← Chapters

အခန်း (၁၂၃၇-၁၂၄၀)

Vol. 62 Ch. 1237-1240

အခန်း (၁၂၃၇-၁၂၄၀)

Vol. 62 Ch. 1237-1240

စာစဉ်အမည် -ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် -လီလီ

အပိုင်း (၁၂၃၇ )

ဒီလိုလူကို စော်ကားဖို့ မတတ်နိုင်ဘူး

သို့သော် ချန်းဖေးအယ် မထင်ထားသည့်အရာမှာ ယဲ့ဖန်သည် တစ်စက်ကလေးမှ တုန်လှုပ်သွားခြင်းမရှိပေ။

ထိုအစား သူသည် ထိုနောက်ထပ်ရောက်လာမည့် စစ်ကူများအား စောင့်နေသကဲ့သို့ ကြိုဆိုသည့်အပြုံးကို ပြုံးလာလေသည်။

"တောင့်ခံထား၊ ကိုယ်တို့ နိုင်တယ် "

သူသည် ချန်းဖေးအယ်စီကို လျှောက်လာလျက် သူ၏ သွားဖြူဖြူများဖြင့် အပြုံးကြီးတစ်ပွင့် ပြုံးပြသည်။

"ဒါပေမဲ့ သူတို့က အများကြီးလေ။ ကျွန်မတို့ နှစ်ယောက်တည်းဆို နိုင်ဖို့ ခက်လောက်တယ် "

ချန်းဖေးအယ် စတင်ပူပန်လာတော့သည်။

"သူတို့က လောက်တက်နေတဲ့ အဖွဲ့လေးတင်ပါ။ ဘယ်လောက်ပဲ များနေပါစေ အားလုံးက အမှိုက်တွေချည်းပဲ။ ပြီးတော့ အခုတလော ကိုယ့်ခွန်အားက အတော်လေးတိုးလာတာဆိုတော့ သူတို့ကို အသုံးချပြီး ဘယ်လောက်ထိ အကန့်အသတ်ရှိလဲ စမ်းလို့ရတယ် "

ယဲ့ဖန် စိတ်အားထက်သန်သည့် အမူအရာကို ဖော်ထုတ်လိုက်သည်။

ဤမတိုင်ခင်က သူသည် ချန်းဖေးအယ်အရှေ့၌ သူ၏ ခွန်အား အစစ်အမှန်ကို တစ်ခါမှ မပြခဲ့ဖူးချေ၊

လွန်ခဲ့သည့် ရက်အနည်းငယ်က ရာမာဂူချီ-ဂူမီဂိုဏ်း၏ အကြီးတန်းပညာရှင်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သူမကို မပြောခဲ့ပေ။

ထိုနေ့က အဖြစ်အပျက်ကို သူမ သိပါက သူမဤမျှ စိုးရိမ်နေမည် မဟုတ်ချေ။

ယဲ့ဖန် ဘယ်လောက်ထိ ယုံကြည်မှုရှိနေသည်ဆိုတာကို သူမ မြင်ပြီးနောက် ကြောက်ရွံ့နေသေးသော်လည်း စိတ်ထဲက ထိတ်လန့်မှုကို ခဏတာ ထိန်းထားနိုင်ခဲ့သည်။

သူတို့နှစ်ဦး စကားပြောနေချိန်တွင် လူတစ်ရာကျော်သည် ပြေးလာပြီး သူတို့နှစ်ဦးကို ဝိုင်းထားလိုက်ကြသည်။

ဆိပ်ကမ်း၌ ပစ္စည်းများ အသယ်အပို့လုပ်နေသည့် လူများက အခြေအနေကို အဝေးကနေ ကြည့်နေကြသည်။

"ဒီလူနှစ်ယောက်က တကယ် ရဲရင့်တာပဲ။ သူတို့က ပြဿနာရှာဖို့ ရာမာဂူချီ-ဂူမီဂိုဏ်း နယ်မြေကိုတောင် လာရဲသေးတယ် "

"အခုခေတ်လူငယ်တွေ အရမ်းရဲရင့်နေကြပြီလား။ ရာမာဂူချီ-ဂူမီဂိုဏ်းက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ မသိကြဘူးလား "

"အရင်တုန်းက ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ သင်္ဘောဆိပ်ကို ပြဿနာလာရှာပြီး သနားစရာကောင်းတဲ့ အခြေအနေနဲ့ အဆုံးသတ်သွားတဲ့သူတစ်ယောက်ကိုတောင် သတိရမိပါသေးတယ် "

"ဟုတ်တယ်၊ သူဆို လက်တွေ ခြေထောက်တွေက အရွတ်တွေကို အဖြတ်ခံရပြီး ငါးစာကျွေးဖို့ ပင်လယ်ထဲ ပစ်ချခံလိုက်ရတယ်လို့ ကြားတယ် "

"အင်း ဒီလူငယ်နှစ်ယောက်ကတော့ သနားစရာပဲ ......."

လူတိုင်းသည် သူတို့အတွက် ဝမ်းနည်းကြေကွဲကြသော်လည်း အခြားသူများ၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်ရဲသူ မရှိချေ။

ရှီမာဒါအာရှီတာသည် သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ရက်စက်သော အပြုံးဖြင့် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

"အရမ်းကောင်းတယ်။ မင်းတို့က တကယ်ပြဿနာရှာဖို့ ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းနယ်မြေကို လာရဲမှတော့ ဒီနေ့ ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို စော်ကားတာရဲ့အကျိုးဆက်တွေကို ပြောပြပေးလိုက်မယ် ....."

သူသည် ပြောသည့်အတိုင်း လက်အောက်ငယ်သားများကို ရှေ့တက်ရန် အမိန့်ပေးတော့မည် ဖြစ်သည်။

ထိုအချိန်တွင် ဘေးမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

"ခဏစောင့်ဦး "

ရှီမာဒါအာရှီတာ လှည့်ကြည့်လိုက်သည့်အခါ အရပ်၁.၆မီတာလောက်ရှိသည့် ခပ်ပုပု လူတစ်ယောက်က သူ့ထံသို့ လာနေသည်ကို တွေ့လိုက်ရသည်။

ထိုလူကို တွေ့လိုက်ပြီးနောက် သူ အနည်းငယ် စိတ်ပျက်သွားသည်။

ထိုလူ၏အမည်မှာ တာခဲဒရှီကာကဲ ဖြစ်ပြီး သူ့ကို အထက်လူကြီးများမှ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

သူ့အား ကူညီသည်ဟု အမည်ခံသော်လည်း အမှန်မှာ တာခဲဒရှီကာကဲသည် သူ့ကို စောင့်ကြည့်ရန် ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။

သူ ဂိုဏ်းအကောင့်ကနေ ပိုက်ဆံလေး နည်းနည်းလောက်ကို ယူထားတာပဲ မဟုတ်ဘူးလား။

ဂိုဏ်းအတွက် သူရှာပေးထားသည့် ရန်ပုံငွေများနှင့် ယှဉ်ပါက လုံးဝ မပြောပလောက်ပေ။

သူသည် ထိုကြားခံကောင်ကို မုန်းသော်လည်း အထက်မှ အသိအမှတ်ပြုခံထားရဆဲဖြစ်သောကြောင့် သူ့ကို ပြဿနာရှာလို့မဖြစ်ပေ။

"တာခဲဒ၊ ဘာဖြစ်လို့လဲ "

သူ စိတ်ရှည်စွာဖြင့် မေးလိုက်သည်။

တာခဲဒရှီကာကဲသည် ယဲ့ဖန်အား ကြောက်ရွံ့စွာဖြင့် အရင်ကြည့်လိုက်ပြီးနောက် သူ့နားထဲသို့ တိုးတိုးလေး ပြောသည်။

"ဒီလူကို စော်ကားဖို့ ငါတို့ မတတ်နိုင်ဘူး "

ရှီမာဒါအာရှီတာသည် ထိုစကားကို ကြားသောအခါ ချက်ချင်း စိတ်ပျက်သွားသည်။

"ငါတို့က သူ့ကို စော်ကားဖို့ မတတ်နိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းကတောင် စော်ကားဖို့ မတတ်နိုင်တဲ့သူ ဂျပန်မှာ ရှိသေးတာလား "

တာခဲဒရှီကာကဲသည် သူ့ကို တိုးတိတ်သော အသံဖြင့်သာ ဆက်လက် နားချခဲ့ရသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တာကို မင်း ကြားလောက်တယ်မဟုတ်လား။ တရုတ်ပြည်က လူငယ်လေးတစ်ယောက်ကို ဝိုင်းလိုက်ပြီးတော့ ဌာနခွဲကြီးတစ်ခုလုံး ပျက်စီးသွားတာလေ ......"

