← Chapters

အခန်း (၁၂၃၃-၁၂၃၆)

Vol. 62 Ch. 1233-1236

အခန်း (၁၂၃၃-၁၂၃၆)

Vol. 62 Ch. 1233-1236

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၃၃ )

ဘယ်သူက သူများရဲ့ ဟင်းရွက်ချဉ်အိုးကို ဝယ်ချင်မှာလဲ

ထိုယောက်ျားသည် သူမ ဒေါသဖြစ်နေသည်ကို မြင်သောအခါ မသိစိတ်ကြောင့် နောက်ဆုတ်ချင်သွားချင်သော်လည်း သူ့သတ္တိကို အမြန်စုဆောင်းလိုက်သည်။

" ဒီအိုးကို ..… ငါ့အဘိုးက ချန်ထားခဲ့တာ ....... "

ထိုအမျိုးသမီးက ချက်ချင်း လှောင်ပြောင်သည်။

" အဲ့အဘိုးကြီး သေတာတောင် ဘယ်နှစ်နှစ်ရှိနေပြီလဲ။ ရှင့်မှာ ဘာလို့ သူပေးထားတာက ရှိနေသေးတာလဲ "

" ငါ အဲ့တာကို မျက်စိနောက်နေတာ တော်တော်ကြာပြီ။ မရောင်းရရင်တောင် ဒီနေ့တော့ အဲ့အိုးကြီးကို ခွဲပစ်ဦးမယ် "

ထိုလူသည် ထိုစကားကို ကြားသောအခါ အိုးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

" မင်း တကယ် ခွဲလို့မရဘူး။ ဒီအိုးက တော်တော်လေး ဟောင်းနေပြီ။ ဒီဘူးထဲမှာပဲ နှပ်တဲ့ အသီးအရွက်ချဉ်ကသာ အရသာကောင်းတာ။ အိုးအသစ်ပြောင်းရင် အရသာရှိမှာ မဟုတ်ဘူး "

ထိုဟင်းရွက်ချဉ်အကြောင်းပြချက်သည် သူ့အဘိုးကို အကြောင်းပြသည်ထက် ပိုကောင်းမှာ သေချာသည်ဟု ထိုလူက ထင်လေသည်။

ထိုအိမ်ရှင်မိန်းမမှာ ချက်ချင်း တုံ့ဆိုင်းသွားသည်။

ခင်ပွန်းဖြစ်သူ၏ စကားများသည် အကြောင်းပြချက်မရှိသည်တော့ မဟုတ်ပေ။

သူ အချဉ်ဖောက်ထားသည့် ဟင်းသီးဟင်းရွက်ချဉ်များသည် တခြားသူများထက် ပို၍ အရသာရှိတတ်သည်။

သူမ ဤအိုးကို ရောင်းလိုက်ပါက ဤသို့ အရသာရှိသည့် ဟင်းရွက်ချဉ်ကို ဘယ်တော့မှ စားနိုင်တော့မည် မဟုတ်ချေ။

ထိုသည်ကိုတွေးပြီး ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ဒီအိုးက ရောင်းဖို့မဟုတ်ဘူး။ ဟင်းရွက်ချဉ်ဝယ်ချင်ရင် အကုန်ယူလို့ရတယ် "

ယဲ့ဖန် ဆဲမိမတတ်ပင် ဖြစ်သွားသည်။

သူသည် အိုးကိုဝယ်ချင်တာ ဖြစ်သည်။

ထိုအိုးသည်သာ မရှိပါက ဟင်းရွက်ချဉ်ကို စိတ်ဝင်စားနေမည် မဟုတ်ပေ။

ဟင်းရွက်ချဉ် မစားဖူးဘူးလို့ သူမ တကယ်ထင်နေတာလား။

ယဲ့ဖန် စိတ်ထဲ၌ ကျိန်ဆဲနေသော်လည်း ယဉ်ကျေးရန် လိုသေးသည်။

" ဝယ်ချင်ရင် အိုးပါဝယ်ရမယ်။ မဟုတ်ရင် မေ့လိုက် "

ထိုအမျိုးသမီးက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ဟင်းရွက်ချဉ်ကို ထိန်းသိမ်းဖို့ ဒီအိုးကို အသုံးလိုနေသေးတယ်။ အိုးကို ငါတို့က ရောင်းလိုက်ရင် နောက်ဆို ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုလုပ်ပြီး အချဉ်ဖောက်ရတော့မှာလဲ "

ထိုအချိန် ချန်းဖေးအယ်က ရုတ်တရက် ဝင်ပြောသည်။

" ဒါဆို ရှင်တို့ ဘာလို့ နောက်ထပ် အိုးမဝယ်တာလဲ "

ထိုလူက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ဟင်းရွက်တွေကို အချဉ်ဖေယက်တဲ့အခါ အရသာကောင်းစေချင်ရင် ဒီလို သက်ကြီးရင့်နေတဲ့ အိုးမျိုးကို သုံးရမယ်။ အိုးအသစ်တွေက ဒီလိုအရသာကို မထုတ်နိုင်ဘူး "

ယဲ့ဖန်၏ အမူအရာ ပြောင်းသွားသည်။

" ခင်ဗျားတို့အတွက် ဟင်းရွက်ချဉ်အိုးအသစ်ကို ရှာပေးမယ် "

ထိုအမျိုးသမီးသည် အစပိုင်းမှာ ဝမ်းသာသွားသော်လည်း ချက်ချင်းပင် သံသယဖြစ်သွားသည်။

" ဒီထက်ကြီးတဲ့ ဟင်းရွက်ချဉ်အိုးကို ဝယ်နိုင်နေရင် ဘာလို့ ငါတို့ဟာကို ဝယ်မှာလဲ။ ငါတို့ရဲ့ ဟင်းရွက်ချဉ်အိုးနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုရှိလို့လား "

ယဲ့ဖန်၏နှလုံးသား တုန်ခါသွားသည်။

ဤအမျိုးသမီးသည် အမှန်တကယ်ပင် ထက်မြက်လေသည်။

သူမသည် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိခဲ့သည်။

" ဟမ်း၊ ခင်ဗျားတို့ရဲ့ ဒီအိုးက ရတနာလို့ ထင်နေရင်လည်း ကိုယ့်ဟာကိုယ်ပဲ သိမ်းထားလိုက်သင့်တယ်။ သွားကြရအောင် "

ယဲ့ဖန် နှာမှုတ်ကာ ချက်ချင်း လှည့်ထွက်သွားသည်။

ဤသို့သော လူများနှင့် ဆက်ဆံသည့်အခါ ပို၍ တင်းကြပ်မာထန်ရပေမည်။

သူမကို စကားများများ ပြောလေလေ မပြောနိုင်သည့် ရည်ရွယ်ချက်များရှိသည်ဟု ထင်လေဖြစ်သည်။

ထိုသည်မှာ အမှန်တကယ် ဖြစ်သော်လည်း ယဲ့ဖန် စျေးတက်ရန် အခွင့်အရေးကို ဘယ်တော့မှ မပေးချေ။

ချန်းဖေးအယ် ခဏတာ အံ့အားသင့်သွားသည်။

အချိန်တွေ အများကြီးဖြုန်းပြီးမှ တကယ်ကြီး မဝယ်ဘူးလား။

သူမ စိတ်ရှုပ်နေသော်လည်း သူ့အနောက်ကို လိုက်သွားရုံသာ တတ်နိုင်သည်။

ထိုအမျိုးသမီးသည် မေးခွန်းတစ်ခုသာ မေးခဲ့သော်လည်း ဝယ်သူမှ ဒေါသဖြစ်သွားရန် မမျှော်လင့်ခဲ့ပေ။

သူမသည် အမြန်လိုက်လာခဲ့သည်။

" မသွားပါနဲ့။ ပေါ့ပေါ့ပါးပါး မေးနေတာကို ဘာလို့ ဒေါသထွက်နေတာလဲ "

" ဒါဆို သဘောတူညီချက် လုပ်လိုက်ကြရအောင်။ အိုးနဲ့ ဟင်းရွက်ချဉ်ကို ဂျပန်ယန်း၁သောင်းနဲ့ ရောင်းလိုက်မယ်။ ဒါပေမယ့် နင် ငါတို့ကို နောက်ထပ် အိုးတစ်လုံး ရှာပေးရမယ် ...... "

ထိုမှသာ ယဲ့ဖန် ရပ်တန့်သွားပြီး သူမကို လှည့်ကြည့်လိုက်သည်။

" သဘောတူတယ် "

ယဲ့ဖန် သူတို့အတွက် ဟင်းရွက်အချဉ်ဖောက်အိုးကို ရှာပေးရန် အချိန်မဖြုန်းချင်ပေ။

ထို့ကြောင့် သူ စူချီယွမ်ကို တိုက်ရိုက် ခေါ်လိုက်သည်။

" ဟင်းရွက်အချဉ်ဖေက်အိုးလား "

စူချီယွမ်သည် ဖုန်းထဲမှ ကြားလိုက်ပြီးနောက် စက္ကန့်အနည်းငယ် ထိတ်လန့်သွားသည်။

ရက်စက်ကြမ်းကြုတ်လှသည့် ယဲ့လူကြီးမင်းမှ သူ့ကို ဖုန်းခေါ်လာပြီးနောက် ဟင်းရွက်ချဉ်ဖောက်သည့်အိုးကို ရှာခိုင်းနေလေသည်။

