်လဲကျသွားတော့သည်။
ထိုအခါမှသာ ယဲ့ဖန် သူ့ကို လွှတ်ပေးလိုက်သည်။
လူတိုင်း ထိုလူကို ကြည့်လိုက်ရာ သူ၏လက်များမှာ ကြက်ခြေထောက်များလို ဖြစ်နေပြီး ဖျော့တော့စွာ ခွေကျနေသည်။
အရိုးကျိုးသွားပုံပေါ်သည်။
ဘယ်လိုတောင် ကြောက်ဖို့ကောင်းတာပါလိမ့်။
လူတိုင်းသည် ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်မိသွားကြသည်။
ကြောက်တတ်သည့် သူများဆိုလျှင် တုန်ပင်တုန်နေလေပြီ ဖြစ်သည်။
ရှချူးနှင့် အစ်မဟုန်တို့လည်း ထိတ်လန့်သွားရသည်။
ဒီလူက လူတစ်ယောက်ကို အရိုးချိုးနိုင်လောက်တဲ့ထိ သန်မာတာပဲ။
အထူးသဖြင့် ရှချူးမှာ ထိုလူ၏ နောက်ကျောကို ကြည့်နေရင်း ရင်းနှီးသလို ခံစားနေရသည်။
သူ…သူက တကယ်ကြီး အဲ့လူနဲ့ တူလိုက်တာ။
သူတို့နှစ်ယောက်၏ မျက်နှာမှာ လုံးဝမတူနေသောကြောင့်သာ မဟုတ်လျှင် သူမသည် ထိုလူကို ယဲ့ဖန်၏အမြွှာညီအစ်ကိုဟုပင် ထင်မိလောက်သည်။
“ငါမင်းကို နောက်ဆုံးအနေနဲ့ အခွင့်ရေးတစ်ကြိမ်ပေးမယ်။ မသေချင်ရင် အခုချက်ချင်း ထွက်သွား”
ယဲ့ဖန် ထိုလူအား ငုံ့ကြည့်လိုက်သည်။
ထိုအခါ သူ၏ နောက်လိုက်ငယ်သားအချို့မှာ ထိုဂျပန်ကောင်အား တွဲထူပေးလာကြသည်။
ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ထိုလူ၏ မျက်လုံးထဲ၌ အမုန်းတရားများနှင့် ပြည့်နှက်သွားသည်။
“ခွေးကောင်လေး၊ သွားသေလိုက်”
ထိုသို့ပြောကာ နောက်လိုက်များကို လက်ယမ်းပြလိုက်သည်။
“သူ့ကိုသတ်ကြ”
ထိုလူ၏ အမိန့်အတိုင်း နောက်လိုက်များမှာလည်း ဓားမြှောင်များ ဆွဲထုတ်ကာ ယဲ့ဖန်အား ဝန်းရံလိုက်ကြသည်။
ပတ်ဝန်းကျင်မှ လူများလည်း ထိုဓားမြှောင်များကို မြင်၍ ကြောက်လန့်တကြား ဖြစ်သွားကြကာ အမြန်နောက်ဆုတ်ကုန်ကြသည်။
“သူတို့မှာ ဓားတွေနဲ့၊ ပြေးတော့”
ရှချူး ယဲ့ဖန်အား လှမ်းအော်လိုက်သည်။
သို့သော် ယဲ့ဖန်မှာတော့ သူမစကားကို ခေါင်းထဲမထည့်ပေ။
ထိုလူများအား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။
“ငါမင်းကိုလွှတ်ပေးချင်နေတာကို၊ ဘာလို့ငါ့ကိုတွန်းအားပေးနေရတာလဲ”
“လေကုန်ခံမနေကြနဲ့၊ သူ့ကို အကုန်အတူတိုက်ကြ”
ဂျပန်ကောင်သည် ယဲ့ဖန်ပြောသည်ကို ဂရုမစိုက်ပဲ သူ့လူတွေကို တိုက်ခိုင်းလိုက်သည်။
ထိုလူများမှာလည်း တွန့်ဆုတ်မနေပေ။
သူတို့သည် ယဲ့ဖန်အား ဓားဖြင့်ထိုးကြတော့သည်။
သူတို့၏ အကြည့်များအရ ထိုလူတွေများသည် ယဲ့ဖန်အား သင်ခန်းစာပေးချင်ရုံတင် မဟုတ်ဘဲ သူ့အသက်ကို လိုချင်နေကြတာ ဖြစ်သည်။