ရှီမာဒါအာရှီတာ၏ အမူအရာမှာ နောက်ဆုံး၌ ပြောင်းလဲသွားတော့သည်။

သူသည် ယဲ့ဖန်ကို လျင်မြန်စွာ ကြည့်လိုက်သည်။

"ယာမတဌာနခွဲကို ဖျက်ဆီးခဲ့တဲ့သူက ဒီကလေးလို့ ပြောနေတာလား "

တာခဲဒရှီကာကဲ အမြန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ အဲ့နေ့က ငါ ဥက္ကဌ ယာမာမိုတိုနဲ့ အတူတူရှိတယ်။ ယာမတ ဌာနခွဲ အမြစ်ဖြုတ်ခံရတာကို ကိုယ်တိုင် တွေ့ခဲ့တာ။ ဒီလူငယ်လေးက သန်မာလွန်းတယ် "

ရှီမာဒါ အာရှီတာ၏ အကြည့်များသည် တစ်စုံတစ်ခုကို ချိန်ဆနေသကဲ့သို့ အဆက်မပြတ် ပြောင်းလဲနေသည်။

ခဏကြာပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"ယာမတဌာနခွဲက လုံးဝ ပျက်ဆီးသွားပြီ။ အဲ့တာကြောင့် အထက်လူကြီးတွေ အရမ်းဒေါသထွက်နေမှာပေါ့၊ ဟုတ်တယ်မလား "

တာခဲဒရှီကာကဲသည် သူဘာကြောင့် ထိုမေးခွန်းကို မေးသည်ဆိုတာကို မသိချေ။

သို့သော် သူသည် ရိုးသားစွာသာ ပြန်ဖြေလိုက်သည်။

"အထက်လူကြီးတွေက တကယ်ကို ဒေါသထွက်နေကြတာ။ သူတို့က ဒီလူငယ်လေးကို အပိုင်းပိုင်း ဖြတ်ချင်နေကြတယ်။ ဒါပေမယ့် တစ်ဖက်ရဲ့ စွမ်းအားက ပြင်းထန်လွန်းတယ်။ ၁၀၀%ယုံကြည်မှုမရှိဘဲ အထက်ပိုင်းခေါငါးဆောင်တွေက ကမောက်ကမ လုပ်ရဲမှာ မဟုတ်ဘူး "

ရှီမာဒါအာရှီတာသည် သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး သူ့မျက်လုံးထဲ၌ ရူးသွပ်သည့်အကြည့်ဖြင့် ပြည့်နေသည်။

"ဒီကောင်ကို သတ်လိုက်ရင် ဂိုဏ်းအတွက် ကိစ္စအကြီးကြီး လုပ်ပေးနိုင်မှာ မဟုတ်လား "

တာခဲဒရှီကာကဲသည် ထိုစကားကို ကြားလိုက်သောအခါ သူ၏အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

"မင်း ရူးနေလား။ ယာမတဌာနခွဲက လူတွေတောင် ဒီကလေးကို မတိုက်နိုင်တာ မင်းက လုပ်နိုင်ပါ့မလား "

ရှီမာဒါ အာရှီတာ၏ မျက်နှာသည် ရှုံ့ချမှုများဖြင့် ပြည့်နှက်နေသည်။

"ယာမတဌာနခွဲက လူ့အဖွဲ့အစည်းထဲမှာ ပျက်စီးနေတာ ကြာပြီ။ သူတို့ နောက်ဆုံး သွေးတွေ့ခဲ့တာ ဘယ်နှစ်နှစ်လောက်ရှိပြီမလို့လဲ "

"ပြီးတော့ ငါ့ညီအစ်ကိုတွေ အားလုံးက တကယ့်တိုက်ပွဲတွေမှာ အောင်ပွဲယူခံတာ။ အဲ့ဒီအမှိုက်တွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "

"ဒါပေမယ့် ....."

တာခဲဒရှီကာကဲသည် သူ့ကို ထပ်ပြီး ဆွဲဆောင်ချင်သေးသည်။

"ကောင်းပြီ၊ ပြောစရာ မလိုတော့ဘူး "

ရှီမာဒါအာရှီတာသည် သူ့ကို တားရန် သူ့လက်ကို မြှောက်လိုက်သည်။

သူ့မျက်နှာပေါ်မှ ရူးသွပ်မှုများမှာ ပို၍ ပြင်းထန်လာသည်။

"စည်းစိမ်ဥစ္စာဆိုတာ အန္တရာယ်ကနေ လာတာ။ ဒီအနံ့ဆိုး ငါးတွေ၊ ပုဇွန်ပုပ်တွေနဲ့ သင်္ဘောကျင်းမှာ တစ်သက်လုံး မနေချင်ဘူး "

"ဒီနေ့ ဒီကောင်လေးကို သတ်ပြီး ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဂုဏ်ကို ဘယ်သူက သယ်ဆောင်နိုင်လဲဆိုတာ ဒီလူကြီးမင်းတွေကို ကြည့်ခွင့်ပေးလိုက်မယ် "

သူသည် ပြောသည့်အတိုင်း ချက်ချင်းပင် လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းတို့ အားလုံး တိုက်ခိုက်ကြ။ ကောင်လေးကို သတ်ပြီး ကောင်မလေးကို အသက်ရှင်အောင် ထားလိုက်။ ငါ ဒီနေ့ သူမကို သေချင်စိတ်ပေါက်အောင် လုပ်ပေးမယ်။ ဟားဟားဟား "

သူ စကားပြောပြီးသည်နှင့် လူတစ်ရာကျော်သည် သူတို့ ၏ဓားများကို ဝှေ့ယမ်းကာ ယဲ့ဖန်တို့နှစ်ဦးစီ ချီတက်ခဲ့သည်။

"အချိန်ကောင်းပဲ "

ယဲ့ဖန်သည် ထိုလူ ရေစီးကြောင်းကြီးကို ရင်ဆိုင်ခဲ့သည်။

ကြောက်ရွံ့မှု မပြရုံသာမကဘဲ ရှေ့သို့ပင် ဦးတည်ခဲ့သည်။

ချန်းဖေးအယ်သည်လည်း တုံ့ဆိုင်းမနေဘဲ သူ့နောက်ကို ချက်ချင်း လိုက်သွားသည် ။

သူမသည် သေရမည်ဟုပင် စိတ်ထဲတွင် မှတ်ထားပြီးသားဖြစ်ရာ ဤလူမိုက်များနှင့် သွေးထွက်သံယိုတိုက်ပွဲကို တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်က သူမကို အံသြသွားစေသည်။

ယဲ့ဖန်သည် လူအုပ်ထဲသို့ ပြေးဝင်သွားသောအခါ သူသည် ဘူဒိုဇာအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သူ့ရှေ့မှ လူများသည် အနားမကပ်နိုင်ခင်မှာပင် ဖယ်ချခံရသည်။

တခဏချင်းမှာပင် လူအုပ်ကြားထဲ၌ ကွက်လပ်တစ်ခုကို ဖြစ်လာသည်။

လူခြောက်ယောက်၊ ခုနစ်ယောက်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ငိုကြွေးနေကြပြီဖြစ်သည်။

တချို့မှာ လက်များကျိုးနေပြီး တချို့မှာ ပေါင်ရိုးများ ၉၀ ဒီဂရီ ကွေးခံလိုက်ကြရသည်။

သူတို့အားလုံးသည် အလွန်သနားစရာကောင်းနေသည်။

ချန်းဖေးအယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ ဒီလောက်တောင် ရက်စက်မှာလား။

ယဲ့ဖန်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားသည်ဟု ခံစားမိသည်။

စနစ်မှ သူ့ကို ဆယ်နှစ်စာ ကျင့်ကြံအား ပေးပြီးနောက် ဤသည်မှာ သူ၏ခွန်အားအစစ်အမှန်ကို ပထမဆုံးအကြိမ် ပြသခြင်းလည်း ဖြစ်သည်။

ထို့အပြင် သူရရှိခဲ့သည့် အကျိုးသက်ရောက်မှုမှာ သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

သူသည် နောက်ဆုံးအကြိမ် ယာမတဌာနခွဲကို တိုက်ခိုက်ခဲ့ပြီး သူတို့ကို လုံးလုံးလျားလျား ချေမှုန်းပစ်လိုက်သည်။

ထို့ကြောင့် သူ၏ တိုက်ပွဲမှာ ကြီးကျယ်ခမ်းနားသည်ဟု တွေးနိုင်သည်မှာ မှန်သည်ဖြစ်သော်လည်း သူ အလွန်ကံကောင်းသွား၍ နိုင်သွားကြောင်း သူသာ သိသည်။

သူတို့ တိုက်ခိုက်နေသောနေရာသည် သုံးမီတာ ဝန်းကျင်သာရှိသောကြောင့် ရန်သူ၁၀၀ကျော်၏ လှုပ်ရှားမှုများကို တန်ပြန်ရာ၌ အခြေအနေကို ကန့်သတ်ထားသည်။

အများအားဖြင့် တစ်ကြိမ်လျှင် လေးငါးယောက် အပြေးအလွှားရောက်လာသည်။

သူ့ရှေ့မှ လူ လေးငါးယောက်အား တစ်ချိန်တည်းဖြင့် တိုက်ခိုက်ရန် လိုအပ်သည်။

သူတို့နှင့် တိုက်ခိုက်ပြီးပါက ကျန်လေးငါးယောက်ကို ဆက်၍ တိုက်ခိုက်နိုင်သည်။

သို့သော် ယခု နေရာအနေအထားအရ လူတစ်ရာလုံးမှ သူ့စီကို တစ်ပြိုင်တည်း ဦးတည်လာနေသည်။

သူ့၌ လက်ရှစ်ဖက်ပါလျှင်ပင် တစ်ဖက်လူစီမှ အရိုက်ခံရမှာသေချာသည်။

သို့သော် ယနေ့ခံစားချက်သည် လုံးဝ ကွဲပြားခြားနားသည်။

ပထမဆုံးအနေနှင့် သူ့ကိုဝိုင်းထားသည့် ဤလူများ၏ ခွန်အားသည် ယာမတဌာနခွဲက လူများထက် လုံးဝ မနိမ့်ချေ။

အမှန်တကယ်တွင် သူတို့ကပင် ပို၍ရက်စက်နိုင်သေးသည်။

ထို့အပြင် ဤနေရာသည် ကျယ်ပြန့်သောကြောင့် သူတို့၏ လှုပ်ရှားမှုများမှာ လုံးဝအထိန်းအကွပ်မရှိ ဖြစ်နေသည်။

အကယ်၍ သူသည် ယခင်ကသူဖြစ်ခဲ့ပါက ဤအခြေအနေကို ကိုင်တွယ်ရန် သူ့အတွက် အလွန်ခက်ခဲပေမည်။

သို့သော် ဆယ်နှစ်ကြာ ကျင့်ကြံမှုစနစ်ဖြင့် ဆုရထားခြင်းဖြင့် သူတို့ကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

တဖြည်းဖြည်းနှင့် သူ့ရှေ့မှ လူတစ်ရာမှာ သူ့မျက်လုံးထဲမှ လူများမဟုတ်တော့ပဲ ဒေတာအချက်အလက်များဖြင့် ဖွဲ့စည်းထားသော ကွန်ပျူတာကုဒ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သူတို့၏ လှုပ်ရှားမှုများသည် သူ၏ ခန့်မှန်းချက်များထဲတွင်သာ လုံး၀ ရှိနေခဲ့သည်။

ထို့ကြောင့် ချန်းဖေးအယ် မြင်လိုက်ရသော မြင်ကွင်းက ပေါ်လာသည်။

သူ့ရှေ့၌ မည်သူမျှ တစ်စက္ကန့်ပင် မကြာလိုက်ချေ။

သူတို့တိုက်ခိုက်သည့်အခိုက်၌ ယဲ့ဖန်သည် သူတို့၏ အရေးကြီး အစိတ်အပိုင်းများကိုသာ အရင်တိုက်ခိုက်သည်။

ယခုအချိန်တွင် လူများကို သတ်ဖြတ်ခြင်းသည် သူ့အတွက် မြက်ရိတ်ခြင်းကဲ့သို့ လွယ်ကူနေသည်။

စာစဉ်အမည် -ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် -လီလီ

အပိုင်း (၁၂၃၈ )

ဒီကလေးကို ပြောလို့မရအောင်ကို အင်အားကြီးလွန်းတယ်

ဘန်း

ဘန်း

ဖြောင်း

"အား ......."

