← Chapters

အခန်း (၁၂၄၁-၁၂၄၄)

Vol. 63 Ch. 1241-1244

အခန်း (၁၂၄၁-၁၂၄၄)

Vol. 63 Ch. 1241-1244

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၄၁ )

လူတွေက ဉာဏ်တိမ်မှုကြောင့် တကယ်ကြီး‌ သေကြတာပဲ

ယဲ့ဖန်သည်လည်း နှိမ်ချပေးခြင်း မရှိပေ။

သူသည် ကံနဂါးအဖွဲ့အစည်းအတွက် အလကားလုပ်ပေးမည် မဟုတ်ပေ။

ယဲ့ဖန်အနေဖြင့် ဂျပန်နိုင်ငံ၌ ကိုယ်ပိုင်လူအင်အားမရှိသောကြောင့် ဤမျှကြီးသည့် သင်္ဘောဆိပ်ကမ်းကြီးတစ်ခုကို မစီမံနိုင်ချေ။

ထို့ကြောင့် သူသည် ကံနဂါးအဖွဲ့အစည်း၏ စွမ်းအားကို အားကိုးရန် လိုအပ်သည်။

အမှန်တကယ်၌ ယဲ့ဖန်သည် သူ့အား ဂျပန်နိုင်ငံအတွင်းသို့ လွတ်လပ်စွာ ဝင်နိုင်ထွက်နိုင်စေရန်အတွက်သာ သင်္ဘောဆိပ်ကမ်းကို လိုအပ်ခြင်းဖြစ်သည်။

ထို့ကြောင့် အခြားအရာအားလုံးသည် သူ့အတွက် သာမညအခြေအနေများသာ ဖြစ်လေသည်။

ဤကိစ္စကို ဖြေရှင်းပြီးသည့်နောက် အာသာတို့စီအား အစီအစဉ်အတိုင်း ဆိပ်ကမ်းမှ ဂျပန်သို့ ဝင်ပြီး အကြောင်းမကြားခင်အထိ ပုန်းကွယ်၍ နေရန် စာတစ်စောင်ပို့ကာ မှာကြားလိုက်သည်။

အီဒိုမြို့၊ ရာမာဂူချီ-ဂူမီဂိုဏ်း ဌာနချုပ်။

ရှီမာဒါ အာရှီတာနှင့် တာခဲဒ ရှီကာကဲကို စိုက်ကြည့်လျက် ဒုဥက္ကဌ ယာမာမိုတို တာခဲရှိ၏ မျက်နှာသည် မည်းမှောင်နေသည်။

" ဆိပ်ကမ်းကို သူများအပိုင်ဖြစ်အောင် လုပ်ပြီး ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို ဂျပန်တစ်နိုင်ငံလုံးရဲ့ ဟာသဖြစ်အောင် လုပ်လိုက်တာတောင် မင်းတို့က ဘယ်လို ပြန်လာရဲတာလဲ "

ရှီမာဒါ အာရှီတာနှင့် တာခဲဒ ရှီကာကဲတို့သည် ဖြူဖျော့နေသောမျက်နှာထားများနှင့် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်တေကြသည်။

သူတို့ကို အနက်ရောင်ဝတ်စုံပြည့်ဝတ်ကာ နေကာမျက်မှန်တပ်ထားသော အမျိုးသားများက ဝိုင်းရံထားပြီး သူတို့ကို သနားညှာတာမှုကင်းမဲ့သော အကြည့်များဖြင့် ကြည့်နေကြသည်။

" ဥက္ကဌ၊ ကျွန်တော်တို့ ညီအစ်ကိုတွေကို ထွက်သွားခိုင်းတာ ကျွန်တော်မဟုတ်ဘူး။ အဲ့တာ တာခဲဒ ရှီကာကဲ အမိန့်ပေးလိုက်တာ။ အဲ့ဒီတုန်းက ကျွန်တော်သာ ဒဏ်ရာရမသွားရင် သူ့ကို အသေချနိုင်မှာ သေချာတယ် "

ရှီမာဒါ အာရှီတာသည် သူ့ကိုယ်သူ အမြန်ခုခံကာကွယ်၍ ပြောလိုက်သည်။

ယာမာမိုတို တာခဲရှိကတော့ ဘာမှ မပြောချေ။

ထိုအစား သူသည် တာခဲဒ ရှီကာကဲကို ကြည့်လိုက်သည်။

" ဥက္ကဌ၊ ကျွန်တော်ကပဲ ညီအကိုတွေကို သင်္ဘောဆိပ်ကမ်းကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့တာ။ ကျွန်တော် အကျိုးဆက်ကိစ္စအားလုံးကို တာဝန်ယူပါ့မယ် "

တာခဲဒ ရှီကာကဲ သူ့ကို သတ္တိရှိစွာ မော့ကြည့်လိုက်သည်။

ယာမာမိုတို တာခဲရှိ စားပွဲပေါ်၌ ရှိနေသည့် ဆေးပေါ့လိပ်ဖြတ်တံကို ယူကာ ဆေးလိပ်ထိပ်ကို ဖြတ်လိုက်သည်။

ထို့နောက် နှုတ်ခမ်းဝ၌ တေ့လိုက်သော်လည်း ဆေးလိပ်ကို ချက်ချင်း မီးမညှိလိုက်ပေ။

တာခဲဒ ရှီကာကဲကိုသာ ကြည့်နေလိုက်သည်။

" မင်း ဘာလို့ အဲ့လို အမိန့်ပေးလိုက်တာလဲ "

ယာမာမိုတို တာခဲရှိ၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ တာခဲဒ ရှီကာကဲ အံကြိတ်လိုက်သည်။

" အဲ့ဒီ ယဲ့ဖန်ဆိုတဲ့ကောင်လေးရဲ့ ခွန်အားက တကယ်ကို ပြောမပြတတ်လောက်အောင် ကြီးမားလွန်းပါတယ်။ သူက ကျွန်တော်တို့လူ အယောက်၅၀လောက်ကို အသာလေး အနိုင်ပိုင်းသွားတာပါ။ ကျွန်တော်တို့သာ ဆက်ပြီးတိုက်နေမယ်ဆိုရင် ကျန်တဲ့ညီအစ်ကိုတွေရဲ့အသက် နှမြောစရာကောင်းအောင် ဆုံးရှုံးသွားနိုင်တာဖြစ်လို့ ကောင်းကျိုးဆိုးကျိုးတွေကို ချိန်ဆပြီး အလကားသက်သက် မစတေးသင့်ဘူးထင်လို့ နောက်ဆုတ်ခိုင်းလိုက်တာပါ ......... "

ယာမာမိုတို တာခဲရှိ ဆေးလိပ်ကို ဂျောက်ခနဲ မီးညှိလိုက်သည်။

သူသည် အသက်ပြင်းတစ်ချက် ရှိုက်ရှူလိုက်ပြီး တာခဲဒ ရှီကာကဲကို ကြည့်လျက် မှုတ်ထုတ်လိုက်သည်။

" ဒါဆို ဆက်မချဘဲ နောက်ဆုတ်လိုက်ရင် ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်မယ်ဆိုတာ မင်းတွေးကြည့်ဖူးလား။ အခု ဂျပန်ကလူတိုင်းက ငါတို့ကို လှောင်ရယ်ကြတော့မှာကွ "

တာခဲဒ ရှီကာကဲ၏ မျက်လုံးထဲ၌ ခိုင်မာခြင်းများဖြင့် ပြည့်နှက်နေသည်။

" ပုံရိပ်ဆိုတာ မထိုက်တန်ဘူးလို့ ကျွန်တော့်မျက်လုံးထဲတော့ အဲ့လိုပဲမြင်မိပါတယ် "

" တရုတ်မှာ စကားပုံတစ်ခုရှိပါတယ်. 'ဘဝရှိသရွေ့ မျှော်လင့်ချက်ရှိတယ်' အဲ့တာကြောင့် ကျွန်တော်တို့ အသက်ရှင်နေသရွေ့ ဆိပ်ကမ်းကို ပြန်ပြီးအရယူနိုင်ပါတယ်။ သေသွားရင် ပုံရိပ်တွေ ဂုဏ်တွေက အရေးမကြီးတော့ပါဘူး "

" ဟားဟားဟား ....... "

ယာမာမိုတို တာခဲရှိသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အော်ရယ်လိုက်သည်။

တာခဲဒ ရှီကာကဲနှင့် ရှီမာဒါတို့သည် သူ ဘာကြောင့်ရယ်နေသည်ကို မသိသော်လည်း နှစ်ယောက်လုံး အတော်လေး စိတ်ပူပန်လာကြရသည်။

ယာမာမိုတို တာခဲရှိ အတော်ကြာ ရယ်နေပြီးနောက် တာခဲဒ ရှီကာကဲကို ဆက်မပြောတော့ချေ။

သူ ရှီမာဒါ အာရှီတာကို လှည့်ကြည့်လိုက်သည်။

" ယဲ့ဖန်ရဲ့ နောက်ကြောင်းကို ကြိုပြီး သိထားသေးလား "

ရှီမာဒါ အာရှီတာ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရီလာတော့သည်။

သူ တကယ်ပင် လိမ်ညာလိုက်ချင်သည်။

သို့သော် ဒုဥက္ကဌ၏ သွေးအေးသည့်အကြည့်ကို မြင်သောအခါ သူ တွေးထားသည့်အလိမ်အညာများကို ပြောမထွက်နိုင်တော့ပေ။

" တာခဲဒက ကျွန်တော့်ကို ပြောပါတယ် ...... အဲ့ကောင်လေးက ယာမတဌာနခွဲတစ်ခုလုံးကို အမြစ်ဖြတ်သွားတဲ့သူ ဖြစ်တဲ့အကြောင်း အသိပေးပါသေးတယ် "

