အခန်း (၁၁၉၇-၁၂၀၀)
Vol. 60 Ch. 1197-1200
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၇ )
ဒီလောက်က ရှက်ဖို့မကောင်းသေးဘူးလား။
ယဲ့ဖန်၏အကြားအာရုံမှာ အလွန်ကောင်းသောကြောင့် အနားရှိလူများ ပြောနေသံကိုအတိုင်းသားကြားနေရသည်။
ထို့ကြောင့် ဤ ရှိုကကိုင်အား အကြမ်းဖျင်းနားလည်လိုက်သည်။
ထိုလူတွေနှလုံးသားမဲ့သည်ဟု ပြောသည်က အပိုမဟုတ်ပေ။
ဂျပန်ကောင်မှာ ယဲ့ဖန်အား ထောင်လွှားစွာ ကြည့်လာ၏။
“အခုလောက်ဆို ရှိုကကိုင်က ဘယ်လောက်အင်အားကြီးလဲဆိုတာ မင်းသိလောက်ရောပေါ့။ မင်းရဲ့စကေးတွေက သိပ်မဆိုးဘူးပဲ။ ငါ့ကို ဒူးထောက်ပြီးတောင်းပန်မယ်ဆိုရင် ငါမင်းကို ငါ့နောက်လိုက်အဖြစ်သတ်မှတ်ပေးမယ်”
ထို့နောက် ရှချူးနှင့်အစ်မဟုန်အား လက်ညှိုးထိုးလိုက်သည်။
“အဲ့နှစ်ယောက်နဲ့ ဇာတ်ကားရိုက်ဖို့စီစဉ်ပေးပြီး မင်းကို အချိန်ကောင်းလေးတွေ ဖန်တီးပေးနိုင်တယ်နော်၊ ဘယ်လိုလဲ”
ထိုလူ၏ စကားများကို ကြား၍ ရှချူးနှင့် အစ်မဟုန်တို့မှာ ထိတ်လန့်သွားရသည်။
အစော၌ ယဲ့ဖန်နှင့်တူသည့်လူမှ သူမတို့အတွက် ရပ်တည်ပေးခဲ့သော်လည်း ယခုတွင် ထိုလူဆိုးများ၏ သရုပ်အမှန်ကို သိသွားကာ သူအလျင်စလို မလုပ်ရဲလောက်တော့ပေ။
ယခုတစ်ဖက်လူမှ လက်ဦးမှုရယူကာ သူ့အပေါ် ဝေဆာသော ကမ်းလှမ်းမှုသစ်ကိုင်းများဖြင့် ဖြန့်ကျက်လိုက်ပြီဖြစ်ရာ ထိုမျှဆွဲဆောင်ခံရလျှင် သာမန်လူသာဖြစ်ပါက လုံးဝငြင်းနိုင်မည် မဟုတ်ပေ။
ယဲ့ဖန် သူမတို့ နှစ်ဦးအား ပြန်လှည့်ကြည့်ကာ ဂျပန်ကောင်အား ပြုံးပြလိုက်သည်။
“ဒီအခြေအနေ အတော်လေးဆွဲဆောင်အား ပြင်းနေတာပဲ။ ဒီလိုဆိုမှတော့ ခင်ဗျား အရင်က ဇာတ်ကားတွေအများကြီး ရိုက်ခဲ့ဖူးတာပဲဖြစ်ရမယ်”
ထိုလူ၏မျက်နှာထက်၌ ယုတ်မာသောအပြုံး တစ်ပွင့်ပေါ်လာ၏။
“ဒါပေါ့၊ မိန်းမလှလေးကိုတွေ့ရင် တစ်ခါတစ်လေ ငါကိုယ်တိုင်ရိုက်တယ်”
“မနေ့ကတောင် တစ်ယောက်နဲ့ရိုက်သေးတယ်။ သူက တော်တော်လေးလှတာ၊ ပြီးတော့ ပထမဆုံးအကြိမ်လေ။ ငါက သူ့ရဲ့ချယ်ရီလေးကို ပထမဆုံးဖောက်တဲ့သူပေါ့…”
ထိုအကြောင်းပြောနေချိန်တွင် ဂျပန်ကောင်မှာ မရှက်သည့်အပြင် တစ်စုံတစ်ခုကို အောင်မြင်လိုက်သလိုပင် ယုတ်မာစွာ ပြောနေခဲ့တာဖြစ်သည်။
ယဲ့ဖန်၏အပြုံး၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။
“အိုး၊ ဒါဆို ခင်ဗျားထိပါးခဲ့တာ ဘယ်နှစ်ယောက်လောက်ရှိလဲ”
ထိုလူခေါင်းစောင်းရင်း ခဏလောက် စဉ်းစားနေလေသည်။
“တွက်ရခက်တယ်။ တစ်ရာမပြည့်ရင်တောင် အနည်းဆုံး ရှစ်ဆယ်လောက်တော့ရှိမယ်။ မင်းငါ့နောက်ကို လိုက်မယ်ဆိုရင် အနာဂတ်မှာ မင်းလည်းအခွင့်အရေးကောင်းတွေ ရလာလိမ့်မယ်”
ယဲ့ဖန်၏အပြုံးမှာ တဖြည်းဖြည်းနှင့် အေးစက်လာသည်။
“ဒီလောက် မိန်းကလေးအများကြီးကို ထိပါးခဲ့တာဆိုတော့ ခင်ဗျားဘဝကို တော်တော် ကျေနပ်နေမှာပေါ့။ ကျန်တဲ့ဘဝ သက်တမ်းတစ်လျှောက်မှာ ခင်ဗျားရဲ့ ပြစ်မှုတွေကို ဖြည်းဖြည်းချင်း ကျေအောင် ဆပ်သင့်တယ်”
ထိုလူမှာ ခေါင်းရှုပ်သွားပုံရသည်။
ယဲ့ဖန် ဘာဆိုလိုသည်ကို နားမလည်ပေ။
သို့သော် သူချက်ချင်းသိလိုက်သည်။
ယဲ့ဖန် မြေပေါ်ကျနေသည့် ဓားမြှောင်တစ်ချောင်းကို ကန်လိုက်ကာ ပျံသန်းစေလိုက်သည်။
ဖူး
ထိုဓားမြှောင်မှာ ဂျပန်ကောင်၏ ပေါင်ခြံကို ထိုးစိုက်သွားပြီး သွေးများပန်းထွက်လာသည်။
ဂျပန်ကောင်မှာ စစချင်းပေါင်ခြံ၌ အေးစက်မှုကိုခံစားလိုက်ရပြီး သိပ်မကြာခင်မှာပဲ အသည်းခိုက်လောက်စရာ နာကျင်မှုကြီးပျံ့နှံ့လာသည်။
ထိုသည်မှာ အစောက လက်ဆယ်ချောင်းလုံး အချိုးခံရသည်ထက် ပိုပြီးနာကျင်၏။
“အား…”
ဂျပန်ကောင်လည်း သူ့ခွကြားကိုဆုပ်ကိုင်လိုက်ကာ ဒူးထောက်ရင်း အော်ဟစ်လာသည်။
သူ့လက်ချောင်းတွေကြားမှ သွေးများစီးကျလာသည်။
ဘေးရှိလူများမှာ ထိုမြင်ကွင်းကို မြင်ပြီးနောက် ထိတ်လန့်ကာ အော်ရယ်ချင်သွားရသည်။
တစ်ချိန်ထဲမှာပင် လန်းဆန်းသွားရသည်။
ဒီကောင်က မိန်းကလေးတွေအများကြီးကို စော်ကားခဲ့တာ အခုတော့ သင်းကွပ်ခံလိုက်ရပြီမလား။
သူ့လို တဏှာကြီးတဲ့သူအတွက် ဒီပြစ်ဒဏ်က အဆထောင်ပေါင်းများစွာ ပိုနာကျင်လောက်သည်။
ရှချူးနှင့် အစ်မဟုန်တို့မှာ အလန့်တကြား ပါးစပ်ကိုအုပ်မိသွားကြသည်။
သူတို့လည်း အလွန်စိတ်လုံခြုံသွားရသည်။
လူယုတ်မာက လူယုတ်မာနှင့်သာတန်သည်။ သူ့လိုအရှက်မရှိတဲ့လူအတွက် ပိုပြီးအရှက်မဲ့တဲ့နည်းလမ်းမျိုးကို သုံးဖို့လိုအပ်သည်။
လူတိုင်း၏မျက်လုံးထဲ၌ ယဲ့ဖန်ဟာ ဒုက္ခရောက်နေသည့်အမျိုးသမီးလေးတွေကို ကယ်တင်သည့်သူရဲကောင်းဖြစ်သွားသည်။
သူ့ပုံရိပ်မှာ အလွန်ပင် မြင့်မားသွား၏။
ထိုလူမှာ နာကျင်လွန်း၍ သတိလစ်လုနီးပါး ဖြစ်သွားပါသော်လည်း ယဲ့ဖန်ကို မုန်းတီးမှုကြောင့် နိုးနေစေရန် အကောင်းဆုံး ကြိုးစားနေရသည်။
“ခွေးကောင်လေး၊ မင်းကိုဒီနေ့ ငါ့လက်နဲ့သတ်ပစ်မယ်”
