အခန်း (၁၂၄၉-၁၂၅၂)
Vol. 63 Ch. 1249-1252
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၄၉ )
စကားမတည်ရင် အရိုက်ခံရမယ်
ဖုမာ ခါဇူဟီကို ရယ်မောလိုက်သည်။
" ဘယ်သူက ကြောက်ရမှာလဲ။ ကောင်းပြီ၊ ငါသဘောတူတယ်။ မင်း မလုပ်နိုင်ရင် မင်း ရှောင်ဝူနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်ပြီး သူမကို ဘယ်တော့မှ ပြန်မတွေ့တော့ဘူး။ မင်း အဲ့ရုပ်တုကို ယူရမှာ။ မဝယ်ရဘူးဆိုတာ သတိရ "
ယဲ့ဖန် မျက်လုံးများကို မှေးကျဉ်းထားပြီး သူ့ကို ခဏ စိုက်ကြည့်နေသည်။
ဖုမာ ခါဇူဟီကိုသည် ယဲ့ဖန်၏ အကြည့်ကြောင့် ဆံပင်များ အဆုံးထိထောင်တက်သွားသလို ခံစားရသောကြောင့် မသိစိတ်ဖြင့် ခြေလှမ်းနောက်သို့ ဆုတ်လိုက်မိသည်။
" ကောင်းပြီ၊ ဒါဆို သဘောတူညီချက် ဖြစ်ပြီ "
ယဲ့ဖန်၏ နှုတ်ခမ်းသည် သဘောတူနေလျက် အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဖုမာ ခါဇူဟီကိုသည် သူ့အဖြေကိုကြားသောအခါ မထိန်းနိုင်ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။
သူ့အမြင်အရ ဤတစ်ကြိမ် အောင်ပွဲသည် သူ့လက်ထဲ၌ ရှိနေသည်မှာ သေချာလေသည်။
ဒီကလေးက သူ့မှာ ပိုက်ဆံနှစ်ပဲတစ်ပြားရှိတာနဲ့ သူလိုချင်တာမှန်သမျှ လုပ်နိုင်မယ်လို့ တွေးထားတာလား။
နီကီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးကရော သူ့ရဲ့ ရိုင်းစိုင်းတဲ့ တောင်းဆိုမှုကို သဘောတူမှာတဲ့လား။
ဒီအတိုင်း ယူဖို့မပြောနဲ့။ ဝယ်ချင်ရင်တောင် မဖြစ်နိုင်ဘူး။
ဒီကလေးသာ မရှိရင် သူနဲ့ ဖုမာ ကျန်းဝူကြား အတားအဆီး ရှိတော့မှာ မဟုတ်ဘူး။
ဖုမာ ကျန်းဝူနှင့် လက်ထပ်ပြီး ဖုမာမိသားစုကို အမွေဆက်ခံနေသည့် လှပသော မြင်ကွင်းကို သူ စိတ်ကူးကြည့်နေသည်။
သူ၏ လှပသောအိပ်မက်ထဲ နှစ်မြုပ်နေချိန်မှာပင် ယဲ့ဖန်သည် သူ့အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး နံပါတ်တစ်ခုအား ခေါ်နေသည်ကို မြင်လိုက်ရသည်။
" ကျွန်တော် အဆောက်အဦးရဲ့ ရင်ပြင်ဘက်က ရေပန်းနားမှာ ရှိတယ်။ ချက်ချင်း လာခဲ့ပါ "
ထို့နောက် ဖုန်းချလိုက်သည်။
ဖုမာ ခါဇူဟီကိုသည် ယဲ့ဖန်၏ ယုံကြည်ချက်ရှိသော အမူအရာကို ကြည့်ရင်း နှလုံးခုန်စပြုလာသည်။
ဒီခွေးသားက ဒီရုပ်တုကို တကယ် ယူနိုင်မှာတော့ မဟုတ်ဘူးမလား။
ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဖုမာ ခါဇူဟီကို အံ့ဩနေချိန်မှာပင် နီကီရှီကျို ဂင်ဇာ ဈေးဝယ် အဆောက်အဦး၏ အဆင့်မြင့် အမှုဆောင်အဖွဲ့တစ်ဖွဲ့ ဝတ်စုံပြည့်၊ သားရေဖိနပ်များနှင့် အမြန်လျှောက်လာသည်ကို သူတွေ့လိုက်သည်။
မကောင်းသည့် ခံစားချက်များ ရလာကာ သူ့နှလုံးသားမှာလည်း တဆတ်ဆတ်တုန်နေသည်။
ချီဇူရူ စူဂါဝါရာလည်း အံသြသွားသည်။
ယဲ့ဖန်သည် ဖုန်းခေါ်ဆိုရုံဖြင့် နီကီရှီကျို ဂင်ဇာ ဈေးဝယ် အဆောက်အဦး၏ အဆင့်မြင့်အရာရှိများကို အမှန်တကယ် ခေါ်ဆိုနိုင်သည်ကို သူမ မထင်ထားပေ၊
ဒါ မျက်နှာသာပေးတာ အရမ်းကြီးတယ် မဟုတ်ဘူးလား။
ဆာကာမိုတို မီယာဇာကီသည် ယဲ့ဖန်ထံသို့ လျှောက်လာပြီး လေးစားစွာ မေးသည်။
" ယဲ့လူကြီးမင်းအတွက် ဘာလုပ်ပေးရမလဲ "
ယဲ့ဖန်သည် ရေပန်းနှင့်စမ်းချောင်းငယ်လေးနားရှိ လင်းပိုင်ရုပ်တုကို ညွှန်ပြလေသည်။
" ကျွန်တော့်မိတ်ဆွေက ဒီရုပ်ထုကို ကြိုက်နေ။ ဖယ်ပေးလို့ရမလား "
ဆာကာမိုတို မီယာဇာကီသည် ဤရယ်စရာကောင်းသော တောင်းဆိုမှုကို ကြားသောအခါ သူ အံ့အားသင့်သွားပြီး ဖုမာ တာကာနိုဆူကဲနှင့် အခြားနှစ်ယောက်ကို အမြန် လှည့်ကြည့်လိုက်သည်။
ချီဇူရူ စူဂါဝါရာသည် ရှက်ရွံ့စွာ ခေါင်းငုံ့သည်။
ဖုမာ တာကာနိုဆူကဲသည် ထိုမျှလောက် စိုးရိမ်ပူပန်မှု မရှိခဲ့ချေ။
သူက ရယ်မောလိုက်သည်။
" လင်းပိုင်လေးလိုချင်တယ်။ လင်းပိုင်လေးလိုချင်တယ် ....... "
ဖုမာ ခါဇူဟီကို စိတ်ထဲမှ ရယ်မောလိုက်သည်။
ဒီလို ထူးထူးဆန်းဆန်း တောင်းဆိုမှုမျိုးကို ဒီအဆောက်အဦးအရာရှိတွေက ရူးနေလို့ သဘောတူမှာလား။
သို့သော် ဆာကာမိုတို မီယာဇာကီ၏ နောက်ဆက်တွဲစကားက သူ့ကို အံ့သြသွားစေသည်။
" ကိစ္စမရှိပါဘူး၊ အဲ့တာက ပန်းပုရုပ်တစ်ခုပါပဲ။ အသစ်တစ်ခုကို ဝယ်ပြီး အစားထိုးဖို့ တစ်ယောက်ယောက်ကို ညွှန်ကြားလိုက်ပါ့မယ် "
ဆာကာမိုတို မီယာဇာကီသည် စကားပြောပြီးနောက် သူ့လက်အောက်ငယ်သားတစ်ဦးကို လှည့်ကြည့်လိုက်သည်။
" ဆောက်လုပ်ရေးကုမ္ပဏီကို ချက်ချင်းဆက်သွယ်ပြီး ဒီရုပ်ထုကို ဖယ်ဖို့ လူလွှတ်ခိုင်းလိုက် "
လက်အောက်ငယ်သားသည် အမိန့်ကို ချက်ချင်းလက်ခံပြီး ဆောက်လုပ်ရေးကုမ္ပဏီကို ဆက်သွယ်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။
ဖုမာ ခါဇူဟီကိုနှင့် ချီဇူရူ စူဂါဝါရာတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အချင်းချင်း မျက်လုံးထဲတွင် ထိတ်လန့်မှုကို တွေ့လိုက်ရသည်။
နီကီရှီကျို ဂင်ဇာ ဈေးဝယ် အဆောက်အဦးသည် အီဒိုမြို့တွင် ကျော်ကြားသော အကြီးစား စီးပွားရေး ဈေးဝယ်အဆောက်အဦးကြီးဖြစ်ပြီး အထင်ကရ အဆောက်အဦးများထဲမှ တစ်ခုဖြစ်သည်။
ယခုအခါ သူတို့သည် ယဲ့ဖန်၏ စကားကြောင့် အဆောက်အဦးရှေ့ရှိ ရုပ်ထုကို ဖြိုပစ်ချင်နေကြသည်။
ဒါက နည်းနည်း ကလေးဆန်တယ် မဟုတ်လား။
ယဲ့ဖန်က ဒီလူတွေကို သရုပ်ဆောင်ဖို့ ငှားခဲ့တာ ဖြစ်နေမလား။
သို့သော် ဆောက်လုပ်ရေးကုမ္ပဏီမှ လူများ မကြာမီအချိန်အတွင်းမှာပင် ရောက်ရှိလာပြီး ရေပန်းကိုပိတ်ကာ ပန်းပုရုပ်တုကို ဖယ်လိုက်သောကြောင့် ထိုသံသယကို အမြန်ဖယ်ရှားနိုင်ခဲ့သည်။
ခေါင်းဆောင်အကြီးအကဲသည် ယဲ့ဖန်ထံသို့ တုန်လှုပ်ချောက်ချားသည့် အမူအရာဖြင့် လျှောက်လာသည်။
" ယဲ့လူကြီးမင်း၊ ဒီရုပ်တုကို ဘယ်ကို ပို့ရမှာပါလဲ "
ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး ချီဇူရူ စူဂါဝါရာကို ကြည့်လိုက်သည်။
" လိပ်စာက ဘယ်မှာလဲ "
" အာ၊ လိပ်စာက ...... "
ထိုမှသာ ချီဇူရူ စူဂါဝါရာ တုံ့ပြန်နိုင်ခဲ့သည်။
သူမ လိပ်စာကို အမြန်ရေးပြီး ဆာကာမိုတို မီယာဇာကီကို ပေးလိုက်သည်။
သူမနှလုံးသားသည် ကမောက်ကမ ဖြစ်နေပြီ ဖြစ်သည်။
ဒီတရုတ်က လူငယ်လေးက ဘယ်လောက်တောင် တန်ခိုးကြီးလဲ။
နီကီရှီကျို ဂင်ဇာ ဈေးဝယ် အဆောက်အဦး တာဝန်ခံက ဘာလို့ သူ့ကို လေးစားနေတာလဲ။
ဒီလို မှန်းဆလို့တောင် မရနိုင်တဲ့ တောင်းဆိုမှုမျိုးကို သူက ကျေကျေနပ်နပ် လက်ခံလိုက်တာလား။
မေးခွန်းများစွာသည် သူမစိတ်ထဲ လွှမ်းခြုံသွားပြီး သူမရှေ့မှ လူငယ်လေးအကြောင်း သိချင်စိတ် ပြည့်နှက်နေခဲ့သည်။
ယဲ့ဖန်သည် ထိုသည်ကို သတိမထားမိပေ။
ဖုမာ ခါဇူဟီကိုဘက် လှည့်လိုက်သည်။
" မေ့သွားပြီလား "
ဖုမာ ခါဇူဟီကို၏ မျက်နှာသည် ဝက်အသည်းကဲ့သို့သို့ ချက်ချင်း ပြာနှမ်းကာ ပြောင်းသွားသည်။
" ငါ .... ခုနက ..... နောက်နေတာလဲ "
" မင်းနဲ့ ဘယ်သူက နောက်နေလို့လဲ။ ငါက တကယ် ပြောတာ "
ယဲ့ဖန်သည် သူ့စကားကို ပြီးအောင် မစောင့်ဘဲ အေးစက်စွာ ပြန်ဖြေသည်။
ဘေးမှာရပ်နေသည့် ချီဇူရူ စူဂါဝါရာသည် အခြေအနေကို အမြန်ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့သည်။
" ယဲ့ဖန်၊ ခါဇူဟီကိုက စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတာမလို့ ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်ပါ "
ယဲ့ဖန် သူမဘက် အကြည့်ကို လွှဲလိုက်သည်။
" ကျွန်တော် အခု ရှုံးခဲ့ရင် ဒီတစ်ခါဆိုပြီး သူက ကျွန်တော့်ကို လွှတ်ပေးမှာလား "
ချီဇူရူ စူဂါဝါရာသည် စကားမပြောနိုင် ဖြစ်သွားရသည်။
ဖုမာ ခါဇူဟီကို၏ စိတ်ထားကို အခြေခံပါက သူသည် အလောင်းအစားကို အနိုင်ရခဲ့လျှင် ယဲ့ဖန်ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။
ယဲ့ဖန် သူမကို လျစ်လျူရှုလိုက်သည်။
သူ ဖုမာ ခါဇူဟီကိုဘက် ပြန်လှည့်သည်။
" အလောင်းအစားကို ချက်ချင်း တာဝန်ယူ "
ဖုမာ ခါဇူဟီကို၏ အမူအရာသည် အထပ်ထပ်အခါခါ ပြောင်းလဲသွားသည်။
အကယ်၍ သူသည် လောင်းကြေးကို အမှန်တကယ် လက်ခံလိုက်ပါက သူသည် အနာဂတ်တွင် ဒူးထောက်ကာ ယဲ့ဖန်နှင့် စကားပြောရမည်ဖြစ်သည်။
ရှိသမျှသိက္ခာအားလုံး ဆုံးရှုံးရပေမည်။
အနာဂတ်တွင် သူသည် ဖုမာမိသားစုအတွင်း ခေါင်းမော့ရန်ပင် ခက်ခဲလိမ့်မည်။
ထို့ကြောင့် သူသည် ကတိဖျက်ရုံသာ တတ်နိုင်သည်။
ယဲ့ဖန်သည် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
ထိုသည်ကို တွေးပြီး နှာမှုတ်ကာ ရီဖန်းကို ကြည့်လိုက်သည်။
" ဘာပဲဖြစ်ဖြစ် ငါက နောက်နေတာပဲ။ မင်းကသာ အဲ့တာကို အလေးအနက်ထားနေတာ။ ငါနဲ့ ဘာဆိုင်လို့လဲ "
ယဲ့ဖန်သည် သူ၏ အရှက်မဲ့စွာ ပြုမူပုံကို ကြားပြီး ရယ်လိုက်သည်။
" မင်းကို ငါက လူသားတစ်ယောက်လို ဆက်ဆံတဲ့အတွက် မင်းနဲ့ လောင်းကြေးထပ်ခဲ့တာ။ မင်းက မင်းကိုယ်မင်း လူတစ်ယောက်အနေနဲ့တောင် မပြုမူတဲ့အတွက် ငါမှာ ရွေးချယ်စရာ မရှိတော့ဘူး "
ဖုမာ ခါဇူဟီကို၏ မျက်နှာတွင် မောက်မာသော အပြုံးတစ်ခု ရှိနေသည်။
သူ့ရဲ့ လှောင်ပြောင်မှုကို အလေးအနက်ထားတော့ သူ့ကို ဘာလုပ်နိုင်မှာလဲ။
သို့သော် ထိုအချိန်တွင် ဘယ်ဘက်မှ လေပြင်း ရုတ်တရက် ထွက်ပေါ်လာသည်။
ဖုမာ ခါဇူဟီကိုသည် အလိုလို ရှောင်တိမ်းချင်လာသည်။
သို့သော် အရိုက်ခံရမှုမှာ မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ်မှု ပြည့်နေသည်။
သူ ဘာမှမတတ်နိုင်ခင်မှာ သူ့မျက်နှာပေါ်သို့ လက်ဝါးက ရောက်နေလေသည်။
ဖြောင်း
ထိုပါးရိုက်သံမှာ အလွန်ကျယ်လောင်ပြီး သူ့ကိုပင် ယိမ်းထိုးသွားစေသည်။
သူ့ပါးစပ်ထောင့်မှ သွေးများပင် စီးကျလာသည်။
လှည့်ကြည့်ကာ ကျိန်ဆဲချင်သော်လည်း ထိုရိုက်လိုက်သောလူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရပြီး ချက်ချင်းပင် ထိတ်လန့်သွားသည်။
ထိုပုဂ္ဂိုလ်သည် အခြားသူမဟုတ်ဘဲ သခင်ကြီး ဖုမာ ဖြစ်နေသည်။
" မင်းက စကားမတည်ဘူး။ အရိုက်ခံရဖို့ ထိုက်တန်တယ် "
ဖုမာ တာကာနိုဆူကဲသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
သူ့စိတ်သည် ခြောက်နှစ်သားအရွယ် ကလေးတစ်ယောက်လို ဖြစ်နေသော်လည်း အခြေခံတရားမျှတမှု မရှိဘူးဟု မဆိုလိုချေ။
သူ့အား ပျော်ရွှင်စေရန် ယဲ့ဖန်သည် သူ့အတွက် ပြိုင်ကားတစ်စီး ဝယ်ပေးပြီး သူ့အတွက် လင်းပိုင်ရုပ်တုကိုပင် ဖယ်ခိုင်းပေးခဲ့သည်။
သူ့အတွက် ယဲ့ဖန်မှာ တကယ်ကောင်းသည့်လူဖြစ်သည်။
ယဲ့ဖန်မှ သူ့ကို သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့် ဆက်ဆံသည်ကို ခံစားလို့ရနိုင်သည်။
သို့သော် သူ့အရှေ့မှာ ခွေးကောင်သည် သူ့ကို အရူးတစ်ယောက်လို ဆက်ဆံနေရုံသာမက ပိုက်ဆံ တစ်ပြားတစ်ချပ်ပင် မပေးချင်ဘဲနဲ့ သူ၏သူငယ်ချင်းကောင်းကို ဆက်တိုက် ပြဿနာရှာနေသည်။
ယခုဆိုလျှင် သူသည် ပို၍ပင် အရှက်မဲ့လေသည်။
သူ့သူငယ်ချင်းနှင့် လောင်းကြေးလုပ်ပြီး ကတိမတည်ခဲ့ပေ။
ထို့ကြောင့် ဤသို့လူမျိုးကို ရိုက်နှက်ဆုံးမထိုက်သည်ဟု ဖုမာထင်သည်။
" ဒုတိယအဘိုး၊ ကျွန်တော် ...... "
ဖုမာ ခါဇူဟီကို သူ့ကို လှည့်စားဖို့ ဆင်ခြေရှာချင်သေးသည်။
ထိုအချိန် ချီဇူရူ စူဂါဝါရာပင် သည်းမခံနိုင်တော့ချေ။
" ခါဇူဟီကို၊ မင်းရဲ့လောင်းကြေးကို မြန်မြန် ပေးလိုက်သင့်တယ်လို့ ငါထင်တယ်။ သခင်ကြီး တစ်ခုခုဖြစ်သွားရင် နင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ........ "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၅၀ )