ယာမာမိုတို တာခဲရှိသည် ဆေးလိပ်ကို ပါးစပ်ထဲ ကိုက်ထားလိုက်ပြီး သူ့ကို မျက်နှာအမူအရာမပြဘဲ ကြည့်နေသည် ။

" ဒီကလေးရဲ့ အစွမ်းအစကို မင်း သိပြီးသားဆိုရင် ဘာလို့ သူ့ကို ဆက်ပြီး ပြဿနာရှာနေရတာလဲ "

ရှီမာဒါ အာရှီတာ၏ ခန္ဓာကိုယ်သည် တရစပ် တုန်လှုပ်သွားသည်။

" ကျ ..... ကျွန်တော် ဂိုဏ်းအတွက် ရန်သူကို ဖယ်ရှားပြီး ညီအစ်ကိုတွေအတွက် ယာမတဌာနခွဲအစား လက်စားချေချင်တာပါ .... "

ဒိုင်း

သူ၏စကား မပြီးခင်မှာပင် ယာမာမိုတို တာခဲရှိသည် ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်လို စားပွဲကို ဆောင့်ကန်လိုက်သည်။

" ဟမ်း၊ ဂိုဏ်းအတွက်တဲ့လား။ ငါကတော့ မင်း ဒါကို မင်းကိုယ်ကျိုးအတွက် လုပ်တာလို့ ထင်တယ် ဟုတ်တယ်မလား "

ရှီမာဒါ အာရှီတာ၏ အတွေးများကို တစ်ဖက်လူမှ ထုတ်ဖော်လိုက်ပြီးဖြစ်ရာ သူသည် ဘာမှမတတ်နိုင်ဘဲ အံကြိတ်ထားရသည်။

" ဟုတ်ပါတယ်။ ကျွန်တော် ဂိုဏ်းအတွက် အကျိုးပြုပြီး အသိအမှတ်ပြုခံချင်တာပါ။ ဒီကလေးက ဒီလောက် အစွမ်းထက်မယ်မှန်း ထင်မထားဘူး ..... "

ယာမာမိုတို တာခဲရှိ နှာမှုတ်လိုက်သည်။

" မင်းက ဂိုဏ်းအတွက် အကျိုးပြုပေးချင်တာနဲ့ ညီအစ်ကိုတွေ အများကြီးရဲ့အသက်ကို စတေးဖို့ ဆန္ဒရှိတယ်လား "

ရှီမာဒါ အာရှီတာ ကြောက်လန့်တကြား ခေါင်းငုံ့လိုက်ပြီး ဘာမှမပြောနိုင်တော့ပေ။

ယာမာမိုတို တာခဲရှိ ဆိုဖာပေါ် အေးဆေးစွာ မှီလိုက်ပြီး သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေလိုက်သည်။

" ဒီနေ့ မင်းတို့နှစ်ယောက်ထဲကတစ်ယောက် သေကိုသေရမယ်။ ဒီကိစ္စကို ဘယ်သူတာဝန်ယူမလဲဆိုတာ ဆွေးနွေးပြီး ရှေ့ထွက်လာခဲ့ "

ရှီမာဒါ အာရှီတာ၏ မျက်နှာအမူအရာမှာ တရစပ်ပြောင်းလဲနေပြီး သူ မသေစေရန် အသည်းအသန် ရှင်းပြနေတော့သည်။

" ကျွန်တော် ....... ကျွန်တော် ဂိုဏ်းအတွက် အများကြီးလုပ်ပေးခဲ့တာပါ။ ဒီတစ်ခါ လောဘကြီးမိသွားတာပါ။ လွှတ်ပေးဖို့ တောင်းဆိုပါတယ် "

ယာမာမိုတို တာခဲရှိသည် သူ၏ ထင်မြင်ချက်ကို ချက်ချင်း မဖော်ပြပေ။

ထိုအစား သူသည် တာခဲဒ ရှီကာကဲကို ကြည့်နေသည်။

တာခဲဒ ရှီကာကဲ၏ အမူအရာသည် အလွန်အကျည်းတန်ကာ မှိုင်တွေနေသော်လည်း အံကြိတ်ထားဆဲဖြစ်သည်။

" ကျွန်တော့်ကို ဆိပ်ကမ်းမှာ ကြီးကြပ်ဖို့ အမိန့်ပေးခံရပါတယ်။ ကျွန်တော်က အလုပ်ကို သေချာမလုပ်လို့ ဖြစ်ရတာကြောင့် ဒါက ကျွန်တော့်အမှားပါ "

" ဒီကိစ္စအတွက် ကျွန်တော် တာဝန်ယူပြီး ပြစ်ဒဏ်ကို လက်ခံပါတယ် "

ယာမာမိုတို တာခဲရှိသည် နောက်ဆုံးတွင် ပြုံးလိုက်ကာ သူတို့နှစ်ဦး၏နောက်တွင် ရပ်နေသော အနက်ရောင်၀တ်စုံဖြင့် လူတစ်ယောက်ကို ကြည့်လိုက်သည်။

ထိုလူ၏ လက်ထဲမှ ဆာမူရိုင်းဓားသည် ရုတ်တရက် ပေါ်လာသည်။

နောက်တစ်စက္ကန့်အတွင်းတွင်ပင် ဓားဖျားသည် ရှီမာဒါ အာရှီတာ၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

" ဘာလို့လဲ ..... ကျွန်တော် ..... ဂိုဏ်းအတွက် အများကြီး လုပ်ပေးခဲ့တာကို ...... ဘာလို့လဲ ..... "

ရှီမာဒါ အာရှီတာ၏ မျက်နှာသည် မယုံနိုင်ခြင်းများဖြင့် ပြည့်နေသည်။

" မင်း ရန်ပုံငွေတွေကို အများကြီး ခိုးထားပေမယ့် ဂိုဏ်းက မင်းကို ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။ မျက်နှာကောင်းရချင်တာ သက်သက်နဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ ခက်မှန်း သိတာတောင် မင်းက ဂိုဏ်းသားတွေကို အချည်းနှီး ပေးဆပ်ခိုင်းသေးတယ်။ အဲ့တော့ မင်းက အကြိမ်တစ်သောင်းမက သေဖို့ ထိုက်တန်တယ် "

ယာမာမိုတို တာခဲရှိ၏ မျက်နှာ၌ ရက်စက်ကြမ်းကြုတ်သောအမူအရာသာ ဖော်ပြနေခဲ့သည်။

ဘုတ်

ရှီမာဒါ အာရှီတာ၏ ခန္ဓာကိုယ်သည် ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ့မျက်နှာ၌ မလိုလားအပ်မှုများ၊ နောင်တ၊ မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။

သူ့ဘေး၌ ဒူးထောက်ရင်းနေသည့် တာခဲဒ ရှီကာကဲ၏ နှုတ်ခမ်းသည် မမြင်သာနိုင်စွာ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

ဘယ်လို အရူးလဲ။

သူသည် နေ့တိုင်း တိုက်ခိုက်သတ်ဖြတ်ရန်ကိုသာ သိပြီး ဥက္ကဌ၏ စိတ်နေစိတ်ထားကို လုံးဝ နားမလည်ချေ။

ဥက္ကဌသည် တာဝန်မကျေတဲ့သူတွေကို အမုန်းဆုံးဖြစ်ပြီး နောက်တစ်ခုမှာ သူတို့အတွက် နာမည်ကောင်းယူချင်သူများ ဖြစ်သည်။

ဤလူမိုက်သည် ဒုဥက္ကဌ၏ တားမြစ်ချက်နှစ်ခုလုံးကို ချိုးဖောက်ခဲ့သည်။

သူသည် တာဝန်မှ ရှောင်ပြေးသည်ကတည်းက ကံကြမ္မာမှာ သတ်မှတ်ပြီးသားဖြစ်သည်။

သို့သော် တာခဲဒ ရှီကာကဲကတော့ မတူညီစွာပင် ကိုယ်တိုင် လိုလားစွာနှင့်ပင် တာဝန်ယူခဲ့သည်။

ဒုဥက္ကဌကြီး၏ အမြင်အရ ထိုသည်ကသာလျှင် တာဝန်ကျေပွန်ခြင်း ဖြစ်သည်။

ဒုတိယအနေဖြင့် မကြောက်ရွံ့သည့် စိတ်နေသဘောထားကို ပြလျှင် ဥက္ကဌသည် သူ့အပေါ် ပိုလို့ပင် အထင်ကြီးလိမ့်ပေမည်။

ထိုအချက်များအရ တို့နှစ်ဦးကို နှိုင်းယှဉ်ကြည့်လျှင် မည်သူကို သတ်သင့်ပြီး မည်သူကို အသက်ရှင်ကျန်စေရမည်ကို ပြောရန်ပင် မလိုအပ်ပေ။

ဟားဟား၊ လူတွေဟာ သူတို့ရဲ့ ဉာဏ်တိမ်မှုကြောင့် တကယ် သေသွားနိုင်တာပဲ။

ရှီမာဒါ အာရှီတာသည် သေသွားပြီဖြစ်သည်။

ပြစ်နှစ်သောသွေးများသည် မြေပြင်ပေါ်တွင် စီးဆင်းနေသော်လည်း အခန်းတွင်းရှိ လူတိုင်းသည် မမြင်သလိုပင် ယခင်အတိုင်းပင် ရှိနေသေးသည်။

ယာမာမိုတို တာခဲရှိသည် တာခဲဒ ရှီကာကဲကို လှည့်ကြည့်လိုက်သည်။

" မင်း နောက်ဆို သူ့လက်အောက်ငယ်သားတွေကိုပါ တာဝန်ယူရလိမ့်မယ်။ အလုပ်ကို ကြိုးကြိုးစားစားလုပ်၊ မင်းအတွက် ငါမျှော်လင့်ချက်ရှိတယ် "