သူသည် ယဲ့ဖန်အား အာဃာတအပြည့်ဖြင့်ကြည့်ကာ သွားကြားထဲမှအသံဖြင့် တစ်လုံးချင်းပြောလာသည်။
သူ့လက်ချောင်းများထံမှ နာကျင်မှုကို လျစ်လျူရှုကာ အိတ်ကပ်ထဲမှ ဖုန်းထုတ်၍ တစ်စုံတစ်ယောက်ထံ ဖုန်းခေါ်လိုက်သည်။
ယဲ့ဖန်အချိန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ပုံမှန်ဆိုလျှင် သူသည် ထိုလူများနှင့် ကစားပေးရမည်ကို စိတ်ထဲမထားချေ။
သို့သော် ယခု သူ့ထံ၌ ချိန်းဆိုမှုတစ်ခုရှိနေရာ အချိန်ကျလုနီးပါးဖြစ်နေသောကြောင့် မြန်မြန်အပြတ်ရှင်းလိုက်သည်က ပိုကောင်းမည်။
ထိုသို့တွေးမိပြီး ဖုန်းထုတ်လျက် လုသောင်းချွမ်အား ဖုန်းခေါ်လိုက်သည်။
ရှိုကကိုင်မှ လူများ အမြန်ရောက်လာကြသည်။
အဝေးမှကြည့်လျှင် မော်တော်ဆိုင်ကယ်များနှင့် လူအယောက် လေးငါးဆယ်ခန့် လာနေကြတာဖြစ်သည်။
ဆိုင်ကယ်၏နောက်တွင် အနက်ရောင် ဗန်ကားများပါလာသည်။
ယာဉ်တန်းကြီးတစ်ခုလုံးမှာ သံမဏိချောင်းကြီးလိုပင် ဖိနှိပ်ချုပ်ချယ်သောခံစားချက်မျိုး ပေးစွမ်းနေသည်။
လမ်းမပေါ်ရှိကားများဟာလည်း အလန့်တကြားဘေးကပ်ပေးလိုက်ရသည်။
သိပ်မကြာခင်မှာပဲ ထိုယာဉ်တန်းကြီး သူတို့ရှေ့မှောက်သို့ရောက်လာ၏။
ဗွင်း၊ ဗွင်း၊ ဗွင်း…
ယဲ့ဖန်၊ ရှချူးနှင့် အစ်မဟုန်တို့ ဘေး၌ ဆိုင်ကယ်များလှည့်ပတ်နေသောကြောင့် မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းသွား၏။
“အာဝူး…”
လူရမ်းကားကဲ့သို့ ဝတ်ဆင်ထားသော လူတစ်စုမှာ ထူးဆန်းသော အော်သံများ ထုတ်လွှတ်နေသောကြောင့် ကြောက်တတ်သူများဆိုလျှင် အလွန်ထိတ်လန့်သွားလောက်သည်။
ဆိုင်ကယ်တစ်စီးပေါ်၌ အနည်းဆုံး လူနှစ်ယောက်ပါ၏။
ဗန်ကားထဲ၌လည်း လူများစွာထွက်လာသည်။
မကြာခင်မှာပင် ပတ်ပတ်လည်၌ လူအပြည့်ဖြစ်သွားသည်။
ဤတစ်ကြိမ်တွင်တော့ ရှိုကကိုင်မှ အနည်းဆုံး လူလေးငါးရာခန့်လွှတ်လိုက်သည်။
အစကဒီတိုင်းရပ်ကြည့်နေသူများမှာလည်း အဝိုင်းခံလိုက်ရသည်။
သူတို့အစောထဲက သိလိုက်သင့်တာ။
သူတို့ဒီပွဲကို ရပ်ကြည့်မနေခဲ့သင့်ဘူး။
သူတို့ထိုပွဲ၌ မပါသွားဖို့ကိုသာ မျှော်လင့်နေမိကြသည်။
ရှချူးနှင့်အစ်မဟုန်တို့မှာ ယခင်က ထိုမြင်ကွင်းမျိုးတစ်ခါမှ မမြင်ဖူးသောကြောင့် မျက်နှာများဖြူဖျော့ကုန်ကြသည်။
ယဲ့ဖန်သာ မျက်နှာထားမပြောင်းပဲရှိနေတာဖြစ်သည်။
ရှိုကကိုင်မှသူများအား သူ အေးစက်စက်သာ ကြည့်နေလိုက်သည်။
ထို့နောက် အနက်ရောင်လည်သာဂျတ်ကတ် ဝတ်ထားသည့်ထိပ်ပြောင်ပြောင်နှင့်လူ တစ်ယောက် လူအုပ်ထဲမှထွက်လာသည်။
ပထမဆုံး လဲသွားသည့် နောက်လိုက်ငါးယောက်အား ကြည့်ကာ ယဲ့ဖန်ထံမှသင်းကွပ်ခံလိုက်ရသည့် သူအားကြည့်လိုက်သည်။
သူ၏အမူအရာမှာ ပိုလို့ပင်အရုပ်ဆိုးသွားသည်။
ဂျပန်ကောင်မှာ ထိပ်ပြောင်နှင့်လူကို မြင်ပြီး ကယ်တင်ရှင်ကိုတွေ့လိုက်ရသလိုဖြစ်သွားသည်။
“ဥက္ကဌ၊ ကျွန်တော့်အတွက် လက်စားချေပေးပါ”
ထိပ်ပြောင်မှာ ခေါင်းကုတ်လိုက်သည်။
“အမှိုက်လိုကောင်တွေ၊ လူတွေဒီလောက် အများကြီးကိုတောင် သူ့ကိုနိုင်အောင် မရိုက်နိုင်ဘူးလား”
ဂျပန်ကောင်၏မျက်နှာမှာ မျက်ရည်တွေပြည့်နေသည်။
“ဒီကလေးရဲ့ကိုယ်ခံပညာက တော်တော်ပြင်းတယ်။ ကျွန်တော်တို့ မတိုက်နိုင်ဘူး”
ထိပ်ပြောင်မှာတော့ သူ့ကိုထပ်ကြည့်မနေတော့ပေ။ သူယဲ့ဖန်အား ပြန်ကြည့်လိုက်သည်။
“ငါ့လူတွေကို မင်းတစ်ယောက်တည်း ချလိုက်တာလား”
ယဲ့ဖန်ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်”
ထိပ်ပြောင်၏မျက်လုံးတွေ ကျဉ်းမြောင်းသွားရသည်။
“သူတို့က ရှိုကကိုင်ကမှန်း မင်းသိလား”
ယဲ့ဖန်ခေါင်းထပ်ညိတ်ပြလိုက်သည်။
“ချပြီးတော့သိလိုက်တယ်”
ထိပ်ပြောင်းလည်းခေါင်းညိတ်လိုက်၏။
“နားလည်လို့တော့ရပါတယ်၊ မင်းလူတွေ အများကြီးကိုချလိုက်တာဆိုတော့ ငါလည်း ထိုင်ကြည့်နေလို့မရတော့ဘူးပေါ့။ ဒီလိုလုပ်ရင်ရော။ မင်းခြေဖြစ်ဖြစ် လက်ဖြစ်ဖြစ်ချိုးလိုက်ရင် ငါမင်းကို အသက်ချမ်းသာပေးမယ်”
ထိပ်ပြောင်ဘေးရှိလူမှာ အလွန်စိတ်ပျက်သွားဟန်ရသည်။
“ဥက္ကဌ၊ သူကျွန်တော်တို့လူတွေအများကြီးကို ထိခိုက်အောင်လုပ်ထားတာကို… ပြီးတော့ သင်းကွပ်လိုက်သေးတယ်။ ကျွန်တော်တော့ သူ့ကိုလွှတ်မပေးနိုင်ဘူး။ သူဒီနေ့ သေကိုသေရမယ်”
ထိပ်ပြောင်မှာ ထိုလူအားအေးစက်စက် ကြည့်လိုက်သည်။
“ပါးစပ်ပိတ်ထား။ မင်းကိုယ်မင်း မရှက်ဘူးလား”
ထိုလူမှာမကျေနပ်ပါသော်လည်း ပါးစပ်ပိတ်လိုက်ရသည်။
ထိပ်ပြောင် ယဲ့ဖန်ကိုပြန်ကြည့်လိုက်သည်။
“ကောင်းပြီ၊ အမြန်လေးလုပ်လိုက်ရအောင်”
ယဲ့ဖန် ထိုထိပ်ပြောင်အား စိတ်ဝင်တစား ကြည့်လိုက်သည်။
“ခင်ဗျား ဒီကိစ္စဖြစ်ရတဲ့အကြောင်းရင်းကို မမေးတော့ဘူးလား။ အခုကိစ္စမှာ ခင်ဗျားတို့ဘက်က အရင်မှားတာ…”
ထိပ်ပြောင်မှာ လက်တစ်ဖက်ထောင်လျက် ကြားဖြတ်ပြောလာ၏။
“မှန်တာမှားတာက ငါ့အတွက်အရေးမကြီးဘူး။ အရေးကြီးတာက ငါကမင်းထက်ပိုသန်မာတယ်။ ဒီတော့ မင်းငါ့စကားကိုနားထောင်ရမယ်”