လူကြီးလူကောင်းတွေက နောက်ကွယ်မှာ မဟုတ်တာ မပြောဘူး
သူ့ဘက်၌ အမြဲရပ်တည်ကာ ရှိပေးခဲ့သည့် ချီဇူရူ စူဂါဝါရာပင် သူ့ကို သစ္စာဖောက်သွားသည်အား ဖုမာ ခါဇူဟီကို သိလိုက်ရပြီး အခြေအနေ မဟန်တော့သည်ကို ခံစားမိလိုက်သည်။
သူ ယဲ့ဖန်ကို ကြည့်နေသည်။
" ကောင်းပြီ၊ ငါ ရှုံးတာကို ဝန်ခံတယ်။ ဒါပေမယ့် သိပ်ဘဝင်မြင့်မနေနဲ့။ မနက်ဖြန် ဖုမာမိသားစုကို ရောက်လာရင် သင်ခန်းစာပေးပြမယ် "
ထိုစကားကို ပြောပြီးနောက် မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။
ယဲ့ဖန်သည် သူ၏ခြိမ်းခြောက်မှုကို ကြားသောအခါတွင် မသိမသာ ပြုံးလိုက်သည်။
" ငါ ဖုမာမိသားစုကို ရောက်လာရင်တောင် မင်းငါ့ရှေ့မှာ ဒူးထောက်ပြီး စကားပြောရမယ်။ မဟုတ်ရင် သခင်ကြီးက ပျော်မှာမဟုတ်ဘူး "
ဖုမာ ခါဇူဟီကိုသည် အလွန်အရှက်ကွဲသွားသည်ကို ခံစားရသည်။
ယဲ့ဆိုတဲ့ကောင် ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။
ယဲ့ဖန်သည် သူ၏တုံ့ပြန်မှု အမူအရာကို ဂရုမစိုက်ချေ။
ပြီးသည့်နောက် ယဲ့ဖန်သည် ဖုမာ တာကာနိုဆူကဲစီကို လျှောက်သွားသည်။
" သခင်ကြီး၊ ဒီလင်းပိုင်လေးကို ကျွန်တော် ဝယ်ပြီးပြီ။ အိမ်ကို အမြန်ပို့ပေးလိုက်မယ်။ ပြန်သွားပြီး ခဏစောင့်လိုက်ပါ "
ဖုမာ တာကာနိုဆူကဲ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
" မင်း ငါနဲ့ မပြန်ဘူးလား "
ယဲ့ဖန် ပြုံးပြီး ခေါင်းယမ်းလိုက်တယ်။
" ကျွန်တော်လည်း အိမ်ကို ပြန်ရမယ် "
ဖုမာ တာကာနိုဆူကဲ တွန့်ဆုတ်နေပုံရသည်။
" မရဘူး။ မင်း ငါနဲ့ အိမ်ပြန်လိုက်ရမယ်။ ငါနဲ့ အိမ်ကို လိုက်ပြန်ရမယ် "
ယဲ့ဖန် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။
ဖုမာသခင်အိုကြီးသည် သူ့အား မှီခိုအားထားနေပုံရသည်။
ယဲ့ဖန် အမြန်ပင် နှစ်ကြိမ် ချောင်းဟန့်သည်။
" ကျွန်တော် အခု ပစ္စည်းတစ်ခုယူဖို့ အိမ်ပြန်လိုက်ဦးမယ်။ မနက်ဖြန်ကျ အဘိုးအိမ်ကို လာခဲ့မယ် "
" တကယ်လား။ မင်း ငါ့ကို မလိမ်ဘူးမလား "
ဖုမာ တာကာနိုဆူကဲ တုံ့ဆိုင်းသွားသည်။
" စိတ်မပူပါနဲ့။ ကျွန်တော့်စကားကို ကျွန်တော်ထိန်းပါမယ် "
ယဲ့ဖန် သူ့ကို ကတိပေးလိုက်သည်။
ထိုမှသာ ဖုမာ တာကာနိုဆူကဲသည် ကလေးတစ်ယောက် အပြစ်ကင်းစင်သည့်အတိုင်း ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။
" မင်းကို ငါယုံတယ်။ ငါတို့က ဘာလို့ ညီအစ်ကိုတွေ မလုပ်ကြတာလဲ "
ယဲ့ဖန် ထိုစကားကြောင့် လဲကျလုနီးပါး ဖြစ်သွားသည်။
" အဲ့တာ ..... မလိုဘူး မဟုတ်လား "
ဖုမာ တာကာနိုဆူကဲ နှုတ်ခမ်းစူလိုက်သည်။
" သူတို့က ငါ့ကိုလိမ်ဖို့ အမြဲအုပ်စုဖွဲ့နေကြတာ။ မင်းနဲ့ ရှောင်ဝူကပဲ ငါ့ကို လိမ်မှာမဟုတ်ဘူး။ မင်းနှစ်ယောက်ကိုပဲ ကြိုက်တယ် "
" ရှောင်ဝူက ငါ့မြေးဆိုတော့ မင်းက ငါ့ညီ လုပ် "
ယဲ့ဖန်သည် ဤသဘောတရားကို နားမလည်နိုင်ခဲ့ပေ။
သူ ယဲ့ဖန်ကို သွေးသားတော်ချင်လျှင်ပင် မြေးသမက်သာ ဖြစ်သင့်သည်။
ယဲ့ဖန် တကယ်သာ သူ့ညီဖြစ်လာရင် ဖုမာ ကျန်းဝူက သူ့ကို ဘယ်လိုခေါ်မှာလဲ။
အဘိုးလေးလား။
ထိုသည်ကို တွေးကြည့်ရုံဖြင့် မြင်ကွင်းမှာ အနည်းငယ် ဆိုးရွားလေသည်။
ကံကောင်းထောက်မစွာဖြင့် ချီဇူရူ စူဂါဝါရာက သူ့ကို ကူညီရန် ထွက်လာခဲ့သည်။
" အဖေ၊ ယဲ့လူကြီးမင်းက လုပ်စရာလေးတွေ ရှိသေးတယ်။ သူ့ကို မပူဆာပါနဲ့။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျ အိမ်ကို လာမှာပဲ။ တစ်ခုခုဆို မနက်ဖြန်မှ ပြောရအောင် ဟုတ်ပြီလား "
ဖုမာ တာကာနိုဆူကဲသည် သူမ၏စကားအတွက် အလွန်စိုးရိမ်နေသေးသော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဒါဆို မနက်ဖြန် ညီအစ်ကိုတွေ သွေးသောက်ကျမ်းသစ္စာ ဆိုကြရအောင် "
ယဲ့ဖန် ချက်ချင်းပင် တုန်လှုပ်သွားသည်။
မနက်ဖြန်သွားရမည်ကိုပင် သူ တုံ့ဆိုင်းနေသည်။
ထိုအချိန်မှာ ချီဇူရူ စူဂါဝါရာက ရုတ်တရက် လှည့်ပြီး သူ့ကို ကြည့်လေသည်။
" ယဲ့လူကြီးမင်း၊ အခုနက အဘိုးရဲ့ နားရွက်အနောက်ကို ငွေရောင်အပ်နဲ့ ထိုးတာပြီး ငြိမ်သွားတာ တွေ့လိုက်တယ်။ အဲ့တာက ဘယ်လိုနည်းပညာမျိုးလဲ "
ယဲ့ဖန် သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" သင်ပေးလို့ ရမလား "
ချီဇူရူ စူဂါဝါရာ အမြန် ရှင်းပြသည်။
" ငါက ဆေးပညာ တတ်တာကြောင့် သခင်ကြီးရဲ့ ဘေးကင်းရေးကို တာဝန်ယူဖို့ မိသားစုက တာဝန်ပေးအပ်ထားတယ်။ ဒီနည်းကို သင်နိုင်ရင် နောက်ဆိုလည်း ဒီလိုထပ်ကြုံလာရင်တောင် ပြေလည်သွားမှာ "
ယဲ့ဖန် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
" ကျွန်တော် ခင်ဗျားကို စိတ်ပျက်စေမှာ စိုးရိမ်မိပါတယ် "
ချီဇူရူ စူဂါဝါရာသည် သူ၏ ငြင်းပယ်မှုကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားသည်။
" နားလည်ပါတယ်။ ဒီလိုအံ့ဖွယ်ကောင်းတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို လွယ်လွယ်နဲ့ သင်ကြားနိုင်မှာ မဟုတ်ဘူး "
ယဲ့ဖန် ခေါင်းယမ်းပြန်သည်။
" အဲ့လိုတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေက နက်နဲလွန်းတယ်။ ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်လောက် ပြင်းပြင်းထန်ထန် သုတေသန မလုပ်ဘဲနဲ့ ခင်ဗျား ကျွန်တော့်အဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး "
ချီဇူရူ စူဂါဝါရာသည် ယဲ့ဖန် မသင်ပေးချင်၍ ဆင်ခြေရှာနေသည်ဟု တွေးမိသည်။
ထိုကောင်လေးသည် အနည်းဆုံး အသက်နှစ်ဆယ်သာ ရှိသေးဦးမည်။
ဒါဆို မွေးကတည်းက ဆေးပညာကို သင်ယူခဲ့တာမလို့လား။
သူမ မယုံသည်ကို မြင်လိုက်ရပြီးနောက် ယဲ့ဖန်မှ ဆက်ရှင်းပြရန် စိတ်မ၀င်စားတော့ချေ။