ယဲ့ဖန်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။
ထိုလူများမှာ အတော်လေး ထောင်လွှားကြသည်။
တစ်ဖက်လူအား အပြာကားရိုက်ရန် အတင်းဖိအားပေးသည်ထိ အဆင်ပြေသေးသော်လည်း လမ်းပေါ်မှာပင် လူသတ်ရဲနေသည်။
မိန်းကလေး ဘယ်လောက်များများ သူတို့ဆီက အန္တရာယ်ပြုခံခဲ့ရသည်လဲဆိုတာ မသိနိုင်ချေ။
ယဲ့ဖန်၏ စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များ ပေါ်လာကာ သိက္ခာစောင့်ထိန်းမနေတော့ပေ။
ထိုလူများ ရှေ့တက်မလာခင် သူက အရင် လက်ဦးမှုရယူလိုက်သည်။
ယဲ့ဖန်သည် အလွန်မြန်သောကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့ရှေ့ရှိလူထံ ရောက်သွားသည်။
ထိုလူမှာ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် လည်ပင်းညှစ်ခံလိုက်ရသည်။
ယဲ့ဖန်က ထိုမျှနှင့်ရပ်မသွားပေ။
သူသည် ကျွဲခွန်အားကို သုံးကာ ဆက်လက် တိုက်ခိုက်လိုက်သည်။
ထိုလူ၏ ခန္ဓာကိုယ်လေပေါ်မြှောက်သွားကာ ပြန်ပြုတ်ကျလာ၏။
ဘန်း
ထိုသည်မှာ အိတ်အစုတ်တစ်လုံးမြေပေါ်ကျလာသလိုပင် ဖုန်တထောင်းထောင်း ဖြစ်သွားသည်။
ဖူး…
ထိုလူ၏ ပါးစပ်ထဲမှ သွေးများကျလာကာ အသံမထွက်ပဲ သတိလစ်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူများမှာ မျက်လုံးပြူးသွားကြသည်။
ကြောက်ဖို့ကောင်းလိုက်တဲ့အားပါလား။
ယဲ့ဖန်သည် ပထမလူကို ရှင်းပြီးချိန်မှာပင် သူ့နောက်မှ တစ်ယောက်သည် ယဲ့ဖန်၏ ခါးအား ဓားဖြင့် ထိုးလာသည်။
ထိုအချိန်၌ ယဲ့ဖန်မှာ မတ်တပ်ရပ်နေဆဲဖြစ်ကာ ထိုလူသည် အနောက်မှ တိုက်ခိုက်လာသောကြောင့် အလွန်အန္တရာယ်များသည်။
“သတိထား”
ရှချူး အလန့်တကြား အော်လိုက်မိသည်။
လူအုပ်ထဲမှ လူတစ်ချို့လည်း မျက်လုံးမှိတ်ထားကြကာ ဆက်မကြည့်ရဲကြတော့ပေ။
သို့သော် သူတို့၏ စိုးရိမ်မှုများမှာ မလိုအပ်ပေ။
ယဲ့ဖန်၏ နောက်စေ့၌ မျက်လုံးပါနေသည့်ပုံ ပေါ်သည်။
သူသည် မမြင်ရသော်လည်း ညာလက်ဖြင့် ထိုလူ၏ လက်ကောက်ဝတ်အား ဖမ်းဆွဲလိုက်ကာ လိမ်ချိုးလိုက်သည်။
ဂျွတ်
ဓားမှာမြေပေါ်ပြုတ်ကျသွားသည်။
ထို့နောက် ယဲ့ဖန် ထိုလူအား ကိုင်ပေါက်လိုက်တော့သည်။
ဘန်း
မြေကြီးပင် တုန်ခါသွားရသည်။
ထိုလူမှာလည်း ရှေ့မှလူလိုပင် အသံပင်မထွက်နိုင်ပဲ သတိလစ်သွားတော့သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၆ )
ဒါကဘယ်လို ချယ်ရီပန်းပွဲတော်မျိုးလဲ။ အရင်ကတစ်ခါမှမကြားခဲ့ဖူးဘူး။