ယဲ့ဖန်သူ့စကားကိုကြားတော့ အပြုံးမှာပိုလို့ပင်တောက်ပလာ၏။
“ပိုသန်မာတယ်ဆိုတိုင်း ကြိုက်တာလုပ်လို့ ရရောလား”
ထိပ်ပြောင်က လက်ဖြန့်ပြလိုက်သည်။
“ဒါပေါ့၊ မေးနေစရာလိုသေးလို့လား။ အားကြီးတဲ့သူက အားနည်းသူကိုနိုင်တာ သဘာဝပဲလေ။ ငါကမင်းထက်ပိုအင်အားကြီးတယ်၊ ဒီတော့ မင်းငါ့စကားကိုနားထောင်ရမယ်။ မင်းက ငါ့ထက်ပိုသန်မာတယ်ဆိုရင် ငါမင်းစကားကိုနားထောင်မယ်”
“....”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၈ )
သန်မာရင် ကြိုက်တာလုပ်လို့ရတယ်မလား။
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပြီ”
ထိပ်ပြောင်၏ မျက်နှာထက်ရှိ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားကာ အေးစက်သော အငြှိုးတရားများဖြင့် ပြည့်နှက်သွားသည်။
“ကောင်းပြီ၊ ပေါက်ကရတွေမပြောနဲ့တော့။ အမြန်လုပ်လိုက်ရအောင်။ ငါ့ကိုလှုပ်ရှားရအောင်မလုပ်နဲ့။ ငါသာလုပ်ရင် မင်းခြေတစ်ချောင်း လက်တစ်ချောင်းပဲ ဆုံးရှုံးရမှာမဟုတ်ဘူး”
ဤတစ်ကြိမ်တွင်တော့ ရှချူး ယဲ့ဖန်ရှေ့၌ ပိတ်ရပ်လိုက်သည်။
သူမ ထိပ်ပြောင်အား ကြည့်လိုက်သည်။
“ဒီကိစ္စက ကျွန်မကြောင့်ဖြစ်ရတာ။ သူနဲ့ဘာမှမဆိုင်ဘူး၊ သူ့ကိုလွှတ်ပေးလိုက်ပါ။ ရှင်တို့ဖြစ်စေချင်တာအကုန် ကျွန်မလုပ်ပေးမယ်”
သူမအသံမှာတုန်ယင်နေကာ ကြောက်လန့်နေသည်မှန်း သိသာလှသည်။
သူမကိုယ်သူမလည်း ထိုလူဆိုးတစ်အုပ်နှင့် ရင်ဆိုင်ရဲသည့်သတ္တိရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ၏သတ္တိကြောင့် ထိုနေရာမှလူတိုင်း သူမကိုကြည့်လိုက်ကြမိသည်။
ထိပ်ပြောင်လည်း သူမအား ပြုံးဖြဲဖြဲ လုပ်ပြလာသည်။
“သေချာပေါက် မင်းကိုလည်း မလွှတ်ပေးပါဘူး။ ဒါပေမယ့် သူ့ကိုလည်း မလွှတ်ပေးနိုင်ဘူး။ ဒီကောင်က ငါ့လူတွေကို ဒဏ်ရာရအောင်လုပ်ခဲ့တာတောင် ငါက သူ့ခြေတစ်ချောင်း လက်တစ်ချောင်းပဲ ပြန်ချိုးတာ။ အဲ့တာတောင် တော်တော်သက်ညှာရာကျနေပြီ သိရဲ့လား”
ရှချူး ယဲ့ဖန်အား အမြန်လှည့်ကြည့်လိုက်သည်။
“ကျွန်မဘက်ကရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက်မသိကြဘူးလေ။ ကျွန်မရှင့်ကိုဆွဲမချချင်ဘူး။ သူတို့ကို ကျွန်မထိန်းထားလိုက်မယ်၊ ရှင်ပြေးတော့။ ရှင့်အားနဲ့ဆို ဒီကနေရုန်းထွက်နိုင်မှာ”
ယဲ့ဖန်သူမ၏သေးသွယ်သောခန္ဓာကိုယ်လေးအားကြည့်လိုက်သည်။
အနုပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ကိုယ်အလေးချိန်ထိန်းလေ့ရှိရာ ပေါင် ၉၀ဝန်းကျင်သာရှိပါသော်လည်း ‘ကျွန်မသူတို့ကို ထိန်းထားလိုက်မယ်’ ဆိုသောစကားအား ပြောထွက်လာသည်။
ထိုစကားကသူ့အားပျော်ရွှင်စေသလို ထိရှသွားစေသည်။
“စိတ်မပူပါနဲ့။ လူရာကျော်လေးပဲကို၊ မင်းတို့က ငါ့ကိုခြောက်ချင်တာလား။ ဒီလူတွေကို လေတစ်ချက်ချွန်လိုက်တာနဲ့ ပြာမှုန်တွေဖြစ်အောင်လုပ်ပစ်လို့ရတယ်ဆိုတာ သိရဲ့လား”
ယဲ့ဖန် ရှချူးအား မျက်စိတစ်ချက်မှိတ်ပြလိုက်သည်။
လေတစ်ချက်ချွန်ရင်တောင် ပြာမှုန်ဖြစ်အောင်လုပ်နိုင်တယ်တဲ့လား။
ရှချူးမျက်တောင်တစ်ဖျတ်ဖျတ်ခတ်ရင်း သူမနားကြားမှားသည်ဟု တွေးမိသွားသည်။
အဲ့တာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူ့ဘေးရှိထိပ်ပြောင်မှာတော့ အော်ရယ်မိသွားသည်။
“ငါအရင်က ငကြွားတွေမြင်ဖူးပေမယ် ဒီလောက်ကြွားတဲ့ကောင်ကိုတော့ အခုမှ မြင်ဖူးတာ။ ဝီစီတစ်ချက်မှုတ်လိုက်တာနဲ့ ငါလူတွေကပြာမှုန်တွေဖြစ်သွားမယ်ပေါ့။ ဒါဆိုလည်းကြည့်ရသေးတာပေါ့။ စောက်ငကြွား၊ ဟားဟား…”
သူ့နောက်မှ ရှိုကကိုင်အဖွဲ့ဝင်များလည်း အော်ရယ်လာကြသည်။
“ဒီကလေးကတော့ တကယ်အကြွားသန်တာပဲ။ သေအောင်ကြောက်နေပြီပဲဖြစ်ရမယ်”
“အလှလေးရှေ့မို့ သန်မာချင်ယောင်ဆောင်နေတာ။ သူ့ကို ဖော်ထုတ်နေစရာတောင်မလိုတော့ဘူး…ဟားဟား”
“ဒီကလေးကတော့ အကြောက်လွန်ပြီး ပေါက်ကရတွေလျှောက်ပြောကုန်ပြီ။ ငါတို့ရဲ့ တံတွေးတွေနဲ့တောင် မင်းကိုရေနှစ်သတ်ပစ်လို့ရတယ်ကွ”
“ကလေးလေး၊ ထပ်ကြွားပါဦး။ မင်းငါတို့ကို ဘယ်လိုပြာဖြစ်အောင်လုပ်မလဲ သိချင်နေပြီ…”
ယဲ့ဖန်အားရန်စမှုများမှာ အတောမသတ်တော့ပေ။
ယဲ့ဖန်ပြုံးလိုက်ကာ လက်ညှိုးနှင့်လက်မကို ပါးစပ်နားတေ့ကာ မှုတ်လိုက်သည်။
“ဝှီး…”
ကျယ်လောင်သောလေချွန်သံထွက်ပေါ်လာသည်။
လူတိုင်းပဟေဠိဖြစ်နေစဉ်မှာပဲ လမ်းထောင့်မှ တောခုတ်ဓားတစ်လက်ကိုင်ထားသည့် လူတစ်ယောက်ထွက်လာသည်။
ထိုလူထံ၌ဆံပင်ရှည်များရှိပြီး နှုတ်ခမ်းထောင့်စွန်း၌ စီးကရက်တစ်လိပ်ကို ကိုက်ခဲထားသည်။
သူသည် အတော်လေး ကြည့်ကောင်းပြီး ကံနဂါးအဖွဲ့အစည်း၏ ဒုဥက္ကဌ စူချီယွမ်ဖြစ်သည်။
သူထွက်ပေါ်လာပြီးနောက် တောခုတ်ဓားကိုင်ထားသည့် နောက်လူတစ်ယောက်ထပ်ထွက်လာသည်။
ထို့နောက် သုံးယောက်…. ထိုလမ်းထောင့်မှ လူများစွာ ထွက်လာသည်။
ဝှစ်….
