← Chapters

အခန်း (၁၂၀၁-၁၂၀၄)

Vol. 61 Ch. 1201-1204

အခန်း (၁၂၀၁-၁၂၀၄)

Vol. 61 Ch. 1201-1204

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၀၁ )

အချင်းချင်း မသိကြတဲ့ ချစ်ရသူနှင့် ဆုံစည်းမှု

အစ်မဟုန်သည် ထွက်သွားသော ယဲ့ဖန်၏ကျောကို ကြည့်နေသည်။

သဘောကျသည့် အရိပ်အယောင် သူမ၏မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။

" ဒီလူက အရမ်းသဘောကျစရာကောင်းတာပဲ။ ညီမလေး ဘာလို့ သူ့ကို သဘောမကျတာလဲ "

ရှချူး သူမကို စိုက်ကြည့်လိုက်သည်။

" ဘာလို့လဲ။ အစ်မ ချစ်မိသွားလို့လား။ ဒါဆို သူ့အနောက်ကို လိုက်သွားနိုင်တယ်။ အဲ့ကျ အစ်မတို့ကို လက်နှစ်ဖက်လုံးနဲ့ ဂုဏ်ပြုပေးမယ် "

အစ်မဟုန် မျက်လုံးကို ဝေ့လိုက်သည်။

" သူက ရှရှကို သဘောကျနေတာလေ။ ကျွန်မကဖြင့် အသက်ကြီးနေပါပြီ။ အဲ့တာကို သူက ဘယ်လိုလုပ် အစ်မကို စိတ်ဝင်စားမှာလဲ "

ရှချူးသည် အစ်မဟုန်၏ ပါးကို ညှစ်လိုက်သည်။

" ဘယ်သူပြောတာလဲ။ အစ်မက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်တော့ အသားအရေလေးကအစ ကလေးလေးလိုပဲ။ ဘာလို့ မကြိုက်ရမှာလဲ "

အစ်မဟုန် သူမ၏ပါးကို ကိုင်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

" အမှန်ပဲ။ နှစ်တိုင်း ပိုက်ဆံတွေ အများကြီးသုံးပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ထားတာ။ အနာဂတ်ကျ အစ်မကို ဘယ်ကောင်စုတ်လေး ရသွားမလဲ မသိဘူး "

အစ်မဟုန်သည် ငယ်စဉ်က သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ဖူးသည်။

သူမသည် လှပသောကြောင့် တီဗီဇာတ်လမ်းတွဲကြီးတစ်ခု၌ အရန်အဓိကမင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ဖူးသည်။

ထိုဇာတ်လမ်းတွဲ ရုပ်သံလွှင့်သည့်အခါ သူမသည် အဓိကမင်းသမီးထက်ပင် အာရုံစိုက်ခံရသည်။

ထို့နောက် ကုမ္ပဏီမှ အစ်မဟုန်အား ချမ်းသာသော လုပ်ငန်းရှင်တစ်ဦးဖြင့် ညစာစားခိုင်းသည်။

သူမသည် ထိုလူအား တစ်ညတာပေးဆပ်ပါက တစ်ဖက်လူမှ သူမအား ငွေကြေးများစွာ ထောက်ပံ့မည်ဖြစ်ကြောင်း သူတို့ဘက်မှ ပြောလာသည်။

အစ်မဟုန်သည် ချက်ချင်း ငြင်းဆိုလိုက်ပြီး ထိုကိစ္စကြောင့် ကုမ္ပဏီမှ အပယ်ခံရသည်။

အဆုံး၌ ကုမ္ပဏီသည် သူမအား ၅နှစ်တာ ဘာမှလုပ်မပေးခဲ့ပေ။

အလုပ်အားလုံး ဆိုင်းငံ့ခံရသည်။

သူမ အချိန်ပိုင်းအလုပ်များ လုပ်လျှင်ပင် ကုမ္ပဏီနှင့် ကင်းလွတ်အောင်နေသည်။

သူမနှင့် ထိုကုမ္ပဏီတို့၏ စာချုပ်ကုန်သွားသောအခါ သူမ၏ စိတ်အားညှိုးငယ်သွားရသော နှလုံးသားသည် သူမ မင်းသမီးဖြစ်စဉ်ကလောက် စိတ်အားထက်သန်မှု မရှိတော့ပေ။

တိုက်ဆိုင်စွာဖြင့် သူမသည် နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီမှ အထွေထွေမန်နေဂျာဖြင့် သိသောကြောင့် နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီ၌ အေးဂျင့်အဖြစ် အလုပ်ဝင်ခဲ့သည်။

ငယ်စဉ်ကတည်းမှ အခြေခံ အသားအရေထိန်းသိမ်းမှု အလွန်ကောင်းမွန်ခဲ့သည့်အပြင် သူမသည်လည်း သေချာ ဂရုစိုက်သောကြောင့် သူမသည် အသက်လေးဆယ်နီးပါးရှိသော်လည်း ချစ်စရာကောင်းနေဆဲ ဖြစ်သည်။

" ရှချူး၊ နင် သူ့ကိုလွတ်သွားရင် ပြန်တွေ့ဖို့ ခဲယဉ်းလောက်တယ်။ သူ့ကို အဆက်အသွယ်လုပ်သင့်တယ် ထင်တယ် "

အစ်မဟုန်သည် အစောက ယဲ့ဖန်၏ သူရဲကောင်းဆန်သော စွမ်းဆောင်မှုကို ပြန်လည် အမှတ်ရနေခဲ့သည်။

သူမသည် တုန်လှုပ်နေရင်းဖြင့် ရှချူးအား ဆက်လက်သွေးဆောင်နေသည်။

" အစ်မဟုန်၊ မပြောနဲ့တော့။ ညီမ ဘယ်လိုခံစားရလဲ သိတယ်မလား။ ယဲ့ဖန်က လွဲလို့ တခြားဘယ်သူ့ကိုမှ မကြိုက်ချင်ဘူး "

ရှချူး၏ သဘောထားမှာ တင်းမှာနေသည်။

အစ်မဟုန် အနည်းငယ် အကူအညီမဲ့သွားသည်။

" ယဲ့ဖန်က ထူးချွန်ပေမယ့် သူ့ဘေးမှာ မိန်းကလေးတွေ အများကြီးရှိတယ်။ ရှရှက သူ့အငယ်အနှောင်း မလုပ်သင့်ဘူးမလား "

" ဘာလဲ၊ သူ့နှလုံးသားထဲမှာ ရှိနေသရွေ့ အဲ့လိုဖြစ်လည်း ရပါတယ် "

ရှချူး ဂရုမစိုက်စွာ ပြောလိုက်သည် ။

" နင်ကတော့ တကယ်ပဲ ...... "

အစ်မဟုန်သည် သူမကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စည်းရုံးခဲ့ပြီးဖြစ်ရာ သူမ မည်မျှပင် ပြောနေပါစေ ထိုသည်မှာ အသုံးမဝင်ကြောင်းကို သိလေသည်။

" ဒါဆို နင်ရဲ့ ဖန်အစ်ကိုကြီးကိုပဲ စောင့်နေလိုက်တော့။ ငါ့ကို အဲ့ကိုလူချောရဲ့ ဖုန်းနံပါတ်ကိုပေး။ နင် သူ့ကို မလိုက်ရင် ငါလိုက်မယ် "

ထိုသို့ ပြောပြီးနောက် ရှချူး၏ ဖုန်းကိုယူကာ ယဲ့ဖန်ပေးခဲ့သော နံပါတ်ကို ရှာလိုက်သည်။

..................................................