အရိုးများ၊ အရွတ်များ ကျိုးသံတို့သည် နာကျင်စူးရှသော အော်သံများနှင့်အတူ ကြောက်စရာကောင်းစွာ ရောနှောနေပြီး ဆိပ်ကမ်းတစ်ခုလုံးပေါ် ပဲ့တင်သံထပ်နေတော့သည်။

ပစ္စည်းများကို သယ်ယူပို့ဆောင်နေသော အလုပ်သမားများမှာ ထိုအဖြစ်အပျက်ကို အဝေးမှ ကြည့်နေကြသည်။

သူတို့မျက်လုံးမှာ အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်လွန်းလှ၍ မျက်လုံးပင် ကျွတ်ထွက်ကျမတတ် ဖြစ်နေတော့သည်။

"ဘုရားရေ၊ ဒီလူငယ်လေးက အရမ်းကို မပြင်းထန်လွန်းဘူးလား။ သူ့ကို ဘယ်သူမှတောင် မတားနိုင်ဘူး "

"ငါ ဇာတ်ကားကြည့်နေရတာလား။ ဘာလိုြ ရာမာဂူချီ-ဂူမီဂိုဏ်းက လူတွေက စက္ကူနဲ့လုပ်ထားသလို ပျော့ညံ့နေရတာလဲ။ တစ်ခါထိရုံနဲ့ ခွေကျသွားရောလားဟ "

"မင်း ကန်းနေလား။ အဲ့လူတွေက တကယ် တောင့်တင်းပေမဲ့ အခုတော့ လူတိုင်းနီးပါး အပြင်းအထန်ဒဏ်ရာရကုန်ကြပြီ။ ခြေကျိုးရင်ကျိုး၊ မကျိုးရင် လက်ကျိုးတာပဲ။ တကယ် စိတ်မကောင်းစရာကောင်းလွန်းတယ် ......."

"ဒီလူငယ်လေးရဲ့ ခွန်အားက ကြောက်စရာကောင်းလွန်းတယ်ဆိုတာကိုပဲ ငါပြောနိုင်တော့တယ်။ မတိုက်သေးရင်တော့ ဘာမှမဖြစ်ဘူး။ တိုက်ပြီဆိုတာနဲ့ ကျိုးရင်ကျိုး၊ မကျိုးရင် သေတာပဲ ......."

ရှီမာဒါအာရှီတာသည် ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရပြီး သူ၏အမူအရာမှာ အကျည်းတန်ရုပ်ဆိုးသွားခဲ့သည်။

"ဒီကလေးက တော်တော် အားကောင်းတာပဲ။ ယာမတဌာနခွဲကို ရှင်းပစ်လိုက်တာ မဆန်းပါဘူး "

သူ့ကိုယ်သူ ရေရွတ်နေပုံရသည်။

သူ့အနားရှိ တာခဲဒရှီကာကဲသည် အလျင်အမြန် အကြံပေးလိုက်သည်။

"ဒီတရုတ် ဘယ်လောက်တောင် သန်မာလဲဆိုတာ မင်းမြင်ပြီးပြီပဲ။ သူတို့ကို အမြန်ရပ်ခိုင်းလိုက်ဖို့ ငါအကြံပေးတယ်။ မဟုတ်ရင် အကျိုးဆက်တွေက မှန်းဆလို့ မရဘူး "

ရှီမာဒါ အာရှီတာသည် သူ၏လူများ တိုက်ခိုက်ခြင်းကို ရပ်တန့်သင့်သလားဟု တွေးတောရန် တုံ့ဆိုင်းလာသည်။

သူ တုံ့ဆိုင်းနေချိန်မှာပင် သူ့လက်အောက်ငယ်သား ငါးယောက်၊ ခြောက်ယောက်မက လဲကျသွားပြန်သည်။

ခဏအကြာတွင် လက်အောက်ငယ်သား ဆယ့်ငါး၊ဆယ့်ခြောက်ယောက်ကျော် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူတို့သည်လည်း ယာမတဌာနခွဲ၏ ခြေရာကို လိုက်နေရမည် ဖြစ်သည်။

သို့သော် ထိုအချိန်၌ ယဲ့ဖန်၏ လှုပ်ရှားမှုများ နှေးကွေးသွားပုံပေါ်သည်ကို သူ သိသာစွာ သတိထားမိလိုက်သည်။

ယဲ့ဖန်သည် တိုက်ခိုက်သည့်အခါ မသွက်လက်တော့ချေ။

ထိုသည်ကို မြင်ပြီးနောက် သူ အလွန်ပျော်သွားသည်။

"ဟားဟားဟား၊ ဒီကလေးရဲ့ ခံနိုင်ရည်က ပြိုလဲလာပြီ။ အားလုံးက ပိုကြိုးစားပြီး သူ့ကို သေတဲ့အထိ တိုက်ကြ ......"

သူသည် ယဲ့ဖန်၏ အားနည်းချက်ကို ရှာတွေ့ပြီဟု ထင်လိုက်သည်။

ယဲ့ဖန်သည် မည်မျှပင် ခွန်အားရှိသည်ဖြစ်စေ သူ ခံနိုင်ရည်ကုန်ဆုံးလာမည့်အချိန် ရှိလိမ့်မည်ဟု သူ ထင်လေသည်။

အချိန်ကျလာရင် သူလည်း အဆုံးသတ်ရောက်လာမှာပဲ မဟုတ်လား။

ရာမာဂူချီ-ဂူမီဂိုဏ်းသည် လက်ရှိတွင် ကျဆင်းနေသည့်အချိန်ကာလ၌ ရပ်တည်နေပြီး ဦးဆောင်ရန် မျိုးဆက်သစ်လူငယ်တစ်ဦး လိုအပ်နေသည်။

ဤတရုတ်ကောင်ကို ဒီနေ့ သူ သတ်နိုင်ပါက ဂိုဏ်းအတွက် ကြီးမားသည့် အထောက်အကူဖြစ်လာပေလိမ့်မည်။

အဲ့အခါ သူနဲ့ ဘယ်သူက ပြိုင်နိုင်တော့မှာလဲ။

သူသည် ထိုအကြောင်း တွေးမိလေလေ စိတ်လှုပ်ရှားလာလေလေဖြစ်ကာ ဆင်ခြင်တုံတရားများလည်း တဖြည်းဖြည်း ပျောက်ဆုံးလာသည်။

တာခဲဒရှီကာကဲသည် သူ့အမူအရာကို မြင်သောအခါ ပို၍ပင် စိုးရိမ်လာသည်။

"ရှီမာဒါ၊ ငါ့အကြံကို နားထောင် ......"

ရှီမာဒါအာရှီတာ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"ပါးစပ်ပိတ်ထား။ မင်း ငါ့အစီအစဉ်ကို ထပ်ပြီး နှောင့်ယှက်ရင် ငါ မင်းကို အရင်သတ်မယ်ဆိုတာ မင်းယုံလား "

တာခဲဒရှီကာကဲသည်လည်း မပြောနိုင်သည်ကိုတွေ့လိုက်ရပြီး ပါးစပ်ပိတ်ရန်က လွဲကာ ရွေးချယ်ရန် မရှိတော့ပေ။

ယဲ့ဖန်၏ လှုပ်ရှားမှုများ နှေးကွေးသွားရသည့် အကြောင်းရင်းမှာ သူ မောပန်းနေသောကြောင့် မဟုတ်ဘဲ ထိုအချိန်တွင် သူ့တွင် ရုတ်တရက် နားလည်မှုတစ်ခု ပေါ်လာသောကြောင့် ဖြစ်သည်။

တိမ်များကင်းစင်ရှင်းပြီး နေရောင်ပေါ်လာသလို ဖြစ်သည်။

မိုးသားကြည်လင်သည်နှင့် သူ့စိတ်များ ရုတ်တရက် ကြည်လင်လာသည်။

ဤမတိုင်မီက စနစ်သည် သူ့အား ခွန်အား၊ တက်ကြွမှုနှင့် တုံ့ပြန်မှုအရှိန်ကို လျင်မြန်စွာ တိုးတက်စေသည့် စွမ်းအားကို နှစ်ကြိမ်ပေးခဲ့သည်။

သို့သော် သူ၏ ကိုယ်ခံပညာ တိုးတက်မှုမှာ နှေးကွေးလာခဲ့သည်။

သူ၏ဆရာ လျုံဝမ်းယွမ်၏ ရှင်းပြချက်အရ ကိုယ်ခံပညာနယ်ပယ်ကို တောက်ပသောစွမ်းအား၊ အတွင်းစွမ်းအားနှင့် ပြီးပြည့်စုံသော ကိုယ်ခံပညာနယ်ပယ် စသည်ဖြင့် သုံးခုအဖြစ် ပိုင်းခြားထားသည်။