ယဲ့ဖန် လူနှစ်ယောက်ကို သက်တောင့်သက်သာလေး ဖြေရှင်းလိုက်သည်။
မြင်ကွင်းမှာ အလွန်ထိတ်လန့်စရာ ဖြစ်နေသည်။
ဓားမြှောင်နှင့် ကျန်သုံးယောက်မှာလည်း နေရာ၌သာ ရပ်နေမိကြပြီး ရှေ့တက်ကာ တိုက်ရမည်ကို တွန့်ဆုတ်နေမိကြသည်။
သို့သော် ယဲ့ဖန်မှာတော့ သူတို့ကိုစဉ်းစားချိန် မပေးပေ။
ထိုသုံးယောက်ထံ ဝံပုလွေတစ်ကောင်လိုခုန်အုပ်လိုက်သည်။
ထိုထဲမှနှစ်ယောက်အား ဆံပင်မှဆွဲကာ ခေါင်းချင်းဆိုင်ပေးလိုက်သည်။
ဘန်း
ထိုနှစ်ယောက်မှာ ခုခံရန်အားပင် မထုတ်လိုက်ရဘဲ မြေပေါ်လဲကျသွားတော့သည်။
သူတို့၏ဦးခေါင်းအား ပြန်ကြည့်လိုက်ရာ ချိုင့်ပင်ချိုင့်သွားပြီး အလွန်ထိတ်လန့်ဖွယ် ကောင်းလှသည်။
ကျန်သည့်တစ်ယောက်သည်လည်း အလွန်ထိတ်လန့်သွားသဖြင့် လွတ်ရာကို ပြေးတော့သည်။
သို့သော် သူ ခြေလှမ်း မလှမ်းရသေးခင်မှာပင် ယဲ့ဖန် သူ့ကိုကန်လိုက်သည်။
ထိုလူလည်း ရထားဖြင့် တိုက်ခံရသကဲ့သို့ လဲကျသွားကာ ခန္ဓာကိုယ်မှာလည်း လေးငါးမီတာခန့်အဝေးသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။
လက်နက်ပါ လူသတ်သမားငါးယောက်မှာ ယဲ့ဖန်ထံမှ အချိန်ခဏလေးအတွင်း သုတ်သင်ခံလိုက်ရသည်။
သို့သော် လူများကို သိပ်မလန့်သွားစေချင်သောကြောင့် ယဲ့ဖန် သူ၏အားထဲမှ ၁၀% ကိုသာ ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက ထိုလူများကိုတစ်ချက်ထဲဖြင့် အသေသတ်လိုက်နိုင်သည်။
ဤအတိုင်းအတာကပင် လူတိုင်းကို ထိတ်လန့်စေနေလေသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှာပိန်ပါးပြီး ထိုငါးယောက်ထဲမှ ဘယ်သူမဆို သူ့ထက်ပိုသန်မာဟန် ပေါ်သည်။
ထို့အပြင် ထိုလူများထံ၌ လက်နက်ပါသော်လည်း ယဲ့ဖန်မှာတော့ လက်နက်မဲ့ဖြစ်သည်။
မည်သို့ပင်ကြည့်စေ ယဲ့ဖန်သည် သူတို့၏ ပြိုင်ဘက်မဟုတ်ချေ။
သို့သော်ရလဒ်သည် လူတိုင်းမမျှော်လင့်ထားသည့်အရာ ဖြစ်သွားသည်။
ထိုဓားမြှောင်နှင့် ငါးယောက်မှာ ယဲ့ဖန်ထံမှ လက်ဗလာနှင့်အသတ်ခံလိုက်ရသည်။
ထို့အပြင် ထိုငါးယောက်ထံ၌ ခုခံချိန်ပင် မရှိလိုက်ချေ။
“ဒီလူငယ်လေးက တိုက်ခိုက်တဲ့နေရာမှာ ဒီလောက်တော်လိမ့်မယ်လို့ မထင်ထားဘူး။ အက်ရှင်ကားတွေထဲက မင်းသားကျနေတာပဲ”
“အစောကဆို တော်တော်ကြည့်ကောင်းတယ်။ ရန်သူကို အသာလေးအနိုင်ယူလိုက်တာ”
“ငါတိုက်ကွမ်ဒိုသင်ဖူးတယ်။ ဒီကောင်လေးက ငါ့နည်းပြထက်တောင် ပိုတော်သေးတယ်”