လူများစွာထွက်လာကာ အဆုံးကိုပင်မမြင်ရတော့ချေ။
သူတို့တစ်ဦးချင်းစီသည် တောခုတ်ဓားတစ်လက်ကိုကိုင်ဆောင်ထားကြပြီ ရှေ့တက်လာကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း မယုံနိုင်ဖြစ်သွားရသည်။
ခဏလေးအတွင်း ဒီလောက်စစ်ကူတွေ အများကြီးခေါ်လိုက်နိုင်တယ်လား။
ဒါကြီးက အရမ်းချဲ့ကားလွန်းရာကျမနေဘူးလား။
ရှချူးနှင့်အစ်မဟုန်တို့မှာ ယဲ့ဖန်အား ကြောင်တောင်တောင်ကြည့်နေမိကြသည်။
ထိုလူသည် ထိုလောက်ထိ အင်အားကြီးလိမ့်မည်ဟု သူမတို့ မထင်ထားပေ။
ခဏလေးအတွင်းမှာပင် လူအများကြီးကို စုလိုက်နိုင်သည်။
ထိပ်ပြောင်၏ မျက်နှာထက်ရှိအပြုံးမှာ အေးခဲသွားရသည်။
“မင်းက ကံနဂါးအဖွဲ့အစည်းကလား”
သူ့နောက်လိုက်များပင်လျှင် မျက်နှာများ ကြည့်ရဆိုးသွားကြသည်။
သူတို့ မလှုပ်ရှားနိုင်ခင်မှာပင် ကံနဂါးအဖွဲ့အစည်းမှလူများမှာ သူတို့ရှေ့သို့ ရောက်နေကြပြီဖြစ်သည်။
လူတစ်ထောင်ပင် မကပေ။
တစ်ခဏအတွင်းမှာပဲ ရှိုကကိုင်မှာ ဝန်းရံခံလိုက်ရသည်။
စူချီယွမ်သည် လူအုပ်ကြားထဲမှ ယဲ့ဖန်ကိုမြင်ပြီး ခဏကြောင်သွားသည်။
သူသည် ချက်ချင်း မမှတ်မိလိုက်ပေ။
ယဲ့ဖန် သူ့အား မျက်စိမှိတ်ပြကာ အဓိပ္ပာယ်ပါသည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။
စူချီယွမ်သာ သူ့ကို မှတ်မိသည်ဖြစ်ရာ ယဲ့ဖန်၏ရုပ်ဖျက်နိုင်စွမ်းကို သူအတော်ပင် အံ့ဩမိသွားရသည်။
သို့သော် မျက်နှာထက်၌ ထုတ်မပြလိုက်ပေ။
ထိပ်ပြောင်၏မျက်နှာထားမှာ ခဏတိုင်း ပြောင်းလဲနေရာ အဆုံး၌ သူအားတင်း၍ ပြုံးလိုက်သည်။
“ဥက္ကဌ စု၊ ဒါကဘာကိုဆိုလိုတာလဲ။ ကျွန်တော်တို့ ခင်ဗျားကိုတစ်ခုခု အပြစ်ပြုမိလို့လား”
စူချီယွမ်သည် ဓားကို ပုခုံးပေါ်တင်လိုက်ကာ ပါးစပ်ထဲကစီးကရက်ကိုတော့ နောက်လက်တစ်ဖက်ဖြင့်ကိုင်လိုက်သည်။
ထို့နောက်ထိပ်ပြောင်ထံ အငွေ့မှုတ်ထုတ်လိုက်သည်။
“ကျွန်တော်တို့က ဥက္ကဌလုရဲ့အမိန့်ကို လုပ်ပေးရုံပါပဲ”
ထိပ်ပြောင်မှာ တောင်းပန်ဟန်ပြုံးပြလိုက်သည်။
“ကျွန်တော်တို့ ဥက္ကဌလုကိုလည်း အပြစ်မပြုမိပါဘူး”
စူချီယွမ်သရော်လိုက်သည်။
“မင်းက ဥက္ကဌလုကိုတော့ အပြစ်မပြုပါဘူး။ ဒါပေမယ့် ဥက္ကဌလုရဲ့အကျိုးတော်ဆောင်ကို အပြစ်ပြုလိုက်မိတယ်လေ”
“အကျိုးတော်ဆောင်”
ထိပ်ပြောင်မှာ ယဲ့ဖန်အားချက်ချင်း လှည့်ကြည့်လိုက်သည်။
ဒီတရုတ်က လုသောင်းချွမ်ရဲ့ အကျိုးတော်ဆောင်လား။
ထိုသို့တွေးမိကာ နဖူးထက်၌ ချွေးပြန်လာတော့သည်။
ဂျပန်မှာရှိတဲ့ အကြီးဆုံးတရုတ်ဂိုဏ်းတစ်ခုဖြစ်သောကြောင့် ကံနဂါးအဖွဲ့အစည်း၌ အဖွဲ့ဝင် သောင်းချီရှိသည်။
ထိုသည်မှာ ရှိုကကိုင်မှ ထိပါးလို့ရသည့်အရာတစ်ခုမဟုတ်ပေ။
“ဥက္ကဌစု၊ အထင်လွဲတာပါ။ အကုန်အထင်လွဲတာပါ…”
ထိပ်ပြောင်မှာ တည်ငြိမ်မနေနိုင်တော့ပဲ ရှင်းပြဖို့ကြိုးစားလာသည်။
သို့သော် စူချီယွမ်ဟာတော့ သူ့ကိုမျက်နှာသာမပေးပဲဖြတ်ပြောလာ၏။
“အထင်လွဲတာမကလို့ဘာဖြစ်ဖြစ် ကျုပ်နဲ့မဆိုင်ဘူး။ ယဲ့လူကြီးမင်းနဲ့ပဲဆိုင်တယ်”
“ကျုပ်တို့ဥက္ကဌက ယဲ့လူကြီးမင်းရဲ့အမိန့်ကို နာခံဖို့မှာလိုက်တယ်။ သူခိုင်းတာဘာမဆို ကျုပ်ကလုပ်ရမှာပဲ”
ထိပ်ပြောင်မှာ နဖူးမှချွေးများကို အမြန်သုတ်ကာ မျက်လုံးများဝေ့ဝိုက်သွားသည်။
ထို့နောက် ရုတ်ချည်းဆိုသလို သူ့လူတစ်ယောက်ထံမှ ဓားကိုဆွဲယူကာ သင်းကွပ်ခံထားရသည့် သူ၏ ဗိုက်အား ထိုးလိုက်သည်။
ဤဖြစ်ရပ်မှာ အလွန် ရုတ်တရက်ဆန်သောကြောင့် လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
ဘာတွေဖြစ်ကုန်တာလဲ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၉ )
ရက်စက်တဲ့သူ တော်တော်များများကိုမြင်ဖူးပေမယ့် ဒီလောက်ရက်စက်တဲ့သူကိုတော့ တစ်ခါမှမမြင်ဖူးဘူး။
“ဥက္ကဌ… မင်း…”
ထိုဂျပန်ကောင်၏မျက်လုံးထဲ၌ မယုံနိုင်မှုများဖြင့်ပြည့်နေသည်။