ယဲ့ဖန်၏အသံကို သူ မသိပါက တစ်ဖက်သူမှ နောက်ပြောင်နေသည်ဟု ထင်မိမှာဖြစ်သည်။

ဤတောင်းဆိုချက်မှာ အနည်းငယ် ရယ်စရာကောင်းသော်လည်း ယဲ့ဖန်၏ တောင်းဆိုချက်ဖြစ်နေသည်။

ထို့ကြောင့် သူ လျစ်လျူမရှုရဲပေ။

" အားလုံးပဲ ငါ့ကို ဟင်းရွက်ချဉ်အိုး ချက်ချင်းရှာလာပေး။ ငါ ဟောင်းနေတဲ့အိုးတွေပဲ လိုချင်တယ် "

သူသည် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

လက်အောက်ငယ်သားများမှာ အံ့အားသင့်သွားသည်။

" အချဉ်ဖောက်တဲ့ ဟင်းရွက်ချဉ်အိုး လိုချင်တာလား "

စူချီယွမ် သူ့ကို ရိုက်လိုက်သည်။

" ငါက လိုချင်ပါ့မလား။ ဒါ မင်းရဲ့ အသက်ရှင်နေတဲ့ အဘိုးလေးက လိုချင်တာ "

" ချက်ချင်း ဟင်းရွက်ချဉ်အိုးကို ရှာလာခဲ့။ နာရီဝက်အတွင်း နီရှီဒီဝါကို ပို့ပေးရမှာ "

" ဟုတ်ကဲ့ပါ "

ခဏကြာပြီးနောက် ကံနဂါးအဖွဲ့အစည်းမှ ဂိုဏ်းသားများသည် အင်အားအပြည့်နှင့် ထွက်လာကြသည်။

ကံနဂါးအဖွဲ့အစည်း၏ လှုပ်ရှားမှုများကို အဆက်မပြတ် အာရုံစိုက်နေသော အင်အားစုများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကံနဂါးအဖွဲ့အစည်းမှ ကြီးမားသည့် လှုပ်ရှားမှု လုပ်တော့မည်ဟု သူတို့ထင်သည့်အတွက် သတင်းမေးရန် လူများကို စေလွှတ်လိုက်ကြသည်။

သို့သော် ကံနဂါးအဖွဲ့အစည်းမှ လူများသည် တစ်ကမ္ဘာလုံးရှိ ဟင်းရွက်ချဉ်အိုးအဟောင်းများ ရှာဖွေနေကြသည်ကို သူတို့ သိရှိလာသောအခါ အဆိုပါ အင်အားစုများ၏ ခေါင်းကြီးပိုင်းများမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

" ဟင်းရွက်အချဉ်ဖောက်တဲ့အိုးလား။ အဲ့တာက ဘာလဲ။ လျှို့ဝှက်စကားတွေလား "

" အရင်တုန်းက တရုတ်နိုင်ငံမှာ နှိပ်စက်ပုံတွေ အမျိုးမျိုး ရှိခဲ့ဖူးတယ်လို့ ကြားထားတယ်။ လူတစ်ယောက်ရဲ့ ခြေလက်အင်္ဂါတွေကို လှီးဖြတ်ပြီး အိုးထဲ ထည့်ကြတာ။ အဲ့တာနဲ့ ပတ်သက်နိုင်လား "

" တစ်ယောက်ယောက်က ကံနဂါးအဖွဲ့အစည်းကို စော်ကားထားလို့ အဲ့လူကို အသီးအရွက်အချဉ်ဖောက်သလိုဖြစ်အောင် လုပ်ချင်နေတာ ဖြစ်နေမလား "

" အဲ့တာဆို ဆိုးတာပဲ။ ကံနဂါးအဖွဲ့အစည်းက လူတွေက ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ တိုက်ခိုက်ပြီးတော့ အချဉ်ဖောက်ဖို့အတွက် ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဥက္ကဌကို ဖမ်းချင်နေကြတာ ....... "

သတင်းမှာ တောမီးလို ပျံ့သွားပြီး စကားများမှာ မူလထက် ပိုထူးဆန်းလာလေသည်။

ရာမာဂူချီ-ဂူမီဂိုဏ်းသည် ဤကောလာဟလကို ကြားသောအခါ အထူးတလည် သတိကြီးကြီး ကပ်ထားကြတော့သည်။

သို့သော် သူတို့ မည်မျှပင် စောင့်မျှော်နေပါစေ ကံနဂါးအဖွဲ့အစည်းမှ လူများကို မတွေ့ရချေ။

စူချီယွမ်၏ အသုံးဝင်မှုမှာ အလွန်လျင်မြန်လှသည်။

နာရီဝက်မပြည့်မီမှာပင် သူသည် ယဲ့ဖန်ထံသို့ ဟင်းရွက်ချဉ်အိုးအဟောင်းကို ပေးပို့ထားပြီး ဖြစ်သည်။

" ယဲ့လူကြီးမင်း၊ ဒီဟင်းရွက်ချဉ်အိုးက အီဒိုမြို့မှာ အချဉ်ဖောက်ဖို့ အကောင်းဆုံး ဟင်းရွက်ချဉ်အိုးဆိုတာ ပြောရဲပါတယ်။ အဲ့အိုးက နှစ်ပေါင်းတစ်ရာကျော် သမိုင်းကြောင်းရှိပြီးတော့ ဒီအိုးထဲမှာ အချဉ်ဖောက်တဲ့ ဟင်းသီးဟင်းရွက်တွေတိုင်းက အရသာ အရမ်းကောင်းတာပါတဲ့ ..... "

သူသည် ဟင်းရွက်ချဉ်အိုးကို ညွှန်ပြပြီး မျက်နှာသာယူရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

သို့သော် သူပြောသလိုပင် ဤဟင်းရွက်ချဉ်အိုးမှာ တကယ်ပင် ထူးခြားပုံရသည်။

အိုး၏အမြင့်သည် တစ်မီတာခန့်ရှိပြီး ပုံသဏ္ဍာန်သည် အလွန်ရိုးရှင်းသော်လည်း ပြေပြစ်သပ်ရပ်လှပသည်။

အတွင်းမှ အသီးအရွက်ချဉ်နံ့သင်းသင်းလေး ထွက်နေပြီး အနံ့အသက်မှာလည်း တကယ်ကိုပင် စားချင်စရာကောင်းလှသည်။

ထူးဆန်းသော စုံတွဲသည် စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။

အထူးသဖြင့် အနက်ရောင်၀တ်စုံနှင့် လူတစ်စု ရုတ်တရက် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည့်အခါ ပိုလို့ပင် ကြောက်လန့်သွားကြသည်။

ယဲ့ဖန် သူတို့နှစ်ယောက်စီသို့ လျှောက်လာရင်း ပြုံးလိုက်သည်။

" ခင်ဗျားတို့နှစ်ယောက် ဒီဟင်းရွက်ချဉ်အိုးကို ကျေနပ်ကြလား "

" ကျေ .… ကျေနပ်ပါတယ် "

သူတို့နှစ်ယောက်သား အမြန် ခေါင်းညိတ်ကြသည်။

အခု မကျေနပ်လို့ရော ရပါ့မလား။

မကျေနပ်ရင် အဲ့ဒီလူတွေက သူတို့ကို ခုတ်ထစ်ပြီး အချဉ်ဖြစ်အောင် လုပ်ကြမှာပေါ့။

ထို့အပြင် ဤအချဉ်အိုးသည် တကယ်ပင် မဆိုးလှချေ။

သူတို့၏ ယခင်က အိုးထက်များစွာ ကောင်းပုံရသည်။

အနည်းဆုံးဖြင့် အသွင်အပြင်မှာ ပို၍ကောင်းလေသည်။

ယဲ့ဖန် ပြုံးရင်း ခေါင်းညိတ်ပြပြီးနောက် ဂျပန်ယန်း၁သောင်း ထုတ်လိုက်သည်။

" ဒီပိုက်ဆံကို ယူပါ။ ဟင်းရွက်ချဉ်တွေနဲ့ အိုးကို ယူသွားလိုက်မယ် "

ထိုအမျိုးသမီးသည် ပိုက်ဆံယူပြီးနောက် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ၊ ကောင်းပြီ ..... "

ယဲ့ဖန် စူချီယွမ်ကို လှည့်ကြည့်လိုက်သည်။

" အစ်ကိုစူ၊ ဒီဟင်းရွက်ချဉ်အိုးကို ကျွန်တော့်နေရာစီကို ပို့ပေးပါ "

စူချီယွမ် နောက်ထပ် ဘာပြောနိုင်မည်နည်း။

သူ့လက်အောက်ငယ်သားများအား ထိုဟင်းရွက်ချဉ်အိုးကို သယ်ဖို့သာ အမိန့်ပေးနိုင်တော့သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ဆက်မနေကြတော့ပေ။

အတူတူ ထွက်သွားကြသည်။

အိမ်ရှင်လင်မယားသည် ထွက်သွားသော လူအုပ်ကြီးကို ကြည့်ကာ စိတ်လွတ်နေကြသည်။

ဟင်းရွက်ချဉ်လေးပဲ ဝယ်တာမဟုတ်လား။

ဒီလောက် လူတွေအများကြီးကို ခေါ်ဖို့ လိုအပ်လို့လား။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၃၄ )

မထိုက်တန်တဲ့ တင်ပါး

ချန်းဖေးအယ် ကြောင်အနေသည်။

" ကျွန်မ ရှင့်ကို နားမလည်နိုင်ဘူး။ ဟင်းရွက်ချဉ်ကို ဒီလောက်တောင် စားချင်နေတာလား "

