← Chapters

အခန်း (၁၂၁၇-၁၂၂၀)

Vol. 61 Ch. 1217-1220

အခန်း (၁၂၁၇-၁၂၂၀)

Vol. 61 Ch. 1217-1220

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၁၇ )

ဆရာကြီး အောင်ရဲကျီ၏ဓား အစောင့်အရှောက်အစေခံ

" ကောင်းပြီ၊ ကိုယ် သတိထားလိုက်မယ် "

ယဲ့ဖန် ပြန်ဖြေပြီးနောက် ဖုန်းချရန် ပြင်လိုက်သည်။

" ဟုတ်သားပဲ၊ သခင်ကြီး။ လူကြီးမင်း သွမ့်မူလက်ထင်းက တွေ့ချင်ပါတယ်တဲ့ "

ဖန်းကျန်းဝူမှ ဆက်ပြောလာသည်။

ယဲ့ဖန် ကြောင်အသွားသည်။

" ဘာကိစ္စလဲ "

" ဘာလို့လဲဆိုတော့ ..... "

ဖန်းကျန်းဝူ ထစ်အနေသည်။

" ပြောစရာရှိရင် ပြောလေ "

ယဲ့ဖန် ချက်ချင်း တိုက်တွန်းလိုက်သည်။

" ခုနက လူကြီးမင်းသွမ့်မူစီကို လာရင်း သူက ကျန်းဝူဖုန်းပြောနေတာကို ကြားသွားတာ။ သခင်ကြီးက ခါဝါမိုတို ဟီဒဲကိအကြောင်း စုံစမ်းနေတာကို သူက သိပြီးတော့ တွေ့ချင်တယ်လို့ ပြောလာတာ။ ကျန်းဝူကို ခါဝါမိုတို ဟီဒဲကိခွန်အားအကြောင်း ပြောပြတာလဲ သူပဲ ....... "

ဖန်းကျန်းဝူသည် စကားပြောနေရင်း သူမ၏ အသံမှာ တဖြည်းဖြည်း ပိုပျော့ပျောင်းလာသည်။

အကြောင်းမှာ ယဲ့ဖန်မှ သူမအား ပေးခဲ့တဲ့ တာဝန်ကို အမှတ်တမဲ့ ထုတ်ဖော်လိုက်သောကြောင့် ဖြစ်သည်။

တစ်ဖက်သူမှာ သွမ့်မူလက်ထင်းဖြစ်သော်လည်း ထိုသည်က သူမကို စိတ်မသက်မသာဖြစ်စေသည်။

သို့သော် ယဲ့ဖန်သည် ယခုအချိန်တွင် ဤကိစ္စကို ဂရုစိုက်ရန် စိတ်မရှိခဲ့ပေ။

" ကောင်းပြီ၊ ကိုယ် အခုချက်ချင်း သွားလိုက်မယ်လို့ လူကြီးမင်း သွမ့်မူကို ပြောလိုက် "

ထို့နောက် ဖုန်းချလိုက်သည်။

မည်သူမျှ သူ့နောက်ကို လိုက်ခြင်းကို တားဆီးရန် ယဲ့ဖန် လူကြီးမင်းသွမ့်မူစီသို့ မသွားမီ သူ့ကိုယ်သူ ရုပ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည်။

လိမ်းဆေးကို အမြဲဆောင်ထားသောကြောင့် ဟိုတယ်သို့ ပြန်သွားရန် မလိုအပ်ချေ။

အနည်းငယ် လေ့ကျင့်ပြီးနောက် ယဲ့ဖန်သည် ရုပ်ဖျက်သည့်နည်းပညာနှင့် ပို၍ ရင်းနှီးလာခဲ့သည်။

ဆယ်မိနစ် ကြာပြီးနောက် သူ ရုပ်ဖျက်ပြီးသွားသည်။

ယဲ့ဖန် ကားကို နှိုးပြီးနောက် သွမ့်မူလက်ထင်း အနားယူသည့် ခြံဆီသို့ ဦးတည်သွားခဲ့သည်။

ခြံဝင်းသို့ ရောက်သောအခါ ခြံဝင်းအတွင်းရှိ တန်းလျားတစ်ခုပေါ်တွင် နေပူစာလှုံနေသော သွမ့်မူလက်ထင်းကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ဖန်းကျန်းဝူသည် အဝေးတစ်နေရာ၌ ရပ်နေသည်။

ယဲ့ဖန် ရောက်လာသည်ကို မြင်ပြီး ဖန်းကျန်းဝူသည် အမှားတစ်ခု လုပ်ထားသည့် ကလေးတစ်ယောက်လို ဖြစ်နေသည်။

ခေါင်းငုံ့ကာ ယဲ့ဖန်ကို မကြည့်ရဲပေ။

ယဲ့ဖန် ပြုံးရုံသာပြုံးပြီး သူ့ကို အပြစ်မတင်ချေ။

" ရောက်ပြီလား "

သွမ့်မူလက်ထင်းသည် ဘေးနားရှိ ကုလားထိုင်ကို ညွှန်ပြသည်။

" ထိုင်ပါ "

ယဲ့ဖန် လမ်းလျှောက်လာပြီး ထိုင်လိုက်သည်။

ဖန်းကျန်းဝူသည် အလွန်သိတတ်ပြီး ယဲ့ဖန်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ အစေခံမိန်းကလေးအဖြစ် နာခံစွာ ပြုမူခဲ့သည်။

" ခန္ဓာကိုယ်က ဘယ်လိုလဲ နေပြန်ကောင်းပြီလား "

ယဲ့ဖန် လက်ဖက်ရည်သောက်ပြီး သွမ့်မူလက်ထင်းကို လှည့်ကြည့်လိုက်သည်။

" အခုတော့ ပိုကောင်းလာပါပြီ။ ဒါပေမယ့် အချိန်တိုအတွင်း ထိပ်ဆုံးအခြေအနေကို ပြနိရောက်ဖို့ ခက်ခဲမှာကို စိုးရိမ်ရတယ် "

သွမ့်မူလက်ထင်း ခါးသက်စွာ ပြုံးလိုက်သည်။

" ခင်ဗျားရဲ့အဆိပ်က ပြင်းလွန်းတယ်။ ဒီလို အသက်ရှင်နေတာပဲ အံ့ဖွယ်တစ်ခု ဖြစ်နေပြီ။ လောလောဆယ် တခြားသူတွေနဲ့ မတိုက်ခိုက်သေးရင် ပိုကောင်းတာတယ် "

ယဲ့ဖန် ညွှန်ကြားလေသည်။

သွမ့်မူလက်ထင်းလည်း ခေါင်းညိတ်သဘောတူသည်။

ထို့နောက် ရုတ်တရက် အကြောင်းအရာပြောင်းသွားသည်။

" မင်း ခါဝါမိုတို ဟီဒဲကိကို စုံစမ်းနေတာ ငါ ကြားမိတယ် "

ယဲ့ဖန်သည် နောက်ဆုံး၌ အဓိကအကြောင်းအရာသို့ ရောက်သွား၍ စိတ်လှုပ်ရှားသွားသည်။

" ခင်ဗျားက ခါဝါမိုတို ဟီဒဲကိရဲ့ အစွမ်းအကြောင်း ပြောပြခဲ့တဲ့သူဆိုတာ ကျန်းဝူစီက ကြားထားတယ် "

သွမ့်မူလက်ထင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" ခါဝါမိုတို ဟီဒဲကိက ကိုယ်ခံပညာ ကျွမ်းတယ်ဆိုကို ဘယ်လိုသိတာလဲ "

သွမ့်မူလက်ထင်းသည် သူ၏ လက်သီးများကို ဆုပ်ထားသည်။

" ဘာလို့လဲဆိုတော့ ငါ အရင်က သူနဲ့ တိုက်ခိုက်ဖူးတယ်။ သူ့အစွမ်းက အနည်းဆုံး ငါ့ထက် မနိမ့်ဘူး "

ယဲ့ဖန် အံ့သြသွားသည်။

ခါဝါမိုတို ဟီဒဲကိ မည်မျှပင် သန်မာပါစေ ဖန်းကျန်းဝူလောက်သာ ရှိမည်ဟု သူ ထင်ခဲ့သည်။

ဤမျှလောက် သန်မာမည်ဟု သူ မမျှော်လင့်ထားချေ။

ယဲ့ဖန် ယခင်က သွမ့်မူလက်ထင်းနှင့် တိုက်ခဲ့ဖူးသည်။

တစ်ဖက်သူသည် ယဲ့ဖန်၏ ခွန်အားကို စမ်းသပ်ရုံသာဖြစ်ပြီး သူ၏ ခွန်အားအစစ်အမှန်ကို မပြခဲ့သော်လည်း ယဲ့ဖန် အတော်ပင် ထိတ်လန့်ခဲ့ရသည်။