ယဲ့ဖန်နှင့် ဖန်းကျန်းဝူတို့သည် ကော်ဖီဆိုင်၌ တွေ့ရန် ချိန်းဆိုထားသည်။

ကော်ဖီဆိုင်သည် မကြီးသော်လည်း တိတ်ဆိတ်လေသည်။

သို့သော် ယဲ့ဖန် ဆိုင်ထဲသို့ ဝင်လာပြီးနောက် ဖန်းကျန်းဝူကို မတွေ့ချေ။

ဟမ်

သူမ ရောက်ပြီဆိုပြီး ဖုန်းဆက်တယ် မဟုတ်ဘူးလား။

သန့်စင်ခန်းကို သွားတာများလား။

ယဲ့ဖန်သည် အနည်းငယ် ဝေခွဲမရဖြစ်နေပြီး ထိုင်ရန် နေရာရှာလိုက်သည်။

ပျင်းလာ၍ ဘေးပတ်ဝန်းကျင်ကိုပင် လှည့်ပတ်ကြည့်နေတော့သည်။

သူ၏ မျက်နှာချင်းဆိုင်၌ ထိုင်နေသော အတော်လှသည့် မိန်းကလေးတစ်ဦး အနက်ရောင်မျက်မှန်ဝိုင်းကြီး တပ်ထားသည်ကို မြင်လိုက်ရသည်။

သူမသည် အနက်ရောင်အမျိုးသမီး ရုံးဝတ်စုံကို ဝတ်ထားပြီး အနက်ရောင်ဒေါက်မြင့်ဖိနပ်ဖြင့် အသားရောင်ခြေကပ်ကို ဝတ်ထားသည်။

သူမသည် တစ်စုံတစ်ဦးကို စောင့်နေသကဲ့သို့ ပြတင်းပေါက်ဘက်ကို ကြည့်နေသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ အကြိမ်အနည်းငယ် ကြည့်မိသည်။

ထိုမိန်းကလေးသည် ယဲ့ဖန်၏အကြည့်ကို ခံစားမိပြီး သူ့ကို ပြန်လှည့်ကြည့်လာသည်။

ယဲ့ဖန်သည် မူလ၌ အချိန်ကုန်စေရန် သူမကို ကြည့်နေခြင်းသာ ဖြစ်သော်လည်း ခဏကြာလာပြီးနောက် သူမကို စိုက်ကြည့်နေသည်မှာ ပူပြင်းလာသည်။

သူ၏ အကြည့်သည့် သူမ၏ မျက်နှာစီမှ အသားရောင်အသားကပ်စီသို့ ရောက်ရှိသွားကာ အဆက်မပြတ် စိုက်ကြည့်နေမိသည်။

အမျိုးသမီး၏ မျက်လုံးများ၌ ရွံရှာမှုများ ပြည့်နှက်လာသည်။

သူမသည် နှာမှုတ်လိုက်ပြီး တစ်ဖက်ကို လှည့်သွားသည်။

ယဲ့ဖန်သည်လည်း အောင်နိုင်သူအပြုံးဖြင့် အဝေးသို့ အကြည့်လွှဲလိုက်တော့သည်။

သူ အချိန်ကို ကြည့်လိုက်သည့်အခါ ချိန်းဆိုထားသောအချိန်ထက် ကျော်လွန်သွားလေသည်။

ထို့ကြောင့် ဖုန်းကိုထုတ်ပြီး ဖန်းကျန်းဝူကို ခေါ်လိုက်သည်။

ထူးဆန်းစွာဖြင့် သူနှင့် ဘေးတစ်စောင်းမျက်နှာချင်းဆိုင်၌ ထိုင်နေသော အမျိုးသမီး၏ ဖုန်းမှာလည်း အသံမြည်လာတော့သည်။

ယဲ့ဖန် သူမကို ကြည့်လိုက်မိသော်လည်း သိပ်၍ မတွေးမိချေ။

ထိုအချိန်တွင် ဖုန်းမှာ ချိတ်ဆက်သွားပြီး ဖုန်းတစ်ဖက်မှ ဖန်းကျန်းဝူ၏အသံ ချက်ချင်း ထွက်ပေါ်လာသည်။

" သခင်ကြီး၊ အခု ဘယ်မှာလဲ "

ယဲ့ဖန် ချက်ချင်း ပြန်ဖြေလိုက်သည်။

" ကိုယ် မင်းပြောတဲ့ဆိုင်ကို ရောက်နေပြီ။ ဒါပေမဲ့ မင်းကို မတွေ့ဘူး "

" ကျွန်မလည်း ရောက်တာကြာပြီ။ ဒါပေမဲ့ မတွေ့ဘူး "

ထိုအချိန် ယဲ့ဖန်၏ ထောင့်ဖြတ်မှ မိန်းကလေးသည် တစ်စုံတစ်ခုကို ရှာနေသကဲ့သို့ ဖုန်းကိုကိုင်လျက် မတ်တပ်ထရပ်ကာ ကော်ဖီဆိုင်ထဲကို လှည့်ပတ်ကြည့်နေသည်။

ယဲ့ဖန်သည်လည်း ထရပ်ကာ လှည့်ပတ်ကြည့်လိုက်သည်။

" ဒီနေ့ ဘာဝတ်ထားတာလဲ "

" အာ။ ပြောဖို့မေ့နေတာ။ ဒီနေ့ ထွက်လာတော့ မိတ်ကပ်လိမ်းပြီး အနက်ရောင်ဝတ်လာတာ ..... "

ယဲ့ဖန် ကြောင်အသွားသည်။

သူသည် ထောင့်ဖြတ်မှ မိန်းကလေးကို လှမ်းကြည့်လိုက်သည်။

ထိုမိန်းကလေးကလည်း တိုက်ဆိုင်စွာဖြင့် သူ့ကို ကြည့်နေသည်။

သူမ၏ မျက်လုံးများ၌ အံ့ဩမှုများ ပြည့်နှက်သွားတော့သည်။

ထို့နောက် ဖုန်းထဲမှ မေးလိုက်သည်။

" သခင်ကြီး၊ အဲ့တာ ရှင်လား "

ယဲ့ဖန် ကြောင်အစွာ ခေါင်းညိတ်လိုက်သည်။

" ကိုယ်ပါ "

သူတို့နှစ်ဦး အချင်းချင်း အချိန်အတော်ကြာ ကြည့်နေပြီးနောက် တစ်ပြိုင်နက်တည်း ရယ်လိုက်သည်။

သူတို့သည် အချိန်အကြာကြီး မျက်နှာချင်းဆိုင် ရှိနေခဲ့ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် မမှတ်မိခဲ့ကြပေ။

ချစ်သူနှစ်ဦး မမှတ်မိသည့်ဖြစ်အင် ဖြစ်နေသည်။

ထိုသို့ တွေးမိသည်က ယဲ့ဖန်ကို ပို၍ ရယ်မောစေချင်သည်။

" ဘာလို့ ဒီလိုဝတ်လာတာလဲ။ ကိုယ်တောင် မင်းကို မမှတ်မိဘူး "

ယဲ့ဖန်သည် ဖန်းကျန်းဝူ၏ အရှေ့၌ ထိုင်လိုက်ပြီး သူမကို အသေးစိတ် ကြည့်လိုက်သည်။

" အဖေ့ရဲ့လူတွေက လိုက်လာမှာစိုးလို့ တမင်တကာ ဒီလိုဝတ်လာတာ။ သခင်ကြီးကရော ဘာလို့ ဒီလိုဝတ်လာတာလဲ။ မသိရင် လုံးဝ အခြားလူတစ်ယောက်လိုပဲ "

ဖန်းကျန်းဝူသည် ယဲ့ဖန်၏ မျက်နှာအား ကြောင်အစွာ ကြည့်လိုက်သည်။

သူ၏ အသံနှင့် ရုပ်သွင်ပြင်ကြောင့်သာ မဟုတ်ပါက သူမသည် သူ့ကို မှတ်မိမည် မဟုတ်ပေ။

သူမသည် သူမ၏ အသွင်အပြင်အား ပြောင်းရင် အပြင်အဆင်များစွာ သုံးခဲ့ရသည်။

အဝတ်အစားအပြင် ဆံပင်တု၊ မျက်မှန်နှင့် မိတ်ကပ်အထူကြီး လိမ်းလာရသည်။

သို့ဖြစ်စေကာမူ သိပ်၍ ပြောင်းလဲမှု မကြီးမားပေ။

ယဲ့ဖန်သည် သူမ မျက်နှာအား သေချာဂရုတစိုက် မကြည့်ခဲ့သောကြောင့်ဖြစ်သည်။

သေချာကြည့်ပါက မှတ်မိနိုင်သည်။

သို့သော် ယဲ့ဖန်၏ ရုပ်ဖျက်စွမ်းရည်မှာတော့ သူ၏အသွင်အပြင်ကို လုံးဝပြောင်းလဲပစ်လိုက်သည်။

သူနှင့် ခင်မင်သူတိုင်း ဘေးမှ ဖြတ်လျှောက်သွားလျှင် မှတ်မိနိုင်မည် မဟုတ်ပေ။

ဒါ ဘယ်လိုနတ်ဆိုးစွမ်းရည်မျိုးပါလိမ့်။

" ကိုယ်လည်း မင်း ပြဿနာတက်မှာစိုးလို့ ရုပ်ဖျက်လာတာ "

ယဲ့ဖန် သူမ၏ မျက်နှာလေးကို အူယားစွာ ညှစ်လိုက်ပြီး သူ၏လက်ထဲ၌ မိတ်ကပ်များ ပါလာသည်။

ဖန်းကျန်းဝူ ယဲ့ဖန်ကို ကြောင်အစွာ ငေးကြည့်လျက် သူမ၏ မျက်လုံးထဲ၌ မျက်ရည်များ ဝေ့တက်လာသည်။