ယဲ့ဖန် သူမကို စိုက်ကြည့်လိုက်သည်။

" မင်းကို ပိုလေ့လာဖို့ ပြောခဲ့ပေမယ့် ဝက်စာကျွေးဖို့ပဲ အလေးပေးနေတာလား "

" ဟင်းရွက်ချဉ်ကို ဝယ်ပါ့မလား။ ဟင်းရွက်ချဉ်အိုးကို ဝယ်ခဲ့တာ ..... မှားလို့ ဒီအပြာရောင်နဲ့ အဖြူပွင့် ပန်းအိုးကို ဝယ်ခဲ့တာ "

ချန်းဖေးအယ်သည် အိုးကို စိုက်ကြည့်လိုက်သည်။

" ဒါက ကွဲနေတဲ့ အိုးကြီးပဲလေ။ အဲ့တာက ဘာထူးခြားနေလို့လဲ "

" ကွဲနေတဲ့ အိုးတဲ့လား "

ယဲ့ဖန်သည် သူ့အမြီးကို နင်းခံလိုက်သလို ခံစားလိုက်ရသည်။

" ဒါက နဂါးပုံစံ အပြာရောင် ပန်းအိုးအစစ်ပဲ။ ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာ ဟုတ်ပြီလား "

ချန်းဖေးအယ် မတတ်နိုင်ဘဲ နှုတ်ခမ်းပင် တုန်သွားသည်။

" ကျစ်၊ ရှင်ရဲ့ ပါးစပ်ပြောနဲ့ ဘာလို့အားလုံးက ရတနာတွေ ဖြစ်လာရမှာလဲ။ ကျွန်မကို လာမလိမ်နဲ့ "

ယဲ့ဖန်သည် အိုး၏ ချောမွေ့နေသော မျက်နှာပြင်ကို ထိလိုက်သည်။

" ကိုယ်မင်းကို လိမ်ပြောတော့ စားဖို့ ဟင်းရွက်ချဉ်တွေ ရမှာမလို့လား။ အမှန်အတိုင်းပြောရရင် ဒီအိုးက အနည်းဆုံး သန်း၇၀ကျော် တန်တယ် "

ချန်းဖေးအယ်၏ အမူအရာသည် ချက်ချင်းပင် ထုံထိုင်းသွားသည်။

" သန်း ၇၀ ... ဂျ ... ဂျပန်ငွေလား "

" တရုတ်ငွေ၊ ယွမ်နဲ့ "

ယဲ့ဖန် သေချာပြောပေးလိုက်သည်။

" သန်း ၇၀ .... တရုတ်ယွမ်ငွေလား "

ချန်းဖေးအယ် အံ့သြသွားသည်။

သူမ ပြန်အသိစိတ်ကပ်လာရန် အချိန်အတော်ယူလိုက်ရသည်။

" ကျန်တဲ့ဟာတွေပါ ပေါင်းလိုက်ရင် တစ်မနက်တည်းနဲ့ ရှေးဟောင်းပစ္စည်းတွေ သန်း ၁၀၀ နီးပါး ဝယ်ခဲ့တယ်လို့ ဆိုလိုတာလား "

ယဲ့ဖန် နှိမ့်ချစွာ ပြုံးလိုက်သည်။

" ကိုယ့်မှာလည်း ရွေးချယ်စရာမရှိဘူး။ ကိုယ့်ရဲ့ ကံကောင်းမှုကို တားလို့ မရဘူးလေ "

ချန်းဖေးအယ်သည် ထိုအချက်အလက်ကို နားထဲဝင်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရသည်။

ယဲ့ဖန်၏ အမျိုးမျိုးသော အံ့ဖွယ်စွမ်းရည်များကို သူမ မြင်ဖူးသော်လည်း အချိန်တိုလေးအတွင်း၌ သန်းရာနှင့်ချီသော ရှေးဟောင်းပစ္စည်းများကို လက်ဝယ်ရရှိလိုက်သည်မှာ မယုံနိုင်စရာဟု သူမ ခံစားမိသေးသည်။

ရတနာများကို မည်ကဲ့သို့ အကဲဖြတ်ရမည်ကို သိခြင်းသည် အမှန်တကယ်ပင် အံ့သြစရာကောင်းလေသည်။

ဤသည်မှာ ကျောက်တုံးကို ရွှေအဖြစ်ပြောင်းလိုက်သလိုပင် ဖြစ်သည်။

အခြားသူများလက်ထဲ၌ ဤပစ္စည်းများသည် တန်ဖိုးမရှိသော အချဉ်ဖောက်အိုးတစ်လုံးသာ ဖြစ်သည်။

သို့သော် သူ့လက်ထဲရောက်သောအခါ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်လာခဲ့သည်။

ဤအကြောင်းကို ထူးဆန်းသည့် အိမ်ရှင်လင်မယား သိသွားပါက မူးလဲသွားသည်အထိ ငိုကြပေလိမ့်မည်။

သူမ ထိတ်လန့်နေဆဲမှာပင် စူချီယွမ်သည် လက်ဆေးပြီး၍ သန့်စင်ခန်းထဲမှ ထွက်လာခဲ့သည်။

" ဒီဟင်းရွက်ချဉ်ရဲ့ အနံ့က ပြင်းလွန်းတယ်။ ရက်တော်တော်ကြာတောင် မရှင်းနိုင်လောက်ဘူးလို့ ထင်တယ် "

သူ၏စကား တစ်ဝက်တစ်ပျက်မှာပင် ချန်းဖေးအယ်၏ မျက်နှာမှ ထိတ်လန့်မှုကို ရုတ်တရက် သတိပြုမိသွားသည်။

" ဘာဖြစ်လို့လဲ။ အချဉ်တွေက ပျက်နေလို့လား "

ချန်းဖေးအယ် သူ့ကို ကြောင်အစွာ မော့ကြည့်လိုက်သည်။

" ဒီဟင်းရွက်ချဉ်အိုးက ဘယ်လောက်တန်ဖိုးရှိလဲ သိလား "

စူချီယွမ်သည် ဂရုမစိုက်ဘဲ လမ်းလျှောက်ပြီး အိုးကြီးပေါ်တွင် ထိုင်လိုက်သည်။

" ကျိုးနေတဲ့ အိုးပဲ မဟုတ်လား။ ဘယ်လောက်တန်မှာမလို့လဲ "

ချန်းဖေးအယ်သည် '၇' အမူအရာကို လုပ်ပြလိုက်သည်။

" ဒီအိုးက တရုတ်ယွမ် သန်း ၇၀ တန်တယ် "

ဘုန်း

စူချီယွမ် မြေပြင်ပေါ်သို့ လဲကျသွားသည်။

" သန်း ၇၀ ..... တရုတ်ငွေနဲ့လား "

သူသည် အိုးကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။

တရုတ်ယွမ် သန်း၇၀တန်တဲ့ အိုးပေါ်မှာ သူထိုင်မိလိုက်တာလား။

" တောင်းပန်ပါတယ်၊ ငါ့ဖင်က ဒီပေါ်ထိုင်ဖို့ မထိုက်တန်ပါဘူး "

စူချီယွမ်သည် လွန်စွာ အားနာတောင်းပန်နေပုံပေါ်ပြီး အချဉ်ဖောက်အိုးကို အကြိမ်ကြိမ် ဦးညွှတ်တောင်းပန်နေခဲ့သည်။

ယဲ့ဖန်သည် သူ့ကို လူရွှင်တော် ကြည့်သလိုကြည့်လိုက်သည်။

ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

ထိုအချိန် ရုတ်တရက် သူ့ဖုန်းထဲမှ စာတိုတစ်စောင် လက်ခံရရှိလိုက်သည်။

ယဲ့ဖန် ထုတ်ကြည့်လိုက်သည့်အခါ ထိုသည်မှာ အာသာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့၏သင်္ဘော ဒီနေ့ ဂျပန်ကို ဆိုက်ရောက်မည်ဟု သူက ပြောလေသည်။

အာသာ၏ စာကို ချက်ချင်းပြန်ဖြေပြီး ဂျပန်သို့ ရောက်သည့်အခါ သူ့ကို ဆက်သွယ်ခိုင်းလိုက်သည်။

စူချီယွမ်သည် သူ၏လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။

ဖုန်းကို ချပြီးနောက် ချက်ချင်း မေးလိုက်သည်။

" ယဲ့လူကြီးမင်း၊ တစ်ခုခုဖြစ်လို့လား။ ကျွန်တော်တို့ရဲ့ ကံနဂါးအဖွဲ့အစည်းက ဖြေရှင်းအရေးယူပေးဖို့ လိုလား "

ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဘာမှမဟုတ်ပါဘူး။ ဂျပန်ကို မိတ်ဆွေတချ်ို့ လာလည်မလို့ပါ "

စူချီယွမ် တုန်လှုပ်သွားသည်။

" သူတို့က ဒီကို ဘယ်လိုများ ဝင်လာကြမှာလဲ "

" ခိုးဝင်လာမှာ "

ယဲ့ဖန်သည် သူ့ကို ဖုံးကွယ်မထားပေ။

အာသာနှင့် ကျန်သူများသည် တစ်ကမ္ဘာလုံးမှ အလိုရှိသူများစာရင်းထဲ ပါဝင်နေသောကြောင့် သူတို့သည် လေယာဉ်ဖြင့် သွားလာ၍ မရနိုင်ပေ။