ကိုယ်ခံပညာရှင်တစ်ဦးသည် တောက်ပစွမ်းအားကို လုံးဝ နားလည်သွားသောအခါ သူသည် အရည်အချင်းပြည့်မီသော ကိုယ်ခံပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး တပည့်များလက်ခံရန် ကိုယ်ခံပညာသင်တန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။

အတွင်းစွမ်းအားကို နားလည်ပါမူ သူတို့သည် အလွန်ပင် ရှားပါးသည့် ကျွမ်းကျင်သူများ ဖြစ်လာပေမည်။

သူ၏ဆရာ လျုံဝမ်းယွမ်သည် ကိုယ်ခံပညာ သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး အတွင်းစွမ်းအား နားလည်ပိုင်နိုင်သူအဆင့်သို့ ဝင်ရောက်လာခဲ့သည်။

ယဲ့ဖန်သည် ယခင်ကတည်းက အတွင်းစွမ်းအားအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီး သူ၏ ဆရာသခင်ထက် ခြေတစ်လှမ်းသာခဲ့သည်။

သို့သော် ယဲ့ဖန်သည် စစ်မှန်သောတိုက်ပွဲများတွင် အတွင်းအင်အားစုကို အမှန်တကယ်အသုံးမပြုနိုင်သေးပေ။

ယခုအခါမှာတော့ သူ့စိတ်ထဲ၌ ရုတ်တရတ် နားလည်မှုများ ပေါ်ပေါက်လာသည်။

သူ၏ အတွင်းအင်အားစုအပေါ် နားလည်မှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး အောင်မြင်မှု၏ လက္ခဏာများ ရှိနေပြီဖြစ်သည်။

အကယ်၍ သူသာ အတွင်းအားစု၏ ကြီးကျယ်သော အောင်မြင်မှုကို အမှန်တကယ် ရရှိနိုင်ခဲ့ပါက သူ့ဆရာသခင်၏ စကားအရဆိုလျှင် တရုတ်နိုင်ငံတစ်ခုလုံးတွင် ပြိုင်ဘက်ကို ရှာဖွေရန်ပင် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ထိုအချိန်က သူသည် အောင်မြင်မှုကြီးဆီသို့ ခြေတစ်လှမ်း ဝေးနေခဲ့သေးသည်။

အခုအခါ ပြီးပြည့်စုံသည့် အသွင်ကူးပြောင်းမှု ဖြစ်လာတော့သည်။

ဤအရာက သူ့ကို အလွန်စိတ်လှုပ်ရှားစေပြီး အသံထွက်မတတ် ရယ်မောစေခဲ့သည်။

ထိုနားလည်မှုက သူ ဆယ်နှစ်စာကျင့်ကြံမှု ရစဉ်ကထက်ပင် ပို၍ စိတ်လှုပ်ရှားနေသည်။

သို့သော် ကိုယ်ခံပညာကို နားလည်သဘောပေါက်ရန် လှုံ့ဆော်မှုတစ်ခု လိုအပ်သည်။

ကိုယ်ခံပညာရှင်အများစုသည် သူတို့၏ဘဝတစ်လျှောက်လုံးတွင် ဤလှုံ့ဆော်မှုအလင်းကို စောင့်မျှော်ကြရသည်။

ခွန်အားသာမက ဤအလင်းပြမှုတစ်ခုပါ ပေါင်းစပ်မှ အဆင့်အမြင့်ဆုံးနယ်ပယ်တစ်ခုသို့ ဝင်နိုင်မှာဖြစ်သည်။

ထိုနယ်ပယ်သို့ တိုးလာမှသာ သူတို့၏ စစ်မှန်သော ခွန်အားကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

ယဲ့ဖန် ကြောင်အနေစဉ် နောက်ထပ် လူနှစ်ယောက်က သူ့ကို ဓားနှင့် ခုတ်လေသည်။

ယဲ့ဖန်၏ နှုတ်ခမ်းများက ပြုံးကာ တွန့်သွားသည်။

မင်းတို့နှစ်ယောက်က စိတ်အားထက်သန်နေမှတော့ ငါ့ဓားကို မင်းတို့အပေါ် အရင်စမ်းသပ်လိုက်မည်။

ယဲ့ဖန်သည် သူ၏လက်များကို ထပ်မံမြှောက်လိုက်သောအခါ သူ့ခန္ဓာကိုယ်တွင်းရှိ ကျင့်ကြံမှုအင်အားများသည် ပို၍ချောမွေ့စွာ လည်ပတ်နေကြောင်း သူ ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ထဲ၌ ရေများ စီးဆင်းနေသလို ဖြစ်နေသည်။

သူ၏ လှုပ်ရှားမှုတိုင်းမှာ နှေးကွေးနေသည်ဟုထင်ရကာ လူတိုင်းမှာ စီးဆင်းရေကို ကြည့်ရသလို မျက်လုံးအမြင်ကို ကြည်နူးစေသည်။

သူ့နောက်မှ လိုက်နေသော ချန်းဖေးအယ်သည် သူ၏ပြောင်းလဲမှုကို ရှင်းလင်းစွာ မြင်နိုင်သည်။

သူသည် အစောပိုင်းက သတ္တိရှိပြီး သန်မာသည့် ကျားတစ်ကောင်ဖြစ်နေသည်။

သူသည် ခက်ထန်ကြမ်းတမ်းသော်လည်း လိုက်လျော ညီထွေမဖြစ်နေပေ။

သို့သော် ယခုအချိန်တွင် သူသည် ကြိုးကြာကဲ့သို့ ဖြစ်နေသည်။

သူ၏ လှုပ်ရှားမှုတိုင်းသည် ညင်သာကာ သိမ်မွေ့ပြီး ကျက်သရေတစ်မျိုးကို ပေးစွမ်းနေသည်။

သို့သော် သူမသည် ယဲ့ဖန်ထံမှ လျှို့ဝှက်ထားသော သတ်ဖြတ်လိုသည့် အရိပ်အယောင်ကို ဖျတ်ခနဲ ခံစားလိုက်နိုင်သည်။

အမှောင်ထဲမှာ ပုန်းကွယ်နေသည်။

ခွန်အားကို ဖုံးကွယ်ထားပြီး ထုတ်ဖော်မပြသော်လည်း သူ၏ စွမ်းအားသည် ယှဉ်နိုင်ခြင်းမရှိပေ။

ဘန်း

ဘန်း

ယဲ့ဖန်သည် သူ့လက်သီးများကို စုပ်လိုက်ပြီး နှစ်ချက်ဝေ့လိုက်သည်။

ထိုးချက်များမှာ ပျော့ညံ့ပြီး အားနည်းနေပုံရသည်။

သို့သော် ထိုလူနှစ်ယောက်၏ ရင်ဘတ်သို့ သူ့လက်သီးချက်များ ထိမှန်သွားသည်နှင့်အမျှ ကြာပွတ်ထိပ်ဖျားကဲ့သို့ဖြစ်ပြီး ရိုက်ခံရသည့် အင်အား ရုတ်တရက် ပေါက်ကွဲသွားသည်။

ထိုနှစ်ယောက်သည် ချက်ချင်း ရပ်မသွားပေ။

သူတို့မျက်နှာမှာ နာကျင်မှု မရှိသလို ဘာမှမဖြစ်ခဲ့သလို ရှေ့ကို ဆက်ပြေးသွားကြသည်။

သို့သော် သူတို့ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ရုတ်တရက် မြေပြင်ပေါ် ငြိမ်သက်စွာ လဲလျောင်းပြီး သေဆုံးသွားကြသည်။

ထိုအဖြစ်အပျက်ကို မြင်လိုက်သူတိုင်းမှာ ဖြစ်စဉ်ကို နားမလည်ဘဲ ချက်ချင်း ရပ်သွားကြသည်။

လဲသွားသော သူတို့၏ ခန္ဓာကိုယ်ကို ခွဲခြမ်းစိပ်ဖြာကြည့်မည်ဆိုပါက သူတို့၏ အတွင်းအင်္ဂါများ ပျက်စီးသွားသည်ကို သူတို့ သိနိုင်သည်။

ဤသည်မှာ အတွင်းအား၏ စွမ်းအားဖြစ်သည်။

အန္တရာယ်ကင်းပုံပေါက်သော်လည်း လက်တွေ့၌ ထိုအားသည် လူတို့၏ အရွတ်များနှင့် အရိုးများကို အလွယ်တကူထိခိုက်စေနိုင်သော အင်အားမျိုးထက် များစွာပို၍ အစွမ်းထက်သည်။

အဓိကမှာ ယဲ့ဖန်၏ အောင်မြင်မှုအဆင့်သည် ယခုမှသာ တိုးလာသောကြောင့် ဖြစ်သည်။

သူ့ခွန်အားကို ကောင်းစွာ မထိန်းနိုင်သေးပေ။

သူတို့အသက်ကို မနာကျင်ဘဲ သတ်ရန်ဖြစ်သည်။

တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ဒီနှစ်ယောက်၏ ကောင်းမွန်သည့်ဘဝ မရှိသည်ကိုသာ အပြစ်တင်နိုင်သည်။

ပြိုင်ဘက်၏ တိုက်ခိုက်မှုသည် ခဏတာမျှသာ ရပ်တန့်သွားသော်လည်း လျင်မြန်စွာ ပြန်တက်လာသည်။

သို့သော် သူတို့အား နှုတ်ဆက်သည့်အရာမှာ မညှာတာသော သေဆုံးမှုဖြစ်သည်။

ရှီမာဒါ အာရှီတာသည် လုံးဝ ခြားနားသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ဤမတိုင်ခင်က ယဲ့ဖန် တိုက်ခိုက်လိုက်တိုင်း သွေးနှင့် အသားစများ နေရာအနှံ့ လွင့်သွားသည်။