ယဲ့ဖန် ကြောင်သွားသည်။

" ဘာဖြစ်လို့လဲ။ ခုနကထိ ကောင်းနေသေးတာ မဟုတ်ဘူးလား။ ဘာလို့ ငိုနေတာလဲ "

ဖန်းကျန်းဝူ သူ၏ လက်မောင်းထဲသို့ ပစ်ဝင်လိုက်သည်။

" ဒါတွေအားလုံး ကျန်းဝူရဲ့ အမှားပါ။ ကျန်းဝူကြောင့် သခင်ကြီးက ဂျပန်ထိလာရပြီးတော့ ဒီလိုတွေပါ လုပ်နေရတယ်။ ကျန်းဝူက တကယ် အသုံးမကျပါဘူး .... "

သူတို့၏ ကျယ်လောင်သော အသံကြောင့် ကော်ဖီဆိုင်ထဲရှိ အခြားသူများမှ လှည့်ကြည့်လာကြသည်။

ယဲ့ဖန်သည် ဖန်းကျန်းဝူ၏ ကျောကို ကိုးယိုးကားယားနိုင်စွာ ပုတ်ပေးလိုက်သည်။

" ကောင်းပြီ၊ တိတ်တော့။ လူတွေအများကြီး ကြည့်နေပြီ "

ထိုအခါ ဖန်းကျန်းဝူ ဖက်နေရာမှ ခွာဖယ်လိုက်သည်။

သို့သော် သူမ တွန့်ဆုတ်နေသည်။

ထို့ကြောင့် ယဲ့ဖန် အကြောင်းအရင်းသိရန် ငုံ့ကြည့်လိုက်လေသည်။

သူမ၏ ထူထဲသော အောက်ခံမိတ်ကပ်သည် သူ၏ရင်ဘတ်ပေါ်၌ အဖြူရောင်အကွက်ကြီးအဖြစ် ကျန်နေခဲ့သည်။

မျက်နှာဖုံးနှင့်ပင် တူလေသည်။

" ဟားဟားဟား .... "

ဖန်းကျန်းဝူ သူမကိုယ်သူမ မြူးရွှင်သွားရသည်။

" သခင်ကြီး၊ မိတ်ကပ်ကို ဘယ်လိုလိမ်းလာတာလဲ။ ဘာလို့ အဲ့လောက်တောင် အစစ်နဲ့တူနေရတာလဲ "

သူမသည် ယဲ့ဖန်၏ပါးကို ညှစ်ကြည့်လိုက်သော်လည်း သာမန်အရေပြားအား ကိုင်မိသလိုသာ ခံစားရသည်။

ထူးဆန်းသည့်အရာ ဘာမှမရှိပေ။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၀၂ )

မှောင်လာပြီဆိုတော့ စသင့်တာ စရအောင်

ယဲ့ဖန် ပိုင်နိုင်စွာ ပြုံးလိုက်သည်။

" ဒါရုပ်ဖျက်တဲ့ နည်းပညာလေ။ မင်းသာ သိတယ်ဆိုရင် ဒါက ဘယ်လိုလုပ်အောင်မြင်တဲ့နည်းလမ်း ဖြစ်တော့မှာလဲ "

ဖန်းကျန်းဝူ၏ မျက်လုံးလေးများ တောက်ပသွားသည်။

" သခင်ကြီး၊ ဒီရုပ်ဖျက်နည်း သင်ပေးပါလား။ ဒီအတိုင်းသာဆို သခင်ကြီးကို အချိန်တိုင်း လာတွေ့လို့ရနိုင်ပြီ "

" ဒီရုပ်ဖျက်နည်းက နည်းနည်း ရှုပ်ထွေးတယ်။ အချိန်တိုတိုလေးနဲ့ သင်ပေးလို့မရဘူး။ နောက်ကျ အချိန်ရရင် သင်ပေးမယ် "

ယဲ့ဖန် သူမကို အလိမ္မာစကားဖြင့် ပထုတ်လိုက်သည်။

ထိုရုပ်ဖျက်နည်းမှာ အမှန်တကယ်ပင် အလွန်ရှုပ်ထွေးလေသည်။

ကျွမ်းကျင်မှုကို မဆိုထားဘိ နည်းလမ်းကိုပင် အချိန်အနည်းငယ်အတွင်း သင်ယူ၍ မရနိုင်ပေ။

စနစ်၏ ဆုကြေးကြောင့် မဟုတ်ပါက တိုးတက်မှုရှိရန်ပင် ၂လ၊ ၃လ သင်ရပေမည်။

ဖန်းကျန်းဝူသည် သာမန်ကာလျှံကာ မေးလိုက်ခြင်းဖြစ်၍ စိတ်ထဲမထားပေ။

" သခင်ကြီး၊ ခဏစောင့်ပါဦး။ ကျန်းဝူ မိတ်ကပ်သွားဖျက်လိုက်ဦးမယ် "

ထိုသို့ပြောပြီး သန့်စင်ခန်းထဲသို့ အမြန်ဝင်သွားသည်။

သူမသည် အစောပိုင်းက ငိုထား၍ မိတ်ကပ်မှာ ကြည့်ရဆိုးနေသည်။

ထို့ကြောင့် သခင်ယဲ့ဖန်မှ သူမအား စိတ်ထဲ၌ ငြိုငြင်သွားမည်ကို စိုးရိမ်သွားကြောင့် ချက်ချင်း သွားဖျက်လေသည်။

၁၀မိနစ် ကြာပြီးနောက် သူမ၏ နူးညံ့သော မျက်နှာလေးဖြင့် ပြန်လာသည်။

ယဲ့ဖန်သည် သူမအတွက် ကော်ဖီတစ်ခွက် မှာပေးပြီးနောက် သူတို့ဝေးကွာပြီးနောက် ဖြစ်ခဲ့သည်များအား သူမမှ ပြောပြသည်ကို နားထောင်နေသည်။

သူမ ပြောပုံအရ သူမ၏ ဖခင်သည် သူမအား ဂျပန်သို့ ပြန်ခေါ်ရန် လူလွှတ်ခဲ့သော်လည်း လုံးဝပိတ်နှောင်ထားခြင်းမျိုးတော့ မရှိပေ။

သူသည် သူမ၏ လှုပ်ရှားမှုများကို လူလွှတ်၍သာ စောင့်ကြည့်ခိုင်းသည်။

သူမသည် တရုတ်ပြည်သို့ ထွက်ပြေးကာ ယဲ့ဖန်အား သွားရှာရန် ကြိုးစားသော်လည်း အကြိမ်ကြိမ်ကျရှုံးခဲ့ရသည်။

သူမ၏အဖေသည် သူမအား ထပ်၍ ထွက်ပြေးပါက ယဲ့ဖန်အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားလေသည်။

သူမ၏ အဖေသည် ပြောသည့်အတိုင်း လုပ်နိုင်သူဖြစ်သည်အား သိသောကြောင့် ထွက်ပြေးမည့်အစီအစဉ်အား စွန့်လွှတ်လကလျှော့လိုက်ရသည်။

သို့သော် တစ်ခါတရံ သူမသည် တိတ်ဆိတ်သော သန်းခေါင်ယံညများ၌ ငိုကြွေးကာ လွမ်းဆွတ်မှု၏ နာကျင်မှုအား ဖြေသိမ့်လေသည်။

ယဲ့ဖန်သည် သူမ၏ ရင်ထဲမှစကားများကို နားထောင်ကာ ဖန်းကျန်းဝူ၏ လွမ်းဆွတ်မှုအား နှစ်သိမ့်ပေးလေတော့သည်။

သူတို့နှစ်ဦး အတော်ကြာစကားပြောပြီးနောက် ဖန်းကျန်းဝူမှ မေးလာသည်။

" သခင်ကြီး၊ ဂျပန်ကိုလာတာ ကိစ္စရှိသေးလို့လား "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ဒီကို နျုံစစ်သွမ်းကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းဖို့လာတာ။ ပြီးတော့ တရုတ်ပြည်က ပျောက်သွားတဲ့ နိုင်ငံ့ရတနာကို လာရှာတာ ..... "

သူသည် ဖန်းကျန်းဝူအား နျုံစစ်သွမ်းအကြောင်း ယခင်က ပြောဖူး၍ ဖုံးကွယ်ထားစရာ မရှိပေ။

ဖန်းကျန်းဝူ အသေအချာ နားစိုက်ထောင်လေသည်။

" ကျန်းဝူ၊ ကူညီနိုင်တာရှိရင် သခင်ကြီး အားမနာဘဲ ပြောပါ "

" တွေးပေးတတ်လိုက်တာ "

ယဲ့ဖန် သူမပါးလေးကို ညှစ်လိုက်သည်။

" တကယ်တော့ တစ်ယောက်ယောက်ကို ကူပြီး စုံစမ်းပေးစေချင်တယ် .... "