သူ၏ ဆုံးဖြတ်ချက်အရ သွမ့်မူလက်ထင်း၏ ခွန်အားသည် အနည်းဆုံး သူ၏ ဆရာဖြစ်သူ လျုံဝမ်းယွမ်နှင့် တန်းတူ သို့မဟုတ် ပို၍ပင် အားကောင်းနိုင်သည်။

ခါဝါမိုတို ဟီဒဲကိက တကယ် အဲ့လို ခွန်အားတွေ ရှိတာလား။

သူသည် သွမ့်မူလက်ထင်း၏ စကားကို လုံး၀ မယုံချေ။

သူတို့နှစ်ယောက် သိကြသည်မှာ အချိန်တိုလေးအတွင်းသာ ရှိသေးသည်။

တစ်ယောက်နှင့်တစ်ယောက် ၁၀၀% ယုံကြည်ရန်မှာ မဖြစ်နိုင်ချေ။

သွမ့်မူလက်ထင်းသည် သူ့အတွေးကို မြင်ပြီး ချက်ချင်း ပြုံးလိုက်သည်။

" သူ့ရဲ့ ခွန်အားရောင်ဝါကို ဖုံးဖို့ ဘယ်နည်းလမ်းကို သုံးခဲ့လဲတော့ ငါ မသိပါဘူး။ သူ့ခန္ဓာကိုယ်မှာ ကိုယ်ခံပညာရှင်တစ်ယောက်ရဲ့ အရိပ်အယောင် လုံးဝမရှိဘူး။ သူက သာမန်လူတစ်ယောက်လိုပဲ။ အဲ့ဒီအချိန် ငါ နည်းနည်းမှ သတိမထားမိတော့ သူ့ထောင်ချောက်ထဲ ကျမတတ် ဖြစ်သွားတာ "

ယဲ့ဖန်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

" ခင်ဗျား ဘာလို့ သူ့ကို တိုက်တာလဲ "

သွမ့်မူလက်ထင်းသည် မည်သို့ ပြောရမည်ကို စဉ်းစားနေသကဲ့သို့ တခဏမျှ တုံ့ဆိုင်းသွားသည်။

ယဲ့ဖန်သည် ထိုသည်ကိုမြင်ပြီး ချက်ချင်းလက်ကို ဝှေ့ယမ်းလိုက်သည်။

" ပြောဖို့အဆင်မပြေရင် မေ့လိုက်ပါ "

သွမ့်မူလက်ထင်း ပြုံးလိုက်သည်။

" တကယ်တော့ ပြောဖို့က အဆင်မပြေတာ မဟုတ်ဘူး။ မင်းကို ဒီအရှုပ်အထွေးမှာ မပါဝင်စေချင်လို့ ငါအရင်က မပြောခဲ့တာ။ ဒါပေမယ့် မင်းလည်း ဒီကိစ္စတွေရှိနေပြီဆိုတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိဘူး "

ယဲ့ဖန်သည် ချက်ချင်းပင် အာရုံစိုက်ကာ နားထောင်လိုက်သည်။

သွမ့်မူလက်ထင်းသည် ကောင်းကင်မှ တိမ်များကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

" ဟိုးတုန်းက ဆရာကြီး အောင်ရဲကျီက နန်းဖုပြည်နယ်က ကျန်းလုတောင်မှာ ဓားသွန်းခဲ့တယ်။ ငါတို့ သွမ့်မူမိသားစုရဲ့ ဘိုးဘေးတွေက ဆရာကြီး အောင်ရဲကျီရဲ့ မီးကို မီးညှိပေးတဲ့ပန်းဖိုသမားတွေ "

ဤစကားကို ယဲ့ဖန် ကြားသောအခါ လေးစားမှုအပြည့်နှင့် ရှိနေသည်။

သွမ့်မူလက်ထင်း၏ မိသားစုသည် ဤမျှရှည်လျားသော သမိုင်းကြောင်းရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သွမ့်မူလက်ထင်းသည် မျက်နှာတွင် ဂုဏ်ယူသော အမူအရာ ရှိနေသည်။

" သွမ့်မူမိသားစုရဲ့ ဘိုးဘေးတွေက အကြွေးတင်ထားတယ်။ ဆရာကြီး အောင်ရဲကျီ ကွယ်လွန်ပြီးတဲ့နောက် သွမ့်မူမိသားစုက သူ့သွန်းထားတဲ့ ဓားတွေကို စုဆောင်းဖို့ မျိုးဆက်ပေါင်းများစွာ ကြိုးပမ်းခဲ့တယ်။ အဲ့ဒီထဲမှာ ကျန်းလု၊ ဖြူစင်ကျွန်းဓား၊ မကောင်းဆိုးဝါးဓား၊ ငါးအူမကြီးဓား၊ လက်စားချေဓားနဲ့ တခြားနာမည်ကျော်ဓားတွေကို ကျန်းလုတောင်ပေါ်မှာ မြှုပ်ထားခဲ့တယ် "

ထိုစကားကို ကြားသောအခါ ယဲ့ဖန် တောက်ခတ်လိုက်မိသည်။

သမိုင်းတွင် ထင်ရှားကျော်ကြားသော နတ်ဘုရားလက်နက်များ တဖြည်းဖြည်း ပျောက်ဆုံးသွားသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ထိုဓားများကို စတင်သိမ်းဆည်းခဲ့သူမှာ သွမ့်မူမိသားစု၏ ဘိုးဘေးများဖြစ်သည်။

ဤသည်က တကယ်ပင် သတင်းထူးကြီး ဖြစ်သည်။

ပျံ့နှံ့သွားလျှင် တရုတ်ပြည်တစ်ခွင်လုံး တုန်လှုပ်သွားဖွယ်ရှိသည်။

သွမ့်မူလက်ထင်းသည် ရပ်မသွားပေ။

သူက ဆက်ပြောသည်။

" ငါတို့ သွမ့်မူမိသားစုက ဘိုးဘေးအစဉ်အလာကို လက်ခံကြတယ်။ သွမ့်မူ မိသားစုရဲ့ သားစဉ်မြေးမြစ်တွေ အားလုံးက ဆရာကြီး အောင်ရဲကျီရဲ့ ဓားစောင့်ကျွန် မျိုးဆက်သစ်တွေ ဖြစ်လာမှာပဲ။ ငါတို့က တစ်သက်တာလုံး ကျန်းလုတောင်ကနေ ဘယ်တော့မှ ထွက်ခွာမှာ မဟုတ်ဘူး "

ဘေးနားရှိ ဖန်းကျန်းဝူလည်း ထိတ်လန့်သွားသည်။

ကျွန်မျိုးဆက်လား။

ဘယ်လောက်တောင် ကျေးဇူးကြီးမားခဲ့လို့လဲ။

သူမပင် မပြောနှင့် တရုတ်လူမျိုး ယဲ့ဖန်ပင် နားမလည်နိုင်ပေ။

တွက်ကြည့်ပါက ထိုအချိန်မှ ယနေ့အထိ မျိုးဆက်တစ်ရာထက်မနည်း ရှိခဲ့သည်။

ကမ္ဘာကြီးမှာ ပြောင်းလဲနေပြီး လူများ၏ နှလုံးသားမှာလည်း ပြောင်းလဲနေသည်။

သူတို့ပေးခဲ့သည့် ကတိများအပါအဝင် အရာအားလုံးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲသွားနိုင်သည်။

သို့သော် သွမ့်မူမိသားစုသည် ကျန်းလုတောင်၌ အနှစ် ၂၀၀၀ကျော် စောင့်ထိန်းခဲ့သည်။

ဤသည်မှာ ယုံနိုင်စရာ မကောင်းချေ။

သွမ့်မူလက်ထင်းသည် သူတို့၏ သံသယများကို မြင်ပုံရသည်။

ခေါင်းကို မြှောက်လိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။

" မင်းတို့ နားမလည်နိုင်မှန်း ငါ သိပါတယ်။ ဒါပေမယ့် ငါတို့ရဲ့ သွမ့်မူမိသားစုက ငါတို့ဘိုးဘွားတွေရဲ့ သွန်သင်ချက်တွေကို တကယ် လိုက်နာခဲ့တာ။ ငါတို့ ကျန်းလုတောင်ပေါ်က ရှေးဟောင်းရတနာတွေကို မျိုးဆက်ပေါင်းများစွာ စောင့်ထိန်းခဲ့ပြီး ဘယ်တော့မှ သတ္တိ မလျော့ရဲခဲ့ဘူး "

" ဒါဆို ရှင် ဘာလို့ ကျန်းလုတောင်ကနေ ထွက်လာတာလဲ "