တာခဲဒ ရှီကာကဲသည် ချက်ချင်းပင် မော့ကြည့်လိုက်သည်။

သူသည် အပြစ်ပေးမခံရရုံသာမက ဤဘေးဒုက္ခမှ အကျိုးခံစားခွင့် ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော် သူ အမြန် စိတ်ငြိမ်သက်သွားသည်။

ယခုအချိန်သည် ပျော်ရွှင်နေရမည့်အချိန် မဟုတ်ပေ။

သူသည် အကြီးအကဲစီမှ ထောက်ခံမှု ရရှိခဲ့ပြီးဖြစ်၍ ဒုဥက္ကဌအပေါ် သူ၏ သစ္စာစောင့်သိမှုကို ချက်ချင်းဖော်ပြရန် လိုအပ်သည်။

ထိုသည်ကို တွေးမိပြီး ဒုဥက္ကဌ ယာမာမိုတိုကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။

" ဒုဥက္ကဌကြီး၊ ကျွန်တော်က အပြစ်ရှိတဲ့သူပါ။ ကျွန်တော်နဲ့ မထိုက်တန်ပါဘူး "

" ဥက္ကဌက အမိန့်ပေးတာနဲ့ ဆိပ်ကမ်းကို ပြန်တောင်းဖို့ ဆန္ဒရှိပါတယ်။ အနည်းဆုံးတော့ ဒီတရုတ်ကို ကျွန်တော် အသေအကြေ တိုက်မှာပါ "

ယာမာမိုတို တာခဲရှိ၏ လေးစားမှု အမူအရာသည် ပို၍ပင် ထင်ရှားလာသည်။

အဆုံးတွင် သူ ခေါင်းခါလိုက်သည်။

" မလိုဘူး၊ ငါတို့ အဲ့ဒီဆိပ်ကမ်းကို မလိုချင်တော့ဘူး "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၄၂ )

အထင်မလွဲနဲ့၊ ငါ ဟန်ချက်ပျက်သွားတာ

တာခဲဒ ရှီကာကဲသည် ချက်ချင်းပင် ကြောင်အသွားရသည်။

" ဒါပေမဲ့ ဂိုဂူနမ်က ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုပါ။ သူတို့ကို ယူခွင့်ပေးလိုက်ရင် ဆုံးရှုံးမှု ကြီးမားပါလိမ့်မယ် "

ယာမာမိုတို တာခဲရှိ၏ ခေါင်းသည် မီးခိုးငွေ့များနှင့် ကွယ်နေသည်။

ထို့ကြောင့် သူ၏ အမူအရာကို သေချာရှင်းလင်းစွာ မမြင်နိုင်ပေ။

သူ၏ အေးစက်နေသောအသံကို ကြားနိုင်သည်။

" ဒီကလေးကို ရက်နည်းနည်းလောက်တော့ မောက်မာခွင့်ပေးထားလိုက်။ သူ မြေမြှုပ်စရာနေရာတောင် မရှိဘဲ သေရတော့မှာ။ အဲ့အချိန်ကျ ဒီဟာတွေ ငါတို့လက်ထဲ ပြန်ရောက်လာလိမ့်မယ် "

တာခဲဒ ရှီကာကဲသည် ဒုဥက္ကဌမှာ သူ့စကားအတိုင်း လုပ်သူမှန်း သိလေသညိ။

တရုတ်ကောင်လေး သေရတော့မည်ဟု ပြောလာသည့်အတွက် သူ့၌ သေချာပေါက် အစီအစဉ်ကြီးတစ်ခု ရှိရပေလိမ့်မည်။

ထို့ကြောင့် သူသည်လည်း သဘာဝကျစွာ မကန့်ကွက်ရဲပေ။

" ဟုတ်ကဲ့ပါ၊ ဒုဥက္ကဌ "

...........................................

ကံနဂါးအဖွဲ့အစည်း ဌာနချုပ်။

ဥက္ကဌ လုသောင်းချွမ်သည် ခြံဝင်းထဲတွင် ထိုက်ကျီလက်သီးသိုင်း လေ့ကျင့်နေသည်။

သူသည် အဖြူရောင် တာအိုဝါဒီ၀တ်စုံကို ၀တ်ထားပြီး ပညာရှိနှင့်တူသော ရောင်ဝါကို ပေးစွမ်းနေသည်။

" ဥက္ကဌ၊ သတင်းကောင်း၊ သတင်းကောင်း ..... "

စူချီယွမ်သည် ခြံဝင်းထဲသို့ အလျင်အမြန် ပြေးသွားပြီး တိတ်ဆိတ်နေသော လေထုကို ချိုးဖျက်လိုက်သည်။

လုသောင်းချွမ်သည် သူ့ကြောင့် လေ့ကျင့်နေသည်ကို ရပ်တန့်သွားခြင်း မရှိဘဲ လက်သီးသိုင်းကို ဖြည်းညှင်းစွာ ဆက်လက်လေ့ကျင့်နေခဲ့သည်။

" ချီယွမ်၊ ငါ မင်းကို ဘယ်နှစ်ခါ သင်ပေးထားလဲ။ အဲ့တာကို ဘာလို့ မတိုးတက်သေးတာလဲ။ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်တဲ့သူတွေက အေးအေးဆေးဆေးနေရမယ်။ အထူးသဖြင့် မင်းက ကံနဂါးအဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဌဖြစ်တာကြောင့် မင်းဒေါသကို မထိန်းနိုင်ရင် အောက်ကလူတွေက ဘယ်လိုထင်မလဲ "

စူချီယွမ် အမြန် မတ်မတ်ရပ်လိုက်ပြီး နှိမ့်ချသောအမူအရာဖြင့် ပြောသည်။

" ဥက္ကဌပြောတာ မှန်ပါတယ်။ ကျွန်တော် အတွေးတိမ်သွားတာပါ "

လုသောင်းချွမ် ကျေနပ်စွာ ပြုံးလိုက်သည်။

" ပြော၊ ဘာကိစ္စလဲ "

သူသည် လက်သီးသိုင်းကျင့်လျက် မေးလိုက်သည်။

စူချီယွမ် သူ့ခံစားချက်များကို ထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားလိုက်သည်။

" ယဲ့လူကြီးမင်းက ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဂိုဂူနမ်ဆိပ်ကမ်းထဲကို ဝင်တိုက်ပြီးတော့ လူ ၅၀ကျော် သေဆုံးဒဏ်ရာရသွားတဲ့အတွက် ရာမာဂူချီ-ဂူမီဂိုဏ်းကို ဂိုဂူနမ်ကနေ ဆုတ်ခွာခိုင်းခဲ့ပါတယ်။ ယဲ့လူကြီးမင်းက အခု ဂိုဂူနမ်ဆိပ်ကမ်းကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ကို တစ်ယောက်ယောက်ကို စေပေးသင့်တဲ့အကြောင်း တောင်းဆိုထားပါတယ် "

သူသည် အရာအားလုံးကို အကျဉ်းချုံးပြီး အသက်ရှူတစ်ချက်တည်းဖြင့် ပြောပြီးနောက် ဘုတ်ခနဲ အသံတစ်ခုကို ကြားလိုက်ရသည်။

သူ မော့ကြည့်လိုက်သည့်အခါ ဥက္ကဌလုသည် ခြေလက်များ လေပေါ်မြောက်လျက် မြေပြင်ပေါ်သို့ လဲကျနေသည်ကို တွေ့လိုက်ရသည်။

" ဥက္ကဌကြီး အဆင်ပြေရဲ့လား "

သူသည် အမြန်ရှေ့သို့ ပြေးပြီး ဥက္ကဌကို ကူညီကာ ထူပေးခဲ့သည်။

လုသောင်းချွမ်သည် သူ၏ နာကျင်နေသော တင်ပါးကို ပွတ်သပ်ပြီး သူ အဆင်ပြေကြောင်း ညွှန်ပြရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" အထင်မလွဲနဲ့၊ ငါ အခု ဟန်ချက်ပျက်သွားတာ။ မင်းရဲ့သတင်းကြောင့် လန့်သွားတာ မဟုတ်ဘူး "

စူချီယွမ် အမြန် ခေါင်းညိတ်လိုက်သည်။

" ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် နားလည်ပါတယ် "

လုသောင်းချွမ်သည် သူ၏ ဂုဏ်သိက္ခာရှိသည့်ပုံစံကို ပြန်လုပ်လိုက်သည်။

" ယဲ့လူကြီးမင်းက ငါတို့ကို လူလွှတ်ပြီး ကြည့်ခိုင်းလာတာဆိုတော့ ငါတို့က သူ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို မငြင်းပယ်သင့်တာက သဘာဝကျတယ်။ အဖွဲ့အစည်းက အဆင့်မြင့်အဖွဲ့သားတွေကို ချက်ချင်းရွေးပြီး ဂိုဂူနမ်ကို စောင့်ရှောက်ဖို့ သွားကြ "

စူချီယွမ် လေးစားစွာ ပြန်ပြောသည်။

" ဥက္ကဌ၊ စိတ်မပူနဲ့။ တာဝန်ယူဖို့ လူတစ်ယောက်ကို ကျွန်တော် စေလွှတ်ထားပြီးသားပါ "

လုသောင်းချွမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

" ငါတို့က ဆိပ်ကမ်းကို တာဝန်ယူမယ် ဆိုပေမယ့် ရလာတဲ့ အမြတ်ငွေတွေကို ယဲ့လူကြီးမင်းကို လွှဲပေးရမယ်။ ငါတို့က ကြီးမားတဲ့အရာတွေကို လုပ်ချင်တဲ့သူတွေပဲ။ အဲ့တော့ ဒီလို အကျိုးအမြတ်နည်းနည်းလေးအတွက်နဲ့ ယဲ့လူကြီးမင်း ဆရာကြီးကို စော်ကားလို့ မရဘူးဆိုတာ နားလည်လား "

စူချီယွမ် ရိုသေလေးစားမှုအပြည့်ဖြင့် ထပ်ပြီး ခေါင်းညိတ်လိုက်သည်။

" နားလည်ပါတယ် "

လုသောင်းချွမ် သူ့ပုခုံးကို ပုတ်လိုက်သည်။

" ကောင်းပြီ၊ ဒါဆို မင်းအလုပ်သွားလုပ်တော့ "

စူချီယွမ် လေးစားစွာ အရိုအသေပေးပြီးနောက် လှည့်ကာ ထွက်သွားတော့သည်။

သူ ထွက်သွားပြီးနောက် ကံနဂါးအဖွဲ့အစည်း၏ ဥက္ကဌလုသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေတော့သည်။

သူသည် အရှိန်ဖြင့် ပြုတ်ကျထားသောကြောင့် ဖင်ပွင့်မတတ် ခံစားလိုက်ရသည်။

" အိုက်ယား၊ ငါ့ခြေတွေလက်တွေတော့ သွားပါပြီ။ ယဲ့လူကြီးမင်းက လူတွေကို ဘယ်လိုနှိပ်စက်ရမလဲ သိတာပဲ "

..................................................