ထို့အပြင် သူ့အနေဖြင့် ဤကိစ္စကို ရှင်းလင်းစွာ မရှင်းပြနိုင်ပေ။
အကယ်၍ သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုအား စနစ်မှ ဆုမချပါက အနှစ် ၂၀ကျော် အနှစ်၃၀လောက်အထိ ကြိုးစားမှုမရှိဘဲ သူ၏ လက်ရှိအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။
၁၀နှစ်၊ အနှစ်၂၀ဆိုသည်မှာ လိုအပ်နေသေးသည်။
ထို့နောက် ယဲ့ဖန် ထွက်မသွားမီ ဖုမာ တာကာနိုဆူကဲနှင့် ခဏကြာ စကားပြောခဲ့သည်။
ဖုမာ ခါဇူဟီကိုသည် ယဲ့ဖန် အဝေးသို့ ထွက်သွားပြီးနောက် မြေပြင်မှ မတ်တပ်ထရပ်လိုက်သည်။
သူသည် အေးစက်စွာ ဟွန်းခနဲ နှာမှုတ်လိုက်သည်။
" ဒါက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုပဲ မဟုတ်လား။ ဂုဏ်ယူစရာ ဘာရှိလဲ။ မသိရင် သူမရှိရင်ဘဲ ဘယ်သူမှ အသက်ရှင်နေနိုင်မှာ မဟုတ်တာကျနေတာပဲ "
သူ့စကားသည် ချီဇူရူ စူဂါဝါရာ နှစ်သက်စေရန် ရည်ရွယ်သည်။
သို့သော် ထိုစကားကို ကြားသောအခါ ချီဇူရူ စူဂါဝါရာ၏ အမူအရာမှာ မည်းမှောင်သွားသည်။
" ဖုမာ ခါဇူဟီကို၊ သူများနောက်ကွယ်မှာ တခြားသူတွေကို မကောင်းပြောတာက လူကြီးလူကောင်းအပြုအမူ မဟုတ်ဘူး "
သူမသည် သူ့ကို 'ခါဇူဟီကို'ဟု အမြဲခေါ်ခဲ့သော်လည်း အခုအခါ သူ့နာမည်အပြည့်အစုံကို ထည့်ခေါ်နေသည်။
သူ့ကို အလွန်မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။
ဖုမာ ခါဇူဟီကို၏ အမူအရာပြောင်းသွားပြီး သူမကို အမြန်ရှင်းပြသည်။
" သခင်မ၊ နားလည်မှုမလွဲပါနဲ့။ ကျွန်တော်က သခင်မအစား စိတ်တိုတာပါ။ သခင်မရဲ့အခြေအနေအရ သူ့ကို အကြံဉာဏ်တောင်းဖို့ အစပြုခဲ့တာတောင် သူက လေကြီးနေတုန်းပဲ ....... "
" အဲ့ဒီ ဆေးပညာကို သူ ပိုင်တာပဲလေ။ သင်ပေးမလား၊ မသင်ပေးဘူးလားက သူ့အပေါ်မှာပဲ မူတည်တယ်။ တစ်ယောက်ယောက်က သင်ပေးဖို့ ငြင်းလိုက်တာကြောင့်နဲ့ အာဃာတတွေ ထားစရာလိုလို့လား။ အဲ့တာက ပိုလို့တောင် စက်ဆုပ်စရာ ကောင်းသေးတယ်။ တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်နိုင်မယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် မင်းအတွက် ကြီးကျယ်တဲ့ အရာတွေကို ရဖို့ ခက်ခဲလိမ့်မယ် "
ချီဇူရူ စူဂါဝါရာ ထိန်ချန်မထားဘဲ ပြောလိုက်သည်။
သူမ ပြောပြီးသည်နှင့် သခင်ကြီးအား ချက်ချင်း ခေါ်ပြီး ထွက်သွားလေသည်။
ဖုမာ ခါဇူဟီကိုသည် သူတို့နှစ်ဦး၏ နောက်ကျောကို ကြည့်လိုက်ရာ သူ့မျက်လုံးများ၌ ရက်စက်မှု အရိပ်အယောင်များ ပေါ်လာသည်။
ဟမ်း၊ မင်းတို့ကို လောလောဆယ်တော့ လုပ်ခွင့် ပေးထားလိုက်မယ်။
တစ်နေ့တော့ မင်းတို့အားလုံး ငါ့ခြေရင်းမှာ ပြားဝပ်နေရမှာပဲ။
ယဲ့ဖန် ကားဆီသို့ ပြန်လာသောအခါ စနစ်မှ သတိပေးချက်ကို ကြားလိုက်သည်။
[ အခွင့်အရေး လမ်းညွှန်မှုကို ပြီးမြောက်ခဲ့သည့် လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှ ဆုကြေးအဖြစ် ၈.၅ ဘီလီယံ တန်ဖိုးရှိသော ကျန်းကောပြည်နယ်မှ မူလမိုင်းအုပ်စုကို ပေးအပ်ပါသည် ...... ]
ယဲ့ဖန် အမူအရာ ပြောင်းသွားသည်။
ကျန်းကော ပြည်နယ်လား။
ရှန်းဘုရင်၏ လျှို့ဝှက်ဘဏ္ဍာမြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် နေရာသည် ကျန်းကောပြည်နယ်တွင် ရှိသည်။
သို့သော် သူသည် ယခု ဂျပန်တွင် ရှိနေသောကြောင့် လက်လွှဲယူရန် သေချာပေါက် ပြန်မလာနိုင်ပေ။
ဤနေရာမှ ကိစ္စများ ပြေလည်သွားသည်အထိသာ သူ စောင့်ရတော့မည်။
ဟိုတယ်သို့ ပြန်ရောက်သောအခါတွင် မူလမိုင်းအုပ်စုမှ လွှဲပြောင်းပေးအပ်ရန် အချိန်ရှိမရှိကို မေးခဲ့သည်။
သူ့အခြေအနေအရ နိုင်ငံခြားရောက်နေသောကြောင့် ပုံမှန်အတိုင်းဆက်၍ လည်ပတ်ထားရန် မှာကြားလိုက်သည်။
သူ အိမ်ပြန်ရောက်ပြီးမှ လက်ဆင့်ကမ်းခြင်းကို ကိုင်တွယ်ရပေမည်။
ယဲ့ဖန် ကိစ္စများဖြေရှင်းပြီးနောက် ဟိုတယ်ခန်းသို့ ပြန်လာခဲ့သည်။
သူဝင်သွားသည်နှင့် ဧည့်ခန်းရှိ ကော်ဖီစားပွဲပေါ်တွင် ချန်းဖေးအယ် တစ်စုံတစ်ခုရေးနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
သူ အနောက်မှ တိတ်တိတ်လေး လျှောက်သွားပြီး စာရွက်ထဲမှ အကြောင်းအရာများကို တွေ့သည့်အခါ ယဲ့ဖန် အသံထွက်မိမတတ် ရယ်လိုက်သည်။
စာရွက်ထဲတွင် 'ယုကျိုးအိုး' 'နျုံစစ်သွမ်း' 'ရာမာဂူချီ ဂူမီဂိုဏ်း' စသည်တို့ဖြစ်သည်။
တစ်ခုခုကို စီစဉ်နေသကဲ့သို့ ထိုစကားလုံးတို့ကို ချိတ်ဆက်ရန် အမျိုးမျိုးသော မျဉ်းကြောင်းများလည်း ရေးဆွဲထားသည်။
" မဆိုးပါဘူး၊ အရင်တုန်းက မင်းကို ကိုယ် တကယ် လျှော့တွက်ခဲ့မိတာ။ မင်း ဗျူဟာသမားအဖြစ် အောင်မြင်ဖို့ အလားအလာ ရှိတယ် "
ချန်းဖေးအယ် အံ့သြသွားပြီး ရန်သူကို ရင်ဆိုင်ဖို့ ချက်ချင်း ထရပ်လိုက်သည်။
ထို့နောက် ယဲ့ဖန်ပဲဆိုသည်ကို သိလိုက်ရပြီး ပြန်ထိုင်ကာ ကြိမ်းမောင်းလေသည်။
" ရှင်က ဘာလို့ သရဲတစ္ဆေလို အသံမပေးဘဲ လာတာလဲ။ လူတွေက လန့်ပြီး သေတတ်တယ်ဆိုတာ ရှင်သိလား "
ယဲ့ဖန်သည် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
" မင်းရဲ့သတိရှိမှုနဲ့သာဆို ရန်သူက မင်းနောက်မှာ ရှိနေလောက်ပြီ။ မင်း သူတို့ကို သတိတောင် ထားမိမှာ မဟုတ်ဘူး။ အဲ့အချိန်ကျ မင်း ဗျူဟာကြည့်ဖို့ အချိန်ရှိပါ့မလား "
ချန်းဖေးအယ် သူ့ကို စိုက်ကြည့်သည်။
" ရှင့်လို အင်အားကြီးတဲ့ ရန်သူကို တကယ်တွေ့ရင် သေဖို့ကိုပဲ စောင့်နေလိုက်တော့မယ်။ ခုခံဖို့ မလိုဘူး "
ယဲ့ဖန် ခေါင်းယမ်းကာ ပြုံးလိုက်သည်။
ထို့နောက် သူ့လက်ကို ဆန့်တန်းပြီး 'အစီအစဥ်စာရွက်'ကို လုယူလေသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၅၁ )
မသေခင် ကိုယ်တို့ ယဲ့မိသားစုအတွက် မျိုးစေ့ချသွားချင်သေးတယ်
ချန်းဖေးအယ် အမြန်ပြန်ဖမ်းယူရန် ကြိုးစားသည်။