ဖန်းကျန်းဝူ စိတ်ဝင်တစား မေးသည်။

သွမ့်မူလက်ထင်း၏ မျက်လုံးများသည် ရုတ်တရက် စူးရှလာကာ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားသည်။

" မင်းတို့ အရှက်မဲ့တဲ့ ဂျပန်တွေ ခိုးသွားလို့ တောင်ပေါ်ကနေ ထွက်လာရတာ "

သူ့အမူအရာမှာ အနည်းငယ် ရက်စက်ကြမ်းကြုတ်နေ၍ ဖန်းကျန်းဝူ အလွန်ကြောက်လန့်သွားကာ သူမ အနောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့သည်။

သူမ၏ မျက်နှာငယ်လေးသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

ယဲ့ဖန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်လာသည်။

" အစ်ကိုသွမ့်မူ၊ ခင်ဗျား နည်းနည်း စိတ်ထိန်းပါဦး "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၁၈ )

သင်္ချိုင်းဂူဖောက် ဓားပြတွေပဲ

ယဲ့ဖန်သည် သွမ့်မူမိသားစု၏ သစ္စာတရား ထိန်းကျောင်းသည့် စရိုက်ကို သဘောကျသော်လည်း ဖန်းကျန်းဝူအပေါ် သူ့ဒေါသ ပုံချနေသည့်အတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်။

သွမ့်မူလက်ထင်းသည်လည်း အမြန်သတိကပ်ကာ တုံ့ပြန်ပြီး ဖန်းကျန်းဝူကို လက်သီးဆုပ် အရိုအသေ ပေးလိုက်သည်။

" တောင်းပန်ပါတယ်။ ငါ မင်းကို ဆိုလိုတာ မဟုတ်ပါဘူး "

ထိုမှသာ ဖန်းကျန်းဝူ၏ အမူအရာ အနည်းငယ် တိုးတက်လာခဲ့သည်။

သူမလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

" ရပါတယ် "

ယဲ့ဖန်သည်လည်း သူ တောင်းပန်သည်ကို မြင်လိုက်ကာ ဆက်ပြီး ဒေါသမထွက်တော့ချေ။

" ဒီရှေးဟောင်းပစ္စည်းတွေ ဂျပန်တွေက ခိုးသွားတယ်လို့ ပြောခဲ့တာလား။ ဘာဖြစ်တာလဲ "

ဆရာကြီး အောင်ရဲကျီ သွန်းလုပ်ထားသော နတ်လက်နက်များကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သတ်မှတ်နိုင်သည်။

အားလုံးကို ဆုံးရှုံးသည် မပြောနှင့် တစ်ခုတည်းကို ဆုံးရှုံးလျှင်ပင် နိုင်ငံတော်အတွက်သာမက တရုတ်လူမျိုးများအတွက် ပြင်းထန်သော ဆုံးရှုံးမှုကြီးဖြစ်သည်။

သွမ့်မူလက်ထင်း အံကြိတ်ကာ ပြောလိုက်သည်။

" ပြီးခဲ့တဲ့နှစ်တုန်းက ဂျပန်လူမျိုးတစ်စုက ကျန်းလုတောင်ကို အားလပ်ရက် အပန်းဖြေဖို့ လာကြတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း လူတော်တော်များများက ကျန်းလုတောင်ကို လာလည်ကြတဲ့အတွက် အဲ့တာကို သိပ်ဂရုမစိုက်မိလိုက်ဘူး။ Qingming ပွဲတော်မတိုင်ခင် ဘိုးဘွားတွေရဲ့ သင်္ချိုင်းတွေကို ရှင်းဖို့ သွားတဲ့အခါမှ သဘောပေါက်လိုက်တာ ... ဘိုးဘွားတွေရဲ့ သင်္ချိုင်းတွေကို အဖောက်ခံလိုက်ရတာ သိလိုက်ရတယ် ..... "

ထိုစကားကို ပြောရင်း သူ၏မျက်လုံးများမှာ ချက်ချင်း နီရဲလာပြီး သွေးထွက်တော့မတတ် ဖြစ်လာသည်။

ယဲ့ဖန်သည် သူ ဂျပန်လူမျိုးများကို အဘယ်ကြောင့် အလွန်မုန်းတီးသည်ကို ချက်ချင်း နားလည်လိုက်သည်။

တရုတ်လူမျိုးတိုင်း မည်သူမဆို ဘိုးဘွားသင်္ချိုင်းကို အဖောက်ခံရပါက ရူးမတတ်ခံစားရလိမ့်မည်။

ဖန်းကျန်းဝူ အနည်းငယ်ရှက်သွားသည်။

ဤကိစ္စမှာ သူမနှင့် ဘာမှမဆိုင်သော်ငြား အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။

သွမ့်မူလက်ထင်းသည် အချိန်အတော်ကြာအောင် ငြိမ်သက်သွားခဲ့ပြီးမှ ဆက်ပြောသည်။

" ဘိုးဘွားတွေရဲ့ သင်္ချိုင်းတွေကို ဖောက်ခံရမှန်းကို သိလိုက်ပြီးတော့ နတ်လက်နက်တွေ မြှုပ်ထားတဲ့ နေရာကို အမြန် သွားကြည့်လိုက်တာ။ အတွင်းထဲမှာ ဝှက်ထားတဲ့ နတ်လက်နက်တွေလည်း ပျောက်သွားတာကို တွေ့လိုက်ရတယ်။ အဲ့တာတွေက ငါ့တို့ သွမ့်မူမိသားစုက မျိုးဆက်ပေါင်းများစွာ စောင့်ထိန်းခဲ့တဲ့ နတ်လက်နက်တွေပဲ။ အဲ့တာတွေကို တကယ်ပဲ ခိုးယူသွားတာ ..... "

" ငါ ကျိန်ဆိုခဲ့တယ်။ ဒီနတ်လက်နက်ပစ္စည်းတွေကို ပြန်ယူမှာတင်မဟုတ်ဘဲ သင်္ချိုင်းတွင်းတွေ ဖောက်တာကိုလည်း လက်စားချေမယ်။ နောက်ကျ သူတို့ကို ခြေရာခံရင်း နောက်ဆုံးမှာ ဂျပန်တွေ လုပ်ခဲ့တယ်ဆိုတာကို သိလိုက်ရတယ်။ အဲ့ဒါရဲ့ ခေါင်းဆောင်က ခါဝါမိုတို ဟီဒဲကိနဲ့ အဲ့ဒီနေ့က ငါ့နောက်ကို လိုက်လာတဲ့ နင်ဂျာလေးယောက်ပဲ ..... "

" ငါ သူတို့ကို ဖမ်းမိပြီးပြီ။ ဒါပေမယ့် လက်နှစ်ဖက်နဲ့ လူလေးယောက်ကို တိုက်ဖို့က တကယ်ပဲ ခက်ခဲလွန်းတယ်။ သူတို့က လွတ်သွားပြီ။ အဲ့တာပြင် သူတို့က ဘယ်နည်းလမ်းကို သုံးထားလဲ မသိပေမဲ့ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေ အများကြီးကို ဂျပန်နိုင်ငံဆီ သယ်လာခဲ့ကြပြီ ...... "

သွမ့်မူလက်ထင်းသည် ထိုသို့ ပြောပြီးနောက် သူ့မျက်နှာပေါ်ရှိ သွေးကြောများမှာ ပေါက်တော့မတတ် ဖောင်းလာပြီး သူ့အမူအရာမှာ ပုံမှန်မဟုတ်စွာ ပြင်းထန်လာသည်။

ယဲ့ဖန် သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။

" အစ်ကို သွမ့်မူ၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို လုံး၀ မထုတ်ရသေးဘူး။ ဒေါသမထွက်နဲ့။ မဟုတ်ရင် အဆိပ်က ထပ်ပြီး ပျံ့နှံ့သွားလိမ့်မယ် "

သွမ့်မူလက်ထင်း သူ့ကိုယ်သူ ငြိမ်သက်အောင် လုပ်လိုက်ပြန်သည်။

အချိန်အတော်ကြာပြီးနောက် သူ ထပ်ပြောသည်။

" ဒီလူအုပ်စုဟာ တရုတ်နိုင်ငံမှာ အချိန်အတော်ကြာနေခဲ့ပြီး ရှေးဟောင်းသင်္ချိုင်းတွေနဲ့ အပျက်အစီးတွေကို နေရာအနှံ့လိုက်ရှာခဲ့တယ်လို့ နောက်ပိုင်းမှာ ထပ်သိခဲ့ရသေးတယ်။ တရုတိနိုင်ငံတော်ရဲ့ ရှေးဟောင်းဘဏ္ဍာတော်တော်များများကို ခိုးသွားခဲ့ပြီးပြီ။ အဲ့တာတွေ အများကြီးထဲကမှ ကျန်းလု တောင်က တစ်ခုပဲ "