ယဲ့ဖန်သည် သူမအား ခါဝါမိုတို ဟီဒဲကိအကြောင်း ချက်ချင်း ပြောပြလိုက်သည်

ဖန်းကျန်းဝူသည် ထိုအမည်ကို မှတ်ကာ ခေါင်းညိတ်လေသည်။

" မပူပါနဲ့၊ သခင်ကြီး။ ဒီလူကို စေ့စေ့စပ်စပ် ကူပြီး စုံစမ်းပေးမယ် "

ထိုကိစ္စ ဖြေရှင်းပြီးနောက် ယဲ့ဖန် ပို၍ စိတ်ပျော်ရွှင်လာသည်။

သူသည် တမင်တကာရော မတော်တဆပါ ဖန်းကျန်းဝူ၏ ခြေလှလှလေးများကို လှမ်းကြည့်နေသည်။

ထိုမိန်းကလေးသည် အသားရောင်ခြေကပ်ဖြင့် ဒေါင်ဖိနပ်ကို တွဲဝတ်ထားသည်က မတူညီသော ဆွဲဆောင်မှုတစ်မျိုးကို ပေးနေသည်။

ယဲ့ဖန် သူ့စိတ်ထဲရှိ စိတ်မငြိမ်မသက်မှုကို ထိန်းချုပ်ကာ မေးလိုက်သည်။

" ကျန်းဝူ ဒီတလောအတွင်း သခင့်ကို လွမ်းနေရဲ့လား "

" ဒါပေါ့၊ ကျန်းဝူ အရမ်းလွမ်းပါတယ် "

ဖန်းကျန်းဝူ လေးနက်စွာ ဖြေလိုက်သည်။

" ဘယ်လောက်တောင်လဲ "

" အများကြီးပါ၊ အိပ်မက်ထဲတွေမှာတောင် လွမ်းတယ် "

" အို၊ ကိုယ့်ရဲ့ ဘာအကြောင်းတွေ လွမ်းတာလဲ "

" စကားပြောပုံ၊ စိတ်တိုပုံတွေကအစ သခင်ကြီးရဲ့ လုပ်နိုင်စွမ်းတွေကို ပြတဲ့အထိ ..... "

" ဟိုကိစ္စရော မတွေးဘူးလား "

ယဲ့ဖန်သည် သူမကို မျက်ခုံးပင့်ပြလျက် နတ်ဆိုးဆန်စွာ ပြုံးလိုက်သည်။

ဖန်းကျန်းဝူသည် ကျွမ်းကျင်သူဖြစ်သောကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ ပြောသည်ကို ချက်ချင်း နားလည်လိုက်သည်။

သူမ၏ မျက်နှာလေးမှာ ချက်ချင်း နီရဲလာပြီး နူးညံ့စွာ ပြောလိုက်သည်။

" တွေးမိပါတယ် "

ထိုစကားလုံးလေးများသည် ယဲ့ဖန်၏ သွေးကို ပွက်ပွက်ဆူလာစေသည်။

သူသည် သူမ၏ လက်ကလေးကို ကိုင်ပြီး ပြောလေသည်။

" အခုက မှောင်လာပြီဆိုတော့ လုပ်စရာရှိတဲ့ကိစ္စ လုပ်ရအောင် "

ထိုသို့ဖြင့် ငွေရှင်းရန် ထရပ်လိုက်သည်။

ဖန်းကျန်းဝူသည် သူ့လက်ကို ကိုင်လျက် သူမခေါင်းကို ငုံ့ထားပြီး မျက်နှာရဲလျက် အနောက်မှ လိုက်သွားသည်။

ယဲ့ဖန်သည် ဂျပန်သို့ ရောက်လာပြီးကတည်းက မိန်းမတစ်ယောက်ကိုမှ မထိရသေးပေ။

ယခုအခါ ဖန်းကျန်းဝူမှ ဖြားယောင်းလာ၍ သူ့ရင်ထဲမှ မီးတောက်သည် ချက်ချင်းပင် မီးလောင်ကျွမ်းလာတော့သည်။

ကောင်းကင်သည် မှောင်နေပြီဖြစ်သောကြောင့် မီးတောက်လောင်မှုမှာ ပိုမိုအရှိန်များလာသည်။

ကားပေါ် ပြန်တက်လာပြီး မီးငြိမ်းသတ်ရန် အနီးစပ်ဆုံးဟိုတယ်ကို ချက်ချင်း ရှာဖွေခဲ့သည်။

သို့သော် သူ့အား စိတ်ဓာတ်ကျစေသည့်အရာမှာ ကားကိုစနှိုးပြီးနောက် မကြာမီမှာပင် ယဲ့ဖန်နားထဲသို့ စနစ်သတိပေးချက်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

[ ကံကြမ္မာ လမ်းကြောင်းအသစ်ကို ရှာဖွေတွေ့ထားပါသည်။ လက်ခံသူမှ လက်ရှိလမ်းအတိုင်း နှစ်ကီလိုမီတာ သွားပါ ....... ]

ယဲ့ဖန်၏ မျက်နှာသည် ပြင်းထန်စွာ တွန့်လှုပ်သွားတော့သည်။

သူသည် ထိုအရူးစနစ်ကို ဆွဲထုတ်ပြီး အသေအချာ ရိုက်နှက်လိုက်ချင်မိသည်။

ဒီအချိန်ကျမှ ဘာလို့ ပေါ်လာတာလဲ။

သူနဲ့ လာကစားနေတာ မဟုတ်လား။

မူလက သူသည် စနစ်ကို လျစ်လျူရှုပြီး ကိစ္စပြီးမြောက်မှ လုပ်မည်ဟု တွေးလိုက်သည်။

သို့သော် အခွင့်အရေးလမ်းညွှန်များ ပြီးဆုံးသည့်နောက် စနစ်မှ ပေးသော ရက်ရောသည့် ဆုလာဘ်များကို တွေးကြည့်မိသောအခါ ယဲ့ဖန် မသိသလို ဟန်ဆောင်၍ မနေနိုင်ပေ။

ရှေ့ခရီးသည်ထိုင်ခုံရှိ ဆွဲဆောင်မှုရှိသော ဖန်းကျန်းဝူကို ကြည့်ပြီး စနစ်မှ ဆုကြေးအကြောင်း တွေးနေမိသည်။

အဆုံး၌ သူသည် လောဘ၌ စိတ်ကိုအရှုံးပေးလိုက်ရပြီး စနစ်လမ်းကြောင်းအတိုင်း လိုက်လာခဲ့သည်။

ကားသည် မြို့တွင်းမှ ထွက်ခွာလာပြီး တောထဲသို့ ဝင်ရောက်ခဲ့သည်။

ဖန်းကျန်းဝူသည် သူမ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိပြီးနောက် ထူးဆန်းသော အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

သခင်ကြီးက ငါ့ကို တောထဲခေါ်သွားမလို့လား။

ဒါ .... ဒါကြီးက ရှက်စရာမကောင်းဘူးလား။

ယဲ့ဖန်သည် ကားမောင်းရန် အာရုံစိုက်နေစဉ် သူမ၏မျက်နှာမှာ နီမြန်းနေသည် ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ယဲ့ဖန် နားမလည်ဖြစ်သွားသည်။

" ဘာဖြစ်နေတာလဲ။ မင်း နေမကောင်းဘူးလား "

ဖန်းကျန်းဝူသည် အမြန် ချောင်းခြောက်ဟန့်လိုက်သည်။

" မဟုတ်ဘူး .... မဟုတ်ပါဘူး၊ မဟုတ်ဘူး "

" ဒါဆို မင်းမျက်နှာက ဘာလို့နီနေတာလဲ "

" ဒါက တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်တယ်။ မြို့ဆင်ခြေဖုံးမှာ မစမ်းဖူးဘူး ..... အဲ့တာကို "

" ဘယ်ဟာကိုလဲ "

" အိုက်ယား၊ သခင်ကြီး ရှင် တော်တော်ဆိုးတာပဲ "

" ကိုယ် ..... "

ယဲ့ဖန် ဆက်မေးတော့မည်ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် သတိပေးချက်မရှိဘဲ လမ်းဘေးမှ ရုတ်တရက် ပြေးထွက်လာသည်။

ထိုပုံရိပ်မှာ ရုတ်ချည်း ပြေးလာသည်ဖြစ်၍ ယဲ့ဖန်မှာ ဖန်းကျန်းဝူနှင့် စကားပြောနေသောကြောင့် တုံ့ပြန်ချိန်သည် အလွန်နောက်ကျသွားလေသည်။

အုံး

ထိုလူသည် ကားနှင့် အတိုက်ခံရပြီး လမ်းပေါ်သို့ လွင့်ကာ မလှုပ်မယှက် လဲကျသွားတော့သည်။