အကျိုးအသေများသည့် လူများကိုသာ တွေ့ရပြီး ဆံမွေးကိုပင် ထောင်စေသည်။

ယခုမူ ယဲ့ဖန် လှုပ်ရှားလိုက်တိုင်း ညင်သာ လေပြည်ကြောင့် မိုးမခပင် ယိမ်းနေပုံဖြစ်နေသည်။

သို့သော် ထိုလက်အောက်ငယ်သားများသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားပြီး အနိုင်ပိုင်းခံရပုံရသည်။

ထိုလူများသည် သွေးမအန်သလို ပြင်ပဒဏ်ရာလည်း မရှိကြပေ။

မြေကြီးပေါ် လှဲချ၍သာ ငိုကြွေးနေကြသည်။

စာစဉ်အမည် -ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် -လီလီ

အပိုင်း (၁၂၃၉ )

ရပ်၊ ရပ်၊ ရပ်။ ငါတို့ အရှုံးကို ဝန်ခံတယ်

"ခွေးသားတွေ၊ မင်းတို့အားလုံး သေချင်ယောင်ဆောင်နေကြတာလား။ ထပြီး ဆက်တိုက်ကြ "

ရှီမာဒါအာရှီတာသည် သူ့လက်အောက်ငယ်သားများက ယဲ့ဖန်ကို ကြောက်၍ သေချင်ယောင်ဆောင်နေသည်ဟု ထင်လိုက်သည်။

သို့သော် သူ့လက်အောက်ငယ်သားများသည် သူ့အသံကို ဂရုမစိုက်နိုင်ကြချေ။

နာကျင်မှုကြောင့်သာ အော်ဟစ်ငိုကြွေးနေရသည်။

ရံဖန်ရံခါ သူတို့ထဲမှ အချို့သည် ထပြီး တိုက်ပွဲဆက်ချင်သော်လည်း လမ်းတစ်ဝက်မှာပင် ပြန်လဲသွားကြပြီး မြည်ကြွေးနေကြသည်။

"အား၊ ခွေးမသားတွေ၊ စောက်သုံးမကျတဲ့ကောင်တွေ ......"

ရှီမာဒါ အာရှီတာသည် ဒေါသပိုထွက်ကာ ရူးသွပ်လာသည်။

သို့သော် သူ့ဘေးတွင်ရှိနေသော တာခဲဒရှီကာကဲသည် ထူးခြားမှုတစ်ခုကို သတိပြုမိသည်။

"ရှီမာဒါ၊ ဒီကလေးရဲ့ အရိပ်အယောင်တွေ ပြောင်းလဲသွားတာကို သတိထားမိလား "

ရှီမာဒါ အာရှီတာသည် သွေးသံရဲနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။

"မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ "

တာခဲဒရှီကာကဲ၏ အမူအရာမှာ လေးနက်နေသည်။

"ဒီကလေးက အရမ်းသန်မာတယ်ဆိုပေမယ့် အစက သူ့အစွမ်းအစကို ထုတ်ပြနေတယ်လို့ ခံစားနေတယ် "

"ဒါပေမယ့် အခုကကျ သူ့အားကို ဝှက်ထားသလိုပဲ။ ဒါပေမယ့် အဲ့တာက ပိုတောင် အန္တရာယ်များသေးတယ် ......"

ရှီမာဒါ အာရှီတာ ဒေါသထွက်ပြီး သူ့စကားကို လုံးဝနားမထောင်နိုင်တော့ပေ။

"မင်းကြောက်ရင်ပြော။ ဘာလို့ ဒီလောက် မဟုတ်တာတွေ ပြောနေတာလဲ။ သေချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာ ပုန်းရင်ပုန်းနေလိုက်။ ငါသူ့ကို သွားတွေ့မယ် "

ထိုသို့ဖြင့် ဓားတစ်လက်ကို ကောက်ကိုင်ပြီး ရှေ့ကို ပြေးသွားသည်။

တာခဲဒရှီကာကဲ အံကြိတ်ကာ နောက်မှ လိုက်သွားသည်။

ဤအခိုက်အတန့်တွင် ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ဝင် ရာနှင့်ချီသည် ထက်ဝက်ခန့် နာကျင်စွာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ကျန်တစ်ဝက်၏ တိုက်ခိုက်မှုများမှာ နှေးကွေးသွားတော့သည်။

လူတိုင်း၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေကြသည်။

တိုက်ခိုက်နိုင်သူတစ်ဦးကို မြင်ဖူးကြသော်လည်း ဤမျှကောင်းအောင် တိုက်နိုင်သူကို မတွေ့ဖူးကြပေ။

သူသည် လက်နက်များကိုင်ဆောင်ထားသည့် လူကြမ်း ၅၀ကျော်ကို အနိုင်ယူခဲ့သည်။

ဤသို့ ခွန်အားမျိုးမှာ အံ့သြစရာဖြစ်သည်။

အရှေ့မှလူများ သေကြ၊ နာကျင်ကြရပြီဖြစ်ရာ ဆက်တိုက်ပါက သူတို့အလှည့် ရောက်လာပေလိမ့်မည်။

လူတိုင်းက စတင် ကြောက်ရွံ့လာချိန် ရှီမာဒါအာရှီတာသည် သူ့ဓားကို ကိုင်လျက် ရှေ့ကို ဦးတည်လိုက်သည်။

"တရုတ်ခွေးသား၊ သေလိုက် "

ထိုအချိန် သူ့မျက်နှာမှာ အလွန်ရက်စက်ပုံပေါ်နေသည်။

အနည်းငယ် ကြောက်တတ်သူဖြစ်လျှင် သေလောက်အောင် ကြောက်လန့်နေပေမည်။

သို့သော် ယဲ့ဖန်သည် ချွန်ထက်သော ဓားကို မြင်နေရသော်လည်း တစ်စက်လေးမှ ကြောက်ရွံ့သွားခြင်း မရှိပေ။

ရွှမ်း

ရှီမာဒါအာရှီတာ၏ ဓားရှည်သည် သူ့မျက်နှာရှေ့တွင်ရှိနေပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်သည် သူ့ရှေ့တွင် ရှိနေကာ ညာလက်သည် ပျော့ညံ့စွာ ဝှေ့ယမ်းလာသည်။

အု

အလွန်ပျော့ပျောင်းသော အသံမျှသာ ဖြစ်ပြီး နူးညံ့လွန်းသဖြင့် သူတို့နှစ်ဦးသာ ကြားနိုင်သည်။

သို့သော်လည်း ရှီမာဒါ အာရှီတာ၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

သူ၏ ကိုယ်တွင်းအင်္ဂါများကို တစ်စုံတစ်ယောက်မှ ရက်စက်စွာ ဆုပ်ကိုင်ထားသလို ဖြစ်နေသည်။

ထိုနာကျင်မှုမျိုးက သူ့စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေသည်။

ဘုတ်

သူသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ရကာ လည်ချောင်းမှ နက်နဲသော ညည်းတွားသံကို ထုတ်ညည်းလိုက်သည်။

မတ်တပ်ရပ်ရန် မပြောနှင့် သူ့လက်ချောင်းများကို လှုပ်လိုက်ရုံနှင့်ပင် အေးစက်သော ချွေးများ ထွက်လာသည်။

နောက်ဆုံး၌ သူ့လက်အောက်ငယ်သားများမှာ အပြင်၌ ကြည့်ကောင်းနေပြီး ဘာကြောင့်မလှုပ်နိုင်သည်လဲဆိုတာကို သူ နားလည်သွားသည်။

သူတို့အားလုံး 'သေချင်ယောင်ဆောင်'နေသည်ဟု သူထင်ခဲ့သည်မှာ မှားနေသည်။

ဒါက သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာပဲ။

ဒီကလေးက ဘယ်လိုနည်းလမ်းမျိုး သုံးခဲ့လဲ။

ဆိုရိုးစကားအတိုင်း သူခိုးကို ဖမ်းချင်ပါက ခေါင်းဆောင်ကို အရင်ဖမ်းရပေမည်။

ဤစကားသည် ရာမာဂူချီ-ဂူမီဂိုဏ်းဂိုဏ်းနှင့်လည်း သက်ဆိုင်လေသည်။

သူတို့သည် ရှီမာဒါအာရှီတာမှ ကျောရိုးနောက်ခံအဖြစ်ရှိသောကြောင့် ရဲဝံ့စွာ ရှေ့သို့ချီတက်ရဲခဲ့ကြသည်။

သို့သော် အခုအခါ သူတို့၏ ကျောရိုးနောက်ခံပင် အထိနာသွား၍ သူတို့၏ တိုက်ခိုက်မှုများက ချက်ချင်း ရပ်သွားသည်။

"ရပ်လိုက်၊ တိုက်ခိုက်နေတာတွေ ရပ်လိုက် ......ရပ် "

ထိုအချိန် တာခဲဒရှီကာကဲ ရုတ်တရက် ထရပ်ပြီး အော်လိုက်သည်။

ရှီမာဒါအာရှီတာသည် အသုံးမဝင်တော့ပေ။

ယခု ဤနေရာတွင် တာဝန်ယူနိုင်သူမှာ တာခဲဒရှီကာကဲ ဖြစ်သည်။

"မင်းတို့ရဲ့ လက်နက်တွေကို ချလိုက် "

သို့သော် အချို့က ဆက်တိုက်ချင်နေကြသည်။

တာခဲဒရှီကာကဲသည် လူတိုင်းက နာခံမှုမရှိဘဲ တိုက်ခိုက်နေသည်ကို တွေ့လိုက်သည့်အခါ အော်ဟစ်လိုက်သည်။

အားလုံးသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး ခဏတာ တုံ့ဆိုင်းပြီးနောက် သူတို့၏ ဓားရှည်များကို မြေပြင်ပေါ် ပစ်ချလိုက်သည်။