ခါဝါမိုတို ဟီဒဲကိသည် Nanyueပြည်နယ်အား နယ်ခံတစ်ယောက်ထက်ပင် ပို၍ရင်းနှီးနေသော အကြောင်းရင်းကို ယဲ့ဖန် ချက်ချင်း နားလည်လိုက်သည်။

သူတို့သည် သင်္ချိုင်းဂူဖောက် ဓားပြတိုက်သည့်အုပ်စုများ ဖြစ်သည်။

သွမ့်မူလက်ထင်း လှည့်၍ ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" ဒီလူတွေက ဆက်ဆံရခက်တယ်ဆိုတာ ငါသိတယ်။ အဲ့တာကြောင့် ကျန်နေတဲ့ ကျန်းလုဓားကို ရောင်းပြီး ဒီကောင်တွေကို ရှာဖို့ ဂျပန်ကို လာခဲ့တာ "

ယဲ့ဖန် နောက်ဆုံး၌ သဘောပေါက်သွားသည်။

" အဲ့တာကြောင့် အဲ့ဒီနေ့က ကျန်းလုဓားကို ရောင်းလိုက်တာလား "

သွမ့်မူလက်ထင်း လေးနက်စွာ ခေါင်းညိတ်သည်။

" ငါ သေဖို့စိတ်ပိုင်းဖြတ်ပြီး ဂျပန်ကို လာခဲ့တာဆိုတော့ ငါမသွားခင် ကျန်းလုဓားပိုင်ရှင်အသစ် ရှာရမယ်။ အဲ့ဒီနေ့က မင်းမှာ စွမ်းအားရှိပြီး အကျင့်စာရိတ္တကောင်းတယ်ဆိုတာ ငါမြင်တော့ မင်းကိုအပ်လိုက်ဖို့ ဆန္ဒရှိခဲ့တာ "

ယဲ့ဖန် လက်သီးနှစ်ဖက်ဆုပ် အရိုအသေပြုကာ ဦးညွှတ်လိုက်သည်။

" အစ်ကိုသွမ့်မူက သေဖို့တောင် စိတ်ပိုင်းဖြတ်ထားရဲတယ်ဆိုတော့ ဒါက လေးစားစရာပါ "

သွမ့်မူလက်ထင်း သူ့ကိုယ်သူ ရယ်မောလိုက်သည်။

" ဂုဏ်ယူစရာ ဘာရှိလဲ။ ငါတို့ သွမ့်မူမိသားစုက ဒီနတ်လက်နက်ပစ္စည်းတွေကို မျိုးဆက်ပေါင်းများစွာ စောင့်ထိန်းခဲ့ပေမယ့် သူတို့အားလုံး ငါ့လက်ထဲမှာမှ ဆုံးရှုံးသွားရတယ်။ နောက်ဆုံး ကျန်းလုဓားကိုတောင် ရောင်းစားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။ ငါသေရင် ငါ့ဘိုးဘေးတွေနဲ့ ဆရာကြီး အောင်ရဲကျီကို မျက်နှာချင်းဆိုင်စရာတောင် မရှိတော့ဘူး "

ယဲ့ဖန်သည် သူ၏ စိတ်ပျက်နေသော အမူအရာကို မြင်လိုက်ရပြီး သူ့ကို ဖြေသိမ့်ပေးခဲ့သည်။

" သူတို့ကတောင် ဒီဘုရားပစ္စည်းတွေကို ခိုးယူနိုင်သေးရင် ကျွန်တော်တို့ ပြန်ရအောင် ယူနိုင်တယ်။ အဲ့တာတွေကို ရှာတွေ့အောင် ကူညီပေးမယ် "

သွမ့်မူလက်ထင်း သူ့ကို ကျေးဇူးတင်စွာ ကြည့်နေသော်လည်း အဆုံး၌ ခေါင်းယမ်းလိုက်သည်။

" ဒီလူတွေက အရမ်းအစွမ်းထက်ပြီး သူတို့ရဲ့နည်းလမ်းတွေက အရမ်းရက်စက်လွန်းတယ်။ မနေ့က ငါ သတိလက်လွတ်ဖြစ်ပြီး သူတို့လက်ထဲမှာ သေလုနီးပါးဖြစ်ခဲ့ပြီးပြီ။ မင်း ဝင်မပါဘဲ အန္တရာယ်မကျတာ အကောင်းဆုံးပဲ "

ထိုစကားကို ကြားသောအခါ ယဲ့ဖန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" အစ်ကို သွမ့်မူ၊ ယဲ့ဖန်ဆိုတဲ့ ကျွန်တော့်ကို အထင်သေးနေတာလား။ ကျွန်တော်က ဂျပန်ကို တစ်ယောက်တည်းတောင် ဝင်လာတာတာ။ ဘာကြောက်ရမှာလဲ "

" ဒါပေမယ့် ..... "

သွမ့်မူလက်ထင်း ချီတုံချတုံ ဖြစ်နေသေးသည်။

" ပြီးတော့ ကျွန်တော်က ဒီကိစ္စပါ နေတာကြာပြီ။ အခု ထွက်ချင်ရင်တောင် အဆင်မပြေတော့ဘူး "

ထို့နောက် ယဲ့ဖန်သည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံကို ရှာဖွေတွေ့ရှိမှု၊ နျုံစစ်သွမ်းနှင့်သူ တွေ့ကြုံခဲ့သည့် ပဋိပက္ခများနှင့် နောက်ဆက်တွဲဖြစ်ရပ်များအကြောင်း သွမ့်မူလူကြီးမင်းကို ပြောပြခဲ့သည်။

ထိုစကားများကို သွမ့်မူလက်ထင်း ကြားပြီးသည်နှင့် ချက်ချင်း လေးနက်စွာ တွေးလိုက်မိသည်။

" ဒီလိုအခြေအနေဆို ဒီနျုံစစ်သွမ်းက ဒီလူအုပ်စုနဲ့ ပတ်သက်နေတာ အရမ်းဖြစ်ဖို့များတယ်။ သူက ဒီကိစ္စနောက်ကွယ်က ထိန်းချုပ်သူတောင် ဖြစ်နိုင်တယ် "

သွမ့်မူသည် ယေဘုယျအကြောင်းအရာကို ခွဲခြမ်းစိပ်ဖြာပြီး နောက်ဆုံးတွင် နိဂုံးချုပ်ခဲ့သည်။

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" တရုတ်ပြည်မှာ အခံဘယ်သူမှမရှိရင် အဲဒီနိုင်ငံတော်ဘဏ္ဍာတွေကို တရုတ်ပြည်ကနေ သယ်ထုတ်ဖို့ သူတို့အတွက် အရမ်းခက်ခဲလိမ့်မယ်။ ဒီနျုံစစ်သွမ်းက သူလျှိုဖြစ်နိုင်ချေ အရမ်းများတယ် "

သွမ့်မူလက်ထင်းသည် မုန်းတီးမှုဖြင့် ချက်ချင်း အံကြိတ်လိုက်သည်။

" ငါ့ဘဝမှာ ငါအမုန်းဆုံးအရာက သစ္စာဖောက်တဲ့သူတွေပဲ။ ဒီလူရဲ့ အပြုအမူက သစ္စာဖောက်နဲ့ မခြားနားဘူး "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" နျုံစစ်သွမ်း မသေသေးဘူးလို့ ခံစားရတယ်။ သူက အမှောင်ထောင့်တစ်ခုမှာ ပုန်းနေပြီး ကိစ္စတွေကို ခြယ်လှယ်နေတာ ဖြစ်နိုင်တယ် "

" အခု ငါတို့က အလင်းထဲမှာနေပြီး ရန်သူက အမှောင်ထဲမှာ ရှိနေတော့ ငါတို့အတွက် တော်တော်လေး နစ်နာတယ်။ အဲ့တာကြောင့် သူကို ငါးစာချဖမ်းဖို့ နည်းလမ်းကို တွေးပြီး အားလုံးကို တစ်ရှိန်ထိုး ဖမ်းရမယ် "

သွမ့်မူလက်ထင်း ချက်ချင်း မတ်မတ်ထိုင်ပြီး ပူလောင်သောအကြည့်ဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" ငါ့ဦးနှောက်က မင်းလောက် မတော်ဘူး။ ငါက ဘယ်လိုသတ်ရမယ်ဆိုတာပဲ သိတယ်။ မင်းမှာ ဘယ်လို အစီအစဉ်တွေရှိလဲ ပြော။ မင်းစကားကို နားထောင်မယ် "