အီနာဂါဝါခါအီဂိုဏ်း၊ အီဒိုမြို့အခွဲ။

" မင်း ဘာပြောလိုက်တာလဲ။ အဲ့ဒီ တရုတ်လူငယ်လေးက ဂိုဂူနမ်ကနေ ထွက်သွားဖို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို အတင်းအကြပ် ဖိအားပေးခဲ့တာလား "

အီနာဂါဝါခါအီဂိုဏ်း၏ အီဒိုမြို့အခွဲမှ ဥက္ကဌ ကိုတာရို မီဟာရှီသည် တုန်လှုပ်ချောက်ချားစွာ သတင်းပို့ရန် ရောက်လာသော သူ၏လက်အောက်ငယ်သားကို ကြည့်နေခဲ့သည်။

" ဟုတ်ပါတယ်၊ အဲ့ဒီတရုတ်ကောင်လေးက ဂိုဂူနမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ဝင် ၅၀ကျော်ကို တိုက်ခိုက်ပြီး အထိအနာ အသေသတ်တာတွေလည်း ရှိပါတယ်။ ရာမာဂူချီ-ဂူမီဂိုဏ်းက အရှုံးကို ဝန်ခံပြီး ဂိုဂူနမ်ကနေ အပြီးထွက်ခွာသွားမယ်လို့ ကတိပေးခဲ့ပါတယ် "

လက်အောက်ငယ်သားသည် သူ ရရှိထားသည့် အချက်အလက်များကို ပြန်ပြောခဲ့သည်။

ကိုတာရို မီဟာရှီသည် သူ့ထိုင်ခုံတွင် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။

" သူက ရာမာဂူချီ-ဂူမီဂိုဏ်း ပိုင်တဲ့ သင်္ဘောကျင်းကို တစ်ချက်တည်းနဲ့ အပိုင်သိမ်းသွားတာလား။ ဒီတရုတ်ကောင်လေးက တကယ်ကို သန်မာတာပဲ "

ထိုလက်အောက်ငယ်သားသည် ချက်ချင်း ကျေနပ်စွာ ရယ်မောလိုက်သည်။

" ဟုတ်ပါတယ်၊ ရာမာဂူချီ-ဂူမီဂိုဏ်းက ဒီတစ်ခါတော့ ပြဿနာအကြီးကြီးတက်တာပဲ "

ကိုတာရို မီဟာရှီမှာတော့ သိပ်ပျော်ပုံ မပေါ်ချေ။

သူသည် မေးစေ့ကို ပွတ်သပ်ပြီး တွေးနေလိုက်သည်။

" ယာမာမိုတို တာခဲရှိက ဒီတစ်ကြိမ် အကြီးအကျယ် အရှုံးပေါ်ထားတော့ သူ ဒါကို လုံးဝ မလွှတ်ထားလောက်ဘူး။ ရာမာဂူချီ-ဂူမီဂိုဏ်းစီက သတင်းတစ်ခုခု ရခဲ့သေးလား "

လက်အောက်ငယ်သားမှ ချက်ချင်း ပြန်ဖြေသည်။

" ရာမာဂူချီ-ဂူမီဂိုဏ်းက ကျွန်တော်တို့ရဲ့ သတင်းပေးပြောပုံအရ ယာမာမိုတို တာခဲရှိက ဆိပ်ကမ်းကို ဆုံးရှုံးသွားပြီးတော့ အဲ့ဒီက တာဝန်ခံ ရှီမာဒါ အာရှီတာကိုပဲ သတ်လိုက်ပါတယ်တဲ့။ ဂိုဂူနမ်ကို ထပ်ပြီး လူမလွှတ်ဘဲ ပြဿနာမဖြစ်အောင် တားဆီးခဲ့တယ်လို့ ပြောပါတယ် "

ကိုတာရို မီဟာရှီ ပိုလို့ပင် အံ့သြသွားသည်။

" ဒါကို သူက တကယ် သည်းခံလိုက်တာလား "

လက်အောက်ငယ်သားမှ ပြုံးသည်။

" နားလည်နိုင်ပါတယ်။ ဒီတရုတ်လူငယ်လေးက အရမ်းသန်မာလွန်းတယ် "

" တကယ်လို့ ယာမာမိုတို တာခဲရှိက သူ့ကို ဖယ်ထုတ်နိုင်မယ်ဆိုတာ ၁၀၀% မသေချာဘူးဆို သူလည်း ရူးနှမ်းပြီး လုပ်ရဲမှာ မဟုတ်ဘူး။ မဟုတ်ရင် တစ်ဖက်က ပြန်ချတာကို အသေအလဲ ပြန်ခံရမှာ "

ကိုတာရို မီဟာရှီ ခေါင်းညိတ်လိုက်သည်။

သူ ပြောသည်က အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။

ခဏ စဉ်းစားပြီးနောက် ချက်ချင်း အမိန့်ပေးလိုက်လေသည်။

" ဂိုဏ်းခေါင်းဆောင်တွေ အားလုံးကို သတင်းပို့လိုက်။ လက်အောက်ငယ်သားတွေကို သတိထားဖို့ ပြောထား။ ဒီကောင်လေးကို မထိမိစေနဲ့။ မဟုတ်ရင် သူတို့ အသေသတ်ခံရမှာ သေချာတယ် "

လက်အောက်ငယ်သားမှာ ခဏတာ တုံ့ဆိုင်းသွားသည်။

" အဲ့ဒီတရုတ်လူငယ်က ကျွန်တော်တို့ကို အရင် ပြဿနာရှာရင် ဘာလုပ်ရမလဲ "

ကိုတာရို မီဟာရှီ မျက်မှောင်ကြုတ်လိုက်သည်။

" သူ အရမ်းမလွန်လာသရွေ့ ငါတို့အားလုံး နောက်ဆုတ်ဖို့ ရွေးချယ်ကြမှာပဲ "

ထိုစကားကို လက်အောက်ငယ်သားက ကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။

ဂျပန်နိုင်ငံရှိ အကြီးဆုံးဂိုဏ်းကြီး သုံးခုအနက်မှ တစ်ခုဖြစ်သည့် အီနာဂါဝါခါအီဂိုဏ်းသည် အမှန်တကယ်ပင် တရုတ်ကောင်လေးတစ်ယောက်ကို ကြောက်ရွံ့နေခဲ့သည်။

အီဒိုဌာနခွဲ၏ ဥက္ကဌပင် ဤသို့စကားမျိုး ပြောခဲ့သည်။

သို့သော် တစ်ဖက်သား၏ ရည်ရွယ်ချက်ကောင်းများကို သူ နားလည်နိုင်သည်။

ရာမာဂူချီ-ဂူမီဂိုဏ်းသည် အီနာဂါဝါခါအီဂိုဏ်းထက် အားကောင်းသော်လည်း ထိုတရုတ်ကောင်လေးကို ရှုံးနိမ့်ခဲ့ဆဲဖြစ်သည်။

မည်သူမဆို သူတို့သည် ရာမာဂူချီ-ဂူမီဂိုဏ်းထက် သန်မာသည်ဟု ခံစားရပါက ထိုလူငယ်၏ အနားသို့ သွား၍ စမ်းသပ်နိုင်သည်။

အီနာဂါဝါခါအီဂိုဏ်းတင်သာမက အီဒိုမြို့၌ရှိသည့် ဂိုဏ်းအကြီးများ အားလုံးနီးပါး ဂိုဂူနမ်၌ ဖြစ်ပျက်ခဲ့သည်များကို သိထားပြီးသား ဖြစ်သည်။

တစ်ဖက်တွင် သူတို့သည် လူတစ်ဦး၏ ရိုက်နှက်ခြင်းကို ခံရပြီး လက်စားချေရန်ပင် မဝံ့မရဲဖြစ်နေသည့်အတွက် ရာမာဂူချီ-ဂူမီဂိုဏ်းကို လှောင်ပြောင်ကြသည်။

အခြားတစ်ဖက်တွင် သူတို့သည် သူတို့၏ လက်အောက်ငယ်သားများကို ချုပ်တည်းထားရန် အစွမ်းကုန် ကြိုးစားနေကြပြီး ဤလူသတ်နတ်ဘုရားကို အလွယ်တကူ ပြဿနာမရှာချင်ကြပေ၊