" မပြီးသေးဘူး၊ ပြီးရင် ကြည့်လို့ရတယ် "
ယဲ့ဖန်သည် သူမ၏ 'အစီအစဥ်'ကို တစ်ချက်ကြည့်ပြီးနောက် ဘောလုံးတစ်လုံးလို ချေမွပြီး အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။
" အစီအစဥ်က အပြောင်းအလဲတွေကို လိုက်မမီနိုင်တဲ့အခါ ဘာဖြစ်လဲ သိလား။ ရန်သူက မင်းရဲ့အကြံအစည်အတိုင်း လိုက်လုပ်မယ်ဆိုရင်တော့ အရာရာတိုင်းက ကိုင်တွယ်ဖြေရှင်းဖို့က အရမ်းလွယ်လိမ့်မယ် "
ချန်းဖေးအယ် သူ့ကို စိုက်ကြည့်ပြီးနောက် သူမ၏ 'အစီအစဥ်'ကို အမှိုက်ပုံးမှ ကောက်ယူပြီး ဖြန့်နေသည်။
" ကျွန်မက ကျွန်မအတွေးတွေကို ရှင်းထုတ်နေတာတင်ပဲ။ ဒါက မျက်ကန်းဖြစ်နေတာထက် ပိုကောင်းတယ် မဟုတ်လား "
ယဲ့ဖန်သည် သူမ၏ ရေခွက်ကိုယူကာ နှစ်ငုံလောက် သောက်လိုက်သည်။
" မင်းရဲ့ အတွေးတွေကို စုစည်းချင်တယ်ဆို နှစ်ဖက်စလုံးရဲ့ အခြေအနေ အသေးစိတ်ကို ကိုယ် ပြောပြမယ် "
ချန်းဖေးအယ်သည် သူနှင့် ပြဿနာရှာရန် စိတ်မ၀င်စားတော့ပေ။
သူမ အမြန်ထထိုင်လိုက်သည်။
" ကျွန်မကို ပြောပြ "
ယဲ့ဖန် ခဏလောက် စဉ်းစားပြီး ရှင်းပြလိုက်သည်။
" လောလောဆယ် သိထားတဲ့ ရန်သူတွေက နျုံစစ်သွမ်း၊ ခါဝါမိုတို ဟီဒဲခိနဲ့ မင်းကျင်းကျိုနင်းက လေးယောက်ရယ်ပဲ။ ဒါပေမဲ့ သူတို့က အဖွဲ့အစည်း အတူတူက လာတာပဲလို့ ကိုယ် မြင်မိတယ်။ သူတို့မှာ တခြား ကူညီပေးသူ ရှိနေနိုင်တယ်ဆိုတာကို ကိုယ်တို့ မငြင်းနိုင်ဘူး "
ချန်းဖေးအယ်သည် ဟောပြောပွဲကို ဂရုတစိုက် နားထောင်နေသော မူလတန်းကျောင်းသူတစ်ယောက်ကဲ့သို့ ယဲ့ဖန် ပြောသမျှကို အသေးစိတ် မှတ်သားနေခဲ့သည်။
ခဏရပ်ပြီးနောက် ယဲ့ဖန် ဆက်ပြောလိုက်သည်။
" ပြီးတော့ ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ ပတ်သတ်ပြီး နျုံစစ်သွမ်းက ကိုယ်နဲ့ ရာမာဂူချီ-ဂူမီဂိုဏ်း ကြားက ပြဿနာအကြောင်း သိထားပြီးလောက်ပြီ။ သူက အဲ့တာကို အခွင့်ကောင်းယူနိုင်တယ် ...... မဟုတ်ဘူး။ ဒါက ဖြစ်နိုင်ချေတစ်ခုတောင် မဟုတ်ဘူး။ သေချာပေါက် ဖြစ်မယ့်အရာပဲ "
ချန်းဖေးအယ် သူမလက်ထဲက ဘောပင်လေး လံလာသည်ကို ခံစားလိုက်ရသည်။
ရန်သူများမှာ အားကောင်းလာသည်ထက် အားကောင်းလာနေသည်။
ယဲ့ဖန် ခွက်ကို ပြန်ချလိုက်သည်။
" ဒါက ရန်သူရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကိုယ်တို့ သိထားသလောက်ပဲ "
ချန်းဖေးအယ်၏ အမူအရာမှာ အနည်းငယ် လေးနက်သည်။
" ကျွန်မတို့ဘက်ကရော "
ယဲ့ဖန် ခဏလောက်စဉ်းစားပြီး ဆက်ပြောလိုက်သည်။
" ကိုယ်တို့ဘက်မှာ သွမ့်မူလက်ထင်းရှိတယ်။ သူ့ရဲ့အင်အားက အတွင်းအားအဆင့်နောက်ဆုံးအားနဲ့ ဖုမာကျန်းဝူ ရှိတယ်။ သူမကလည်း အတွင်းအားအဆင့်ရဲ့ ကနဦးအဆင့်မှာ ရှိနေတယ်။ ပြီးတော့ အာသာနဲ့ တခြားသူတွေက ပုန်းနေပြီးကြပြီ။ ကံနဂါးအဖွဲ့အစည်းကိုလည်း အရေးကြီးတဲ့အခိုက်အတန့်တွေမှာ အသုံးပြုနိုင်တယ် "
" နေဦး၊ ငါကရော "
ချန်းဖေးအယ်သည် ယဲ့ဖန်စကားများ အများကြီး ကြားလိုက်ရသော်လည်း သူမနာမည်ကို ပြောမလာသောကြောင့် သူမ ချက်ချင်း ဖြတ်ပြီး မေးလိုက်သည်။
" မင်းကလား။ ကိုယ်တို့မှာ မင်း ရှိရှိ၊ မရှိရှိ အတူတူပဲ "
ယဲ့ဖန်သည် သူမအပေါ် ရှုတ်ချမှုကို ဖုံးကွယ်မထားပေ။
" ယဲ့ဖန်၊ ငါ့မှာလည်း မင်ကျင်းအဆင့်ရဲ့ ကျင့်စဉ်နောက်ပိုင်းအဆင့်မှာ ရှိပါတယ် "
ချန်းဖေးအယ်သည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။
" အဲ့တော့ "
ယဲ့ဖန် မေးလေသည်။
ချန်းဖေးအယ်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
မင်ကျင်းကျင့်စဉ်၏ နောက်ပိုင်းအဆင့်တွင် ရှိ၍ သူမ၏ ခွန်အားသည် ယခင်ကထက် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
သို့သော် ယဲ့ဖန်နှင့် အတွင်းအားကျင့်စဉ် အဆင့်ရှိသော အခြားသူများနှင့် ယှဉ်ပါက ဤခွန်အားကို 'အလွယ်တကူအနိုင်ယူနိုင်သည်'ဟု သတ်မှတ်နိုင်သည်။
ယဲ့ဖန် မစနောက်တော့ချေ။
" ကောင်းပြီ၊ ကိုယ်လည်း မင်းကို ထည့်တွက်ထားပါတယ်။ ဒါက ကိုယ်တို့မှာ အခုအချိန်အထိ ရှိသမျှ အင်အားတွေပဲ "
ချန်းဖေးအယ် ခေါင်းငုံ့ကာ ခဏမျှ တွက်ကြည့်နေသည်။
သူမ မျက်နှာထား ပြေလျော့သွားသည်။
" ကျွန်မတို့ရဲ့ အင်အားက သူတို့ထက် အများကြီး အားနည်းပုံ မပေါ်ပါဘူး "
သို့သော် ယဲ့ဖန်၏ အမူအရာမှာတော့ သူမလောက် ပေါ့ပါးမနေချေ။
" ကိုယ်ပြောသလိုပဲ တစ်ဖက်လူက ထုတ်ဖော်ပြတဲ့ ခွန်အားက ရေခဲတောင်ရဲ့ အစွန်အဖျားပဲ ရှိသေးတာ။ သူတို့မှာ လျှို့ဝှက်ခွန်အားတွေရှိနေသေးရင် ဘယ်လိုလုပ်မလဲ။ တစ်ဖက်လူက အမှောင်ထဲမှာ ရှိနေပေမဲ့ ကိုယ်တို့ကတော့ ပွင့်လင်းမြင်သာတဲ့ အလင်းဘက်မှာ ရှိနေတာလေ။ ကိုယ်တို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေရဖို့ သူတို့အတွက် လွယ်ကူပေမယ့် ကိုယ်တို့ကကျ သူတို့အကြောင်း ဘာမှမသိရဘူး ....... "
ချန်းဖေးအယ်၏ ယုံကြည်ချက်သည် ချက်ချင်း ငြိမ်ကျသွားသည်။
လုံခြုံရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမသည် သတင်းအချက်အလက်များ၏ အရေးပါမှုကို သိလေသည်။
ဒါပေမယ့် သူမ ဘာလုပ်နိုင်မှာလဲ။
မည်သို့ပင်ဖြစ်စေ သူတို့သည် ဂျပန်၌ နိုင်ငံခြားသားများဖြစ်ကာ ကဏ္ဍပေါင်းစုံတွင် အားနည်းချက်များရှိနေပြီး ယဲ့ဖန်၏ ကိုယ်ပိုင်စွမ်းရည်ကြောင့်သာ လက်ရှိ ကြံ့ခိုင်မှု ရှိနေခြင်းဖြစ်သည်။
" ကျွန်မတို့ ဂျပန်နိုင်ငံရဲ့ တခြားအင်အားစုတစ်ခုခုကို မဟာမိတ်ဖွဲ့ပြီး သူတို့ရဲ့ အဆက်အသွယ်တွေကို အသုံးပြုနိုင်ရင် အားနည်းချက်တချို့ကို ဖာထေးနိုင်မယ်ထင်တယ် "
သူမသည် သူမ၏ ကိုယ်ပိုင်အကြံဥာဏ်ကို အကြံပြုခဲ့သော်လည်း မဖြစ်နိုင်ကာ အဓိပ္ပါယ်မရှိဘူးဟု သူမ ခံစားရသည်။