“ဇာတ်ကားကြည့်နေရတာလား။ အစောက သူချသွားတာအရမ်းမမိုက်လွန်းဘူးလား။ ဘုရားရေ…”
ရှချူးနှင့်အစ်မဟုန်တို့မှာ ယဲ့ဖန်၏ နောက်ကျောအား အလန့်တကြား ကြည့်နေမိကြသည်။
အထူးသဖြင့် ရှချူးပင်ဖြစ်သည်။
ဒီလူကဘာလို့ ယဲ့ဖန်နဲ့ ပိုပိုပြီးတူလာရတာလဲ။
သူတို့နှစ်ယောက်က ဘာလို့ အဲ့လောက်တောင် တူနေရတာလဲ။
သူ့ရဲ့ ပြောပုံဆိုပုံ၊ လေသံနဲ့ တိုက်ခိုက်တဲ့ပုံစံကအစ ပုံစံတူခွက်တစ်ခုထဲ လောင်းထည့်ပြီးပုံသွင်းထားသလိုပဲ။
သူမကပဲ သူ့ကို အရမ်းလွမ်းနေမိတာကြောင့် မဟုတ်တာတွေ မြင်နေမိတာများလား။
တစ်ချိန်ထဲမှာပင် ရှချူးကိုလိုက်နှောင့်ယှက်ခဲ့သည့် ဂျပန်ကောင်မှာ ထုံထိုင်းနေလေသည်။
ထိုတရုတ်ကောင်လေးသည် ရှင်းရလွယ်လိမ့်မည်ဟု သူထင်ခဲ့တာ ဖြစ်သည်။
သို့သော် တရုတ်များမှာ ဤမျှလောက် အင်အားကြီးလိမ့်မယ်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ၏ နောက်လိုက်ငါးယောက်သည် တိုက်ခိုက်ရာ၌ အတော်လေးအတွေ့အကြုံရှိသူများဖြစ်သည်။
သာမန်လူသာဖြစ်ပါက လုံးဝမယှဉ်နိုင်ပေ။
သို့သော် ယခုအခါ တစ်စုံတစ်ယောက်ထံမှ အရှင်းခံလိုက်ရသည်။
ဒီလူက အရမ်းသန်မာလွန်းနေတာ မဟုတ်ဘူးလား။
သူ ထိတ်လန့်နေဆဲမှာပင် ယဲ့ဖန် သူ့ထံလျှောက်လာသည်ကို မြင်လိုက်ရသည်။
“မင်း… မလာနဲ့။ ငါပြောလိုက်မယ်၊ ငါက ရှိုကကိုင်ကလူနော်။ မင်းငါ့ကိုထိရဲရင် မင်းသေရလိမ့်မယ်”
ထိုလူမှာ အလွန်ထိတ်လန့်နေသောကြောင့် နောက်ပြန်ဆုတ်သွားသည်။
တစ်ချိန်ထဲမှာပင် ယဲ့ဖန်ကို ခြိမ်းခြောက်ရန်လည်း မမေ့ပေ။
ယဲ့ဖန်၏မျက်နှာထက်၌ ရန်စလိုသော အပြုံးတစ်ပွင့်ရှိနေသည်။
“ဘယ်က ရှိုကကိုင်လဲ။ ငါတော့ တစ်ခါမှမကြားဖူးဘူး။ ခင်ဗျားရဲ့ လက်ဆယ်ချောင်းလုံးကိုတောင် ထိပြီးနေပြီ။ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်မိတယ်”
ထိုလူ၏ လက်များမှာ တွဲလောင်းကျနေဆဲဖြစ်ကာ ယဲ့ဖန်အား မုန်းတီးမှုများနှင့် စိုက်ကြည့်နေသည်။
“ကိုယ်ခံပညာလေး နည်းနည်းပါးပါးတတ်တာနဲ့ အီဒိုမှာ ကြွားလုံးထုတ်လို့ရပြီ ထင်မနေနဲ့။ မင်း ရှိုကကိုင်က လူကိုလာထိရင် ဘယ်သူမှ မနက်ဖြန်ကို မမြင်နိုင်ဘူး”
ပတ်ဝန်းကျင်ရှိ လူများမှာလည်း ရှိုကကိုင်ဟူသော စကားကိုကြားပြီးနောက် အမူအရာများ ပြောင်းလဲသွားကြသည်။
“ဒီလူတွေက တကယ်ကြီး ရှိုကကိုင်ကလား။ သူအဲ့လောက်ထောင်လွှားနေတာ မအံ့ဩတော့ပါဘူး။ ဒီလူငယ်လေးတော့ ပြဿနာအကြီးကြီးတက်ပြီ”