ထို့ကြောင့် ခိုးဝင်ရန်သာ ရွေးချယ်နိုင်ကြသည်။

စူချီယွမ် မျက်မှောင်ကြုတ်လိုက်သည်။

" သူတို့ ဂျပန်ကို မဝင်နိုင်လောက်မှာကို စိုးရိမ်ရတယ် "

ယဲ့ဖန် စိတ်ရှုပ်သွားသည်။

" ဘာကိုဆိုလိုတာလဲ "

စူချီယွမ် မျက်နှာချင်းဆိုင်၌ ထိုင်ပြီး ရှင်းပြလေသည်။

" လူကြီးမင်း၊ မသိလောက်သေးပေမဲ့ ဂျပန်နိုင်ငံရဲ့ တရားမဝင် လူဝင်မှုကြီးကြပ်ရေး ဆိပ်ကမ်းတွေကို ရာမာဂူချီ-ဂူမီဂိုဏ်းက ထိန်းချုပ်ထားတာပါ "

" အရင်ကတော့ ကိစ္စကြီးကြီးမားမား မဟုတ်ပေမယ့် မကြာသေးခင်အချိန်ကစပြီး တရုတ်က သင်္ဘောတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပါတယ်။ ဂျပန်နိုင်ငံထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါဘူး "

ယဲ့ဖန်သည် ယခု ပို၍ပင် စိတ်ရှုပ်သွားသည်။

" ဘာလို့လဲ "

စူချီယွမ် ခေါင်းယမ်းလိုက်သည်။

" ကျွန်တော်လည်း သိပ်မသေချာပါဘူး။ ကျွန်တော်တို့ ကံနဂါးအဖွဲ့အစည်းရဲ့ သင်္ဘောကိုလည်း သူတို့က ခဏခဏ အကြိမ်မနည်း ထိန်းသိမ်းကြသေးတယ်။ ကျွန်တော် သူတို့နဲ့ ညှိနှိုင်းပြီး ဘာကြောင့်လဲလို့ မေးခဲ့ပေမယ့် သူတို့က ဘာပဲဖြစ်နေနေ ကျွန်တော့်ကို ဘာမှမပြောခဲ့ပါဘူး "

ယဲ့ဖန်၏ အမူအရာ လေးနက်သွားသည် ။

စူချီယွမ် ပြောသည့်စကားများမှာ အမှန်သာဖြစ်ပါက အာသာနှင့် တခြားသူများ ဂျပန်သို့ ဝင်ရန် မလွယ်ကူလောက်ပေ။

စီးရီးယပ်လုပ်ကြံရေးအဖွဲ့မှ လူများ ဂျပန်သို့ မဝင်နိုင်ခဲ့ပါက သူ၏ နောက်ဆက်တွဲအစီအစဥ်များသည် ကြီးမားစွာ ထိခိုက်သွားမည်ဖြစ်သည်။

" သူတို့နဲ့ ညှိနှိုင်းပြီး ခြွင်းချက်လုပ်ပေးဖို့ တောင်းဆိုလို့ရမလား "

ယဲ့ဖန် ထိုမေးခွန်းကို စူချီယွမ်အား မေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူသည် ကံနဂါးအဖွဲ့အစည်း၏ ဒုတိယဥက္ကဌ ဖြစ်သောကြောင့် သူ့၌ ဖြေရှင်းချက်တစ်ခု ရနိုင်သည်။

စူချီယွမ် ခေါင်းယမ်းပြန်သည်။

" အရင်တုန်းကတော့ အဆင်ပြေနိုင်ပေမယ့် မကြာသေးခင်ကမှ ကျွန်တော်တို့ရဲ့ ကံနဂါးအဖွဲ့အစည်းနဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းတို့ကြား အတော်လေးကို ဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာပါတယ်။ ကျွန်တော်တို့ဘက်က ညှိနှိုင်းမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားမှာကိုတောင် စိုးရိမ်ရတယ် "

" လူကြီးမင်းရဲ့ မိတ်ဆွေတွေက တခြားသယ်ယူပို့ဆောင်ရေးလမ်းကို ပြောင်းလို့ ရမလား။ လေယာဉ်နဲ့ဆိုရင် ပြဿနာရှိမှာ မဟုတ်ဘူး "

ဤတစ်ကြိမ် ယဲ့ဖန် ခေါင်းကိုခါလိုက်သည်။

" မရဘူး၊ သူတို့အတွက် အဆင်မပြေဘူး "

စူချီယွမ် ချက်ချင်း နားလည်သွားသည်။

သူတို့၏ လုပ်ငန်းခွင်မှ လူအတော်အများသည် လက်သန့်သည့်သူ မရှိကြပေ။

သူတို့သည် ခိုးသွင်းရန် ရွေးချယ်သောကြောင့် တရားဝင် ချန်နယ်များမှတစ်ဆင့် ဝင်ရောက်ရန် အဆင်မပြေပေ။

" အဲ့တာဆိုရင် နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ ကျွန်တော်တို့လမ်းက ရှိသမျှသူတိုင်းကို သတ်ပစ်ရမယ် "

ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်သည် သူ့မျက်နှာအနှံ့ ပေါ်လာတော့သည်။

" ကံနဂါးအဖွဲ့အစည်းနဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းတို့ကြား ပြဿနာဖြစ်မှာကို ခင်ဗျား မစိုးရိမ်ဘူးလား "

ယဲ့ဖန် သူ့ကို ကြည့်ပြီး ပြုံးလျက် မေးလိုက်သည်။

စူချီယွမ်၏ ကြမ်းတမ်းသော အမူအရာသည် ချက်ချင်း အေးခဲသွားပြီး သူ နှစ်ခါချောင်းဟန့်လိုက်သည်။

" ဒါကိုလုပ်ဖို့အတွက် မထင်ပေါ်တဲ့မျက်နှာသစ်တချို့ကို ရှာလိုက်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လမ်းကြောင်းတွေကို သေချာလေးဖုံးကွယ်ဖို့ အာရုံစိုက်ထားသရွေ့တော့ သူတို့က ကျွန်တော်တို့ကို မှတ်မိနိုင်မှာ မဟုတ်ပါဘူး "

ယဲ့ဖန် မတ်တပ်ထရပ်ပြီး လျှောက်လာကာ သူ့ပုခုံးကို ပုတ်လိုက်သည်။

" ခင်ဗျားရဲ့ ဒီအကြံနဲ့တင် လုံလောက်ပါပြီ။ ခင်ဗျား ထွက်လာဖို့ အဆင်မပြေဘူးဆိုတော့ ကျွန်တော်ကိုယ်တိုင် ဖြေရှင်းလိုက်မယ် "

စူချီယွမ် အမြန်ထရပ်လိုက်သည်။

" ယဲ့လူကြီးမင်း ....... "

ယဲ့ဖန် သူ့ကို အနှောင့်အယှက်ပေးရန် လက်ကို မြှောက်လိုက်သည်။

" မပြောနဲ့တော့။ သူတို့ကို ထိဖို့မလိုဘဲ ဆွေးနွေးရုံနဲ့ ပြီးသွားတာလည်း ဖြစ်နိုင်တယ်။ အဲ့တာဆိုရင်တော့ အကောင်းဆုံးပေါ့ "

စူချီယွမ် ထိုသည်ကို စဉ်းစားပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။

" ဒါဆို လူကြီးမင်း သူတို့နဲ့ အရင်စကားပြောလိုက်ပါ။ သူတို့ကို မဖြတ်နိုင်ရင် ကျွန်တော့်ကို ပြန်ဆက်သွယ်လို့ ရပါတယ်။ အများဆုံးမှ ကျွန်တော်တို့ သူတို့နဲ့ ပဋိပက္ခဖြစ်ရုံပါ။ ရာမာဂူချီ-ဂူမီဂိုဏ်းက ကျွန်တော်တို့ရဲ့ ကံနဂါးအဖွဲ့အစည်းနဲ့ စစ်မကြေညာရဲလောက်ပါဘူး "

ယဲ့ဖန်သည် အချိန်မဖြုန်းတော့ဘဲ သူသည် အီဒိုမြို့၏တောင်ဘက်ကမ်းရှိ ဆိပ်ကမ်းတစ်ခုစီသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့သည်။

စူချီယွမ်၏အဆိုအရ ထိုသင်္ဘောကျင်း၌ ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ဝင် အနည်းဆုံးတစ်ရာခန့်ရှိပြီး သူတို့အားလုံးသည် တိုက်ပွဲရာနှင့်ချီ ကြုံတွေ့ခဲ့ရသည့် အထက်တန်းပညာရှင်များ ဖြစ်ကြသည်။

ဤသင်္ဘောကျင်းကို တာဝန်ခံနေသူမှာ ရာမာဂူချီ-ဂူမီဂိုဏ်း၏ အီဒိုဌာနခွဲမှ စွမ်းရည်ရှိသည့် ခေါင်းဆောင် ရှီမာဒါ အာရှီတာ ဖြစ်သည်။

ထိုလူသည် အမြဲပင် ရက်စက်ကြမ်းကြုတ်သူဖြစ်သော်လည်း သူသည် အလွန်လောဘကြီးကာ ရာမာဂူချီ-ဂူမီဂိုဏ်း၏ ရန်ပုံငွေတွေ အများအပြားကို အလွဲသုံးစားလုပ်ခဲ့လေသည်။