သူသည် သူ့ဥက္ကဌ၏ လက်ထဲ၌တစ်နေ့ကျသေရလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိဖူးချေ။
“ငါ့ကိုအပြစ်မတင်နဲ့။ အပြစ်တင်ချင်ရင် မင်းကိုယ်မင်းအပြစ်တင်။ ဘယ်သူက မင်းကို ရန်မစသင့်တဲ့သူကို ရန်သွားစခိုင်းလို့လဲ။ ငါ့ကိုပါပြဿနာတက်အောင်လုပ်လိုက်သေးတယ်”
ထိပ်ပြောင်နှင့်လူမှာ ထိုသို့ရက်စက်စွာပြောရင်း လက်ထဲမှဓားကို နှစ်ကြိမ်လှည့်လိုက်သည်။
ဂျပန်ကောင်၏မျက်နှာထက်၌ နာကျင်သော အမူအရာပေါ်လာသော်လည်း အမြန်ပင် အေးခဲသွားကာ ခန္ဓာကိုယ်လည်း သွေးအိုင်ထဲ လဲကျသွားသည်။
သူမသေခင် နောင်တရမိသွားသည်။
ယဲ့ဖန်သူ့ကိုအခွင့်အရေးပေးခဲ့တုန်းကသာ သူရပ်တန့်ခဲ့လျှင် ဒီအဆင့်ထိရောက်မည် မဟုတ်ပေ။
ကံမကောင်းစွာနှင့် သူထိုအခွင့်အရေးကို လက်မခံပဲ ဘဝကိုစွန့်လွှတ်ခဲ့မိသည်။
ချလွမ်
ထိပ်ပြောင်မှာ လက်ထဲမှဓားကိုလွှတ်ချပြီး ယဲ့ဖန်ရှေ့၌ဒူးထောက်လိုက်သည်။
“ယဲ့လူကြီးမင်း၊ ကျွန်တော် ဒီကောင့်ဆီကနေ လှည့်စားခံလိုက်ရသောကြောင့် လူကြီးမင်းကို အပြစ်ပြုခဲ့မိတာပါ။ လူကြီးမင်းရဲ့ဒေါသကို ပြေစေဖို့အတွက် ကျွန်တော်ကိုယ်တိုင် သူ့ကိုသတ်လိုက်ပါပြီ။ ကျွန်တော့်ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါရစေ”
ပွဲကြည့်နေသူများမှာ ထိုလူ၏ရက်စက်မှုကြောင့်ဆွံ့အသွားကြသည်။ အသက်ရှင်ဖို့အတွက် ဘာမဆို လုပ်ရဲလေသည်။
မြင်ကွင်းမှာ ရုတ်ခြည်းတိတ်ဆိတ်သွားသည်။
လူတိုင်း၏ အကြည့်မှာ ယဲ့ဖန်ပေါ်သို့ ရောက်လာသည်။
လက်ရှိ၌ ဤလူသား၏စကားတစ်ခွန်းက လူများစွာ၏ကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်သည်။
လူတိုင်းအကြည့်အောက်၌ ယဲ့ဖန်၏ အမူအရာကတော့မပြောင်းလဲပေ။
သူသည် ခေါင်းငုံ့ကာ ထိပ်ပြောင်အား ကြည့်လိုက်သည်။
“ငါမင်းကို လွှတ်ပေးလို့ရတယ်”
ထိပ်ပြောင်မှာ အလွန်ပျော်သွားပြီး ယဲ့ဖန်ကို ကျေးဇူးတင်လာသည်။
သို့သော် ယဲ့ဖန်မှ ဆက်ပြောလာသည်။
“မင်းရဲ့ခြေ ဒါမှမဟုတ် လက်တစ်ဖက်ကို ဖြတ်လိုက်မယ်ဆိုရင် ငါမင်းကို အသက်ချမ်းသာပေးမယ်”
ထိပ်ပြောင်မှာ မျက်နှာမဲ့သွားရသည်။ အဲ့တာ သူပြောခဲ့တဲ့စကားမလား။
“ယဲ့လူကြီးမင်း…”
သူတစ်ခုခုပြောချင်ပါသော်လည်း ယဲ့ဖန်က ဖြတ်ပြောလာ၏။
“မင်းပဲပြောခဲ့တာလေ။ ကမ္ဘာကြီးက အားကြီးသူကအနိုင်ရမှာဆို။ အခု ငါကမင်းထက်ပိုအင်အားကြီးသွားပြီ။ ဒီတော့မင်းအသက်ရှင်ချင်ရင် မင်းရဲ့ခြေလက်တွေကိုအရင်ချိုးလိုက်”
ထိပ်ပြောင်မှာ ယဲ့ဖန်၏ခိုင်မြဲသည့်သဘောကို မြင်တော့ သူထပ်ပြောနေလည်း အသုံးမဝင်ဘူးဆိုတာကို သိလိုက်သည်။ သို့သော် သူတကယ်ကြီးကိုယ်ခြေထောက်ကို ကိုယ်ပြန်မချိုးရဲပေ။
သူတုံ့ဆိုင်းနေတာကိုမြင်တော့ စူချီယွမ်တစ်ယောက် စိတ်မရှည်စွာ ဆော်ဩလိုက်သည်။
“အမြန်လုပ်လေ၊ ငါကူပေးရမလား။ ငါကူပေးရင်တော့ ခြေထောက်ချိုးတာလောက် မရိုးရှင်းလောက်ဘူးနော်”
ထိပ်ပြောင်ဘေးပတ်လည်ကိုကြည့်လိုက်တော့ ကံနဂါးအဖွဲ့အစည်းမှလူများဖြင့် ပြည့်နေပြီး လွတ်မြောက်နိုင်ရန် နည်းလမ်းမရှိသည်ကိုမြင်လိုက်ရသည်။
သူ့မှာလူရာကျော်ရှိပြီး လောင်းကြေးတစ်ခုခု လုပ်နိုင်ပါသော်လည်း ရှုံးသွားပါက ဤမျှမရိုးရှင်းနိုင်ပေ။
ထိုအကျိုးဆက်ကိုသူလက်မခံနိုင်သောကြောင့် အစောကသူသတ်ခဲ့သည့်ဓားကိုမကာ ညာခြေထောက်ကိုရွယ်လိုက်သော်လည်း သူမလုပ်ရဲပေ။
ယဲ့ဖန်လက်ကောက်ဝတ်မှနာရီကိုကြည့်လိုက်သည်။
“ငါ့မှာအချိန်မရှိဘူး။ သုံးစက္ကန့်အချိန်ပေးမယ်။ ခြေထောက်ပဲဖြတ်မလား အသက်ပဲ အသေခံမလားရွေး”
”သုံး”
“နှစ်”
“တစ်…”
ယဲ့ဖန်နောက်ဆုံးနံပါတ်ကိုအော်လိုက်ချိန်၌ ထိပ်ပြောင်တစ်ယောက်အံတင်းတင်းကြိတ်ကာ ဓားဖြင့်ခုတ်ချလိုက်သည်။
ဓားမှာပေါင်ကိုခုတ်မိသွားပေမယ့် အရိုးခံနေသောကြောင့် တစ်ချက်ထဲနှင့် ဖြတ်မရပေ။
ထိုသို့ဆိုလျှင်တောင် သွေးများမှာ ချောင်းသဖွယ်စီးကျလာသည်။
“အား..”