“မင်းက ဒီမြို့ကမဟုတ်ဘူးမလား။ ဒီတော့ ရှိုကကိုင်ကိုမကြားဖူးတာ သဘာဝပါပဲ။ ရှိုကကိုင်ဆိုတာက လူထောင်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အီဒိုက ပုဂ္ဂလိကအဖွဲ့အစည်း။ ရာမာဂူချီ-ဂူမီဂိုဏ်းတို့ စူမီရိုးရှိကိုင်အဖွဲ့တို့နဲ့တောင် ယှဉ်လို့ရတယ်။ သူတို့ရဲ့ခွန်အားကိုလျှော့တွက်လို့မရဘူး”
“ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ စူမီရိုးရှိကိုင်အဖွဲ့တို့လို အဖွဲ့အစည်းကြီးတွေက သူတို့ရဲ့ပုံရိပ်ကို ဂရုစိုက်ကြသေးတယ်။ အဲ့သောကြောင့် သိပ်မရဲတင်းဘူး။ ဒါပေမယ့် ဒီ ရှိုကကိုင်ကတော့ ဘာမှဂရုမစိုက်တော့ ကြိုက်တာလုပ်ကြတယ်”
“ဟုတ်တယ်၊ ရှိုကကိုင်ရဲ့လက်အောက်မှာ အပြာကားတွေရိုက်တဲ့ကုမ္ပဏီတစ်ခုရှိတယ်လို့ ငါကြားဖူးတယ်။ သူတို့တွေက နည်းလမ်းပေါင်းစုံသုံးပြီး မိန်းကလေးတွေကို အပြာကားရိုက်ဖို့ အတင်းအကျပ်လုပ်ကြတာ။ သူတို့ကြောင့် မိန်းမကောင်းလေး ဘယ်နှစ်ယောက်လောက် ထိခိုက်ပြီးပြီလဲမသိဘူး”
“အဲ့မိန်းကလေးတွေက ဘာလို့ရဲမတိုင်ကြတာလဲ”
“ဘယ်သူကတိုင်ရဲမှာလဲ။ အရင်က အရှက်ကွဲတာကိုမခံနိုင်တဲ့ မိန်းကလေးတစ်ယောက်က ရဲတိုင်ခဲ့ဖူးတယ်။ အဲ့တာနဲ့ ရှိုကကိုင်ရဲ့ခေါင်းဆောင် တစ်ယောက်စစ်ဆေးခံလိုက်ရတယ်လေ။ ဒါပေမယ့်နောက်နေ့လဲကျရော ‘သက်သေမလုံလောက်’ ဆိုပြီး ပြန်လွတ်လာရော။ နောက်ရက်နည်းနည်းကြာတော့ အဲ့မိန်းကလေးရဲ့မိဘတွေ ကားအက်ဆီးဒင့် ဖြစ်ပြီးသေသွားတယ်…”
“ဘာ။ အဲ့တာ ရှိုကကိုင်အဖွဲ့ လုပ်လိုက်တာမလား”
“ပြောနေစရာလိုသေးလို့လား။ ငါကြားတာတော့ သူ့မိဘတွေကတန်းမသေပဲ ကားထဲကနေ ထွက်လာနိုင်သေးတယ်တဲ့။ ဒါပေမယ့် နောက်တစ်ကြိမ် သေတဲ့အထိ ထပ်တိုက်ခံလိုက်ရတာတဲ့။ တကယ် ဆိုးဆိုးဝါးဝါးသေသွားကြရတာ”
“နောက်တော့ရော…ဘာဖြစ်သွားလဲ”
“နောက်တော့ အဲ့တာကို သာမန်ကားမတော်တဆမှုလို့ပဲ သတ်မှတ်လိုက်ပြီး အဲ့မိန်းကလေးကိုလည်း စိတ်ကျန်းမာရေးဆေးရုံကို အတင်းပို့လိုက်ကြတယ်တဲ့။ သူအခုထိ အဲ့ကပြန်မထွက်လာနိုင်သေးဘူး”
“ဒီလူတွေကအရမ်းရက်စက်တာပဲ။ တကယ် နှလုံးသားမရှိတဲ့လူတွေ”
“ဟူး၊ ဘယ်တတ်နိုင်မှာလဲ။ မိန်းကလေးတစ်ယောက်ကို အပြာကားရိုက်ဖို့တောင် ပေါ်တင်ခေါ်ရဲတာကို သူတို့က ဘာကိုကြောက်နေဦးမှာလဲ…”
ရှချူးနှင့်အစ်မဟုန်တို့မှာ ထိုစကားဝိုင်းကိုနားထောင်ရင်း သူမတို့ မျက်နှာမှာပိုလို့ပင်အရုပ်ဆိုးလာသည်။
ကြည့်ရတာဒီကိစ္စက ဒီလောက်နဲ့ပြီးမယ့်ပုံမပေါ်ဘူး