ထိုအခါမှ တာခဲဒရှီကာကဲသည် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူသည် လှည့်ပြီး ယဲ့ဖန်ဆီသို့ လျှောက်သွားသည်။

"ယဲ့လူကြီးမင်း၊ တိုက်ပွဲကို ရပ်ပေးပါ။ အရှုံးကို ဝန်ခံပါတယ် "

တာခဲဒရှီကာကဲသည် တကယ်ကို ကြောက်နေပြီ ဖြစ်သည်။

အရင်က ရှီမာဒါအာရှီတာကို ဖျောင်းဖျရန် ကြိုးစားခဲ့သော်လည်း ဤလူများသည် ယဲ့ဖန်ကို တကယ်ပင် သတ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ခဲ့သည်။

ဤကိစ္စ အမှန်တကယ်အောင်မြင်သွားပါက သူသည်လည်း နာမည်ကောင်းဝေစု ရရှိလိမ့်မည်။

သို့သော် ဤအရာသည် သူတို့၏ စိတ်ကူးယဉ်ဆန္ဒသာဖြစ်ကြောင်း လက်တွေ့တွင် သက်သေနေပြခဲ့သည်။

ယနေ့ပြသခဲ့သော တရုတ်နိုင်ငံမှ လူငယ်လေး၏ စွမ်းအားသည် ထိုနေ့က ယာမတဌာနခွဲကို တိုက်ခိုက်ခြင်းထက် ပို၍ပင် ကြောက်စရာကောင်းသည်။

သူတို့ နောက်ဆုံးတွေ့ခဲ့သည်မှာ ရက်ပိုင်းသာရှိသေးသော်လည်း သူသည် ဤမျှ ကြီးမားသည့် တိုးတက်မှုကို လုပ်ခဲ့သည်။

ထိုသည်က သူ့ကို ယဲ့ဖန်၏ အလားအလာများအပေါ် ပို၍ပင် ကြောက်လန့်စေခဲ့ပြီး သူ၏ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုဖြစ်သည်။

ထို့ကြောင့် သူသည် ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဂုဏ်သတင်းကို ဂရုမစိုက်နိုင်ဘဲ ရှုံးနိမ့်မှုကို အလျင်အမြန် ဝန်ခံခဲ့သည်။

ယဲ့ဖန်သည် ရှီမာဒါအာရှီတာ၏ မျက်နှာကို မြေကြီးထဲသို့ နင်းပြီးနောက် တာခဲဒရှီကာကဲကို လှောင်ပြောင်လိုက်သည်။

"မင်းမှာ စစ်ပွဲကို စတင်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဘယ်တော့ပြီးမလဲဆိုတာ ငါ ဆုံးဖြတ်မယ် "

တာခဲဒရှီကာကဲသည် သူ့အကြည့်ကို တွေ့ပြီး မထိန်းနိုင်ဘဲ တုန်ယင်လာသည်။

"ဒါဆို ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ ကျွန်တော်တို့ကို ဘာလုပ်စေချင်လဲ "

ယဲ့ဖန်သည် ပူလောင်သောအကြည့်ဖြင့် သူ့ကို ကြည့်နေသည်။

"ဒါက အရမ်းရိုးရှင်းပါတယ်။ မင်းတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းက ဒီဆိပ်ကမ်းအထိုင်ကနေ ထွက်သွားရလိမ့်မယ်။ နောက်ထပ် ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ဝင်တွေကို ဒီမှာ မတွေ့ချင်ဘူး "

တာခဲဒရှီကာကဲ၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

သင်္ဘောကျင်းဆိပ်ကမ်းသည် ရာမာဂူချီ-ဂူမီဂိုဏ်း၏ အရေးကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်ပြီး အထူးသဖြင့် သူတို့စောင့်ကြပ်နေသည့် ဂိုဂူနမ်ဆိပ်ကမ်းဖြစ်သည်။

အရေးကြီးဆုံး စက်မှုလုပ်ငန်းတစ်ခု ဖြစ်လေသည်။

နေ့စဉ် ငွေအမြောက်အများရှာနိုင်သည်ဟု ပြောပါက ချဲ့ကားနေခြင်း မဟုတ်ပါချေ။

အကယ်၍ သူတို့သည် ဤဆိပ်ကမ်းကို ဆုံးရှုံးသွားခဲ့ပါက ဂိုဏ်းဆီသို့ ပြန်ရန် မျက်နှာရှိမည် မဟုတ်ပေ။

"ဟားဟားဟား၊ ယဲ့လူကြီးမင်းက ဒေါသထွက်လို့ ပြောနေတာ သိပါတယ်။ ဒီလောက်တောင် ရက်စက်မှာ မဟုတ်ဘူး "

သူသည် တစ်ဖက်သူကို ရယ်စရာလုပ်ပြီး အရူးကွက်နင်းကာ လွတ်မြောက်ချင်နေသည်။

သို့သော် ယဲ့ဖန်သည် ဤမျှအထိ ဆုံးဖြတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒေါသနဲ့ပြောတာလို့ ဘယ်သူပြောတာလဲ။ မင်း နားမလည်ရင် ထပ်ပြောပေးမယ် "

ထိုအချိန်တွင် သူ့အကြည့်များသည် ရှိနေသူတိုင်းကို ဖြည်းညှင်းစွာ ဖြတ်ကျော်သွားသည်။

"ဒီနေ့ကစပြီး ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ဝင်တွေအားလုံး ဂိုဂူနမ်ဆိပ်ကမ်းထဲကနေ ထွက်သွားကြ "

"ရာမာဂူချီ-ဂူမီဂိုဏ်းသားတွေ ဒီကို ထပ်ပေါ်လာရဲတဲ့ သတ္တိရှိရင် သူတို့ထဲ တစ်ယောက်ချင်းစီတိုင်းကို ငါသတ်ပစ်မယ်။ အယောက်တစ်ထောင်ရှိရင် ငါ တစ်ထောင်လုံးကို သတ်မယ် "

"ငါ့ကို စနောက်နေတယ်ထင်ရင် စမ်းကြည့်လိုက် "

သင်္ဘောကျင်းရှိ လူတိုင်း သူ့စကားကို ရှင်းလင်းစွာ ကြားနိုင်သည်မှန်း သေချာစေရန် ယဲ့ဖန်သည် တမင်တကာ အသံမြှင့်လိုက်သည်။

ဤစကားများသည် ဂိုဂူနမ်တွင် ပေါက်ကွဲလိုက်သော လေးလံသည့် ဗုံးတစ်လုံးနှင့် တူလေသည်။

လူတိုင်းက သူ့ကို ကြောင်အစွာ ကြည့်နေကြသည်။

ထိုအချိန်တွင် ယဲ့ဖန် သည် သင်္ဘောကျင်းထိပ်ပေါ်တွင် ရပ်နေပြီး ဒါဇင်ပေါင်းများစွာသော ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ဝင်များသည် သူ့ခြေထောက်အောက်တွင် နာကျင်စွာ ငိုကြွေးနေကြလေသည်။

ဤအရာက သူ၏ ပုံရိပ်ကို အလွန်ခမ်းနားစေခဲ့သည်။

တံငါလှေများ၊ ကုန်တင်သင်္ဘောများနှင့် သင်္ဘောကျင်းရှိ သင်္ဘောသားများစွာတို့သည် တီးတိုးပြောကြတော့သည်။

"ဒီလူငယ်လေးက တကယ့်ကို မောက်မာတာပဲ။ သူက တကယ် ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ဝင်အားလုံးကို ဂိုဂူနမ်ကနေ မောင်းထုတ်ချင်နေတာလား "

"ဒီဂိုဂူနမ်က ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ အရေးအကြီးဆုံး ပိုင်ဆိုင်မှုတွေထဲက တစ်ခုပဲ။ အဲ့တာကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ စွန့်လွှတ်မှာလဲ "

"သူတို့ လက်မလွှတ်နိုင်ရင်ရော ဘာဖြစ်မှာလဲ။ ဒီလူငယ်က အရမ်းအစွမ်းထက်တယ်။ ရာမာဂူချီ-ဂူမီဂိုဏ်းကတောင် အခုလေးတင် ရှုံးတာကို ဝန်ခံထားတာ။ မင်းက ဘာသဘောမတူစရာရှိလဲ "

"ဂိုဂူနမ်ရဲ့ အခြေအနေက တကယ်ပဲ ပြောင်းလဲသွားတော့မှာလား။ ဒါဆို ဒီလူငယ်လေးအတွက် အနာဂတ်မှာ ငါတို့က အလုပ်လုပ်ပေးရမှာလား "

"ဘာပဲဖြစ်ဖြစ် ငါတို့အတွက် အတူတူပဲ။ အထက်ကလူတွေရဲ့ ထင်မြင်ယူဆချက်ကို နားထောင်ရမှာပဲလေ။ ငါတို့အတွက် ရာမာဂူချီ-ဂူမီဂိုဏ်းဖြစ်ဖြစ် ဒီလူငယ်လေးအတွက်ဖြစ်ဖြစ် အလုပ်လုပ်ပေးရတာက အရေးမကြီးဘူး "

"ရှူး၊ ရာမာဂူချီ-ဂူမီဂိုဏ်း ဘာပြောမလဲ နားထောင်ရအောင် ........"