သို့သော် သူသည် အမှန်တကယ်ပင် အရည်အချင်းရှိသောကြောင့် ရာမာဂူချီ-ဂူမီဂိုဏ်းသည် ဤအရာကို မျက်ကွယ်ပြုထားခဲ့သည်။

ယဲ့ဖန်သည် ဤအချက်အလက်ကို ရရှိပြီးနောက်တွင် သူသည် ပို၍ပင် ယုံကြည်မှုရှိလာသည်။

လောဘကို မကြောက်သော်လည်း လိုချင်စိတ်မရှိသည့်သူကိုသာ ကြောက်ရသည်။

ယဲ့ဖန်သည် တရုတ်ယွမ်ငွေ ၁သိန်းကျော်နှင့်ညီမျှသော ဂျပန် ယန်း၂သန်းကို အရင်ဆုံး ထုတ်ရန် ဘဏ်သို့သွားခဲ့သည်။

ဤပမာဏသည် လောဘကြီးတဲ့သူတစ်ယောက်အတွက် လုံလောက်လေသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၃၅ )

မကူညီချင်မှတော့ မနှောင့်ယှက်တော့ပါဘူး

ဤနေရာ၌ ငါးဖမ်းလှေများစွာ ရှိလေသည်။

ထို့ကြောင့် လှေဆိပ်တစ်ခုလုံးမှာ ငါးညှီနံ့များ ပြည့်နှက်နေသည်။

ချန်းဖေးအယ် မတတ်နိုင်ဘဲ အကြိမ်အနည်းငယ် နှာခေါင်းရှုံ့မိသည်။

အနံ့အသက်မှာ အမှန်တကယ်ပင် မနှစ်မြို့စရာကောင်းလွန်းလှသည်။

ယဲ့ဖန်သည်လည်း ထိုအနံ့ နှာခေါင်းထဲသို့ တိုးဝင်လာသည့်အခါ မျက်မှောင်ကြုတ်မိသည်။

သို့သော် အဓိက အရေးကြီးသည့်ကိစ္စရပ်မှာ လုပ်ဆောင်ရန် ကျန်ရစ်နေသေးသည်။

ထို့ကြောင့် ဤတစ်ခဏတာ၌ သည်းခံထားရမည် ဖြစ်သည်။

ယဲ့ဖန် ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ ဆိပ်ကမ်းပေါ်၌ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် ယောက်ျားအချို့ကို မြင်လိုက်ရသည်။

ထိုလူများသည် ကြည့်ရုံဖြင့် ထိတ်လန့်ကြောက်ရွံ့စရာကောင်းစွာသာ ရပ်နေပြီး အလုပ်လုပ်နေသူများကို ကူညီပေးနေခြင်းမရှိပေ။

အခြားသူများ အလုပ်လုပ်နေသည်ကို ကြည့်ရုံသာ ကြည့်နေသည်။

သူတို့သည် ရာမာဂူချီ-ဂူမီဂိုဏ်းမှ ဖြစ်နိုင်သည်။

ယဲ့ဖန် ချက်ချင်းပင် ရှေ့သို့ လျှောက်လာပြီး တစ်ယောက်ကို စီးကရက်တစ်လိပ် ပေးလိုက်သည်။

" ခင်ဗျားတို့တွေက ရာမာဂူချီ-ဂူမီဂိုဏ်းက ဟုတ်တယ်မလား "

ကတုံးဆံညှပ်ကေဖြင့် ယောက်ျားတစ်ယောက်က သူ့ကို စိုက်ကြည့်လိုက်သည်။

" မင်းက ဘာလိုချင်လို့လဲ "

" ဒီမှာ တာဝန်ကျတဲ့လူကို ရှာနေတာ "

ယဲ့ဖန်သည် သွယ်ဝိုက်ကာ ပြောမနေပေ။

အဓိက အကြောင်းအရာကိုသာ တည့်

သွားလိုက်သည်။

ထိုလူက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။

" မင်းက ငါတို့ရဲ့ ခေါင်းဆောင်ကို ဘာလို့ ရှာနေတာလဲ "

" ကျွန်တော့်မှာ ဆွေးနွေးစရာကိစ္စတစ်ခု ရှိတယ် "

ယဲ့ဖန်သည် သူ့လက်ထဲမှ သေတ္တာကို ပွတ်သပ်လိုက်သည်။

ထိုလူသည် ယဲ့ဖန်၏ သေတ္တာကို သတိပြုမိသော်လည်း သတိရှိနေဆဲဖြစ်သည်။

" အရင်ဖွင့်လိုက် "

ယဲ့ဖန် သူ့ညွှန်ကြားချက်ကို လိုက်နာပြီး ငွေသားအပြည့်ထည့်ထားသည့် သေတ္တာကို ဖွင့်လိုက်သည်။

ထိုလူ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်လောင်သွားသည်။

" ဒီမှာ ခဏစောင့်။ ငါသတင်းပို့လိုက်မယ် "

ထိုကတုံးကေဖြင့်လူသည် ပြောပြီး နောက်လှည့်၍ မဝေးသောနေရာမှာ အိမ်တစ်အိမ်ဆီသို့ လျှောက်သွားခဲ့သည်။

အိမ်လို့ ခေါ်သည်ထက် ရိုးရှင်းသည့် တဲထိုးနားသည့် နေရာတစ်ခုဖြစ်သည်။

လေနှင့်မိုး ကာနိုင်ရုံလောက်သာ ဖြစ်သည်။

မဟုတ်ပါက တဲသည် လွင့်ထွက်သွားနိုင်သည်။

ခဏကြာပြီးနောက် ထိုလူက ပြန်လာလေသည်။

" ငါ့သူဌေးက မင်းတို့ ဝင်လို့ရတယ်ပြောတယ်။ ဒါပေမယ့် မင်းတို့ရဲ့ ခန္ဓာကိုယ်ကို အရင်ရှာရမယ် "

သူသည် စကားပြောနေစဉ် ချန်းဖေးအယ်ကို စူးရဲစွာ စိုက်ကြည့်နေသည်။

" စိတ်မပူပါနဲ့၊ ကျွန်တော်တို့မှာ ဘာလက်နက်မှ မရှိပါဘူး "

ယဲ့ဖန်သည် သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားနေသည်။

ဤကိစ္စကို ပေါ့ပါးစွာသာ ဖြေရှင်းနိုင်ပါက တိုက်ခိုက်ရန် မလိုပေ။

" ရှာဖွေပြီးတဲ့နောက်မှ လက်နက်ယူလာလား၊ မယူလာဘူးလားဆိုတာ သိနိုင်မှာပေါ့ "

ထိုလူမိုက်သည် သူ့ကို စကားပြောနေသော်လည်း အကြည့်များက ချန်းဖေးအယ်၌သာ ရစ်ဝဲနေသည်။

ယဲ့ဖန်၏ မျက်လုံးများသည် လူသတ်ချင်သည့် အရိပ်အယောင်များဖြင့် တောက်ပလာသည်။

သို့သော် သူ့ဒေါသကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

" ငါ့ကို ရှာရင် ရှာလို့ရတယ်။ ဒါပေမဲ့ မိန်းကလေးကိုတော့ ရှာနေစရာ မလိုဘူးမဟုတ်လား "

ထိုလူ၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။

" ယောက်ျားတွေက မရှာဘဲတောင် ထားလိုက်လို့ရပေမယ့် မိန်းမတွေကိုတော့ မရှာလို့မရဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ပစ္စည်းတွေကို ဖွက်နိုင်တဲ့နေရာတွေ အများကြီးရှိတယ် "

သူ့ဘေးနားရှိ ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်အနည်းငယ်သည်လည်း ကောက်ကျစ်သော အပြုံးကို ပြုံးလာကြသည်။

ချန်းဖေးအယ်၏ အနည်းငယ် ယောက်ျားဆန်သော အသွင်အပြင်ကြောင့် ယောက်ျားအချို့သည် သူမကို အနိုင်ယူလိုသည့်ဆန္ဒအား နှိုးဆွပေးနေသည်။

သူတို့သည် ထိုနှစ်ယောက်အား ဘာမှမလုပ်နိုင်လျှင်တောင်မှ ကောင်မလေးကို အခွင့်ကောင်းယူချင်ကြသည်။

ကတုံးဆံပင်ကေဖြင့်လူသည် စကားပြောပြီးသောအခါ သူသည် ယဲ့ဖန်၏အမူအရာကို ဂရုမစိုက်ဘဲ ချန်းဖေးအယ်ထံသို့ လက်လှမ်းလိုက်သည်။

ချန်းဖေးအယ်၏ အမူအရာသည် အလွန်ရုပ်ဆိုးနေပြီဖြစ်ပြီး သူမသည် ပြန်လည်လှုပ်ရှားတော့မည် ဖြစ်သည်။

သို့သော် တစ်စုံတစ်ယောက်က သူမထက် ပိုမြန်လေသည်။

ထိုအချိန်၌ လက်တစ်ဖက်သည် ရုတ်တရက် ဆန့်ထွက်လာပြီး ကတုံးဆံပင်ကေဖြင့် အမျိုးသား၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

" ခွေးမသား၊ မင်းကများ ခုခံရဲတာလား "

ကတုံးဆံပင်ကေဖြင့်လူသည် ချက်ချင်း လှည့်ကြည့်ကာ ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ မျက်လုံးအိမ်ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ယဲ့ဖန်၏ အခြားလက်တစ်ဖက်သည် ကြီးမားသော ပိုက်ကွန်တစ်ခုကဲ့သို့ ဆန့်ထွက်ကာ သူ၏လက်သီးကို ဆုပ်ကိုင်လိုက်ပြီး အလွယ်တကူ ဆွဲဖယ်လိုက်သည်။