ယဲ့ဖန်နှင့် ဖန်းကျန်းဝူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သေသွားပြီလား။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၀၃ )

ဓားကို သွေးသင့်တယ်။

" ကားထဲမှာနေ၊ အပြင်မထွက်နဲ့ "

ယဲ့ဖန်သည် ဖန်းကျန်းဝူကို ညွှန်ကြားပြီးနောက် စစ်ဆေးရန် ကားပေါ်မှ အမြန်ဆင်းလိုက်သည်။

ထိုလူသည် အလွန်အရပ်ရှည်ပြီး ယောက်ျားတစ်ဦး ဖြစ်ပုံရသည်။

လက်ရှိအချိန်တွင် သူသည် မလှုပ်ရှားဘဲ မြေပြင်ပေါ်တွင်သာ လဲလျောင်းနေသည်။

သူ သေသည်လား၊ အသက်ရှင်နေသည်လားဆိုတာ မည်သူမှ မသိနိုင်ပေ။

" မိတ်ဆွေ၊ ခင်ဗျား အဆင်ပြေရဲ့လား "

ယဲ့ဖန်သည် ဂျပန်ဘာသာစကားဖြင့် မေးမြန်းရန် ကြိုးစားခဲ့သည်။

သို့သော် ထိုလူသည် တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်း မရှိပေ။

ထို့ကြောင့် ယဲ့ဖန် မတတ်နိုင်ဘဲ လမ်းလျှောက်ပြီး ထိုလူကို လှန်လိုက်သည်။

ကားမီးရောင်သာရှိ၍ ထိုလူ့မျက်နှာကို သေချာမမြင်ရချေ။

မျက်နှာမှာ ပုံမှန်မဟုတ်စွာ နက်မှောင်နေသည်။

ယဲ့ဖန် တစ်ချက်ကြည့်ရုံဖြင့် ထိုလူအဆိပ်မိနေသည်ကို သိလိုက်သည်။

" ဟမ် "

ယဲ့ဖန်သည် ထိုလူ၏ မျက်နှာကို ခဏ စိုက်ကြည့်နေသည်။

သေချာကြည့်လေလေ၊ တစ်နေရာ၌ မြင်ဖူးသကဲ့သို့ ရင်းနှီးလေလေ ခံစားရသည်။

အနီးကပ် သေချာကြည့်ပြီးနောက် သူ ချက်ချင်း မှတ်မိသွားသည်။

ဒီလူက သူ့ကို ကျန်းလုဓား ရောင်းခဲ့တဲ့လူ မဟုတ်ဘူးလား။

ထိုအချိန်က ဤလူသည် ကျန်းလုဓားအား လမ်းလယ်ခေါင်၌ ထိုးစိုက်ထားသည်။

ဓားအား ဆွဲထုတ်နိုင်သည့် မည်သူ့ကိုမဆို ရောင်းမည်ဟု ဆိုလေသည်။

အဆုံး၌ ယဲ့ဖန်သည် ဓားကို အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ပြီး ကျန်းလုဓားကို ယွမ်သန်း၂၀၀ဖြင့် ဝယ်ယူခဲ့သည်။

ထို့နေ့ပြီးသည့်နောက် ထိုလူအား နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ပေ။

ဒီနေ့တွင် ဂျပန်၌ တွေ့ရမည်ဟု မမျှော်လင့်ထားချေ။

သူတို့သည် ထိုနောက်ဆုံးတွေ့ခဲ့စဉ်က တိုက်ခိုက်ခဲ့ကြသေးသည်။

ဤလူသည် ယဲ့ဖန်ဘဝ၌ တွေ့ဖူးသမျှထဲမှ အသန်မာဆုံးကျွမ်းကျင်သူဟု ဆိုနိုင်သည်။

သူ၏ စွမ်းအားသည် ယဲ့ဖန်ထက် လျော့နည်းခြင်း မရှိပေ။

သူ ဘာကြုံလာရသည်ကို မသိသော်လည်း သေလုမတတ် ဖြစ်နေသည်။

အဆိပ်ကို ကြည့်လိုက်သည်ဖြင့် ထိုအဆိပ်သည် မြင်သူတိုင်းကိုပင် သေစေနိုင်သည့် အဆိပ်ဖြစ်သည်မှာ ထင်ရှားလေသည်။

ထိုလူသည် သူ၏ခန္ဓာကိုယ်အနှံ့ အဆိပ်များ ပျံ့နှံ့နေသော်လည်း ဤမျှထိ ထိန်းထားနိုင်သည်မှာ အံ့ဖွယ်တစ်ခု ဖြစ်လေသည်။

ယဲ့ဖန်သည် တွန့်ဆုတ်မနေဘဲ ထိုက်ရွှမ်းနတ်ဆေးအပ်များကို အမြန်ထုတ်ယူလိုက်သည်။

ယဲ့ဖန်သည် သာမန်ဖျားနာမှုများအား သာမန်ငွေအပ်ဖြင့် ဖြေရှင်းနိုင်သောကြောင့် ထိုက်ရွှမ်းနတ်ဆေးအပ်များကို သူ အသုံးပြုခဲသည်။

သို့သော် ဤလူသည် အလွန်ပြင်းသည့် အဆိပ်ကို ခံစားနေရသည်။

သာမာန် ငွေအပ်ကို သုံးရန် နောက်ကျသွားပြီ ဖြစ်သည်။

ထို့ကြောင့် ယဲ့ဖန်သည် ထိုက်ရွှမ်းငွေအပ်များကိုသာ သုံးရသည်။

ထိုသက်လတ်ပိုင်းအမျိုးသား၏ ရှိန်းရှု၊ ထျန်းချီနှင့် ရန်ကျုံး အပ်စိုက်ကြောများထဲသို့ ရွှေအပ်များစိုက်ခါနီးတွင် အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

" ဟေ့ကောင်၊ မင်း သေချင်နေတာလား "

ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ အနက်ရောင် ၀တ်ရုံဝတ်ထားသော လူငါးယောက်ကို တွေ့လိုက်ရသည်။

ထိုလူငါးဦးသည် သရဲတစ္ဆေများနှင့်တူစွာ မည်သူမျှ သတိမပြုမိခင်မှာပင် ပေါ်လာသည်။

သူတို့၏ ခန္ဓာကိုယ်များသည် ထူးဆန်းသော ကိုယ်ရောင်ဝါကို ထုတ်လွှတ်နေသည်။

" ကျွန်တော် အခုပဲ သူ့ကို ကားနဲ့ တိုက်မိသွားတာ။ အဲ့တာကြောင့် သူ့ကို ကယ်နိုင်မလားဆိုတာ ကြည့်နေတာပါ "

ယဲ့ဖန် သူတို့၏ အမူအရာများကို ကြည့်ပုံအရ ထိုလူများသည် ဤအတိုက်ခံရသော လူလတ်ပိုင်းအား ရန်ပြုရန် ကြံစည်နေပုံရသည်။

" မင်း ဒီမှာ ဘာမှလုပ်စရာမရှိဘူး။ ချက်ချင်းထွက်သွား "

အနက်ရောင်ဝတ်ရုံ ဝတ်ထားသူများထဲမှ တစ်ယောက်က အေးစက်စွာ ပြောသည်။

ထိုလူ၏အသံသည် ဘဲတစ်ကောင်အား လည်ပင်းညှစ်ထားသကဲ့သို့ အက်ကွဲနေပြီး ကြားရလူများကို စိတ်မသက်မသာဖြစ်စေသည်။

" ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ။ တစ်စုံတစ်ယောက်ကို တိုက်မိထားတာမလို့ ကျွန်တော် တာဝန်ယူရမယ်။ အခုထွက်သွားရင် ထွက်ပြေးတာလို့ သတ်မှတ်ခံရမှာ "

ယဲ့ဖန်သည် ဥပဒေလိုက်နာသော နိုင်ငံသားတစ်ဦးကဲ့သို့ ပြုမူလိုက်သည်။

ကွဲအက်နေသောအသံနှင့် လူသည် စိတ်မရှည်တော့ချေ။

" ငါ မင်းကို ထွက်သွားဖို့ ငါ ပြောခဲ့ပြီးသား။ မင်း အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဆက်ပြောနေရင် မင်းလျှာကို ငါဖြတ်ပစ်မယ် "

ယဲ့ဖန် စိတ်တိုလာသည်။

" ခင်ဗျား ဘယ်လိုပြောလိုက်တာလဲ။ ခင်ဗျားက ထွက်သွားဆိုတိုင်း ထွက်သွားရမှာလား။ ဒီလမ်းက ခင်ဗျားမိသားစုပိုင်တာမလို့လား "

" ဟားဟား၊ မင်းက ထွက်မသွားချင်မှတော့ သူနဲ့အတူ သေလိုက် "