တစ်ဖက်မှ တံခါးလာခေါက်လျှင်ပင် တတ်နိုင်သလောက် ပြန်ဆုတ်ရပေမည်။

အစွန်းရောက် ဂိုဏ်းခေါင်းဆောင်အချို့သည် ဤကိစ္စနှင့် ပတ်သက်၍ ဒေါသဖြစ်ခဲ့ကြသည်။

အီဒိုမြို့တစ်ခုလုံးကို တရုတ်လေးတစ်ယောက်ကို အလွန်ထိတ်လန့်ကြောက်ရွံ့နေကာ ဘယ်သူမှ မခုခံရဲ ဖြစ်နေသည်။

သို့သော် တစ်စုံတစ်ယောက်မှ " မကြောက်ရင် သူ့ကို သွားစမ်းလိုက် " ဟု ပြောလာပါက

ဤလူအများစုသည် မကြားချင်ယောင်ဆောင်ကာ ဆက်လက် ကျိန်ဆဲနေရုံသာတတ်နိုင်ပြီး သူတို့၏ မကျေနပ်မှုများကို ထုတ်ပြောကြသည်။

ခြုံငုံပြောရလျှင် အီဒိုမှာရှိသည့် ဂိုဏ်းအားလုံးသည် တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။

သို့သော် ရာမာဂူချီ-ဂူမီဂိုဏ်းမှ အလွယ်တူနှင့် အရှုံးပေးမည်ကိုတော့ ဘယ်သူမှ မထင်ထားကြချေ။

အနှေးနှင့်အမြန် သူတို့ လက်စားချေပေလိမ့်မည်။

အချိန်တစ်ခုသာ ကြာမည်ဖြစ်သည်။

လူတိုင်းသည် ထိုနေ့ရောက်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်မျှော်နေကြသည်။

တစ်ဖက်တွင် ဂိုဂူနမ်တွင် ကိစ္စရပ်များကို ယဲ့ဖန် ဖြေရှင်းပြီးနောက် ချန်းဖေးအယ်နှင့်အတူ ဟိုတယ်သို့ ပြန်လာခဲ့သည်။

ထိုအခါ တံခါးဝသို့ ရောက်ခါနီး၌ အကြာကြီးစောင့်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ယဲ့ဖန် ထိုလူကို သိလေသည်။

သူသည် ဖန်းကျန်းဝူအား တရုတ်ပြည်မှ ခေါ်သွားသူ ဖြစ်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၄၃ )

ဖုမာမိသားစုက ကျားတွင်းနဲ့ နဂါးကန်မလို့လား

" ယဲ့လူကြီးမင်း မတွေ့ရတာကြာပြီ "

ထိုလူသည် အပြုံးမျက်နှာဖြင့် ယဲ့ဖန်ကို ကြည့်လျက် ခေါင်းညိတ်ပြသည်။

" ဒီမှာ ဘာလုပ်နေတာလဲ "

ယဲ့ဖန်သည် ထိုလူအပေါ် အကောင်းမြင်ခြင်း မရှိသောကြောင့် မျက်နှာသေဖြင့်သာ နေလိုက်သည်။

" နောက်ဆုံးတစ်ခေါက်က အလျင်လိုနေတော့ မိတ်ဆက်တာ မလုပ်လိုက်ရဘူး။ ကျွန်တော့်နာမည်က ကန်ဒါရှုတပါ "

ထိုလူသည် ယဲ့ဖန် စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို သိပုံမရပေ။

သူသည် လက်ကို ဆန့်ထုတ်ကာ လက်ဆွဲနှုတ်ဆက်ရန် အစပြုလိုက်သည်။

" ခင်ဗျားနဲ့ အပိုတွေ မပြောချင်ဘူး။ ကျုပ်ကို ဘာလို့ ရှာတာလဲ "

ယဲ့ဖန်သည် တစ်ဖက်လူမှ ဆန့်ထုတ်လာသော လက်ကို လျစ်လျူရှုလိုက်သည်။

ကန်တာ ရွှန်းတသည် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ယဲ့ဖန်ကို ပြုံးလျက်သာ ကြည့်လိုက်သည်။

" မင်းကို ဒီလောက်ထိ အချစ်စိတ်မွှန်မယ်လို့ မထင်ထားဘူး။ မင်းက ဂျပန်ထိ လိုက်လာတာပဲ "

ယဲ့ဖန် နှာမှုတ်လိုက်သည်။

" အဲ့တာက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ "

ကန်တာ ရွှန်းတသည် ယဲ့ဖန်၏ အေးစက်မှုကို လုံးဝဂရုမစိုက်ဘဲ ပြုံးလျက်သာနေသည်။

" ဖုမာသခင်ကြီးက မင်းတို့တွေ့ကြတာ သိပြီးသွားပြီ။ အဲ့တော့ သူမကို အပိတ်ခံထားရတယ်။ လတ်တလော မင်းတို့တွေ့နိုင်မှာ မဟုတ်ဘူး "

ယဲ့ဖန်၏အကြည့်မှာ စူးရှသွားတော့သည်။

" ခင်ဗျားတို့က သူမရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်နေတာပဲ မဟုတ်လား "

ကန်တာ ရွှန်းတသည် ဟာသတစ်ခုကို ကြားရသလို ပြုမူလိုက်သည်။

" ဟားဟား၊ အဲ့တော့ မင်းကရဲခေါ်မှာလား။ ပြည်သူ့ရေးရာက အရာရှိတွေ သိရင်တောင် သူတို့က ဖုမာမိသားစုရဲ့ အရေးကိစ္စထဲမှာ ဝင်ပါရဲမှာ မဟုတ်ဘူး "

ယဲ့ဖန်၏မျက်လုံးထဲ၌ လူသတ်ရိပ်ယောင်များ ဖြတ်ပြေးသွားသည်။

" ရုံးတွေ မပါရင်တောင် ကျုပ်မှာ သူမကို ကယ်နိုင်တဲ့နည်းလမ်းရှိတယ် "

ကန်တာ ရွှန်းတ ခေါင်းညိတ်လိုက်သည်။

" မင်းကို ယုံပါတယ်။ မင်းက အခုတလော အီဒိုမှာ လူပြောများနေတာပဲ။ မင်းအခုတောင် ရာမာဂူချီ-ဂူမီဂိုဏ်းကို ရှုံးအောင် လုပ်လာနိုင်တာပဲ။ မင်းရဲ့ လုပ်နိုင်စွမ်းကို ယုံပါတယ် "

" ဒါပေမဲ့ ဘာလဲ။ မင်းက သူမနဲ့ မိသားစုကို မင်းကြောင့် ပြိုကွဲစေချင်တာလား "

ယဲ့ဖန်၏ ခန္ဓာကိုယ်မှ လူသတ်ချင်သည့်ပုံစံမှာ တဖြည်းဖြည်း ပျောက်ကွယ်လာတော့သည်။

" ဒီကိုလာတာ အဲ့တာပြောဖို့လား "

ကန်တာ ရွှန်းတ လက်ကိုဝေ့ယမ်းလိုက်သည်။

" ငါ အဲ့လောက် ပျင်းနေတာ မဟုတ်ဘူး "

" ဒီနေ့လာတာ မင်းကို သတင်းပါးပေးဖို့ပဲ။ ဖုမာလူကြီးမင်းက မင်းကို တွေ့ချင်နေတယ်။ အို အဲ့တာ ရှောင်ဝူရဲ့ အဖေလေ။ မင်း မနက်ဖြန်အားလား "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" သူက တွေ့ချင်တာလား။ ဘာလို့လဲ "

ကန်တာ ရွှန်းတ ပုခုံးတွန့်လိုက်သည်။

" ငါက သတင်းပါးပေးရုံပဲ တာဝန်ရှိတာ။ အကြောင်းပြချက်ကိုတော့ မင်းကိုယ်တိုင် ဖုမာလူကြီးမင်းကို တွေ့ပြီးမှ မေးလို့ရတယ်။ ဒါပေါ့၊ မင်း မသွားရဲရင်တော့ မေ့ထားလိုက်ပါ "

ယဲ့ဖန် ချက်ချင်း နှာမှုတ်လိုက်သည်။

" ဖုမာမိသားစုက နဂါးရေကန်နဲ့ ကျားတွင်းကြီးမလို့ မသွားရဲရမှာလား။ လိပ်စာပေး "

ကန်တာ ရွှန်းတ သူ့လက်ထဲမှ ပြင်ဆင်လာသည့် မှတ်စုတိုကိုပေးလိုက်သည်။

" ဒါဆို ကျွန်တော်တို့က ယဲ့လူကြီးမင်း ရောက်လာမှာကို စောင့်နေပါ့မယ်ဘ"

ထိုသို့ဖြင့် သူသည် လှည့်ကာ ထွက်သွားတော့သည်။

တစ်ချိန်လုံး ဘေးတွင် ရပ်နေခဲ့သည့် ချန်းဖေးအယ်သည် ဘာမှမပြောသော်လည်း ထိုလူထွက်သွားပြီးသည်နှင့် ရုတ်တရက် ယဲ့ဖန်နားသို့ လမ်းလျှောက်လာသည်။

" ယဲ့ဖန်၊ ရှင့်ကို မစွန့်စားဖို့ အကြံပေးမယ်။ ထောင်ချောက်ထဲကျသွားရင် ...... "

ယဲ့ဖန် သူမကို လှည့်ကာ ကြည့်လိုက်သည်။

" မင်းက ကိုယ့်ခွန်အားကို မယုံတာလား "

ချန်းဖေးအယ် ကြောင်အသွားရသည်။

" ကျွန်မက ဒီအတိုင်း စိတ်ပူလို့ပါ ....... "

ယဲ့ဖန် သူမကို ထောင့်ဆီသို့ တွန်းပို့လိုက်ပြီး စူးစိုက်ကြည့်လိုက်သည်။

" မင်းက ဘာကိုစိတ်ပူတာလဲ "

ချန်းဖေးအယ် မျက်နှာကို တစ်ဖက်စီသို့ လွှဲလိုက်တော့သည်။

" ရှင် တာဝန်ကို ပြီးအောင်မလုပ်နိုင်မှာဘဲ စိတ်ပူတာ။ ရှင့်ကို စိတ်ပူတာ ဟုတ်မနေဘူး "

ယဲ့ဖန် သူမကို လွှတ်လိုက်ပြီး လှည့်ကာ အခန်းထဲသို့ ဝင်လိုက်သည်။

" စိတ်ထဲရှိတာ မပြောတတ်တဲ့မိန်းမ "

ချန်းဖေးအယ် သူ့အနောက်မှ လက်သီးဆုပ်အသေးလေး ထောင်ပြလိုက်သည်။

" ရှင်က ကျွန်မကို ဘယ်လိုအနိုင်ကျင့်ရမလဲပဲ စဉ်းစားနေတဲ့ယောက်ျား။ မကောင်းတဲ့ကောင်ကြီး "

...............................................