စာစဉ်အမည် -ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် -လီလီ

အပိုင်း (၁၂၄၀ )

စစ်မှန်တဲ့ ယောက်ျားတစ်ယောက်

တာခဲဒရှီကာကဲသည် ထိုတီးတိုးသံများကို ကြားလိုက်ရပြီး အလွန်စိတ်ထွေပြားသွားသည်။

ယခင်က ဂိုဂူနမ်သို့ စေလွှတ်ခံရသောအခါ အမြတ်အစွန်းများသော အလုပ်တစ်ခု ရခဲ့သည်ဟု သူ ထင်ခဲ့သည်။

တကယ်ပင် သူသည် တိုက်ခိုက်သတ်ဖြတ်ရန် မလိုအပ်ဘဲ သူ့အိတ်ကပ်ထဲသို့ ဖြည့်ရန် အခွင့်အရေး အမျိုးမျိုးရခဲ့လေသည်။

ဂိုဏ်းထဲမှာရှိသည့် လူအတော်အများက ဒီအလုပ်ကို မနာလိုဖြစ်ကြသည်။

သို့သော် ရက်အနည်းငယ်အတွင်း ဤသို့ ဖြစ်လာမည်ဟု မည်သူမှမထင်လောက်ပေ။

အကယ်၍ သူသည် ဆိပ်ကမ်းကို အမှန်တကယ် ဆုံးရှုံးသွားပါက ဂိုဏ်းသည် သူ့ကို ဘယ်တော့မှ လွှတ်ထားမည် မဟုတ်ပေ။

သို့သော် တစ်ဖက်ကလူ၏ အခြေအနေများကို သဘောမတူပါက ကျန်လူများမှာ ဤနေရာတွင် သေသွားနိုင်ဖွယ်ရှိသည်။

သူ စဉ်းစားချင့်ချိန်နေချိန်မှာပင် ယဲ့ဖန် သည်းခံနိုင်ရည်ကို ဆုံးရှုံးသွားသည်။

"မင်း ငါ့ရဲ့ အကြံဥာဏ်ကို လက်မခံနိုင်ရင် စကားပြောဖို့ လက်သီးတွေကိုပဲ ဆက်သုံးကြတာပေါ့ "

ထိုသို့ ပြောပြီးသည်နှင့် ဆက်ပြီး တိုက်ပွဲဝင်တော့မည် ဖြစ်သည်။

တာခဲဒရှီကာကဲ၏ အမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲသွားသည်။

ထို့နောက် ယဲ့ဖန်ကို တားရန် လက်ကို အလျင်အမြန် မြှောက်လိုက်သည် ။

"ကောင်းပြီ၊ ဂိုဂူနမ်ကနေ ဆုတ်ပေးမယ် "

သူသည် အရှက်တရားနှင့် ဒေါသကြောင့် သူ့အသံမှာ အနည်းငယ်တိုးသွားသည်။

ယဲ့ဖန် သူ့နားကို ကလော်လိုက်သည်။

"ခုနက မင်း ဘာပြောလိုက်တာလဲ ငါ မကြားရဘူး။ ပိုကျယ်ကျယ် ပြော "

တာခဲဒရှီကာကဲသည် အရှက်တကွဲဖြစ်ကာ အံကြိတ်ထားသည်။

"ကျွန်တော်တို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းက ဂိုဂူနမ်ကနေ ဆန္ဒအလျောက် ဆုတ်ခွာပေးပါ့မယ်။ ဆိပ်ကမ်းကို ဘယ်တော့မှ ခြေမချတော့ပါဘူး "

ရှီမာဒါအာရှီတာ၏ မျက်လုံးများ ပြူးထွက်ကျမတတ် ဖြစ်သွားသည်။

"တာခဲဒရှီကာကဲ မင်း ရူးနေလား။ ဒီလိုလုပ်တာရဲ့ အကျိုးဆက်ကို မင်းသိလား။ ဥက္ကဌက မင်းကို ခွင့်မလွှတ်ဘူးဆိုတာ သေချာတယ် ......"

"ပါးစပ်ပိတ်ထား "

တာခဲဒရှီကာကဲသည် သွေးစွန်းသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။

"မင်း ဒါတွေအကုန်လုံးကို ညည်းခံလိုက်ဖို့ ငါအကြံပေးခဲ့တယ်။ ဒါပေမယ့် မင်းလုပ်ချင်တာကို လုပ်ခဲ့တာ။ အကျိုးဆက်အားလုံးကို မင်း ခံရမှာကွ "

ရှီမာဒါ အာရှီတာ၏ မျက်နှာသည် ဖြူစုတ်နေပြီး တစ်စိတ်တစ်ပိုင်း သူ့ဒဏ်ရာကြောင့် ဖြစ်ကာ တစ်စိတ်တစ်ပိုင်း ကြောက်ရွံ့မှုကြောင့် ဖြစ်သည်။

အထက်ခေါင်းဆောင်များက သူ့ကို အပြစ်ပေးလျှင် ပြင်းထန်စွာ ခံရမှာ သေချာသည်။

ယခင်က လာဘ်စားထားမှုကိုလည်း လွှတ်ပေးတော့မည် မဟုတ်ပေ။

ယဲ့ဖန်သည် သူတို့ကို ကြည့်ရန် စိတ်မ၀င်စားချေ။

ယင်ကောင်များကို မောင်းထုတ်သလိုမျိုး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ထွက်သွားကြ "

တာခဲဒရှီကာကဲ၏ မျက်နှာတွင် မလိုလားသော အရိပ်အမြွက် ထွက်ပေါ်လာသော်လည်း ဒဏ်ရာပြင်းထန်စွာရသူများကို သယ်ဆောင်ရန် သူ၏ လက်အောက်ငယ်သားများအား အမိန့်ပေးလိုက်ရသည်။

ဆယ်မိနစ် မပြည့်ခင်မှာပင် ရာမာဂူချီ-ဂူမီဂိုဏ်းမှ လူတွေအားလုံး ထွက်သွားကြသည်။

ချန်းဖေးအယ်သည် သနားစရာကောင်းစွာဖြင့် ထွက်ပြေးသွားရသည့် ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်များကို ကြည့်ပြီး သူမ၏ နှလုံးသားထဲ၌ ကမောက်ကမ ဖြစ်နေတော့သည်။

အမှန်တကယ်၌ ယနေ့ တိုက်ခိုက်မှုတွင် ယဲ့ဖန်သည် လူအများကြီးကို ဦးဆောင်သတ်နေ၍ သူမသည် အများကြီးပင် အားထုတ်မှု မပြုလိုက်ရချေ။

ရံဖန်ရံခါ သူမထံ ဦးတည်လာသူများကိုသာ ရှင်းထုတ်လိုက်ရသည်။

ယဲ့ဖန်သည် ရာမာဂူချီ-ဂူမီဂိုဏ်း၏ အရေးကြီးသော ဆိပ်ကမ်းကို လက်တစ်ကမ်းတည်းဖြင့် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

သူ ဖန်တီးထားသည့် အံ့ဖွယ်အရာများစွာကို သူမ တွေ့မြင်ခဲ့ဖူးသော်လည်း ဤတစ်ခေါက်ကိစ္စသည် သူမနှလုံးသားကို တုန်ခါယိမ်းယိုင်စေဆဲ ဖြစ်သည်။

သူမထက် ဦးခေါင်းတစ်လုံးအပြည့် အရပ်မြင့်သော အမျိုးသား၏ နောက်ကျောကို စိုက်ကြည့်ရင်း အမှန်တကယ်ပင် အရှုံးပေးလိုက်လိုစိတ်ရှိခဲ့သည်။

ဤတစ်ကြိမ်တွင် ယဲ့ဖန်သည် သင်္ဘောဆိပ်ကမ်းတစ်ခုလုံးကို ဖြုတ်ချလိုက်ရုံသာမက သူမ၏ နောက်ဆုံး ခံစစ်လိုင်းကိုလည်း ယဲ့ဖန်က ဖြတ်ကျော်သွားခဲ့သည်။

ဤသည်မှာ သူမ မှီခိုလိုသည့် တကယ့်ယောက်ျားဖြစ်သည်။

............

တစ်ဖက်တွင် တံငါလှေများနှင့် ကုန်တင်သင်္ဘောများမှ သင်္ဘောသားများသည် ရာမာဂူချီ-ဂူမီဂိုဏ်း ဆိပ်ကမ်းမှ အမှန်တကယ် ထွက်ခွာသွားသည်ကို မြင်သောအခါ သူတို့သည် ချက်ချင်းပင် တုန်လှုပ်သွားကြသည်။

"ဘုရားရေ၊ ရာမာဂူချီ-ဂူမီဂိုဏ်းက ဒီအတိုင်းပဲ ထွက်သွားခဲ့တာလား။ ဒါက မယုံနိုင်စရာပဲ "

"ဟုတ်တယ်၊ ရာမာဂူချီ-ဂူမီဂိုဏ်းက ဂျပန်မှာ အကြီးဆုံးဂိုဏ်းလေ။ တခြားတစ်ယောက်ယောက်က သူတို့ကို ဘယ်လိုလုပ် သင်္ဘောဆိပ်ကနေ ဖယ်ထုတ်နိုင်မှာလဲ "

"သူတို့ထွက်သွားရင် ငါတို့ ဘာလုပ်ရမလဲ။ နောက်ကျ သင်္ဘောဆိပ်မှာ ကုန်ပစ္စည်းတွေတင်တာ ချတာ ဘယ်လိုလုပ်မလဲ။ ဘယ်သူနဲ့ စကားပြောရမှာလဲ "

"အဲ့တာကို ပြောစရာလိုသေးလား။ ငါတို့ အဲ့ဒီလူငယ်လေးကို ရှာရမယ်။ သူက အခု ဒီသင်္ဘောဆိပ်ရဲ့ တာဝန်ခံပဲ "

"ရာမာဂူချီ-ဂူမီဂိုဏ်းက ဒီအတိုင်း တာဝန်ယူထားရာကနေ ထွက်သွားဖို့ ဆန္ဒရှိမှာ မဟုတ်တာ သေချာတယ်။ သူတို့ ပြန်လာနိုင်တယ်။ အဲ့တာ ငါတို့နဲ့ ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ "

"ဒီဟာက ......"