ဘေးတွင်ရပ်နေသော ဖန်းကျန်းဝူသည် ချက်ချင်းပင် ရယ်ချင်သွားသည်။

သူ့ဦးနှောက်က အလုပ်မလုပ်ဘူးလို့ ဝန်ခံခဲ့တဲ့သူ တကယ်ပဲ ရှိတာလား။

ယဲ့ဖန်က မပြုံးချေ။

သူ ခဏတာ စဉ်းစားလေသည်။

" ကျွန်တော် တစ်ခုစဉ်းစားမိပြီ။ အဲ့တာ ယုကျိုးအိုးပဲ။ ဒီယုကျိုးအိုးနဲ့ ဒီလူတွေကို ဖမ်းဖို့ ငါးစာအဖြစ် သုံးသင့်တယ် ..... "

သွမ့်မူလက်ထင်းသည် သူ့လက်များကို အားတက်သရော ပွတ်သပ်လိုက်သည်။

" ဟုတ်တယ်၊ ငါးမျှားသလိုပဲ။ ဒီကောင်တွေကို ဖမ်းထုတ်ရမယ် "

ယဲ့ဖန် သက်ပြင်းချလိုက်သည်။

" ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခွန်အားက နည်းနည်း အားနည်းနေသေးတယ်။ လုံခြုံဖို့အတွက် ကျွန်တော်တို့ရဲ့ ခွန်အားကို တိုးမြင့်စေမယ့် နည်းလမ်းကို စဉ်းစားမှ ဖြစ်မယ် "

သွမ့်မူလက်ထင်းသည် ယဲ့ဖန်၏ အစီအစဉ်ကို ဂရုတစိုက် နားထောင်ပြီး စကားတစ်ခွန်း လွဲချော်မည်ကိုပင် စိုးရိမ်နေပုံရသည်။

ဘေးမှာရပ်နေသည့် ဖန်းကျန်းဝူသည် ပေါင်၃၀၀ နီးပါးလောက်ရှိသည့် ထိုလူကြီးမှာ ယဲ့ဖန်အရှေ့၌ နာခံစွာ ထိုင်နေသည်။

တိဘက်ခွေးလေးသဖွယ် ဖြစ်နေသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၁၉ )

ထပ်ပြီး နဂါးကိုးခွက်လား

ယဲ့ဖန်နှင့် သွမ့်မူလက်ထင်းတို့သည် နေ့လယ်ခင်းတစ်ခုလုံး အစီအစဉ်ကို ဆွေးနွေးကြသည်။

သွမ့်မူလူကြီးမင်း အနည်းငယ် ပင်ပန်းနေသည်။

ယဲ့ဖန်သည် ထိုပုံစံကို မြင်၍ သူ့ကို ကောင်းမွန်စွာ အနားယူရန် ယဲ့ဖန် ပြောကာ နှုတ်ဆက်လိုက်သည်။

ဖန်းကျန်းဝူလည်း ခေါင်းငုံ့အရိုအသေပေးကာ ထွက်လာခဲ့သည်။

ကျန်းဝူသည် အမှားတစ်ခုလုပ်မိသည့် ကလေးတစ်ယောက်လို သူမလက်လေးများကို တင်းကြပ်စွာ ဆုပ်ထားသည်။

" သခင်ကြီး၊ တောင်းပန်ပါတယ်။ ကျန်းဝူ သတိလက်လွတ်ဖြစ်ပြီး ပေးခဲ့တဲ့ တာဝန်ကို ပေါက်ကြားစေခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကျန်းဝူကို အပြစ်ပေးပါ "

ယဲ့ဖန်သည် သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

" ကောင်းပြီ၊ ရလဒ်က ကောင်းတာပဲ မဟုတ်ဘူးလား။ ပွပေါက်မိသွားတာလေ "

ယဲ့ဖန်သည် ဤကိစ္စအား သူမကို အပြစ်မတင်ချေ။

သို့သော် ဖန်းကျန်းဝူသည် သူမကိုယ်သူမ အပြစ်တင်နေသည်။

ဤတစ်ခါ သူမ ကံကောင်းသည်ဟုသာ ပြောနိုင်သည် ။

ကံကောင်းထောက်မစွာဖြင့် သူမ ဖုန်းပြောသံကို ကြားလိုက်ရသူမှာ သွမ့်မူလက်ထင်းဖြစ်နေသည်။

ထိုသည်သာမက တစ်ဖက်သူကလည်း ခါဝါမိုတို ဟီဒဲကိကို ရန်ငြိုးရှိနေသူ ဖြစ်သည်။

သို့သော် အခြားသူများ ကြားသွားပါက နောက်ဆက်တွဲဆိုးကျိုးများမှာ မှန်းဆ၍ မရပေ။

ဤသည်မှာ ဖန်းကျန်းဝူ သူ၏သခင်အား ပထမဆုံးအကြိမ် ကူညီခြင်းဖြစ်သည်။

သို့သော် သူမ ကျရှုံးလုနီးပါး ဖြစ်ခဲ့သည်။

သူမကိုယ်သူမ ဘယ်လိုမှ အပြစ်မတင်ဘဲ မနေနိုင်ချေ။

ယဲ့ဖန် သူမကို နှစ်သိမ့်ပေးတော့မည့်အချိန် သူ့နားထဲတွင် စနစ်၏သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။

[ စနစ်မှ ရတနာလမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိထားပါသည်။ မီတာ ၂၀ တည့်တည့်သွားပြီး ညာဘက်ကွေ့ပါ ]

ယဲ့ဖန် အံ့ဩသွားသည်။

ဤရက်အနည်းငယ်အတွင်း စနစ်သည် အလွန်တက်ကြွနေပုံရသည်။

နေ့စဉ် လမ်းညွှန်ချက်များ ပေးနေသည်။

သို့သော် ပိုများလေလေ၊ သူပျော်ရလေလေ ဖြစ်သည်။

များလွန်းတယ်လို့ ဘာကိစ္စ ခံစားရမှာလဲ။

" လာ၊ ကိုယ့်ကို တစ်ခုခု ကူလုပ်ပေး "

ဖန်းကျန်းဝူသည် လက်ရှိတွင် သူမကိုယ်သူမ အပြစ်တင်နေမှန်း ယဲ့ဖန်သိ၍ ထိုသည်ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ သူမအား လုပ်စရာတစ်ခု ရှာပေးလိုက်ခြင်းဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ဖန်းကျန်းဝူသည် သူမအကူအညီလိုအပ်ကြောင်း ကြားသောအခါ သူမ၏မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

" ဟုတ်၊ ကျန်းဝူ ဒီတစ်ခါ တာဝန်ကို ပြီးအောင်လုပ်ဖို့ ကတိပေးပြီးတော့ သခင်ကြီးအတွက် နောက်ထပ် ဒုက္ခမဖြစ်စေမှာ သေချာတယ် "

ယဲ့ဖန်သည် သူမမျက်နှာလေးကို ဆွဲညှစ်ကာ ကားထဲသို့ဝင်ရန် လှည့်လိုက်သည်။

" သခင်ကြီး၊ ဘယ်သွားမလို့လဲ "

ဖန်းကျန်းဝူသည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ကိုယ်တို့ရောက်ရင် မင်းသိမှာပါ "

ယဲ့ဖန် လျှို့ဝှက်စွာ ပြုံးလိုက်သည်။

အမှန်တကယ်၌ သူကိုယ်တိုင် ဘယ်သွားရမည်ကို မသိချေ။

ဆယ်မိနစ်ခန့် စနစ်၏ လမ်းကြောင်းပြမှုကို လိုက်ပြီးနောက် မကြာမီ ကားသည် အပေါင်ဆိုင်တစ်ခု၏ အဝင်ဝသို့ ရောက်လာသည်။

ယဲ့ဖန် အံ့ဩသွားသည်။

ဒီနေရာ ရတနာရှာဖွေခြင်းရဲ့ ဦးတည်ရာလား။

ယဲ့ဖန် စစ်ဆေးကြည့်ရန် ကားပေါ်မှ ဆင်းခါနီးတွင် အပေါင်ဆိုင်မှ လူတစ်ယောက် ထွက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုလူသည် အသက်လေးဆယ်ကျော်ခန့်ရှိပြီး အလွန်ချောမောသည်။

သူသည် အနက်ရောင်ဝတ်စုံကို ၀တ်ထားပြီး လက်ဆွဲအိတ်ကို ကိုင်ထားသည်။

သူ့ကြည့်ရသည်မှာ အောင်မြင်သည့်လူတစ်ယောက်ပုံစံရှိသည်။

သို့သော် သူသည် တံခါးမှ ထွက်လာသည်နှင့် ပတ်လည်ကို သံသယဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

ဘာမှ ထူးခြားခြင်း မရှိဘူးဆိုသည်ကို သေချာပြီးနောက် ထိုလူမှာ လှည့်ပြီး ဘယ်ဘက်သို့ လျှောက်သွားသည်။