ထိပ်ပြောင်ထံမှ အော်သံနက်ကြီးထွက်ပေါ်လာကာ နာကျင်မှုကြောင့်မျက်နှာရှုံ့တွသွားသည်။
ရှချူး၊ အစ်မဟုန်နှင့်၊ ရပ်ကြည့်နေသူများမှာ ဆက်မကြည့်နိုင်တော့သောကြောင့် တစ်ဖက်လှည့်သွားကြသည်။
သို့သော် ထိုလူ၏အော်သံကြောင့် သူတို့ထိတ်လန့်နေကြဆဲဖြစ်သည်။
တစ်ချိန်ထဲမှာပဲ ယဲ့ဖန်၏အညှာတာမဲ့မှုကြောင့် အံ့ဩသွားရသည်။
ရှိုကကိုင်ဟာ ပြစ်မှုတွေအများကြီး ကျူးလွန်ခဲ့သောကြောင့် ထိုက်တန်သည်မှာ မှန်သော်လည်း ဤအပြစ်ဒဏ်က အနည်းငယ်ပြင်းထန်သည်။
ယဲ့ဖန်ထိုလူအားအေးစက်စွာကြည့်လိုက်ကာ ပြောလာသည်။
“ဆက်လုပ်လေ”
ထိပ်ပြောင်မှာ ယဲ့ဖန်အားမော့ကြည့်လာသည်။
သူ့မျက်လုံးများထဲ၌ နတ်ဆိုးတစ်ကောင်ကို မြင်နေရသကဲ့သို့ ကြောက်ရွံ့မှုအပြည့်ဖြင့် ဖြစ်နေလေသည်။
ဤကဲ့သို့သွေးထွက်သံယိုမြင်ကွင်းမျိုးကို မြင်သည့်ဘယ်သူမဆို သက်တောင့်သက်တာ မဖြစ်နိုင်ပေ။
သို့သော်သူ့ရှေ့မှထိုလူငယ်လေးဟာတော့ မျက်တောင်တစ်ချက်ပင်မခတ်ပဲ ထိုကဲ့သို့သောစကားမျိုးကို ပြောနိုင်သည်။
သူလူရောဟုတ်ရဲ့လား။
ထိုလူမလှုပ်သည်ကိုမြင်တော့ ယဲ့ဖန် အေးစက်စွာလှောင်ရယ်လိုက်သည်။
“ကျုပ်ကူပေးရမလား”
“မ မ မလိုပါဘူး။ ကျ… ကျွန်တော့်ဘာသာ လုပ်ပါ့မယ်”
ထိပ်ပြောင်မှာ အရိုး၌စိုက်နေသည့်ဓားကို ဆွဲထုတ်လိုက်တော့ ထပ်မံ၍နာကျင်မှုကို ခံစားလိုက်ရသည်။
“အား…”
ထို့နောက် ဓားကိုလက်ကကိုင်ကာ အချိန်အတော်ကြာရွယ်နေပြီး အဆုံး၌ အော်ဟစ်ကာခုတ်ချလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ဓားဟာညှပ်မနေတော့ပေ။
ထိပ်ပြောင်နှင့်လူလည်း သတိလစ်သွားတော့သည်။
ယဲ့ဖန် ထိုလူကိုထပ်မကြည့်တော့ပဲ ခေါင်းမော့ကာ ရှိုကကိုင်မှလူများကို ကြည့်လိုက်သည်။
ဤလူတစ်စုဟာ ယဲ့ဖန်နှင့်အကြည့်ချင်းဆုံတော့ ခေါင်းငုံ့သွားကြသည်။
သူတို့ထဲက အများစုမှာ သေးပင် ထွက်ကျကုန်သည်။
သူတို့ ယခင်က ရက်စက်သူတွေ အများကြီးမြင်ဖူးပါသော်လည်း ဤမျှရက်စက်သည့်သူကိုတော့ မမြင်ဖူးချေ။
“ဒီနေရာမှာပဲ ငါကြေညာလိုက်မယ်။ ရှိုကကိုင်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ”
ယဲ့ဖန်၏ အသံမှာသတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသောကြောင့် ထိုနေရာရှိ လူများမှာ အသက်ပဲရဲရဲပင် မရှူရဲချေ။
အထူးသဖြင့် သူပြောလိုက်သည့်စကားမှာ လူတိုင်းကိုဆွံ့အသွားစေသည်။
ရှိုကကိုင်ဂိုဏ်း၌ အဖွဲ့ဝင်ထောင်ချီရှိသည်။
ဖျက်သိမ်းမည်ဆိုလျှင်တောင် ဥက္ကဌ သို့မှမဟုတ် ဂိုဏ်းမှ ရာထူးကြီးသူတစ်ယောက်ယောက် ကြေညာရမည်ဖြစ်သည်။
သို့သော် ယခုတွင်တော့ ယဲ့ဖန်ကိုယ်တိုင် တိုက်ရိုက်ဖျက်သိမ်းလိုက်သည်ဖြစ်ရာ သူတို့ကို သည်းမခံနိုင်ဖြစ်သွားစေသည်။
သို့ပေမဲ့ ယခုလောလောဆယ် မည်သူမျှ မေးခွန်းမထုတ်ရဲပေ။
ဥက္ကဌဖြစ်သူတောင် သေလားရှင်လား မသိရသေးတာ ဘယ်သူက ပြန်ပြောရဲမှာလဲ။
“မင်းတို့ကောင်တွေဘာရပ်လုပ်နေတာလဲ။ ယဲ့လူကြီးမင်းပြောတာမကြားဘူးလား။ ရှိုကကိုင်ဂိုဏ်းက ဖျက်သိမ်းခံလိုက်ရပြီ။ လိုအပ်တာတွေသွားလုပ်ချည်”
စူချီယွမ်တစ်ယောက် ရှိုကကိုင်မှလူများ ကြောင်တောင်တောင်ရပ်နေသည်ကို မြင်တော့ မောင်းထုတ်လိုက်သည်။
ရှိုကကိုင်မှလူများမှာ ရွေးချယ်စရာမရှိပဲ လူခွဲလိုက်ရသည်။
ထိပ်ပြောင်နှင့်လူကို ဆေးရုံပို့ရဲသည့် လူတစ်ချို့ရှိနေရာ ယဲ့ဖန် သူတို့ကိုတော့ တားမနေတော့ပေ။
သိပ်မကြာခင်မှာပဲ ရှိုကကိုင်ဂိုဏ်းမှာ လူစုကွဲသွား၏။
ပွဲကြည့်နေသူများမှာ ပါးစပ်အဟောင်းသားဖြစ်နေရသည်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရှိုကကိုင်က ဒီလိုပဲပျက်သွားပြီပေါ့။
ကလေးကစားနေသလို ထင်ရသော်လည်း အမှန်ပင်ဖြစ်သည်။
လူတိုင်း ရှိုကကိုင်အားဖျက်သိမ်းလိုက်သည့် လူငယ်လေးအား လျှို့ဝှက်စွာကြည့်ကာ နှလုံးသားထဲ၌ ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်သွားသည်။
ရှချူးနှင့်အစ်မဟုန်တို့လည်း အလားတူပင် အံ့ဩသွားရသည်။
သေးငယ်တဲ့အငြင်းပွားမှုလေးက ဂိုဏ်းတစ်ဂိုဏ်းကိုပျက်သွားစေသည်အထိ ကြီးသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ဒါတွေအကုန်လုံးက သူမတို့ရှေ့က လူငယ်လေးရဲ့ကျေးဇူးကြောင့်သာဖြစ်သည်။
စူချီယွမ်သည် ယဲ့ဖန်အား လေးစားစွာကြည့်လိုက်မိသည်။
သူသည် အမြဲကိုယ့်ကိုယ်ကိုယ် ရက်စက်လှပြီ ထင်နေပါသော်လည်း ထိုလူငယ်လေးနှင့် ယှဉ်လျှင် သူသည် ဖြူစင်သည့် ကြာပန်းဖြူလေးသာဖြစ်သည်။
ဒီလူငယ်လေးရဲ့ရက်စက်မှုက ကြက်သီးများပင်ထလာစေသည်အထိပင် ဖြစ်သည်။