ထိုလူသည် အသံကွဲအက်စွာဖြင့် လမ်းလျှောက်လာရင်း ပြောလိုက်သည်။

သူသည် ယဲ့ဖန်အနားမှ ဖြတ်သွားသည့်အခါ မရပ်ဘဲ သူ့လက်ထဲမှ ဓားရှည်တစ်ချောင်း ရုတ်တရက်ပေါ်လာပြီး အေးစက်သော အလင်းရောင်တစ်ခု လေထဲ၌ လင်းလက်သွားသည်။

ဤအေးစက်သော အလင်းရောင်သည် လင်းလက်ပြီး ပျောက်ကွယ်သွားကာ ဓားသွားသည် ချက်ချင်းပင် ဓားအိမ်ဆီသို့ ပြန်ရောက်သွားလေသည်။

ကွဲအက်နေသောအသံနှင့် လူသည် တိုက်ပွဲ၏ရလဒ်ကို မကြည့်ချေ။

ထိုအစား သူသည် အဆိပ်သင့်နေသည့် လူဆီသို့ တန်း၍ လျှောက်သွားသည်။

သူသည် သူ၏ဓားပညာကို အလွန်ယုံကြည်သောကြောင့် ပြန်မကြည့်ခြင်းဖြစ်သည်။

သူ့အဆင့်ဖြင့် ကျွမ်းကျင်သူတစ်ယောက်အတွက် သာမန်လူတစ်ဦးကို သတ်ခြင်းသည် ကြက်သတ်ခြင်းကဲ့သို့ လွယ်ကူလှသည်။

ထိုကောင်လေးအား လွတ်သွားရန် အကြောင်းပြချက် မရှိချေ။

သို့သော် ထိုအချိန်တွင် သူ့နောက်မှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

" အဲ့တာက ဘာလဲ။ ခင်ဗျားက ကျွန်တော့်ကို ခြောက်လိုက်တာပဲ "

" ဟမ် "

အသံအက်ကွဲနေသောလူသည် သူ့ခြေလှမ်းသွားရာကို ရပ်လိုက်ပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။

အစောက မောက်မာသည့် လူငယ်လေးသည် သူ၏အနောက် ခြေသုံးလှမ်းအကွာ၌ ရပ်နေသည်ကို သူ မြင်လိုက်ရသည်။

" အမ် "

ချက်ကျလက်ကျ ပြောရလျှင် သူ၏ဓားသည် တစ်ဖက်လူ၏ လည်ချောင်းအား ဖြတ်ပြီးဖြစ်ရာ တစ်ဖက်လူသည် အလောင်းပင် ဖြစ်သင့်နေသည်။

သို့သော် ထိုလူလေးသည် ထိုနေရာ၌ပင် အသက်ရှင်လျက် ကန်ကျောက်နေဆဲဖြစ်သည်။

ဤသည်က အသံအက်ဖြင့်လူအား သူ့ဘဝသူ သံသယဖြစ်စေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူ တိုက်ပွဲကြီးတစ်ခုကို တိုက်ခဲ့ရလို့ သူ့ရဲ့ဓားချိန်တာက လွဲသွားခဲ့တာ ဖြစ်နိုင်မလား။

ဟုတ်တယ်၊ အဲ့တာပဲ ဖြစ်ရမယ်။

မဟုတ်ရင် သာမာန်လူတစ်ယောက်က ငါ့ရဲ့ ဓားအစွမ်းကို ဘယ်လိုလုပ် ရှောင်တိမ်းနိုင်မှာလဲ။

" ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ မှတ်လိုက်။ အသက်ဘေးက လွတ်ပြီဆိုတော့ အမြန်ထပြီး ထွက်သွားစမ်း "

အက်ကွဲသောအသံနှင့် လူသည် ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

သူ့မျက်လုံးများတွင် နွေးထွေးမှု လုံးဝ မရှိခဲ့ပေ။

" ခင်ဗျားပြောတာကို မကြိုက်ဘူး။ ကံကောင်းလို့ လွတ်သွားတာဆိုတာ ဘာကိုဆိုလိုတာလဲ။ အသက်ကြီးလို့ မျက်စိကန်းနေတာလား "

ယဲ့ဖန်သည် အညှာအတာမဲ့ ကဲ့ရဲ့လိုက်သည်။

ထိုလူ၏အကြည့်သည် ပို၍အေးစက်လာသည်။

" မင်းက လျှာစောင်းထက်တာပဲ။ သေခြင်းတရားက နောင်တရစရာ မဟုတ်ဘူး "

သူသည် ပြောသည့်အတိုင်း ဖြည်းညှင်းစွာဖြင့် ယဲ့ဖန်ဆီသို့ လျှောက်လာပြန်သည်။

ရွှမ်း

သူ့လက်ထဲမှ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာပြီး ခဏအတွင်း ပျောက်ကွယ်သွားသည်။

အက်ကွဲနေသောအသံနှင့် လူသည် သူ့ကို မကြည့်ဘဲ လှည့်ထွက်သွားသည်။

တိုက်ပွဲ၏ ရလဒ်ကို အတည်ပြုရန် မလိုအပ်ပေ။

သူ ယခင်က အတွေ့အကြုံများအရ သူ၏ဓားသည် တစ်ဖက်သား၏ လည်ချောင်းကို ဖြတ်ပြီးသွားပြီဖြစ်သည်။

နောက်ဆက်တွဲအရ သွေးများ ထွက်လာပေလိမ့်မည်။

သို့သော် သူ မလှုပ်ရှားမီတွင် သူမုန်းတီးသော အသံမှာ ထပ်၍ ထွက်ပေါ်လာပြန်သည်။

" ခင်ဗျား ဓားကို ထက်အောင် သွေးသင့်တယ်။ တစ်စုံတစ်ယောက်ရဲ့ လည်ပင်းကို နှစ်ခါလောက် ကြိုးစားပြီး ဖြတ်တာတောင် မရဘူး "

အက်ကွဲသောအသံနှင့် လူသည် လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

သာမန်လူတစ်ယောက်ပင် မဆိုထားဘိ အစွမ်းထက်သည့် ကိုယ်ခံပညာရှင်တစ်ယောက်ပင် သူ၏ ဓားခုတ်ချက်အား ရှောင်ရန် ခက်ပေလိမ့်မည်။

ယခုအခါ သူ့ရှေ့မှ လူငယ်သည် သူကြည့်သလောက် မရိုးရှင်းကြောင်း အရူးတစ်ယောက်ပင် မြင်နိုင်သည်။

ချီး၊ ငါသူ့ကို အထင်မှားပြီး ကောက်ချက်ချမိတာပဲ။

ထိုအချိန် အနောက်မှ လူ၄ယောက်သည်လည်း ထိုလူငယ်လေးသည် သာမန်မဟုတ်ကြောင်း အာရုံရသွားတော့သည်။

ရွှား၊ ရွှား ......

သူတို့လေးယောက်သည် ယဲ့ဖန်အား အလယ်ဗဟိုတွင်ထားကာ ဘေးပတ်လည်တွင် ဝိုင်းထားသည်။

" မင်းက ဘယ်သူလဲ။ ဒီလူနဲ့ မင်းရဲ့ဆက်ဆံရေးက ဘာလဲ "

အက်ကွဲသောအသံနှင့် လူသည် ယဲ့ဖန်အား စိုက်ကြည့်နေသည်။

သူ့အကြည့်မှာ အဆိပ်ပြင်းသည့် မြွေတစ်ကောင်လို ပြင်းထန်လှသည်။

" ခုနက ပြောထားတယ်မဟုတ်လား။ ကားတိုက်တဲ့သူနဲ့ အတိုက်ခံရတဲ့သူပါဆို။ ခင်ဗျား နားမကြားဘူးလား။ လည်ချောင်းတင် မကောင်းတာမှတ်နေတာ နားပါ မကောင်းဘူးလား "

ယဲ့ဖန်သည် သူ့ကို ကြောင်အစွာ ကြည့်နေသည်။

" မင်း အမှန်အတိုင်း မပြောဘူးဆိုမှတော့ ငရဲသွားလိုက် "

ကွဲအက်သောအသံဖြင့်လူသည် ပြောသည့်အတိုင်း တန်းလုပ်သည်။

သူသည် သဘောထားကွဲလွဲမှု အနည်းငယ်ရှိရုံဖြင့် တစ်စုံတစ်ယောက်၏အသက်ကို သတ်ရန် အားသန်နေသည်။

သူသည် ပြောပြီးသည်နှင့် သူ့လက်ထဲမှဓားကို ထပ်ဆွဲထုတ်လိုက်သည်။

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အေးစက်သည့် အလင်းရောင်သည် ယဲ့ဖန်စီသို့ ဦးတည်နေသည်။