တစ်ချိန်တည်းမှာပင် ရပ်တန့်သွားသော လမ်းကြောင်းပြမှုမှ အချက်ပြသံ ထပ်မံထွက်ပေါ်လာသည်။

[ လက်ရှိလမ်းအတိုင်း ၃ မီတာ တည့်တည့်သွားပါ … ၅ မီတာ … ၇ မီတာ … ]

ဤလမ်းကြောင်းပြ တာဝန်၏ပစ်မှတ်မှာ ထိုလူဖြစ်ကြောင်း အတည်ပြုနေခဲ့သည်။

ယဲ့ဖန်သည် သူ့နောက်ကို ချက်ချင်းမလိုက်ချေ။

ထိုအစား သူသည် စနစ်မှ နက်နဲသော စကန်ဖတ်စစ်ဆေးခြင်းကို အသက်သွင်းလိုက်သည်။

သူ၏ပစ်မှတ်မှာ ထိုလူ၏လက်ထဲမှ လက်ဆွဲအိတ်ဖြစ်သည်။

[ နဂါးခွက် (နဂါးကိုးခွက်)မှ တစ်ခု။ အစစ်ဖြစ်သည်။ ကျောက်စိမ်းနန်းတော်၏ လက်ကျန်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ........... ]

ထိုလူ၏ လက်ဆွဲအိတ်ထဲ၌ နဂါးကိုးခွက်ပါသည်ကို သူ သိလိုက်ရသည့်အခါ ယဲ့ဖန် အံ့သြသွားသည်။

နဂါးကိုးခွက်သည် ယဲ့ဖန်နှင့်ထိတွေ့ဖူးသော အစောဆုံး ထိပ်တန်းရှေးဟောင်းပစ္စည်းများထဲမှ တစ်ခုဟု ဆိုနိုင်သည်။

ထိုခွက်အတွက်ကြောင့်ဖြင့် ရှန်းပိုင်ထျန်း၏ အဘိုးဖြစ်သူ ရှန်းကွမ်လင်းနှင့် ချန်းရွှမ်ကို သိခွင့်ရခဲ့သည်။

ဒီနေ့တွင် ဂျပန်နိုင်ငံ၌ နဂါးကိုးခွက်ကို တွေ့ရရန် မမျှော်လင့်ထားချေ။

ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပဲ။

ထိုအချိန်တွင် ထိုအမျိုးသားသည် တက္ကစီပေါ် တက်နေပြီဖြစ်သည်။

ယဲ့ဖန် နှောင့်နှေးမနေတော့ဘဲ သူ့နောက်ကို အမြန်မောင်းလာခဲ့သည်။

အပေါင်ဆိုင်တစ်ခုရှေ့ မရပ်မီ တက္ကစီသည် နောက်ထပ် ဆယ်မိနစ်လောက် မောင်းသွားသေးသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကားပေါ်မှ ဆင်းပြီးနောက် အဝတ်အစားများကို သပ်ရပ်စွာ ပြင်ကာ ဝင်လာခဲ့သည်။

ယဲ့ဖန် အံ့ဩသွားသည်။

ဒီလူ အပေါင်ဆိုင်ကနေ ထွက်လာတာ မဟုတ်ဘူးလား။

သူ ဘာလို့ တခြားဆိုင်ကို ရှာတာလဲ။

သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

" ကျန်းဝူ၊ ကားထဲမှာ အရင်နေ။ ကိုယ် သွားကြည့်လိုက်ဦးမယ် "

ဖန်းကျန်းဝူကို ညွှန်ကြားပြီး ကားပေါ်မှ ချက်ချင်း ဆင်းလိုက်သည်။

အပေါင်ဆိုင်မှာ အလွန်မကြီးကျယ်ချေ။

အတွင်းပရိဘောဂများမှာလည်း ရိုးရှင်းလှသည်။

ဆိုင်ထဲ၌ ကောင်တာတစ်ခုနှင့် စင်အနည်းငယ်သာရှိပြီး စင်ပေါ်၌ ပစ္စည်းဟောင်းများစွာ ရှိသည်။

ထိုအချိန် ဆိုင်ထဲသို့ ဝင်သွားသူသည် အသက်ခြောက်ဆယ်ကျော် အဘိုးကြီးတစ်ဦးနှင့် စကားပြောနေသည်။

ယဲ့ဖန်သည် စင်ပေါ်သို့ လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ကြည့်သလို ဟန်ဆောင်လိုက်သည်။

သူသည် သူတို့၏အာရုံကို မဆွဲဆောင်ခဲ့ပေ။

" မင်္ဂလာပါ၊ ကျွန်တော့်နာမည် မာစုယုမား ရှိုဂျီပါ။ ကျွန်တော့်မှာ ကျောက်စိမ်းခွက်တစ်ရှိတယ်။ အကဲဖြတ်စစ်ဆေးချင်လို့ "

ထိုလူသည် သူ၏ လက်ဆွဲအိတ်ကို ဖွင့်ပြီး နဂါးကိုးခွက်တစ်ခုကို ထုတ်ပြီး အဘိုးအိုကို ပေးလိုက်သည်။

အဘိုးအိုသည် နဂါးကိုးခွက်ကို ယူကာ အချိန် အတော်ကြာ ဂရုတစိုက် စစ်ဆေးပြီးနောက် စားပွဲပေါ် ဖြည်းညှင်းစွာ တင်လိုက်သည်။

" ဘယ်လောက်နဲ့ ရောင်းချင်လဲ "

မာစုယုမား ရှိုဂျီ ဖျော့တော့စွာ ပြုံးလိုက်သည်။

" ခင်ဗျား ကျွန်တော့်ကို ဘယ်လောက်ပေးနိုင်လဲဆိုတာ သိချင်တယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် အခုပဲ အပေါင်ဆိုင် တော်တော်များများကို သွားကြည့်ပြီးတော့ သူတို့အားလုံးက ခန့်မှန်းဈေးကို ပေးကြတယ်။ သေချာပေါက် အမြင့်ဆုံးဈေးပေးတဲ့သူကို ရောင်းမှာ "

အဘိုးအိုသည် နဂါးကိုးခွက်ကို ငုံ့ကြည့်ပြီး ပြုံးကာ ခေါင်းယမ်းသည်။

" ဒါက ရိုးရိုး ကျောက်စိမ်းခွက်တစ်ခုပဲ။ ထွင်းထုထားတာက သပ်သပ်ရပ်ရပ်လည်း မဟုတ်ဘူး။ ငါမင်းကို ဂျပန်ယန်း ၁သန်းလောက် အများဆုံးပေးနိုင်တယ် "

မာစုယုမား ရှိုဂျီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။

သို့သော် ချက်ချင်းပင် ဖုံးကွယ်ထားလိုက်သည်။

ထိုအစား ဒေါသထွက်သည့် အမူအရာကို ထုတ်ဖော်ခဲ့သည်။

" ၁ သန်းပဲလား။ ခုနက သွားခဲ့တဲ့ အပေါင်ဆိုင်တွေအားလုံးက ၂သန်း ပေးကြတယ် "

အဘိုးအိုသည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာတွင် လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။

" အီဒိုက အပေါင်ဆိုင်တွေရဲ့ သူဌေးအားလုံးကို ငါ သိတယ်။ မင်း ဘယ်အပေါင်ဆိုင်ကို သွားခဲ့တာလဲ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၂၀ )

လူချမ်းသာတွေရဲ့ မျက်နှာပေးက ဒါလား။

မာစုယုမား ရှိုဂျီ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

" ဒါက ကုန်သွယ်ရေး လျှို့ဝှက်ချက်ပဲ။ ခင်ဗျားကို ဘာလို့ပြောရမှာလဲ "

အဘိုးအိုသည် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

" မင်းငါ့ကို မပြောချင်ရင်လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ ယန်း ၁သန်းပဲ အများဆုံးပေးနိုင်တယ်။ အရမ်းနည်းတယ်ထင်ရင် တခြားဆိုင်တွေကို သွားကြည့်လို့ရတယ် "

မာစုယုမား ရှိုဂျီ ခဏတာ တုံ့ဆိုင်းသွားသည်။

" ၁.၅သန်းဆို ဘယ်လိုလဲ "

အဘိုးအိုသည် ခေါင်းယမ်းပြီး ဘာမှမပြောချေ။

" ၁.၃သန်းရော "

အဘိုးအိုသည် ဆက်၍ ခေါင်းခါနေသေးသည်။

" ဒါဆို ၁.၁သန်းဆို အဆင်ပြေတယ် မဟုတ်လား။ ဒါက ၁သိန်း အပိုလေးပဲ "