အနာဂတ်၌ ဧကရာဇ်ကို အပြစ်ပြုရမယ် ဆိုလျှင်ပင်တောင်မှ ထိုလူငယ်လေးကိုတော့ အပြစ်မပြုမိရန် သူ့ကိုယ်သူသတိပေးလိုက်မိသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၀၀ )
သုံးရက်သုံးည ပြောရင်တောင် သူဘယ်လောက်ကောင်းလဲဆိုတာ ပြောပြလို့မပြီးဘူး။
အမှန်တော့ သူတို့ကို တကယ်ထိတ်လန့်စေခဲ့သည့် သတင်းမှာ ဒီမနက်၌ ယဲ့ဖန်သည် အီဒိုရာမာဂူချီ-ဂူမီဂိုဏ်းထံမှ တိုက်ခိုက်ခံရသည်ဆိုသည့် သတင်းပင်ဖြစ်သည်။
ထို့အပြင် ရာမာဂူချီ-ဂူမီဂိုဏ်းမှာ အထူးချွန်ဆုံးဖြစ်သည့် ယာမတအုပ်စု ကို စေလွှတ်ခဲ့တာဖြစ်သည်။
သို့သော်ရလဒ်က လူတိုင်းကိုအံ့ဩသွားရစေသည်။
ယာမတအုပ်စု ၏ ထူးချွန်သူ အယောက်တစ်ရာကျော်မှာ လူတစ်ယောက်တည်းကိုတိုက်ခိုက်ခဲ့တာ ဖြစ်သော်လည်း အဆုံး၌သူတို့အားလုံး အရှင်းခံလိုက်ရသည်။
ထိုသတင်းပြန့်သွားသည်နှင့် အီဒို ၌ အက်တမ်ဗုံးတစ်ခုကျဲချလိုက်သလိုပင် ဖြစ်သည်။
ယခုဆိုလျှင် အီဒို ရှိဂိုဏ်းကြီးများအားလုံး ထိုသတင်းကိုကြားပြီးပြီဖြစ်ရာ ဤလူငယ်လေးအကြောင်း လိုက်စုံစမ်းနေကြပြီဖြစ်သည်။
ယဲ့ဖန်နှင့် ကံနဂါးအဖွဲ့အစည်းတို့ ဆက်ဆံရေးကောင်းကြသည်ဆိုသော သတင်းကိုဘယ်ကကြားလာသလဲ မသိပေ။ ကံနဂါးအဖွဲ့အစည်းအား ခေါ်လာကြသည်။
ဥက္ကဌလု ထိုသတင်းကို ကြားချိန်၌ အံ့ဩလွန်းပြီး ရေပါသီးသွားရသည်။
ယဲ့ဖန်တစ်ယောက်တည်း အီဒို ရာမာဂူချီ-ဂူမီဂိုဏ်းကိုစိန်ခေါ်ခဲ့ပြီး ယာမတအုပ်စု တစ်ခုလုံးကို အပြတ်ရှင်းခဲ့သည်။
ဒီလိုခွန်အားမျိုးက တကယ်သာမန်မဟုတ်ချေ။
ထို့ကြောင့်ပဲ ယဲ့ဖန်၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်၌ သူလူထောင်ချီပို့ပေးလိုက်ခြင်းဖြစ်သည်။
ထိုသည်မှာ ယဲ့ဖန် သူ့ကိုကူညီပေးခဲ့သောကြောင့် မဟုတ်ပေ။
ပိုအရေးကြီးသည်က သူ ထိုနတ်ဘုရား၏ သတ်ဖြတ်သည့်စွမ်းရည်ကို မျက်နှာလိုမျက်နှာရလုပ်ချင်တာဖြစ်သည်။
သူတို့ထံ၌ ယဲ့ဖန်၏အကူအညီသာရှိလျှင် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့်ရင်ဆိုင်ရသည့်အခါ ကံနဂါးအဖွဲ့အစည်းအနေနှင့် အနည်းငယ်ပို၍ယုံကြည်မှုရှိနိုင်သည်။
“ယဲ့လူကြီးမင်း၊ ကိစ္စမရှိတော့ရင် ကျွန်တော်တို့အရင်ပြန်နှင့်ပါမယ်။ ခိုင်းစရာရှိရင် အချိန်မရွေးလှမ်းခေါ်လိုက်လို့ ရပါတယ်”
စူချီယွမ်ယဲ့ဖန်အား ဂရုတစိုက်ပြောလိုက်သည်။
“ကောင်းပါပြီ၊ ဥက္ကဌလုကို ကျွန်တော့်ကိုယ်စားကျေးဇူးတင်ပေးပါ။ ကျွန်တော်အားမှ ထမင်းလိုက်ကျွေးပါ့မယ်လို့”
ယဲ့ဖန်ခေါင်းညိတ်ကာပြောလိုက်သည်။
စူချီယွမ်လည်း ဘာမှထပ်ပြောမနေတော့ပဲ ကံနဂါးအဖွဲ့အစည်းမှလူတွေကိုခေါ်ကာ ထွက်ခွာလာလိုက်သည်။
ထိုလူထောင်ကျော်ထွက်ခွာသွားတော့ နေရာမှာအများကြီးကျယ်သွားသည်။
ဘေးပတ်လည်ရှိလူအုပ်လည်း တဖြည်းဖြည်းနှင့်လူစုကွဲသွားကာ ဘာဖြစ်ခဲ့သည်ဆိုတာကို ဆွေးနွေးနေကြသည်။ ယနေ့ဖြစ်ခဲ့သည့် အဖြစ်အပျက်မှာ သူတို့ဘဝတစ်လျှောက် ကြွားလုံးထုတ်စရာဖြစ်သည်။
ရှချူးယဲ့ဖန်ထံလျှောက်လာကာ ကျေးဇူးတင်စွာကြည့်လိုက်သည်။
“လူကြီးမင်း၊ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ရှင်သာမကယ်ရင် အကျိုးဆက်ကတော့ တကယ်မတွေးရဲစရာပဲ”
သူမ အစောကမြင်ကွင်းကို ပြန်စဉ်းစားကြည့်လျှင် ယခုထိ ရင်တဒိတ်ဒိတ်ခုန်နေဆဲပင်ဖြစ်သည်။
ဘေး၌ရပ်နေသည့်အစ်မဟုန်လည်း ထိတ်လန့်နေဆဲဖြစ်ကာ မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်နေမိသည်။
ယဲ့ဖန်၏မျက်နှာထက်၌ ကျီစယ်လိုသော အပြုံးတစ်ပွင့်ပေါ်လာသည်။
“ကျွန်တော်မင်းတို့ကို ဒီလောက်တောင် ကူညီပေးထားတာ၊ ကျွန်တော့်ကို ဘာပြန်လုပ်ပေးမှာလဲ”
“အာ”
ရှချူးကြောင်သွားသည်။ တစ်ဖက်လူက လက်ယမ်းပြပြီး ဘာမှမဖြစ်ပါဘူးဟု ပြောလာမည်ဟု သူမထင်ခဲ့တာဖြစ်သည်။ ဒီလိုပြောလာလိမ့်မည်ဟုမထင်ထားပေ။
“ကျွန်မ… ထမင်းလိုက်ကျွေးမယ်လေ”
သူမစဉ်းစားကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော်က မင်းတို့ကိုအသက်ကယ်ပေးခဲ့တာတောင်မှ ထမင်းတစ်နပ်နဲ့အဝေးပို့လိုက်တော့မလို့လား”
ယဲ့ဖန်တမင်သက်သက်ပင် သူမကို စနောက်နေလိုက်သည်။
“ပိုက်ဆံပေးလို့လဲရပါတယ်။ လိုချင်တဲ့ပမာဏကိုသာပြောလိုက်ပါ”
ရှချူးခေါင်းလေးစောင်းကာ ခဏစဉ်းစားရင်း ဆက်ပြောလိုက်သည်။
“ကိုယ့်ပုံစံကပိုက်ဆံလိုနေတဲ့ပုံပေါ်လို့လား”
ယဲ့ဖန်သူမကိုဆက်လက်စနောက်နေလိုက်သည်။
ရှချူးမှာ ယခုမှအခက်တွေ့နေရသည်။
တစ်ဖက်လူက ဖုန်းတစ်ချက်ခေါ်လိုက်ရုံနှင့် လူအများကြီးကိုခေါ်လိုက်နိုင်သောကြောင့် ထိုလူမှာအလွန်အင်အားကြီးလောက်သည်။