အက်ကွဲသောအသံဖြင့် လူသည် စိတ်မြန်သည်ဟု ယူဆနိုင်သည်။

သူသည် သူ၏ဓားရှည်ကို ဆွဲထုတ်ကာ သူ သဘောမကျသူတိုင်းကို သတ်ပစ်ချင်နေသည်။

ထို့အပြင် သူ၏ လှုပ်ရှားမှုနည်းပညာသည် အလွန်ထူးဆန်းလှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန် ရှေ့၌ သူ ပေါ်လာသည်။

သူ့လက်ထဲမှ ဓားသည် ယဲ့ဖန်၏ လည်ပင်းစီသို့ ချိန်ရွယ်ထားသည်။

သူ တိုက်ခိုက်လိုက်သည့်အခိုက်တွင် ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။

နင်ဂျာတွေ၊ ထပ်ပြီး နင်ဂျာတွေပဲ။

အက်ကွဲသောအသံဖြင့် လူ၏ နည်းစနစ်နှင့် လှုပ်ရှားမှုများကို သုံးသပ်ကြည့်ပါက သူ၏ ခွန်အားသည် ဖန်းကျန်းဝူထက်ပင် အားနည်းနေလောက်သည်။

သို့သော် ကွာလွန်းသည်တော့ မဟုတ်ပေ။

ထို့အပြင် သူ၏ လှုပ်ရှားမှုများသည် ဖန်းကျန်းဝူထက် ပို၍ ပါးနပ်ပြီး ရက်စက်ကြမ်းကြုတ်သည်။

သူတို့သည် ဂိုဏ်းတစ်ခုတည်းမှ မဖြစ်နိုင်လောက်ပေ။

အခြားအချိန်များဖြစ်ပါက ထိုလူများကို သုံးသပ်ရန် အလွန်စိတ်ဝင်စားပေလိမ့်မည်။

ယခုအခါ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အဆိပ်သင့်နေပြီး အသက်အန္တရာယ်ပင် ကျရောက်နေပြီ ဖြစ်သည်။

မသေမျိုးနတ်ဘုံကမ္ဘာမှ သိကြားမင်း ဆင်းသက်လာလျှင်ပင် အချိန်အကြာကြီး နှောင့်နှေးနေပါက အသုံးမဝင်ပေ။

ထိုကိစ္စ၏ အရေးပါပုံကို သတိရလိုက်သဖြင့် ယဲ့ဖန် နှောင့်နှေးမနေတော့ပေ။

ထိုအချိန် ကွဲအက်သောအသံဖြင့်လူ၏ ဓားရှည်သည် ယဲ့ဖန်၏လည်ချောင်းမှ ဆယ်စင်တီမီတာလောက်သာ ကွာဝေးတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၀၄ )

ဒီကလေးက အားကြီးလွန်းတယ်

ယဲ့ဖန် နောက်ဆုတ်လိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ကာ လက်ချောင်းဖြင့် ဓားသွားကို တောက်ချလိုက်သည်။

အသံအက်နေသောလူသည် သူ၏ ဓားမှ ပြင်းထန်သော အားတစ်ခု တိုက်လာသည်ကို ခံစားမိသည်။

ထည်ဝါသော စတီးဓားသွားသည် အစပိုင်း၌ သာယာစွာ လှုပ်ခတ်သွားသည်သာ ဖြစ်သော်လည်း တုန်ခါမှုမှာ များသည်ထက်များလာသည်။

ဝီ

ဓားသွားသည် ယိမ်းယိုင်လာတော့သည်။

သူသည် တင်းကြပ်စွာ မကိုင်ထားပါက ဓားပါ ပြုတ်ကျသွားနိုင်သည်။

အသံကွဲနေသည့်လူမှာ ထိတ်လန့်သွားသည်။

တစ်ချက်တောက်ရုံဖြင့် သူ၏ ဓားမှာ အမှန်တကယ်ပင် ဦးတည်ရာပြောင်းသွားသည်။

ထိုလက်ချောင်းအားမှာ ရိုးရှင်းစွာဖြင့်ပင် အထင်ကြီးစရာကောင်းလွန်းလှသည်။

" ဒီတစ်ယောက်က အားကြီးတယ်။ အကုန် အတူတူတိုက်ကြ "

အသံကွဲနေသည့်လူသည် စိတ်ရှိတိုင်းမလုပ်ပေ။

တစ်ဖက်လူ၏ ခွန်အားမှာ ကြောက်စရာကောင်းသည်ကို သိပြီးနောက် ကျန်လေးယောက်ကို ခေါ်လိုက်သည်။

ထိုလေးယောက်သည် အသံကွဲနေသည့်လူ တစ်ယောက်တည်းဖြင့် နိုင်နိုင်မည်ထင်၍ ဘေး၌သာ ရပ်ကြည့်နေကြသည်။

ထိုလူ၏ တောင်းဆိုသံကိုကြားပြီးနောက် ထိုလူငယ်လေးမှာ သာမန်ကိုယ်ခံပညာရှင်မဟုတ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။

" သွား "

သူတို့လေးယောက်မှာ ကနတဓားရှည်များကို ထုတ်ပြီး ယဲ့ဖန်စီ ဦးတည်တိုက်ကြသည်။

ထိုငါးယောက်သည် အထူးတလည် သန်မာသည် မဟုတ်သော်လည်း နင်ဂျာငါးယောက်တစ်အုပ်ကို တိုက်ရသည်မှာ ခေါင်းကိုက်စရာဖြစ်သည်။

အကြောင်းမှာ နင်ဂျာများ၏ လှုပ်ရှားအကွက်ပုံတို့မှာ အလွန်ထူးဆန်းသောကြောင့် ဖြစ်သည်။

ထို့အပြင် ညအမှောင်၏ ပံ့ပိုးမှုပါ ပေါင်းလိုက်ပါက သူတို့၏ တိုက်ခိုက်စွမ်းအားသည် အတိုင်းထက်အလွန် တိုးပွားသွားသည်။

ရွှား ရွှား ရွှား

အေးစက်လှသည့် အလင်းရောင်တန်းများသည် ယဲ့ဖန်၏ လေးဘက်လေးမျက်နှာမှ တောက်ပလာသည်။

တစ်ချိန်တည်းမှာပင် အပေါ်ပိုင်းမှ အေးစက်သည့်လေတစ်ပွေ့ ဝဲကျလာနေသည်။

ထိုသည်မှာ အသံကွဲအက်နေသောလူဖြစ်သည်။

ထိုလူငါးယေက်မှာ တူညီမျှတစွာ ဆောင်ရွက်ကြပြီး ယဲ့ဖန်အား ပြေးပေါက်ပိတ်ထားလိုက်သည်။

ယဲ့ဖန်သည် မြေထဲသို့ ဝင်နိုင်ခြင်းမရှိပါက သူတို့၏ တိုက်ခိုက်မှုအား ရှောင်ရှားရန် အင်မတန်ခက်ခဲပေလိမ့်မည်။

ယဲ့ဖန်အား ကျန်းလုဓား ရောင်းခဲ့သည်လူ သတ်ခံရမတတ်ဖြစ်သည်မှာ မဆန်းလှပေ။

ဤလူများမှာ အမှန်တကယ်ပင် ကိုင်တွယ်ရခက်ခဲလှပေသည်။

သို့သော် ယဲ့ဖန်သည် သေမည်ကို ထိုင်စောင့်နေမည့်သူ မဟုတ်ပေ။

သူသည် အပေါ်မှ တိုက်ခိုက်သော အသံအက်ဖြင့်လူဆီသို့ ခုန်တက်လိုက်သည်။

" ဟားဟားဟား၊ မင်းက သေချင်နေတာပဲ "

အသံကွဲဖြင့်လူသည် နားကွဲမတတ် ကျယ်လောင်သောရယ်သံတစ်ခု ရယ်ချလိုက်သည်။

တစ်ဖက်လူသည် သူ့ဆီသို့ လက်ဗလာဖြင့် ပြေးလာနေသည်။

ထိုသည်က သေလမ်းရှာသည်နှင့် ဘာမှမကွာပေ။

" ဒါဆို သေလိုက်တော့ "

သူ ကျယ်လောင်စွာ အော်လိုက်ပြီး လက်၌ အားထည့်ကာ ယဲ့ဖန်ကို ပိုင်းခုတ်ရန် လက်လှမ်းလိုက်သည်။

သို့သော် ထိုအချိန် သူ၏ လက်ကောက်ဝတ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

နာကျင်မှုမှာ မပြင်းထန်သော်လည်း အရိုးထဲမှ စိမ့်ကာ ကိုင်ခဲနေစေသည်။

" အား .... "

အသံကွဲအက်နေသောလူသည် နာကျင်မှုကြောင့် အော်ဟစ်နေရပြီး သူ့လက်ထဲမှ ထိုက်ချီစွမ်းအားမှာ ရုတ်တရက် အေးခဲသွားသည်။