အဘိုးအိုသည် ချက်ချင်း ရယ်မောလိုက်သည်။

" တစ်ယောက်ယောက်က ၂သန်းပေးမယ်လို့ ပြောတာ မဟုတ်ဘူးလား။ မင်းက ငါ့ကို ၁.၁သန်းနဲ့ ရောင်းချင်တာလား "

မာစုယုမား ရှိုဂျီ ရှက်သွားသည်။

" ပြောရတာ မပျင်းဘူးလား။ ၁.၁သန်း ပေးနိုင်သရွေ့ ဒီကျောက်စိမ်းခွက်က ခင်ဗျားအတွက်ပဲ "

အဘိုးအိုသည် နဂါးကိုးခွက်ကို တွန်းလိုက်သည်။

" တောင်းပန်ပါတယ်။ မင်း တခြားတစ်နေရာကို သွားကြည့်တာ ပိုကောင်းမယ် "

မာစုယုမား ရှိုဂျီ ထိတ်လန့်သွားသည်။

" ခင်ဗျား အရမ်းတွန့်တိုလွန်းတယ်။ ၁သိန်းလောက်တောင် မပေးနိုင်ဘူးလား။ ဟုတ်ပြီ၊ ၁သန်းမလား။ ရောင်းမယ်၊ ပိုက်ဆံလိုချင်တယ် "

အဘိုးအိုက ရယ်မောလိုက်သည်။

" ငါ့စကားကို ငါပြန်ရုတ်တယ်။ မင်းငါ့ကို အလကားပေးရင်တောင် ဒီခွက်ကို ငါမလိုချင်ဘူး "

မာစုယုမား ရှိုဂျီ ၏ အမူအရာ ပြောင်းသွားသည်။

" ၁သန်းလို့ မပြောဘူးလား။ ဘာလို့ မလိုချင်တော့တာလဲ "

အဘိုးအိုသည် အေးစက်သော မျက်နှာထားဖြင့် မတ်တပ်ရပ်လိုက်သည်။

" မရိုးသားတဲ့လူတွေကို ငါ အမုန်းဆုံးပဲ။ တစ်ယောက်ယောက်က ၂သန်းပေးမယ်လို့ မင်းပြောတယ် မဟုတ်ဘူးလား။ မင်းကို ၂သန်းပေးတဲ့သူစီကို မင်း သွားလို့ရတယ် "

မာစုယုမား ရှိုဂျီ အမြန်မတ်တတ်ထပြီး စကားကောင်းတစ်ခု ပြောလိုက်သည်။

သို့သော် အဘိုးအိုသည် ခေါင်းမာစွာဖြင့် ဒေါသကိုသာ ရှေ့တန်းတင်ထားသည်။

မာစုယုမား ရှိုဂျီ သည် မတတ်နိုင်ဘဲ ဒေါသတကြီးဖြင့် နဂါးကိုးခွက်ကို ကိုင်ကာ ထွက်သွားရတော့သည်။

ယဲ့ဖန်သည် သူတို့၏ စကားဝိုင်းကို နားထောင်ပြီး ရယ်လိုက်သည်။

ရှန်းကွမ်လင်းသည် သူ့စီမှ နဂါးကိုးခွက်ကို ဝယ်ရန် တရုတ်ယွမ် သန်း၈၀ သုံးစွဲခဲ့သည်။

ယခုအခါ ဤလူနှစ်ယောက်သည် ဂျပန်ယန်း ၂ သန်းလောက်နှင့် အချိန်အတော်ကြာ ငြင်းခုံနေကြသည်။

ဂျပန်ယန်း ၂သန်းသည် တရုတ်ယွမ် ၁သိန်းလောက်သာရှိ၍ နဂါးကိုးခွက်အတွက် အကြီးမားဆုံး စော်ကားမှုဖြစ်သည်။

အကယ်၍ ဤလူနှစ်ဦးသည် နဂါးကိုးခွက်၏ တန်ဖိုးအမှန်ကို သိပါက သူတို့၏ အမူအရာဖော်ပြချက်များသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းပေလိမ့်မည်။

ထိုအချိန်တွင် ထိုလူသည် အပေါင်ဆိုင်မှ ထွက်သွားလေသည်။

ယဲ့ဖန် ချက်ချင်း အနောက်က လိုက်သွားခဲ့သည်။

မာစုယုမား ရှိုဂျီ သည် နောက်ထပ် အပေါင်ဆိုင်တွင် စုံစမ်းမေးမြန်းမှုများ ဆက်လက်ပြုလုပ်မည်ဟု ယဲ့ဖန် ထင်ထားသော်လည်း သူသည် နောက်ဆုံး၌ ဘားတစ်ခုသို့ ဝင်သွာူလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

" သွားရအောင်၊ ကားပေါ်ကဆင်း "

ယဲ့ဖန် ကားကို လမ်းဘေး၌ ရပ်လိုက်ပြီး ဖန်းကျန်းဝူကို ကားထဲကနေ ချက်ချင်း ခေါ်လိုက်သည်။

သူတို့နှစ်ယောက် ဘားထဲသို့ ဝင်သွားသောအခါ ဖန်းကျန်းဝူသည် စူးစမ်းလိုစိတ်ရှိသော ကလေးတစ်ယောက်လိုပင် ဖြစ်နေသည်။

သူမသည် ဤနေရာရှိ အရာအားလုံးကို အလွန်သိချင်ပုံရပြီး ပတ်လည်ကို ဆက်တိုက်ကြည့်နေသည်။

" ဒါက မင်း ဘားကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား "

ယဲ့ဖန်သည် သူမအမူအရာကိုမြင်သောအခါ မတတ်နိုင်ဘဲ ပြုံးကာမေးလိုက်သည်။

သူသည် သူမကို စနောက်နေသော်လည်း ဖန်းကျန်းဝူသည် အလေးအနက်ထားကာ ခေါင်းညိတ်မည်ဟု မမျှော်လင့်ထားချေ။

" ဟုတ်တယ် ဒါ ကျန်းဝူရဲ့ ပထမဆုံးအကြိမ် "

ယဲ့ဖန် တကယ်ပင် အံ့သြသွားသည်။

" တကယ်လား။ မင်းအသက်အရွယ်နဲ့ ဘားကို မရောက်ဖူးတဲ့ မိန်းကလေး ဘယ်လိုလုပ် ဖြစ်နေတာလဲ "

ဖန်းကျန်းဝူသည် ယဲ့ဖန်၏အမေးကြောင့် အနည်းငယ် ရှက်သွားသည်။

" ကျန်းဝူရဲ့မိသားစုက အမြဲတမ်း တင်းကြပ်ပြီးတော့ ဒီလိုနေရာမျိုးကို တစ်ခါမှ လာခွင့်မပေးဘူး "

ယဲ့ဖန်သည် သူမ၏အဖြေကိုကြားသောအခါ သူ့နှလုံးသား နာကျင်သွားသည်။

ပြင်ပလူများ၏ အမြင်တွင် ဖန်းကျန်းဝူ ကဲ့သို့ မိသားစုမှ မွေးဖွားလာသော မိန်းကလေးများသည် သူမတို့ လိုချင်သမျှ လုပ်ဆောင်နိုင်သည့် မင်းသမီးငယ်လေးများ ဖြစ်သည်။

သို့သော် သူမသည် သာမန်မိန်းကလေးများလောက်ပင် အတွေ့အကြုံမရှိမည်ဟု သူတို့မမျှော်လင့်ထားလောက်ပေ။

" ဒါဆို ဒီနေ့ ပျော်သလောက် ကစားကြရအောင်။ တခြားသူတွေရဲ့ ကိစ္စမှာတော့ မပါစေနဲ့ "

ယဲ့ဖန် သူမကို ဆွဲခေါ်သွားသည်။

ည ၈ နာရီခွဲလောက်ရှိပြီဖြစ်ကာ ဘားသည် အခုမှ စဖွင့်ခြင်း ဖြစ်သည်။

စိတ်ဓာတ် မြူးကြွစေသော တေးဂီတဖြင့် ကနေကြသော အမျိုးသားများ၊ အမျိုးသမီးများ ရှိနှင့်နေပြီဖြစ်သည်။

သူမသည် 'သူငယ်ချင်းများ'ကို တွေ့လိုက်ရသလိုပင် Feng Jiawuသည် ချက်ချင်းပင် အကကြမ်းပြင်ပေါ်သို့ အမြန်ပြေးသွားပြီး တေးဂီတနှင့်အတူ ယိမ်းနွဲ့နေသည်။

ယဲ့ဖန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဘားကောင်တာတွင် အစောက နဂါးကိုးခွက်ဖြင့်လူကို တွေ့လိုက်ရသည်။