ဂျပန်တွေကို တိုက်ခိုက်ဖို့ ဂျပန်အင်အားစုတွေကို ဘယ်လို မဟာမိတ်လုပ်နိုင်မှာလဲ။
အကြောင်းပြချက်မရှိပါက တစ်ဖက်မှ ပြဿနာအတွင်း ပါဝင်လာရန် လုံးဝမဖြစ်နိုင်ပေ။
ယဲ့ဖန်သည် ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ မှီလိုက်သည်။
" ကိုယ့်မှာ ပစ်မှတ်ရှိပြီးသား "
ချန်းဖေးအယ် သူ့ကို အမြန်ကြည့်လိုက်သည်။
" ဘာပစ်မှတ်လဲ "
ယဲ့ဖန်သည် စကားငါးလုံးကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
" ဖုမာမိသားစု "
ချန်းဖေးအယ် အနည်းငယ် အံ့သြသွားသည်။
" သူတို့ကို မဟာမိတ်လုပ်မှာလား "
ယဲ့ဖန်သည် သူ့အတွေးများကို လုံးဝ ဖုံးကွယ်မထားပေ။
" ဖုမာမိသားစုက နှစ်ပေါင်းရာနဲ့ချီပြီး သမိုင်းကြောင်းရှိတဲ့ ရှေးမိသားစုမျိုးနွယ်စုတစ်ခုပဲ။ ဂျပန်မှာရှိတဲ့ သူတို့ရဲ့ အဆက်အသွယ်တွေကို အဖွဲ့အစည်းအသစ်တွေက ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့အကူအညီကို ရနိုင်ရင် ငါတို့ရဲ့ နောက်ဆုံးချို့ယွင်းချက်ကို ပြင်ဆင်နိုင်လိမ့်မယ် "
ချန်းဖေးအယ် ခေါင်းကုတ်လိုက်သည်။
" ကျွန်မတို့ ဖုမာမိသားစုရဲ့ အကူအညီကို ရရင် ကောင်းပေမယ့် သူတို့က ကျွန်မတို့ကို ကူညီပေးနိုင်ပါ့မလား "
တကယ်၌ သူမသည် ပြောစရာရှိနေသေးသည်။
နင်က မိသားစုခေါင်းဆောင်ရဲ့ သမီးနဲ့ အိပ်ထားတာလေ။
မနက်ဖြန် အပိုင်းပိုင်း အခုတ်မခံရရင်တောင် ကံကောင်းနေပြီ။
သူတို့ရဲ့ အထောက်အပံ့ကို ရချင်နေသေးတာလား။
ယဲ့ဖန် စိတ်အေးလက်အေးဖြင့် ပြုံးပြလိုက်သည်။
" မစမ်းကြည့်ဘဲ ဘယ်လိုလုပ် သိမှာလဲ ...... "
ချန်းဖေးအယ် ပါးစပ်ကို အုပ်ပြီး ရယ်သည်။
" ဒါဆို ရှင့်ရဲ့သတင်းကောင်းကို ကျွန်မစောင့်မျှော်နေပါ့မယ်။ ဒါပေမယ့် ရှင်မသွားခင် ကျည်ကာအင်္ကျီဝတ်ထားရင် အကောင်းဆုံးပဲ။ တံခါးထဲကို ဝင်လိုက်တာနဲ့ ရှင့်ကို ပစ်သတ်ခံရမှာကိုတောင် စိုးရိမ်ရတယ် "
ယဲ့ဖန် သူမကို မကျေမနပ် ကြည့်နေသည်။
" မင်းက အဲ့တာကို ဘာလို့ စောင့်မျှော်နေတယ်လို့ ခံစားရတာလဲ "
ချန်းဖေးအယ်သည် မျက်နှာကျက်ကို အမြန်မော့ကြည့်လိုက်သည်။
" တကယ်လား မဟုတ်ပါဘူး။ ရှင် နားလည်မှုလွဲနေတာ "
ယဲ့ဖန်သည် သူမ၏ ဖြူဖွေးသော လည်ပင်းကို စိုက်ကြည့်ပြီး ရုတ်တရက် ဆိုးသွမ်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။
" မနက်ဖြန်သွားရင် ပြန်မလာနိုင်လောက်ဘူးထင်တယ်။ ဒါနဲ့ မသေခင် ကိုယ်တို့ ယဲ့မိသားစုအတွက် မျိုးစေ့လေး ချန်ထားခဲ့ချင်တာ မင်းကိုယ့်ကို ကူညီပေးနိုင်မလား "
ချန်းဖေးအယ်သည် အတော်ကြာစဉ်းစားပြီးနောက် အဓိပ္ပာယ်ကို နားလည်ကာ သူမ ထိတ်လန့်သွားသည်။
" ဒါတော့ ရှင့်ကို ကျွန်မ မကူညီနိုင်ဘူး "
ယဲ့ဖန်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူမစီသို့ လျှောက်လာသည်။
သူ့မျက်နှာပေါ်၌ စူးရှသော အပြုံးတစ်ခုရှိနေသည်။
" ဒီတောင်းဆိုမှုကို မင်းပဲ ကူညီနိုင်မှာ။ အဲ့တော့ မငြင်းပါနဲ့ "
" အား မလာနဲ့ ...... "
ချန်းဖေးအယ် ချက်ချင်း ထအော်ပြီး ထိတ်လန့်တကြား ထွက်ပြေးသွားသည်။
ဧည့်ခန်းသည် ပရမ်းပတာ ဖြစ်နေသည်။
ယဲ့ဖန်သည် ချန်းဖေးအယ်ကို နောက်ပြောင်နေခြင်းသာ ဖြစ်သည်။
သူသည် မိန်းကလေးတစ်ယောက်ကြောင့် ဤသို့လုပ်မည်အထိ ရူးနေသူမဟုတ်သလို ဖုမာမိသားစုသည် ကျားတွင်းဖြစ်မည်ဟု သူ မထင်ပေ။
................................
နောက်နေ့နံနက်
ယဲ့ဖန်သည် အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ချန်းဖေးအယ်သည် အိပ်ခန်းထဲမှ ထွက်လာသည်။
" တကယ် ကျွန်မ မလိုက်ရဘူးလား "
သူမ စိတ်ပူနေသည်မှာ ထင်ရှားသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ရယ်မိသည်။
" ဘာလို့ တကူးတက နှုတ်ဆက်နေရတာလဲ။ ဒါက သိပ်ပြီး ကြောက်စရာမကောင်းပါဘူး "
ချန်းဖေးအယ် သက်ပြင်းချလိုက်သည်။
" အခြေအနေက မဟန်ရင် ချက်ချင်း ဖုန်းခေါ်လိုက် "
ယဲ့ဖန် သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။
" တကယ်လို့ မင်းကို ဖုန်းဆက်ရင်တောင် အသုံးမဝင်ဘူး။ ကိုယ် ပြန်မလာဘူးဆိုရင် မင်း တိတ်တိတ်လေး ပုန်းနေပြီး လက်စားချေရမယ့် အခွင့်အရေးကို စောင့်ရမယ် "
ချန်းဖေးအယ် အော်လိုက်သည်။
" ရှင့်အတွက် ဘယ်သူက လက်စားချေပေးချင်လို့လဲ။ ရှင့်ဘာသာ အချစ်ကြွေးတင်နေတာ ကိုယ်တိုင် ဖြေရှင်းနိုင်ရမယ့် နည်းလမ်းကို စဉ်းစားပေါ့ "
" မင်းက စိတ်မချရဘူးဆိုတာ ကိုယ်သိတယ်။ အဲ့တော့ မသေအောင် လုပ်ရမှာပေါ့။ မဟုတ်ရင် အလောင်းကို ကောက်ပေးမယ့်သူတောင် ရှိမှာ မဟုတ်ဘူး "
ယဲ့ဖန် သူမကို လက်ပြနှုတ်ဆက်ပြီး နောက်တစ်ကြိမ် နောက်ပြောင်ခဲ့သည်။
" ကိုယ်သွားတော့မယ် "
ထိုသို့ဖြင့် လှည့်ထွက်သွားလေသည်။
ချန်းဖေးအယ်သည် လသာဆောင်သို့ ပြေးသွားပြီး ယဲ့ဖန် ကားကို ဖြည်းညှင်းစွာ မောင်းထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ယဲ့ဖန် ရှင်တကယ် ဘာမှမဖြစ်ရဘူး။
မဟုတ်ရင် သူတို့အားလုံးကို ကျွန်မသတ်ပစ်မှာ သေချာတယ်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၅၂ )
ငါ့ရှေ့မှာ ဒူးထောက်ပြီးပဲ စကားပြောရမယ်
ဖုမာမိသားစုသည် အီဒိုမြို့မှ ကီလိုမီတာ ၂၀ခန့်အကွာရှိ ထန်းယွမ်တောင်ဟုခေါ်သော တောင်ပေါ်တွင် တည်ရှိသည်။
တောင်သည် သိပ်၍ မမြင့်ပေ။
မီတာ ၂၀၀မှ ၃၀၀လောက်သာ မြင့်လေသည်။
အဝေးမှကြည့်ပါက ကုန်းမြင့်လေးတစ်ခုလိုသာ ဖြစ်သည်။
တောင်ခြေရင်း၌ တောင်ပေါ်သို့ တည့်တည့်တက်ရသည့် လမ်းရှိသည်။
မိနစ်အနည်းငယ်ကြာ ကားမောင်းပြီးနောက် ဖုမာမိသားစု၏ စံအိမ်သို့ ယဲ့ဖန် ရောက်လာသည်။
အပြင်ဘက်မှ အိမ်ကြီး ဘယ်လောက်ကျယ်သည်ဆိုတာကို ပြောရန် ခက်သော်လည်း အမြင့်ပေ သုံးမီတာရှိသည့် အနက်ရောင်တံခါးကြီးထံမှ ပြင်းထန်သော ဖိအားကို ခံစားရဆဲဖြစ်သည်။