သူမပေးမည့်ပိုက်ဆံကိုလည်း သေချာပေါက် မလိုလောက်ပေ။ ဒါပေမယ့် ပိုက်ဆံကလွဲရင် သူမမှာပေးစရာဘာရှိလို့လဲ။
“ဒါ…ဒါဆိုရှင်ဘာလိုချင်လို့လဲ”
သူမတကယ်ကိုဘာမှမစဉ်းစားတတ်တော့ပေ။
ထို့ကြောင့် ယဲ့ဖန်ကိုသာ မေးလိုက်သည်။
“ကိုယ်မင်းကိုလိုချင်တယ်… ကိုယ့်ကောင်မလေးလုပ်ပါလား”
ယဲ့ဖန် သူမကိုမေးလိုက်သည်။
ရှချူး၏မျက်နှာနီရဲသွားကာ လက်ယမ်းပြလိုက်သည်။
“မရဘူး”
ယဲ့ဖန် လူယုတ်မာပြုံး ပြုံးပြလိုက်သည်။
“ဘာလို့လဲ။ ကိုယ်ကအရမ်းတော်တာနော်။ လူတစ်ထောင်ကို ကြိုက်တဲ့အချိန် ခေါ်နိုင်ရုံတင်မကဘူး၊ အရမ်းလည်း ချမ်းသာသေးတယ်။ မင်းသာ ကိုယ့်မိန်းကလေးလုပ်ရင် ကျန်တဲ့ဘဝတစ်လျှောက်လုံး မင်းလက်ညှိုးညွှန်ရာ ရေဖြစ်စေရမယ်”
ရှချူး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ဤသို့ ပြောလာသည်က တခြားသူသာဆိုလျှင် သူမတန်းပြီး လှည့်ထွက်သွားပြီ ဖြစ်သည်။
သို့သော်တစ်ဖက်လူက သူမကိုကယ်ခဲ့သည့်လူဖြစ်နေသည်။
သူမသည် အနည်းနှင့်အများတော့ လိုက်လျောညီထွေ ဖြစ်အောင်နေပေးရမည်။
ထို့ကြောင့် တည်ငြိမ်စွာပြန်ပြောလိုက်သည်။
“ရှင်က တကယ်လည်းတော်ပါတယ်။ ဒါပေမယ့် ကျွန်မမှာ သဘောကျရတဲ့သူ ရှိပြီးသားပါ”
ယဲ့ဖန် မျက်ခုံးပင့်သွားရသည်။
“မင်းမှာ ကြိုက်တဲ့သူရှိတယ်လား။ သူက ဘာလုပ်တာလဲ”
ရှချူးမှာ တစ်စုံတစ်ခုကိုတွေးမိသွားပုံပေါ်သည်။
သူမ၏မျက်နှာထက် ချိုမြိန်သောအပြုံးလေးပေါ်ပေါက်လာသည်။
“သူ…သူကကျောင်းသားပဲရှိပါသေးတယ်”
ယဲ့ဖန်နှုတ်ခမ်းများ တင်းသွားရသည်။
“ကျောင်းသားတစ်ယောက်က ဘာကောင်းလို့လဲ။ ငယ်သေးတဲ့အပြင် အားကိုးလို့လဲမရဘူး။ ပိုပြီးရင့်ကျက်တာက ပိုကောင်းတာပေါ့”
ရှချူး၏အသံမှာ မကျေနပ်သည့်ဟန်ရသည်။
“သူကသာမန်ကျောင်းသားမဟုတ်ဘူး။ ငယ်သေးတယ်ဆိုပေမယ့် သူ့အစွမ်းအစနဲ့ ရှာထားတဲ့ကိုယ်ပိုင်စီးပွားရေးရှိပြီးသား။ သူကအရမ်းသန်မာတဲ့အပြင်… သူ့ကောင်းကြောင်းထိုင်ပြောရမယ်ဆိုရင် သုံးရက်သုံးညတောင်မလောက်ဘူး”
ဘေး၌ရပ်နေသည့်အစ်မဟုန်မှာ သူမလက်မောင်းကို အမြန်ဆွဲကာ ပြောလိုက်ရသည်။
“အိုက်ယိုး၊ အရမ်းချွဲ့နွဲ့လွန်းနေပြီ”
ယဲ့ဖန် ရှချူးအား ကြောင်ကြည့်နေမိသည်။
သူမမျက်လုံးထဲ၌ သူသည် ထိုလောက်တောင် ပြည့်စုံနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယဲ့ဖန်၏မျက်နှာ နီလာသည်။
“အဟမ်း၊ သူကအဲ့လောက်တော်နေမှတော့ ဘေးနားမှာမိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာပေါ့။ သူ့မှာ ကောင်မလေးရှိလား”
ယဲ့ဖန် အမြန်ပင် ခံစားချက်ကို ထိန်းချုပ်လိုက်ကာ ဆက်လက်ပြီး အတည်ပြုလိုက်သည်။
“ရှိတယ်”
ရှချူး စိတ်ပျက်စွာ ပြောလိုက်သည်။
“သူ့မှာ ကောင်မလေးရှိနေတာကို မင်းက ကြိုက်တုန်းလား”
“ကျွန်မ သူ့ကို စောင့်နေမှာ”
“ဘာလို့ သူ့ကို စောင့်နေမှာလဲ။ လမ်းခွဲတာကိုလား။ သူတို့ လမ်းမခွဲကြရင်ရော”
“အဲ့တာဆိုလည်း ဆက်စောင့်နေမှာ။ သူ့ကို တစ်သက်လုံး စောင့်နိုင်တယ်”
ရှချူး တုံ့ဆိုင်းမနေပဲ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
ယဲ့ဖန် သူမကို ကူကယ်ရာမဲ့စွာကြည့်လိုက်မိသည်။
“မင်းက ငါ့လို ထူးချွန်တဲ့လူကို လက်လျှော့ပြီး မဖြစ်နိုင်တဲ့ တစ်စုံတစ်ယောက်ကိုပဲ စောင့်နေမယ်ပေါ့”
ရှချူး ယဲ့ဖန်ကို ကြည့်လာသည်။
“ရှင်နားမလည်ပါဘူး”
ယဲ့ဖန်မှာ ပြောစရာစကားမဲ့သွားရသည်။
သူ အစ်မဟုန်ကိုသာ လှည့်ကြည့်လိုက်သည်။
“မင်းက သူ့အစ်မလား..မင်းညီမ ပြဿနာရှာနေတာကို ဒီတိုင်းပဲကြည့်နေတော့မှာလား။ ဘာလို့သူ့ကို မဖြောင်းဖျတာလဲ”
အစ်မဟုန် လက်ဖြန့်ပြကာ မကျေမချမ်းပြောလာသည်။
“ကျွန်မစကားကို နားထောင်ရင်တော့ သိပ်ကောင်းတာပေါ့”
ယဲ့ဖန် ထပ်ပြောချင်သော်လည်း ဖန်းကျန်းဝူထံမှ စာရောက်လာသည်။
သူမ ချိန်းဆိုထားသည့်နေရာသို့ ရောက်နေပြီဟု ပြောထားသည်။
ထို့ကြောင့် သူစကားလုံးတွေကို မြိုချလိုက်ကာ ရှချူးအားလှည့်ကြည့်လိုက်သည်။
“မင်းဖုန်းပေး”
“ဘာလုပ်မလို့လဲ”
ရှချူး ခေါင်းရှုပ်သွားသော်လည်း ဖုန်းပေးလိုက်သည်။
ယဲ့ဖန် ဂျပန်မှ သူ၏ ဖုန်းနံပါတ်အသစ်ကို မှတ်ပေးလိုက်ကာ သူမထံ ပြန်ပေးလိုက်သည်။
“မိန်းကလေးနှစ်ယောက်တည်း ဂျပန်မှာနေတာ အရမ်းအန္တရာယ်များတယ်။ အဲ့သောကြောင့်တစ်ခုခုအန္တရာယ်ကြုံရရင် ကျွန်တော့်ဆီ ဖုန်းဆက်လိုက်။ ကိစ္စရှိသေးလို့ အရင်သွားနှင့်မယ်”
ထိုသို့ပြောကာ သူမတို့နှစ်ဦးအား လက်ပြလျက်ထွက်ခွာလာလိုက်သည်။