ယဲ့ဖန် တိတ်တဆိတ် လျှောက်သွားသည်။

" လီဆာကိုခေါ်ပြီး ငါနဲ့ အတူသောက်ခိုင်း "

စားပွဲထိုးအား မာစုယုမား ရှိုဂျီ မှ အော်ဟစ်သံကို ကြားရသောအခါ ယဲ့ဖန်သည် ဘားကောင်တာသို့ လှမ်းကြည့်လိုက်သည်။

စားပွဲထိုးသည် ထိုလူကို အကဲခတ်လိုက်ပြီး ချက်ချင်း ပြုံးပြကာ တောင်းပန်လိုက်သည်။

" လီဆာ ကို ရှာနေတာလား။ သူမကို ခေါ်တဲ့ကြေးက အရမ်းများပါတယ် ..... "

စားပွဲထိုး၏စကား မပြီးခင်မှာပင် မာစုယုမား ရှိုဂျီ သည် ရုတ်တရက် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံထုပ်ကို ထုတ်ပြီး ဘားကောင်တာပေါ် ရိုက်ချလိုက်သည်။

" ဒီလောက်လား "

စားပွဲထိုးသည် ငွေစက္ကူကို ကြည့်လိုက်ရာ အနည်းဆုံး ဂျပန်ယန်း ၅သောင်းလောက် ရှိသည်ကို ပြောနိုင်သည်။

သူက ချက်ချင်းပြုံးပြီး ပြောလိုက်သည်။

" သခင်လေး၊ ခဏစောင့်ပါဦး။ လီဆာကို ခေါ်လိုက်ပါ့မယ် "

ထိုသို့ဖြင့် သူ အမြန်ထွက်သွားသည်။

မာစုယုမား ရှိုဂျီ သည် သူ့မျက်နှာတွင် ဂုဏ်တက်နေသော အပြုံးတစ်ခု ရှိနေသည်။

ခေါင်းကိုလှည့်ပြီး အခြားစားပွဲထိုးကို ကြိမ်းမောင်းသည်။

" မင်းမှာ လုံးဝ မျက်စိ မပါဘူးလား။ မြန်မြန် အရက်ဖျော်လိုက်။ အကောင်းဆုံး ဝီစကီ လိုချင်တယ် "

စားပွဲထိုးသည် ဝီစကီတစ်ခွက်ကို အမြန်လောင်းပြီး လွှဲပေးလိုက်သည်။

မာစုယုမား ရှိုဂျီ သည် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ဝိုင်အားလုံးကို တစ်ကျိုက်တည်း သောက်လိုက်သည်။

" နောက်တစ်ခွက် "

ဝီစကီ၏ အယ်လ်ကိုဟော ပါဝင်မှုသည် မနည်းလှပေ။

စားပွဲထိုးသည် ဤမျှ ပြင်းထန်စွာ သောက်သည်ကို တစ်ခါမှ မတွေ့ဖူးချေ။

သို့သော် ပေါ့ဆမနေဝံ့ဘဲ သူ့အတွက် နောက်ထပ်တစ်ခွက် ထပ်လောင်းပေးလိုက်သည်။

ဤတစ်ခါ မာစုယုမား ရှိုဂျီ သည် တစ်ကျိုက်တည်း မသောက်တော့ပေ။

ထိုအစား သူသည် တစ်ငုံချင်းစီသောက်ပြီး ပျော်ရွှင်သောအကြည့်ဖြင့် သူ့ကုလားထိုင်ကို နောက်သို့ မှီလိုက်သည်။

ညာလက်သည် သူ့လက်ဆွဲအိတ်ကို ပွတ်လိုက်သည်။

ယဲ့ဖန်သည် သူ့လုပ်ရပ်ကို မြင်ပြီး ရယ်ချင်လာသည်။

ဒါက လူချမ်းသာရဲ့ မျက်နှာပေးလား။

ဒီလူ အရင်က အတော်ဆင်းရဲပုံရသည်။

နဂါးကိုးခွက်ကို ဂျပန်၁သန်းနဲ့ ရောင်းနိုင်တယ်ဆိုတာ အခုသိလိုက်ရတော့ ရုတ်တရက် ယုံကြည်မှုရှိလာပြီး ပိုက်ဆံသုံးလာတာလား။

ခဏကြာပြီးနောက် တစ်စုံတစ်ယောက်ကို ခေါ်ဖို့သွားသော စားပွဲထိုးလေး ပြန်ရောက်လာသည်။

" လူကြီးမင်း၊ တောင်းပန်ပါတယ်။ လီဆာက ဧည့်သည်ရှိနေလို့ပါ။ သူမ တကယ် ထွက်လာလို့ မရပါဘူး "

" နောက်တစ်ယောက် ရှာပေးစေချင်ပါသလား။ ကျွန်တော်တို့မှာ ညီမလေးတွေ အများကြီး ကျန်ပါသေးတယ်။ သူတို့က လီဆာထက် မနိမ့်ပါဘူး .... "

ဒိုင်း

စားပွဲထိုး၏စကား မပြီးခင်မှာပင် မာစုယုမား ရှိုဂျီ သည် ဘားကောင်တာကို ဆောင့်ကန်လိုက်သည်။

" ငါ လီဆာကိုပဲ လိုချင်တာ "

စားပွဲထိုးသည် အံ့သြသွားပြီး အမြန် ရှင်းပြသည်။

" လူကြီးမင်း၊ လီဆာက ဒီနေ့ မအားဘူးဆိုတော့ မနက်ဖြန်မှ ဘာလို့ ပြန်မလာတာလဲ "

မာစုယုမား ရှိုဂျီ သည် ဝီစကီတစ်ခွက်လူံးကို မော့ချလိုက်ပြီး ရဲရင့်လာသည်။

သူသည် စားပွဲထိုး၏ကော်လာကို ဆွဲကိုင်ပြီး ပြောလိုက်သည်။

" ငါပြောတာကို မင်း နားမလည်ဘူးလား။ လီဆာကိုပဲ လိုချင်တာ။ ပိုက်ဆံမလောက်လို့လား။ ငါ့မှာ ပိုက်ဆံအများကြီးရှိတယ်။ လီဆာ ကို ချက်ချင်း ခေါ်လိုက် "

စားပွဲထိုးသည် တခဏမျှ တုံ့ဆိုင်းသွားကာ ထောင့်ရှိ ကောင်တာတစ်ခုဆီသို့ လျှောက်သွားသည်။

ထိုကောင်တာထဲတွင် လူအနည်းငယ်ထိုင်နေသည်ကို ယဲ့ဖန် မြင်လိုက်သည်။

သူတို့အားလုံး၏ မျက်နှာပေါ်တွင် တင်းမာသောအကြည့်များ ရှိနေကာ ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူလှပေ။

စားပွဲထိုး၏ စကားမဆုံးခင်မှာပင် အမျိုးသားတစ်ယောက်သည် သူ့ကို ပါးရိုက်လိုက်သည်။

" လူကြီးမင်း "

စားပွဲထိုးမှ အသံတိုးတိုးဖြင့် ပြောလာသည်။

" လီဆာကို လိုချင်​ရင်​ သူမကို ကိုယ်​တိုင်​ ခေါ်​ရပါမယ်​ "

မာစုယုမား ရှိုဂျီ သည် ထိုနေရာမှ အခြေအနေကို သတိမထားမိလိုက်ပေ။

စားပွဲထိုးပြောသည်ကို ကြားပြီး အနည်းငယ် စိတ်ပျက်သွားတယ်။

" ဘာမှ အသုံးမကျဘူး။ ဘာမဟုတ်တဲ့ ဒီလိုအသေးအမွှားကိစ္စလေးတောင် မကိုင်တွယ်နိုင်ဘူး "

သူ့ဖန်ခွက်ထဲ၌ ကျန်နေသည့် ဝီစကီများကို ပြီးအောင် သောက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

" သူတို့ဘယ်မှာလဲ "

စားပွဲထိုးသည် ရွေးစရာမရှိဘဲ လမ်းကို ဦးဆောင်လိုက်သည်။

သူတို့နှစ်ယောက် ထွက်သွားသည်နှင့် ဖန်းကျန်းဝူသည် အကကြမ်းပြင်မှ ထွက်လာခဲ့သည်။

" သခင်ကြီး၊ ဒီမှာထိုင်ပြီး ဘာလုပ်နေတာလဲ။ လာပြီး ကပါ "

ယဲ့ဖန် သူမကို ရှူးခနဲ အသံပေးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

" ပွဲကြီးပွဲကောင်းတစ်ပွဲ လာတော့မယ် "

သိချင်စိတ်ကြောင့် ဖန်းကျန်းဝူလည်း ခေါင်းကို လှည့်ကြည့်လိုက်သည်။

All Chapters