ယဲ့ဖန်သည် ကားကို လမ်းဘေး၌ ရပ်လိုက်ပြီး တံခါးခေါင်းလောင်းကို နှိပ်လိုက်သည်။
တီးတောင် တီးတောင် တီးတောင်
တံခါးမြည်သံ အကြိမ်အနည်းငယ် မြည်သွားသော်လည်း အတွင်းမှ လှုပ်ရှားမှု မရှိလာပေ။
ယဲ့ဖန်သည် တံခါးကို ထပ်မနှိပ်တော့ချေ။
သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ငြိမ်သက်စွာ စောင့်နေသည်။
ခဏကြာပြီးနောက် အတွင်းမှ ခြေသံများ အတွဲလိုက်ကို ဆက်တိုက်ကြားလိုက်ရသည်။
ကျွီ ....../
အနက်ရောင်တံခါးသည် အတွင်းထဲမှ ရုတ်တရက် တွန်းဖွင့်လိုက်ရာ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေသည့် တံခါးကြီးဖြစ်သောကြောင့် နားကွဲမတတ်အသံကြီး ပေါ်ထွက်လာသည်။
ထို့နောက် အနက်ရောင်ဆာမူရိုင်းဝတ်စုံ ၀တ်ထားသော လူနှစ်ယောက်သည် ဆာမူရိုင်းဓားရှည်များကို ကိုင်ဆောင်ကာ အတွင်းထဲမှ ပြေးထွက်လာသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်သည် တန်းစီရပ်ပြီး ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေကြသည်။
ကြောက်တတ်သူတစ်ယောက် ဖြစ်ပါက ဤအခြေအနေ၏ တုန်လှုပ်ချောက်ချားမှုကြောင့် သေးထွက်ကျသွားနိုင်သည်။
သို့သော် ယဲ့ဖန်၏ မျက်လုံးထဲ၌ ဤသည်မှာ ကလေးကစားစရာသဖွယ် ဖြစ်နေသည်။
ဟား၊ အခုက ဘယ်ခေတ်မလို့လဲ။
ထို့နောက် ဆံပင်ဖြူဖြင့် အဘိုးကြီးတစ်ဦး ထွက်လာသည်။
သူသည် ထက်မြက်သော ကိုယ်ရောင်ဝါကို ဖြန့်ကျက်ထားပြီး ကိုယ်ခံပညာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။
" မင်းက ယဲ့ဖန် လား "
အဘိုးအိုသည် ယဲ့ဖန်၏ နှစ်မီတာအကွာတွင် ရပ်နေပြီး ယဲ့ဖန်ကို အကဲခတ်နေသည်။
" ဖုမာလူကြီးမင်း ဘယ်မှာလဲ။ သူက ကျွန်တော့်ကို ကြိုဆိုဖို့ ဘာလို့ ကိုယ်တိုင် ထွက်မလာတာလဲ "
ယဲ့ဖန်သည် ထိုအဘိုးအိုမှ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်နေသော ဖိအားကို မခံစားရပုံရသည်။
ထို့ကြောင့် သူ၏အမူအရာမှာ သာမန်အတိုင်းသာ ငြိမ်သက်နေသည်။
" ငါက သခင်ကြီးဖုမာ မဟုတ်ဘူးဆိုတာ ဘယ်လိုသိတာလဲ "
အဘိုးအိုက သူ့ကို စိတ်ဝင်တစား ကြည့်သည်။
" ခင်ဗျားက အရမ်းရုပ်ဆိုးနေလို့ "
ယဲ့ဖန်သည် မထင်မှတ်ထားသော အဖြေတစ်ခုကို ပေးလိုက်သည်။
" ဟား၊ ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ အဖြေမျိုးလဲ "
ယဲ့ဖန်သည် ရောက်လာသည်နှင့် သူ့ကို ရုပ်ဆိုးသည်ဟု ခေါ်လိုက်ရာ အဘိုးအို၏ အမူအရာသည် ချက်ချင်းပင် ရုပ်ဆိုးသွားခဲ့သည်။
" ခင်ဗျားက အရမ်းရုပ်ဆိုးတယ်။ ဖုမာကျန်းဝူက ဒီလောက်လှနေတာ ခင်ဗျားသာ လူကြီးမင်းဖုမာဆို ခင်ဗျားရဲ့သမီးအရင်းမဟုတ်လောက်ဘူး မွေးစားထားတာပဲ ဖြစ်မယ် "
ယဲ့ဖန် သူ့ကို ဆက်လက် တိုက်ခိုက်လေသည်။
အဘိုးအိုသည် ဒေါသဖြစ်ကာ ပြန်လည်၍ ငြင်းခုံချင်ပါသော်လည်း ချေပရန် စကားလုံးရှာမတွေ့ချေ။
မူလက သူသည် တစ်ဖက်သားအား သူ၏အစွမ်းအစကို ပြသလိုသည် ဖြစ်သော်လည်း တစ်ဖက်မှ ကြိုတင်တန်ပြန်လာရန် မမျှော်လင့်ခဲ့ပေ။
အနည်းငယ် ရှက်ရွံ့နေချိန်တွင် တံခါးအတွင်းမှ နှာမှုတ်သံနှစ်သံ ထွက်ပေါ်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
" ဟမ်း၊ မင်းက မဟုတ်တာပြောဖို့ဘဲ တတ်တာလို့ ငါထင်တယ် "
ကြည့်လိုက်သည့်အခါ ဖုမာ ခါဇူဟီကိုသည် သူ့နောက်ကျော၌ လက်နှစ်ဖက်ကို ပစ်ထားပြီး ထွက်လာခဲ့သညါ။
သူသည် ယနေ့တွင် အဖြူရောင် စစ်သူရဲ
ကောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ့ရုပ်ရည်နှင့် ယှဉ်ကြည့်လျှင် လေထဲတွင် လွင့်နေသော ကျောက်စိမ်းကဲ့သို့ပင် ဖြစ်သည်။
အရှေ့ကထွက်လာသည့် နှစ်ယောက်သည် သူ့ကို မြင်လိုက်သည့်အခါ သူတို့၏ မျက်လုံးများမှာ လေးစားမှုအပြည့် ဖြစ်နေသည်။
ဖုမာ ခါဇူဟီကိုသည် မိသားစုခွဲ၏ မျိုးဆက်တစ်ဦးဖြစ်သော်လည်း ဖုမာမိသားစုတွင် သူ၏ အဆင့်အတန်းမှာ မနိမ့်ကြောင်း တွေ့နိုင်ပေသည်။
ယဲ့ဖန်သည် သူထွက်လာသည်ကို မြင်ပြီးနောက် သူ့နှုတ်ခမ်းမှာ လှောင်ပြုံးတစ်ခုလို ဖြစ်သွားသည်။
" အိုး၊ ဒါက သခင်လေးခါဇူဟီကို မဟုတ်လား။ တစ်ခုခု မေ့သွားပြီလား "
ဖုမာ ခါဇူဟီကိုသည် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" မင်းပြောတာကို ငါ နားမလည်ဘူး "
ယဲ့ဖန် နှာခေါင်းကို ပွတ်လိုက်သည်။
" မင်း နားမလည်ဘူးလား။ အဲ့တာဆို ငါ ရှင်းပြပေးလိုက်မယ်။ မနေ့က ငါတို့ အလောင်းအစားတစ်ခု လုပ်ခဲ့တယ်။ အဲ့ဒီမှာ မင်းရှုံးသွားပြီးတော့ လောင်းကြေးစားကြေးအရ မင်းငါ့ကို တွေ့တဲ့အခါတိုင်း ဒူးထောက်ပြီး စကားပြောရမယ်။ မင်း ဒီလောက်မြန်မြန် မေ့သွားပြီလား "
ဖုမာ ခါဇူဟီကို၏ အမူအရာသည် ရုပ်ဆိုးသွားခဲ့သည်။
ဘေးရှိလူများ၏ မျက်နှာပေါ်၌ အပြုံးများ ခဏတာ ပေါ်လာသည်ကို သူ သတိပြုမိသည်။
သူတို့သည် သူ့ကို ရယ်နေသည်မှာ သိသာလေသည်။
" ယဲ့ဆိုတဲ့ကောင်၊ မင်းက ငါတို့ ဖုမာမိသားစုရဲ့ နယ်မြေကို လာပြီး ဒီလောက် မာနကြီးရဲတဲ့ သတ္တိရှိနေတာလား။ ငါ မင်းကို သင်ခန်းစာပေးရမယ့်ပုံပဲ "
ယဲ့ဖန်ကို စိုက်ကြည့်ရင်း အံကြိတ်လိုက်သည်။
ဖုမာ ခါဇူဟီကိုသည် ဤမာနကြီးနေသည့် ကောင်လေးအား သင်ခန်းစာပေးရန် မိသားစု၏ အင်အားကို သုံးရန် ပြင်ဆင်ထားခဲ့သည်။
" မင်းက ဖုမာမိသားစုကမလို့ မင်းကို ဘာမှ မလုပ်ရဲဘူးလို့ တကယ်ကြီး ထင်နေတာလား။ မင်းလိုလူက ငါ့ရှေ့မှာ ဒူးထောက်ပြီး စကားပြောရမယ့် အဆင့်ပဲ "
ထိုသည်ကို ပြောပြီးနောက် ယဲ့ဖန်သည် ဖုမာ ခါဇူဟီကိုစီကို ပြေးသွားသည်။
" ဟမ်း၊ ထွက်သွားစမ်း "
အဘိုးအိုသည် ဖုမာ ခါဇူဟီကို အရှေ့တွင် ရပ်နေသည်။