" အား ..... "

ကတုံးဆံပင်ကေဖြင့်လူမှာ ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်သည်။

သူ့အနေဖြင့် လက်ကောက်ဝတ်ကျိုးသွားသလို ခံစားလိုက်ရသည်။

ဤမြင်ကွင်းသည် လျင်မြန်လွန်းသဖြင့် သူ့ဘေးနားရှိ လူအနည်းငယ်မှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

သူတို့ တုံ့ပြန်နိုင်ချိန်၌ ကတုံးဆံပင်ကေဖြင့်လူမှာ မြေပြင်ပေါ် ဒူးထောက်ပြီး ငိုကြွေးနေပြီ ဖြစ်သည်။

" ဘာကာ( အရူးတွေ )၊ မင်းတို့နှစ်ယောက်တော့ သေပြီပဲ "

သူတို့ထဲမှ အနည်းငယ်သည် ချက်ချင်းပင် ယဲ့ဖန်တို့နှစ်ယောက်ကို ဝိုင်း၍ ဖြန့်ကျက်ကာ တိုက်ပွဲကြီးတစ်ခု ဖြစ်တော့မည်ဖြစ်သည်။

ထိုအချိန် အဝေးမှ ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

" အားလုံးရပ်လိုက် "

အားလုံး လှည့်ကြည့်လိုက်သည့်အခါ တဲလေးရှေ့၌ သန်မာသည့်လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသားသည် အရပ် ၁.၈မီတာခန့်ရှိပြီး ဂျပန်အမျိုးသားများကြားတွင် ဘီလူးကြီးဟု သတ်မှတ်ခံရနိုင်သည်။

သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဗလာနေဖြစ်ပြီး အရေပြားမှာလည်း မည်းမှောင်နေကာ ကြွက်သားများမှာလည်း အလွန်ဖွံ့ဖြိုးနေသည်။

သူသည် စစ်စိမ်းရောင်ဘောင်းဘီရှည်တစ်ထည်နှင့် ဒေါက်တာမာတင် ဖိနပ်တစ်ရံကို ၀တ်ဆင်ထားသည်။

ထို့ကြောင့် စစ်သားတစ်ယောက်၏ ရဲရင့်သော ကိုယ်ရောင်ဝါကို ပေးစွမ်းနေသည်။

လှေဆိပ်မှ လူအနည်းငယ်သည် သူ၏ ဆူပူကြိမ်းမောင်းသံကို ကြားပြီးနောက် ရပ်သွားကြသည်။

အရိုက်ခံရသည့်သူက ပြေးပြီး ငိုလေသည်။

" ခေါင်းဆောင်၊ ဒီကောင်က ရှာခွင့်မပေးတဲ့အပြင် ရိုက်တောင် ရိုက်သေးတယ်။ သူ့ကို ခွင့်မလွှတ်သင့်ဘူး ...... "

သူ့စကား မပြီးခင်မှာပင် ထိုလူက သူ့ ရင်ဘတ်ကို ကန်လိုက်သည်။

ကတုံးဆံပင်ဖြင့်လူသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရကာ တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် မြေပြင်ပေါ်တွင် ထိုင်လိုက်ရလေသည်။

" ခေါင်းဆောင် .... "

ထိုလူက သူ့ကို စိုက်ကြည့်နေသည်။

" ဘယ်လောက်တောင် အသုံးမကျတဲ့ အမှိုက်ကောင်လဲ "

ထိုစကားကို ပြောပြီးနောက် လှည့်မကြည့်တော့ပေ။

သူသည် ယဲ့ဖန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

" ဒီကိုလာ "

ယဲ့ဖန် လှည့်၍ ချန်းဖေးအယ်ကို ဆွဲခေါ်ပြီးနောက် ထိုလူဆီသို့ လျှောက်သွားလိုက်သည်။

" မင်း ငါ့ကို ဘာလို့ရှာနေတာလဲ "

ထိုလူ၏ အကြည့်သည် ယဲ့ဖန်၏မျက်နှာပေါ် လင်းယုန်တစ်ကောင်လို ဖြတ်ကျော်သွားသည်။

သတ္တိနည်းသူ ဖြစ်ပါက ဘောင်းဘီထဲ ဆီးပါသွားနိုင်သည်။

" ခင်ဗျားက ဒီမှာ တာဝန်ခံလား "

ယဲ့ဖန် ချက်ချင်းပြန်မဖြေချေ။

ထိုအစား သူက မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။

" ငါက ရှီမာဒါ အာရှီတာပဲ။ မင်း ဘာလို့ ငါ့ကို ရှာနေတာလဲ "

ထိုလူသည် သူ့နာမည်ကို ပြောပြီးနောက် သူ့အမူအရာမှာ အနည်းငယ် စိတ်မရှည်တော့ပုံရသည်။

" ကျွန်တော့်မှာ ဂျပန်ကို လာမယ့် သူငယ်ချင်း တချို့ရှိတယ်။ ဒီနေ့ ဒီကမ်းပေါ်ကို လာလိမ့်မယ်။ လူကြီးမင်း ရှီမာဒါက သူတို့ကို အဆင်ပြေအောင်လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ် "

ယဲ့ဖန် ပြောနေရင်းဖြင့် လျှို့ဝှက်သေတ္တာကိုဖွင့်ပြီး ပြလိုက်သည်။

ရှီမာဒါ အာရှီတာ သေတ္တာထဲမှ ပိုက်ဆံများကို ကြည့်ပြီးနောက် သူ့မျက်လုံးထဲ၌ ချက်ချင်း လောဘကြီးသည့် အကြည့်များ ပေါ်လာသည်။

" ဟားဟားဟား၊ အရေးကြီးကိစ္စလို့ ငါထင်ခဲ့တာ။ ဒါ အသေးအမွှားကိစ္စပဲ။ ရတာပေါ့၊ ရတာပေါ့ "

ထိုလူသည် စကားပြောရင်း လျှို့ဝှက်သေတ္တာကို ယူလိုက်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ဒီကိစ္စက လွယ်လွယ်နဲ့ ဖြေရှင်းနိုင်တာလား။

ဤသည်မှာ သူတို့ မျှော်မှန်းထားသဘ်ထက် အနည်းငယ် ကျော်လွန်သွားလေသည်။

သူတို့နှစ်ယောက်သား သက်ပြင်းချနေစဥ် ရှီမာဒါ အာရှီတာမှ ရုတ်တရက် မေးသံကို ကြားလိုက်ရသည်။

" မင်းသူငယ်ချင်းတွေက ဘယ်ကလာတာလဲ "

" တရုတ်က "

ယဲ့ဖန် ရိုးသားစွာ ဖြေလိုက်သည်။

ဤအချိန်တွင် ရှီမာဒါ အာရှီတာသည် ငွေရေတွက်နေခြင်းကို ရပ်လိုက်သည်။

" တရုတ်ကလား "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ပြဿနာရှိလို့လား "

ရှီမာဒါ အာရှီတာ၏ အမူအရာသည် ရုတ်တရက် အေးစက်သွားသည်။

" စိတ်မကောင်းဘူး။ တရုတ်နိုင်ငံက သင်္ဘောတွေကို ဆိုက်ကပ်ခွင့် မပေးထားဘူး။ ဒါက အထက်အရာရှိတွေဆီက ခွင့်ပြုချက် ယူရတာ "

ယဲ့ဖန် ပေါ့ပါးစွာ ပြုံးလိုက်သည်။

" သိပါတယ်။ အဲ့တာကြောင့် လူကြီးမင်းကို အကူအညီတောင်းဖို့ ဒီကို လာခဲ့တာ မဟုတ်လား။ လူကြီးမင်းရဲ့ အရည်အချင်းနဲ့ ခြွင်းချက်တစ်ခုအဖြစ် ကူညီပေးဖို့ ပြဿနာမဖြစ်သင့်ဘူးမဟုတ်လား "

ရှီမာဒါ အာရှီတာသည် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

" အထက်လူကြီးတွေရဲ့ အမိန့်ကို မနာခံဖို့ ပြောနေတာလား "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" ပိုက်ဆံက ပြဿနာမဟုတ်ဘူး။ ကျွန်တော့်မိတ်ဆွေတွေကို ကမ်းကနေ လွှတ်ထားလိုက်သရွေ့ ပိုပြီး ပေးနိုင်တယ် "

ဝုန်း

ရှီမာဒါ အာရှီတာသည် လျှို့ဝှက်သေတ္တာကို ပိတ်လိုက်ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

" ငါက ပိုက်ဆံကို ကြိုက်တယ်။ ဒါပေမယ့် ပိုက်ဆံအတွက်နဲ့ အထက်လူကြီးတွေရဲ့ အမိန့်ကို မနာခံဘူးထင်နေရင် မင်းအိပ်မက်မက်နေတာပဲ "

ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" ကောင်းပြီ၊ သဘောတူညီချက်က အဆင်မပြေရင်လည်း ကောင်းပါပြီ။ လူကြီးမင်းရှီမာဒါက မကူညီချင်မှတော့ မနှောင့်ယှက်တော့ပါဘူး "