ယဲ့ဖန်၏နှုတ်ခမ်းသည် အေးစက်သော အပြုံးအဖြစ် ကွေးတက်သွားသည်။

သူသည် ထိုအခွင့်အရေးကို အသုံးချကာ ထိုးလိုက်သည်။

ဘန်း

ထိုလက်သီးချက်သည် ထိုလူ၏ ရင်ဘတ်ပေါ်သို့ ကျသွားသည်။

အချက်အလက်ကျစွာ ပြောပါက ယဲ့ဖန်သည် လေပေါ်သို့ ခုန်ပြီးနောက်မှ ထိုးလိုက်ခြင်းဖြစ်သည်။

သူ၏ခြေထောက်သည် မြေကြီးနှင့် ထိမနေ၍ ထိုးချက်မှာ အားမပြင်းနိုင်ပေ။

သို့သော် အသံကွဲနေသောလူသည် အရိုက်ခံရသလို ခံစားလိုက်ရသည်။

သူသည် ပါးစပ်မှ သွေးများပင် ထွက်လာပြီး အနောက်သို့ ပျံထွက်သွားသည်။

ဘုန်း၊ ဘုန်း၊ ဘုန်း

သူသည် မြေပြင်ပေါ်သို့ ကျသွားပြီးနောက် ခြေလှမ်း မငြိမ်မသက်ဖြစ်ပြီး အနည်းငယ် နောက်ပြန်ဆုတ်သွားရသည်။

သူသည် အထိုးခံရသော ရင်ဘတ်မှ ဒဏ်ရာကို စစ်ဆေးရန် စိတ်မ၀င်စားချေ။

သူသည် စစ်ဆေးရန် လက်ကောက်ဝတ်ကို အမြန်မြှောက်လိုက်သည်။

သူ့လက်ကောက်ဝတ်၌ နွားမွေးကဲ့သို့ ပါးလွှာသော ငွေအပ်တစ်ချောင်း ရှိနေသည်။

ငွေအပ်တစ်ဝက်မှာ အသားထဲ၌ ထိုးစိုက်နေပြီး ကျန်တစ်ဝက်မှာ လှုပ်နေဆဲဖြစ်သည်။

ထိုတွေ့ရှိမှုက သူ့ကို ထိတ်လန့်စေသည်။

ငွေအပ်လေးက ဒီလောက် ကြီးမားတဲ့ စွမ်းအားရှိနိုင်လို့လား။

လက်ရှိအချိန်၌ သူ၏လက်တစ်ဘက်လုံးမှာ ထုံကျင်နေပြီး ဓားကိုပင် မကိုင်နိုင်တော့ချေ။

ငွေအပ်အား အလျင်အမြန် ဆွဲထုတ်လိုက်သော်လည်း အခြေအနေမှာ မတိုးတက်လာပေ။

ထုံကျဉ်မှုမှာ ဆက်၍ နာကျင်နေသည်။

" အားလုံးသတိထား။ ဒီကောင့်မှာ ဝှက်ထားတဲ့ လက်နက်ပုန်းတွေ ရှိတယ် ...... "

သူသည် ခေါင်းကို အလျင်အမြန် မော့လိုက်ပြီး ယဲ့ဖန်အား တိုက်ခိုက်နေသည့် ကျန်သောလူလေးယောက်ကို အော်ပြောလိုက်သည်။

သို့သော် သူ ခြေတစ်လှမ်းနောက်ကျသွားပြီ ဖြစ်သည်။

ယဲ့ဖန်သည် အထက်မှလူကို ဆုတ်ခွာအောင် လုပ်ပြီးနောက် ယဲ့ဖန်အပေါ်ရှိ ဖိအားများမှာ လျော့ကျသွားသည်။

သူသည် အခြားလေးယောက်ကို ကိုင်တွယ်ရန် လှည့်ကြည့်လိုက်သည်။

ထိုလူလေးယောက်၏ ခွန်အားသည် အသံကွဲနေသော လူထက်ပင် အားနည်းနေသည်။

အနည်းငယ် လှုပ်ရှားရုံမျှဖြင့် သူတို့အားလုံးသည် သူ၏ ငွေအပ်များဖြင့် ထိမှန်သွားကြသည်။

" ဟမ်၊ ဒါက ဘာဖြစ်တာလဲ။ ငါ့ခြေထောက်တစ်ခုလုံး ထုံနေတယ် "

" ဒီကလေးက ရက်စက်လွန်းတယ်။ သူက ငွေအပ်တွေသုံးပြီး ငါ့ကို လုပ်ကြံဖို့ ကြံစည်နေတာ "

" ငွေအပ်တွေကို လျှို့ဝှက်လက်နက်အဖြစ် သုံးတာလား။ ငါ သတိလက်လွတ် ဖြစ်သွားတယ် "

" အဲ့ဒီလူနဲ့ တိုက်ခိုက်ထားတာ မဟုတ်ရင် ငါတို့ ဒီကောင်တစ်ကောင်လောက်ကို ကိုင်တွယ်နိုင်တယ် "

သူတို့သည် သူတို့ကိုယ်ပေါ်မှ ငွေအပ်များကို ဆွဲထုတ်ပြီး နောက်ပြန်ဆုတ်သွားရင်း ပြောဆိုလိုက်ကြသည်။

ကွဲအက်နေသောအသံနှင့် လူသည် ဒေါသအလွန်ထွက်ကာ ရင်ဘတ်ကို ထုရိုက်လိုက်သော်လည်း ဘာမှလုပ်လို့ မရချေ။

တစ်ဖက်သူ၏ ငွေအပ်များသည် အသိပေးခြင်းမရှိ စိုက်လာပြီး သဲလွန်စမရှိဘဲ ထွက်သွားသဖြင့် ကြိုတင် ကာကွယ်ရန် မဖြစ်နိုင်ပေ။

အထူးသဖြင့် ညကောင်းကင်အောက်၌ ပုန်းအောင်းတိုက်ခိုက်ရာတွင် အလွန်ထိရောက်သည်။

မှောင်မိုက်သောညသည် နင်ဂျာများအတွက် အကျိုးရှိသော်လည်း တစ်ဖက်သူအတွက်လည်း အကျိုးရှိနေသည်။

" ကီမူရာ ချိုးနင်း၊ ဒီကလေးက အစွမ်းထက်လွန်းတယ်။ ဆက်မထိန်းနိုင်တော့ဘူး။ မြန်မြန် အကူအညီတောင်းရမယ် "

သူတို့လေးယောက်သည် အရင် ဆုတ်ခွာသွားပြီးနောက် အားလုံးသည် အသံကွဲနေသောလူကို ကြည့်လိုက်ကြသည်။

အသံကွဲအက်နေသောလူသည် ချက်ချင်း ပြန်မဖြေချေ။

ထိုအစား မြေပြင်ပေါ်ရှိ သက်လတ်ပိုင်းလူကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

ဤလူသည် အဆိပ်ခတ်ခံရပြီး မကုသနိုင်ဘဲ အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သည်။

မသေမျိုးများ ရောက်လာလျှင်ပင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ဤလူငယ်လေး၏ ခွန်အားသည် အလွန်ပင် ပြင်းထန်လှသည်။

ထိုလူငယ်လေးဖြင့် ဆက်၍ တိုက်ခိုက်နေပါက အရှုံးများမည်သာ ဖြစ်သည်။

ထို့ကြောင့် သူသည် ချက်ချင်းပင် ထွက်ခွာရန် စဉ်းစားလိုက်သည်။

သို့သော် ထိုကဲ့သို့ ဆုတ်ခွာသွားရန် သူ့စိတ်ထဲ၌ အမှန်တကယ်ပင် မလိုလားပေ။

သူ တုံ့ဆိုင်းနေချိန် ဘေး၌ ရပ်ထားသည့် တိုယိုတာ ကားတံခါးမှာ ရုတ်တရက် ပွင့်လာသည်။

ချက်ချင်းပင် ဖန်းကျန်းဝူသည် ကားထဲမှ ဆင်းလာပြီး သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

" ရှင်တို့က အီဂါဂိုဏ်းရဲ့ ဘယ်အခွဲကလဲ။ ရှင်တို့က လူတွေကို ဒုက္ခပေးဖို့အတွက် ဒီလိုရက်စက်တဲ့နည်းလမ်းကို တကယ်ပဲ သုံးနေတာလား။ ရှင်တို့က တကယ်ကို အလားအလာရှိတာပဲ "

အသံကွဲအက်နေသူနှင့် အခြားလူများသည် လှည့်ကြည့်ကြပြီးနောက် သူတို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းသွားကြသည်။

" မင်းက ဖူးမာဂိုဏ်းကလား "

All Chapters