ယဲ့ဖန်မှ သတ္တိရှိစွာ ပြေးတက်လာသည်ကို မြင်လိုက်ပြီးသည့်နောက် သူသည် အော်ဟစ်လိုက်ပြီး ပေါ့ပါးစွာ ရိုက်ချလိုက်သည်။
သူ့အမြင်အရ တစ်ဖက်လူငယ်လေးမှာ ငယ်သေးသည်။
ထို့ကြောင့် ထိုလူငယ်လေး၌ ခွန်အားအနည်းငယ်ရှိလျှင်ပင် ဖုမာ ခါဇူဟီကိုနှင့် တန်းတူလောက်သာဖြစ်ပေမည်။
သို့သော် သူသည် အတွင်းအားကျင့်စဉ်၏ ပထမအပိုင်းကို ကျွမ်းကျင်နေသူ ဖြစ်သည်။
ထို့ကြောင့် သူ၏ ပေါ့ပါးသော လက်ဖဝါးရိုက်ချက်သည် မည်သူမဆို ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ပေ။
" ဖယ်စမ်း "
ယဲ့ဖန်သည် ထိုအဘိုးအိုရှေ့၌ ရောက်နေပြီဖြစ်သည်။
သူ့လက်ဖဝါးနှင့် တန်ပြန် ရိုက်ချလိုက်သည်။
ဖြောင်း
ဘန်း
သူတို့၏ လက်ဖဝါးချင်း ဆုံမိသည့်အခါ အဘိုးအိုသည် အလွန်ပင် ပြင်းထန်လှသည့် တွန်းအားလှိုင်းလုံးများ လွှမ်းမိုးသွားသလို ခံစားလိုက်ရသည်။
သူ့အမူအရာမှာ သိသာစွာ ပြောင်းလဲသွားပြီး သူ၏ ခွန်အားကို အပြည့်အဝ အသုံးချချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
အဘိုးအိုသည် ချက်ချင်း လွင့်ပျံသွားသည်။
အုန်း
အဘိုးအိုသည် အနက်ရောင်တံခါးကို ထိမိကာ ဘုတ်ခနဲအသံဖြင့်အတူ မြေပြင်ပေါ်သို့ ပြန်ကျသွားသည်။
ထို့နောက် သူ ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။
ဖုမာ ခါဇူဟီကိုနှင့် အခြားဆာမူရိုင်းနှစ်ယောက်တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြသည်။
ဤအိမ်တော်ထိန်းရှီရှန်းသည် အတွင်းအားကျင့်စဉ် ကျွမ်းကျင်သူအဆင့်ဖြစ်သည်။
ထို့ကြောင့် သူ့ကို လက်ဖဝါးတစ်ချက် တိုက်၍ ပျံထွက်အောင်ထိ လုပ်နိုင်ရန် လုံးဝ မလွယ်ကူပေ။
ဒီကလေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်ရတာလဲ။
ယဲ့ဖန်သည် အိမ်တော်ထိန်းကြီးကို လွင့်သွားစေပြီးနောက် သူသည် ရပ်မနေဘဲ ဖုမာ ခါဇူဟီကိုစီကို ဆက်လက် ပြေးသွားခဲ့သည်။
ဖုမာ ခါဇူဟီကို၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး အမြန်အော်လိုက်သည်။
" ကယ်ကြဦး ....... "
သူနှင့် အနီးနားတွင်ရှိနေသော နှစ်ယောက်သည် ယဲ့ဖန်ကို တားရန် ချက်ချင်း ပြေးလာကြသည်။
သူတို့နှစ်ယောက်လုံးသည် မင်ကျင်းကျင့်စဉ်(တောက်ပအလင်းဝင်ခြင်း)၏ ပထမအဆင့်သာ ရှိသည်။
အဲ့တာနဲ့ ယဲ့ဖန်ကို ခဏတားထားနိုင်ပြီး ဖုမာ ခါဇူဟီကို လွတ်မြောက်အောင် အခွင့်အရေး လုပ်ပေးနိုင်မယ်လို့ သူတို့က ထင်နေကြတာလား။
သို့သော်လည်း ယဲ့ဖန်သည် သူတို့နှစ်ဦးကိုပင် မကြည့်ခဲ့ပေ။
သူတို့ကို တိုက်ခိုက်ခြင်းပင် မလုပ်ပေ။
သူတို့သည် မင်ကျင်း အစောပိုင်းအဆင့်မျှသာဖြစ်၍ ယဲ့ဖန်လက်ညှိုးပင် ရွှေ့ရန် မထိုက်တန်သည် ဖြစ်သည်။
ထိုအစား ရှေ့သို့ အားစိုက်ပြေးကာ အကြမ်းတမ်းဆုံးဖြင့် တိုက်ချမည့် နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။
ဘုန်း
ဘုန်း
သူတို့နှစ်ယောက်အား အရှိန်ပြင်း ရထားတစ်စီးက ဝင်တိုက်မိသလို လွင့်သွားခဲ့သည်။
ထို့နောက် ပါးစပ်ထဲက သွေးများ ထွက်လာသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ဖုမာ ခါဇူဟီကိုရှေ့သို့ ရောက်ရှိနေပြီဖြ စ်သည်။
ယဲ့ဖန် လက်ဖဝါးဖြင့် ရိုက်ကာ အောက်သို့ ပုတ်လိုက်သည်။
" ဒူးထောက် "
ဖုမာ ခါဇူဟီကိုသည် မည်သည့်နေရာမှ ပုန်းစရာမရှိသည်ကို မြင်လိုက်ရသောကြောင့် ယဲ့ဖန်၏လက်ဖဝါးကို တန်ပြန် တိုက်ခိုက်ကာ ရင်ဆိုင်ရန် သူ၏ခွန်အားရှိသမျှကို အသုံးချခဲ့သည်။
သူ ခဏတာ ထိန်းထားနိုင်ပါက အခြားသူများက သူ့ကို ကယ်တင်ရန် အပြေးလာနိုင်မည်ဟု သူ တွေးလေသည်။
သို့သော် ထိုစိတ်ကူးမှာ လှပသော်လည်း လက်တွေ့မှာ ရှုပ်ထွေးလှသည်။
ဖတ်
ယဲ့ဖန်သည် သူ့လက်ဖဝါးကို ပါးပါးလေးသာ ပုတ်ထုတ်လိုက်သည်။
ဘာအသံမှ မထွက်ဘဲ အလွန်ပင် ငြိမ်သက်ပုံရသည်။
သို့သော် ဖုမာ ခါဇူဟီကိုသည် တောင်တန်းတစ်ခု၏ ဖိအားကို ခံစားလိုက်ရသည်။
သူ့စီသို့ အဆုံးမရှိ အရှိန်အဟုန်ဖြင့် ရထားတစ်စီး တိုးဝင်လာသည်ကို သူ ခံစားလိုက်ရသည်။
ဒူးများ ပျော့ခွေသွားပြီး မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။
" မင်းလိုလူက ငါ့ရှေ့မှာ ဒူးထောက်ပြီးပဲ စကားပြောလို့ရတယ် ,
ယဲ့ဖန်၏ အကြည့်များသည် ထိုလူအပေါ် အထင်သေးပြီး သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
" ဘာကာ "
ဖုမာ ခါဇူဟီကို ဒေါသထွက်သွားသည်။
ဖုမာမိသားစု၏ အခွဲမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် သူ့ကို တန်ဖိုးထား မခံရပေ။
သို့သော် သာမန်လူများ မထင်ထားနိုင်သော ကြိုးစားအားထုတ်မှုနှင့် ထူးကဲသောအရည်အချင်းဖြင့် သူသည် ဖုမာမိသားစု၏ မျိုးဆက်သစ် လူငယ်များကြားတွင် အကောင်းဆုံး ဖြစ်လာခဲ့သည်။
သူသည် မည်သူ့ထက်မှ မနိမ့်ကျကြောင်း သက်သေပြလိုသည်။
သို့သော် ယခုအချိန်တွင် သူ့ထက်ငယ်သော လူငယ်လေးသည် ရိုးစင်းစွာ လက်ရိုက်လိုက်ရုံဖြင့် သူ တစ်ဘဝလုံး ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသော မာနနှင့် ဂုဏ်ပုဒ်ကို ဖြိုခွဲပစ်လိုက်သည်။
သူ့နှလုံးသားထဲ၌ အဆုံးမရှိသော အရှက်တရား၊ အမုန်းတရားတို့ဖြင့် ချက်ချင်း ပြည့်နှက်သွားသည်။
" သေလိုက်တော့ "
ဖုမာ ခါဇူဟီကိုသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ့လက်ထဲ၌ လက်ရာမြောက်သော ဒူလေးတစ်ခု ပေါ်လာသည်။
ဤဒူးလေးသည် သတ္တုဖြင့်ပြုလုပ်ထားပြီး လက်ဖဝါးအရွယ်အစားသာ ရှိသည်။
ဖွက်ထားရန် အလွန်လွယ်ကူလေသည်။
သွားကြားထိုးတံအရွယ်အစားရှိ စတီးအပ်တစ်ချောင်းကို ဒူးလေးထဲတွင် တပ်ဆင်ထားသည်။
စတီးအပ်သည် အနက်ရောင်တောက်တောက်ဖြင့် အရောင်ခတ်နေသည်။
ထိုအပ်သည် အဆိပ်စိမ်ထားသည် ဆိုသည်မှာ သိသာလေသည်။