တစ်ဖက်၌။

" ဘယ်သွားမလို့လဲ "

ဖန်းကျန်းဝူ အခန်းထဲမှ ခြေဖော့လျက် ထွက်လာသည်။

သို့သော် သူမ ဘာမှမလုပ်နိုင်ခင်မှာပင် သူမအနောက်မှ မေးခွန်းသံထွက်လာသည်။

သူမ လှည့်ကြည့်လိုက်သည့်အခါ ဖုမာမိသားစု၏ အိမ်တော်ထိန်းကို တွေ့လိုက်ရသည်။

ဖန်းကျန်းဝူ ချက်ချင်းပင် ဆူပုတ်သည့် အမူအရာလုပ်ပြီး ပြောလိုက်သည်။

" အဘိုးနီရှီယားမား၊ နည်းနည်းလောက် သနားပြီး လွှတ်ပေးပါနော်။ တကယ် အရေးကြီးတာလေး လုပ်စရာရှိလို့ပါ "

အိမ်တော်ထိန်းအဘိုးအိုသည် မျက်နှာတည်လျက်သာ ရှိနေသည်။

" သခင်ကြီးက မမလေးကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ မှာကြားထားတာပါ။ အခုလွှတ်ပေးလိုက်ရင် သခင်ကြီးက တာဝန်မကျေလို့ သေချာပေါက် ဆူပါလိမ့်မယ် "

ဖန်းကျန်းဝူ၏ မျက်နှာပေါ်၌ ခါးသီးသည့် အမူအရာရှိနေသည်။

" အဘိုးဘာမှမပြောရင် ဘယ်သူမှသိမှာ မဟုတ်ဘူးလေ။ နှစ်နာရီလောက် ..... မဟုတ်ဘူး တစ် .... တစ်နာရီလောက်ပဲ သွားမှာပါ ....... တစ်နာရီဆို ရတယ်လေ၊ ဟုတ်တယ်မလား "

သူမ မည်မျှပင် တောင်းဆိုနေသည်ဖြစ်စေ အိမ်တော်ထိန်းအဘိုးအိုမှာ ခေါင်းခါပြီး ငြင်းဆန်နေဆဲဖြစ်သည်။

အိမ်တော်ထိန်းအဘိုးအိုသည် သူမ၏ ဖခင်စကားတိုင်းကို တသွေမသိမ်း လိုက်နာသည်အား သူမ သိလေသည်။

သူမအဖေမှ ရာဇသံပေးထားသည်ဖြစ်ရာ အိမ်တော်ထိန်းသည် သူမကို ဘာဖြစ်နေသည်ဖြစ်စေ လွှတ်မည် မဟုတ်ပေ။

" ဒါဆို ဖုန်းလေးခဏလောက် ငှားပေးလို့ရမလား။ ဖုန်းလေး ခေါ်ပါရစေ "

သူမ နောက်ထပ်အကောင်းဆုံး ဖြစ်နိုင်ခြေကို တောင်းဆိုရတော့သည်။

ဤတစ်ကြိမ်တွင် သူမသည် ဖုန်းပါအသိမ်းခံထားရ၍ အပြင်လောကကြီးနှင့် လုံးဝ အဆက်အသွယ်ပြတ်နေသည်။

သူမ၏သခင်သည် စိတ်ပူနေမည်မှာ သေချာသည်။

" မရပါဘူး။ သခင်ကြီးက ကိုယ့်အမှားကိုယ် သုံးသပ်ဖို့ ပြောထားပါတယ်။ ဘယ်မှ မသွားရသလို ဘယ်သူ့ကိုမှလည်း မဆက်သွယ်ရပါဘူး "

အိမ်တော်ထိန်းမှ အေးစက်စွာပြောလိုက်သည်။

" အိုက်ယား၊ သူက သေချာပေါက် စိတ်ပူနေတော့မှာဘဲ။ ဘာလုပ်ရမလဲ အီးဟီး ........ "

ဖန်းကျန်းဝူသည် မြေပြင်ပေါ်တွင် ထိုင်ချပြီး ဒရမ်မာခင်းရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

အိမ်တော်ထိန်းသည် အံ့ဩသွားရသည်။

သူသည် ဖန်းကျန်းဝူ ငယ်ရာမှ ကြီးပြင်းလာသည်ကို ကြည့်ခဲ့သူဖြစ်သည်။

ဤကောင်မလေးသည် ငယ်စဉ်ကတည်းက အမြဲတစေ ကြံ့ခိုင်သန်မာပြီး ဘယ်သူ့ကိုမှ ခေါင်းငုံ့မခံခဲ့ဖူးချေ။

သူမသည် ဤမျှလောက် လက်အောက်ခံ၊ ဝုန်းဒိုင်းကြဲကာ ယောက်ျားတစ်ယောက်အတွက် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ဤသည်မှာ မယုံနိုင်စရာ ဖြစ်လေသည်။

" စိတ်မပူနဲ့၊ မနက်ဖြန် အိမ်ကိုလာတွေ့ဖို့ အဲ့ဒီကလေးစီ လူလွှတ်ထားပြီးသား "

အိမ်တော်ထိန်းကြီးသည် သည်းမခံနိုင်တော့သဖြင့် သတင်းတစ်ခုကို သူမအား ပြောပြလိုက်သည်။

" ဘာဖြစ်လို့လဲ။ အဖေက သူ့ကို ဧည့်သည်အဖြစ် ခေါ်ထားတာလား "

ဖန်းကျန်းဝူ၏ အမူအရာ သိသာစွာ ပြောင်းလဲသွားသည်။

ယဲ့ဖန်အပေါ် သူမ၏ဖခင် မုန်းတီးမှုနှင့်ပတ်သက်၍ သူမ ရှင်းလင်းစွာ သိလေသည်။

အကယ်၍ သူမ၏ဖခင်ကို တားဆီးရန် အတတ်နိုင်ဆုံး မကြိုးစားခဲ့ပါက ယဲ့ဖန်ကို လုပ်ကြံရန် လူများကို စေလွှတ်ထားပြီးဖြစ်သည်။

ယခုအခါ သူမဖခင်သည် ယဲ့ဖန်ကို သူတို့၏အိမ်သို့ ဖိတ်ကြားရန်ပင် အစပြုခဲ့သည်။

အဖေက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

ထို့နောက် မြေပြင်မှ အမြန်ထကာ အိမ်တော်ထိန်းကြီးအား မေးလိုက်သည်။

" အဖေ ဘယ်မှာလဲ။ ကျန်းဝူ သူ့ကို တွေ့ချင်တယ် "

" မဟုတ်ရင် အဘိုးကို သွားရှာလိုက်မယ်။ သူတို့ကို မတွေ့အောင် တားရမယ် "

ဖန်းကျန်းဝူ ပြောပြီး ထွက်သွားတော့မည်ဖြစ်သည်။

" သခင်ကြီးကလည်း အိမ်မှာ မရှိပါဘူး။ သူက သခင်လေး ခါဇူဟီကိုနဲ့ ဈေးဝယ် ထွက်သွားပါတယ် "

အဘိုးအိုက ဆက်ပြောသည်။

ဖန်းကျန်းဝူသည် 'သခင်လေး ခါဇူဟီကို'ဟူသော စကားကို ကြားသောအခါတွင် သူမ၏မျက်နှာပေါ်ရှိ ရွံရှာမှုကို ဖုံးကွယ်၍ မရပေ။

" ဟမ်၊ အဘိုးက ဒီလိုအခြေအနေတောင် ရောက်နေပြီကို သူ့ကို လွှတ်ဖို့ စိတ်ချနေတယ်ပေါ့။ တစ်ခုခုဖြစ်သွားမှာကို မကြောက်ဘူးလား "

ဖန်းကျန်းဝူ ထိုစကားကို ဒေါသတကြီးပြောပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

သခင်ကြီး ကျေးဇူးပြုပြီး မလာပါနဲ့။

မဟုတ်ရင် အရမ်းအန္တရာယ်များလိမ့်မယ်။

ယဲ့ဖန်သည် နေ့လည်ခင်းတွင် ကောင်းစွာ အနားယူချင်သည်။

သို့သော် ထိုဆန္ဒသည် ပြိုပျက်သွားခဲ့ရသည်။

နီကီရှီကျို ဂင်ဇာ ဈေးဝယ် အဆောက်အဦးမှ သူ့ကို ရုတ်တရက် ဖုန်းခေါ်ပြီး သူသည် နိုင်ငံခြားသားဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းအချို့ကို လုပ်ဆောင်ရန် လိုအပ်သည်ဟု ချက်ချင်း ဖုန်းဆက်လာသည်။