ယဲ့ဖန်သည် စကားပြောနေစဉ် လျှို့ဝှက်ကုဒ်သေတ္တာကို ပြန်ရန် လက်လှမ်းလိုက်သည်။

သို့သော် ရှီမာဒါ အာရှီတာသည် လျှို့ဝှက်သေတ္တာကို လုယူလိုက်ပြီး ပြန်မပေးချင်သည်မှာ ထင်ရှားနေသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၃၆ )

သေဖို့နည်းလမ်းတွေ အများကြီးရှိတယ်

ယဲ့ဖန်၏ အမူအရာမှာ အတော်လေး နက်မှောင်သွားသည်။

" လူကြီးမင်း ရှီမားဒါးက မကူညီချင်မှတော့ ပိုက်ဆံကို ပြန်မပေးသင့်ဘူးလား "

ရှီမာဒါ အာရှီတာ ချက်ချင်း နတ်ဆိုးဆန်စွာ ရယ်လိုက်သည်။

" မင်း ဘာလို့ ပတ်မမေးတာလဲ။ ငါ့မှာရှိတဲ့ ပိုက်ဆံကို ဘယ်တုန်းက ပြန်ပေးဖူးလဲလို့ "

ယဲ့ဖန်သည် လှောင်ပြောင်သော အမူအရာ လုပ်လိုက်သည်။

" လူကြီးမင်း ရှီမာဒါက သိုင်းလောကရဲ့ စည်းမျဉ်းတွေကို သိပ်ဂရုမစိုက်ဘူးဘဲ။ ဒါက မင်းတို့ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ စတိုင်ပဲလား "

'ရာမာဂူချီ-ဂူမီဂိုဏ်း'ဟူသော စကားကို ယဲ့ဖန်ပြောသောအခါ ရှီမာဒါ Aotai နောက်ကွယ်မှ လူများသည် ချက်ချင်း သူ့ကို စိုက်ကြည့်လိုက်ကြသည်။

ရှီမာဒါ အာရှီတာသည် သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ငါ့ဘဝမှာ အမုန်းဆုံးလူ နှစ်မျိုးရှိတယ်။ တစ်မျိုးက ငါတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းကို မရိုသေတဲ့သူတွေနဲ့ နောက်တစ်မျိုးက တရုတ်လူမျိုးတွေပဲ။ မင်းက နှစ်ခုလုံးဖြစ်နေတော့ မင်းတို့ကို ဘယ်လိုဆက်ဆံသင့်တယ်လို့ ထင်လဲ "

ယဲ့ဖန် သူ့စကားကြားပြီးနောက် မတတ်နိုင်ဘဲ ရယ်မိသည်။

" ခင်ဗျားက တရုတ်တွေကို ဘာလို့ ဒီလောက်တောင် မုန်းနေတာလဲ မေးလို့ရမလား။ ခင်ဗျားကို တရုတ်တွေက တက်လုပ်သွားဖူးလို့လား "

သူသည် ရှီမာဒါကို လှောင်ပြောင်နေသော်လည်း ထိုစကားကို ကြားပြီးနောက် ထိုလူ၏အမူအရာသည် ပို၍ပြင်းထန်လာမည်ဟု မမျှော်လင့်ထားပေ။

" မင်းက သေချင်နေတာဘဲ "

ထိုစကားများသည် သူ့သွားများကြားမှ အံကြိတ်လျက် ညှစ်ထုတ်လိုက်သည် ။

သူ ဘယ်လောက် ဒေါသထွက်နေသည်ဆိုတာ သိသာလေသည်

ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ပေ။

" မှန်သွားတာလား။ တောင်းပန်ပါတယ်၊ ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး "

ရှီမာဒါ အာရှီတာသည် သားကောင်ကို ကိုက်စားတော့မည့် ဝံပုလွေနှင့်တူနေသည်။

ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" ငါ့ကိုလှောင်တဲ့ တရုတ်လူမျိုးတစ်ယောက်ကို ငါ ပြန်လိုက်ရှာတယ်။ ပြီးတော့ သူက ငါ့အရှေ့မှာ ဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းပန်ခဲ့ပေမယ့် ငါကတော့ သူ့ကို အပိုင်းပိုင်းဖြတ်ပြီး ခွေးစာ ကျွေးပစ်လိုက်ဖူးတယ် "

ယဲ့ဖန်သည် လူရွှင်တော်တစ်ဦးကို ကြည့်နေသလိုမျိုး အေးစက်စွာဖြင့် ထိုလူကို ကြည့်လိုက်သည်။

ရှီမာဒါ အာရှီတာ၏ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားပြီး သူ့ကို စိုက်ကြည့်နေသည်။

" တရုတ်တွေ ငါ့လက်ထဲ ရောက်လာတိုင်း သူတို့ကို သေရမယ်လို့ ငါ့ကိုယ်ငါ ကတိပေးထားတယ်။ ကူရိထျန်း၊ ဟိုတရုတ်ကောင်မ နောက်ဆုံးတစ်ခေါက်က ဘယ်လိုသေသွားတာလဲ "

ကတုံးဆံပင်ဖြင့်လူက ချက်ချင်း ကြွားလေသည်။

" အဲ့ဒီ တရုတ်ကောင်မက ဂျပန်ကို ခိုးဝင်လာပြီး ငါတို့လက်ထဲကို မိသွားတာ။ ခေါင်းဆောင်နဲ့ငါတို့ အခါနှစ်ဆယ်လောက် ချပြီးတော့ အပျက်မတွေရှိတဲ့ ကြက်တန်းကို ပို့လိုက်တာ။ ဟိုမှာ ဖောက်သည်များတော့ အေကိုက်များ သေသွားတယ်လေ "

အမျိုးသမီးတစ်ယောက်အနေဖြင့် ချန်းဖေးအယ်သည် ဤမျှကြေကွဲဖွယ်ဖြစ်ရပ်ကို ကြားလိုက်ရသောအခါ သူမ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။

သူမ၏ နှလုံးသားထဲတွင်လည်း မီးတောက်တစ်ခု တောက်လောင်နေသည်။

ယဲ့ဖန်၏အကြည့်မှာလည်း အေးစက်သွားသည်။

သူသည် မူလက ဤသည်ကို အေးချမ်းစွာဖြင့်သာ ဖြေရှင်းချင်သည်။

သို့သော် အခုအချိန်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု စတင်ရန်ကလွဲပြီး သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။

ရှီမာဒါ အာရှီတာ၏ မျက်နှာသည် ရူးနှမ်းကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လွင်လာသည်။

" ငါ့အရှေ့မှာ တရုတ်ကောင်တွေ ဒူးထောက်ပြီး အမြီးတွန့်အသနားခံတာနဲ့ တရုတ်ကောင်မတွေ ငါ့အောက်မှာ ခံနေရတာကို မြင်ရတာ ငါ့အတွက် အပျော်ဆုံးပဲ "

" မင်းရော ဘာလို့ ဒူးထောက်ပြီး ငါ့ကို အရင်မတောင်းဆိုတာလဲ။ မင်း ရိုးသားတယ်ဆိုရင် မင်းရဲ့ ခွေးလိုအသက်ကို ငါ သနားပေးဖို့ စဉ်းစားပေးနိုင်တယ် "

ယဲ့ဖန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

" သေဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် မင်းက အမိုက်ဆုံးတစ်ခုကို ရွေးခဲ့တာပဲ။ ငါ့ကို အောင်အောင်မြင်မြင် ဒေါသထွက်အောင် လုပ်ပြီးပြီဆိုတော့ မင်း သေလို့ရပြီ "

ယဲ့ဖန် နောက်ဆုံးစကားကို ပြောပြီးလိုက်သည်နှင့် ညာခြေထောက်က မြောက်တက်လာသည်။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်နေပြီး သူ၏တိုက်ခိုက်မှုမှာ ရုတ်တရက်ဖြစ်သည်။

ညာခြေမှာ ချက်ချင်းပင် ထိုလူနား ရောက်လာသည်။

သို့သော်လည်း ရှီမာဒါ အာရှီတာ၏ တုံ့ပြန်မှုသည် အံ့သြစရာကောင်းလောက်အောင် မြန်ဆန်ပြီး သူသည် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။

သို့သော် ယဲ့ဖန်သည် သူ၏ရင်ဘတ်ကို ကန်မိလိုက်သေးသည်။

ဘန်း

ရှီမာဒါ အာရှီတာ သူ့ရင်ဘတ်ကို ရထားတိုက်မိသလို ခံစားလိုက်ရပြီး ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။

အကယ်၍ သူသာ ခြေလှမ်းကို နောက်ပြန်မဆုတ်ခဲ့ပါက သူ့ရင်ဘတ်အောင့်ကာ သေသွားပေလိမ့်မည်။

" ခွေးသား၊ မင်းက ဒီလိုဆိုမှတော့ လာစမ်းပါ။ မင်းတို့အားလုံး တိုက်ကြ "

သူ့နောက်မှ လက်အောက်ငယ်သားများကို ချက်ချင်း အော်လိုက်သည်။

အမှန်တကယ်၌ သူ အမိန့်ပေးစရာပင် မလိုလိုက်ချေ။

သူ၏ လက်အောက်ငယ်သားများမှာ အလျင်စလို ချီတက်နေကြပြီ ဖြစ်သည်။

ချန်းဖေးအယ် ကူညီချင်သော်လည်း ယဲ့ဖန်က သူမကို တားလိုက်သည်။

" ဒီလူတွေကို ကိုယ့်ဆီ ထားလိုက်။ မင်း ရှီမာဒါ အာရှီတာနဲ့ ဆက်ချပြီး သူ့ကို အရှင်လတ်လတ် ဖမ်းထားလိုက် "