ထိုလူများမှာ ရုတ်တရက် ဘာလုပ်ရမည် မသိတော့ပေ။

တစ်ဖက်တွင် နာမည်ကြီး ရာမာဂူချီ-ဂူမီဂိုဏ်းသည် သင်္ဘောဆိပ်မှ ထွက်ခွာရန် တွန်းအားပေးခံရ၍ အံ့သြသွားကြသည်။

တစ်ဖက်မှာလည်း သူတို့ ဘာဆက်လုပ်ရမည်ကို မသိတော့ပေ။

ယဲ့ဖန် သူတို့ ဆွေးနွေးနေသည်ကို ကြားပြီး မတတ်နိုင်ဘဲ ပြုံးလိုက်သည်။

ထို့နောက် သူ့ဖုန်းကိုထုတ်ပြီး စူချီယွမ်ကိုဖုန်းဆက်လိုက်သည်။

စူချီယွမ်သည် ချက်ချင်း ဖုန်းပြန်ဖြေသည်။

"ယဲ့လူကြီးမင်း၊ ဆွေးနွေးတာ ဘယ်လိုလဲ။ လာပြီးတော့ ကူညီပေးရမလား "

သူ အမြန်မေးလိုက်သည်။

"ပြီးသွားပြီ။ အခု သင်္ဘောဆိပ်ကို လွှဲပြောင်းယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက် "

ယဲ့ဖန် သည် အချိန်ဖြုန်းမနေခဲ့ပေ။

သူသည် အဓိက အကြောင်းအရင်းကိုသာ တည့်ပြောလိုက်သည်။

"ကောင်းပြီ၊ ချက်ချင်း လူလွှတ်လိုက်မယ် ......ဟမ် ခဏ ခဏလေးပါ။ လူကြီးမင်း ဘာပြောလိုက်တာလဲ။ ဆိပ်ကမ်းကို တာဝန်ယူရမှာတဲ့လား ........"

စူချီယွမ်၏ အသံသည် ယဲ့ဖန်မှားသည်ဟု ထင်ကာ အံ့ဩခြင်းများဖြင့် ပြည့်နေသည်။

"ဟုတ်တယ်၊ ရာမာဂူချီ-ဂူမီဂိုဏ်းက ဂိုဂူနမ်ကနေ ဆုတ်သွားပြီ။ အခုကစပြီးတော့ ကံနဂါးအဖွဲ့အစည်းက ဆက်တာဝန်ယူရလိမ့်မယ် "

ယဲ့ဖန် သာမန်ကာလျှံကာ ပြောလိုက်သည်။

သူ ပြောပြီးသည်နှင့် တစ်ဖက်လူသည် ယဲ့ဖန်၏စကားထဲရှိ အချက်အလက်များကို ချေဖျက်နေသကဲ့သို့ အကြာကြီး တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် စူချီယွမ် ၏ အသံသည် တုန်လှုပ်လျက် ဆက်ပြောသည်။

"ယဲ့ ....ယဲ့လူကြီးမင်း၊ ရာမာဂူချီ-ဂူမီဂိုဏ်းက ဂိုဂူနမ်ဆိပ်ကမ်း ထိန်းချုပ်မှုကို စွန့်လွှတ်လိုက်ပြီလို့ ဆိုလိုတာလား "

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒါက သူတို့အတွက် အရေးကြီးတဲ့ လုပ်ငန်းတစ်ခုပဲ။ အဲ့တာကို သူတို့ ဘယ်လို စွန့်လွှတ်နိုင်မှာလဲ "

ယဲ့ဖန် ပေါ့ပါးစွာ ရယ်လိုက်သည်။

"အကြွင်းမဲ့ခွန်အား အာဏာရှေ့မှာ သူတို့ ဆန္ဒမရှိရင်တောင် ဘာလုပ်နိုင်မှာလဲ "

စူချီယွမ် ချက်ချင်း သိချင်သွားသည်။

"ယဲ့လူကြီးမင်း၊ သူတိို့ကို ဆိပ်ကမ်းကနေ ဖယ်အောင် ဘာလုပ်လိုက်တာလဲ "

"ဒါက ဘာမှ မဟုတ်ပါဘူး။ သူတို့ထဲက ငါးဆယ်ကျော်လောက်ပဲ နစ်နာသွားတာပါ "

ယဲ့ဖန်သည် ထိုသည်ကို အရေးမပါသည့်အရာတစ်ခုလို ပေါ့ပါးစွာ ပြောလိုက်သည်။

ရုတ်တရက် ဖန်ခွက်ကွဲအက်သံများ ထွက်လာသည်။

တစ်ခုခု ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာ ဖြစ်နိုင်သည်။

"ယဲ့လူကြီးမင်း ...မဟုတ်ပါဘူး။ အဘိုးလေးရဲ့ ခွန်အားတွေက အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ မြစ်ဝါမြစ်ကြီးလိုပဲ အထိန်းအကွပ်မဲ့ပြီးတော့ ခမ်နားကြီးကျယ်လှတယ် .....ကျွန်တော် ....ကျွန်တော် အခု ဘာပြောရမလဲဆိုတာတောင် မသိတော့ပါဘူး "

စူချီယွမ်သည် အလွန်တုန်လှုပ်သွားသည်ပြီး အာရုံမကပ်နေသည်မှာ သေချာသည်။

ယဲ့ဖန်သည် လူတစ်ယောက်တည်းဖြင့် ရာမာဂူချီ-ဂူမီဂိုဏ်းမှ ထိန်းချုပ်ထားသော ဆိပ်ကမ်းကို သွားကာ ဂိုဏ်းအဖွဲ့ဝင်၅၀ကျော်ကို ဒဏ်ရာရစေပြီး သင်္ဘောကျင်းမှ ထွက်ခွာသွားခိုင်းသည်။

ယခင်က ဒီလိုမျိုးဖြစ်လာမည်ဟု ထင်မထားပေ။

သို့သော် အခုအခါ ယဲ့ဖန်မှ အမှန်တကယ် လုပ်နိုင်ခဲ့သည်။

သူ ဘယ်လိုလုပ် ငြိမ်နေနိုင်မှာလဲ ။

ဤသတင်း ပျံ့နှံ့သွားသည်နှင့် ရာမာဂူချီ-ဂူမီဂိုဏ်းသည် အီဒိုမြို့ တစ်ခုလုံး၏ လှောင်ရယ်စရာ ဖြစ်လာလိမ့်မည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏အမည်သည် လူတိုင်းကို တုန်လှုပ်စေလိမ့်မည်။

"ကောင်းပြီ၊ ကျွန်တော့်ကို မမြှောက်မနေနဲ့။ မြန်မြန် လာခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။ ဒီမှာ ဆိုက်ဖို့ စောင့်နေတဲ့ သင်္ဘောတွေ အများကြီး ကျန်သေးတယ် "

ယဲ့ဖန်သည် သူ့အား မြှောက်ပင့်နေသည်ကို အမြန် နှောင့်ယှက်လိုက်သည်။

"ကောင်းပါပြီ ယဲ့လူကြီးမင်း။ စိတ်မပူပါနဲ့၊ တာဝန်ယူဖို့ တစ်ယောက်ယောက်ကို ချက်ချင်း လွှတ်လိုက်ပါ့မယ်။ ဒီကိစ္စကို ကျွန်တော့်စီ ထားခဲ့လိုက်ပါ။ သေချာစီမံလိုက်ပါ့မယ် "

စူချီယွမ် အမြန်သဘောတူပြီး 'စီမံ'ဟူသော စကားကို တမင်တကာ အလေးပေးပြောခဲ့သည်။

ဤဆိပ်ကမ်းကို ယဲ့ဖန်မှ သိမ်းပေးခဲ့ခြင်းဖြစ်သည်။

သူတို့ ကံနဂါးအဖွဲ့အစည်းသည် ကိုယ်ပိုင်ရယူခဲ့ခြင်း မဟုတ်ပေ။

သူတို့သည် ထိုနေရာကို ခဏတာ စီမံခန့်ခွဲနိုင်မည်ဖြစ်ပြီး အမြတ်ငွေများသည် ယဲ့ဖန်မှ သေချာပေါက် ပိုင်ဆိုင်မည်ဖြစ်သည်။

သို့သော် စီမံခန့်ခွဲရမည်ဆိုလျှင်ပင် ဤသည်မှာ တစ်သက်မှာတစ်ခါပင် မရနိုင်သော ကံနဂါးအဖွဲ့အစည်းအတွက် အခွင့်အရေး ဖြစ်သည်။

ယခင်က အီဒိုမြို့ရှိ သင်္ဘောဆိပ်ကမ်းများကို ရာမာဂူချီ-ဂူမီဂိုဏ်းမှ ထိန်းချုပ်ထားပြီး အခြားဂိုဏ်းများက ဝင်ရောက်စွက်ဖက်ရန် အခွင့်အလမ်းမရှိပေ။

ယခုအခါ သူတို့ ကံနဂါးအဖွဲ့အစည်းသည် နောက်ဆုံး၌ ဆိပ်ကမ်းအထိုင်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဤသည်မှာ သူတို့အတွက် ရွှေရောင်အနေအထားတစ်ခုဖြစ်သည်။

ယခုအချိန်မှစ၍ ကုမ္ပဏီများနှင့် ကုန်တင်သင်္ဘောများသည် အောင်မြင်စွာ ရွက်လွှင့်မသွားနိုင်မီ သူတို့ကို ဖြတ်ကျော်သွား

ရမည် ဖြစ်သည်။

ဆိုလိုသည်မှာ ကံနဂါးအဖွဲ့အစည်းသည် ချိတ်ဆက်မှုများ၊ အရင်းအမြစ်များ များစွာရှိမည်ဟု ဆိုလိုလေသည်။

ဤသည်မှာ အချင်းချင်း အနိုင်ရမည့် အခွင့်အရေးဖြစ်ကာ ပိုက်ဆံကို ယဲ့ဖန်ရမည်ဖြစ်ပြီး အချိတ်အဆက်များကို သူတို့အဖွဲ့အစည်းက ရမည်ဖြစ်ကာ လိုအပ်သည်များ ကိုယ်စီရရှိကြပေမည်။

All Chapters