ထို့ကြောင့် သူသည် နီကီရှီကျို ဂင်ဇာ ဈေးဝယ် အဆောက်အဦးသို့ သွားရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

တာဝန်ခံ ဆာကာမိုတို မီယာဇာကီသည် သူ့ကို အဆင့်မြင့်အရာရှိများနှင့်အတူ လာရောက်ကြိုဆိုပေးသည်။

ဤလုပ်ငန်းစဉ်သည် အမှန်တကယ်၌ ရှုပ်ထွေးသည်တော့ မဟုတ်ချေ။

သူသည် နောက်ထပ် စာရွက်စာတမ်း အနည်းငယ်ကို လက်မှတ်ရေးထိုးပြီး ဆယ်မိနစ်မပြည့်မီမှာပင် ပြီးသွားသည်။

ယဲ့ဖန်သည် သူတို့မှ ထမင်းစားဖိတ်သည်ကို ငြင်းလိုက်ပြီး ဟိုတယ်သို့ ပြန်မောင်းရန် လုပ်နေသည်။

နီကီရှီကျို ဂင်ဇာ ဈေးဝယ် အဆောက်အဦးမှ ထွက်ခွာခါနီးတွင် စနစ်မှ သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။

[ စနစ်မှ အခွင့်အရေး လမ်းညွှန်မှုအသစ်ကို တွေ့ရှိထားပါသည်။ အရှေ့တည့်တည့် မီတာ၂၀ သွားပြီး ညာဘက်သို့ ကွေ့ပါ ..... ]

ယဲ့ဖန်၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

အခွင့်အရေးလမ်းညွှန်မှု ထပ်ရတာလား။

သူ ပဟေဠိ ဖြစ်နေသော်လည်း စနစ်၏ သတိပေးချက်ကို လိုက်နာပြီး သွားနေသည့်အရှိန်ကို မြှင့်လိုက်သည်။

စနစ်၏ လမ်းညွှန်ချက်ကို လိုက်ရင်း အဆောက်အဦး၏ အပြင်ဘက်ရှိ စတုရန်းပုံစံရင်ပြင်သို့ ရောက်လာသော အဝေးမှ အော်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

" မရဘူး၊ ကားလိုချင်တာ ....... "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၄၄ )

ဖုမာမိသားစုကို ကြားဖူးလား

အကဲခတ်ရပါက ထိုပုံစံသည် ကလေးဆိုးတစ်ဦးမှ မိဘအား အရုပ်ဝယ်ပေးရန် ပူဆာနေသည်နှင့် တူသည်။

သို့သော် ထိုအသံသည် အဘိုးအိုတစ်ယောက်၏အသံ ဖြစ်နေသည်။

လူအိုကြီးတစ်ယောက်အသံနှင့် ကလေးဆန်သည့် အသံနေအသံထားက လူတိုင်းကို ကြက်သီးထစေသည်။

ထိုအချိန် ဘေးပတ်လည်၌ လူများစွာပတ်လည်ဝိုင်းနေပြီ ဖြစ်သည်။

ယဲ့ဖန်သည် စနစ်မှ ညွှန်ပြနေသော နေရာသို့ ကြည့်လိုက်သည်။

တကယ်ပင် ဤနေရာဖြစ်လေသည်။

ဒါဆို အခွင့်အရေးက ဒီမှာရှိတာများလား။

သိချင်စိတ်ဖြင့် ယဲ့ဖန် ရှေ့ဆက်လျှောက်လာတော့သည်။

ထို့နောက် တစ်ခေါင်းလုံးဆံဖြူဖြင့် အဘိုးအိုသည် မြေပြင်ပေါ်၌ ထိုင်နေကာ ပြဿနာရှာနေသည်။။

သူ၏ ခြေနှစ်ချောင်းမှာ မြေပြင်ပေါ်၌ ကန်ကျောက်နေသည်။

သူ့အနားတွင် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်နှင့် အသက်လေးဆယ်ကျော် ချောမောလှပသည့် အမျိုးသမီးတစ်ဦး ရပ်နေသည်။

သူတို့သည် အဘိုးအိုကို နားချဆွဲဆောင်ရန် ကြိုးစားနေကြလေသည်။

" အဖေ၊ ကျွန်မတို့ အထဲကကားတွေ သွားဝယ်ကြမလား။ ဒီကားက ပျော်စရာမကောင်းဘူး "

ချောမောလှပသည့် အမျိုးသမီးက ချော့မော့သောလေသံဖြင့် ပြောသည်။

သို့သော် အဘိုးအိုက ခွင့်မပြုပေ။

" မရဘူး အရုပ်ကားမလိုချင်ဘူး။ ဒီကားပဲလိုချင်တယ် ........ "

ယဲ့ဖန် ထိုအဘိုးအိုလက်ညှိုးထိုးရာကို ကြည့်ပြီး အသံထွက်မိမတတ် ရယ်လိုက်သည်။

သူ ရည်ညွှန်းနေသော 'ကား'သည် Lamborghini Murcielago ဖြစ်သည် ။

ထိုကားသည် အနည်းဆုံး တရုတ်ယွမ် ၄သန်းကျော် တန်ကြေးရှိပြီး ဂျပန်ငွေ သန်း၇၀ကျော် ရှိသည်။

မိသားစု ဘယ်နှစ်စုကများ ဒီလိုကားမျိုး တတ်နိုင်မှာလဲ။

ဤအဘိုးအိုမှာ သူငယ်ပြန်ရောဂါရှိနေပြီး သူ၏ဉာဏ်ရည်သည် ကလေးလောက်သာရှိသည်မှာ ထင်ရှားလေသည်။

ထိုအချိန် အဘိုးအိုအနားရှိ လူငယ်လေးကလည်း သူ့ကို ဆွဲဆောင်ကာ ပြောလာသည်။

" ဒုတိယအဘိုးလေး၊ သကြားလုံး ဝယ်ပေးရမလား။ ကားမဝယ်တော့ဘူးလေ။ ကားတွေက လုံးဝ ပျော်စရာမကောင်းဘူး။ ဒဏ်ရာရလိမ့်မယ် "

အဘိုးအိုသည် ရုတ်တရက် ငိုနေသည်ကို ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

" ကားက ပျော်စရာမကောင်းဘူးဆို သကြားလုံးက အရသာရှိလား "

လူငယ်လေးသည် သူ၏ ဆွဲဆောင်မှုမှာ ထိရောက်သည်ဟု ထင်ကာ ချက်ချင်းပင် သူ့အား စိတ်ကျေနပ်စေရန် တွန်းအားပေးခဲ့သည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ ကားမောင်းရတာ ပျော်စရာမကောင်းဘူး။ သကြားလုံး သွားဝယ်ရအောင်၊ ဟုတ်ပြီလား "

ဖြောင်း

သူ၏စကား မပြီးခင်မှာပင် အဘိုးအိုက သူ့ကို ရုတ်တရက် ပါးရိုက်ချလိုက်သည်။

" လိမ်နေတာ။ ငါ့ကို ၃နှစ်သားများ ထင်နေလား။ ငါ ကားဝယ်ချင်တယ် "

လူငယ်လေးသည် ပူလောင်သွားသော ပါးကိုအုပ်ကိုင်ကာ အနည်းငယ် ကြောင်အနေသည်။

အဘိုးအို၏ ဉာဏ်ရည်သည် ကလေးတစ်ယောက်လို နိမ့်ပါးနေသော်လည်း လက်မှ ပြင်းအားသည် သူ့နားကိုပင် ခဏတာ မကြားနိုင်ဖြစ်သွားစေသည်။

ထိုရယ်စရာမြင်ကွင်းသည် ချက်ချင်းပင် ဘေးပတ်လည်မှ လူတိုင်းကို အကြီးအကျယ် ရယ်မိစေသည်။

" လူကြီးကို မလိမ်နဲ့။ သူက တော်တော်လေး ဉာဏ်ကောင်းတာပဲ။ သူ့ကို ကားဝယ်ပေးလိုက်လေ "

" ဟုတ်တယ်။ အဘိုးက ကြိုက်တယ်ဆို တစ်စီးလောက် ဝယ်ပေးလိုက်ပေါ့ "

" ဟားဟား၊ ရယ်ရတာ သေတော့မယ်။ အဘိုးကြီးက စိတ်ဝင်စားစရာကောင်းတယ်။ ရိုက်လိုက်တာ ညှာတောင်မညှာဘူး "

" အဲ့ကောင်လေး အရိုက်ခံရပြီး ဖြစ်သွားတာကို မြင်လိုက်လား။ ဒီအဘိုးကြီးက ဉာဏ်တိမ်ချင်ယောင်ဆောင်နေတာလား "

လူတိုင်း၏ နောက်ပြောင်စကားများကို ကြားသောအခါ လူငယ်လေး၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်စွာ တောက်ပလာခဲ့သည်။

ထိုကောင်လေးသည် ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ချနေကာ အဘိုးအိုနောက်တွင် ကွယ်နေသောကြောင့် သူ၏အမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိကြပေ။

သို့သော် လူအုပ်ထဲ၌ ရပ်နေသည့် ယဲ့ဖန်သည် ထိုအကြည့်ကို သတိထားမိလိုက်သည်။

ထိုလူငယ်လေးသည် သူ့စိတ်ထဲမှ ဒေါသများကို မြိုသိပ်ထားသည်မှာ ထင်ရှားလေသည်။

သူက စိတ်မရှည်လို့လား။

" သခင်မ၊ အခု ဘာလုပ်သင့်လဲ "

လူငယ်လေးသည် လှပသည့်အမျိုးသမီးကို ကြည့်ရန် ခေါင်းကို လှည့်ခဲ့သည်။

" ငါ့ကိုမမေးနဲ့။ နင်က အဘိုးကြီးကို ခေါ်လာချင်တဲ့သူပဲ။ ငါက သူ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေအတွက်ပဲ တာဝန်ရှိတယ်။ ကျန်တာ နင်လုပ်ချင်တာ လုပ်လို့ရတယ် "