ရှီမာဒါ အာရှီတာ ဒဏ်ရာရသွားပြီဖြစ်၍ ချန်းဖေးအယ်၏ ခွန်အားဖြင့် သူ့ကို ကိုင်တွယ်ရန် လုံလောက်လေသည်။

ချန်းဖေးအယ်သည် သူခိုးကို မဖမ်းမီ ခေါင်းဆောင်ကို ဖမ်းရမည့် နိယာမကိုလည်း သိသောကြောင့် သူမ ချက်ချင်းလှည့်ကာ ရှီမာဒါ အာရှီတာစီသို့ ပြေးသွားခဲ့သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် လက်အောက်ငယ်သားများကို ရင်ဆိုင်လိုက်သည်။

ထိုလူများသည် အတွေ့အကြုံရှိပြီး ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြောင်း သိသာထင်ရှားသည်။

သူတို့၏ တိုက်ခိုက်မှုများသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး သူတို့အသုံးပြုသော လှုပ်ရှားမှုတိုင်းသည် အောက်ပိုင်း သုံးနေရာကို ဦးတည်ထားကြသည်။

ထိုလူများ၌ စစ်ကူရှိသည်ဆိုတာကို ယဲ့ဖန် သိထား၍ သူသည် ကရုဏာမပြချေ။

ထိုအချိန်မှာ သူ၏ မျက်စောင်းထိုးမှ လူတစ်ယောက်သည် သူ့ခွကြားကို ကန်လေသည်။

ဤရွေ့လျားမှု၏ ထောင့်သည် အလွန်ရှုပ်ထွေးပြီး အလွန်လည်းအစွမ်းထက်သည်။

အရိုက်ခံရပြီးသည်နှင့် တစ်သက်လုံး မိန်းမများကိုသာ ကြည့်ရှုနိုင်မည့်အဖြစ် ဖြစ်သွားနိုင်သည်။

ယဲ့ဖန် နှာမှုတ်လိုက်ပြီး ထိုကန်ချက်ကို ညာခြေဖြင့် ကန်ထုတ်လိုက်သည်။

ဖောင်း

ခြေထောက်ချင်း တိုက်မိသည့်အခါ သံတိုင်ကို ကန်လိုက်မိသလို တစ်ဖက်လူမှာ ခံစားရပြီး မျက်နှာမှာလည်း မဲ့ရှုံ့သွားသည်။

သူ မအော်နိုင်ခင်မှာပင် ယဲ့ဖန်၏ ညာခြေက သူ့ရင်ဘတ်ကို ကန်နေပြီ ဖြစ်သည်။

ထိုလူသည် သုံးမီတာကနေ လေးမီတာအကွာထိ ပျံတက်သွားပြီး ပြန်မထနိုင်တော့သည်အထိ မြေပြင်ပေါ် လဲကျသွားခဲ့သည်။

ယဲ့ဖန်၏ လှုပ်ရှားမှုနှစ်ခုသည် လျင်မြန်ပြီး ထက်မြက်သည်။

တစ်ဖက်ဂိုဏ်းမှလူများသည် ယဲ့ဖန် မည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကိုပင် မမြင်လိုက်ကြဘဲ သူတို့ဘက်တော်သား တစ်ဦးမှာ နာကျင်ပြီဖြစ်သည်။

" ဒီကောင်က တော်တော်ကြမ်းတယ်။ အားလုံးသတိထား ..... "

ကတုံးဆံပင်ဖြင့်လူက သူတို့ကို အမြန်သတိပေးလိုက်သည်။

သို့သော် သူ့စကား မပြီးခင်မှာပင် ယဲ့ဖန်သည် သံမဏိတောင်တိုက်ကွက်ကို အသုံးပြုခဲ့သည်။

ဒိုင်း

ခန္ဓာကိုယ်နှစ်ခုသည် ပြင်းထန်စွာ တိုက်မိပြီး အရိုက်ခံရသော လူသည် တောင်များပင် ကွဲအက်ပြီး ပင်လယ်ပြင်ကိုပင် မှောက်ခံရး

နိုင်သည့် အင်အားကို ချက်ချင်း ခံစားလိုက်ရသည်။

ဂျွတ်

အရိုးကွဲအက်သံနှင့်အတူ ထိုလူ၏ခန္ဓာကိုယ်တစ်ဝက်ခန့်သည် ကျိုးအက်ကာ သွေးများထွက်ကျလာသည်။

ကျန်သူများသည် ယဲ့ဖန်၏ ရက်စက်သောနည်းလမ်းများကြောင့် ထိတ်လန့်သွားကြသည်။

တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ထွက်ပြေးချင်ကြသည်။

သို့သော် ယဲ့ဖန်သည် သူတို့ကို မည်သို့ အလွယ်တကူ လွှတ်ပေးမည်နည်း။

သူသည် သူတို့နောက်သို့ အလျင်အမြန်လိုက်သွားပြီး အချိန်တိုအတွင်း သတ်ပစ်လိုက်သည်။

ယဲ့ဖန်၏ တိုက်ပွဲပြီးသွား၍ သူလှည့်ကြည့်လိုက်သည့်အခါ ချန်းဖေးအယ်၏တိုက်ပွဲသည်လည်း ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

အမှန်တကယ်၌ ချန်းဖေးအယ်၏ ခွန်အားသည် ရှီမာဒါ အာရှီတာထက် သာလွန်ပြီးသားဖြစ်သည့်အပြင် ယဲ့ဖန်စီမှ အပြင်းအထန်ထိုးကြိတ်ခံထားရ၍ ထိုလူမှာ ခွန်အားလျော့ကျသွားပြီးသား ဖြစ်သည်။

သို့သော် ရှီမာဒါ အာရှီတာ ၏လှုပ်ရှားမှုများသည် မရေမတွက်နိုင်သော တိုက်ပွဲများမှ လာသည့် တိုက်ကွက်များ ဖြစ်သည်။

ပြောရလျှင် သူတို့သည် အရှက်မရှိ ရက်စက်သော လှုပ်ရှားမှုများ ဖြစ်သည်။

လှုပ်ရှားမှုတိုင်းသည် ချန်းဖေးအယ်၏ ကိုယ်ရေးကိုယ်တာ အစိတ်အပိုင်းများဆီသို့ ဦးတည်ပြီး အားနည်းအနေအထားသို့ရောက်သွားသည်နှင့် သူ အသည်းအသန် ထွက်ပြေးသွားတော့သည်။

သို့သော် ချန်းဖေးအယ်သည် ထိုလူအား အရှင်လတ်လတ်ဖမ်းဆီးရန် ယဲ့ဖန်၏အမိန့်ကို လက်ခံရရှိထားသည်။

ထိုလူ၏ ကောက်ကျစ်သော တိုက်ကွက်များကြောင့် သူမ၏ ပညာကို သေချာအသုံးမချနိုင်ဘဲ ခြေလက်များ အချုပ်ခံထားရသလို ဖြစ်နေသည်။

သို့သော် သူတို့နှစ်ယောက်ကြားမှ ခွန်အားကွာခြားချက်မှာ ကြီးမားလှသည်။

ထို့နောက် စက္ကန့်အနည်းငယ်ကြာပြီးနောက် ချန်းဖေးအယ်သည် လုံးဝအသာစီးပြန်ရပြီး သူ့ကို စတင်ဖိနှိပ်လိုက်သည်။

ရှီမာဒါ အာရှီတာသည် ခါးသီးစွာ နောက်ဆုတ်နေရတော့သည်။

ဤလမ်းကြောင်းအရ သူသည် အနည်းငယ်လှုပ်ရှားပြီးနောက် အရှင်လတ်လတ် ဖမ်းဆီးခံရနိုင်ဖွယ်ရှိသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူတို့အနီးသို့ ဆူညံသော ခြေသံများ ပြေးလာသည်ကို ဆက်တိုက်ကြားလိုက်ရသည်။

ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ ဓားရှည်များ ကိုင်ထားသည့် လူတစ်စုက သူတို့ဆီ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်

သူတို့သည် အနည်းဆုံး လူတစ်ရာခန့်ရှိသည်။

စိတ်ပျက်လက်ပျက်ဖြစ်နေပြီ ဖြစ်သော ရှီမာဒါ အာရှီတာသည် မျှော်လင့်ချက်ရောင်ခြည်ကို ရုတ်တရက် မြင်လိုက်ရသည်။

ထို့နောက် သူ အမြန်အော်လိုက်သည်။

" ကယ်ကြပါဦး "

ချန်းဖေးအယ်သည် ရာမာဂူချီ-ဂူမီဂိုဏ်း စစ်ကူများ ရောက်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားသည်။

အနည်းဆုံး လူတစ်ရာရှိ၍ အားလုံးမှာ လက်နက်များ ကိုင်ဆောင်ထားကြသည်။

သူတို့ နှစ်ယောက်တည်းဖြင့် အယောက်၁၀၀မကသည်ကို တိုက်ခိုက်ရသည်မှာ ခက်ခဲပေလိမ့်မည်။

" ယဲ့ဖန်၊ ကျွန်မတို့ အရင်ပြန်ဆုတ်ကြမလား "

ရှီမာဒါ အာရှီတာအား လိုက်ဖမ်းရန်ကို သူမ ဂရုမစိုက်နိုင်တော့ချေ။

သူမ အမြန်လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

All Chapters