ထိုအမျိုးသမီးသည် ချက်ချင်းပင် သူ့နားမှ ဖယ်သွားခဲ့သည်။

လူငယ်လေးသည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

တန်ပြန်အစီအစဥ်ကို တွေးနေစဉ်မှာပင် စိတ်မချမ်းမသာ ဖြစ်နေသောအသံကို ရုတ်တရက်ကြားလိုက်ရသည်။

" လမ်းကနေ ဖယ်ကြစမ်း။ ငါ ကားထုတ်မလို့"

သူတို့ လှည့်ကြည့်လိုက်သည့်အခါ မုတ်ဆိတ်မွေးဖြင့် လူတစ်ယောက်သည် လက်ထဲ၌ အရပ်မြင့်မြင့် ကောင်မလေးတစ်ယောက်ကို ပွေ့ထားလျက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

သူသည် ထိုကားပိုင်ရှင် ဖြစ်နိုင်သည်။

ထိုမုတ်ဆိတ်မွေးဖြင့် ယောက်ျားသည် သူ့အိတ်ကပ်ထဲမှ သော့ကို ထုတ်ပြီး ဖိလိုက်သည်။

ထိုအခါစူပါပြိုင်ကား၏ တံခါးသည် အတောင်ပံတစ်စုံလို နှစ်ဖက်လုံးကို ချက်ချင်း ပွင့်သွားတော့သည်။

အဘိုးအိုသည် ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။

" အရမ်းလှတယ်၊ အရမ်းလှတယ်။ ကားဝယ်ချင်တယ်၊ ကားဝယ်ပေး ........ "

မုတ်ဆိတ်မွေးဖြင့် ယောက်ျားနှင့် သူ၏ မိန်းကလေးတို့သည် လှည့်ကြည့်ကာ အဘိုးအိုကို ကြည့်ပြီး လှောင်ရယ်နေကြတော့သည်။

" ဟားဟား အရူးပဲ ....... "

ထိုသည်ကို ကြားပြီး လူငယ်လေးက မကျေမနပ် ဖြစ်သွားသည်။

" ဘာတွေပြောနေတာလဲ။ ဘယ်သူ့ကို အရူးလို့ ခေါ်နေတာလဲ "

မုတ်ဆိတ်မွေးဖြင့်လူက လှည့်ကြည့်လိုက်သည်။

ထိုလူသည် ကျောခိုင်းလျစ်လျူရှုမည့်အစား သူ့ကို ထပ်ပြီး ပြဿနာရှာလိုက်သည်။

" အရူးလို့ ပြောလိုက်တာ ဘာဖြစ်လဲ။ ထပ်ပြောလိုက်ဦးမယ်။ မင်းတို့လိုလူက ဒီတစ်သက်လုံး ပြိုင်ကားတောင် တစ်စီးမှမတတ်နိုင်တဲ့ ဆင်းရဲသားတွေပဲ။ အဲ့တော့ ဘာဖြစ်လဲ။ ငါ့ကိုရိုက်မှာလား။ လာလေ "

ထိုလူငယ်သည် သူ့နောက်မှ Lamborghiniကို ငုံ့ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

" Lamborghini ကားမောင်းနိုင်တာနဲ့ ချမ်းသာတယ်လို့ တကယ် ထင်နေတာလား။ ဒါက မင်းမှာရှိတာ အကုန်ပဲထင်တယ် "

မုတ်ဆိတ်နှင့်လူသည် ထိုစကားကို ကြားသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာပုံရသည်။

" အိုး၊ မင်းက လေကြီးတာပဲ။ မင်းက ယန်းသန်း၇၀ စူပါကားကြီးကိုတောင် စိတ်ထဲမထားဘူးဆိုတော့ မင်းမိသားစုက တော်တော်လေး ချမ်းသာမှာပဲ မဟုတ်လား "

လူငယ်လေးသည် သူ့အနောက်မှ အဘိုးအိုကို ညွှန်ပြလိုက်သည်။

" ဖုမာမိသားစုကို ကြားဖူးလား။ သူက ဖုမာမိသားစုရဲ့ ခေါင်းဆောင်ဟောင်း ဖုမာ တာကာနိုစုကဲ "

လူအုပ်ထဲမှ ရပ်ကြည့်နေသော ယဲ့ဖန်၏မျက်လုံးများ တောက်ပသွားတော့သည်။

သူက တကယ်ကြီး ဖုမာမိသားစုကလား။

" ဘာကို ဖုမာမိသားစုလဲ။ တစ်ခါမှ မကြားဖူးဘူး "

မုတ်ဆိတ်မွေးယောက်ျားသည် ဖူမာမိသားစု၏အမည်ကို တစ်ခါမျှမကြားဖူးကြောင်း ညွှန်ပြရင်း ခေါင်းယမ်းလိုက်သည်။

အနီးနားရှိ လူအုပ်ကြီးကပင် ပဟေဠိဆန်သော အမူအရာကို ထုတ်ဖော်ခဲ့သည်။

ထိုသို့သော မိသားစုရှိကြောင်းကို သူတို့ မသိကြသည်မှာ ရှင်းလေသည်။

တကယ်တွင် ဤသည်မှာ နားလည်ပေးနိုင်စရာ ဖြစ်သည်။

နှစ်ပေါင်းရာနှင့်ချီသော သမိုင်းကြောင်းနှင့် ကိုယ်ခံပညာမိသားစုရှိသည့် ရှေးမိသားစုတစ်ခုအနေဖြင့် ဖုမာမိသားစု၏ ဂုဏ်သတင်းနှင့် ဩဇာအာဏာသည် သာမန်စီးပွားရေးမိသားစုများစွာနှင့် နှိုင်းယှဉ်၍မရပေ။

လူငယ်လေးသည် မောက်မာချင်သော်လည်း ကျရှုံးသွားမည်ဟု မမျှော်လင့်ထားပေ။

သူ နှာမှုတ်ပြီး ပြောလိုက်သည်။

" မင်း မကြားဖူးဘူးမလား။ အဲ့တာ ဘယ်လောက်တောင် ဉာဏ်မဲ့လဲဆိုတာ ပြနေတာပဲ။ တိုးတက်ဖို့ လိုသေးတယ်။ ပိုက်ဆံရှိရုံနဲ့ တော်တတ်နေပြီ မထင်နဲ့ "

မုတ်ဆိတ်ဖြင့်လူသည် သူ၏ တရားချနေမှုကို ကြားပြီးနောက် ချက်ချင်းပင် နှာမှုတ်လိုက်သည်။

" မကြားဖူးမှတော့ မင်းတို့ဟာက စောက်ဖြစ်မရှိတာကို ပြနေတာပဲ။ ပြိုင်ကားတောင် မတတ်နိုင်ဘဲ မိသားစုကြီးလို့ ခေါ်ရဲသေးတာလား။ ဖူးဟားဟား ...... "

ထိုလူငယ်လေးသည် ငယ်ရွယ်ကာ ဂုဏ်မောက်ချင်သည်။

သူ့အား ရန်စနေသည်ကို ကြားပြီးနောက် ချက်ချင်းပင် ဒေါသမထိန်းနိုင်ဖြစ်လာသည်။

" ငါတို့ မတတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ငါတို့ ဖုမာမိသားစုမှာ ပြိုင်ကားကားတွေ အများကြီးရှိတယ်။ အားလုံးက Limited Editionတွေပဲ။ ဒီလို သန်း၇၀ ကားစုတ်နဲ့များ လာကြွားနေသေးတယ် "

မုတ်ဆိတ်ဖြင့် ယောက်ျား၏ ဒေါသမှာလည်း နိုးကြားလာသည်။

" ဟားဟား၊ ကောင်းပြီ၊ မင်းတို့တွေက အရမ်းချမ်းသာမှတော့ မင်းအဘိုးကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်း‌ပေးလိုက်မယ်။ မင်း အခု သန်း ၅၀ ထုတ်နိုင်တာနဲ့ ဒီပြိုင်ကားကို မင်းတို့ ပိုင်လိမ့်မယ် "

လူငယ်လေး၏ မောက်မာမှုသည် ချက်ချင်းပင် ရပ်တန့်သွားသည်။

သူသည် မိသားစုအခွဲမှ တပည့်တစ်ဦးမျှသာ ဖြစ်သည်။

ပိုက်ဆံအများကြီးကို တစ်ခါတည်း ဘယ်လိုလုပ် ထုတ်နိုင်မှာလဲ။

နောက်ဆုံး၌ သူသည် သူ့ဘေးနားရှိ လှပသော အမျိုးသမီးထံသို့သာ လှည့်၍ အကူအညီတောင်းရတော့သည်။

သို့သော် ထိုအမျိုးသမီးသည် ခေါင်းကို တစ်ဖက်လှည့်ကာ လုံးဝမတုံ့ပြန်ခဲ့ပေ။

မုတ်ဆိတ်မွေးဖြင့်သည် ဤအရာကို မြင်သောအခါ ပို၍ပင် မာနကြီးလာသည်။

" ဟားဟား၊ ဘာဖြစ်တာလဲ။ ဂျပန်ယန်း သန်း ၅၀ လောက်တောင် မထုတ်နိုင်ဘဲ သူတို့မိသားစုက ဘယ်လောက်တောင် ပိုက်ဆံရှိတယ်ဆိုတာ ကြွားနေသေးတာပဲ။ ကြွားတဲ့သူတွေ အများကြီးတွေ့ဖူးပေမယ့် မင်းက အဆိုးဆုံးပဲ "

All Chapters